Unicode
အပိုင်း ၆၃၈- ဖျက်ဆီးခြင်း
မူလစွမ်းအင်သည် ဝိဉာဉ်၏အသက်သွေးကြော
ဖြစ်ကာ သက်ရှိအရာအားလုံး၏
အသက်စွမ်းအားဟုလည်း ဆိုလို့ရသည်။ ၎င်း
ယိုစိမ့်ပြီးနောက် ကျောက်စင်မြင့်အနီးရှိ
ပေါင်းပင်များသည် ရူးသွပ်စွာကြီးထွားလာကြ၏။
အသက်စွမ်းအားယိုစိမ့်မှုအနည်းငယ်လေးကပင်
သက်ရှိအရာများကို ကြီးထွားစေဖို့လုံလောက်နေပြီ
ဖြစ်သည်။ ရပ်တန့်သွားခြင်းမရှိသော
အသက်စွမ်းအားစီးကြောင်းတစ်ခုဆိုလျှင်
အကျိုးဆက်များကို ကောင်းကောင်းပုံဖော်ကြည့်လို့
ရပေသည်။
သက်လတ်ပိုင်းအရွယ်လူကြီးမှာ အချိန်မီ
မပိတ်နိုင်ချေ။ မူလစွမ်းအင်၏ထိန်းချုပ်မှုဖြင့်
ပေါင်းမြက်ပင်များ၏ကြီးထွားလာမှုမှာ
အင်မတန် ရူးသွပ်ဖွယ်ကောင်းလှသည်။ စက္ကန့်
ဘယ်လောက်မှမရှိခင်မှာ ပေါင်းမြက်ပင်တွေက
ကောင်းကင်ကို ဖောက်ထွက်တော့မည့်အလား
ဆယ်မီတာကျော်အထိ ရှည်လျားလာကြသည်။
မမျှော်လင့်ထားသောအဖြစ်အပျက်များကြောင့်
ယူရှောင်းမိုလည်း အံ့အားသင့်သွားသည်၊
သို့ပေမဲ့၎င်းက သူ့အတွက်
အကာအကွယ်ကောင်းတစ်ခု ဖန်တီးပေးသည်။
ပေါင်းမြက်ပင်တွေထဲ ဝှစ်ခနဲဝင်သွားသည့်အခါ
ထုံထျန်းနန်းတော်မှဝတ်ရုံဖြူလူမှာ သူ့ကို
ချက်ချင်း မျက်ခြေပြတ်သွားလေတော့သည်။
"ငါ့အမိန့်ကိုထုတ်ပြန်စမ်း။ သူ့ကို ဖမ်းမိတာနဲ့
ချက်ချင်းသတ်ပစ်။ ပြီးရင် ဝိဉာဉ်ဆွဲထုတ်လာခဲ့"
သက်လတ်ပိုင်းအရွယ်လူကြီးမှာ ကျယ်လောင်စွာ
ပြောဆိုရင်းဖြင့် ဒေါသများပေါက်ကွဲလာတော့သည်။
မူလစွမ်းအင်များဆက်လက်ယိုစိမ့်မှုမှ တားဆီးရန်
သူ့အနေဖြင့် ကျောက်စင်မြင့်ကိုခွာလို့မရချေ။
ဒီရလဒ်က ယူရှောင်းမိုလိုချင်တာနှင့်ကွက်တိပင်။
သက်လတ်ပိုင်းလူကြီးကသာ ပါးစပ်မစောင့်ဘဲ
အမှန်တရားကိုပြောမပြခဲ့ပါလျှင် ကျောက်စင်မြင့်မှာ
ထိုသို့သောလုပ်ငန်းမျိုးရှိမယ်မှန်း သိခဲ့မှာမဟုတ်ပေ။
သူက မူလစွမ်းအားကိုထိုမျှအရေးထားပေရာ
၎င်းတို့ထဲကတစ်ခုကို ခွဲခြေပစ်လိုက်သရွေ့
သူတို့ကို ထိတ်ပျာသွားစေဖို့လုံလောက်သင့်ပေသည်။
သူ့အကွက်ကြောင့် သက်လတ်ပိုင်းလူကြီး
ထိတ်လန့်တကြားဖြစ်သွားတယ်ဆိုကတည်းက
ဒါကမှန်ကြောင်း သက်သေပြနေသည်။ သူတို့ဟာ
မစတင်ခင်ကတည်းက မူလစွမ်းအင်နှင့်ပတ်သက်၍
စီစဉ်ထားခဲ့ကြခြင်းဖြစ်ပေသည်။ ဒီအထိရောက်ပြီး
အောင်မြင်ဖို့ တစ်လှမ်းအလိုမှာ ကျရှုံးသွားခဲ့ပါက
တစ်ရက်တည်းမှာပဲ ထုံထျန်းဧကရာဇ်၏
နှစ်များစွာအားစိုက်ထုတ်ထားမှုများ ပျက်စီးသွားမည်
ဖြစ်ကာ သူလည်းအကျိုးဆက်များကိုခံနိုင်လိမ့်မည်
မဟုတ်ပေ။
သက်လတ်ပိုင်းလူကြီးမှာ သူ့အပြုအမူများကို
နောင်တရလာတော့သည်။ ဘာကြောင့်များ သူ့ကို
ဒီလောက်အများကြီးပြောပြလိုက်ရတာလဲ။
ကံဆိုးစွာနဲ့ပဲ၊ ဖိတ်သွားပြီဖြစ်သည့်နွားနို့အပေါ်
ငိုနေလို့လည်းအကျိုးမထူးတော့ရာ မူလစွမ်းအင်ကို
ထိန်းသိမ်းဖို့ပဲကြိုးစားနိုင်တော့သည်။
သက်လတ်ပိုင်းလူကြီးမှာ အဆင့်ခြောက်မှော်ဆရာ
ဖြစ်၍ ကျောက်စင်မြင့်မှာ တစ်ဦးတည်းသော
နတ်ဘုရားအဆင့်ကျင့်ကြံသူဖြစ်သည်။ မူလကတော့
ဒါက ယူရှောင်းမိုကိုဖမ်းဖို့ထက်ပင် ပို၍
လုံလောက်သင့်သည်၊ သို့သော်လည်း သူ၏
မိမိကိုယ်ကိုယ်ယုံကြည်မှုကြောင့် ဒီအခြေအနေအထိ
ကျဆင်းသွားခဲ့သည်။
ထုံထျန်းနန်းတော်မှာ နက်ရှိုင်းသောနောက်ခံ
ရှိသော်ငြားလည်း ယခုနှစ်အတွင်းမှာ လင်းရှောင်က
သူတို့ကျင့်ကြံသူများစွာကို သတ်လျှင်သတ်
မဟုတ်လျှင် အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။
ယခု သူက ထုံထျန်းနန်းတော်ကိုတိုက်ခိုက်ဖို့
နတ်ဘုရားအဆင့်များပါသည့် စွမ်းအားကြီး
ကျင့်ကြံသူများစွာကို ဦးဆောင်လာသည်၊
ပြန်လည်တိုက်ခိုက်ရန်အတွက် ထုံထျန်းနန်းတော်ရှိ
စွမ်းအားကြီးကျင့်ကြံသူအကုန်နီးပါး အပြင်ကို
သွားကြပြီဖြစ်သည်။
နန်းတော်တွင်ကျန်ခဲ့သော လူအားလုံးမှာ
နတ်ဒေဝါအဆင့်ဖြစ်ကြ၍ ယူရှောင်းမိုကိုဖမ်းချင်ပါက
သူတို့အတွက် တကယ်ပင်ခက်ခဲပေတော့မည်။
သက်လတ်ပိုင်းလူကြီးဟာလည်း ဒီအချက်ကို
တွေးမိ၏။ သူက ကျိုးပဲ့လျက်ရှိသော
ကျောက်နဂါးခေါင်းကို ပြန်ထောင်ခိုင်းလိုက်ပြီး
အခြေခံ ပို့ဆောင်ရေးပြွန်တစ်ခုပြန်ဆောက်လိုက်
သည်။ ကျောက်စင်မြင့်ကို စောင့်ကြည့်နေဖို့
အခြားသူများကို ခိုင်းပြီးနောက် ယူရှောင်းမိုကို
ကိုယ်တိုင်ဖမ်းဖို့ထွက်သွားတော့သည်။
သူတို့အစီအစဉ်မှာ ယူရှောင်းမိုက နောက်ဆုံးပိတ်လူ
မဟုတ်ခဲ့ပါက သက်လတ်ပိုင်းလူကြီးသည်
သူလွတ်သွားမသွား ဂရုစိုက်နေမည်မဟုတ်ပေ။
ကံဆိုးစွာဖြင့် သူကဟုတ်နေသည်။
သူလွတ်သွားပါက အစီအစဉ်သည် နှစ်များစွာ
သို့မဟုတ် နှစ်ရာချီပင်နှောင့်နှေးသွားနိုင်ရုံမက
ထုံထျန်းနန်းတော်၏လျှို့ဝှက်ချက်ကိုလည်း
ကမ္ဘာကသိသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင်
ယုံကြည်မှုစွမ်းအင်သည်လည်း တစ်နည်းတစ်ဖုံ
သက်ရောက်ခံရပေလိမ့်မည်။
ရောက်ရှိလာသည့်ယုံကြည်မှုစွမ်းအင်အပိုင်းအချို့
ရှိသေးသော်ငြားလည်း ယခုနှစ်အတွက်
ထုံထျန်းနန်းတော်ကရသည့် ယုံကြည်မှုစွမ်းအင်မှာ
လင်းရှောင်ကြောင့် များစွာလျော့နည်းသွားခဲ့သည်။
ကံကောင်းစွာဖြင့် အခြားနယ်မြေများက
ထုံထျန်းဧကရာဇ်ကိုသက်ဝင်ယုံကြည်ကြသဖြင့်
ဤကဏ္ဍကို သူတို့သိပ်စိတ်ပူစရာမလိုပေ။
သက်လတ်ပိုင်းလူကြီး ကျောက်စင်မြင့်ကနေ
ထွက်သွားပြီးငါးမိနစ်သာရှိသေးချိန်၌
ဖုန်များထနေသောကောင်းကင်မှ ဖုန်မှုန့်လေး
တစ်မှုန့်သည် ကျောက်စင်မြင့်သို့ ရည်ရွယ်ချက်
ရှိရှိဟုဆိုလို့ရစွာ ရွေ့လျားသွားလေသည်။
လက်ရှိအချိန်တွင် ကျောက်စင်မြင့်ကို ဝတ်ရုံဖြူ
လူဆယ်ဦး ဝိုင်းထားပြီး ကြယ်အဆင့်မြင့်သည့်
နတ်ဒေဝါအဆင့်ကျင့်ကြံသူနှစ်ယောက်ပင်
ပါသေးသည်။ ကျန်လူများ၏ကျင့်ကြံဆင့်က
အမျိုးမျိုးဖြစ်ပေမဲ့လို့ အတူတကွလှုပ်ရှားပါက
သူတို့ရဲ့တိုက်ခိုက်စွမ်းရည်က တော်တော်လေး
မြင့်မားနေသေးသည်။ သို့သော်လည်း သူတို့ထဲက
တစ်ယောက်မှ ချဉ်းကပ်လာသည့်အန္တရာယ်ကို
သတိမပြုမိကြချေ။
ကျောက်စင်မြင့်အလယ်မှလာသော
မှော်ဆေးလုံးတစ်လုံး လောင်ကျွမ်းနေချိန်နှင့်
ဆင်တူသည့် တဖျစ်ဖျစ်အသံမှလွဲ၍
ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက်
ရှိသည်။
"အုံး-"
သတိပေးခြင်းမရှိဘဲ ပေါက်ကွဲသံတစ်ခု ရုတ်တရက်
ထွက်ပေါ်လာသည်။ ကျောက်စင်မြင့်ကြီးက
အကြိမ်ပေါင်းမနည်း ပြင်းထန်စွာလှုပ်ခါလာပြီး
မရေမတွက်နိုင်သော အဖြူရောင်ဝိဉာဉ်များ
အောက်ဘက်မှ ဝရုန်းသုန်းကားလွင့်မျောထွက်လာ
ကြသည်။ ဝတ်ရုံဖြူလူဆယ်ဦး၏မျက်နှာ
အမူအရာများ ချက်ချင်းပြောင်းလဲသွားကြတော့
သည်။
ဤဝိဉာဉ်များမှ မူလစွမ်းအင်ထောက်ပံ့မှုမရှိတော့၍
ကျောက်နဂါးလေးကောင်က အလယ်ရှိ
မှော်ဆေးလုံးထံ မူလစွမ်းအင်ပို့ဆောင်ပေးနေခြင်းကို
ချက်ချင်းရပ်တန့်သွားကြသည်။ အကျိုးဆက်များမှာ
ယူရှောင်းမိုတစ်ယောက် ကျောက်နဂါးတစ်ကောင်ရဲ့
ခေါင်းကို ဖျက်ဆီးပစ်လိုက်တုန်းကထက်
ပိုမိုပြင်းထန်သည်။
"ပုရောဟိတ်ကြီးဆီ ချက်ချင်းသတင်းပို့ချေ။
ကျောက်စင်မြင့်ကိုစောင့်ဖို့ လူလေးယောက်နေခဲ့၊
ကျန်တဲ့သူတွေက လွတ်သွားတဲ့ဝိဉာဉ်တွေကိုဖမ်းဖို့
ငါနဲ့လိုက်ခဲ့ကြ"
ကျင့်ကြံဆင့်မြင့်သည့် ဝတ်ရုံဖြူလူတစ်ယောက်က
ဆုံးဖြတ်ချက်တစ်ခု အမြန်ချပေးပြီးနောက်
ဝိဉာဉ်များလွတ်သွားရာဘက်သို့ လူလေးဦးကို
ဦးဆောင်သွားလေသည်။
ထုံထျန်းနန်းတော်သည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုလွန်ကဲခဲ့၏။ အမှားအယွင်းတစ်ခု
ဖြစ်လိမ့်မည်ဟု မတွက်ဆထားလေရာ
လူအရေအတွက်ကို ကြိုတင်တွက်ဆ၍ ဖမ်းထားခြင်း
ဖြစ်ပြီး အပိုမပါပေ။ သို့ဖြစ်ရာ ဤဝိဉာဉ်များသာ
လွတ်မြောက်သွားပါက အစီအစဉ်သည်လည်း
ရပ်တန့်သွားမည်ဖြစ်သည်။
"ဒီတစ်ခါတော့ ဒုက္ခများတော့မှာပဲ"
ကျောက်စင်မြင့်ကိုစောင့်ကြပ်ရန်နေခဲ့သော
ကြယ်အဆင့်မြင့်သည့် နောက်ကျင့်ကြံသူ၏
အမူအရာမှာ မှောင်မှိုင်းလျက်ရှိ၏။
အမှန်အတိုင်းဆိုရလျှင် သူတို့အားလုံးဟာလည်း
တစ်ချိန်က ထုံထျန်းနန်းတော်၏ပြန်ပေးဆွဲခြင်းကို
ခံခဲ့ရဖူးသည်။ သို့သော်လည်း သူတို့လည်ပင်းကို
ကယ်ဖို့အတွက် အပေါင်းအဖော်များကို
သစ္စာဖောက်ကာ သူတို့အသက်နှင့်သစ္စာရှိမှုကို
ထုံထျန်းဧကရာဇ်ထံအပ်နှင်းခဲ့ကြသည်။
သူတို့အသက်က ထုံထျန်းဧကရာဇ်၏လက်ထဲမှာ
ဖြစ်သဖြင့် မျှော်လင့်ချက်မရှိသည့်အခြေအနေ
တစ်ခုမှာတောင် ထုံထျန်းဧကရာဇ်ကို
သစ္စာမဖောက်ရဲပေ။ သို့သော် လက်ရှိအခြေအနေက
ကွဲပြားသည်။
ကျောက်စင်မြင့်ကို သူတို့တွေစောင့်ကြပ်နေကြချိန်မှာ
ကိစ္စတစ်ခုခုဖြစ်ခဲ့တာကို ထုံထျန်းဧကရာဇ်သိပါက
သူ့ဒေါသကို သူတို့အပေါ် ပုံချမည်မှာမလွဲမသွေပင်၊
သူတို့ကို ပါဝင်ပစ္စည်းတွေအဖြစ်တောင် လုပ်ချင်
လုပ်နိုင်သည်။ ထုံထျန်းဧကရာဇ်အတွက်
ကျောက်စင်မြင့်က ဘယ်လောက်အရေးပါသလဲ
သူတို့ထက် ဘယ်သူမှပိုပြီးမသိနိုင်ပေ။
"မင်းတို့ ဒီနေရာကိုအရင်စောင့်ကြည့်ထားကြ။
ငါ ဘာဖြစ်နေလဲသွားကြည့်လိုက်ဦးမယ်"
ကြယ်အဆင့်မြင့်သည့်ကျင့်ကြံသူက အခြားသုံးဦးကို
ရုတ်တရက်ပြောလိုက်ပြီး သူတို့မတုံ့ပြန်နိုင်ခင်
အပြင်လျှောက်သွားဖို့ ပြင်လိုက်သည်။
ဝတ်ရုံဖြူလူတစ်ယောက်က သူ့ဝတ်ရုံကို
ချက်ချင်းလှမ်းဆွဲလိုက်သည်။
"ခင်ဗျားထွက်ပြေးမလို့လုပ်နေတာမှန်း ကျုပ်တို့
မသိဘူးမထင်နဲ့။ ထုံထျန်းဧကရာဇ်က ခင်ဗျားကို
သတ်မှာကြောက်နေတာမလား၊ ဒါပေမဲ့
ကျုပ်တို့လည်း ကိုယ့်အသက်ကိုယ်တန်ဖိုးထားတာပဲ"
အမြင်များက အကုန်တူနေပြီဖြစ်ရာ အတူတူ
ထွက်ပြေးသွားကြတာသဘာဝပင်။
လူအပိုရှိခြင်းက အန္တရာယ်ကို ကူ၍ပခုံးထမ်းပေး
နိုင်သည်။ နောက်မှာ ထုံထျန်းဧကရာဇ်က
သိသွားရင်တောင်မှ အဖြေညှိ၍ ပြန်လည်တုံ့ပြန်မည့်
နည်းလမ်းများ ကောင်းကောင်းကန်းကန်း
စီစဉ်ထားလို့ရပေသည်။
သို့နှင့် အချိန်ဘယ်လောက်မှမရှိသေးခင်
ကျောက်စင်မြင့်မှာ လူသူလေးပါးကင်းမဲ့သွားလေ
သည်။
ယူရှောင်းမို ထွက်လာသည်။ သူ့နယ်မြေထဲမှာ
ရှိနေစဉ် သူတို့စကားကို အစမှအဆုံးကြားလိုက်ရ
သည်။ ထုံထျန်းနန်းတော်အတွင်းမှာ အခြေအနေက
ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားချေ။ အဲ့လိုသာဆို
သူတို့ကြား သပ်လျှိုဖို့ အလွန်လွယ်ကူပေလိမ့်မည်၊
သို့ပေမဲ့လို့...။ ကျောက်စင်မြင့်ပေါ်ရှိ
အရောင်ခုနစ်ရောင် ဝန်းရံလျက်ရှိသော
မှော်ဆေးလုံးဆီ အကြည့်ရွှေ့လိုက်သည်။
ရွှေရောင် တလက်လက်တောက်နေသောစာလုံးငါးလုံး
သူ့စိတ်ထဲပေါ်လာသည် – ကောင်းကင်ဘုံက
ငါ့ကိုကူညီနေတာပဲ!
တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ယူရှောင်းမို
အချိန်ဆွဲမနေရဲတော့ဘဲ ကျောက်စင်မြင့်ပေါ်
မဆိုင်းမတွပြေးသွားပြီး မှော်ဆေးလုံးကိုယူရန်
လက်ဆန့်လိုက်သည်။
သို့သော် သူ့လက်က အရောင်ခုနစ်ရောင်ဖြင့်
ပြုလုပ်ထားသော အပြင်လွှာကိုထိသွားချိန်တွင်
တစ်ကိုယ်လုံးကို လျှပ်စစ်ဓာတ်များစီးဝင်သွားလေ
သည်။ လျှပ်စစ်ပမာဏဟာလည်း အတော်လေး
ကြီးပုံပင်။ ချက်ချင်း ခြေတွေလက်တွေ
အကြောဆိုင်းသွားပြီးမတုံ့ပြန်နိုင်ခင်
ကြီးမားလှသောအားတစ်ခုက သူ့ကို
ပစ်ထုတ်လိုက်၏။
ယူရှောင်းမို ကိုယ်ကို လေထဲမှာတည်ငြိမ်အောင်
လုပ်လိုက်ကာ အကြောဆိုင်းနေသည်ကိုဖြည်ရန်
ကိုယ်ထဲမှာ ဝိဉာဉ်စွမ်းအားကိုလှည့်ပတ်ပြီးနောက်
ပက်လက်ပြုတ်ကျသွားလေသည်။
မြေပေါ် တည်တည်ငြိမ်ငြိမ်ရပ်ပြီးသည့်နောက်
ခုနစ်ရောင်ခြယ်အလင်းလုံးကို အံ့အားသင့်စွာ
ကြည့်လိုက်သည်။ ဤအရာက အကာအကွယ်
လုပ်ဆောင်ချက်တောင်ပါသေးသည်၊
အလှဆင်ထားတာမဟုတ်နေချေ။
တွေးနေရင်း ယူရှောင်းမို ထိုရုပ်ဆိုးဆိုးလက်အိတ်ကို
နယ်မြေထဲက ချက်ချင်းထုတ်ယူလိုက်သည်။
ဝိဉာဉ်ပိတ်အစီအရင်ထဲမှာမဟုတ်တော့၍
သူ့နယ်မြေကို ကြိုက်သလို၊ ကြိုက်တဲ့အချိန်တိုင်း
ဝင်ထွက်လို့ရလေပြီ။ သူ့မှာ ဘယ်အချိန်မဆို
ရွေ့လျားလို့ရတဲ့နယ်မြေတစ်ခုရှိတဲ့အကြောင်း
သက်လတ်ပိုင်းလူကြီးကို ထုံထျန်းဧကရာဇ်က
မပြောခဲ့ပုံပင်။
လက်အိတ်ဝတ်ပြီးနောက် ယူရှောင်းမိုသည်
ဆေးလုံးကိုယူရန် ဆက်ကြိုးစားလိုက်၏။
ဤတစ်ခါ၊ လက်ဆန့်လိုက်ချိန်မှာ လျှပ်စစ်ဓာတ်ကို
မခံစားရတော့ပေ။ အားတက်သွားပြီး
ယူရှောင်းမို ဆေးလုံးကိုဖမ်းဆုပ်လိုက်သည်...
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ထက်တွင်
လင်းရှောင်နှင့် အသေအကြေတိုက်ခိုက်နေသော
ထုံထျန်းဧကရာဇ်၏မျက်နှာအမူအရာသည်
ရုတ်တရက်ပြောင်းလဲသွား၏။ သူက ကျောက်စင်မြင့်
ရှိရာ ဘက်တစ်ခုသို့ ရုတ်ခြည်းလှမ်းကြည့်လိုက်
သည်။ အလွန်အရေးကြီးသည့်ကိစ္စဖြစ်သဖြင့်
ကျောက်စင်မြင့်ကို လျှို့ဝှက်နေရာတစ်ခုမှာထားရှိကာ
သူတို့ရဲ့လက်ရှိနေရာမှ မမြင်ရနိုင်ချေ။
လင်းရှောင်သည် ပုံမှန်မဟုတ်သောဤအမူအရာကို
ဖမ်းမိလိုက်၏။ ထုံထျန်းဧကရာဇ်က တိုက်ပွဲကနေ
ထွက်သွားချင်နေသည်ကို မြင်သည့်အခါ သူက
ဒုတိယတစ်ခါထပ်မတွေးဘဲ ချက်ချင်း
ဟန့်တားတော့သည်။ ဘာပဲဖြစ်နေပါစေ ၎င်းက
ထုံထျန်းဧကရာဇ်အတွက် နစ်နာစေမည့်ကိစ္စတစ်ခုခု
ဖြစ်ရမည်ဟု လင်းရှောင် အသေအချာပြောနိုင်သည်။
"ဖယ်စမ်း!"
ထုံထျန်းဧကရာဇ်၏မျက်နှာအမူအရာက ဒေါသ
ထွက်နေဟန်ရှိကာ သူ့ကိုယ်မှ စွမ်းအားကြီးသော
စိတ်စွမ်းအင်များ ဆက်တိုက်ထွက်ပေါ်နေသည်။
သူ့ပတ်လည်မှာ လျှပ်စီးများစုစည်း
ရစ်ပတ်လာသည့်နှယ် တဖျစ်ဖျစ်အသံများ
ထွက်ပေါ် လာသည်။ အရှိန်အဝါမှာ
ကြောက်မက်ဖွယ်ကောင်းလှသည်။
ကံဆိုးစွာဖြင့် အရှေ့ကလူမှာ သူ့ထက်ပင်
ပို၍မာနကြီးသော လင်းရှောင်ဖြစ်နေသည်။
ထုံထျန်းဧကရာဇ်အပေါ်ရှိ သူ့အကြည့်တို့မှာ
ထက်ရှကာ အေးစက်၍ အရိုးထိတိုင်ဖောက်ထွင်းသွား
သလားဟုပင် ထင်မှတ်ရသည်။ အေးစက်ပုံပေါ်သော
အနက်ရောင်ဝတ်ရုံသည် လေကြောင့် တရွှစ်ရွှစ်
အသံများပြုလျက် တဖျတ်ဖျတ်လွင့်နေ၏။
သူ့စကားကြားသည့်အခါ လင်းရှောင်၏
ချောမောသောမျက်နှာတွင် မောက်မာ၍
အာဏာရှင်ဆန်သောအပြုံးတစ်ခုပေါ်လာလေသည်။
"ကျုပ်ကိုဖြတ်သွားဖို့တွေးနေတာလား။ ဒါဆိုလည်း
အရင်နိုင်အောင်တိုက်ပါဦး"
လင်းရှောင်၏ဖွဲ့စည်းပုံမှာ ရှေးသားရဲမျိုးနွယ်
လေးခု၏သွေးကြောများဖြစ်သဖြင့်
သူ့တိုက်ခိုက်စွမ်းရည်မှာ လွှမ်းမိုး၍မရနိုင်ပေ။
ထုံထျန်းဧကရာဇ်က တစ်ခုခုကြောင့် ခွန်အားကို
ခြွေတာနေပုံရရာ တိုက်ပွဲမှာ လက်ရှိတွင်ရပ်တန့်နေပြီး
ဘယ်သူကမှ အသာစီးမရနိုင်ကြချေ။
လင်းရှောင်ကစကားပြောပြီးနောက် လက်ထဲတွင်
အားသုံးခုပေါင်းစပ်၍ဖန်တီးထားသည့်
မီးလုံးတစ်ခု ပေါ်လာလေသည်။ သူက ယခု
အားသုံးမျိုးကို လွတ်လပ်စွာထိန်းချုပ်နိုင်လေပြီ။
အားလေးမျိုးကိုအသုံးပြုတာလောက် ရလဒ်က
စွမ်းအားမကြီးပေမဲ့ တိုက်ကွက်၏ခွန်အားကို
လျှော့တွက်လို့မရပေ။
ထုံထျန်းဧကရာဇ်၏အမူအရာက မည်းမှောင်သွား
တော့သည်။
"သေချင်နေမှတော့ ဖြည့်ဆည်းပေးမယ်"
စကားပြောပြီးသည်နှင့် သူ့အရှိန်အဝါက
တစ်ဟုန်ထိုးတက်လာသည်။ ယခုအကြိမ်မှာ
၎င်းကို ထပ်ဖုံးကွယ်ထားဖို့စိတ်ကူးမရှိတော့ပုံပင်။
မျက်နှာမှာမမြင်ရနိုင်ပေမဲ့ တကယ်တမ်း
ထုံထျန်းဧကရာဇ်မှာ အင်မတန်စိုးရိမ်နေသည်၊
အကြောင်းမှာ တစ်ယောက်ယောက်က
ကျောက်စင်မြင့်ပေါ်ကပစ္စည်းတစ်ခုကို
ရွှေ့လိုက်တာကို ခံစားမိလိုက်တာကြောင့်ပင်။
ပုရောဟိတ်ကြီးဆိုရင် ကိစ္စမရှိပေ၊ သို့ပေမဲ့
အခြားတစ်ယောက်ယောက်ဆိုလျှင်တော့....
လင်းရှောင်၏အမူအရာက ပို၍လေးနက်လာ
သည်။ ကြယ်ခြောက်ပွင့်ဆိုပေမဲ့ အဆင့်တက်ကာစ
ဖြစ်သဖြင့် သူ့အဆင့်က လုံလုံလောက်လောက်
မတည်ငြိမ်သေးရာ ထုံထျန်းဧကရာဇ်နှင့်
တကယ့်ကွာခြားမှုကကြယ်တစ်ပွင့်ထက်ပိုသည်။
ဤအခိုက်အတံ့တွင် ယူရှောင်းမိုသည်
တစ်ဝက်တစ်ပျက်သာပြီးသေးသည့် မှော်ဆေးလုံးကို
ရပြီးလေပြီ။ တစ်လက်စတည်း ကျောက်စင်မြင့်ကိုပါ
ဖျက်ဆီးပြီးမှ သူဟာထွက်ခွာသွားတော့သည်။
သူထွက်သွားပြီးမကြာခင် တစ်လျှောက်လုံး
ယူရှောင်းမိုကိုရှာမတွေ့ခဲ့သည့် သက်လတ်ပိုင်းလူကြီး
ကျောက်စင်မြင့်ကို ပြန်ရောက်လာသည်။
ဖျက်ဆီးခံထားရသောကျောက်စင်မြင့်ကို
မြင်လိုက်ရသည့်အခါ ကျားကို တောင်ထဲက
တစ်ဖက်လှည့်ထုတ်တဲ့အကွက်ထဲ ကျသွားခဲ့ကြောင်း
ချက်ချင်းသဘောပေါက်လိုက်တော့သည်။
ထုံထျန်းနန်းတော်အတွင်းရှိ လေထုကိုဖြတ်၍
ဒေါသတကြီးကြိမ်းသံတစ်ခုထွက်ပေါ်လာလေသည်။
_____________________
(T/N- up upလို့မမန့်ပါနဲ့၊ အခုမှတစ်ပိုင်း
upတာ နောက်တစ်ပိုင်းက ချက်ချင်း
ဘယ်ကရောက်လာမတုန်း??)
________________________
Zawgyi
အပိုင္း ၆၃၈- ဖ်က္ဆီးျခင္း
မူလစြမ္းအင္သည္ ဝိဉာဉ္၏အသက္ေသြးေၾကာ
ျဖစ္ကာ သက္ရိွအရာအားလံုး၏
အသက္စြမ္းအားဟုလည္း ဆိုလို႔ရသည္။ ၄
ယိုစိမ့္ၿပီးေနာက္ ေက်ာက္စင္ျမင့္အနီးရိွ
ေပါင္းပင္မ်ားသည္ ရူးသြပ္စြာႀကီးထြားလာၾက၏။
အသက္စြမ္းအားယိုစိမ့္မႈအနည္းငယ္ေလးကပင္
သက္ရိွအရာမ်ားကို ႀကီးထြားေစဖို႔လံုေလာက္ေနၿပီ
ျဖစ္သည္။ ရပ္တန႔္သြားျခင္းမရိွေသာ
အသက္စြမ္းအားစီးေၾကာင္းတစ္ခုဆိုလ်ွင္
အက်ိဳးဆက္မ်ားကို ေကာင္းေကာင္းပံုေဖာ္ၾကၫ့္လို႔
ရေပသည္။
သက္လတ္ပိုင္းအရြယ္လူႀကီးမွာ အခ်ိန္မီ
မပိတ္ႏိုင္ေခ်။ မူလစြမ္းအင္၏ထိန္းခ်ဳပ္မႈျဖင့္
ေပါင္းျမက္ပင္မ်ား၏ႀကီးထြားလာမႈမွာ
အင္မတန္ ရူးသြပ္ဖြယ္ေကာင္းလွသည္။ စကၠန႔္
ဘယ္ေလာက္မွမရိွခင္မွာ ေပါင္းျမက္ပင္ေတြက
ေကာင္းကင္ကို ေဖာက္ထြက္ေတာ့မၫ့္အလား
ဆယ္မီတာေက်ာ္အထိ ရွည္လ်ားလာၾကသည္။
မေမ်ွာ္လင့္ထားေသာအျဖစ္အပ်က္မ်ားေၾကာင့္
ယူေရွာင္းမိုလည္း အံ့အားသင့္သြားသည္၊
သို႔ေပမဲ့၄က သူ႔အတြက္
အကာအကြယ္ေကာင္းတစ္ခု ဖန္တီးေပးသည္။
ေပါင္းျမက္ပင္ေတြထဲ ဝွစ္ခနဲဝင္သြားသၫ့္အခါ
ထံုထ်န္းနန္းေတာ္မွဝတ္ရံုျဖဴလူမွာ သူ႔ကို
ခ်က္ခ်င္း မ်က္ေျချပတ္သြားေလေတာ့သည္။
"ငါ့အမိန႔္ကိုထုတ္ျပန္စမ္း။ သူ႔ကို ဖမ္းမိတာနဲ႔
ခ်က္ခ်င္းသတ္ပစ္။ ၿပီးရင္ ဝိဉာဉ္ဆဲြထုတ္လာခဲ့"
သက္လတ္ပိုင္းအရြယ္လူႀကီးမွာ က်ယ္ေလာင္စြာ
ေျပာဆိုရင္းျဖင့္ ေဒါသမ်ားေပါက္ကဲြလာေတာ့သည္။
မူလစြမ္းအင္မ်ားဆက္လက္ယိုစိမ့္မႈမွ တားဆီးရန္
သူ႔အေနျဖင့္ ေက်ာက္စင္ျမင့္ကိုခြာလို႔မရေခ်။
ဒီရလဒ္က ယူေရွာင္းမိုလိုခ်င္တာႏွင့္ကြက္တိပင္။
သက္လတ္ပိုင္းလူႀကီးကသာ ပါးစပ္မေစာင့္ဘဲ
အမွန္တရားကိုေျပာမျပခဲ့ပါလ်ွင္ ေက်ာက္စင္ျမင့္မွာ
ထိုသို႔ေသာလုပ္ငန္းမ်ိဳးရိွမယ္မွန္း သိခဲ့မွာမဟုတ္ေပ။
သူက မူလစြမ္းအားကိုထိုမ်ွအေရးထားေပရာ
၄တို႔ထဲကတစ္ခုကို ခဲြေျခပစ္လိုက္သေရြ့
သူတို႔ကို ထိတ္ပ်ာသြားေစဖို႔လံုေလာက္သင့္ေပသည္။
သူ႔အကြက္ေၾကာင့္ သက္လတ္ပိုင္းလူႀကီး
ထိတ္လန႔္တၾကားျဖစ္သြားတယ္ဆိုကတည္းက
ဒါကမွန္ေၾကာင္း သက္ေသျပေနသည္။ သူတို႔ဟာ
မစတင္ခင္ကတည္းက မူလစြမ္းအင္ႏွင့္ပတ္သက္၍
စီစဉ္ထားခဲ့ၾကျခင္းျဖစ္ေပသည္။ ဒီအထိေရာက္ၿပီး
ေအာင္ျမင္ဖို႔ တစ္လွမ္းအလိုမွာ က်ရႈံးသြားခဲ့ပါက
တစ္ရက္တည္းမွာပဲ ထံုထ်န္းဧကရာဇ္၏
ႏွစ္မ်ားစြာအားစိုက္ထုတ္ထားမႈမ်ား ပ်က္စီးသြားမည္
ျဖစ္ကာ သူလည္းအက်ိဳးဆက္မ်ားကိုခံႏိုင္လိမ့္မည္
မဟုတ္ေပ။
သက္လတ္ပိုင္းလူႀကီးမွာ သူ႔အျပဳအမူမ်ားကို
ေနာင္တရလာေတာ့သည္။ ဘာေၾကာင့္မ်ား သူ႔ကို
ဒီေလာက္အမ်ားႀကီးေျပာျပလိုက္ရတာလဲ။
ကံဆိုးစြာနဲ႔ပဲ၊ ဖိတ္သြားၿပီျဖစ္သၫ့္ႏြားႏို႔အေပၚ
ငိုေနလို႔လည္းအက်ိဳးမထူးေတာ့ရာ မူလစြမ္းအင္ကို
ထိန္းသိမ္းဖို႔ပဲႀကိဳးစားႏိုင္ေတာ့သည္။
သက္လတ္ပိုင္းလူႀကီးမွာ အဆင့္ေျခာက္ေမွာ္ဆရာ
ျဖစ္၍ ေက်ာက္စင္ျမင့္မွာ တစ္ဦးတည္းေသာ
နတ္ဘုရားအဆင့္က်င့္ႀကံသူျဖစ္သည္။ မူလကေတာ့
ဒါက ယူေရွာင္းမိုကိုဖမ္းဖို႔ထက္ပင္ ပို၍
လံုေလာက္သင့္သည္၊ သို႔ေသာ္လည္း သူ၏
မိမိကိုယ္ကိုယ္ယံုၾကည္မႈေၾကာင့္ ဒီအေျခအေနအထိ
က်ဆင္းသြားခဲ့သည္။
ထံုထ်န္းနန္းေတာ္မွာ နက္ရိႈင္းေသာေနာက္ခံ
ရိွေသာ္ျငားလည္း ယခုႏွစ္အတြင္းမွာ လင္းေရွာင္က
သူတို႔က်င့္ႀကံသူမ်ားစြာကို သတ္လ်ွင္သတ္
မဟုတ္လ်ွင္ အျပင္းအထန္ဒဏ္ရာရေစခဲ့သည္။
ယခု သူက ထံုထ်န္းနန္းေတာ္ကိုတိုက္ခိုက္ဖို႔
နတ္ဘုရားအဆင့္မ်ားပါသၫ့္ စြမ္းအားႀကီး
က်င့္ႀကံသူမ်ားစြာကို ဦးေဆာင္လာသည္၊
ျပန္လည္တိုက္ခိုက္ရန္အတြက္ ထံုထ်န္းနန္းေတာ္ရိွ
စြမ္းအားႀကီးက်င့္ႀကံသူအကုန္နီးပါး အျပင္ကို
သြားၾကၿပီျဖစ္သည္။
နန္းေတာ္တြင္က်န္ခဲ့ေသာ လူအားလံုးမွာ
နတ္ေဒဝါအဆင့္ျဖစ္ၾက၍ ယူေရွာင္းမိုကိုဖမ္းခ်င္ပါက
သူတို႔အတြက္ တကယ္ပင္ခက္ခဲေပေတာ့မည္။
သက္လတ္ပိုင္းလူႀကီးဟာလည္း ဒီအခ်က္ကို
ေတြးမိ၏။ သူက က်ိဳးပဲ့လ်က္ရိွေသာ
ေက်ာက္နဂါးေခါင္းကို ျပန္ေထာင္ခိုင္းလိုက္ၿပီး
အေျခခံ ပို႔ေဆာင္ေရးႁပြန္တစ္ခုျပန္ေဆာက္လိုက္
သည္။ ေက်ာက္စင္ျမင့္ကို ေစာင့္ၾကၫ့္ေနဖို႔
အျခားသူမ်ားကို ခိုင္းၿပီးေနာက္ ယူေရွာင္းမိုကို
ကိုယ္တိုင္ဖမ္းဖို႔ထြက္သြားေတာ့သည္။
သူတို႔အစီအစဉ္မွာ ယူေရွာင္းမိုက ေနာက္ဆံုးပိတ္လူ
မဟုတ္ခဲ့ပါက သက္လတ္ပိုင္းလူႀကီးသည္
သူလြတ္သြားမသြား ဂရုစိုက္ေနမည္မဟုတ္ေပ။
ကံဆိုးစြာျဖင့္ သူကဟုတ္ေနသည္။
သူလြတ္သြားပါက အစီအစဉ္သည္ ႏွစ္မ်ားစြာ
သို႔မဟုတ္ ႏွစ္ရာခ်ီပင္ေနွာင့္ေနွးသြားႏိုင္ရံုမက
ထံုထ်န္းနန္းေတာ္၏လ်ိႈ႔ဝွက္ခ်က္ကိုလည္း
ကမ႓ာကသိသြားေပလိမ့္မည္။ ထိုအခ်ိန္က်လ်ွင္
ယံုၾကည္မႈစြမ္းအင္သည္လည္း တစ္နည္းတစ္ဖံု
သက္ေရာက္ခံရေပလိမ့္မည္။
ေရာက္ရိွလာသၫ့္ယံုၾကည္မႈစြမ္းအင္အပိုင္းအခ်ိဳ႕
ရိွေသးေသာ္ျငားလည္း ယခုႏွစ္အတြက္
ထံုထ်န္းနန္းေတာ္ကရသၫ့္ ယံုၾကည္မႈစြမ္းအင္မွာ
လင္းေရွာင္ေၾကာင့္ မ်ားစြာေလ်ာ့နည္းသြားခဲ့သည္။
ကံေကာင္းစြာျဖင့္ အျခားနယ္ေျမမ်ားက
ထံုထ်န္းဧကရာဇ္ကိုသက္ဝင္ယံုၾကည္ၾကသျဖင့္
ဤက႑ကို သူတို႔သိပ္စိတ္ပူစရာမလိုေပ။
သက္လတ္ပိုင္းလူႀကီး ေက်ာက္စင္ျမင့္ကေန
ထြက္သြားၿပီးငါးမိနစ္သာရိွေသးခ်ိန္၌
ဖုန္မ်ားထေနေသာေကာင္းကင္မွ ဖုန္မႈန႔္ေလး
တစ္မႈန႔္သည္ ေက်ာက္စင္ျမင့္သို႔ ရည္ရြယ္ခ်က္
ရိွရိွဟုဆိုလို႔ရစြာ ေရြ့လ်ားသြားေလသည္။
လက္ရိွအခ်ိန္တြင္ ေက်ာက္စင္ျမင့္ကို ဝတ္ရံုျဖဴ
လူဆယ္ဦး ဝိုင္းထားၿပီး ၾကယ္အဆင့္ျမင့္သၫ့္
နတ္ေဒဝါအဆင့္က်င့္ႀကံသူႏွစ္ေယာက္ပင္
ပါေသးသည္။ က်န္လူမ်ား၏က်င့္ႀကံဆင့္က
အမ်ိဳးမ်ိဳးျဖစ္ေပမဲ့လို႔ အတူတကြလႈပ္ရွားပါက
သူတို႔ရဲ့တိုက္ခိုက္စြမ္းရည္က ေတာ္ေတာ္ေလး
ျမင့္မားေနေသးသည္။ သို႔ေသာ္လည္း သူတို႔ထဲက
တစ္ေယာက္မွ ခ်ဉ္းကပ္လာသၫ့္အႏၲရာယ္ကို
သတိမျပဳမိၾကေခ်။
ေက်ာက္စင္ျမင့္အလယ္မွလာေသာ
ေမွာ္ေဆးလံုးတစ္လံုး ေလာင္ကၽြမ္းေနခ်ိန္ႏွင့္
ဆင္တူသၫ့္ တဖ်စ္ဖ်စ္အသံမွလဲြ၍
ေဘးပတ္ဝန္းက်င္တစ္ခုလံုး တိတ္ဆိတ္လ်က္
ရိွသည္။
"အံုး-"
သတိေပးျခင္းမရိွဘဲ ေပါက္ကဲြသံတစ္ခု ရုတ္တရက္
ထြက္ေပၚလာသည္။ ေက်ာက္စင္ျမင့္ႀကီးက
အႀကိမ္ေပါင္းမနည္း ျပင္းထန္စြာလႈပ္ခါလာၿပီး
မေရမတြက္ႏိုင္ေသာ အျဖဴေရာင္ဝိဉာဉ္မ်ား
ေအာက္ဘက္မွ ဝရုန္းသုန္းကားလြင့္ေမ်ာထြက္လာ
ၾကသည္။ ဝတ္ရံုျဖဴလူဆယ္ဦး၏မ်က္ႏွာ
အမူအရာမ်ား ခ်က္ခ်င္းေျပာင္းလဲသြားၾကေတာ့
သည္။
ဤဝိဉာဉ္မ်ားမွ မူလစြမ္းအင္ေထာက္ပံ့မႈမရိွေတာ့၍
ေက်ာက္နဂါးေလးေကာင္က အလယ္ရိွ
ေမွာ္ေဆးလံုးထံ မူလစြမ္းအင္ပို႔ေဆာင္ေပးေနျခင္းကို
ခ်က္ခ်င္းရပ္တန႔္သြားၾကသည္။ အက်ိဳးဆက္မ်ားမွာ
ယူေရွာင္းမိုတစ္ေယာက္ ေက်ာက္နဂါးတစ္ေကာင္ရဲ့
ေခါင္းကို ဖ်က္ဆီးပစ္လိုက္တုန္းကထက္
ပိုမိုျပင္းထန္သည္။
"ပုေရာဟိတ္ႀကီးဆီ ခ်က္ခ်င္းသတင္းပို႔ေခ်။
ေက်ာက္စင္ျမင့္ကိုေစာင့္ဖို႔ လူေလးေယာက္ေနခဲ့၊
က်န္တဲ့သူေတြက လြတ္သြားတဲ့ဝိဉာဉ္ေတြကိုဖမ္းဖို႔
ငါနဲ႔လိုက္ခဲ့ၾက"
က်င့္ႀကံဆင့္ျမင့္သၫ့္ ဝတ္ရံုျဖဴလူတစ္ေယာက္က
ဆံုးျဖတ္ခ်က္တစ္ခု အျမန္ခ်ေပးၿပီးေနာက္
ဝိဉာဉ္မ်ားလြတ္သြားရာဘက္သို႔ လူေလးဦးကို
ဦးေဆာင္သြားေလသည္။
ထံုထ်န္းနန္းေတာ္သည္ အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္
ယံုၾကည္မႈလြန္ကဲခဲ့၏။ အမွားအယြင္းတစ္ခု
ျဖစ္လိမ့္မည္ဟု မတြက္ဆထားေလရာ
လူအေရအတြက္ကို ႀကိဳတင္တြက္ဆ၍ ဖမ္းထားျခင္း
ျဖစ္ၿပီး အပိုမပါေပ။ သို႔ျဖစ္ရာ ဤဝိဉာဉ္မ်ားသာ
လြတ္ေျမာက္သြားပါက အစီအစဉ္သည္လည္း
ရပ္တန႔္သြားမည္ျဖစ္သည္။
"ဒီတစ္ခါေတာ့ ဒုကၡမ်ားေတာ့မွာပဲ"
ေက်ာက္စင္ျမင့္ကိုေစာင့္ၾကပ္ရန္ေနခဲ့ေသာ
ၾကယ္အဆင့္ျမင့္သၫ့္ ေနာက္က်င့္ႀကံသူ၏
အမူအရာမွာ ေမွာင္မိႈင္းလ်က္ရိွ၏။
အမွန္အတိုင္းဆိုရလ်ွင္ သူတို႔အားလံုးဟာလည္း
တစ္ခ်ိန္က ထံုထ်န္းနန္းေတာ္၏ျပန္ေပးဆဲြျခင္းကို
ခံခဲ့ရဖူးသည္။ သို႔ေသာ္လည္း သူတို႔လည္ပင္းကို
ကယ္ဖို႔အတြက္ အေပါင္းအေဖာ္မ်ားကို
သစၥာေဖာက္ကာ သူတို႔အသက္ႏွင့္သစၥာရိွမႈကို
ထံုထ်န္းဧကရာဇ္ထံအပ္ႏွင္းခဲ့ၾကသည္။
သူတို႔အသက္က ထံုထ်န္းဧကရာဇ္၏လက္ထဲမွာ
ျဖစ္သျဖင့္ ေမ်ွာ္လင့္ခ်က္မရိွသၫ့္အေျခအေန
တစ္ခုမွာေတာင္ ထံုထ်န္းဧကရာဇ္ကို
သစၥာမေဖာက္ရဲေပ။ သို႔ေသာ္ လက္ရိွအေျခအေနက
ကဲြျပားသည္။
ေက်ာက္စင္ျမင့္ကို သူတို႔ေတြေစာင့္ၾကပ္ေနၾကခ်ိန္မွာ
ကိစၥတစ္ခုခုျဖစ္ခဲ့တာကို ထံုထ်န္းဧကရာဇ္သိပါက
သူ႔ေဒါသကို သူတို႔အေပၚ ပံုခ်မည္မွာမလဲြမေသြပင္၊
သူတို႔ကို ပါဝင္ပစၥည္းေတြအျဖစ္ေတာင္ လုပ္ခ်င္
လုပ္ႏိုင္သည္။ ထံုထ်န္းဧကရာဇ္အတြက္
ေက်ာက္စင္ျမင့္က ဘယ္ေလာက္အေရးပါသလဲ
သူတို႔ထက္ ဘယ္သူမွပိုၿပီးမသိႏိုင္ေပ။
"မင္းတို႔ ဒီေနရာကိုအရင္ေစာင့္ၾကၫ့္ထားၾက။
ငါ ဘာျဖစ္ေနလဲသြားၾကၫ့္လိုက္ဦးမယ္"
ၾကယ္အဆင့္ျမင့္သၫ့္က်င့္ႀကံသူက အျခားသံုးဦးကို
ရုတ္တရက္ေျပာလိုက္ၿပီး သူတို႔မတံု႔ျပန္ႏိုင္ခင္
အျပင္ေလ်ွာက္သြားဖို႔ ျပင္လိုက္သည္။
ဝတ္ရံုျဖဴလူတစ္ေယာက္က သူ႔ဝတ္ရံုကို
ခ်က္ခ်င္းလွမ္းဆဲြလိုက္သည္။
"ခင္ဗ်ားထြက္ေျပးမလို႔လုပ္ေနတာမွန္း က်ဳပ္တို႔
မသိဘူးမထင္နဲ႔။ ထံုထ်န္းဧကရာဇ္က ခင္ဗ်ားကို
သတ္မွာေၾကာက္ေနတာမလား၊ ဒါေပမဲ့
က်ဳပ္တို႔လည္း ကိုယ့္အသက္ကိုယ္တန္ဖိုးထားတာပဲ"
အျမင္မ်ားက အကုန္တူေနၿပီျဖစ္ရာ အတူတူ
ထြက္ေျပးသြားၾကတာသဘာဝပင္။
လူအပိုရိျွခင္းက အႏၲရာယ္ကို ကူ၍ပခံုးထမ္းေပး
ႏိုင္သည္။ ေနာက္မွာ ထံုထ်န္းဧကရာဇ္က
သိသြားရင္ေတာင္မွ အေျဖၫွိ၍ ျပန္လည္တံု႔ျပန္မၫ့္
နည္းလမ္းမ်ား ေကာင္းေကာင္းကန္းကန္း
စီစဉ္ထားလို႔ရေပသည္။
သို႔ႏွင့္ အခ်ိန္ဘယ္ေလာက္မွမရိွေသးခင္
ေက်ာက္စင္ျမင့္မွာ လူသူေလးပါးကင္းမဲ့သြားေလ
သည္။
ယူေရွာင္းမို ထြက္လာသည္။ သူ႔နယ္ေျမထဲမွာ
ရိွေနစဉ္ သူတို႔စကားကို အစမွအဆံုးၾကားလိုက္ရ
သည္။ ထံုထ်န္းနန္းေတာ္အတြင္းမွာ အေျခအေနက
ဒီလိုျဖစ္လိမ့္မယ္လို႔ မထင္ထားေခ်။ အဲ့လိုသာဆို
သူတို႔ၾကား သပ္လ်ိႈဖို႔ အလြန္လြယ္ကူေပလိမ့္မည္၊
သို႔ေပမဲ့လို႔...။ ေက်ာက္စင္ျမင့္ေပၚရိွ
အေရာင္ခုနစ္ေရာင္ ဝန္းရံလ်က္ရိွေသာ
ေမွာ္ေဆးလံုးဆီ အၾကၫ့္ေရႊ့လိုက္သည္။
ေရႊေရာင္ တလက္လက္ေတာက္ေနေသာစာလံုးငါးလံုး
သူ႔စိတ္ထဲေပၚလာသည္ – ေကာင္းကင္ဘံုက
ငါ့ကိုကူညီေနတာပဲ!
ေတြးမိလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ယူေရွာင္းမို
အခ်ိန္ဆဲြမေနရဲေတာ့ဘဲ ေက်ာက္စင္ျမင့္ေပၚ
မဆိုင္းမတြေျပးသြားၿပီး ေမွာ္ေဆးလံုးကိုယူရန္
လက္ဆန႔္လိုက္သည္။
သို႔ေသာ္ သူ႔လက္က အေရာင္ခုနစ္ေရာင္ျဖင့္
ျပဳလုပ္ထားေသာ အျပင္လႊာကိုထိသြားခ်ိန္တြင္
တစ္ကိုယ္လံုးကို လ်ွပ္စစ္ဓာတ္မ်ားစီးဝင္သြားေလ
သည္။ လ်ွပ္စစ္ပမာဏဟာလည္း အေတာ္ေလး
ႀကီးပံုပင္။ ခ်က္ခ်င္း ေျခေတြလက္ေတြ
အေၾကာဆိုင္းသြားၿပီးမတံု႔ျပန္ႏိုင္ခင္
ႀကီးမားလွေသာအားတစ္ခုက သူ႔ကို
ပစ္ထုတ္လိုက္၏။
ယူေရွာင္းမို ကိုယ္ကို ေလထဲမွာတည္ၿငိမ္ေအာင္
လုပ္လိုက္ကာ အေၾကာဆိုင္းေနသည္ကိုျဖည္ရန္
ကိုယ္ထဲမွာ ဝိဉာဉ္စြမ္းအားကိုလွၫ့္ပတ္ၿပီးေနာက္
ပက္လက္ျပဳတ္က်သြားေလသည္။
ေျမေပၚ တည္တည္ၿငိမ္ၿငိမ္ရပ္ၿပီးသၫ့္ေနာက္
ခုနစ္ေရာင္ျခယ္အလင္းလံုးကို အံ့အားသင့္စြာ
ၾကၫ့္လိုက္သည္။ ဤအရာက အကာအကြယ္
လုပ္ေဆာင္ခ်က္ေတာင္ပါေသးသည္၊
အလွဆင္ထားတာမဟုတ္ေနေခ်။
ေတြးေနရင္း ယူေရွာင္းမို ထိုရုပ္ဆိုးဆိုးလက္အိတ္ကို
နယ္ေျမထဲက ခ်က္ခ်င္းထုတ္ယူလိုက္သည္။
ဝိဉာဉ္ပိတ္အစီအရင္ထဲမွာမဟုတ္ေတာ့၍
သူ႔နယ္ေျမကို ႀကိဳက္သလို၊ ႀကိဳက္တဲ့အခ်ိန္တိုင္း
ဝင္ထြက္လို႔ရေလၿပီ။ သူ႔မွာ ဘယ္အခ်ိန္မဆို
ေရြ့လ်ားလို႔ရတဲ့နယ္ေျမတစ္ခုရိွတဲ့အေၾကာင္း
သက္လတ္ပိုင္းလူႀကီးကို ထံုထ်န္းဧကရာဇ္က
မေျပာခဲ့ပံုပင္။
လက္အိတ္ဝတ္ၿပီးေနာက္ ယူေရွာင္းမိုသည္
ေဆးလံုးကိုယူရန္ ဆက္ႀကိဳးစားလိုက္၏။
ဤတစ္ခါ၊ လက္ဆန႔္လိုက္ခ်ိန္မွာ လ်ွပ္စစ္ဓာတ္ကို
မခံစားရေတာ့ေပ။ အားတက္သြားၿပီး
ယူေရွာင္းမို ေဆးလံုးကိုဖမ္းဆုပ္လိုက္သည္...
တစ္ခ်ိန္တည္းမွာပင္၊ ေကာင္းကင္ထက္တြင္
လင္းေရွာင္ႏွင့္ အေသအေၾကတိုက္ခိုက္ေနေသာ
ထံုထ်န္းဧကရာဇ္၏မ်က္ႏွာအမူအရာသည္
ရုတ္တရက္ေျပာင္းလဲသြား၏။ သူက ေက်ာက္စင္ျမင့္
ရိွရာ ဘက္တစ္ခုသို႔ ရုတ္ျခည္းလွမ္းၾကၫ့္လိုက္
သည္။ အလြန္အေရးႀကီးသၫ့္ကိႁစၥဖစ္သျဖင့္
ေက်ာက္စင္ျမင့္ကို လ်ိႈ႔ဝွက္ေနရာတစ္ခုမွာထားရိွကာ
သူတို႔ရဲ့လက္ရိွေနရာမွ မျမင္ရႏိုင္ေခ်။
လင္းေရွာင္သည္ ပံုမွန္မဟုတ္ေသာဤအမူအရာကို
ဖမ္းမိလိုက္၏။ ထံုထ်န္းဧကရာဇ္က တိုက္ပဲြကေန
ထြက္သြားခ်င္ေနသည္ကို ျမင္သၫ့္အခါ သူက
ဒုတိယတစ္ခါထပ္မေတြးဘဲ ခ်က္ခ်င္း
ဟန႔္တားေတာ့သည္။ ဘာပဲျဖစ္ေနပါေစ ၄က
ထံုထ်န္းဧကရာဇ္အတြက္ နစ္နာေစမၫ့္ကိစၥတစ္ခုခု
ျဖစ္ရမည္ဟု လင္းေရွာင္ အေသအခ်ာေျပာႏိုင္သည္။
"ဖယ္စမ္း!"
ထံုထ်န္းဧကရာဇ္၏မ်က္ႏွာအမူအရာက ေဒါသ
ထြက္ေနဟန္ရိွကာ သူ႔ကိုယ္မွ စြမ္းအားႀကီးေသာ
စိတ္စြမ္းအင္မ်ား ဆက္တိုက္ထြက္ေပၚေနသည္။
သူ႔ပတ္လည္မွာ လ်ွပ္စီးမ်ားစုစည္း
ရစ္ပတ္လာသၫ့္ႏွယ္ တဖ်စ္ဖ်စ္အသံမ်ား
ထြက္ေပၚ လာသည္။ အရိွန္အဝါမွာ
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
ကံဆိုးစြာျဖင့္ အေရ႔ွကလူမွာ သူ႔ထက္ပင္
ပို၍မာနႀကီးေသာ လင္းေရွာင္ျဖစ္ေနသည္။
ထံုထ်န္းဧကရာဇ္အေပၚရိွ သူ႔အၾကၫ့္တို႔မွာ
ထက္ရွကာ ေအးစက္၍ အရိုးထိတိုင္ေဖာက္ထြင္းသြား
သလားဟုပင္ ထင္မွတ္ရသည္။ ေအးစက္ပံုေပၚေသာ
အနက္ေရာင္ဝတ္ရံုသည္ ေလေၾကာင့္ တရႊစ္ရႊစ္
အသံမ်ားျပဳလ်က္ တဖ်တ္ဖ်တ္လြင့္ေန၏။
သူ႔စကားၾကားသၫ့္အခါ လင္းေရွာင္၏
ေခ်ာေမာေသာမ်က္ႏွာတြင္ ေမာက္မာ၍
အာဏာရွင္ဆန္ေသာအႃပံုးတစ္ခုေပၚလာေလသည္။
"က်ဳပ္ကိုျဖတ္သြားဖို႔ေတြးေနတာလား။ ဒါဆိုလည္း
အရင္ႏိုင္ေအာင္တိုက္ပါဦး"
လင္းေရွာင္၏ဖဲြ႔စည္းပံုမွာ ေရွးသားရဲမ်ိဳးႏြယ္
ေလးခု၏ေသြးေၾကာမ်ားျဖစ္သျဖင့္
သူ႔တိုက္ခိုက္စြမ္းရည္မွာ လႊမ္းမိုး၍မရႏိုင္ေပ။
ထံုထ်န္းဧကရာဇ္က တစ္ခုခုေၾကာင့္ ခြန္အားကို
ႁခြေတာေနပံုရရာ တိုက္ပဲြမွာ လက္ရိွတြင္ရပ္တန႔္ေနၿပီး
ဘယ္သူကမွ အသာစီးမရႏိုင္ၾကေခ်။
လင္းေရွာင္ကစကားေျပာၿပီးေနာက္ လက္ထဲတြင္
အားသံုးခုေပါင္းစပ္၍ဖန္တီးထားသၫ့္
မီးလံုးတစ္ခု ေပၚလာေလသည္။ သူက ယခု
အားသံုးမ်ိဳးကို လြတ္လပ္စြာထိန္းခ်ဳပ္ႏိုင္ေလၿပီ။
အားေလးမ်ိဳးကိုအသံုးျပဳတာေလာက္ ရလဒ္က
စြမ္းအားမႀကီးေပမဲ့ တိုက္ကြက္၏ခြန္အားကို
ေလ်ွာ့တြက္လို႔မရေပ။
ထံုထ်န္းဧကရာဇ္၏အမူအရာက မည္းေမွာင္သြား
ေတာ့သည္။
"ေသခ်င္ေနမွေတာ့ ျဖၫ့္ဆည္းေပးမယ္"
စကားေျပာၿပီးသည္ႏွင့္ သူ႔အရိွန္အဝါက
တစ္ဟုန္ထိုးတက္လာသည္။ ယခုအႀကိမ္မွာ
၄ကို ထပ္ဖံုးကြယ္ထားဖို႔စိတ္ကူးမရိွေတာ့ပံုပင္။
မ်က္ႏွာမွာမျမင္ရႏိုင္ေပမဲ့ တကယ္တမ္း
ထံုထ်န္းဧကရာဇ္မွာ အင္မတန္စိုးရိမ္ေနသည္၊
အေၾကာင္းမွာ တစ္ေယာက္ေယာက္က
ေက်ာက္စင္ျမင့္ေပၚကပစၥည္းတစ္ခုကို
ေရႊ့လိုက္တာကို ခံစားမိလိုက္တာေၾကာင့္ပင္။
ပုေရာဟိတ္ႀကီးဆိုရင္ ကိစၥမရိွေပ၊ သို႔ေပမဲ့
အျခားတစ္ေယာက္ေယာက္ဆိုလ်ွင္ေတာ့....
လင္းေရွာင္၏အမူအရာက ပို၍ေလးနက္လာ
သည္။ ၾကယ္ေျခာက္ပြင့္ဆိုေပမဲ့ အဆင့္တက္ကာစ
ျဖစ္သျဖင့္ သူ႔အဆင့္က လံုလံုေလာက္ေလာက္
မတည္ၿငိမ္ေသးရာ ထံုထ်န္းဧကရာဇ္ႏွင့္
တကယ့္ကြာျခားမႈကၾကယ္တစ္ပြင့္ထက္ပိုသည္။
ဤအခိုက္အတံ့တြင္ ယူေရွာင္းမိုသည္
တစ္ဝက္တစ္ပ်က္သာၿပီးေသးသၫ့္ ေမွာ္ေဆးလံုးကို
ရၿပီးေလၿပီ။ တစ္လက္စတည္း ေက်ာက္စင္ျမင့္ကိုပါ
ဖ်က္ဆီးၿပီးမွ သူဟာထြက္ခြာသြားေတာ့သည္။
သူထြက္သြားၿပီးမၾကာခင္ တစ္ေလ်ွာက္လံုး
ယူေရွာင္းမိုကိုရွာမေတြ့ခဲ့သၫ့္ သက္လတ္ပိုင္းလူႀကီး
ေက်ာက္စင္ျမင့္ကို ျပန္ေရာက္လာသည္။
ဖ်က္ဆီးခံထားရေသာေက်ာက္စင္ျမင့္ကို
ျမင္လိုက္ရသည့္အခါ က်ားကို ေတာင္ထဲက
တစ္ဖက္လွၫ့္ထုတ္တဲ့အကြက္ထဲ က်သြားခဲ့ေၾကာင္း
ခ်က္ခ်င္းသေဘာေပါက္လိုက္ေတာ့သည္။
ထံုထ်န္းနန္းေတာ္အတြင္းရိွ ေလထုကိုျဖတ္၍
ေဒါသတႀကီးႀကိမ္းသံတစ္ခုထြက္ေပၚလာေလသည္။
_____________________
(T/N- up upလို႔မမန႔္ပါနဲ႔၊ အခုမွတစ္ပိုင္း
upတာ ေနာက္တစ္ပိုင္းက ခ်က္ခ်င္း
ဘယ္ကေရာက္လာမတုန္း??)
________________________