The Legendary Master's Wife [...

Από melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Περισσότερα

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း

5.2K 1.1K 116
Από melon_rays

Unicode
အပိုင်း ၆၃၅- ထုံထျန်းနန်းတော်၊
ဂုဏ်သိက္ခာကျဆင်းရခြင်း

ပြီးခဲ့သည့်နှစ်အတွင်း လင်းရှောင်နှင့်ယူကျွင်းချီတို့က
ထုံထျန်းနန်းတော်အား မကြာခဏဆိုသလို
တိုက်ခိုက်တတ်ကြသည်။ အမှန်တွင် ဒဏ်ရာရသူ
အရေအတွက်မှာ ဆယ်ဂဏန်းအတွင်းသာရှိပြီး
ထုံထျန်းဧကရာဇ်က ထိုသူအားလုံးသေပြီဟု
ယူရှောင်းမိုကိုပြောခဲ့သည်။ ဒါက ထုံထျန်းနန်းတော်
အတွက် သေးငယ်သည့်ဆုံးရှုံးမှုမဟုတ်ပေ။

သို့သော်ငြား လင်းရှောင်သည် ထုံထျန်းနန်းတော်ကို
ပြဿနာရှာရန်အတွက်သာ ထိုသို့လုပ်ခဲ့ခြင်း
မဟုတ်ပေ။ တစ်ခါသွားတိုက်တိုင်း စိတ်ထဲမှာ
ရည်ရွယ်ချက်တစ်ခုနှင့်ဖြစ်သည်၊ ၎င်းမှာ
ထုံထျန်းနန်းတော်၏တည်ဆောက်ပုံကို
နားလည်ရန်ဖြစ်၏။

ထုံထျန်းဧကရာဇ်က အချိန်ဘယ်လောက်မှ
မရှိသေးခင်မှာ ၎င်းကိုတွေ့ရှိသွားခဲ့သည်၊ သို့ပေမဲ့
အစောင့်အကြပ်များ ပိုတိုးလျှင်တောင်မှ
လင်းရှောင်၏ခြေရာများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ချေ။
ဒဏ်ရာရသူအရေအတွက်က အဆပေါင်းများစွာ
ထိုးတက်လာခဲ့သည်။

ထုံထျန်းနန်းတော်တည်ဆောက်ပုံအကျဉ်းချုပ်ကို
ရရှိပြီးသည့် ယခုအချိန်မှသာ ယနေ့ကဲ့သို့
သူပြုမူရဲတာဖြစ်သည်။

ထုံထျန်းနန်းတော်က အခြားအင်အားစုကြီးများနှင့်
လွန်စွာကွဲပြားသည်။ အဆင့်လွန်နတ်ဘုရားအဆင့်
ဖြစ်သည့် ထုံထျန်းဧကရာဇ်အပြင် သူ့အောက်၌
နတ်ဘုရားအဆင့်ကျင့်ကြံသူများစွာ ထပ်ရှိသေးပြီး
နတ်ဒေဝါအဆင့်ဆိုပိုလို့တောင်များသေးသည်။
သူတို့၏စုစုပေါင်းအင်အားကို ထည့်တွက်ပါက
သွေးစွေးနီမိသားစုကဲ့သို့သော မိသားစုကြီး
တစ်ခုပင်လျှင် သူတို့ကိုဆန့်ကျင်ဝံ့မှာမဟုတ်ပေ။

သို့ပေမဲ့ ဘယ်သူကမှမလုပ်ရဲဘူးလို့မဆိုလိုပေ။

ယူရှောင်းမို ထုံထျန်းနန်းတော်ထဲမှာပိတ်ထားခံရတာ
တစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်အတွင်း
ထုံထျန်းတိုက်မကြီးမှာ ကိစ္စပေါင်းများစွာ
ဖြစ်ပျက်ခဲ့၏။

ပင့်ကူနက်အဖွဲ့က လျင်မြန်စွာကြီးထွားလာခဲ့သည်။
ယခင်ကလည်း သူတို့ကိုသိသူများစွာရှိခဲ့တယ်
ဆိုပေမဲ့ ယခုတွင် သူတို့က နေ့ခင်းကြောင်တောင်၌ပင်
တရားမဝင်မှောင်ခိုစီးပွားရေးအားလုံး လုပ်လာကြ
သည်။ ဤသို့ဖြစ်ရခြင်းမှာ ပင့်ကူနက်၏ခေါင်းဆောင်
ပေါ်ထွက်လာခဲ့တာကြောင့်ပင် ၊ နောက်ပြီး သူက
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်လည်း
ဖြစ်သည်။ သူတို့က ထုံထျန်းနန်းတော်ပါဝင်သည့်
ထုံထျန်းတိုက်မကြီးရှိ အင်အားစုကြီး၁၄ခုထဲက
တစ်ခုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသည်။

သို့သော် ပင့်ကူနက်ခေါင်းဆောင်က မည်သူမှန်း
ဘယ်သူမှမသိကြရပေ။

ဒါက ရှီကျင်းမှာ အုတ်အော်သောင်းနင်းဖြစ်စေခဲ့
သည်၊ ဘာကြောင့်ဆို ပင့်ကူနက်အဖွဲ့ရဲ့
အခြေစိုက်ရာက ရှီကျင်းမှာဖြစ်ပေမဲ့ ရှေးသားရဲ
မျိုးနွယ်ကြီးလေးခုလုံး ဒီအကြောင်း လုံးဝ
မကြားဖူးထားတာကြောင့်ပင်။ သူတို့ထိတ်လန့်
တုန်လှုပ်မှုကို တွေးကြည့်လို့ရသည်။

ပြီးလျှင် တောင်ပိုင်းတိုက်မကြီး၌ ဖူချန်ချုံး၏
တပည့်အကြီးဆုံးဇော့ယန်သည် ကြယ်တစ်ပွင့်
နတ်ဘုရားအဆင့်ကျင့်ကြံသူအဖြစ် အောင်မြင်စွာ
တက်လှမ်းသွားခဲ့၏။ ထိုမှစ ချန်မဟာမိတ်တွင်
နတ်ဘုရားအဆင့်ကျင့်ကြံသူနှစ်ယောက်ဖြစ်သွားပြီး
တိုက်ပွဲများစွာတွင် ရှုံးနိမ့်သွားခဲ့ကြသော
သွေးစွေးနီမိသားစုအတွက် ကြီးမားသော
ထိုးနှက်ချက်တစ်ခုဖြစ်သွားတော့သည်။

ကောလာဟလများအရ တိုက်ပွဲမြေပြင်၌
အင်အားမျှစေရန်ရည်ရွယ်ချက်ဖြင့်
ယူကျန်ထျန်းက သူ့မိသားစုအတွင်းက
ကျင့်ကြံသူများကိုလည်း အဆင့်တက်ကြဖို့
စီစဉ်ခဲ့သည်ဟုဆိုသည်။ သို့သော်လည်း
လောတာကအလကားပဲဆိုသလို စိတ်မရှည်မှု
များလေလေ ကျရှုံးဖို့ပိုများလေလေပင်။ ထို့အပြင်
နတ်ဘုရားအဆင့်တက်လှမ်းရန် ထိုမျှလွယ်ကူနေပါက
ကြယ်ခုနစ်ပွင့်နတ်ဒေဝါအဆင့်တွင် တစ်နေသူ
များစွာရှိနေမည်မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့ထံမှ
သတင်းကောင်းဟူ၍ ယခုထိမရှိသေးပေ။

နောက်ဆုံးကတော့ ကျုံထျန်းပင်၊ ကျုံထျန်းတွင်
ဖြစ်ပျက်ခဲ့သည့် အကြီးမားဆုံးကိစ္စကြီးက
ယူရှောင်းမို၏အခြေအနေနှင့်ပတ်သက်နေသည်။

ယခင်က ထုံထျန်းနန်းတော်သည်
စည်းမကျော်ခဲ့ဖူးပေ။ စမ်းသပ်ချက်တွေက
အန္တရာယ်များလွန်းရင် ဘယ်သူကဝင်မှာလဲလေ
ဟုတ်တယ်မလား။

သူတို့က ရလဒ်ကောင်းကောင်းရပြီး
နာမည်ကြီးချင်တာပဲရှိသည်၊ သူတို့အသက်ကို
မစွန့်စားချင်ပေ။ မဟုတ်ပါက
ထုံထျန်းနန်းတော်လည်း သူတို့ယုံကြည်သူများကို
တာ့တာပြလိုက်ဖို့သာရှိတော့သည်။

သို့ဖြစ်ရာ ထုံထျန်းနန်းတော်သည် လူများအား
ရဲရဲတင်းတင်းမဖမ်းရဲခဲ့ပေ။ များသောအားဖြင့်
သူတို့တကယ့်ရည်ရွယ်ချက်ကိုဖုံးကွယ်ဖို့
ပွဲအမျိုးမျိုးကိုအသုံးချကြသည်။

သို့သော်ငြား အကြောင်းတစ်ခုခုကြောင့် သူတို့က
ယူရှောင်းမိုနှင့်အခြားမှော်ဆရာများ သေဆုံးမှုကို
အလောင်းတစ်ခု ပေးတောင်မပေးဘဲ
ဒုတိယစမ်းသပ်ချက်မှာ တိုက်ရိုက်ကြေညာခဲ့သည်။
ဒါက အတန်ငယ်သံသယဖြစ်ဖွယ်ကောင်းပြီး
နောက်တစ်နှစ်အကြာမှာ ထုံထျန်းနန်းတော်ကပဲ
ကြီးမှူးကျင်းပမယ့် မှော်ဆရာစုဝေးပွဲအပေါ်
တိုက်ရိုက်သက်ရောက်မှုရှိလာသည်။

နောက်တွင် လင်းရှောင်က ၎င်းကိုအသုံးချ၍
ထုံထျန်းနန်းတော်အကြောင်း ကောလဟများ
ဖြန့်ခဲ့သည်– 'ထုံထျန်းနန်းတော်က
မဟုတ်တာတစ်ခုခုလုပ်နေပြီး သက်ရှိလူများကို
စမ်းသပ်ခံကြွက်များအဖြစ်အသုံးချနေသည်၊
ပြိုင်ပွဲများမှာအရည်အချင်းပြည့်မှီ၍
ထုံထျန်းနန်းတော်ကိုဝင်နိုင်ခဲ့သူများအားလုံး
သေသွားလေပြီ၊ ဒါကြောင့်မို့ သူတို့တွေကို
ထပ်မတွေ့ရတော့တာဖြစ်သည်။'

အများစုက မယုံကြသော်လည်း ကောလဟလများ၏
စွမ်းအားဆိုသည်က ပြင်းထန်သည်၊ အထူးသဖြင့်
ရှောင်ယောင်တက္ကသိုလ်နှင့် အဖွဲ့ကြီးနှစ်ခုမှ
လူများအတွက်ပင်။

မှော်ဆရာများစွာအတွက် ရှောင်ယောင်တက္ကသိုလ်ကို
တက်ခြင်း သို့မဟုတ် အဖွဲ့ကြီးနှစ်ခုထဲဝင်ကြခြင်းမှာ
ထုံထျန်းနန်းတော်အပေါ် သူတို့ရဲ့ယုံကြည်မှုကြောင့်
ဖြစ်သည်။ သူတို့ယုံကြည်မှုက စွမ်းအားကြီးသူနှင့်
အတူရှိသည်။

သို့သော်လည်း အကယ်၍တစ်နေ့မှာ
ထုံထျန်းနန်းတော်ကိုဝင်သွားတဲ့လူတွေအကုန်
သတ်ခံလိုက်ရပြီး ထုံထျန်းနန်းတော်ဟာ
ဆိုးယုတ်တဲ့နေရာတစ်ခုလို့ အပြောခံလိုက်ရပါက
လူအများစု ယုံကြည်ချင်ကြတော့မည်မဟုတ်ပေ၊
သူတို့စိတ်ထဲဒွိဟဖြစ်သွားပေလိမ့်မည်။

ထို့နောက်၌ လူအတော်များများက ထိုအကြောင်း
စုံစမ်းခဲ့ကြပြီး ထုံထျန်းနန်းတော်ကိုဝင်သွားတဲ့
လူအများစုကို ထပ်မတွေ့ရတော့ကိုတွေ့ရှိခဲ့ကြကာ
ဤသတင်းက ပျံ့နှံ့သွားပြီး ရှောင်ယောင်
တက္ကသိုလ်မှာ အထိတ်ထိတ်အလန့်လန့်
ဖြစ်စေခဲ့သည်။

ယခုတစ်ကြိမ်မှာ ထိပ်ဆုံးသုံးယောက်အတွင်း
ဝင်ခဲ့သည့်မှော်ဆရာများမှာ ရက်အနည်းငယ်
အတွင်း ထုံထျန်းနန်းတော်သို့ထွက်ခွာရန်
ပြင်ဆင်နေကြတာဖြစ်၏၊ သို့သော် ဤရုတ်တရက်
သတင်းပြီးနောက် သူတို့အားလုံးတွေဝေကုန်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ထုံထျန်းနန်းတော်၏
ဂုဏ်သတင်းကိုကျဆင်းစေရန် လင်းရှောင်၏
ရည်ရွယ်ချက်က အောင်မြင်သွားလေပြီ။
ကိုယ့်အသက်နဲ့ယှဉ်ရင် သစ္စာဆိုတာဘာများ
အဖိုးတန်မှာတဲ့လဲ။ ကျင့်ကြံသူတစ်ယောက်
ပိုသန်မာလေလေ သူတို့အသက်ကို
ပိုတန်ဖိုးထားလေလေဖြစ်သည်၊ သို့ဖြစ်ရာ
ဤအကြောင်းအရာများက တကယ်ဟုတ်သည်
ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့စိတ်ထဲမှာတော့
ထုံထျန်းနန်းတော်အပေါ် သံသယများ
ပေါက်ဖွားလာကြပေလိမ့်မည်။

ဤကိစ္စကိုဆွေးနွေးဖို့ ထုံထျန်းနန်းတော်က
ကိုယ်စားပြုတစ်ဦးလွှတ်လိုက်သည်။

ထုံထျန်းဧကရာဇ်က ထုံထျန်းတိုက်မကြီးပေါ်က
ကျင့်ကြံသူတွေရဲ့သစ္စာရှိမှုအပေါ် မှီခိုနေရသည်
မဟုတ်ပါလား။ ဤဖြစ်ရပ်က လူများ၏
ယုံကြည်မှုကိုရပ်တန့်သွားစေမည်ဆိုလျှင်
ထုံထျန်းဧကရာဇ်အပေါ်  သက်ရောက်မှုကောင်းမည်
မဟုတ်ပေ။

ဒီယုံကြည်မှုက သူတို့အတွက်အတော်လေး
တန်ဖိုးရှိလောက်သည်၊ လူအများ​ရှေ့ပေါ်လာခဲသည့်
ထုံထျန်းနန်းတော်က ဤကိစ္စကို ရှင်းပြရန်
ဆက်သားတစ်ယောက် အထူးတလည်
လွှတ်လိုက်သည်။ စကားတစ်လုံးဖြင့်ဖော်ပြရလျှင်
သူတို့ တော်တော်လေး 'အလေးအနက်ထား'သည်။

သို့သော်လည်း သူတို့ရဲ့ဤအကွက်ကို
လင်းရှောင်က ခန့်မှန်းထားပြီးသားဖြစ်ရာ
ဆက်သား၏ဝိဉာဉ်ကို လူအများရှေ့တွင်
ဆွဲထုတ်၍ အသက်ရှင်လျက်သူ့ဝိဉာဉ်ကို
မီးတောက်ဖြင့် ဖြည်းညင်းစွာရှို့ခဲ့သည်။

ပထမ၌ ဆက်သားသည် ဘယ်လိုဖြစ်ဖြစ် ပါးစပ်ဟဖို့
ငြင်းဆန်လျက်ခေါင်းမာ၏၊ သို့သော် နောက်တွင်
တောင့်မခံနိုင်တော့သောကြောင့်ဖြစ်လောက်သည်၊
ပါးစပ်ဟ၍ဝန်ခံတော့သည်၊ စမ်းသပ်ချက်များမှာ
နေရာရသည့်မှော်ဆရာများအနေဖြင့် ပုံမှန်အားဖြင့်
မည်သို့အကျဉ်းချခံရကြောင်းနှင့် အချို့
သတ်ဖြတ်ခံရကြောင်းများပါ ပါဝင်သည်။ သိုသော်
သူ ပြီးဆုံးအောင်မပြောနိုင်ခင် မည်သည့်နေရာကမှန်း
မသိ အနက်ရောင်အလင်းတစ်ခု ကျဆင်းလာကာ
ဆက်သား၏ဝိဉာဉ်ကိုဖျက်ဆီးပစ်လိုက်သည်။

မူလမှာ ဆက်သား၏စကားများကတင်
ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေလေပြီ။ သူသာ
ထိုသို့နှုတ်ပိတ်မခံလိုက်ရလျှင် သူတို့
ဖိအားပေးခံရတာပါဟု ကိုယ့်ကိုယ့်ကိုယ်
ခုခံလို့ရလောက်သေးသည်၊ သို့ပေမဲ့
ဤတိုက်ခိုက်မှုက ထုံထျန်းနန်းတော်ဟာ
မကောင်းတာတစ်ခုခုကြံစည်နေသည်ဟူသည့်ကိစ္စကို
လက်တွေ့သက်သေပြသွားတော့သည်။

ထို့နောက်ပိုင်း၌ ထုံထျန်းနန်းတော်က မည်မျှပင်
ရှင်းပြရန်ကြိုးစားပါစေ သူတို့ကိုယုံကြည်သူ
နည်းသထက်နည်းလာတော့သည်။

သူတို့ဘာလုပ်ခဲ့တယ်ဆိုတဲ့သတင်းက
ပျံ့နှံ့လာသည်နှင့်အမျှ ထုံထျန်းနန်းတော်ကို
ယုံကြည်မှုများ လျင်မြန်စွာ
ပျောက်ကွယ်သွားကြသည်။ အချို့လူများမှာ
ထုံထျန်းနန်းတော်ကို ဖုံးအုပ်ထားသောမြူခိုးများကို
မြင်ကြရကာ အနီရင့်ရောင်အဆောက်အဦကြီးက
တစ်ခါကကဲ့သို့ မြင့်မြတ်ပုံမရတော့ဘဲ အရိပ်ထဲက
နတ်ဆိုးတစ်ကောင်လို အေးစက်ပြီး
ချောက်ချားဖွယ်ကောင်းလာတော့သည်။

ထို့နောက်တွင် လင်းရှောင်က ကျင့်ကြံသူအဖွဲ့တစ်ခု
စု၍ ထုံထျန်းနန်းတော်ကိုတိုက်ခိုက်ရန် စတင်
အကွက်ချသည်၊ ထိုထဲမှာ ထျန်းကုံ၏
တိုက်ပွဲအရူးများလည်းပါသည်။ ယူရှောင်းမို
အကျဉ်းချခံထားရသောနှစ်အတွင်း လင်းရှောင်သည်
ပြဿနာအရှုပ်ဆုံး ထျန်းကွေ့အပါအဝင်
ထျန်းကုံအဖွဲ့ဝင်များ၏လက်ခံမှုကို ရရှိနိုင်ခဲ့၏။

၎င်းအပြင် ချန်မဟာမိတ်၏ရိုးသားမှုကိုပြသရန်
ဖူချန်ချုံးက သူ့တပည့်အကြီးဆုံးဇော့ယန်အား
လင်း​ရှောင်ကို အကူအညီပေးရန်လွှတ်လိုက်သည်။
သူကိုယ်တိုင်က ယူကျန်ထျန်းကိုစောင့်ကြည့်ထားရန်
လိုအပ်သဖြင့် တောင်ပိုင်းတိုက်မကြီးကနေ
ခွာလို့မရပေ။

နတ်ဆိုးဖီးနစ်မျိုးနွယ်စုကလည်း လူများလွှတ်သည်။
မူလတုန်းက ကျိဟယ့်ဘက်တော်သားများက
ကန့်ကွက်ကြပြီး သူတို့ရဲ့အကြီးအကဲမှူး
ကျိဝမ်သည်လည်း ယူရှောင်းမိုကြောင့်နှင့်
ထုံထျန်းနန်းတော်နှင့်ရန်သူမဖြစ်ချင်ပေ။ သူတို့
ယူရှောင်းမိုအပေါ် အကြွေးတင်နေတယ်ဆိုပေမဲ့
ပေးရမည့်တန်ဖိုးကကြီးမားလွန်းသည်။ သို့သော်
သူက ယူရှောင်းမိုရဲ့ဆက်နွယ်သားရဲပါဟု
ရှောင်ကျိက သူတို့ကိုပြောလာသည့်အခါတွင်
အရာအားလုံးပြောင်းလဲသွားတော့သည်။

အသက်ဆက်နွယ်စာချုပ်ဖြစ်စေ၊ သာမန်စာချုပ်
တစ်ခုဖြစ်စေ စာချုပ်ဆိုသည်မှာဟာသမဟုတ်ပေ။

အသက်ဆက်နွယ်စာချုပ်များက နှစ်ဦးနှစ်ဖက်၏
အသက်များကို အတူတကွချည်နှောင်ထားသည့်
စာချုပ်များဖြစ်သည်။ အခြားတစ်ယောက်မှာ
အလွန်အမင်းသန်မာသည့်စိတ်စွမ်းအားမျိုးမရှိလျှင်
တစ်ယောက်သေပါက အခြားတစ်ယောက်လည်း
သေရမည်ဖြစ်သည်။ ယူရှောင်းမိုအဆင်ပြေသည်ဟု
လင်းရှောင်သေချာနေခြင်းမှာ ဒါကြောင့်လည်းပါ၏။

သာမန်စာချုပ်များအတွက်မူ သခင်သေလျှင်
ဆက်နွယ်သားရဲလည်း လိုက်မသေရပေ၊ သို့ပေမဲ့
သူတို့ခန္ဓာကိုယ်၏အခြေခံများ ဖျက်ဆီးခံရသည်
အထိ ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်သည်။ ကြောင်က
အိတ်ထဲကထွက်နေပြီဆိုမှတော့ ထပ်ဆွေးနွေးနေစရာ
မရှိတော့ပေ။ ကျိဝမ်သည် လင်းရှောင်ကိုကူညီရန်
နတ်ဆိုးဖီးနစ်မျိုးနွယ်စု၏စစ်သူကြီးနှစ်ဦး
စေလွှတ်လိုက်သည်။

နောက်ဆုံးပေမဲ့ အရေးပါရာမှာနည်းနည်းမှ
မလျော့သူကတော့ လိပ်နက်မျိုးနွယ်စုပင်။
လိပ်ကလေးက ယူရှောင်းမိုလက်ချောင်းကိုကိုက်၍
သွေးအဆီအနှစ်တစ်စက် ယူထားသည်၊ သို့သော်
ယူရှောင်းမိုက ဆန္ဒရှိသည့်ပါဝင်သူမဟုတ်သဖြင့်
စာချုပ်က တစ်ဖက်သတ်စာချုပ်ဖြစ်သွားသည်။
၎င်းက လိပ်ကလေးတစ်ခုခုဖြစ်သွားပါက
ယူရှောင်းမိုကဘာမှဖြစ်မည်မဟုတ်ပေ။
ယူရှောင်းမိုတစ်ခုခုဖြစ်ရင်တော့ လိပ်ကလေးက
ခံရမှာဖြစ်သည်။

ဤအမှန်တရားက သူတို့ကိုဒေါသပေါက်ကွဲစေလု
နီးပါးပင်။ လိပ်ကလေးက သူတို့နှင့်သိတာ
တစ်နှစ်တောင်မရှိသေးသူတစ်ယောက်နှင့်
စာချုပ်ချုပ်ခဲ့ပြီး ၎င်းက ညီလည်းမညီမျှသည့်
စာချုပ်ဖြစ်နေသည်။ လိပ်နက်မျိုးနွယ်စုမှာ
ဒီအတိုင်းထားလိုက်လို့မရနိုင်တော့ချေ။

အခြားတစ်ဖက်တွင်မူ၊ နတ်ဆိုးဖီးနစ်မျိုးနွယ်နှင့်
လိပ်နက်မျိုးနွယ်စုတို့က လင်းရှောင်ကိုကူညီသည်ဟု
သိရသော် အခြေအနေကိုသဘောမပေါက်သည့်
နဂါးမျိုးနွယ်စုက သူတို့က ယူရှောင်းမိုရဲ့ပါရမီအပေါ်
လောင်းကြေးထပ်နေသည်ဟုထင်လေသည်။
စဉ်းစားတွေး​တောပြီးနောက် သူတို့လည်း
စွန့်စားဖို့ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင်
ထုံထျန်းနန်းတော်ကိစ္စကိုလည်း သူတို့ အတော်လေး
စိတ်ပူနေကြသည်။

သို့ဖြင့် ချီလင်မျိုးနွယ်စုမှတပါး အခြားရှေးသားရဲ
မျိုးနွယ်သုံးခုက လင်းရှောင်အားထောက်ပံ့ရန်
ဆုံးဖြတ်ကြသည်။

သတင်းထွက်လာသည်နှင့် ထုံထျန်းတိုက်မကြီး
တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။
ယခုအချိန်တွင် အလွန်နည်းပါးသောလူနည်းစုမှတပါး
ကျန်လူအားလုံး လင်း​ရှောင်ကိုယုံနေကြပြီဖြစ်၏။

သို့သော်လည်း နောက်မှာ ဤသတင်းက
ပျံ့နှံ့သွားတော့သည်၊ အကြောင်းမှာ လင်း​ရှောင်က
ထုံထျန်းနန်းတော်ကို အလစ်ဝင်တိုက်ဖို့
စီစဉ်ထားသောကြောင့်ပင်။ နတ်ဘုရားအဆင့်
ခုနစ်ယောက်နှင့် နတ်ဒေဝါအဆင့်ခုနစ်ယောက်တို့မှာ
နှစ်သောင်းချီအတွင်း မမြင်ရသေးသည့်
စွမ်းအားကြီးအဖွဲ့တစ်ခုဖြစ်သည်။

လင်းရှောင်မှာ ထိုကဲ့သို့စွမ်းရည်မျိုးရှိလိမ့်မည်ဟု
ထုံထျန်းနန်းတော်မှာမထင်ထားဘဲ တိုက်ခိုက်မှု
အတွက် တကယ်ကိုမပြင်ထားပေ။
ထုံထျန်းဧကရာဇ်ပင် ပေါ်ထွက်လာခဲ့သည်၊ သို့ပေမဲ့
လင်းရှောင်က သူ့ကိုအချိန်ဆွဲထားနိုင်လေသည်။

ဤနှစ်တွင် ပြောင်းလဲမှုအကြီးဆုံးကြုံတွေ့ခဲ့သူမှာ
လင်းရှောင်ပဲဖြစ်သည်။

သူ့ကျင့်ကြံဆင့်က ကြယ်ငါးပွင့်မှခြောက်ပွင့်သို့
တက်သွားခဲ့ကာ ကြယ်ခုနစ်ပွင့်နှင့်တစ်ပွင့်သာ
ကွာတော့သည်။ ဘာဖြစ်သွားတာလဲ
ယူကျွင်းချီတောင်မှမသိပေ။ လွန်ခဲ့သောသုံးလက
လင်းရှောင်တစ်ယောက် ရုတ်တရက်တံခါးပိတ်
ကျင့်ကြံသွားတာပဲ သူသိသည်။

ပြီးနောက် နှစ်လအကြာမှာ သူပြန်လာတော့
အဖြူရောင်ဝတ်ရုံက သွေးထဲစိမ်ထားသလိုဖြစ်နေပြီး
သူ့စိတ်များလဲပြိုတော့မည့်သဖွယ်
ထုတ်လွှတ်နေသောအရှိန်အဝါက ကြောက်မက်ဖွယ်
ကောင်းလှသည်။ သူ့မျက်လုံးတွေက အေးစက်၍
ထက်ရှနေခဲ့သည်၊ သူ့ကိုကြည့်ရသည်မှာ
လုံးဝမတူတော့သည့်လူတစ်ယောက်
ဖြစ်လာသည်ဟုပင် ထင်ရလေသည်။
_________________________

Zawgyi
အပိုင္း ၆၃၅- ထံုထ်န္းနန္းေတာ္၊
ဂုဏ္သိကၡာက်ဆင္းရျခင္း

ၿပီးခဲ့သၫ့္ႏွစ္အတြင္း လင္းေရွာင္ႏွင့္ယူကၽြင္းခ်ီတို႔က
ထံုထ်န္းနန္းေတာ္အား မၾကာခဏဆိုသလို
တိုက္ခိုက္တတ္ၾကသည္။ အမွန္တြင္ ဒဏ္ရာရသူ
အေရအတြက္မွာ ဆယ္ဂဏန္းအတြင္းသာရိွၿပီး
ထံုထ်န္းဧကရာဇ္က ထိုသူအားလံုးေသၿပီဟု
ယူေရွာင္းမိုကိုေျပာခဲ့သည္။ ဒါက ထံုထ်န္းနန္းေတာ္
အတြက္ ေသးငယ္သၫ့္ဆံုးရႈံးမႈမဟုတ္ေပ။

သို႔ေသာ္ျငား လင္းေရွာင္သည္ ထံုထ်န္းနန္းေတာ္ကို
ျပႆနာရွာရန္အတြက္သာ ထိုသို႔လုပ္ခဲ့ျခင္း
မဟုတ္ေပ။ တစ္ခါသြားတိုက္တိုင္း စိတ္ထဲမွာ
ရည္ရြယ္ခ်က္တစ္ခုႏွင့္ျဖစ္သည္၊ ၄မွာ
ထံုထ်န္းနန္းေတာ္၏တည္ေဆာက္ပံုကို
နားလည္ရန္ျဖစ္၏။

ထံုထ်န္းဧကရာဇ္က အခ်ိန္ဘယ္ေလာက္မွ
မရိွေသးခင္မွာ ၄ကိုေတြ့ရိွသြားခဲ့သည္၊ သို႔ေပမဲ့
အေစာင့္အၾကပ္မ်ား ပိုတိုးလ်ွင္ေတာင္မွ
လင္းေရွာင္၏ေျခရာမ်ားကို ရပ္တန႔္ႏိုင္ျခင္းမရိွခဲ့ေခ်။
ဒဏ္ရာရသူအေရအတြက္က အဆေပါင္းမ်ားစြာ
ထိုးတက္လာခဲ့သည္။

ထံုထ်န္းနန္းေတာ္တည္ေဆာက္ပံုအက်ဉ္းခ်ဳပ္ကို
ရရိွၿပီးသၫ့္ ယခုအခ်ိန္မွသာ ယေန့ကဲ့သို႔
သူျပဳမူရဲတာျဖစ္သည္။

ထံုထ်န္းနန္းေတာ္က အျခားအင္အားစုႀကီးမ်ားႏွင့္
လြန္စြာကဲြျပားသည္။ အဆင့္လြန္နတ္ဘုရားအဆင့္
ျဖစ္သၫ့္ ထံုထ်န္းဧကရာဇ္အျပင္ သူ႔ေအာက္၌
နတ္ဘုရားအဆင့္က်င့္ႀကံသူမ်ားစြာ ထပ္ရိွေသးၿပီး
နတ္ေဒဝါအဆင့္ဆိုပိုလို႔ေတာင္မ်ားေသးသည္။
သူတို႔၏စုစုေပါင္းအင္အားကို ထၫ့္တြက္ပါက
ေသြးေစြးနီမိသားစုကဲ့သို႔ေသာ မိသားစုႀကီး
တစ္ခုပင္လ်ွင္ သူတို႔ကိုဆန႔္က်င္ဝံ့မွာမဟုတ္ေပ။

သို႔ေပမဲ့ ဘယ္သူကမွမလုပ္ရဲဘူးလို႔မဆိုလိုေပ။

ယူေရွာင္းမို ထံုထ်န္းနန္းေတာ္ထဲမွာပိတ္ထားခံရတာ
တစ္ႏွစ္ရိွခဲ့ၿပီျဖစ္သည္။ ဤတစ္ႏွစ္အတြင္း
ထံုထ်န္းတိုက္မႀကီးမွာ ကိစၥေပါင္းမ်ားစြာ
ျဖစ္ပ်က္ခဲ့၏။

ပင့္ကူနက္အဖဲြ႔က လ်င္ျမန္စြာႀကီးထြားလာခဲ့သည္။
ယခင္ကလည္း သူတို႔ကိုသိသူမ်ားစြာရိွခဲ့တယ္
ဆိုေပမဲ့ ယခုတြင္ သူတို႔က ေန့ခင္းေၾကာင္ေတာင္၌ပင္
တရားမဝင္ေမွာင္ခိုစီးပြားေရးအားလံုး လုပ္လာၾက
သည္။ ဤသို႔ျဖစ္ရျခင္းမွာ ပင့္ကူနက္၏ေခါင္းေဆာင္
ေပၚထြက္လာခဲ့တာေၾကာင့္ပင္ ၊ ေနာက္ၿပီး သူက
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ေယာက္လည္း
ျဖစ္သည္။ သူတို႔က ထံုထ်န္းနန္းေတာ္ပါဝင္သၫ့္
ထံုထ်န္းတိုက္မႀကီးရိွ အင္အားစုႀကီး၁၄ခုထဲက
တစ္ခုအျဖစ္သို႔ ရုတ္တရက္ေျပာင္းလဲသြားသည္။

သို႔ေသာ္ ပင့္ကူနက္ေခါင္းေဆာင္က မည္သူမွန္း
ဘယ္သူမွမသိၾကရေပ။

ဒါက ရွီက်င္းမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ေစခဲ့
သည္၊ ဘာေၾကာင့္ဆို ပင့္ကူနက္အဖဲြ႔ရဲ့
အေျခစိုက္ရာက ရွီက်င္းမွာျဖစ္ေပမဲ့ ေရွးသားရဲ
မ်ိဳးႏြယ္ႀကီးေလးခုလံုး ဒီအေၾကာင္း လံုးဝ
မၾကားဖူးထားတာေၾကာင့္ပင္။ သူတို႔ထိတ္လန႔္
တုန္လႈပ္မႈကို ေတြးၾကၫ့္လို႔ရသည္။

ၿပီးလ်ွင္ ေတာင္ပိုင္းတိုက္မႀကီး၌ ဖူခ်န္ခ်ဳံး၏
တပၫ့္အႀကီးဆံုးေဇာ့ယန္သည္ ၾကယ္တစ္ပြင့္
နတ္ဘုရားအဆင့္က်င့္ႀကံသူအျဖစ္ ေအာင္ျမင္စြာ
တက္လွမ္းသြားခဲ့၏။ ထိုမွစ ခ်န္မဟာမိတ္တြင္
နတ္ဘုရားအဆင့္က်င့္ႀကံသူႏွစ္ေယာက္ျဖစ္သြားၿပီး
တိုက္ပဲြမ်ားစြာတြင္ ရႈံးနိမ့္သြားခဲ့ၾကေသာ
ေသြးေစြးနီမိသားစုအတြက္ ႀကီးမားေသာ
ထိုးႏွက္ခ်က္တစ္ခုျဖစ္သြားေတာ့သည္။

ေကာလာဟလမ်ားအရ တိုက္ပဲြေျမျပင္၌
အင္အားမ်ွေစရန္ရည္ရြယ္ခ်က္ျဖင့္
ယူက်န္ထ်န္းက သူ႔မိသားစုအတြင္းက
က်င့္ႀကံသူမ်ားကိုလည္း အဆင့္တက္ၾကဖို႔
စီစဉ္ခဲ့သည္ဟုဆိုသည္။ သို႔ေသာ္လည္း
ေလာတာကအလကားပဲဆိုသလို စိတ္မရွည္မႈ
မ်ားေလေလ က်ရႈံးဖို႔ပိုမ်ားေလေလပင္။ ထို႔အျပင္
နတ္ဘုရားအဆင့္တက္လွမ္းရန္ ထိုမ်ွလြယ္ကူေနပါက
ၾကယ္ခုနစ္ပြင့္နတ္ေဒဝါအဆင့္တြင္ တစ္ေနသူ
မ်ားစြာရိွေနမည္မဟုတ္ေပ။ သို႔ျဖစ္ရာ သူတို႔ထံမွ
သတင္းေကာင္းဟူ၍ ယခုထိမရိွေသးေပ။

ေနာက္ဆံုးကေတာ့ က်ဳံထ်န္းပင္၊ က်ဳံထ်န္းတြင္
ျဖစ္ပ်က္ခဲ့သၫ့္ အႀကီးမားဆံုးကိႁစၥကီးက
ယူေရွာင္းမို၏အေျခအေနႏွင့္ပတ္သက္ေနသည္။

ယခင္က ထံုထ်န္းနန္းေတာ္သည္
စည္းမေက်ာ္ခဲ့ဖူးေပ။ စမ္းသပ္ခ်က္ေတြက
အႏၲရာယ္မ်ားလြန္းရင္ ဘယ္သူကဝင္မွာလဲေလ
ဟုတ္တယ္မလား။

သူတို႔က ရလဒ္ေကာင္းေကာင္းရၿပီး
နာမည္ႀကီးခ်င္တာပဲရိွသည္၊ သူတို႔အသက္ကို
မစြန႔္စားခ်င္ေပ။ မဟုတ္ပါက
ထံုထ်န္းနန္းေတာ္လည္း သူတို႔ယံုၾကည္သူမ်ားကို
တာ့တာျပလိုက္ဖို႔သာရိွေတာ့သည္။

သို႔ျဖစ္ရာ ထံုထ်န္းနန္းေတာ္သည္ လူမ်ားအား
ရဲရဲတင္းတင္းမဖမ္းရဲခဲ့ေပ။ မ်ားေသာအားျဖင့္
သူတို႔တကယ့္ရည္ရြယ္ခ်က္ကိုဖံုးကြယ္ဖို႔
ပဲြအမ်ိဳးမ်ိဳးကိုအသံုးခ်ၾကသည္။

သို႔ေသာ္ျငား အေၾကာင္းတစ္ခုခုေၾကာင့္ သူတို႔က
ယူေရွာင္းမိုႏွင့္အျခားေမွာ္ဆရာမ်ား ေသဆံုးမႈကို
အေလာင္းတစ္ခု ေပးေတာင္မေပးဘဲ
ဒုတိယစမ္းသပ္ခ်က္မွာ တိုက္ရိုက္ေၾကညာခဲ့သည္။
ဒါက အတန္ငယ္သံသယျဖစ္ဖြယ္ေကာင္းၿပီး
ေနာက္တစ္ႏွစ္အၾကာမွာ ထံုထ်န္းနန္းေတာ္ကပဲ
ႀကီးမွဴးက်င္းပမယ့္ ေမွာ္ဆရာစုေဝးပဲြအေပၚ
တိုက္ရိုက္သက္ေရာက္မႈရိွလာသည္။

ေနာက္တြင္ လင္းေရွာင္က ၄ကိုအသံုးခ်၍
ထံုထ်န္းနန္းေတာ္အေၾကာင္း ေကာလဟမ်ား
ျဖန႔္ခဲ့သည္– 'ထံုထ်န္းနန္းေတာ္က
မဟုတ္တာတစ္ခုခုလုပ္ေနၿပီး သက္ရိွလူမ်ားကို
စမ္းသပ္ခံႂကြက္မ်ားအျဖစ္အသံုးခ်ေနသည္၊
ၿပိဳင္ပဲြမ်ားမွာအရည္အခ်င္းျပၫ့္မွီ၍
ထံုထ်န္းနန္းေတာ္ကိုဝင္ႏိုင္ခဲ့သူမ်ားအားလံုး
ေသသြားေလၿပီ၊ ဒါေၾကာင့္မို႔ သူတို႔ေတြကို
ထပ္မေတြ့ရေတာ့တာျဖစ္သည္။'

အမ်ားစုက မယံုၾကေသာ္လည္း ေကာလဟလမ်ား၏
စြမ္းအားဆိုသည္က ျပင္းထန္သည္၊ အထူးသျဖင့္
ေရွာင္ေယာင္တကၠသိုလ္ႏွင့္ အဖဲြ႔ႀကီးႏွစ္ခုမွ
လူမ်ားအတြက္ပင္။

ေမွာ္ဆရာမ်ားစြာအတြက္ ေရွာင္ေယာင္တကၠသိုလ္ကို
တက္ျခင္း သို႔မဟုတ္ အဖဲြ႔ႀကီးႏွစ္ခုထဲဝင္ၾကျခင္းမွာ
ထံုထ်န္းနန္းေတာ္အေပၚ သူတို႔ရဲ့ယံုၾကည္မႈေၾကာင့္
ျဖစ္သည္။ သူတို႔ယံုၾကည္မႈက စြမ္းအားႀကီးသူႏွင့္
အတူရိွသည္။

သို႔ေသာ္လည္း အကယ္၍တစ္ေန့မွာ
ထံုထ်န္းနန္းေတာ္ကိုဝင္သြားတဲ့လူေတြအကုန္
သတ္ခံလိုက္ရၿပီး ထံုထ်န္းနန္းေတာ္ဟာ
ဆိုးယုတ္တဲ့ေနရာတစ္ခုလို႔ အေျပာခံလိုက္ရပါက
လူအမ်ားစု ယံုၾကည္ခ်င္ၾကေတာ့မည္မဟုတ္ေပ၊
သူတို႔စိတ္ထဲဒြိဟျဖစ္သြားေပလိမ့္မည္။

ထို႔ေနာက္၌ လူအေတာ္မ်ားမ်ားက ထိုအေၾကာင္း
စံုစမ္းခဲ့ၾကၿပီး ထံုထ်န္းနန္းေတာ္ကိုဝင္သြားတဲ့
လူအမ်ားစုကို ထပ္မေတြ့ရေတာ့ကိုေတြ့ရိွခဲ့ၾကကာ
ဤသတင္းက ပ်ံ႔ႏွံ႔သြားၿပီး ေရွာင္ေယာင္
တကၠသိုလ္မွာ အထိတ္ထိတ္အလန႔္လန႔္
ျဖစ္ေစခဲ့သည္။

ယခုတစ္ႀကိမ္မွာ ထိပ္ဆံုးသံုးေယာက္အတြင္း
ဝင္ခဲ့သၫ့္ေမွာ္ဆရာမ်ားမွာ ရက္အနည္းငယ္
အတြင္း ထံုထ်န္းနန္းေတာ္သို႔ထြက္ခြာရန္
ျပင္ဆင္ေနၾကတာျဖစ္၏၊ သို႔ေသာ္ ဤရုတ္တရက္
သတင္းၿပီးေနာက္ သူတို႔အားလံုးေတြေဝကုန္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ထံုထ်န္းနန္းေတာ္၏
ဂုဏ္သတင္းကိုက်ဆင္းေစရန္ လင္းေရွာင္၏
ရည္ရြယ္ခ်က္က ေအာင္ျမင္သြားေလၿပီ။
ကိုယ့္အသက္နဲ႔ယွဉ္ရင္ သစၥာဆိုတာဘာမ်ား
အဖိုးတန္မွာတဲ့လဲ။ က်င့္ႀကံသူတစ္ေယာက္
ပိုသန္မာေလေလ သူတို႔အသက္ကို
ပိုတန္ဖိုးထားေလေလျဖစ္သည္၊ သို႔ျဖစ္ရာ
ဤအေၾကာင္းအရာမ်ားက တကယ္ဟုတ္သည္
ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ သူတို႔စိတ္ထဲမွာေတာ့
ထံုထ်န္းနန္းေတာ္အေပၚ သံသယမ်ား
ေပါက္ဖြားလာၾကေပလိမ့္မည္။

ဤကိစၥကိုေဆြးေနြးဖို႔ ထံုထ်န္းနန္းေတာ္က
ကိုယ္စားျပဳတစ္ဦးလႊတ္လိုက္သည္။

ထံုထ်န္းဧကရာဇ္က ထံုထ်န္းတိုက္မႀကီးေပၚက
က်င့္ႀကံသူေတြရဲ့သစၥာရိွမႈအေပၚ မွီခိုေနရသည္
မဟုတ္ပါလား။ ဤျဖစ္ရပ္က လူမ်ား၏
ယံုၾကည္မႈကိုရပ္တန႔္သြားေစမည္ဆိုလ်ွင္
ထံုထ်န္းဧကရာဇ္အေပၚ  သက္ေရာက္မႈေကာင္းမည္
မဟုတ္ေပ။

ဒီယံုၾကည္မႈက သူတို႔အတြက္အေတာ္ေလး
တန္ဖိုးရိွေလာက္သည္၊ လူအမ်ား​ေရ႔ွေပၚလာခဲသၫ့္
ထံုထ်န္းနန္းေတာ္က ဤကိစၥကို ရွင္းျပရန္
ဆက္သားတစ္ေယာက္ အထူးတလည္
လႊတ္လိုက္သည္။ စကားတစ္လံုးျဖင့္ေဖာ္ျပရလ်ွင္
သူတို႔ ေတာ္ေတာ္ေလး 'အေလးအနက္ထား'သည္။

သို႔ေသာ္လည္း သူတို႔ရဲ့ဤအကြက္ကို
လင္းေရွာင္က ခန႔္မွန္းထားၿပီးသားျဖစ္ရာ
ဆက္သား၏ဝိဉာဉ္ကို လူအမ်ားေရ႔ွတြင္
ဆဲြထုတ္၍ အသက္ရွင္လ်က္သူ႔ဝိဉာဉ္ကို
မီးေတာက္ျဖင့္ ျဖည္းညင္းစြာရိႈ႔ခဲ့သည္။

ပထမ၌ ဆက္သားသည္ ဘယ္လိုျဖစ္ျဖစ္ ပါးစပ္ဟဖို႔
ျငင္းဆန္လ်က္ေခါင္းမာ၏၊ သို႔ေသာ္ ေနာက္တြင္
ေတာင့္မခံႏိုင္ေတာ့ေသာေၾကာင့္ျဖစ္ေလာက္သည္၊
ပါးစပ္ဟ၍ဝန္ခံေတာ့သည္၊ စမ္းသပ္ခ်က္မ်ားမွာ
ေနရာရသၫ့္ေမွာ္ဆရာမ်ားအေနျဖင့္ ပံုမွန္အားျဖင့္
မည္သို႔အက်ဉ္းခ်ခံရေၾကာင္းႏွင့္ အခ်ိဳ႕
သတ္ျဖတ္ခံရေၾကာင္းမ်ားပါ ပါဝင္သည္။ သိုေသာ္
သူ ၿပီးဆံုးေအာင္မေျပာႏိုင္ခင္ မည္သၫ့္ေနရာကမွန္း
မသိ အနက္ေရာင္အလင္းတစ္ခု က်ဆင္းလာကာ
ဆက္သား၏ဝိဉာဉ္ကိုဖ်က္ဆီးပစ္လိုက္သည္။

မူလမွာ ဆက္သား၏စကားမ်ားကတင္
ထိတ္လန႔္တုန္လႈပ္ဖြယ္ေကာင္းေနေလၿပီ။ သူသာ
ထိုသို႔ႏႈတ္ပိတ္မခံလိုက္ရလ်ွင္ သူတို႔
ဖိအားေပးခံရတာပါဟု ကိုယ့္ကိုယ့္ကိုယ္
ခုခံလို႔ရေလာက္ေသးသည္၊ သို႔ေပမဲ့
ဤတိုက္ခိုက္မႈက ထံုထ်န္းနန္းေတာ္ဟာ
မေကာင္းတာတစ္ခုခုႀကံစည္ေနသည္ဟူသၫ့္ကိစၥကို
လက္ေတြ့သက္ေသျပသြားေတာ့သည္။

ထို႔ေနာက္ပိုင္း၌ ထံုထ်န္းနန္းေတာ္က မည္မ်ွပင္
ရွင္းျပရန္ႀကိဳးစားပါေစ သူတို႔ကိုယံုၾကည္သူ
နည္းသထက္နည္းလာေတာ့သည္။

သူတို႔ဘာလုပ္ခဲ့တယ္ဆိုတဲ့သတင္းက
ပ်ံ႔ႏွံ႔လာသည္ႏွင့္အမ်ွ ထံုထ်န္းနန္းေတာ္ကို
ယံုၾကည္မႈမ်ား လ်င္ျမန္စြာ
ေပ်ာက္ကြယ္သြားၾကသည္။ အခ်ိဳ႕လူမ်ားမွာ
ထံုထ်န္းနန္းေတာ္ကို ဖံုးအုပ္ထားေသာျမဴခိုးမ်ားကို
ျမင္ၾကရကာ အနီရင့္ေရာင္အေဆာက္အဦႀကီးက
တစ္ခါကကဲ့သို႔ ျမင့္ျမတ္ပံုမရေတာ့ဘဲ အရိပ္ထဲက
နတ္ဆိုးတစ္ေကာင္လို ေအးစက္ၿပီး
ေခ်ာက္ခ်ားဖြယ္ေကာင္းလာေတာ့သည္။

ထို႔ေနာက္တြင္ လင္းေရွာင္က က်င့္ႀကံသူအဖဲြ႔တစ္ခု
စု၍ ထံုထ်န္းနန္းေတာ္ကိုတိုက္ခိုက္ရန္ စတင္
အကြက္ခ်သည္၊ ထိုထဲမွာ ထ်န္းကံု၏
တိုက္ပဲြအရူးမ်ားလည္းပါသည္။ ယူေရွာင္းမို
အက်ဉ္းခ်ခံထားရေသာႏွစ္အတြင္း လင္းေရွာင္သည္
ျပႆနာအရႈပ္ဆံုး ထ်န္းေကြ့အပါအဝင္
ထ်န္းကံုအဖဲြ႔ဝင္မ်ား၏လက္ခံမႈကို ရရိွႏိုင္ခဲ့၏။

၄အျပင္ ခ်န္မဟာမိတ္၏ရိုးသားမႈကိုျပသရန္
ဖူခ်န္ခ်ဳံးက သူ႔တပၫ့္အႀကီးဆံုးေဇာ့ယန္အား
လင္း​ေရွာင္ကို အကူအညီေပးရန္လႊတ္လိုက္သည္။
သူကိုယ္တိုင္က ယူက်န္ထ်န္းကိုေစာင့္ၾကၫ့္ထားရန္
လိုအပ္သျဖင့္ ေတာင္ပိုင္းတိုက္မႀကီးကေန
ခြာလို႔မရေပ။

နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကလည္း လူမ်ားလႊတ္သည္။
မူလတုန္းက က်ိဟယ့္ဘက္ေတာ္သားမ်ားက
ကန႔္ကြက္ၾကၿပီး သူတို႔ရဲ့အႀကီးအကဲမွဴး
က်ိဝမ္သည္လည္း ယူေရွာင္းမိုေၾကာင့္ႏွင့္
ထံုထ်န္းနန္းေတာ္ႏွင့္ရန္သူမျဖစ္ခ်င္ေပ။ သူတို႔
ယူေရွာင္းမိုအေပၚ အႂကြေးတင္ေနတယ္ဆိုေပမဲ့
ေပးရမၫ့္တန္ဖိုးကႀကီးမားလြန္းသည္။ သို႔ေသာ္
သူက ယူေရွာင္းမိုရဲ့ဆက္ႏြယ္သားရဲပါဟု
ေရွာင္က်ိက သူတို႔ကိုေျပာလာသၫ့္အခါတြင္
အရာအားလံုးေျပာင္းလဲသြားေတာ့သည္။

အသက္ဆက္ႏြယ္စာခ်ဳပ္ျဖစ္ေစ၊ သာမန္စာခ်ဳပ္
တစ္ခုျဖစ္ေစ စာခ်ဳပ္ဆိုသည္မွာဟာသမဟုတ္ေပ။

အသက္ဆက္ႏြယ္စာခ်ဳပ္မ်ားက ႏွစ္ဦးႏွစ္ဖက္၏
အသက္မ်ားကို အတူတကြခ်ည္ေနွာင္ထားသၫ့္
စာခ်ဳပ္မ်ားျဖစ္သည္။ အျခားတစ္ေယာက္မွာ
အလြန္အမင္းသန္မာသည့္စိတ္စြမ္းအားမ်ိဳးမရိွလ်ွင္
တစ္ေယာက္ေသပါက အျခားတစ္ေယာက္လည္း
ေသရမည္ျဖစ္သည္။ ယူေရွာင္းမိုအဆင္ေျပသည္ဟု
လင္းေရွာင္ေသခ်ာေနျခင္းမွာ ဒါေၾကာင့္လည္းပါ၏။

သာမန္စာခ်ဳပ္မ်ားအတြက္မူ သခင္ေသလ်ွင္
ဆက္ႏြယ္သားရဲလည္း လိုက္မေသရေပ၊ သို႔ေပမဲ့
သူတို႔ခႏၶာကိုယ္၏အေျခခံမ်ား ဖ်က္ဆီးခံရသည္
အထိ ပ်က္စီးဆံုးရႈံးမႈႀကီးမားႏိုင္သည္။ ေၾကာင္က
အိတ္ထဲကထြက္ေနၿပီဆိုမွေတာ့ ထပ္ေဆြးေနြးေနစရာ
မရိွေတာ့ေပ။ က်ိဝမ္သည္ လင္းေရွာင္ကိုကူညီရန္
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စု၏စစ္သူႀကီးႏွစ္ဦး
ေစလႊတ္လိုက္သည္။

ေနာက္ဆံုးေပမဲ့ အေရးပါရာမွာနည္းနည္းမွ
မေလ်ာ့သူကေတာ့ လိပ္နက္မ်ိဳးႏြယ္စုပင္။
လိပ္ကေလးက ယူေရွာင္းမိုလက္ေခ်ာင္းကိုကိုက္၍
ေသြးအဆီအႏွစ္တစ္စက္ ယူထားသည္၊ သို႔ေသာ္
ယူေရွာင္းမိုက ဆႏၵရိွသၫ့္ပါဝင္သူမဟုတ္သျဖင့္
စာခ်ဳပ္က တစ္ဖက္သတ္စာခ်ဳပ္ျဖစ္သြားသည္။
၄က လိပ္ကေလးတစ္ခုခုျဖစ္သြားပါက
ယူေရွာင္းမိုကဘာမျွဖစ္မည္မဟုတ္ေပ။
ယူေရွာင္းမိုတစ္ခုခုျဖစ္ရင္ေတာ့ လိပ္ကေလးက
ခံရမွာျဖစ္သည္။

ဤအမွန္တရားက သူတို႔ကိုေဒါသေပါက္ကဲြေစလု
နီးပါးပင္။ လိပ္ကေလးက သူတို႔ႏွင့္သိတာ
တစ္ႏွစ္ေတာင္မရိွေသးသူတစ္ေယာက္ႏွင့္
စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး ၄က ညီလည္းမညီမ်ွသၫ့္
စာခ်ဳပ္ျဖစ္ေနသည္။ လိပ္နက္မ်ိဳးႏြယ္စုမွာ
ဒီအတိုင္းထားလိုက္လို႔မရႏိုင္ေတာ့ေခ်။

အျခားတစ္ဖက္တြင္မူ၊ နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ႏွင့္
လိပ္နက္မ်ိဳးႏြယ္စုတို႔က လင္းေရွာင္ကိုကူညီသည္ဟု
သိရေသာ္ အေျခအေနကိုသေဘာမေပါက္သၫ့္
နဂါးမ်ိဳးႏြယ္စုက သူတို႔က ယူေရွာင္းမိုရဲ့ပါရမီအေပၚ
ေလာင္းေၾကးထပ္ေနသည္ဟုထင္ေလသည္။
စဉ္းစားေတြး​ေတာၿပီးေနာက္ သူတို႔လည္း
စြန႔္စားဖို႔ဆံုးျဖတ္လိုက္ၾကသည္။ ထို႔အျပင္
ထံုထ်န္းနန္းေတာ္ကိစၥကိုလည္း သူတို႔ အေတာ္ေလး
စိတ္ပူေနၾကသည္။

သို႔ျဖင့္ ခ်ီလင္မ်ိဳးႏြယ္စုမွတပါး အျခားေရွးသားရဲ
မ်ိဳးႏြယ္သံုးခုက လင္းေရွာင္အားေထာက္ပံ့ရန္
ဆံုးျဖတ္ၾကသည္။

သတင္းထြက္လာသည္ႏွင့္ ထံုထ်န္းတိုက္မႀကီး
တစ္ခုလံုး အုတ္ေအာ္ေသာင္းတင္းျဖစ္သြားသည္။
ယခုအခ်ိန္တြင္ အလြန္နည္းပါးေသာလူနည္းစုမွတပါး
က်န္လူအားလံုး လင္း​ေရွာင္ကိုယံုေနၾကၿပီျဖစ္၏။

သို႔ေသာ္လည္း ေနာက္မွာ ဤသတင္းက
ပ်ံ႔ႏွံ႔သြားေတာ့သည္၊ အေၾကာင္းမွာ လင္း​ေရွာင္က
ထံုထ်န္းနန္းေတာ္ကို အလစ္ဝင္တိုက္ဖို႔
စီစဉ္ထားေသာေၾကာင့္ပင္။ နတ္ဘုရားအဆင့္
ခုနစ္ေယာက္ႏွင့္ နတ္ေဒဝါအဆင့္ခုနစ္ေယာက္တို႔မွာ
ႏွစ္ေသာင္းခ်ီအတြင္း မျမင္ရေသးသၫ့္
စြမ္းအားႀကီးအဖဲြ႔တစ္ခုျဖစ္သည္။

လင္းေရွာင္မွာ ထိုကဲ့သို႔စြမ္းရည္မ်ိဳးရိွလိမ့္မည္ဟု
ထံုထ်န္းနန္းေတာ္မွာမထင္ထားဘဲ တိုက္ခိုက္မႈ
အတြက္ တကယ္ကိုမျပင္ထားေပ။
ထံုထ်န္းဧကရာဇ္ပင္ ေပၚထြက္လာခဲ့သည္၊ သို႔ေပမဲ့
လင္းေရွာင္က သူ႔ကိုအခ်ိန္ဆဲြထားႏိုင္ေလသည္။

ဤႏွစ္တြင္ ေျပာင္းလဲမႈအႀကီးဆံုးႄကံုေတြ့ခဲ့သူမွာ
လင္းေရွာင္ပဲျဖစ္သည္။

သူ႔က်င့္ႀကံဆင့္က ၾကယ္ငါးပြင့္မွေျခာက္ပြင့္သို႔
တက္သြားခဲ့ကာ ၾကယ္ခုနစ္ပြင့္ႏွင့္တစ္ပြင့္သာ
ကြာေတာ့သည္။ ဘာျဖစ္သြားတာလဲ
ယူကၽြင္းခ်ီေတာင္မွမသိေပ။ လြန္ခဲ့ေသာသံုးလက
လင္းေရွာင္တစ္ေယာက္ ရုတ္တရက္တံခါးပိတ္
က်င့္ႀကံသြားတာပဲ သူသိသည္။

ၿပီးေနာက္ ႏွစ္လအၾကာမွာ သူျပန္လာေတာ့
အျဖဴေရာင္ဝတ္ရံုက ေသြးထဲစိမ္ထားသလိုျဖစ္ေနၿပီး
သူ႔စိတ္မ်ားလဲၿပိဳေတာ့မၫ့္သဖြယ္
ထုတ္လႊတ္ေနေသာအရိွန္အဝါက ေၾကာက္မက္ဖြယ္
ေကာင္းလွသည္။ သူ႔မ်က္လံုးေတြက ေအးစက္၍ထက္ရွေနခဲ့သည္၊ သူ႔ကိုၾကၫ့္ရသည္မွာ လံုးဝမတူေတာ့သၫ့္
လူတစ္ေယာက္ျဖစ္လာသည္ဟုပင္ ထင္ရေလသည္။
_________________________

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
371K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
409K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...