အဲ့ဒီကိစ္စကိုစုန့်ထင်ယွီသေသေချာချာသိပြီးပြီ။မနက်တုန်းကချန်မိသားစုလာပြီးဒူးမထောက်ရုံတမယ်တောင်းပန်ပြီး သူတို့ချန်မိသားစုကိုချမ်းသာပေးဖို့ပြောခဲ့တယ်။
'သူတို့မင်းမေမေမကောင်းပြောလို့လား?' စုန့်ထင်ယွီခဏရပ်လိုက်ပြီး: 'အဲ့ဒီကိစ္စကိုဖေဖေ့ကိုပြန်ပြောလို့ရလား?'
စုန့်ဝမ်ရှီခေါင်းညိတ်ပြလိုက်ပြီး စကားစပြောလိုက်တယ်: 'ချန်ရှောင်ပေါင်က သူအမေကပြောတယ်တဲ့ သားမေမေကမကောင်းတဲ့မိန်းမတဲ့။သူများယောက်ျားကိုလဲလုယူထားတာတဲ့။ပြီးတော့လဲ တခြားသူကိုလှေကားပေါ်ကနေတွန်းချသေးတယ်တဲ့...' သူခဏရပ်သွားပြီး: 'သူအန်တီပိုင်ကိုပြောချင်တာသားသိတယ်'
'သားမေမေကမကောင်းတဲ့မိန်းမမဟုတ်ပါဘူး။ကမ္ဘာပေါ်မှာအကောင်းဆုံးမိန်းကလေးပါ။ဖေဖေနားလည်မှာမဟုတ်ပါဘူး...' စုန့်ဝမ်ရှီသူ့လက်လေးနဲ့သူ့ပါးလေးကိုကိုင်လိုက်ပြီး: 'မေမေကသားအတွက်အရမ်းကိုအရေးကြီးတာ။မေမေ့ကိုသားဘယ်သူကမှမကောင်းပေးမပြောဘူး။သားမေမေ့ကိုကာကွယ်ပေးမှာ'
စုန့်ဝမ်ရှီစကားကိုကြားပြီး သူလေးလေးနက်နက်ပြောနေတာကိုစုန့်ထင်ယွီကြည့်ပြီး သူ့နှလုံးသားကိုအပ်နဲ့ထိုးနေသလိုခံစားလိုက်ရတယ်။
သူပြုံးပြလိုက်ပြီး စုန့်ဝမ်ရှီခေါင်းကိုကိုပွတ်ပေးလိုက်ကာ: 'ဟုတ်တာပေါ့ သားမေမေကမကောင်းတဲ့သူမဟုတ်ပါဘူး'
သူ့ဘက်ကနေကြည့်ရင်စုန့်ဝမ်ရှီရန်ဖြစ်တာမမှားဘူးလို့ထင်တယ်။ဘာလို့ဆိုသူ့အမေကိုကာကွယ်ဖို့အတွက် သူလုပ်ခဲ့တာကိုနားလည်ပေးလို့ရတယ်။
ဒီကိစ္စမျိုးကိုအင်အားသုံးပြီးဖြေရှင်းတာကိုသူလက်မခံပေမယ့် တစ်ခါတစ်လေတော့လဲအင်အားသုံးပြီးဖြေရှင်းသင့်တယ်။
ဒီလိုအခြေအနေမျိုးမှာသူဘာမှမလုပ်ဘဲချောင်ထဲမှာပုန်းပြီးငိုနေရင် ဝမ်ရှီဘယ်ဟုတ်တော့မလဲ။
ဒါပေမယ့် သူကကျန်းမာရေးမကောင်းတော့ ဒီလိုပြင်းထန်တဲ့ပြဿနာဖြစ်သွားရတာ။မဟုတ်ရင် သူအပေါ်ယံဒဏ်ရာလောက်ဘဲရမှာ။အနည်းဆုံးတော့ သူအကောင်းဆုံးကြိုးစားပြီးသူ့အမေကိုကာကွယ်ခဲ့တယ်။
စုန့်ထင်ယွီကို စုန့်ဝမ်ရှီမော့ကြည့်လိုက်ပြီး: 'ဒါပေမယ့် ဖေဖေကမေမေ့ကိုမကောင်းတဲ့လူလို့ထင်နေတာမလား?အန်တီပိုင်ကိုမေမေတွန်းချလိုက်တာလို့ဖေဖေထင်နေတာမလား?'
သူ့မေးခွန်းကိုစုန့်ထင်ယွီပြန်မဖြေနိုင်ဘူး။ဒီကိစ္စကိုသူမတွေးချင်ဘူး။သက်သေတွေကစုရန်လို့ဘဲဖော်ပြနေတာ။ပိုင်ချီရွေ့ကလဲသူဘာသာခုန်ချမှာမဟုတ်ဘူး။
အမှန်တော့ အဲ့ဒါဖြစ်ပြီးနှစ်ရက်ကြာတော့ သူဟိုတယ်သွားပြီးCCTVကိုသွားကြည့်သေးတယ်။ဒါပေမယ့်စိတ်မကောင်းစွာနဲ့လှေကားကထောင့်နားကပ်နေပြီး CCTVရဲ့အဆုံးဖြစ်နေပြီး နံရံကလဲကွယ်နေတယ်။
CCTVကနေသူဘာသတင်းမှမသိလာခဲ့ဘူး။
အဖွားပြောတဲ့CCTVက သူ့ကိုလိမ်ပြောခဲ့တာ။
စုန့်ထင်ယွီ သူ့ပါးလေးကိုကိုင်လိုက်တော့:
'သားသိတာပေါ့ဖေဖေလဲအဲ့လိုထင်နေတာမလား?မေမေသူ့ကိုတွန်းချလိုက်တာလို့ထင်နေတာမလား?မဟုတ်ဘူး သူ့ဘာသာသတိမထားမိဘဲပြုတ်ကျသွားတာ။ပြီးတော့လဲမေမေ့အင်္ကျီပေါ်ကိုသူရှိန်ပိန်တွေမှောက်ချလိုက်သေးတယ်။သားမေမေ့ကိုသွားရှာတော့ သူကမေမေ့ကိုတွန်းချတော့မလို့။ဒါပေမယ့်မေမေကလှေကားလက်ကိုင်ကိုကံကောင်းလို့ကိုင်မိသွားတာ။
ပြီးတော့ သားရောက်လာတာနဲ့သူပြုတ်ကျသွားတာ'
စုန့်ထင်ယွီတိတ်ဆိတ်သွားပြီး: 'ဝမ်ရှီ အဲ့ဒီအကြောင်းကိုဆက်မပြောကြရအောင်?'
'ဘာလို့ဆက်ပြောလို့မရတာလဲ?ဖေဖေတကယ်တော့မေမေ့ကိုမယုံဘူးမလား?မေမေ့ကိုဖေဖေမကြိုက်တာမလား?ဖေဖေကအန်တီပိုင်ကိုကြိုက်နေတာမလား?' စုန့်ဝမ်ရှီခေါင်းမာစွာနဲ့ အခုသူ့အဖေပါးစပ်ကနေတိုက်ရိုက်ပြောတာကိုသူကြားချင်နေတယ်။
ဘာလို့ဆို စုရန်ကိုစုန့်ထင်ယွီထပ်ပြီးအထင်မလွဲစေချင်လို့။
'ဝမ်ရှီ'
သားအဖနှစ်ယောက်ရဲ့တင်းမာနေတဲ့အခြေအနေကစုရန်အသံကချိုးဖျက်လိုက်တယ်။
စုရန်အထဲကိုဝင်လာပြီး ဘေးမှာထားထားတဲ့စာအုပ်ကိုဝမ်ရှီကိုပေးလိုက်ကာ: 'သားစာအုပ်ဖတ်ထားနှင့်။ဖေဖေနဲ့မေမေအပြင်မှာပြောစရာလေးရှိလို့'
ပြီးတော့သူမ စုန့်ထင်ယွီကိုကြည့်လိုက်ပြီး: 'ကျွန်မနဲ့ခဏလောက်လိုက်လာခဲ့ဦး'
စောစောတုန်းကစုန့်ထင်ယွီ သူမနဲ့စကားပြောချင်နေတယ်လို့ပြောတာကိုကြားပြီး အမှန်တကယ်လဲသူမတို့စကားပြောဖို့လိုအပ်နေတယ်။
နောက်လာမယ့်ကိစ္စတွေကို သူမတို့ဘယ်လိုကျော်ဖြတ်ကြမလဲ။
သူတို့နှစ်ယောက်အပြင်ကိုလဲရောက်ရော စုရန်အခန်းထဲကိုပြန်ကြည့်လိုက်သေးတယ်။သူမတို့ပြောနေတာတွေကိုစုန့်ဝမ်ရှီကိုမကြားစေချင်ဘူး။စုန့်ဝမ်ရှီစိတ်ပူသွားမှာသူမကြောက်တယ်။
စုန့်ထင်ယွီလက်တွေစင်္ကြံလက်ရန်းပေါ်မှာတင်လိုက်ပြီး စုရန်ကိုကြည့်ပြီးမေးလိုက်တယ်: 'မင်းဘာပြောမလို့လဲ?'
စုရန်အသက်ဝဝရှူလိုက်ပြီး: 'ပိုင်ချီရွေ့ကိစ္စကိုကျန်မနောက်ဆုံးတစ်ကြိမ်ထပ်ပြောမယ်။ရှင်ယုံချင်ယုံမယုံချင်နေ။ကျွန်မဂရုမစိုက်ဘူး။ကျွန်မအတွက်အရေးမကြီးဘူး။စုန့်ဝမ်ရှီဘဲကျန်မအတွက်အရေးကြီးတာ။ဘယ်လိုဘဲဖြစ်ဖြစ်ကျွန်မသူ့ကိုကျန်းကျန်းမာမာနဲ့အသက်ရှင်သွားစေချင်တယ်။အဲ့တာကြောင့်ရှင့်ကိုတောင်းဆိုပါရစေ။ဝမ်ရှီကရှင့်သားဆိုတာကိုငဲ့ပြီးသူ့ကိုကောင်းကောင်းအသက်ရှင်ဖို့အခွင့်အရေးပေးလိုက်ပါလား?ဟန်ဆောင်နေတယ်ဆိုရင်တောင်သူ့ကိုဖိအားမပေးဘဲအေးဆေးနေခိုင်းလိုက်ပါလား?'
သူမစကားမဆုံးခင်မှာဘဲသူစကားဖြတ်ပြောလိုက်တယ်။သူပါးစပ်ကတော့ပြုံးနေပေမယ့်မျက်လုံးတွေကတော့အေးစက်နေပြီး: 'မင်းမျက်လုံးထဲမှာငါကအရမ်းကိုရက်စက်တဲ့ပုံပေါက်နေလို့လား?ကိုယ့်သားကိုတောင်ဂရုမစိုက်ဘဲနေရအောင်ရက်စက်တဲ့လူလို့ထင်နေတာလား?အဲ့ဒါကြောင့်မင်းတို့အားလုံးငါ့ကိုတောင်းပန်နေရအောင်'
'အဖွားလဲဒီအတိုင်းဘဲ။မင်းလဲဒီလိုဘဲ ဟင်?' မင်းဒီလောက်တောင်ငါကသူ့ဘဝကိုဂရုမစိုက်ဘူးလို့ခံစားမိရင် မင်းဒူးထောက်တောင်းပန်ပြီး စိတ်ရင်းကိုငါမြင်အောင်ပြသင့်တယ်မလား?'
'စုန့်ထင်ယွီ...' သူဘာလို့စိတ်ဆိုးသွားလဲစုရန်နားမလည်ဘူး။သူမကသူနဲ့စကားကောင်းကောင်းပြောချင်တာကို။မရဘူးလား?
သူတို့နှစ်ယောက်အတွက်စကားကောင်းကောင်းပြောရဖို့ကဒီလောက်တောင်ခက်ခဲတာလား?
'ငါပြောလိုက်မယ် စုရန်' စုန့်ထင်ယွီလက်တွေကိုသူမလည်ပင်းအနောက်မှာထားလိုက်ပြီး သူ့မကို သူ့အနားကိုရောက်အောင်ဆွဲလိုက်ကာ: 'စုန့်ဝမ်ရှီကငါ့သားဘဲ။ အစတုန်းကငါသူ့ကိုဂရုမစိုက်ခဲ့တာမှန်ချင်မှန်မယ်။သူနဲ့အတူတူရှိရမယ့်အချိန်တွေကိုငါလွဲခဲ့တယ်။သူလူ့လောကကိုစရောက်လာတာကိုငါမမြင်ခဲ့ရဘူး။ဒီသုံးနှစ်လုံးလဲသူကြီးပြင်းလာတာကိုငါအဖော်မပြုပေးခဲ့ရဘူး။ငါကအဖေကောင်းတစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာသိလို့ငါပြောင်းလဲဖို့ကြိုးစားနေတယ်လေ။ငါပြန်လာတဲ့လတွေမှာ သူနဲ့ပြောဆိုဆက်ဆံခဲ့ရတယ်။အဲ့တာကိုငါဘာမှမခံစားရဘူးလို့မင်းထင်လို့လား?တစ်ယောက်ယောက်ကဝမ်ရှီအသက်ရှင်ဖို့နည်းလမ်းရှိတယ်ဆိုရင်ငါချက်ချင်းလုပ်ပေးမှာ။မင်းယုံလား?'
'ဒါပေမယ့်မင်းယုံမှာမဟုတ်ပါဘူး...' ပြောနေရင်းနဲ့စုန့်ထင်ယွီသူမကိုလွှတ်ပေးလိုက်ပြီး: 'မင်းရင်ထဲမှာ ငါကလင်ချန်ဟွမ်နဲ့ယှဉ်လို့မရဘူးမလား?'
အခုအချိန်မှာသူမနှလုံးသားကိုဆုပ်ထားသလိုမျိုးခံစားနေရတယ်။ဘာလို့အဲ့လိုဖြစ်နေမှန်းမသိဘူး။သူ့ကိုကြည့်လိုက်ပြီး သူမဘာမှပြောမထွက်ခဲ့ဘူး။
စုန့်ထင်ယွီသူမလက်ကိုလွှတ်ပေးလိုက်ပြီး သူ့ကိုယ်သူရယ်လိုက်မိတယ်။ ပြီးတော့သူလှည့်ထွက်သွားလိုက်တယ်။
သူကိုယ်ပျောက်သွားတဲ့အထိသူမရပ်ကြည့်နေလိုက်တယ်။သူမလဲမျက်ရည်တွေသုတ်လိုက်ပြီး စုန့်ဝမ်ရှီအခန်းကိုပြန်လာလိုက်တယ်။
အခန်းလဲရောက်ရော စုဟုန် ချောင်ချောင်ကိုခေါ်ပြီး စုန့်ဝမ်ရှီဆီကိုလာလည်ကြတယ်။
သူတို့စားဖို့ချောင်ချောင်စားစရာတွေယူလာတယ်။စုဟုန်လဲအခန်းထဲကိုဝင်လာပြီး ကြည့်လိုက်ကာမေးလိုက်တယ်: 'စုန့်ထင်ယွီရော?'