ဒီလူတွေသူမနဲ့ရန်ဖြစ်ချင်ရင်ရတယ်။ဒါပေမယ့်ကလေးအရှေ့မှာတော့မဟုတ်ဘူး။သူကိုထပ်ပြီးကြောက်မသွားစေချင်ဘူး။မကောင်းတာတွေထပ်ပြီးမကြုံရစေချင်ဘူး။
'စုရန် နင်မလွန်လာနဲ့နော်' ချန်ကျင်ပြန်ပြောလိုက်တယ်
'ထွက်သွား' သူမအရှေ့ကိုတိုးလာပြီး ချန်ကျင်နဲ့ပိုင်ချီရွေ့ကိုအခန်းပြင်ကိုတွန်းထုတ်လိုက်တယ်။
သူမရပ်သွားအောင်စုန့်ထင်ယွီ သူမကိုဆွဲထားလိုက်ပြီး သူမရဲ့မျက်နှာလေးကိုကြည့်လိုက်တယ်။သူ့နှလုံးသားနာကျင်သလိုခံစားသွားရပြီး: 'မင်း ဝမ်ရှီကိုဂရုစိုက်လိုက်ပါဦး'
သူပြောပြီးတာနဲ့ ပိုင်ချီရွေ့နဲ့ချန်ကျင်ကိုခေါ်ပြီးအပြင်ထွက်သွားတယ်။
ချန်ကျင်လဲဒီလိုမျိုးတစ်ခါမှဆက်ဆံမခံရတော့ မကျေနပ်ဖြစ်နေတယ်။
သူမကိုဒီလိုမျိုးဆက်ဆံတာ စုရန်ကပထမဆုံးဘဲ။
အရင်တုန်းကအေးဆေးနေပြီးဘာမှမပြောတတ်တဲ့စုရန်ကသူမကိုကြောက်လို့မဟုတ်ဘူးဆိုတာ ချန်ကျင်နောက်ဆုံးတော့သိသွားပြီ။
သူမကဟန်ဆောင်ထားတာဘဲ။တော်တော်အဆိပ်ပြင်းတဲ့မိန်းမဘဲ။
သူတို့ကိုစုန့်ထင်ယွီအပြင်ကိုဆွဲခေါ်သွားပြီး စုန့်ဝမ်ရှီအခန်းနဲ့ဝေးတဲ့နေရာမှာရပ်လိုက်တယ်။
ပိုင်ချီရွေ့ကိုသူကြည့်လိုက်ပြီး: 'မင်းကိုကိုယ်အခန်းကိုအရင်ပြန်သွားဖို့ပြောခဲ့တာကိုဘာလို့မပြန်သွားတာလဲ?
ပိုင်ချီရွေ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး: 'ညီမအရင်ပြန်သွားပြီးပါပြီ။ညီမကဒီတိုင်းဝမ်ရှီကိုတွေ့ချင်လို့ပါ...သူအဆင်ပြေလားမပြေလားဆိုတာကိုသိချင်တာကိုမရဘူးလား?ညီမကသူ့ကိုကောင်းတဲ့ရည်ရွယ်ချက်နဲ့ဘဲတွေ့ချင်တာပါ။ညီမလဲသူ့ကိုတကယ်စိတ်ပူနေတာပါ...'
'မင်းသာတကယ်စိတ်ပူတယ်ဆိုရင်အဲ့ဒီကိုမသွားသင့်ဘူး'
သူမဆက်ပြောတာကိုစုန့်ထင်ယွီနားမထောင်တော့ဘဲစကားကိုဖြတ်ချလိုက်တယ်။
ပိုင်ချီရွေ့မျက်လုံးတွေချက်ချင်းနီလာပြီး ငိုသံနဲ့လေးနဲ့ပြောလိုက်တယ်: 'အဲ့ဒီကိုညီမသွားလို့ကိုကိုရှက်နေတာလား?ဘာလို့ဆိုညီမကတတိယလူကိုး။ညီမကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ?ကိုကိုဘဲလေ။စုန့်ထင်ယွီ ကိုကိုဘဲညီမကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာ'
ပိုင်ချီရွေ့ဝမ်နည်းစွာနဲ့ငိုကြွေးနေလိုက်တယ်။သူမအခုမှကိုယ်ဝန်ပျက်ထားခါစဆိုတော့ သူမပုံစံကသနားစရာကောင်းနေပြီး အသံတိုးတိုးလေးနဲ့ဆက်ပြောလိုက်တယ်: 'ကိုကို့အတွက်ညီမအရာအားလုံးကိုစွန့်လွှတ်ခဲ့တာ။ညီမအနုပညာလောကမှာအောင်မြင်ခါစဘဲရှိသေးတာကို ကိုကို့အဖွားကညီမအလုပ်ကိုမကြိုက်လို့ ညီမအဲ့ဒီအလုပ်ကနေအနားယူခဲ့တာ။အဲ့လိုသာလုပ်ရင်ညီမ ကိုကိုနဲ့လက်ထပ်လိုရပြီလို့ထင်ခဲ့တာ။ဒါပေမယ့် ကိုကို့အဖွားကညီမကိုမကြိုက်ခဲ့ပြန်ဘူး။ကိုကိုကလဲတစ်ခြားတစ်ယောက်နဲ့လက်ထပ်လိုက်တယ်။
ဒါတွေအားလုံးကိုသည်းခံခဲ့ရတာညီမရင်တွေလဲတော်တော်နာလှပြီ။ညီမဒါတွေအားလုံးကိုသည်းခံခဲ့တယ်။ရှက်စရာကောင်းတဲ့မယားငယ်အဖြစ်နဲ့နေခဲ့တယ်။ဒါတွေကိုဂရုမစိုက်ဘဲ ကိုကို့အတွက်လုပ်ခဲ့တာ။ကလေးလဲမရှိတော့ဘူး။စုန့်ထင်ယွီ ညီမကိုဘာပြန်ပေးခဲ့လဲ?'
'ညီမကိုအမေရိကမှာတစ်ယောက်တည်းထားခဲ့ပြီးပြန်လာခဲ့တယ်။ပြီးတော့စုရန်နဲ့တူတူရှိနေခဲ့တယ်။ကိုကို့ကိုအံ့ဩသွားရအောင်ပြန်လာခဲ့တော့လဲ ညီမပြန်လာတာကိုကိုကိုကပျော်တဲ့ပုံမပေါ်ဘူး။ကိုကိုတို့မိသားစုသုံးယောက်ကိုနှောက်ယှက်မှာကြောက်လို့လား?ဝမ်ရှီကကိုကို့သားဖြစ်ပြီး သူ့မှာပြဿနာဖြစ်နေတာကိုညီမလဲလာတွေ့ချင်တာပေါ့။အဲ့တာကိုကိုကိုကညီမအဲ့ဒီကိုမသွားသင့်ဘူးပေါ့လေ?'
သူမမျက်ရည်တွေသုတ်လိုက်ပြီး: 'အခုညီမကလမ်းမှာဖြတ်သွားတဲ့ကြွက်လိုမျိုးလူတွေတွေ့ရင်အော်ကြပြီးရိုက်ကြတဲ့လူဖြစ်နေပြီပေါ့'
ပိုင်ချီရွေ့လဲပြောရင်းနဲ့ငိုနေတယ်။
ချန်ကျင်လဲရင်နာနေတဲ့ပုံနဲ့ ပိုင်ချီရွေ့ကိုမျက်ရည်တွေသုတ်ပေးလိုက်ပြီး: 'ချီရွေ့ မငိုပါနဲ့။သမီးကိုအဲ့လိုမျိုးပြောတဲ့လူဘယ်သူမှမရှိပါဘူး။အဲ့လိုမျိုးတွေမတွေးပါနဲ့'
ပြီးတော့ သူမ စုန့်ထင်ယွီကိုကြည့်လိုက်ကာ: 'မင်းသူ့ကိုမချော့သေးဘူးလား?ချီရွေ့ပြောတာလဲမှန်တယ်။အရင်ကတည်းကသူမဟာကိုစုရန်လုတာကိုခံလိုက်ရတာ။အဲ့တာကိုသူမဝမ်းနည်းမှာပေါ့။သူ ဝမ်ရှီ့ဆီကိုသွားလည်တာကိုဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်ထင်ထားပါ့မလဲ?မင်းသူ့ကိုဘာလို့ဒီလိုမျိုးပြောရတာလဲ'
စုန့်ထင်ယွီနားထင်ကိုနှိပ်လိုက်ပြီး: 'ဒီနှစ်တွေမှာမင်းအဆင်မပြေဖြစ်ခဲ့ရတာကိုငါသိတယ်။ဒါပေမယ့်ငါပြောပြီးပြီလေ။ဝမ်ရှီကငါ့သားလေ။သူ့ကိုမကူညီရဘူးလား?အဲ့တာလေးတောင်မင်းသည်းမခံနိုင်ဘူးလား?'
'မဟုတ်ပါဘူး..' ပိုင်ချီရွေ့ရုတ်တရက်အော်လိုက်တယ်။သူမလန့်သွားအောင်စုန့်ထင်ယွီတစ်ခုခုပြောလိုက်မှာကြောက်ပြီး စကားကိုဖြတ်လိုက်တယ်။
သူ့ဆီကိုသူမပြေးသွားပြီးဖက်လိုက်ကာ: 'ထင်ယွီ ညီမတောင်းပန်ပါတယ်။အဲ့လိုမျိုးမပြောပါနဲ့။ညီမကိုထားမသွားပါနဲ့။ညီမကိုမလိုချင်ဘူးလို့မပြောပါနဲ့။ညီမမှာဘာမှမရှိတော့ဘူး။ကိုကိုဘဲရှိတော့တာ။ကိုကိုမကြိုက်ရင်ညီမမပြောတော့ပါဘူး။ဝမ်ရှီ့ဆီကိုသွားတာမကြိုက်ရင်လဲမသွားတော့ပါဘူး။ကိုကိုပြောတာဘဲလုပ်ပါတော့မယ်။ဒါကြောင့်ညီမကိုထားမသွားပါနဲ့'
'ချီရွေ့ စိတ်ထိန်းပါဦး...' စုန့်ထင်ယွီသူမကိုဖယ်လိုက်တယ်။
ပိုင်ချီရွေ့ကတော့စိတ်လွတ်သွားပြီးခေါင်းဘဲခါနေကာ သူ့ကိုလွှတ်ပေးဖို့ကိုငြင်းဆန်နေတယ်: 'ထင်ယွီ ညီမမှားသွားပါတယ်။ညီမတကယ်ကိုမှားသွားပါတယ်။ညီမအဲ့လိုမျိုးမပြောသင့်တာကို။ဝမ်ရှီ့ကိုလဲသွားမတွေ့သင့်တာကို။ညီမကိုခွင့်လွှတ်ပေးနော်။ဟုတ်ပြီလား?'
ပိုင်ချီရွေ့ရဲ့ဒီလိုပုံစံမျိုးကိုသူဘယ်တုန်းကတွေ့ဖူးလို့လဲ။
လူတွေကသူမကိုမောက်မာတဲ့ငန်းဖြူလို့ထင်နေကြတာ။
သူမငိုနေတာကိုကြည့်ပြီး စုန့်ထင်ယွီဘာမှမခံစားရပေမယ့် သူမကိုသူစိတ်ပျက်အောင်လုပ်မိသွားတယ်လို့ဘဲထင်မိတယ်။
သူတို့အတူရှိစကတည်းက သူမနဲ့အတူတူဆက်ပြီးရှိရမယ်ဆိုပြီး သူတစ်ခါမှမစဉ်းစားဖူးဘူး။
သူတို့အတူတူရှိနေကြတာကနှစ်ယောက်လုံးဆန္ဒရှိလို့ဘဲ။
ပိုင်ချီရွေ့ကလဲနားလည်ပေးပြီးဘယ်တော့မှဘောင်မကျော်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကဒီလောက်ကြာသွားခဲ့တာ။
ပြီးတော့ သူ စုရန်နဲ့တွေ့ပြီး မဒမ်စုန့်ကအတင်းလက်ထပ်ခိုင်းခဲ့လို့လက်ထပ်ခဲ့ရတယ်။သူလဲအိမ်ကိုဆန့်ကျင်နေတဲ့ကာလဆိုတော့ စုရန်နဲ့လက်ထပ်ဖို့ကိုငြင်းဆန်ခဲ့တယ်။စုရန်နဲ့လက်ထပ်ပြီးတော့လဲ သူမနဲ့အတူမရှိချင်လို့နိုင်ငံခြားကိုသူထွက်သွားလိုက်တယ်။
အဲ့ဒီတုန်းကသူမကမာယာများတဲ့မိန်းမလို့သူခံစားခဲ့ရလို့။
'ထင်ယွီ မင်းဘာတွေတွေးနေတာလဲ?' ကြောင်နေတဲ့သူနဲ့ငိုနေတဲ့ပိုင်ချီရွေ့ကိုကြည့်ပြီး ချန်ကျင်ပြောလိုက်တယ်။သူမဝမ်းနည်းလွန်းလို့ သူ့ကိုသတိမပေးဘဲမနေနိုင်တော့ဘူး။
သူလဲသတိပြန်ဝင်လာပြီး ပိုင်ချီရွေ့ပုခုံးလေးကိုပုတ်ပေးလိုက်ပြီး သူ့ရင်ခွင်ထဲကနေသူမကိုထွက်သွားစေကာ: 'ဟုတ်ပြီ မငိုနဲ့တော့။မင်းကလေးကိုဆုံးရှုံးထားပြီးခွဲစိတ်ထားတာမကြာသေးဘူး။ငိုနေရင်မကောင်းဘူး'
ချန်ကျင်လက်ထဲကနေtissueယူပြီးသူမကိုသုတ်ပေးလိုက်ကာ: 'စောစောတုန်းက ကိုကိုလွန်သွားတယ်'
ပိုင်ချီရွေ့လဲ နောက်ဆုံးတော့ငိုရင်းနဲ့ပြုံးလိုက်ပြီးစုန့်ထင်ယွီလက်ကိုဆွဲပြီးပြောလိုက်တယ်: 'ဒါဆိုထင်ယွီ ညီမကိုထားမသွားဘူးမလား?ကိုကို့ဘေးနားမှာဘဲပေးနေမလား?'
အခုအချိန် သူ့စိတ်ထဲမှာဘာလို့စုရန်ပေါ်လာမှန်းမသိတော့ဘူး။
'ထင်ယွီ ..' သူပြန်ဖြေဖို့နှေးနေတာကိုတွေ့ပြီးပိုင်ချီရွေ့ခေါ်လိုက်တယ်။
သူလဲခေါင်းကိုနှိပ်လိုက်ပြီး သေသေချာချာကြည့်လိုက်တော့မှ သူ့ရှေ့မှာပိုင်ချီရွေ့ဆိုတာကိုသိသွားတယ်။
'အင်း' သူခေါင်းညိတ်ပြပြီးတိုးတိုးလေးပြန်ဖြေလိုက်တယ်။
'ကျေးဇူးပါထင်ယွီ။နောက်ဆိုရင်ကိုကို့ဘေးမှာညီမကောင်းကောင်းဘဲနေပါတော့မယ်' သူ့လက်ကိုသူမလှမ်းကိုင်လိုက်တယ်။
စုန့်ထင်ယွီ သူတို့နှစ်ယောက်လက်ချင်းယှက်ထားတာကိုကြည့်ပြီး သူ့မျက်လုံးတွေကမဲမှောင်နေကာ: 'ဒါပေမယ့်နောက်ဆိုရင်စုရန်တို့သားအမိရှေ့ကိုမသွားနဲ့တော့။ဝမ်ရှီ မင်းကိုတွေ့တာကိုမကြိုက်ဘူး။သူအေးအေးဆေးဆေးနားဖို့လိုအပ်တယ်။ဒီနေ့လိုမျိုးတော့ထပ်မဖြစ်စေနဲ့'
ချန်ကျင်နဲ့ပိုင်ချီရွေ့ကိုတွေ့ရတာစိတ်ဆင်းရဲပါတယ်😒