The Legendary Master's Wife [...

By melon_rays

469K 84.5K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-632-အကျဉ်းချခံရခြင်း

4.9K 1K 63
By melon_rays

Unicode
အပိုင်း ၆၃၂- အကျဉ်းချခံရခြင်း

အရိပ်မည်းသေဆုံးသွားသည်နှင့် ယူရှောင်းမိုလည်း
အပြင်သို့ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ထိုထဲမှာ တစ်နှစ်သာနေခဲ့ရသဖြင့် အပြင်လောကရှိ
အချိန်ဟာလည်း သိပ်ကွာမှာမဟုတ်ဘူးလို့
သူထင်ထားခဲ့သည်။ သို့သော် အစစ်အမှန်က
လွန်စွာခြားနား၏။

သူ အပြင်ပြန်ပေါ်လာတဲ့အချိန်မှာ ပြိုင်ပွဲအတွက်
အသုံးပြုသည့်ခန်းမကျယ်ကြီးထဲမှာ မဟုတ်တော့ဘဲ
ခပ်လှမ်းလှမ်းသို့ဆန့်တန်းလျက်ရှိသော အနီရင့်ရောင်
တိုင်လုံးကြီးနှစ်လုံးရှိသည့် ပိုမိုကြီးမားသော
မြင့်မြတ်နေရာတစ်ခုသဖွယ် အခြားတစ်နေရာ
ဖြစ်သည်။ ၎င်းသည် တည်ငြိမ်ခန့်ညားသော
အငွေ့အသက်တစ်မျိုး ထုတ်လွှင့်နေပေရာ
လူများကို ကြောက်ရွံ့ရိုသေစိတ်များဖြစ်စေသည်။

ယူရှောင်းမို လက်မောင်းနှစ်ဖက်ကိုပွတ်လိုက်သည်၊
သူခံစားရတာတော့ မသက်မသာနဲ့ ကြက်သီးတွေ
ထလာတာတစ်ခုတည်း ရှိသည်။

တစ်ခြားသူတွေရော ဘယ်မလဲ။ ဘယ်လိုလုပ်ပြီး
ဒီရောက်လာတာလဲ... သူက ပြိုင်ပွဲခန်းမထဲမှာ
ရှိနေရမှာမဟုတ်ဘူးလား။

ဘေးဘီအားလှည့်ပတ်ကြည့်၍ နောက်ဆုံးတွင်တော့
မီတာနှစ်ရာခန့်အကွာအဝေးရှိ ပလ္လင်အမြင့်တစ်ခု
ပေါ်တွင် ရပ်နေသည့် လူနှင့်တူသော
မှုန်ဝါးဝါးပုံရိပ်တစ်ခု လှမ်းမြင်လိုက်၏။

ရန်သူလော မိတ်ဆွေလော မသိရသေးသည့်
အခြေအနေမှာ ယူရှောင်းမိုရဲ့စွန့်စားချင်စိတ်က
သိပ်မမြင့်နေပေ။ စပ်စုချင်စိတ်ကိုဖြေဖျောက်မည့်
အစား လင်းရှောင်ကိုပဲအရင်ဆုံးရှာချင်သည်။

ထိုတစ်ချက်လှမ်းကြည့်ပြီးနောက်
အကြည့်လွှဲလိုက်ပြီး ဂိတ်ဆီသို့လျှောက်သွားလိုက်
သည်။ သူပျောက်သွားမှန်း လင်းရှောင်သိရင်
သေချာပေါက်လာရှာပေလိမ့်မည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်။ တစ်ခုခုမှားနေမှန်း
ယူရှောင်းမို ရိပ်မိလိုက်တော့သည်။

ထွက်ပေါက်က သူ့ရှေ့တည့်တည့်မှာရှိနေသော်ငြား
မည်ကဲ့သို့လျှောက်ပါစေ အနီးကိုမရောက်ပေ၊
သူက တစ်လက်မမှမရွေ့သည့်အလားပင်။
ထိုအချိန်မှာပဲ သူရပ်တန့်လိုက်သည်။
တစ်ယောက်ယောက်က အစီအရင်တစ်ခု
သေချာပေါက်ထားထားသည်၊ ကြည့်ရသည်မှာ
သူတို့က သူ့ကိုအပြင်ထွက်စေချင်ပုံမပေါ်ပေ။

အမြင့်နေရာမှလူကို ယူရှောင်းမို လှည့်ကြည့်လိုက်
သည်၊ အဲ့ဒီလူက သူလာဖို့စောင့်နေတာမလား။

သူ တော်တော်လေးကျွဲမြီးတိုနေပြီဖြစ်သော်ငြား
လင်းရှောင်နှင့်တွေ့ရဖို့အတွက် ထိန်းထားရဦးမည်ပင်။

အနားရောက်သောအခါ သူတို့ပုံသဏ္ဍာန်ကို
အတည်ပြုနိုင်တော့သည်။

စွမ်းအားကြီးသူတစ်ယောက်ရဲ့ ထက်ရှပြီး
ထူးခြားပေါ်လွင်တဲ့ခွန်အားကို ထုတ်လွှင့်နေတဲ့
မျက်နှာသွင်ပြင်နဲ့ အပြစ်အနာအဆာမရှိ၊ ချောမောတဲ့
လူတစ်ယောက်။

ဤသူကို သေချာပေါက် သူ မြင်ဖူးသည်၊
တစ်ခါတည်းပဲဆိုရင်တောင် ဘယ်သူလဲဆိုတာ
ချက်ချင်းပြောနိုင်၏။

ထုံထျန်းဧကရာဇ်။ ထုံထျန်းနန်းတော်ရဲ့အုပ်ချုပ်သူ။

သူ့ကိုဒီခေါ်လာတာ ဒီလူလား။

ယူရှောင်းမို သတိကြီးကြီးဖြင့်ပြန်စဉ်းစားကြည့်သည်။

ထုံထျန်းဧကရာဇ်နဲ့သူနဲ့ တစ်ခါမှ
ထိတွေ့ဆက်ဆံခဲ့ဖူးခြင်းမရှိပေ၊
အချိန်နံရံမှာတုန်းကတောင် ရုပ်တုတစ်ခုပဲ
မြင်ခဲ့ရတာဖြစ်သည်။ သို့သော် ဒုတိယ
စမ်းသပ်ချက်၏အကြောင်းအရာကို
ပြန်တွေးကြည့်လျှင် အရာအားလုံးက
သံသယဖြစ်ဖွယ်ကောင်းနေသည်။

ထိုအချိန် ၊ ပလ္လင်ထက်ရှိ ထုံထျန်းဧကရာဇ်သည်
ဖြေးညင်းစွာ မျက်လုံးပွင့်လာ၏၊ သူ့မျက်လုံးများက
တောက်ပ၍ ကြောက်မက်ဖွယ်ကောင်းသည်။
ဘယ်အရာမှ သူ့မျက်စိထဲမဝင်တဲ့အလား
ခံစားရစေသည်။ ရုပ်တုကဲ့သို့ပင်၊
အခြားဘယ်သူကမှ လူသားမဟုတ်ဘဲ
ပိုးမွှားလေးတွေအလားပင်။

ထိုပုံစံကြောင့် သူရွံသွားတော့သည်။

သူ့အပေါ် ယူရှောင်းမိုရဲ့ပထမဆုံးအမြင်က
ထိုးကျသွားပေမဲ့လို့ ရှုံးချင်ရှုံး စိတ်ဓာတ်တော့
မရှုံးရပေ။ ထို့ကြောင့် ခေါင်းကိုမော့ ရင်ကိုကော့ပြီး
ဧကရာဇ်အား အေးစက်စွာကြည့်လိုက်သည်။

"မင်းကြောင့် မင်းရဲ့လူနဲ့ မင်းအဖေနဲ့
ထုံထျန်းနန်းတော်ကိုလာလာပြီး နှောင့်ယှက်နေ
ကြတယ်။ တစ်နှစ်လုံးပဲ... လူဆယ်နဲ့ချီ
ဒဏ်ရာရတဲ့သူရ..သေတဲ့သူသေကုန်ကြပြီ.."

ခန်းမကြီးထဲတွင် ထုံထျန်းဧကရာဇ်၏
ဆန်းကြယ်သောအသံ ဖြေးညင်းစွာထွက်ပေါ်လာ
သည်။ သူ့အသံက အလွန်နားထောင်ရကောင်း၏၊
အသံက ဩပြီးကြည်လင်သည်။ ပြောနေသည့်
အကြောင်းအရာက နားဝင်မချိုသော်ငြားလည်း
နားဝင်ချိုသောအသံဖြင့်ပြောသည်၊ သေဆုံးမှု သို့
ပျက်စီးဆုံးရှုံးမှုများကို အရေးမစိုက်သည့်အလားပင်။

ယူရှောင်းမိုက​တော့ နည်းနည်းမှမပျော်ချေ။
သူ့ရှုထောင့်ကဆိုလျှင် ထိုကမ္ဘာမှာ သူအချိန်တစ်နှစ်
နေခဲ့ပြီး ဒီမှာလည်း တစ်နှစ်ကုန်သွားပြီဖြစ်သည်။
ဘာအကြောင်းအရင်းမှမရှိဘဲ တစ်နှစ် ထိုအတိုင်း
ကုန်သွားသည်၊ သူတော်တော်လေး စိတ်ကုန်နေပြီဖြစ်
သည်။

"အိုး ဟုတ်လား ကောင်းတာပေါ့။ တည့်ပဲပြောမယ်
တစ်ခြားသူတွေရောဘယ်မှာလဲ။ သူတို့ကိုလည်း
ဖမ်းထားတာလား။ နောက်ပြီး ခင်ဗျား ကျုပ်ကို
လွှတ်ပေးဖို့အတွက် ဘာလုပ်ပေးရမှာလဲ။
ခင်ဗျား ယောက်ျားဆိုရင် တည့်ပြော
ဝေ့လည်ကြောင်ပတ်မလုပ်နဲ့"

"ဒါဆိုလည်း စိတ်ချပါ ဒီမှာပဲနေ"

ထိုသို့ပြောပြီးသည်နှင့် ထုံထျန်းဧကရာဇ်သည်
ပျောက်ကွယ်သွားလေ၏။ တကယ်ကို
နည်းနည်းမှ 'ဝေ့လည်ကြောင်ပတ်လုပ်'မသွားပေ။

နင့်မေကြီးကိုစိတ်ချပါလား!

ယူရှောင်းမိုမှာ မဆဲဘဲမနေနိုင်တော့။ ဟိုနှစ်က
ဘာဖြစ်သွားတာလဲ။ သူကြားခဲ့ရသည့်
ထုံထျန်းနန်းတော်အကြောင်းများမှ ၎င်းအား
လွန်စွာတရားမျှတသောနန်းတော်တစ်ခုဟု
ယုံကြည်ထားခဲ့သည်၊ သို့ပေမဲ့ အခုတော့ရော?
သူ့ရဲ့ရရှိပိုင်ခွင့်တွေကို လျစ်လျူရှုပြီး သူ့ကို
ဒီမှာနေခိုင်းနေတယ်ပေါ့။ သူ့ကို လုပ်ချင်တိုင်းလုပ်၊
ဘာမှထည့်တွက်စရာမလိုတဲ့လူလို့ ထင်နေတာလား။
ကြည့်နေ! မင်းတို့နောင်တရအောင်လုပ်ပြမယ်!

_____

တကယ်တွင် ထုံထျန်းနန်းတော်က ယူရှောင်းမိုအား
ဒုတိယစမ်းသပ်ချက်တွင်သေဆုံးသွားပြီဟု
အပြင်လောကကို ကြေညာထားတာဖြစ်သည်။

သူ့တင်မဟုတ်၊ အခြားသူအနည်းငယ်လည်း
ထွက်မလာခဲ့ကြပေ။ သူတို့သည်လည်း သေပြီဟု
ကြေညာခံရသည်။

ဒါပေါ့ လင်းရှောင်ကမယုံပေ။ ယူရှောင်းမို
ဘယ်လိုလူမျိုးလဲဆိုတာ သူသိသည်။
ထုံထျန်းနန်းတော်ပြောတာက အမှန်သာဖြစ်လျှင်
အခြားသူများသေဆုံးသွားတာ နားလည်လို့ရသည်။
သူတို့က အဆင့်တစ်၊နှစ်မှော်ဆရာများသာဖြစ်သည်၊
သို့ပေမဲ့ ယူရှောင်းမိုက အဆင့်လေးမှော်ဆရာ
တစ်ယောက် ဖြစ်သည်။ သို့ဖြစ်ရာ
ထုံထျန်းနန်းတော်က သူ့ကိုအကျဉ်းချထားတာမှန်း
သေချာသွားတော့သည်။

ထိုအချိန်တုန်းကဆိုလျှင် ကိစ္စများက
ကသောင်းကနင်းပင်၊ လင်းရှောင်သည်
စိတ်လွတ်သွားကာ ထုံထျန်းနန်းတော်
အဆောက်အဦများကို မြင်မြင်သမျှဖျက်စီးပစ်
သည်။ ဧကရာဇ်သားရဲတစ်ကောင်ဖြစ်သဖြင့်
သူ့တိုက်ခိုက်စွမ်းရည်က နတ်ဘုရားအဆင့်
ကျင့်ကြံသူအများစုထက် ပိုအားကောင်းလေရာ
ထုံထျန်းဧကရာဇ်ပေါ်လာတော့မှ လင်းရှောင်​သည်
ဒဏ်ရာရလျက် ပြန်ဆုတ်သွားခဲ့သည်။

သို့သော် သူကလက်မလျှော့ပေ။ ထုံထျန်းနန်းတော်က
ယူရှောင်းမိုကို မလွှဲပေးမချင်း သူတို့ကိုတစ်ရက်မှ
အနားမရအောင်လုပ်မည်ဟု ကျိန်ဆိုခဲ့သည်။
ထိုမှစ၍ လင်းရှောင်သည် ဗျူဟာပြောင်းသွား၏။
သူတို့အား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည့်အစား
သားသည်းသည်းလှုပ်ယူကျွင်းချီနှင့် ပူးပေါင်း၍
ရရင်ရသလို ဒုက္ခပေးတော့သည်။

ထုံထျန်းနန်းတော်တွင် နတ်ဘုရားအဆင့်များ
ရှိသော်ငြားလည်း နတ်ဒေဝါအဆင့်ကပိုများလေရာ
နတ်ဘုရားအဆင့်ဖြစ်သည့် လင်းရှောင်နှင့်
ယူကျွင်းချီတို့အတွက် ချောင်းမြောင်းတိုက်ခိုက်
ရသည်မှာ လုံလုံလောက်လောက် လွယ်ကူလေသည်။
ထို့အ​ပြင် သူတို့တွင် အစီအရင်များစားသည့်
ရွှေတောင်ပံပိုးကောင်များလည်း ရှိသည်။
ယူရှောင်းမို ပြိုင်ပွဲကိုလာတုန်းက သူတို့ကို
ခေါ်မလာခဲ့ရာ တစ္ဆသင်္ချိုင်းတောင်တန်းမှာ
ကျန်နေခဲ့ကြသည်။

ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူ ဆယ်ချီိရှိပြီဟု
ထုံထျန်းဧကရာဇ်ကပြောရာတွင် ၎င်းမှာ
တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။ လင်းရှောင်နှင့်
ယူကျွင်းချီတို့က ထုံထျန်းနန်းတော်၏
ယုံကြည်သူများကိုသာ ပစ်မှတ်ထားသည်မဟုတ်ဘဲ
ဗိသုကာလက်ရာများ၊ မှော်ဆေးပင်စိုက်ခင်းများ၊
ဆေးလုံးဖော်စပ်ခန်းစသည့် အတော်လေး
အဖိုးတန်သောနေရာများလည်း ပါဝင်သည်။

ဧကရာဇ်သည် ၎င်းကို တည်ငြိမ်စွာပြောခဲ့သော်ငြား
အမှန်တွင် ဤနှစ်အတွင်း ဆုံးရှုံးမှုက
နန်းတော်အတွက်ကြီးမားလှသည်။ သို့ပေမဲ့
ဤအခြေအနေထိပင် ရောက်နေပြီဖြစ်ရာ သူ
ယူရှောင်းမိုကို ပြန်လွှဲပေးနိုင်ပါမလား။
ဒါပေါ့ ဘယ်ပေးနိုင်မလဲ။

အစက ယူရှောင်းမိုသာ အရိပ်မည်းရဲ့အစားထိုးတာ
ကောင်းကောင်းမွန်မွန်ခံလိုက်ရပါက ဘာမှဖြစ်မှာ
မဟုတ်ပေ၊ သို့သော် မမျှော်လင့်ထားစွာဖြင့် သူက
စိတ်စွမ်းအားကောင်းရုံမက အားနည်းချက်လည်း
မရှိချေ။ အရိပ်မည်းမှာ အခွင့်အရေးရဖို့
တစ်နှစ်တိတိစောင့်ခဲ့ရတာတောင်
ပြန်အသတ်ခံလိုက်ရသည်။ ဒါတွေကြောင့်
ဧကရာဇ်အတွက် ယူရှောင်းမိုကိုလွှတ်ပေးဖို့ဆိုတာ
ပိုမဖြစ်နိုင်ပေ။

_____

ထုံထျန်းနန်းတော်တွင်။ အကာအရံထဲပိတ်မိနေသည့်
ယူရှောင်းမိုသည် သေဖို့ငုတ်တုတ်ထိုင်စောင့်နေမည်
မဟုတ်။ အကြောင်းအရင်းမရှိ ဒီနေရာမှာ
ပိတ်ခံထားရတာ အလွန့်ကိုမသက်သောင့်မသက်သာ
ခံစားရသည်။ နန်းတော်က ဘာကြောင့်သူ့ကို
ပစ်မှတ်ထားနေတာလဲ.. သူတို့မှာ လျှို့ဝှက်
အကြံအစည်တွေဘာတွေ ရှိရင်ရှိနေလောက်မယ်...
သိချင်ပေမဲ့လို့ ယခုလောလောဆယ်မှာ
အပြင်ထွက်ဖို့က ဦးစားပေးပင်။

ယူရှောင်းမို သံတိုင်ကိုမှီလိုက်သည်။ ဤနေရာရှိ
အရံအတားများကို နတ်ဘုရားအဆင့်တစ်ယောက်​
ချထားတာဖြစ်ပုံရသည်၊ ဧကရာဇ်ကိုယ်တိုင်ဖြစ်ဖို့
ပိုများသည်။ သူ့ခွန်အားဖြင့် ၎င်းတို့ကို ချိုးဖျက်နိုင်ဖို့
မဖြစ်နိုင်ပေ။ ရုတ်တရက်ကြီး ဖင်းဖုံကို
သူသတိရသွားသည်။ ကြိုသိခဲ့မည်ဆိုလျှင် သူတို့ကို
ခေါ်လာခဲ့မှာပင်။

ဟိုနေ့က ထုံထျန်းဧကရာဇ်ထွက်သွားပြီးနောက်မှာ
သူ့ကို အခြားတစ်နေရာသို့ပို့လိုက်ကြသည်။

၎င်းမှာ အကျဉ်းသားအတော်များများ
ပိတ်လှောင်ထားသော အကျဉ်းထောင်တစ်ခု
ဖြစ်သည်။ စင်္ကြံလမ်းတွင် အဝါရောင်မီးအိမ်
အနည်းငယ်သာရှိသည်။ အလင်း​ရောင်
မကောင်းသော်ငြား အကျဉ်းခန်းများက အတော်လေး
သန့်ရှင်းသည်။

ဤနေရာရှိအကျဉ်းသားများက သွေးစွေးနီမိသားစု
တားမြစ်နယ်မြေမှာ အကျဉ်းကျနေသူများထက်ပင်
ပိုမိုသန်မာကြသည်။ သို့ပေမဲ့ သူတို့ထဲကအချို့က
ကျင့်ကြံဆင့်များကျဆင်းသွားသည့် အဖြစ်တစ်ခု
ကြုံနေရပုံပေါ်သည်။

၎င်းက ဤနေရာတွင်စိတ်စွမ်းအင် မရှိတာနှင့်
ဆိုင်လောက်သည်ဟု ယူရှောင်းမိုတွေးမိသည်၊
စိတ်စွမ်းအင်မရှိလျှင် ကျင့်ကြံလို့မရပေ။
၎င်းနှင့်အတူ မျှော်လင့်ချက်ပျက်သုဉ်းခြင်းနှင့်
ကမ်းမမြင်လမ်းမမြင်ဖြစ်နေသည့် အခြေအနေက
သူတို့ကျင့်ကြံဆင့်များကို ကျဆင်းသွားစေတာ
ဖြစ်လောက်သည်။

ယူရှောင်းမိုကတော့ တွေးမိသည်၊
ကံကောင်းပေလို့ သူ့မှာနယ်မြေရှိတယ်.....
သို့ပေမဲ့ ထင်ရှားစွာနဲ့ သူ အပျော်စောသွားတာပင်။
နယ်မြေထဲကနေ ဆေးတစ်ပုလင်းထုတ်ဖို့
ကြိုးစားလိုက်ချိန်တွင် တုံ့ပြန်မှုမရှိဘဲ သူ့လက်ထဲ
ဘာမှပေါ်မလာပေ။

ဘာဖြစ်တာလဲ။

ယူရှောင်းမို လန့်သွားသည်၊ ထို့နောက် နယ်မြေနှင့်
ဆက်သွယ်ရန် သူမည်မျှကြိုးစားပါစေ
ရေသေသဖွယ်ပင် သူ့ကိုပြန်တုံ့ပြန်မလာပေ။
တုံ့ပြန်မှုတစ်ခုမှမရတော့ သူ ရုတ်တရက်
ထိတ်ပျာသွားသည်။

"လူငယ်လေး ထပ်မကြိုးစားနေနဲ့တော့
စိတ်စွမ်းအင်တွေကို တားဆီးထားတာအပြင်
နယ်မြေတွေကိုလည်း တားဆီးထားတယ်။
မင်းဘယ်လောက်ပဲကြိုးစားကြိုးစား အလကားပဲ"

ဘေးကပ်လျက်ရှိအကျဉ်းခန်းထဲမှ တစ်ယောက်က
သူ့ခြေဟန်လက်ဟန်များမှတစ်ဆင့် သူလုပ်နေတာကို
သိလေသည်၊ သို့ပေမဲ့ ယူရှောင်းမိုရဲ့နယ်မြေက
ထူးခြားတာကိုမသိလေရာ သူကအံ့ဩသွားခြင်း
မရှိပေ။

ယူရှောင်းမိုလှည့်ကြည့်လိုက်တော့ ဖိုသီဖတ်သီ
ပုံစံနှင့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။
သူအကျဉ်းချခံထားရတာ ဘယ်လောက်ကြာပြီလဲ
မသိပေမဲ့ သူ့မျက်နှာတစ်ခုလုံးကို မုတ်ဆိတ်များက
အုပ်နေသည်။ တစ်ဖက်ကဘယ်လိုပုံရှိလဲ
သူမသိရရင်တောင်မှ သူ့ကို
လာသတိ​ပေးရလောက်အောင် ကြင်နာတတ်သူ
ဖြစ်လျှင် အကြောင်းအရာအတော်အများများ
ပြောပြနိုင်လောက်ပေသည်။

ယူရှောင်းမို အမြန်တိုးသွားလိုက်သည်။
"အစ်ကိုကြီး ဒီနေရာက ဘယ်မှာလဲသိလားဟင်"

အမျိုးသားက သူ့ကိုခေါင်းစခြေဆုံး တစ်ချက်
ကြည့်ကာ လက်နှစ်ဖက်ကိုခေါင်းနောက်ပစ်လျက်
ပြောသည်။

"ကြည့်ရတာ ဘာမှမသိဘဲ အဖမ်းခံထားရတဲ့
နောက်တစ်ယောက်ထင်တယ်။ မင်း ဒီထဲရောက်ပြီ
ဆိုတာနဲ့ လွတ်ဖို့မစဉ်းစားနဲ့တော့။ အမြဲတမ်း
ပြင်ဆင်ထား.. နောက်တစ်ယောက်က မင်းဖြစ်ချင်
ဖြစ်နေမှာပေါ့"

"ဘာနောက်လဲဗျ" ယူရှောင်းမို အမြန်မေးလိုက်သည်။

အမျိုးသားက သူ့ကိုတစ်ချက်လှမ်းကြည့်ကာ
ရုတ်တရက်ပြုံးလိုက်သည်။

"သေတာကလွဲလို့ ဘာရှိဦးမှာလဲ။ မင်းဘာမှ
မသိဘူးဆိုရင်တောင် သူတို့က မင်းကိုချမ်းသာပေးမှာ
မဟုတ်ဘူး"

"ဒါဆို ကျွန်တော်တို့ သေဖို့ပဲစောင့်နေရမှာပေါ့"

လက်လျှော့လိုက်ဖို့မလိုလားစွာနှင့် ယူရှောင်းမို
ထပ်မေးလိုက်သည်။ ဖြစ်နိုင်ပါက လင်းရှောင်
လာကယ်မှာကို သူအားမကိုးချင်ပေ။ သူလည်းပဲ
ကြိုးစားရပေမည်၊ ဘယ်လိုပဲဖြစ်ဖြစ် ထုံထျန်း
တိုက်မကြီးမှာ ထုံထျန်းနန်းတော်ရဲ့ဂုဏ်သတင်းက
အတော်မြင့်သည်မဟုတ်လား။

ထိုသူက 'အင်း'လို့ဖြေမည်ဟု သူထင်ထားခဲ့သည်၊
ဘယ်လိုပဲနေနေ သူဒီမှာရောက်နေတာ အချိန်
တစ်ခုတော့ရှိပြီဟုထင်ရပေသည်။ လွတ်မြောက်ဖို့
နည်းလမ်းတစ်ခုရှိပါက လုပ်ပြီးတာ
ကြာလှလောက်ပေပြီ။  သို့သော် သူက တည့်မငြင်းဘဲ
တည်ငြိမ်စွာပြောလာသည်။

"ဘယ်သူသိမလဲ... နည်းတစ်ခုခုရှိချင်ရှိမှာပေါ့.
ငါတို့မစဉ်းစားမိသေးတာလည်း ဖြစ်နိုင်တာပဲ"

တကယ်တော့ ၎င်းက ဘာမှမပြောတာနှင့်
အတူတူပင်၊ သို့ပေမဲ့ ယူရှောင်းမိုကတော့
အလုပ်ရှုပ်ခံပြီးပြန်ခံပြောမနေပေ။ နည်းတစ်ခုခု
ရှိပါက သူဘာပဲလုပ်ရလုပ်ရ ရှာကိုရှာမည်။

ထိုအချိန်မှာပဲ စင်္ကြံလမ်းတစ်လျှောက်တွင်
ခြေသံများကြားရလေသည်။ တစ်ခဏကြာသော်
တစ်ကိုယ်လုံး ဝတ်ရုံဖြူဖြင့်အုပ်ထားသော
လူသုံးဦး စင်္ကြံလမ်းတွင်ပေါ်လာသည်။
_________________________

Zawgyi
အပိုင္း ၆၃၂- အက်ဉ္းခ်ခံရျခင္း

အရိပ္မည္းေသဆံုးသြားသည္ႏွင့္ ယူေရွာင္းမိုလည္း
အျပင္သို႔ျပန္လည္ပို႔ေဆာင္ခံလိုက္ရသည္။
ထိုထဲမွာ တစ္ႏွစ္သာေနခဲ့ရသျဖင့္ အျပင္ေလာကရိွ
အခ်ိန္ဟာလည္း သိပ္ကြာမွာမဟုတ္ဘူးလို႔
သူထင္ထားခဲ့သည္။ သို႔ေသာ္ အစစ္အမွန္က
လြန္စြာျခားနား၏။

သူ အျပင္ျပန္ေပၚလာတဲ့အခ်ိန္မွာ ၿပိဳင္ပဲြအတြက္
အသံုးျပဳသၫ့္ခန္းမက်ယ္ႀကီးထဲမွာ မဟုတ္ေတာ့ဘဲ
ခပ္လွမ္းလွမ္းသို႔ဆန႔္တန္းလ်က္ရိွေသာ အနီရင့္ေရာင္
တိုင္လံုးႀကီးႏွစ္လံုးရိွသၫ့္ ပိုမိုႀကီးမားေသာ
ျမင့္ျမတ္ေနရာတစ္ခုသဖြယ္ အျခားတစ္ေနရာ
ျဖစ္သည္။ ၄သည္ တည္ၿငိမ္ခန႔္ညားေသာ
အေငြ့အသက္တစ္မ်ိဳး ထုတ္လႊင့္ေနေပရာ
လူမ်ားကို ေၾကာက္ရြံ႔ရိုေသစိတ္မ်ားျဖစ္ေစသည္။

ယူေရွာင္းမို လက္ေမာင္းႏွစ္ဖက္ကိုပြတ္လိုက္သည္၊
သူခံစားရတာေတာ့ မသက္မသာနဲ႔ ၾကက္သီးေတြ
ထလာတာတစ္ခုတည္း ရိွသည္။

တစ္ျခားသူေတြေရာ ဘယ္မလဲ။ ဘယ္လိုလုပ္ၿပီး
ဒီေရာက္လာတာလဲ... သူက ၿပိဳင္ပဲြခန္းမထဲမွာ
ရိွေနရမွာမဟုတ္ဘူးလား။

ေဘးဘီအားလွၫ့္ပတ္ၾကၫ့္၍ ေနာက္ဆံုးတြင္ေတာ့
မီတာႏွစ္ရာခန႔္အကြာအေဝးရိွ ပလႅင္အျမင့္တစ္ခု
ေပၚတြင္ ရပ္ေနသၫ့္ လူႏွင့္တူေသာ
မႈန္ဝါးဝါးပံုရိပ္တစ္ခု လွမ္းျမင္လိုက္၏။

ရန္သူေလာ မိတ္ေဆြေလာ မသိရေသးသၫ့္
အေျခအေနမွာ ယူေရွာင္းမိုရဲ့စြန႔္စားခ်င္စိတ္က
သိပ္မျမင့္ေနေပ။ စပ္စုခ်င္စိတ္ကိုေျဖေဖ်ာက္မၫ့္
အစား လင္းေရွာင္ကိုပဲအရင္ဆံုးရွာခ်င္သည္။

ထိုတစ္ခ်က္လွမ္းၾကၫ့္ၿပီးေနာက္
အၾကၫ့္လႊဲလိုက္ၿပီး ဂိတ္ဆီသို႔ေလ်ွာက္သြားလိုက္
သည္။ သူေပ်ာက္သြားမွန္း လင္းေရွာင္သိရင္
ေသခ်ာေပါက္လာရွာေပလိမ့္မည္။

ဆယ့္ငါးမိနစ္ၾကာၿပီးေနာက္။ တစ္ခုခုမွားေနမွန္း
ယူေရွာင္းမို ရိပ္မိလိုက္ေတာ့သည္။

ထြက္ေပါက္က သူ႔ေရ႔ွတၫ့္တၫ့္မွာရိွေနေသာ္ျငား
မည္ကဲ့သို႔ေလ်ွာက္ပါေစ အနီးကိုမေရာက္ေပ၊
သူက တစ္လက္မမွမေရြ့သၫ့္အလားပင္။
ထိုအခ်ိန္မွာပဲ သူရပ္တန႔္လိုက္သည္။
တစ္ေယာက္ေယာက္က အစီအရင္တစ္ခု
ေသခ်ာေပါက္ထားထားသည္၊ ၾကၫ့္ရသည္မွာ
သူတို႔က သူ႔ကိုအျပင္ထြက္ေစခ်င္ပံုမေပၚေပ။

အျမင့္ေနရာမွလူကို ယူေရွာင္းမို လွၫ့္ၾကၫ့္လိုက္
သည္၊ အဲ့ဒီလူက သူလာဖို႔ေစာင့္ေနတာမလား။

သူ ေတာ္ေတာ္ေလးကၽဲြၿမီးတိုေနၿပီျဖစ္ေသာ္ျငား
လင္းေရွာင္ႏွင့္ေတြ့ရဖို႔အတြက္ ထိန္းထားရဦးမည္ပင္။

အနားေရာက္ေသာအခါ သူတို႔ပံုသ႑ာန္ကို
အတည္ျပဳႏိုင္ေတာ့သည္။

စြမ္းအားႀကီးသူတစ္ေယာက္ရဲ့ ထက္ရွၿပီး
ထူးျခားေပၚလြင္တဲ့ခြန္အားကို ထုတ္လႊင့္ေနတဲ့
မ်က္ႏွာသြင္ျပင္နဲ႔ အျပစ္အနာအဆာမရိွ၊ ေခ်ာေမာတဲ့
လူတစ္ေယာက္။

ဤသူကို ေသခ်ာေပါက္ သူ ျမင္ဖူးသည္၊
တစ္ခါတည္းပဲဆိုရင္ေတာင္ ဘယ္သူလဲဆိုတာ
ခ်က္ခ်င္းေျပာႏိုင္၏။

ထံုထ်န္းဧကရာဇ္။ ထံုထ်န္းနန္းေတာ္ရဲ့အုပ္ခ်ဳပ္သူ။

သူ႔ကိုဒီေခၚလာတာ ဒီလူလား။

ယူေရွာင္းမို သတိႀကီးႀကီးျဖင့္ျပန္စဉ္းစားၾကၫ့္သည္။

ထံုထ်န္းဧကရာဇ္နဲ႔သူနဲ႔ တစ္ခါမွ
ထိေတြ့ဆက္ဆံခဲ့ဖူးျခင္းမရိွေပ၊
အခ်ိန္နံရံမွာတုန္းကေတာင္ ရုပ္တုတစ္ခုပဲ
ျမင္ခဲ့ရတာျဖစ္သည္။ သို႔ေသာ္ ဒုတိယ
စမ္းသပ္ခ်က္၏အေၾကာင္းအရာကို
ျပန္ေတြးၾကၫ့္လ်ွင္ အရာအားလံုးက
သံသယျဖစ္ဖြယ္ေကာင္းေနသည္။

ထိုအခ်ိန္ ၊ ပလႅင္ထက္ရိွ ထံုထ်န္းဧကရာဇ္သည္
ေျဖးညင္းစြာ မ်က္လံုးပြင့္လာ၏၊ သူ႔မ်က္လံုးမ်ားက
ေတာက္ပ၍ ေၾကာက္မက္ဖြယ္ေကာင္းသည္။
ဘယ္အရာမွ သူ႔မ်က္စိထဲမဝင္တဲ့အလား
ခံစားရေစသည္။ ရုပ္တုကဲ့သို႔ပင္၊
အျခားဘယ္သူကမွ လူသားမဟုတ္ဘဲ
ပိုးမႊားေလးေတြအလားပင္။

ထိုပံုစံေၾကာင့္ သူရြံသြားေတာ့သည္။

သူ႔အေပၚ ယူေရွာင္းမိုရဲ့ပထမဆံုးအျမင္က
ထိုးက်သြားေပမဲ့လို႔ ရႈံးခ်င္ရႈံး စိတ္ဓာတ္ေတာ့
မရႈံးရေပ။ ထို႔ေၾကာင့္ ေခါင္းကိုေမာ့ ရင္ကိုေကာ့ၿပီး
ဧကရာဇ္အား ေအးစက္စြာၾကၫ့္လိုက္သည္။

"မင္းေၾကာင့္ မင္းရဲ့လူနဲ႔ မင္းအေဖနဲ႔
ထံုထ်န္းနန္းေတာ္ကိုလာလာၿပီး ေနွာင့္ယွက္ေန
ၾကတယ္။ တစ္ႏွစ္လံုးပဲ... လူဆယ္နဲ႔ခ်ီ
ဒဏ္ရာရတဲ့သူရ..ေသတဲ့သူေသကုန္ၾကၿပီ.."

ခန္းမႀကီးထဲတြင္ ထံုထ်န္းဧကရာဇ္၏
ဆန္းၾကယ္ေသာအသံ ေျဖးညင္းစြာထြက္ေပၚလာ
သည္။ သူ႔အသံက အလြန္နားေထာင္ရေကာင္း၏၊
အသံက ဩၿပီးၾကည္လင္သည္။ ေျပာေနသၫ့္
အေၾကာင္းအရာက နားဝင္မခ်ိဳေသာ္ျငားလည္း
နားဝင္ခ်ိဳေသာအသံျဖင့္ေျပာသည္၊ ေသဆံုးမႈ သို႔
ပ်က္စီးဆံုးရႈံးမႈမ်ားကို အေရးမစိုက္သၫ့္အလားပင္။

ယူေရွာင္းမိုက​ေတာ့ နည္းနည္းမွမေပ်ာ္ေခ်။
သူ႔ရႈေထာင့္ကဆိုလ်ွင္ ထိုကမ႓ာမွာ သူအခ်ိန္တစ္ႏွစ္
ေနခဲ့ၿပီး ဒီမွာလည္း တစ္ႏွစ္ကုန္သြားၿပီျဖစ္သည္။
ဘာအေၾကာင္းအရင္းမွမရိွဘဲ တစ္ႏွစ္ ထိုအတိုင္း
ကုန္သြားသည္၊ သူေတာ္ေတာ္ေလး စိတ္ကုန္ေနၿပီျဖစ္
သည္။

"အိုး ဟုတ္လား ေကာင္းတာေပါ့။ တၫ့္ပဲေျပာမယ္
တစ္ျခားသူေတြေရာဘယ္မွာလဲ။ သူတို႔ကိုလည္း
ဖမ္းထားတာလား။ ေနာက္ၿပီး ခင္ဗ်ား က်ဳပ္ကို
လႊတ္ေပးဖို႔အတြက္ ဘာလုပ္ေပးရမွာလဲ။
ခင္ဗ်ား ေယာက္်ားဆိုရင္ တၫ့္ေျပာ
ေဝ့လည္ေၾကာင္ပတ္မလုပ္နဲ႔"

"ဒါဆိုလည္း စိတ္ခ်ပါ ဒီမွာပဲေန"

ထိုသို႔ေျပာၿပီးသည္ႏွင့္ ထံုထ်န္းဧကရာဇ္သည္
ေပ်ာက္ကြယ္သြားေလ၏။ တကယ္ကို
နည္းနည္းမွ 'ေဝ့လည္ေၾကာင္ပတ္လုပ္'မသြားေပ။

နင့္ေမႀကီးကိုစိတ္ခ်ပါလား!

ယူေရွာင္းမိုမွာ မဆဲဘဲမေနႏိုင္ေတာ့။ ဟိုႏွစ္က
ဘာျဖစ္သြားတာလဲ။ သူၾကားခဲ့ရသည့္
ထံုထ်န္းနန္းေတာ္အေၾကာင္းမ်ားမွ ၄အား
လြန္စြာတရားမ်ွတေသာနန္းေတာ္တစ္ခုဟု
ယံုၾကည္ထားခဲ့သည္၊ သို႔ေပမဲ့ အခုေတာ့ေရာ?
သူ႔ရဲ့ရရိွပိုင္ခြင့္ေတြကို လ်စ္လ်ူရႈၿပီး သူ႔ကို
ဒီမွာေနခိုင္းေနတယ္ေပါ့။ သူ႔ကို လုပ္ခ်င္တိုင္းလုပ္၊
ဘာမွထၫ့္တြက္စရာမလိုတဲ့လူလို႔ ထင္ေနတာလား။
ၾကၫ့္ေန! မင္းတို႔ေနာင္တရေအာင္လုပ္ျပမယ္!

_____

တကယ္တြင္ ထံုထ်န္းနန္းေတာ္က ယူေရွာင္းမိုအား
ဒုတိယစမ္းသပ္ခ်က္တြင္ေသဆံုးသြားၿပီဟု
အျပင္ေလာကကို ေၾကညာထားတာျဖစ္သည္။

သူ႔တင္မဟုတ္၊ အျခားသူအနည္းငယ္လည္း
ထြက္မလာခဲ့ၾကေပ။ သူတို႔သည္လည္း ေသၿပီဟု
ေၾကညာခံရသည္။

ဒါေပါ့ လင္းေရွာင္ကမယံုေပ။ ယူေရွာင္းမို
ဘယ္လိုလူမ်ိဳးလဲဆိုတာ သူသိသည္။
ထံုထ်န္းနန္းေတာ္ေျပာတာက အမွန္သာျဖစ္လ်ွင္
အျခားသူမ်ားေသဆံုးသြားတာ နားလည္လို႔ရသည္။
သူတို႔က အဆင့္တစ္၊ႏွစ္ေမွာ္ဆရာမ်ားသာျဖစ္သည္၊
သို႔ေပမဲ့ ယူေရွာင္းမိုက အဆင့္ေလးေမွာ္ဆရာ
တစ္ေယာက္ ျဖစ္သည္။ သို႔ျဖစ္ရာ
ထံုထ်န္းနန္းေတာ္က သူ႔ကိုအက်ဉ္းခ်ထားတာမွန္း
ေသခ်ာသြားေတာ့သည္။

ထိုအခ်ိန္တုန္းကဆိုလ်ွင္ ကိစၥမ်ားက
ကေသာင္းကနင္းပင္၊ လင္းေရွာင္သည္
စိတ္လြတ္သြားကာ ထံုထ်န္းနန္းေတာ္
အေဆာက္အဦမ်ားကို ျမင္ျမင္သမ်ွဖ်က္စီးပစ္
သည္။ ဧကရာဇ္သားရဲတစ္ေကာင္ျဖစ္သျဖင့္
သူ႔တိုက္ခိုက္စြမ္းရည္က နတ္ဘုရားအဆင့္
က်င့္ႀကံသူအမ်ားစုထက္ ပိုအားေကာင္းေလရာ
ထံုထ်န္းဧကရာဇ္ေပၚလာေတာ့မွ လင္းေရွာင္​သည္
ဒဏ္ရာရလ်က္ ျပန္ဆုတ္သြားခဲ့သည္။

သို႔ေသာ္ သူကလက္မေလ်ွာ့ေပ။ ထံုထ်န္းနန္းေတာ္က
ယူေရွာင္းမိုကို မလႊဲေပးမခ်င္း သူတို႔ကိုတစ္ရက္မွ
အနားမရေအာင္လုပ္မည္ဟု က်ိန္ဆိုခဲ့သည္။
ထိုမွစ၍ လင္းေရွာင္သည္ ဗ်ူဟာေျပာင္းသြား၏။
သူတို႔အား ထိပ္တိုက္ရင္ဆိုင္တိုက္ခိုက္မၫ့္အစား
သားသည္းသည္းလႈပ္ယူကၽြင္းခ်ီႏွင့္ ပူးေပါင္း၍
ရရင္ရသလို ဒုကၡေပးေတာ့သည္။

ထံုထ်န္းနန္းေတာ္တြင္ နတ္ဘုရားအဆင့္မ်ား
ရိွေသာ္ျငားလည္း နတ္ေဒဝါအဆင့္ကပိုမ်ားေလရာ
နတ္ဘုရားအဆင့္ျဖစ္သည့္ လင္းေရွာင္ႏွင့္
ယူကၽြင္းခ်ီတို႔အတြက္ ေခ်ာင္းေျမာင္းတိုက္ခိုက္
ရသည္မွာ လံုလံုေလာက္ေလာက္ လြယ္ကူေလသည္။
ထို႔အ​ျပင္ သူတို႔တြင္ အစီအရင္မ်ားစားသၫ့္
ေရႊေတာင္ပံပိုးေကာင္မ်ားလည္း ရိွသည္။
ယူေရွာင္းမို ၿပိဳင္ပဲြကိုလာတုန္းက သူတို႔ကို
ေခၚမလာခဲ့ရာ တစၧသခ်ၤိဳင္းေတာင္တန္းမွာ
က်န္ေနခဲ့ၾကသည္။

ဒဏ္ရာရတဲ့သူနဲ႔ ေသတဲ့သူ ဆယ္ခ်ီိရိွၿပီဟု
ထံုထ်န္းဧကရာဇ္ကေျပာရာတြင္ ၄မွာ
တစ္စိတ္တစ္ပိုင္းသာရိွေသးသည္။ လင္းေရွာင္ႏွင့္
ယူကၽြင္းခ်ီတို႔က ထံုထ်န္းနန္းေတာ္၏
ယံုၾကည္သူမ်ားကိုသာ ပစ္မွတ္ထားသည္မဟုတ္ဘဲ
ဗိသုကာလက္ရာမ်ား၊ ေမွာ္ေဆးပင္စိုက္ခင္းမ်ား၊
ေဆးလံုးေဖာ္စပ္ခန္းစသၫ့္ အေတာ္ေလး
အဖိုးတန္ေသာေနရာမ်ားလည္း ပါဝင္သည္။

ဧကရာဇ္သည္ ၄ကို တည္ၿငိမ္စြာေျပာခဲ့ေသာ္ျငား
အမွန္တြင္ ဤႏွစ္အတြင္း ဆံုးရႈံးမႈက
နန္းေတာ္အတြက္ႀကီးမားလွသည္။ သို႔ေပမဲ့
ဤအေျခအေနထိပင္ ေရာက္ေနၿပီျဖစ္ရာ သူ
ယူေရွာင္းမိုကို ျပန္လႊဲေပးႏိုင္ပါမလား။
ဒါေပါ့ ဘယ္ေပးႏိုင္မလဲ။

အစက ယူေရွာင္းမိုသာ အရိပ္မည္းရဲ့အစားထိုးတာ
ေကာင္းေကာင္းမြန္မြန္ခံလိုက္ရပါက ဘာမျွဖစ္မွာ
မဟုတ္ေပ၊ သို႔ေသာ္ မေမ်ွာ္လင့္ထားစြာျဖင့္ သူက
စိတ္စြမ္းအားေကာင္းရံုမက အားနည္းခ်က္လည္း
မရိွေခ်။ အရိပ္မည္းမွာ အခြင့္အေရးရဖို႔
တစ္ႏွစ္တိတိေစာင့္ခဲ့ရတာေတာင္
ျပန္အသတ္ခံလိုက္ရသည္။ ဒါေတြေၾကာင့္
ဧကရာဇ္အတြက္ ယူေရွာင္းမိုကိုလႊတ္ေပးဖို႔ဆိုတာ
ပိုမျဖစ္ႏိုင္ေပ။

_____

ထံုထ်န္းနန္းေတာ္တြင္။ အကာအရံထဲပိတ္မိေနသၫ့္
ယူေရွာင္းမိုသည္ ေသဖို႔ငုတ္တုတ္ထိုင္ေစာင့္ေနမည္
မဟုတ္။ အေၾကာင္းအရင္းမရိွ ဒီေနရာမွာ
ပိတ္ခံထားရတာ အလြန႔္ကိုမသက္ေသာင့္မသက္သာ
ခံစားရသည္။ နန္းေတာ္က ဘာေၾကာင့္သူ႔ကို
ပစ္မွတ္ထားေနတာလဲ.. သူတို႔မွာ လ်ိႈ႔ဝွက္
အႀကံအစည္ေတြဘာေတြ ရိွရင္ရိွေနေလာက္မယ္...
သိခ်င္ေပမဲ့လို႔ ယခုေလာေလာဆယ္မွာ
အျပင္ထြက္ဖို႔က ဦးစားေပးပင္။

ယူေရွာင္းမို သံတိုင္ကိုမွီလိုက္သည္။ ဤေနရာရိွ
အရံအတားမ်ားကို နတ္ဘုရားအဆင့္တစ္ေယာက္​
ခ်ထားတာျဖစ္ပံုရသည္၊ ဧကရာဇ္ကိုယ္တိုင္ျဖစ္ဖို႔
ပိုမ်ားသည္။ သူ႔ခြန္အားျဖင့္ ၄တို႔ကို ခ်ိဳးဖ်က္ႏိုင္ဖို႔
မျဖစ္ႏိုင္ေပ။ ရုတ္တရက္ႀကီး ဖင္းဖံုကို
သူသတိရသြားသည္။ ႀကိဳသိခဲ့မည္ဆိုလ်ွင္ သူတို႔ကို
ေခၚလာခဲ့မွာပင္။

ဟိုေန့က ထံုထ်န္းဧကရာဇ္ထြက္သြားၿပီးေနာက္မွာ
သူ႔ကို အျခားတစ္ေနရာသို႔ပို႔လိုက္ၾကသည္။

၄မွာ အက်ဉ္းသားအေတာ္မ်ားမ်ား
ပိတ္ေလွာင္ထားေသာ အက်ဉ္းေထာင္တစ္ခု
ျဖစ္သည္။ စႀကၤံလမ္းတြင္ အဝါေရာင္မီးအိမ္
အနည္းငယ္သာရိွသည္။ အလင္း​ေရာင္
မေကာင္းေသာ္ျငား အက်ဉ္းခန္းမ်ားက အေတာ္ေလး
သန႔္ရွင္းသည္။

ဤေနရာရိွအက်ဉ္းသားမ်ားက ေသြးေစြးနီမိသားစု
တားျမစ္နယ္ေျမမွာ အက်ဉ္းက်ေနသူမ်ားထက္ပင္
ပိုမိုသန္မာၾကသည္။ သို႔ေပမဲ့ သူတို႔ထဲကအခ်ိဳ႕က
က်င့္ႀကံဆင့္မ်ားက်ဆင္းသြားသၫ့္ အျဖစ္တစ္ခု
ႄကံုေနရပံုေပၚသည္။

၄က ဤေနရာတြင္စိတ္စြမ္းအင္ မရိွတာႏွင့္
ဆိုင္ေလာက္သည္ဟု ယူေရွာင္းမိုေတြးမိသည္၊
စိတ္စြမ္းအင္မရိွလ်ွင္ က်င့္ႀကံလို႔မရေပ။
၄ႏွင့္အတူ ေမ်ွာ္လင့္ခ်က္ပ်က္သုဉ္းျခင္းႏွင့္
ကမ္းမျမင္လမ္းမျမင္ျဖစ္ေနသၫ့္ အေျခအေနက
သူတို႔က်င့္ႀကံဆင့္မ်ားကို က်ဆင္းသြားေစတာ
ျဖစ္ေလာက္သည္။

ယူေရွာင္းမိုကေတာ့ ေတြးမိသည္၊
ကံေကာင္းေပလို႔ သူ႔မွာနယ္ေျမရိွတယ္.....
သို႔ေပမဲ့ ထင္ရွားစြာနဲ႔ သူ အေပ်ာ္ေစာသြားတာပင္။
နယ္ေျမထဲကေန ေဆးတစ္ပုလင္းထုတ္ဖို႔
ႀကိဳးစားလိုက္ခ်ိန္တြင္ တံု႔ျပန္မႈမရိွဘဲ သူ႔လက္ထဲ
ဘာမွေပၚမလာေပ။

ဘာျဖစ္တာလဲ။

ယူေရွာင္းမို လန႔္သြားသည္၊ ထို႔ေနာက္ နယ္ေျမႏွင့္
ဆက္သြယ္ရန္ သူမည္မ်ွႀကိဳးစားပါေစ
ေရေသသဖြယ္ပင္ သူ႔ကိုျပန္တံု႔ျပန္မလာေပ။
တံု႔ျပန္မႈတစ္ခုမွမရေတာ့ သူ ရုတ္တရက္
ထိတ္ပ်ာသြားသည္။

"လူငယ္ေလး ထပ္မႀကိဳးစားေနနဲ႔ေတာ့
စိတ္စြမ္းအင္ေတြကို တားဆီးထားတာအျပင္
နယ္ေျမေတြကိုလည္း တားဆီးထားတယ္။
မင္းဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား အလကားပဲ"

ေဘးကပ္လ်က္ရိွအက်ဉ္းခန္းထဲမွ တစ္ေယာက္က
သူ႔ေျခဟန္လက္ဟန္မ်ားမွတစ္ဆင့္ သူလုပ္ေနတာကို
သိေလသည္၊ သို႔ေပမဲ့ ယူေရွာင္းမိုရဲ့နယ္ေျမက
ထူးျခားတာကိုမသိေလရာ သူကအံ့ဩသြားျခင္း
မရိွေပ။

ယူေရွာင္းမိုလွၫ့္ၾကၫ့္လိုက္ေတာ့ ဖိုသီဖတ္သီ
ပံုစံႏွင့္ အမ်ိဳးသားတစ္ေယာက္ကိုေတြ့လိုက္ရသည္။
သူအက်ဉ္းခ်ခံထားရတာ ဘယ္ေလာက္ၾကာၿပီလဲ
မသိေပမဲ့ သူ႔မ်က္ႏွာတစ္ခုလံုးကို မုတ္ဆိတ္မ်ားက
အုပ္ေနသည္။ တစ္ဖက္ကဘယ္လိုပံုရိွလဲ
သူမသိရရင္ေတာင္မွ သူ႔ကို
လာသတိ​ေပးရေလာက္ေအာင္ ၾကင္နာတတ္သူ
ျဖစ္လ်ွင္ အေၾကာင္းအရာအေတာ္အမ်ားမ်ား
ေျပာျပႏိုင္ေလာက္ေပသည္။

ယူေရွာင္းမို အျမန္တိုးသြားလိုက္သည္။
"အစ္ကိုႀကီး ဒီေနရာက ဘယ္မွာလဲသိလားဟင္"

အမ်ိဳးသားက သူ႔ကိုေခါင္းစေျခဆံုး တစ္ခ်က္
ၾကၫ့္ကာ လက္ႏွစ္ဖက္ကိုေခါင္းေနာက္ပစ္လ်က္
ေျပာသည္။

"ၾကၫ့္ရတာ ဘာမွမသိဘဲ အဖမ္းခံထားရတဲ့
ေနာက္တစ္ေယာက္ထင္တယ္။ မင္း ဒီထဲေရာက္ၿပီ
ဆိုတာနဲ႔ လြတ္ဖို႔မစဉ္းစားနဲ႔ေတာ့။ အၿမဲတမ္း
ျပင္ဆင္ထား.. ေနာက္တစ္ေယာက္က မင္းျဖစ္ခ်င္
ျဖစ္ေနမွာေပါ့"

"ဘာေနာက္လဲဗ်" ယူေရွာင္းမို အျမန္ေမးလိုက္သည္။

အမ်ိဳးသားက သူ႔ကိုတစ္ခ်က္လွမ္းၾကၫ့္ကာ
ရုတ္တရက္ႃပံုးလိုက္သည္။

"ေသတာကလဲြလို႔ ဘာရိွဦးမွာလဲ။ မင္းဘာမွ
မသိဘူးဆိုရင္ေတာင္ သူတို႔က မင္းကိုခ်မ္းသာေပးမွာ
မဟုတ္ဘူး"

"ဒါဆို ကၽြန္ေတာ္တို႔ ေသဖို႔ပဲေစာင့္ေနရမွာေပါ့"

လက္ေလ်ွာ့လိုက္ဖို႔မလိုလားစြာႏွင့္ ယူေရွာင္းမို
ထပ္ေမးလိုက္သည္။ ျဖစ္ႏိုင္ပါက လင္းေရွာင္
လာကယ္မွာကို သူအားမကိုးခ်င္ေပ။ သူလည္းပဲ
ႀကိဳးစားရေပမည္၊ ဘယ္လိုပဲျဖစ္ျဖစ္ ထံုထ်န္း
တိုက္မႀကီးမွာ ထံုထ်န္းနန္းေတာ္ရဲ့ဂုဏ္သတင္းက
အေတာ္ျမင့္သည္မဟုတ္လား။

ထိုသူက 'အင္း'လို႔ေျဖမည္ဟု သူထင္ထားခဲ့သည္၊
ဘယ္လိုပဲေနေန သူဒီမွာေရာက္ေနတာ အခ်ိန္
တစ္ခုေတာ့ရိွၿပီဟုထင္ရေပသည္။ လြတ္ေျမာက္ဖို႔
နည္းလမ္းတစ္ခုရိွပါက လုပ္ၿပီးတာ
ၾကာလွေလာက္ေပၿပီ။  သို႔ေသာ္ သူက တၫ့္မျငင္းဘဲ
တည္ၿငိမ္စြာေျပာလာသည္။

"ဘယ္သူသိမလဲ... နည္းတစ္ခုခုရိွခ်င္ရိွမွာေပါ့.
ငါတို႔မစဉ္းစားမိေသးတာလည္း ျဖစ္ႏိုင္တာပဲ"

တကယ္ေတာ့ ၄က ဘာမွမေျပာတာႏွင့္
အတူတူပင္၊ သို႔ေပမဲ့ ယူေရွာင္းမိုကေတာ့
အလုပ္ရႈပ္ခံၿပီးျပန္ခံေျပာမေနေပ။ နည္းတစ္ခုခု
ရိွပါက သူဘာပဲလုပ္ရလုပ္ရ ရွာကိုရွာမည္။

ထိုအခ်ိန္မွာပဲ စႀကၤံလမ္းတစ္ေလ်ွာက္တြင္
ေျခသံမ်ားၾကားရေလသည္။ တစ္ခဏၾကာေသာ္
တစ္ကိုယ္လံုး ဝတ္ရံုျဖဴျဖင့္အုပ္ထားေသာ
လူသံုးဦး စႀကၤံလမ္းတြင္ေပၚလာသည္။
_________________________

Continue Reading

You'll Also Like

230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
119K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။