The Legendary Master's Wife [...

By melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-639- အောင်မြင်ခြင်း

5.5K 1.2K 67
By melon_rays

Unicode
အပိုင်း ၆၃၉- အောင်မြင်ခြင်း

ကျောက်စင်မြင့်မှထွက်ပြီးနောက် ယူရှောင်းမိုသည်
အကျဉ်းထောင်သို့ဦးတည်လျက် လာရာလမ်းအတိုင်း
ပြန်လှည့်လာခဲ့၏။

သို့သော်လည်း အကျဉ်းထောင်အတွင်းကလူများကို
ကယ်ဖို့ သွားမှာမဟုတ်ပေ။ ယခုလောလောဆယ်မှာ
သူ့လုံခြုံမှုသူတောင် မသေချာသေးချေ။ သူ့မှာ
ထိုမျှစိတ်ဆန္ဒပြင်းပြသည့်နှလုံးသားမျိုးမရှိပေ။
မရဏအစီအရင် အသက်ဝင်ပါက သူတို့တွေအကုန်
ထုံထျန်းနန်းတော်အတွင်း ပိတ်မိကုန်မှာဟု
သက်လတ်ပိုင်းအရွယ်လူကြီးက ပြောခဲ့တာကြောင့်
ဖြစ်သည်။

ထုံထျန်းဧကရာဇ်လှုပ်ရှားတာကို ယူရှောင်းမို
ကိုယ်တိုင်ကိုယ်ကျမမြင်ဖူးပေမဲ့ ထုံထျန်း
တိုက်မကြီးမှာအသန်မာဆုံးလူဖြစ်သည့်အလျောက်
အားနည်းမှာမဟုတ်တာတော့ သေချာသည်။
သူ့အကြံအစည် ဖျက်ဆီးခံလိုက်ရတာကို
ထုံထျန်းဧကရာဇ်သိပါက ပေါက်ကွဲမှာစိုး၍
သူနဲ့လင်းရှောင်အတွက် ထွက်လမ်းတစ်ခု
ချန်ထားရပေမည်။ ထုံထျန်းနန်းတော်ပတ်လည်ရှိ
ရှေးအစီအရင်အား အသက်ဝင်ခွင့်ပြု၍မရပေ။

အစီအရင်အသက်ဝင်ခြင်းမှ တားဆီးရန်နည်းကို
သက်လတ်ပိုင်းအရွယ်လူကြီးက မပြောပြခဲ့ပေ၊
ယူရှောင်းမိုကလည်း မသိပေ၊ သို့ပေမဲ့ ထောင်ထဲက
လူတွေလွတ်ကုန်ပြီး အစီအရင်အတွက်
လုံလောက်သည့်စွမ်းအင်မရရှိပါက မရဏအစီအရင်
အသက်ဝင်တော့မှာမဟုတ်တာကိုတော့သိသည်။

အစက လာခေါ်သည့် ဝတ်ရုံဖြူလူက သူ့ကို
မျက်လုံးစည်းခြင်းမပြုခဲ့ရာ ပြန်သွားသည့်လမ်းကို
သူ သိသည်။ အကျဉ်းထောင်ကိုရောက်ပြီး
တိုက်ခိုက်နေသံများကြားလိုက်ရဖို့ သိပ်မကြာပေ။

မလှမ်းမကမ်းရှိ ထောင်အဝင်ဝမှာ အပျက်အစီးပုံဘဝ
ရောက်နေလေပြီ။

သူထွက်သွားပြီးတဲ့နောက် ဟယ့်သုံ့တို့အစီအစဉ်က
အောင်အောင်မြင်မြင်လည်ပတ်နေတာပင်။

သံစားသားရဲက လူလေးယောက်ပဲကယ်မှာဟု
ပြောခဲ့ပေမဲ့ ယူရှောင်းမို၏စိတ်စွမ်းအင်ရေကျေးဇူးဖြင့်
အခြားသူများကိုလည်း လွှတ်ပေးခဲ့ပြီး
အဝင်ဝရှိထောင်စောင့်နှစ်ယောက်ကိုလည်း
ကိုင်တွယ်ဖြေရှင်းပြီးနှင့်ပြီဖြစ်၏။

တစ်ခြားသူများကို စာနာလို့လွှတ်ပေးခဲ့တာမဟုတ်ဘဲ
လူတစ်ယောက်ပိုရင် ဝတ်ရုံဖြူတစ်ယောက်နဲ့
တိုက်ခိုက်ဖို့တစ်ယောက်ပိုရသဖြင့် သူတို့အတွက်
ပိုမိုဘေးကင်းစေသောကြောင့်သာဖြစ်သည်။

လူဆိုသည်မှာ တစ်ကိုယ်ကောင်းစိတ်
ရှိကြသည်ပင်။

သို့သော်ငြား တစ်စုံတစ်ရာမှားယွင်းသွားခဲ့၏။

-မရဏအစီအရင်

ယူရှောင်းမိုကို ခေါ်သွားကြပြီးချိန်တုန်းက
သက်လတ်ပိုင်းလူကြီး၏အမိန့်ဖြင့် မရဏ
အစီအရင်ကို အသက်သွင်းခဲ့ကြပြီးပြီဖြစ်လေသည်။
ဝိဉာဉ်ပိတ်အစီအရင်က အမှန်မှာ မရဏအစီအရင်
ဆိုတာကို ဟယ့်သုံ့တို့လူစု မသိခဲ့ကြပေ။

အခြားသူများကို လွှတ်ပေးရန်အတွက် သူတို့ဟာ
ထောင်ထဲမှာအချိန်အတော်လေးကုန်ခဲ့သည်။
ထွက်ပြေးဖို့လုပ်လိုက်ချိန်မှာ မရဏအစီအရင်က
အကျဉ်းထောင်ကို အနီရောင်အလင်းဖြင့်ဝန်းရံလျက်
အပြည့်အဝ အသက်ဝင်နေခဲ့ပြီဖြစ်လေသည်။
အရင်လွတ်သွားခဲ့ကြသည့် လူအနည်းအကျဉ်းသာ
ရှောင်တိမ်းနိုင်ခဲ့ကြသည်။

ယူရှောင်းမိုရောက်သွားချိန် အစီအရင်အတွင်းရှိ
လူများမှာ ခေါင်းကိုပိုက်၍ ရှုံ့မဲ့သောမျက်နှာ၊
နီရဲသောမျက်လုံးများဖြင့် မြေပေါ်လူးလှိမ့်လျက်
နာကျင်စွာအော်ဟစ်နေကြသည်။
အကျဉ်းထောင်ကတော့ ပျက်စီးလျက်ရှိ၏။
တစ်ရာဝန်းကျင်ရှိလူများထဲမှ ဘယ်သူမှ
မတ်တပ်မရပ်နေနိုင်ကြချေ။

ယူရှောင်းမို သက်ပြင်းရှိုက်လိုက်မိသည်။
သက်လတ်ပိုင်းလူကြီး ထိုမျှအောင်နိုင်ပုံပေါက်နေတာ
မဆန်းတော့ပေ။ ဤအစွမ်းထက်
ကျင့်ကြံသူအားလုံးတောင် မရဏအစီအရင်တစ်ခုကို
မကိုင်တွယ်နိုင်ကြချေ။ သူသာမလာခဲ့ဘူးဆိုရင် 
အစီအရင်အသက်ဝင်လာသည့်အခါ သူတို့အားလုံး
သေရလောက်သည်။

မရဏအစီအရင်အကြောင်းသိ၍ ဖြစ်နိုင်၏၊
အနီးဝန်းကျင်တွင် ဝတ်ရုံဖြူလူတစ်ယောက်မှ
မရှိပေ။

ဟယ့်သုံ့အားလှမ်းမြင်လိုက်၍ ယူရှောင်းမို
လျှောက်သွားသည်။ ဟယ့်သုံ့ခွန်အားက
များများစားစားသက်ရောက်ခြင်း မခံထားခဲ့ရ၍
သူက အခြားသူများထက်အနည်းငယ်သာလေသည်၊
သို့သော်လည်း သူ့မျက်နှာကတော့
ဖြူဖျော့သွားတုန်းပင်။

ယူရှောင်းမိုကိုမြင်တော့ ဟယ့်သုံ့သည်
သူဘာလို့ပြန်လာရလဲ စဉ်းစားတွေးတောမနေဘဲ
ရုန်းကန်ထ၍ ထစ်အစွာပြောလာသည်။

"အစီ..အစီအရင်..ဗဟို... သွား...သွားတိုက်..ချေ"

"အစီအရင်ဗဟို၊ ဘယ်မှာလဲ"
ယူရှောင်းမိုမှာ စိတ်လှုပ်ရှားလာသည်။ အစီအရင်များ
အကြောင်း သူမလေ့လာခဲ့ဖူးပေ။ ဒီလိုနေ့မျိုး
ရောက်လာမယ်မှန်းသိခဲ့ပါက လင်းရှောင်ကို
သင်ပြခိုင်းခဲ့မှာပင်။

"ဒီအနား...ဒီအနားမှာ... စောင့်နေတဲ့..လူ..ရှိရမယ်..
သူ့..ကို...အမြန်ရှာ.."

ထိုတစ်ခွန်းမှာ သူ့ခွန်အားအကုန်သုံးလိုက်ရပြီးနောက်
ဟယ့်သုံ့သည် မြေပေါ် ပြန်လဲကျသွားလေ၏။

ခေါင်းညိတ်လိုက်ပြီး ယူရှောင်းမိုလည်း အစီအရင်
ဗဟိုကိုရှာရန် အမြန်ထွက်လာခဲ့သည်။

ဟယ့်သုံ့အရ မရဏအစီအရင်ကိုထိန်းချုပ်နေသည့်
လူတစ်ယောက်ယောက် အနီးနားမှာရှိသည်။
ထိုအတိုင်းဆိုလျှင် ရှာရပိုလွယ်ပေသည်။

ယူရှောင်းမိုက လူတွေရှိရာဘက်ကို ချက်ချင်းပဲ
သွားတော့သည်။ သူ့ဝိဉာဉ်စွမ်းအားသည်
မီတာငါးဆယ်အချင်းဝက်ဖြင့် ပျံ့နှံ့သွား၏။
နန်းတော်ရှိဝတ်ရုံဖြူလူများသည် တိုက်ခိုက်ရန်
အတွက် အပြင်သို့ထွက်သွားကြပြီဖြစ်ရာ
အနီးနားတစ်ဝိုက်တွင် လူမရှိသလောက်ပင်။
ဝိဉာဉ်စွမ်းအားအတိုင်းအတာအတွင်းကို
တစ်ယောက်ယောက်ဝင်လာသည်နှင့်တစ်ပြိုင်နက်
သူ သတိပြုမိလိမ့်မည်။

သို့သော်ငြားလည်း အစီအရင်ဗဟိုအား
ထိန်းချုပ်နေသူကို သူ ရှာမတွေ့ခင် သူ့ကို
တစ်ခြားဝတ်ရုံဖြူလူနှစ်ယောက်က ရှာတွေ့သွားကြ
လေသည်။ သူတို့တွေ ပြေးတက်လာပြီး
တိုက်ခိုက်တော့မည်ဟု ယူရှောင်းမိုထင်ခဲ့သော်လည်း
တိုက်ပွဲအတွက် သူ့ကိုယ်သူပြင်လိုက်သည်နှင့်
တစ်ပြိုင်နက် ထိုနှစ်ယောက်ကထွက်ပြေးသွားကြ
လေသည်။

"......"

ထုံထျန်းနန်းတော်မှာ လုံးဝဥဿုံ
ဗြောင်းဆန်လို့နေလေပြီ။ သူတို့မှာ အားသာမှု
ရှိသော်ငြား ဝတ်ရုံဖြူလူတိုင်းက တိုက်ခိုက်ချင်သည့်
ဆန္ဒမရှိကြပေ။ ထုံထျန်းနန်းတော်အတွက်
သူတို့ကိုယ်သူတို့ အမှန်တကယ်စတေးဝံ့သူများမှာ
ငယ်စဉ်ကတည်းက အခေါ်ထားခံရပြီး
ဦးနှောက်ဆေးခံထားရသူများဖြစ်ကြသည်။
သူတို့သစ္စာရှိမှုကို အပ်နှင်းဖို့ အတင်း
ဖိအားပေးခံထားရသူများအတွက်တော့
သူတို့အလိုရှိသည်မှာ လွတ်မြောက်ဖို့သာဖြစ်သည်။

ဒါက အခွင့်အရေးကြီးတစ်ခုပင်။
ထုံထျန်းဧကရာဇ်ကို သေသည်အထိသစ္စာရှိမည်ဟု
ကျိန်ဆို၍ ကျမ်းသစ္စာပင်ကျိန်ထားသော်ငြား
အပြင်လူများက သူတို့လူများစွာကို သတ်ပစ်နိုင်ခဲ့
ပြီးပြီဖြစ်သည်။ ယခုအချိန်မှာ ထွက်ပြေးချင်ပါက
အလောင်းတစ်ခုရှာ၍ သူတို့သေဆုံးမှုကို
အတုအယောင်လုပ်လိုက်ရုံပင်။ သူတို့သေပြီဟု
ထုံထျန်းနန်းတော်ကထင်သွားသရွေ့ အဆင်ပြေပြီ
ဖြစ်သည်။

သူတို့လွတ်လပ်ရေးနှင့်စာလျှင် ကျမ်းသစ္စာဆိုတာ
ဘာမှမဟုတ်တော့ပေ။ အဆင့်တစ်ခုတည်းမှာပဲ
တစ်သက်လုံးရှိနေရတော့မည်ဆိုလျှင်တောင်
သူတို့ ပျော်ပေသည်။ ထို့အပြင်၊ အကြွင်းမဲ့ဆိုတာ
မရှိပေ။ သူတို့ လွတ်လပ်မှုကိုရပြီးနောက်မှာ
အဆင့်တက်ဖို့နည်းတစ်ခု ရှာတွေ့ချင်ရှာတွေ့နိုင်သည်။
သေမည်ဆိုလျှင်တောင် အနည်းဆုံးတော့
လုပ်ရကျိုးနပ်ပေလိမ့်မည်။

သို့ဖြစ်လေရာ ယူရှောင်းမို ပတ်ရှာကြည့်နေချိန်မှာ
နောက်ထပ်ဝတ်ရုံဖြူလူတစ်ယောက်
မတွေ့ရတော့ပေ။ နောက်ဆုံး တစ်ယောက်
ရှာတွေ့ချိန်မှာတော့ သူ့မှာ ကြံရာမရဖြစ်မှုကြောင့်
အသက်ရှူများပင်ပြင်းထန်လို့နေသည်။

ဝတ်ရုံဖြူလူသည် ထောင်အနောက်ဘက်ရှိ
မြင့်မားသောအဆောက်အဦကြီးထဲမှာ ဖြစ်၏။
တိုက်ပွဲအတွင်း ထိခိုက်မိမှုကြောင့် ထိပ်ပိုင်းက
မရှိတော့ဘူးဆိုပေမဲ့ ၎င်းက မီတာသုံးဆယ်မှ
လေးဆယ်အထိမြင့်သည့် ထိပ်ချွန်မျှော်စင်တစ်ခု
ဖြစ်သည်။

ငါးထပ်မြောက်ပြတင်းတွင် အဖြူရောင်တစ်စုံတစ်ရာ
ဖြတ်ခနဲဖြစ်သွားတာကို ယူရှောင်းမိုမြင်လိုက်ရသည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
နောက်ဆုံးတော့ တစ်ယောက်ယောက်တွေ့ခဲ့ရလေပြီ။
တွေဝေမနေတော့ဘဲ ပြေးသွားလိုက်သည်။

ဒီဝတ်ရုံဖြူလူက ယခုထက်ထိထွက်မပြေးသွားရာ
အခြားသူများနှင့်ကွဲပြားသည်ဆိုတာ ထင်ရှားနေ
သည်။ ငယ်ကတည်းက သစ္စာစောင့်လာသည့်
လူမျိုးဖြစ်၍ အလွန်တရာသစ္စာရှိနေတာ
ဖြစ်လောက်သည်။

ဝတ်ရုံဖြူလူ၏ခွန်အားမှာ မမျှော်လင့်စွာဖြင့်
ယူရှောင်းမိုနှင့် အဆင့်အတူတူလောက်ဖြစ်နေလေ
၏။ ယုတ္တိကျကျပြောရပါက ထိုသို့သော
ခွန်အားဖြင့်ဆိုလျှင် အပြင်မှာထွက်တိုက်ရသင့်ပေ
သည်။ ဒီမှာစောင့်နေခြင်းဖြစ်ပါက
အစကတည်းကနေ ရှေးအစီအရင်ကိုအသက်သွင်းဖို့
စီစဉ်ထားကြတာဖြစ်လောက်သည်ဟု ယူရှောင်းမို
တွေးမိသည်။

ယူရှောင်းမိုနေရာမှာ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
တစ်ယောက်သာဆို ဝတ်ရုံဖြူလူအတွက် ပြိုင်ဖက်
လုံးဝဖြစ်နိုင်မှာမဟုတ်ဘဲ သူတို့အစီအစဉ်
အောင်မြင်သွားလောက်ပေပြီ။

လာတဲ့လူက သူဖြစ်နေပြီး သူတို့စွမ်းအားက
အတူတူနီးပါးလောက်ဖြစ်နေသည်ကို ယူရှောင်းမို
ဝမ်းမသာဘဲမနေနိုင်ပေ။ ပြီးသည်နှင့် နယ်မြေထဲသို့
ချက်ချင်းဝင်လိုက်သည်...

နယ်မြေသည် ဝတ်ရုံဖြူလူ၏နောက်ကျောဘက်သို့
ဖုန်မှုန့်လေးတစ်မှုန်အဖြစ် ဖြေးညင်းစွာ
ချဉ်းကပ်သွားသည်။ တစ်မီတာခန့်အကွာသို့
ရောက်သော် နယ်မြေထဲမှ ချက်ချင်းထွက်ကာ
ဝတ်ရုံဖြူလူ၏ခေါင်းကို ရိုက်ချလိုက်သည်။
ပြီးပြီဟုတွေးနေချိန်မှာပဲ သူ့လက်က ဝတ်ရုံဖြူလူ၏
ခေါင်းကိုဖောက်ထွင်းသွား၏၊ သို့သော်
သက်ရောက်မှုမပေါ်လာချေ။

ယူရှောင်းမို ဖြူဖျော့သွားတော့သည်-
လှည့်ကွက်တစ်ခုပဲ!

ထက်မြသော အလင်းဓားသွားတစ်ချက်
သူ့ပါးဘေးမှဖြတ်ကျော်သွားပြီး နံရံကိုထိမှန်လျက်
အပေါက်အကြီးကြီးတစ်ပေါက် ဖြစ်သွားစေသည်။
ခေါင်းလှည့်ကြည့်လိုက်တော့ သူ့နှင့်
မလှမ်းမကမ်းတွင်ရပ်နေသော ဝတ်ရုံဖြူ
လူတစ်ယောက်အား တွေ့လိုက်ရလေသည်။

ဝတ်ရုံဖြူလူက သူ့ကိုမျက်နှာချင်းဆိုင်၍
တံစဉ်းကြီးတစ်ခု ကိုင်ဆောင်ထားသည်။
ခေါင်းစွပ်ကို စွပ်မထားဘဲ အလွန်ဖြူဖျော့သည့်
မျက်နှာတစ်ခုဖော်ပြထားသည်။ သူဟာထိုအတိုင်း
မွေးဖွားလာပုံပေါ်သည်။ သူ၏ဖြူဖျော့သော
မျက်နှာတွင် ကြွက်ကိုဆော့ကစားနေသော
ကြောင်တစ်ကောင်ကဲ့သို့ ရက်စက်သောအပြုံးတစ်ခု
ချိတ်ဆွဲထား၏။

ယူရှောင်းမိုမှာ စိတ်အိုက်သွားတော့သည်။

ဤလူသည် သာမန်နတ်ဘုရားအဆင့်
သိုင်းပညာရှင်တစ်ဦးနှင့်မတူချေ။ ယူရှောင်းမိုကို
သူဘယ်လိုလုပ် သတိထားမိတာလဲ။

"အစီအရင်ဗဟိုကဘယ်မှာလဲ"

ဝတ်ရုံဖြူလူ၏မျက်လုံးထဲတွင် မှောင်မိုက်သော
တစ်စုံတစ်ရာဖြတ်ပြေးသွားပြီး အက်ရှသော
အသံဖြင့်ပြန်ဖြေသည်။

"အစီအရင်ဗဟိုလား..ငါ့အနောက်မှာလေ။
အဲ့ဒီကိုသွားချင်ရင် ငါ့ကိုအရင်နိုင်အောင်
တိုက်ရလိမ့်မယ်"

ယူရှောင်းမို ကျော်ကြည့်လိုက်တော့ နံရံပေါ်မှာ
ဆွဲထားသော အနီရောင်အစီအရင်တစ်ခုရှိတာကို
တွေ့ရသည်။ ၎င်းပတ်လည်တွင် ကြီးမားသော
စွမ်းအင်ကျောက်တုံးများစွာရှိပြီး အဖြူရောင်
လင်းလျက် အစီအရင်အား စွမ်းအင်ထောက်ပံ့ပေး
နေပုံပေါ်သည်။

ဟယ့်သုံ့ပြောနေခဲ့သည့် အစီအရင်ဗဟိုဆိုတာ
ဒါပဲဖြစ်လောက်သည်။ ၎င်းကိုဖျက်ဆီးလိုက်သရွေ့
မရဏအစီအရင် ရပ်တန့်သွားသင့်သည်။

ယူရှောင်းမိုသည် နယ်မြေထဲမှ ဓားရှည်တစ်ချောင်း
ထုတ်ယူလိုက်၏။ ဤဓားကို မက်မွန်ပွင့်နယ်မြေမှာ
တွေ့ရှိခဲ့တာဖြစ်သည်။ ဘယ်လောက်
ကောင်းသလဲတော့မသိပေ။ ဒါက သူ့အတွက်
ဓားရှည်အသုံးပြုဖူးတဲ့ ပထမဆုံးအကြိမ်ပင်။

ထိုအချိန်မှာ ဝတ်ရုံဖြူလူက ရုတ်တရက်
​လှုပ်ရှားသွား၏။

သူ့မျက်လုံးရှေ့မှာ အဖြူရောင်လက်သွားပြီး
ယူရှောင်းမိုသည် ဓားရှည်ကိုအမြန်မြှောက်လိုက်၏။
ဝတ်ရုံဖြူလူ၏တံစဉ်းက ဓားနှင့် ချွင်ခနဲ
တိုက်မိသွားသည်။ အသံက ပဲ့တင်ထပ်သွားပြီး
တုန်ခါမှုများ​က နားစည်ကိုထိုးဖောက်လာကာ
လက်မနှင့်လက်ညိုးကြားနေရာမှာ နေရခက်စွာ
ထုံကျဉ်သွားလေသည်။ 

ဝတ်ရုံဖြူလူ၏တိုက်ကွက်များက ရပ်သွားခြင်းမရှိဘဲ
လျင်မြန်၍အားကောင်းသည်။ ပိုမို
လျင်မြန်လာသည်နှင့်အမျှ သူ့အမူအရာက
ရိုင်းစိုင်းကြမ်းကြုတ်လာကာ ရူးသွပ်စွာရယ်မောလာ
သည်။  ၎င်းက ယူရှောင်းမိုကို မသက်မသာ
ဖြစ်စေသည်။

သူ့မှာ ဓားရှည်အား ခုခံရန်အတွက်သာ
အသုံးပြုနေရသည်။ ပြန်တိုက်ဖို့မဆိုထားနှင့်
ဤတိုက်ခိုက်နှုန်းကို လိုက်မှီနိုင်ဖို့တောင်
အနိုင်နိုင်ပင်။ ဓားက တစ်စတစ်စ
ဖဲ့ထုတ်ခံနေရတာကို မကြာမီမှာပဲ ယူရှောင်းမို
သတိထားမိသွားသည်။

M တစ်ယောက်လိုမျိုးခံစားလိုက်ရသည်။
ထင်ရှားစွာပင်၊ လင်းရှောင်ကို သူလုံးဝမယှဉ်နိုင်ပေ။
တစ်ခြားသူက ပထမဆုံးအကြိမ်သုံးတဲ့အချိန်မှာပဲ
ကျွမ်းကျင်တတ်မြောက်သွားတဲ့အချိန် သူကတော့
ပိုပြီးရုန်းကန်နေရတာပဲရှိသည်။

ဝတ်ရုံဖြူလူနှင့်ခွာပြီးနောက်မှာ ဓားကိုပစ်ထုတ်လိုက်
တော့သည်။

ဝတ်ရုံဖြူလူက တစ်ဖန်တိုက်ခိုက်လာပြန်ပြီး
ဒီတစ်ခါမှာ ယူရှောင်းမိုက အလွယ်တကူပင်
ရှောင်လိုက်၏။ မူလက အမြန်နှုန်းပေါ်မှာပဲ
မှီခိုခဲ့ပေမဲ့ ၎င်းက သူ့တိုက်ခိုက်နှုန်း
တိုးတက်လာမယ်လို့ မဆိုလိုခဲ့ချေ။ ယူရှောင်းမို
လက်လျှော့လိုက်တော့သည်။

သူ့ရဲ့အလွယ်တကူရှောင်တိမ်းလိုက်မှုက
ဝတ်ရုံဖြူလူအား အံ့ဩသွားစေသည်။
ယူရှောင်းမိုက ဓားရှည်မပါဘဲ ပိုပြီးလက်သွက်လာ
လိမ့်မယ်လို့ တစ်ဖက်လူမှာမျှော်လင့်မထားခဲ့ပေ။
ထိုထိတ်လန့်အံ့အားသင့်နေစဉ်အခိုက်အတံ့အတွင်း
ယူရှောင်းမိုက သူ့ဆီကို ခြေထောက်တစ်ချက်
ကန်သွင်းလိုက်သည်။ သူက တံစဉ်းဖြင့်
ကာလိုက်ပြီး အားဖြင့်အနောက်သို့ဆုတ်လိုက်ရ၏။

အခြေအနေက သူ့ဟာနဲ့သူပြောင်းပြန်
ဖြစ်သွားသည်။

ဤတစ်ခေါက်တွင် ခုခံရုံကလွဲပြီးဘာမှမလုပ်နိုင်သူမှာ
ဝတ်ရုံဖြူလူဖြစ်လေသည်။ တံစဉ်းကို
သူမြှောက်လိုက်တိုင်း တစ်ဖက်လူက
သူမဝှေ့ယမ်းနိုင်ခင်မှာ တိုက်ခိုက်လာတတ်ရာ
တိုက်စစ်မှခံစစ်သို့သာ ပြန်ပြောင်းရတော့သည်။
ရံဖန်ရံခါ၌ မမှီလိုက်၍  ရှောင်ရုံသာရှောင်နိုင်သည့်
အခါများတွင် သူ့ရန်သူ၏တိုက်ကွက်များက
နံရံ သို့်မဟုတ် ကြမ်းများပေါ်ကျရောက်ကာ
ထိပ်ချွန်မျှော်စင်ကို အပေါက်ပေါက်ဖြစ်စေသည်။

ယူရှောင်းမိုက ကြမ်းပြင်ကိုလက်သီးနဲ့ထိုးလိုက်ပြီး
ခြေထောက်အောက်မှ အက်ကွဲသံများက
မရပ်တန့်သွားတော့သည့်အချိန်မှသာ ဝတ်ရုံဖြူလူမှာ
တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သဘောပေါက်ပြီး
ဖြူဖျော့သွားတော့သည်။ သို့သော်ငြားလည်း
၎င်းမှာ နောက်ကျသွားခဲ့လေပြီ။

"အုံး_"

ထိပ်ချွန်မျှော်စင်၏ကျန်သောအပိုင်းများမှာ
တအုံးအုံးမြည်လျက် ပြိုကျသွားပြီး
ထိတ်လန့်နေသောအကြည့်များအောက်တွင်
ကျောက်စရစ်ပုံအဖြစ် ပြောင်းလဲသွားလေသည်။
မရဏအစီအရင်ဗဟိုအတွက်ကတော့လား..
ထိပ်ချွန်မျှော်စင်ကြီးတောင် ပြိုကျသွားပြီဆိုမှတော့
အစီအရင်ဗဟို ရှိနေသေးဖို့ဖြစ်နိုင်ပါဦးမလား။

ဝတ်ရုံဖြူလူသာ ယူရှောင်းမိုနှင့် ပြန်လည်တွေ့ဆုံဖို့
အခွင့်အရေးရှိခဲ့မည်ဆိုလျှင် ယူရှောင်းမိုအနေဖြင့်
သူ့ကို စကားတစ်လုံးပေးလိုက်မည်ဖြစ်သည်။

– ငတုံး!

__________________________

Zawgyi
အပိုင္း ၆၃၉- ေအာင္ျမင္ျခင္း

ေက်ာက္စင္ျမင့္မွထြက္ၿပီးေနာက္
ယူေရွာင္းမိုသည္ အက်ဉ္းေထာင္သို႔ဦးတည္လ်က္ လာရာလမ္းအတိုင္း
ျပန္လွၫ့္လာခဲ့၏။

သို႔ေသာ္လည္း အက်ဉ္းေထာင္အတြင္းကလူမ်ားကို
ကယ္ဖို႔ သြားမွာမဟုတ္ေပ။ ယခုေလာေလာဆယ္မွာ
သူ႔လံုႃခံုမႈသူေတာင္ မေသခ်ာေသးေခ်။ သူ႔မွာ
ထိုမ်ွစိတ္ဆႁႏၵပင္းျပသၫ့္ႏွလံုးသားမ်ိဳးမရိွေပ။
မရဏအစီအရင္ အသက္ဝင္ပါက သူတို႔ေတြအကုန္
ထံုထ်န္းနန္းေတာ္အတြင္း ပိတ္မိကုန္မွာဟု
သက္လတ္ပိုင္းအရြယ္လူႀကီးက ေျပာခဲ့တာေၾကာင့္
ျဖစ္သည္။

ထံုထ်န္းဧကရာဇ္လႈပ္ရွားတာကို ယူေရွာင္းမို
ကိုယ္တိုင္ကိုယ္က်မျမင္ဖူးေပမဲ့ ထံုထ်န္း
တိုက္မႀကီးမွာအသန္မာဆံုးလူျဖစ္သၫ့္အေလ်ာက္
အားနည္းမွာမဟုတ္တာေတာ့ ေသခ်ာသည္။
သူ႔အႀကံအစည္ ဖ်က္ဆီးခံလိုက္ရတာကို
ထံုထ်န္းဧကရာဇ္သိပါက ေပါက္ကဲြမွာစိုး၍
သူနဲ႔လင္းေရွာင္အတြက္ ထြက္လမ္းတစ္ခု
ခ်န္ထားရေပမည္။ ထံုထ်န္းနန္းေတာ္ပတ္လည္ရိွ
ေရွးအစီအရင္အား အသက္ဝင္ခြင့္ျပဳ၍မရေပ။

အစီအရင္အသက္ဝင္ျခင္းမွ တားဆီးရန္နည္းကို
သက္လတ္ပိုင္းအရြယ္လူႀကီးက မေျပာျပခဲ့ေပ၊
ယူေရွာင္းမိုကလည္း မသိေပ၊ သို႔ေပမဲ့ ေထာင္ထဲက
လူေတြလြတ္ကုန္ၿပီး အစီအရင္အတြက္
လံုေလာက္သၫ့္စြမ္းအင္မရရိွပါက မရဏအစီအရင္
အသက္ဝင္ေတာ့မွာမဟုတ္တာကိုေတာ့သိသည္။

အစက လာေခၚသၫ့္ ဝတ္ရံုျဖဴလူက သူ႔ကို
မ်က္လံုးစည္းျခင္းမျပဳခဲ့ရာ ျပန္သြားသည့္လမ္းကို
သူ သိသည္။ အက်ဉ္းေထာင္ကိုေရာက္ၿပီး
တိုက္ခိုက္ေနသံမ်ားၾကားလိုက္ရဖို႔ သိပ္မၾကာေပ။

မလွမ္းမကမ္းရိွ ေထာင္အဝင္ဝမွာ အပ်က္အစီးပံုဘဝ
ေရာက္ေနေလၿပီ။

သူထြက္သြားၿပီးတဲ့ေနာက္ ဟယ့္သံု႔တို႔အစီအစဉ္က
ေအာင္ေအာင္ျမင္ျမင္လည္ပတ္ေနတာပင္။

သံစားသားရဲက လူေလးေယာက္ပဲကယ္မွာဟု
ေျပာခဲ့ေပမဲ့ ယူေရွာင္းမို၏စိတ္စြမ္းအင္ေရေက်းဇူးျဖင့္
အျခားသူမ်ားကိုလည္း လႊတ္ေပးခဲ့ၿပီး
အဝင္ဝရိွေထာင္ေစာင့္ႏွစ္ေယာက္ကိုလည္း
ကိုင္တြယ္ေျဖရွင္းၿပီးႏွင့္ၿပီျဖစ္၏။

တစ္ျခားသူမ်ားကို စာနာလို႔လႊတ္ေပးခဲ့တာမဟုတ္ဘဲ
လူတစ္ေယာက္ပိုရင္ ဝတ္ရံုျဖဴတစ္ေယာက္နဲ႔
တိုက္ခိုက္ဖို႔တစ္ေယာက္ပိုရသျဖင့္ သူတို႔အတြက္
ပိုမိုေဘးကင္းေစေသာေၾကာင့္သာျဖစ္သည္။

လူဆိုသည္မွာ တစ္ကိုယ္ေကာင္းစိတ္
ရိွၾကသည္ပင္။

သို႔ေသာ္ျငား တစ္စံုတစ္ရာမွားယြင္းသြားခဲ့၏။

-မရဏအစီအရင္

ယူေရွာင္းမိုကို ေခၚသြားၾကၿပီးခ်ိန္တုန္းက
သက္လတ္ပိုင္းလူႀကီး၏အမိန႔္ျဖင့္ မရဏ
အစီအရင္ကို အသက္သြင္းခဲ့ၾကၿပီးၿပီျဖစ္ေလသည္။
ဝိဉာဉ္ပိတ္အစီအရင္က အမွန္မွာ မရဏအစီအရင္
ဆိုတာကို ဟယ့္သံု႔တို႔လူစု မသိခဲ့ၾကေပ။

အျခားသူမ်ားကို လႊတ္ေပးရန္အတြက္ သူတို႔ဟာ
ေထာင္ထဲမွာအခ်ိန္အေတာ္ေလးကုန္ခဲ့သည္။
ထြက္ေျပးဖို႔လုပ္လိုက္ခ်ိန္မွာ မရဏအစီအရင္က
အက်ဉ္းေထာင္ကို အနီေရာင္အလင္းျဖင့္ဝန္းရံလ်က္
အျပၫ့္အဝ အသက္ဝင္ေနခဲ့ၿပီျဖစ္ေလသည္။
အရင္လြတ္သြားခဲ့ၾကသၫ့္ လူအနည္းအက်ဉ္းသာ
ေရွာင္တိမ္းႏိုင္ခဲ့ၾကသည္။

ယူေရွာင္းမိုေရာက္သြားခ်ိန္ အစီအရင္အတြင္းရိွ
လူမ်ားမွာ ေခါင္းကိုပိုက္၍ ရႈံ႔မဲ့ေသာမ်က္ႏွာ၊
နီရဲေသာမ်က္လံုးမ်ားျဖင့္ ေျမေပၚလူးလိွမ့္လ်က္
နာက်င္စြာေအာ္ဟစ္ေနၾကသည္။
အက်ဉ္းေထာင္ကေတာ့ ပ်က္စီးလ်က္ရိွ၏။
တစ္ရာဝန္းက်င္ရိွလူမ်ားထဲမွ ဘယ္သူမွ
မတ္တပ္မရပ္ေနႏိုင္ၾကေခ်။

ယူေရွာင္းမို သက္ျပင္းရိႈက္လိုက္မိသည္။
သက္လတ္ပိုင္းလူႀကီး ထိုမ်ွေအာင္ႏိုင္ပံုေပါက္ေနတာ
မဆန္းေတာ့ေပ။ ဤအစြမ္းထက္
က်င့္ႀကံသူအားလံုးေတာင္ မရဏအစီအရင္တစ္ခုကို
မကိုင္တြယ္ႏိုင္ၾကေခ်။ သူသာမလာခဲ့ဘူးဆိုရင္ 
အစီအရင္အသက္ဝင္လာသၫ့္အခါ သူတို႔အားလံုး
ေသရေလာက္သည္။

မရဏအစီအရင္အေၾကာင္းသိ၍ ျဖစ္ႏိုင္၏၊
အနီးဝန္းက်င္တြင္ ဝတ္ရံုျဖဴလူတစ္ေယာက္မွ
မရိွေပ။

ဟယ့္သံု႔အားလွမ္းျမင္လိုက္၍ ယူေရွာင္းမို
ေလ်ွာက္သြားသည္။ ဟယ့္သံု႔ခြန္အားက
မ်ားမ်ားစားစားသက္ေရာက္ျခင္း မခံထားခဲ့ရ၍
သူက အျခားသူမ်ားထက္အနည္းငယ္သာေလသည္၊
သို႔ေသာ္လည္း သူ႔မ်က္ႏွာကေတာ့
ျဖဴေဖ်ာ့သြားတုန္းပင္။

ယူေရွာင္းမိုကိုျမင္ေတာ့ ဟယ့္သံု႔သည္
သူဘာလို႔ျပန္လာရလဲ စဉ္းစားေတြးေတာမေနဘဲ
ရုန္းကန္ထ၍ ထစ္အစြာေျပာလာသည္။

"အစီ..အစီအရင္..ဗဟို... သြား...သြားတိုက္..ေခ်"

"အစီအရင္ဗဟို၊ ဘယ္မွာလဲ"
ယူေရွာင္းမိုမွာ စိတ္လႈပ္ရွားလာသည္။ အစီအရင္မ်ား
အေၾကာင္း သူမေလ့လာခဲ့ဖူးေပ။ ဒီလိုေန့မ်ိဳး
ေရာက္လာမယ္မွန္းသိခဲ့ပါက လင္းေရွာင္ကို
သင္ျပခိုင္းခဲ့မွာပင္။

"ဒီအနား...ဒီအနားမွာ... ေစာင့္ေနတဲ့..လူ..ရိွရမယ္..
သူ႔..ကို...အျမန္ရွာ.."

ထိုတစ္ခြန္းမွာ သူ႔ခြန္အားအကုန္သံုးလိုက္ရၿပီးေနာက္
ဟယ့္သံု႔သည္ ေျမေပၚ ျပန္လဲက်သြားေလ၏။

ေခါင္းညိတ္လိုက္ၿပီး ယူေရွာင္းမိုလည္း အစီအရင္
ဗဟိုကိုရွာရန္ အျမန္ထြက္လာခဲ့သည္။

ဟယ့္သံု႔အရ မရဏအစီအရင္ကိုထိန္းခ်ဳပ္ေနသၫ့္
လူတစ္ေယာက္ေယာက္ အနီးနားမွာရိွသည္။
ထိုအတိုင္းဆိုလ်ွင္ ရွာရပိုလြယ္ေပသည္။

ယူေရွာင္းမိုက လူေတြရိွရာဘက္ကို ခ်က္ခ်င္းပဲ
သြားေတာ့သည္။ သူ႔ဝိဉာဉ္စြမ္းအားသည္
မီတာငါးဆယ္အခ်င္းဝက္ျဖင့္ ပ်ံ႔ႏွံ႔သြား၏။
နန္းေတာ္ရိွဝတ္ရံုျဖဴလူမ်ားသည္ တိုက္ခိုက္ရန္
အတြက္ အျပင္သို႔ထြက္သြားၾကၿပီျဖစ္ရာ
အနီးနားတစ္ဝိုက္တြင္ လူမရိွသေလာက္ပင္။
ဝိဉာဉ္စြမ္းအားအတိုင္းအတာအတြင္းကို
တစ္ေယာက္ေယာက္ဝင္လာသည္ႏွင့္တစ္ၿပိဳင္နက္
သူ သတိျပဳမိလိမ့္မည္။

သို႔ေသာ္ျငားလည္း အစီအရင္ဗဟိုအား
ထိန္းခ်ဳပ္ေနသူကို သူ ရွာမေတြ့ခင္ သူ႔ကို
တစ္ျခားဝတ္ရံုျဖဴလူႏွစ္ေယာက္က ရွာေတြ့သြားၾက
ေလသည္။ သူတို႔ေတြ ေျပးတက္လာၿပီး
တိုက္ခိုက္ေတာ့မည္ဟု ယူေရွာင္းမိုထင္ခဲ့ေသာ္လည္း
တိုက္ပဲြအတြက္ သူ႔ကိုယ္သူျပင္လိုက္သည္ႏွင့္
တစ္ၿပိဳင္နက္ ထိုႏွစ္ေယာက္ကထြက္ေျပးသြားၾက
ေလသည္။

"......"

ထံုထ်န္းနန္းေတာ္မွာ လံုးဝဥႆံု
ေျဗာင္းဆန္လို႔ေနေလၿပီ။ သူတို႔မွာ အားသာမႈ
ရိွေသာ္ျငား ဝတ္ရံုျဖဴလူတိုင္းက တိုက္ခိုက္ခ်င္သၫ့္
ဆႏၵမရိွၾကေပ။ ထံုထ်န္းနန္းေတာ္အတြက္
သူတို႔ကိုယ္သူတို႔ အမွန္တကယ္စေတးဝံ့သူမ်ားမွာ
ငယ္စဉ္ကတည္းက အေခၚထားခံရၿပီး
ဦးေနွာက္ေဆးခံထားရသူမ်ားျဖစ္ၾကသည္။
သူတို႔သစၥာရိွမႈကို အပ္ႏွင္းဖို႔ အတင္း
ဖိအားေပးခံထားရသူမ်ားအတြက္ေတာ့
သူတို႔အလိုရိွသည္မွာ လြတ္ေျမာက္ဖို႔သာျဖစ္သည္။

ဒါက အခြင့္အေရးႀကီးတစ္ခုပင္။
ထံုထ်န္းဧကရာဇ္ကို ေသသည္အထိသစၥာရိွမည္ဟု
က်ိန္ဆို၍ က်မ္းသစၥာပင္က်ိန္ထားေသာ္ျငား
အျပင္လူမ်ားက သူတို႔လူမ်ားစြာကို သတ္ပစ္ႏိုင္ခဲ့
ၿပီးၿပီျဖစ္သည္။ ယခုအခ်ိန္မွာ ထြက္ေျပးခ်င္ပါက
အေလာင္းတစ္ခုရွာ၍ သူတို႔ေသဆံုးမႈကို
အတုအေယာင္လုပ္လိုက္ရံုပင္။ သူတို႔ေသၿပီဟု
ထံုထ်န္းနန္းေတာ္ကထင္သြားသေရြ့ အဆင္ေျပၿပီ
ျဖစ္သည္။

သူတို႔လြတ္လပ္ေရးႏွင့္စာလ်ွင္ က်မ္းသစၥာဆိုတာ
ဘာမွမဟုတ္ေတာ့ေပ။ အဆင့္တစ္ခုတည္းမွာပဲ
တစ္သက္လံုးရိွေနရေတာ့မည္ဆိုလ်ွင္ေတာင္
သူတို႔ ေပ်ာ္ေပသည္။ ထို႔အျပင္၊ အႂကြင္းမဲ့ဆိုတာ
မရိွေပ။ သူတို႔ လြတ္လပ္မႈကိုရၿပီးေနာက္မွာ
အဆင့္တက္ဖို႔နည္းတစ္ခု ရွာေတြ့ခ်င္ရွာေတြ့ႏိုင္သည္။
ေသမည္ဆိုလ်ွင္ေတာင္ အနည္းဆံုးေတာ့
လုပ္ရက်ိဳးနပ္ေပလိမ့္မည္။

သို႔ျဖစ္ေလရာ ယူေရွာင္းမို ပတ္ရွာၾကၫ့္ေနခ်ိန္မွာ
ေနာက္ထပ္ဝတ္ရံုျဖဴလူတစ္ေယာက္
မေတြ့ရေတာ့ေပ။ ေနာက္ဆံုး တစ္ေယာက္
ရွာေတြ့ခ်ိန္မွာေတာ့ သူ႔မွာ ႀကံရာမရျဖစ္မႈေၾကာင့္
အသက္ရႉမ်ားပင္ျပင္းထန္လို႔ေနသည္။

ဝတ္ရံုျဖဴလူသည္ ေထာင္အေနာက္ဘက္ရိွ
ျမင့္မားေသာအေဆာက္အဦႀကီးထဲမွာ ျဖစ္၏။
တိုက္ပဲြအတြင္း ထိခိုက္မိမႈေၾကာင့္ ထိပ္ပိုင္းက
မရိွေတာ့ဘူးဆိုေပမဲ့ ၄က မီတာသံုးဆယ္မွ
ေလးဆယ္အထိျမင့္သၫ့္ ထိပ္ခၽြန္ေမ်ွာ္စင္တစ္ခု
ျဖစ္သည္။

ငါးထပ္ေျမာက္ျပတင္းတြင္ အျဖဴေရာင္တစ္စံုတစ္ရာ
ျဖတ္ခနဲျဖစ္သြားတာကို ယူေရွာင္းမိုျမင္လိုက္ရသည္။
ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ
ေနာက္ဆံုးေတာ့ တစ္ေယာက္ေယာက္ေတြ့ခဲ့ရေလၿပီ။
ေတြေဝမေနေတာ့ဘဲ ေျပးသြားလိုက္သည္။

ဒီဝတ္ရံုျဖဴလူက ယခုထက္ထိထြက္မေျပးသြားရာ
အျခားသူမ်ားႏွင့္ကဲြျပားသည္ဆိုတာ ထင္ရွားေန
သည္။ ငယ္ကတည္းက သစၥာေစာင့္လာသၫ့္
လူမ်ိဳးျဖစ္၍ အလြန္တရာသစၥာရိွေနတာ
ျဖစ္ေလာက္သည္။

ဝတ္ရံုျဖဴလူ၏ခြန္အားမွာ မေမ်ွာ္လင့္စြာျဖင့္
ယူေရွာင္းမိုႏွင့္ အဆင့္အတူတူေလာက္ျဖစ္ေနေလ
၏။ ယုတၲိက်က်ေျပာရပါက ထိုသို႔ေသာ
ခြန္အားျဖင့္ဆိုလ်ွင္ အျပင္မွာထြက္တိုက္ရသင့္ေပ
သည္။ ဒီမွာေစာင့္ေနျခင္းျဖစ္ပါက
အစကတည္းကေန ေရွးအစီအရင္ကိုအသက္သြင္းဖို႔
စီစဉ္ထားၾကတာျဖစ္ေလာက္သည္ဟု ယူေရွာင္းမို
ေတြးမိသည္။

ယူေရွာင္းမိုေနရာမွာ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
တစ္ေယာက္သာဆို ဝတ္ရံုျဖဴလူအတြက္ ၿပိဳင္ဖက္
လံုးဝျဖစ္ႏိုင္မွာမဟုတ္ဘဲ သူတို႔အစီအစဉ္
ေအာင္ျမင္သြားေလာက္ေပၿပီ။

လာတဲ့လူက သူျဖစ္ေနၿပီး သူတို႔စြမ္းအားက
အတူတူနီးပါးေလာက္ျဖစ္ေနသည္ကို ယူေရွာင္းမို
ဝမ္းမသာဘဲမေနႏိုင္ေပ။ ၿပီးသည္ႏွင့္ နယ္ေျမထဲသို႔
ခ်က္ခ်င္းဝင္လိုက္သည္...

နယ္ေျမသည္ ဝတ္ရံုျဖဴလူ၏ေနာက္ေက်ာဘက္သို႔
ဖုန္မႈန႔္ေလးတစ္မႈန္အျဖစ္ ေျဖးညင္းစြာ
ခ်ဉ္းကပ္သြားသည္။ တစ္မီတာခန႔္အကြာသို႔
ေရာက္ေသာ္ နယ္ေျမထဲမွ ခ်က္ခ်င္းထြက္ကာ
ဝတ္ရံုျဖဴလူ၏ေခါင္းကို ရိုက္ခ်လိုက္သည္။
ၿပီးၿပီဟုေတြးေနခ်ိန္မွာပဲ သူ႔လက္က ဝတ္ရံုျဖဴလူ၏
ေခါင္းကိုေဖာက္ထြင္းသြား၏၊ သို႔ေသာ္
သက္ေရာက္မႈမေပၚလာေခ်။

ယူေရွာင္းမို ျဖဴေဖ်ာ့သြားေတာ့သည္-
လွၫ့္ကြက္တစ္ခုပဲ!

ထက္ျမေသာ အလင္းဓားသြားတစ္ခ်က္
သူ႔ပါးေဘးမျွဖတ္ေက်ာ္သြားၿပီး နံရံကိုထိမွန္လ်က္
အေပါက္အႀကီးႀကီးတစ္ေပါက္ ျဖစ္သြားေစသည္။
ေခါင္းလွၫ့္ၾကၫ့္လိုက္ေတာ့ သူ႔ႏွင့္
မလွမ္းမကမ္းတြင္ရပ္ေနေသာ ဝတ္ရံုျဖဴ
လူတစ္ေယာက္အား ေတြ့လိုက္ရေလသည္။

ဝတ္ရံုျဖဴလူက သူ႔ကိုမ်က္ႏွာခ်င္းဆိုင္၍
တံစဉ္းႀကီးတစ္ခု ကိုင္ေဆာင္ထားသည္။
ေခါင္းစြပ္ကို စြပ္မထားဘဲ အလြန္ျဖဴေဖ်ာ့သၫ့္
မ်က္ႏွာတစ္ခုေဖာ္ျပထားသည္။ သူဟာထိုအတိုင္း
ေမြးဖြားလာပံုေပၚသည္။ သူ၏ျဖဴေဖ်ာ့ေသာ
မ်က္ႏွာတြင္ ႂကြက္ကိုေဆာ့ကစားေနေသာ
ေၾကာင္တစ္ေကာင္ကဲ့သို႔ ရက္စက္ေသာအႃပံုးတစ္ခု
ခ်ိတ္ဆဲြထား၏။

ယူေရွာင္းမိုမွာ စိတ္အိုက္သြားေတာ့သည္။

ဤလူသည္ သာမန္နတ္ဘုရားအဆင့္
သိုင္းပညာရွင္တစ္ဦးႏွင့္မတူေခ်။ ယူေရွာင္းမိုကို
သူဘယ္လိုလုပ္ သတိထားမိတာလဲ။

"အစီအရင္ဗဟိုကဘယ္မွာလဲ"

ဝတ္ရံုျဖဴလူ၏မ်က္လံုးထဲတြင္ ေမွာင္မိုက္ေသာ
တစ္စံုတစ္ရာျဖတ္ေျပးသြားၿပီး အက္ရွေသာ
အသံျဖင့္ျပန္ေျဖသည္။

"အစီအရင္ဗဟိုလား..ငါ့အေနာက္မွာေလ။
အဲ့ဒီကိုသြားခ်င္ရင္ ငါ့ကိုအရင္ႏိုင္ေအာင္
တိုက္ရလိမ့္မယ္"

ယူေရွာင္းမို ေက်ာ္ၾကၫ့္လိုက္ေတာ့ နံရံေပၚမွာ
ဆဲြထားေသာ အနီေရာင္အစီအရင္တစ္ခုရိွတာကို
ေတြ့ရသည္။ ၄ပတ္လည္တြင္ ႀကီးမားေသာ
စြမ္းအင္ေက်ာက္တံုးမ်ားစြာရိွၿပီး အျဖဴေရာင္
လင္းလ်က္ အစီအရင္အား စြမ္းအင္ေထာက္ပံ့ေပး
ေနပံုေပၚသည္။

ဟယ့္သံု႔ေျပာေနခဲ့သၫ့္ အစီအရင္ဗဟိုဆိုတာ
ဒါပဲျဖစ္ေလာက္သည္။ ၄ကိုဖ်က္ဆီးလိုက္သေရြ့
မရဏအစီအရင္ ရပ္တန႔္သြားသင့္သည္။

ယူေရွာင္းမိုသည္ နယ္ေျမထဲမွ ဓားရွည္တစ္ေခ်ာင္း
ထုတ္ယူလိုက္၏။ ဤဓားကို မက္မြန္ပြင့္နယ္ေျမမွာ
ေတြ့ရိွခဲ့တာျဖစ္သည္။ ဘယ္ေလာက္
ေကာင္းသလဲေတာ့မသိေပ။ ဒါက သူ႔အတြက္
ဓားရွည္အသံုးျပဳဖူးတဲ့ ပထမဆံုးအႀကိမ္ပင္။

ထိုအခ်ိန္မွာ ဝတ္ရံုျဖဴလူက ရုတ္တရက္
​လႈပ္ရွားသြား၏။

သူ႔မ်က္လံုးေရ႔ွမွာ အျဖဴေရာင္လက္သြားၿပီး
ယူေရွာင္းမိုသည္ ဓားရွည္ကိုအျမန္ၿမွောက္လိုက္၏။
ဝတ္ရံုျဖဴလူ၏တံစဉ္းက ဓားႏွင့္ ခၽြင္ခနဲ
တိုက္မိသြားသည္။ အသံက ပဲ့တင္ထပ္သြားၿပီး
တုန္ခါမႈမ်ား​က နားစည္ကိုထိုးေဖာက္လာကာ
လက္မႏွင့္လက္ညိုးၾကားေနရာမွာ ေနရခက္စြာ
ထံုက်ဉ္သြားေလသည္။ 

ဝတ္ရံုျဖဴလူ၏တိုက္ကြက္မ်ားက ရပ္သြားျခင္းမရိွဘဲ
လ်င္ျမန္၍အားေကာင္းသည္။ ပိုမို
လ်င္ျမန္လာသည္ႏွင့္အမ်ွ သူ႔အမူအရာက
ရိုင္းစိုင္းၾကမ္းၾကဳတ္လာကာ ရူးသြပ္စြာရယ္ေမာလာ
သည္။  ၄က ယူေရွာင္းမိုကို မသက္မသာ
ျဖစ္ေစသည္။

သူ႔မွာ ဓားရွည္အား ခုခံရန္အတြက္သာ
အသံုးျပဳေနရသည္။ ျပန္တိုက္ဖို႔မဆိုထားႏွင့္
ဤတိုက္ခိုက္ႏႈန္းကို လိုက္မွီႏိုင္ဖို႔ေတာင္
အႏိုင္ႏိုင္ပင္။ ဓားက တစ္စတစ္စ
ဖဲ့ထုတ္ခံေနရတာကို မၾကာမီမွာပဲ ယူေရွာင္းမို
သတိထားမိသြားသည္။

M တစ္ေယာက္လိုမ်ိဳးခံစားလိုက္ရသည္။
ထင္ရွားစြာပင္၊ လင္းေရွာင္ကို သူလံုးဝမယွဉ္ႏိုင္ေပ။
တစ္ျခားသူက ပထမဆံုးအႀကိမ္သံုးတဲ့အခ်ိန္မွာပဲ
ကၽြမ္းက်င္တတ္ေျမာက္သြားတဲ့အခ်ိန္ သူကေတာ့
ပိုၿပီးရုန္းကန္ေနရတာပဲရိွသည္။

ဝတ္ရံုျဖဴလူႏွင့္ခြာၿပီးေနာက္မွာ ဓားကိုပစ္ထုတ္လိုက္
ေတာ့သည္။

ဝတ္ရံုျဖဴလူက တစ္ဖန္တိုက္ခိုက္လာျပန္ၿပီး
ဒီတစ္ခါမွာ ယူေရွာင္းမိုက အလြယ္တကူပင္
ေရွာင္လိုက္၏။ မူလက အျမန္ႏႈန္းေပၚမွာပဲ
မွီခိုခဲ့ေပမဲ့ ၄က သူ႔တိုက္ခိုက္ႏႈန္း
တိုးတက္လာမယ္လို႔ မဆိုလိုခဲ့ေခ်။ ယူေရွာင္းမို
လက္ေလ်ွာ့လိုက္ေတာ့သည္။

သူ႔ရဲ့အလြယ္တကူေရွာင္တိမ္းလိုက္မႈက
ဝတ္ရံုျဖဴလူအား အံ့ဩသြားေစသည္။
ယူေရွာင္းမိုက ဓားရွည္မပါဘဲ ပိုၿပီးလက္သြက္လာ
လိမ့္မယ္လို႔ တစ္ဖက္လူမွာေမ်ွာ္လင့္မထားခဲ့ေပ။
ထိုထိတ္လန႔္အံ့အားသင့္ေနစဉ္အခိုက္အတံ့အတြင္း
ယူေရွာင္းမိုက သူ႔ဆီကို ေျခေထာက္တစ္ခ်က္
ကန္သြင္းလိုက္သည္။ သူက တံစဉ္းျဖင့္
ကာလိုက္ၿပီး အားျဖင့္အေနာက္သို႔ဆုတ္လိုက္ရ၏။

အေျခအေနက သူ႔ဟာနဲ႔သူေျပာင္းျပန္
ျဖစ္သြားသည္။

ဤတစ္ေခါက္တြင္ ခုခံရံုကလဲြၿပီးဘာမွမလုပ္ႏိုင္သူမွာ
ဝတ္ရံုျဖဴလူျဖစ္ေလသည္။ တံစဉ္းကို
သူၿမွောက္လိုက္တိုင္း တစ္ဖက္လူက
သူမေဝ႔ွယမ္းႏိုင္ခင္မွာ တိုက္ခိုက္လာတတ္ရာ
တိုက္စစ္မွခံစစ္သို႔သာ ျပန္ေျပာင္းရေတာ့သည္။
ရံဖန္ရံခါ၌ မမွီလိုက္၍  ေရွာင္ရံုသာေရွာင္ႏိုင္သၫ့္
အခါမ်ားတြင္ သူ႔ရန္သူ၏တိုက္ကြက္မ်ားက
နံရံ သို႔္မဟုတ္ ၾကမ္းမ်ားေပၚက်ေရာက္ကာ
ထိပ္ခၽြန္ေမ်ွာ္စင္ကို အေပါက္ေပါက္ျဖစ္ေစသည္။

ယူေရွာင္းမိုက ၾကမ္းျပင္ကိုလက္သီးနဲ႔ထိုးလိုက္ၿပီး
ေျခေထာက္ေအာက္မွ အက္ကဲြသံမ်ားက
မရပ္တန႔္သြားေတာ့သၫ့္အခ်ိန္မွသာ ဝတ္ရံုျဖဴလူမွာ
တစ္ဖက္လူ၏ရည္ရြယ္ခ်က္ကို သေဘာေပါက္ၿပီး
ျဖဴေဖ်ာ့သြားေတာ့သည္။ သို႔ေသာ္ျငားလည္း
၄မွာ ေနာက္က်သြားခဲ့ေလၿပီ။

"အံုး_"

ထိပ္ခၽြန္ေမ်ွာ္စင္၏က်န္ေသာအပိုင္းမ်ားမွာ
တအံုးအံုးျမည္လ်က္ ၿပိဳက်သြားၿပီး
ထိတ္လန႔္ေနေသာအၾကၫ့္မ်ားေအာက္တြင္
ေက်ာက္စရစ္ပံုအျဖစ္ ေျပာင္းလဲသြားေလသည္။
မရဏအစီအရင္ဗဟိုအတြက္ကေတာ့လား..
ထိပ္ခၽြန္ေမ်ွာ္စင္ႀကီးေတာင္ ၿပိဳက်သြားၿပီဆိုမွေတာ့
အစီအရင္ဗဟို ရိွေနေသးဖို႔ျဖစ္ႏိုင္ပါဦးမလား။

ဝတ္ရံုျဖဴလူသာ ယူေရွာင္းမိုႏွင့္ ျပန္လည္ေတြ့ဆံုဖို႔
အခြင့္အေရးရိွခဲ့မည္ဆိုလ်ွင္ ယူေရွာင္းမိုအေနျဖင့္
သူ႔ကို စကားတစ္လံုးေပးလိုက္မည္ျဖစ္သည္။

– ငတံုး!

__________________________








Continue Reading

You'll Also Like

370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
1.6M 197K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
220K 25.6K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2M 161K 36
No descriptions here