ရှေးခေတ်ကာလတွင် ကလေးပြုစုပျို...

By PoRoRo0812

382K 47.1K 738

Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
no update
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅ (final)

အခန်း ၁၄

9.9K 1.4K 11
By PoRoRo0812

Raising Children in Ancient County Town

Unicode 

အခန်း ၁၄

ချောင်းရှန်က မြေကြီးတစ်တန်းကိုသာ တူးတာဖြစ်ပေမယ့် တစ်ချိန်လုံး ကုန်းနေရတာကြောင့် သူ့နောက်ကျောက နာလာပြီး သူ့နောက်ကျောရိုးက ပြန်တောင် မဖြောင့်နိုင်တော့ဘူးလို့ ခံစားလာရသည်။ 

ချီရှို့က ချောင်းရှန်ရဲ့ထုရိုက်နေတဲ့အသံကို ကြားတော့ ချောင်းရှန်က သူ့ခါးနောက်ကို လက်တစ်ဖက်ဖြင့် ထုနေတာကို မြင်တော့ စိတ်မကောင်းစွာ ပြောလိုက်သည်။

"သွားနားလိုက်တော့။ အများကြီး မကျန်တော့ပါဘူး... ကိုယ်လုပ်လိုက်မယ်"

ချောင်းရှန်က အနည်းငယ်အကျင်းအကျပ်တွေ့နေသည်။ သူက ဖေဖေချီနှင့် မေမေချီတို့က သူ့ကိုပျက်စီးနေတယ်လို့ မထင်စေချင်ပေ။ လယ်ထဲမှာ ခက်ခဲပင်ပန်းတဲ့ လယ်ယာအလုပ်တွေကို ကူညီပေးချင်ပေမယ့် သူ့ခါးက တောင့်မခံနိုင်တော့ပေ။ 

"လယ်ထဲက ခြင်တွေကအဆိပ်ပြင်းလွန်းတယ်။ မြန်မြန်သွားပြီး ချန်းလဲ့ကို စောင့်ပေးလိုက်ဦး။ သူ့ကို ခြင်မကိုက်စေနဲ့"

ချီရှို့က ချောင်းရှန်ရဲ့အတွေးတွေကို သိတာကြောင့် ချောင်းရှန်ကို သူကလယ်အလုပ်နားခိုင်းတာဖြစ်ကြောင်း သူ့မိဘတွေသိစေရန် လေသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်သည်။

"သွားတော့ ချောင်းအာ"

မေမေချီက သူ့မြေးငယ်လေးက နောက်ဆုံးမှာ ဖြူဖွေး နူးညံ့တဲ့ အသားလေးတွေရှိလာတာမို့ ခြင်ကိုသွေးမစုပ်စေချင်တာကြောင့် အမြန် တိုက်တွန်းလိုက်သည်။ 

ထိုအချိန်မှပဲ ချောင်းရှန်က အကျင်းအကျပ်ထဲမှ လွတ်မြောက်သွားသည်။ မေမေချီရဲ့ တိုက်တွန်းမှုနှင့်အတူ သူတွေးထားသလို သစ်ပင်အောက်သို့ လျှောက်သွားလိုက်သည်။ ရှောင်ချန်းလဲ့ကို ကောက်ချီကာ သူ့လက်မောင်းထဲ နေရာချပေးပြီး ယပ်တောင်ကို ကိုင်ကာ သူ့သားကို ယပ်ခတ်ပေးလိုက်သည်။ နေကပြင်းလာတော့ ရှောင်ချန်းလဲ့က အလွန်အိပ်ချင်လာသည်။ 

သူ့သားကို ပွေ့ထားရင်း ချောင်းရှန်က လယ်ထဲမှာ အလုပ်များနေတဲ့လူတွေကို မှင်တက်စွာ ကြည့်လိုက်သည်။ ဒါကြောင့် ချီရှို့က အခက်အခဲတွေကို ခံနိုင်ရည်ရှိပြီး ယုံကြည်စိတ်ချရကာ မိသားစုအတွင်းကအရာတွေအားလုံးကို တိတ်တဆိတ်ဂရုစိုက်တတ်တာပဲ။ မေမေချီက ကြင်နာတတ်ပြီး ပွင့်လင်းမြင်သာရှိသည်။ တံခါးနောက်ကွယ်က မူလချောင်းရှန်ရဲ့ အပြုအမူတွေကို စိတ်မကျေနပ်ပေမယ့် သူ့သားကိုဂရုစိုက်ကာ လင်မယားနှစ်ယောက်လုံး ဘဝကို ကောင်းကောင်းမွန်မွန် နေနိုင်သွားကြစေရန် ပိုကောင်းလာမည်လို့ မျှော်လင့်ပြီး သူမက ကြင်နာပေးခဲ့သည်။ 

ချောင်းရှန်လုံးဝပြောင်းလဲသွားသည်ဟု သူမကမသိပဲ ဒါကဆုချခံလိုက်ရသည်လို့ပဲ ထင်ခဲ့သည်။ ဖေဖေချီကလည်း စကားနည်းပြီး စိတ်ရင်းမှန်သူဖြစ်တာကြောင့် ချီရှို့လိုတူညီတဲ့သားမျိုးကို ဘယ်လိုများမွေးနိုင်ကြတာလဲ။ 

ယခုအချိန်တွင် ချောင်းရှန်က သူ အလွန်ကံကောင်းတယ်လို့ခံစားနေရသည်။ ခေတ်သစ်ကာလတွင် ကင်ဆာရောဂါ ဝေဒနာကို ခံစားခဲ့ရပြီး သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပေမယ့် သူ့ဘေးတွင် ချစ်ခြင်းမေတ္တာများ ဝန်းရံနေခဲ့သည်။ ရှေးခေတ်ကာလတွင် ပြန်လည်မွေးဖွားလာတာတောင်မှ သူ့အတွက် ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ လူတွေ တွေ့ခဲ့သည်။ 

ချီရှို့က ငုံ့ပြီး တူးထားတဲ့ကန်စွန်းဥတွေကို ဝါးခြင်းတောင်းထဲ ထည့်နေခဲ့သည်။ သူ့ကို စိုက်ကြည့်နေတဲ့ခံစားချက်ကို ခံစားလိုက်ရတာမို့ ကြည့်လိုက်တော့ ငေးကြည့်နေတဲ့သူက ချောင်းရှန်ဖြစ်သည်။ 

ချီရှို့က ထူထဲတဲ့မျက်ခုံးတွေရှိကာ နှာတံမြင့်ပြီးနှုတ်ခမ်းပါးသည်။ အရပ်ကလည်း ၁.၉မီတာလောက်ရှည်ကာ ပုခုံးကျယ်ကြီးတွေနှင့် ​ခြေတံရှည်ကြီးတွေရှိသည်။ သူ့ကို ခေတ်သစ်က Runwayပေါ်သာ တင်ပေးလိုက်လျှင် ယောက်ျားပီသသောမျက်နှာနှင့်ပင် ယောက်ျားလေးစူပါမော်ဒယ်အများကြီးကို သတ်ပစ်နိုင်သည်။ သူ ပရိတ်သတ်ဘယ်နှယောက်ကိုများဆွဲဆောင်နိုင်မလဲ။

အရပ်ရှည်ပြီး ချောမောတဲ့ယောက်ျားနှင့် ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိလိုက်ကြရအောင်။

ချီရှို့နှင့် ချောင်းရှန်ရဲ့ ကူညီမှုကြောင့် လယ်တစ်ဧကစာ ကန်စွန်းဥတွေကို နေမဝင်ခင် ရိတ်သိမ်းနိုင်ခဲ့ကြသည်။ အလုံးနှစ်ရာလောက်ကို လက်ကွင်းအစပ်တွင် သပ်ရပ်စွာစီထားပြီး နောက်တစ်နေ့ကို စောင့်ဆိုင်းရင်း မိုးကာစဖြင့် အုပ်လိုက်သည်။ ၎င်းတို့ကို အဝေးကိုသယ်ယူဖို့ ကုန်သည်ကို ဆက်သွယ်ကာ ကျန်တာတွေကို အိမ်ရဲ့မြေအောက်ခန်းတွင် သိမ်းဆည်းကြသည်။ 

ကန်စွန်းဥသည် ရွာတွင် ရှားပါးသည့် ပစ္စည်း မဟုတ်ပေ။ ရွာသားတွေမှာ ရိုးရှင်းတဲ့ဓလေ့ထုံးတမ်းရှိတာမို့ အိမ်တိုင်းမှာ မပြတ်လပ်သည့် ကန်စွန်းဥကို ခိုးရန် မဖြစ်နိုင်ပေ။

အကုန်လုံး အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကလေးတွေက သူတို့အဘွားကို အနှောက်အယှက်ပေးနေကြသည်။ နေ့လည်က စားခဲ့သည့် အစပ်အရသာက သူတို့ကို ညစာစားချင်လာအောင် လုပ်နေသည်။

"အမေ သူတို့ကိုထုတ်ပြီး ကျွေးလိုက်ပါ။ ရာသီဥတုက ပူတော့ အကြာကြီး သိမ်းထားလို့မရဘူး။ စားပြီးရင် ထပ်ချက်ပေးပါ့မယ်။ အမေကြိုက်ရင် ချန်းရှီနဲ့ ချန်းအန်တို့ကို အိမ်မှာ ချက်ကျွေးလို့ရအောင် မနက်ဖြန်ကျ ကျွန်တော် သင်ပေးပါ့မယ်"

ချောင်းရှန်က အကြံပေးလိုက်သည်။

"ကောင်းပြီ။ အမေ မနက်ဖြန်ကျသင်မယ်။ အသားလုပ်စရာမလိုဘူး။ တို့ဟူးခြောက်နဲ့ ကြာစွယ်ပဲ ထည့်မယ်"

မေမေချီက တုံ့ဆိုင်းနေပေမယ့် ရွာမှာ ဘယ်သူက တစ်ချိန်လုံး အသားစားရလို့လဲ။ သို့သော် တနေကုန် အလုပ်ကြိုးစားခဲ့ကြသော လူကြီးတွေကို ကြည့်ကာ မိသားစုဝင်တွေ အတူတူ ဆုချတယ်လို့ပဲ တွေးလိုက်သည်။ 

ပူပြင်းတဲ့ ရာသီဥတုတွင် မေမေချီက ဆန်ပြုတ်အိုးကြီးတစ်အိုး ချက်ကာ တရုတ်ဂေါ်ဖီကိုကြော်ပြီး အစပ်ဟင်းနှင့်အတူ မိသားစုပျော်ရွှင်စွာ ညစာထိုင်စားကြသည်။ 

....

ညစာစားပြီးနောက် ဖေဖေချီက အိမ်လုပ်ဆန်ဝိုင်ကိုယူကာ ခြံထဲတွင် သားနှစ်ယောက်နှင့် စကားစမြည်ပြောနေသည်။ ချောင်းရှန်က ကလေးတွေအတွက် လမုန့် ယူသွားခဲ့သည်။ သူတို့က အိမ်မှာ လုပ်ထားတာကြောင့် သေးငယ်နေသည်။ ရှောင်ချန်းလဲ့ရဲ့ အစားစားချင်စိတ်နှင့်ဆိုလျှင် သေးငယ်ပြီး နူးညံ့သိမ်မွေ့နေသည်။ မနက်ဖြန် ပွဲတော်ညစာစားပွဲကျမှ ထပ်ထုတ်ဖို့ စီစဥ်ထားသည်။

အစ်ကိုချီရဲ့ဇနီးက ခြံထဲတွင် ပြောင်းဖူးခွာနေပြီး တောင်ပေါ်မှလေက ခြံထဲသို့ တိုက်ခတ်နေပြီး အေးစိမ့်နေသည်။  ရှောင်ချန်းလဲ့က အမြန်ပြေးလာပြီး သူ့ပါပါး၏ခြေထောက်ကို ဆွဲကာ လက်ထဲကသူကိုက်ထားတဲ့လမုန့်ကို သူ့ပါပါးစားဖို့ လှမ်းပေးလိုက်သည်။ ချောင်းရှန်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကလေးလေးရေ။ ဘွားဘွားကို အရင်ပေးရမယ် ဘွားဘွားက အလုပ်တွေ အများကြီး လုပ်ထားရတာ"

ရှောင်ချန်းလဲ့က လမုန့်ကို ထပ်ကိုင်ပြီး သူ့ဘွားဘွားကို ပေးလိုက်သည်။ မေမေချီက လမုန့်ပေါ်က သွားသေးသေးလေးကိုက်ရာနှင့် သူ့မြေးရဲ့တံတွေးပေနေတဲ့နေရာရဲ့ အဝေးကို ကြည့်လိုက်ပြီး ပါးစပ်ကို ဖွင့်ကာ တစ်ကိုက်စားလိုက်ဟန်ဆောင်ပြီး ပြောလိုက်သည်။ 

"စားလို့ကောင်းလိုက်တာ။ ကျေးဇူးပါ ချန်းလဲ့ရေ။ ဘွားဘွားကဝပြီ ချန်းလဲ့ပဲ စားတော့နော်"

ထို့နောက် ရှောင်ချန်းလဲ့က လမုန့်ကို ဆက်ကိုက်ကာ ဝါးရင်း သီးချင်းညည်းသလို ညည်းနေသည်။ အရသာရှိလွန်းတာကြောင့် သူ သီချင်းတစ်ပုဒ်လောက်တောင် ဆိုချင်သွားသည်။ 

မိသားစုသည် ရံဖန်ရံခါ စကားပြောရင်း တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်နေကြသည်။ ချောင်းရှန်က ဒီလေထုကို အင်မတန်သဘောကျသည်။ ရှောင်ချန်းလဲ့ကလည်း လမုန့်စားပြီးသွားတော့ သူ့အစ်ကိုတွေနှင့် သွားကစားတော့သည်။ ချောင်းရှန်က ရှောင်ချန်းလဲ့ကို မတွေ့တာကြောင့် ဒုက္ခရောက်နေသည်။ ဒီအရွယ်က တကယ် ထကြွသောင်းကျန်းတတ်တဲ့အရွယ်ပင်ဖြစ်သည်။ 

ရှောင်ချန်းလဲ့က ဘာကိုစားရမလဲ မစားရဘူးလဲ ဆိုတာကိုသာသိတာကြောင့် ကြက်မကြီးကို ထိုးရန် သစ်သားတုတ်ချောင်းလေး ကိုင်ထားသည်။ ချောင်းရှန်က မျက်မှောင်ကြုတ်ကာ သူ့ကို စိတ်ဆိုးဟန်ဆောင်လိုက်သည်။

"ထပ်ဆိတ်ခံနေရမယ် တုတ်ချောင်းကိုချထားလိုက်တော့"

ရှောင်ချန်းလဲ့က စိတ်တိုနေတဲ့သူ့ပါပါးကို မြင်တော့ မလှုပ်တော့ပဲ တုတ်ချောင်းကို ဓားလိုပုံစံလုပ်ကာ လက်ထဲတွင် ရဲရဲဝင့်ဝင့်ကိုင်ထားသည်။ လူတိုင်းက ဒါကို ကြားလိုက်တော့ သူတို့မျက်လုံးတွေက ရှောင်ချန်းလဲ့ကို ကြည့်လိုက်ကြသည်။ တုတ်ချောင်းနဲ့ ဆော့နေတဲ့ရှောင်ချန်းလဲ့ကို မြင်တော့ လူကြီးတွေက ရယ်မောလိုက်ကြသည်။ ဘယ်လိုမှမရနိုင်ပါဘူး မိသားစုထဲက အငယ်ဆုံးကလေးကို လူကြီးတွေက မျက်နှာသာပေးပြီး သူလုပ်သမျှ ချစ်ကြသည်။

.....

တစ်ယောက်ပြီးတစ်ယောက် ရေချိုးပြီးနောက်မှာတော့ ခြံဝန်းသည် တိတ်ဆ်တ်တဲ့ညဆီပြန်ရောက်သွားပြီး လူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ညရဲ့အိပ်စက်မှုဆီ ကျရောက်သွားကြသည်။ 

နောက်တစ်နေ့မနက်တွင် လူကြီးတွေက မနက်စာစားပြီးကြပြီ။ ဖေဖေချီက ရွာသူကြီးအိမ်သွားကာ ရောင်းချမည့် ကန်စွန်းဥပမာဏကို သတင်းသွားပို့သည်။ရွာသူကြီးက စာရင်းမှတ်ကာ  လူတွေကသယ်လာပြီး နောက်တစ်နေ့မှာစုကြမှာဖြစ်သည်။ ချီယန်နှင့် ချီရှို့က ဦးဆောင်ကာ ကန်စွန်းဥများကို တစ်လုံးပြီးတစ်လုံး ရွေ့ပေးကြသည်။ ဒီနှစ်မှာတော့ ကန်စွန်းဥအများအပြားကို မြေအောက်ခန်းထဲသို့ ပြန်လည်ရွေ့ပေးရမည်ဖြစ်သည်။ ချီရှို့ရဲ့ မိသားစုက စီးပွားရေး လုပ်မှာမို့ ပိုက်ဆံရှင်းထားပြီးပြီ ဖြစ်သည်။ 

ဒီနေ့က ဆောင်းဦးရာသီပွဲတော်ရက်ဖြစ်သည်။ မနက်ပိုင်းမှာ ကန်စွန်းဥတွေကို ရွေ့ပြီးပြီမို့ နေ့လည်မှာတော့ လယ်သမားတွေက အလုပ်နားကာ မိသားစု ပြန်လည်ဆုံဆည်းကြမည့်အချိန်ကို ပါဝင်ခံစားရန် ခြံတံခါးတွေကို ပိတ်လိုက်ကြသည်  အမျိုးသားများသည် ခြံထဲတွင် မီးအိမ်များ တပ်ဆင်ကာ ပူဇော်ပွဲလုပ်ရန် စင်ကို ပြင်ဆင်နေကြသည်။ ချီမိသားစုမှ အမျိုးသမီးတွေနှင့် ချောင်းရှန်ကတော့ ပြန်လည်ဆုံဆည်းသည့်ညစာကို မီးဖိုထဲတွင် ပြင်ဆင်နေကြသည်။ 

ငရုပ်သီးအနံ့တောင် အပူရှိန်ကြောင့် ပျောက်ကွယ်နေသည်။ ကလေးသုံးယောက်သည်  အိုးထဲက အသားနှပ်အနံ့ကို အနံ့ခံရင်း မီးဖိုတံခါးဝတွင် စောင့်နေကြကာ တစ်ယောက်ပြီးတစ်ယောက် လောဘတကြီးဝင်လာကြသည်။ ရှောင်ချန်းလဲ့က အိမ်မှာလည်း ဒီလိုအနံ့ ရနေကျပေမယ့် ကလေးသဘာဝ သူ့ထက်အကြီးတွေနှင့် ရောကာ ပျော်ရတာ ကြိုက်ပေသည်။

ချောင်းရှန်က ပြုတ်ထားတဲ့ အသားအနည်းငယ်ကို လှီးကာ တစ်ခုစီ ကျွေးလိုက်သည်။အကြီးနှစ်ယောက်က မီးဖိုထဲတွင် မီးကူကြည့်ပေးဖို့ နေခဲ့ကြသည်။ ရှောင်ချန်းလဲ့ကတော့ ထိုင်မနေနိုင်ပဲ သူ့ဖေဖေကို ရှာဖို့ အပြင်ထွက်လိုက်သည်။ 

ချီရှို့နှင့် တခြားသူတွေက အလုပ်များပြီးနောက် စားပွဲတွင်ထိုင်ကာ စကားပြောနေကြသည်။ ရှောင်ချန်းလဲ့က တိတ်တိတ်ကလေး လျှောက်လာပြီး ချီရှို့ရဲ့ပေါင်ကိုဆွဲကာ ရီပြပြီး သူ့ကိုချီလာအောင် ချစ်စဖွယ်လုပ်ပြနေသည်။ အစ်ကိုချီက ရှောင်ချန်းလဲ့ကို ချစ်စနိုးကြည့်ပြီး စလိုက်သည်။

"ချန်းလဲ့ ဦးလေးဆီလာခဲ့။ ဦးလေးလက်ထဲမှာဘာရှိတာလဲလာကြည့်"

ရှောင်ချန်းလဲ့က ခေါင်းကိုလှည့်ကာ ချီယန်ရဲ့ လက်ဗလာကိုမြင်တော့ ခေါင်းပြန်လှည့်သွားပြီး သူ့ဖေဖေ၏ခြေထောက်ကို တက်နင်းလိုက်သည်။ ရှောင်ချန်းလဲ့က ယခုအခါ အဆီဘောလုံးလေးလို ခန္ဓာကိုယ်လေး ဖြစ်နေပြီမို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်က ချီရှို့ရဲ့ ခြေမပေါ်ဖိမိပြီး အနည်းငယ်နာသွားတာမို့ ချီရှို့က မ ပြီး စားပွဲပေါ် တင်ပေးလိုက်သည်။ စားပွဲပေါ်တွင် ဇီးသီးပန်းကန်ရှိနေပြီး ချီရှို့က သူ့သားကိုချော့ဖို့ တစ်လုံးပေးလိုက်သည်။ 

ထို့နောက် ရှောင်ချန်းလဲ့ရဲ့ လုပ်ရပ်က ဖခင်အိုကြီး ချီရှို့ရဲ့ နှလုံးသားကို အရည်ပျော်သွားစေသည်။ ရှောင်ချန်းလဲ့က တစ်လုံးလှမ်းယူပြီး လှည့်ကာ  သူ့ဖေဖေရဲ့လက်ထဲ ထည့်ပေးလိုက်တာဖြစ်သည်။

"လိမ္မာလိုက်တဲ့သား။ ဘိုးဘိုးကို အရင်ပေးလိုက်နော်"

ချီရှို့က သူ့သားကို သင်ပေးပြီး နေရာချပေးလိုက်သည်။ ရှောင်ချန်းလဲ့က အသီးကိုကိုင်ကာ သူ့အဘိုးဆီ စားဖို့ပြောရင်း လျှောက်သွားလိုက်သည်။ ဖေဖေချီက ဇီးသီးကို ယူပြီးတဲ့အခါမှာတော့ ပြန်လာပြီး ရှောင်ချန်းလဲ့က ဇီးသီးကို စားဖို့ သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။ 

"ဦးလေးမှာလည်းမရှိသေးဘူးလေ။ ဘယ်လိုလုပ်ရမလဲ သားလေး"

ချီရှို့က ရှောင်ချန်းလဲ့ကို ထပ်ပြီး ချော့ပြောလိုက်သည်။ ရှောင်ချန်းလဲ့က သူကိုက်ဖို့ အချိန်မရလိုက်သည့် ဇီးသီးကို ပြန်ထုတ်ကာ ကိုင်ပြီး အစ်ကိုချီဆီ လျှောက်သွားခဲ့သည်။ အစ်ကိုချီသည် သူ့တူရဲ့တံတွေးတွေပေနေတဲ့ ဇီးသီးကို ကိုင်ကာ ငိုရမလို ရယ်ရမလိုဖြစ်နေသည်။

"ကျေးဇူးပါပဲ ငါ့တူလေးရေ"

ရှောင်ချန်းလဲ့ကို အိမ်ကသားလေးနှစ်ယောက်ထက်တောင် ဖြူဖွေးနူးညံ့နေအောင် ချောင်းရှန်က သန့်စင်ပေးတတ်တာကြောင့် အစ်ကိုချီက သဘောမကျတာမရှိပေ။

ညစာစားပွဲဝိုင်းကြီးသည် အလွန်ကြီးမားပြီး ချောင်းရှန်လုပ်ထားတဲ့ အစပ်ချက်၊ အာလူးနှင့်ဝက်ဆားနယ်ခြောက်ချက်၊မေမေချီ၏ ငါးပေါင်း၊ကြက်စွပ်ပြုတ်၊ ရာသီပေါ် အသီးအရွက်အစုံကြော်၊ နောက်ဆုံးတွင် ကန်စွန်းဥနှင့် ပြောင်းဖူးများပြုတ်ထားပြီး မုန့်အတွက်ကတော့ လမုန့်နှစ်မျိုးရှိကာ တစ်မျိုးကမေမေချီရဲ့မြေပဲ၊နှမ်းစေ့နှင့် မတ်ပဲတို့ဖြင့် လုပ်ထားသောမုန့်ဖြစ်ပြီး တစ်မျိုးကချောင်းရှန်ရဲ့ ကြက်ဥအနှစ်နှင့် ကြာစေ့အနှစ်လမုန့်ဖြစ်သည်။ 

ညစာစားပြီးနောက် မိသားစုလိုက်ပူဇော်သည့် စင်ဆီသွားကာ လကို ကိုးကွယ်ပြီးပြီး ရှုစားရန် ခြံထဲတွင် ထိုင်နေကြသည်။ 

....

Shouyunရွာတွင် လယ်ထဲ၌ ကန်စွန်းဥများ ရှင်းကူရင်း နောက်တစ်ရက်နေခဲ့ပြီးနောက် ချီရှို့က ဇနီးနှင့်သားကို ခေါ်ကာ မြို့သို့ ပြန်လာခဲ့သည်။

Mid-Autumn Festival 

Zawgyi

အခန္း ၁၄

ေခ်ာင္း႐ွန္က ေျမႀကီးတစ္တန္းကိုသာ တူးတာျဖစ္ေပမယ့္ တစ္ခ်ိန္လုံး ကုန္းေနရတာေၾကာင့္ သူ႕ေနာက္ေက်ာက နာလာၿပီး သူ႕ေနာက္ေက်ာ႐ိုးက ျပန္ေတာင္ မေျဖာင့္ႏိုင္ေတာ့ဘူးလို႔ ခံစားလာရသည္။ 

ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕ထု႐ိုက္ေနတဲ့အသံကို ၾကားေတာ့ ေခ်ာင္း႐ွန္က သူ႕ခါးေနာက္ကို လက္တစ္ဖက္ျဖင့္ ထုေနတာကို ျမင္ေတာ့ စိတ္မေကာင္းစြာ ေျပာလိုက္သည္။

"သြားနားလိုက္ေတာ့။ အမ်ားႀကီး မက်န္ေတာ့ပါဘူး... ကိုယ္လုပ္လိုက္မယ္"

ေခ်ာင္း႐ွန္က အနည္းငယ္အက်င္းအက်ပ္ေတြ႕ေနသည္။ သူက ေဖေဖခ်ီႏွင့္ ေမေမခ်ီတို႔က သူ႕ကိုပ်က္စီးေနတယ္လို႔ မထင္ေစခ်င္ေပ။ လယ္ထဲမွာ ခက္ခဲပင္ပန္းတဲ့ လယ္ယာအလုပ္ေတြကို ကူညီေပးခ်င္ေပမယ့္ သူ႕ခါးက ေတာင့္မခံႏိုင္ေတာ့ေပ။ 

"လယ္ထဲက ျခင္ေတြကအဆိပ္ျပင္းလြန္းတယ္။ ျမန္ျမန္သြားၿပီး ခ်န္းလဲ့ကို ေစာင့္ေပးလိုက္ဦး။ သူ႕ကို ျခင္မကိုက္ေစနဲ႔"

ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕အေတြးေတြကို သိတာေၾကာင့္ ေခ်ာင္း႐ွန္ကို သူကလယ္အလုပ္နားခိုင္းတာျဖစ္ေၾကာင္း သူ႕မိဘေတြသိေစရန္ ေလသံကို အနည္းငယ္ျမႇင့္ကာ ေျပာလိုက္သည္။

"သြားေတာ့ ေခ်ာင္းအာ"

ေမေမခ်ီက သူ႕ေျမးငယ္ေလးက ေနာက္ဆုံးမွာ ျဖဴေဖြး ႏူးညံ့တဲ့ အသားေလးေတြ႐ွိလာတာမို႔ ျခင္ကိုေသြးမစုပ္ေစခ်င္တာေၾကာင့္ အျမန္ တိုက္တြန္းလိုက္သည္။ 

ထိုအခ်ိန္မွပဲ ေခ်ာင္း႐ွန္က အက်င္းအက်ပ္ထဲမွ လြတ္ေျမာက္သြားသည္။ ေမေမခ်ီရဲ႕ တိုက္တြန္းမႈႏွင့္အတူ သူေတြးထားသလို သစ္ပင္ေအာက္သို႔ ေလွ်ာက္သြားလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့ကို ေကာက္ခ်ီကာ သူ႕လက္ေမာင္းထဲ ေနရာခ်ေပးၿပီး ယပ္ေတာင္ကို ကိုင္ကာ သူ႕သားကို ယပ္ခတ္ေပးလိုက္သည္။ ေနကျပင္းလာေတာ့ ေ႐ွာင္ခ်န္းလဲ့က အလြန္အိပ္ခ်င္လာသည္။ 

သူ႕သားကို ေပြ႕ထားရင္း ေခ်ာင္း႐ွန္က လယ္ထဲမွာ အလုပ္မ်ားေနတဲ့လူေတြကို မွင္တက္စြာ ၾကည့္လိုက္သည္။ ဒါေၾကာင့္ ခ်ီ႐ိႈ႕က အခက္အခဲေတြကို ခံႏိုင္ရည္႐ွိၿပီး ယုံၾကည္စိတ္ခ်ရကာ မိသားစုအတြင္းကအရာေတြအားလုံးကို တိတ္တဆိတ္ဂ႐ုစိုက္တတ္တာပဲ။ ေမေမခ်ီက ၾကင္နာတတ္ၿပီး ပြင့္လင္းျမင္သာ႐ွိသည္။ တံခါးေနာက္ကြယ္က မူလေခ်ာင္း႐ွန္ရဲ႕ အျပဳအမူေတြကို စိတ္မေက်နပ္ေပမယ့္ သူ႕သားကိုဂ႐ုစိုက္ကာ လင္မယားႏွစ္ေယာက္လုံး ဘဝကို ေကာင္းေကာင္းမြန္မြန္ ေနႏိုင္သြားၾကေစရန္ ပိုေကာင္းလာမည္လို႔ ေမွ်ာ္လင့္ၿပီး သူမက ၾကင္နာေပးခဲ့သည္။ 

ေခ်ာင္း႐ွန္လုံးဝေျပာင္းလဲသြားသည္ဟု သူမကမသိပဲ ဒါကဆုခ်ခံလိုက္ရသည္လို႔ပဲ ထင္ခဲ့သည္။ ေဖေဖခ်ီကလည္း စကားနည္းၿပီး စိတ္ရင္းမွန္သူျဖစ္တာေၾကာင့္ ခ်ီ႐ိႈ႕လိုတူညီတဲ့သားမ်ိဳးကို ဘယ္လိုမ်ားေမြးႏိုင္ၾကတာလဲ။ 

ယခုအခ်ိန္တြင္ ေခ်ာင္း႐ွန္က သူ အလြန္ကံေကာင္းတယ္လို႔ခံစားေနရသည္။ ေခတ္သစ္ကာလတြင္ ကင္ဆာေရာဂါ ေဝဒနာကို ခံစားခဲ့ရၿပီး သူ႕မိဘေတြကို ဆုံး႐ႈံးခဲ့ရေပမယ့္ သူ႕ေဘးတြင္ ခ်စ္ျခင္းေမတၱာမ်ား ဝန္းရံေနခဲ့သည္။ ေ႐ွးေခတ္ကာလတြင္ ျပန္လည္ေမြးဖြားလာတာေတာင္မွ သူ႕အတြက္ ခ်စ္ျခင္းေမတၱာေတြ ျပည့္ႏွက္ေနတဲ့ လူေတြ ေတြ႕ခဲ့သည္။ 

ခ်ီ႐ိႈ႕က ငုံ႔ၿပီး တူးထားတဲ့ကန္စြန္းဥေတြကို ဝါးျခင္းေတာင္းထဲ ထည့္ေနခဲ့သည္။ သူ႕ကို စိုက္ၾကည့္ေနတဲ့ခံစားခ်က္ကို ခံစားလိုက္ရတာမို႔ ၾကည့္လိုက္ေတာ့ ေငးၾကည့္ေနတဲ့သူက ေခ်ာင္း႐ွန္ျဖစ္သည္။ 

ခ်ီ႐ိႈ႕က ထူထဲတဲ့မ်က္ခုံးေတြ႐ွိကာ ႏွာတံျမင့္ၿပီးႏႈတ္ခမ္းပါးသည္။ အရပ္ကလည္း ၁.၉မီတာေလာက္႐ွည္ကာ ပုခုံးက်ယ္ႀကီးေတြႏွင့္ ​ေျခတံ႐ွည္ႀကီးေတြ႐ွိသည္။ သူ႕ကို ေခတ္သစ္က Runwayေပၚသာ တင္ေပးလိုက္လွ်င္ ေယာက်္ားပီသေသာမ်က္ႏွာႏွင့္ပင္ ေယာက်္ားေလးစူပါေမာ္ဒယ္အမ်ားႀကီးကို သတ္ပစ္ႏိုင္သည္။ သူ ပရိတ္သတ္ဘယ္ႏွေယာက္ကိုမ်ားဆြဲေဆာင္ႏိုင္မလဲ။

အရပ္႐ွည္ၿပီး ေခ်ာေမာတဲ့ေယာက်္ားႏွင့္ ပတ္သက္ဆက္ႏြယ္မႈတစ္ခု ႐ွိလိုက္ၾကရေအာင္။

ခ်ီ႐ိႈ႕ႏွင့္ ေခ်ာင္း႐ွန္ရဲ႕ ကူညီမႈေၾကာင့္ လယ္တစ္ဧကစာ ကန္စြန္းဥေတြကို ေနမဝင္ခင္ ရိတ္သိမ္းႏိုင္ခဲ့ၾကသည္။ အလုံးႏွစ္ရာေလာက္ကို လက္ကြင္းအစပ္တြင္ သပ္ရပ္စြာစီထားၿပီး ေနာက္တစ္ေန႔ကို ေစာင့္ဆိုင္းရင္း မိုးကာစျဖင့္ အုပ္လိုက္သည္။ ၎တို႔ကို အေဝးကိုသယ္ယူဖို႔ ကုန္သည္ကို ဆက္သြယ္ကာ က်န္တာေတြကို အိမ္ရဲ႕ေျမေအာက္ခန္းတြင္ သိမ္းဆည္းၾကသည္။ 

ကန္စြန္းဥသည္ ႐ြာတြင္ ႐ွားပါးသည့္ ပစၥည္း မဟုတ္ေပ။ ႐ြာသားေတြမွာ ႐ိုး႐ွင္းတဲ့ဓေလ့ထုံးတမ္း႐ွိတာမို႔ အိမ္တိုင္းမွာ မျပတ္လပ္သည့္ ကန္စြန္းဥကို ခိုးရန္ မျဖစ္ႏိုင္ေပ။

အကုန္လုံး အိမ္ျပန္ေရာက္တဲ့အခါမွာေတာ့ ကေလးေတြက သူတို႔အဘြားကို အေႏွာက္အယွက္ေပးေနၾကသည္။ ေန႔လည္က စားခဲ့သည့္ အစပ္အရသာက သူတို႔ကို ညစာစားခ်င္လာေအာင္ လုပ္ေနသည္။

"အေမ သူတို႔ကိုထုတ္ၿပီး ေကြၽးလိုက္ပါ။ ရာသီဥတုက ပူေတာ့ အၾကာႀကီး သိမ္းထားလို႔မရဘူး။ စားၿပီးရင္ ထပ္ခ်က္ေပးပါ့မယ္။ အေမႀကိဳက္ရင္ ခ်န္း႐ွီနဲ႔ ခ်န္းအန္တို႔ကို အိမ္မွာ ခ်က္ေကြၽးလို႔ရေအာင္ မနက္ျဖန္က် ကြၽန္ေတာ္ သင္ေပးပါ့မယ္"

ေခ်ာင္း႐ွန္က အၾကံေပးလိုက္သည္။

"ေကာင္းၿပီ။ အေမ မနက္ျဖန္က်သင္မယ္။ အသားလုပ္စရာမလိုဘူး။ တို႔ဟူးေျခာက္နဲ႔ ၾကာစြယ္ပဲ ထည့္မယ္"

ေမေမခ်ီက တုံ႔ဆိုင္းေနေပမယ့္ ႐ြာမွာ ဘယ္သူက တစ္ခ်ိန္လုံး အသားစားရလို႔လဲ။ သို႔ေသာ္ တေနကုန္ အလုပ္ႀကိဳးစားခဲ့ၾကေသာ လူႀကီးေတြကို ၾကည့္ကာ မိသားစုဝင္ေတြ အတူတူ ဆုခ်တယ္လို႔ပဲ ေတြးလိုက္သည္။ 

ပူျပင္းတဲ့ ရာသီဥတုတြင္ ေမေမခ်ီက ဆန္ျပဳတ္အိုးႀကီးတစ္အိုး ခ်က္ကာ တ႐ုတ္ေဂၚဖီကိုေၾကာ္ၿပီး အစပ္ဟင္းႏွင့္အတူ မိသားစုေပ်ာ္႐ႊင္စြာ ညစာထိုင္စားၾကသည္။ 

....

ညစာစားၿပီးေနာက္ ေဖေဖခ်ီက အိမ္လုပ္ဆန္ဝိုင္ကိုယူကာ ျခံထဲတြင္ သားႏွစ္ေယာက္ႏွင့္ စကားစျမည္ေျပာေနသည္။ ေခ်ာင္း႐ွန္က ကေလးေတြအတြက္ လမုန္႔ ယူသြားခဲ့သည္။ သူတို႔က အိမ္မွာ လုပ္ထားတာေၾကာင့္ ေသးငယ္ေနသည္။ ေ႐ွာင္ခ်န္းလဲ့ရဲ႕ အစားစားခ်င္စိတ္ႏွင့္ဆိုလွ်င္ ေသးငယ္ၿပီး ႏူးညံ့သိမ္ေမြ႕ေနသည္။ မနက္ျဖန္ ပြဲေတာ္ညစာစားပြဲက်မွ ထပ္ထုတ္ဖို႔ စီစဥ္ထားသည္။

အစ္ကိုခ်ီရဲ႕ဇနီးက ျခံထဲတြင္ ေျပာင္းဖူးခြာေနၿပီး ေတာင္ေပၚမွေလက ျခံထဲသို႔ တိုက္ခတ္ေနၿပီး ေအးစိမ့္ေနသည္။  ေ႐ွာင္ခ်န္းလဲ့က အျမန္ေျပးလာၿပီး သူ႕ပါပါး၏ေျခေထာက္ကို ဆြဲကာ လက္ထဲကသူကိုက္ထားတဲ့လမုန္႔ကို သူ႕ပါပါးစားဖို႔ လွမ္းေပးလိုက္သည္။ ေခ်ာင္း႐ွန္က ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္ ကေလးေလးေရ။ ဘြားဘြားကို အရင္ေပးရမယ္ ဘြားဘြားက အလုပ္ေတြ အမ်ားႀကီး လုပ္ထားရတာ"

ေ႐ွာင္ခ်န္းလဲ့က လမုန္႔ကို ထပ္ကိုင္ၿပီး သူ႕ဘြားဘြားကို ေပးလိုက္သည္။ ေမေမခ်ီက လမုန္႔ေပၚက သြားေသးေသးေလးကိုက္ရာႏွင့္ သူ႕ေျမးရဲ႕တံေတြးေပေနတဲ့ေနရာရဲ႕ အေဝးကို ၾကည့္လိုက္ၿပီး ပါးစပ္ကို ဖြင့္ကာ တစ္ကိုက္စားလိုက္ဟန္ေဆာင္ၿပီး ေျပာလိုက္သည္။ 

"စားလို႔ေကာင္းလိုက္တာ။ ေက်းဇူးပါ ခ်န္းလဲ့ေရ။ ဘြားဘြားကဝၿပီ ခ်န္းလဲ့ပဲ စားေတာ့ေနာ္"

ထို႔ေနာက္ ေ႐ွာင္ခ်န္းလဲ့က လမုန္႔ကို ဆက္ကိုက္ကာ ဝါးရင္း သီးခ်င္းညည္းသလို ညည္းေနသည္။ အရသာ႐ွိလြန္းတာေၾကာင့္ သူ သီခ်င္းတစ္ပုဒ္ေလာက္ေတာင္ ဆိုခ်င္သြားသည္။ 

မိသားစုသည္ ရံဖန္ရံခါ စကားေျပာရင္း တိတ္တိတ္ဆိတ္ဆိတ္အလုပ္လုပ္ေနၾကသည္။ ေခ်ာင္း႐ွန္က ဒီေလထုကို အင္မတန္သေဘာက်သည္။ ေ႐ွာင္ခ်န္းလဲ့ကလည္း လမုန္႔စားၿပီးသြားေတာ့ သူ႕အစ္ကိုေတြႏွင့္ သြားကစားေတာ့သည္။ ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ကို မေတြ႕တာေၾကာင့္ ဒုကၡေရာက္ေနသည္။ ဒီအ႐ြယ္က တကယ္ ထႂကြေသာင္းက်န္းတတ္တဲ့အ႐ြယ္ပင္ျဖစ္သည္။ 

ေ႐ွာင္ခ်န္းလဲ့က ဘာကိုစားရမလဲ မစားရဘူးလဲ ဆိုတာကိုသာသိတာေၾကာင့္ ၾကက္မႀကီးကို ထိုးရန္ သစ္သားတုတ္ေခ်ာင္းေလး ကိုင္ထားသည္။ ေခ်ာင္း႐ွန္က မ်က္ေမွာင္ၾကဳတ္ကာ သူ႕ကို စိတ္ဆိုးဟန္ေဆာင္လိုက္သည္။

"ထပ္ဆိတ္ခံေနရမယ္ တုတ္ေခ်ာင္းကိုခ်ထားလိုက္ေတာ့"

ေ႐ွာင္ခ်န္းလဲ့က စိတ္တိုေနတဲ့သူ႕ပါပါးကို ျမင္ေတာ့ မလႈပ္ေတာ့ပဲ တုတ္ေခ်ာင္းကို ဓားလိုပုံစံလုပ္ကာ လက္ထဲတြင္ ရဲရဲဝင့္ဝင့္ကိုင္ထားသည္။ လူတိုင္းက ဒါကို ၾကားလိုက္ေတာ့ သူတို႔မ်က္လုံးေတြက ေ႐ွာင္ခ်န္းလဲ့ကို ၾကည့္လိုက္ၾကသည္။ တုတ္ေခ်ာင္းနဲ႔ ေဆာ့ေနတဲ့ေ႐ွာင္ခ်န္းလဲ့ကို ျမင္ေတာ့ လူႀကီးေတြက ရယ္ေမာလိုက္ၾကသည္။ ဘယ္လိုမွမရႏိုင္ပါဘူး မိသားစုထဲက အငယ္ဆုံးကေလးကို လူႀကီးေတြက မ်က္ႏွာသာေပးၿပီး သူလုပ္သမွ် ခ်စ္ၾကသည္။

.....

တစ္ေယာက္ၿပီးတစ္ေယာက္ ေရခ်ိဳးၿပီးေနာက္မွာေတာ့ ျခံဝန္းသည္ တိတ္ဆ္တ္တဲ့ညဆီျပန္ေရာက္သြားၿပီး လူေတြကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ညရဲ႕အိပ္စက္မႈဆီ က်ေရာက္သြားၾကသည္။ 

ေနာက္တစ္ေန႔မနက္တြင္ လူႀကီးေတြက မနက္စာစားၿပီးၾကၿပီ။ ေဖေဖခ်ီက ႐ြာသူႀကီးအိမ္သြားကာ ေရာင္းခ်မည့္ ကန္စြန္းဥပမာဏကို သတင္းသြားပို႔သည္။႐ြာသူႀကီးက စာရင္းမွတ္ကာ  လူေတြကသယ္လာၿပီး ေနာက္တစ္ေန႔မွာစုၾကမွာျဖစ္သည္။ ခ်ီယန္ႏွင့္ ခ်ီ႐ိႈ႕က ဦးေဆာင္ကာ ကန္စြန္းဥမ်ားကို တစ္လုံးၿပီးတစ္လုံး ေ႐ြ႕ေပးၾကသည္။ ဒီႏွစ္မွာေတာ့ ကန္စြန္းဥအမ်ားအျပားကို ေျမေအာက္ခန္းထဲသို႔ ျပန္လည္ေ႐ြ႕ေပးရမည္ျဖစ္သည္။ ခ်ီ႐ိႈ႕ရဲ႕ မိသားစုက စီးပြားေရး လုပ္မွာမို႔ ပိုက္ဆံ႐ွင္းထားၿပီးၿပီ ျဖစ္သည္။ 

ဒီေန႔က ေဆာင္းဦးရာသီပြဲေတာ္ရက္ျဖစ္သည္။ မနက္ပိုင္းမွာ ကန္စြန္းဥေတြကို ေ႐ြ႕ၿပီးၿပီမို႔ ေန႔လည္မွာေတာ့ လယ္သမားေတြက အလုပ္နားကာ မိသားစု ျပန္လည္ဆုံဆည္းၾကမည့္အခ်ိန္ကို ပါဝင္ခံစားရန္ ျခံတံခါးေတြကို ပိတ္လိုက္ၾကသည္  အမ်ိဳးသားမ်ားသည္ ျခံထဲတြင္ မီးအိမ္မ်ား တပ္ဆင္ကာ ပူေဇာ္ပြဲလုပ္ရန္ စင္ကို ျပင္ဆင္ေနၾကသည္။ ခ်ီမိသားစုမွ အမ်ိဳးသမီးေတြႏွင့္ ေခ်ာင္း႐ွန္ကေတာ့ ျပန္လည္ဆုံဆည္းသည့္ညစာကို မီးဖိုထဲတြင္ ျပင္ဆင္ေနၾကသည္။ 

င႐ုပ္သီးအနံ႔ေတာင္ အပူ႐ွိန္ေၾကာင့္ ေပ်ာက္ကြယ္ေနသည္။ ကေလးသုံးေယာက္သည္  အိုးထဲက အသားႏွပ္အနံ႔ကို အနံ႔ခံရင္း မီးဖိုတံခါးဝတြင္ ေစာင့္ေနၾကကာ တစ္ေယာက္ၿပီးတစ္ေယာက္ ေလာဘတႀကီးဝင္လာၾကသည္။ ေ႐ွာင္ခ်န္းလဲ့က အိမ္မွာလည္း ဒီလိုအနံ႔ ရေနက်ေပမယ့္ ကေလးသဘာဝ သူ႕ထက္အႀကီးေတြႏွင့္ ေရာကာ ေပ်ာ္ရတာ ႀကိဳက္ေပသည္။

ေခ်ာင္း႐ွန္က ျပဳတ္ထားတဲ့ အသားအနည္းငယ္ကို လွီးကာ တစ္ခုစီ ေကြၽးလိုက္သည္။အႀကီးႏွစ္ေယာက္က မီးဖိုထဲတြင္ မီးကူၾကည့္ေပးဖို႔ ေနခဲ့ၾကသည္။ ေ႐ွာင္ခ်န္းလဲ့ကေတာ့ ထိုင္မေနႏိုင္ပဲ သူ႕ေဖေဖကို ႐ွာဖို႔ အျပင္ထြက္လိုက္သည္။ 

ခ်ီ႐ိႈ႕ႏွင့္ တျခားသူေတြက အလုပ္မ်ားၿပီးေနာက္ စားပြဲတြင္ထိုင္ကာ စကားေျပာေနၾကသည္။ ေ႐ွာင္ခ်န္းလဲ့က တိတ္တိတ္ကေလး ေလွ်ာက္လာၿပီး ခ်ီ႐ိႈ႕ရဲ႕ေပါင္ကိုဆြဲကာ ရီျပၿပီး သူ႕ကိုခ်ီလာေအာင္ ခ်စ္စဖြယ္လုပ္ျပေနသည္။ အစ္ကိုခ်ီက ေ႐ွာင္ခ်န္းလဲ့ကို ခ်စ္စႏိုးၾကည့္ၿပီး စလိုက္သည္။

"ခ်န္းလဲ့ ဦးေလးဆီလာခဲ့။ ဦးေလးလက္ထဲမွာဘာ႐ွိတာလဲလာၾကည့္"

ေ႐ွာင္ခ်န္းလဲ့က ေခါင္းကိုလွည့္ကာ ခ်ီယန္ရဲ႕ လက္ဗလာကိုျမင္ေတာ့ ေခါင္းျပန္လွည့္သြားၿပီး သူ႕ေဖေဖ၏ေျခေထာက္ကို တက္နင္းလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့က ယခုအခါ အဆီေဘာလုံးေလးလို ခႏၶာကိုယ္ေလး ျဖစ္ေနၿပီမို႔ သူ႕ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အေလးခ်ိန္က ခ်ီ႐ိႈ႕ရဲ႕ ေျခမေပၚဖိမိၿပီး အနည္းငယ္နာသြားတာမို႔ ခ်ီ႐ိႈ႕က မ ၿပီး စားပြဲေပၚ တင္ေပးလိုက္သည္။ စားပြဲေပၚတြင္ ဇီးသီးပန္းကန္႐ွိေနၿပီး ခ်ီ႐ိႈ႕က သူ႕သားကိုေခ်ာ့ဖို႔ တစ္လုံးေပးလိုက္သည္။ 

ထို႔ေနာက္ ေ႐ွာင္ခ်န္းလဲ့ရဲ႕ လုပ္ရပ္က ဖခင္အိုႀကီး ခ်ီ႐ိႈ႕ရဲ႕ ႏွလုံးသားကို အရည္ေပ်ာ္သြားေစသည္။ ေ႐ွာင္ခ်န္းလဲ့က တစ္လုံးလွမ္းယူၿပီး လွည့္ကာ  သူ႕ေဖေဖရဲ႕လက္ထဲ ထည့္ေပးလိုက္တာျဖစ္သည္။

"လိမၼာလိုက္တဲ့သား။ ဘိုးဘိုးကို အရင္ေပးလိုက္ေနာ္"

ခ်ီ႐ိႈ႕က သူ႕သားကို သင္ေပးၿပီး ေနရာခ်ေပးလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့က အသီးကိုကိုင္ကာ သူ႕အဘိုးဆီ စားဖို႔ေျပာရင္း ေလွ်ာက္သြားလိုက္သည္။ ေဖေဖခ်ီက ဇီးသီးကို ယူၿပီးတဲ့အခါမွာေတာ့ ျပန္လာၿပီး ေ႐ွာင္ခ်န္းလဲ့က ဇီးသီးကို စားဖို႔ သူ႕ပါးစပ္ထဲ ထည့္လိုက္ေတာ့သည္။ 

"ဦးေလးမွာလည္းမ႐ွိေသးဘူးေလ။ ဘယ္လိုလုပ္ရမလဲ သားေလး"

ခ်ီ႐ိႈ႕က ေ႐ွာင္ခ်န္းလဲ့ကို ထပ္ၿပီး ေခ်ာ့ေျပာလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့က သူကိုက္ဖို႔ အခ်ိန္မရလိုက္သည့္ ဇီးသီးကို ျပန္ထုတ္ကာ ကိုင္ၿပီး အစ္ကိုခ်ီဆီ ေလွ်ာက္သြားခဲ့သည္။ အစ္ကိုခ်ီသည္ သူ႕တူရဲ႕တံေတြးေတြေပေနတဲ့ ဇီးသီးကို ကိုင္ကာ ငိုရမလို ရယ္ရမလိုျဖစ္ေနသည္။

"ေက်းဇူးပါပဲ ငါ့တူေလးေရ"

ေ႐ွာင္ခ်န္းလဲ့ကို အိမ္ကသားေလးႏွစ္ေယာက္ထက္ေတာင္ ျဖဴေဖြးႏူးညံ့ေနေအာင္ ေခ်ာင္း႐ွန္က သန္႔စင္ေပးတတ္တာေၾကာင့္ အစ္ကိုခ်ီက သေဘာမက်တာမ႐ွိေပ။

ညစာစားပြဲဝိုင္းႀကီးသည္ အလြန္ႀကီးမားၿပီး ေခ်ာင္း႐ွန္လုပ္ထားတဲ့ အစပ္ခ်က္၊ အာလူးႏွင့္ဝက္ဆားနယ္ေျခာက္ခ်က္၊ေမေမခ်ီ၏ ငါးေပါင္း၊ၾကက္စြပ္ျပဳတ္၊ ရာသီေပၚ အသီးအ႐ြက္အစုံေၾကာ္၊ ေနာက္ဆုံးတြင္ ကန္စြန္းဥႏွင့္ ေျပာင္းဖူးမ်ားျပဳတ္ထားၿပီး မုန္႔အတြက္ကေတာ့ လမုန္႔ႏွစ္မ်ိဳး႐ွိကာ တစ္မ်ိဳးကေမေမခ်ီရဲ႕ေျမပဲ၊ႏွမ္းေစ့ႏွင့္ မတ္ပဲတို႔ျဖင့္ လုပ္ထားေသာမုန္႔ျဖစ္ၿပီး တစ္မ်ိဳးကေခ်ာင္း႐ွန္ရဲ႕ ၾကက္ဥအႏွစ္ႏွင့္ ၾကာေစ့အႏွစ္လမုန္႔ျဖစ္သည္။ 

ညစာစားၿပီးေနာက္ မိသားစုလိုက္ပူေဇာ္သည့္ စင္ဆီသြားကာ လကို ကိုးကြယ္ၿပီးၿပီး ႐ႈစားရန္ ျခံထဲတြင္ ထိုင္ေနၾကသည္။ 

....

Shouyun႐ြာတြင္ လယ္ထဲ၌ ကန္စြန္းဥမ်ား ႐ွင္းကူရင္း ေနာက္တစ္ရက္ေနခဲ့ၿပီးေနာက္ ခ်ီ႐ိႈ႕က ဇနီးႏွင့္သားကို ေခၚကာ ၿမိဳ႕သို႔ ျပန္လာခဲ့သည္။

Continue Reading

You'll Also Like

287K 501 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
39.7K 5.8K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
909K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...
24.3K 3.1K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...