နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်န...

By princeblack955

758K 52.4K 1K

Summary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြေ... More

Intro
Summary
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄-၁)
အပိုင်း(၄-၂)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉-၁)
အပိုင်း(၉-၂)
အပိုင်း(၁၀)
အပိုင်း(၁၁-၁)
အပိုင်း(၁၁-၂)
အပိုင်း(၁၂-၁)
အပိုင်း(၁၂-၂)
အပိုင်း(၁၃-၁)
အပိုင်း(၁၃-၂)
အပိုင်း(၁၄-၁)
အပိုင်း(၁၄-၂)
အပိုင်း(၁၅-၁)
အပိုင်း(၁၅-၂)
အပိုင်း(၁၆-၁)
အပိုင်း(၁၆-၂)
အပိုင်း(၁၇-၁)
အပိုင်း(၁၇-၂)
အပိုင်း(၁၈-၁)
အပိုင်း(၁၈-၂)
အပိုင်း(၁၉-၁)
အပိုင်း(၁၉-၂)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
Notice
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
Notice
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၆)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
အပိုင်း(၁၈၃)
အပိုင်း(၁၈၄)
အပိုင်း(၁၈၅)

အပိုင်း(၇၂)

4K 318 3
By princeblack955

ပိုင်ချီရွေ့လဲအံ့ဩသွားတယ်။စုန့်ထင်ယွီတစ်ခုခုဖြစ်နေတာဖြစ်မယ်။ဒါပေမယ့်လဲသူမနက်နက်နဲနဲမတွေးချင်ဘူး။သူမတံခါးပိတ်လိုက်ပြီး စုန့်ထင်ယွီအပေါ်ထပ်တက်သွားတာကိုကြည့်လိုက်တယ်။

သူမလဲအလျင်မလိုတာကြောင့် မီးဖိုချောင်ကိုသွားလိုက်ပြီး နွားနို့တစ်ခွက်ကိုယူကာ အပေါ်ထပ်ကိုတက်သွားလိုက်တယ်။

သူမအခန်းထဲကိုဝင်မလို့လုပ်လိုက်တော့ စုန့်ထင်ယွီ သူမကွန်ပျူတာကိုဖွင့်ပြီး သူမရဲ့wechatကိုဖွင့်ကြည့်နေတာကိုတွေ့သွားတယ်။

သူမကြောက်ပြီးမျက်နှာတွေဖြူဖျော့လာကာ သူမလက်ထဲကနွားနို့ခွက်ပြုတ်ကျပြီးအသံအကျယ်ကြီးထွက်သွားတယ်။

သူမသတိပြန်ဝင်လာပြီး ဖန်ခွက်ကွဲသွားတာကိုမရှင်းသေးဘဲ သူ့ဆီကိုအမြန်ပြေးသွားလိုက်ပြီး သူမwechatပေါ်မှာထောက်ထားတဲ့mouseကိုဆွဲယူလိုက်ကာ: 'ထင်ယွီ ဘာလို့ညီမကွန်ပျူတာကိုကိုင်ရတာလဲ?'

စုန့်ထင်ယွီဆုံလည်ထိုင်ခုံကိုမှီပြီး သူမကိုမျက်လုံးတွေမှေးစင်းပြီးကြည့်လိုက်ကာ: 'မင်းစိတ်လှုပ်ရှားနေတဲ့ပုံဘဲ'

'မဟုတ်ပါဘူး။ညီမစိတ်မလှုပ်ရှားပါဘူး...'

စုန့်ထင်ယွီ ကျကွဲနေတဲ့ဖန်ကွက်ကိုလက်ညှိုးထိုးပြလိုက်ပြီး: 'ဖန်ခွက်တောင်အစိတ်စိတ်ကွဲသွားတာကို မင်းစိတ်မလှုပ်ရှားဘူးလို့ပြောချင်တာလား?မင်းကွန်ပျူတာကိုငါသုံးမှာကြောက်တာ မင်းဒီထဲမှာတစ်ခုခုလျို့ဝှက်ချက်ရှိလို့လား?'

ပိုင်ချီရွေ့wechatကိုပိတ်လိုက်ပြီး သူနဲ့ကွန်ပျူတာကြားမှာရပ်လိုက်တယ်။သူမဘာမှမဖြစ်သလိုဟန်ဆောင်ပြီးပြုံးလိုက်ကာ: 'ဘယ်တုန်းကညီမမှာလျို့ဝှက်ချက်ရှိခဲ့လို့လဲ?ကိုကို ညီမအကြောင်းတွေကိုအကုန်သိတယ်မလား?ထင်ယွီ ညီမအကြောင်းကို ကိုကိုသေချာသိနေတာကိုညီမကဘာဖုံးကွယ်ထားရမှာလဲ'

သူမ သူ့ရဲ့အညိုရောင်ကုတ်အင်္ကျီကိုချွတ်ပေးလိုက်ပြီး: 'ကိုကိုရေမချိုးရသေးဘူးမလား?ရေအရင်သွားချိုးလိုက်လေ။ကိုကို့အတွက်ညအိပ်ဝတ်စုံ၊သွားတိုက်တံ၊သွားတိုက်ဆေးအားလုံးညီမပြင်ထားပေးတယ်။ကိုကို့အသုံးအဆောင်တွေကိုပြင်ထားပေးတာက ကိုကိုလာတိုင်းသုံးလို့ရအောင်လို့...' သူမမျက်နှာပျော့ပျောင်းချိုသာနေပြီး: 'ရေသွားချိုးတော့ ဟုတ်ပြီလား?ညီမအပြင်မှာစောင့်နေမယ်'

သူမကိုယ်ဝန်ပျက်ထားတာလဲကြာပြီး စုန့်ထင်ယွီလဲညမိုးချုပ်ကြီးသူမဆီကိုလာတယ်ဆို‌တော့ ဒီညတော့ သူဒီမှာဘဲနေလိမ့်မယ်လို့ သူမ‌တွေးနေမိတယ်။သူမကတော့ဒီအခွင့်အရေးကိုအမိအရဆုပ်ကိုင်ပြီး အရင်တုန်းကလိုဆက်ဆံရေးမျိုးပြန်ရအောင်လုပ်မယ်ပေါ့။

သူမရေသွားချိုးခိုင်းတာကိုစုန့်ထင်ယွီနားမထောင်ဘဲ သူမကိုဘဲကြည့်နေလိုက်တယ်။သူဒီတိုင်းဘဲကြည့်နေတာပေမယ့် အဲ့လိုကြည့်ခံရတာကိုသူမထူးဆန်းသလိုခံစားရပြီး: ' ထင်ယွီ ဘာလို့ကြည့်နေတာလဲ?ညီမမျက်နှာမှာတစ်ခုခုရှိနေလို့လား?'

'ကျို့ရှောင်ဆိုတဲ့လူကိုမင်းသိလား?'

'ကျို့ရှောင်...' အခုအချိန်မှာပိုင်ချီရွေ့နှလုံးခုန်နှုန်းတွေအရမ်းကိုမြန်နေပေမယ့် အပြင်ပန်းကတော့ဘာမှမဖြစ်သလိုနဲ့: 'ဟိုနာမည်ကြီး အနုပညာသတင်းထောက်လား?သူကဖန်ပေါင်အနုပညာကုမ္ပဏီမှာလုပ်နေတာမလား?အဲ့ဒါဆိုရင်သူ့ကိုသိတာပေါ့။လွန်ခဲ့တဲ့လေးနှစ်တုန်းကညီမအနုပညာလောကကနေအနားမယူခင်က သူ ညီမနောက်ကိုအမြဲလိုက်နေခဲ့တာလေ။အနုပညာလောကမှာသူ့ကိုမသိတဲ့လူမရှိဘူး...သူ့ကြောင့်ဘဲကိစ္စတော်တော်များများပေါ်သွားကြတာ'

စုန့်ထင်ယွီမျက်နှာပေါ်မှာဖော်ပြလို့မရတဲ့အမူအယာတွေဖြစ်ပေါ်နေပြီး သူခေါင်းညိတ်လိုက်ကာ: 'အင်း အခုစုရန်ကိစ္စအပါအဝင်ပေါ့'

ပိုင်ချီရွေ့လဲစုန့်ထင်ယွီနဲ့ပုံမှန်စကားပြောနေသလိုမျိုးချောချောမွေ့‌မွေ့နဲ့ပြောနေပြီး: 'ညီမလဲစုရန်သတင်းကြားပါတယ်။ဒီရက်ပိုင်းကတော့တကယ်ကိုပေါက်ကွဲတော့မယ့်အတိုင်းဘဲနော်?စုန့်အိမ်ရောဘယ်လိုလဲ?အဖွားရောဘယ်လိုနေလဲ?သူတို့ရောတော်တော်စိတ်ရှုပ်နေကြပြီလား?'

သူမပြောတာကြားပြီး စုန့်ထင်ယွီလဲပြုံးလိုက်မိတယ်။

သူဘာလို့ပြုံးတာလဲမသိတော့ သူမထိတ်လန့်သွားပြီး: 'ထင်ယွီ....ဘာဖြစ်လို့လဲ?'

မင်းရုပ်ရှင်လောကရဲ့ဘုရင်မအနေနဲ့
ရိလန်မွန်ဂိုလီးယားရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ခဲ့တာအရမ်းကို‌ကျော်ကြားခဲ့တယ်လေ။မင်းသရုပ်ဆောင်တာအရမ်းကိုတော်ပါတယ်။အခုချိန်ထိကိုမင်းတည်ငြိမ်နေတုန်းဘဲ။ငါသာဒီကိစ္စကိုထဲထဲဝင်ဝင်မသိခဲ့ရင် မင်းလိမ်တာကိုခံချင်ခံနေရမှာ။မင်းဖြူစင်တယ်လို့ယုံကြည်နေမိမှာ။ဒီကိစ္စကမင်းနဲ့မပတ်သက်ဘူးလို့ဘဲထင်နေမှာ'

ပိုင်ချီရွေ့နောက်ဆုံးတော့တုန်လှုပ်လာပြီး: 'ထင်ယွီ....ဘာတွေပြောနေတာလဲ?'

'ငါဘာတွေပြောနေတာလဲဆိုတာမင်းရင်ထဲမှာတော့သိမှာပေါ့!' စုန့်ထင်ယွီ
ရယ်လိုက်ပြီး: 'စုရန်ကိစ္စကမင်းကြိုးကိုင်နေတာမလား? မင်းကျို့ရှောင်ကိုလုပ်ခိုင်းတာမလား?'

'မဟုတ်ပါဘူး!' ပိုင်ချီရွေ့ချက်ချင်းငြင်းလိုက်ပြီး: 'ကိုကိုဘယ်လိုလုပ်ပြီးဒီလိုတွေးရတာလဲ?လင်ချန်ဟွမ်နဲ့စုရန်ကိစ္စကိုညီမကဘယ်လိုလုပ်ပြီးသိမှာလဲ?အခုထိ‌တောင် ဘာတွေဖြစ်နေတာလဲဆိုတာညီမမသိသေးဘူး။ညီမသိတာကအဲ့ဒီကောလဟာလကအုန်းအုန်းကျွက်ကျွက်ဖြစ်နေတာကိုဘဲ....ညီမ....ထင်ယွီ တစ်ခုခုမဟုတ်တာကြားလာရလို့လား?ကိုကို ညီမကိုယုံရမယ်လေ...'

စုန့်ထင်ယွီဘာမှပြန်မပြောတော့ ပိုင်ချီ‌ရွေ့မျက်လုံးတွေနီလာပြီး: 'ဟုတ်တယ်။ညီမ
စုရန်ကိုမုန်းတယ်။သူဘာလို့ညီမကိုတွန်းချပြီးတော့ကလေးကိုဆုံးရှုံးအောင်လုပ်ရတာလဲ။ညီမရဲ့နှစ်လဘဲရှိသေးတဲ့ကလေးကသေသွားပြီလေ။ညီမရဲ့ပထမဆုံးကလေးလေ။ဒါပေမယ့် သူ့ကိုဘယ်လောက်ဘဲမုန်းမုန်း ဒီလိုကိစ္စမျိုး‌ကိုတော့ညီမဘယ်တော့မှလုပ်မှာမဟုတ်ဘူး'

စုန့်ထင်ယွီကွန်ပျူတာရှေ့ကိုသွားလိုက်ပြီး သူမကိုဘေးကိုဖယ်လိုက်ကာ သူမရဲ့wechatကိုပြန်ဖွင့်လိုက်တယ်။ပြီးတော့ သူမရဲ့contact listကိုကြည့်လိုက်တယ်။

အဲ့ဒီထဲမှာကျို့ရှောင်လဲပါတယ်။

ပိုင်ချီရွေ့ကအရမ်းကိုသတိထားတဲ့လူဆို‌တော့ ကျို့ရှောင်ကိုဘယ်တုန်းကမှစိတ်ရင်းနဲ့မယုံကြည်ခဲ့ဘူး။သူမတို့စကားပြောထားတာကိုသူဓါတ်ပုံရိုက်ပြီး တစ်နေ့မှာ သတင်းအဖြစ်လုပ်လိုက်မှာကိုကြောက်လို့ wechatမှာအတတ်နိုင်ဆုံးအနှောင့်အသွားလွတ်အောင်သူမပြောခဲ့တယ်။

ဒါပေမယ့် ဓါတ်ပုံတွေတော့အများကြီးဘဲ။

ကျို့ရှောင်ကိုပိုင်ချီရွေ့ပို့ထားတဲ့ဓါတ်ပုံတွေဖြစ်ပြီး သူမမလာခင်ကတည်းကစုန့်ထင်ယွီကြည့်ပြီးပြီ။

စုရန်နဲ့လင်ချန်ဟွမ်တို့ငယ်ငယ်တုန်းကပုံတွေ။

လေယာဉ်ကွင်းမှာရိုက်ထားတဲ့ပုံတွေကကျို့ရှောင်ပြန်ပို့ပေးထားတာ။

ပိုင်ချီရွေ့ဖော်လိုက်မှာကိုကျို့ရှောင်မကြောက်တော့ အသံmessageတွေပါ‌ပို့ထားတယ်။

စုန့်ထင်ယွီအဲ့ဒါကိုဖွင့်လိုက်တော့ကျို့ရှောင်အသံထွက်လာတယ်။

ပိုင်ချီရွေ့နှုတ်ခမ်းတွေမှာတောင်သွေးမရှိတော့ဘဲ: 'ထင်ယွီ ညီမ...'

သူမကြောက်ပြီး ခေါင်းငုံ့နေတာကိုကြည့်ပြီး စုန့်ထင်ယွီမျက်နှာအေးစက်လာပြီး: 'မင်းမှာပြောစရာစကားရှိသေးလား?'

ပိုင်ချီရွေ့ကဘယ်လိုအချိန်မှာဘယ်လိုလုပ်ရမလဲနားလည်တယ်။စုန့်ထင်ယွီ အခုသက်သေတွေလဲအကုန်တွေ့ပြီးပြီ။သူမက‌နောက်ကွယ်ကနေကြိုးကိုင်တယ်ဆိုတာလဲသိပြီးပြီဆိုတော့ ဆက်ငြင်းနေရင်သူမုန်းသွားမှာကြောက်ပြီး သူမထပ်မငြင်းတော့ဘူး။

သူမတိတ်ဆိတ်နေပြီး မျက်ရည်တွေကိုကျစေလိုက်တယ်။

သူမငိုနေတာထက်စာရင် ဝန်မခံတာကပိုကောင်းတယ်လို့စုန့်ထင်ယွီထင်တယ်။

ဒီလေးငါးနှစ်မှာ ပိုင်ချီရွေ့အမြဲစည်းနဲ့ကမ်းနဲ့ အလိုက်တသိနေခဲ့တာ။သူမတခါမှသူ့ကိုစိတ်ဆိုးဒေါသထွက်အောင်မလုပ်ဖူးဘူး။

သူမဒီလိုလုပ်တာဒါကပထမဆုံးဘဲ။

ဟိုညတုန်းကစုရန်ကသူမကိုသံသယရှိတယ်။သူ့ကိုယုံလားမယုံလားမေးခဲ့တုန်းက သူမမဟုတ်ပါစေနဲ့လို့သူမျှော်လင့်ခဲ့ဖူးတယ်။

ဘာလို့လဲဆိုတော့ ဒီမိန်းကလေးကသူ့ဘေးမှာအကြာကြီးနေခဲ့တယ်ဆိုတော့ဘယ်လိုဘဲဖြစ်ဖြစ် သူမကိုသူယုံသင့်တယ်လို့ခံစားခဲ့ရလို့။

စောစောတုန်းကclubမှာ ကျို့ရှောင် သူမနာမည်ကိုပြောလိုက်တုန်းက သူတော်တော်ဒေါသထွက်သွားမိတယ်။

ဒါကသူမလုပ်တာအမှန်ဘဲကိုး။ကျို့ရှောင်ကိုသွားရှာပြီး ကောလဟာလတွေကိုဖြန့်စေခဲ့တာကသူမကိုး။သူမရဲ့ရည်ရွယ်ချက်ကစုရန်ကိုသိက္ခာကျအောင်လုပ်ဖို့ဘဲ။အဲ့ဒါအပြင်  စုရန်ကိုသူစိတ်ပျက်သွားအောင်လုပ်မလို့။အဖွားလဲဘဲစုရန်ကိုစိတ်ပျက်စေချင်လို့။စုန့်မိသားစုကြီးမငြိမ်မသက်ဖြစ်ပြီး မဒမ်စုန့် စုရန်ကိုအပြစ်တင်ရအောင်။


👉👉👉Groupမှာအပိုင်း၂၅၂ရောက်နေပါပြီ။စုန့်ထင်ယွီတို့မိသားစုမှာမုန်တိုင်းတွေဝင်နေပါတယ်😥

Continue Reading

You'll Also Like

407K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
1.5M 90.2K 38
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...