The Legendary Master's Wife [...

By melon_rays

469K 84.5K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-637- အမှန်တရား

5.2K 1.1K 51
By melon_rays

Unicode
အပိုင်း ၆၃၇- အမှန်တရား

ဧရာမကျောက်စင်မြင့်ကြီးထက်၌ ရောင်စုံ
အလင်းလုံးတစ်လုံး လွင့်မြောလျက်ရှိသည်။
အလင်းရောင်အတွင်း မတူညီသောအရောင်
ခုနစ်မျိုး ရောယှက်လျက်ရှိကာ ဤအလင်းလုံးသည်
ဆေးလုံးနှင့်တူသည့်တစ်စုံတစ်ခုကို ဝန်းရံထားပုံ
ပေါ်သည်။

ကျောက်စင်မြင့်၏ထောင့်လေးထောင့်ကို
ကျောက်နဂါးလေးကောင်ဖြင့် ထွင်းထုထားသည်။
၎င်းတို့ပါးစပ်များက ဟလျက်ရှိကြပြီး
ကျောက်နဂါးများ၏ပါးစပ်မှ အလင်းလုံးထံသို့
ဆန့်တန်းထွက်သွားသည့် ဖောက်ထွင်းမြင်ရသော
ပြွန်များရှိပုံပင်။ ပြွန်များထဲတွင် ပို့ဆောင်ပေးခြင်း
ခံနေရသော အဖြူရောင်စွမ်းအင်တစ်ခုရှိနေပြီး
၎င်းသည် ဆေးလုံးအတွင်းသို့ အဆုံးမရှိ
စီးဝင်လျက်ရှိသည်။

သို့သော် ၎င်းက ယူရှောင်းမိုကို အံ့အားအသင့်စေဆုံး
အရာမဟုတ်ပေ။

ကျောက်စင်မြင့်အောက်တွင် ဖောက်ထွင်းမြင်ရသော
ထောင်တစ်ခုရှိနေသည်။ ထိုထဲတွင် ပိတ်လှောင်
ခံထားရသူ များစွာရှိသည်၊ အတိအကျဆိုရလျှင်
၎င်းတို့သည် ဝိဉာဉ်များဖြစ်သည်။ မှော်ဆရာများနှင့်
သိုင်းပညာရှင်အနည်းငယ်ရှိကာ နတ်ဆိုးသားရဲတွေ
တောင်ရှိသည်။ ဤဝိဉာဉ်များက လက်ရှိအချိန်မှာ
နာကျင်စွာအော်ဟစ်မြည်တမ်းနေကြသည်၊
သူတို့အသက်ကို ချက်ချင်းအဆုံးသတ်ပစ်ချင်နေ
သည့်အလား သူတို့မျက်နှာများကခက်ထန်လျက်
ရှိကြသည်။

သူတို့အနောက်မှာ တစ်စုံတစ်ခုပဲ့ကွာသွားနေတာကို
ယူရှောင်းမိုမြင်ရသည်။ ၎င်းက သူတို့
သေခြင်းဆင်းရဲ၏မူလအစပင်။

"အဲ့တာ ယုံကြည်မှုနဲ့ဝိဉာဉ်စွမ်းအားလို့ခေါ်တယ်"

ထိုအခိုက်အတံ့မှာပဲ သူ့နားဘေးမှာ အက်ရှရှအသံ
တစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။

ယူရှောင်းမို လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို
ခေါ်လာသည့်ဝတ်ရုံဖြူလူက ထွက်ခွာသွားနှင့်ပြီ
ဖြစ်တာကိုတွေ့လိုက်ရသည်။ ယခုက ဘုန်းတော်ကြီး
အဝတ်များဝတ်ဆင်ထားသည့် သက်လတ်ပိုင်း
အရွယ်ဦးလေးကြီးတစ်ယောက်ပင်။
သူသည် ကျောက်စင်မြင့်အထက်ရှိပစ္စည်းအား
စွဲမက်စွာစိုက်ကြည့်နေသည်၊ ထိုနေရာမှာ
သူက တစ်ဦးတည်းသောလူသာဖြစ်မနေပါက
ခုနကကြားလိုက်တာ ထင်ယောင်ထင်မှား
ဖြစ်တာလို့ပင် ယူရှောင်းမိုထင်မိလိမ့်မည်။

အဖမ်းခံရချိန်ကတည်းက ဤနန်းတော်ရှိ
ဘယ်ဝတ်ရုံဖြူလူ စကားပြောတာကိုမှ
သူမကြားဖူးပေ။ ယခု တစ်ယောက်ကပြောလာတော့
သူ အသားမကျချေ။

သက်လတ်ပိုင်းအရွယ်လူကြီးက ဖြေးညင်းစွာဖြင့်
စတင်ရယ်မောတော့သည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ မင်းမတရား
သိချင်နေမှာပဲ။ ငါပြောပြနိုင်တယ်"

ယူ​ရှောင်းမိုက သူ့ကိုကြည့်နေပြီး စကားမပြောပေ။

သက်လတ်ပိုင်းအရွယ်လူကြီးက ဂရုမစိုက်ပေ။
သူက ထိတ်လန့်ဖွယ်ကောင်းသောစကားတစ်ခွန်း
ဆက်ပြောလာသည်။

"ငါလည်းမင်းလိုပဲ ငါတို့နှစ်ယောက်လုံး
တခြားကမ္ဘာကလာကြတာ ဒါမှမဟုတ်
တခြားနယ်မြေတစ်ခုလို့ပြောရမလား"

"ဘာပြောချင်တာလဲ"  ယူရှောင်းမို
မျက်မှောင်ကြုတ်လိုက်မိသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက သူ့ဘက်
တစ်ချက်လှည့်ကြည့်လာပြီး သူ့မျက်လုံးတွေက
လူတစ်ယောက်စိတ်ကို ဖောက်ထွင်းမြင်နိုင်စွမ်း
ရှိသည်ဟု ခံစားရစေသည်။ သူ့နှုတ်ခမ်း
ထောင့်စွန်းများက ဖြေးညင်းစွာကွေးညွတ်သွားသည်။

"ငါတို့ကမ္ဘာမှာ ယုံကြည်မှုစွမ်းအားနဲ့ အဆင့်တက်လို့
ရတယ်။ ကျင့်ကြံတာလောက်မမြန်ပေမဲ့
ငါတို့ကမ္ဘာမှာတော့ အဲ့တာက တကယ်မရှိမဖြစ်ပဲ၊
ဒါ့အပြင် ယုံကြည်မှုစွမ်းအားက သိုင်းပညာရှင်ကို
အဲ့ဒီအဆင့်ကို ချိုးဖျက်နိုင်အောင်တောင်
ကူညီပေးနိုင်တယ်"

သူမသိသင့်သောလျှို့ဝှက်ချက်များကို
ဖယ်ချန်ထားခြင်းမရှိ ပြောပြလာတာကို
ယူရှောင်းမိုမြင်ရတဲ့အခါ ဒီလူကြီးရဲ့ရည်ရွယ်ချက်ကို
အနည်းနဲ့အများ ရိပ်မိလိုက်သည်။
သူ့နှလုံးသားကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ
တည်ငြိမ်သွားခဲ့သည်။

"ခင်ဗျားပြောတဲ့ ယုံကြည်မှုစွမ်းအားနဲ့ဒါနဲ့
ဘာဆိုင်လို့လဲ။ ခင်ဗျားတို့ပန်းတိုင်က ဘာလဲ"

"ယုံကြည်မှုစွမ်းအားက တကယ် ချိုးဖျက်ပြီး
အဆင့်တက်နိုင်တယ်လို့ ကောလာဟလတွေရှိတယ်။
ဒါပေမဲ့ အဲ့ဒီဟာက အရေးအကြီးဆုံးပစ္စည်းတစ်ခု
လိုအပ်နေတာကို နောက်ပိုင်းမှာငါတွေ့ရှိခဲ့တယ်"

သက်လတ်ပိုင်းအရွယ်လူကြီးက သူ့ကိုယ်သူ
ပြောနေသည့်နှယ် ကျယ်လောင်စွာပြောသည်။

ယူရှောင်းမို : "ဘာပစ္စည်းလဲ"

သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်လုံးအစုံက
ရူးသွပ်သောပျော်ရွှင်မှုအရိပ်အယောင်တစ်ခု
ရုတ်တရက်ဖော်ပြလာသည်။

"ဝိဉာဉ်မူလစွမ်းအား။ အဲ့ဒီအဆင့်ကို
ချိုးဖျက်ဖို့ခက်ခဲတာ ဘာလို့လဲဆိုတော့
လောကကြီးရဲ့တားမြစ်တတ်တဲ့သဘာဝကြောင့်ပဲ။
အဲ့တာက တစ်ယောက်တည်းကိုပဲအသိအမှတ်ပြု
တယ်။ မူလကကျင့်ကြံရေးဆိုတာ သဘာဝအမိန့်ကို
ဖီဆန်နေတဲ့လမ်းစဉ်ပဲ၊ လူတစ်ယောက်ဟာ
သူ့ကံကြမ္မာသူ ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ ဒါပေမဲ့
အဲ့ဒီအဆင့်ကို တစ်ယောက်ယောက်
ချိုးဖျက်သွားတာနဲ့ သူတို့က ကိုယ့်ကံကြမ္မာကိုယ်
ထိန်းချုပ်နိုင်ရုံမက လောကကြီးတစ်ခုလုံးရဲ့
အရှင်သခင်ဖြစ်လာလိမ့်မယ်။ သူတို့က အရင်သခင်
ထားခဲ့တဲ့စည်းမျဉ်းတွေကို အလွယ်တကူ
ဖျက်ပစ်ပြီး စည်းမျဉ်းအသစ်တွေချမှတ်နိုင်တယ်။
လူတိုင်းလူတိုင်း အဲ့ဒီစည်းမျဉ်းတွေအောက်မှာ
နေရလိမ့်မယ်"

သက်လတ်ပိုင်းအရွယ်လူကြီးက ရုတ်တရက်
စကားလွှဲလိုက်၏။

"အိုး ဟုတ်သား ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက
ဘာလို့မထင်ရှားတာလဲ မင်းသိသလား"

ယူရှောင်းမိုလန့်သွားပြီးမှ ခေါင်းယမ်းလိုက်သည်။
ဒီလိုဟာမျိုး သူ ဘယ်လိုလုပ်သိပါ့မလဲ။
လင်းရှောင်က တစ်ခါမှပြောမပြဖူးသလို သူကလည်း
မေးဖို့ တစ်ခါမှအတွေးမဝင်ဖူးပေ။

သက်လတ်ပိုင်းအရွယ်လူကြီးက ရယ်လိုက်သည်။

"ဘာလို့ဆိုတော့ အရင်သခင်ကဒီမှာမရှိတော့လို့လေ။
သူထားခဲ့တဲ့စည်းမျဉ်းတွေက ဒီမှာရှိနေသေးပေမဲ့
အရင်ကလောက် မထင်ရှားတော့ဘူး။ ဒါက
နောက်မျိုးဆက်အတွက် သိပ်ကိုအကျိုးကျေးဇူး
များတယ်။ အရင်သခင်ရဲ့လွှမ်းမိုးမှုမရှိဘဲ
ထုံထျန်းဧကရာဇ် အဲ့ဒီအဆင့်ကိုချိုးဖျက်နိုင်ခြေ
အများကြီးမြင့်သွားပြီလေ"

ဒီနေ့တစ်ရက်တည်းမှာတင် သူ့ရဲ့လောကအမြင်တွေ
အကြိမ်ပေါင်းသောင်းခြောက်ထောင်လောက်
အသစ်အသစ်ပြန်ဖြစ်သွားသလို ယူရှောင်းမို
ခံစားလိုက်ရသည်။

ကြယ်ခုနစ်ပွင့် နတ်ဘုရားအဆင့်အထွတ်အထိပ်ကနေ
ချိုးဖျက်တဲ့အကြောင်း လင်းရှောင်ပြောပြတာ
ကြားရတုန်းက ဒီအဆင့်ကဒီလောက်ထိ
အံ့ဖွယ်ကောင်းမည်ဟု မထင်ခဲ့ပေ။ ထို့အပြင်
စည်းမျဉ်းအသစ်များကိုပင် ချမှတ်လို့ရသေးသည်၊
အဲ့ဒါက ကောင်းကင်ဘုံဥပဒေသတွေဖန်တီးတာနဲ့
အတူတူပဲမဟုတ်ဘူးလား။

"ခင်ဗျားပြောတဲ့ အဆင့်အကြောင်းသဘောပေါက်ပြီ၊
ဒါပေမဲ့ အဲ့ဒါနဲ့ ဝိဉာဉ်မူလစွမ်းအားနဲ့ဘာဆိုင်လို့လဲ"

အဲ့ဒီအဆင့်ကိုချိုးဖျက်တာ ဘာလို့ဒီလို
သွေးလွှမ်းတဲ့နည်းလမ်းမျိုး လိုအပ်တာလဲ
သူ နားမလည်သေးပေ။

သက်လတ်ပိုင်းအရွယ်လူကြီးက သူသိထားသမျှကို
ယူရှောင်းမိုဆီက အလုပ်ရှုပ်ခံပြီးဖုံးကွယ်မနေချေ။
ပြီးရင်လည်း သေမှာပဲဆိုတော့ ယူရှောင်းမို
တစ်ယောက် သူများတွေကိုပြန်ပြောနိုင်လိမ့်မှာ
မဟုတ်ဘူးလို့ တွေးထား၍ သူ့စိတ်ထဲက
သံသယများကိုကူဖြေရှင်းပေးနေတာဖြစ်လောက်
သည်။

ဝိဉာဉ်မူလစွမ်းအားသည် အမှန်တော့
ကမ္ဘာ၏မူလစွမ်းအားဖြစ်လေသည်။
သို့သော် ဤလူပြောနေသည့် မူလဝိဉာဉ်မှာ
အလယ်လတ်ဆင့်နှင့်အနိမ့်ဆင့်မှ လူများ၏
ဝိဉာဉ်ဖြစ်သည်။ တည်ရှိနေသည့် မတူညီသော
နယ်မြေများမှ လူ ၉၉၉၉ယောက် သူတို့လိုအပ်ပြီး၊
ထို့နောက်မှာ ဝိဉာဉ်၏မူလစွမ်းအားကိုထုတ်ယူသည်။

အလွန်အမင်းကံဆိုးစွာဖြင့် ယူရှောင်းမိုက
နောက်ဆုံးပိတ်လူဖြစ်သည်။

ထုံထျန်းဧကရာဇ်သည် ဤအစီအစဉ်ကို
နှစ်များစွာကြာအောင် အကောင်အထည်ဖော်ထားခြင်း
ပင်။ နှစ်များစွာ လူအများရှေ့ပေါ်မလာရခြင်းမှာ
သူ့နောက်လိုက်များနှင့်အတူ မတူညီသော
နယ်မြေများအကြား ဆက်တိုက်
သွားလာနေရခြင်းကြောင့်ဖြစ်သည်။

မတူညီသောနယ်မြေပေါင်း ကိုးထောင်ကျော်
စုစည်းရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် အလတ်ဆင့်
နယ်မြေ အများအပြားမရှိဘဲ ၎င်းတို့တည်နေရာကို
ထောက်ရန်မှာလည်း အတော်လေးပြဿနာရှုပ်သည်။
သို့ဖြစ်ရာ အနိမ့်ဆင့်နယ်မြေများကိုသာ သွားရှာရ
လေသည်။ အဆင့်နိမ့်နယ်မြေက အတော်များသဖြင့်
ဖမ်းရပိုလွယ်ကူသည်။ သို့ပေမဲ့ ၎င်းက
အချိန်အတော်ကုန်စေသည်။

သို့သော်ငြား သူ၏ဇွဲလုံ့လနှင့်စိတ်ရှည်မှုတို့
အောက်တွင် နောက်ဆုံးမှာတော့ တစ်ယောက်သာ
လိုတော့လေသည်။

သို့သော် နယ်မြေများ၏တည်နေရာကို ထောက်ရန်
ပို၍ခက်ခဲလာခဲ့သည်။ ၉၉၉၈ခုမြောက်နယ်မြေကို
ဖမ်းမိရန်အတွက် ထုံထျန်းဧကရာဇ်သည်
နှစ်သုံးလေးရာခန့် သုံးခဲ့ရ၏၊ သို့ပေမဲ့ ဒီအဓိပ္ပါယ်က
နောက်ဆုံးနယ်မြေကိုရှာတွေ့မည့် ခက်ခဲမှုအဆင့်က
ပိုလို့တောင်မြင့်လာလိမ့်မည်ဟု ဆိုလိုသည်။

တိုက်ဆိုင်စွာ ထိုအချိန်မှာပဲ ယူရှောင်းမိုက
သူတို့နှင့် တည့်တည့်လာတိုးသည်။ သူက
တခြားကမ္ဘာတစ်ခုကလာသည့် ဝိဉာဉ်တစ်ခု
ဖြစ်ကြောင်းတွေ့ရှိခဲ့သည်မှာလည်း မတော်တဆပင်။

သွေးစွေးနီမိသားစုက ယူရှောင်းမိုနှင့်ပတ်သက်၍
ဂယက်ထစေခဲ့သည်။ သူတို့က သူတို့ရည်ရွယ်ချက်ကို
ဖုံးကွယ်ထားကြပေမဲ့ ယူမိသားစုရဲ့လျှို့ဝှက်ချက်ကို
ထုံထျန်းဧကရာဇ်က သိထားသည်။

သို့ပေမဲ့ တကယ့်ယူမိသားစုအစစ်က ရှေးကတည်း​က
အမြစ်ပြတ်ချေမှုန်းခံခဲ့ရတာကို သူသိသည်။
ကျန်ရှိခဲ့သည်မှာ မိသားစုအခွဲလေးတချို့သာ
ဖြစ်သည်။ ယူရှောင်းမိုက အမွေခံကျောက်ကို
ဖွင့်နိုင်ရာ သူကယူမိသားစုအစစ်ကဟုဆိုလိုပေသည်။
သို့သော်ငြား သူက တခြားနယ်မြေကဆိုတာကို
ဒီအချက်ကနေ တွေ့ရှိခဲ့တာမဟုတ်ဘဲ ၎င်းက
ဒုတိယစမ်းသပ်ချက်အတွင်းမှာဖြစ်၏။

ယူရှောင်းမိုတစ်ယောက် အရိပ်မည်းများ၏
လိုက်ခြင်းခံနေရချိန်တုန်းက မတော်တဆ
ထုတ်ပြောလိုက်မိတာကြောင့်ဖြစ်သည်။ အဲ့တုန်းက
သူတစ်ယောက်တည်းပဲ ရှိနေတာဆိုပေမဲ့
အမှန်မှာ ထိုကမ္ဘာက ထုံထျန်းဧကရာဇ်၏
လက်ဝါးထဲမှာရှိသည်။ ယူရှောင်းမိုရဲ့စကားတိုင်း၊
လှုပ်ရှားမှုတိုင်း သူ့မျက်စိထဲကမလွတ်နိုင်ပေ။

"တော်လောက်ပြီ ငါတော်တော်လေးပြောမိသွားတယ်။
မင်းလည်း သွားချိန်တန်ပြီ"

ပြောပြီးနောက်မှာ သက်လတ်ပိုင်းအရွယ်လူကြီးက
သူ့စိတ်ထဲကဝန်ထုပ်ဝန်ပိုးများ ကျသွားသည့်နှယ်
ပြုံးလျက် သူ့အကြည့်က ယူရှောင်းမိုဆီပြန်ရောက်
လာသည်။

သူတို့ပတ်လည်က အစောင့်များကို ယူရှောင်းမို
ကြည့်လိုက်သည်။ ဒီလောက်လူတွေအများကြီး
သူ့တစ်ယောက်တည်း မနိုင်သဖြင့် ကပျာကယာ
ပြောလိုက်သည်။

"နေဦး မေးခွန်းတစ်ခုရှိသေးတယ်"

"ဘာလဲ" သက်လတ်ပိုင်းအရွယ်လူကြီးကမေးသည်။

"မတူတဲ့နယ်မြေတွေက လူ၉၉၉၉ယောက်ပဲ
လိုတာဆိုမှဖြင့် ဘာလို့ ထုံထျန်းတိုက်မကြီးက
ကျင့်ကြံသူတွေအများကြီးကို ဖမ်းထားတာလဲ"

သက်လတ်ပိုင်းအရွယ်လူကြီးက လက်မြှောက်ကာ
အင်္ကျီလက်နှင့်ဝတ်ရုံကို သပ်ရပ်အောင်လုပ်ပြီးမှ
အပြုံးသဲ့သဲ့ဖြင့်ကြည့်လာသည်။

"မင်းက ဘယ်လိုနေနေသေတော့မှာဆိုတော့
ပြောပြလည်းကိစ္စမရှိပါဘူးလေ။ အဆင့်မြင့်
နယ်မြေကတစ်ခုတည်းပဲရှိတယ်၊ မင်းသိမှာပါ။
ဒါပေမဲ့ တစ်ခုတည်းပဲရှိတာမလို့လည်း မူလ
စွမ်းအင်ပမာဏ ပိုများများလိုအပ်တယ်။
ဒီလိုပြောရင် မင်းသဘောပေါက်သလား"

"အိုး ဟုတ်သား နောက်တစ်ခုရှိသေးတယ်"

သက်လတ်ပိုင်းအရွယ်လူကြီးက တစ်စုံတစ်ခု
ရုတ်တရက်အမှတ်ရသွားကာ သူ့နှုတ်ခမ်းများကို
အနည်းငယ်ကွေးညွတ်လိုက်သည်။

"မင်းက နောက်ဆုံးပိတ်လူဆိုပေမဲ့ ထောင်ထဲက
လူတွေလည်းလွတ်မှာမဟုတ်ဘူး။ သူတို့
အောက်ဆင်းပြီး မင်းဆီလိုက်လာဖို့
သိပ်ကြာမှာမဟုတ်ပါဘူး။ မင်းမသိသေးဘူးမလား။
အဲ့အောက်က ဝိဉာဉ်ပျောက်ကွယ်အစီအရင်က
သာမန်အစီအရင်မဟုတ်ဘူး။ သူ့မှာ နောက်နာမည်
တစ်ခုရှိသေးတယ် မရဏအစီအရင်တဲ့လေ!"

"မရဏအစီအရင်က စတေးခံအစီအရင်တစ်မျိုးပဲ။
သူက အစီအရင်ထဲက လူတွေအားလုံးကို
စွမ်းအင်အဖြစ်ပြောင်းလဲနိုင်တယ်။ ထုံထျန်း
နန်းတော်က သူတို့ကျင့်ကြံဆင့်တွေကို
မပိတ်ပစ်တာက စွမ်းအင်အဖြစ်
ချောချောမွေ့မွေ့ပြောင်းလဲနိုင်အောင်လို့ပဲ။
ဘာလို့လဲဆိုတော့ သူတို့ ပိုပြင်းပြင်းထန်ထန်
ခုခံလေလေ မရဏအစီအရင်ကပိုသက်ရောက်မှု
ရှိလေမလို့လေ။ စွမ်းအင်က မြင့်တဲ့အမှတ်တစ်ခုကို
ရောက်တဲ့အခါကျရင် ထုံထျန်းနန်းတော်ကို
ဝန်းရံထားတဲ့ ရှေးအစီအရင်တစ်ခုအသက်ဝင်
လာလိမ့်မယ်။ အဲ့ဒီအခါကျ ကျူးကျော်လာတဲ့လူ
ဘယ်သူမှ လွတ်နိုင်မှာမဟုတ်ဘူး"

သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်လုံးများတွင်
ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခု
လက်သွားသည်။

ယူရှောင်းမို သက်ပြင်းရှိုက်လိုက်မိသည်။
လုံးဝလူမဆန်ကြချေ။

ဟယ့်သုံ့အဲ့လိုပြောတာ မဆန်းတော့။ ၎င်းက
အခြေအမြစ်မရှိပြောတာမဟုတ်ပေ။

"မင်းသိသင့်တာသိပြီးပြီမလား။ သွားချိန်တန်ပြီ"

ပြောရင်း သူက ယူရှောင်းမိုဆီလက်တစ်ဖက်
ဆန့်တန်းလာလေသည်။

ယူရှောင်းမိုက ဘာလို့လိမ်လိမ်မာမာသေမှာတဲ့လဲ။

သူလှုပ်လိုက်သည့်အခိုက်အတံ့တွင် ဝိဉာဉ်စွမ်းအား
လှိုင်းလုံးကြီးတစ်ခု ထိုလူကြီးထံ ပြေးထွက်သွား
သည်။

သက်လတ်ပိုင်းအရွယ်လူကြီးက အေးစက်စက်
ရယ်လိုက်၏။ သူက နာနာခံခံနဲ့အရှုံးပေးမှာ
မဟုတ်မှန်း သူမျှော်လင့်ထားပေသည်။ လက်ကို 
သာမန်ကာလျှံကာတစ်ချက်ဝှေ့ယမ်းလိုက်ရာတွင်
သူ့အတွင်းမှ ပိုမိုခက်ထန်သည့်ဝိဉာဉ်စွမ်းအားလှိုင်း
တစ်ခု ထွက်ပေါ်လာပြီး ယူရှောင်းမို၏
ဝိဉာဉ်စွမ်းအားနှင့် တစ်ခဏအတွင်းတိုက်မိသွား
လေသည်။ ကျယ်လောင်စူးရှသော
ပေါက်ကွဲသံကြီးတစ်ခု ဖြစ်စေလျက် ၎င်းတို့ကြားမှ
လေပြင်းတစ်ခု စတင်ထွက်ပေါ်လာသည်။
အားပြယ်သွားချိန်တွင် ယူရှောင်းမိုသည်
ပျောက်ကွယ်သွားလေပြီ။

ကျောက်စင်မြင့်ဘက်ကို သက်လတ်ပိုင်းအရွယ်
လူကြီး မျက်စိလျင်စွာကြည့်လိုက်ချိန်တွင်
မူလကရှင်းလင်းနေသည့်စင်မြင့်ပေါ်မှာ
လူအရိပ်တစ်ခု ရုတ်တရက်ပေါ်လာတာကိုသာ
မြင်လိုက်ရလေသည်။ ၎င်းမှာ ယူရှောင်းမို
ဖြစ်ပေသည်။

သူအော်မှာကိုမစောင့်ဘဲ ယူရှောင်းမိုက
ကျောက်နဂါးတစ်ကောင်၏ဦးခေါင်းကို လက်သီးဖြင့်
ခွဲခြေပစ်လိုက်သည်။ ခပ်အုပ်အုပ်မြည်ဟည်းသံ
တစ်ခုဖြင့် ကျောက်နဂါး၏ဦးခေါင်း ပြိုကျသွားကာ
ကူးပြောင်းပို့ဆောင်ခံနေရသော မူလစွမ်းအားသည်
ပုံသဏ္ဍာန်မရှိ၊ အရောင်မရှိစွာ ပန်းထွက်လာသည်။
၎င်းက လေထဲမှာ ချက်ချင်းပျောက်ကွယ်သွား၏..

သက်လတ်ပိုင်းအရွယ်လူကြီးက မျက်လုံးပြူးလျက်
ဒေါသတကြီး​အော်ဟစ်တော့သည်။

"မိမစစ်ဖမစစ်လေး! ငါမင်းကိုသတ်မယ်!"

ယူရှောင်းမိုက ၎င်းကိုအသုံးချကာ ချက်ချင်း
ပြေးတော့သည်။
_________________________

Zawgyi
အပိုင္း ၆၃၇- အမွန္တရား

ဧရာမေက်ာက္စင္ျမင့္ႀကီးထက္၌ ေရာင္စံု
အလင္းလံုးတစ္လံုး လြင့္ေျမာလ်က္ရိွသည္။
အလင္းေရာင္အတြင္း မတူညီေသာအေရာင္
ခုနစ္မ်ိဳး ေရာယွက္လ်က္ရိွကာ ဤအလင္းလံုးသည္
ေဆးလံုးႏွင့္တူသၫ့္တစ္စံုတစ္ခုကို ဝန္းရံထားပံု
ေပၚသည္။

ေက်ာက္စင္ျမင့္၏ေထာင့္ေလးေထာင့္ကို
ေက်ာက္နဂါးေလးေကာင္ျဖင့္ ထြင္းထုထားသည္။
၄တို႔ပါးစပ္မ်ားက ဟလ်က္ရိွၾကၿပီး
ေက်ာက္နဂါးမ်ား၏ပါးစပ္မွ အလင္းလံုးထံသို႔
ဆန႔္တန္းထြက္သြားသၫ့္ ေဖာက္ထြင္းျမင္ရေသာ
ႁပြန္မ်ားရိွပံုပင္။ ႁပြန္မ်ားထဲတြင္ ပို႔ေဆာင္ေပးျခင္း
ခံေနရေသာ အျဖဴေရာင္စြမ္းအင္တစ္ခုရိွေနၿပီး
၄သည္ ေဆးလံုးအတြင္းသို႔ အဆံုးမရိွ
စီးဝင္လ်က္ရိွသည္။

သို႔ေသာ္ ၄က ယူေရွာင္းမိုကို အံ့အားအသင့္ေစဆံုး
အရာမဟုတ္ေပ။

ေက်ာက္စင္ျမင့္ေအာက္တြင္ ေဖာက္ထြင္းျမင္ရေသာ
ေထာင္တစ္ခုရိွေနသည္။ ထိုထဲတြင္ ပိတ္ေလွာင္
ခံထားရသူ မ်ားစြာရိွသည္၊ အတိအက်ဆိုရလ်ွင္
၄တို႔သည္ ဝိဉာဉ္မ်ားျဖစ္သည္။ ေမွာ္ဆရာမ်ားႏွင့္
သိုင္းပညာရွင္အနည္းငယ္ရိွကာ နတ္ဆိုးသားရဲေတြ
ေတာင္ရိွသည္။ ဤဝိဉာဉ္မ်ားက လက္ရိွအခ်ိန္မွာ
နာက်င္စြာေအာ္ဟစ္ျမည္တမ္းေနၾကသည္၊
သူတို႔အသက္ကို ခ်က္ခ်င္းအဆံုးသတ္ပစ္ခ်င္ေန
သၫ့္အလား သူတို႔မ်က္ႏွာမ်ားကခက္ထန္လ်က္
ရိွၾကသည္။

သူတို႔အေနာက္မွာ တစ္စံုတစ္ခုပဲ့ကြာသြားေနတာကို
ယူေရွာင္းမိုျမင္ရသည္။ ၄က သူတို႔
ေသျခင္းဆင္းရဲ၏မူလအစပင္။

"အဲ့တာ ယံုၾကည္မႈနဲ႔ဝိဉာဉ္စြမ္းအားလို႔ေခၚတယ္"

ထိုအခိုက္အတံ့မွာပဲ သူ႔နားေဘးမွာ အက္ရွရွအသံ
တစ္ခု ရုတ္တရက္ထြက္ေပၚလာေလသည္။

ယူေရွာင္းမို လွၫ့္ၾကၫ့္လိုက္တဲ့အခါ သူ႔ကို
ေခၚလာသၫ့္ဝတ္ရံုျဖဴလူက ထြက္ခြာသြားႏွင့္ၿပီ
ျဖစ္တာကိုေတြ့လိုက္ရသည္။ ယခုက ဘုန္းေတာ္ႀကီး
အဝတ္မ်ားဝတ္ဆင္ထားသၫ့္ သက္လတ္ပိုင္း
အရြယ္ဦးေလးႀကီးတစ္ေယာက္ပင္။
သူသည္ ေက်ာက္စင္ျမင့္အထက္ရိွပစၥည္းအား
စဲြမက္စြာစိုက္ၾကၫ့္ေနသည္၊ ထိုေနရာမွာ
သူက တစ္ဦးတည္းေသာလူသာျဖစ္မေနပါက
ခုနကၾကားလိုက္တာ ထင္ေယာင္ထင္မွား
ျဖစ္တာလို႔ပင္ ယူေရွာင္းမိုထင္မိလိမ့္မည္။

အဖမ္းခံရခ်ိန္ကတည္းက ဤနန္းေတာ္ရိွ
ဘယ္ဝတ္ရံုျဖဴလူ စကားေျပာတာကိုမွ
သူမၾကားဖူးေပ။ ယခု တစ္ေယာက္ကေျပာလာေတာ့
သူ အသားမက်ေခ်။

သက္လတ္ပိုင္းအရြယ္လူႀကီးက ေျဖးညင္းစြာျဖင့္
စတင္ရယ္ေမာေတာ့သည္။

"ဒီမွာဘာေတျြဖစ္ေနတာလဲ မင္းမတရား
သိခ်င္ေနမွာပဲ။ ငါေျပာျပႏိုင္တယ္"

ယူ​ေရွာင္းမိုက သူ႔ကိုၾကၫ့္ေနၿပီး စကားမေျပာေပ။

သက္လတ္ပိုင္းအရြယ္လူႀကီးက ဂရုမစိုက္ေပ။
သူက ထိတ္လန႔္ဖြယ္ေကာင္းေသာစကားတစ္ခြန္း
ဆက္ေျပာလာသည္။

"ငါလည္းမင္းလိုပဲ ငါတို႔ႏွစ္ေယာက္လံုး
တျခားကမ႓ာကလာၾကတာ ဒါမွမဟုတ္
တျခားနယ္ေျမတစ္ခုလို႔ေျပာရမလား"

"ဘာေျပာခ်င္တာလဲ"  ယူေရွာင္းမို
မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

သက္လတ္ပိုင္းအရြယ္လူႀကီးက သူ႔ဘက္
တစ္ခ်က္လွၫ့္ၾကၫ့္လာၿပီး သူ႔မ်က္လံုးေတြက
လူတစ္ေယာက္စိတ္ကို ေဖာက္ထြင္းျမင္ႏိုင္စြမ္း
ရိွသည္ဟု ခံစားရေစသည္။ သူ႔ႏႈတ္ခမ္း
ေထာင့္စြန္းမ်ားက ေျဖးညင္းစြာေကြးၫြတ္သြားသည္။

"ငါတို႔ကမ႓ာမွာ ယံုၾကည္မႈစြမ္းအားနဲ႔ အဆင့္တက္လို႔
ရတယ္။ က်င့္ႀကံတာေလာက္မျမန္ေပမဲ့
ငါတို႔ကမ႓ာမွာေတာ့ အဲ့တာက တကယ္မရိွမျဖစ္ပဲ၊
ဒါ့အျပင္ ယံုၾကည္မႈစြမ္းအားက သိုင္းပညာရွင္ကို
အဲ့ဒီအဆင့္ကို ခ်ိဳးဖ်က္ႏိုင္ေအာင္ေတာင္
ကူညီေပးႏိုင္တယ္"

သူမသိသင့္ေသာလ်ိႈ႔ဝွက္ခ်က္မ်ားကို
ဖယ္ခ်န္ထားျခင္းမရိွ ေျပာျပလာတာကို
ယူေရွာင္းမိုျမင္ရတဲ့အခါ ဒီလူႀကီးရဲ့ရည္ရြယ္ခ်က္ကို
အနည္းနဲ႔အမ်ား ရိပ္မိလိုက္သည္။
သူ႔ႏွလံုးသားကေတာ့ ဆန႔္က်င္ဘက္ျဖစ္စြာ
တည္ၿငိမ္သြားခဲ့သည္။

"ခင္ဗ်ားေျပာတဲ့ ယံုၾကည္မႈစြမ္းအားနဲ႔ဒါနဲ႔
ဘာဆိုင္လို႔လဲ။ ခင္ဗ်ားတို႔ပန္းတိုင္က ဘာလဲ"

"ယံုၾကည္မႈစြမ္းအားက တကယ္ ခ်ိဳးဖ်က္ၿပီး
အဆင့္တက္ႏိုင္တယ္လို႔ ေကာလာဟလေတြရိွတယ္။
ဒါေပမဲ့ အဲ့ဒီဟာက အေရးအႀကီးဆံုးပစၥည္းတစ္ခု
လိုအပ္ေနတာကို ေနာက္ပိုင္းမွာငါေတြ့ရိွခဲ့တယ္"

သက္လတ္ပိုင္းအရြယ္လူႀကီးက သူ႔ကိုယ္သူ
ေျပာေနသၫ့္ႏွယ္ က်ယ္ေလာင္စြာေျပာသည္။

ယူေရွာင္းမို : "ဘာပစၥည္းလဲ"

သက္လတ္ပိုင္းအရြယ္လူႀကီး၏မ်က္လံုးအစံုက
ရူးသြပ္ေသာေပ်ာ္ရႊင္မႈအရိပ္အေယာင္တစ္ခု
ရုတ္တရက္ေဖာ္ျပလာသည္။

"ဝိဉာဉ္မူလစြမ္းအား။ အဲ့ဒီအဆင့္ကို
ခ်ိဳးဖ်က္ဖို႔ခက္ခဲတာ ဘာလို႔လဲဆိုေတာ့
ေလာကႀကီးရဲ့တားျမစ္တတ္တဲ့သဘာဝေၾကာင့္ပဲ။
အဲ့တာက တစ္ေယာက္တည္းကိုပဲအသိအမွတ္ျပဳ
တယ္။ မူလကက်င့္ႀကံေရးဆိုတာ သဘာဝအမိန႔္ကို
ဖီဆန္ေနတဲ့လမ္းစဉ္ပဲ၊ လူတစ္ေယာက္ဟာ
သူ႔ကံၾကမၼာသူ ထိန္းခ်ဳပ္ႏိုင္စြမ္းမရိွဘူး။ ဒါေပမဲ့
အဲ့ဒီအဆင့္ကို တစ္ေယာက္ေယာက္
ခ်ိဳးဖ်က္သြားတာနဲ႔ သူတို႔က ကိုယ့္ကံၾကမၼာကိုယ္
ထိန္းခ်ဳပ္ႏိုင္ရံုမက ေလာကႀကီးတစ္ခုလံုးရဲ့
အရွင္သခင္ျဖစ္လာလိမ့္မယ္။ သူတို႔က အရင္သခင္
ထားခဲ့တဲ့စည္းမ်ဉ္းေတြကို အလြယ္တကူ
ဖ်က္ပစ္ၿပီး စည္းမ်ဉ္းအသစ္ေတြခ်မွတ္ႏိုင္တယ္။
လူတိုင္းလူတိုင္း အဲ့ဒီစည္းမ်ဉ္းေတြေအာက္မွာ
ေနရလိမ့္မယ္"

သက္လတ္ပိုင္းအရြယ္လူႀကီးက ရုတ္တရက္
စကားလႊဲလိုက္၏။

"အိုး ဟုတ္သား ဒီကမ႓ာရဲ့စည္းမ်ဉ္းေတြက
ဘာလို႔မထင္ရွားတာလဲ မင္းသိသလား"

ယူေရွာင္းမိုလန႔္သြားၿပီးမွ ေခါင္းယမ္းလိုက္သည္။
ဒီလိုဟာမ်ိဳး သူ ဘယ္လိုလုပ္သိပါ့မလဲ။
လင္းေရွာင္က တစ္ခါမွေျပာမျပဖူးသလို သူကလည္း
ေမးဖို႔ တစ္ခါမွအေတြးမဝင္ဖူးေပ။

သက္လတ္ပိုင္းအရြယ္လူႀကီးက ရယ္လိုက္သည္။

"ဘာလို႔ဆိုေတာ့ အရင္သခင္ကဒီမွာမရိွေတာ့လို႔ေလ။
သူထားခဲ့တဲ့စည္းမ်ဉ္းေတြက ဒီမွာရိွေနေသးေပမဲ့
အရင္ကေလာက္ မထင္ရွားေတာ့ဘူး။ ဒါက
ေနာက္မ်ိဳးဆက္အတြက္ သိပ္ကိုအက်ိဳးေက်းဇူး
မ်ားတယ္။ အရင္သခင္ရဲ့လႊမ္းမိုးမႈမရိွဘဲ
ထံုထ်န္းဧကရာဇ္ အဲ့ဒီအဆင့္ကိုခ်ိဳးဖ်က္ႏိုင္ေျခ
အမ်ားႀကီးျမင့္သြားၿပီေလ"

ဒီေန့တစ္ရက္တည္းမွာတင္ သူ႔ရဲ့ေလာကအျမင္ေတြ
အႀကိမ္ေပါင္းေသာင္းေျခာက္ေထာင္ေလာက္
အသစ္အသစ္ျပန္ျဖစ္သြားသလို ယူေရွာင္းမို
ခံစားလိုက္ရသည္။

ၾကယ္ခုနစ္ပြင့္ နတ္ဘုရားအဆင့္အထြတ္အထိပ္ကေန
ခ်ိဳးဖ်က္တဲ့အေၾကာင္း လင္းေရွာင္ေျပာျပတာ
ၾကားရတုန္းက ဒီအဆင့္ကဒီေလာက္ထိ
အံ့ဖြယ္ေကာင္းမည္ဟု မထင္ခဲ့ေပ။ ထို႔အျပင္
စည္းမ်ဉ္းအသစ္မ်ားကိုပင္ ခ်မွတ္လို႔ရေသးသည္၊
အဲ့ဒါက ေကာင္းကင္ဘံုဥပေဒသေတြဖန္တီးတာနဲ႔
အတူတူပဲမဟုတ္ဘူးလား။

"ခင္ဗ်ားေျပာတဲ့ အဆင့္အေၾကာင္းသေဘာေပါက္ၿပီ၊
ဒါေပမဲ့ အဲ့ဒါနဲ႔ ဝိဉာဉ္မူလစြမ္းအားနဲ႔ဘာဆိုင္လို႔လဲ"

အဲ့ဒီအဆင့္ကိုခ်ိဳးဖ်က္တာ ဘာလို႔ဒီလို
ေသြးလႊမ္းတဲ့နည္းလမ္းမ်ိဳး လိုအပ္တာလဲ
သူ နားမလည္ေသးေပ။

သက္လတ္ပိုင္းအရြယ္လူႀကီးက သူသိထားသမ်ွကို
ယူေရွာင္းမိုဆီက အလုပ္ရႈပ္ခံၿပီးဖံုးကြယ္မေနေခ်။
ၿပီးရင္လည္း ေသမွာပဲဆိုေတာ့ ယူေရွာင္းမို
တစ္ေယာက္ သူမ်ားေတြကိုျပန္ေျပာႏိုင္လိမ့္မွာ
မဟုတ္ဘူးလို႔ ေတြးထား၍ သူ႔စိတ္ထဲက
သံသယမ်ားကိုကူေျဖရွင္းေပးေနတာျဖစ္ေလာက္
သည္။

ဝိဉာဉ္မူလစြမ္းအားသည္ အမွန္ေတာ့
ကမ႓ာ၏မူလစြမ္းအားျဖစ္ေလသည္။
သို႔ေသာ္ ဤလူေျပာေနသၫ့္ မူလဝိဉာဉ္မွာ
အလယ္လတ္ဆင့္ႏွင့္အနိမ့္ဆင့္မွ လူမ်ား၏
ဝိဉာဉ္ျဖစ္သည္။ တည္ရိွေနသၫ့္ မတူညီေသာ
နယ္ေျမမ်ားမွ လူ ၉၉၉၉ေယာက္ သူတို႔လိုအပ္ၿပီး၊
ထို႔ေနာက္မွာ ဝိဉာဉ္၏မူလစြမ္းအားကိုထုတ္ယူသည္။

အလြန္အမင္းကံဆိုးစြာျဖင့္ ယူေရွာင္းမိုက
ေနာက္ဆံုးပိတ္လူျဖစ္သည္။

ထံုထ်န္းဧကရာဇ္သည္ ဤအစီအစဉ္ကို
ႏွစ္မ်ားစြာၾကာေအာင္ အေကာင္အထည္ေဖာ္ထားျခင္း
ပင္။ ႏွစ္မ်ားစြာ လူအမ်ားေရ႔ွေပၚမလာရျခင္းမွာ
သူ႔ေနာက္လိုက္မ်ားႏွင့္အတူ မတူညီေသာ
နယ္ေျမမ်ားအၾကား ဆက္တိုက္
သြားလာေနရျခင္းေၾကာင့္ျဖစ္သည္။

မတူညီေသာနယ္ေျမေပါင္း ကိုးေထာင္ေက်ာ္
စုစည္းရန္မွာ မျဖစ္ႏိုင္ေပ။ ထို႔အျပင္ အလတ္ဆင့္
နယ္ေျမ အမ်ားအျပားမရိွဘဲ ၄တို႔တည္ေနရာကို
ေထာက္ရန္မွာလည္း အေတာ္ေလးျပႆနာရႈပ္သည္။
သို႔ျဖစ္ရာ အနိမ့္ဆင့္နယ္ေျမမ်ားကိုသာ သြားရွာရ
ေလသည္။ အဆင့္နိမ့္နယ္ေျမက အေတာ္မ်ားသျဖင့္
ဖမ္းရပိုလြယ္ကူသည္။ သို႔ေပမဲ့ ၄က
အခ်ိန္အေတာ္ကုန္ေစသည္။

သို႔ေသာ္ျငား သူ၏ဇဲြလံု႔လႏွင့္စိတ္ရွည္မႈတို႔
ေအာက္တြင္ ေနာက္ဆံုးမွာေတာ့ တစ္ေယာက္သာ
လိုေတာ့ေလသည္။

သို႔ေသာ္ နယ္ေျမမ်ား၏တည္ေနရာကို ေထာက္ရန္
ပို၍ခက္ခဲလာခဲ့သည္။ ၉၉၉၈ခုေျမာက္နယ္ေျမကို
ဖမ္းမိရန္အတြက္ ထံုထ်န္းဧကရာဇ္သည္
ႏွစ္သံုးေလးရာခန႔္ သံုးခဲ့ရ၏၊ သို႔ေပမဲ့ ဒီအဓိပၸါယ္က
ေနာက္ဆံုးနယ္ေျမကိုရွာေတြ့မၫ့္ ခက္ခဲမႈအဆင့္က
ပိုလို႔ေတာင္ျမင့္လာလိမ့္မည္ဟု ဆိုလိုသည္။

တိုက္ဆိုင္စြာ ထိုအခ်ိန္မွာပဲ ယူေရွာင္းမိုက
သူတို႔ႏွင့္ တၫ့္တၫ့္လာတိုးသည္။ သူက
တျခားကမ႓ာတစ္ခုကလာသၫ့္ ဝိဉာဉ္တစ္ခု
ျဖစ္ေၾကာင္းေတြ့ရိွခဲ့သည္မွာလည္း မေတာ္တဆပင္။

ေသြးေစြးနီမိသားစုက ယူေရွာင္းမိုႏွင့္ပတ္သက္၍
ဂယက္ထေစခဲ့သည္။ သူတို႔က သူတို႔ရည္ရြယ္ခ်က္ကို
ဖံုးကြယ္ထားၾကေပမဲ့ ယူမိသားစုရဲ့လ်ိႈ႔ဝွက္ခ်က္ကို
ထံုထ်န္းဧကရာဇ္က သိထားသည္။

သို႔ေပမဲ့ တကယ့္ယူမိသားစုအစစ္က ေရွးကတည္း​က
အျမစ္ျပတ္ေခ်မႈန္းခံခဲ့ရတာကို သူသိသည္။
က်န္ရိွခဲ့သည္မွာ မိသားစုအခဲြေလးတခ်ိဳ႕သာ
ျဖစ္သည္။ ယူေရွာင္းမိုက အေမြခံေက်ာက္ကို
ဖြင့္ႏိုင္ရာ သူကယူမိသားစုအစစ္ကဟုဆိုလိုေပသည္။
သို႔ေသာ္ျငား သူက တျခားနယ္ေျမကဆိုတာကို
ဒီအခ်က္ကေန ေတြ့ရိွခဲ့တာမဟုတ္ဘဲ ၄က
ဒုတိယစမ္းသပ္ခ်က္အတြင္းမွာျဖစ္၏။

ယူေရွာင္းမိုတစ္ေယာက္ အရိပ္မည္းမ်ား၏
လိုက္ျခင္းခံေနရခ်ိန္တုန္းက မေတာ္တဆ
ထုတ္ေျပာလိုက္မိတာေၾကာင့္ျဖစ္သည္။ အဲ့တုန္းက
သူတစ္ေယာက္တည္းပဲ ရိွေနတာဆိုေပမဲ့
အမွန္မွာ ထိုကမ႓ာက ထံုထ်န္းဧကရာဇ္၏
လက္ဝါးထဲမွာရိွသည္။ ယူေရွာင္းမိုရဲ့စကားတိုင္း၊
လႈပ္ရွားမႈတိုင္း သူ႔မ်က္စိထဲကမလြတ္ႏိုင္ေပ။

"ေတာ္ေလာက္ၿပီ ငါေတာ္ေတာ္ေလးေျပာမိသြားတယ္။
မင္းလည္း သြားခ်ိန္တန္ၿပီ"

ေျပာၿပီးေနာက္မွာ သက္လတ္ပိုင္းအရြယ္လူႀကီးက
သူ႔စိတ္ထဲကဝန္ထုပ္ဝန္ပိုးမ်ား က်သြားသၫ့္ႏွယ္
ႃပံုးလ်က္ သူ႔အၾကၫ့္က ယူေရွာင္းမိုဆီျပန္ေရာက္
လာသည္။

သူတို႔ပတ္လည္က အေစာင့္မ်ားကို ယူေရွာင္းမို
ၾကၫ့္လိုက္သည္။ ဒီေလာက္လူေတြအမ်ားႀကီး
သူ႔တစ္ေယာက္တည္း မႏိုင္သျဖင့္ ကပ်ာကယာ
ေျပာလိုက္သည္။

"ေနဦး ေမးခြန္းတစ္ခုရိွေသးတယ္"

"ဘာလဲ" သက္လတ္ပိုင္းအရြယ္လူႀကီးကေမးသည္။

"မတူတဲ့နယ္ေျမေတြက လူ၉၉၉၉ေယာက္ပဲ
လိုတာဆိုမျွဖင့္ ဘာလို႔ ထံုထ်န္းတိုက္မႀကီးက
က်င့္ႀကံသူေတြအမ်ားႀကီးကို ဖမ္းထားတာလဲ"

သက္လတ္ပိုင္းအရြယ္လူႀကီးက လက္ၿမွောက္ကာ
အက်ႌလက္ႏွင့္ဝတ္ရံုကို သပ္ရပ္ေအာင္လုပ္ၿပီးမွ
အႃပံုးသဲ့သဲ့ျဖင့္ၾကၫ့္လာသည္။

"မင္းက ဘယ္လိုေနေနေသေတာ့မွာဆိုေတာ့
ေျပာျပလည္းကိစၥမရိွပါဘူးေလ။ အဆင့္ျမင့္
နယ္ေျမကတစ္ခုတည္းပဲရိွတယ္၊ မင္းသိမွာပါ။
ဒါေပမဲ့ တစ္ခုတည္းပဲရိွတာမလို႔လည္း မူလ
စြမ္းအင္ပမာဏ ပိုမ်ားမ်ားလိုအပ္တယ္။
ဒီလိုေျပာရင္ မင္းသေဘာေပါက္သလား"

"အိုး ဟုတ္သား ေနာက္တစ္ခုရိွေသးတယ္"

သက္လတ္ပိုင္းအရြယ္လူႀကီးက တစ္စံုတစ္ခု
ရုတ္တရက္အမွတ္ရသြားကာ သူ႔ႏႈတ္ခမ္းမ်ားကို
အနည္းငယ္ေကြးၫြတ္လိုက္သည္။

"မင္းက ေနာက္ဆံုးပိတ္လူဆိုေပမဲ့ ေထာင္ထဲက
လူေတြလည္းလြတ္မွာမဟုတ္ဘူး။ သူတို႔
ေအာက္ဆင္းၿပီး မင္းဆီလိုက္လာဖို႔
သိပ္ၾကာမွာမဟုတ္ပါဘူး။ မင္းမသိေသးဘူးမလား။
အဲ့ေအာက္က ဝိဉာဉ္ေပ်ာက္ကြယ္အစီအရင္က
သာမန္အစီအရင္မဟုတ္ဘူး။ သူ႔မွာ ေနာက္နာမည္
တစ္ခုရိွေသးတယ္ မရဏအစီအရင္တဲ့ေလ!"

"မရဏအစီအရင္က စေတးခံအစီအရင္တစ္မ်ိဳးပဲ။
သူက အစီအရင္ထဲက လူေတြအားလံုးကို
စြမ္းအင္အျဖစ္ေျပာင္းလဲႏိုင္တယ္။ ထံုထ်န္း
နန္းေတာ္က သူတို႔က်င့္ႀကံဆင့္ေတြကို
မပိတ္ပစ္တာက စြမ္းအင္အျဖစ္
ေခ်ာေခ်ာေမြ့ေမြ့ေျပာင္းလဲႏိုင္ေအာင္လို႔ပဲ။
ဘာလို႔လဲဆိုေတာ့ သူတို႔ ပိုျပင္းျပင္းထန္ထန္
ခုခံေလေလ မရဏအစီအရင္ကပိုသက္ေရာက္မႈ
ရိွေလမလို႔ေလ။ စြမ္းအင္က ျမင့္တဲ့အမွတ္တစ္ခုကို
ေရာက္တဲ့အခါက်ရင္ ထံုထ်န္းနန္းေတာ္ကို
ဝန္းရံထားတဲ့ ေရွးအစီအရင္တစ္ခုအသက္ဝင္
လာလိမ့္မယ္။ အဲ့ဒီအခါက် က်ူးေက်ာ္လာတဲ့လူ
ဘယ္သူမွ လြတ္ႏိုင္မွာမဟုတ္ဘူး"

သက္လတ္ပိုင္းအရြယ္လူႀကီး၏မ်က္လံုးမ်ားတြင္
ရက္စက္ၾကမ္းၾကဳတ္ေသာအရိပ္အေယာင္တစ္ခု
လက္သြားသည္။

ယူေရွာင္းမို သက္ျပင္းရိႈက္လိုက္မိသည္။
လံုးဝလူမဆန္ၾကေခ်။

ဟယ့္သံု႔အဲ့လိုေျပာတာ မဆန္းေတာ့။ ၄က
အေျခအျမစ္မရိွေျပာတာမဟုတ္ေပ။

"မင္းသိသင့္တာသိၿပီးၿပီမလား။ သြားခ်ိန္တန္ၿပီ"

ေျပာရင္း သူက ယူေရွာင္းမိုဆီလက္တစ္ဖက္
ဆန႔္တန္းလာေလသည္။

ယူေရွာင္းမိုက ဘာလို႔လိမ္လိမ္မာမာေသမွာတဲ့လဲ။

သူလႈပ္လိုက္သၫ့္အခိုက္အတံ့တြင္ ဝိဉာဉ္စြမ္းအား
လိႈင္းလံုးႀကီးတစ္ခု ထိုလူႀကီးထံ ေျပးထြက္သြား
သည္။

သက္လတ္ပိုင္းအရြယ္လူႀကီးက ေအးစက္စက္
ရယ္လိုက္၏။ သူက နာနာခံခံနဲ႔အရႈံးေပးမွာ
မဟုတ္မွန္း သူေမ်ွာ္လင့္ထားေပသည္။ လက္ကို 
သာမန္ကာလ်ွံကာတစ္ခ်က္ေဝ႔ွယမ္းလိုက္ရာတြင္
သူ႔အတြင္းမွ ပိုမိုခက္ထန္သၫ့္ဝိဉာဉ္စြမ္းအားလိႈင္း
တစ္ခု ထြက္ေပၚလာၿပီး ယူေရွာင္းမို၏
ဝိဉာဉ္စြမ္းအားႏွင့္ တစ္ခဏအတြင္းတိုက္မိသြား
ေလသည္။ က်ယ္ေလာင္စူးရွေသာ
ေပါက္ကဲြသံႀကီးတစ္ခု ျဖစ္ေစလ်က္ ၄တို႔ၾကားမွ
ေလျပင္းတစ္ခု စတင္ထြက္ေပၚလာသည္။
အားျပယ္သြားခ်ိန္တြင္ ယူေရွာင္းမိုသည္
ေပ်ာက္ကြယ္သြားေလၿပီ။

ေက်ာက္စင္ျမင့္ဘက္ကို သက္လတ္ပိုင္းအရြယ္
လူႀကီး မ်က္စိလ်င္စြာၾကၫ့္လိုက္ခ်ိန္တြင္
မူလကရွင္းလင္းေနသၫ့္စင္ျမင့္ေပၚမွာ
လူအရိပ္တစ္ခု ရုတ္တရက္ေပၚလာတာကိုသာ
ျမင္လိုက္ရေလသည္။ ၄မွာ ယူေရွာင္းမို
ျဖစ္ေပသည္။

သူေအာ္မွာကိုမေစာင့္ဘဲ ယူေရွာင္းမိုက
ေက်ာက္နဂါးတစ္ေကာင္၏ဦးေခါင္းကို လက္သီးျဖင့္
ခဲြေျခပစ္လိုက္သည္။ ခပ္အုပ္အုပ္ျမည္ဟည္းသံ
တစ္ခုျဖင့္ ေက်ာက္နဂါး၏ဦးေခါင္း ၿပိဳက်သြားကာ
ကူးေျပာင္းပို႔ေဆာင္ခံေနရေသာ မူလစြမ္းအားသည္
ပံုသ႑ာန္မရိွ၊ အေရာင္မရိွစြာ ပန္းထြက္လာသည္။
၄က ေလထဲမွာ ခ်က္ခ်င္းေပ်ာက္ကြယ္သြား၏..

သက္လတ္ပိုင္းအရြယ္လူႀကီးက မ်က္လံုးျပဴးလ်က္
ေဒါသတႀကီး​ေအာ္ဟစ္ေတာ့သည္။

"မိမစစ္ဖမစစ္ေလး! ငါမင္းကိုသတ္မယ္!"

ယူေရွာင္းမိုက ၄ကိုအသံုးခ်ကာ ခ်က္ခ်င္း
ေျပးေတာ့သည္။
_________________________







Continue Reading

You'll Also Like

124K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
13.8K 415 31
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
7.9K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
649K 56.6K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...