ရှေးခေတ်ကာလတွင် ကလေးပြုစုပျို...

By PoRoRo0812

383K 47.1K 738

Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator... More

အခန်း ၁
အခန်း ၂
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
no update
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅ (final)

အခန်း ၃

13.2K 1.6K 15
By PoRoRo0812

Raising Children in Ancient County Town

Unicode

အခန်း : ၃

ချောင်းရှန်က ရေနွေးအိုးတစ်အိုးထပ်တည်ပြီး ရေချိုးဖို့ပြင်လိုက်သည်။ ရာသီဥတုကပူနေပေမယ့် သူအအေးမိနေတာကပြန်မကောင်းသေးဘူး။ ရှောင်ချန်းလဲ့ကလည်း ရေအေးနှင့်မချိုးနိုင်တာကြောင့်  ရေချိုးတဲ့အချိန်တိုင်း ရေနွေးတည်ရသည်။ 

ညနေပိုင်းရောက်နေတာတောင် နေကမဝင်သေးပဲလေတွေလည်းပူနေသည်။ ချောင်းရှန်က ရေစည်ပိုင်းကိုယူပြီး ရေနွေးနဲ့စပ်လိုက်သည်။ စည်ပိုင်းကလေးတာကြောင့် မိုးမခပင်အောက်ကိုရွေ့ပေးဖို့ချီရှို့ကိုပြောလိုက်သည်။ ချောင်းရှန်က ရှောင်ချန်းလဲ့ကိုကောက်မလိုက်ပြီး ရေချိုးဖို့ရေစည်ပိုင်းထဲထည့်လိုက်သည်။ 

ရှေးခေတ်ကလူတွေကပူနေရင်တောင်မှ သူတို့ခန္ဓာကိုယ်ကို လုံခြုံအောင်ဖုံးအုပ်ဝတ်စားကြတာကြောင့် ရှောင်ချန်းလဲ့က ဖြူဖွေးပြီးနူးညံ့နေပေမယ့် အကြာကြီးအာဟာရချို့တဲ့ခဲ့တာကြောင့် အနည်းငယ်ပိန်နေသည်။ ချောင်းရှန်က အဝတ်ပုဝါကိုယူပြီး ကလေးတစ်ကိုယ်လုံးကိုညင်သာစွာသုတ်ပေးလိုက်သည်။ ရေချိုးပြီးသွားတဲ့ရှောင်ချန်းလဲ့က ခြေထောက်တိုတိုလေးတွေက ရေတွေကိုကန်ဆော့နေပေမယ့် သူ့ခန္ဓာကိုယ်ကတော့ဆောင့်ကြောင့်ထိုင်နေတဲ့ချောင်းရှန်ရဲ့လက်မောင်းတွေထဲ ရောက်နေသည်။

ရှောင်ချန်းလဲ့ကိုချည်ထည်ပုဝါနဲ့ထုပ်ပြီးအခန်းထဲဝင်ခဲ့ကြသည်။ ချောင်းရှန်ကတော့ရေတွေစိုနေပြီဖြစ်လို့ ကလေးကိုအဝတ်အစားလဲပေးပြီးတော့ ချီရှို့ရှေ့မှာရှိတဲ့ သစ်သားပုံးထဲအမြန်ထည့်လိုက်ပြီး ပြန်လှည့်ကာ ရေအပူချိန်စမ်းကြည့်ပြီး ရေသွားချိုးတော့သည်။

မီးဖိုချောင်ထဲကအသားနံ့ထွက်လာသောအခါ အနံ့ရလိုက်တဲ့ရှောင်ချန်းလဲ့က အငြိမ်မနေနိုင်တော့ပေ။ ဘာကများဒီလောက်မွှေးနေရတာလဲလို့ကြည့်ဖို့ သူ့ကိုမြန်မြန်ခေါ်ရန် ချီရှို့ကို လက်ကမ်းပေးနေသည်။ ချီရှို့က သူ့သားရဲ့ဂနာမငြိမ်တဲ့ခန္ဓာကိုယ်ကိုမြင်တော့ လက်ဆေးကာ ရှောင်ချန်းလဲ့ကိုကောက်ချီလိုက်ပြီး မီးဖိုထဲကိုတစ်ချက်ကြည့်ဖို့သွားခဲ့သည်။ 

ဟင်းအိုးကို ထင်းအနည်းငယ်ထည့်ပြီး မီးနည်းနည်းနဲ့နှပ်ထားမယ်လို့သူမထင်လိုက်ဘူး။မီးဖိုချောင်က ဝက်သားနှပ်အိုးအနံ့တွေပြည့်နေပြီး ချီရှို့လိုဗိုက်မဆာသေးတဲ့သူကိုတောင် စားချင်စိတ်ဖြစ်စေသည်။

ထင်းထပ်ထည့်ပြီးနောက် ချီရှို့က မိုးမခပင်ရဲ့အကိုင်းတွေနဲ့ဆော့နေတဲ့ရှောင်ချန်းလဲ့ကိုချီပြီးမီးဖိုချောင်ထဲမှအမြန်ထွက်ခဲ့သည်။ ထိုအချိန်မှာ ရေချိုးပြီးသွားတဲ့ချောင်းရှန်ကအခန်းထဲမှထွက်လာခဲ့သည်။ချီရှို့က မိုးမခကိုင်းတွေကိုပါးစပ်ထဲမထည့်အောင် ရှောင်ချန်းလဲ့ကို တားနေရင်း မီးဖိုချောင်ထဲသွားနေတဲ့ချောင်းရှန်ကိုမြင်တော့ပြောလိုက်သည်။

"မီးငြိမ်းသွားမှာစိုးလို့ ငါထင်းနည်းနည်းထပ်ထည့်ထားသေးတယ်"

ချောင်းရှန်ကအသံပြန်ပြုရင်း မီးကိုကြည့်ကာ အိုးအဖုံးဖွင့်ပြီး ဝက်သားကိုတူဖြင့်ထိုးကြည့်လိုက်သည်။မီးအများကြီးမထည့်ထားတာကြောင့် စားဖို့အဆင်သင့်ဖြစ်ခါနီးနေပြီဖြစ်သည်။ 

ခြံဝန်းထဲကိုပြန်လာရင်း ချောင်းရှန်ကတစ်ချက်တွေးကာပြောလိုက်သည်။

"အစ်ကို့အတွက်ရေနွေးတည်ထားတယ်။ ရေအေးနဲ့ရောသုံးလိုက်။ အအေးမမိစေနဲ့"

ချီရှို့က သူ့ဆီမှာ အငြိမ်မနေတော့တဲ့ရှောင်ချန်းလဲ့ကို ချောင်းရှန်ဆီလှမ်းပေးလိုက်သည်။ရှောင်ချန်းလဲ့က သူမိုးမခကိုင်း စားချင်တာကိုတားနေတဲ့သူ့ဖေဖေဆီမနေချင်တော့တာကြောင့် ခန္ဓာကိုယ်ကိုတွန့်လိန်နေတာဖြစ်သည်။

"အအေးမိတယ်ဆိုတာဘာကိုပြောတာလဲ။မဟုတ်ပါဘူး အပူက ရေအေးနဲ့တွေ့ရင်ပျောက်သွားတာပါ"

ယေဘုယျအားဖြင့် သန်မာတဲ့ယန်နဲ့ပူလောင်တဲ့ခန္ဓာကိုယ်ရှိတဲ့အမျိုးသားတစ်ယောက်ပဲဖြစ်သည်။

"အဲ့ဒါကအအေးမိတဲ့ရောဂါတစ်မျိုးပါ။ ရေမြန်မြန်သွားချိုးတော့ နေဝင်သွားရင်ပိုအေးလာလိမ့်မယ်"

ချောင်းရှန်က ရှောင်ချန်းလဲ့ကိုကျောက်စားပွဲပေါ်မှာမတ်တပ်ရပ်နိုင်အောင်ထိန်းပေးတော့ ရှောင်ချန်းလဲ့က ပါးစပ်က အသံတွေလျှောက်အော်ပြီး ချောင်းရှန်ရဲ့ရင်ခွင်ထဲယိုင်ကျသွားသည်။

ဗိုက်ပြန်ဆာနေပြီဖြစ်တာကြောင့် သူ့နှုတ်ခမ်းတွေကို လှုပ်ကာ သွားရည်တွေယိုနေသည်။

"ငါတို့ရဲ့ချန်းလဲ့က ဗိုက်ဆာနေပြီလို့ပြောတာလား။ ပါပါးကိုစားချင်တယ်လို့ပြောကြည့်ပါဦး။ အသား..စား..ချင်တယ်"

(T/N:E tranမှာ Daddyလို့ရေးထားပေမယ့် ချီရှို့ကိုဖေဖေ၊ ချောင်းရှန်ကိုပါပါးလို့ပဲသုံးလိုက်ပါတယ်နော်)

"Umm..ဒ...ဒါ.."

"ပါပါး"

"ဒ...ဒါ"

"ပါပါး"

"ဒါ..."

ချောင်းရှန်ကသက်ပြင်းရှည်ကြီးချလိုက်သည်။ ကလေးကနှစ်နှစ်ပဲရှိသေးတော့ ပါပါးလို့မခေါ်တတ်တာဖြစ်သင့်ပါတယ်လေ...

ကိစ္စမရှိပါဘူး။ ​ဖြည်းဖြည်းချင်းသင်ကြတာပေါ့။

ရှောင်ချန်းလဲ့ကိုချီလိုက်ပြီးမီးဖိုထဲဝင်ကာ ပန်းကန်လုံးယူပြီးကြက်ဥငံပြာရည်စိမ်နှစ်လုံးကိုထည့်လိုက်သည်။ ခြံထဲကကျောက်စားပွဲမှာထိုင်ရန်ပြန်လျှောက်လာခဲ့ပြီး ကြက်ဥကိုအခွံခွါကာ ရှောင်ချန်းလဲ့ကိုကျွေးလိုက်သည်။အရည်စိမ်ထားတဲ့ကြက်ဥက ရှောင်ချန်းလဲ့ရဲ့အစားစားချင်စိတ်ကိုတိုးလာစေပြီး နှစ်လုံးလုံးကုန်အောင်စားလိုက်သည်။ စားပြီးတာနဲ့ ချောင်းရှန်ရဲ့လက်ကိုဆွဲပြီး မီးဖိုထဲကိုသွားချင်ခဲ့သည်။

မီးဖိုထဲတွင် မီးအရှိန်ပြန်မြှင့်ထားပြီး ကန်စွန်းဥနှင့်ပြောင်းဖူးပြုတ်ထားတာကြောင့် ချောင်းရှန်က ကလေးကိုအထဲမဝင်စေချင်ဘူး။ဒါကြောင့် ကလေးရဲ့နူးညံ့တဲ့ခန္ဓာကိုယ်ကိုထိန်းပြီးရေတစ်ခွက်တိုက်လိုက်ကာ ချော့လိုက်ရင်းသစ်ပင်ပေါ်ကပုရွတ်ဆိတ်တွေကိုပြလိုက်သည်။

ချီရှို့ရေချိုးပြီးသွားသောအခါ ကလေးကိုသူ့မျက်စိအောက်ထားခဲ့ပြီး ချောင်းရှန်ကမီးဖိုချောင်ထဲကိုပြန်ဝင်သွားခဲ့သည်။ နှပ်ထားသော ကြာစွယ်နှင့်ဝက်သားကိုအပိုင်းပိုင်းလှီးကာ ကန်စွန်းဥနှင့်ပြောင်းဖူးကိုလည်းသယ်လာခဲ့သည်။

ကျောက်စားပွဲပေါ်ကရှောင်ချန်းလဲ့က ဟင်းအနံ့ရလိုက်သည်။ဟင်းပန်းကန်ကိုလှမ်းဆွဲချင်တာကြောင့်သူ့ဖေဖေ၏ပေါင်ကိုနင်းကာ ခန္ဓာကိုယ်ကလှုပ်ခါနေပြီး သူ့ဖေဖေလက်မောင်းကြားမတ်တပ်ရပ်ရင်း တက်ကြွနေခဲ့သည်။ချောင်းရှန်က ပြောင်းဖူးစေ့အနည်းငယ်ကိုခြွေကာ ပန်းကန်ထဲထည့်ပြီး ​အိကြေနေတဲ့ဝက်သားနှပ်နဲ့ရောကာ ရှောင်ချန်းလဲ့ကို သစ်သားဇွန်းဖြင့် သူ့ဘာသာစားခိုင်းလိုက်သည်။

အသားကအရသာရှိပြီး ဟင်းရည်ထဲမြှုပ်နေပေမယ့် အိစက်ကာစေးကပ်မနေပဲ မဆိုးလှပေ။ ပါးစပ်ထဲမှာအဆီတွေပြည့်နေတဲ့ချီရှို့တောင် ခေါက်ဆွဲနှစ်ပန်းကန်စားထားတာတောင်မှ သူထပ်စားနိုင်တုန်းပဲ။

ချောင်းရှန်က ဝက်ခြေထောက်ကိုကိုက်နေရင်း ကောင်းကောင်းစားနေကြတဲ့ချီရှို့နဲ့ ရှောင်ချန်းလဲ့ကို ကြည့်လိုက်သည်။ သူ့ရဲ့ဟင်းချက်စွမ်းရည်ကို ယုံကြည်ချက်ချက်ချင်းရှိသွားသည်။ကြည့်ရတာသူ့မှာ လုပ်တတ်တာတစ်ခုခုတော့ရှိသေးပုံရပြီး ရှောင်ချန်းလဲ့ကို ကျွေးမွေးဖို့ပိုက်ဆံရှာနိုင်သေးသည်။

စားပြီးတာနဲ့ မိုးချုပ်လာပြီ။ညနေစောင်းလာတော့ လေကလည်းအနည်းငယ်ငြိမ်သွားပြီး ချောင်းရှန်က ကျန်နေသောဝက်သားနှပ်ကို ​ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ မြေအိုးထဲသို့လောင်းထည့်လိုက်သည်။ညဘက်မှာအပူချိန်ကနိမ့်တာကြောင့် မသိုးနိုင်ပဲ မနက်ဖြန်မှာအဲ့ဒါကိုစားလို့ရသည်။

မီးဖိုကိုရှင်းလင်းပြီးနောက် ခြံတံခါးကိုသော့ခတ်ရန် သော့ချိတ်ကိုချပြီး အခန်းထဲသို့ဝင်လာခဲ့သည်။တစ်ရက်တာအတွက် အရှက်ရဆုံးအချိန်ကတော့ ဒီအချိန်ပါပဲ။ကံကောင်းထောက်မလို့ ရှောင်ချန်းလဲ့ကသူတို့နဲ့အတူအိပ်လေသည်။ သူ့ခန္ဓာကိုယ်ကသေချာပြန်မကောင်းသေးတာကြောင့်လည်းဖြစ်နိုင်ပြီး ချီရှို့ကတော့လွန်လွန်ကျူးကျူးမပြုမူလာပေ။

ချောင်းရှန်က သူ့မိခင်၏လွှမ်းမိုးမှုကြောင့် မိသားစုအပေါ်တာဝန်ယူမှု၊ တာဝန်သိမှုရှိသော်လည်း ယောက်ျားတစ်ယောက်နှင့်အတူလဲလျောင်းနေရသည့်အဖြစ်အပျက်ကိုလက်မခံနိုင်သေးပေ။

အခန်းထဲတွင်ဆီမီးခွက်တစ်ခုရှိကာ ရှောင်ချန်းလဲ့က ကုတင်ပေါ်မှာလှိမ့်နေပြီးချီရှို့ကတော့ လက်သမားပစ္စည်းအသေးလေးတွေနဲ့သစ်သားစားပွဲကြီးရဲ့ဘေးမှာထိုင်နေသည်။ ချောင်းရှန်ကသူနေမကောင်းသေးဘူးဆိုတာကိုသိသာအောင် နှစ်ကြိမ်လောက်ချောင်းဆိုးလိုက်ပြီး စိတ်မလုံဖြစ်ကာ ကုတင်ပေါ်ထိုင်လိုက်ရင်းရှောင်ချန်းလဲ့ရဲ့နဖူးကိုထိလိုက်သည်။

လက်ကချွေးတွေကိုစမ်းလိုက်မိတဲ့အခါ ရှောင်ချန်းလဲ့က ပူပြီးချွေးတွေထွက်နေလေပြီ။ ရှောင်ချန်းလဲ့ကိုသတိထားမိသွားတဲ့ချောင်းရှန်က ဗီရိုကိုဖွင့်ကာ ကလေးအဝတ်အစားတွေကိုထုတ်ယူလိုက်သည်။ကလေးကအကြီးမြန်တာကြောင့် ဘယ်နှခါမှတောင်မဝတ်ရသေးပဲ အဝတ်တွေကသေးကုန်ပြီ။

'အကုန်အကောင်းပဲရှိသေးတယ်။ တစ်ရက်ရက်ကျရွာပြန်မယ့်အကြောင်းတွေးမိတော့ လျှော်ပြီးရင်သူများကိုပေးဖို့ ရွာကအိမ်ကိုပြန်ယူသွားမယ်။ရွာကမိသားစုက ကလေးတွေအတွက်လိုနိုင်တယ်။'

ချောင်းရှန်က ကတ်ကြေးရှာကာ အဝတ်တွေကိုညှပ်ကာ ရှောင်ချန်းလဲ့ဝတ်ဖို့ အိမ်လုပ်diaperချုပ်လိုက်သည်။ဒီလိုပူတဲ့ရက်မျိုးမှာ အဝတ်ထဲက မိတ်တွေကိုဖုံးထားလို့မရတော့ပေ။ချီရှို့သည် ချောင်းရှန်က ရှောင်ချန်းလဲ့ရဲ့အဝတ်ဟောင်းတွေညှပ်နေတာကိုကြည့်ပြီးအလုပ်လုပ်နေတာရပ်သွားသည်။ ချောင်းရှန်ရဲ့အပြုအမူတွေကထူးဆန်းနေတယ်လို့ရက်အတော်ကြာတွေးနေခဲ့ပေမယ့် ရှောင်ချန်းလဲ့ကိုတော့သေချာပြုစုစောင့်ရှောက်ပေးတာကြောင့် အဆုံးမှာဘာမှမပြောဖြစ်တော့ပေ။ 

မကြာခင်မှာ ခေတ်သစ်ကကလေးdiaperများကိုပုံစံယူ၍ ရှောင်ချန်းလဲ့အတွက် ချည်ထည်diaperများလုပ်ခဲ့သည်။ကျွတ်မကျစေပဲအနည်းငယ်သာချောင်ချိတဲ့ဘောင်းဘီတွေလည်းလုပ်လိုက်သည်။ကျန်တဲ့အထည်တွေကိုကြည့်ပြီးချောင်းရှန်က  ရှောင်ချန်းလဲ့အတွက် ကြိုးနှစ်ချောင်းပါတဲ့Bellybandလေးလုပ်လိုက်သည်။ဒါဆို ရှောင်ချန်းလဲ့ဗိုက်အောင့်မှာ ပူစရာမလိုတော့ဘူး။

သူလုပ်ထားတာတွေကိုကြည့်ပြီး ချောင်းရှန်ကမရယ်ပဲမနေနိုင်တော့ဘူး။ချီရှို့က ချောင်းရှန်ရဲ့ပြုံးနေတဲ့ မျက်နှာကိုမြင်တော့ အလုပ်လုပ်နေတာရပ်သွားသည်။လက်ရှိ ချောင်းရှန်က သူ့ကို ပျော်ရွှင်စေတဲ့ပထမဆုံးအချိန်ပါပဲ။

သိမ်းဆည်းပြီးသွားတော့ ချောင်းရှန်က အင်္ကျီဝတ်လျက်နဲ့ပဲ ရှောင်ချန်းလဲ့ကို သူ့ရင်ခွင်ထဲထည့်ကာအိပ်ရာထဲတွင်လဲလျောင်းနေသည်။ရှေးခေတ်ကကုတင်တွေက ကြီးမားကျယ်ဝန်းသည့်ခန်နဲ့ဆင်တူသည်။

(T/N :ခန်ဆိုတာက အောက်ကနေအပူပေးထားလို့ရတဲ့မီးဖိုလိုကုတင်ပါတဲ့)

ရှောင်ချန်းလဲ့က ရေချိုးတဲ့အချိန်က လွဲလို့တက်ကြွမနေဘူး။ လှဲအိပ်နေတဲ့ချောင်းရှန်ရဲ့ဘေးမှာထိုင်လိုက်ပြီးခေါင်းကိုငုံ့ကာ ပေါင်ကိုလက်ချောင်းသေးသေးလေးတွေနဲ့ ဖိနေသည်။

ရှောင်ချန်းလဲ့ရဲ့ အင်္ကျီနောက်ကချီထားတဲ့ကြိုးစလေးကိုကြည့်မိတော့ နောက်ကျောလေးက သေးငယ်ပြီးနူးညံ့နေကာ ကလေးကအနည်းငယ်ပိန်နေတုန်းပဲရှိသေးသည်။ချောင်းရှန်ကရှောင်ချန်းလဲ့ကိုလှမ်းဆွဲပြီး သူ့ရင်ဘတ်ပေါ်တင်ကာ အိပ်ခိုင်းလိုက်သည်။ရှောင်ချန်းလဲ့က သူ့လက်လေးတွေကို ချောင်းရှန်ရဲ့ပုခုံးပေါ်တင်ထားပြီးတ​​ဖြည်းဖြည်းတိတ်ဆိတ်သွားသည်။

ကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်နေသည်။ မီးအိမ်ကသိပ်မလင်းတော့တာကြောင့် ချီရှို့က အလုပ်ကိုလက်စသတ်လိုက်ကာ အိပ်ဖို့ပြင်တော့သည်။သန့်ရှင်းရေးလုပ်ပြီးသွားတော့မီးအိမ်ကိုပိတ်လိုက်သည်။ ချီရှို့က အမှောင်ထဲမှာအသားကျသွားတဲ့အခါ လရောင်အောက်ကအိပ်ပျော်နေပြီဖြစ်တဲ့ချောင်းရှန်ကိုကြည့်လိုက်သည်။ချောင်းရှန် က ရေထဲပြုတ်ကျပြီးပြန်နိုးလာကတည်းက ရှောင်ချန်းလဲ့ကိုလည်းမကြာခဏပွေ့ချီကာ တက်ကြွတဲ့လူအဖြစ်ပြောင်းလဲသွားသည်ဟုသူထင်သည်။ အရင်ကချောင်းရှန်ဆိုလျှင် ရှောင်ချန်းလဲ့ကိုချီဖို့ခဲယဥ်းသည်။

ရှောင်ချန်းလဲ့က ကလေးဘဝကတည်းက ချီရှို့နဲ့တူသည်။ တော်ရုံမငိုသလို အစားလည်းမရွေးပေ။ဒါကြောင့်လည်း မူလချောင်းရှန်က ကလေးကိုပိုပြီးပစ်ထားတတ်သည်။ ခုရက်ပိုင်း ချောင်းရှန်ကိုပိုပိုပြီးကပ်တွယ်လာတဲ့ရှောင်ချန်းလဲ့ကိုကြည့်ရတာ ချောင်းရှန်က အရင်လိုမကြိုက်ပုံမရပဲ ရှောင်ချန်းလဲ့ကိုချစ်လာပုံရသည်။ဒါကောင်းသားပဲလို့ ချီရှို့ကစိတ်သက်သာရာရစွာတွေးလိုက်သည်။ကလေးကိုအခုလိုချစ်ခင်ပျိုးထောင်ပေးသရွေ့ သူကလည်းပျင်းမနေပဲပိုက်ဆံကိုကြိုးကြိုးစားစားရှာပေးနိုင်သည်။ ချီရှို့က ချောင်းရှန်ရဲ့အပေါ်ကရှောင်ချန်းလဲ့ကို အသာမလိုက်ကာ ဘေးသို့ချပေးလိုက်ပြီးအိပ်ဖို့ပြင်လိုက်သည်။

ချောင်းရှန်က ကိုယ်အလေးချိန်ကျနေတဲ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်တဲ့အနေအထားပြောင်းနေရင်း ခြေထောက်ကိုလည်းမသိစိတ်မှဘေးသို့သွားတင်တတ်သည်။ချီရှို့က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ချောင်းရှန်ကိုကြည့်ကာ မျက်လုံးမှိတ်လိုက်ပြီးတ​ဖြည်းဖြည်းအိပ်ပျော်သွားတော့သည်။

ကြက်ဥငံပြာရည်စိမ်

ခန်

Bellyband

Zawgyi

အခန္း : ၃

ေခ်ာင္း႐ွန္က ေရေႏြးအိုးတစ္အိုးထပ္တည္ၿပီး ေရခ်ိဳးဖို႔ျပင္လိုက္သည္။ ရာသီဥတုကပူေနေပမယ့္ သူအေအးမိေနတာကျပန္မေကာင္းေသးဘူး။ ေ႐ွာင္ခ်န္းလဲ့ကလည္း ေရေအးႏွင့္မခ်ိဳးႏိုင္တာေၾကာင့္  ေရခ်ိဳးတဲ့အခ်ိန္တိုင္း ေရေႏြးတည္ရသည္။ 

ညေနပိုင္းေရာက္ေနတာေတာင္ ေနကမဝင္ေသးပဲေလေတြလည္းပူေနသည္။ ေခ်ာင္း႐ွန္က ေရစည္ပိုင္းကိုယူၿပီး ေရေႏြးနဲ႔စပ္လိုက္သည္။ စည္ပိုင္းကေလးတာေၾကာင့္ မိုးမခပင္ေအာက္ကိုေ႐ြ႕ေပးဖို႔ခ်ီ႐ိႈ႕ကိုေျပာလိုက္သည္။ ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ကိုေကာက္မလိုက္ၿပီး ေရခ်ိဳးဖို႔ေရစည္ပိုင္းထဲထည့္လိုက္သည္။ 

ေ႐ွးေခတ္ကလူေတြကပူေနရင္ေတာင္မွ သူတို႔ခႏၶာကိုယ္ကို လုံျခဳံေအာင္ဖုံးအုပ္ဝတ္စားၾကတာေၾကာင့္ ေ႐ွာင္ခ်န္းလဲ့က ျဖဴေဖြးၿပီးႏူးညံ့ေနေပမယ့္ အၾကာႀကီးအာဟာရခ်ိဳ႕တဲ့ခဲ့တာေၾကာင့္ အနည္းငယ္ပိန္ေနသည္။ ေခ်ာင္း႐ွန္က အဝတ္ပုဝါကိုယူၿပီး ကေလးတစ္ကိုယ္လုံးကိုညင္သာစြာသုတ္ေပးလိုက္သည္။ ေရခ်ိဳးၿပီးသြားတဲ့ေ႐ွာင္ခ်န္းလဲ့က ေျခေထာက္တိုတိုေလးေတြက ေရေတြကိုကန္ေဆာ့ေနေပမယ့္ သူ႕ခႏၶာကိုယ္ကေတာ့ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ေခ်ာင္း႐ွန္ရဲ႕လက္ေမာင္းေတြထဲ ေရာက္ေနသည္။

ေ႐ွာင္ခ်န္းလဲ့ကိုခ်ည္ထည္ပုဝါနဲ႔ထုပ္ၿပီးအခန္းထဲဝင္ခဲ့ၾကသည္။ ေခ်ာင္း႐ွန္ကေတာ့ေရေတြစိုေနၿပီျဖစ္လို႔ ကေလးကိုအဝတ္အစားလဲေပးၿပီးေတာ့ ခ်ီ႐ိႈ႕ေ႐ွ႕မွာ႐ွိတဲ့ သစ္သားပုံးထဲအျမန္ထည့္လိုက္ၿပီး ျပန္လွည့္ကာ ေရအပူခ်ိန္စမ္းၾကည့္ၿပီး ေရသြားခ်ိဳးေတာ့သည္။

မီးဖိုေခ်ာင္ထဲကအသားနံ႔ထြက္လာေသာအခါ အနံ႔ရလိုက္တဲ့ေ႐ွာင္ခ်န္းလဲ့က အၿငိမ္မေနႏိုင္ေတာ့ေပ။ ဘာကမ်ားဒီေလာက္ေမႊးေနရတာလဲလို႔ၾကည့္ဖို႔ သူ႕ကိုျမန္ျမန္ေခၚရန္ ခ်ီ႐ိႈ႕ကို လက္ကမ္းေပးေနသည္။ ခ်ီ႐ိႈ႕က သူ႕သားရဲ႕ဂနာမၿငိမ္တဲ့ခႏၶာကိုယ္ကိုျမင္ေတာ့ လက္ေဆးကာ ေ႐ွာင္ခ်န္းလဲ့ကိုေကာက္ခ်ီလိုက္ၿပီး မီးဖိုထဲကိုတစ္ခ်က္ၾကည့္ဖို႔သြားခဲ့သည္။ 

ဟင္းအိုးကို ထင္းအနည္းငယ္ထည့္ၿပီး မီးနည္းနည္းနဲ႔ႏွပ္ထားမယ္လို႔သူမထင္လိုက္ဘူး။မီးဖိုေခ်ာင္က ဝက္သားႏွပ္အိုးအနံ႔ေတြျပည့္ေနၿပီး ခ်ီ႐ိႈ႕လိုဗိုက္မဆာေသးတဲ့သူကိုေတာင္ စားခ်င္စိတ္ျဖစ္ေစသည္။

ထင္းထပ္ထည့္ၿပီးေနာက္ ခ်ီ႐ိႈ႕က မိုးမခပင္ရဲ႕အကိုင္းေတြနဲ႔ေဆာ့ေနတဲ့ေ႐ွာင္ခ်န္းလဲ့ကိုခ်ီၿပီးမီးဖိုေခ်ာင္ထဲမွအျမန္ထြက္ခဲ့သည္။ ထိုအခ်ိန္မွာ ေရခ်ိဳးၿပီးသြားတဲ့ေခ်ာင္း႐ွန္ကအခန္းထဲမွထြက္လာခဲ့သည္။ခ်ီ႐ိႈ႕က မိုးမခကိုင္းေတြကိုပါးစပ္ထဲမထည့္ေအာင္ ေ႐ွာင္ခ်န္းလဲ့ကို တားေနရင္း မီးဖိုေခ်ာင္ထဲသြားေနတဲ့ေခ်ာင္း႐ွန္ကိုျမင္ေတာ့ေျပာလိုက္သည္။

"မီးၿငိမ္းသြားမွာစိုးလို႔ ငါထင္းနည္းနည္းထပ္ထည့္ထားေသးတယ္"

ေခ်ာင္း႐ွန္ကအသံျပန္ျပဳရင္း မီးကိုၾကည့္ကာ အိုးအဖုံးဖြင့္ၿပီး ဝက္သားကိုတူျဖင့္ထိုးၾကည့္လိုက္သည္။မီးအမ်ားႀကီးမထည့္ထားတာေၾကာင့္ စားဖို႔အဆင္သင့္ျဖစ္ခါနီးေနၿပီျဖစ္သည္။ 

ျခံဝန္းထဲကိုျပန္လာရင္း ေခ်ာင္း႐ွန္ကတစ္ခ်က္ေတြးကာေျပာလိုက္သည္။

"အစ္ကို႔အတြက္ေရေႏြးတည္ထားတယ္။ ေရေအးနဲ႔ေရာသုံးလိုက္။ အေအးမမိေစနဲ႔"

ခ်ီ႐ိႈ႕က သူ႕ဆီမွာ အၿငိမ္မေနေတာ့တဲ့ေ႐ွာင္ခ်န္းလဲ့ကို ေခ်ာင္း႐ွန္ဆီလွမ္းေပးလိုက္သည္။ေ႐ွာင္ခ်န္းလဲ့က သူမိုးမခကိုင္း စားခ်င္တာကိုတားေနတဲ့သူ႕ေဖေဖဆီမေနခ်င္ေတာ့တာေၾကာင့္ ခႏၶာကိုယ္ကိုတြန္႔လိန္ေနတာျဖစ္သည္။

"အေအးမိတယ္ဆိုတာဘာကိုေျပာတာလဲ။မဟုတ္ပါဘူး အပူက ေရေအးနဲ႔ေတြ႕ရင္ေပ်ာက္သြားတာပါ"

ေယဘုယ်အားျဖင့္ သန္မာတဲ့ယန္နဲ႔ပူေလာင္တဲ့ခႏၶာကိုယ္႐ွိတဲ့အမ်ိဳးသားတစ္ေယာက္ပဲျဖစ္သည္။

"အဲ့ဒါကအေအးမိတဲ့ေရာဂါတစ္မ်ိဳးပါ။ ေရျမန္ျမန္သြားခ်ိဳးေတာ့ ေနဝင္သြားရင္ပိုေအးလာလိမ့္မယ္"

ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ကိုေက်ာက္စားပြဲေပၚမွာမတ္တပ္ရပ္ႏိုင္ေအာင္ထိန္းေပးေတာ့ ေ႐ွာင္ခ်န္းလဲ့က ပါးစပ္က အသံေတြေလွ်ာက္ေအာ္ၿပီး ေခ်ာင္း႐ွန္ရဲ႕ရင္ခြင္ထဲယိုင္က်သြားသည္။

ဗိုက္ျပန္ဆာေနၿပီျဖစ္တာေၾကာင့္ သူ႕ႏႈတ္ခမ္းေတြကို လႈပ္ကာ သြားရည္ေတြယိုေနသည္။

"ငါတို႔ရဲ႕ခ်န္းလဲ့က ဗိုက္ဆာေနၿပီလို႔ေျပာတာလား။ ပါပါးကိုစားခ်င္တယ္လို႔ေျပာၾကည့္ပါဦး။ အသား..စား..ခ်င္တယ္"

(T/N:E tranမွာ Daddyလို႔ေရးထားေပမယ့္ ခ်ီ႐ိႈ႕ကိုေဖေဖ၊ ေခ်ာင္း႐ွန္ကိုပါပါးလို႔ပဲသုံးလိုက္ပါတယ္ေနာ္)

"Umm..ဒ...ဒါ.."

"ပါပါး"

"ဒ...ဒါ"

"ပါပါး"

"ဒါ..."

ေခ်ာင္း႐ွန္ကသက္ျပင္း႐ွည္ႀကီးခ်လိုက္သည္။ ကေလးကႏွစ္ႏွစ္ပဲ႐ွိေသးေတာ့ ပါပါးလို႔မေခၚတတ္တာျဖစ္သင့္ပါတယ္ေလ...

ကိစၥမ႐ွိပါဘူး။ ​ျဖည္းျဖည္းခ်င္းသင္ၾကတာေပါ့။

ေ႐ွာင္ခ်န္းလဲ့ကိုခ်ီလိုက္ၿပီးမီးဖိုထဲဝင္ကာ ပန္းကန္လုံးယူၿပီးၾကက္ဥငံျပာရည္စိမ္ႏွစ္လုံးကိုထည့္လိုက္သည္။ ျခံထဲကေက်ာက္စားပြဲမွာထိုင္ရန္ျပန္ေလွ်ာက္လာခဲ့ၿပီး ၾကက္ဥကိုအခြံခြါကာ ေ႐ွာင္ခ်န္းလဲ့ကိုေကြၽးလိုက္သည္။အရည္စိမ္ထားတဲ့ၾကက္ဥက ေ႐ွာင္ခ်န္းလဲ့ရဲ႕အစားစားခ်င္စိတ္ကိုတိုးလာေစၿပီး ႏွစ္လုံးလုံးကုန္ေအာင္စားလိုက္သည္။ စားၿပီးတာနဲ႔ ေခ်ာင္း႐ွန္ရဲ႕လက္ကိုဆြဲၿပီး မီးဖိုထဲကိုသြားခ်င္ခဲ့သည္။

မီးဖိုထဲတြင္ မီးအ႐ွိန္ျပန္ျမႇင့္ထားၿပီး ကန္စြန္းဥႏွင့္ေျပာင္းဖူးျပဳတ္ထားတာေၾကာင့္ ေခ်ာင္း႐ွန္က ကေလးကိုအထဲမဝင္ေစခ်င္ဘူး။ဒါေၾကာင့္ ကေလးရဲ႕ႏူးညံ့တဲ့ခႏၶာကိုယ္ကိုထိန္းၿပီးေရတစ္ခြက္တိုက္လိုက္ကာ ေခ်ာ့လိုက္ရင္းသစ္ပင္ေပၚကပု႐ြတ္ဆိတ္ေတြကိုျပလိုက္သည္။

ခ်ီ႐ိႈ႕ေရခ်ိဳးၿပီးသြားေသာအခါ ကေလးကိုသူ႕မ်က္စိေအာက္ထားခဲ့ၿပီး ေခ်ာင္း႐ွန္ကမီးဖိုေခ်ာင္ထဲကိုျပန္ဝင္သြားခဲ့သည္။ ႏွပ္ထားေသာ ၾကာစြယ္ႏွင့္ဝက္သားကိုအပိုင္းပိုင္းလွီးကာ ကန္စြန္းဥႏွင့္ေျပာင္းဖူးကိုလည္းသယ္လာခဲ့သည္။

ေက်ာက္စားပြဲေပၚကေ႐ွာင္ခ်န္းလဲ့က ဟင္းအနံ႔ရလိုက္သည္။ဟင္းပန္းကန္ကိုလွမ္းဆြဲခ်င္တာေၾကာင့္သူ႕ေဖေဖ၏ေပါင္ကိုနင္းကာ ခႏၶာကိုယ္ကလႈပ္ခါေနၿပီး သူ႕ေဖေဖလက္ေမာင္းၾကားမတ္တပ္ရပ္ရင္း တက္ႂကြေနခဲ့သည္။ေခ်ာင္း႐ွန္က ေျပာင္းဖူးေစ့အနည္းငယ္ကိုေႁခြကာ ပန္းကန္ထဲထည့္ၿပီး ​အိေၾကေနတဲ့ဝက္သားႏွပ္နဲ႔ေရာကာ ေ႐ွာင္ခ်န္းလဲ့ကို သစ္သားဇြန္းျဖင့္ သူ႕ဘာသာစားခိုင္းလိုက္သည္။

အသားကအရသာ႐ွိၿပီး ဟင္းရည္ထဲျမႇဳပ္ေနေပမယ့္ အိစက္ကာေစးကပ္မေနပဲ မဆိုးလွေပ။ ပါးစပ္ထဲမွာအဆီေတြျပည့္ေနတဲ့ခ်ီ႐ိႈ႕ေတာင္ ေခါက္ဆြဲႏွစ္ပန္းကန္စားထားတာေတာင္မွ သူထပ္စားႏိုင္တုန္းပဲ။

ေခ်ာင္း႐ွန္က ဝက္ေျခေထာက္ကိုကိုက္ေနရင္း ေကာင္းေကာင္းစားေနၾကတဲ့ခ်ီ႐ိႈ႕နဲ႔ ေ႐ွာင္ခ်န္းလဲ့ကို ၾကည့္လိုက္သည္။ သူ႕ရဲ႕ဟင္းခ်က္စြမ္းရည္ကို ယုံၾကည္ခ်က္ခ်က္ခ်င္း႐ွိသြားသည္။ၾကည့္ရတာသူ႕မွာ လုပ္တတ္တာတစ္ခုခုေတာ့႐ွိေသးပုံရၿပီး ေ႐ွာင္ခ်န္းလဲ့ကို ေကြၽးေမြးဖို႔ပိုက္ဆံ႐ွာႏိုင္ေသးသည္။

စားၿပီးတာနဲ႔ မိုးခ်ဳပ္လာၿပီ။ညေနေစာင္းလာေတာ့ ေလကလည္းအနည္းငယ္ၿငိမ္သြားၿပီး ေခ်ာင္း႐ွန္က က်န္ေနေသာဝက္သားႏွပ္ကို ​ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔အတူ ေျမအိုးထဲသို႔ေလာင္းထည့္လိုက္သည္။ညဘက္မွာအပူခ်ိန္ကနိမ့္တာေၾကာင့္ မသိုးႏိုင္ပဲ မနက္ျဖန္မွာအဲ့ဒါကိုစားလို႔ရသည္။

မီးဖိုကို႐ွင္းလင္းၿပီးေနာက္ ျခံတံခါးကိုေသာ့ခတ္ရန္ ေသာ့ခ်ိတ္ကိုခ်ၿပီး အခန္းထဲသို႔ဝင္လာခဲ့သည္။တစ္ရက္တာအတြက္ အ႐ွက္ရဆုံးအခ်ိန္ကေတာ့ ဒီအခ်ိန္ပါပဲ။ကံေကာင္းေထာက္မလို႔ ေ႐ွာင္ခ်န္းလဲ့ကသူတို႔နဲ႔အတူအိပ္ေလသည္။ သူ႕ခႏၶာကိုယ္ကေသခ်ာျပန္မေကာင္းေသးတာေၾကာင့္လည္းျဖစ္ႏိုင္ၿပီး ခ်ီ႐ိႈ႕ကေတာ့လြန္လြန္က်ဴးက်ဴးမျပဳမူလာေပ။

ေခ်ာင္း႐ွန္က သူ႕မိခင္၏လႊမ္းမိုးမႈေၾကာင့္ မိသားစုအေပၚတာဝန္ယူမႈ၊ တာဝန္သိမႈ႐ွိေသာ္လည္း ေယာက်္ားတစ္ေယာက္ႏွင့္အတူလဲေလ်ာင္းေနရသည့္အျဖစ္အပ်က္ကိုလက္မခံႏိုင္ေသးေပ။

အခန္းထဲတြင္ဆီမီးခြက္တစ္ခု႐ွိကာ ေ႐ွာင္ခ်န္းလဲ့က ကုတင္ေပၚမွာလွိမ့္ေနၿပီးခ်ီ႐ိႈ႕ကေတာ့ လက္သမားပစၥည္းအေသးေလးေတြနဲ႔သစ္သားစားပြဲႀကီးရဲ႕ေဘးမွာထိုင္ေနသည္။ ေခ်ာင္း႐ွန္ကသူေနမေကာင္းေသးဘူးဆိုတာကိုသိသာေအာင္ ႏွစ္ႀကိမ္ေလာက္ေခ်ာင္းဆိုးလိုက္ၿပီး စိတ္မလုံျဖစ္ကာ ကုတင္ေပၚထိုင္လိုက္ရင္းေ႐ွာင္ခ်န္းလဲ့ရဲ႕နဖူးကိုထိလိုက္သည္။

လက္ကေခြၽးေတြကိုစမ္းလိုက္မိတဲ့အခါ ေ႐ွာင္ခ်န္းလဲ့က ပူၿပီးေခြၽးေတြထြက္ေနေလၿပီ။ ေ႐ွာင္ခ်န္းလဲ့ကိုသတိထားမိသြားတဲ့ေခ်ာင္း႐ွန္က ဗီ႐ိုကိုဖြင့္ကာ ကေလးအဝတ္အစားေတြကိုထုတ္ယူလိုက္သည္။ကေလးကအႀကီးျမန္တာေၾကာင့္ ဘယ္ႏွခါမွေတာင္မဝတ္ရေသးပဲ အဝတ္ေတြကေသးကုန္ၿပီ။

'အကုန္အေကာင္းပဲ႐ွိေသးတယ္။ တစ္ရက္ရက္က်႐ြာျပန္မယ့္အေၾကာင္းေတြးမိေတာ့ ေလွ်ာ္ၿပီးရင္သူမ်ားကိုေပးဖို႔ ႐ြာကအိမ္ကိုျပန္ယူသြားမယ္။႐ြာကမိသားစုက ကေလးေတြအတြက္လိုႏိုင္တယ္။'

ေခ်ာင္း႐ွန္က ကတ္ေၾကး႐ွာကာ အဝတ္ေတြကိုညႇပ္ကာ ေ႐ွာင္ခ်န္းလဲ့ဝတ္ဖို႔ အိမ္လုပ္diaperခ်ဳပ္လိုက္သည္။ဒီလိုပူတဲ့ရက္မ်ိဳးမွာ အဝတ္ထဲက မိတ္ေတြကိုဖုံးထားလို႔မရေတာ့ေပ။ခ်ီ႐ိႈ႕သည္ ေခ်ာင္း႐ွန္က ေ႐ွာင္ခ်န္းလဲ့ရဲ႕အဝတ္ေဟာင္းေတြညႇပ္ေနတာကိုၾကည့္ၿပီးအလုပ္လုပ္ေနတာရပ္သြားသည္။ ေခ်ာင္း႐ွန္ရဲ႕အျပဳအမူေတြကထူးဆန္းေနတယ္လို႔ရက္အေတာ္ၾကာေတြးေနခဲ့ေပမယ့္ ေ႐ွာင္ခ်န္းလဲ့ကိုေတာ့ေသခ်ာျပဳစုေစာင့္ေ႐ွာက္ေပးတာေၾကာင့္ အဆုံးမွာဘာမွမေျပာျဖစ္ေတာ့ေပ။ 

မၾကာခင္မွာ ေခတ္သစ္ကကေလးdiaperမ်ားကိုပုံစံယူ၍ ေ႐ွာင္ခ်န္းလဲ့အတြက္ ခ်ည္ထည္diaperမ်ားလုပ္ခဲ့သည္။ကြၽတ္မက်ေစပဲအနည္းငယ္သာေခ်ာင္ခ်ိတဲ့ေဘာင္းဘီေတြလည္းလုပ္လိုက္သည္။က်န္တဲ့အထည္ေတြကိုၾကည့္ၿပီးေခ်ာင္း႐ွန္က  ေ႐ွာင္ခ်န္းလဲ့အတြက္ ႀကိဳးႏွစ္ေခ်ာင္းပါတဲ့Bellybandေလးလုပ္လိုက္သည္။ဒါဆို ေ႐ွာင္ခ်န္းလဲ့ဗိုက္ေအာင့္မွာ ပူစရာမလိုေတာ့ဘူး။

သူလုပ္ထားတာေတြကိုၾကည့္ၿပီး ေခ်ာင္း႐ွန္ကမရယ္ပဲမေနႏိုင္ေတာ့ဘူး။ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕ျပဳံးေနတဲ့ မ်က္ႏွာကိုျမင္ေတာ့ အလုပ္လုပ္ေနတာရပ္သြားသည္။လက္႐ွိ ေခ်ာင္း႐ွန္က သူ႕ကို ေပ်ာ္႐ႊင္ေစတဲ့ပထမဆုံးအခ်ိန္ပါပဲ။

သိမ္းဆည္းၿပီးသြားေတာ့ ေခ်ာင္း႐ွန္က အက်ႌဝတ္လ်က္နဲ႔ပဲ ေ႐ွာင္ခ်န္းလဲ့ကို သူ႕ရင္ခြင္ထဲထည့္ကာအိပ္ရာထဲတြင္လဲေလ်ာင္းေနသည္။ေ႐ွးေခတ္ကကုတင္ေတြက ႀကီးမားက်ယ္ဝန္းသည့္ခန္နဲ႔ဆင္တူသည္။

(T/N :ခန္ဆိုတာက ေအာက္ကေနအပူေပးထားလို႔ရတဲ့မီးဖိုလိုကုတင္ပါတဲ့)

ေ႐ွာင္ခ်န္းလဲ့က ေရခ်ိဳးတဲ့အခ်ိန္က လြဲလို႔တက္ႂကြမေနဘူး။ လွဲအိပ္ေနတဲ့ေခ်ာင္း႐ွန္ရဲ႕ေဘးမွာထိုင္လိုက္ၿပီးေခါင္းကိုငုံ႔ကာ ေပါင္ကိုလက္ေခ်ာင္းေသးေသးေလးေတြနဲ႔ ဖိေနသည္။

ေ႐ွာင္ခ်န္းလဲ့ရဲ႕ အက်ႌေနာက္ကခ်ီထားတဲ့ႀကိဳးစေလးကိုၾကည့္မိေတာ့ ေနာက္ေက်ာေလးက ေသးငယ္ၿပီးႏူးညံ့ေနကာ ကေလးကအနည္းငယ္ပိန္ေနတုန္းပဲ႐ွိေသးသည္။ေခ်ာင္း႐ွန္ကေ႐ွာင္ခ်န္းလဲ့ကိုလွမ္းဆြဲၿပီး သူ႕ရင္ဘတ္ေပၚတင္ကာ အိပ္ခိုင္းလိုက္သည္။ေ႐ွာင္ခ်န္းလဲ့က သူ႕လက္ေလးေတြကို ေခ်ာင္း႐ွန္ရဲ႕ပုခုံးေပၚတင္ထားၿပီးတ​​ျဖည္းျဖည္းတိတ္ဆိတ္သြားသည္။

ေကာင္းကင္ႀကီးတစ္ခုလုံးေမွာင္မဲၿပီး ပတ္ဝန္းက်င္တစ္ခုလုံးလည္းတိတ္ဆိတ္ေနသည္။ မီးအိမ္ကသိပ္မလင္းေတာ့တာေၾကာင့္ ခ်ီ႐ိႈ႕က အလုပ္ကိုလက္စသတ္လိုက္ကာ အိပ္ဖို႔ျပင္ေတာ့သည္။သန္႔႐ွင္းေရးလုပ္ၿပီးသြားေတာ့မီးအိမ္ကိုပိတ္လိုက္သည္။ ခ်ီ႐ိႈ႕က အေမွာင္ထဲမွာအသားက်သြားတဲ့အခါ လေရာင္ေအာက္ကအိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ေခ်ာင္း႐ွန္ကိုၾကည့္လိုက္သည္။ေခ်ာင္း႐ွန္ က ေရထဲျပဳတ္က်ၿပီးျပန္ႏိုးလာကတည္းက ေ႐ွာင္ခ်န္းလဲ့ကိုလည္းမၾကာခဏေပြ႕ခ်ီကာ တက္ႂကြတဲ့လူအျဖစ္ေျပာင္းလဲသြားသည္ဟုသူထင္သည္။ အရင္ကေခ်ာင္း႐ွန္ဆိုလွ်င္ ေ႐ွာင္ခ်န္းလဲ့ကိုခ်ီဖို႔ခဲယဥ္းသည္။

ေ႐ွာင္ခ်န္းလဲ့က ကေလးဘဝကတည္းက ခ်ီ႐ိႈ႕နဲ႔တူသည္။ ေတာ္႐ုံမငိုသလို အစားလည္းမေ႐ြးေပ။ဒါေၾကာင့္လည္း မူလေခ်ာင္း႐ွန္က ကေလးကိုပိုၿပီးပစ္ထားတတ္သည္။ ခုရက္ပိုင္း ေခ်ာင္း႐ွန္ကိုပိုပိုၿပီးကပ္တြယ္လာတဲ့ေ႐ွာင္ခ်န္းလဲ့ကိုၾကည့္ရတာ ေခ်ာင္း႐ွန္က အရင္လိုမႀကိဳက္ပုံမရပဲ ေ႐ွာင္ခ်န္းလဲ့ကိုခ်စ္လာပုံရသည္။ဒါေကာင္းသားပဲလို႔ ခ်ီ႐ိႈ႕ကစိတ္သက္သာရာရစြာေတြးလိုက္သည္။ကေလးကိုအခုလိုခ်စ္ခင္ပ်ိဳးေထာင္ေပးသေ႐ြ႕ သူကလည္းပ်င္းမေနပဲပိုက္ဆံကိုႀကိဳးႀကိဳးစားစား႐ွာေပးႏိုင္သည္။ ခ်ီ႐ိႈ႕က ေခ်ာင္း႐ွန္ရဲ႕အေပၚကေ႐ွာင္ခ်န္းလဲ့ကို အသာမလိုက္ကာ ေဘးသို႔ခ်ေပးလိုက္ၿပီးအိပ္ဖို႔ျပင္လိုက္သည္။

ေခ်ာင္း႐ွန္က ကိုယ္အေလးခ်ိန္က်ေနတဲ့ခႏၶာကိုယ္ကို သက္ေတာင့္သက္သာျဖစ္တဲ့အေနအထားေျပာင္းေနရင္း ေျခေထာက္ကိုလည္းမသိစိတ္မွေဘးသို႔သြားတင္တတ္သည္။ခ်ီ႐ိႈ႕က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနတဲ့ေခ်ာင္း႐ွန္ကိုၾကည့္ကာ မ်က္လုံးမွိတ္လိုက္ၿပီးတ​ျဖည္းျဖည္းအိပ္ေပ်ာ္သြားေတာ့သည္။

ၾကက္ဥငံျပာရည္စိမ္

ခန္

Bellyband

Continue Reading

You'll Also Like

17.8K 1.8K 53
ငါျပန္လည္မေမြးဖြာလာခင္တုန္းက ငါအခ်စ္ကိုေတာင္းတဖူးတယ္။ငါလိုခ်င္တဲ့အခ်စ္ဆိုတဲ့အရာရဖို့ မ်ိဳးစံုျကိဳးစားခဲ့ဖူးတယ္။ ဒါေပမယ့္ ငါရခဲ့တာေတြကပိုက္ဆံ၊ တန္းဖို...
50.2K 5.4K 28
(The Reader and Protagonist Definitely Have to Be in True Love) 颓 - 读者和主角绝逼是真爱 တုဇဲက anit fanပါ။ သူဟာ သူအႀကိဳက္ဆုံးဇာတ္ေကာင္ကို ေဝဖန္မိလိုက္တဲ့အခါ စာ...
268K 29.2K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...