သူမစဉ်းစားရင်းနဲ့အိပ်ပျော်သွားတယ်။ပြီးတော့သူမဖုန်းသံမြည်လာတော့ပြန်နိုးလာခဲ့တယ်။
သူမလဲအိပ်ချင်မူးတူးနဲ့ဖုန်းကိုယူပြီးကြည့်လိုက်တော့ စုန့်ထင်ယွီဖုန်းနံပါတ်ဖြစ်နေတယ်။
သူမအံ့ဩသွားပြီးအိပ်ချင်စိတ်တွေတောင်ပျောက်သွားတယ်။ပြီးတော့သူမဖုန်းကိုပြန်ဖြေလိုက်တယ်: 'စုန့်ထင်ယွီ...'
'စုရန် ကျွန်တော်ပါ' ဖုန်းဆက်တဲ့လူကစုန့်ထင်ယွီမဟုတ်ဘဲတခြားနူးညံ့တဲ့အသံဖြစ်နေတယ်။စုရန်စဉ်းစားကြည့်လိုက်ပြီး ဘယ်သူလဲဆိုတာကိုသိသွားတယ်: 'လုကျန့်လား?'
'ဟုတ်ပါတယ်။မင်းအခုအားလား?စုန့်ထင်ယွီကိုလာခေါ်ပါဦး'
စုရန်မတ်တပ်ရပ်လိုက်ပြီး: 'သူဘာဖြစ်လို့လဲ?'
'သူမူးနေပြီ။ကျွန်တော်တို့ကအခုစုဟန်ဘားမှာပါ။ကျွန်တော့်ဇနီးကနေလို့မကောင်းလို့ပြန်လာဖို့ခေါ်နေလို့။အဲ့ဒါကြောင့်ကျွန်တော်မင်းကိုလာခေါ်ခိုင်းရတာပါ။မင်းအချိန်မရှိရင်လဲထန်ဇီချူကိုဖုန်းဆက်လိုက်မယ်လေ..' လုကျန့်အသံကအလျှင်လိုနေတဲ့အသံဖြစ်နေတယ်။
'ကျွန်မလာလိုက်မယ်။လိပ်စာကိုကျွန်မဖုန်းကိုပို့ထားပေးလိုက်လေ'
စုရန်ပြောပြီးတာနဲ့ဖုန်းချလိုက်တယ်။သူမအင်္ကျီလဲလိုက်ပြီး ကုတ်ကိုထပ်ဝတ်လိုက်ပြီး ဖိနပ်စီးလိုက်တယ်။သူမကားသော့ယူပြီး အပြင်ကိုထွက်လာလိုက်တယ်။
သူမတစ်ခါမှစုဟန်ဘားကိုမသွားဖူးပေမယ့် လုကျန့်လိပ်စာပို့လိုက်လို့တော်သေးတယ်။သူမလိပ်စာအတိုင်းရှာလိုက်တာတွေ့သွားတယ်။လုကျန့်ကလဲသူမလမ်းမှားမှာစိုးပြီးစားပွဲထိုးကိုအရှေ့မှာစောင့်ခိုင်းထားတယ်။သူမအထဲဝင်လာတော့ စားပွဲထိုးသူမဆီကိုလာပြီးမေးလိုက်တယ်: 'စုန့်ကတော်လားမသိဘူး?'
စုရန်ခေါင်းညိတ်ပြလိုက်တယ်။
'ဥက္ကဌစုန့်ကဟိုမှာပါ။ကျွန်တော်နဲ့လိုက်ခဲ့ပါ'
စုရန်လဲစားပွဲထိုးအနောက်ကနေသီးသန့်ခန်းထဲကိုလိုက်လာလိုက်တယ်။အခန်းထဲမှာပုလင်းအလွတ်တွေအများကြီး ကြမ်းပြင်ပေါ်မှာရော စားပွဲပေါ်မှာရော။သူတို့တွေအရက်အများကြီးသောက်ထားကြတယ်ထင်တယ်။
စုန့်ထင်ယွီဆိုဖာကိုမှီပြီးထိုင်နေကာ လက်တစ်ဖက်ကလဲနဖူးကိုထောက်ထားတယ်။ကုတ်ကိုတော့ဘေးမှာချထားပြီး နက်ခတိုင်ကတော့ဘယ်မှာထားထားလဲမသိဘူး။သူ့အပေါ်ကြယ်သီးနှစ်လုံးကိုလဲဖြုတ်ထားတယ်။
စုရန်သူ့အနားကိုသွားလိုက်ပြီး ပုခုံးကိုပုတ်လိုက်ကာ: 'စုန့်ထင်ယွီ'
'ဥက္ကဌစုန့်မူးနေပြီထင်တယ်' စားပွဲထိုးပြောလိုက်တယ်: 'သူ့ကိုအပြင်ခေါ်သွားဖို့ကိုအကူအညီလိုသေးလားခင်ဗျာ'
စုန့်ထင်ယွီကအရပ်အရမ်းကိုရှည်တော့ သူမတစ်ယောက်တည်းသူ့ကိုသယ်ဖို့ကအဆင်မပြေဘူး။သူမလဲခေါင်းညိတ်ပြလိုက်ပြီး: 'အနှောက်အယှက်ပေးမိလို့တောင်းပန်ပါတယ်'
စုန့်အိမ်ကိုပြန်တဲ့လမ်းမှာ စုရန်ကားရှေ့မှန်ကနေပြီးကားနောက်ခန်းမှာထိုင်နေတဲ့သူ့ကိုကြည့်လိုက်တယ်။
စောစောတုန်းကအတိုင်းဘဲစုန့်ထင်ယွီအနောက်ကိုမှီပြီး မျက်လုံးမှိတ်ထားကာမလှုပ်ဘဲငြိမ်နေတယ်။
စုရန်သိသလောက်ဆိုရင် စုန့်ထင်ယွီကတော်ရုံဆိုရင်မမူးပါဘူး။ဒီလောက်တောင်မူးနေတယ်ဆိုတော့သူဘယ်လောက်တောင်လောက်သောက်ထားတာပါလိမ့်။
စုန့်အိမ်လဲပြန်ရောက်ရော မိုးလဲအရမ်းချုပ်နေပြီဆိုတော့ အကုန်လုံးလဲအိပ်ကုန်ကြပြီ။သူမကိုကူညီပေးဖို့အတွက်အိမ်အကူတွေကိုမနှိုးတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကြောင့်သူမရဲ့အားနဲ့ဘဲသူ့ကိုအပေါ်ထပ်ကိုသယ်လာရတော့တယ်။
ဒီလူကတော်တော်လေးကိုလေးတာဘဲ။သူမအားအကုန်သုံးပြီးသူ့ကိုအိပ်ခန်းရအောင်သယ်လာခဲ့ရတာ။သူ့ကိုအိပ်ယာပေါ်ကိုလဲချပြီးရော သူမတကိုယ်လုံးနာပြီးအားလဲမရှိတော့ဘူး။
သူမလဲကုတင်ပေါ်မှာထိုင်လိုက်ပြီး နာနေတဲ့လက်မောင်းနဲ့ပုခုံးကိုနှပ်နေလိုက်တယ်။
ပြီးတော့သူမရေးချိုးခန်းကိုသွားပြီး အဝတ်ကိုရေဆွတ်ပြီးယူလာကာ သူ့မျက်နှာနဲ့ လက်တွေကိုသုတ်ပေးလိုက်တယ်။သူမလုပ်ပေးနေတုန်းသူမျက်လုံးကြီးမှိတ်ပြီးနေနေတာ တော်တော်မူးနေတဲ့ပုံဘဲ။
စုရန်လဲသက်ပြင်းချလိုက်ပြီး အဝတ်ကိုပြန်ချထားလိုက်တယ်။သူ့အဝတ်တွေလဲပေးရမလားမလဲပေးရဘူးလားဆိုပြီးသူမစဉ်းစားနေမိတယ်။သူမမလဲပေးရင်လဲသူတစ်ညလုံးသက်တောင့်သက်သာအိပ်ရမှာမဟုတ်ဘူး။
သူမလဲစဉ်းစားပြီးနောက်ဆုံးမှာတော့ သူ့အင်္ကျီကြယ်သီးကိုဖြုတ်ပေးလိုက်တယ်။သူမကြယ်သီးတွေတစ်လုံးပြီးတစ်လုံးဖြုတ်နေလိုက်တယ်။သူမတို့တွေမလုပ်သင့်တာတွေလဲအကုန်လုပ်ဖူးတာဘဲကို။အခုကရှက်နေလို့ရောဘာထူးမှာလဲ?
သူမလဲကြယ်သီးဖြုတ်နေတာကိုဘဲအာရုံစိုက်နေတုန်း သူမလက်ကိုသူလာကိုင်လိုက်တယ်။
သူမလဲအံ့ဩသွားပြီးသူ့ကိုကြည့်လိုက်တော့ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေနဲ့ဆုံသွားတယ်။
အခုအချိန်မှာသူမနှလုံးသားကပုံမှန်မဟုတ်တော့ဘဲ စည်းချက်လွတ်ခုန်နေပြီ။
သူ့မျက်လုံးတွေမှာ မူးနေတဲ့ပုံစံတစ်စက်ကလေးမှကိုမရှိဘူး။
သူမမူးတာသေချာတယ်။
သူမလက်ကိုပြန်ရုတ်လိုက်တော့ နောက်ကျသွားပြီ။စုန့်ထင်ယွီဘာလို့မှန်းမသိပေမယ့် သူမပုခုံးကိုလှမ်းဖက်လိုက်တယ်။သူမတကိုယ်လုံးကို သူအိပ်ယာပေါ်ကိုလှမ်းဆွဲလိုက်တယ်။
သူမအော်ချိန်တောင်မရလိုက်ဘဲ သူ့နှုတ်ခမ်းတွေပိတ်ခံထိသွားတယ်။
သူမရဲ့ရင်ဘက်ကိုသူမလက်နဲ့ကာထားလိုက်ပြီး သူ့ကိုလဲတွန်းလိုက်ချင်တယ်။ဒါပေမယ့်သူမရဲ့လက်တွေကိုသူဆုပ်ကိုင်လိုက်ပြီး သူမခေါင်းပေါ်မှာထားလိုက်တယ်။ပြီးတော့သူမကိုကြည့်လိုက်တယ်။
စုရန်စိတ်တိုသွားပြီး: 'စုန့်ထင်ယွီ ရှင်မူးချင်ယောင်ဆောင်တယ်'
စုန့်ထင်ယွီနက်မှောင်နေတဲ့မျက်လုံးတွေနဲ့သူမကိုစိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကိုဖွင့်ဟကာ ဆွဲဆောင်မှုရှိတဲ့အသံနဲ့ပြောလိုက်တယ်: 'မဟုတ်ပါဘူး။ငါတကယ်ကိုမူးနေတာ'
စုရန်ကတော့သူ့ကိုမယုံပါဘူး။သူမခေါင်းကိုတစ်ဖက်ကိုလှည့်လိုက်ပြီး: 'ရှင်လိမ်နေတာ။ထဦး'
စုန့်ထင်ယွီမထတဲ့အပြင် သူ့မျက်နှာကိုသူမလည်ပင်းအနားကိုကပ်သွားလိုက်တယ်။သူ့ရဲ့နှုတ်ခမ်းပါးလေးနဲ့သူမကိုနမ်းလိုက်တယ်။
သူ့ရဲ့နှုတ်ခမ်းတွေကပူနေတာကိုစုရန်ခံစားလိုက်ရတယ်။သူနမ်းသွားတဲ့သူမအရေပြားတွေကလဲပူလာသလိုဘဲ။
သူမလဲသူ့အထိအတွေ့တွေကနေရုန်းလိုက်ချင်တယ်။ဒါပေမယ့် သူမကိုသူပုခုံးကနေဖက်ထားတော့သူမလှုပ်လို့တောင်မရဘူး။
'စုရန် ငါတကယ်ကိုမူးနေတာ' သူဖြေဖြေးချင်ပြောနေပြီး သူ့ရဲ့လေနွေးငွေ့တွေကသူမကိုယ့်ပေါ်ကိုကျီစယ်သလိုဖြစ်နေတယ်။
'ကျွန်မရှင့်ကိုမယုံဘူး' မူးနေတဲ့လူကဘယ်လိုလုပ်ပြီး ဒီလိုတောက်ပနေတဲ့မျက်လုံးရှိမှာလဲ? သူမပုခုံးကိုဘယ်လိုလုပ်ပြီးလှုပ်လို့မရအောင်ကိုင်ထားနိုင်မှာလဲ?
အခုအချိန်မှာ သူပြောနေတာတွေကဟာသတွေလို့ဘဲသူမထင်တယ်။
သူမစဉ်းစားလို့မရတာက သူဘာလို့သူမကိုစုဟန်ဘားကနေအိမ်ကိုလိမ်ပြီးကြိုခိုင်းရတာလဲ?
စုန့်ထင်ယွီ သူမရဲ့ပါးလေးကိုဆုပ်ကိုင်လိုက်ပြီး သူမမျက်နှာကိုသူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင်လှည့်လိုက်ကာ: 'ဒါဆိုရင်ငါ့ကိုပြောပါဦး။ငါမမူးလို့ရှိရင်ဘာလို့ငါ့ခေါင်းထဲမှာ မင်းပုံရိပ် မင်းမျက်နှာ မင်းအသံ မင်းရဲ့စိတ်ဆိုးနေတဲ့လေသံ မင်းရဲ့ငိုနေတဲ့မျက်နှာတွေကိုဘဲဘာလို့မြင်နေရတာလဲ?
'ပြောပါဦးဘာလို့လဲ'
စုရန်မျက်နှာကိုသူအတင်းဆုပ်ကိုင်ထားတော့ သူမလှည့်လို့မရဘဲသူ့ကိုဘဲကြည့်နေရတယ်။
ဒါကြောင့်သူဒီစကားတွေကိုပြောနေတုန်းသူ့ရဲ့မျက်နှာအမူအယာကိုသူမသေချာတွေ့နေရတယ်။သူ့မျက်လုံးတွေမှာညစ်ညူးမှုတွေဖြစ်ပေါ်လာတာကိုတွေ့နေရတယ်။
သူမနဲ့စုန့်ထင်ယွီသာကောင်းသောစတင်ခြင်းနဲ့သာစဖြစ်ခဲ့ရင် ဒီလိုကိစ္စတွေကိုလဲမကြုံဖူးခဲ့ရင် သူနဲ့လဲအကြာကြီးသိကျွမ်းခဲ့မယ်ဆိုရင် သူစကားတွေကိုသူမယုံမိလိမ့်မယ်လို့ စုရန်စဉ်းစားမိတယ်။သူမတကယ်ကိုheartထိမိလိမ့်မယ်။
ဘာလို့ဆိုဒီလူရဲ့မျက်လုံးတွေကအရမ်းကိုဆွဲဆောင်မှုရှိတာကိုး။သူသာမင်းကိုတကယ်စိုက်ကြည့်နေလိုက်ရင် မင်းကိုယ်မင်းသူတကယ်ချစ်တဲ့မိန်းကလေးလို့ထင်သွားနိုင်တယ်။သူ့မျက်လုံးရောသူ့နှလုံးသားထဲမှာရောမင်းကလွဲပြီးတခြားတစ်ယောက်မရှိဘူးလို့ထင်သွားနိုင်တယ်။
သူမင်းကိုအဲ့လိုနက်ရှိုင်းတဲ့အချစ်တွေပေးနိုင်လိမ့်မယ့်လို့စိတ်ကူးယဉ်သွားနိုင်တယ်။
ဒါပေမယ့် သူမကသူနဲ့ကိစ္စတွေအများကြီးကိုဖြတ်ကျော်ပြီးပြီ။သူနဲ့ပြောဆိုဆက်ဆံရတဲ့အချိန်ကမကြာပေမယ့် လွန်ခဲ့တဲ့လေးနှစ်တုန်းကလဲသူမကိုပြစ်ပြီးထွက်သွားပြီးပြီ။အခုသူလေးလပြန်လာတော့လဲသူ့စိတ်ရင်းတကယ်ဟုတ်မဟုတ်သူမမသိနိုင်ဘူးလေ။
သူမမျက်လုံးတွေကိုမှိတ်လိုက်ပြီးပြန်ဖွင့်လိုက်တော့ဘာခံစားမှုမှမရှိတော့ဘဲ: 'စုန့်ထင်ယွီ ဒီစကားတွေကိုကျွန်မကိုလာမပြောနဲ့။ပိုင်ချီရွေ့ကိုဘဲသွားပြော'