စုန့်ထင်ယွီလက်တွေကသူမညှပ်ရိုးပေါ်မှာရှိနေပြီး ဘယ်မှမရွေ့တော့ဘူး။သူညင်ညင်သာသာလေးပွတ်သက်ပေးနေတယ်။သူလက်တွေကတဖြည်းဖြည်းအောက်ကိုရောက်လာပြီး သူမရဲ့ရေကူးဝတ်စုံထဲကိုဝင်တော့မယ်ဆိုတာစုရန်သိနေပြီ။
သူ့လက်ကိုသူမဖမ်းဆွဲထားလိုက်ပြီး: 'အတင့်မရဲလာနဲ့။ဒီမှာလူတွေအများကြီးဘဲ'
'မီးကသိပ်မလင်းတော့ သူတို့သတိထားမိမှာမဟုတ်ဘူး'
'.....'
သူ့မှာမဟုတ်တဲ့အကြံအစဉ်ရှိနေတာကိုသိတော့ သူ့လက်ကိုလွှတ်ပြီး သူနဲ့ဝေးဝေးကိုသွားမလို့လုပ်လိုက်တယ်။သူ့နားမှာသာကြာကြာနေရင် သူမအစိမ်းလိုက်ဝါးစားခံထိတော့မှာ။
ဒါပေမယ့်သူမခါးကိုသူလှမ်းဖက်လိုက်တယ်။အခုအချိန်မှာသူမတင်ပါးကသူ့ခါးမှာကပ်နေပြီး သူမတို့ရဲ့ပုံစံကလူအထင်လွဲစရာဖြစ်နေတယ်: 'စုန့်ထင်ယွီ ကျွန်မကိုလွှတ်'
စုန့်ထင်ယွီရဲ့နှုတ်ခမ်းပါးလေးကသူမနားနားမှာကပ်ပြီး: 'ကိုယ်တို့အခန်းကိုပြန်ကြရင်ကောင်းမလား?'
သူအခန်းပြန်ဖို့ဘာလို့အကြံပေးတာလဲဆိုတာကိုစုရန်သိတော့ သူမစဉ်းတောင်မစဉ်းစားဘဲငြင်းလိုက်တယ်: 'ကျွန်မမပြန်ချင်သေးဘူး။ဝမ်ရှီကိုအဖော်ပြုပေးချင်သေးတယ်'
'ဇီချူပြန်ပို့ပေးလိမ့်မယ်။အန်တီဖန်လဲသူ့ကိုကြည့်ထားပေးလိမ့်မယ်' စုန့်ထင်ယွီအသံကပိုပိုပြီးလေးနက်လာကာ: 'မင်းသတင်းကောင်းမကြားရသေးတာသိသင့်တာ်။အခုတလောမင်းအလုပ်ကြီးဘဲလုပ်နေတာ။ဝမ်ရှီကိုကုဖို့မင်းကလေးမြန်မြန်မရချင်ဘူးလား?'
ဒီလူကစုရန်ငြင်းလို့မရအောင်ပြောတဲ့နေရာမှာတော်တော်လေးကိုတော်တာဘဲ။
'ဒါဆိုရင်လဲခဏလောက်နေမှဘဲ။အခုက...' ဒီလိုကိစ္စမျိုးကိုလူမြင်ကွင်းမှာဆွေးနွေးရတာကောင်းတဲ့ကိစ္စမဟုတ်တော့ စုရန်တံတွေးမျိုချလိုက်ပြီး: ' အရမ်းစောသေးတယ်လေ...'
'ည၈နာရီတောင်ရှိနေပြီကိုဘယ်လိုလုပ်ပြီးစောတော့မှာလဲ?ပြီးတော့ အချိန်ရှိတုန်းဘာလို့အမြန်မလုပ်ဘဲနေမှာလဲ?'
သူအသံကပိုပိုပြီးသံသယဝင်စရာကောင်းလာတယ်လို့စုရန်ခံစားနေရတယ်။သူမခေါင်းခါချင်ပေမယ့်လဲ သူကတော့သူမကိုရေကူးကန်ပေါ်ကိုဆွဲခေါ်လာပြီးပြီ။ထန်ဇီချူတို့အနားကနေသူဖြတ်သွားတော့ပြောလိုက်တယ်: 'စုရန်နဲ့ငါလုပ်စရာကိစ္စလေးရှိလို့အရင်သွားနှင့်တော့မယ်။ဝမ်ရှီကိုကြည့်ထားပေးဦး။အကြားကြီးလဲပေးမဆော့နဲ့ဦး။ခဏနေကျရင်သူ့ကိုအန်တီဖန်ဆီကိုပြန်ပို့ပေးလိုက်'
'ကျွန်တော်သိပါပြီ ဥက္ကဌစုန့်'
ထန်ဇီချူမျက်နှာကဘာမှမဖြစ်သလိုထင်ရပေမယ့် သူ့နှုတ်ခမ်းတွေကတော့ပြုံးချင်နေတာသိသာတယ်။သူမတို့ဘာလုပ်မလဲဆိုတာကိုသူသိတာသေချာတယ်။အဲ့ဒါကြောင့်သူပြုံးချင်တာကိုအောင့်ထားတာ။
သူမကိုစုန့်ထင်ယွီဆွဲခေါ်သွားတဲ့အချိန်မှာ ထန်ဇီချူနဲ့စုန့်ဝမ်ရှီတို့ပြောနေတာကိုကြားလိုက်ရတယ်။
စုန့်ဝမ်ရှီက: 'အန်ကန်ထန် ဖေဖေနဲ့မေမေတို့ဘယ်သွားကြတာလဲ?'
ထန်ဇီချူလဲစိတ်အားထက်သန်စွာနဲ့ပြောလိုက်တယ်: 'သားအတွက်ညီလေးဒါမှမဟုတ်ညီမလေးကိုမွေးပေးဖို့'
စုရန်မျက်နှာပူလာတာ သူမဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ဘူး။
ဒီလိုနဲ့သူမတို့အခန်းထဲကိုရောက်လာကြတယ်။စုန့်ထင်ယွီလဲသူမလက်ကိုလွှတ်ပေးလိုက်ပြီးနှစ်သက်ဖွယ်ကောင်းတဲ့အပြုံးကိုပြုံးလိုက်ကာ: 'မနေ့တုန်းကပြိုင်ပွဲမှာဘာဆုရလဲဆိုတာသိချင်လား?'
သူပြုံးတာကိုကြည့်ပြီး ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာကိုကောက်ချက်ချလိုက်ကာ သူမခေါင်းခါပြလိုက်တယ်: 'မသိချင်ပါဘူး'
စုန့်ထင်ယွီကလဲသူမအဖြေကိုသိချင်လို့မေးလိုက်တာမဟုတ်ဘူး။စုရန်အဖြေကဘာဘဲဖြစ်ဖြစ် သူကတော့ဆုကိုထုတ်ပြမှာဘဲ။
'ဒီမှာထိုင်ပြီး ကိုယ့်ကိုစောင့်ဦး'
စုန့်ထင်ယွီပြောပြီးဗီဒိုဆီကိုလျှောက်သွးလိုက်တယ်။ခဏကြာတော့သူသေတ္တာကိုယူလာခဲ့တယ်။
သူ စုရန်ရှေ့ကိုသွားပြီးသေတ္တာကိုလှမ်းပေးလိုက်ကာ: 'ဖွင့်ကြည့်လိုက်'
စုရန်စကားအရသာမသိချင်ဘူးပြောပေမယ့် အမှန်တော့သူမ ဘာလဲဆိုတာကိုသိချင်မိတယ်။မနေညတုန်းကသူမကြည့်ချင်တုန်းကကျတော့ သူပေးမကြည့်ခဲ့ဘူး။
သူမသေတ္တာဘူးကိုလဲဖွင့်ကြည့်လိုက်ရော အထဲမှာ ကွန်ဒုံးတွေအများကြီးဘဲ။
Brandတစ်ခုတည်းကပေမယ့် အရောင်ကတော့မျိုးစုံဘဲ။စုန့်ထင်ယွီ အနီရောင်အထုပ်ကိုယူလိုက်ပြီး: 'ဒါကစတော်ဘာရီအနံ့...'
သူပြန်ချထားလိုက်ပြီးနောက်တစ်ခုကိုယူလိုက်ကာ: 'ဒါကသရက်သီး....'
'ဒီမှာလဲမက်မွန်ရောစပျစ်ရော..' ဒါကသူတို့ရဲ့လူကြီးအသုံးအဆောင်brandကအသစ်ထုတ်လိုက်တဲ့အသီးအနံ့ရှိတဲ့ကွန်ဒုံးတွေ: 'မင်းသုံးကြည့်ချင်လား?' စုန့်ထင်ယွီ သူမအနားကိုကပ်လာပြီးပြောလိုက်တယ်: 'ဒါပေမယ့် ကိုယ်တို့ကအခုသုံးစရာမလိုဘူးမဟုတ်လား?'
ဒီကွန်ဒုံးအပြည့်နဲ့ဘူးကိုကြည့်ပြီးစုရန်လန့်သွားကာ အသိပြန်မဝင်လာသေးတယ်။သူမလဲဒီအတိုင်းဘဲကြောင်ပြီးကြည့်နေမိတယ်။ဘီယာသောက်ပြိုင်ပွဲကဆုကကွန်ဒုံးတွေဖြစ်လိမ့်မယ့်လို့သူမထင်မထားဘူး။
ဒါဆိုရင်ဒီပွဲကိုစပွန်ဆာပေးတဲ့လူက
လူကြီးပစ္စည်းထုတ်တဲ့ဆီကပေါ့။
စုန့်ထင်ယွီဒီပြိုင်ပွဲကိုပြိုင်ချင်တာက စပွန်စာကိုအစကတည်းကသိထားလို့များလားဆိုပြီးသူမတွေးနေမိတယ်။
စုန့်ထင်ယွီမေးတာကိုသူမပြန်မဖြေဘဲ ကုတင်ပေါ်ကခေါင်းအုံးကိုယူပြီး သူမမျက်နှာကိုအုပ်ထားလိုက်တယ်။သူ့ကိုသူမမမြင်ချင်ဘူး။
'ဒါကိုတွေ့ပြီးမင်းသေချင်စိတ်ပေါက်သွားတယ်မလား?' စုန့်ထွင်ယွီအသံကနောက်ပြောင်တဲ့အသံအပြည့်နဲ့။သူခေါင်းအုံးကိုဆွဲလိုက်ပြီးပြောလိုက်တယ်: 'မင်းငါ့ကိုမကြည့်ရဲတော့ဘူးမလား?'
'.....' အခုဘယ်သူကအရှက်မရှိတာလဲ?
စောစောတုန်းကသေတ္တာကိုသူမရှေ့မှာစုန့်ထင်ယွီကိုင်ထားလိုက်ပြီး: 'အထဲမှာနောက်တစ်ခုရှိသေးတယ်'
'ကျွန်မမကြည့်ချင်တော့ဘူး'
ကွန်ဒုံးအပြည့်နဲ့ဘူးထဲမှာတခြားဘာရှိမှာလဲဆိုတာကို စုရန်မစဉ်းစားချင်တော့ဘူး။
'လိမ္မာပါတယ်။ကွန်ဒုံးတွေကိုဖယ်ပြီး အထဲမှာဘာရှိလဲကြည့်လိုက်ပါဦး။အထဲမှာအံ့အားသင့်စရာတွေရှိချင်ရှိနေမှာ' စုန့်ထင်ယွီအသံကသူမကိုမြှူဆွယ်နေသလိုဘဲ။
စုရန်တစ်စက်ကလေးတောင်မလှုပ်ဘဲနေလိုက်တယ်။
စုန့်ထင်ယွီလဲသူမကိုမပြောတော့ဘဲ ကွန်ဒုံးတွေကိုဖယ်လိုက်တယ်။အထဲမှာအရုပ်မျိုးစုံကိုတွေ့တော့ စုရန်မအံ့ဩတော့ဘဲကြည့်နေလိုက်တယ်။
စုန့်ထင်ယွီယွီအဲ့ဒါတွေကိုစုရန်အရှေ့မှာကိုင်ပြလိုက်တယ်။အဲ့ဒါကပိတ်စအပါးလေးကိုသံကြိုးတွေနဲ့လုပ်ထားတဲ့အတွင်းခံတွေ။ဒီပစ္စည်းကယောကျာ်းနဲ့မိန်းမကြားကကိလေသာစိတ်တွေကိုနှိုးဆွပေးဖို့အတွက်သက်သက်ဘဲဖြစ်တယ်။
'ဒီညကိုယ်တို့တွေထူထူခြားခြားကစားကြရအောင်။မဟုတ်ရင်ဒီညကအဖိုးတန်တဲ့ညလို့ဘယ်ခေါ်လို့ရမှာလဲ?' စုန့်ထင်ယွီကုတင်ပေါ်မှာထိုင်ပြီး သူမကိုကြည့်နေလိုက်တယ်။
'ဒီတစ်ခုကိုသွားလဲလိုက်ဦး'
'မလဲပါဘူး' စုရန်မျက်နှာကအရမ်းကိုနီရဲနေပြီ။သူမပါးလွှာနေတဲ့အတွင်းခံတွေကိုကြည့်ပြီး သူမကဘာလို့ဝတ်ရမှာလဲ။
သူ့ရဲ့မကောင်းတဲ့အကြံအစီနောက်ကိုသူမကဘာလို့လိုက်လုပ်ပေးရမှာလဲ?
သူမဒီတစ်ခါလုပ်လိုက်ရင် နောက်တစ်ခါဆိုရင်သူတခြားဟာကိုတွေးနေဦးမှာ။
'လဲလိုက်ပါ။ဒါမှမင်းအတူကိုယ်ခဏကစားလို့ရမှာ။မဟုတ်ရင်မင်းအခုချက်ချင်းစချင်လို့လား?အခုအစောကြီးရှိသေးတာကိုမင်းအကြာကြီးတောင့်ခံထားနိုင်လို့လား?'
သူမတို့လုပ်ဖြစ်ကြတဲ့အချိန်တိုင်း စုရန်ရဲ့ကိုယ်ခံအားကြောင့်နောက်ဆုံးမှာသူမခေါင်းတွေမူးပြီး လှုပ်တောင်မနိုင်ဘူးဖြစ်သွားတာချည်းဘဲ။
'စုန့်ထင်ယွီ ရှင်အဲ့ဒီလောက်တောင်အရှက်မရှိဖြစ်နေတာလား?' သူ့ရဲ့ဒီလိုပုံစံမျိုးကိုသူမဘာလို့မသိခဲ့တာလဲဆိုပြီးစုရန်တွေးနေမိတယ်။စုန့်ထင်ယွီဆိုတဲ့လူကအေးဆေးတည်ငြိမ်နေသင့်တာလေ။သူဘာလို့ဒီလောက်တောင်ဆိုးနေရတာလဲ?
စုန့်ထင်ယွီပြုံးပြီးပြောလိုက်တယ်: 'လိမ္မာပါတယ်။ဒါကိုလဲလိုက်နော်'
'မလဲဘူး...' သူမပြောပြီးသွားတော့ ဘေးမှာ အတွင်းခံနှစ်စုံအပြင်တခြားဟာတွေလဲရှိတယ်ဆိုတာကိုတွေ့သွားတယ်။