ရှေးခေတ်ကာလတွင် ကလေးပြုစုပျို...

By PoRoRo0812

382K 47.1K 738

Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
no update
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅ (final)

အခန်း ၆

11.7K 1.5K 5
By PoRoRo0812

Raising Children in Ancient County Town

Unicode

အခန်း ၆

ချောင်းရှန်က စျေးရောင်းဖို့ စိတ်အားထက်သန်နေပြီး သူ့အတွေးတွေကို ချီရှို့ကိုပြောပြနေသည်။

"မုန့်လုံးတွေကိုညကတည်းကလုပ်ထားလိုက်မယ်လေ။ မနက်ကျမှ ပဲနီနဲ့အတူ ရောပြုတ်လိုက်မယ်။ဒီနားလမ်းဘေးမှာပဲ ရောင်းမယ်လေ။ မနက်နှစ်ခေါက် နေ့လည်နှစ်ခေါက်ဆို မပင်ပန်းပါဘူး လေ့ကျင့်ခန်းလုပ်ပြီးသားတောင် ဖြစ်သေးတယ်"

ချီရှို့က ဖြစ်နေခြေရှိမရှိစဥ်းစားလိုက်သည်။ ပါဝင်ပစ္စည်းတွေက အိမ်မှာ လွယ်လွယ်ရှိသည်။ တုန့်ရှန်းလန်မြို့ရဲ့ဆယ်မိုင်အကျော်လောက်က ရှို့ယွမ်ရွာတွင် သူ့မိဘများက   လယ်လုပ်ကြသည်။ အထွက်နှုန်းမြင့်တဲ့ ကန်စွန်းဥတို့ ရွှေဖရုံသီးတို့ကို ကျေးလက်က မိသားစုတွေက စားလို့တောင်မကုန်တာကြောင့် ဝက်တွေကို ကျွေးကြသည်။

ပဲနီကလည်း ရွာမှာ ကုန်ပစ္စည်းချင်း ဖလှယ်လို့ရပြီး ငွေနဲ့ဝယ်စရာလိုတာက ပြောင်းကော်မှုန့်နဲ့သကြားသာဖြစ်သည်။

"အရင်ဆုံး စမ်းကြည့်ရအောင်လေ။ နောက်ပင်ပန်းလာမှ တစ်မျိုးစဥ်းစားကြတာပေါ့"

ချောင်းရှန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချီရှို့ကို သနားစဖွယ်ပြောလိုက်သည်။

ချောင်းရှန်ရဲ့မျက်လုံးက သမင်မျက်လုံးကဲ့သို့ လှပနေကာ မျက်ဆံမှာလည်း နက်မှောင် တောက်ပနေသည်။အသွင်အပြင်ကလည်း နူးညံ့ကာ ကျောက်စိမ်းလို လန်းဆန်းနေသည်။ ချီရှို့က ချောင်းရှန်ကို သေချာကြည့်ပြီး သဘောတူလိုက်သည်။

"နည်းနည်းပဲလုပ် အပင်ပန်းမခံနဲ့။ ရှောင်ချန်းလဲ့ကလည်း ငယ်လွန်းသေးတယ်။ သူကအခုက ဆူပူသောင်းကျန်းတတ်တဲ့ အရွယ်ရောက်နေတာ​။ အလုပ်လုပ်နေတာဆိုပြီး သူ့ကိုပစ်ထားလို့မရဘူး"

"မလုပ်ပါဘူး။ ကျွန်တော်က ဒီအနီးအနားက လမ်းပတ်ချာလည်ပဲ သွားမှာပါ။ အဝေးကြီး မသွားပါဘူး။ရှောင်ချန်းလဲ့လည်း လေ့ကျင့်ခန်း လုပ်သလိုဖြစ်တာပေါ့။ ကျွန်တော် သူ့ကို သေချာဂရုစိုက်ပြီး ခေါ်သွားမှာပါ"

ချောင်းရှန်က  ချီရှို့သဘောတူလိုက်တဲ့အခါ ပျော်သွားပြီး ငြိမ်ငြိမ်လေးမုန့်ထိုင်စားနေတဲ့ ရှောင်ချန်းလဲ့ကို ဖက်ပြီး နဖူးကိုနမ်းလိုက်သည်။ရှောင်ချန်းလဲ့က နှုတ်ခမ်းဆူကာ ကိတ်မုန့်ကို သွားသေးသေးနဲ့ထပ်ကိုက်နေတာမြင်တော့ ချောင်းရှန်က ထပ်ခါထပ်ခါနမ်းလိုက်သည်။

ပထမတော့ ရှောင်ချန်းလဲ့က ပြုံးကာ သူ့ကိုဖက်လာသည်။ လေးခါ ငါးခါလောက် ထပ်နမ်းခံနေရတော့ သူသည်းမခံနိုင်တော့ပဲ စိတ်တိုလာသည်။ သူ့ပါပါးက သူမုန့်စားနေတာကို နှောက်ယှက်နေတာပဲ။

ချောင်းရှန်က အိမ်မှာပဲနေလာတဲ့သူမို့ ပုခုံးပေါ်မတင်နိုင်လောက်ဘူးထင်တာကြောင့် ချီရှို့က သစ်သားနောက်တွဲလှည်းလေး လုပ်ပေးမည်။ချောင်းရှန်နဲ့တိုင်ပင်လိုက်တဲ့အခါ ချောင်းရှန်က သူ့ရဲ့ခေတ်မီနည်းပညာကို သိထားတာတွေကိုအသုံးချပြီး အကြမ်းဖျဥ်းအကြံဉာဏ်တွေ ပေးခဲ့တာကြောင့် ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ လှည်းကို လုပ်နိုင်ခဲ့သည်။

နောက်တစ်နေ့မှာတော့ ချီရှို့က တနေကုန် အလုပ်ရှုပ်နေခဲ့ပြီး လှည်းကလည်း အဆင်သင့် ဖြစ်နေပြီ။ တွန်းလှည်းသည် တကယ်တော့ modernခေတ်က အမျိုးသမီးတွေ ဟင်းသီးဟင်းရွက်ဝယ်ဖို့ စျေးထဲသွားကြတဲ့အခါ ဝယ်ပြီးထည့်ကြတဲ့လှည်းကို ပုံစံယူထားတာ ဖြစ်သည်။ အကြမ်းခံတဲ့ တိုင်နှစ်တိုင်ကို ချဲ့ထားတဲ့ ဘီးလုံးကြီးနှစ်ဘီးပေါ်မှာတပ်ထားပြီး သစ်သားစည်ပိုင်းတစ်ခုကို ချထားကာ သစ်သားပြားအထူကို စည်ပိုင်း၏အောက်တွင် မြှုပ်ထားသည်။ သစ်သားစည်ပိုင်းရဲ့နောက်တွင် နေရာအလွတ်လေးတစ်ခုရှိပြီး ကန့်ထားသည်။ ဇွန်းတို့ ပိုက်ဆံထည့်တဲ့ပုံးတို့လိုမျိုးတစ်ခုခု ထားလို့ရသည်။

ညဘက်မှာတော့ ချောင်းရှန်က တွန်းလှည်းကို ပျော်ရွှင်စွာ စမ်းသပ်နေပြီး ရေထည့်ထားတဲ့ သစ်သားရေပုံးကို တင်ထားလိုက်သည်။ပုံးထဲကို ရေသုံးပုံ နှစ်ပုံခန့်ထည့်ထားပြီး တွန်းဖို့ အားအများကြီးလည်းမသုံးရပဲ ရေလည်းလျှံမကျပေ။

သုံးရက်မြောက်နေ့မှာတော့ ချီရှို့က ချောင်းရှန်ကို ရှို့ယွမ်ရွာက အမျိုးတွေဆီ အလည်သွားရန် နွားလှည်းဖြင့် ခေါ်သွားခဲ့သည်။ လှည်းမောင်းသည့်အဖိုးသည်  ရှို့ယွမ်ရွာက လယ်သမားကြီးဖြစ်သည်။သူက ပိုက်ဆံရဖို့ တုန့်ကျန်းကစားသောက်ဆိုင်တွေကို ဟင်းသီးဟင်းရွက်ပို့ပေးရန် သုံးရက်ကနေငါးရက်အတွင်းတစ်ခါ လာတတ်သည်။

အရင်အစောပိုင်းနှစ်တွေတုန်းက ချီရှို့က အလုပ်သင်လက်သမားအဖြစ်ပဲရှိသေးသည်။ သူက မြို့မှာနေနေတာကြောင့် ရွာသားတွေရဲ့စျေးရောင်းဝယ်တာတွေကို ကူညီပေးတတ်သည်။ ရှို့ယွမ်ရွာက ဟင်းသီးဟင်းရွက်အမျိုးမျိုးထွက်တာကြောင့် သူတို့က အဲ့ဒါတွေကို စားသောက်ဆိုင်တွေကိုရောင်းရန် ပို့ဖို့ အဖိုးကိုသာ သယ်ယူပို့ခိုင်းတတ်ကြသည်။

ဒီဆက်ဆံရေးကြောင့် အဖိုးက သူမြို့ကိုလာတဲ့အခါတိုင်း ချီရှို့ကို စားစရာအချို့ပေးကာ ရင်းနှီးလာကြသည်။ အချိန်ကြာလာတာနဲ့အမျှ ချီရှို့က သူ့မိသားစုဆီပြန်တဲ့အခါ အဖိုးရဲ့ နွားလှည်းကိုသာစီးပြီး  အဖိုးကလည်း ငွေအနည်းငယ်သာယူသည်။လမ်းတစ်လျှောက်တွင် ချောင်းရှန်က ရှေးခေတ်ကျေးလက်ဒေသရဲ့ရှုခင်းကိုကြည့်ကာ အဖိုးနှင့်လည်း ရံဖန်ရံခါစကားပြောရင်း ရှို့ယွမ်ရွာသို့ရောက်လာခဲ့သည်။ ရွာကို တောင်တန်းများကို နောက်ခံထားကာ ရွာ၏အရှေ့ဘက်တွင်မြစ်လေးတစ်စင်းကလည်း ဘယ်မှာဆုံးမယ်မှန်းမသိပဲ  ရွာကိုဖြတ်လျက် စီးဆင်းနေသည်။ ရှို့ယွမ်ရွာသည် တောင်များနှင့်မြစ်များဝန်းရံနေသော  ရတနာနယ်မြေ တစ်ခုဖြစ်သည်။ လေကလည်း သန့်ရှင်းကာ လတ်ဆတ်နေသည်။ 

လှည်းခပေးပြီး အဖိုးကိုနှုတ်ဆက်ကာ ချီရှို့က ရှောင်ချန်းလဲ့ကိုချီပြီး ချောင်းရှန်ကိုအိမ်သို့ခေါ်သွားခဲ့သည်။ 

ဖေဖေချီသည် လွယ်လွယ်ကူကူ တိုးချဲ့လို့ရအောင်စီစဥ်ပြီး သူ့အိမ်ကို ရွာရဲ့အစွန်ဆုံးတွင်ဆောက်ထားသည်။ ထို့ကြောင့် ချီရှို့ငယ်ငယ်က သူငယ်ချင်းတွေနဲ့ဆော့ကစားဖို့ အဆင်မပြေခဲ့ပေ။ ကျေးလက်ရိုးရာဓလေ့သည် ရိုးရှင်းကာ ခြံတံခါးတွေတောင် အကျယ်ကြီး ဖွင့်ထားကြသည်။ အိမ်ရှင်တွေက ခြံထဲတွင် အေးအေးလူလူထိုင်နေကြပြီး ဖြတ်သွားတဲ့လူတွေကိုလည်း တရင်းတနှီး နှုတ်ဆက်တတ်ကြသည်။ ချီရှို့က သူ့ခင်ပွန်းနှင့်သားကို ရွာကိုခေါ်လာတာမြင်တော့ ရွာသားတွေက နွေးထွေးစွာ နှုတ်ဆက်လာကြသည်။ ရွာသားတွေရဲ့နှလုံးသားထဲမှာတော့  ချီရှို့က သူတို့လိုချင်တဲ့တခြားမိသားစုကသားဖြစ်သည်။ ကလေးဘဝကတည်းက မြို့မှာသွားနေခဲ့ပြီး အသက်ငယ်ငယ်လေးနဲ့ မြို့မှာပဲ အိမ်ဝန်းဝယ်ကာ ဆိုင်ဖွင့်ခဲ့သည်။ ရွာသူရွာသားတွေက သူ့တို့ကလေးတွေကို ချီရှို့ကို ဥပမာပေးပြီး အတုယူစေချင်ကြသည်။ 

"ချီအာ, မြို့မှာ စီးပွားရေးအဆင်ပြေရဲ့လား"

ချီရှို့က ရှောင်ချန်းလဲ့ကိုချီထားရင် ရပ်ကာ ပြန်ပြောလိုက်သည်။

"ပြေပါတယ်။ စားနိုင်သောက်နိုင်ရုံလောက်ပေါ့"

ချီရှို့က နှုတ်ဆက်ဖို့ထွက်လာသမျှ ရွာသားတွေကို ပြန်ဖြေ​ပေးရင်း နှုတ်ဆက်ပြီးနောက် ချီအိမ်သို့ ရောက်သွားခဲ့သည်။

ဖေဖေချီနှင့် မေမေချီတို့သည် ချီရှို့ရဲ့ အကြီးဆုံးအစ်ကို ချီယန်တို့မိသားစုနှင့်အတူ နေသည်။ ချီယန်ရဲ့အကြီးဆုံးသားက အသက်ဆယ့်နှစ်နှစ်ရှိပြီး ရှောင်ချန်းရှီလို့ခေါ်ကာ သားငယ်ကတော့ ကိုးနှစ်အရွယ်ရှိပြီး ရှောင်ချန်းအန်လို့ခေါ်သည်။ 

မေမေချီသည် ခြံထဲတွင်ဖိနပ်စီးနေသည်။ နေ့လည်ခင်းရောက်နေပေမယ့် ကျေးလက်ဒေသကလူတွေက လယ်ထဲတွင် အလုပ်လုပ်နေကြဆဲဖြစ်တာကြောင့် ဖေဖေချီနှင့် ကျန်မိသားစုဝင်များသည် လယ်ထဲတွင်ဖြစ်သည်။

မေမေချီက သူ့သားမိသားစုကို ပျော်ရွှင်စွာ ကြိုဆိုပြီး ရှောင်ချန်းလဲ့ကိုလည်း မလွှတ်ပေးပဲ ချီထားသည်။ ဖရဲသီးတွေခွဲကာ ချောင်းရှန်စားဖို့ သူ့အိမ်ထွက်ဖရုံစေ့လှော်များလည်း သယ်လာသည်။ ရှောင်ချန်းလဲ့က ဖရဲသီးစိတ်လေးစားဖို့ကိုင်ထားတာကိုကြည့်ရင်း မေမေချီက ဂရုတစိုက်မေးလာသည်။

"အခုထိစကားမပြောတတ်သေးဘူးလား။ ဆေးဆရာကိုလည်းမေးဖူးရဲ့လား"

"မေးဖူးတယ်။ဆေးဆရာက ပုံမှန်ပါပဲလို့ပြောတယ်။ အဆင်ပြေပါတယ် ကျွန်တော်လည်း သူ့ကို နေ့တိုင်းသင်ပေးနေတာပါပဲ"

ချီရှို့က ချောင်းရှန်ကို သူ့အမေသံသယဝင်သွားမှာစိုးတာကြောင့် အမြန်ဖြေလိုက်သည်။ သူ့အမေက ချောင်းရှန်ကို အပြစ်မတင်မှာ သူသိတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

"အမေ အိမ်မှာ ပိုချိုတဲ့ ကန်စွန်းဥတို့ ဖရုံသီးတို့ ရှိသေးလား"

ချောင်းရှန်က ဖရုံစေ့စားတဲ့ဆီ စျာန်ဝင်နေတာကြောင့် ဘာမှ သတိမထားမိပေ။ သူက ရှောင်ချန်းလဲ့ကို စနေပြီး ဘွားဘွားလို့ ခေါ်ခိုင်းနေသည်။ ရှောင်ချန်းလဲ့က နှစ်ခါလောက်အော်ဟစ်ပြီးနောက် ဖရဲသီးကို ပြန်ကိုက်စားနေသည်။ အေးအေးဆေးဆေးဖြစ်နေတဲ့ ချောင်းရှန်ကိုမြင်တော့ မေမေချီက စိတ်အေးသွားပြီး တစ်ချိန်တည်းမှာပဲ သူမပါးစပ်ကို ထိန်းမနေတော့ပဲ ပြောလာသည်။

"အများကြီးရှိတယ်။ ဒီတစ်ခါကျတော့ပိုပြီး ဟန်ဆောင်တတ်လာတာပဲ"

လူတစ်ချို့ကခြံထဲတွင် ထိုင်နေကြပြီး  ရှောင်ချန်းလဲ့ဆော့နေတာကိုလှမ်းကြည့်ရင်း မိသားစုစုအချင်းချင်း စကားပြောနေကြသည်။တဖြည်းဖြည်းနေဝင်လာသောအခါ လယ်ထဲကလူတွေက အိမ်ပြန်လာနေကြပြီး မေမေချီကလည်း ညစာချက်ဖို့ ပြင်ဆင်ရန် မီးဖိုချောင်ထဲဝင်လာခဲ့သည်။ 

ချောင်းရှန်က ထိုင်နေရမှာရှက်တာကြောင့် မေမေချီကိုကူဖို့မီးဖိုထဲလိုက်သွားခဲ့သည်။ မေမေချီက ထိုင်ပြီးနားဖို့ပြောပေမယ့် လက်ခံရမှာရှက်သည်။ ချောင်းရှန်က ဟင်းသီးဟင်းရွက်တွေ လှီးကူနေစဥ်မှာ ရှောင်ချန်းလဲ့က ဝင်လာပြီးချောင်းရှန်ရဲ့ ခြေထောက်ကို ဆွဲကာ သူ့ကိုချီပေးဖို့ ကလေးလေးလိုလုပ်နေသည်။ ဘယ်လိုမှ မတတ်နိုင်တော့ပဲ မေမေချီရဲ့စကားကို နားထောင်ကာ ရှောင်ချန်းလဲ့ကိုချီပြီး မီးဖိုချောင်ထဲမှထွက်ခဲ့ရသည်။

သူက ရှောင်ချန်းလဲ့ကို လက်တွေထဲမှာ ပွေ့ချီထားရင်း ခြံထဲသို့ထွက်ခဲ့ကာ သူ့ခေါင်းကို ရှောင်ချန်းလဲ့ခေါင်းနဲ့တို့ထိလိုက်သည်။

"အဆိုးလေး  မင်းတစ်နေ့တစ်နေ့ဘာမှ လုပ်စရာ မရှိတာနဲ့ပဲ ပါပါးကိုပါ ဘာမှမလုပ်ခိုင်းတော့ဘူးလား"

"Huh..."ရှောင်ချန်းလဲ့ကတော့ ဘာမှ နားမလည်ပေ။

ထိုအချိန်တွင် ချီရှို့က သူ့အမေနားမှာခဏနေပြီး မေမေချီက ချက်ပြုတ်နေပြီ။ချောင်းရှန်က ကလေးကိုချီကာ ခြံဝန်းအနှံ့လျှောက်သွားခဲ့သည်။ ခြံထောင့်တွင် မေမေချီက ငရုပ်ကောင်း၊ခရမ်းချဥ်သီးနှင့် အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်။ခရမ်းချဥ်သီးအချို့ကနီရဲနေပြီး ရှောင်ချန်းလဲ့က မြေကြီးပေါ်ဆင်းဖို့ ရုန်းကန်ခဲ့ပြီး ခရမ်းချဥ်သီးများကို ဆွဲကြည့်ကာ အသိမ်းတဝက် အနီတဝက်အသီးကိုဆွဲကာ သူ့လက်မောင်းထဲထည့်ထားတော့သည်။ ချောင်းရှန်က မသဲမကွဲပြောလိုက်သည်။

"မင်းကတော့ ဘာမှန်းမသိဘူးပဲ။ အနီရောင်အသီးတွေ ဘေးမှာထားပြီး အစိမ်းတွေကိုခူးနေတယ်"

ချောင်းရှန်က ရှောင်ချန်းလဲ့ရဲ့ လက်ကလေးကို လှမ်းဆွဲပြီး မှည့်နေတဲ့အနီရောင်ခရမ်းချဥ်သီးပေါ် ပြောင်းပေးလိုက်သည်။ရှောင်ချန်းလဲ့က မစောင့်နိုင်တော့ပဲ ခရမ်းချဥ်သီးကိုဆွဲခူးကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ချောင်းရှန်က ရယ်ရမလို ငိုရမလိုနဲ့ ပါးစပ်ထဲက ခရမ်းချဥ်သီးကို အမြန်နှိုက်ထုတ်ကာ မီးဖိုထဲခေါ်သွားပြီး ခရမ်းချဥ်သီးကို ရေဖြင့် ဆေးပေးလိုက်သည်။

ရှောင်ချန်းလဲ့က ခရမ်းချဥ်သီးကို ကိုင်ကာ ကိုက်စားနေတာမြင်တော့ မေမေချီက ပြုံးပြီး လက်ဖြင့်အသာပွေ့လိုက်သည်။

"ချန်းလဲ့, ဒါကစားလို့ကောင်းလား။ ဘွားဘွားမှာ ချန်ထားတဲ့အစေ့တွေရှိသေးတယ်။ မင်းဖေဖေပြန်တဲ့အခါယူသွားပြီး စိုက်ခိုင်းလိုက်နော် ဟုတ်ပြီလား"

"ဘွားဘွားကသားကိုမေးနေတယ်လေ။ ချန်းလဲ့ ပြောလိုက်ဦး... ဘွားဘွား... အရသာရှိတယ်လို့"

ချောင်းရှန်က ထိုင်ခုံတစ်လုံးကိုရွေ့ကာ ရှောင်ချန်းလဲ့ကိုဖက်ပြီး တံခါးနားတွင် ထိုင်လိုက်သည်။ သူက ခေါင်းကိုငုံ့ကာ ရှောင်ချန်းလဲ့ရဲ့နူးညံ့တဲ့ဆံပင်လေးကိုပွတ်သပ်ရင်း မေမေချီကို ပြောလိုက်သည်။

"အစေ့တွေများရင် အမေ ကျွန်တော့ကို ပေးလိုက်ပါ။ကျွန်တော် ယူသွားပြီး စိုက်လိုက်ပါ့မယ် "

"အမ်း...အစေ့ကသိပ်မများပါဘူး။ မင်းမပင်ပန်းဘူးဆိုရင် နည်းနည်းပြင်ထားပေးလိုက်မယ်။ ပြန်ရင် စိုက်ဖို့ယူသွားလိုက်"

မေမေချီက ဝက်ဆားနယ်ခြောက်ကိုလှီးရင်း ပြန်ပြောလာသည်။ဒါကြောင့် ချောင်းရှန်က ခရမ်းချဥ်သီး၊ငရုပ်ကောင်း၊ဂေါ်ဖီထုပ်နှင့်တခြားအသီးအရွက်အစေ့တစ်ချို့ ရချင်ကြောင်းပြောလိုက်သည်။ပြီးတော့ စိုက်တဲ့အခါသတိထားရမယ့် အချက်တွေကို မေးပြီး ပြန်ရောက်တဲ့အခါ ခြံဝန်းထဲကရေတွင်းဘေးမှာ စိုက်ရမည်။ မေမေချီက အရွက်တွေကြော်နေပြီးချောင်းရှန်က ရှောင်ချန်းလဲ့ကို မီးနားမသွားအောင် ထိန်းထားပြီး မီးတောက်အောင် ထင်းထပ်ထည့်ပေးနေသည်။ ဟင်းတွေအားလုံးပြီးခါနီးတော့ လယ်ထဲကလူတွေလည်း အိမ်ကို ပြန်ရောက်လာကြပြီ။

ညစာအတွက် မိသားစုအကုန် ခြံထဲမှာ စားပွဲချထားပြီး ဝိုင်းဖွဲ့ကာ လွတ်လွတ်လပ်လပ်စားကြသည်။ အမျိုးသားတွေက ဝိုင်းအနည်းငယ် သောက်ကြပြီး ရွာမှာလုပ်ထားတဲ့ ဝိုင်ဖြစ်တာကြောင့် မပြင်းပေ။ ကလေးတွေထမင်းစားပြီးသွားတော့ ကိုးနှစ်အရွယ် ချန်းအန်က ချောင်းရှန်အနားကို ကပ်လာပြီး ရှောင်ချန်းလဲ့ရဲ့လက်မောင်းလေးကို လှမ်းထိလိုက်သည်။ ချောင်းရှန်က ချန်းအန်ရဲ့ခေါင်းကို အသာပွတ်ကာ ရှောင်ချန်းလဲ့ကို အောက်ချပေးလိုက်တော့ ချန်အန်းက သူ့ကို ကစားဖို့ခေါ်သွားတော့သည်။

ညစာစားပြီးနောက် မိသားစုက ခြံဝန်းထဲတွင် ထိုင်ကာ စကားပြောကြသည်။ ချီရှို့က သူမြို့ပေါ်မှာ သရေစာမုန့်အချို့ရောင်းချင်တဲ့ အကြောင်း ပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော် ဒီကပြန်တဲ့အချိန်ကျ ကန်စွန်းဥနဲ့ရွှေဖရုံသီးအချို့ ဝယ်သွားချင်တယ်"

လို့ ချောင်းရှန်ကပြောလိုက်သည်။ 

ဖေဖေချီက အပြည့်အဝသဘောတူလိုက်သည်။

"မင်းပြောသလိုဝယ်စရာမလိုပါဘူး အရင်ယူပြီးသာရောင်းလိုက်"

သူက စီးပွားရေးလုပ်ဖို့အကြောင်း နားမလည်သည့် လယ်သမားတစ်ဦးသာဖြစ်သည်။ သူ့ဒုတိယသားက အရင်နှစ်တွေတုန်းက မိသားစုကို ကူညီခဲ့ပြီး သူလိုချင်နေတာက ရွှေလည်းမဟုတ် စျေးကြီးတဲ့အရာလည်း မဟုတ်ပေ။ အဖေတစ်ယောက်အနေနဲ့ မထောက်ပံ့နိုင်စရာ ဘာအကြောင်းမှမရှိပေ။

မိသားစုရေးရာတွေပြောနေကြရင်း မှောင်လာပြီဖြစ်တာကြောင့် မေမေချီက ထကာ မီးဖိုထဲ သန့်ရှင်းရေးလုပ်ဖို့ သွားခဲ့သည်။ ချီယန်ရဲ့ဇနီးဖြစ်သူကလည်း ချောင်းရှန်တို့မိသားစု ညအိပ်မယ့်အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ထသွားတာကြောင့် ချောင်းရှန်က ကူညီဖို့သွားလိုက်သည်။

ခြံဝန်းထဲကယောက်ျားတွေကတော့ ထိုင်ပြီး အနားယူရင်း ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတာကို ကြည့်နေကြသည်။

ခြံထဲကတွဲလျောင်းကျနေတဲ့ အိပ်ယာခင်းတွေနဲ့ စောင်တွေဖြင့်ရှောင်ချန်းလဲ့က သူ့အစ်ကိုနှင့်အတူ တူတူပုန်းတမ်း ကစားနေသည်။ 

ညဥ့်နက်လာတဲ့အခါ တနေကုန်လယ်ထဲမှာ အလုပ်လုပ်ခဲ့ကြရသော လူကြီးတွေက ပင်ပန်းကာ အိမ်ပြန်ပြီး အနားယူဖို့ ပြင်ကြတော့သည်။ 

ချီရှို့က ရေတစ်ပုံးခပ်ပေးလိုက်ပြီး ချောင်းရှန်နဲ့ ရှောင်ချန်းလဲ့က ခြေထောက်တွေ လက်တွေဆေးကာ အိပ်ရာထဲဝင်ကြတော့သည်။ ချီရှို့ကိုယ်လက်ဆေးပြီး အိမ်ထဲပြန်ဝင်လာတော့ နှစ်ယောက်သားက အိပ်ပျော်နေကြပြီ။

ခြံဝန်းထဲက နောက်ဆုံးဆီမီးအိမ်ကငြိမ်းသွားတဲ့အခါ တစ်ရွာလုံး မှောင်မည်းနေပြီး လူတိုင်း အိပ်ပျော်နေကြပြီ။

Zawgyi

အခန္း ၆

ေခ်ာင္း႐ွန္က ေစ်းေရာင္းဖို႔ စိတ္အားထက္သန္ေနၿပီး သူ႕အေတြးေတြကို ခ်ီ႐ိႈ႕ကိုေျပာျပေနသည္။

"မုန္႔လုံးေတြကိုညကတည္းကလုပ္ထားလိုက္မယ္ေလ။ မနက္က်မွ ပဲနီနဲ႔အတူ ေရာျပဳတ္လိုက္မယ္။ဒီနားလမ္းေဘးမွာပဲ ေရာင္းမယ္ေလ။ မနက္ႏွစ္ေခါက္ ေန႔လည္ႏွစ္ေခါက္ဆို မပင္ပန္းပါဘူး ေလ့က်င့္ခန္းလုပ္ၿပီးသားေတာင္ ျဖစ္ေသးတယ္"

ခ်ီ႐ိႈ႕က ျဖစ္ေနေျခ႐ွိမ႐ွိစဥ္းစားလိုက္သည္။ ပါဝင္ပစၥည္းေတြက အိမ္မွာ လြယ္လြယ္႐ွိသည္။ တုန္႔႐ွန္းလန္ၿမိဳ႕ရဲ႕ဆယ္မိုင္အေက်ာ္ေလာက္က ႐ိႈ႕ယြမ္႐ြာတြင္ သူ႕မိဘမ်ားက   လယ္လုပ္ၾကသည္။ အထြက္ႏႈန္းျမင့္တဲ့ ကန္စြန္းဥတို႔ ေ႐ႊဖ႐ုံသီးတို႔ကို ေက်းလက္က မိသားစုေတြက စားလို႔ေတာင္မကုန္တာေၾကာင့္ ဝက္ေတြကို ေကြၽးၾကသည္။

ပဲနီကလည္း ႐ြာမွာ ကုန္ပစၥည္းခ်င္း ဖလွယ္လို႔ရၿပီး ေငြနဲ႔ဝယ္စရာလိုတာက ေျပာင္းေကာ္မႈန္႔နဲ႔သၾကားသာျဖစ္သည္။

"အရင္ဆုံး စမ္းၾကည့္ရေအာင္ေလ။ ေနာက္ပင္ပန္းလာမွ တစ္မ်ိဳးစဥ္းစားၾကတာေပါ့"

ေခ်ာင္း႐ွန္က မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ခ်ီ႐ိႈ႕ကို သနားစဖြယ္ေျပာလိုက္သည္။

ေခ်ာင္း႐ွန္ရဲ႕မ်က္လုံးက သမင္မ်က္လုံးကဲ့သို႔ လွပေနကာ မ်က္ဆံမွာလည္း နက္ေမွာင္ ေတာက္ပေနသည္။အသြင္အျပင္ကလည္း ႏူးညံ့ကာ ေက်ာက္စိမ္းလို လန္းဆန္းေနသည္။ ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ကို ေသခ်ာၾကည့္ၿပီး သေဘာတူလိုက္သည္။

"နည္းနည္းပဲလုပ္ အပင္ပန္းမခံနဲ႔။ ေ႐ွာင္ခ်န္းလဲ့ကလည္း ငယ္လြန္းေသးတယ္။ သူကအခုက ဆူပူေသာင္းက်န္းတတ္တဲ့ အ႐ြယ္ေရာက္ေနတာ​။ အလုပ္လုပ္ေနတာဆိုၿပီး သူ႕ကိုပစ္ထားလို႔မရဘူး"

"မလုပ္ပါဘူး။ ကြၽန္ေတာ္က ဒီအနီးအနားက လမ္းပတ္ခ်ာလည္ပဲ သြားမွာပါ။ အေဝးႀကီး မသြားပါဘူး။ေ႐ွာင္ခ်န္းလဲ့လည္း ေလ့က်င့္ခန္း လုပ္သလိုျဖစ္တာေပါ့။ ကြၽန္ေတာ္ သူ႕ကို ေသခ်ာဂ႐ုစိုက္ၿပီး ေခၚသြားမွာပါ"

ေခ်ာင္း႐ွန္က  ခ်ီ႐ိႈ႕သေဘာတူလိုက္တဲ့အခါ ေပ်ာ္သြားၿပီး ၿငိမ္ၿငိမ္ေလးမုန္႔ထိုင္စားေနတဲ့ ေ႐ွာင္ခ်န္းလဲ့ကို ဖက္ၿပီး နဖူးကိုနမ္းလိုက္သည္။ေ႐ွာင္ခ်န္းလဲ့က ႏႈတ္ခမ္းဆူကာ ကိတ္မုန္႔ကို သြားေသးေသးနဲ႔ထပ္ကိုက္ေနတာျမင္ေတာ့ ေခ်ာင္း႐ွန္က ထပ္ခါထပ္ခါနမ္းလိုက္သည္။

ပထမေတာ့ ေ႐ွာင္ခ်န္းလဲ့က ျပဳံးကာ သူ႕ကိုဖက္လာသည္။ ေလးခါ ငါးခါေလာက္ ထပ္နမ္းခံေနရေတာ့ သူသည္းမခံႏိုင္ေတာ့ပဲ စိတ္တိုလာသည္။ သူ႕ပါပါးက သူမုန္႔စားေနတာကို ေႏွာက္ယွက္ေနတာပဲ။

ေခ်ာင္း႐ွန္က အိမ္မွာပဲေနလာတဲ့သူမို႔ ပုခုံးေပၚမတင္ႏိုင္ေလာက္ဘူးထင္တာေၾကာင့္ ခ်ီ႐ိႈ႕က သစ္သားေနာက္တြဲလွည္းေလး လုပ္ေပးမည္။ေခ်ာင္း႐ွန္နဲ႔တိုင္ပင္လိုက္တဲ့အခါ ေခ်ာင္း႐ွန္က သူ႕ရဲ႕ေခတ္မီနည္းပညာကို သိထားတာေတြကိုအသုံးခ်ၿပီး အၾကမ္းဖ်ဥ္းအၾကံဉာဏ္ေတြ ေပးခဲ့တာေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ပုံစံနဲ႔ လွည္းကို လုပ္ႏိုင္ခဲ့သည္။

ေနာက္တစ္ေန႔မွာေတာ့ ခ်ီ႐ိႈ႕က တေနကုန္ အလုပ္႐ႈပ္ေနခဲ့ၿပီး လွည္းကလည္း အဆင္သင့္ ျဖစ္ေနၿပီ။ တြန္းလွည္းသည္ တကယ္ေတာ့ modernေခတ္က အမ်ိဳးသမီးေတြ ဟင္းသီးဟင္း႐ြက္ဝယ္ဖို႔ ေစ်းထဲသြားၾကတဲ့အခါ ဝယ္ၿပီးထည့္ၾကတဲ့လွည္းကို ပုံစံယူထားတာ ျဖစ္သည္။ အၾကမ္းခံတဲ့ တိုင္ႏွစ္တိုင္ကို ခ်ဲ႕ထားတဲ့ ဘီးလုံးႀကီးႏွစ္ဘီးေပၚမွာတပ္ထားၿပီး သစ္သားစည္ပိုင္းတစ္ခုကို ခ်ထားကာ သစ္သားျပားအထူကို စည္ပိုင္း၏ေအာက္တြင္ ျမႇဳပ္ထားသည္။ သစ္သားစည္ပိုင္းရဲ႕ေနာက္တြင္ ေနရာအလြတ္ေလးတစ္ခု႐ွိၿပီး ကန္႔ထားသည္။ ဇြန္းတို႔ ပိုက္ဆံထည့္တဲ့ပုံးတို႔လိုမ်ိဳးတစ္ခုခု ထားလို႔ရသည္။

ညဘက္မွာေတာ့ ေခ်ာင္း႐ွန္က တြန္းလွည္းကို ေပ်ာ္႐ႊင္စြာ စမ္းသပ္ေနၿပီး ေရထည့္ထားတဲ့ သစ္သားေရပုံးကို တင္ထားလိုက္သည္။ပုံးထဲကို ေရသုံးပုံ ႏွစ္ပုံခန္႔ထည့္ထားၿပီး တြန္းဖို႔ အားအမ်ားႀကီးလည္းမသုံးရပဲ ေရလည္းလွ်ံမက်ေပ။

သုံးရက္ေျမာက္ေန႔မွာေတာ့ ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ကို ႐ိႈ႕ယြမ္႐ြာက အမ်ိဳးေတြဆီ အလည္သြားရန္ ႏြားလွည္းျဖင့္ ေခၚသြားခဲ့သည္။ လွည္းေမာင္းသည့္အဖိုးသည္ ႐ိႈ႕ယြမ္႐ြာက လယ္သမားႀကီးျဖစ္သည္။သူက ပိုက္ဆံရဖို႔ တုန္႔က်န္းကစားေသာက္ဆိုင္ေတြကို ဟင္းသီးဟင္း႐ြက္ပို႔ေပးရန္ သုံးရက္ကေနငါးရက္အတြင္းတစ္ခါ လာတတ္သည္။

အရင္အေစာပိုင္းႏွစ္ေတြတုန္းက ခ်ီ႐ိႈ႕က အလုပ္သင္လက္သမားအျဖစ္ပဲ႐ွိေသးသည္။ သူက ၿမိဳ႕မွာေနေနတာေၾကာင့္ ႐ြာသားေတြရဲ႕ေစ်းေရာင္းဝယ္တာေတြကို ကူညီေပးတတ္သည္။ ႐ိႈ႕ယြမ္႐ြာက ဟင္းသီးဟင္း႐ြက္အမ်ိဳးမ်ိဳးထြက္တာေၾကာင့္ သူတို႔က အဲ့ဒါေတြကို စားေသာက္ဆိုင္ေတြကိုေရာင္းရန္ ပို႔ဖို႔ အဖိုးကိုသာ သယ္ယူပို႔ခိုင္းတတ္ၾကသည္။

ဒီဆက္ဆံေရးေၾကာင့္ အဖိုးက သူၿမိဳ႕ကိုလာတဲ့အခါတိုင္း ခ်ီ႐ိႈ႕ကို စားစရာအခ်ိဳ႕ေပးကာ ရင္းႏွီးလာၾကသည္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ခ်ီ႐ိႈ႕က သူ႕မိသားစုဆီျပန္တဲ့အခါ အဖိုးရဲ႕ ႏြားလွည္းကိုသာစီးၿပီး  အဖိုးကလည္း ေငြအနည္းငယ္သာယူသည္။လမ္းတစ္ေလွ်ာက္တြင္ ေခ်ာင္း႐ွန္က ေ႐ွးေခတ္ေက်းလက္ေဒသရဲ႕႐ႈခင္းကိုၾကည့္ကာ အဖိုးႏွင့္လည္း ရံဖန္ရံခါစကားေျပာရင္း ႐ိႈ႕ယြမ္႐ြာသို႔ေရာက္လာခဲ့သည္။ ႐ြာကို ေတာင္တန္းမ်ားကို ေနာက္ခံထားကာ ႐ြာ၏အေ႐ွ႕ဘက္တြင္ျမစ္ေလးတစ္စင္းကလည္း ဘယ္မွာဆုံးမယ္မွန္းမသိပဲ  ႐ြာကိုျဖတ္လ်က္ စီးဆင္းေနသည္။ ႐ိႈ႕ယြမ္႐ြာသည္ ေတာင္မ်ားႏွင့္ျမစ္မ်ားဝန္းရံေနေသာ  ရတနာနယ္ေျမ တစ္ခုျဖစ္သည္။ ေလကလည္း သန္႔႐ွင္းကာ လတ္ဆတ္ေနသည္။ 

လွည္းခေပးၿပီး အဖိုးကိုႏႈတ္ဆက္ကာ ခ်ီ႐ိႈ႕က ေ႐ွာင္ခ်န္းလဲ့ကိုခ်ီၿပီး ေခ်ာင္း႐ွန္ကိုအိမ္သို႔ေခၚသြားခဲ့သည္။ 

ေဖေဖခ်ီသည္ လြယ္လြယ္ကူကူ တိုးခ်ဲ႕လို႔ရေအာင္စီစဥ္ၿပီး သူ႕အိမ္ကို ႐ြာရဲ႕အစြန္ဆုံးတြင္ေဆာက္ထားသည္။ ထို႔ေၾကာင့္ ခ်ီ႐ိႈ႕ငယ္ငယ္က သူငယ္ခ်င္းေတြနဲ႔ေဆာ့ကစားဖို႔ အဆင္မေျပခဲ့ေပ။ ေက်းလက္႐ိုးရာဓေလ့သည္ ႐ိုး႐ွင္းကာ ျခံတံခါးေတြေတာင္ အက်ယ္ႀကီး ဖြင့္ထားၾကသည္။ အိမ္႐ွင္ေတြက ျခံထဲတြင္ ေအးေအးလူလူထိုင္ေနၾကၿပီး ျဖတ္သြားတဲ့လူေတြကိုလည္း တရင္းတႏွီး ႏႈတ္ဆက္တတ္ၾကသည္။ ခ်ီ႐ိႈ႕က သူ႕ခင္ပြန္းႏွင့္သားကို ႐ြာကိုေခၚလာတာျမင္ေတာ့ ႐ြာသားေတြက ေႏြးေထြးစြာ ႏႈတ္ဆက္လာၾကသည္။ ႐ြာသားေတြရဲ႕ႏွလုံးသားထဲမွာေတာ့  ခ်ီ႐ိႈ႕က သူတို႔လိုခ်င္တဲ့တျခားမိသားစုကသားျဖစ္သည္။ ကေလးဘဝကတည္းက ၿမိဳ႕မွာသြားေနခဲ့ၿပီး အသက္ငယ္ငယ္ေလးနဲ႔ ၿမိဳ႕မွာပဲ အိမ္ဝန္းဝယ္ကာ ဆိုင္ဖြင့္ခဲ့သည္။ ႐ြာသူ႐ြာသားေတြက သူ႕တို႔ကေလးေတြကို ခ်ီ႐ိႈ႕ကို ဥပမာေပးၿပီး အတုယူေစခ်င္ၾကသည္။ 

"ခ်ီအာ, ၿမိဳ႕မွာ စီးပြားေရးအဆင္ေျပရဲ႕လား"

ခ်ီ႐ိႈ႕က ေ႐ွာင္ခ်န္းလဲ့ကိုခ်ီထားရင္ ရပ္ကာ ျပန္ေျပာလိုက္သည္။

"ေျပပါတယ္။ စားႏိုင္ေသာက္ႏိုင္႐ုံေလာက္ေပါ့"

ခ်ီ႐ိႈ႕က ႏႈတ္ဆက္ဖို႔ထြက္လာသမွ် ႐ြာသားေတြကို ျပန္ေျဖ​ေပးရင္း ႏႈတ္ဆက္ၿပီးေနာက္ ခ်ီအိမ္သို႔ ေရာက္သြားခဲ့သည္။

ေဖေဖခ်ီႏွင့္ ေမေမခ်ီတို႔သည္ ခ်ီ႐ိႈ႕ရဲ႕ အႀကီးဆုံးအစ္ကို ခ်ီယန္တို႔မိသားစုႏွင့္အတူ ေနသည္။ ခ်ီယန္ရဲ႕အႀကီးဆုံးသားက အသက္ဆယ့္ႏွစ္ႏွစ္႐ွိၿပီး ေ႐ွာင္ခ်န္း႐ွီလို႔ေခၚကာ သားငယ္ကေတာ့ ကိုးႏွစ္အ႐ြယ္႐ွိၿပီး ေ႐ွာင္ခ်န္းအန္လို႔ေခၚသည္။ 

ေမေမခ်ီသည္ ျခံထဲတြင္ဖိနပ္စီးေနသည္။ ေန႔လည္ခင္းေရာက္ေနေပမယ့္ ေက်းလက္ေဒသကလူေတြက လယ္ထဲတြင္ အလုပ္လုပ္ေနၾကဆဲျဖစ္တာေၾကာင့္ ေဖေဖခ်ီႏွင့္ က်န္မိသားစုဝင္မ်ားသည္ လယ္ထဲတြင္ျဖစ္သည္။

ေမေမခ်ီက သူ႕သားမိသားစုကို ေပ်ာ္႐ႊင္စြာ ႀကိဳဆိုၿပီး ေ႐ွာင္ခ်န္းလဲ့ကိုလည္း မလႊတ္ေပးပဲ ခ်ီထားသည္။ ဖရဲသီးေတြခြဲကာ ေခ်ာင္း႐ွန္စားဖို႔ သူ႕အိမ္ထြက္ဖ႐ုံေစ့ေလွာ္မ်ားလည္း သယ္လာသည္။ ေ႐ွာင္ခ်န္းလဲ့က ဖရဲသီးစိတ္ေလးစားဖို႔ကိုင္ထားတာကိုၾကည့္ရင္း ေမေမခ်ီက ဂ႐ုတစိုက္ေမးလာသည္။

"အခုထိစကားမေျပာတတ္ေသးဘူးလား။ ေဆးဆရာကိုလည္းေမးဖူးရဲ႕လား"

"ေမးဖူးတယ္။ေဆးဆရာက ပုံမွန္ပါပဲလို႔ေျပာတယ္။ အဆင္ေျပပါတယ္ ကြၽန္ေတာ္လည္း သူ႕ကို ေန႔တိုင္းသင္ေပးေနတာပါပဲ"

ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ကို သူ႕အေမသံသယဝင္သြားမွာစိုးတာေၾကာင့္ အျမန္ေျဖလိုက္သည္။ သူ႕အေမက ေခ်ာင္း႐ွန္ကို အျပစ္မတင္မွာ သူသိတာေၾကာင့္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"အေမ အိမ္မွာ ပိုခ်ိဳတဲ့ ကန္စြန္းဥတို႔ ဖ႐ုံသီးတို႔ ႐ွိေသးလား"

ေခ်ာင္း႐ွန္က ဖ႐ုံေစ့စားတဲ့ဆီ စ်ာန္ဝင္ေနတာေၾကာင့္ ဘာမွ သတိမထားမိေပ။ သူက ေ႐ွာင္ခ်န္းလဲ့ကို စေနၿပီး ဘြားဘြားလို႔ ေခၚခိုင္းေနသည္။ ေ႐ွာင္ခ်န္းလဲ့က ႏွစ္ခါေလာက္ေအာ္ဟစ္ၿပီးေနာက္ ဖရဲသီးကို ျပန္ကိုက္စားေနသည္။ ေအးေအးေဆးေဆးျဖစ္ေနတဲ့ ေခ်ာင္း႐ွန္ကိုျမင္ေတာ့ ေမေမခ်ီက စိတ္ေအးသြားၿပီး တစ္ခ်ိန္တည္းမွာပဲ သူမပါးစပ္ကို ထိန္းမေနေတာ့ပဲ ေျပာလာသည္။

"အမ်ားႀကီး႐ွိတယ္။ ဒီတစ္ခါက်ေတာ့ပိုၿပီး ဟန္ေဆာင္တတ္လာတာပဲ"

လူတစ္ခ်ိဳ႕ကျခံထဲတြင္ ထိုင္ေနၾကၿပီး  ေ႐ွာင္ခ်န္းလဲ့ေဆာ့ေနတာကိုလွမ္းၾကည့္ရင္း မိသားစုစုအခ်င္းခ်င္း စကားေျပာေနၾကသည္။တျဖည္းျဖည္းေနဝင္လာေသာအခါ လယ္ထဲကလူေတြက အိမ္ျပန္လာေနၾကၿပီး ေမေမခ်ီကလည္း ညစာခ်က္ဖို႔ ျပင္ဆင္ရန္ မီးဖိုေခ်ာင္ထဲဝင္လာခဲ့သည္။ 

ေခ်ာင္း႐ွန္က ထိုင္ေနရမွာ႐ွက္တာေၾကာင့္ ေမေမခ်ီကိုကူဖို႔မီးဖိုထဲလိုက္သြားခဲ့သည္။ ေမေမခ်ီက ထိုင္ၿပီးနားဖို႔ေျပာေပမယ့္ လက္ခံရမွာ႐ွက္သည္။ ေခ်ာင္း႐ွန္က ဟင္းသီးဟင္း႐ြက္ေတြ လွီးကူေနစဥ္မွာ ေ႐ွာင္ခ်န္းလဲ့က ဝင္လာၿပီးေခ်ာင္း႐ွန္ရဲ႕ ေျခေထာက္ကို ဆြဲကာ သူ႕ကိုခ်ီေပးဖို႔ ကေလးေလးလိုလုပ္ေနသည္။ ဘယ္လိုမွ မတတ္ႏိုင္ေတာ့ပဲ ေမေမခ်ီရဲ႕စကားကို နားေထာင္ကာ ေ႐ွာင္ခ်န္းလဲ့ကိုခ်ီၿပီး မီးဖိုေခ်ာင္ထဲမွထြက္ခဲ့ရသည္။

သူက ေ႐ွာင္ခ်န္းလဲ့ကို လက္ေတြထဲမွာ ေပြ႕ခ်ီထားရင္း ျခံထဲသို႔ထြက္ခဲ့ကာ သူ႕ေခါင္းကို ေ႐ွာင္ခ်န္းလဲ့ေခါင္းနဲ႔တို႔ထိလိုက္သည္။

"အဆိုးေလး  မင္းတစ္ေန႔တစ္ေန႔ဘာမွ လုပ္စရာ မ႐ွိတာနဲ႔ပဲ ပါပါးကိုပါ ဘာမွမလုပ္ခိုင္းေတာ့ဘူးလား"

"Huh..."ေ႐ွာင္ခ်န္းလဲ့ကေတာ့ ဘာမွ နားမလည္ေပ။

ထိုအခ်ိန္တြင္ ခ်ီ႐ိႈ႕က သူ႕အေမနားမွာခဏေနၿပီး ေမေမခ်ီက ခ်က္ျပဳတ္ေနၿပီ။ေခ်ာင္း႐ွန္က ကေလးကိုခ်ီကာ ျခံဝန္းအႏွံ႔ေလွ်ာက္သြားခဲ့သည္။ ျခံေထာင့္တြင္ ေမေမခ်ီက င႐ုပ္ေကာင္း၊ခရမ္းခ်ဥ္သီးႏွင့္ အျခားဟင္းသီးဟင္း႐ြက္မ်ားကို စိုက္ပ်ိဳးထားသည္။ခရမ္းခ်ဥ္သီးအခ်ိဳ႕ကနီရဲေနၿပီး ေ႐ွာင္ခ်န္းလဲ့က ေျမႀကီးေပၚဆင္းဖို႔ ႐ုန္းကန္ခဲ့ၿပီး ခရမ္းခ်ဥ္သီးမ်ားကို ဆြဲၾကည့္ကာ အသိမ္းတဝက္ အနီတဝက္အသီးကိုဆြဲကာ သူ႕လက္ေမာင္းထဲထည့္ထားေတာ့သည္။ ေခ်ာင္း႐ွန္က မသဲမကြဲေျပာလိုက္သည္။

"မင္းကေတာ့ ဘာမွန္းမသိဘူးပဲ။ အနီေရာင္အသီးေတြ ေဘးမွာထားၿပီး အစိမ္းေတြကိုခူးေနတယ္"

ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ရဲ႕ လက္ကေလးကို လွမ္းဆြဲၿပီး မွည့္ေနတဲ့အနီေရာင္ခရမ္းခ်ဥ္သီးေပၚ ေျပာင္းေပးလိုက္သည္။ေ႐ွာင္ခ်န္းလဲ့က မေစာင့္ႏိုင္ေတာ့ပဲ ခရမ္းခ်ဥ္သီးကိုဆြဲခူးကာ ပါးစပ္ထဲ ထည့္လိုက္ေတာ့သည္။ ေခ်ာင္း႐ွန္က ရယ္ရမလို ငိုရမလိုနဲ႔ ပါးစပ္ထဲက ခရမ္းခ်ဥ္သီးကို အျမန္ႏိႈက္ထုတ္ကာ မီးဖိုထဲေခၚသြားၿပီး ခရမ္းခ်ဥ္သီးကို ေရျဖင့္ ေဆးေပးလိုက္သည္။

ေ႐ွာင္ခ်န္းလဲ့က ခရမ္းခ်ဥ္သီးကို ကိုင္ကာ ကိုက္စားေနတာျမင္ေတာ့ ေမေမခ်ီက ျပဳံးၿပီး လက္ျဖင့္အသာေပြ႕လိုက္သည္။

"ခ်န္းလဲ့, ဒါကစားလို႔ေကာင္းလား။ ဘြားဘြားမွာ ခ်န္ထားတဲ့အေစ့ေတြ႐ွိေသးတယ္။ မင္းေဖေဖျပန္တဲ့အခါယူသြားၿပီး စိုက္ခိုင္းလိုက္ေနာ္ ဟုတ္ၿပီလား"

"ဘြားဘြားကသားကိုေမးေနတယ္ေလ။ ခ်န္းလဲ့ ေျပာလိုက္ဦး... ဘြားဘြား... အရသာ႐ွိတယ္လို႔"

ေခ်ာင္း႐ွန္က ထိုင္ခုံတစ္လုံးကိုေ႐ြ႕ကာ ေ႐ွာင္ခ်န္းလဲ့ကိုဖက္ၿပီး တံခါးနားတြင္ ထိုင္လိုက္သည္။ သူက ေခါင္းကိုငုံ႔ကာ ေ႐ွာင္ခ်န္းလဲ့ရဲ႕ႏူးညံ့တဲ့ဆံပင္ေလးကိုပြတ္သပ္ရင္း ေမေမခ်ီကို ေျပာလိုက္သည္။

"အေစ့ေတြမ်ားရင္ အေမ ကြၽန္ေတာ့ကို ေပးလိုက္ပါ။ကြၽန္ေတာ္ ယူသြားၿပီး စိုက္လိုက္ပါ့မယ္ "

"အမ္း...အေစ့ကသိပ္မမ်ားပါဘူး။ မင္းမပင္ပန္းဘူးဆိုရင္ နည္းနည္းျပင္ထားေပးလိုက္မယ္။ ျပန္ရင္ စိုက္ဖို႔ယူသြားလိုက္"

ေမေမခ်ီက ဝက္ဆားနယ္ေျခာက္ကိုလွီးရင္း ျပန္ေျပာလာသည္။ဒါေၾကာင့္ ေခ်ာင္း႐ွန္က ခရမ္းခ်ဥ္သီး၊င႐ုပ္ေကာင္း၊ေဂၚဖီထုပ္ႏွင့္တျခားအသီးအ႐ြက္အေစ့တစ္ခ်ိဳ႕ ရခ်င္ေၾကာင္းေျပာလိုက္သည္။ၿပီးေတာ့ စိုက္တဲ့အခါသတိထားရမယ့္ အခ်က္ေတြကို ေမးၿပီး ျပန္ေရာက္တဲ့အခါ ျခံဝန္းထဲကေရတြင္းေဘးမွာ စိုက္ရမည္။ ေမေမခ်ီက အ႐ြက္ေတြေၾကာ္ေနၿပီးေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ကို မီးနားမသြားေအာင္ ထိန္းထားၿပီး မီးေတာက္ေအာင္ ထင္းထပ္ထည့္ေပးေနသည္။ ဟင္းေတြအားလုံးၿပီးခါနီးေတာ့ လယ္ထဲကလူေတြလည္း အိမ္ကို ျပန္ေရာက္လာၾကၿပီ။

ညစာအတြက္ မိသားစုအကုန္ ျခံထဲမွာ စားပြဲခ်ထားၿပီး ဝိုင္းဖြဲ႕ကာ လြတ္လြတ္လပ္လပ္စားၾကသည္။ အမ်ိဳးသားေတြက ဝိုင္းအနည္းငယ္ ေသာက္ၾကၿပီး ႐ြာမွာလုပ္ထားတဲ့ ဝိုင္ျဖစ္တာေၾကာင့္ မျပင္းေပ။ ကေလးေတြထမင္းစားၿပီးသြားေတာ့ ကိုးႏွစ္အ႐ြယ္ ခ်န္းအန္က ေခ်ာင္း႐ွန္အနားကို ကပ္လာၿပီး ေ႐ွာင္ခ်န္းလဲ့ရဲ႕လက္ေမာင္းေလးကို လွမ္းထိလိုက္သည္။ ေခ်ာင္း႐ွန္က ခ်န္းအန္ရဲ႕ေခါင္းကို အသာပြတ္ကာ ေ႐ွာင္ခ်န္းလဲ့ကို ေအာက္ခ်ေပးလိုက္ေတာ့ ခ်န္အန္းက သူ႕ကို ကစားဖို႔ေခၚသြားေတာ့သည္။

ညစာစားၿပီးေနာက္ မိသားစုက ျခံဝန္းထဲတြင္ ထိုင္ကာ စကားေျပာၾကသည္။ ခ်ီ႐ိႈ႕က သူၿမိဳ႕ေပၚမွာ သေရစာမုန္႔အခ်ိဳ႕ေရာင္းခ်င္တဲ့ အေၾကာင္း ေျပာလိုက္သည္။

"ဒါေၾကာင့္ ကြၽန္ေတာ္ ဒီကျပန္တဲ့အခ်ိန္က် ကန္စြန္းဥနဲ႔ေ႐ႊဖ႐ုံသီးအခ်ိဳ႕ ဝယ္သြားခ်င္တယ္"

လို႔ ေခ်ာင္း႐ွန္ကေျပာလိုက္သည္။ 

ေဖေဖခ်ီက အျပည့္အဝသေဘာတူလိုက္သည္။

"မင္းေျပာသလိုဝယ္စရာမလိုပါဘူး အရင္ယူၿပီးသာေရာင္းလိုက္"

သူက စီးပြားေရးလုပ္ဖို႔အေၾကာင္း နားမလည္သည့္ လယ္သမားတစ္ဦးသာျဖစ္သည္။ သူ႕ဒုတိယသားက အရင္ႏွစ္ေတြတုန္းက မိသားစုကို ကူညီခဲ့ၿပီး သူလိုခ်င္ေနတာက ေ႐ႊလည္းမဟုတ္ ေစ်းႀကီးတဲ့အရာလည္း မဟုတ္ေပ။ အေဖတစ္ေယာက္အေနနဲ႔ မေထာက္ပံ့ႏိုင္စရာ ဘာအေၾကာင္းမွမ႐ွိေပ။

မိသားစုေရးရာေတြေျပာေနၾကရင္း ေမွာင္လာၿပီျဖစ္တာေၾကာင့္ ေမေမခ်ီက ထကာ မီးဖိုထဲ သန္႔႐ွင္းေရးလုပ္ဖို႔ သြားခဲ့သည္။ ခ်ီယန္ရဲ႕ဇနီးျဖစ္သူကလည္း ေခ်ာင္း႐ွန္တို႔မိသားစု ညအိပ္မယ့္အခန္းကို သန္႔႐ွင္းေရးလုပ္ဖို႔ ထသြားတာေၾကာင့္ ေခ်ာင္း႐ွန္က ကူညီဖို႔သြားလိုက္သည္။

ျခံဝန္းထဲကေယာက်္ားေတြကေတာ့ ထိုင္ၿပီး အနားယူရင္း ကေလးေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဆာ့ကစားေနၾကတာကို ၾကည့္ေနၾကသည္။

ျခံထဲကတြဲေလ်ာင္းက်ေနတဲ့ အိပ္ယာခင္းေတြနဲ႔ ေစာင္ေတြျဖင့္ေ႐ွာင္ခ်န္းလဲ့က သူ႕အစ္ကိုႏွင့္အတူ တူတူပုန္းတမ္း ကစားေနသည္။ 

ညဥ့္နက္လာတဲ့အခါ တေနကုန္လယ္ထဲမွာ အလုပ္လုပ္ခဲ့ၾကရေသာ လူႀကီးေတြက ပင္ပန္းကာ အိမ္ျပန္ၿပီး အနားယူဖို႔ ျပင္ၾကေတာ့သည္။ 

ခ်ီ႐ိႈ႕က ေရတစ္ပုံးခပ္ေပးလိုက္ၿပီး ေခ်ာင္း႐ွန္နဲ႔ ေ႐ွာင္ခ်န္းလဲ့က ေျခေထာက္ေတြ လက္ေတြေဆးကာ အိပ္ရာထဲဝင္ၾကေတာ့သည္။ ခ်ီ႐ိႈ႕ကိုယ္လက္ေဆးၿပီး အိမ္ထဲျပန္ဝင္လာေတာ့ ႏွစ္ေယာက္သားက အိပ္ေပ်ာ္ေနၾကၿပီ။

ျခံဝန္းထဲက ေနာက္ဆုံးဆီမီးအိမ္ကၿငိမ္းသြားတဲ့အခါ တစ္႐ြာလုံး ေမွာင္မည္းေနၿပီး လူတိုင္း အိပ္ေပ်ာ္ေနၾကၿပီ။

Continue Reading

You'll Also Like

24.3K 3.1K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...
642K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
2.4M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...