The Legendary Master's Wife [...

Per melon_rays

466K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Més

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်

4.7K 1K 31
Per melon_rays

Unicode
အပိုင်း ၆၃၃- ပြန်လမ်းမဲ့အကျဉ်းထောင်

"ရောက်လာကြပြန်ပြီ"

ထိုသူများကို မြင်သောအခါ အမျိုးသားသည်
မသိမသာပြောလိုက်၏။ ယူရှောင်းမိုက သူနှင့်
နီးသဖြင့် တိုးတိုးကြားလိုက်ရသည်။ သူ့အသံတွင်
မုန်းတီးမှုနှင့်ဒေါသတို့အပြင် စွမ်းအားမဲ့မှုတို့ပါ
ပါဝင်နေသည်။

ယူရှောင်းမိုအကြည့်က ဝတ်ရုံဖြူလူသုံးယောက်ထံ
ရွေ့သွားသည်။ သူတို့မျက်နှာများအား
ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း
သုံးယောက်လုံးက အင်မတန်သန်မာကြသည်။
ထို့အပြင် သူတို့ဝင်လာပြီးကတည်းက
အကျဉ်းသားများ၏အခြေအနေသည်
စိတ်လှုပ်ရှားမှုဖြင့် မတည်မငြိမ်ဖြစ်လာကြသည်။

၎င်းက မှိန်ဖျော့သော်ငြားလည်း အားကောင်း၍
မကောင်းသည့်အတွေးများစွာ ရောယှက်လျက်ရှိပြီး
အားလုံး ဤဝတ်ရုံဖြူလူသုံးယောက်အား
ဦးတည်နေသည်၊ သို့သော် အရာအားလုံးထက်
ကြောက်ရွံ့စိတ်ကပိုများသည်။

ဝတ်ရုံဖြူလူသုံးယောက်သည် ယူရှောင်းမို၏
အကျဉ်းခန်းအား ဖြတ်လျှောက်သွား၏။
အကြည့်တစ်ခုက သူ့အား သာမန်ကာလျှံကာ
ဖြတ်ကြည့်သွားပုံရပြီး ဝတ်ရုံဖြူလူများက
သူတို့အကျဉ်းခန်းများအား ကျော်သွားသည့်အခါ
အခြားသူများ စိတ်သက်သာစွာသက်ပြင်းချသံကို
ရေးရေးမျှကြားရနိုင်သည်။

ခဏကြာသော် အတွင်းဘက်မှ သံချိန်းကြိုးများ
တိုက်ခတ်သံကိုကြားရပြီး လူတစ်ယောက်
ကြောက်လန့်တကြားအော်ဟစ်သံထွက်လာသည်။

"ငါမသွားဘူး! ငါမသေချင်သေးဘူး! ငါ့ကို
လွှတ်! လွှတ်! အသေဆိုးနဲ့သေသင့်တဲ့
မိစ္ဆာကောင်တွေ! အကုန်လုံး အသေဆိုးနဲ့
သေကြပါစေ!"

ထိုသူသည် ဝတ်ရုံဖြူလူနှစ်ယောက်၏
တရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံနေရကာ
သူ့အမူအရာမှာ ရူးသွပ်သွားသည့်အလားရှိသည်။
သို့သော်၊ သူ အော်ဟစ်ကန်ကျောက်နေသော်ငြား
သူတို့ကို နည်းနည်းမှမရွေ့စေနိုင်ပေ။
ခြေလက်များတွင် သံကွင်းအနက်ရောင်များဖြင့်
ဆွဲခေါ်သွားခံရဆဲပင်။ သူရုန်းကန်သည့်အတိုင်း
၎င်းတို့က တချွင်ချွင်မြည်လျက် ကြီးမားလှသော
အကျဉ်းထောင်ကြီးထဲတွင် ပဲ့တင်ရိုက်ခတ်နေ
တော့သည်။

အချို့သူများက ကူကယ်ရာမဲ့စွာ
ခေါင်းယမ်းနေကြသည်ကို ယူရှောင်းမိုမြင်ရပြီး
သူ့စိတ်ထဲရှိ သံသယနှင့်မသက်မသာဖြစ်မှုတို့က
ပိုမိုအားကောင်းလာတော့သည်။

"ဒီတစ်ယောက် ပြန်လာနိုင်မှာမဟုတ်ဘူး"

ထိုအခိုက်တွင် ယူရှောင်းမိုနှင့်စကားပြောနေခဲ့သော
အမျိုးသား​က ကူကယ်ရာမဲ့စွာသက်ပြင်းချ
လိုက်သည်။ သူ့လေသံက အနည်းငယ်
အထီးကျန်နေပုံပေါ်ပြီး သူလည်း တစ်နေ့
ထိုလမ်းအတိုင်းသွားရမည့်သကဲ့သို့ ခံစားမိဖို့
ခက်သည့် မျှော်လင့်ချက်မဲ့မှုတစ်စွန်းတစ်စလည်း
ပါဝင်နေသည်။

"ဘာလို့လဲ"

ယူရှောင်းမိုက စကားကိုဆက်လိုက်သည်။

အမျိုးသားက အချိန်အတော်ကြာသည်အထိ
မဖြေပေ၊ သူမဖြေတော့ဘူးလို့ ယူရှောင်းမို
ထင်သွားချိန်မှာပဲ သူကပြောသည်။

"တိတိကျကျတော့ ငါမသိဘူး.. ဒါပေမဲ့
ထုံထျန်းနန်းတော်က ကြောက်စရာကောင်းတဲ့
သုတေသနတစ်ခုခု လုပ်နေတာမျိုးဖြစ်လောက်တယ်၊
သူတို့က ထူးချွန်တဲ့ကျင့်ကြံသူတွေ အများကြီး
လိုအပ်တယ်၊ ပြီးတော့ ဒီနေရာကနေ 'ထွက်'သွားတဲ့
ဘယ်သူမဆို ဘယ်တော့မှပြန်မလာတော့ဘူး။
အဲ့ဒါကြောင့်မလို့ အချိန်ဘယ်လောက်မှမရှိသေးဘူး
လူအသစ်တွေထပ်လိုတယ်လေ၊ ထုံထျန်းနန်းတော်က
ပွင့်လင်းပြီးရိုးသားတဲ့နည်းတစ်ခုခုသုံးပြီး လူတွေကို
ဖမ်းနေတယ်ထင်တယ်။ မင်းက ဘယ်လို
ရောက်လာတာလဲ"

သူ ဒီထဲဘယ်လိုဘယ်ပုံအကျဉ်းချခံခဲ့ရပုံကို
ယူရှောင်းမို သူ့ကိုအတိုချုပ်ပြောပြလိုက်သည်။

"အဲ့လိုကိုး။ လူတစ်ရာထဲက တစ်ယောက်တည်း
ရွေးတာကိုအရွေးခံလိုက်ရတယ်ဆိုတော့ မင်းလည်း
တော်တော်လေးကံမကောင်းတာပဲ။ ဒီဥစ္စာက
ထုံထျန်းနန်းတော်ရဲ့လှည့်ကွက်ထဲက တစ်ခုပဲ..
ပြိုင်ပွဲကိုအသုံးချပြီး လူရာကျော်ထဲက မင်းတို့
အနည်းစုကိုခိုးဖမ်းထားလို့ရတယ်လေ။
အပြင်ကိုတော့ မင်းသေပြီလို့
ကြေညာထားလောက်တယ်။ သူ့ဆင်ခြေက
တော်တော်လေးတော့ကောင်းတယ်။
မင်းအနောက်မှာ စွမ်းအားကြီးတဲ့ကျင့်ကြံသူတွေ
မရှိဘူးဆိုရင် မင်းတစ်သက်လုံးဒီထဲကထွက်လို့
ရချင်မှရတော့မှာ။ ဒါပေမဲ့ မင်းနောက်မှာ
လူရှိရင်တောင်မှ ထုံထျန်းနန်းတော်ထက်
စွမ်းအားကြီးတဲ့သူဆိုတာ မရှိသလောက်ပဲ။
မင်းစိတ်မင်းပြင်ဆင်ထားပေါ့"
အမျိုးသားက တစ်ခါတလေဆို ပြုံးပြီး
တစ်ခါတလေဆို သက်ပြင်းချသည်၊ သူ့အမူအရာက
အမျိုးစုံသည်။ ကြည့်ရသည်မှာ သူလည်း
ဤကဲ့သို့ကြုံဖူးပုံပင်။

ယူရှောင်းမို မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

"သကောလည်း ရှောင်ယောင်တက္ကသိုလ်
တက်ဖူးတယ်လား"

သူ့ကို ထိုမျှထက်မည်ဟု အမျိုးသားသည်
မမျှော်လင့်ထားပေ။ သို့သော်လည်း ဘာမှ
ဖုံးကွယ်ထားစရာမလိုသောကြောင့်
ပြောလိုက်သည်။

"အဲ့လိုဆိုလို့ရပါတယ်။ ပြောမှပဲ ငါက မင်းရဲ့
စီနီယာဖြစ်မှာပေါ့"

ယခင်ကအဖြစ်အပျက်ကို တွေးမိသောအခါ
အမျိုးသား၏အမူအရာက ချက်ချင်းနီးပါး
ကျဆင်းသွားသည်။ သူဟာ ဖျတ်လတ်
တက်ကြွဖူးတာကို သူမှတ်မိသည်၊ သို့သော်လည်း
အဆုံးမှာတော့ ဤအခြေအနေသို့ပင် ကျဆင်း
နေခဲ့လေပြီ။ အပြင်မထွက်နိုင်ပါက ဒီတစ်သက်တော့
မျှော်လင့်ချက်ထပ်မထားသင့်တော့ပေ။

ယူရှောင်းမိုက ရောက်ကာစဖြစ်သဖြင့်
စိတ်အခြေအနေမဆိုးဝါးနေပေ။ လင်းရှောင်က
သေချာပေါက် လာကယ်မည်ဟုလည်း သူ
အခိုင်အမာယုံကြည်သည်။ ထို့အ​ပြင် ဖူချန်ချုံးလည်း
သူ့အကူအညီကိုလိုသေးသည်။ သံသရာဆေးလုံး
ဖော်စပ်ဖို့အတွက် သူ့ကျင့်ကြံဆင့်က အခုထိ
မလုံလောက်သေးပေမဲ့လို့ သူတို့ သူ့အပေါ်
အကြွေးတင်နေတာကို ချန်မဟာမိတ်မမေ့သင့်ပေ။

"မင်းစိတ်မပူဘူးပေါ့" အမျိုးသားသည်
သူ့အမူအရာကို အကဲခတ်နေတာဖြစ်ပြီး သူပြောတာ
နားထောင်ပြီးနောက်မှာ ယူရှောင်းမိုအမူအရာက
အပြောင်းအလဲမရှိတာကို မြင်လိုက်ရသည့်အခါ
မမေးဘဲမနေနိုင်တော့ပေ။

ယူရှောင်းမိုက ပြုံးလိုက်သည်။

"စိတ်ပူလို့ဘာအကျိုးရှိလို့လဲ။ ကျွန်တော့်ကို
လူတစ်ယောက်လာကယ်လိမ့်မယ်"

"ယုံကြည်ချက်ရှိတယ်ပေါ့" အမျိုးသားသည် သူ့ကို
မယုံသေးပေ။ သူ ဤထောင်မှာအကျဉ်းကျချိန်
ကတည်းက အောင်အောင်မြင်မြင်လွတ်သွားတဲ့သူ
ဒါမှမဟုတ် လာကယ်တဲ့သူဟူ၍ တစ်ခါမှ
မမြင်ဖူးပေ။ ထုံထျန်းနန်းတော်လို့ကြားသည်နှင့်
ဝေးဝေးရှောင်သွားကြမှာပင်။ ထုံထျန်းနန်းတော်ကို
ဘယ်သူက စိန်ခေါ်ရဲမှာတဲ့လဲ။

"ဒါပေါ့ ကျွန်တော့်လူက စွမ်းအားကြီးတယ်။
ပြီးတော့ ကျွန်တော့်မှာအသိတွေလည်း အများကြီး
ရှိတယ်။ ပြီးတော့ တောက်တဲ့... အဟမ်း..
ကျွန်တော့်အဖေကလည်း စွမ်းအားကြီးတယ်။
ဒီတစ်နှစ်လုံး ကျွန်တော့်ရဲ့လူနဲ့ အဖေနဲ့က
ကျွန်တော့်ကိုကယ်ဖို့ ကြိုးစားနေကြတယ်လို့ 
စောစောတုန်းကပဲ ထုံထျန်းဧကရာဇ်ဆီကနေ
ကြားခဲ့တယ်"

ယူရှောင်းမို​က ရိုးသားစွာပြောလိုက်သည်။
'ကျွန်တော့်လူ'ဆိုတာကို ပိုမိုချောမွေ့စွာပင်
ပြောလေသည်။

အမျိုးသားက သူ့ကို အံ့အားသင့်လျက်ကြည့်သည်။

"မင်း ထုံထျန်းဧကရာဇ်နဲ့တွေ့ခဲ့တယ်လား"

ယူရှောင်းမို ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်လေ ဘာလို့လဲ"

အမျိုးသား၏မျက်လုံးများ လက်သွားတော့သည်။
ထုံထျန်းဧကရာဇ်ဆိုတာ အင်မတန်လျှို့ဝှက်
ဆန်းကြယ်တဲ့လူတစ်ဦးဆိုတာပဲ သူသိထားပြီး
အဖမ်းခံရတုန်းက ထုံထျန်းဧကရာဇ်နှင့်လုံးဝ
မတွေ့ဖူးပေ။ ယူရှောင်းမို၏ယုံကြည်ချက်ရှိသော
အမူအရာ၊ စကားတို့နှင့် ၎င်းကိုဆက်စပ်ကြည့်လိုက်
သောအခါ ဒီတစ်ယောက်မှာ အပြင်ထွက်ဖို့စွမ်းရည်
ရှိနိုင်လောက်တာကိုသိလိုက်သည်။

"မင်း ငါ့ကိုလှည့်နေတာတော့မဟုတ်ပါဘူးနော်။
မင်းရဲ့နောက်ကလူတွေက အဲ့လောက်ရှိန်ဖို့ကောင်းရင်
မင်း ဘယ်လိုလုပ်ပြီး ဒီထဲဆွဲခေါ်လာခံရမှာလဲ။
ပုံမှန်ဆို ထုံထျန်းနန်းတော်က နောက်မှာ
စွမ်းအားကြီးတဲ့သူတွေမရှိတဲ့လူတွေကိုပဲ ဖမ်းတာ"
အမျိုးသား​က စကားစမ်းလိုက်သည်။

ယူရှောင်းမို ခေါင်းကုတ်မိတော့သည်။

"ကျွန်တော်လည်းမဖြေတတ်ဘူး။ ဘာလို့
အဖမ်းခံရတာလည်း သိနေရင် သကောကို
မေးမနေဘူး"

စဉ်းစားကြည့်တော့ သူပြောတာလည်း
ယုတ္တိရှိသည်ဟု အမျိုးသားမှာခံစားရသည်။

"ဒါဆို မင်းကိုဘယ်သူလာကယ်မှာလဲ။ မင်းပြောတဲ့
လူနှစ်ယောက်တည်းပဲဆိုရင် ထုံထျန်းနန်းတော်ကို
သူတို့စွမ်းရည်တစ်ခုတည်းနဲ့ ကိုင်တွယ်နိုင်လောက်မှာ
မဟုတ်ဘူး။ ထုံထျန်းနန်းတော်မှာက အားကောင်းပြီး
အခြေခိုင်တဲ့ အတွင်းသတင်းကွန်ရက်ရှိတယ်။
နောက်ပြီးတော့ ထုံထျန်းဧကရာဇ်အောက်မှာလည်း
စစ်သူကြီးတော်တော်များများရှိသေးတယ်"

"အဲ့တာတော့ ကျွန်တော်လည်းမပြောတတ်ဘူး။
ဒါပေမဲ့ နတ်ဘုရားအဆင့်အတော်များများ
ကျွန်တော်သိတယ်၊ ခုနစ်ယောက်
ရှစ်ယောက်လောက်တော့ရှိမယ်"

ယူရှောင်းမိုမှာ သူ့စိတ်ထဲပေါ်လာသမျှ ပြောလိုက်တာ
ဖြစ်သည်၊ သို့ပေမဲ့ အတော်များများကိုသိတယ်
ဆိုတာတော့ အမှန်ပဲဖြစ်သည်။ ထိုထဲကအချို့နဲ့
သိပ်မရင်းနှီးတာလေးပဲရှိသည်။

အမျိုးသား၏မျက်လုံးများ တောက်ပသွားသည်၊
သို့သော် သူ့ကိုတန်းမယုံပေ။ ခဏ
တွေးကြည့်ပြီးနောက် ထပ်မေးလိုက်ပြန်သည်။

"ဥပမာတစ်ခုပေး... မင်းရဲ့လူတို့ မင်းရဲ့အဖေတို့.."

"ကျွန်တော့်ရဲ့လူက ချီလင်မျိုးနွယ်စုက၊
အဆင့်ဆယ့်နှစ် ကြယ်ငါးပွင့်အဆင့်ရှိတယ်။
ကျွန်တော့်အဖေက သွေးစွေးနီမိသားစုက။ သူက
နှိမ့်နှိမ့်ချချနေတတ်တဲ့လူဆိုပေမဲ့လို့ သူကလည်း
ကြယ်သုံးလေးပွင့်ရှိတဲ့ နတ်ဘုရားအဆင့်
ကျင့်ကြံသူပဲ"
ယူရှောင်းမိုသည် ဂုဏ်ယူနေပုံပေါ်၏။

အမျိုးသားမှာ သက်ပြင်းရှိုက်လိုက်​မိလေသည်။
ချီလင်မျိုးနွယ်စုနှင့် သွေးစွေးနီမိသားစုတို့ဆိုသည်က
အင်အားကြီးအိမ်တော်များဖြစ်သည်။
ထုံထျန်းနန်းတော်က စွမ်းအားကြီးတယ်ဆိုသော်ငြား
ထိုအင်အားကြီးအိမ်တော်နှစ်ခုကို တစ်ပြိုင်နက်တည်း
ရန်စတာက သူတို့အတွက်အသာစီးရမှုလုံးဝမရှိပေ၊
အထူးသဖြင့် တစ်စုံတစ်ခုကိုလျှို့ဝှက်လုပ်ဆောင်
နေကြချိန်မှာပင်။ သင့်လျော်စွာမကိုင်တွယ်ပါက
ဒါကြောင့် ပေါ်သွားဖို့များသည်။

ယခုတစ်ကြိမ်မှာ ထုံထျန်းနန်းတော်က
ပြဿနာကြီးတစ်ခုဖမ်းခေါ်လာလိမ့်မည်ဟု
သူမထင်ထားပေ။ အကယ်၍ သူတို့သာ
ဤအချက်ကို ဉာဏ်ရှိရှိအသုံးချနိုင်ပါက
ထောင်ကနေလွတ်နိုင်လောက်သည်။

ထိုအမျိုးသား၏သေဆုံးနေသောစိတ်တွင်
ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်အမျှင်တန်း
တစ်ခုပေါ်ထွက်လာတော့သည်။ နှစ်တွေများစွာ
ကြာခဲ့ပြီးတဲ့နောက် တိုက်တိုက်မတိုက်တိုက်
သေရမယ်ဆိုရင် တိုက်ဖို့ရွေးချယ်တာက
ပိုကောင်းသည်။

"လူငယ်လေး မင်းပြောတာအမှန်ပဲဆိုရင် ဒီကနေ
လွတ်ဖို့အခွင့်အရေး ရှိလောက်သေးတယ်။
ဒါပေမဲ့ မင်းလိမ်နေတာဆိုရင်တော့ ပိုမြန်မြန်
သေဖို့ပဲရှိတယ်နော်"

အမျိုးသား၏မျက်လုံးများတွင် အလင်းရောင်များ
တောက်ပလျက်ရှိကာ ယူရှောင်းမိုအား နက်နဲ
စူးရှစွာကြည့်လာသည်။ ဤနေရာမှာ
အချိန်ကြာမြင့်စွာ အကျဉ်းချခံထားရသောကြောင့်
သူ့ကျင့်ကြံဆင့်က တိုးတက်မလာသော်ငြား
သူသည် ယူရှောင်းမိုထက် အားမနည်းပေ။
ထို့အပြင် သူ့စိတ်စွမ်းအားက အလွန်ခိုင်မာသည်၊
မဟုတ်ပါက သူ့အဆင့်ကျတာကြာလောက်ပေပြီ။

ယူရှောင်းမို တည်ကြည်စွာခေါင်းညိတ်လိုက်သည်။

"သကောကိုမလှည့်စားပါဘူး အတည်။ ကျွန်တော်
ပြောတာအမှန်တွေချည်းပဲ"

လင်းရှောင်နှင့် သူ့တောက်တဲ့ဖေဖေတို့တွင်
တစ်ယောက်က ချီလင်မျိုးနွယ်ကဖြစ်ပြီး
တစ်ယောက်က သွေးစွေးနီမိသားစုကဆိုတာ
အမှန်ပင်။ သူတို့နဲ့ အင်အားစုကြီးနှစ်ခုကြား
သေခန်းဖြတ်ထားတာလေးတစ်ခုပဲ ပြောစရာရှိသည်။
ဒါပေမဲ့ သူမလိမ်ပေ။

သူ့ကြည့်ရတာ လိမ်နေပုံမပေါ်သဖြင့်
အမျိုးသားသည် သူ့ကိုယုံကြည်သွားတော့သည်။

"ထုံထျန်းနန်းတော်ရဲ့အာရုံကို မဆွဲဆောင်မိအောင်
အခုလောလောဆယ်တော့ မလှုပ်ရှားသေးနဲ့ဦး။
ထုံထျန်းဧကရာဇ်ပြောတဲ့အတိုင်း အမှန်သာဆိုရင်
အခုအချိန်မှာ ထုံထျန်းနန်းတော်အပြင်မှာ
တော်တော်လေးယောက်ယက်ခတ်နေလောက်တယ်။
အခွင့်ရပြီဆိုတာနဲ့ ဘယ်လိုထွက်ပြေးကြမလဲ
ပြောပြမယ်"

အမူအရာမပြောင်းလဲစွာနဲ့ ယူရှောင်းမိုက
ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ထဲမှာတော့ လွန်စွာမှပျော်ရွှင်နေပြီဖြစ်၏။
အစောတုန်းက ထုံထျန်းဧကရာဇ်ကို တမင်တကာ
ထည့်ပြောခဲ့ခြင်းမှာ ယူရှောင်းမိုဆိုတာအဖိုးတန်မှန်း
ယုံကြည်လာအောင် ဤလူ့အာရုံကိုဆွဲဆောင်နိုင်ဖို့
ဖြစ်သည်။

ဤအကျဉ်းထောင်သည် အနည်းဆုံးနှစ်သန်းတစ်ရာ
သက်တမ်းမျှရှိလောက်သည်။ အကျဉ်းသားတွေ
အားလုံးက နတ်ဒေဝါအဆင့်နှင့်အထက်
ကျင့်ကြံသူတွေချည်းဖြစ်သည်။ စောစောတုန်းက
သူ ဒီနေရာကိုခေါ်လာပြီးအခတ်ခံရတုန်းက
နတ်ဘုရားအဆင့်ကျင့်ကြံသူအနည်းငယ်ပင်
တွေ့ခဲ့သေးသည်။

သေရမယ့်အချိန်အထိ ဒီနေရာမှာ
ပိတ်လှောင်ခံထားရမှာကို သူတို့ တကယ်ပဲ
အရှုံးပေးလိုက်ပြီဟု သူမထင်ပေ။ ဤအချိန်
အတောအတွင်း လွတ်မြောက်ဖို့နည်းလမ်းများစွာ
သူတို့ရှာပြီးတာသေချာသည်၊ ပြီးတော့ အခုမှ
ရောက်ကာစသူ့ထက် သူတို့က အတွေ့အကြုံ​
ပိုကြွယ်ဝရပေမည်။ ထိုကဲ့သို့အရင်းအမြစ်ကောင်း
တစ်ခုကိုအသုံးပြုရမှာသဘာဝပင်။

ထွက်လမ်းမရှိဘူးဟု အမျိုးသားကပြောသော်လည်း
သူ သေချာပေါက် နည်းတစ်ခုခုစဉ်းစားနိုင်မည်ဟု
ယူရှောင်းမိုယုံကြည်သည်။ အောင်မြင်ဖို့အခွင့်အရေး
နည်းသောကြောင့်သာ တိတ်တဆိတ်သည်းခံနေဖို့
ရွေးချယ်နေတာဖြစ်လောက်သည်။ ၎င်းမှာ
သူ့အလိုလိုသိစိတ်ကပြောနေသောအရာဖြစ်ပြီး
တကယ်တွင်လည်း သူမှန်းတာမမှားပေ။
အမျိုးသားတွင် နည်းလမ်းတစ်ခုအမှန်ပင်ရှိသည်။

ထို့နောက်တွင် ခေါ်ဆောင်သွားခံရသောလူသည်
အမှန်ပင်ပြန်မလာတော့ပေ။ သူ့အခန်းကို
နောက်တစ်ယောက်ရောက်လာသည်။ သူ့မျက်နှာကို
ယူရှောင်းမိုမြင်ဖူးကာ သူ့အပေါ် အမြင်
နက်နက်ရှိုင်းရှိုင်းမရှိသော်ငြား သူနဲ့အတူတူ
ပြိုင်ပွဲဝင်ပြိုင်ခဲ့တဲ့ သက်တန့်အဆင့်မှော်ဆရာ
တစ်ယောက်ဆိုတာတော့သေချာသည်။

ထိုးနှက်မှုတစ်ခုခုကြုံလိုက်ရသလိုမျိုး သူ့ပုံစံသည်
မျှော်လင့်ချက်များပျက်သုဉ်းနေဟန်ရှိသည်။

တစ်ခဏကြာသော် ထုံထျန်းနန်းတော်မှလူများအား
သူ့အခန်းထဲတွင် ဒေါသတကြီးဆဲရေးနေသည်ကို
ယူရှောင်းမို ကြားရသည်။ သူကထုံထျန်းနန်းတော်ကို
ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့ဖူးပုံပင်၊ သို့ပေမဲ့
ယခုတွင်တော့ ဤယုံကြည်မှုက အစိတ်စိတ်အမွှာမွှာ
ဖြစ်သွားလေပြီ။ ထိုထိုးနှက်ချက်က တော်တော့်ကို
ကြီးရပေမည်။

သူက စွမ်းအင်ပေါများကာ အနီးရှိမည်သူကမှလည်း
သူ့ကိုသတိမပေးကြပေ။ ဒုတိယမြောက်နေ့တွင်
သူ့ကိုခေါ်သွားကြကာ ပြန်ရောက်မလာတော့ပေ။
____________________________

Zawgyi
အပိုင္း ၆၃၃- ျပန္လမ္းမဲ့အက်ဉ္းေထာင္

"ေရာက္လာၾကျပန္ၿပီ"

ထိုသူမ်ားကို ျမင္ေသာအခါ အမ်ိဳးသားသည္
မသိမသာေျပာလိုက္၏။ ယူေရွာင္းမိုက သူႏွင့္
နီးသျဖင့္ တိုးတိုးၾကားလိုက္ရသည္။ သူ႔အသံတြင္
မုန္းတီးမႈႏွင့္ေဒါသတို႔အျပင္ စြမ္းအားမဲ့မႈတို႔ပါ
ပါဝင္ေနသည္။

ယူေရွာင္းမိုအၾကၫ့္က ဝတ္ရံုျဖဴလူသံုးေယာက္ထံ
ေရြ့သြားသည္။ သူတို႔မ်က္ႏွာမ်ားအား
ရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း
သံုးေယာက္လံုးက အင္မတန္သန္မာၾကသည္။
ထို႔အျပင္ သူတို႔ဝင္လာၿပီးကတည္းက
အက်ဉ္းသားမ်ား၏အေျခအေနသည္
စိတ္လႈပ္ရွားမႈျဖင့္ မတည္မၿငိမ္ျဖစ္လာၾကသည္။

၄က မိွန္ေဖ်ာ့ေသာ္ျငားလည္း အားေကာင္း၍
မေကာင္းသၫ့္အေတြးမ်ားစြာ ေရာယွက္လ်က္ရိွၿပီး
အားလံုး ဤဝတ္ရံုျဖဴလူသံုးေယာက္အား
ဦးတည္ေနသည္၊ သို႔ေသာ္ အရာအားလံုးထက္
ေၾကာက္ရြံ႔စိတ္ကပိုမ်ားသည္။

ဝတ္ရံုျဖဴလူသံုးေယာက္သည္ ယူေရွာင္းမို၏
အက်ဉ္းခန္းအား ျဖတ္ေလ်ွာက္သြား၏။
အၾကၫ့္တစ္ခုက သူ႔အား သာမန္ကာလ်ွံကာ
ျဖတ္ၾကၫ့္သြားပံုရၿပီး ဝတ္ရံုျဖဴလူမ်ားက
သူတို႔အက်ဉ္းခန္းမ်ားအား ေက်ာ္သြားသၫ့္အခါ
အျခားသူမ်ား စိတ္သက္သာစြာသက္ျပင္းခ်သံကို
ေရးေရးမ်ွၾကားရႏိုင္သည္။

ခဏၾကာေသာ္ အတြင္းဘက္မွ သံခ်ိန္းႀကိဳးမ်ား
တိုက္ခတ္သံကိုၾကားရၿပီး လူတစ္ေယာက္
ေၾကာက္လန႔္တၾကားေအာ္ဟစ္သံထြက္လာသည္။

"ငါမသြားဘူး! ငါမေသခ်င္ေသးဘူး! ငါ့ကို
လႊတ္! လႊတ္! အေသဆိုးနဲ႔ေသသင့္တဲ့
မိစၧာေကာင္ေတြ! အကုန္လံုး အေသဆိုးနဲ႔
ေသၾကပါေစ!"

ထိုသူသည္ ဝတ္ရံုျဖဴလူႏွစ္ေယာက္၏
တရြတ္တိုက္ဆဲြေခၚျခင္းကိုခံေနရကာ
သူ႔အမူအရာမွာ ရူးသြပ္သြားသၫ့္အလားရိွသည္။
သို႔ေသာ္၊ သူ ေအာ္ဟစ္ကန္ေက်ာက္ေနေသာ္ျငား
သူတို႔ကို နည္းနည္းမွမေရြ့ေစႏိုင္ေပ။
ေျခလက္မ်ားတြင္ သံကြင္းအနက္ေရာင္မ်ားျဖင့္
ဆဲြေခၚသြားခံရဆဲပင္။ သူရုန္းကန္သၫ့္အတိုင္း
၄တို႔က တခၽြင္ခၽြင္ျမည္လ်က္ ႀကီးမားလွေသာ
အက်ဉ္းေထာင္ႀကီးထဲတြင္ ပဲ့တင္ရိုက္ခတ္ေန
ေတာ့သည္။

အခ်ိဳ႕သူမ်ားက ကူကယ္ရာမဲ့စြာ
ေခါင္းယမ္းေနၾကသည္ကို ယူေရွာင္းမိုျမင္ရၿပီး
သူ႔စိတ္ထဲရိွ သံသယႏွင့္မသက္မသာျဖစ္မႈတို႔က
ပိုမိုအားေကာင္းလာေတာ့သည္။

"ဒီတစ္ေယာက္ ျပန္လာႏိုင္မွာမဟုတ္ဘူး"

ထိုအခိုက္တြင္ ယူေရွာင္းမိုႏွင့္စကားေျပာေနခဲ့ေသာ
အမ်ိဳးသား​က ကူကယ္ရာမဲ့စြာသက္ျပင္းခ်
လိုက္သည္။ သူ႔ေလသံက အနည္းငယ္
အထီးက်န္ေနပံုေပၚၿပီး သူလည္း တစ္ေန့
ထိုလမ္းအတိုင္းသြားရမၫ့္သကဲ့သို႔ ခံစားမိဖို႔
ခက္သၫ့္ ေမ်ွာ္လင့္ခ်က္မဲ့မႈတစ္စြန္းတစ္စလည္း
ပါဝင္ေနသည္။

"ဘာလို႔လဲ"

ယူေရွာင္းမိုက စကားကိုဆက္လိုက္သည္။

အမ်ိဳးသားက အခ်ိန္အေတာ္ၾကာသည္အထိ
မေျဖေပ၊ သူမေျဖေတာ့ဘူးလို႔ ယူေရွာင္းမို
ထင္သြားခ်ိန္မွာပဲ သူကေျပာသည္။

"တိတိက်က်ေတာ့ ငါမသိဘူး.. ဒါေပမဲ့
ထံုထ်န္းနန္းေတာ္က ေၾကာက္စရာေကာင္းတဲ့
သုေတသနတစ္ခုခု လုပ္ေနတာမ်ိဳးျဖစ္ေလာက္တယ္၊
သူတို႔က ထူးခၽြန္တဲ့က်င့္ႀကံသူေတြ အမ်ားႀကီး
လိုအပ္တယ္၊ ၿပီးေတာ့ ဒီေနရာကေန 'ထြက္'သြားတဲ့
ဘယ္သူမဆို ဘယ္ေတာ့မျွပန္မလာေတာ့ဘူး။
အဲ့ဒါေၾကာင့္မလို႔ အခ်ိန္ဘယ္ေလာက္မွမရိွေသးဘူး
လူအသစ္ေတြထပ္လိုတယ္ေလ၊ ထံုထ်န္းနန္းေတာ္က
ပြင့္လင္းၿပီးရိုးသားတဲ့နည္းတစ္ခုခုသံုးၿပီး လူေတြကို
ဖမ္းေနတယ္ထင္တယ္။ မင္းက ဘယ္လို
ေရာက္လာတာလဲ"

သူ ဒီထဲဘယ္လိုဘယ္ပံုအက်ဉ္းခ်ခံခဲ့ရပံုကို
ယူေရွာင္းမို သူ႔ကိုအတိုခ်ဳပ္ေျပာျပလိုက္သည္။

"အဲ့လိုကိုး။ လူတစ္ရာထဲက တစ္ေယာက္တည္း
ေရြးတာကိုအေရြးခံလိုက္ရတယ္ဆိုေတာ့ မင္းလည္း
ေတာ္ေတာ္ေလးကံမေကာင္းတာပဲ။ ဒီဥစၥာက
ထံုထ်န္းနန္းေတာ္ရဲ့လွၫ့္ကြက္ထဲက တစ္ခုပဲ..
ၿပိဳင္ပဲြကိုအသံုးခ်ၿပီး လူရာေက်ာ္ထဲက မင္းတို႔
အနည္းစုကိုခိုးဖမ္းထားလို႔ရတယ္ေလ။
အျပင္ကိုေတာ့ မင္းေသၿပီလို႔
ေၾကညာထားေလာက္တယ္။ သူ႔ဆင္ေျခက
ေတာ္ေတာ္ေလးေတာ့ေကာင္းတယ္။
မင္းအေနာက္မွာ စြမ္းအားႀကီးတဲ့က်င့္ႀကံသူေတြ
မရိွဘူးဆိုရင္ မင္းတစ္သက္လံုးဒီထဲကထြက္လို႔
ရခ်င္မွရေတာ့မွာ။ ဒါေပမဲ့ မင္းေနာက္မွာ
လူရိွရင္ေတာင္မွ ထံုထ်န္းနန္းေတာ္ထက္
စြမ္းအားႀကီးတဲ့သူဆိုတာ မရိွသေလာက္ပဲ။
မင္းစိတ္မင္းျပင္ဆင္ထားေပါ့"
အမ်ိဳးသားက တစ္ခါတေလဆို ႃပံုးၿပီး
တစ္ခါတေလဆို သက္ျပင္းခ်သည္၊ သူ႔အမူအရာက
အမ်ိဳးစံုသည္။ ၾကၫ့္ရသည္မွာ သူလည္း
ဤကဲ့သို႔ႄကံုဖူးပံုပင္။

ယူေရွာင္းမို မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္။

"သေကာလည္း ေရွာင္ေယာင္တကၠသိုလ္
တက္ဖူးတယ္လား"

သူ႔ကို ထိုမ်ွထက္မည္ဟု အမ်ိဳးသားသည္
မေမ်ွာ္လင့္ထားေပ။ သို႔ေသာ္လည္း ဘာမွ
ဖံုးကြယ္ထားစရာမလိုေသာေၾကာင့္
ေျပာလိုက္သည္။

"အဲ့လိုဆိုလို႔ရပါတယ္။ ေျပာမွပဲ ငါက မင္းရဲ့
စီနီယာျဖစ္မွာေပါ့"

ယခင္ကအျဖစ္အပ်က္ကို ေတြးမိေသာအခါ
အမ်ိဳးသား၏အမူအရာက ခ်က္ခ်င္းနီးပါး
က်ဆင္းသြားသည္။ သူဟာ ဖ်တ္လတ္
တက္ႂကြဖူးတာကို သူမွတ္မိသည္၊ သို႔ေသာ္လည္း
အဆံုးမွာေတာ့ ဤအေျခအေနသို႔ပင္ က်ဆင္း
ေနခဲ့ေလၿပီ။ အျပင္မထြက္ႏိုင္ပါက ဒီတစ္သက္ေတာ့
ေမ်ွာ္လင့္ခ်က္ထပ္မထားသင့္ေတာ့ေပ။

ယူေရွာင္းမိုက ေရာက္ကာစျဖစ္သျဖင့္
စိတ္အေျခအေနမဆိုးဝါးေနေပ။ လင္းေရွာင္က
ေသခ်ာေပါက္ လာကယ္မည္ဟုလည္း သူ
အခိုင္အမာယံုၾကည္သည္။ ထို႔အ​ျပင္ ဖူခ်န္ခ်ဳံးလည္း
သူ႔အကူအညီကိုလိုေသးသည္။ သံသရာေဆးလံုး
ေဖာ္စပ္ဖို႔အတြက္ သူ႔က်င့္ႀကံဆင့္က အခုထိ
မလံုေလာက္ေသးေပမဲ့လို႔ သူတို႔ သူ႔အေပၚ
အႂကြေးတင္ေနတာကို ခ်န္မဟာမိတ္မေမ့သင့္ေပ။

"မင္းစိတ္မပူဘူးေပါ့" အမ်ိဳးသားသည္
သူ႔အမူအရာကို အကဲခတ္ေနတာျဖစ္ၿပီး သူေျပာတာ
နားေထာင္ၿပီးေနာက္မွာ ယူေရွာင္းမိုအမူအရာက
အေျပာင္းအလဲမရိွတာကို ျမင္လိုက္ရသၫ့္အခါ
မေမးဘဲမေနႏိုင္ေတာ့ေပ။

ယူေရွာင္းမိုက ႃပံုးလိုက္သည္။

"စိတ္ပူလို႔ဘာအက်ိဳးရိွလို႔လဲ။ ကၽြန္ေတာ့္ကို
လူတစ္ေယာက္လာကယ္လိမ့္မယ္"

"ယံုၾကည္ခ်က္ရိွတယ္ေပါ့" အမ်ိဳးသားသည္ သူ႔ကို
မယံုေသးေပ။ သူ ဤေထာင္မွာအက်ဉ္းက်ခ်ိန္
ကတည္းက ေအာင္ေအာင္ျမင္ျမင္လြတ္သြားတဲ့သူ
ဒါမွမဟုတ္ လာကယ္တဲ့သူဟူ၍ တစ္ခါမွ
မျမင္ဖူးေပ။ ထံုထ်န္းနန္းေတာ္လို႔ၾကားသည္ႏွင့္
ေဝးေဝးေရွာင္သြားၾကမွာပင္။ ထံုထ်န္းနန္းေတာ္ကို
ဘယ္သူက စိန္ေခၚရဲမွာတဲ့လဲ။

"ဒါေပါ့ ကၽြန္ေတာ့္လူက စြမ္းအားႀကီးတယ္။
ၿပီးေတာ့ ကၽြန္ေတာ့္မွာအသိေတြလည္း အမ်ားႀကီး
ရိွတယ္။ ၿပီးေတာ့ ေတာက္တဲ့... အဟမ္း..
ကၽြန္ေတာ့္အေဖကလည္း စြမ္းအားႀကီးတယ္။
ဒီတစ္ႏွစ္လံုး ကၽြန္ေတာ့္ရဲ့လူနဲ႔ အေဖနဲ႔က
ကၽြန္ေတာ့္ကိုကယ္ဖို႔ ႀကိဳးစားေနၾကတယ္လို႔ 
ေစာေစာတုန္းကပဲ ထံုထ်န္းဧကရာဇ္ဆီကေန
ၾကားခဲ့တယ္"

ယူေရွာင္းမို​က ရိုးသားစြာေျပာလိုက္သည္။
'ကၽြန္ေတာ့္လူ'ဆိုတာကို ပိုမိုေခ်ာေမြ့စြာပင္
ေျပာေလသည္။

အမ်ိဳးသားက သူ႔ကို အံ့အားသင့္လ်က္ၾကၫ့္သည္။

"မင္း ထံုထ်န္းဧကရာဇ္နဲ႔ေတြ့ခဲ့တယ္လား"

ယူေရွာင္းမို ေခါင္းညိတ္လိုက္သည္။
"ဟုတ္တယ္ေလ ဘာလို႔လဲ"

အမ်ိဳးသား၏မ်က္လံုးမ်ား လက္သြားေတာ့သည္။
ထံုထ်န္းဧကရာဇ္ဆိုတာ အင္မတန္လ်ိႈ႔ဝွက္
ဆန္းၾကယ္တဲ့လူတစ္ဦးဆိုတာပဲ သူသိထားၿပီး
အဖမ္းခံရတုန္းက ထံုထ်န္းဧကရာဇ္ႏွင့္လံုးဝ
မေတြ့ဖူးေပ။ ယူေရွာင္းမို၏ယံုၾကည္ခ်က္ရိွေသာ
အမူအရာ၊ စကားတို႔ႏွင့္ ၄ကိုဆက္စပ္ၾကၫ့္လိုက္
ေသာအခါ ဒီတစ္ေယာက္မွာ အျပင္ထြက္ဖို႔စြမ္းရည္
ရိွႏိုင္ေလာက္တာကိုသိလိုက္သည္။

"မင္း ငါ့ကိုလွၫ့္ေနတာေတာ့မဟုတ္ပါဘူးေနာ္။
မင္းရဲ့ေနာက္ကလူေတြက အဲ့ေလာက္ရိွန္ဖို႔ေကာင္းရင္
မင္း ဘယ္လိုလုပ္ၿပီး ဒီထဲဆဲြေခၚလာခံရမွာလဲ။
ပံုမွန္ဆို ထံုထ်န္းနန္းေတာ္က ေနာက္မွာ
စြမ္းအားႀကီးတဲ့သူေတြမရိွတဲ့လူေတြကိုပဲ ဖမ္းတာ"
အမ်ိဳးသား​က စကားစမ္းလိုက္သည္။

ယူေရွာင္းမို ေခါင္းကုတ္မိေတာ့သည္။

"ကၽြန္ေတာ္လည္းမေျဖတတ္ဘူး။ ဘာလို႔
အဖမ္းခံရတာလည္း သိေနရင္ သေကာကို
ေမးမေနဘူး"

စဉ္းစားၾကၫ့္ေတာ့ သူေျပာတာလည္း
ယုတၲိရိွသည္ဟု အမ်ိဳးသားမွာခံစားရသည္။

"ဒါဆို မင္းကိုဘယ္သူလာကယ္မွာလဲ။ မင္းေျပာတဲ့
လူႏွစ္ေယာက္တည္းပဲဆိုရင္ ထံုထ်န္းနန္းေတာ္ကို
သူတို႔စြမ္းရည္တစ္ခုတည္းနဲ႔ ကိုင္တြယ္ႏိုင္ေလာက္မွာ
မဟုတ္ဘူး။ ထံုထ်န္းနန္းေတာ္မွာက အားေကာင္းၿပီး
အေျခခိုင္တဲ့ အတြင္းသတင္းကြန္ရက္ရိွတယ္။
ေနာက္ၿပီးေတာ့ ထံုထ်န္းဧကရာဇ္ေအာက္မွာလည္း
စစ္သူႀကီးေတာ္ေတာ္မ်ားမ်ားရိွေသးတယ္"

"အဲ့တာေတာ့ ကၽြန္ေတာ္လည္းမေျပာတတ္ဘူး။
ဒါေပမဲ့ နတ္ဘုရားအဆင့္အေတာ္မ်ားမ်ား
ကၽြန္ေတာ္သိတယ္၊ ခုနစ္ေယာက္
ရွစ္ေယာက္ေလာက္ေတာ့ရိွမယ္"

ယူေရွာင္းမိုမွာ သူ႔စိတ္ထဲေပၚလာသမ်ွ ေျပာလိုက္တာ
ျဖစ္သည္၊ သို႔ေပမဲ့ အေတာ္မ်ားမ်ားကိုသိတယ္
ဆိုတာေတာ့ အမွန္ပဲျဖစ္သည္။ ထိုထဲကအခ်ိဳ႕နဲ႔
သိပ္မရင္းႏွီးတာေလးပဲရိွသည္။

အမ်ိဳးသား၏မ်က္လံုးမ်ား ေတာက္ပသြားသည္၊
သို႔ေသာ္ သူ႔ကိုတန္းမယံုေပ။ ခဏ
ေတြးၾကၫ့္ၿပီးေနာက္ ထပ္ေမးလိုက္ျပန္သည္။

"ဥပမာတစ္ခုေပး... မင္းရဲ့လူတို႔ မင္းရဲ့အေဖတို႔.."

"ကၽြန္ေတာ့္ရဲ့လူက ခ်ီလင္မ်ိဳးႏြယ္စုက၊
အဆင့္ဆယ့္ႏွစ္ ၾကယ္ငါးပြင့္အဆင့္ရိွတယ္။
ကၽြန္ေတာ့္အေဖက ေသြးေစြးနီမိသားစုက။ သူက
ႏိွမ့္ႏိွမ့္ခ်ခ်ေနတတ္တဲ့လူဆိုေပမဲ့လို႔ သူကလည္း
ၾကယ္သံုးေလးပြင့္ရိွတဲ့ နတ္ဘုရားအဆင့္
က်င့္ႀကံသူပဲ"
ယူေရွာင္းမိုသည္ ဂုဏ္ယူေနပံုေပၚ၏။

အမ်ိဳးသားမွာ သက္ျပင္းရိႈက္လိုက္​မိေလသည္။
ခ်ီလင္မ်ိဳးႏြယ္စုႏွင့္ ေသြးေစြးနီမိသားစုတို႔ဆိုသည္က
အင္အားႀကီးအိမ္ေတာ္မ်ားျဖစ္သည္။
ထံုထ်န္းနန္းေတာ္က စြမ္းအားႀကီးတယ္ဆိုေသာ္ျငား
ထိုအင္အားႀကီးအိမ္ေတာ္ႏွစ္ခုကို တစ္ၿပိဳင္နက္တည္း
ရန္စတာက သူတို႔အတြက္အသာစီးရမႈလံုးဝမရိွေပ၊
အထူးသျဖင့္ တစ္စံုတစ္ခုကိုလ်ိႈ႔ဝွက္လုပ္ေဆာင္
ေနၾကခ်ိန္မွာပင္။ သင့္ေလ်ာ္စြာမကိုင္တြယ္ပါက
ဒါေၾကာင့္ ေပၚသြားဖို႔မ်ားသည္။

ယခုတစ္ႀကိမ္မွာ ထံုထ်န္းနန္းေတာ္က
ျပႆနာႀကီးတစ္ခုဖမ္းေခၚလာလိမ့္မည္ဟု
သူမထင္ထားေပ။ အကယ္၍ သူတို႔သာ
ဤအခ်က္ကို ဉာဏ္ရိွရိွအသံုးခ်ႏိုင္ပါက
ေထာင္ကေနလြတ္ႏိုင္ေလာက္သည္။

ထိုအမ်ိဳးသား၏ေသဆံုးေနေသာစိတ္တြင္
ပထမဆံုးအႀကိမ္အျဖစ္ ေမ်ွာ္လင့္ခ်က္အမ်ွင္တန္း
တစ္ခုေပၚထြက္လာေတာ့သည္။ ႏွစ္ေတြမ်ားစြာ
ၾကာခဲ့ၿပီးတဲ့ေနာက္ တိုက္တိုက္မတိုက္တိုက္
ေသရမယ္ဆိုရင္ တိုက္ဖို႔ေရြးခ်ယ္တာက
ပိုေကာင္းသည္။

"လူငယ္ေလး မင္းေျပာတာအမွန္ပဲဆိုရင္ ဒီကေန
လြတ္ဖို႔အခြင့္အေရး ရိွေလာက္ေသးတယ္။
ဒါေပမဲ့ မင္းလိမ္ေနတာဆိုရင္ေတာ့ ပိုျမန္ျမန္
ေသဖို႔ပဲရိွတယ္ေနာ္"

အမ်ိဳးသား၏မ်က္လံုးမ်ားတြင္ အလင္းေရာင္မ်ား
ေတာက္ပလ်က္ရိွကာ ယူေရွာင္းမိုအား နက္နဲ
စူးရွစြာၾကၫ့္လာသည္။ ဤေနရာမွာ
အခ်ိန္ၾကာျမင့္စြာ အက်ဉ္းခ်ခံထားရေသာေၾကာင့္
သူ႔က်င့္ႀကံဆင့္က တိုးတက္မလာေသာ္ျငား
သူသည္ ယူေရွာင္းမိုထက္ အားမနည္းေပ။
ထို႔အျပင္ သူ႔စိတ္စြမ္းအားက အလြန္ခိုင္မာသည္၊
မဟုတ္ပါက သူ႔အဆင့္က်တာၾကာေလာက္ေပၿပီ။

ယူေရွာင္းမို တည္ၾကည္စြာေခါင္းညိတ္လိုက္သည္။

"သေကာကိုမလွၫ့္စားပါဘူး အတည္။ ကၽြန္ေတာ္
ေျပာတာအမွန္ေတြခ်ည္းပဲ"

လင္းေရွာင္ႏွင့္ သူ႔ေတာက္တဲ့ေဖေဖတို႔တြင္
တစ္ေယာက္က ခ်ီလင္မ်ိဳးႏြယ္ကျဖစ္ၿပီး
တစ္ေယာက္က ေသြးေစြးနီမိသားစုကဆိုတာ
အမွန္ပင္။ သူတို႔နဲ႔ အင္အားစုႀကီးႏွစ္ခုၾကား
ေသခန္းျဖတ္ထားတာေလးတစ္ခုပဲ ေျပာစရာရိွသည္။
ဒါေပမဲ့ သူမလိမ္ေပ။

သူ႔ၾကၫ့္ရတာ လိမ္ေနပံုမေပၚသျဖင့္
အမ်ိဳးသားသည္ သူ႔ကိုယံုၾကည္သြားေတာ့သည္။

"ထံုထ်န္းနန္းေတာ္ရဲ့အာရံုကို မဆဲြေဆာင္မိေအာင္
အခုေလာေလာဆယ္ေတာ့ မလႈပ္ရွားေသးနဲ႔ဦး။
ထံုထ်န္းဧကရာဇ္ေျပာတဲ့အတိုင္း အမွန္သာဆိုရင္
အခုအခ်ိန္မွာ ထံုထ်န္းနန္းေတာ္အျပင္မွာ
ေတာ္ေတာ္ေလးေယာက္ယက္ခတ္ေနေလာက္တယ္။
အခြင့္ရၿပီဆိုတာနဲ႔ ဘယ္လိုထြက္ေျပးၾကမလဲ
ေျပာျပမယ္"

အမူအရာမေျပာင္းလဲစြာနဲ႔ ယူေရွာင္းမိုက
ေခါင္းညိတ္လိုက္သည္။

သူ႔စိတ္ထဲမွာေတာ့ လြန္စြာမွေပ်ာ္ရႊင္ေနၿပီျဖစ္၏။
အေစာတုန္းက ထံုထ်န္းဧကရာဇ္ကို တမင္တကာ
ထၫ့္ေျပာခဲ့ျခင္းမွာ ယူေရွာင္းမိုဆိုတာအဖိုးတန္မွန္း
ယံုၾကည္လာေအာင္ ဤလူ႔အာရံုကိုဆဲြေဆာင္ႏိုင္ဖို႔
ျဖစ္သည္။

ဤအက်ဉ္းေထာင္သည္ အနည္းဆံုးႏွစ္သန္းတစ္ရာ
သက္တမ္းမ်ွရိွေလာက္သည္။ အက်ဉ္းသားေတြ
အားလံုးက နတ္ေဒဝါအဆင့္ႏွင့္အထက္
က်င့္ႀကံသူေတြခ်ည္းျဖစ္သည္။ ေစာေစာတုန္းက
သူ ဒီေနရာကိုေခၚလာၿပီးအခတ္ခံရတုန္းက
နတ္ဘုရားအဆင့္က်င့္ႀကံသူအနည္းငယ္ပင္
ေတြ့ခဲ့ေသးသည္။

ေသရမယ့္အခ်ိန္အထိ ဒီေနရာမွာ
ပိတ္ေလွာင္ခံထားရမွာကို သူတို႔ တကယ္ပဲ
အရႈံးေပးလိုက္ၿပီဟု သူမထင္ေပ။ ဤအခ်ိန္
အေတာအတြင္း လြတ္ေျမာက္ဖို႔နည္းလမ္းမ်ားစြာ
သူတို႔ရွာၿပီးတာေသခ်ာသည္၊ ၿပီးေတာ့ အခုမွ
ေရာက္ကာစသူ႔ထက္ သူတို႔က အေတြ့အႄကံု​
ပိုႂကြယ္ဝရေပမည္။ ထိုကဲ့သို႔အရင္းအျမစ္ေကာင္း
တစ္ခုကိုအသံုးျပဳရမွာသဘာဝပင္။

ထြက္လမ္းမရိွဘူးဟု အမ်ိဳးသားကေျပာေသာ္လည္း
သူ ေသခ်ာေပါက္ နည္းတစ္ခုခုစဉ္းစားႏိုင္မည္ဟု
ယူေရွာင္းမိုယံုၾကည္သည္။ ေအာင္ျမင္ဖို႔အခြင့္အေရး
နည္းေသာေၾကာင့္သာ တိတ္တဆိတ္သည္းခံေနဖို႔
ေရြးခ်ယ္ေနတာျဖစ္ေလာက္သည္။ ၄မွာ
သူ႔အလိုလိုသိစိတ္ကေျပာေနေသာအရာျဖစ္ၿပီး
တကယ္တြင္လည္း သူမွန္းတာမမွားေပ။
အမ်ိဳးသားတြင္ နည္းလမ္းတစ္ခုအမွန္ပင္ရိွသည္။

ထို႔ေနာက္တြင္ ေခၚေဆာင္သြားခံရေသာလူသည္
အမွန္ပင္ျပန္မလာေတာ့ေပ။ သူ႔အခန္းကို
ေနာက္တစ္ေယာက္ေရာက္လာသည္။ သူ႔မ်က္ႏွာကို
ယူေရွာင္းမိုျမင္ဖူးကာ သူ႔အေပၚ အျမင္
နက္နက္ရိႈင္းရိႈင္းမရိွေသာ္ျငား သူနဲ႔အတူတူ
ၿပိဳင္ပဲြဝင္ၿပိဳင္ခဲ့တဲ့ သက္တန႔္အဆင့္ေမွာ္ဆရာ
တစ္ေယာက္ဆိုတာေတာ့ေသခ်ာသည္။

ထိုးႏွက္မႈတစ္ခုခုႄကံုလိုက္ရသလိုမ်ိဳး သူ႔ပံုစံသည္
ေမ်ွာ္လင့္ခ်က္မ်ားပ်က္သုဉ္းေနဟန္ရိွသည္။

တစ္ခဏၾကာေသာ္ ထံုထ်န္းနန္းေတာ္မွလူမ်ားအား
သူ႔အခန္းထဲတြင္ ေဒါသတႀကီးဆဲေရးေနသည္ကို
ယူေရွာင္းမို ၾကားရသည္။ သူကထံုထ်န္းနန္းေတာ္ကို
ယံုၾကည္သူတစ္ေယာက္ ျဖစ္ခဲ့ဖူးပံုပင္၊ သို႔ေပမဲ့
ယခုတြင္ေတာ့ ဤယံုၾကည္မႈက အစိတ္စိတ္အမႊာမႊာ
ျဖစ္သြားေလၿပီ။ ထိုထိုးႏွက္ခ်က္က ေတာ္ေတာ့္ကို
ႀကီးရေပမည္။

သူက စြမ္းအင္ေပါမ်ားကာ အနီးရိွမည္သူကမွလည္း
သူ႔ကိုသတိမေပးၾကေပ။ ဒုတိယေျမာက္ေန့တြင္
သူ႔ကိုေခၚသြားၾကကာ ျပန္ေရာက္မလာေတာ့ေပ။
____________________________



Continua llegint

You'll Also Like

655K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
25.6K 2.7K 84
မိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ ‌တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်...
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...