သူဒီလိုမေးတာကိုစုရန်လဲစိတ်မနာတတ်တော့ဘူး။သူဒီကိုလာတာကစုန့်ဝမ်ရှီကိုဂရုစိုက်လို့မဖြစ်နိုင်ဘူး။သူမကိုအသုံးချစရာလို့ဘဲမြင်နေတာကို သူမရဲ့သားကိုဘယ်လိုလုပ်ပြီးဂရုစိုက်မှာလဲ။
'သူသွားပြီ'
'သွားပြီ ဟုတ်လား?' စုဟုန်ကြည့်ရတာအရမ်းအံ့အားသင့်သွားတဲ့ပုံနဲ့: 'သူဘာလို့အမြန်ပြန်သွားရတာလဲ?ငါကြားတာတော့ သူတစ်ချိန်လုံးဆေးရုံမှာဘဲတဲ့။သူသွားတာဘယ်လောက်ကြာပြီလဲ?ငါသွားရှာကြည့်လိုက်ဦးမယ်'
စုဟုန်ပြောပြီးတာနဲ့အပြင်ထွက်ပြီးစုန့်ထက်ယွီကိုသွားရှာလိုက်တယ်။သူ့ကိုတွေ့ပါစေလို့သူမျှော်လင့်နေမိတယ်။
သူပုံမှန်ဆိုရင်စုန့်ထင်ယွီကိုတွေ့လို့မရလို့ သူ့ကုမ္ပဏီမှာသွားရှာခဲ့သေးတယ်။ဒါပေမယ့်လဲစုန့်ထင်ယွီသူ့ကိုအတွေ့မခံခဲ့ဘူး။သူလာတွေ့တာကိုငြင်းလဲမငြင်းဘဲ စောင့်ဘဲစောင့်ခိုင်းခဲ့ပေမယ့် အချည်းနှီးဘဲဖြစ်ခဲ့ရတယ်။
သူ့ကုမ္ပဏီကိုသွားတိုင်းအဆင်မပြေဖြစ်ခဲ့ရတယ်။
သူကုမ္ပဏီကိုသွားတိုင်းအဲ့ဒီကဝန်ထမ်းတွေကဘာမှတော့မပြောပေမယ့် သူတို့မျက်လုံးတွေကတော့သူတို့ကိုသစ္စာဖောက်သွားပြီး မျက်လုံးမှာပေါ်သွားကြတယ်။
သူလဲသွားရောချောင်ချောင်အပူခံဘူးကိုစားပွဲပေါ်တင်လိုက်ပြီး အဲ့ဒီထဲကိုစွတ်ပြုတ်ထည့်ပြီး စုန့်ဝမ်ရှီကိုလှမ်းပေးလိုက်တယ်: 'ဝမ်ရှီ သတိထားနော်ပူမယ်။မှုတ်ပြီးမှစား'
စုန့်ဝမ်ရှီတကယ်တော့ စုရန်ကိုချောင်ချောင်ရိုက်ထားတာကိုတွေ့ပြီး စိတ်ဒဏ်ရာရနေတုန်းဘဲ။ဒါပေမယ့် သူစုရန်စကားကိုနားထောင်တယ်။သူကကလေးဘဲရှိသေးတော့ သူနားမလည်တာတွေအများကြီးရှိသေးတယ်လို့စဉ်းစားပြီး ချောင်ချောင်အကြောင်းကိုထပ်မမေးတော့ဘူး။
'ကျေးဇူးပါအဖွား'
သူ့ပါးလေးကိုချောင်ချောင်ပွတ်ပေးပြီးပြုံးလိုက်ကာ: 'လိမ္မာတဲ့ကလေးလေး'
ပြီးတော့ သူမစုရန်ကိုကြည့်လိုက်တယ်။စုရန်ကိုသူဆွဲပြီးဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်တယ်။သူမမျက်လုံးတွေကတံခါးဝကိုကြည့်လိုက်ပြီး: 'စုရန် သမီးအဖေကိုအပြစ်မတင်ပါနဲ့။သူက...'
စုဟုန်လာရတဲ့အကြောင်းကိုချောင်ချောင်ပြောချင်တာစုရန်သိတယ်။သူဝမ်ရှီကိုကြည့်ဖို့ လာတာမှမဟုတ်တာ။
စုရန်ဘေးဆံပင်တွေကိုသပ်လိုက်ပြီး: 'သူ့ကသမီးအပြစ်တင်ဖို့ အရည်အချင်းမရှိပါဘူး'
ချောင်ချောင်မျက်လုံးတွေအေးစက်သွားပြီး: 'အဲ့ဒါဆိုရင်လဲငါ့ကိုဘဲအပြစ်တင်လိုက်ပါ။သူ့ဆီကိုနှလုံးသားတစ်ခုလုံးပုံအပ်ထားတဲ့ငါ့ကိုဘဲအပြစ်တင်လိုက်ပါ'
သူမစကားကိုစုရန်ဂရုမစိုက်တော့ဘူး။ဒီနှစ်တွေမှာစကားတွေအများကြီးပြောခဲ့တာတောင်အသုံးဝင်ခဲ့လို့လား?သူမကိုဘယ်လောက်ဘဲရွေးချယ်ခိုင်းပါစေ စုဟုန်သာသူမဘဝအတွက်အရေးကြီးဆုံးဖြစ်မှာဘဲ။
'အမေ အဲ့ဒါတွေမပြောပါနဲ့တော့။သူခုတလောအမေ့အပေါ်ကိုကောင်းလား?'
'ကောင်းပါတယ်' ချောင်ချောင်ခေါင်းညိတ်ပြလိုက်တယ်။သူမအခုစုဟုန်ဘေးနားမှာနေနိုင်တာကစုရန်ကြောင့်ဆိုတာကိုသူမလက်ခံတယ်။ဘာလို့ဆိုစုဟုန်ကစုရန်ဆီကနေအကျိုးအမြတ်ကိုသူချောင်ချောင်ကိုဓါးစာခံလုပ်ပြီးအမြဲတောင်းနေခဲ့တာ။
စုရန်ကိုလဲစုဟုန်အမြဲခြိမ်းခြောက်နေတာကိုသူမမလိုချင်ဘူး။ဒါပေမယ့်လဲသူမစုဟုန်ဘေးကနေထွက်မသွားနိုင်ဘူး။
'အဲ့ဒါဆိုရင်ကောင်းပါတယ်' ချောင်ချောင်ကဒီလိုအမြဲနေချင်နေခဲ့တာမဟုတ်လား?သူမပျော်နေရင်ပြီးတာဘဲ။
စုဟုန် သူမကိုစိတ်ရင်းနဲ့ကောင်းပေးတာမဟုတ်တာတောင်ပေါ့။
စုန့်ဝမ်ရှီစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာထိုင်ခုံသေးသေးလေးမှာချစ်စရာကောင်းစွာထိုင်နေတဲ့ဆီကို ချောင်ချောင်သွားလိုက်တယ်။သူမသက်ပြင်းချလိုက်ပြီး: 'ဝမ်ရှီကတကယ့်ကိုလိမ္မာတဲ့ကလေးဘဲ'
စုရန်လဲသူမသားကိုကြည့်လိုက်တယ်။သူမခေါင်းညိတ်ပြလိုက်ပြီး ထောက်ခံလိုက်တယ်: 'အင်း'
'ဒါကြောင့်သမီးသူ့ကိုကောင်းအောင်လုပ်ပေးရမယ်။ချောင်ချောင် စုရန်ဘက်ကိုလှည့်ကြည့်လိုက်ပြီး: 'သတင်းကောင်းမရှိသေးဘူးလား?'
စုရန်လဲသက်ပြင်းချလိုက်ပြီးခေါင်းခါလိုက်ကာ: 'အခုဘဲသားဖွားဆရာဝန်နဲ့တွေ့ပြီးပြန်လာတာ။အခုတလောသမီးခန္ဓာကိုယ်ကအာဟာရမပြည့်တဲ့အပြင်ဖိအားတွေကလဲများနေလို့ သွေးဆင်းတာလဲမမှန်ဖြစ်နေတယ်လို့ဆရာဝန်ပြောတယ်'
'အဲ့ဒါဆိုရင်ကိုယ့်ကျန်းမာရေးကိုကိုယ်ဂရုစိုက်လေ။မကျန်းမာရင်ဘယ်လိုလုပ်ပြီးကလေးရနိုင်မှာလဲ?' ချောင်ချောင်ဆက်ပြောလိုက်တယ်: 'ကိုယ်ဝန်ရှိသွားရင်တောင် ကျန်းမာရေးကိုအကြာကြီးဂရုစိုက်ရဦးမှာ။ငါကြည့်တာသမီးခုတလောပိန်သွားသလိုဘဲ'
အဲ့ဒါကိုစဉ်းစားကြည့်ရင်စုရန်စိတ်အခြေအနေမကောင်းတော့ဘူး။နေ့လည်တုန်းကဒေါက်တာရှူနဲ့သူမဆွေးနွေးခဲ့တုန်းကလဲဒေါက်တာရှူကအဲ့လိုဘဲပြောခဲ့တာ။
သူမခေါင်းတွေတောင်မူးလာတယ်။ကြည့်ရတာသူမအခုတလောအိပ်ရေးပျက်ခဲ့လို့ထင်တယ်။သူမခေါင်းကိုနှိပ်နေလိုက်တယ်။
စုန့်ဝမ်ရှီအခြေအနေလဲကောင်းလာပြီဆိုတော့ ဒီညတော့သူမကိုမဒမ်စုန့်ဆေးရုံမှာမနေခိုင်းတော့ဘူး။အိမ်ကနာနီတွေကိုဆေးရုံသွားပြီးစုန့်ဝမ်ရှီကိုကြည့်ခိုင်းလိုက်တယ်။
စုရန်ပြန်မလို့လုပ်တဲ့အချိန်မှာသူမစိတ်မချနိုင်ဘူးဖြစ်နေတယ်။အရေးကြီးတာတွေကိုနာနီတွေကိုပြောခဲ့ပြီး စုန့်ဝမ်ရှီကိုသေချာဂရုစိုက်ဖို့ထပ်မှာလိုက်တယ်။
မဒမ်စုန့်လဲဆက်မကြည့်နိုင်တော့ဘဲသူမလက်ကိုလှမ်းဆွဲလိုက်ကာ: 'ရပြီရန်ရန်။သူတို့ဘာလုပ်ရမလဲသိပါတယ်။သူတို့တွေစုန့်ဝမ်ရှီကိုငယ်ငယ်လေးကတည်းကနေကြည့်လာခဲ့တာ။ပြီးတော့ဆေးရုံမှာလဲဒေါက်တာတွေရှိနေတာကိုဘာစိတ်ပူနေတာလဲ?သမီးဒီမှာနေနေတာကြာပြီ။အိမ်ပြန်ပြီးနားလိုက်ဦး'
မဒမ်စုန့်ပြောတာကိုကြားပြီ စုရန်လဲခေါင်းဘဲညိတ်ပြလိုက်ရတယ်။ပြီးတော့မဒမ်စုန့်လက်ကိုကိုင်ပြီးထွက်လာလိုက်တယ်။
အိမ်ပြန်တော့သူမတို့နှစ်ယောက်ကားနောက်ခန်းမှာထိုင်ပြီးလိုက်လာကြတယ်။မဒမ်စုန့် စုရန်ရဲ့ဗိုက်လေးကိုကြည့်လိုက်ပြီး: 'ရန်ရန် အခုတလောဘယ်လိုလဲ?'
စုရန်မချိပြုံးပြုံးလိုက်ရတယ်။ချောင်ချောင်လဲမေးသေးတယ်။အခုမဒမ်စုန့်လဲထပ်မေးပြန်ပြီ။သူမလဲခေါင်းဘဲခါပြလိုက်ရတယ်။
မဒမ်စုန့်လဲစိတ်ဓါတ်ကျသွားပေမယ့် စုရန်လက်လေးကိုကိုင်ပြီး: 'ရပါတယ်။ဖြေးဖြေးပေါ့။ဒါပေမယ့်အရေးကြီးဆုံးကကိုယ့်ကျန်းမာရေးကိုကိုယ်ဂရုစိုက်ဖို့ဘဲ'
'သမီးသိပါတယ်အဖွား'
မဒမ်စုန့်ဂရုနာသံလေးနဲ့: 'ရန်ရန် ဒီအဖွားကြီးစကားများပြီး မေးခွန်းတွေမေးနေတယ်လို့အပြစ်မတင်ပါနဲ့။အဖွားမေးရတာကဝမ်ရှီ့ကိုစိတ်ပူလို့ပါ။သူမစောင့်နိုင်ဘူးလေ...အထူးသဖြင့်ဒီပြဿနာတွေပြီးသွားတော့ အဖွားစိတ်မအေးနိုင်ဘူး။တစ်နေ့မှာအဖွားနိုးလာလို့သတင်းဆိုးသာကြားရလို့ရှိရင် အဖွားဘယ်လိုလုပ်ရမလဲ?'
'သမီးအပြစ်မတင်ပါဘူးအဖွားရယ်' စုရန်လဲမဒမ်စုန့်လက်လေးကိုဆုပ်ကိုင်လိုက်ပြီး: ' ဝမ်ရှီသေချာပေါက်ကောင်းလာမှာပါ'
မဒမ်စုန့်ကိုနှစ်သိမ့်နေတာကသူမကိုယ်သူမလဲပြန်ပြီးနှစ်သိမ့်နေသလိုဘဲ။
မဒမ်စုန့် သူမရဲ့လက်လေးကိုပုတ်ပေးလိုက်ပြီး: 'သမီးကောင်းကောင်းဆက်ဆံမခံရတာအဖွားသိပါတယ်။ထင်ယွီလဲကောင်းတဲ့ကောင်မဟုတ်ဘူး။သူ့နှလုံးသားထဲမှာ အော်ပရာအဆိုတော်ဘဲရှိတာ။ဒါပေမယ့်သမီးသတိထားမိလားတော့မသိဘူး။သူသမီးကိုဂရုစိုက်လာပါတယ်။စုန့်ဝမ်ရှီခွဲစိတ်တဲ့နေတုန်းကသမီးမူးလဲသွားတာလေ။သူကသူများတွေထက်သမီးကိုစိတ်ပူနေခဲ့တာ။အဖွား သူဒီလိုမျိုးဖြစ်နေတာကိုတစ်ခါမှမတွေ့ဖူးဘူး'
ဟုတ်ရဲ့လား?စုန့်ထင်ယွီ သူမကိုစိတ်ပူတယ်ပေါ့လေ?
စုရန်ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ပြီး ဒီမေးခွန်းအတွက်သူမအဖြေရှာမတွေ့ဘူးဖြစ်နေတယ်။
ဒီညစုရန်အိမ်ကိုအစောကြီးပြန်ရောက်သွားတယ်။သူမရေချိုးခန်းထဲကနေထွက်လာတော့ ၉နာရီတောင်မရှိသေးဘူး။
သူမဆိုဖာပေါ်မှာထိုင်ပြီးဆံပင်ကိုသုတ်လိုက်တယ်။ပြီးတော့ သူမအခန်းကိုပတ်ပြီးကြည့်လိုက်တော့ သူမအိမ်ပြန်မလာတာကြာပြီး စုန့်ထင်ယွီလဲဒီအတိုင်းဘဲနေမှာ။
ဒီညလဲသူပြန်လာမှာမဟုတ်ဘူးထင်တယ်။
စုရန်စားပွဲပေါ်ကနေဖုန်းကိုယူလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်။ပြီးတော့သူမဖုန်းနံပါတ်ကိုပြန်ဖျက်လိုက်ပြီး ဖုန်းကိုစားပွဲပေါ်ကိုပြန်ပစ်တင်လိုက်တယ်။
သူမစုန့်ထင်ယွီကိုဖုန်းခေါ်ချင်တယ်လို့ဘာလို့တွေးရတာလဲ?သူမဘာတွေပြောမလို့လဲ?
သူ့ကိုအိမ်အမြန်ပြန်လာပြီးတော့ သူမကိုကိုယ်ဝန်အမြန်ရအောင်လုပ်ပေးပါလို့လား?
သူမခေါင်းအုံးယူပြီးဆိုဖာပေါ်မှာအိပ်လိုက်တယ်။သူမဒီလိုမျိုးတွေလုပ်နေရတာကဝမ်းနည်းစရာကောင်းတယ်လို့ထင်တယ်။အနည်းဆုံးတော့သူမ....