<Unicode>
"ပြောပါအုံးကွာ ဘာလို့ငိုနေတာလဲ"
"ဟင့် ဒီမှာကြည့်"
ဝတ်ထားတဲ့ဘောင်းဘီလေးကိုဒူးအထက်ထိခေါက်တင်ပြတော့ဒေါသထွက်သွားရသည်။ဖြူနုနေတဲ့ဒူးလေးမှာပွန်းပဲ့ရာများရှိနေပီးတချို့နေရာကသွေးလေးတေတောင်စို့နေလေသည်။
"ဒါက ဘယ်.."
"နေအုံးရှိသေးတယ်"
ဟုဆိုကာအင်္ကျီလက်လေးကိုပါခေါက်တင်ပြသည်။တံတောင်နဲ့လက်ဖျံတစ်လျှောက်တွင်လဲပွန်းပဲ့ရာများရှိနေသေးသည်။
"ဘယ်လိုဖြစ်တာလဲအရုပ်လေးရယ်မောင်စိတ်ပူလိုက်တာ လာထဆေးခန်းသွားပြမယ်"
ပွေ့ချီလိုက်တဲ့မင်းအတ္တကြောင့်ရသဟန့်တားလိုက်ချိန်ပင်မရလိုက်။ရသကိုကားပေါ်တင်ကာခါးပတ်ပတ်ပေးပီးမောင်းထွက်တော့သည်။လျင်မြန်တဲ့လှုပ်ရှားမှုများကြောင့်သူဘယ်လောက်စိတ်ပူသွားလဲခန့်မှန်းမိပေမယ့်ဆေးအနံကိုမကြိုက်တာကြောင့်ဆေးခန်းကိုမသွားချင်ပေ။
"မောင် ဆေးခန်းမသွားလို့မရဘူးလား"
"ဘာလို့လဲအရုပ်လေးရဲ့ ဒဏ်ရာတေဒီလောက်များတာဆေးခန်းပြမှဖြစ်မှာပေါ့"
"ဆေးအနံ့တေကိုမုန်းတယ် မသွားချင်ဘူး အိမ်ပြန်ပီးပဲဆေးထည့်လိုက်မယ်လေနော် မသွားဘူးနော်"
"မောင်စိတ်မချပါဘူး အင်းး အရုပ်လေးဆေးခန်းမသွားချင်ရင်တခြားနေရာသွားကြမယ်"
"ဟင်!ဘယ်လဲ"
"ရောက်ရင်သိမှာပေါ့"
>>>>
"မောင် ဒါဘယ်သူ့အိမ်ကြီးလဲ"
"မောင့်အိမ်လေ လာမောင်ပွေ့မယ်"
"ရပါတယ် ကိုယ့်ဘာသာ အ့"
စကားတောင်မဆုံးသေးဆွဲပွေ့လိုက်တဲ့သူ့ကြောင့်ရသလန့်သွားတော့သည်။အပေါ်ထပ်ထိပွေ့ချီသွားကာသူ့အခန်းထဲဝင်ပီးကုတင်ထက်၌ချပေးကာသူကတော့ကုတင်အောက်တွင်ဒူးထောက်ထိုင်လိုက်သည်။
"မောင် ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ"
"အရုပ်လေးမှဆေးခန်းမသွားချင်တာ ကိုယ့်ဘာသာဆေးထည့်မှာကိုလဲမောင်စိတ်မချဘူး အဲ့တော့မောင်ကိုယ်တိုင်ထည့်ပေးဖို့ခေါ်လာတာ"
ဆေးသေတ္တာဘူးကိုယူကာဘောင်းဘီကိုဒူးအထက်သို့တဖန်ဆွဲတင်ပေးကာအရက်ပြန်ဖြင့်အရင်သန့်စင်ပေးသည်။စပ်တာကြောင့်သူ့ပုခုံးကိုလက်နဲ့ဆုပ်ကိုင်မိတော့တချက်ပြုံးကာလေဖြင့်မှုတ်ပေးလေသည်။ဒူးကိုဆေးထည့်လို့ပီးတော့လက်ကိုဆေးထည့်ရန်ကုတင်ပေါ်တက်လာကာတင်ပါးလွှဲထိုင်ပီးဂရုတစိုက်ဖြင့်လုပ်ပေးသည်။အရင်ဘဝတုန်းကလဲသူအနာတရဖြစ်တိုင်းမောင်အခုလိုပဲကြင်နာယုယစွာဆေးထည့်ပေးခဲ့သည်။မောင့်ရဲ့စေတနာနဲ့ဂရုဏာတေကိုသူမမြင်ခဲ့မိလောက်အောင်ထိဟိုအကောင့်အပေါ်ကိုယိုင်နဲ့ခဲ့လေသည်။
မင်းအတ္တဆေးထည့်ပေးနေရင်းအသံတိတ်သွားတဲ့ကောင်လေးကိုကြည့်မိတော့မျက်ရည်များဝဲကာတစ်ခုခုကိုစိတ်မကောင်းဖြစ်နေသလိုမို့သူများဘာလွန်သွားသေးလဲဟုအသဲသန်စဉ်းစားနေရသည်။
*ငါများဖွင့်မပြောလို့လား ဟုတ်သားပဲ မင်းအတ္တ မင်းကွာအသုံးမကျတာ မောင်လို့ကျခေါ်ခိုင်းပီးချစ်တယ်လို့မှမပြောတာ*
"အရုပ်လေး"
"ဟင်"
"မောင်အရုပ်လေးကိုချစ်တယ်"
"ငါသိတယ် ငါလဲမောင့်ကိုချစ်တယ်"
"တကယ်လား အရုပ်လေး မောင်ကအရုပ်လေးမောင့်ကိုမချစ်တော့ဘူးထင်နေတာ"
"ငါမောင့်ကိုချစ်တယ် အာ့ကြောင့်နေ့လယ်ကရတီကငါ့ကိုပြသနာလာရှာသွားတာ"
"ဘာ!အဲ့မိန်းမကလား ဒါဆိုဒီလိုဖြစ်အောင်လုပ်တာအဲ့မိန်းမပေါ့"
<Zawgyi>
"ေျပာပါအံုးကြာ ဘာလို႔ငိုေနတာလဲ"
"ဟင့္ ဒီမွာၾကည့္"
ဝတ္ထားတဲ့ေဘာင္းဘီေလးကိုဒူးအထက္ထိေခါက္တင္ျပေတာ့ေဒါသထြက္သြားရသည္။ျဖဴႏုေနတဲ့ဒူးေလးမွာပြန္းပဲ့ရာမ်ား႐ွိေနပီးတခ်ိဳ႕ေနရာကေသြးေလးေတေတာင္စို႔ေနေလသည္။
"ဒါက ဘယ္.."
"ေနအံုး႐ွိေသးတယ္"
ဟုဆိုကာအကၤ်ီလက္ေလးကိုပါေခါက္တင္ျပသည္။တံေတာင္နဲ႔လက္ဖ်ံတစ္ေလ်ွာက္တြင္လဲပြန္းပဲ့ရာမ်ား႐ွိေနေသးသည္။
"ဘယ္လိုျဖစ္တာလဲအ႐ုပ္ေလးရယ္ေမာင္စိတ္ပူလိုက္တာ လာထေဆးခန္းသြားျပမယ္"
ေပြ႔ခ်ီလိုက္တဲ႔မင္းအတၱေၾကာင့္ရသဟန္႔တားလိုက္ခ်ိန္ပင္မရလိုက္။ရသကိုကားေပၚတင္ကာခါးပတ္ပတ္ေပးပီးေမာင္းထြက္ေတာ့သည္။လ်င္ျမန္တဲ့လႈပ္႐ွားမႈမ်ားေၾကာင့္သူဘယ္ေလာက္စိတ္ပူသြားလဲခန္႔မွန္းမိေပမယ့္ေဆးအနံကိုမႀကိဳက္တာေၾကာင့္ေဆးခန္းကိုမသြားခ်င္ေပ။
"ေမာင္ ေဆးခန္းမသြားလို႔မရဘူးလား"
"ဘာလို႔လဲအ႐ုပ္ေလးရဲ႕ ဒဏ္ရာေတဒီေလာက္မ်ားတာေဆးခန္းျပမွျဖစ္မွာေပါ့"
"ေဆးအနံ့ေတကိုမုန္းတယ္ မသြားခ်င္ဘူး အိမ္ျပန္ပီးပဲေဆးထည့္လိုက္မယ္ေလေနာ္ မသြားဘူးေနာ္"
"ေမာင္စိတ္မခ်ပါဘူး အင္းး အ႐ုပ္ေလးေဆးခန္းမသြားခ်င္ရင္တျခားေနရာသြားၾကမယ္"
"ဟင္!ဘယ္လဲ"
"ေရာက္ရင္သိမွာေပါ့"
>>>>
"ေမာင္ ဒါဘယ္သူ႔အိမ္ႀကီးလဲ"
"ေမာင့္အိမ္ေလ လာေမာင္ေပြ႔မယ္"
"ရပါတယ္ ကိုယ့္ဘာသာ အ့"
စကားေတာင္မဆံုးေသးဆြဲေပြ႔လိုက္တဲ့သူ႔ေၾကာင့္ရသလန္႔သြားေတာ့သည္။အေပၚထပ္ထိေပြ႔ခ်ီသြားကာသူ႔အခန္းထဲဝင္ပီးကုတင္ထက္၌ခ်ေပးကာသူကေတာ့ကုတင္ေအာက္တြင္ဒူးေထာက္ထိုင္လိုက္သည္။
"ေမာင္ ငါ့ကိုဘာလို႔ဒီကိုေခၚလာတာလဲ"
"အ႐ုပ္ေလးမွေဆးခန္းမသြားခ်င္တာ ကိုယ့္ဘာသာေဆးထည့္မွာကိုလဲေမာင္စိတ္မခ်ဘူး အဲ့ေတာ့ေမာင္ကိုယ္တိုင္ထည့္ေပးဖို႔ေခၚလာတာ"
ေဆးေသတၱာဘူးကိုယူကာေဘာင္းဘီကိုဒူးအထက္သို႔တဖန္ဆြဲတင္ေပးကာအရက္ျပန္ျဖင့္အရင္သန္႔စင္ေပးသည္။စပ္တာေၾကာင့္သူ႔ပုခံုးကိုလက္နဲ႔ဆုပ္ကိုင္မိေတာ့တခ်က္ျပံဳးကာေလျဖင့္မႈတ္ေပးေလသည္။ဒူးကိုေဆးထည့္လို႔ပီးေတာ့လက္ကိုေဆးထည့္ရန္ကုတင္ေပၚတက္လာကာတင္ပါးလႊဲထိုင္ပီးဂရုတစိုက္ျဖင့္လုပ္ေပးသည္။အရင္ဘဝတုန္းကလဲသူအနာတရျဖစ္တိုင္းေမာင္အခုလိုပဲၾကင္နာယုယစြာေဆးထည့္ေပးခဲ့သည္။ေမာင့္ရဲ႕ေစတနာနဲ႔ဂ႐ုဏာေတကိုသူမျမင္ခဲ့မိေလာက္ေအာင္ထိဟိုအေကာင့္အေပၚကိုယိုင္နဲ႔ခဲ့ေလသည္။
မင္းအတၱေဆးထည့္ေပးေနရင္းအသံတိတ္သြားတဲ့ေကာင္ေလးကိုၾကည့္မိေတာ့မ်က္ရည္မ်ားဝဲကာတစ္ခုခုကိုစိတ္မေကာင္းျဖစ္ေနသလိုမို႔သူမ်ားဘာလြန္သြားေသးလဲဟုအသဲသန္စဥ္းစားေနရသည္။
*ငါမ်ားဖြင့္မေျပာလို႔လား ဟုတ္သားပဲ မင္းအတၱ မင္းကြာအသံုးမက်တာ ေမာင္လို႔က်ေခၚခိုင္းပီးခ်စ္တယ္လို႔မွမေျပာတာ*
"အ႐ုပ္ေလး"
"ဟင္"
"ေမာင္အ႐ုပ္ေလးကိုခ်စ္တယ္"
"ငါသိတယ္ ငါလဲေမာင့္ကိုခ်စ္တယ္"
"တကယ္လား အ႐ုပ္ေလး ေမာင္ကအ႐ုပ္ေလးေမာင့္ကိုမခ်စ္ေတာ့ဘူးထင္ေနတာ"
"ငါေမာင့္ကိုခ်စ္တယ္ အာ့ေၾကာင့္ေန႔လယ္ကရတီကငါ့ကိုျပသနာလာ႐ွာသြားတာ"
"ဘာ!အဲ့မိန္းမကလား ဒါဆိုဒီလိုျဖစ္ေအာင္လုပ္တာအဲ့မိန္းမေပါ့"