<Unicode>
"ညီပါတခါထဲဝင်စားလေ"
"ရတယ်အကို အကိုတို့ပီးမှပဲစားလိုက်ပါ့မယ်"
ထွက်သွားတော့မယ့်ဦးသူရကြောင့်မင်းအတ္တမှာ..
"ဘယ်လဲ လာထိုင်စားအတူ"
"ဟင်!"
ဦးသူရကအံ့သြကာဦးမင်းမဟာဘက်ကိုကြည့်တော့ပြုံးကာခေါင်းညိမ့်ပြတာကြောင့်သူလဲဝင်ထိုင်လိုက်သည်။ထမင်းဝိုင်းကတဖန်ပြန်တိတ်ဆိတ်သွားပြန်သည်။
"ဒီဟင်းကအရမ်းကောင်းတာပဲ စားကြည့်ပါးပါး"
ချလွမ်...
ဦးသူရလက်ထဲကဇွန်းဟာကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။သူ့မှာမယုံနိုင်စွာပင်မင်းအတ္တကသူ့ပန်းကန်ထဲဟင်းထည့်ပေးသည့်အပြင်ပါးပါးလို့ပါခေါ်လေသည်။
"ပါးပါးကဟင်းချက်တာအရမ်းတော်တာပဲ နောက်လဲပါးပါးချက်တာပဲစားတော့မယ် ကျနော့်ကိုချက်ကျွေးမယ်မလား"
"အင်း အင်း ချက်ကျွေးမှာပေါ့ ဟင့်"
"ညီရယ် ဘာလို့ငိုနေတာလဲ"
"ပျော်လို့ပါ ညီ့ကိုမင်းအတ္တက..."
"သားလို့ခေါ်လို့ရပါတယ်ပါးပါး"
"အီးဟီးး ပါးပါးရဲ့သားလေး"
ရုတ်တရက်ထငိုတဲ့ပါးပါးအသစ်ကြောင့်မင်းအတ္တဖက်ထားပေးလိုက်တော့ပြန်ဖက်လာသည်။ထမင်းစားခန်းထဲငိုရှိုက်သံများပြန့်နှံ့သွားပေမယ့်ထိုအသံများသည်ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာခြင်းသာဖြစ်သည်။
>>>>>
(ဝါး ကြည်နူးစရာလေးပဲ)
(ဟုတ်တယ်နော်host)
(ဒါနဲ့အဂူးငါမေးစရာရှိတယ်)
(ဟုတ်ကဲ့host)
(မင်းအတ္တကမောင်လား)
(ကျနော်မသိပါဘူး)
(လူလိမ် အဲ မြွေလိမ်)
(ကျနော့်မှာပြောခွင့်ရှိဘူးhostရဲ့ ဒီတခါစည်းကမ်းဖောက်မိရင်မြွေကနေတီကောင်အဖြစ်ပြောင်းခံရတော့မယ်)
(ဟွန့်)
(hostသိချင်ရင်ကိုယ့်ဘာသာစမ်းကြည့်ပေါ့)
(ငါကဘာနဲ့စမ်းရမှာလဲ)
(လက်နဲ့)
(ဟမ်!!)
(အာဟုတ်ဘူးလေhostရယ် စမ်းသပ်ကြည့်လို့ပြောတာ လူတစ်ယောက်ကဘယ်လောက်ပဲခန္တာကိုယ်ပြောင်းသွားပါစေအမူအကျင့်တေကပြောင်းမသွားဘူး ဥမပါ..)
(မှားနေတယ် အဂူး! ဥပမာ လေ ဥမပါတာကမင်း)
(ဟင့် ကျနော်ကပါပါတယ်နော် မြွေတေကသိမ်းထားတာတော်လို့မတွေ့ရတာ)
(ဟုတ်လို့လား)
(ဟုတ်ပါတယ်ဆို ဘယ်တောင်ရောက်သွားပီလဲ)
(ဥပမာ)
(အော်ဟုတ်တယ် ဥပမာ ဓာတ်မတည့်တာတို့ အမြဲတမ်းလုပ်လေ့လုပ်ထရှိတဲ့အရာတေတို့ပေါ့)
(ဟုတ်ပီ ငါသိပီ)
(သိရင် လုပ်တော့!!!!)
( Let's go to ကျောင်း!!!)
(လက်ဂိုးး!!)
>>>>>
မင်းအတ္တကျောင်းရောက်တော့သက်ရှိအရုပ်လေးကိုအရင်ရှာမိသည်။စာသင်ခန်း၊အိမ်သာနဲ့ကန်တင်းစုံအောင်ရှာပေမယ့်မတွေ့တဲ့အဆုံးကျောင်းခေါင်မိုးထက်သို့တက်ကြည့်တော့မှတွေ့ပါပီကုပ်ကုပ်လေးထိုင်ကာဒူးကိုပိုက်ပီးမျက်နှာတင်ထားတဲ့သူလေး။သူလေးအနားအပြေးသွားတော့အနီးရောက်မှတွေ့ရသည်ကသူလေးကငိုနေလေရဲ့။ခေါင်းထဲတွင်ထူပူသွားကာသူလေးရှေ့ဒူးထောက်ထိုင်ချကာဟန်တောင်မဆောင်နိုင်လောက်တဲ့အထိစိတ်ပူပင်သွားရသည်။ငိုနေသည်မှာမျက်နှာတစ်ခုလုံးပင်နီရဲနေပီ။သူလေးကိုငိုအောင်လုပ်တဲ့သူကသတ်ပစ်မည်ဟုတွေးထားလိုက်သည်။
"အရုပ်လေး!ဘာ ဘာဖြစ်လို့လဲ ဘယ်သူလုပ်တာလဲ ဟင် ကိုယ့်ကိုပြော"
"ဟင့်အင်း အင့် အင့်"
ရှိုက်သံတေပါထွက်လာတာကြောင့်အလျှင်မြန်ပဲနှုတ်ခမ်းနှစ်ခုကိုထိကပ်လိုက်သည်။ခနကြာတော့မှလွတ်ပေးလိုက်ကာနီရဲနေတဲ့နှာခေါင်းထိပ်လေးကိုလက်ညိုးလေးနဲ့ဖွဖွလေးပွတ်ပေးနေသည်။
"မောင်!"
ငယ်ငယ်ကသူငိုနေချိန်ရှိုက်သံထွက်လာတိုင်းမောင်ကဒီလိုလုပ်ပေးနေကျ၊သူနဲ့မောင်နှစ်ယောက်ထဲသိတဲ့ရှိုက်တာကိုရပ်အောင်လုပ်နည်းလေးပေါ့။
*မောင်ရယ် လွမ်းကိုအဲ့လောက်တောင်ပဲချစ်ရလား*
"မောင် ဟင့်"
"အရုပ်လေး ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာ"
"မောင် မောင်လို့ခေါ်လိုက်တာ"
"ဟားး ကိုယ်ကြိုက်တယ်အဲ့လိုပဲခေါ် မောင့်ရဲ့အရုပ်လေး"
<Zawgyi>
"ညီပါတခါထဲဝင်စားလေ"
"ဘယ်လဲ လာထိုင်စားအတူ"
"ဟင်!"
ချလွမ်...
>>>>>
(ဝါး ကြည်နူးစရာလေးပဲ)
(ဟုတ်တယ်နော်host)
(ဟုတ်ကဲ့host)
(မင်းအတ္တကမောင်လား)
(ကျနော်မသိပါဘူး)
(လူလိမ် အဲ မြွေလိမ်)
(ဟွန့်)
(ငါကဘာနဲ့စမ်းရမှာလဲ)
(လက်နဲ့)
(ဟမ်!!)
(ဟုတ်လို့လား)
(ဥပမာ)
(ဟုတ်ပီ ငါသိပီ)
(သိရင် လုပ်တော့!!!!)
( Let's go to ကျောင်း!!!)
(လက်ဂိုးး!!)
>>>>>
"ဟင့်အင်း အင့် အင့်"
"မောင်!"
"မောင် ဟင့်"