unicode
အပိုင်း (၄၃)
တိုက်ကွက်ကို ဖောက်ထွက်ခြင်း
လေက တဟူးဟူးတိုက်ခတ်နေသည်။
နန်းပေါင်ရီ မှာ ရင်တထိတ်ထိတ်ဖြစ်နေပြီး ရှောင်းယီ ၏ ထူးခြားသော အေးစက်ချိုမြိန်သည့် ကိုယ်သင်းရနံ့က သူ၏သစ်လွင်သောဝတ်စုံမှတဆင့် လေထဲတွင် ခံစားမိနေသည်။
ရှည်လျားသောမြွေပုံစံ ဖွဲ့စည်းပုံတိုက်ခိုက်ချက်အကြောင်းကို ရှင်းပြနေသော ရှောင်းယီ ၏ အသံကို မသဲမကွဲကြားနေရသည်။
မြွေ၏အမူအကျင့်ကို အတုယူဖွဲ့စည်းထားပြီး အနေအထား၃မျိုးနှင့် ပြောင်းလဲတတ်သည်။
မြွေခေါင်းပိုင်းကို တိုက်ခိုက်လျှင် အမြီးပိုင်းကလှုပ်ရှားပြီး ခွေတက်လာမည်။
မြွေအမြီးပိုင်းကို တိုက်ခိုက်ပါက ခေါင်းပိုင်းကလှုပ်ရှားပြီး ကိုက်လိမ့်မည်။
ခန္ဓာကိုယ်ပိုင်းကို တိုက်ခိုက်ပါက ဦးခေါင်းနှသ့် အမြီးပိုင်းက ရစ်ပတ်လိမ့်မည်။
စစ်သည်ရဲမက်နှစ်ရာကျော်က တိုက်ကွက်ပုံဖော်ပြီး လွတ်လပ်စွာလှုပ်ရှားနေပုံမှာ သူတို့၏ခြေကိုမသုံးဘဲ စပါးအုံးမြွေကြီးဟန်ပန်ကို ပေါ်လွင်စွာ လှုပ်ရှားနေသည်။
အစ်ကို ၂က ဒီဖွဲ့စည်းပုံတိုက်ကွက်ကို အနိုင်ရအောင် ဘယ်လိုလုပ်နိုင်မှာလဲ။
ကံကောင်းစေသောအကြွေစေ့ကို နန်းပေါင်ရီ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။
ထိုကံကောင်းစေသောအကြွေစေ့ကို ဈေးထဲတွင်ပင် ရှာမတွေ့နိုင်ပေ။ မင်္ဂလာရှိသောစကားလုံးများ ထွင်းထားပြီး နိမိတ်ကောင်းခြင်းနှင့် ကောင်းချီးမင်္ဂလာ ကြွယ်ဝပါစေဟူသော အဓိပ္ပါယ်ရှိသည့် ကြေးအကြွေစေ့လေးဖြစ်သည်။
အကြွေစေ့တစ်ဖက်တွင် နေ၊ လနှင့် ကြယ်ပုံများထွင်းထားပြီး အခြားတစ်ဖက်တွင် “ကံကောင်းခြင်းနှင့်အောင်မြင်မှု” ဟူသော စာလုံးလေးများနှင့် ရေးထွင်းထားသော ထိုအကြွေစေ့လေးကို ရှောင်းယီ ထံ သူမပေးချင်သည်။
သူမလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသဖြင့် လက်ဖဝါးနုနုမှ ချွေးစက်များကျဆင်းလာပြီး အကြွေစေ့တစ်ခုလုံး စိုစွတ်သွားလေသည်။
မကြာခဏပြောင်းလဲနေသော တိုက်ကွက်ကို သူမကြည့်လိုက်သည်။
သူမ၏အစ်ကို ၂ ကျိန်းသေကံကောင်းပြီး အနိုင်ရလိမ့်မည်ဟု စိတ်ထဲမှ တွေးထားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်နေကြသောပရိသတ်မှာ အသက်ရှူရန်ပင် မေ့လျော့သွားပြီး အခြေအနေကို မျက်တောင်မခတ်ကြည့်နေကြသည်။
ထိုသို့တင်းမာနေသောအခြေအနေတွင် သခင်မ ကျန်း က သခင်မကြီး နန်း ကို တိတ်တဆိတ်ကြည့်လိုက်သည်။
သခင်မကြီးမှာ ကြင်နာစွာပြုံးနေပြီး မကိုင်သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော ပုတီးကုံးကို လက်ထဲတွင် ကိုင်ထားသည်။
ထိုအခြေအနေမှာ နန်း အိမ်တော်၏ ဘဝအာမခံချက်နှင့် ဆက်နွ ယ်နေသဖြင့် နန်း မိသားစုအပြင် အခြားသူများလည်း စိတ်လှုပ်ရှားနေကြသည်။
နန်းကွမ် ကို သူမ လှည့်ကြည့်လိုက်သည်။
ထို မတ်လေးနှင့် သခင်မ လျို တို့မှာ ချစ်ကြည်နူးနေကြသဖြင့် နီးကပ်လာသောအန္တရာယ်ကိုပင် သတိပင်မပြုမိကြပေ။
ထိုကဲ့သို့ယောက်ျားမျိုးက နန်း အိမ်တော်ကိုထောက်ပံ့ပေးနိုင်မည်မှာ မဖြစ်နိုင်တော့ပေ။
သူမ၏ခဲအိုအကြီးဆုံးသည် တိုက်ပွဲတွင်ကျဆုံးခဲ့ရပြီး တူမောင်အကြီးဆုံးဖြစ်သော နန်းချန်းလီ သည်လည်း သူမ၏ယောက်ျားကဲ့သို့ စီးပွားရေးအတွက် ခရီးသွားရသည့်ကိစ္စကိုသာ သိမှတ်ထားသည်။ ဗဟိုချုပ်အရာရှိအမတ်များအုပ်ချုပ်သည့်စနစ်၏ အာဏာကစားပွဲများအကြောင်းကို သူတို့နားမလည်ကြပေ။
သူတို့သည် နန်း အိမ်တော်အတွက် စည်းစိမ်ဥစ္စာများရှာပေးနိုင်သော်လည်း အဆင့်မြင့်အရာရှိများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ကြမည် မဟုတ်ပေ။
သူမ၏အကြီးဆုံးသားဖြစ်သည့် နန်းချန်ရှူး သည်လည်း စာကိုသေချာအာရုံစိုက်လေ့လာသော်လည်း ဉာဏ်မထက်မြက်ပေ။ အင်ပါယာစာမေးပွဲကိုအောင်မြင်ရန်နှင့် ထိပ်တန်းအဆင့်ဝင်ရန်အတွက်ပင် အတော်ကြိုးစားရဦးမည်။
သားအငယ်ဆုံး နန်းချန်းလီ သည်လည်း ငယ်စဉ်ကတည်းက စွန့်စားရသည်ကိုနှစ်ခြိုက်သည်။ ၁၅နှစ်အရွယ်ကတည်းက ခရီးများလှည့်ထွက်နေကာ ၂နှစ်ကြာပြီးသော်လည်း စာအနည်းငယ်သာ ပြန်ပို့ပြီး ထိုစာများထဲတွင်လည်း သူက လူအများကိုအန္တရာယ်မှကယ်တင်ပေးနိုင်သဖြင့် အလွန်ပျော်ကြောင်း စိတ်အားထက်သန်စွာ ရေးထားသည်။
တခြားသူများကိုကယ်တင်ပေးနိုင်သော်လည်း နန်း အိမ်တော်ကို မကယ်တင်ပေးနိုင်ပေ။
အရှေ့တွင်ရှိနေသော မြင်ကွင်းသို့ သူမ၏အကြည့်တို့ ပြန်လည်ရောက်ရှိလာသည်။
အနက်ရောင်ဝတ်ရုံနှင့်လူငယ်က မြင်းနှင့်အတူ တိုက်ကွက်ပုံစံအလယ်တွင် ရပ်တန့်လိုက်ပြီး ဓားအိမ်မပါသောဓားကဲ့သို့ ခက်ထန်ပြီး အေးဆေးတည်ငြိမ်နေသည်။
ဧကန္တ ...
ဧကန္တ နန်း အိမ်တော်၏ရှေ့ရေးသည် ဒီလူငယ်လေးအပေါ် မှီခိုရတော့မည်လား။
နှစ်ပေါင်းများစွာအတွင်း မကြာခဏ ထိုလူငယ်အား ပစ်ပယ်၍ အထင်သေးခဲ့မိသည်ကို ပြန်လည်တွေးတောရင်း သခင်မ ကျန်း သက်ပြင်းချမိသည်။
နန်း မိသားစုဝင်များက စိုးရိမ်ပူပန်ကြေချိန် အခြားသူများက ရှုံးနိမ့်သည့်အခါ လှောင်ပြောင်ပြောဆိုရန်ကိုသာ စောင့်နေကြသည်။
သခင်မ ချန် က ...
"ကျွန်မယောက်ျားက စစ်ရေးအရာရှိလေ အဲဒီတော့ စစ်ရေးစစ်ရာအကြောင်း တစ်ခုနှစ်ခုလောက်တော့ ကျွန်မသိတယ် ... စစ်သူကြီး စစ်ထို့ ရဲ့တပ်ဖွဲ့ကိုင်တွယ်တဲ့ စပါးအုံးမြွေပုံစံဖွဲ့စည်းပုံတိုက်ကွက်ဆိုတာ သိပ်နာမည်ကြီးတာ အဲဒီတုန်းကဆို ယဲ့လန် တိုင်းပြည်က စစ်သည်တစ်သောင်းပါတဲ့တပ်ဖွဲ့ကိုတောင် အနိုင်ရခဲ့တယ်လေ ... ရှောင်းယီ က အသက်ငယ်ငယ်နဲ့ လေးစားယဉ်ကျေးမှုမရှိလိုက်တာ စည်းကမ်းတွေကို သူနားလည်မယ်လို့ ကျွန်မတော့မထင်ပါဘူး"
သခင်မ ချန်း ကလည်း သူမလောင်းကြေးရှုံးထားသည်ကို မကျေမနပ်ဖြစ်နေပြီး ရှောင်းယီ ကို ကြည့်ရင်း လှောင်ပြောင်ပြောဆိုလေသည်။
"လူငယ်တွေက ဒီလိုပါပဲ လူအများရှေ့ဆို ကြွားချင်လိုက်ကြတာ ... ဒီတစ်ခါရှုံးသွားရင်တော့ နောက်ဆိုဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သင်ခန်းစာရသွားမှာပေါ့"
"ကြိုပြောဖို့ခက်ပါသေးတယ် ... တကယ်လို့ ရှောင်းယီ က တကယ်ပဲ တိုက်ကွက်ကို ဖောက်ထွက်နိုင်ရင်ရော"
တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သသည်။
သခင်မ ချန်း က မဲ့ပြုံးပြုံပြပြီး ....
"ကျွန်မရဲ့ ဒုတိယသားဆို ငယ်ငယ်လေးကတည်းက စစ်မက်ရေးရာစာအုပ်တွေနဲ့ အကျွမ်းတဝင်ရှိခဲ့တာ ဒါတောင် စစ်သူကြီး စစ်ထို့ ရဲ့ စပါးအုံးမြွေတိုက်ကွက်ကို ဖောက်ထွက်နိုင်တယ်လို့ ကျိန်းသေမပြောရဲသေးဘူး ... ရှောင်းယီ က အဲဒီအကွက်ကို ဖောက်နိုင်ရအောင် သူ့ကိုယ်သူဘာများထင်နေလို့လဲ"
"ဟုတ်တယ် သူ့ကိုယ်သူအထင်ကြီးလွန်းပြီး ကျွန်မတို့ကို ရယ်ရအောင် လာလုပ်နေတာပဲ !"
သခင်မ ချန် က ထပ်မံလှောင်ပြောပြန်သည်။
"နန်း အိမ်တော်မှာ သိုင်းပညာလေ့လာဖို့ လူငယ်တွေ မရှိတော့ရင်တောင်မှ ဒီလိုကိစ္စမျိုးမှာ ဒီလိုရူးနှမ်းနေတဲ့ကောင်လေးကို မပို့သင့်ပါဘူး ... သူတို့မျက်နှာပျက်မှာ မကြောက်ကြဘူးလား"
ရှောင်းယီ ၏ ရှုံးနိမ့်ပုံကို တွေ့မြင်ပြီးသကဲ့သို့ ရယ်သံနှင့်လှောင်သံများကို နေရာအနှံ့မှ ကြားနေရသည်
ရယ်သံများကိုကြားလိုက်သဖြင့် နန်းပေါင်ရီ ၏ မျက်နှာမှာ နီရဲလာသည်။ သူမ မခံမရပ်နိုင်ဖြစ်လာချိန် ရှောင်းယီ က တည်ငြိမ်စွာ ...
"အခြားသူတွေရဲ့ လှောင်သံတွေနဲ့ စော်ကားပြောဆိုသံတွေကို ဂရုမစိုက်နဲ့ .. လိုက်နားထောင်ပြီးမတွေးနဲ့ မကြောက်နဲ့ .. နန်းကျောင်းကျောင်း .. လူတွေရဲ့လှောင်ပြောင်ခြင်းကို ပြန်တိုက်နိုင်တဲ့အကောင်းဆုံးနည်းလမ်းက အတော်ဆုံးဖြစ်အောင်လုပ်ပြီး အောင်မြင်မှုကိုယူပြလိုက်ဖို့ပဲ”
မြင်းသည် ရှေ့ခြေနှစ်ဖက်ကို မြှောက်လိုက်သည်။
နန်းပေါင်ရီ အနည်းငယ် အော်မိလိုက်ပြီး တစ်ခဏအတွင်းပင် နေရာအနှံ့မှ ဓါးအရိပ်များကို မြင်လိုက်ရသည်။ လူငယ်၏ လှံအနက်မှာ လျှပ်စီးကဲ့သို့မြန်ဆန်ပြီး သူဖြတ်သွားသည့်နေရာတိုင်းရှိ မရေမတွက်နိုင်သော စစ်သည်ရဲမက်များ၏လှံတံများကို ဖျက်ဆီးပစ်လိုက်သည်။
ရှည်လျားသောမြွေပုံစံတိုက်ကွက်ကို တိုက်ခိုက်ရန် ခေါင်းပိုင်းကိုချုပ်ကာ အမြီးပိုင်းကိုသပ်လျှို၍ ခန္ဓာကိုယ်ပိုင်းကို ပိုင်းဖြတ်ရန်လိုသည်။
အနက်ရောင်မြင်းက ရှေ့သို့ပြေးထွက်ကာ မြွေပုံစံတိုက်ကွက်၏ ခေါင်းပိုင်း အမြီးပိုင်းနှင့် ကိုယ်ပိုင်းနေရာတို့၌ လျှပ်စီးကဲ့သို့ ပေါ်လာသည်။
ညှာတာခြင်းမရှိ ပြင်းထန်လှသော ရှောင်းယီ ၏ တိုက်ချက်များကြောင့် တိုက်ကွက်ထဲရှိ တပ်ဖွဲ့များမှာ နေရာပြန်ယူချိန်မရတော့ဘဲ မြွေတစ်ကောင်လုံး နှစ်ပိုင်းအပိုင်းခံလိုက်ရသည်။
အရှေ့အနောက် သုံးကြိမ်သာ ထပ်ခါထပ်ခါတိုက်ခြင်းဖြင့် မြွေပုံစံတိုက်ကွက်တစ်ခုလုံးကို အနိုင်ယူလိုက်လေသည်။
အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာ ပြိုင်ဘက်ကင်းစွာ ရင်သပ်ရှုမောဖွယ်ရာဖြင့် မြင်းစီးလျက် စင်မြင့်ပေါ်တွင် ရပ်နေသည်။
လူအများမှာ သူ၏ခန့်ညားသောရုပ်ရည်ကိုပင် ဂရုမစိုက်နိုင်ကြဘဲ အံ့အားသင့်ဖွယ်ရာ ခွန်အားကိုသာ လေးစားမိကြသည်။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမွှေးတိုင်တစ်တိုင်မကုန်ခင် အချိန်အတွင်းမှာပင် တိုက်ကွက်က ဖျက်ဆီးခံရလိုက်ပြီလား။
စစ်ထို့လင်း ၏ ပုံစံမှာ မျက်နှာထားတင်းစွာ မတ်တပ်ထရပ်မိသည်။
တပ်ထဲတွင် ဆယ်နှစ်မကတာဝန်ထမ်းဆောင်ဖူးသည့်အချိန်တွင်းတွင် ထူးကဲသောလူငယ်ပေါင်းများစွာကို သူတွေ့ဖူးသည်။ သို့သော် မည်သူကမှ ရှောင်းယီ ကဲ့သို့ တည်ငြိမ်ခြင်း၊ ရဲရင့်ခြင်းနှင့် ထူးချွန်ခြင်းတို့ မရှိကြပေ။
အပ်ကျသံပင်မကြားရအောင် ခဏတာတိတ်ဆိတ်သွားပြီး စစ်ထို့လင်း က လက်ခုပ်သြဘာပေးရင်း အော်ဟစ်ချီးမွမ်းလိုက်သည်။
"လက်ဖျားခါလောက်ပါပေတယ် !"
ရှောင်းယီ အပေါ် သူ၏အမြင်ကို ဖော်ပြလိုက်ခြင်းဖြစ်သည်။
အခြားသူများ၏ အကြည့်များမှာလည်း ရုတ်ချည်းပြောင်းလဲသွားသည်။
ယနေ့ နွေဦးရာသီပန်းပွဲတော်သည် အမှန်တကယ်ပင် နန်း မိသားစု၏ မောင်နှမနှစ်ယောက်ကို ကျော်ကြားသွားစေခဲ့သည်။
နန်း မိသားစု ဘာဆက်လုပ်ကြလေမလဲ။
အဆင့်မြင့်အရာရှိများက နန်း မိသားစု၏ ရှေ့လျှောက်အစီအစဉ်ကိုတွေးရင်း အလုပ်များသွားကြပြီး မိန်းကလေးများမှာလည်း ရှောင်းယီ ၏ ရုပ်ရည်နှင့် ဟန်ပန်အမူအရာကို သဘောကျသွားကြသည်။
ရှချင်ချင် က နန်းယန် ၏ အင်္ကျီလက်ကိုဆွဲပြီး ...
"ယန်အာ .. နင့်အစ်ကိုနဲ့ယှဉ်ရင် ရှောင်းယီ က ပိုတော်မယ်ထင်တယ် သူက နန်း အိမ်တော်ရဲ့မွေးစားသားဖြစ်ပြီး နင့်ရဲ့ အစ်ကိုလို့လည်း ပြောလို့ရတယ်မလား .. သူ့ကို ငါ့အကြောင်းပြောပေးပါလား အခုတလော ငါ့အမေက ငါ့အတွက် အိမ်ထောင်ဖက် လိုက်ရှာနေတယ်”
နန်းယန် က ယနေ့တွင် နာမည်ပျက်ခဲ့ရသောကြောင့် ပြန်လည်တုံ့ပြန်လိုစိတ်မရှိပေ။ သူမ စိတ်မပါစွာနားထောင်ရင်း နန်းပေါင်ရီ ကို မုန်းတီးစွာစိုက်ကြည့်နေသည်။
ယနေ့ သူမ အရှက်ကွဲရသကဲ့သို့ နှစ်ဆပြန်လည် ခံစားစေရမည်။
နန်းပေါင်ရီ မှာ နန်းယန် ၏အကြည့်ကို အဖက်လုပ်တုံ့ပြန်ရန်အချိန်မရှိပေ။ သူမ စင်မြင့်အောက်သို့ဆင်းပြီး ရှောင်းယီ အနောက်သို့လိုက်ကာ မော့ကြည့်လိုက်ပြီး ....
"အစ်ကို ၂ .. ညီမလေး...."
"နန်း မိသားစုက လူငယ်လေး"
စစ်ထို့လင်း က နန်းပေါင်ရီ စကားကို ကြားဖြတ်ဝင်လာသည်။ သူနှင့်အတူ လက်ထောက်စစ်သူကြီးများကလည်း ရှောင်းယီ ကို အလွန်သဘောကျနေကြပြီး စားသောက်ဆိုင်တစ်ခုသို့ သွားရန်ဖိတ်ခေါ်နေကြသည်။
နန်းပေါင်ရီ က လူအုပ်ဘေးတွင်ရပ်နေပြီး ထိုသူများနှင့်အတူထွက်သွားသော ရှောင်းယီ ကို ကြည့်ကာ ခံပြင်းစိတ်နှင့် သက်ပြင်းရှည်စွာ ချလိုက်သည်။
အကြွေစေ့လေးမှာလည်း သူမ၏လက်ဖဝါးထဲတွင် ချွေးများနစ်အောင် ဆုပ်ကိုင်ထားခံရသည်။ ထိုအကြွေစေ့လေးကိုလည် ရှောင်းယီ အား ခုထိမပေးရသေးပေ။
....
အိမ်သို့ပြန်ရောက်ပြီးနောက် နန်းပေါင်ရီ က အကြွေစေ့ကို သေချာဆေးကြောသန့်စင်လိုက်သည်။
အစ်ကို ၂၏အားထုတ်မှုကြောင့်သာ ယခုနှစ်ပွဲတော်၏ ပြိုင်ပွဲများတွက် သူမအနိုင်ရခဲ့ခြင်းဖြစ်သည်။
ထိုအကြွေစေ့လေးမှာ တကယ်ပင် ကံကောင်းစေသဖြင့် ရှောင်းယီ ကို သေချာပေါက်ပေးရမည်။
နန်းပေါင်ရီ ရောင်စုံပိုးချည်ကြိုးများကိုထုတ်လိုက်ပြီး ထိုအကြွေစေ့လေးနှင့် လည်ဆွဲတစ်ခုပြုလုပ်ပေးချင်သည်။ သို့သော် သေသေသပ်သပ်မလုပ်တတ်သောကြောင့် ပိုးချည်မျှင်များမှာ ဘောလုံးကဲ့သို့ လုံးထွေးနေပြီး အလွန်ပင်ကြည့်ရဆိုးသွားသည်။
ပိုးချည်များကို ပြန်ဖြတ်ထုတ်ရတော့မည်။
အကြွေစေ့လေးကို သူမလက်ထဲတွင်ကိုင်ထားပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
မှောင်ရီပျိုးနေပြီဖြစ်သော်လည်း သူပြန်မလာသေးပေ။
ညစာစားပြီးနောက်တွင် နန်းပေါင်ရီ က စာကြည့်ခန်းထဲတွင်ထိုင်ကာ ရှောင်းယီ ပြန်လာမည်ကို စောင့်နေလိုက်သည်။
စာအုပ်တစ်အုပ်၏စာမျက်နှာများ ရောက်လေရာ လှန်လှောနေရင်းနှင့် လမင်းကြီးက ကောင်းကင်ယံတွင်တဖြည်းဖြည်း မြင့်တက်လာပြီး အိမ်ရှိ ဖယောင်းတိုင်မှာလည်း မီးငြိမ်းသွားသော်လည်း လူငယ်မှာ ပြန်မရောက်လာသေး။
နန်းပေါင်ရီ စာအုပ်ကိုရင်ခွင်ထဲတွင်ပိုက်ပြီး မျက်လုံးများကို ပွတ်သပ်ကာ သမ်းဝေရင်း ငိုက်မျဉ်းလာတော့သည်။
စားပွဲပေါ်သို့ သူမခေါင်းစိုက်ကျပြီးနောက် တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
zawgyi
အပိုင္း (၄၃)
တိုက္ကြက္ကို ေဖာက္ထြက္ျခင္း
ေလက တဟူးဟူးတိုက္ခတ္ေနသည္။
နန္းေပါင္ရီ မွာ ရင္တထိတ္ထိတ္ျဖစ္ေနၿပီး ေရွာင္းယီ ၏ ထူးျခားေသာ ေအးစက္ခ်ိဳၿမိန္သည့္ ကိုယ္သင္းရနံ့က သူ၏သစ္လြင္ေသာဝတ္စုံမွတဆင့္ ေလထဲတြင္ ခံစားမိေနသည္။
ရွည္လ်ားေသာေႁမြပုံစံ ဖြဲ႕စည္းပုံတိုက္ခိုက္ခ်က္အေၾကာင္းကို ရွင္းျပေနေသာ ေရွာင္းယီ ၏ အသံကို မသဲမကြဲၾကားေနရသည္။
ေႁမြ၏အမူအက်င့္ကို အတုယူဖြဲ႕စည္းထားၿပီး အေနအထား၃မ်ိဳးႏွင့္ ေျပာင္းလဲတတ္သည္။
ေႁမြေခါင္းပိုင္းကို တိုက္ခိုက္လၽွင္ အၿမီးပိုင္းကလွုပ္ရွားၿပီး ေခြတက္လာမည္။
ေႁမြအၿမီးပိုင္းကို တိုက္ခိုက္ပါက ေခါင္းပိုင္းကလွုပ္ရွားၿပီး ကိုက္လိမ့္မည္။
ခႏၶာကိုယ္ပိုင္းကို တိုက္ခိုက္ပါက ဦးေခါင္းႏွသ့္ အၿမီးပိုင္းက ရစ္ပတ္လိမ့္မည္။
စစ္သည္ရဲမက္ႏွစ္ရာေက်ာ္က တိုက္ကြက္ပုံေဖာ္ၿပီး လြတ္လပ္စြာလွုပ္ရွားေနပုံမွာ သူတို့၏ေျခကိုမသုံးဘဲ စပါးအုံးေႁမြႀကီးဟန္ပန္ကို ေပၚလြင္စြာ လွုပ္ရွားေနသည္။
အစ္ကို ၂က ဒီဖြဲ႕စည္းပုံတိုက္ကြက္ကို အနိုင္ရေအာင္ ဘယ္လိုလုပ္နိုင္မွာလဲ။
ကံေကာင္းေစေသာအေႂကြေစ့ကို နန္းေပါင္ရီ တင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္။
ထိုကံေကာင္းေစေသာအေႂကြေစ့ကို ေဈးထဲတြင္ပင္ ရွာမေတြ႕နိုင္ေပ။ မဂၤလာရွိေသာစကားလုံးမ်ား ထြင္းထားၿပီး နိမိတ္ေကာင္းျခင္းႏွင့္ ေကာင္းခ်ီးမဂၤလာ ႂကြယ္ဝပါေစဟူေသာ အဓိပၸါယ္ရွိသည့္ ေၾကးအေႂကြေစ့ေလးျဖစ္သည္။
အေႂကြေစ့တစ္ဖက္တြင္ ေန၊ လႏွင့္ ၾကယ္ပုံမ်ားထြင္းထားၿပီး အျခားတစ္ဖက္တြင္ “ကံေကာင္းျခင္းႏွင့္ေအာင္ျမင္မွု” ဟူေသာ စာလုံးေလးမ်ားႏွင့္ ေရးထြင္းထားေသာ ထိုအေႂကြေစ့ေလးကို ေရွာင္းယီ ထံ သူမေပးခ်င္သည္။
သူမလက္ကို တင္းက်ပ္စြာဆုပ္ကိုင္ထားသျဖင့္ လက္ဖဝါးႏုႏုမွ ေခၽြးစက္မ်ားက်ဆင္းလာၿပီး အေႂကြေစ့တစ္ခုလုံး စိုစြတ္သြားေလသည္။
မၾကာခဏေျပာင္းလဲေနေသာ တိုက္ကြက္ကို သူမၾကည့္လိုက္သည္။
သူမ၏အစ္ကို ၂ က်ိန္းေသကံေကာင္းၿပီး အနိုင္ရလိမ့္မည္ဟု စိတ္ထဲမွ ေတြးထားလိုက္သည္။
ထိုျမင္ကြင္းကိုၾကည့္ေနၾကေသာပရိသတ္မွာ အသက္ရွူရန္ပင္ ေမ့ေလ်ာ့သြားၿပီး အေျခအေနကို မ်က္ေတာင္မခတ္ၾကည့္ေနၾကသည္။
ထိုသို့တင္းမာေနေသာအေျခအေနတြင္ သခင္မ က်န္း က သခင္မႀကီး နန္း ကို တိတ္တဆိတ္ၾကည့္လိုက္သည္။
သခင္မႀကီးမွာ ၾကင္နာစြာျပဳံးေနၿပီး မကိုင္သည္မွာ အလြန္ၾကာျမင့္ေနၿပီျဖစ္ေသာ ပုတီးကုံးကို လက္ထဲတြင္ ကိုင္ထားသည္။
ထိုအေျခအေနမွာ နန္း အိမ္ေတာ္၏ ဘဝအာမခံခ်က္ႏွင့္ ဆက္ႏြ ယ္ေနသျဖင့္ နန္း မိသားစုအျပင္ အျခားသူမ်ားလည္း စိတ္လွုပ္ရွားေနၾကသည္။
နန္းကြမ္ ကို သူမ လွည့္ၾကည့္လိုက္သည္။
ထို မတ္ေလးႏွင့္ သခင္မ လ်ိဳ တို့မွာ ခ်စ္ၾကည္ႏူးေနၾကသျဖင့္ နီးကပ္လာေသာအႏၲရာယ္ကိုပင္ သတိပင္မျပဳမိၾကေပ။
ထိုကဲ့သို့ေယာက္်ားမ်ိဳးက နန္း အိမ္ေတာ္ကိုေထာက္ပံ့ေပးနိုင္မည္မွာ မျဖစ္နိုင္ေတာ့ေပ။
သူမ၏ခဲအိုအႀကီးဆုံးသည္ တိုက္ပြဲတြင္က်ဆုံးခဲ့ရၿပီး တူေမာင္အႀကီးဆုံးျဖစ္ေသာ နန္းခ်န္းလီ သည္လည္း သူမ၏ေယာက္်ားကဲ့သို့ စီးပြားေရးအတြက္ ခရီးသြားရသည့္ကိစၥကိုသာ သိမွတ္ထားသည္။ ဗဟိုခ်ဳပ္အရာရွိအမတ္မ်ားအုပ္ခ်ဳပ္သည့္စနစ္၏ အာဏာကစားပြဲမ်ားအေၾကာင္းကို သူတို့နားမလည္ၾကေပ။
သူတို့သည္ နန္း အိမ္ေတာ္အတြက္ စည္းစိမ္ဥစၥာမ်ားရွာေပးနိုင္ေသာ္လည္း အဆင့္ျမင့္အရာရွိမ်ား၏ တိုက္ခိုက္မွုမွ ကာကြယ္ေပးနိုင္ၾကမည္ မဟုတ္ေပ။
သူမ၏အႀကီးဆုံးသားျဖစ္သည့္ နန္းခ်န္ရွူး သည္လည္း စာကိုေသခ်ာအာ႐ုံစိုက္ေလ့လာေသာ္လည္း ဉာဏ္မထက္ျမက္ေပ။ အင္ပါယာစာေမးပြဲကိုေအာင္ျမင္ရန္ႏွင့္ ထိပ္တန္းအဆင့္ဝင္ရန္အတြက္ပင္ အေတာ္ႀကိဳးစားရဦးမည္။
သားအငယ္ဆုံး နန္းခ်န္းလီ သည္လည္း ငယ္စဥ္ကတည္းက စြန႔္စားရသည္ကိုႏွစ္ၿခိဳက္သည္။ ၁၅ႏွစ္အရြယ္ကတည္းက ခရီးမ်ားလွည့္ထြက္ေနကာ ၂ႏွစ္ၾကာၿပီးေသာ္လည္း စာအနည္းငယ္သာ ျပန္ပို့ၿပီး ထိုစာမ်ားထဲတြင္လည္း သူက လူအမ်ားကိုအႏၲရာယ္မွကယ္တင္ေပးနိုင္သျဖင့္ အလြန္ေပ်ာ္ေၾကာင္း စိတ္အားထက္သန္စြာ ေရးထားသည္။
တျခားသူမ်ားကိုကယ္တင္ေပးနိုင္ေသာ္လည္း နန္း အိမ္ေတာ္ကို မကယ္တင္ေပးနိုင္ေပ။
အေရွ႕တြင္ရွိေနေသာ ျမင္ကြင္းသို့ သူမ၏အၾကည့္တို့ ျပန္လည္ေရာက္ရွိလာသည္။
အနက္ေရာင္ဝတ္႐ုံႏွင့္လူငယ္က ျမင္းႏွင့္အတူ တိုက္ကြက္ပုံစံအလယ္တြင္ ရပ္တန္႔လိုက္ၿပီး ဓားအိမ္မပါေသာဓားကဲ့သို့ ခက္ထန္ၿပီး ေအးေဆးတည္ၿငိမ္ေနသည္။
ဧကႏၲ ...
ဧကႏၲ နန္း အိမ္ေတာ္၏ေရွ႕ေရးသည္ ဒီလူငယ္ေလးအေပၚ မွီခိုရေတာ့မည္လား။
ႏွစ္ေပါင္းမ်ားစြာအတြင္း မၾကာခဏ ထိုလူငယ္အား ပစ္ပယ္၍ အထင္ေသးခဲ့မိသည္ကို ျပန္လည္ေတြးေတာရင္း သခင္မ က်န္း သက္ျပင္းခ်မိသည္။
နန္း မိသားစုဝင္မ်ားက စိုးရိမ္ပူပန္ေၾကခ်ိန္ အျခားသူမ်ားက ရွုံးနိမ့္သည့္အခါ ေလွာင္ေျပာင္ေျပာဆိုရန္ကိုသာ ေစာင့္ေနၾကသည္။
သခင္မ ခ်န္ က ...
"ကၽြန္မေယာက္်ားက စစ္ေရးအရာရွိေလ အဲဒီေတာ့ စစ္ေရးစစ္ရာအေၾကာင္း တစ္ခုႏွစ္ခုေလာက္ေတာ့ ကၽြန္မသိတယ္ ... စစ္သူႀကီး စစ္ထို့ ရဲ့တပ္ဖြဲ႕ကိုင္တြယ္တဲ့ စပါးအုံးေႁမြပုံစံဖြဲ႕စည္းပုံတိုက္ကြက္ဆိုတာ သိပ္နာမည္ႀကီးတာ အဲဒီတုန္းကဆို ယဲ့လန္ တိုင္းျပည္က စစ္သည္တစ္ေသာင္းပါတဲ့တပ္ဖြဲ႕ကိုေတာင္ အနိုင္ရခဲ့တယ္ေလ ... ေရွာင္းယီ က အသက္ငယ္ငယ္နဲ႔ ေလးစားယဥ္ေက်းမွုမရွိလိုက္တာ စည္းကမ္းေတြကို သူနားလည္မယ္လို့ ကၽြန္မေတာ့မထင္ပါဘူး"
သခင္မ ခ်န္း ကလည္း သူမေလာင္းေၾကးရွုံးထားသည္ကို မေက်မနပ္ျဖစ္ေနၿပီး ေရွာင္းယီ ကို ၾကည့္ရင္း ေလွာင္ေျပာင္ေျပာဆိုေလသည္။
"လူငယ္ေတြက ဒီလိုပါပဲ လူအမ်ားေရွ႕ဆို ႂကြားခ်င္လိုက္ၾကတာ ... ဒီတစ္ခါရွုံးသြားရင္ေတာ့ ေနာက္ဆိုဘယ္လိုျပဳမူေနထိုင္ရမလဲဆိုတာ သင္ခန္းစာရသြားမွာေပါ့"
"ႀကိဳေျပာဖို့ခက္ပါေသးတယ္ ... တကယ္လို့ ေရွာင္းယီ က တကယ္ပဲ တိုက္ကြက္ကို ေဖာက္ထြက္နိုင္ရင္ေရာ"
တစ္စုံတစ္ေယာက္က စူးစမ္းလိုစိတ္ျဖင့္ ေမးလိုက္သသည္။
သခင္မ ခ်န္း က မဲ့ျပဳံးျပဳံျပၿပီး ....
"ကၽြန္မရဲ့ ဒုတိယသားဆို ငယ္ငယ္ေလးကတည္းက စစ္မက္ေရးရာစာအုပ္ေတြနဲ႔ အကၽြမ္းတဝင္ရွိခဲ့တာ ဒါေတာင္ စစ္သူႀကီး စစ္ထို့ ရဲ့ စပါးအုံးေႁမြတိုက္ကြက္ကို ေဖာက္ထြက္နိုင္တယ္လို့ က်ိန္းေသမေျပာရဲေသးဘူး ... ေရွာင္းယီ က အဲဒီအကြက္ကို ေဖာက္နိုင္ရေအာင္ သူ႔ကိုယ္သူဘာမ်ားထင္ေနလို့လဲ"
"ဟုတ္တယ္ သူ႔ကိုယ္သူအထင္ႀကီးလြန္းၿပီး ကၽြန္မတို့ကို ရယ္ရေအာင္ လာလုပ္ေနတာပဲ !"
သခင္မ ခ်န္ က ထပ္မံေလွာင္ေျပာျပန္သည္။
"နန္း အိမ္ေတာ္မွာ သိုင္းပညာေလ့လာဖို့ လူငယ္ေတြ မရွိေတာ့ရင္ေတာင္မွ ဒီလိုကိစၥမ်ိဳးမွာ ဒီလို႐ူးႏွမ္းေနတဲ့ေကာင္ေလးကို မပို့သင့္ပါဘူး ... သူတို့မ်က္ႏွာပ်က္မွာ မေၾကာက္ၾကဘူးလား"
ေရွာင္းယီ ၏ ရွုံးနိမ့္ပုံကို ေတြ႕ျမင္ၿပီးသကဲ့သို့ ရယ္သံႏွင့္ေလွာင္သံမ်ားကို ေနရာအႏွံ့မွ ၾကားေနရသည္
ရယ္သံမ်ားကိုၾကားလိုက္သျဖင့္ နန္းေပါင္ရီ ၏ မ်က္ႏွာမွာ နီရဲလာသည္။ သူမ မခံမရပ္နိုင္ျဖစ္လာခ်ိန္ ေရွာင္းယီ က တည္ၿငိမ္စြာ ...
"အျခားသူေတြရဲ့ ေလွာင္သံေတြနဲ႔ ေစာ္ကားေျပာဆိုသံေတြကို ဂ႐ုမစိုက္နဲ႔ .. လိုက္နားေထာင္ၿပီးမေတြးနဲ႔ မေၾကာက္နဲ႔ .. နန္းေက်ာင္းေက်ာင္း .. လူေတြရဲ့ေလွာင္ေျပာင္ျခင္းကို ျပန္တိုက္နိုင္တဲ့အေကာင္းဆုံးနည္းလမ္းက အေတာ္ဆုံးျဖစ္ေအာင္လုပ္ၿပီး ေအာင္ျမင္မွုကိုယူျပလိုက္ဖို့ပဲ”
ျမင္းသည္ ေရွ႕ေျခႏွစ္ဖက္ကို ေျမႇာက္လိုက္သည္။
နန္းေပါင္ရီ အနည္းငယ္ ေအာ္မိလိုက္ၿပီး တစ္ခဏအတြင္းပင္ ေနရာအႏွံ့မွ ဓါးအရိပ္မ်ားကို ျမင္လိုက္ရသည္။ လူငယ္၏ လွံအနက္မွာ လၽွပ္စီးကဲ့သို့ျမန္ဆန္ၿပီး သူျဖတ္သြားသည့္ေနရာတိုင္းရွိ မေရမတြက္နိုင္ေသာ စစ္သည္ရဲမက္မ်ား၏လွံတံမ်ားကို ဖ်က္ဆီးပစ္လိုက္သည္။
ရွည္လ်ားေသာေႁမြပုံစံတိုက္ကြက္ကို တိုက္ခိုက္ရန္ ေခါင္းပိုင္းကိုခ်ဳပ္ကာ အၿမီးပိုင္းကိုသပ္လၽွို၍ ခႏၶာကိုယ္ပိုင္းကို ပိုင္းျဖတ္ရန္လိုသည္။
အနက္ေရာင္ျမင္းက ေရွ႕သို့ေျပးထြက္ကာ ေႁမြပုံစံတိုက္ကြက္၏ ေခါင္းပိုင္း အၿမီးပိုင္းႏွင့္ ကိုယ္ပိုင္းေနရာတို့၌ လၽွပ္စီးကဲ့သို့ ေပၚလာသည္။
ညႇာတာျခင္းမရွိ ျပင္းထန္လွေသာ ေရွာင္းယီ ၏ တိုက္ခ်က္မ်ားေၾကာင့္ တိုက္ကြက္ထဲရွိ တပ္ဖြဲ႕မ်ားမွာ ေနရာျပန္ယူခ်ိန္မရေတာ့ဘဲ ေႁမြတစ္ေကာင္လုံး ႏွစ္ပိုင္းအပိုင္းခံလိုက္ရသည္။
အေရွ႕အေနာက္ သုံးႀကိမ္သာ ထပ္ခါထပ္ခါတိုက္ျခင္းျဖင့္ ေႁမြပုံစံတိုက္ကြက္တစ္ခုလုံးကို အနိုင္ယူလိုက္ေလသည္။
အနက္ေရာင္ဝတ္စုံႏွင့္လူငယ္မွာ ၿပိဳင္ဘက္ကင္းစြာ ရင္သပ္ရွုေမာဖြယ္ရာျဖင့္ ျမင္းစီးလ်က္ စင္ျမင့္ေပၚတြင္ ရပ္ေနသည္။
လူအမ်ားမွာ သူ၏ခန႔္ညားေသာ႐ုပ္ရည္ကိုပင္ ဂ႐ုမစိုက္နိုင္ၾကဘဲ အံ့အားသင့္ဖြယ္ရာ ခြန္အားကိုသာ ေလးစားမိၾကသည္။
ကြင္းျပင္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္သြားသည္။
အေမႊးတိုင္တစ္တိုင္မကုန္ခင္ အခ်ိန္အတြင္းမွာပင္ တိုက္ကြက္က ဖ်က္ဆီးခံရလိုက္ၿပီလား။
စစ္ထို့လင္း ၏ ပုံစံမွာ မ်က္ႏွာထားတင္းစြာ မတ္တပ္ထရပ္မိသည္။
တပ္ထဲတြင္ ဆယ္ႏွစ္မကတာဝန္ထမ္းေဆာင္ဖူးသည့္အခ်ိန္တြင္းတြင္ ထူးကဲေသာလူငယ္ေပါင္းမ်ားစြာကို သူေတြ႕ဖူးသည္။ သို့ေသာ္ မည္သူကမွ ေရွာင္းယီ ကဲ့သို့ တည္ၿငိမ္ျခင္း၊ ရဲရင့္ျခင္းႏွင့္ ထူးခၽြန္ျခင္းတို့ မရွိၾကေပ။
အပ္က်သံပင္မၾကားရေအာင္ ခဏတာတိတ္ဆိတ္သြားၿပီး စစ္ထို့လင္း က လက္ခုပ္ၾသဘာေပးရင္း ေအာ္ဟစ္ခ်ီးမြမ္းလိုက္သည္။
"လက္ဖ်ားခါေလာက္ပါေပတယ္ !"
ေရွာင္းယီ အေပၚ သူ၏အျမင္ကို ေဖာ္ျပလိုက္ျခင္းျဖစ္သည္။
အျခားသူမ်ား၏ အၾကည့္မ်ားမွာလည္း ႐ုတ္ခ်ည္းေျပာင္းလဲသြားသည္။
ယေန႔ ေႏြဦးရာသီပန္းပြဲေတာ္သည္ အမွန္တကယ္ပင္ နန္း မိသားစု၏ ေမာင္ႏွမႏွစ္ေယာက္ကို ေက်ာ္ၾကားသြားေစခဲ့သည္။
နန္း မိသားစု ဘာဆက္လုပ္ၾကေလမလဲ။
အဆင့္ျမင့္အရာရွိမ်ားက နန္း မိသားစု၏ ေရွ႕ေလၽွာက္အစီအစဥ္ကိုေတြးရင္း အလုပ္မ်ားသြားၾကၿပီး မိန္းကေလးမ်ားမွာလည္း ေရွာင္းယီ ၏ ႐ုပ္ရည္ႏွင့္ ဟန္ပန္အမူအရာကို သေဘာက်သြားၾကသည္။
ရွခ်င္ခ်င္ က နန္းယန္ ၏ အကၤ်ီလက္ကိုဆြဲၿပီး ...
"ယန္အာ .. နင့္အစ္ကိုနဲ႔ယွဥ္ရင္ ေရွာင္းယီ က ပိုေတာ္မယ္ထင္တယ္ သူက နန္း အိမ္ေတာ္ရဲ့ေမြးစားသားျဖစ္ၿပီး နင့္ရဲ့ အစ္ကိုလို့လည္း ေျပာလို့ရတယ္မလား .. သူ႔ကို ငါ့အေၾကာင္းေျပာေပးပါလား အခုတေလာ ငါ့အေမက ငါ့အတြက္ အိမ္ေထာင္ဖက္ လိုက္ရွာေနတယ္”
နန္းယန္ က ယေန႔တြင္ နာမည္ပ်က္ခဲ့ရေသာေၾကာင့္ ျပန္လည္တုံ႔ျပန္လိုစိတ္မရွိေပ။ သူမ စိတ္မပါစြာနားေထာင္ရင္း နန္းေပါင္ရီ ကို မုန္းတီးစြာစိုက္ၾကည့္ေနသည္။
ယေန႔ သူမ အရွက္ကြဲရသကဲ့သို့ ႏွစ္ဆျပန္လည္ ခံစားေစရမည္။
နန္းေပါင္ရီ မွာ နန္းယန္ ၏အၾကည့္ကို အဖက္လုပ္တုံ႔ျပန္ရန္အခ်ိန္မရွိေပ။ သူမ စင္ျမင့္ေအာက္သို့ဆင္းၿပီး ေရွာင္းယီ အေနာက္သို့လိုက္ကာ ေမာ့ၾကည့္လိုက္ၿပီး ....
"အစ္ကို ၂ .. ညီမေလး...."
"နန္း မိသားစုက လူငယ္ေလး"
စစ္ထို့လင္း က နန္းေပါင္ရီ စကားကို ၾကားျဖတ္ဝင္လာသည္။ သူႏွင့္အတူ လက္ေထာက္စစ္သူႀကီးမ်ားကလည္း ေရွာင္းယီ ကို အလြန္သေဘာက်ေနၾကၿပီး စားေသာက္ဆိုင္တစ္ခုသို့ သြားရန္ဖိတ္ေခၚေနၾကသည္။
နန္းေပါင္ရီ က လူအုပ္ေဘးတြင္ရပ္ေနၿပီး ထိုသူမ်ားႏွင့္အတူထြက္သြားေသာ ေရွာင္းယီ ကို ၾကည့္ကာ ခံျပင္းစိတ္ႏွင့္ သက္ျပင္းရွည္စြာ ခ်လိုက္သည္။
အေႂကြေစ့ေလးမွာလည္း သူမ၏လက္ဖဝါးထဲတြင္ ေခၽြးမ်ားနစ္ေအာင္ ဆုပ္ကိုင္ထားခံရသည္။ ထိုအေႂကြေစ့ေလးကိုလည္ ေရွာင္းယီ အား ခုထိမေပးရေသးေပ။
....
အိမ္သို့ျပန္ေရာက္ၿပီးေနာက္ နန္းေပါင္ရီ က အေႂကြေစ့ကို ေသခ်ာေဆးေၾကာသန္႔စင္လိုက္သည္။
အစ္ကို ၂၏အားထုတ္မွုေၾကာင့္သာ ယခုႏွစ္ပြဲေတာ္၏ ၿပိဳင္ပြဲမ်ားတြက္ သူမအနိုင္ရခဲ့ျခင္းျဖစ္သည္။
ထိုအေႂကြေစ့ေလးမွာ တကယ္ပင္ ကံေကာင္းေစသျဖင့္ ေရွာင္းယီ ကို ေသခ်ာေပါက္ေပးရမည္။
နန္းေပါင္ရီ ေရာင္စုံပိုးခ်ည္ႀကိဳးမ်ားကိုထုတ္လိုက္ၿပီး ထိုအေႂကြေစ့ေလးႏွင့္ လည္ဆြဲတစ္ခုျပဳလုပ္ေပးခ်င္သည္။ သို့ေသာ္ ေသေသသပ္သပ္မလုပ္တတ္ေသာေၾကာင့္ ပိုးခ်ည္မၽွင္မ်ားမွာ ေဘာလုံးကဲ့သို့ လုံးေထြးေနၿပီး အလြန္ပင္ၾကည့္ရဆိုးသြားသည္။
ပိုးခ်ည္မ်ားကို ျပန္ျဖတ္ထုတ္ရေတာ့မည္။
အေႂကြေစ့ေလးကို သူမလက္ထဲတြင္ကိုင္ထားၿပီး ျပတင္းေပါက္အျပင္ဘက္သို့ လွည့္ၾကည့္လိုက္သည္။
ေမွာင္ရီပ်ိဳးေနၿပီျဖစ္ေသာ္လည္း သူျပန္မလာေသးေပ။
ညစာစားၿပီးေနာက္တြင္ နန္းေပါင္ရီ က စာၾကည့္ခန္းထဲတြင္ထိုင္ကာ ေရွာင္းယီ ျပန္လာမည္ကို ေစာင့္ေနလိုက္သည္။
စာအုပ္တစ္အုပ္၏စာမ်က္ႏွာမ်ား ေရာက္ေလရာ လွန္ေလွာေနရင္းႏွင့္ လမင္းႀကီးက ေကာင္းကင္ယံတြင္တျဖည္းျဖည္း ျမင့္တက္လာၿပီး အိမ္ရွိ ဖေယာင္းတိုင္မွာလည္း မီးၿငိမ္းသြားေသာ္လည္း လူငယ္မွာ ျပန္မေရာက္လာေသး။
နန္းေပါင္ရီ စာအုပ္ကိုရင္ခြင္ထဲတြင္ပိုက္ၿပီး မ်က္လုံးမ်ားကို ပြတ္သပ္ကာ သမ္းေဝရင္း ငိုက္မ်ဥ္းလာေတာ့သည္။
စားပြဲေပၚသို့ သူမေခါင္းစိုက္က်ၿပီးေနာက္ တျဖည္းျဖည္း အိပ္ေပ်ာ္သြားေလေတာ့သည္။
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။