Unicode
အပိုင်း ၆၃၄- လွတ်မြောက်ခြင်း(၁)
ထိုင်စောင့်ရသည့်နေ့ရက်များက ကုန်ဖို့ခက်သည်။
ယူရှောင်းမိုသည် အမျိုးသား၏စကားကို
နားထောင်၍ အခွင့်ကောင်းစောင့်နေသည်။
သို့သော် သူလှုပ်ရှားချင်တယ်ဆိုရင်တောင်မှ
နယ်မြေက တုံ့ပြန်မှုလုံးဝမရှိသဖြင့်
သူ့မှော်အိတ်လေးကိုပဲ ဖွင့်လို့ရသည်။
ယခင်တုန်းက မှော်အိတ်လေးအခိုးခံရမှာ
စိုးသည့်အတွက်ကြောင့် ပစ္စည်းအများစုကို
နယ်မြေထဲပဲထားခဲ့သည်။ ယခုအချိန်မှာတောင်
သူ့မှော်အိတ်လေးထဲမှာ ဘာမှများများစားစား
မရှိပေ။ သို့ပေမဲ့လို့ အိတ်ထဲမှာ စိတ်စွမ်းအင်ရေ
နှစ်ပုလင်းနှင့် မှော်ဆေးလုံးပုလင်းများရှိသေးသည့်
အတွက် ၎င်းကအပြည့်အဝတော့မမှန်ပေ။
ဒုတိယစမ်းသပ်ချက် မစတင်ခင်က
ထုတ်ယူထားသော ဝိဉာဉ်ဖြည့်တင်းဆေးလုံးနှင့် စွမ်းအင်ဖြည့်တင်းဆေးလုံးတို့ကို နယ်မြေထဲ
ပြန်မထည့်ထားပေ။ ထိုအစား မှော်အိတ်လေးထဲ
ပစ်ထည့်လိုက်ခဲ့တာဖြစ်သည်။ စိတ်စွမ်းအင်ရေ
နှစ်ပုလင်းကိုတော့ သူ့အတွက် လွယ်ကူစေဖို့
အဓိကထားပြင်ထားခြင်းပင်၊ သို့ပေမဲ့
ယခုတော့ အသုံးဝင်လာလေပြီ။
ဤနေရာမှာ ရက်အတော်များများပိတ်ထားခံရ
ပြီးနောက် ယူရှောင်းမို ဘေးခန်းကလူနဲ့
ခင်နေပြီဖြစ်ပြီး သူ့နာမည်က ဟယ့်သုံ့ဟုခေါ်ကာ
ထုံထျန်းနန်းတော်မှာ အကျဉ်းချခံထားရတာ
နှစ်ငါးရာနီးပါးရှိပြီဆိုတာ သိရသည်။
သို့သော်လည်း သူ့ရဲ့ခါးသီးသောအတွေ့အကြုံက
ယူရှောင်းမိုနှင့်ကွဲပြားလေသည်၊ ဘာကြောင့်ဆို
သူက စမ်းသပ်ချက်မှာ ညီညီမျှမျှ၊ ပေါ်ပေါ်တင်တင်နဲ့
ဒုတိယနေရာရခဲ့ပြီး နောက်မှာ ထုံထျန်းနန်းတော်ကို
ဝင်ခဲ့တာကြောင့်ဖြစ်သည်။
ထိုအချိန်တုန်းက အခြားသူများကဲ့သို့ပင် သူလည်း
ထုံထျန်းနန်းတော်အတွက် စိတ်ထက်သန်ပြင်းပြမှုများ
အပြည့်ရှိခဲ့လေ၏၊ သို့သော် သူ့ရဲ့ရိုသေ
လေးစားမှုများ ကွဲကြေသွားရန်သိပ်မကြာလိုက်ဘဲ
သုံးလတောင်မပြည့်သေးခင်မှာ ဤနေရာရှိ
အကျဉ်းသားများထဲမှတစ်ယောက် ဖြစ်လာခဲ့တော့
သည်။
ခေါ်သွားခံရပြီးပြန်မလာတော့တဲ့သူတွေ
အကြောင်းကိုလည်း ယူရှောင်းမိုမေးကြည့်ထားသည်။
ထုံထျန်းနန်းတော်အတွင်းမှာ ဘယ်လို
အကြံအစည်တွေ အစပျိုးနေလဲမသိရပေမဲ့
သူတို့သုတသနတွေမှာ စည်းမျဉ်းဥပဒေမရှိသဖြင့်
ယေဘုယျအားဖြင့် မကျေနပ်သူများက အမြန်ဆုံး
သေကြတာပဲဖြစ်လေသည်။
ထို့အပြင် ဤနေရာတွင် အကျဉ်းချခံထားရသူ
တစ်ရာနဲ့သုံးဆယ့်လေးယောက်ရှိ၏။ ဒါက
အတော်လေးများသည့်အရေအတွက်ဖြစ်ပြီး
အားလုံးက နတ်ဒေဝါအဆင့်အထက်ရှိ
ကျင့်ကြံသူများဖြစ်ကြသည်။
ဟယ့်သုံ့ပြောပြတာ နားထောင်နေချိန်တွင်
ယူရှောင်းမိုမှာ ပင့်သက်မရှိုက်မိဘဲမနေနိုင်ချေ။
ဤအရေအတွက်က ကြီးလွန်းသည်။ ဤမျှ
များပြားသောလူပမာဏကြီး တစ်ချိန်တည်းမှာ
ပျောက်ဆုံးသွားမည်ဆိုပါက အင်မတန်
သိသာနေမည်ပင်။ သို့သော်ငြား
ထုံထျန်းတိုက်မကြီးတွင် ကျင့်ကြံသူများစွာ
ရှိတဲ့ထဲက တစ်ကြိမ်ကိုလူနည်းနည်းစီလောက်
ပျောက်ဆုံးသွားမည်ဆိုပါက မည်သူကမှ
သတိထားမိမှာမဟုတ်ချေ။
သို့ပေမဲ့ ထုံထျန်းနန်းတော်က သူတို့လူတွေကိုတောင်
အကွက်ရွှေ့လိမ့်မည်ဟု ယူရှောင်းမို
မမျှော်လင့်ထားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ထုံထျန်းနန်းတော်နှင့်
ရှောင်ယောင်တက္ကသိုလ်တို့ကြားမှာ ဆက်နွယ်မှုအချို့
ရှိသည်ပင်။ သို့သော် ထုံထျန်းနန်းတော်က
လူပေါ်ပေါ်ထင်ထင်ဖမ်းဖို့အတွက် ဤနာမည်ကို
တကယ်ပဲအသုံးချသည်၊ ရဲတင်းလွန်းသည်ဟုပင်
ပြောရပေမည်။
သုတေသနက ဒုတိယအပိုင်းကိုရောက်ရှိလာပြီ
ဖြစ်တာ ဒါမှမဟုတ်ရင်လည်း ပြီးစီးတော့မှာကြောင့်
သူတို့လှုပ်ရှားမှုတွေကို အတင်းဖုံးကွယ်ဖို့
မလုပ်တော့တာဟု ယူရှောင်းမို သံသယဖြစ်မိသည်။
ယူရှောင်းမို ဤမေးခွန်းကိုထုတ်ပြောတော့
ဟယ့်သုံ့က သူ့ကိုမျက်လုံးထောင့်မှလှမ်းကြည့်သည်။
သူ ဒီလောက်ထက်မယ်လို့ ဟယ့်သုံ့
မမျှော်လင့်ထားပေ၊ ထို့ကြောင့် သူထပ်ပြီး
ဖုံးကွယ်မထားတော့ပေ။
"မင်းပြောသလိုပဲ ထုံထျန်းနန်းတော်ရဲ့အကြံအစည်
ပြီးမြောက်တော့မယ်လို့ ငါလည်းထင်တယ်။
အရင်တုန်းကဆိုရင် သုံးလ၊ လေးလမှတစ်ခါ
လူတစ်ယောက်လာခေါ်တာ။ ဒါပေမဲ့ အခု
လာတဲ့အခေါက်တွေ သိပ်မကွာတော့ဘူး။
တစ်ရက်တစ်ယောက်လာခေါ်နေတာလို့တောင်
ပြောလို့ရတယ်ဆိုတော့ မင်းလည်းသတိထားမိမှာပါ"
အကျဉ်းသားနှစ်ရာထားလို့ရသည့် အကျဉ်းခန်း
ဒါဇင်မျှ ရှင်းနေပြီဖြစ်သည်။ ယခင်ကဆိုလျှင်
အခန်းတစ်ခန်း လပ်သွားသည်နှင့် ချက်ချင်း
နောက်ထပ်တစ်ယောက် အသွင်းခံရလိမ့်မည်။
သို့သော် ယခုတွင် လူအရေအတွက်က လျော့ကျ
လာနေသည်။
"ကျွန်တော်တို့အလှည့် မကြာခင်ရောက်လာတော့မယ်
လို့ပြောချင်တာလား"
ယူရှောင်းမို သူ့ကိုမျက်လုံးပြူးပြူးဖြင့် ကြည့်
လိုက်မိသည်။ ထိုမျှမြန်မြန် သူ့အလှည့်
ရောက်လာဖို့ လုံးဝဆန္ဒမရှိပေ။
"ဖြစ်လောက်တယ်" ဟယ့်သုံ့က မရေမရာ
ပြန်ဖြေသည်။
"တကယ် ပြီးဖို့နီးနေပြီဆိုရင် သူတို့လုပ်နေတဲ့ကိစ္စကို
ငါတို့မသိရင်တောင်မှ ငါတို့ကိုနှုတ်ပိတ်ဖို့အတွက်
လွှတ်ပေးမှာမဟုတ်ဘူး"
ဟယ့်သုံ့ပြောတာနားထောင်ရင်း ယူရှောင်းမိုစိတ်ထဲ
ကပ်ဆိုက်တော့မည့်အာရုံများရနေသည်။
ဤရက်များအတွင်း သူ့အခန်း၏ခုခံရေးများကို
လျှို့ဝှက်စမ်းကြည့်သော်လည်း အသုံးမဝင်ပေ။
ဆန့်ကျင်ဘက်ပင်၊ သူ့ဝိဉာဉ်စွမ်းအားကို
ပိုမြန်မြန်တောင် ကုန်ခမ်းသွားစေခဲ့သည်။
ဤနေရာတွင် သူ့ဝိဉာဉ်စွမ်းအားကို ထပ်မံ
ထုတ်လွှတ်ပါက ဆွဲအားတစ်ခုထွက်ပေါ်လာပြီး
သူ့ကိုယ်ထဲကနေ ဝိဉာဉ်စွမ်းအားကို စုပ်ယူဖို့
ကြိုးစားနေပုံပေါ်သည်။
ထိုတစ်ခေါက်ပြီးနောက်မှာ ယူရှောင်းမို
ဖြစ်ကတတ်ဆန်း ထပ်လုပ်မကြည့်ရဲတော့ပေ။
ကုန်သွားသောဝိဉာဉ်စွမ်းအားကိုလည်း ချက်ချင်း
ပြန်မဖြည့်ခဲ့ပေ။
ဤတစ်ရက်တွင်လည်း ယူရှောင်းမို ဟယ့်သုံ့နှင့်
ဆက်စကားပြောနေခဲ့သည်။
သူ့အိမ်နီးချင်းဟယ့်သုံ့အပြင် တစ်ဖက်ရှိ
အခန်းမှာလည်း နောက်တစ်ယောက်ရှိသေးသည်၊
သို့ပေမဲ့ ထိုသူက များသောအားဖြင့်
နှုတ်ဆိတ်နေတတ်သည့် ဆံဖြူအဘိုးကြီး
တစ်ယောက်ဖြစ်သည်။
ယူရှောင်းမို သူနဲ့စကားပြောဖို့ တစ်ခါကြိုးစားခဲ့သေး
သည်။ သူပြောတာ အခွန်းတစ်ရာလောက်
ရှိနေပေမဲ့ လူအိုကြီးက တစ်ချက်တောင်မကြည့်ပေ။
နောက်တစ်ရက်မှာလည်း ထပ်သွားပြောပေမဲ့
ရလဒ်ကအတူတူပင်။ ထိုနှစ်ခါပြီးနောက်မှာ
လူအိုကြီးကိုထပ်သွားမတွေ့တော့ပေ။
အခန်းများထဲရှိ အကျဉ်းသားအများစုက
အသက်ဝင်မှုမရှိကြဘဲ သူ့အားစကားပြန်ပြောချင်
စိတ်ရှိသည့်တစ်ဦးတည်းသောလူမှာ ဟယ့်သုံ့ပင်။
ဒီနေရာမှာအပိတ်မခံရခင်တုန်းက ဟယ့်သုံ့ဟာ
စကားပေါတဲ့လူဖြစ်မယ်ဟု ယူရှောင်းမို
သံသယဖြစ်မိသည်။ ဒီကိုရောက်ပြီးတဲ့နောက်
သူ့နားကဘယ်သူကမှ စကားပြောချင်စိတ်
မရှိကြသောကြောင့်သာ အနည်းငယ်နှုတ်နည်းသည့်
စရိုက် ရှိလာတာဖြစ်လောက်သည်။
ယခု ယူရှောင်းမိုရှိနေတော့ ဟယ့်သုံ့တစ်ယောက်
နှစ်တွေများစွာမျိုသိပ်ထားရသည့် စကားများ
အတွက် ထွက်ပေါက်ရသွားတော့သည်။
သို့ပေမဲ့ အမှန်ကိုမသိရသဖြင့် ဒါတွေအားလုံးက
ယူရှောင်းမိုရဲ့ထင်မြင်ချက်များသာဖြစ်သည်။
ယူရှောင်းမိုက သူ့ကိုထုံထျန်းနန်းတော်အကြောင်းသာ
မဟုတ်ဘဲ အပြင်လောကရှိအကြောင်းကိစ္စများကိုပါ
ပြောပြသည်။ ဟယ့်သုံ့သည် သူ့စကားများမှာ
လျှို့ဝှက်ချက်ပါမလား အမြဲတစေအကဲခတ်နေ
တတ်ပေမဲ့ ယူရှောင်းမိုပြောတာကို အခုထက်ထိ
အပြည့်အဝမယုံသေးဘူးဆိုတာတော့ ထင်ရှားလေ
သည်။ သို့ပေမဲ့ ယူရှောင်းမိုကတော့ ရက်ရက်ရောရော
ပြောပြတုန်းပင်။
နောက်ဆုံးတွင် သူ့စကားခုနစ်ဆယ်ရာခိုင်နှုန်းခန့်
ဟယ့်သုံ့ ယုံကြည်သွားတော့သည်၊ အထူးသဖြင့်
အသက်နှစ်ဆယ်မှာ အဆင့်လေး
ရောက်နေပြီဖြစ်တာကို သိရပြီးတဲ့နောက်မှာပင်။
မှော်ဆေးပင်ပမာဏကြီးကြီးမားမား၏
ထောက်ပံ့မှုမပါဘဲ ဤမျှလျင်မြန်စွာ
အဆင့်တက်နိုင်ဖို့မဖြစ်နိုင်ပေ။
"ထုံထျန်းနန်းတော်က မင်းကိုဖမ်းမယ်ဆိုတာ
ယုံကြည်ဖို့ခက်လောက်အောင် မင်းရဲ့နောက်ခံက
နက်လွန်းတယ်။ မင်းဆီမှာ သူတို့လိုချင်တာ
တစ်ခုခုရှိလို့မှမဟုတ်ရင် ဒါအဓိပ္ပါယ်မရှိဘူး"
သူ့ကို အကြိမ်အနည်းငယ်မျှကြည့်ပြီးနောက်
ဟယ့်သုံ့က ရုတ်တရက်ပြောသည်။
ယူရှောင်းမို ရုတ်ခြည်းလန့်သွားသည်၊ ဒါက
အလွန်ဖြစ်နိုင်ခြေရှိသည်။ သူ့နယ်မြေကိုတောင်
သွားတွေးမိလုနီးပါးပင်၊ သို့သော် ထုံထျန်း
နန်းတော်လိုချင်တဲ့အရာက သူ့နယ်မြေသာဆိုပါက
ဘာကြောင့် အခုထက်ထိ
ဘာမှလှုပ်ရှားမလာသေးတာလဲ။
ထုံထျန်းဧကရာဇ်၏စွမ်းအားဖြင့်ဆိုလျှင်
ဘာမှမလုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပေ။ သူ့ကို
ဒီနေရာမှာ ရက်တွေအကြာကြီး ဒီအတိုင်းတောင်
ပိတ်ထားဖို့ဆိုလျှင်... ရည်ရွယ်ချက်က
သူ့နယ်မြေမဟုတ်မှပင်။
"ညီလေး မင်းတစ်ခုခုတွေးမိလား"
ယူရှောင်းမိုရဲ့ထူးဆန်းသောအမူအရာကို
မြင်သည့်အခါ ဟယ့်သုံ့က စမ်းမေးလိုက်သည်။
ယူရှောင်းမို ချက်ချင်းပဲခေါင်းယမ်းလိုက်သည်။
"ကျွန်တော့်ဆီမှာ သူတို့လိုချင်တာတကယ်
ရှိမယ်ဆိုရင် အခုဒီမှာ သကောနဲ့
ထိုင်စကားပြောနေရတော့မှာမဟုတ်ဘူး။
ခေါ်သွားခံရပြီးလောက်ပြီ"
ဟယ့်သုံ့က ရယ်လိုက်သည်။
"ဟုတ်တာပဲ"
စကားဆုံးသည့်အခါ အကျဉ်းခန်းတွင်
ရုတ်တရက် တိတ်ဆိတ်မှုကြီးစိုးသွားသည်။
ဟယ့်သုံ့ကသူ့ကိုမယုံမှန်း ယူရှောင်းမိုသိသည်။
သို့ပေမဲ့ ရှင်းပြဖို့စိတ်ကူး သူ့မှာမရှိပေ၊ မဟုတ်ပါက
ဖုံးဖို့ သူပိုကြိုးစားသည်နှင့် သူ့ကိုယ်သူ
ဖော်လိုက်မိလိမ့်မည်။
ထိုအခိုက် ငလျင်လှုပ်နေသည့်အလား အကျဉ်းခန်းက
ရုတ်တရက် ပြင်းထန်စွာလှုပ်ခါလာသည်။ လူတိုင်း
လန့်ကုန်သည်။ ဤသို့သောအဖြစ်မျိုးယခင်က
တစ်ခါမှမဖြစ်ဖူးလေရာ ဒါကပထမဆုံးပင်။
မျှော်လင့်ချက်အကုန် လက်လျှော့ထားပြီးပြီဖြစ်၍
မလှုပ်မယှက်နေနေကြသောလူများအားလုံး
သံတိုင်များကို တွယ်ကပ်လာကြပြီး
အကျဉ်းထောင်အဝကို စူးစမ်းသောအကြည့်များ၊
အနည်းငယ်မျှော်လင့်သောအကြည့်များဖြင့်
ကြည့်လိုက်ကြသည်။
တစ်ခဏကြာပြီးနောက် ဝတ်ရုံဖြူလူတစ်ယောက်
အကျဉ်းထောင်သို့ ရုတ်တရက်ပြေးလာပြီး
ထောင်ဝကိုစောင့်ကြပ်နေသည့် လူနှစ်ယောက်ကို
အမြန်ပြောလေသည်။
"ကျူးကျော်လာသူရှိတယ်။ မင်းတို့တွေ
သေချာကြည့်ထား၊ ဘယ်လူစိမ်းမှဒီနားမကပ်စေနဲ့"
"ဟုတ်ကဲ့!" လူနှစ်ယောက်က သွက်လက်စွာ
ဖြေကြားသည်။
ဝတ်ရုံဖြူလူထွက်သွားပြီးနောက် အကျဉ်းထောင်
တစ်ခုလုံး ပွက်လောရိုက်ကုန်သည်။ သူ့အသံက
အနည်းငယ်တိုးသော်လည်း ဤနေရာရှိလူအများစု
အတွက် ကြားရဖို့မခဲယဉ်းပေ၊ အထူးသဖြင့် သူနှင့်
နီးသည့်လူများပင်။ သူ့စကားများက သူတို့အတွက်
ပီပီသသရှိလှသည်။
ထုံထျန်းနန်းတော်ကို ကျူးကျော်သူရှိသည်ဟူသော
သတင်းက တစ်ခဏချင်း အကျဉ်းထောင်တစ်ခုလုံး
ပျံ့နှံ့သွားသည်။
အဲ့ဒါ ဘယ်လိုအတွေးမျိုးလဲ။
လူများစွာ၏မျက်လုံးထဲတွင် ထုံထျန်းနန်းတော်
ဆိုသည်က ထိုးဖောက်၍မရနိုင်သည့်ခံတပ်ကြီးတစ်ခု
ဆိုတာ သိထားရပေမည်။ နှစ်များစွာအတွင်း၊
လွတ်မြောက်ဖို့မဆိုထားနှင့် အောင်အောင်မြင်မြင်
ဝင်လာဖူးသူ တစ်ယောက်မှမရှိပေ။ ထုံထျန်း
တိုက်မကြီးမှာ ထုံထျန်းဧကရာဇ်ကအသန်မာဆုံး
ကျင့်ကြံသူဟူသည့် ကောလဟလများကြောင့်
ထုံထျန်းဧကရာဇ်၏မျက်စိအောက်မှာ ဘယ်သူကမှ
ပြဿနာမရှာရဲကြပေ။ သူက ယူကျန်ထျန်းထက်
များစွာပို၍သန်မာပြီး ကြယ်ခုနစ်ပွင့်ရဲ့
အထွတ်အထိပ်ကို မည်သည့်အချိန်မှာမဆို
ချိုးဖြတ်တော့မည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
"လင်းရှောင်ကျွန်တော့်ကိုလာကယ်တာပဲဖြစ်ရမယ်"
ယူရှောင်းမို မမျှော်လင့်ထားစွာနဲ့
အံ့အားသင့်သွားရသည်။ တစ်နှစ်ရှိပြီဆိုပေမဲ့
သူသေပြီဆိုတာအတည်မပြုရသေးသရွေ့
လင်းရှောင်ကလက်လျှော့မှာမဟုတ်မှန်း သူသိသည်။
"လင်းရှောင်?" ဟယ့်သုံ့ သူ့စကားကြားတော့
အကျဉ်းချခံရသည့် ပထမဆုံးနေ့မှာ ယူရှောင်းမို
ပြောခဲ့သည့်စကားကို ချက်ချင်း
အမှတ်ရသွားလေသည်။
"လင်းရှောင်ဆိုတာ မင်းရဲ့လူကိုပြောတာလား။
သူဆိုတာ တကယ်ပဲသေချာလို့လား"
"သေချာတယ်! "
ယူရှောင်းမိုကတွေဝေမှုမရှိ ပြန်ဖြေလိုက်သည်။
အဲ့တာလင်းရှောင်လို့ ခံစားချက်ရနေတာပဲဖြစ်သည်။
သူဘယ်လိုလုပ်သေချာနေတာလဲလို့ ဟယ့်သုံ့
မမေးတော့ပေ၊ သို့ပေမဲ့ယူရှောင်းမိုပြောတာကို
သူ လုံးဝယုံကြည်သွားပြီဖြစ်သည်။
သူတင်မဟုတ်ပေ၊ သူ့ကိစ္စများကိုသိထားသည့်
အခြားအကျဉ်းသားများသည်လည်း သူ့စကားကို
ယုံကြည်ကြသည်။
ထုံထျန်းနန်းတော်မှာ ဤသို့သော
အဖြစ်အပျက်များ နှစ်ဆယ်ထောင်ချီကြာအောင်
မဖြစ်ဖူးပေ။ သို့သော်ငြား ဒီအရာက ယူရှောင်းမို
ရောက်ပြီးသိပ်မကြာခင်မှာတင် ဖြစ်ပျက်ခဲ့သည်။
ဤအခွင့်ကိုသုံး၍ သူတို့ ဤနေရာမှလွတ်မြောက်ချင်
လွတ်မြောက်နိုင်သည်။
"မင်းရဲ့လူနဲ့ အဆက်အသွယ်လုပ်ဖို့ နည်းတစ်ခုခု
ရှိလား။ တကယ်လို့ ဆက်သွယ်နိုင်ခဲ့ရင်
သူ့ကို ဆူပူမှုကြီးကြီးဖြစ်အောင်လုပ်ဖို့
ပြောလိုက်။ အခွင့်အရေးဖန်တီးဖို့ ပိုလွယ်အောင်
ထုံထျန်းနန်းတော်ကို ကသောင်းကနင်းဖြစ်အောင်
လုပ်နိုင်ရင်အကောင်းဆုံးပဲ"
ဟယ့်သုံ့က ချက်ချင်းပဲ သူ့ကိုပြောသည်။
"ဒါက..." ယူရှောင်းမို ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
သတင်းပို့ခြင်းကိုပြောရာတွင် အသံကူးပြောင်း
ကျောက်တုံးကိုအရင်တွေးမိသည်။ သို့သော်လည်း
ပထမရက်မှာ သူကြိုးစားခဲ့ပေမဲ့ တုံ့ပြန်မှုလုံးဝ
မရှိခဲ့ပေ။ ဒီဟာက သူတို့အတွက် အဆက်အသွယ်
လုပ်ဖို့တစ်ခုတည်းသောနည်းဖြစ်ပုံရသည်။
"မရှိဘူးလား" ဟယ့်သုံ့က စိုးရိမ်တကြီးမေးသည်။
ယူရှောင်းမို ခေါင်းကုတ်လိုက်မိ၏။
ဒါပေါ့ မရှိဘူး!
သူ့မှာ ထိုသို့နည်းလမ်းရှိခဲ့ပါက လင်းရှောင်ကို
ဆက်သွယ်ပြီးတာကြာလှပေပြီ။
သူပြန်ဖြေဖို့မလိုဘဲနဲ့ ဟယ့်သုံ့မှာ အဖြေကို
သိလိုက်ပြီဖြစ်၍ အနည်းငယ်စိတ်ပျက်သွားပုံ
ပေါ်သည်။
"ထားလိုက်ပါတော့ မင်းရဲ့လူက ထက်မြက်တဲ့လူ
ဖြစ်ဖို့ပဲမျှော်လင့်ရတော့မယ်"
ယူရှောင်းမို နှာခေါင်းလေးကိုထိလိုက်သည်။
လင်းရှောင်က ထက်မြက်တဲ့လူဆိုတာထက်
ပိုပေသည်။ ဒါကိုတွေးမိတော့ သူပြောလိုက်သည်။
"ဟယ့်သုံ့ ခင်ဗျားစိတ်ချလို့ရပါတယ်။ ကျွန်တော်
သူ့အကြောင်းသိတယ်။ ကျွန်တော့်လူက
မသေချာဘဲနဲ့ ဘာမှမလုပ်ဘူး။ အဲ့လို
အနှောင့်အယှက်မျိုးလုပ်နိုင်တယ်ဆိုကတည်းက
သူပြင်ဆင်လာလို့ပဲ။ ဒီတစ်ခါ ထုံထျန်းနန်းတော်
အရေခွံခွာခံရမှာသေချာတယ်"
ဟယ့်သုံ့က သူ့ကိုကြည့်ကာ သူ့စကားကိုယုံရမယုံရ
စဉ်းစားနေပုံပေါ်သည်။ ဤကိစ္စက အလွန်
အရေးကြီးပြီး သတိမမူမိမှုလေးတစ်ခုတောင်
ပြုခွင့်မရှိပေ။ သူကျရှုံးခဲ့ပါက သူတို့အတွက်
နောက်တစ်ကြိမ် အခွင့်အရေးရလောက်တော့မည်
မဟုတ်ပေ။
အမှန်တရားက ယူရှောင်းမိုမှန်ကြောင်း
သက်သေပြသည်။
ယခုတစ်ခေါက်တွင် လင်းရှောင်၏လှုပ်ရှားမှုများက
သာမန်အတိုင်းအတာအတွင်းမဟုတ်တော့ပေ။
_________________________
Zawgyi
အပိုင္း ၆၃၄- လြတ္ေျမာက္ျခင္း(၁)
ထိုင္ေစာင့္ရသၫ့္ေန့ရက္မ်ားက ကုန္ဖို႔ခက္သည္။
ယူေရွာင္းမိုသည္ အမ်ိဳးသား၏စကားကို
နားေထာင္၍ အခြင့္ေကာင္းေစာင့္ေနသည္။
သို႔ေသာ္ သူလႈပ္ရွားခ်င္တယ္ဆိုရင္ေတာင္မွ
နယ္ေျမက တံု႔ျပန္မႈလံုးဝမရိွသျဖင့္
သူ႔ေမွာ္အိတ္ေလးကိုပဲ ဖြင့္လို႔ရသည္။
ယခင္တုန္းက ေမွာ္အိတ္ေလးအခိုးခံရမွာ
စိုးသၫ့္အတြက္ေၾကာင့္ ပစၥည္းအမ်ားစုကို
နယ္ေျမထဲပဲထားခဲ့သည္။ ယခုအခ်ိန္မွာေတာင္
သူ႔ေမွာ္အိတ္ေလးထဲမွာ ဘာမွမ်ားမ်ားစားစား
မရိွေပ။ သို႔ေပမဲ့လို႔ အိတ္ထဲမွာ စိတ္စြမ္းအင္ေရ
ႏွစ္ပုလင္းႏွင့္ ေမွာ္ေဆးလံုးပုလင္းမ်ားရိွေသးသၫ့္
အတြက္ ၄ကအျပၫ့္အဝေတာ့မမွန္ေပ။
ဒုတိယစမ္းသပ္ခ်က္ မစတင္ခင္က
ထုတ္ယူထားေသာ ဝိဉာဉ္ျဖၫ့္တင္းေဆးလံုးႏွင့္ စြမ္းအင္ျဖၫ့္တင္းေဆးလံုးတို႔ကို နယ္ေျမထဲ
ျပန္မထၫ့္ထားေပ။ ထိုအစား ေမွာ္အိတ္ေလးထဲ
ပစ္ထၫ့္လိုက္ခဲ့တာျဖစ္သည္။ စိတ္စြမ္းအင္ေရ
ႏွစ္ပုလင္းကိုေတာ့ သူ႔အတြက္ လြယ္ကူေစဖို႔
အဓိကထားျပင္ထားျခင္းပင္၊ သို႔ေပမဲ့
ယခုေတာ့ အသံုးဝင္လာေလၿပီ။
ဤေနရာမွာ ရက္အေတာ္မ်ားမ်ားပိတ္ထားခံရ
ၿပီးေနာက္ ယူေရွာင္းမို ေဘးခန္းကလူနဲ႔
ခင္ေနၿပီျဖစ္ၿပီး သူ႔နာမည္က ဟယ့္သံု႔ဟုေခၚကာ
ထံုထ်န္းနန္းေတာ္မွာ အက်ဉ္းခ်ခံထားရတာ
ႏွစ္ငါးရာနီးပါးရိွၿပီဆိုတာ သိရသည္။
သို႔ေသာ္လည္း သူ႔ရဲ့ခါးသီးေသာအေတြ့အႄကံုက
ယူေရွာင္းမိုႏွင့္ကဲြျပားေလသည္၊ ဘာေၾကာင့္ဆို
သူက စမ္းသပ္ခ်က္မွာ ညီညီမ်ွမ်ွ၊ ေပၚေပၚတင္တင္နဲ႔
ဒုတိယေနရာရခဲ့ၿပီး ေနာက္မွာ ထံုထ်န္းနန္းေတာ္ကို
ဝင္ခဲ့တာေၾကာင့္ျဖစ္သည္။
ထိုအခ်ိန္တုန္းက အျခားသူမ်ားကဲ့သို႔ပင္ သူလည္း
ထံုထ်န္းနန္းေတာ္အတြက္ စိတ္ထက္သန္ျပင္းျပမႈမ်ား
အျပၫ့္ရိွခဲ့ေလ၏၊ သို႔ေသာ္ သူ႔ရဲ့ရိုေသ
ေလးစားမႈမ်ား ကဲြေၾကသြားရန္သိပ္မၾကာလိုက္ဘဲ
သံုးလေတာင္မျပၫ့္ေသးခင္မွာ ဤေနရာရိွ
အက်ဉ္းသားမ်ားထဲမွတစ္ေယာက္ ျဖစ္လာခဲ့ေတာ့
သည္။
ေခၚသြားခံရၿပီးျပန္မလာေတာ့တဲ့သူေတြ
အေၾကာင္းကိုလည္း ယူေရွာင္းမိုေမးၾကၫ့္ထားသည္။
ထံုထ်န္းနန္းေတာ္အတြင္းမွာ ဘယ္လို
အႀကံအစည္ေတြ အစပ်ိဳးေနလဲမသိရေပမဲ့
သူတို႔သုတသနေတြမွာ စည္းမ်ဉ္းဥပေဒမရိွသျဖင့္
ေယဘုယ်အားျဖင့္ မေက်နပ္သူမ်ားက အျမန္ဆံုး
ေသၾကတာပဲျဖစ္ေလသည္။
ထို႔အျပင္ ဤေနရာတြင္ အက်ဉ္းခ်ခံထားရသူ
တစ္ရာနဲ႔သံုးဆယ့္ေလးေယာက္ရိွ၏။ ဒါက
အေတာ္ေလးမ်ားသၫ့္အေရအတြက္ျဖစ္ၿပီး
အားလံုးက နတ္ေဒဝါအဆင့္အထက္ရိွ
က်င့္ႀကံသူမ်ားျဖစ္ၾကသည္။
ဟယ့္သံု႔ေျပာျပတာ နားေထာင္ေနခ်ိန္တြင္
ယူေရွာင္းမိုမွာ ပင့္သက္မရိႈက္မိဘဲမေနႏိုင္ေခ်။
ဤအေရအတြက္က ႀကီးလြန္းသည္။ ဤမ်ွ
မ်ားျပားေသာလူပမာဏႀကီး တစ္ခ်ိန္တည္းမွာ
ေပ်ာက္ဆံုးသြားမည္ဆိုပါက အင္မတန္
သိသာေနမည္ပင္။ သို႔ေသာ္ျငား
ထံုထ်န္းတိုက္မႀကီးတြင္ က်င့္ႀကံသူမ်ားစြာ
ရိွတဲ့ထဲက တစ္ႀကိမ္ကိုလူနည္းနည္းစီေလာက္
ေပ်ာက္ဆံုးသြားမည္ဆိုပါက မည္သူကမွ
သတိထားမိမွာမဟုတ္ေခ်။
သို႔ေပမဲ့ ထံုထ်န္းနန္းေတာ္က သူတို႔လူေတြကိုေတာင္
အကြက္ေရႊ့လိမ့္မည္ဟု ယူေရွာင္းမို
မေမ်ွာ္လင့္ထားခဲ့ေပ။
ဘာပဲျဖစ္ျဖစ္ ထံုထ်န္းနန္းေတာ္ႏွင့္
ေရွာင္ေယာင္တကၠသိုလ္တို႔ၾကားမွာ ဆက္ႏြယ္မႈအခ်ိဳ႕
ရိွသည္ပင္။ သို႔ေသာ္ ထံုထ်န္းနန္းေတာ္က
လူေပၚေပၚထင္ထင္ဖမ္းဖို႔အတြက္ ဤနာမည္ကို
တကယ္ပဲအသံုးခ်သည္၊ ရဲတင္းလြန္းသည္ဟုပင္
ေျပာရေပမည္။
သုေတသနက ဒုတိယအပိုင္းကိုေရာက္ရိွလာၿပီ
ျဖစ္တာ ဒါမွမဟုတ္ရင္လည္း ၿပီးစီးေတာ့မွာေၾကာင့္
သူတို႔လႈပ္ရွားမႈေတြကို အတင္းဖံုးကြယ္ဖို႔
မလုပ္ေတာ့တာဟု ယူေရွာင္းမို သံသယျဖစ္မိသည္။
ယူေရွာင္းမို ဤေမးခြန္းကိုထုတ္ေျပာေတာ့
ဟယ့္သံု႔က သူ႔ကိုမ်က္လံုးေထာင့္မွလွမ္းၾကၫ့္သည္။
သူ ဒီေလာက္ထက္မယ္လို႔ ဟယ့္သံု႔
မေမ်ွာ္လင့္ထားေပ၊ ထို႔ေၾကာင့္ သူထပ္ၿပီး
ဖံုးကြယ္မထားေတာ့ေပ။
"မင္းေျပာသလိုပဲ ထံုထ်န္းနန္းေတာ္ရဲ့အႀကံအစည္
ၿပီးေျမာက္ေတာ့မယ္လို႔ ငါလည္းထင္တယ္။
အရင္တုန္းကဆိုရင္ သံုးလ၊ ေလးလမွတစ္ခါ
လူတစ္ေယာက္လာေခၚတာ။ ဒါေပမဲ့ အခု
လာတဲ့အေခါက္ေတြ သိပ္မကြာေတာ့ဘူး။
တစ္ရက္တစ္ေယာက္လာေခၚေနတာလို႔ေတာင္
ေျပာလို႔ရတယ္ဆိုေတာ့ မင္းလည္းသတိထားမိမွာပါ"
အက်ဉ္းသားႏွစ္ရာထားလို႔ရသၫ့္ အက်ဉ္းခန္း
ဒါဇင္မ်ွ ရွင္းေနၿပီျဖစ္သည္။ ယခင္ကဆိုလ်ွင္
အခန္းတစ္ခန္း လပ္သြားသည္ႏွင့္ ခ်က္ခ်င္း
ေနာက္ထပ္တစ္ေယာက္ အသြင္းခံရလိမ့္မည္။
သို႔ေသာ္ ယခုတြင္ လူအေရအတြက္က ေလ်ာ့က်
လာေနသည္။
"ကၽြန္ေတာ္တို႔အလွၫ့္ မၾကာခင္ေရာက္လာေတာ့မယ္
လို႔ေျပာခ်င္တာလား"
ယူေရွာင္းမို သူ႔ကိုမ်က္လံုးျပဴးျပဴးျဖင့္ ၾကၫ့္
လိုက္မိသည္။ ထိုမ်ျွမန္ျမန္ သူ႔အလွၫ့္
ေရာက္လာဖို႔ လံုးဝဆႏၵမရိွေပ။
"ျဖစ္ေလာက္တယ္" ဟယ့္သံု႔က မေရမရာ
ျပန္ေျဖသည္။
"တကယ္ ၿပီးဖို႔နီးေနၿပီဆိုရင္ သူတို႔လုပ္ေနတဲ့ကိစၥကို
ငါတို႔မသိရင္ေတာင္မွ ငါတို႔ကိုႏႈတ္ပိတ္ဖို႔အတြက္
လႊတ္ေပးမွာမဟုတ္ဘူး"
ဟယ့္သံု႔ေျပာတာနားေထာင္ရင္း ယူေရွာင္းမိုစိတ္ထဲ
ကပ္ဆိုက္ေတာ့မၫ့္အာရံုမ်ားရေနသည္။
ဤရက္မ်ားအတြင္း သူ႔အခန္း၏ခုခံေရးမ်ားကို
လ်ိႈ႔ဝွက္စမ္းၾကၫ့္ေသာ္လည္း အသံုးမဝင္ေပ။
ဆန႔္က်င္ဘက္ပင္၊ သူ႔ဝိဉာဉ္စြမ္းအားကို
ပိုျမန္ျမန္ေတာင္ ကုန္ခမ္းသြားေစခဲ့သည္။
ဤေနရာတြင္ သူ႔ဝိဉာဉ္စြမ္းအားကို ထပ္မံ
ထုတ္လႊတ္ပါက ဆဲြအားတစ္ခုထြက္ေပၚလာၿပီး
သူ႔ကိုယ္ထဲကေန ဝိဉာဉ္စြမ္းအားကို စုပ္ယူဖို႔
ႀကိဳးစားေနပံုေပၚသည္။
ထိုတစ္ေခါက္ၿပီးေနာက္မွာ ယူေရွာင္းမို
ျဖစ္ကတတ္ဆန္း ထပ္လုပ္မၾကၫ့္ရဲေတာ့ေပ။
ကုန္သြားေသာဝိဉာဉ္စြမ္းအားကိုလည္း ခ်က္ခ်င္း
ျပန္မျဖၫ့္ခဲ့ေပ။
ဤတစ္ရက္တြင္လည္း ယူေရွာင္းမို ဟယ့္သံု႔ႏွင့္
ဆက္စကားေျပာေနခဲ့သည္။
သူ႔အိမ္နီးခ်င္းဟယ့္သံု႔အျပင္ တစ္ဖက္ရိွ
အခန္းမွာလည္း ေနာက္တစ္ေယာက္ရိွေသးသည္၊
သို႔ေပမဲ့ ထိုသူက မ်ားေသာအားျဖင့္
ႏႈတ္ဆိတ္ေနတတ္သၫ့္ ဆံျဖဴအဘိုးႀကီး
တစ္ေယာက္ျဖစ္သည္။
ယူေရွာင္းမို သူနဲ႔စကားေျပာဖို႔ တစ္ခါႀကိဳးစားခဲ့ေသး
သည္။ သူေျပာတာ အခြန္းတစ္ရာေလာက္
ရိွေနေပမဲ့ လူအိုႀကီးက တစ္ခ်က္ေတာင္မၾကၫ့္ေပ။
ေနာက္တစ္ရက္မွာလည္း ထပ္သြားေျပာေပမဲ့
ရလဒ္ကအတူတူပင္။ ထိုႏွစ္ခါၿပီးေနာက္မွာ
လူအိုႀကီးကိုထပ္သြားမေတြ့ေတာ့ေပ။
အခန္းမ်ားထဲရိွ အက်ဉ္းသားအမ်ားစုက
အသက္ဝင္မႈမရိွၾကဘဲ သူ႔အားစကားျပန္ေျပာခ်င္
စိတ္ရိွသၫ့္တစ္ဦးတည္းေသာလူမွာ ဟယ့္သံု႔ပင္။
ဒီေနရာမွာအပိတ္မခံရခင္တုန္းက ဟယ့္သံု႔ဟာ
စကားေပါတဲ့လူျဖစ္မယ္ဟု ယူေရွာင္းမို
သံသယျဖစ္မိသည္။ ဒီကိုေရာက္ၿပီးတဲ့ေနာက္
သူ႔နားကဘယ္သူကမွ စကားေျပာခ်င္စိတ္
မရိွၾကေသာေၾကာင့္သာ အနည္းငယ္ႏႈတ္နည္းသၫ့္
စရိုက္ ရိွလာတာျဖစ္ေလာက္သည္။
ယခု ယူေရွာင္းမိုရိွေနေတာ့ ဟယ့္သံု႔တစ္ေယာက္
ႏွစ္ေတြမ်ားစြာမ်ိဳသိပ္ထားရသၫ့္ စကားမ်ား
အတြက္ ထြက္ေပါက္ရသြားေတာ့သည္။
သို႔ေပမဲ့ အမွန္ကိုမသိရသျဖင့္ ဒါေတြအားလံုးက
ယူေရွာင္းမိုရဲ့ထင္ျမင္ခ်က္မ်ားသာျဖစ္သည္။
ယူေရွာင္းမိုက သူ႔ကိုထံုထ်န္းနန္းေတာ္အေၾကာင္းသာ
မဟုတ္ဘဲ အျပင္ေလာကရိွအေၾကာင္းကိစၥမ်ားကိုပါ
ေျပာျပသည္။ ဟယ့္သံု႔သည္ သူ႔စကားမ်ားမွာ
လ်ိႈ႔ဝွက္ခ်က္ပါမလား အၿမဲတေစအကဲခတ္ေန
တတ္ေပမဲ့ ယူေရွာင္းမိုေျပာတာကို အခုထက္ထိ
အျပၫ့္အဝမယံုေသးဘူးဆိုတာေတာ့ ထင္ရွားေလ
သည္။ သို႔ေပမဲ့ ယူေရွာင္းမိုကေတာ့ ရက္ရက္ေရာေရာ
ေျပာျပတုန္းပင္။
ေနာက္ဆံုးတြင္ သူ႔စကားခုနစ္ဆယ္ရာခိုင္ႏႈန္းခန႔္
ဟယ့္သံု႔ ယံုၾကည္သြားေတာ့သည္၊ အထူးသျဖင့္
အသက္ႏွစ္ဆယ္မွာ အဆင့္ေလး
ေရာက္ေနၿပီျဖစ္တာကို သိရၿပီးတဲ့ေနာက္မွာပင္။
ေမွာ္ေဆးပင္ပမာဏႀကီးႀကီးမားမား၏
ေထာက္ပံ့မႈမပါဘဲ ဤမ်ွလ်င္ျမန္စြာ
အဆင့္တက္ႏိုင္ဖို႔မျဖစ္ႏိုင္ေပ။
"ထံုထ်န္းနန္းေတာ္က မင္းကိုဖမ္းမယ္ဆိုတာ
ယံုၾကည္ဖို႔ခက္ေလာက္ေအာင္ မင္းရဲ့ေနာက္ခံက
နက္လြန္းတယ္။ မင္းဆီမွာ သူတို႔လိုခ်င္တာ
တစ္ခုခုရိွလို႔မွမဟုတ္ရင္ ဒါအဓိပၸါယ္မရိွဘူး"
သူ႔ကို အႀကိမ္အနည္းငယ္မ်ွၾကၫ့္ၿပီးေနာက္
ဟယ့္သံု႔က ရုတ္တရက္ေျပာသည္။
ယူေရွာင္းမို ရုတ္ျခည္းလန႔္သြားသည္၊ ဒါက
အလြန္ျဖစ္ႏိုင္ေျခရိွသည္။ သူ႔နယ္ေျမကိုေတာင္
သြားေတြးမိလုနီးပါးပင္၊ သို႔ေသာ္ ထံုထ်န္း
နန္းေတာ္လိုခ်င္တဲ့အရာက သူ႔နယ္ေျမသာဆိုပါက
ဘာေၾကာင့္ အခုထက္ထိ
ဘာမွလႈပ္ရွားမလာေသးတာလဲ။
ထံုထ်န္းဧကရာဇ္၏စြမ္းအားျဖင့္ဆိုလ်ွင္
ဘာမွမလုပ္ႏိုင္ဘူးဆိုတာ မျဖစ္ႏိုင္ေပ။ သူ႔ကို
ဒီေနရာမွာ ရက္ေတြအၾကာႀကီး ဒီအတိုင္းေတာင္
ပိတ္ထားဖို႔ဆိုလ်ွင္... ရည္ရြယ္ခ်က္က
သူ႔နယ္ေျမမဟုတ္မွပင္။
"ညီေလး မင္းတစ္ခုခုေတြးမိလား"
ယူေရွာင္းမိုရဲ့ထူးဆန္းေသာအမူအရာကို
ျမင္သၫ့္အခါ ဟယ့္သံု႔က စမ္းေမးလိုက္သည္။
ယူေရွာင္းမို ခ်က္ခ်င္းပဲေခါင္းယမ္းလိုက္သည္။
"ကၽြန္ေတာ့္ဆီမွာ သူတို႔လိုခ်င္တာတကယ္
ရိွမယ္ဆိုရင္ အခုဒီမွာ သေကာနဲ႔
ထိုင္စကားေျပာေနရေတာ့မွာမဟုတ္ဘူး။
ေခၚသြားခံရၿပီးေလာက္ၿပီ"
ဟယ့္သံု႔က ရယ္လိုက္သည္။
"ဟုတ္တာပဲ"
စကားဆံုးသၫ့္အခါ အက်ဉ္းခန္းတြင္
ရုတ္တရက္ တိတ္ဆိတ္မႈႀကီးစိုးသြားသည္။
ဟယ့္သံု႔ကသူ႔ကိုမယံုမွန္း ယူေရွာင္းမိုသိသည္။
သို႔ေပမဲ့ ရွင္းျပဖို႔စိတ္ကူး သူ႔မွာမရိွေပ၊ မဟုတ္ပါက
ဖံုးဖို႔ သူပိုႀကိဳးစားသည္ႏွင့္ သူ႔ကိုယ္သူ
ေဖာ္လိုက္မိလိမ့္မည္။
ထိုအခိုက္ ငလ်င္လႈပ္ေနသၫ့္အလား အက်ဉ္းခန္းက
ရုတ္တရက္ ျပင္းထန္စြာလႈပ္ခါလာသည္။ လူတိုင္း
လန႔္ကုန္သည္။ ဤသို႔ေသာအျဖစ္မ်ိဳးယခင္က
တစ္ခါမွမျဖစ္ဖူးေလရာ ဒါကပထမဆံုးပင္။
ေမ်ွာ္လင့္ခ်က္အကုန္ လက္ေလ်ွာ့ထားၿပီးၿပီျဖစ္၍
မလႈပ္မယွက္ေနေနၾကေသာလူမ်ားအားလံုး
သံတိုင္မ်ားကို တြယ္ကပ္လာၾကၿပီး
အက်ဉ္းေထာင္အဝကို စူးစမ္းေသာအၾကၫ့္မ်ား၊
အနည္းငယ္ေမ်ွာ္လင့္ေသာအၾကၫ့္မ်ားျဖင့္
ၾကၫ့္လိုက္ၾကသည္။
တစ္ခဏၾကာၿပီးေနာက္ ဝတ္ရံုျဖဴလူတစ္ေယာက္
အက်ဉ္းေထာင္သို႔ ရုတ္တရက္ေျပးလာၿပီး
ေထာင္ဝကိုေစာင့္ၾကပ္ေနသၫ့္ လူႏွစ္ေယာက္ကို
အျမန္ေျပာေလသည္။
"က်ူးေက်ာ္လာသူရိွတယ္။ မင္းတို႔ေတြ
ေသခ်ာၾကၫ့္ထား၊ ဘယ္လူစိမ္းမွဒီနားမကပ္ေစနဲ႔"
"ဟုတ္ကဲ့!" လူႏွစ္ေယာက္က သြက္လက္စြာ
ေျဖၾကားသည္။
ဝတ္ရံုျဖဴလူထြက္သြားၿပီးေနာက္ အက်ဉ္းေထာင္
တစ္ခုလံုး ပြက္ေလာရိုက္ကုန္သည္။ သူ႔အသံက
အနည္းငယ္တိုးေသာ္လည္း ဤေနရာရိွလူအမ်ားစု
အတြက္ ၾကားရဖို႔မခဲယဉ္းေပ၊ အထူးသျဖင့္ သူႏွင့္
နီးသၫ့္လူမ်ားပင္။ သူ႔စကားမ်ားက သူတို႔အတြက္
ပီပီသသရိွလွသည္။
ထံုထ်န္းနန္းေတာ္ကို က်ူးေက်ာ္သူရိွသည္ဟူေသာ
သတင္းက တစ္ခဏခ်င္း အက်ဉ္းေထာင္တစ္ခုလံုး
ပ်ံ႔ႏွံ႔သြားသည္။
အဲ့ဒါ ဘယ္လိုအေတြးမ်ိဳးလဲ။
လူမ်ားစြာ၏မ်က္လံုးထဲတြင္ ထံုထ်န္းနန္းေတာ္
ဆိုသည္က ထိုးေဖာက္၍မရႏိုင္သၫ့္ခံတပ္ႀကီးတစ္ခု
ဆိုတာ သိထားရေပမည္။ ႏွစ္မ်ားစြာအတြင္း၊
လြတ္ေျမာက္ဖို႔မဆိုထားႏွင့္ ေအာင္ေအာင္ျမင္ျမင္
ဝင္လာဖူးသူ တစ္ေယာက္မွမရိွေပ။ ထံုထ်န္း
တိုက္မႀကီးမွာ ထံုထ်န္းဧကရာဇ္ကအသန္မာဆံုး
က်င့္ႀကံသူဟူသၫ့္ ေကာလဟလမ်ားေၾကာင့္
ထံုထ်န္းဧကရာဇ္၏မ်က္စိေအာက္မွာ ဘယ္သူကမွ
ျပႆနာမရွာရဲၾကေပ။ သူက ယူက်န္ထ်န္းထက္
မ်ားစြာပို၍သန္မာၿပီး ၾကယ္ခုနစ္ပြင့္ရဲ့
အထြတ္အထိပ္ကို မည္သၫ့္အခ်ိန္မွာမဆို
ခ်ိဳးျဖတ္ေတာ့မၫ့္ပုဂၢိုလ္တစ္ဦးျဖစ္သည္။
"လင္းေရွာင္ကၽြန္ေတာ့္ကိုလာကယ္တာပဲျဖစ္ရမယ္"
ယူေရွာင္းမို မေမ်ွာ္လင့္ထားစြာနဲ႔
အံ့အားသင့္သြားရသည္။ တစ္ႏွစ္ရိွၿပီဆိုေပမဲ့
သူေသၿပီဆိုတာအတည္မျပဳရေသးသေရြ့
လင္းေရွာင္ကလက္ေလ်ွာ့မွာမဟုတ္မွန္း သူသိသည္။
"လင္းေရွာင္?" ဟယ့္သံု႔ သူ႔စကားၾကားေတာ့
အက်ဉ္းခ်ခံရသၫ့္ ပထမဆံုးေန့မွာ ယူေရွာင္းမို
ေျပာခဲ့သၫ့္စကားကို ခ်က္ခ်င္း
အမွတ္ရသြားေလသည္။
"လင္းေရွာင္ဆိုတာ မင္းရဲ့လူကိုေျပာတာလား။
သူဆိုတာ တကယ္ပဲေသခ်ာလို႔လား"
"ေသခ်ာတယ္! "
ယူေရွာင္းမိုကေတြေဝမႈမရိွ ျပန္ေျဖလိုက္သည္။
အဲ့တာလင္းေရွာင္လို႔ ခံစားခ်က္ရေနတာပဲျဖစ္သည္။
သူဘယ္လိုလုပ္ေသခ်ာေနတာလဲလို႔ ဟယ့္သံု႔
မေမးေတာ့ေပ၊ သို႔ေပမဲ့ယူေရွာင္းမိုေျပာတာကို
သူ လံုးဝယံုၾကည္သြားၿပီျဖစ္သည္။
သူတင္မဟုတ္ေပ၊ သူ႔ကိစၥမ်ားကိုသိထားသၫ့္
အျခားအက်ဉ္းသားမ်ားသည္လည္း သူ႔စကားကို
ယံုၾကည္ၾကသည္။
ထံုထ်န္းနန္းေတာ္မွာ ဤသို႔ေသာ
အျဖစ္အပ်က္မ်ား ႏွစ္ဆယ္ေထာင္ခ်ီၾကာေအာင္
မျဖစ္ဖူးေပ။ သို႔ေသာ္ျငား ဒီအရာက ယူေရွာင္းမို
ေရာက္ၿပီးသိပ္မၾကာခင္မွာတင္ ျဖစ္ပ်က္ခဲ့သည္။
ဤအခြင့္ကိုသံုး၍ သူတို႔ ဤေနရာမွလြတ္ေျမာက္ခ်င္
လြတ္ေျမာက္ႏိုင္သည္။
"မင္းရဲ့လူနဲ႔ အဆက္အသြယ္လုပ္ဖို႔ နည္းတစ္ခုခု
ရိွလား။ တကယ္လို႔ ဆက္သြယ္ႏိုင္ခဲ့ရင္
သူ႔ကို ဆူပူမႈႀကီးႀကီးျဖစ္ေအာင္လုပ္ဖို႔
ေျပာလိုက္။ အခြင့္အေရးဖန္တီးဖို႔ ပိုလြယ္ေအာင္
ထံုထ်န္းနန္းေတာ္ကို ကေသာင္းကနင္းျဖစ္ေအာင္
လုပ္ႏိုင္ရင္အေကာင္းဆံုးပဲ"
ဟယ့္သံု႔က ခ်က္ခ်င္းပဲ သူ႔ကိုေျပာသည္။
"ဒါက..." ယူေရွာင္းမို ရွက္ကိုးရွက္ကန္းျဖစ္သြား၏။
သတင္းပို႔ျခင္းကိုေျပာရာတြင္ အသံကူးေျပာင္း
ေက်ာက္တံုးကိုအရင္ေတြးမိသည္။ သို႔ေသာ္လည္း
ပထမရက္မွာ သူႀကိဳးစားခဲ့ေပမဲ့ တံု႔ျပန္မႈလံုးဝ
မရိွခဲ့ေပ။ ဒီဟာက သူတို႔အတြက္ အဆက္အသြယ္
လုပ္ဖို႔တစ္ခုတည္းေသာနည္းျဖစ္ပံုရသည္။
"မရိွဘူးလား" ဟယ့္သံု႔က စိုးရိမ္တႀကီးေမးသည္။
ယူေရွာင္းမို ေခါင္းကုတ္လိုက္မိ၏။
ဒါေပါ့ မရိွဘူး!
သူ႔မွာ ထိုသို႔နည္းလမ္းရိွခဲ့ပါက လင္းေရွာင္ကို
ဆက္သြယ္ၿပီးတာၾကာလွေပၿပီ။
သူျပန္ေျဖဖို႔မလိုဘဲနဲ႔ ဟယ့္သံု႔မွာ အေျဖကို
သိလိုက္ၿပီျဖစ္၍ အနည္းငယ္စိတ္ပ်က္သြားပံု
ေပၚသည္။
"ထားလိုက္ပါေတာ့ မင္းရဲ့လူက ထက္ျမက္တဲ့လူ
ျဖစ္ဖို႔ပဲေမ်ွာ္လင့္ရေတာ့မယ္"
ယူေရွာင္းမို ႏွာေခါင္းေလးကိုထိလိုက္သည္။
လင္းေရွာင္က ထက္ျမက္တဲ့လူဆိုတာထက္
ပိုေပသည္။ ဒါကိုေတြးမိေတာ့ သူေျပာလိုက္သည္။
"ဟယ့္သံု႔ ခင္ဗ်ားစိတ္ခ်လို႔ရပါတယ္။ ကၽြန္ေတာ္
သူ႔အေၾကာင္းသိတယ္။ ကၽြန္ေတာ့္လူက
မေသခ်ာဘဲနဲ႔ ဘာမွမလုပ္ဘူး။ အဲ့လို
အေနွာင့္အယွက္မ်ိဳးလုပ္ႏိုင္တယ္ဆိုကတည္းက
သူျပင္ဆင္လာလို႔ပဲ။ ဒီတစ္ခါ ထံုထ်န္းနန္းေတာ္
အေရခြံခြာခံရမွာေသခ်ာတယ္"
ဟယ့္သံု႔က သူ႔ကိုၾကၫ့္ကာ သူ႔စကားကိုယံုရမယံုရ
စဉ္းစားေနပံုေပၚသည္။ ဤကိစၥက အလြန္
အေရးႀကီးၿပီး သတိမမူမိမႈေလးတစ္ခုေတာင္
ျပဳခြင့္မရိွေပ။ သူက်ရႈံးခဲ့ပါက သူတို႔အတြက္
ေနာက္တစ္ႀကိမ္ အခြင့္အေရးရေလာက္ေတာ့မည္
မဟုတ္ေပ။
အမွန္တရားက ယူေရွာင္းမိုမွန္ေၾကာင္း
သက္ေသျပသည္။
ယခုတစ္ေခါက္တြင္ လင္းေရွာင္၏လႈပ္ရွားမႈမ်ားက
သာမန္အတိုင္းအတာအတြင္းမဟုတ္ေတာ့ေပ။
_________________________