The Legendary Master's Wife [...

By melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-645- တားမြစ်နယ်မြေ

5.8K 1.1K 40
By melon_rays

Unicode
အပိုင်း ၆၄၅- တားမြစ်နယ်မြေ

လင်းရှောင်က 'ဖူးရန်'စကားလုံးကို လျင်မြန်စွာပင်
ပြန်ချေပသည်။

အကြောင်းပြချက်ကတော့ ထင်ရှားစွာပင်၊
သူတစ်ယောက်ပဲ ခေါ်ခွင့်ရှိတာမို့ပင်။ သူ့ဇနီးလေးကို
ခေါ်တဲ့အချိန်ဆို ကလူကျီစယ်သည့်လေသံမျိုး
သုံးရတာကို သူအကြိုက်ဆုံးဖြစ်၏။ ဒါက
စုံတွဲကြားမှာပဲတည်ရှိသည့် ပျော်ရွှင်မှုဖြစ်၍
ဟွားကု၏ဖျက်ဆီးတာခံရလို့ လုံးဝမဖြစ်ပေ။

ဟွားကု၌ တွေ့ရခဲသော ရှက်ကိုးရှက်ကန်း
အမူအရာမျိုးရှိနေသည်။ သူမသည် အစစအရာရာ
ဂရုစိုက်သောလူမျိုးဖြစ်လေရာ ယူရှောင်းမို၏
ဝမ်းချုပ်နေသောအမူအရာကို မြင်လိုက်ချိန်၌
သူမ စကားပြောမှားသွားကြောင်း သိလိုက်သည်။
အဆုံးမှာတော့ သူ့ကို သခင်လေးလို့ပဲခေါ်ဖို့
ယူရှောင်းမိုကပဲပြောလိုက်သည်၊ ဘာလို့ဆို
သူကိုယ်တိုင်လည်း ထိုအခေါ်အဝေါ်ကို
တော်တော်လေးနှစ်သက်မိတာကြောင့်ပင်။

သခင်လေးက မငြင်းတာကိုတွေ့သည့်အခါ
ဟွားကုလည်း ​အခွင့်အ​ရေးကိုအမိဖမ်း၍
ယူသခင်လေးဟုတစ်ခါခေါ်လိုက်သည်။

အပြုံးစံအိမ်တွင် ထျန်းကုံ၏အဖွဲ့ဝင်လေးယောက်
အပြင် ယူရှောင်းမို၏ဆက်နွယ်သားရဲများဖြစ်သည့်
ရှဲ့ချုံးနှင့်ရှောင်ဟိန်တို့လည်း ရှိနေသည်။
သူတို့နှစ်ကောင်စလုံးမှာ မထုံတက်တေးနိုင်သော
ပုံစံမျိုးဟု ယူဆလို့ရကာ သူတို့လျှောက်လာသည်ကို
မြင်နေရချိန်မှာ သူတို့အမူအရာများက
တည်ငြိမ်လို့နေသည်။

အစက ယူရှောင်းမိုမှာ သူတို့ဆီပြေးသွားပြီး
အတိတ်ကိုလွမ်းဆွတ်သတိရပြန်ပြောင်း
အောက်မေ့ချင်နေသော်လည်း လမ်းတစ်ဝက်မှာ
လင်းရှောင်၏ ဖမ်း၍ အကြီးအမှူးနေရာသို့
ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ ထိုနေရာမှာ
လင်း​ရှောင်အတွက်တစ်ခုံ၊ တစ်ခြားတစ်ယောက်
အတွက် တစ်ခုံ၊ ခုံနှစ်လုံး ရှိနေသည်။

ထိုင်ချပြီးသည်နှင့် လင်းရှောင်က ပြောစရာရှိတာ
တန်းပြောသည်။

ဘယ်သူ့တွင်မှ မသေမချာမရေမရာအလုပ်လုပ်
တတ်တဲ့ အကျင့်မျိုးမရှိကြ၍ လုပ်ရည်ကိုင်ရည်
တော်တော်ကောင်းကြသည်။ နောက်တစ်နာရီ
မပြည့်သေးခင်မှာပင် ပြဿနာအနည်းငယ်မျှ
ဖြေရှင်းပြီးလေပြီ။

ယူရှောင်းမိုမှာတော့ သေလောက်အောင်ပျင်းနေ၏။
နောက်ဆုံးနားကျမှပဲ သူနဲ့ သက်ဆိုင်နေတဲ့စကား
ပါလာလေတော့သည်။

ထျန်းသောက်က အဆိုပြုသည်။

"သခင်လေး ထျန်းကုံရဲ့သတင်းကွန်ရက်နဲ့
ယူသခင်လေးရဲ့မြွေပါသားရဲရဲ့ လုပ်နိုင်စွမ်းနဲ့
ပေါင်းစည်းနိုင်ဖို့ ကျုပ်မျှော်လင့်မိတယ်...ထျန်းကုံ
သတင်းကွန်ရက်မှာ အမြဲတမ်းလူနည်းနည်းပဲ
ရှိခဲ့တာဆိုတော့ ကျုပ်တို့နှစ်ဖက် ပေါင်းစည်းနိုင်မယ်
ဆိုရင် ထိရောက်မှုပိုတိုးလာပါလိမ့်မယ်"

လင်းရှောင်က ချက်ချင်းမဖြေ။ ထိုအစား
ယူရှောင်းမိုအမြင်ကို မေးသည်။

ယူရှောင်းမိုအတွေးမှာ 'ဘယ်လိုပဲဖြစ်ဖြစ်
'တစ်မိသားစုတည်း'ပဲ။ ပေါင်းလိုက်လည်း
ကောင်းတာပေါ့'ဟူ၍။

"မီးစင်ကြည့်ကကြတာပေါ့.. ချိချုံးကို
ပြောထားလိုက်မယ်"

လူတိုင်း ကြောင်ကြောင်ကြီးစိုက်ကြည့်နေကြ၏။

သူတို့ အမြန်ပဲသတိပြန်ဝင်လာကြပြီး မြွေပါသားရဲကို
ပြောနေတာမှန်း သဘောပေါက်သွားကြသည်။
ရှဲ့ချုံးနဲ့ကျန်တဲ့သူတွေ သူတို့နာမည်သူတို့
တစ်ယောက်မှ ကြိုက်ကြိုက်မကြိုက်ကြိုက်
သူ့ဆက်နွယ်သားရဲတွေကို နာမည်မျိုးစုံ
လျှောက်ပေးတတ်တဲ့ ယူရှောင်းမိုရဲ့အကျင့်ကို
လူတိုင်းသိထားပြီးသားပင်။ သို့ပေမဲ့ သူတို့
ကောင်တွေသူတို့ အရွဲ့တိုက်ရတာတော့
အကုန်ကြိုက်ကြလေရာ သူများရှေ့ဆို နာမည်ကို
ခေါ်ကြသည်။ ရလဒ်အနေဖြင့်
နာမည်အခေါ်ခံရသူများက မပျော်မရွှင်ဖြစ်ကာ
ပြန်ချတော့သည်။ ထို့နောက်မှာတော့
ရုတ်ရုတ်သဲသဲဖြစ်သွားလိုက်တာ လူတိုင်း
သိသွားကြတဲ့အထိပင်။

ဒုတိယပြဿနာက အရိုးဖြူမြို့မှအဆင့်ဆယ့်နှစ်
ကျင့်ကြံသူနှင့်သက်ဆိုင်သည်။

တစ်ဖက်လူက ကြယ်တစ်ပွင့်လူ။ ယခုလို
အခြေအနေတွေ ကပေါက်တိကပေါက်ချာ
ဖြစ်နေချိန်မှာ အဆင့်ဆယ့်နှစ်ကျင့်ကြံသူ
တစ်ယောက်က အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်
သည်။ သူ့ကိုဆွဲခေါ်နိုင်ပါက ထျန်းကုံ၏စွမ်းအား
တစ်ဆင့်တိုးလာပေလိမ့်မည်။

သို့သော် ၎င်းက သူတို့ဆန္ဒသပ်သပ်ပဲရှိသေးသည်။
ထိုလူ့မှာ ပြဿနာအရှုပ်မရှိကြောင်း အရင်ဆုံး
သေချာအောင်လုပ်ရဦးမည်ဖြစ်သည်။

သူက လွန်ခဲ့သောနှစ်လက ပေါ်လာခဲ့သည်။ သူက
အရိုးဖြူမြို့မှာအသန်မာဆုံးဖြစ်၍ ဖိနှိပ်ခံနေရသော
သူများမှာ ဒေါသထွက်ရဲကြပေမဲ့ ပြန်တော့
ခံမပြောဝံ့ကြပေ။ အချို့လူများဆို သူ့အဖွဲ့ထဲ
ဝင်သွားကြပြီး ယခုဆိုလျှင် သူတို့ထက်တောင်
ပိုများသည့် လူအရေအတွက် သုံးဆယ်မှလေးဆယ်
အထိရှိသည့် အင်အားစုလေးတစ်ခုပင်ဖြစ်နေလေပြီ။
ထိုလူများထဲ၌ စွမ်းအားအနိမ့်ဆုံးသူတောင်
ဧကရာဇ်အဆင့် ရှိသေးသည်။

လင်းရှောင် အနားယူနေစဉ်ကာလအတွင်း
ထျန်းကုံက ဤလူ့အားစောင့်ကြည့်ရန် လူလွှတ်ထား
ခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော် သူ့အပြုအမူက
တကယ်သံသယဖြစ်ဖွယ်ရာမရှိဘဲ ဘာသဲလွန်စမှ
ထုတ်ပြခဲ့ခြင်းမရှိပေ။

ဘာပြဿနာမှမရှိပုံပေါ်သော်လည်း ထျန်းကုံတို့က
အရူးမဟုတ်ပေ။ အဆင်ပြေပုံပိုပေါက်လေလေ
သံသယဖြစ်ဖွယ်ပိုကောင်းလေလေပင်။

သူ့နောက်ကြောင်းကိုလည်း စစ်ကြည့်ပြီးတာ
ကြာပြီဖြစ်သည်။ ဤကိစ္စက ယင်ကောရဲ့အဖေ
ခေါင်းကိုးလုံးမြွေဧကရာဇ်ကိုတောင် ငြိနေသေးသည်။

ခေါင်းကိုးလုံးမြွေဧကရာဇ်မျိုးနွယ်မှာ ယင်ကောနှင့်
သူ့အဖေတို့သာရှိတော့သည်။ သူတို့ကို ရှီကျင်းမှာ
ဆိုရင် အနိမ့်ဆုံးအဆင့်ဆယ့်နှစ်ဧကရာဇ်သားရဲများ
အဖြစ် မှတ်ယူထားကြသည်။ သူတို့က ပိုင်နက်
ချဲ့ထွင်ခြင်းမပြုသလို ရှီကျင်း၏စစ်ပွဲများတွင်လည်း
ပါဝင်ခြင်းမရှိပေ။

အခြားအင်အားကြီးသူများမှာလည်း ဒေါသထွက်
လွယ်သော ခေါင်းကိုးလုံးမြွေဧကရာဇ်အား
ရန်သွားမစချင်ကြပေ။ သို့သော် ရန်စရဲသူ
တစ်ယောက်တော့ရှိလေသည်။ ဒီလူကတော့
ခေါင်းကိုးလုံးမြွေဧကရာဇ်၏သဘာဝရန်သူ
*ရှယ်တျောင်ပင်။ ၎င်းက ခွန်အားအရာတွင်
ခေါင်းကိုးလုံးမြွေဧကရာဇ်နှင့် ညီမျှပြီး သူ့မှာ
နောက်လိုက်လည်းအနည်းငယ်ရှိသည်။
အရိုးဖြူမြို့ရှိ အဆင့်ဆယ့်နှစ်ကျင့်ကြံသူမှာ
ထိုသို့နောက်လိုက်တစ်ယောက်ပင်။

(*ရှယ်တျောင်- crested serpent eagle
ငှက်ကတကယ်ရှိပါတယ်၊ မြွေတို့ဘာတို့စားတာတဲ့၊
ရှယ်တျောင်ဆိုတဲ့စကားလုံးကတော့ မှန်မလားမသိ၊
chinese pinyin appကနေရှာထည့်ထားတာပဲ)

သို့ပေမဲ့ သူက ဆန္ဒအလျောက် နောက်လိုက်
လုပ်ခဲ့ခြင်းမဟုတ်ပေ။ ထိုအစား ရှယ်တျောင်၏
ခြိမ်းခြောက်မှုများဖြင့် ဖိအားပေးခံရ၍
အရှုံးပေးရုံမှတစ်ပါး ရွေးချယ်စရာ
မရှိခဲ့သောကြောင့်ဖြစ်သည်။

အရင်တလောမတိုင်ခင်ကအထိ ရှယ်တျောင်က
ခေါင်းကိုးလုံးမြွေဧကရာဇ်ကို အမြဲလိုလို သွားရန်ရှာ
နေတတ်သည်။ နောက်ဆုံး မြွေဧကရာဇ်အိုကြီးကို
စိတ်တိုအောင်လုပ်နိုင်လိုက်ပုံပေါ်သည်။
အသွားတုန်းကတော့ စိတ်ဓာတ်တက်ကြွလျက်
ယုံကြည်ချက်များပြည့်လျှံနေခဲ့ပေမဲ့ အပြန်မှာ
သူ့မျက်နှာက ဖြူဖျော့နေကာ ပြင်းထန်သော
ဒဏ်ရာတစ်ခုရလာလေသည်။ ထိုနေ့မှာတင်ပဲ သူက
တံခါးပိတ်ကျင့်ကြံသွားတော့သည်။

ထိုလူက ဤအခွင့်အရေးကိုအသုံးချပြီး ထွက်ပြေး
လာသည်။ ရှယ်တျောင် တံခါးပိတ်ကျင့်ကြံတာ
အလွန်ကြာမြင့်မည်မှန်းသိသဖြင့် ဤအခွင့်အရေးကို
အသုံးချပြီး သန်မာ၍စွမ်းအားကြီးသော နောက်ခံ
တစ်ယောက်ရှာချင်နေတာဖြစ်သည်။

သို့ပေမဲ့ အချိန်ကာလရှည်လျားစွာ
နာမည်ကျော်ကြားလာသော အင်အားစုကြီးများက
သေချာပေါက် သဘောတူကြမှာမဟုတ်ပေ။ သို့ဖြင့်
သူက တိုက်မကြီးတစ်ခွင် ကျော်ကြားလာကာစ
လင်းရှောင်ထံမှ အကူအညီတောင်းခံရှာဖွေရန်
ဆုံးဖြတ်လိုက်သည်။ ယူကျန်ထျန်း၊  ထုံထျန်း
ဧကရာဇ်တို့နဲ့ တိုက်ခိုက်ခဲ့ရာမှာ လင်းရှောင်ရဲ့
အောင်မြင်မှုဖြင့်ဆိုလျှင် ယခင်ခေါင်းဆောင်က
သူ့အတွက် ပြိုင်ဖက်ဖြစ်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် သူက ယခုထက်ထိ အင်အားစုတစ်ခု
မတည်ထောင်ရသေးရာ ယခုအချိန်မှာ ဝင်တာက
သူ့အောင်မြင်မှုများကို ချမှတ်ပြီး လင်းရှောင်ရဲ့
ယုံကြည်မှုကိုရဖို့ ပိုလွယ်ကူစေလိမ့်မည်။

လင်းရှောင်ရဲ့ခွန်အားအဆင့်မှာရှိတဲ့လူမျိုးက
ရှယ်တျောင်ကို သိပ်အမှုမထားဘူးပြောရင်
ပုံမှန်ပဲလို့ယူဆလို့ရပေမဲ့လို့ ကောင်းကင်က
ပြုတ်ကျလာတဲ့ ဒီအသားပိုင်မုန့်က ဝါးရ
မလွယ်ဘူးဟု ထျန်းသောက်ခံစားရတုန်းပင်။
ထို့ကြောင့် ဆုံးဖြတ်ချက်ချရမှာတွေဝေနေခဲ့သည်။

"သူ့ကိုဆက်စောင့်ကြည့်နေ.. တကယ့်အကြံကို
သိအောင်လုပ်"

နားထောင်နေပြီးနောက် လင်းရှောင်က
ဆုံးဖြတ်ချက်မချခင် စက္ကန့်အနည်းငယ်မျှ
တိတ်ဆိတ်နေခဲ့သည်။

ထျန်းသောက်ဟာ အံ့ဩမသွားပေ။ တကယ်တော့
သူလည်း လင်းရှောင်နဲ့အတွေးအတူတူပင်။
ဒီလူနှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်တာရှိနေသေး
သည်၊ သို့ပေမဲ့ ၎င်းကဘာလဲ သိအောင်
မလုပ်နိုင်ခဲ့ပါက သူ့ကို ထျန်းကုံကိုဝင်ခွင့်ပေးဖို့
သူတို့စိတ်သက်သာနိုင်မှာမဟုတ်ပေ။

"ထျန်းသောက် ယင်ကောနဲ့ဖုန်းချီယွင်တို့သတင်းရော
မကြားမိဘူးလား"

သူတို့တွေဆွေးနွေးတာ ပြီးဆုံးလောက်ပြီဖြစ်တာကို
ယူရှောင်းမိုတွေ့သဖြင့် သူပိုပူသည့်ကိစ္စကိုမေးလိုက်
သည်။

ယင်ကောနှင့်ဖုန်းချီယွင်တို့ကြား ခံစားချက်ကို
ခေါင်းကိုးလုံးမြွေဧကရာဇ်က လက်မခံသဖြင့်
လွတ်မြောက်ပြီးနောက်မှာ သူတို့နှစ်ယောက်က
လက်ချင်းတွဲကာ ထွက်သွားခဲဲ့ကြသည်။ သူတို့
ခရီးသွားကြမှာလို့ကြားခဲ့ရသလိုရှိပေမဲ့ သူတို့သတင်း
မကြားရတာ အတော်လေးကြာလေပြီ။

ထျန်းသောက်က ပြန်ပြောသည်။

"မကြားမိသေးဘူး"

ယူရှောင်းမိုမှာ မဆိုစလောက်လေးစိတ်ပျက်သွားရ
သည်။ ယင်ကောနှင့်ဖုန်းချီယွင်တို့ ပြန်မလာသေးကြ
ပုံပင်။

ထျန်းသောက်က ပြောသည်။

"ယူသခင်လေးသိချင်ရင် စုံစမ်းဖို့လူလွှတ်ပေးလို့
ရပါတယ်..ဒါပေမဲ့လို့ လက်ရှိထုံထျန်းတိုက်မကြီး
အခြေအနေက သိပ်မငြိမ်နေတော့ သူတို့ကိုရှာဖို့
တော်တော်လေးတော့ ခက်ပါလိမ့်မယ်"

"ဒါဆိုလည်း ထားလိုက်ပါတော့"

ယူရှောင်းမို ခေါင်းခါလိုက်သည်။ သူ့ကိုဒုက္ခမပေး
ချင်ပေ။ ယခုလက်ရှိမှာ သူတို့ကိစ္စအတွက်
သူတို့တောင် လူမလောက်ဘဲဖြစ်နေရာ ရှာဖွေဖို့
တစ်ယောက်ယောက်ကို အပြင်လွှတ်လိုက်မယ်ဆိုရင်
သူတို့အဖွဲ့လေး ပိုသေးသွားလိမ့်မည်။ ထို့အပြင်
သူတို့၏လက်ရှိဂုဏ်သတင်းနှင့်ဆိုလျှင် သူတို့ကို
ရှာချင်ပါက ယင်ကောနှင့်ဖုန်းချီယွင်တို့
တစ္ဆေသင်္ချိုင်းတောင်တန်းကို ဘယ်အချိန်မဆို
လာလို့ရပေသည်။

ထျန်းသောက်က မအံ့ဩစွာဖြင့်ပင် ခေါင်းညိတ်
လိုက်၏။ ဤရလဒ်ကို ခန့်မှန်းထားမိပြီးဖြစ်၍
ဆက်မေးလိုက်သည်။

"ယူသခင်လေး ထျန်းကွေ့ဘက်ရောဘယ်လိုနေလဲ
မသိဘူး"

"အိုး သူကအဆင့်တက်တော့မှာ..မကြာခင်
နိုးလာလိမ့်မယ်"

ယူရှောင်းမိုက မေးအောက်လက်တစ်ဖက်ထောက်
လိုက်ပြီး သူ့အမူအရာက စတင်၍အာရုံလွင့်လာလေ
သည်။

လင်းရှောင်က ထရပ်လိုက်ကာ ထျန်းသောက်ကို
ပြောလိုက်သည်။

"ဒီနေ့အစည်းအဝေးက ဒီလောက်ပဲ.. တစ်ခြား
ကိစ္စတွေကို ကောင်းသလိုပဲကြည့်စီစဉ်လိုက်ပါ"

ထျန်းကုံ၏အာဏာကို လင်းကုထံမှ လွှဲပြောင်းယူ
ပြီးပြီဖြစ်သော်ငြား လက်ရှောင်တဲ့ခေါင်းဆောင်
တစ်ယောက်လုပ်ရာမှာ လွန်စွာမှ
ကျွမ်းကျင်နေတုန်းပင်။

ကံကောင်းစွာဖြင့် ထျန်းသောက်မှာ လက်ရှောင်တဲ့
ခေါင်းဆောင်တစ်ယောက်လက်အောက်မှာ
အလုပ်လုပ်ရခြင်းကို လင်းကုလက်ထက်ကတည်းက
အသားကျနေပြီဖြစ်သည်။ ယခုတော့ လင်းရှောင်
ရှိလာ၏၊ သူ့အနေဖြင့် ဒီထက်ပိုအသားမကျနိုင်စရာ
အကြောင်းမရှိတော့ပါချေ။

ထို့နောက်မှာ သူတို့ နန်းတော်သို့ပြန်ခဲ့သည်။

မှော်ဆရာစုဝေးပွဲ ဖြစ်ဦးမလားမဖြစ်တော့ဘူးလား
မသိရသေးပေမဲ့လို့ လင်းရှောင်နဲ့ထိုလူကြားက
ကတိကတော့ အကျုံးဝင်နေသေးဦးမည်ဟု
ယူရှောင်းမိုခံစားရသည်။

ကတိပြုထားသောအချိန်မတိုင်ခင် ကိုးလမျှသာ
ကျန်တော့သည်။ သူ့ကျင့်ကြံဆင့်က အခုမှ
အဆင့်လေးပဲရှိသေးသည်၊ အကယ်၍များ
ထိုအချိန် အမှန်တကယ်ရောက်လာခဲ့မည်ဆိုပါက
ဒီစွမ်းအားအဆင့်က လုံးဝလုံလောက်မှာမဟုတ်ပေ။
ထို့ကြောင့် ဒီ့နောက်ပိုင်း အကောင်းဆုံး
အလုပ်ကြိုးစားရပေမည်။

ထိုစဉ် ငှက်တစ်​သောင်းတောင်ကြားတွင်။

သုံးလေးနှစ်ခန့် ရှိပြီဖြစ်သော ငှက်ပေါက်လေးမှာ
ဖြူဝင်း၍တုတ်ခိုင်သော ကလေးလေးတစ်ယောက်
ဖြစ်နေဆဲပင်။ သူသည် ဖြူစင်၍လွန်စွာချစ်စဖွယ်
ကောင်း၏၊ သို့သော်လည်း အကြီးအကဲချုပ်၏
သင်ပြမှုအောက်တွင် သူ့နှလုံးသားကမည်းနက်လို့
နေလေပြီ။

ဒုတိယအကြီးအကဲကျိဟယ့်နှင့် သူ့မျိုးဆက်မှတစ်ပါး
ငှက်တစ်သောင်းတောင်ကြားတွင် လူတိုင်းက
သူ့အပေါ် အလွန်ကောင်းကြသော်လည်း
ငှက်ကလေးသည် နတ်ဆိုးဖီးနစ်မျိုးနွယ်စုသို့
ပြန်လာရသည့် တကယ့်ရည်ရွယ်ချက်ကို
မမေ့သေးပေ။ သူ့သခင်နဲ့ အကြီးအကဲတို့အတွက်
သူလျှိုလုပ်တစ်ယောက်လုပ်ပေးနိုင်ဖို့ပင်။
အကြီးအကဲပေးသည့် တာဝန်ကိုတောင် ရခဲ့ပြီ
ဖြစ်သည်။

စာချုပ်ချုပ်ခံထားရတဲ့အကြောင်းကို သူ
ထုတ်ပြောပြီးကတည်းက ကျိဟယ့်နှင့်သူ့မျိုးဆက်
တို့က သူ့ကိုဆွဲချရန် ဒီဟာကို အကြောင်းပြချက်
အဖြစ် ဆက်တိုက်အသုံးပြုနေကြသည်။ သူတို့
အကြောင်းပြချက်ကတော့ နတ်ဆိုးဖီးနစ်မျိုးနွယ်စုမှာ
လူသားတစ်ယောက်နဲ့စာချုပ်ချုပ်ထားတဲ့
သခင်လေးတစ်ယောက် ရှိလို့မရဘူးဟူ၍ပင်။
ထို့အပြင် ၎င်းက သာမန်စာချုပ်တစ်ခုလည်း
ဖြစ်နေသေးသည်။ ဒါက နတ်ဆိုးဖီးနစ်မျိုးနွယ်စု
အတွက် အလွန်အမင်းရှက်ဖွယ်ကောင်းပြီး
အစော်ကားခံရခြင်းဖြစ်သည်ဟု သူတို့က
ယုံကြည်သည်။

သို့သော်လည်း ကျိဟယ့်နှင့်သူ့မျိုးဆက်တို့
စွမ်းအားက အတော်အတန်အားနည်းသည်။
အကြီးအကဲချုပ် ကျိဝမ်၏ ပြောင်ပြောင်တင်းတင်း
ဖိနှိပ်ခြင်းကိုမခံလိုက်ရခင် သူတို့ကန့်ကွက်သံများက
နတ်ဆိုးဖီးနစ်မျိုးနစ်မျိုးနွယ်စုအတွင်းမှာ
ဘာလှိုင်းကြီးကြီးမားမားမှ မဖြစ်စေခဲ့ပေ။
အကြောင်းအရင်းကတော့ ဒီသာမန်စာချုပ်လေး
ကြောင့်ပင်။

အသက်ဆက်နွယ်စာချုပ်ဖြစ်ခဲ့မယ်ဆိုရင်
အသက်ဆက်နွယ်စာချုပ်တစ်ခုကို ပြန်ဖြည်လို့မရနိုင်
သဖြင့် ကျိဝမ်သည် ကျိနဉ်းယွီအား နတ်ဆိုးဖီးနစ်
မျိုးနွယ်စုကိုဆက်ခံရန်အတွက် စာရင်းထဲ
ဆက်ရှိနေခွင့်ပြုသင့်သလား တကယ်ပဲစဉ်းစားဖြစ်ခဲ့
လောက်သည်။ သို့ပေမဲ့ သာမန်စာချုပ်က
ပြန်ဖြည်လို့ရသဖြင့် ငှက်ပေါက် လက်ရှိရင်ဆိုင်
နေရသည့် အခြေအနေက ယူ​ရှောင်းမိုနဲ့စာချုပ်
ပြန်ဖျက်ရမည့်အခြေအနေပင်။

ငှက်ပေါက်က စကားအရ သဘောတူပြီးပြီ
ဖြစ်သည်၊ သို့သော် လက်တွေ့တွင် သူဘာတွေးနေလဲ
ဘယ်သူမှမသိကြပေ။

နတ်ဆိုးဖီးနစ်မျိုးနွယ်စုကို ပြန်ရောက်လာချိန်
ကတည်းက ကျိဝမ်က သူ့ကို ကိစ္စများစွာ
သင်ပေးခဲ့သည်။ လုံးဝအဆင်ပြေနေသော ငယ်ရွယ်
နုနယ်သည့် ချစ်စဖွယ်ကောင်လေး၏စိတ်ကို
အနက်ရောင်ပြောင်းသွားစေအောင် ဘယ်လိုအရာများ
သင်ပေးခဲ့သလဲ ပုံဖော်ကြည့်လို့ရသည်။

သူသင်ပေးခဲ့သည့်အရာများကို ငှက်ပေါက်က
သူ့အပေါ်ပြန်အသုံးပြုမည့်နေ့တစ်နေ့
ရောက်လာလိမ့်မည်ဟု ကျိဝမ်တစ်ယောက်
ထင်ထားမိမည်မဟုတ်ပေ။

သို့သော်ငြား၊ ဤအခြေအနေက
နတ်ဆိုးဖီးနစ်မျိုးနွယ်စုအတွင်း သူ့ကိုဆန့်ကျင်သည့်
ပွက်ပွက်ဆူသံများ ဖြစ်စေခဲ့သော်လည်း သူ့အပေါ်
ကျိဝမ်၏အလိုလိုက်မှုက မပြောင်းလဲသေးချေ။
ယခုဆို ငှက်ပေါက် နတ်ဆိုးဖီးနစ်မျိုးနွယ်စုကို
ပြန်ရောက်တာ နှစ်ကြာပြီဖြစ်ကာ ကျိဝမ်ဘေးမှာပဲ
နေလို့ရသည့် ကလေးပေါက်စလေးမဟုတ်တော့ပေ။

ဒီကနေ့တွင် ရာသီဥတုက နေသာ၍တိမ်ကင်းစင်နေ
သည်။

နတ်ဆိုးဖီးနစ်မျိုးနွယ်စုမှလူနှစ်ယောက်မှာ သူတို့
ရှေ့က ကလေးလေးကို ကို့ရို့ကားယားနိုင်စွာ
ကြည့်နေရ၏။ ကျိနဉ်းယွီဆိုတာ အကြီးအကဲချုပ်ရဲ့
ပေါင်ပေ့လေးမှန်း ဒီနေ့ခေတ်မှာ မသိတဲ့သူ
ဘယ်မှာများရှိလို့လဲ။ သူက တအားစုပ်လိုက်လို့
အရည်ပျော်သွားမှာကြောက်နေရတဲ့အရာမျိုး၊
ဒါမှမဟုတ် လက်ထဲမှာကိုင်ထားရင်း ပြုတ်ကျသွားမှာ
ကြောက်နေရတဲ့အရာမျိုး ဖြစ်သည်။ သူတို့ခဗျာ
သူ့ကို မောင်းထုတ်လို့လည်းမရသလို ထိလို့လည်း
မရ၍ လွန်စွာမှကျပ်တည်းနေရသည်။

"သခင်လေးရာ ကျုပ်တို့အတွက်ခက်ခဲအောင်
မလုပ်ပါနဲ့ဗျာ... သခင်လေးကိုဝင်ခွင့်မပေးတာ
မဟုတ်ရပါဘူး..ဒါက တားမြစ်နယ်မြေမလို့ပါ..
အကြီးအကဲချုပ်က ဘယ်သူ့မှဝင်ခွင့်မပြုဖို့
ညွှန်ကြားထားတယ်"

ပြောလိုက်တဲ့သူက အညိုဖျော့ရောင်ဆံပင်ရှိပြီး
လက်ရှိတွင် သူ့မျက်နှာက ကြက်ဟင်းခါးသီး
အလားပင်။

"ဂရုမစိုက်ဘူး ငါဝင်ချင်တယ်"

ကလေးလေးက ကလေးဆန်သောလေသံဖြင့်
ပြောသည်။ သူက ဘောလုံးသေးသေးလေးပဲ
ဆိုပေမဲ့ မျိုးနွယ်ဝင်နှစ်ယောက်မှာ အထင်မသေးရဲ
ချေ။ ဘာလို့ဆို သူ့ကိုအထင်သေးခဲ့တဲ့သူအားလုံး
ယခုအချိန်မှာ အိပ်ယာထဲလဲနေကြတာကြောင့်ပင်။
'လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့'
ဆိုတဲ့စကားက ကျိနဉ်းယွီအတွက် ရေးထားခဲ့တာ
ဖြစ်လောက်သည်။ ဒီဘောလုံးသေးသေးလေးက
တကယ်တော့ နတ်ဒေဝါအဆင့်ရှိမယ်လို့
ဘယ်သူကထင်ထားမိမှာတုန်း။
သူမွေးကတည်းကနေဆို အခုမှနှစ်လေးနည်းနည်းပဲ
ရှိသေးတယ်ဟု ပြောလို့ရသည်။

သို့သော်ငြားလည်း သူတို့ပိုမတွေးမိတဲ့အရာက
ငှက်ပေါက်ရဲ့ကျင့်ကြံဆင့်တစ်ဝက်က ယူရှောင်းမိုရဲ့
စိတ်စွမ်းအင်ရေကန်က လဲလှယ်ပေးထားရတာ
ဆိုတာပင်။ သို့ပေမဲ့ ဒါကြောင့်နဲ့ သူက မွေးရာပါ
ပါရမီပါတဲ့အချက်ကိုတော့ ငြင်းလို့မရပေ။

သူ့စကားကြားတော့ သူတို့နှစ်ယောက်စလုံး
ဘာလုပ်လို့လုပ်ရမယ်မှန်း မသိကြတော့ချေ။
ကြည့်ရတာ အကြီးအကဲချုပ်ကို သွားရှာရမည့်ပုံပင်။

ထိုအခိုက်အတံ့မှာပဲ တားမြစ်နယ်မြေဘက်မှ
အေးစက်၍ရှိန်လောက်သောအသံတစ်ခု
ထွက်ပေါ်လာလေသည်။

"အပြင်မှာဘယ်ကောင်ပြဿနာရှာနေတာတုန်းကွ!"
___________________________

Zawgyi
အပိုင္း ၆၄၅- တားျမစ္နယ္ေျမ

လင္းေရွာင္က 'ဖူးရန္'စကားလံုးကို လ်င္ျမန္စြာပင္
ျပန္ေခ်ပသည္။

အေၾကာင္းျပခ်က္ကေတာ့ ထင္ရွားစြာပင္၊
သူတစ္ေယာက္ပဲေခၚခြင့္ရိွတာမို႔ပင္။ သူ႔ဇနီးေလးကို
ေခၚတဲ့အခ်ိန္ဆို ကလူက်ီစယ္သၫ့္ေလသံမ်ိဳး
သံုးရတာကို သူအႀကိဳက္ဆံုးျဖစ္၏။ ဒါက
စံုတဲြၾကားမွာပဲတည္ရိွသၫ့္ ေပ်ာ္ရႊင္မႈျဖစ္၍
ဟြားကု၏ဖ်က္ဆီးတာခံရလို႔ လံုးဝမျဖစ္ေပ။

ဟြားကု၌ ေတြ့ရခဲေသာ ရွက္ကိုးရွက္ကန္း
အမူအရာမ်ိဳးရိွေနသည္။ သူမသည္ အစစအရာရာ
ဂရုစိုက္ေသာလူမ်ိဳးျဖစ္ေလရာ ယူေရွာင္းမို၏
ဝမ္းခ်ဳပ္ေနေသာအမူအရာကို ျမင္လိုက္ခ်ိန္၌
သူမ စကားေျပာမွားသြားေၾကာင္း သိလိုက္သည္။
အဆံုးမွာေတာ့ သူ႔ကို သခင္ေလးလို႔ပဲေခၚဖို႔
ယူေရွာင္းမိုကပဲေျပာလိုက္သည္၊ ဘာလို႔ဆို
သူကိုယ္တိုင္လည္း ထိုအေခၚအေဝၚကို
ေတာ္ေတာ္ေလးႏွစ္သက္မိတာေၾကာင့္ပင္။

သခင္ေလးက မျငင္းတာကိုေတြ့သၫ့္အခါ
ဟြားကုလည္း ​အခြင့္အ​ေရးကိုအမိဖမ္း၍
ယူသခင္ေလးဟုတစ္ခါေခၚလိုက္သည္။

အႃပံုးစံအိမ္တြင္ ထ်န္းကံု၏အဖဲြ႔ဝင္ေလးေယာက္
အျပင္ ယူေရွာင္းမို၏ဆက္ႏြယ္သားရဲမ်ားျဖစ္သၫ့္
ရွဲ႔ခ်ဳံးႏွင့္ေရွာင္ဟိန္တို႔လည္း ရိွေနသည္။
သူတို႔ႏွစ္ေကာင္စလံုးမွာ မထံုတက္ေတးႏိုင္ေသာ
ပံုစံမ်ိဳးဟု ယူဆလို႔ရကာ သူတို႔ေလ်ွာက္လာသည္ကို
ျမင္ေနရခ်ိန္မွာ သူတို႔အမူအရာမ်ားက
တည္ၿငိမ္လို႔ေနသည္။

အစက ယူေရွာင္းမိုမွာ သူတို႔ဆီေျပးသြားၿပီး
အတိတ္ကိုလြမ္းဆြတ္သတိရျပန္ေျပာင္း
ေအာက္ေမ့ခ်င္ေနေသာ္လည္း လမ္းတစ္ဝက္မွာ
လင္းေရွာင္၏ ဖမ္း၍ အႀကီးအမွဴးေနရာသို႔
ဆဲြေခၚသြားျခင္းကို ခံလိုက္ရသည္။ ထိုေနရာမွာ
လင္း​ေရွာင္အတြက္တစ္ခံု၊ တစ္ျခားတစ္ေယာက္
အတြက္ တစ္ခံု၊ ခံုႏွစ္လံုး ရိွေနသည္။

ထိုင္ခ်ၿပီးသည္ႏွင့္ လင္းေရွာင္က ေျပာစရာရိွတာ
တန္းေျပာသည္။

ဘယ္သူ႔တြင္မွ မေသမခ်ာမေရမရာအလုပ္လုပ္
တတ္တဲ့ အက်င့္မ်ိဳးမရိွၾက၍ လုပ္ရည္ကိုင္ရည္
ေတာ္ေတာ္ေကာင္းၾကသည္။ ေနာက္တစ္နာရီ
မျပၫ့္ေသးခင္မွာပင္ ျပႆနာအနည္းငယ္မ်ွ
ေျဖရွင္းၿပီးေလၿပီ။

ယူေရွာင္းမိုမွာေတာ့ ေသေလာက္ေအာင္ပ်င္းေန၏။
ေနာက္ဆံုးနားက်မွပဲ သူနဲ႔ သက္ဆိုင္ေနတဲ့စကား
ပါလာေလေတာ့သည္။

ထ်န္းေသာက္က အဆိုျပဳသည္။

"သခင္ေလး ထ်န္းကံုရဲ့သတင္းကြန္ရက္နဲ႔
ယူသခင္ေလးရဲ့ႁမြေပါသားရဲရဲ့ လုပ္ႏိုင္စြမ္းနဲ႔
ေပါင္းစည္းႏိုင္ဖို႔ က်ဳပ္ေမ်ွာ္လင့္မိတယ္...ထ်န္းကံု
သတင္းကြန္ရက္မွာ အၿမဲတမ္းလူနည္းနည္းပဲ
ရိွခဲ့တာဆိုေတာ့ က်ဳပ္တို႔ႏွစ္ဖက္ ေပါင္းစည္းႏိုင္မယ္
ဆိုရင္ ထိေရာက္မႈပိုတိုးလာပါလိမ့္မယ္"

လင္းေရွာင္က ခ်က္ခ်င္းမေျဖ။ ထိုအစား
ယူေရွာင္းမိုအျမင္ကို ေမးသည္။

ယူေရွာင္းမိုအေတြးမွာ 'ဘယ္လိုပဲျဖစ္ျဖစ္
'တစ္မိသားစုတည္း'ပဲ။ ေပါင္းလိုက္လည္း
ေကာင္းတာေပါ့'ဟူ၍။

"မီးစင္ၾကၫ့္ကၾကတာေပါ့.. ခ်ိခ်ဳံးကို
ေျပာထားလိုက္မယ္"

လူတိုင္း ေၾကာင္ေၾကာင္ႀကီးစိုက္ၾကၫ့္ေနၾက၏။

သူတို႔ အျမန္ပဲသတိျပန္ဝင္လာၾကၿပီး ႁမြေပါသားရဲကို
ေျပာေနတာမွန္း သေဘာေပါက္သြားၾကသည္။
ရွဲ႔ခ်ဳံးနဲ႔က်န္တဲ့သူေတြ သူတို႔နာမည္သူတို႔
တစ္ေယာက္မွ ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္
သူ႔ဆက္ႏြယ္သားရဲေတြကို နာမည္မ်ိဳးစံု
ေလ်ွာက္ေပးတတ္တဲ့ ယူေရွာင္းမိုရဲ့အက်င့္ကို
လူတိုင္းသိထားၿပီးသားပင္။ သို႔ေပမဲ့ သူတို႔
ေကာင္ေတြသူတို႔ အရဲြ႔တိုက္ရတာေတာ့
အကုန္ႀကိဳက္ၾကေလရာ သူမ်ားေရ႔ွဆို နာမည္ကို
ေခၚၾကသည္။ ရလဒ္အေနျဖင့္
နာမည္အေခၚခံရသူမ်ားက မေပ်ာ္မရႊင္ျဖစ္ကာ
ျပန္ခ်ေတာ့သည္။ ထို႔ေနာက္မွာေတာ့
ရုတ္ရုတ္သဲသဲျဖစ္သြားလိုက္တာ လူတိုင္း
သိသြားၾကတဲ့အထိပင္။

ဒုတိယျပႆနာက အရိုးျဖဴျမိဳ႔မွအဆင့္ဆယ့္ႏွစ္
က်င့္ႀကံသူႏွင့္သက္ဆိုင္သည္။

တစ္ဖက္လူက ၾကယ္တစ္ပြင့္လူ။ ယခုလို
အေျခအေနေတြ ကေပါက္တိကေပါက္ခ်ာ
ျဖစ္ေနခ်ိန္မွာ အဆင့္ဆယ့္ႏွစ္က်င့္ႀကံသူ
တစ္ေယာက္က အလွၫ့္အေျပာင္းတစ္ခုျဖစ္လာႏိုင္
သည္။ သူ႔ကိုဆဲြေခၚႏိုင္ပါက ထ်န္းကံု၏စြမ္းအား
တစ္ဆင့္တိုးလာေပလိမ့္မည္။

သို႔ေသာ္ ၄က သူတို႔ဆႏၵသပ္သပ္ပဲရိွေသးသည္။
ထိုလူ႔မွာ ျပႆနာအရႈပ္မရိွေၾကာင္း အရင္ဆံုး
ေသခ်ာေအာင္လုပ္ရဦးမည္ျဖစ္သည္။

သူက လြန္ခဲ့ေသာႏွစ္လက ေပၚလာခဲ့သည္။ သူက
အရိုးျဖဴျမိဳ႔မွာအသန္မာဆံုးျဖစ္၍ ဖိႏိွပ္ခံေနရေသာ
သူမ်ားမွာ ေဒါသထြက္ရဲၾကေပမဲ့ ျပန္ေတာ့
ခံမေျပာဝံ့ၾကေပ။ အခ်ိဳ႕လူမ်ားဆို သူ႔အဖဲြ႔ထဲ
ဝင္သြားၾကၿပီး ယခုဆိုလ်ွင္ သူတို႔ထက္ေတာင္
ပိုမ်ားသၫ့္ လူအေရအတြက္ သံုးဆယ္မွေလးဆယ္
အထိရိွသၫ့္ အင္အားစုေလးတစ္ခုပင္ျဖစ္ေနေလၿပီ။
ထိုလူမ်ားထဲ၌ စြမ္းအားအနိမ့္ဆံုးသူေတာင္
ဧကရာဇ္အဆင့္ ရိွေသးသည္။

လင္းေရွာင္ အနားယူေနစဉ္ကာလအတြင္း
ထ်န္းကံုက ဤလူ႔အားေစာင့္ၾကၫ့္ရန္ လူလႊတ္ထား
ခဲ့သည္မွာ ၾကာၿပီျဖစ္၏။ သို႔ေသာ္ သူ႔အျပဳအမူက
တကယ္သံသယျဖစ္ဖြယ္ရာမရိွဘဲ ဘာသဲလြန္စမွ
ထုတ္ျပခဲ့ျခင္းမရိွေပ။

ဘာျပႆနာမွမရိွပံုေပၚေသာ္လည္း ထ်န္းကံုတို႔က
အရူးမဟုတ္ေပ။ အဆင္ေျပပံုပိုေပါက္ေလေလ
သံသယျဖစ္ဖြယ္ပိုေကာင္းေလေလပင္။

သူ႔ေနာက္ေၾကာင္းကိုလည္း စစ္ၾကၫ့္ၿပီးတာ
ၾကာၿပီျဖစ္သည္။ ဤကိစၥက ယင္ေကာရဲ့အေဖ
ေခါင္းကိုးလံုးႁမြေဧကရာဇ္ကိုေတာင္ ၿငိေနေသးသည္။

ေခါင္းကိုးလံုးႁမြေဧကရာဇ္မ်ိဳးႏြယ္မွာ ယင္ေကာႏွင့္
သူ႔အေဖတို႔သာရိွေတာ့သည္။ သူတို႔ကို ရွီက်င္းမွာ
ဆိုရင္ အနိမ့္ဆံုးအဆင့္ဆယ့္ႏွစ္ဧကရာဇ္သားရဲမ်ား
အျဖစ္ မွတ္ယူထားၾကသည္။ သူတို႔က ပိုင္နက္
ခ်ဲ႔ထြင္ျခင္းမျပဳသလို ရွီက်င္း၏စစ္ပဲြမ်ားတြင္လည္း
ပါဝင္ျခင္းမရိွေပ။

အျခားအင္အားႀကီးသူမ်ားမွာလည္း ေဒါသထြက္
လြယ္ေသာ ေခါင္းကိုးလံုးႁမြေဧကရာဇ္အား
ရန္သြားမစခ်င္ၾကေပ။ သို႔ေသာ္ ရန္စရဲသူ
တစ္ေယာက္ေတာ့ရိွေလသည္။ ဒီလူကေတာ့
ေခါင္းကိုးလံုးႁမြေဧကရာဇ္၏သဘာဝရန္သူ
*ရွယ္ေတ်ာင္ပင္။ ၄က ခြန္အားအရာတြင္
ေခါင္းကိုးလံုးႁမြေဧကရာဇ္ႏွင့္ ညီမ်ွၿပီး သူ႔မွာ
ေနာက္လိုက္လည္းအနည္းငယ္ရိွသည္။
အရိုးျဖဴျမိဳ႔ရိွ အဆင့္ဆယ့္ႏွစ္က်င့္ႀကံသူမွာ
ထိုသို႔ေနာက္လိုက္တစ္ေယာက္ပင္။

(*ရွယ္ေတ်ာင္- crested serpent eagle
ငွက္ကတကယ္ရိွပါတယ္၊ ႁမြေတို႔ဘာတို႔စားတာတဲ့၊
ရွယ္ေတ်ာင္ဆိုတဲ့စကားလံုးကေတာ့ မွန္မလားမသိ၊
chinese pinyin appကေနရွာထၫ့္ထားတာပဲ)

သို႔ေပမဲ့ သူက ဆႏၵအေလ်ာက္ ေနာက္လိုက္
လုပ္ခဲ့ျခင္းမဟုတ္ေပ။ ထိုအစား ရွယ္ေတ်ာင္၏
ၿခိမ္းေျခာက္မႈမ်ားျဖင့္ ဖိအားေပးခံရ၍
အရႈံးေပးရံုမွတစ္ပါး ေရြးခ်ယ္စရာ
မရိွခဲ့ေသာေၾကာင့္ျဖစ္သည္။

အရင္တေလာမတိုင္ခင္ကအထိ ရွယ္ေတ်ာင္က
ေခါင္းကိုးလံုးႁမြေဧကရာဇ္ကို အၿမဲလိုလို သြားရန္ရွာ
ေနတတ္သည္။ ေနာက္ဆံုး ႁမြေဧကရာဇ္အိုႀကီးကို
စိတ္တိုေအာင္လုပ္ႏိုင္လိုက္ပံုေပၚသည္။
အသြားတုန္းကေတာ့ စိတ္ဓာတ္တက္ႂကြလ်က္
ယံုၾကည္ခ်က္မ်ားျပၫ့္လ်ွံေနခဲ့ေပမဲ့ အျပန္မွာ
သူ႔မ်က္ႏွာက ျဖဴေဖ်ာ့ေနကာ ျပင္းထန္ေသာ
ဒဏ္ရာတစ္ခုရလာေလသည္။ ထိုေန့မွာတင္ပဲ သူက
တံခါးပိတ္က်င့္ႀကံသြားေတာ့သည္။

ထိုလူက ဤအခြင့္အေရးကိုအသံုးခ်ၿပီး ထြက္ေျပး
လာသည္။ ရွယ္ေတ်ာင္ တံခါးပိတ္က်င့္ႀကံတာ
အလြန္ၾကာျမင့္မည္မွန္းသိသျဖင့္ ဤအခြင့္အေရးကို
အသံုးခ်ၿပီး သန္မာ၍စြမ္းအားႀကီးေသာ ေနာက္ခံ
တစ္ေယာက္ရွာခ်င္ေနတာျဖစ္သည္။

သို႔ေပမဲ့ အခ်ိန္ကာလရွည္လ်ားစြာ
နာမည္ေက်ာ္ၾကားလာေသာ အင္အားစုႀကီးမ်ားက
ေသခ်ာေပါက္ သေဘာတူၾကမွာမဟုတ္ေပ။ သို႔ျဖင့္
သူက တိုက္မႀကီးတစ္ခြင္ ေက်ာ္ၾကားလာကာစ
လင္းေရွာင္ထံမွ အကူအညီေတာင္းခံရွာေဖြရန္
ဆံုးျဖတ္လိုက္သည္။ ယူက်န္ထ်န္း၊  ထံုထ်န္း
ဧကရာဇ္တို႔နဲ႔ တိုက္ခိုက္ခဲ့ရာမွာ လင္းေရွာင္ရဲ့
ေအာင္ျမင္မႈျဖင့္ဆိုလ်ွင္ ယခင္ေခါင္းေဆာင္က
သူ႔အတြက္ ၿပိဳင္ဖက္ျဖစ္လိမ့္မည္မဟုတ္ေပ။
ထို႔အျပင္ သူက ယခုထက္ထိ အင္အားစုတစ္ခု
မတည္ေထာင္ရေသးရာ ယခုအခ်ိန္မွာ ဝင္တာက
သူ႔ေအာင္ျမင္မႈမ်ားကို ခ်မွတ္ၿပီး လင္းေရွာင္ရဲ့
ယံုၾကည္မႈကိုရဖို႔ ပိုလြယ္ကူေစလိမ့္မည္။

လင္းေရွာင္ရဲ့ခြန္အားအဆင့္မွာရိွတဲ့လူမ်ိဳးက
ရွယ္ေတ်ာင္ကို သိပ္အမႈမထားဘူးေျပာရင္
ပံုမွန္ပဲလို႔ယူဆလို႔ရေပမဲ့လို႔ ေကာင္းကင္က
ျပဳတ္က်လာတဲ့ ဒီအသားပိုင္မုန႔္က ဝါးရ
မလြယ္ဘူးဟု ထ်န္းေသာက္ခံစားရတုန္းပင္။
ထို႔ေၾကာင့္ ဆံုးျဖတ္ခ်က္ခ်ရမွာေတြေဝေနခဲ့သည္။

"သူ႔ကိုဆက္ေစာင့္ၾကၫ့္ေန.. တကယ့္အႀကံကို
သိေအာင္လုပ္"

နားေထာင္ေနၿပီးေနာက္ လင္းေရွာင္က
ဆံုးျဖတ္ခ်က္မခ်ခင္ စကၠန႔္အနည္းငယ္မ်ွ
တိတ္ဆိတ္ေနခဲ့သည္။

ထ်န္းေသာက္ဟာ အံ့ဩမသြားေပ။ တကယ္ေတာ့
သူလည္း လင္းေရွာင္နဲ႔အေတြးအတူတူပင္။
ဒီလူႏွင့္ပတ္သက္ၿပီး တစ္ခုခုမူမမွန္တာရိွေနေသး
သည္၊ သို႔ေပမဲ့ ၄ကဘာလဲ သိေအာင္
မလုပ္ႏိုင္ခဲ့ပါက သူ႔ကို ထ်န္းကံုကိုဝင္ခြင့္ေပးဖို႔
သူတို႔စိတ္သက္သာႏိုင္မွာမဟုတ္ေပ။

"ထ်န္းေသာက္ ယင္ေကာနဲ႔ဖုန္းခ်ီယြင္တို႔သတင္းေရာ
မၾကားမိဘူးလား"

သူတို႔ေတြေဆြးေနြးတာ ၿပီးဆံုးေလာက္ၿပီျဖစ္တာကို
ယူေရွာင္းမိုေတြ့သျဖင့္ သူပိုပူသၫ့္ကိစၥကိုေမးလိုက္
သည္။

ယင္ေကာႏွင့္ဖုန္းခ်ီယြင္တို႔ၾကား ခံစားခ်က္ကို
ေခါင္းကိုးလံုးႁမြေဧကရာဇ္က လက္မခံသျဖင့္
လြတ္ေျမာက္ၿပီးေနာက္မွာ သူတို႔ႏွစ္ေယာက္က
လက္ခ်င္းတဲြကာ ထြက္သြားခဲ့ၾကသည္။ သူတို႔
ခရီးသြားၾကမွာလို႔ၾကားခဲ့ရသလိုရိွေပမဲ့ သူတို႔သတင္း
မၾကားရတာ အေတာ္ေလးၾကာေလၿပီ။

ထ်န္းေသာက္က ျပန္ေျပာသည္။

"မၾကားမိေသးဘူး"

ယူေရွာင္းမိုမွာ မဆိုစေလာက္ေလးစိတ္ပ်က္သြားရ
သည္။ ယင္ေကာႏွင့္ဖုန္းခ်ီယြင္တို႔ ျပန္မလာေသးၾက
ပံုပင္။

ထ်န္းေသာက္က ေျပာသည္။

"ယူသခင္ေလးသိခ်င္ရင္ စံုစမ္းဖို႔လူလႊတ္ေပးလို႔
ရပါတယ္..ဒါေပမဲ့လို႔ လက္ရိွထံုထ်န္းတိုက္မႀကီး
အေျခအေနက သိပ္မၿငိမ္ေနေတာ့ သူတို႔ကိုရွာဖို႔
ေတာ္ေတာ္ေလးေတာ့ ခက္ပါလိမ့္မယ္"

"ဒါဆိုလည္း ထားလိုက္ပါေတာ့"

ယူေရွာင္းမို ေခါင္းခါလိုက္သည္။ သူ႔ကိုဒုကၡမေပး
ခ်င္ေပ။ ယခုလက္ရိွမွာ သူတို႔ကိစၥအတြက္
သူတို႔ေတာင္ လူမေလာက္ဘဲျဖစ္ေနရာ ရွာေဖြဖို႔
တစ္ေယာက္ေယာက္ကို အျပင္လႊတ္လိုက္မယ္ဆိုရင္
သူတို႔အဖဲြ႔ေလး ပိုေသးသြားလိမ့္မည္။ ထို႔အျပင္
သူတို႔၏လက္ရိွဂုဏ္သတင္းႏွင့္ဆိုလ်ွင္ သူတို႔ကို
ရွာခ်င္ပါက ယင္ေကာႏွင့္ဖုန္းခ်ီယြင္တို႔
တစၧေသခ်ၤိဳင္းေတာင္တန္းကို ဘယ္အခ်ိန္မဆို
လာလို႔ရေပသည္။

ထ်န္းေသာက္က မအံ့ဩစြာျဖင့္ပင္ ေခါင္းညိတ္
လိုက္၏။ ဤရလဒ္ကို ခန႔္မွန္းထားမိၿပီးျဖစ္၍
ဆက္ေမးလိုက္သည္။

"ယူသခင္ေလး ထ်န္းေကြ့ဘက္ေရာဘယ္လိုေနလဲ
မသိဘူး"

"အိုး သူကအဆင့္တက္ေတာ့မွာ..မၾကာခင္
ႏိုးလာလိမ့္မယ္"

ယူေရွာင္းမိုက ေမးေအာက္လက္တစ္ဖက္ေထာက္
လိုက္ၿပီး သူ႔အမူအရာက စတင္၍အာရံုလြင့္လာေလ
သည္။

လင္းေရွာင္က ထရပ္လိုက္ကာ ထ်န္းေသာက္ကို
ေျပာလိုက္သည္။

"ဒီေန့အစည္းအေဝးက ဒီေလာက္ပဲ.. တစ္ျခား
ကိစၥေတြကို ေကာင္းသလိုပဲၾကၫ့္စီစဉ္လိုက္ပါ"

ထ်န္းကံု၏အာဏာကို လင္းကုထံမွ လႊဲေျပာင္းယူ
ၿပီးၿပီျဖစ္ေသာ္ျငား လက္ေရွာင္တဲ့ေခါင္းေဆာင္
တစ္ေယာက္လုပ္ရာမွာ လြန္စြာမွ
ကၽြမ္းက်င္ေနတုန္းပင္။

ကံေကာင္းစြာျဖင့္ ထ်န္းေသာက္မွာ လက္ေရွာင္တဲ့
ေခါင္းေဆာင္တစ္ေယာက္လက္ေအာက္မွာ
အလုပ္လုပ္ရျခင္းကို လင္းကုလက္ထက္ကတည္းက
အသားက်ေနၿပီျဖစ္သည္။ ယခုေတာ့ လင္းေရွာင္
ရိွလာ၏၊ သူ႔အေနျဖင့္ ဒီထက္ပိုအသားမက်ႏိုင္စရာ
အေၾကာင္းမရိွေတာ့ပါေခ်။

ထို႔ေနာက္မွာ သူတို႔ နန္းေတာ္သို႔ျပန္ခဲ့သည္။

ေမွာ္ဆရာစုေဝးပဲြ ျဖစ္ဦးမလားမျဖစ္ေတာ့ဘူးလား
မသိရေသးေပမဲ့လို႔ လင္းေရွာင္နဲ႔ထိုလူၾကားက
ကတိကေတာ့ အက်ဳံးဝင္ေနေသးဦးမည္ဟု
ယူေရွာင္းမိုခံစားရသည္။

ကတိျပဳထားေသာအခ်ိန္မတိုင္ခင္ ကိုးလမ်ွသာ
က်န္ေတာ့သည္။ သူ႔က်င့္ႀကံဆင့္က အခုမွ
အဆင့္ေလးပဲရိွေသးသည္၊ အကယ္၍မ်ား
ထိုအခ်ိန္ အမွန္တကယ္ေရာက္လာခဲ့မည္ဆိုပါက
ဒီစြမ္းအားအဆင့္က လံုးဝလံုေလာက္မွာမဟုတ္ေပ။
ထို႔ေၾကာင့္ ဒီ့ေနာက္ပိုင္း အေကာင္းဆံုး
အလုပ္ႀကိဳးစားရေပမည္။

ထိုစဉ္ ငွက္တစ္​ေသာင္းေတာင္ၾကားတြင္။

သံုးေလးႏွစ္ခန႔္ ရိွၿပီျဖစ္ေသာ ငွက္ေပါက္ေလးမွာ
ျဖဴဝင္း၍တုတ္ခိုင္ေသာ ကေလးေလးတစ္ေယာက္
ျဖစ္ေနဆဲပင္။ သူသည္ ျဖဴစင္၍လြန္စြာခ်စ္စဖြယ္
ေကာင္း၏၊ သို႔ေသာ္လည္း အႀကီးအကဲခ်ဳပ္၏
သင္ျပမႈေအာက္တြင္ သူ႔ႏွလံုးသားကမည္းနက္လို႔
ေနေလၿပီ။

ဒုတိယအႀကီးအကဲက်ိဟယ့္ႏွင့္ သူ႔မ်ိဳးဆက္မွတစ္ပါး
ငွက္တစ္ေသာင္းေတာင္ၾကားတြင္ လူတိုင္းက
သူ႔အေပၚ အလြန္ေကာင္းၾကေသာ္လည္း
ငွက္ကေလးသည္ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုသို႔
ျပန္လာရသၫ့္ တကယ့္ရည္ရြယ္ခ်က္ကို
မေမ့ေသးေပ။ သူ႔သခင္နဲ႔ အႀကီးအကဲတို႔အတြက္
သူလ်ိႈလုပ္တစ္ေယာက္လုပ္ေပးႏိုင္ဖို႔ပင္။
အႀကီးအကဲေပးသၫ့္ တာဝန္ကိုေတာင္ ရခဲ့ၿပီ
ျဖစ္သည္။

စာခ်ဳပ္ခ်ဳပ္ခံထားရတဲ့အေၾကာင္းကို သူ
ထုတ္ေျပာၿပီးကတည္းက က်ိဟယ့္ႏွင့္သူ႔မ်ိဳးဆက္
တို႔က သူ႔ကိုဆဲြခ်ရန္ ဒီဟာကို အေၾကာင္းျပခ်က္
အျဖစ္ ဆက္တိုက္အသံုးျပဳေနၾကသည္။ သူတို႔
အေၾကာင္းျပခ်က္ကေတာ့ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုမွာ
လူသားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့
သခင္ေလးတစ္ေယာက္ ရိွလို႔မရဘူးဟူ၍ပင္။
ထို႔အျပင္ ၄က သာမန္စာခ်ဳပ္တစ္ခုလည္း
ျဖစ္ေနေသးသည္။ ဒါက နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စု
အတြက္ အလြန္အမင္းရွက္ဖြယ္ေကာင္းၿပီး
အေစာ္ကားခံရျခင္းျဖစ္သည္ဟု သူတို႔က
ယံုၾကည္သည္။

သို႔ေသာ္လည္း က်ိဟယ့္ႏွင့္သူ႔မ်ိဳးဆက္တို႔
စြမ္းအားက အေတာ္အတန္အားနည္းသည္။
အႀကီးအကဲခ်ဳပ္ က်ိဝမ္၏ ေျပာင္ေျပာင္တင္းတင္း
ဖိႏိွပ္ျခင္းကိုမခံလိုက္ရခင္ သူတို႔ကန႔္ကြက္သံမ်ားက
နတ္ဆိုးဖီးနစ္မ်ိဳးနစ္မ်ိဳးႏြယ္စုအတြင္းမွာ
ဘာလိႈင္းႀကီးႀကီးမားမားမွ မျဖစ္ေစခဲ့ေပ။
အေၾကာင္းအရင္းကေတာ့ ဒီသာမန္စာခ်ဳပ္ေလး
ေၾကာင့္ပင္။

အသက္ဆက္ႏြယ္စာခ်ဳပ္ျဖစ္ခဲ့မယ္ဆိုရင္
အသက္ဆက္ႏြယ္စာခ်ဳပ္တစ္ခုကို ျပန္ျဖည္လို႔မရႏိုင္
သျဖင့္ က်ိဝမ္သည္ က်ိနဉ္းယီြအား နတ္ဆိုးဖီးနစ္
မ်ိဳးႏြယ္စုကိုဆက္ခံရန္အတြက္ စာရင္းထဲ
ဆက္ရိွေနခြင့္ျပဳသင့္သလား တကယ္ပဲစဉ္းစားျဖစ္ခဲ့
ေလာက္သည္။ သို႔ေပမဲ့ သာမန္စာခ်ဳပ္က
ျပန္ျဖည္လို႔ရသျဖင့္ ငွက္ေပါက္ လက္ရိွရင္ဆိုင္
ေနရသည့္ အေျခအေနက ယူ​ေရွာင္းမိုနဲ႔စာခ်ဳပ္
ျပန္ဖ်က္ရမၫ့္အေျခအေနပင္။

ငွက္ေပါက္က စကားအရ သေဘာတူၿပီးၿပီ
ျဖစ္သည္၊ သို႔ေသာ္ လက္ေတြ့တြင္ သူဘာေတြးေနလဲ
ဘယ္သူမွမသိၾကေပ။

နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကို ျပန္ေရာက္လာခ်ိန္
ကတည္းက က်ိဝမ္က သူ႔ကို ကိစၥမ်ားစြာ
သင္ေပးခဲ့သည္။ လံုးဝအဆင္ေျပေနေသာ ငယ္ရြယ္
ႏုနယ္သၫ့္ ခ်စ္စဖြယ္ေကာင္ေလး၏စိတ္ကို
အနက္ေရာင္ေျပာင္းသြားေစေအာင္ ဘယ္လိုအရာမ်ား
သင္ေပးခဲ့သလဲ ပံုေဖာ္ၾကၫ့္လို႔ရသည္။

သူသင္ေပးခဲ့သၫ့္အရာမ်ားကို ငွက္ေပါက္က
သူ႔အေပၚျပန္အသံုးျပဳမၫ့္ေန့တစ္ေန့
ေရာက္လာလိမ့္မည္ဟု က်ိဝမ္တစ္ေယာက္
ထင္ထားမိမည္မဟုတ္ေပ။

သို႔ေသာ္ျငား၊ ဤအေျခအေနက
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုအတြင္း သူ႔ကိုဆန႔္က်င္သၫ့္
ပြက္ပြက္ဆူသံမ်ား ျဖစ္ေစခဲ့ေသာ္လည္း သူ႔အေပၚ
က်ိဝမ္၏အလိုလိုက္မႈက မေျပာင္းလဲေသးေခ်။
ယခုဆို ငွက္ေပါက္ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကို
ျပန္ေရာက္တာ ႏွစ္ၾကာၿပီျဖစ္ကာ က်ိဝမ္ေဘးမွာပဲ
ေနလို႔ရသၫ့္ ကေလးေပါက္စေလးမဟုတ္ေတာ့ေပ။

ဒီကေန့တြင္ ရာသီဥတုက ေနသာ၍တိမ္ကင္းစင္ေန
သည္။

နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုမွလူႏွစ္ေယာက္မွာ သူတို႔
ေရ႔ွက ကေလးေလးကို ကို႔ရို႔ကားယားႏိုင္စြာ
ၾကၫ့္ေနရ၏။ က်ိနဉ္းယီြဆိုတာ အႀကီးအကဲခ်ဳပ္ရဲ့
ေပါင္ေပ့ေလးမွန္း ဒီေန့ေခတ္မွာ မသိတဲ့သူ
ဘယ္မွာမ်ားရိွလို႔လဲ။ သူက တအားစုပ္လိုက္လို႔
အရည္ေပ်ာ္သြားမွာေၾကာက္ေနရတဲ့အရာမ်ိဳး၊
ဒါမွမဟုတ္ လက္ထဲမွာကိုင္ထားရင္း ျပဳတ္က်သြားမွာ
ေၾကာက္ေနရတဲ့အရာမ်ိဳး ျဖစ္သည္။ သူတို႔ခဗ်ာ
သူ႔ကို ေမာင္းထုတ္လို႔လည္းမရသလို ထိလို႔လည္း
မရ၍ လြန္စြာမွက်ပ္တည္းေနရသည္။

"သခင္ေလးရာ က်ဳပ္တို႔အတြက္ခက္ခဲေအာင္
မလုပ္ပါနဲ႔ဗ်ာ... သခင္ေလးကိုဝင္ခြင့္မေပးတာ
မဟုတ္ရပါဘူး..ဒါက တားျမစ္နယ္ေျမမလို႔ပါ..
အႀကီးအကဲခ်ဳပ္က ဘယ္သူ႔မွဝင္ခြင့္မျပဳဖို႔
ၫႊန္ၾကားထားတယ္"

ေျပာလိုက္တဲ့သူက အညိုေဖ်ာ့ေရာင္ဆံပင္ရိွၿပီး
လက္ရိွတြင္ သူ႔မ်က္ႏွာက ၾကက္ဟင္းခါးသီး
အလားပင္။

"ဂရုမစိုက္ဘူး ငါဝင္ခ်င္တယ္"

ကေလးေလးက ကေလးဆန္ေသာေလသံျဖင့္
ေျပာသည္။ သူက ေဘာလံုးေသးေသးေလးပဲ
ဆိုေပမဲ့ မ်ိဳးႏြယ္ဝင္ႏွစ္ေယာက္မွာ အထင္မေသးရဲ
ေခ်။ ဘာလို႔ဆို သူ႔ကိုအထင္ေသးခဲ့တဲ့သူအားလံုး
ယခုအခ်ိန္မွာ အိပ္ယာထဲလဲေနၾကတာေၾကာင့္ပင္။
'လူတစ္ေယာက္ကိုအေပၚယံၾကၫ့္ၿပီး မဆံုးျဖတ္နဲ႔'
ဆိုတဲ့စကားက က်ိနဉ္းယီြအတြက္ ေရးထားခဲ့တာ
ျဖစ္ေလာက္သည္။ ဒီေဘာလံုးေသးေသးေလးက
တကယ္ေတာ့ နတ္ေဒဝါအဆင့္ရိွမယ္လို႔
ဘယ္သူကထင္ထားမိမွာတုန္း။
သူေမြးကတည္းကေနဆို အခုမွႏွစ္ေလးနည္းနည္းပဲ
ရိွေသးတယ္ဟု ေျပာလို႔ရသည္။

သို႔ေသာ္ျငားလည္း သူတို႔ပိုမေတြးမိတဲ့အရာက
ငွက္ေပါက္ရဲ့က်င့္ႀကံဆင့္တစ္ဝက္က ယူေရွာင္းမိုရဲ့
စိတ္စြမ္းအင္ေရကန္က လဲလွယ္ေပးထားရတာ
ဆိုတာပင္။ သို႔ေပမဲ့ ဒါေၾကာင့္နဲ႔ သူက ေမြးရာပါ
ပါရမီပါတဲ့အခ်က္ကိုေတာ့ ျငင္းလို႔မရေပ။

သူ႔စကားၾကားေတာ့ သူတို႔ႏွစ္ေယာက္စလံုး
ဘာလုပ္လို႔လုပ္ရမယ္မွန္း မသိၾကေတာ့ေခ်။
ၾကၫ့္ရတာ အႀကီးအကဲခ်ဳပ္ကို သြားရွာရမၫ့္ပံုပင္။

ထိုအခိုက္အတံ့မွာပဲ တားျမစ္နယ္ေျမဘက္မွ
ေအးစက္၍ရိွန္ေလာက္ေသာအသံတစ္ခု
ထြက္ေပၚလာေလသည္။

"အျပင္မွာဘယ္ေကာင္ျပႆနာရွာေနတာတုန္းကြ!"
___________________________

Continue Reading

You'll Also Like

655K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
371K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.1M 162K 36
No descriptions here
624K 70.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...