ရှေးခေတ်ကာလတွင် ကလေးပြုစုပျို...

By PoRoRo0812

382K 47.1K 738

Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
no update
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅ (final)

အခန်း ၄

12.7K 1.6K 33
By PoRoRo0812

Raising Children in Ancient County Town

Unicode

အခန်း : ၄

    ကောင်းကင်ကြီးကတောက်ပနေပြီး ကြက်တွေတောင်တွန်နေပြီ။

ချီရှို့ကမျက်လုံးဖွင့်လိုက်တဲ့အခါ လက်တစ်ဖက်ကသူ့အင်္ကျီကိုဖယ်ကာ အထဲဝင်ပြီး သူ့ဗိုက်ကြွက်သားတွေကိုထိနေသည်။သူ့ဘေးကလူကိုလှည့်ကြည့်လိုက်တော့ ချောင်းရှန်က ပါးစပ်လေးဟကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ရှောင်ချန်းလဲ့ကလည်း ထူးဆန်းတဲ့ပုံစံနဲ့ချောင်းရှန်ရဲ့လက်တွေကိုကွေးကာပါးစပ်လေးဟလို့အိပ်မောကျနေသည်။ချီရှို့က ချောင်းရှန်ရဲ့လက်ကိုညင်သာစွာဆွဲထုတ်ပေးပြီး ထထိုင်ကာ ခေါင်းအုံးကိုဆွဲယူပြီးရှောင်ချန်းလဲ့ကိုဝန်းရံကာ ချောင်းရှန်ရဲ့လက်ကိုခေါင်းအုံးပေါ်တင်ပေးလိုက်သည်။ချောင်းရှန်က မသိစိတ်ကနေခေါင်းအုံကိုဆွဲညှစ်နေတာမြင်တော့ ချီရှို့က အသက်ရှူကြပ်ပြီး အဝတ်အစားလဲကာ အခန်းထဲမှထွက်လာခဲ့သည်။

ချောင်းရှန်နိုးလာသောအခါ ခြံဝန်းထဲတွင်သစ်သားကိုထုရိုက်သံများကိုပုံမှန်ကြားနေရပြီး အသံတွေဆူနေတာ ကြာနေပြီလို့တောင်ထင်ရသည်။ရှောင်ချန်းလဲ့ကတော့ ဝက်ကလေးလိုနှုတ်ခမ်းစူကာ အိပ်မောကျနေတုန်းပဲ။ရှောင်ချန်းလဲ့ရဲ့ခန္ဓာကိုယ်ကိုထိလိုက်ပြီး နည်းနည်းနွေးနေပေမယ့် ချွေးတော့မထွက်ဘူးလို့ စိတ်သက်သာရာရရင်း ထပြီးအဝတ်အစားလှဲကာ ကလေးကို ခေါင်းအုံးနောက်တစ်လုံးဖြင့် သေချာကာပေးပြီး အခန်းထဲမှလှည့်ထွက်လာခဲ့သည်။

အပြင်မှာနေတောင်အတော်မြင့်နေပြီ။ချောင်းရှန်က မျက်နှာကိုသေချာသစ်ကာ ဆားကိုမိုးမခကိုင်းဖြင့်တို့ကာ သွားတိုက်လိုက်သည်။မီးဖိုးထဲတွင်ဂျုံယာဂုတောင်ချက်ပြီးသွားပြီး ချောင်းရှန်ကမနေ့ကကျန်တဲ့ဝက်သားနှပ်ကိုနွှေးကာ အပြင်သို့ထုတ်လာခဲ့သည်။

နွေရာသီမှာ ခြံထဲမှာစားရတာက သက်တောင့်သက်သာနဲ့အေးမြသည်။ ရှောင်ချန်းလဲ့အိပ်ပျော်နေတုန်းဆိုတာသိအောင်အခန်းထဲပြန်ဝင်ခဲ့ပြီးနောက် ချီရှို့ကိုလှမ်းခေါ်ကာ နှစ်ယောက်သားတိတ်ဆိတ်စွာမနက်စာစားကြပြီး ရှောင်ချန်းလဲ့အတွက်လည်း မီးဖိုထဲတွင်နွေးအောင်ချန်ထားခဲ့သည်။

မနက်စာစားပြီးနောက် နေကတအားမပူသေးပေ။ ချောင်းရှန်က ညစ်ပေနေတဲ့အဝတ်တွေအရင်လျှော်ပြီး ရှောင်ချန်းလဲ့သာနိုးလာခဲ့ရင် နေရောင်နဲ့ပိုးသတ်ဖို့ကုတင်ပေါ်ကဖျာကိုယူပြီး နေပူလှန်းလိုက်မယ်ဟု တွေးလိုက်သည်။ ချီရှို့ကမနက်စာစားပြီးတာနဲ့ သူ့အလုပ်လုပ်တဲ့ဆီကိုပြန်သွားသည်။ချောင်းရှန်က အဝတ်တွေထုတ်ယူလာပြီး ရေတွင်းထဲကရေကိုခပ်နေတာကိုမြင်လိုက်ပြီးပြောလာသည်။

"ဒါတွေလျှော်ဖို့အန်တီယန်းကိုသွားခေါ်လိုက်မယ်။ မင်းကအနားယူပြီးခန္ဓာကိုယ်ကိုသာဂရုစိုက်ဦး"

အန်တီယန်းက ဒီနားတဝိုက်မှာပိုက်ဆံယူပြီးအဝတ်လျှော်ပေးတဲ့သူဖြစ်သည်။ ကျန်းမာရေးမကောင်းတဲ့ မိခင်ရှိတဲ့မုဆိုးမတစ်ယောက်ဖြစ်ပြီးဆယ့်ငါးနှစ်အရွယ် ယန်းလျူလို့ခေါ်တဲ့သားငယ်လေးရှိသည်။ယန်းလျူက ဖုမန်လုတွင် မီးဖိုချောင်အကူအဖြစ်အလုပ်လုပ်နေသည်။

"နွေဝတ်အင်္ကျီတွေမို့ မထူဘူး။ကျွန်တော့်ဘာသာလျှော်လိုက်မယ်။ အပြင်သွားမလို့လား ဆိုင်ကိုလား "

မူလပိုင်ရှင်ကငွေသုံးကြမ်းတာကြောင့် သူတို့မိသားစုမှာစုဆောင်းထားတဲ့ပိုက်ဆံမရှိမှန်းချောင်းရှန်က သိသည်။ရေထဲပြုတ်ကျပြီးနောက် ဆေးဆရာကိုပြကာ အဆုတ်ပြန်ကောင်းလာဖို့ငွေတွေအများကြီးကုန်ကျခဲ့သည်။သူနိုးလာပြီးကတည်းက တစ်နေ့ကိုသုံးလေးနပ်ကလည်းစားသေးသည်။ပိုက်ဆံကုန်ရုံကလွဲပြီးမတတ်နိုင်တော့ဘူး။ သေချာတာပေါ့ ပြန်ရှာလို့ရနိုင်သေးသည်။

"အပြင်သွားမလို့။ အနောက်လမ်းကဆရာHeက သူ့ယောက္ခမအတွက် တန်းလျားထိုင်ခုံတစ်ခုလိုချင်တယ်ဆိုလို့ ငါဆိုင်သွားမယ့်အစား သူနဲ့သွားဆွေးနွေးမလို့"

ချောင်းရှန်က အေးအေးဆေးဆေးအဝတ်လျှော်နေတာကိုတွေ့တော့ ချီရှို့ကစိတ်သက်သာရာရသွားသည်။ 

"ဝင်ငွေရအောင်လို့စားစရာအချို့ရောင်းဖို့ စဥ်းစားထားတယ်"

ချောင်းရှန်က ချီရှို့ သဘောမတူမှာစိုးပြီးတုံ့ဆိုင်းဆိုင်းနဲ့ပြောလိုက်သည်။

"ပိုက်ဆံကိုစိတ်မပူနဲ့။မင်းကိုယ်မင်းသာဂရုစိုက်။ဆိုင်ကမကြာခင်ပြန်ဖွင့်တော့မှာမို့ ဝင်ငွေရှိလာတော့မှာပါ"

ချောင်းရှန်ကမိသားစုကိုစတင်ဂရုစိုက်လာတာကိုမြင်တော့ ချီရှို့ကသူ့ကိုမပင်ပန်းစေချင်ရုံမကဒီအခြေအနေလေးကိုလည်း မဆုံးရှုံးချင်ပေ။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကအိမ်မှာအမြဲအားနေတာ။အစ်ကိုကလည်းနေ့တိုင်းအလုပ်များပြီး ရှောင်ချန်းလဲ့နဲ့အတူနေဖို့အချိန်မရှိဘူး။ကလေးတွေကစိတ်လုံခြုံမှုရအောင်မိဘတွေနဲ့လည်းအတူရှိနေသင့်တယ်။ပြီးတော့ ရှောင်ချန်းလဲ့ကပိန်ပေမယ့်စားရတာ​ကြိုက်တာကြောင့် သူ့အတွက်အရသာရှိတာတွေ လုပ်ပေးချင်တယ်"

ချောင်းရှန်ကစိတ်ထဲမှ တွေးလိုက်သည်:'နှစ်ယောက်လုံးကိုအပြစ်တင်သင့်တယ်။တစ်ယောက်ကအိမ်မှာမနေပဲပိုက်ဆံရှာဖို့အလုပ်များနေပြီး တစ်ယောက်ကတော့အိမ်မှာမနေပဲ ပိုက်ဆံဖြုန်းဖို့အလုပ်ရှုပ်နေတယ်။ သနားစရာ ရှောင်ချန်းလဲ့က နှစ်နှစ်သာရှိသေးတာကြောင့်လူတွေကိုမခေါ်နိုင်သလို ဗိုက်ဆာနေတာကိုလည်း မပြောနိုင်ပေ။'

"ဒါ့အပြင် ရှောင်ချန်းလဲ့ကနှစ်နှစ်ပဲရှိသေးတာကြောင့် သူကြီးလာရင် သူ့အတွက် လုံလုံလောက်လောက်ပိုက်ဆံစုထားရဦးမယ်။အခုငါလည်းဒီမှာရှိနေပြီဆိုတော့ ...  uh ...ပြောချင်တာက ငါနေပြန်ကောင်းလာပြီဆိုတော့ရှောင်ချန်းလဲ့ကိုဗဟုသုတတွေသင်ပေးရမယ် "

ရှေးခေတ်မှာ လုပ်နိုင်တာက အင်ပါယာစာမေးပွဲဖြေတာနဲ့ စစ်တပ်ထဲဝင်တာသာရှိသည်။

ပါးလွှာတဲ့နေရောင်ခြည်လေးက ချီရှို့ရဲ့မျက်နှာပေါ်ကျနေတာကြောင့် ချီရှို့ကမျက်ခုံးကျုံ့သွားကာ မျက်လုံးကိုအောက်ငုံ့ထားထားပြီး နှာခေါင်းရိုးမှာလည်း မြင့်ကာ မျက်တောင်ရှည်များသည်သူ့ပါးပေါ်အရိပ်ထင်ဖြာကျနေသည်။။

ချီရှို့က ချောင်းရှန်ရဲ့အဆုံးမသတ်နိုင်တဲ့ပြုစုစောင့်ရှောက်နည်းတွေကိုနားထောင်ရင်း ချောင်းရှန်က ကလေးဒီလိုနည်းနဲ့ ပြုစုပျိုးထောင်လိုကြောင်းပြောလာတဲ့အခါ သူ့စိတ်ထဲကြည်နူးနေသည်။သူနှင့်ချောင်းရှန်ကလက်ထပ်ပြီးပေမယ့် သူတို့နှလုံးသားမှာဘာခံစားချက်မှမရှိကြပေ။သူ့အိမ်သားကပျင်းလွန်းသည်။ ချီရှို့နေ့တိုင်းအိမ်သို့ပြန်လာတဲ့အချိန်တိုင်း သူကအပြစ်တင်တတ်သည်။ သူ့စကားများကလည်းအမြဲပြသာနာရှာကာ လုံလုံလောက်လောက်မချမ်းသာသေးတာကိုမုန်းခဲ့သည်။

ချီရှို့ကလည်း အဲ့ဒါတွေကိုငြီးငွေ့စိတ်ပျက်လာခဲ့သည်။ ချောင်းရှန်က သူ့သားလေးကို မွေးပေးလာတဲ့အခါမှာတော့ မွေးကာစပန်းရောင်သန်းပြီးအရေပြားလေးတွေတွန့်နေတဲ့ရှောင်ချန်းလဲ့ကို ကြည့်ရင်းဖခင်တစ်ယောက်ဖြစ်လာခြင်းရဲ့ပြောမပြတတ်တဲ့ခံစားချက်တွေကိုပေးခဲ့သည်။ထိုသွေးသားတော်စပ်မှုက သူ့ငြီးငွေ့စိတ်ပျက်စိတ်ကိုအားနည်းစေသည်။ သူ့ကိုစိတ်ပျက်အောင်လုပ်တဲ့ချောင်းရှန်ကိုလျစ်လျူရှူထားကာ သူ့သားလေးကိုပိုကောင်းတဲ့ဘဝပေးဖို့ငွေပိုရရန်တွေးကာ အလုပ်ပိုကြိုးစားခဲ့သည်။

တကယ်လို့ချောင်းရှန်သာပိုက်ဆံတွေကိုအပြင်မှာလျှောက်မသုံးဘူးဆိုလျှင် သူတို့ ချမ်းသာနေလောက်ပြီ။ချီရှို့က သူ့သားလေးကိုကရုဏာသက်ကာအလုပ်ကြိုးစားတာမြင်တော့ ချောင်းရှန်က ကလေးကိုပြုစုစောင့်ရှောက်ဖို့ပိုလို့တောင် ပျက်ကွက်သွားခဲ့သည်။ ချီရှို့က လွန်ခဲ့သည့်တစ်လက ကလေးသည် ကုတင်ပေါ်တွင် ပိန်ချုံးကာ လဲလျောင်းနေခဲ့သည်ကိုသတိရသွားသည်။အားနည်းလွန်းတာကြောင့် ကြောက်ပေါက်လေးလိုပဲငိုသံထွက်နိုင်ပြီး ဆေးဆရာတွေကတောင်အင်မတန်ဒေါသထွက်ခဲ့သည်။သူတို့က ကိုယ့်ကလေးကိုတောင်ဒီလိုဆက်ဆံခဲ့တဲ့အတွက် သူတို့နှစ်ယောက်ကိုပြင်းထန်စွာအပြစ်တင်ခဲ့ကြသည်။

ထိုအချိန်တွင် ချီရှို့က အလွန်စိတ်ဆင်းရဲခဲ့သည်။သူ့သားကချောင်းရှန်ကိုချစ်တာကြောင့်သူမှားနေတာလား။

"Wow...oh..oh..oh"

ရှောင်ချန်းလဲ့ရဲ့အော်သံက ချောင်းရှန်ရဲ့အဆုံးမရှိတဲ့ကလေးပြုစုပျိုးထောင်နည်းတွေနဲ့ ချီရှို့ရဲ့အတိတ်ကိုပြန်တွေးနေတာတွေကိုရပ်တန့်သွားစေသည်။

ချောင်းရှန်က လက်ကိုသုတ်လိုက်ပြီး နိုးလာတဲ့ရှောင်ချန်းလဲ့ကိုခေါ်ရန်အခန်းထဲအမြန်ဝင်သွားခဲ့သည်။ရှောင်ချန်းလဲ့က မျက်လုံးဖွင့်တဲ့အခါ လူကြီးတွေကိုမမြင်မိတာကြောင့်မျက်ရည်မကျပဲ အော်ဟစ်နေတာဖြစ်သည်။ချီရှို့က ရှောင်ချန်းလဲ့ကိုသေးတည်ကာ ငြိမ်ငြိမ်နေအောင်ဖက်ထားပြီး မနက်စာကျွေးနေတဲ့ချောင်းရှန်ကိုကြည့်နေခဲ့သည်။ချီရှို့ကအလုပ်လုပ်နေတာရပ်သွားပြီး ကိစ္စမရှိပါဘူး နောက်ထပ်အခွင့်အရေးပေးလိုက်တာပေါ့။ကလေးကငယ်သေးတာမို့ ချောင်းရှန်သာ သူ့သားကိုကျန်းကျန်းမာမာကြီးပျင်းလာအောင်လုပ်ပေးနိုင်သရွေ့ သူအလုပ်ကြိုးစားနိုင်သည်။

နှစ်ဇွန်းလောက်ကျွေးပြီးနောက် ချောင်းရှန်က ရှောင်ချန်းလဲ့ကို သစ်သားဇွန်းကိုကိုင်ဖို့ချော့ပြောကာဇွန်းကိုအတူကိုင်ပြီးယူစားစေသည်။ပြီးတော့လက်ကိုလွှတ်ကာ အဝတ်ဆက်လျှော်ဖို့ပြန်သွားထိုင်လိုက်သည်။ရှောင်ချန်းလဲ့က သူ့ဘေးမှာထိုင်ကာအဝတ်လျှော်နေတဲ့ပါပါးကိုကြည့်တာ သက်တောင့်သက်သာစားနေတာကြောင့် သူ့စားချင်စိတ်ကပိုတိုးလာသည်။

"လိုတဲ့ပစ္စည်းတွေဝယ်ဖို့ ဒီနေ့ပိုက်ဆံနည်းနည်းသုံးဦးမယ်။ အများကြီးလုပ်ရမယ်။ လျိုမိသားစုကလည်းဒီရက်ပိုင်းရှောင်ချန်းလဲ့ကိုဂရုစိုက်ပေးခဲ့တာ။အိမ်နီးနားချင်းတွေကိုလည်းအရသာမြည်းစမ်းဖို့နည်းနည်းပေးဖို့ပြင်ရမယ်။တကယ်လို့ လူတိုင်းကြိုက်ရင် ငါအဲ့ဒါရောင်းဖို့လုပ်ရမယ်"

ပြောပြီးတာနဲ့ ချောင်းရှန်က ချီရှို့ကိုမကြည့်ရဲတော့ပေ။

ခဏလောက်စဥ်းစားပြီးနောက် တွန့်ဆုတ်စွာပြောလာသည်။

"ဒါ့အပြင် ရှောင်ချန်းလဲ့ကလည်း ကြိုက်မယ်လို့ ငါထင်တယ်။မနေ့ညကရော ဒီမနက်ရော ခံတွင်းတွေ့တာဘယ်လောက်ကောင်းလဲ။သူ့ကိုစားချင်အောင်ချော့ကျွေးစရာမလိုတော့ဘူး။ သူ့ဘာသာစားနေပြီ"

"ဒါကိုကြည့်လိုက်။ မင်းလိုတာဝယ်လိုက်ပါ။ ပိုက်ဆံကပြန်ရှာလို့ရတယ်"

ချီရှို့က အေးအေးဆေးဆေးပဲသဘောတူခဲ့သည်။

'အပြောကတော့ကောင်းတယ်။သူ့သားအကျိုးအတွက်ပြောနေမှတော့စမ်းကြည့်တာပေါ့။ဘာနေနေအရှုံးအမြတ်မရှိပါဘူး'

အိပ်ရာခင်းနှင့်အဝတ်အစားတွေကိုလှန်းပြီးသွားတော့ ချောင်းရှန်က ပိုက်ဆံကိုသေချာရေတွက်ကာ ပိုက်ဆံအိတ်ထဲသေချာထည့်လိုက်ပြီး တံခါးဝကိုတိတ်တိတ်ကလေးခိုးထွက်လိုက်သည်။ ထိုအချိန်တွင် ဗိုက်ဝသွားတဲ့ ရှောင်ချန်းလဲ့က သူ့ဖေဖေ၏ရင်ခွင်ထဲတွင်နေကာ ခြံဝန်းထဲတွင်လမ်းလျှောက်နေခဲ့သည်။

သူ့ပါပါးကချန်ထားခဲ့တာကိုသူမသိပေ။

ချီရှို့က ကြမ်းပေါ်ကိုသစ်သားတုတ်ချောင်းလေးတွေဖြင့်ရိုက်ကာရှောင်ချန်းလဲ့နဲ့အတူဆော့ပေးနေသည်။ပြီးနောက် ရှောင်ချန်းလဲ့ကိုသူ့ဘာသာခြံဝန်းထဲတွင်ပတ်ဆော့စေပြီး သူကလည်းရှောင်ချန်းလဲ့လုံခြုံရဲ့လားလို့အချိန်နဲ့အမျှစောင့်ကြည့်ရင်း သူ့လက်သမားအလုပ်ကိုပြန်လုပ်နေသည်။

'ငါ့မျက်စိအောက်မှာထားမှ ခေါင်းအေးအေးနဲ့အလုပ်လုပ်နိုင်မှာ'

ချောင်းရှန်က လမ်းမပေါ်ကိုရောက်တဲ့အခါ အသားဆိုင်ကိုအရင်သွားလိုက်သည်။ ဝက်ဗိုက်သား၊ဝက်နံရိုးကိုဝယ်လိုက်ပြီး ထောင့်မှာအုံထားတဲ့ဝက်ဝမ်းတွင်းကလီစာများကိုမြင်လိုက်သည်။

"ကျွန်တော်ဒါတွေရောရချင်တယ်။ဘယ်လောက်ကျမလဲ"

သားသတ်သမားက အံ့သြကာသေချာကြည့်ပြီးမေးလိုက်သည်။

"ဒါတွေအားလုံးလား"

ချောင်းရှန်ကခေါင်းညိမ့်လိုက်တာသေချာမြင်ပြီးနောက် သားသတ်သမားကဟန်ဆောင်မနေဘဲ ပြောလာသည်။

"ပိုက်ဆံပေးစရာမလိုဘူး။ လိုချင်ရင်ယူသွားလိုက်"

လူတိုင်းက ကလီစာတွေကိုခွေးကိုကျွေးဖို့ဝယ်တာကြောင့် လမ်းထဲကအိမ်နီးချင်းတွေကဝယ်ဖို့မလိုပေ။

အသားတွေအများကြီးဝယ်တာမြင်သောကြောင့် သားသတ်သမားကအိမ်ကိုမေးပြီးပို့ပေးခဲ့သည်။ဒါကြောင့် ချောင်းရှန်က ဝက်အူ၊ဝက်အဆုတ်နဲ့အသည်းတို့ကိုအလကားရခဲ့သည်။

ချောင်းရှန်ကရှက်လာတာကြောင့် ဆီထုတ်ဖို့ ဝက်သားအဆီအနည်းငယ်ဝယ်ခဲ့သည်။Great Zhouမင်းဆက်တွင်လူတွေက ဆီနဲ့ကြော်တဲ့အသီးအရွက်အစား ပြုတ်ထားတဲ့အသီးအရွက်ကိုပဲစားကြတာကြောင့် ဆီကစျေးကြီးပြီး ဝက်အဆီသည်စျေးအကြီးဆုံးဖြစ်သည်။

အသားဝယ်ပြီးနောက် ချောင်းရှန်က ဆန်ခေါက်ဆွဲဆိုင်ကိုသွားခဲ့သည်။ဒီလိုအချိန်မှာ ပြောင်းကော်ကိုတွေ့တာကြောင့်အလွန်အံ့သြပြီး ပြောင်းကော်နဲ့ ဆန်ချောကိုဝယ်လိုက်သည်။ရှောင်ချန်းလဲ့က အာဟာရချို့တဲ့နေတာကြောင့် ဆန်ချောကသူ့အစာအိမ်ကိုအာဟာရရှိစေလိမ့်မည်။

ထို့နောက် သတ်သတ်လွတ်ဟင်းတစ်ချို့ချက်ဖို့ တို့ဟူးခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ဝယ်ကာ အိမ်သို့ပြန်လာခဲ့သည်။

ရှောင်ချန်းလဲ့က ကစားနေရင်းရေနည်းနည်းဆာလာသဖြင့် သူ့ဖေဖေ၏ဘေးကိုကပ်ကာ ပေါင်ကိုလှမ်းဆွဲပြီး ခေါင်းမော့ကာနူးနူးညံ့ညံ့လေးပြုံးပြရင်း ပါးစပ်ဖွင့်ကာ အော်ဟစ်လိုက်သည်။

ချီရှို့ကအလုပ်လုပ်နေတာကိုရပ်လိုက်ပြီး လက်ကိုသုတ်ကာ ရှောင်ချန်းလဲ့ရဲ့ခေါင်းကိုလက်ဖြင့် အမြန် လှမ်းထိန်းလိုက်သည်။ ရှောင်ချန်းလဲ့ကခေါင်းမော့နေပြီး သူ့ဖေဖေ၏ခြေထောက်ပေါ်လဲကျကာ မြေပြင်နှင့်ထိလုနီးပါးဖြစ်သွားခဲ့သည်။

ရှောင်ချန်းလဲ့ကမကြောက်ဘဲ ပျော်စရာတွေ့တယ်လို့ထင်သွားခဲ့သည်။ချောင်းရှန်ကလမ်းကြားထဲကိုဝင်လိုက်တာနဲ့ အဝေးကတည်းကသူ့ရဲ့အော်သံလေးတွေနှင့်ရယ်သံများကိုကြားလိုက်ရသည်။ချောင်းရှန်က တံခါးပေါက်ကနေလှမ်းဝင်လိုက်တဲ့အခါ မိုးမခင်အောက်မှာထိုင်နေတဲ့သားအဖနှစ်ယောက်ကိုတွေ့လိုက်ရသည်။ချီရှို့က သူ့သား အူမြူးပြီး သူနဲ့အတူလိုက်ဆော့ခိုင်းနေတာကိုကြည့်ရင်း ခဏလောက်အနားယူနေခဲ့သည်။သူကကျောက်စားပွဲဘေးက ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာထိုင်ရင်း ရှောင်ချန်းလဲ့ကိုလက်တဖက်ဖြင့်ယပ်ခတ်ပေးနေသည်။ရှောင်ချန်းလဲ့က ပန်းကန်လုံးကိုကိုင်ကာ ရေအေးကိုစုပ်သောက်လိုက်ပြီး သူ့သားရဲ့ ချစ်စဖွယ်အသွင်အပြင်လေးတွေကိုကြည့်ရင်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက တကယ်ပင်ပန်းပေမယ့်စိတ်ချမ်းသာရတယ်လို့ သူ့ကိုယ်သူတွေးနေသည်။

ရှောင်ချန်းလဲ့က ချောင်းရှန်ကိုမြင်တဲ့အခါ ပန်းကန်လုံးကိုတုန်ချိချိကိုင်ရင်း ခြေလှမ်းသေးသေးလေးတွေဘယ်ညာယိမ်းကာ ချောင်းရှန်ရဲ့ခြေထောက်ဆီသို့လာတော့သည်။သူလာတဲ့လမ်းတလျှောက်ထွက်ကျခဲ့တာကြောင့်ပန်းကန်ထဲတွင်ပြောင်ရှင်းကာ သိပ်မကျန်တော့ပေမယ့် သူ့ပါပါးကို ပြုံးကာပေးလိုက်သည်။

"ကောင်းလိုက်တာ။ ငါတို့ရဲရှောင်ချန်းလဲ့က ပါပါးဆီကိုရေယူလာပေးတာပဲ"

ချောင်းရှန်က ဝယ်လာတဲ့ပစ္စည်းတွေကိုယူဖို့ရောက်လာတဲ့ချီရှို့ကိုပေးလိုက်သည်။ ရှောင်ချန်းလဲ့ ကိုင်ထားတဲ့ပန်းကန်လုံးကိုလှမ်းယူကာ သောက်လေဟန်လုပ်ပြီး ပန်းကန်ကိုပြန်ပေးလိုက်ရင်း ရှောင်ချန်းလဲ့ရဲ့ခေါင်းကိုနမ်းလိုက်သည်။

ရှောင်ချန်းလဲ့ကတခစ်ခစ်ရယ်ပြီး ပန်းကန်လုံးကိုကိုင်ကာ ချောင်းရှန်ရဲ့ ခြေထောက်ကို နွားပေါက်ကလေးလို တိုးဝှေ့လိုက်သည်။ချောင်းရှန်က ထိုင်ချလိုက်ပြီး ရှောင်ချန်းလဲ့နဲ့အတူလိုက်ပြီး သူ့ခန္ဓာကိုယ်လေးကိုဟိုဘက်ဒီဘက်လှုပ်ပေးလိုက်သည်။

ရှောင်ချန်းလဲ့ရဲ့ ကလေးဆန်ဆန် အပြုအမူလေးတွေကိုစောင့်ကြည့်ပြီးနောက် ချောင်းရှန်က မီးဖိုချောင်ထဲဝင်ပြီး အလုပ်စလိုက်သည်။ရှောင်ချန်းလဲ့က မီးဖိုတံခါးနားကခုံတန်းပေါ်တွင်ငြိမ်ငြိမ်လေးထိုင်နေသည်။ ချောင်းရှန်ကအလုပ်များနေရင်း ရှောင်ချန်းလဲ့ကိုလည်း စကားပြောတတ်အောင်သင်ပေးနေသည်။အနည်းဆုံးတော့ ဖေဖေနဲ့ပါပါးလို့ ခေါ်တတ်အောင် သင်ဖို့လိုသည်။

Zawgyi

အခန္း : ၄

    ေကာင္းကင္ႀကီးကေတာက္ပေနၿပီး ၾကက္ေတြေတာင္တြန္ေနၿပီ။

ခ်ီ႐ိႈ႕ကမ်က္လုံးဖြင့္လိုက္တဲ့အခါ လက္တစ္ဖက္ကသူ႕အက်ႌကိုဖယ္ကာ အထဲဝင္ၿပီး သူ႕ဗိုက္ႂကြက္သားေတြကိုထိေနသည္။သူ႕ေဘးကလူကိုလွည့္ၾကည့္လိုက္ေတာ့ ေခ်ာင္း႐ွန္က ပါးစပ္ေလးဟကာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္။ေ႐ွာင္ခ်န္းလဲ့ကလည္း ထူးဆန္းတဲ့ပုံစံနဲ႔ေခ်ာင္း႐ွန္ရဲ႕လက္ေတြကိုေကြးကာပါးစပ္ေလးဟလို႔အိပ္ေမာက်ေနသည္။ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕လက္ကိုညင္သာစြာဆြဲထုတ္ေပးၿပီး ထထိုင္ကာ ေခါင္းအုံးကိုဆြဲယူၿပီးေ႐ွာင္ခ်န္းလဲ့ကိုဝန္းရံကာ ေခ်ာင္း႐ွန္ရဲ႕လက္ကိုေခါင္းအုံးေပၚတင္ေပးလိုက္သည္။ေခ်ာင္း႐ွန္က မသိစိတ္ကေနေခါင္းအုံကိုဆြဲညႇစ္ေနတာျမင္ေတာ့ ခ်ီ႐ိႈ႕က အသက္႐ွဴၾကပ္ၿပီး အဝတ္အစားလဲကာ အခန္းထဲမွထြက္လာခဲ့သည္။

ေခ်ာင္း႐ွန္ႏိုးလာေသာအခါ ျခံဝန္းထဲတြင္သစ္သားကိုထု႐ိုက္သံမ်ားကိုပုံမွန္ၾကားေနရၿပီး အသံေတြဆူေနတာ ၾကာေနၿပီလို႔ေတာင္ထင္ရသည္။ေ႐ွာင္ခ်န္းလဲ့ကေတာ့ ဝက္ကေလးလိုႏႈတ္ခမ္းစူကာ အိပ္ေမာက်ေနတုန္းပဲ။ေ႐ွာင္ခ်န္းလဲ့ရဲ႕ခႏၶာကိုယ္ကိုထိလိုက္ၿပီး နည္းနည္းေႏြးေနေပမယ့္ ေခြၽးေတာ့မထြက္ဘူးလို႔ စိတ္သက္သာရာရရင္း ထၿပီးအဝတ္အစားလွဲကာ ကေလးကို ေခါင္းအုံးေနာက္တစ္လုံးျဖင့္ ေသခ်ာကာေပးၿပီး အခန္းထဲမွလွည့္ထြက္လာခဲ့သည္။

အျပင္မွာေနေတာင္အေတာ္ျမင့္ေနၿပီ။ေခ်ာင္း႐ွန္က မ်က္ႏွာကိုေသခ်ာသစ္ကာ ဆားကိုမိုးမခကိုင္းျဖင့္တို႔ကာ သြားတိုက္လိုက္သည္။မီးဖိုးထဲတြင္ဂ်ံဳယာဂုေတာင္ခ်က္ၿပီးသြားၿပီး ေခ်ာင္း႐ွန္ကမေန႔ကက်န္တဲ့ဝက္သားႏွပ္ကိုေႏႊးကာ အျပင္သို႔ထုတ္လာခဲ့သည္။

ေႏြရာသီမွာ ျခံထဲမွာစားရတာက သက္ေတာင့္သက္သာနဲ႔ေအးျမသည္။ ေ႐ွာင္ခ်န္းလဲ့အိပ္ေပ်ာ္ေနတုန္းဆိုတာသိေအာင္အခန္းထဲျပန္ဝင္ခဲ့ၿပီးေနာက္ ခ်ီ႐ိႈ႕ကိုလွမ္းေခၚကာ ႏွစ္ေယာက္သားတိတ္ဆိတ္စြာမနက္စာစားၾကၿပီး ေ႐ွာင္ခ်န္းလဲ့အတြက္လည္း မီးဖိုထဲတြင္ေႏြးေအာင္ခ်န္ထားခဲ့သည္။

မနက္စာစားၿပီးေနာက္ ေနကတအားမပူေသးေပ။ ေခ်ာင္း႐ွန္က ညစ္ေပေနတဲ့အဝတ္ေတြအရင္ေလွ်ာ္ၿပီး ေ႐ွာင္ခ်န္းလဲ့သာႏိုးလာခဲ့ရင္ ေနေရာင္နဲ႔ပိုးသတ္ဖို႔ကုတင္ေပၚကဖ်ာကိုယူၿပီး ေနပူလွန္းလိုက္မယ္ဟု ေတြးလိုက္သည္။ ခ်ီ႐ိႈ႕ကမနက္စာစားၿပီးတာနဲ႔ သူ႕အလုပ္လုပ္တဲ့ဆီကိုျပန္သြားသည္။ေခ်ာင္း႐ွန္က အဝတ္ေတြထုတ္ယူလာၿပီး ေရတြင္းထဲကေရကိုခပ္ေနတာကိုျမင္လိုက္ၿပီးေျပာလာသည္။

"ဒါေတြေလွ်ာ္ဖို႔အန္တီယန္းကိုသြားေခၚလိုက္မယ္။ မင္းကအနားယူၿပီးခႏၶာကိုယ္ကိုသာဂ႐ုစိုက္ဦး"

အန္တီယန္းက ဒီနားတဝိုက္မွာပိုက္ဆံယူၿပီးအဝတ္ေလွ်ာ္ေပးတဲ့သူျဖစ္သည္။ က်န္းမာေရးမေကာင္းတဲ့ မိခင္႐ွိတဲ့မုဆိုးမတစ္ေယာက္ျဖစ္ၿပီးဆယ့္ငါးႏွစ္အ႐ြယ္ ယန္းလ်ဴလို႔ေခၚတဲ့သားငယ္ေလး႐ွိသည္။ယန္းလ်ဴက ဖုမန္လုတြင္ မီးဖိုေခ်ာင္အကူအျဖစ္အလုပ္လုပ္ေနသည္။

"ေႏြဝတ္အက်ႌေတြမို႔ မထူဘူး။ကြၽန္ေတာ္႕ဘာသာေလွ်ာ္လိုက္မယ္။ အျပင္သြားမလို႔လား ဆိုင္ကိုလား "

မူလပိုင္႐ွင္ကေငြသုံးၾကမ္းတာေၾကာင့္ သူတို႔မိသားစုမွာစုေဆာင္းထားတဲ့ပိုက္ဆံမ႐ွိမွန္းေခ်ာင္း႐ွန္က သိသည္။ေရထဲျပဳတ္က်ၿပီးေနာက္ ေဆးဆရာကိုျပကာ အဆုတ္ျပန္ေကာင္းလာဖို႔ေငြေတြအမ်ားႀကီးကုန္က်ခဲ့သည္။သူႏိုးလာၿပီးကတည္းက တစ္ေန႔ကိုသုံးေလးနပ္ကလည္းစားေသးသည္။ပိုက္ဆံကုန္႐ုံကလြဲၿပီးမတတ္ႏိုင္ေတာ့ဘူး။ ေသခ်ာတာေပါ့ ျပန္႐ွာလို႔ရႏိုင္ေသးသည္။

"အျပင္သြားမလို႔။ အေနာက္လမ္းကဆရာHeက သူ႕ေယာကၡမအတြက္ တန္းလ်ားထိုင္ခုံတစ္ခုလိုခ်င္တယ္ဆိုလို႔ ငါဆိုင္သြားမယ့္အစား သူနဲ႔သြားေဆြးေႏြးမလို႔"

ေခ်ာင္း႐ွန္က ေအးေအးေဆးေဆးအဝတ္ေလွ်ာ္ေနတာကိုေတြ႕ေတာ့ ခ်ီ႐ိႈ႕ကစိတ္သက္သာရာရသြားသည္။ 

"ဝင္ေငြရေအာင္လို႔စားစရာအခ်ိဳ႕ေရာင္းဖို႔ စဥ္းစားထားတယ္"

ေခ်ာင္း႐ွန္က ခ်ီ႐ိႈ႕ သေဘာမတူမွာစိုးၿပီးတုံ႔ဆိုင္းဆိုင္းနဲ႔ေျပာလိုက္သည္။

"ပိုက္ဆံကိုစိတ္မပူနဲ႔။မင္းကိုယ္မင္းသာဂ႐ုစိုက္။ဆိုင္ကမၾကာခင္ျပန္ဖြင့္ေတာ့မွာမို႔ ဝင္ေငြ႐ွိလာေတာ့မွာပါ"

ေခ်ာင္း႐ွန္ကမိသားစုကိုစတင္ဂ႐ုစိုက္လာတာကိုျမင္ေတာ့ ခ်ီ႐ိႈ႕ကသူ႕ကိုမပင္ပန္းေစခ်င္႐ုံမကဒီအေျခအေနေလးကိုလည္း မဆုံး႐ႈံးခ်င္ေပ။

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကအိမ္မွာအၿမဲအားေနတာ။အစ္ကိုကလည္းေန႔တိုင္းအလုပ္မ်ားၿပီး ေ႐ွာင္ခ်န္းလဲ့နဲ႔အတူေနဖို႔အခ်ိန္မ႐ွိဘူး။ကေလးေတြကစိတ္လုံျခဳံမႈရေအာင္မိဘေတြနဲ႔လည္းအတူ႐ွိေနသင့္တယ္။ၿပီးေတာ့ ေ႐ွာင္ခ်န္းလဲ့ကပိန္ေပမယ့္စားရတာ​ႀကိဳက္တာေၾကာင့္ သူ႕အတြက္အရသာ႐ွိတာေတြ လုပ္ေပးခ်င္တယ္"

ေခ်ာင္း႐ွန္ကစိတ္ထဲမွ ေတြးလိုက္သည္:'ႏွစ္ေယာက္လုံးကိုအျပစ္တင္သင့္တယ္။တစ္ေယာက္ကအိမ္မွာမေနပဲပိုက္ဆံ႐ွာဖို႔အလုပ္မ်ားေနၿပီး တစ္ေယာက္ကေတာ့အိမ္မွာမေနပဲ ပိုက္ဆံျဖဳန္းဖို႔အလုပ္႐ႈပ္ေနတယ္။ သနားစရာ ေ႐ွာင္ခ်န္းလဲ့က ႏွစ္ႏွစ္သာ႐ွိေသးတာေၾကာင့္လူေတြကိုမေခၚႏိုင္သလို ဗိုက္ဆာေနတာကိုလည္း မေျပာႏိုင္ေပ။'

"ဒါ့အျပင္ ေ႐ွာင္ခ်န္းလဲ့ကႏွစ္ႏွစ္ပဲ႐ွိေသးတာေၾကာင့္ သူႀကီးလာရင္ သူ႕အတြက္ လုံလုံေလာက္ေလာက္ပိုက္ဆံစုထားရဦးမယ္။အခုငါလည္းဒီမွာ႐ွိေနၿပီဆိုေတာ့ ...  uh ...ေျပာခ်င္တာက ငါေနျပန္ေကာင္းလာၿပီဆိုေတာ့ေ႐ွာင္ခ်န္းလဲ့ကိုဗဟုသုတေတြသင္ေပးရမယ္ "

ေ႐ွးေခတ္မွာ လုပ္ႏိုင္တာက အင္ပါယာစာေမးပြဲေျဖတာနဲ႔ စစ္တပ္ထဲဝင္တာသာ႐ွိသည္။

ပါးလႊာတဲ့ေနေရာင္ျခည္ေလးက ခ်ီ႐ိႈ႕ရဲ႕မ်က္ႏွာေပၚက်ေနတာေၾကာင့္ ခ်ီ႐ိႈ႕ကမ်က္ခုံးက်ံဳ႕သြားကာ မ်က္လုံးကိုေအာက္ငုံ႔ထားထားၿပီး ႏွာေခါင္း႐ိုးမွာလည္း ျမင့္ကာ မ်က္ေတာင္႐ွည္မ်ားသည္သူ႕ပါးေပၚအရိပ္ထင္ျဖာက်ေနသည္။။

ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕အဆုံးမသတ္ႏိုင္တဲ့ျပဳစုေစာင့္ေ႐ွာက္နည္းေတြကိုနားေထာင္ရင္း ေခ်ာင္း႐ွန္က ကေလးဒီလိုနည္းနဲ႔ ျပဳစုပ်ိဳးေထာင္လိုေၾကာင္းေျပာလာတဲ့အခါ သူ႕စိတ္ထဲၾကည္ႏူးေနသည္။သူႏွင့္ေခ်ာင္း႐ွန္ကလက္ထပ္ၿပီးေပမယ့္ သူတို႔ႏွလုံးသားမွာဘာခံစားခ်က္မွမ႐ွိၾကေပ။သူ႕အိမ္သားကပ်င္းလြန္းသည္။ ခ်ီ႐ိႈ႕ေန႔တိုင္းအိမ္သို႔ျပန္လာတဲ့အခ်ိန္တိုင္း သူကအျပစ္တင္တတ္သည္။ သူ႕စကားမ်ားကလည္းအၿမဲျပသာနာ႐ွာကာ လုံလုံေလာက္ေလာက္မခ်မ္းသာေသးတာကိုမုန္းခဲ့သည္။

ခ်ီ႐ိႈ႕ကလည္း အဲ့ဒါေတြကိုၿငီးေငြ႕စိတ္ပ်က္လာခဲ့သည္။ ေခ်ာင္း႐ွန္က သူ႕သားေလးကို ေမြးေပးလာတဲ့အခါမွာေတာ့ ေမြးကာစပန္းေရာင္သန္းၿပီးအေရျပားေလးေတြတြန္႔ေနတဲ့ေ႐ွာင္ခ်န္းလဲ့ကို ၾကည့္ရင္းဖခင္တစ္ေယာက္ျဖစ္လာျခင္းရဲ႕ေျပာမျပတတ္တဲ့ခံစားခ်က္ေတြကိုေပးခဲ့သည္။ထိုေသြးသားေတာ္စပ္မႈက သူ႕ၿငီးေငြ႕စိတ္ပ်က္စိတ္ကိုအားနည္းေစသည္။ သူ႕ကိုစိတ္ပ်က္ေအာင္လုပ္တဲ့ေခ်ာင္း႐ွန္ကိုလ်စ္လ်ဴ႐ွဴထားကာ သူ႕သားေလးကိုပိုေကာင္းတဲ့ဘဝေပးဖို႔ေငြပိုရရန္ေတြးကာ အလုပ္ပိုႀကိဳးစားခဲ့သည္။

တကယ္လို႔ေခ်ာင္း႐ွန္သာပိုက္ဆံေတြကိုအျပင္မွာေလွ်ာက္မသုံးဘူးဆိုလွ်င္ သူတို႔ ခ်မ္းသာေနေလာက္ၿပီ။ခ်ီ႐ိႈ႕က သူ႕သားေလးကိုက႐ုဏာသက္ကာအလုပ္ႀကိဳးစားတာျမင္ေတာ့ ေခ်ာင္း႐ွန္က ကေလးကိုျပဳစုေစာင့္ေ႐ွာက္ဖို႔ပိုလို႔ေတာင္ ပ်က္ကြက္သြားခဲ့သည္။ ခ်ီ႐ိႈ႕က လြန္ခဲ့သည့္တစ္လက ကေလးသည္ ကုတင္ေပၚတြင္ ပိန္ခ်ံဳးကာ လဲေလ်ာင္းေနခဲ့သည္ကိုသတိရသြားသည္။အားနည္းလြန္းတာေၾကာင့္ ေၾကာက္ေပါက္ေလးလိုပဲငိုသံထြက္ႏိုင္ၿပီး ေဆးဆရာေတြကေတာင္အင္မတန္ေဒါသထြက္ခဲ့သည္။သူတို႔က ကိုယ့္ကေလးကိုေတာင္ဒီလိုဆက္ဆံခဲ့တဲ့အတြက္ သူတို႔ႏွစ္ေယာက္ကိုျပင္းထန္စြာအျပစ္တင္ခဲ့ၾကသည္။

ထိုအခ်ိန္တြင္ ခ်ီ႐ိႈ႕က အလြန္စိတ္ဆင္းရဲခဲ့သည္။သူ႕သားကေခ်ာင္း႐ွန္ကိုခ်စ္တာေၾကာင့္သူမွားေနတာလား။

"Wow...oh..oh..oh"

ေ႐ွာင္ခ်န္းလဲ့ရဲ႕ေအာ္သံက ေခ်ာင္း႐ွန္ရဲ႕အဆုံးမ႐ွိတဲ့ကေလးျပဳစုပ်ိဳးေထာင္နည္းေတြနဲ႔ ခ်ီ႐ိႈ႕ရဲ႕အတိတ္ကိုျပန္ေတြးေနတာေတြကိုရပ္တန္႔သြားေစသည္။

ေခ်ာင္း႐ွန္က လက္ကိုသုတ္လိုက္ၿပီး ႏိုးလာတဲ့ေ႐ွာင္ခ်န္းလဲ့ကိုေခၚရန္အခန္းထဲအျမန္ဝင္သြားခဲ့သည္။ေ႐ွာင္ခ်န္းလဲ့က မ်က္လုံးဖြင့္တဲ့အခါ လူႀကီးေတြကိုမျမင္မိတာေၾကာင့္မ်က္ရည္မက်ပဲ ေအာ္ဟစ္ေနတာျဖစ္သည္။ခ်ီ႐ိႈ႕က ေ႐ွာင္ခ်န္းလဲ့ကိုေသးတည္ကာ ၿငိမ္ၿငိမ္ေနေအာင္ဖက္ထားၿပီး မနက္စာေကြၽးေနတဲ့ေခ်ာင္း႐ွန္ကိုၾကည့္ေနခဲ့သည္။ခ်ီ႐ိႈ႕ကအလုပ္လုပ္ေနတာရပ္သြားၿပီး ကိစၥမ႐ွိပါဘူး ေနာက္ထပ္အခြင့္အေရးေပးလိုက္တာေပါ့။ကေလးကငယ္ေသးတာမို႔ ေခ်ာင္း႐ွန္သာ သူ႕သားကိုက်န္းက်န္းမာမာႀကီးပ်င္းလာေအာင္လုပ္ေပးႏိုင္သေ႐ြ႕ သူအလုပ္ႀကိဳးစားႏိုင္သည္။

ႏွစ္ဇြန္းေလာက္ေကြၽးၿပီးေနာက္ ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ကို သစ္သားဇြန္းကိုကိုင္ဖို႔ေခ်ာ့ေျပာကာဇြန္းကိုအတူကိုင္ၿပီးယူစားေစသည္။ၿပီးေတာ့လက္ကိုလႊတ္ကာ အဝတ္ဆက္ေလွ်ာ္ဖို႔ျပန္သြားထိုင္လိုက္သည္။ေ႐ွာင္ခ်န္းလဲ့က သူ႕ေဘးမွာထိုင္ကာအဝတ္ေလွ်ာ္ေနတဲ့ပါပါးကိုၾကည့္တာ သက္ေတာင့္သက္သာစားေနတာေၾကာင့္ သူ႕စားခ်င္စိတ္ကပိုတိုးလာသည္။

"လိုတဲ့ပစၥည္းေတြဝယ္ဖို႔ ဒီေန႔ပိုက္ဆံနည္းနည္းသုံးဦးမယ္။ အမ်ားႀကီးလုပ္ရမယ္။ လ်ိဳမိသားစုကလည္းဒီရက္ပိုင္းေ႐ွာင္ခ်န္းလဲ့ကိုဂ႐ုစိုက္ေပးခဲ့တာ။အိမ္နီးနားခ်င္းေတြကိုလည္းအရသာျမည္းစမ္းဖို႔နည္းနည္းေပးဖို႔ျပင္ရမယ္။တကယ္လို႔ လူတိုင္းႀကိဳက္ရင္ ငါအဲ့ဒါေရာင္းဖို႔လုပ္ရမယ္"

ေျပာၿပီးတာနဲ႔ ေခ်ာင္း႐ွန္က ခ်ီ႐ိႈ႕ကိုမၾကည့္ရဲေတာ့ေပ။

ခဏေလာက္စဥ္းစားၿပီးေနာက္ တြန္႔ဆုတ္စြာေျပာလာသည္။

"ဒါ့အျပင္ ေ႐ွာင္ခ်န္းလဲ့ကလည္း ႀကိဳက္မယ္လို႔ ငါထင္တယ္။မေန႔ညကေရာ ဒီမနက္ေရာ ခံတြင္းေတြ႕တာဘယ္ေလာက္ေကာင္းလဲ။သူ႕ကိုစားခ်င္ေအာင္ေခ်ာ့ေကြၽးစရာမလိုေတာ့ဘူး။ သူ႕ဘာသာစားေနၿပီ"

"ဒါကိုၾကည့္လိုက္။ မင္းလိုတာဝယ္လိုက္ပါ။ ပိုက္ဆံကျပန္႐ွာလို႔ရတယ္"

ခ်ီ႐ိႈ႕က ေအးေအးေဆးေဆးပဲသေဘာတူခဲ့သည္။

'အေျပာကေတာ့ေကာင္းတယ္။သူ႕သားအက်ိဳးအတြက္ေျပာေနမွေတာ့စမ္းၾကည့္တာေပါ့။ဘာေနေနအ႐ႈံးအျမတ္မ႐ွိပါဘူး'

အိပ္ရာခင္းႏွင့္အဝတ္အစားေတြကိုလွန္းၿပီးသြားေတာ့ ေခ်ာင္း႐ွန္က ပိုက္ဆံကိုေသခ်ာေရတြက္ကာ ပိုက္ဆံအိတ္ထဲေသခ်ာထည့္လိုက္ၿပီး တံခါးဝကိုတိတ္တိတ္ကေလးခိုးထြက္လိုက္သည္။ ထိုအခ်ိန္တြင္ ဗိုက္ဝသြားတဲ့ ေ႐ွာင္ခ်န္းလဲ့က သူ႕ေဖေဖ၏ရင္ခြင္ထဲတြင္ေနကာ ျခံဝန္းထဲတြင္လမ္းေလွ်ာက္ေနခဲ့သည္။

သူ႕ပါပါးကခ်န္ထားခဲ့တာကိုသူမသိေပ။

ခ်ီ႐ိႈ႕က ၾကမ္းေပၚကိုသစ္သားတုတ္ေခ်ာင္းေလးေတြျဖင့္႐ိုက္ကာေ႐ွာင္ခ်န္းလဲ့နဲ႔အတူေဆာ့ေပးေနသည္။ၿပီးေနာက္ ေ႐ွာင္ခ်န္းလဲ့ကိုသူ႕ဘာသာျခံဝန္းထဲတြင္ပတ္ေဆာ့ေစၿပီး သူကလည္းေ႐ွာင္ခ်န္းလဲ့လုံျခဳံရဲ႕လားလို႔အခ်ိန္နဲ႔အမွ်ေစာင့္ၾကည့္ရင္း သူ႕လက္သမားအလုပ္ကိုျပန္လုပ္ေနသည္။

'ငါ့မ်က္စိေအာက္မွာထားမွ ေခါင္းေအးေအးနဲ႔အလုပ္လုပ္ႏိုင္မွာ'

ေခ်ာင္း႐ွန္က လမ္းမေပၚကိုေရာက္တဲ့အခါ အသားဆိုင္ကိုအရင္သြားလိုက္သည္။ ဝက္ဗိုက္သား၊ဝက္နံ႐ိုးကိုဝယ္လိုက္ၿပီး ေထာင့္မွာအုံထားတဲ့ဝက္ဝမ္းတြင္းကလီစာမ်ားကိုျမင္လိုက္သည္။

"ကြၽန္ေတာ္ဒါေတြေရာရခ်င္တယ္။ဘယ္ေလာက္က်မလဲ"

သားသတ္သမားက အံ့ၾသကာေသခ်ာၾကည့္ၿပီးေမးလိုက္သည္။

"ဒါေတြအားလုံးလား"

ေခ်ာင္း႐ွန္ကေခါင္းညိမ့္လိုက္တာေသခ်ာျမင္ၿပီးေနာက္ သားသတ္သမားကဟန္ေဆာင္မေနဘဲ ေျပာလာသည္။

"ပိုက္ဆံေပးစရာမလိုဘူး။ လိုခ်င္ရင္ယူသြားလိုက္"

လူတိုင္းက ကလီစာေတြကိုေခြးကိုေကြၽးဖို႔ဝယ္တာေၾကာင့္ လမ္းထဲကအိမ္နီးခ်င္းေတြကဝယ္ဖို႔မလိုေပ။

အသားေတြအမ်ားႀကီးဝယ္တာျမင္ေသာေၾကာင့္ သားသတ္သမားကအိမ္ကိုေမးၿပီးပို႔ေပးခဲ့သည္။ဒါေၾကာင့္ ေခ်ာင္း႐ွန္က ဝက္အူ၊ဝက္အဆုတ္နဲ႔အသည္းတို႔ကိုအလကားရခဲ့သည္။

ေခ်ာင္း႐ွန္က႐ွက္လာတာေၾကာင့္ ဆီထုတ္ဖို႔ ဝက္သားအဆီအနည္းငယ္ဝယ္ခဲ့သည္။Great Zhouမင္းဆက္တြင္လူေတြက ဆီနဲ႔ေၾကာ္တဲ့အသီးအ႐ြက္အစား ျပဳတ္ထားတဲ့အသီးအ႐ြက္ကိုပဲစားၾကတာေၾကာင့္ ဆီကေစ်းႀကီးၿပီး ဝက္အဆီသည္ေစ်းအႀကီးဆုံးျဖစ္သည္။

အသားဝယ္ၿပီးေနာက္ ေခ်ာင္း႐ွန္က ဆန္ေခါက္ဆြဲဆိုင္ကိုသြားခဲ့သည္။ဒီလိုအခ်ိန္မွာ ေျပာင္းေကာ္ကိုေတြ႕တာေၾကာင့္အလြန္အံ့ၾသၿပီး ေျပာင္းေကာ္နဲ႔ ဆန္ေခ်ာကိုဝယ္လိုက္သည္။ေ႐ွာင္ခ်န္းလဲ့က အာဟာရခ်ိဳ႕တဲ့ေနတာေၾကာင့္ ဆန္ေခ်ာကသူ႕အစာအိမ္ကိုအာဟာရ႐ွိေစလိမ့္မည္။

ထို႔ေနာက္ သတ္သတ္လြတ္ဟင္းတစ္ခ်ိဳ႕ခ်က္ဖို႔ တို႔ဟူးေျခာက္ႏွင့္ ဟင္းခတ္အေမႊးအႀကိဳင္တစ္ခ်ိဳ႕ဝယ္ကာ အိမ္သို႔ျပန္လာခဲ့သည္။

ေ႐ွာင္ခ်န္းလဲ့က ကစားေနရင္းေရနည္းနည္းဆာလာသျဖင့္ သူ႕ေဖေဖ၏ေဘးကိုကပ္ကာ ေပါင္ကိုလွမ္းဆြဲၿပီး ေခါင္းေမာ့ကာႏူးႏူးညံ့ညံ့ေလးျပဳံးျပရင္း ပါးစပ္ဖြင့္ကာ ေအာ္ဟစ္လိုက္သည္။

ခ်ီ႐ိႈ႕ကအလုပ္လုပ္ေနတာကိုရပ္လိုက္ၿပီး လက္ကိုသုတ္ကာ ေ႐ွာင္ခ်န္းလဲ့ရဲ႕ေခါင္းကိုလက္ျဖင့္ အျမန္ လွမ္းထိန္းလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့ကေခါင္းေမာ့ေနၿပီး သူ႕ေဖေဖ၏ေျခေထာက္ေပၚလဲက်ကာ ေျမျပင္ႏွင့္ထိလုနီးပါးျဖစ္သြားခဲ့သည္။

ေ႐ွာင္ခ်န္းလဲ့ကမေၾကာက္ဘဲ ေပ်ာ္စရာေတြ႕တယ္လို႔ထင္သြားခဲ့သည္။ေခ်ာင္း႐ွန္ကလမ္းၾကားထဲကိုဝင္လိုက္တာနဲ႔ အေဝးကတည္းကသူ႕ရဲ႕ေအာ္သံေလးေတြႏွင့္ရယ္သံမ်ားကိုၾကားလိုက္ရသည္။ေခ်ာင္း႐ွန္က တံခါးေပါက္ကေနလွမ္းဝင္လိုက္တဲ့အခါ မိုးမခင္ေအာက္မွာထိုင္ေနတဲ့သားအဖႏွစ္ေယာက္ကိုေတြ႕လိုက္ရသည္။ခ်ီ႐ိႈ႕က သူ႕သား အူျမဴးၿပီး သူနဲ႔အတူလိုက္ေဆာ့ခိုင္းေနတာကိုၾကည့္ရင္း ခဏေလာက္အနားယူေနခဲ့သည္။သူကေက်ာက္စားပြဲေဘးက ကုလားထိုင္ေပၚမွာ သက္ေတာင့္သက္သာထိုင္ရင္း ေ႐ွာင္ခ်န္းလဲ့ကိုလက္တဖက္ျဖင့္ယပ္ခတ္ေပးေနသည္။ေ႐ွာင္ခ်န္းလဲ့က ပန္းကန္လုံးကိုကိုင္ကာ ေရေအးကိုစုပ္ေသာက္လိုက္ၿပီး သူ႕သားရဲ႕ ခ်စ္စဖြယ္အသြင္အျပင္ေလးေတြကိုၾကည့္ရင္း ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ရတာက တကယ္ပင္ပန္းေပမယ့္စိတ္ခ်မ္းသာရတယ္လို႔ သူ႕ကိုယ္သူေတြးေနသည္။

ေ႐ွာင္ခ်န္းလဲ့က ေခ်ာင္း႐ွန္ကိုျမင္တဲ့အခါ ပန္းကန္လုံးကိုတုန္ခ်ိခ်ိကိုင္ရင္း ေျခလွမ္းေသးေသးေလးေတြဘယ္ညာယိမ္းကာ ေခ်ာင္း႐ွန္ရဲ႕ေျခေထာက္ဆီသို႔လာေတာ့သည္။သူလာတဲ့လမ္းတေလွ်ာက္ထြက္က်ခဲ့တာေၾကာင့္ပန္းကန္ထဲတြင္ေျပာင္႐ွင္းကာ သိပ္မက်န္ေတာ့ေပမယ့္ သူ႕ပါပါးကို ျပဳံးကာေပးလိုက္သည္။

"ေကာင္းလိုက္တာ။ ငါတို႔ရဲေ႐ွာင္ခ်န္းလဲ့က ပါပါးဆီကိုေရယူလာေပးတာပဲ"

ေခ်ာင္း႐ွန္က ဝယ္လာတဲ့ပစၥည္းေတြကိုယူဖို႔ေရာက္လာတဲ့ခ်ီ႐ိႈ႕ကိုေပးလိုက္သည္။ ေ႐ွာင္ခ်န္းလဲ့ ကိုင္ထားတဲ့ပန္းကန္လုံးကိုလွမ္းယူကာ ေသာက္ေလဟန္လုပ္ၿပီး ပန္းကန္ကိုျပန္ေပးလိုက္ရင္း ေ႐ွာင္ခ်န္းလဲ့ရဲ႕ေခါင္းကိုနမ္းလိုက္သည္။

ေ႐ွာင္ခ်န္းလဲ့ကတခစ္ခစ္ရယ္ၿပီး ပန္းကန္လုံးကိုကိုင္ကာ ေခ်ာင္း႐ွန္ရဲ႕ ေျခေထာက္ကို ႏြားေပါက္ကေလးလို တိုးေဝွ႔လိုက္သည္။ေခ်ာင္း႐ွန္က ထိုင္ခ်လိုက္ၿပီး ေ႐ွာင္ခ်န္းလဲ့နဲ႔အတူလိုက္ၿပီး သူ႕ခႏၶာကိုယ္ေလးကိုဟိုဘက္ဒီဘက္လႈပ္ေပးလိုက္သည္။

ေ႐ွာင္ခ်န္းလဲ့ရဲ႕ ကေလးဆန္ဆန္ အျပဳအမူေလးေတြကိုေစာင့္ၾကည့္ၿပီးေနာက္ ေခ်ာင္း႐ွန္က မီးဖိုေခ်ာင္ထဲဝင္ၿပီး အလုပ္စလိုက္သည္။ေ႐ွာင္ခ်န္းလဲ့က မီးဖိုတံခါးနားကခုံတန္းေပၚတြင္ၿငိမ္ၿငိမ္ေလးထိုင္ေနသည္။ ေခ်ာင္း႐ွန္ကအလုပ္မ်ားေနရင္း ေ႐ွာင္ခ်န္းလဲ့ကိုလည္း စကားေျပာတတ္ေအာင္သင္ေပးေနသည္။အနည္းဆုံးေတာ့ ေဖေဖနဲ႔ပါပါးလို႔ ေခၚတတ္ေအာင္ သင္ဖို႔လိုသည္။

Continue Reading

You'll Also Like

323K 40.1K 39
own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing
39.7K 5.8K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
1M 48.6K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
75.4K 2.2K 5
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ