The Legendary Master's Wife [...

Od melon_rays

466K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Viac

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-628-ပြိုင်ပွဲစတင်ခြင်း

6.7K 1.1K 36
Od melon_rays

//Unicode//
အပိုင်း ၆၂၈- ပြိုင်ပွဲစတင်ခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်တာ
ကုန်လွန်သွားခဲ့ပြီး ထုံထျန်းနန်းတော်ပြိုင်ပွဲ
စတင်တော့မည်ဖြစ်သည်။

ထုံထျန်းနန်းတော်က မြို့တော််မှာရှိတာမဟုတ်၍
ယူရှောင်းမိုနှင့်လင်းရှောင်တို့ နှစ်ရက်စော၍ထွက်ခဲ့​ကြ
သည်။ သူတို့ကရှောင်ယောင်တက္ကသိုလ်မှ
လူများနှင့်အတူဆုံ၍ အတူသွားကြမည်ဖြစ်သည်။
သူ့တစ်ယောက်တည်းသာဆိုပါက ထုံထျန်းနန်းတော်
ဂိတ်ဝကိုတောင်မ​ရောက်ခင်မှာတင် ငြင်းပယ်ခံရ
လောက်သည်။

ထုံထျန်းတိုက်မကြီးတွင် ထုံထျန်းနန်းတော်က
ဩဇာတိက္ကမအကြီးဆုံးဟု အချို့လူများကဆိုကြ၏။
၎င်းသည် တောင်များ၏ထိပ်တွင်တည်ရှိကာ
ကမ္ဘာမြေကိုအုပ်မိုးကြည့်လျက် ခမ်းနားထည်ဝါစွာ
မားမားမတ်မတ်တည်ရှိနေသည်။ ၎င်းသည်
၎င်း၏ခြေရင်းရှိမြေကို ကာကွယ်စောင့်ကြပ်လျက်
ရှိသည့် လူ့ဘီလူးကြီးဟုလည်း အချို့ကဆိုကြသည်။

အနည်းငယ်ချဲ့ကားရာရောက်သော်ငြားလည်း
၎င်းတည်ရှိနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကာ
ကျင့်ကြံသူများအပေါ် မပြောင်းလဲသည့်အမြင်တစ်ခု
ကျန်ရှိနေစေသည့်အချက်ကို ငြင်းလို့မရပေ။
ထုံထျန်းနန်းတော်ကို ယုံကြည်ချက်တို့ သစ္စာတို့
မထားလျှင်တောင် ၎င်းကိုမြင့်မြတ်နေရာတစ်ခုအဖြစ်
ယူဆထားသူများရှိသေး၏။

ယူရှောင်းမိုနှင့်လင်းရှောင်တို့ ရှောင်ယောင်တက္ကသိုလ်
ဂိတ်ဝသို့​ရောက်ချိန်၌ အပြင်ဘက်မှာ စောင့်နေသူများ
ရှိနေကြပြီဖြစ်သည်။ ယခင်ကလောက်
မများတော့ဘူးဟု ပြောသူများရှိသော်လည်း
ပင်မဆောင် ဆယ်ထပ်ကျော်ကျော်မှ
သက်တန့်အဆင့်မှော်ဆရာအားလုံးဖြင့်ဆိုလျှင်
အရေအတွက်မသေးပေ။

ဤမျှများပြားသည့်သက်တန့်အဆင့်မှော်ဆရာများကို
မြင်ဖူးတာလည်း သူ့အတွက်ပထမဆုံးဖြစ်သည်။
အထပ်ကိုးဆယ်ကိုရွှေ့ပြီးကတည်းက စိန်ခေါ်
ပြိုင်ပွဲများမှာ ပါဖို့ကိုမဆိုထားနှင့် နေတဲ့ရက်တောင်
သိပ်များခဲ့တာမဟုတ်ပေ။ သို့ဖြစ်ရာ ဤမျှ
များပြားသည့်လူများ စုရုံးနေကြတာကို သူတစ်ခါမှ
မမြင်ဖူးပေ။

လုံရှန်းတိုက်မကြီးတုန်းကအချိန်ကို ယူရှောင်းမို
ပြန်တွေးမိသည်။ ထိုအချိန်တုန်းကဆိုလျှင်
သက်တန့်ရောင်ဝိဉာဉ်ရှိသူများမှာ နည်းပါးလွန်း၍
လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်လို့
ရနိုင်သည်။ သို့သော်လည်း ဤနေရာတွင် အနည်းဆုံး
ရာချီရှိသည်။ ထိုအချက်ကနေ ရှောင်ယောင်
တက္ကသိုလ်နဲ့ ထုံထျန်းနန်းတော်တို့ရဲ့
သမိုင်းကြောင်းနှင့်သက်ရောက်မှုတို့ကိုပြောနိုင်သည်။

ယူရှောင်းမိုကြားထားရသလောက်
ဤမျှများပြားသည့်သက်တန့်မှော်ဆရာများ
ပြိုင်ပွဲကိုတက်ရောက်ကြရာတွင် သုံးဦးသာ
ရှေ့ဆက်နိုင်သည်။ ၎င်းကနည်းပါးလွန်းသည်၊
လူတစ်ရာလျှင်တစ်ယောက်နှုန်းမျှသာ အောင်နိုင်ခြေ
ရှိသည်။

သို့ပေမဲ့ ယူရှောင်းမိုကတော့ စာရင်းသွင်းဖို့
စိတ်မဝင်စားပေ၊ ထုံထျန်းနန်းတော်ကိုဝင်ဖို့
သူ့မှာစိတ်ကူးမရှိပေ။ ထို့အပြင် သူ့ဘက်က
လိုလားကြောင်းပြောပါက ထိပ်ဆုံးသုံးဦးထဲ
ပါသွားလျှင်တောင် ကမ်းလှမ်းမှုကိုငြင်းပယ်လို့
ရသည်၊ သူငြင်းလျှင် လေးယောက်မြောက်နေရာက
သူ့နေရာအစားထိုးမည်ဖြစ်၍ကိစ္စမရှိပေ။

မှန်တာပေါ့၊ ဒါမျိုးဖြစ်ဖို့ကတော့ ခဲယဉ်းသည်။
ပြိုင်ပွဲမှာဝင်ပြိုင်သူအများစုက နန်းတော်ကို
ဝင်ချင်ကြတာပဲလေ။

ယခုနှစ်တွင် ကျောင်းမှာနေတာဆယ်စုနှစ်တစ်ခုကျော်
ရှိပြီဖြစ်သည့် အထပ်ကိုးဆယ့်ငါးနှင့်အထက်မှ
မှော်ဆရာများ အတော်လေးများ၏၊ တချို့ဆို
နှစ်ငါးဆယ်ထိပင်ရှိကြပြီဖြစ်သည်။ သူတို့က
အဆင့်တက်ထားကာစသူ့လိုလူမျိုးကဲ့သို့မဟုတ်ဘဲ
အတွေ့အကြုံကြွယ်ဝသလိုစွမ်းအားလည်းရှိကြသည်။

သူတို့ရောက်ချိန်၌ ကျုံးယဲ့နှင့်ချောင်ဝူရှင်းတို့က
ရောက်နှင့်နေပြီဖြစ်သည်။

ယူရှောင်းမိုပေါ်လာတော့ သူတို့အနောက်ကနေပြီး
သူ့ဆီလက်ယမ်းပြနေတဲ့ ထျန်ရှင်းကိုတွေ့ရသည်။
ထိုစိတ်လှုပ်ရှားမှုနှင့် သွားပြိုင်မည့်သူက
သူမလို့တောင်ထင်ရသည်။

သူမက ယခုအကြိမ်မှာပါဝင်ယှဉ်ပြိုင်မှာမဟုတ်ပေမဲ့
ပြိုင်ပွဲက အပြင်လူတွေကိုရောဝင်ခွင့်ပေးတဲ့
ထုံထျန်းနန်းတော်ရဲ့နေရာမှာ ကျင်းပတာဖြစ်၍
လိုက်ကြည့်လို့ရလေသည်။

မတွေ့ရသည့်နှစ်ဝက်နီးနီးအချိန်အတွင် ကျုံးယဲ့ရော
ချောင်ဝူရှင်းရော များစွာတိုးတက်လာတာကို
ယူရှောင်းမိုတွေ့ရသည်။ ကျုံ့ယဲ့က အဆင့်သုံးကို
ချိုးဖျက်တော့မည့်ပုံထင်ရတာမှတစ်ပါး
နှစ်ယောက်လုံး အဆင့်နှစ်ဖြစ်သည်။ ထို့အပြင်
စိန်ခေါ်ပြိုင်ပွဲအနည်းငယ်မှာပါဝင်ထားသောကြောင့်
ယခု သူတို့နှစ်ယောက်လုံး အထပ်ကိုးဆယ့်ငါးကို
ရောက်နေကြပြီဖြစ်သည်။

သို့သော် သူတို့အတွက် ထိပ်ဆုံးသုံးဦးထဲဝင်ဖို့
ခက်မည်ဖြစ်သည်။ အထပ်ကိုးဆယ့်ငါးရဲ့အထက်မှာ
အထပ်များရှိသေးပြီး ထိုအထပ်များမှ
ကျင့်ကြံသူအများစုက ဆရာအမည်ခံမှော်ဆရာများ
ဖြစ်ကြသည်။ အမှန်တော့ သူတို့ကကျောင်းသားပဲ
ရှိကြသေးသည်၊ အများစုက ထုံထျန်းနန်းတော်ကို
ဝင်ဖို့ဆန္ဒရှိကြပေမဲ့ ယခင်ပြိုင်ပွဲတွေမှာ
မအောင်မြင်ခဲ့ကြပေ။

ထိုကဲ့သို့လူများနှင့်ဆိုပါက ကျုံးယဲ့တို့လို
အသစ်လေးတွေအတွက် ထိပ်သုံးယောက်ထဲဝင်နိုင်ဖို့
ခက်မည်ဖြစ်သည်။ ကောင်းတာတစ်ခုကကျုံးယဲ့ရော
ချောင်ဝူရှင်းရောက ထုံထျန်းနန်းတော်ကိုဝင်ဖို့ရာ
စိတ်မဝင်စားကြပေ။

အကြောင်းအရင်းကတော့ တစ်ယောက်က
မှော်ဆရာအစည်းအရုံးကဖြစ်ပြီး တစ်ယောက်က
သားရဲအသွင်ပြောင်းအဖွဲ့အစည်းကဖြစ်တာကြောင့်
ဖြစ်သည်။ ဤအဖွဲ့အစည်းများက
ထုံထျန်းနန်းတော်နှင့် ဆက်စပ်မှုအချို့ရှိသော်လည်း
သိပ်မများသဖြင့် သူတို့က
ကိုယ့်ကိုယ့်ကိုယ်သက်သေပြဖို့အတွက်သာ
ရောက်နေကြတာဖြစ်သည်။

ယူရှောင်းမိုက ထိုနှစ်ယောက်အားနှုတ်ဆက်လိုက်
သည်။ ချောင်ဝူရှင်းသည်ကား သူနှင့်လင်းရှောင်တို့၏
အခြအနေကိုကြားထားရာ စိတ်ပူ၍နှစ်ခွန်းသုံးခွန်း
မေးနေသေး၏။ ကျုံးယဲ့ကတော့ သူ့စရိုက်အရ
ခေါင်းသာညိတ်ပြကာ များများမပြောပေ။

ထို့အပြင် သိမ်မွေ့ပြီးစဉ်းစားတတ်သည့်မိန်းကလေး
ဝမ်ယလည်းရှိနေသည်။ သူတို့မတွေ့တဲ့ကာလအတွင်း
သူမပိုလှလာတာကို ယူရှောင်းမိုမြင်ရသည်။

"ကျန်းလန်ယွီရော မမြင်မိပါလား"

ယူရှောင်းမို ဘေးပတ်ကြည့်လိုက်တော့ ဝမ်ယဘေး
အမြဲတမ်းရှိနေတတ်တဲ့တစ်ယောက် ပျောက်နေတာကို
တွေ့ရ၏။ ကျန်းလန်ယွီက ပြိုင်ပွဲအတွက် 
တံခါးပိတ်ကျင့်ကြံနေတာဟု အရင်တစ်ခါက
သူကြားထားသည်။

သက်ပြင်းချကာပြောလာသည့် ဝမ်ယ၏အမူအရာက
အနည်းငယ်ကြောင်တိကြောင်တောင်နိုင်နေသည်။

"အဆင့်မတက်နိုင်ခဲ့လို့ နည်းနည်း
စိတ်ဓာတ်ကျနေတာလေ... အဲ့ဒါကြောင့်
သူလိုက်မလာဘူး"

"ဪ" ကျန်းလန်ယွီလိုလူမျိုး စိတ်ဓာတ်ကျတာ
ပုံဖော်ကြည့်ဖို့ခက်တယ်ဟု ယူရှောင်းမိုတွေးမိသည်။
ပုံမှန်ဆို သူက ဝမ်ယထက် ပိုပွင့်လင်းတဲ့
လူတစ်ယောက်လို တက်ကြွနေတတ်သည်။

မကြာမီတွင် ရှောင်ယောက်တက္ကသိုလ်၏အကြီးအကဲ
ရောက်လာတော့သည်။ ပုံမှန် 'လုပ်ရ၊ မလုပ်ရ'များ
ကြေညာပြီးသည့်နောက် စတင်ထွက်ခွာခဲ့ကြပြီး
ခရီးကမဝေးတာကြောင့် သူတို့ပန်းတိုင်သို့
ခဏအကြာမှာရောက်ရှိသွားကြသည်။

တောင်ထိပ်မှာတည်ရှိသည့် အနီရင့်ရောင်
အဆောက်အဦကြီးအား ဟိုးအဝေးအဝေးကြီးကနေ
မြင်ရနိုင်သည်။ အုတ်ချပ်တိုင်း ကျောက်တုံးတိုင်းက
အရောင်ပိုရင့်လာပုံရပြီး နတ်ဘုရားတစ်ပါးက
လူသားများကိုအုပ်မိုးကြည့်ရှုနေသည့်နှယ်
ကြီးမားလှသောဖိအားကို ထုတ်လွှင့်နေသည်။
ကျင့်ကြံသူတွေရဲ့စိတ်နှလုံးထဲမှာ
ထုံထျန်းနန်းတော်က ထိုကဲ့သို့နေရာတစ်နေရာ
ဖြစ်ကောင်းဖြစ်နိုင်သည်။

နီးကပ်လာလေလေ လူအုပ်ကတိတ်ဆိတ်လာလေလေ
ပင်။ ထုံထျန်းနန်းတော်၏ရှေ့တံခါးဝကို
ခြေချလိုက်ချိန်တွင် လူတိုင်းစကားပြောနေတာ
ရပ်သွားကြသည်။

သူတို့မပြောချင်ကြတာမဟုတ်ချေ။ လူအများစု
အတွက် ဒါကပထမဆုံးအကြိမ်ဖြစ်သည်။
အသစ်အဆန်းတစ်ခုကိုမြင်ရတာ၊ အထူးသဖြင့်
သူတို့သစ္စာအတွက်အရေးပါသည့်တစ်စုံတစ်ခုကို
မြင်လိုက်ရချိန်မှာ စိတ်လှုပ်ရှားသွားကြတာ
သိသာနေသည်။ သို့ပေမဲ့ နန်းတော်တစ်ခုကတောင်
စွမ်းအားကြီးတဲ့အငွေ့အသက် ထုတ်လွှတ်နေ၏။
ထိတ်လန့်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့က သူတို့အား
စကားမပြောနိုင်အောင်ဖြစ်စေသည်။

ယူရှောင်းမိုက လင်းရှောင်နားတိုး၍ တိုးတိုးကပ်
ပြောလိုက်သည်။

"တအားအထင်ကြီးဖို့ကောင်းတာပဲလား"

သူက ထုံထျန်းနန်းတော်ကိုယုံကြည်သက်ဝင်မှုမရှိဘဲ
နတ်ဘုရားအဆင့်ကျင့်ကြံသူ အတော်များများ
မြင်ဖူးထားသဖြင့် နန်းတော်က သူ့အပေါ်
သက်ရောက်မှုမရှိပေ။ သို့ဖြစ်၍ သူက
စကားတောင်မပြောဝံ့အောင်ဖြစ်နေသည့်လူများနှင့်
မတူပေ။

သို့ပေမဲ့ ထုံထျန်းနန်းတော်ကို သူစိတ်ဝင်စားမိသည်။

"ကိုယ်တို့ဟာလောက်မလှဘူး"

လင်းရှောင်က ဆန်းစစ်ပြသည်။

ယူရှောင်းမို မကန့်ကွက်မိပေ။ သူတို့နန်းတော်က
တကယ်ပင် ပိုမိုခမ်းနားသည်။

မကြာမီတွင် တံခါးများပွင့်လာ၏။ ကျွီအီအီ
မြည်သံက နှစ်ထောင်ချီဆွေးမြည့်မှုများ၏
အာဃာတကိုကိုင်စွဲထားသော နာရီစင်အိုကြီးတစ်ခု၏
မြည်သံအလားပင်။ ဖြေးညင်းစွာဖြင့် ဘေးသို့
ပွင့်သွားကာ အတွင်းမှအခြေအနေက ချက်ချင်း
သူတို့မျက်စိရှေ့ပေါ်လာသည်။

ဝတ်ရုံဖြူနှင့်အမျိုးသားတစ်ဦး ထွက်လာသည်၊
သူ့ခေါင်းဆောင်းက နှာခေါင်းနှင့်ပါးစပ်ကိုသာချန်၍
ကျန်မျက်နှာတစ်ဝက်အား ဖုံးကွယ်ထားသည်။
သူ့မျက်လုံးများကိုမမြင်ရသော်လည်း သူတို့ကို
ကြည့်နေသည့်နှယ်ခံစားရလေသည်။
သူက သူတို့ခန္ဓာကိုယ်ရောဝိဉာဉ်ကိုပါရှင်းလင်းစွာ
မြင်သည်။

ခဏအကြာတွင် ဝတ်ရုံနှင့်အမျိုးသားက သူတို့ကို
ဝင်ခွင့်ပြုသည်။

ပြိုင်ပွဲသည် ဤအတွက်အထူးတလည်အသုံးပြုသည့်
ခန်းမကြီးထဲမှာ တည်ရှိ၏။ ပြိုင်ပွဲကျင်းပတိုင်း
ဤနေရာတွင်ကျင်းပခဲ့ရာ ကျောင်းသားဟောင်း
အချို့၏မျက်နှာအမူအရာများမှာ တည်ကြည်
လေးနက်နေကြပြီဖြစ်သည်။

ပြိုင်ပွဲအကြောင်းအရာမှာ တစ်ကြိမ်နှင့်တစ်ကြိမ်
မတူပေ၊ တစ်ခါတစ်ရံ ဆေးလုံးသန့်စင်ခြင်း၊
တစ်ခါတစ်ရံ ဆေးပင်သန့်စင်ခြင်းနှင့်
တစ်ခါတစ်ရံတွင် ဝိဉာဉ်စွမ်းအားကို
အဓိကထားသည်။ သူတို့အများစုမှာ
စပ်စုစိန်ထျန်ရှင်းလို အသိမိတ်ဆွေမျိုးမရှိကြပေ။
ယူရှောင်းမိုတောင်မမေးရပါဘဲ သူမက အကုန်
ပြောပြထားသည်။

ခန်းမကျယ်ကြီးသို့ရောက်သည်နှင့် ပြင်ဆင်မှုအားလုံး
ပြီးပြီဖြစ်သည်။

ခန်းမကြီးကိုကြည့်ရင်း ကျောင်းသားဟောင်းများစွာ
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်သွားကြသည်။
ရုတ်တရက်ပြောင်းသွားသောအချိန်ကြောင့်
သူတို့မှာ စိတ်ပိုင်းဆိုင်ရာမပြင်ဆင်ကြရသေးပေ၊
သို့ပေမဲ့ ဖြစ်မယ့်ဟာကဖြစ်တော့မှာပင်။
သူတို့အနေဖြင့် ထပ်မံကျရှုံးခဲ့ပါက
နောက်တစ်ကြိမ်ထိ စောင့်ရပေလိမ့်မည်၊ အသက်
ကန့်သက်ချက်မရှိသော်ငြားလည်း ဆက်တိုက်
ပါဝင်ယှဉ်ပြိုင်ရတာ ကသိကအောက်တော့
ဖြစ်ရသေးသည်ပင်။

အချိန်မကျမီတွင် စိတ်အခြေအနေပြေလျော့စေရန်
အများစုက စကားစမြည်ပြောဆိုဖို့ အတူတူ
စုရုံးနေကြသည်။ အများစုအနေဖြင့်
ပြိုင်ပွဲအကြောင်းအရာသာ ဖြစ်သည်။
ပြိုင်ပွဲက နှစ်ချီပဲဖြစ်တာကြောင့် အကြောင်းအရာကို
ခန်းမှန်းရမခက်ပေ။

ယခုအချိန်မှာ လျှိုထားလည်းဘာမှမထူးတော့
တာကြောင့် သဘာဝကဖျတ်လက်တက်ကြွတဲ့
ထျန်ရှင်းက ခြေဟန်လက်ဟန်များဖြင့်စိတ်လှုပ်တရှား
ပြောပြတော့သည်။ ထို့ကြောင့် သူမအနားတွင်
လူများဝိုင်းအုံနေတော့၏။

ယူရှောင်းမိုမှာ ပျော်ရွှင်စရာများတွင်ဝင်ပါရတာ
နှစ်သက်သော်ငြားလည်း အကြောင်းအရာများကို
သိထားပြီးသားဖြစ်၍ ဘာမှမထူးပေ။
သို့ဖြစ်ရာ သူနှင့်လင်းရှောင်၊ ထို့အပြင်ကျုံးယဲ့ရော
ဘေးကနေသာရပ်ကြည့်နေကြသည်။

ချောင်ဝူရှင်းက ကူကယ်ရာမဲ့စွာပြုံးသည်။
"ထျန်ရှင်းရှိတိုင်း ပတ်ဝန်းကျင်တစ်ခုလုံး
တက်ကြွနေရော။ ဝင်ပြိုင်မယ့်သူက သူမအလားပဲ"

"အင်း ဘာမှမဖြစ်ပါဘူး။ ကောင်မလေးတွေက
အဲ့လိုတက်ကြွနေရင် ပိုချစ်ဖို့ကောင်းတယ်"
ယူရှောင်းမိုက ပြောလိုက်သည်။ သူမသေခဲ့ရင်၊
ဒီကမ္ဘာကိုရောက်မလာခဲ့ရင်၊ အရင်ဘဝမှာ
ဒီလိုကောင်မလေးမျိုးကို
စိတ်ဝင်စားမိရင်ဝင်စားမိလောက်သည်။

ထျန်ရှင်းကို အမြဲလိုလိုစနောက်တတ်သည့်
သူ့ဝမ်းကွဲချောင်ဝူရွှမ်းကို ချောင်ဝူရှင်းသွားတွေးမိ
လေသည်။ အကြောင်းအရင်းက ဒါကြောင့်
ဖြစ်လောက်သည်၊ တက်ကြွပြီးချစ်ဖို့ကောင်း၍
၎င်းက ပိုမိုချစ်ဖို့ကောင်းစေလောက်သည့်
ဒေါသထွက်တဲ့ပုံစံလေးကိုမြင်ရချင်အောင်
ဖြစ်စေသည်။

ဝူရွှမ်းရဲ့ဒီထူးထူးဆန်းဆန်းအကျင့်ကို
သူလှောင်ခဲ့ဖူးသည်။

ထိုအချိန်မှာပဲ ခေါင်းလောင်းသံမြည်လာ၏။

၎င်းက ပြိုင်ပွဲစတင်ကြောင်းရည်ညွှန်းလျက်
သုံးကြိမ်တိတိမြည်သွားသည်။ တစ်ခဏချင်း
လူအုပ်ကြီးက စကားပြောရပ်သွားပြီး
ခန်းမကျယ်ကြီးက တိတ်ကျသွားသည်။
အကြီးအကဲ၏လမ်းညွှန်မှုဖြင့် လူတိုင်း
တဖြည်းဖြည်း အရှေ့မှာစုရုံးသွားကြ၏။
______________________________

//Zawgyi//
အပိုင္း ၆၂၈- ၿပိဳင္ပဲြစတင္ျခင္း

မ်က္စိတစ္မိွတ္အတြင္းမွာပင္ လဝက္တာ
ကုန္လြန္သြားခဲ့ၿပီး ထံုထ်န္းနန္းေတာ္ၿပိဳင္ပဲြ
စတင္ေတာ့မည္ျဖစ္သည္။

ထံုထ်န္းနန္းေတာ္က ၿမိဳ႔ေတာ္္မွာရိွတာမဟုတ္၍
ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔ ႏွစ္ရက္ေစာ၍ထြက္ခဲ့​ၾက
သည္။ သူတို႔ကေရွာင္ေယာင္တကၠသိုလ္မွ
လူမ်ားႏွင့္အတူဆံု၍ အတူသြားၾကမည္ျဖစ္သည္။
သူ႔တစ္ေယာက္တည္းသာဆိုပါက ထံုထ်န္းနန္းေတာ္
ဂိတ္ဝကိုေတာင္မ​ေရာက္ခင္မွာတင္ ျငင္းပယ္ခံရ
ေလာက္သည္။

ထံုထ်န္းတိုက္မႀကီးတြင္ ထံုထ်န္းနန္းေတာ္က
ဩဇာတိကၠမအႀကီးဆံုးဟု အခ်ိဳ႕လူမ်ားကဆိုၾက၏။
၄သည္ ေတာင္မ်ား၏ထိပ္တြင္တည္ရိွကာ
ကမ႓ာေျမကိုအုပ္မိုးၾကၫ့္လ်က္ ခမ္းနားထည္ဝါစြာ
မားမားမတ္မတ္တည္ရိွေနသည္။ ၄သည္
၄၏ေျခရင္းရိွေျမကို ကာကြယ္ေစာင့္ၾကပ္လ်က္
ရိွသၫ့္ လူ႔ဘီလူးႀကီးဟုလည္း အခ်ိဳ႕ကဆိုၾကသည္။

အနည္းငယ္ခ်ဲ႔ကားရာေရာက္ေသာ္ျငားလည္း
၄တည္ရိွေနသည္မွာ ႏွစ္ေပါင္းမ်ားစြာရိွၿပီျဖစ္ကာ
က်င့္ႀကံသူမ်ားအေပၚ မေျပာင္းလဲသၫ့္အျမင္တစ္ခု
က်န္ရိွေနေစသၫ့္အခ်က္ကို ျငင္းလို႔မရေပ။
ထံုထ်န္းနန္းေတာ္ကို ယံုၾကည္ခ်က္တို႔ သစၥာတို႔
မထားလ်ွင္ေတာင္ ၄ကိုျမင့္ျမတ္ေနရာတစ္ခုအျဖစ္
ယူဆထားသူမ်ားရိွေသး၏။

ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔ ေရွာင္ေယာင္တကၠသိုလ္
ဂိတ္ဝသို႔​ေရာက္ခ်ိန္၌ အျပင္ဘက္မွာ ေစာင့္ေနသူမ်ား
ရိွေနၾကၿပီျဖစ္သည္။ ယခင္ကေလာက္
မမ်ားေတာ့ဘူးဟု ေျပာသူမ်ားရိွေသာ္လည္း
ပင္မေဆာင္ ဆယ္ထပ္ေက်ာ္ေက်ာ္မွ
သက္တန႔္အဆင့္ေမွာ္ဆရာအားလံုးျဖင့္ဆိုလ်ွင္
အေရအတြက္မေသးေပ။

ဤမ်ွမ်ားျပားသၫ့္သက္တန႔္အဆင့္ေမွာ္ဆရာမ်ားကို
ျမင္ဖူးတာလည္း သူ႔အတြက္ပထမဆံုးျဖစ္သည္။
အထပ္ကိုးဆယ္ကိုေရႊ့ၿပီးကတည္းက စိန္ေခၚ
ၿပိဳင္ပဲြမ်ားမွာ ပါဖို႔ကိုမဆိုထားႏွင့္ ေနတဲ့ရက္ေတာင္
သိပ္မ်ားခဲ့တာမဟုတ္ေပ။ သို႔ျဖစ္ရာ ဤမ်ွ
မ်ားျပားသၫ့္လူမ်ား စုရံုးေနၾကတာကို သူတစ္ခါမွ
မျမင္ဖူးေပ။

လံုရွန္းတိုက္မႀကီးတုန္းကအခ်ိန္ကို ယူေရွာင္းမို
ျပန္ေတြးမိသည္။ ထိုအခ်ိန္တုန္းကဆိုလ်ွင္
သက္တန႔္ေရာင္ဝိဉာဉ္ရိွသူမ်ားမွာ နည္းပါးလြန္း၍
လက္တစ္ဖက္တည္းနဲ႔ေတာင္ ေရတြက္လို႔
ရႏိုင္သည္။ သို႔ေသာ္လည္း ဤေနရာတြင္ အနည္းဆံုး
ရာခ်ီရိွသည္။ ထိုအခ်က္ကေန ေရွာင္ေယာင္
တကၠသိုလ္နဲ႔ ထံုထ်န္းနန္းေတာ္တို႔ရဲ့
သမိုင္းေၾကာင္းႏွင့္သက္ေရာက္မႈတို႔ကိုေျပာႏိုင္သည္။

ယူေရွာင္းမိုၾကားထားရသေလာက္
ဤမ်ွမ်ားျပားသၫ့္သက္တန႔္ေမွာ္ဆရာမ်ား
ၿပိဳင္ပဲြကိုတက္ေရာက္ၾကရာတြင္ သံုးဦးသာ
ေရ႔ွဆက္ႏိုင္သည္။ ၄ကနည္းပါးလြန္းသည္၊
လူတစ္ရာလ်ွင္တစ္ေယာက္ႏႈန္းမ်ွသာ ေအာင္ႏိုင္ေျခ
ရိွသည္။

သို႔ေပမဲ့ ယူေရွာင္းမိုကေတာ့ စာရင္းသြင္းဖို႔
စိတ္မဝင္စားေပ၊ ထံုထ်န္းနန္းေတာ္ကိုဝင္ဖို႔
သူ႔မွာစိတ္ကူးမရိွေပ။ ထို႔အျပင္ သူ႔ဘက္က
လိုလားေၾကာင္းေျပာပါက ထိပ္ဆံုးသံုးဦးထဲ
ပါသြားလ်ွင္ေတာင္ ကမ္းလွမ္းမႈကိုျငင္းပယ္လို႔
ရသည္၊ သူျငင္းလ်ွင္ ေလးေယာက္ေျမာက္ေနရာက
သူ႔ေနရာအစားထိုးမည္ျဖစ္၍ကိစၥမရိွေပ။

မွန္တာေပါ့၊ ဒါမ်ိဳးျဖစ္ဖို႔ကေတာ့ ခဲယဉ္းသည္။
ၿပိဳင္ပဲြမွာဝင္ၿပိဳင္သူအမ်ားစုက နန္းေတာ္ကို
ဝင္ခ်င္ၾကတာပဲေလ။

ယခုႏွစ္တြင္ ေက်ာင္းမွာေနတာဆယ္စုႏွစ္တစ္ခုေက်ာ္
ရိွၿပီျဖစ္သၫ့္ အထပ္ကိုးဆယ့္ငါးႏွင့္အထက္မွ
ေမွာ္ဆရာမ်ား အေတာ္ေလးမ်ား၏၊ တခ်ိဳ႕ဆို
ႏွစ္ငါးဆယ္ထိပင္ရိွၾကၿပီျဖစ္သည္။ သူတို႔က
အဆင့္တက္ထားကာစသူ႔လိုလူမ်ိဳးကဲ့သို႔မဟုတ္ဘဲ
အေတြ့အႄကံုႂကြယ္ဝသလိုစြမ္းအားလည္းရိွၾကသည္။

သူတို႔ေရာက္ခ်ိန္၌ က်ဳံးယဲ့ႏွင့္ေခ်ာင္ဝူရွင္းတို႔က
ေရာက္ႏွင့္ေနၿပီျဖစ္သည္။

ယူေရွာင္းမိုေပၚလာေတာ့ သူတို႔အေနာက္ကေနၿပီး
သူ႔ဆီလက္ယမ္းျပေနတဲ့ ထ်န္ရွင္းကိုေတြ့ရသည္။
ထိုစိတ္လႈပ္ရွားမႈႏွင့္ သြားၿပိဳင္မၫ့္သူက
သူမလို႔ေတာင္ထင္ရသည္။

သူမက ယခုအႀကိမ္မွာပါဝင္ယွဉ္ၿပိဳင္မွာမဟုတ္ေပမဲ့
ၿပိဳင္ပဲြက အျပင္လူေတြကိုေရာဝင္ခြင့္ေပးတဲ့
ထံုထ်န္းနန္းေတာ္ရဲ့ေနရာမွာ က်င္းပတာျဖစ္၍
လိုက္ၾကၫ့္လို႔ရေလသည္။

မေတြ့ရသၫ့္ႏွစ္ဝက္နီးနီးအခ်ိန္အတြင္ က်ဳံးယဲ့ေရာ
ေခ်ာင္ဝူရွင္းေရာ မ်ားစြာတိုးတက္လာတာကို
ယူေရွာင္းမိုေတြ့ရသည္။ က်ဳံ႔ယဲ့က အဆင့္သံုးကို
ခ်ိဳးဖ်က္ေတာ့မၫ့္ပံုထင္ရတာမွတစ္ပါး
ႏွစ္ေယာက္လံုး အဆင့္ႏွစ္ျဖစ္သည္။ ထို႔အျပင္
စိန္ေခၚၿပိဳင္ပဲြအနည္းငယ္မွာပါဝင္ထားေသာေၾကာင့္
ယခု သူတို႔ႏွစ္ေယာက္လံုး အထပ္ကိုးဆယ့္ငါးကို
ေရာက္ေနၾကၿပီျဖစ္သည္။

သို႔ေသာ္ သူတို႔အတြက္ ထိပ္ဆံုးသံုးဦးထဲဝင္ဖို႔
ခက္မည္ျဖစ္သည္။ အထပ္ကိုးဆယ့္ငါးရဲ့အထက္မွာ
အထပ္မ်ားရိွေသးၿပီး ထိုအထပ္မ်ားမွ
က်င့္ႀကံသူအမ်ားစုက ဆရာအမည္ခံေမွာ္ဆရာမ်ား
ျဖစ္ၾကသည္။ အမွန္ေတာ့ သူတို႔ကေက်ာင္းသားပဲ
ရိွၾကေသးသည္၊ အမ်ားစုက ထံုထ်န္းနန္းေတာ္ကို
ဝင္ဖို႔ဆႏၵရိွၾကေပမဲ့ ယခင္ၿပိဳင္ပဲြေတြမွာ
မေအာင္ျမင္ခဲ့ၾကေပ။

ထိုကဲ့သို႔လူမ်ားႏွင့္ဆိုပါက က်ဳံးယဲ့တို႔လို
အသစ္ေလးေတြအတြက္ ထိပ္သံုးေယာက္ထဲဝင္ႏိုင္ဖို႔
ခက္မည္ျဖစ္သည္။ ေကာင္းတာတစ္ခုကက်ဳံးယဲ့ေရာ
ေခ်ာင္ဝူရွင္းေရာက ထံုထ်န္းနန္းေတာ္ကိုဝင္ဖို႔ရာ
စိတ္မဝင္စားၾကေပ။

အေၾကာင္းအရင္းကေတာ့ တစ္ေယာက္က
ေမွာ္ဆရာအစည္းအရံုးကျဖစ္ၿပီး တစ္ေယာက္က
သားရဲအသြင္ေျပာင္းအဖဲြ႔အစည္းကျဖစ္တာေၾကာင့္
ျဖစ္သည္။ ဤအဖဲြ႔အစည္းမ်ားက
ထံုထ်န္းနန္းေတာ္ႏွင့္ ဆက္စပ္မႈအခ်ိဳ႕ရိွေသာ္လည္း
သိပ္မမ်ားသျဖင့္ သူတို႔က
ကိုယ့္ကိုယ့္ကိုယ္သက္ေသျပဖို႔အတြက္သာ
ေရာက္ေနၾကတာျဖစ္သည္။

ယူေရွာင္းမိုက ထိုႏွစ္ေယာက္အားႏႈတ္ဆက္လိုက္
သည္။ ေခ်ာင္ဝူရွင္းသည္ကား သူႏွင့္လင္းေရွာင္တို႔၏
အျခအေနကိုၾကားထားရာ စိတ္ပူ၍ႏွစ္ခြန္းသံုးခြန္း
ေမးေနေသး၏။ က်ဳံးယဲ့ကေတာ့ သူ႔စရိုက္အရ
ေခါင္းသာညိတ္ျပကာ မ်ားမ်ားမေျပာေပ။

ထို႔အျပင္ သိမ္ေမြ့ၿပီးစဉ္းစားတတ္သၫ့္မိန္းကေလး
ဝမ္ယလည္းရိွေနသည္။ သူတို႔မေတြ့တဲ့ကာလအတြင္း
သူမပိုလွလာတာကို ယူေရွာင္းမိုျမင္ရသည္။

"က်န္းလန္ယီြေရာ မျမင္မိပါလား"

ယူေရွာင္းမို ေဘးပတ္ၾကၫ့္လိုက္ေတာ့ ဝမ္ယေဘး
အၿမဲတမ္းရိွေနတတ္တဲ့တစ္ေယာက္ ေပ်ာက္ေနတာကို
ေတြ့ရ၏။ က်န္းလန္ယီြက ၿပိဳင္ပဲြအတြက္ 
တံခါးပိတ္က်င့္ႀကံေနတာဟု အရင္တစ္ခါက
သူၾကားထားသည္။

သက္ျပင္းခ်ကာေျပာလာသၫ့္ ဝမ္ယ၏အမူအရာက
အနည္းငယ္ေၾကာင္တိေၾကာင္ေတာင္ႏိုင္ေနသည္။

"အဆင့္မတက္ႏိုင္ခဲ့လို႔ နည္းနည္း
စိတ္ဓာတ္က်ေနတာေလ... အဲ့ဒါေၾကာင့္
သူလိုက္မလာဘူး"

"ဪ" က်န္းလန္ယီြလိုလူမ်ိဳး စိတ္ဓာတ္က်တာ
ပံုေဖာ္ၾကၫ့္ဖို႔ခက္တယ္ဟု ယူေရွာင္းမိုေတြးမိသည္။
ပံုမွန္ဆို သူက ဝမ္ယထက္ ပိုပြင့္လင္းတဲ့
လူတစ္ေယာက္လို တက္ႂကြေနတတ္သည္။

မၾကာမီတြင္ ေရွာင္ေယာက္တကၠသိုလ္၏အႀကီးအကဲ
ေရာက္လာေတာ့သည္။ ပံုမွန္ 'လုပ္ရ၊ မလုပ္ရ'မ်ား
ေၾကညာၿပီးသၫ့္ေနာက္ စတင္ထြက္ခြာခဲ့ၾကၿပီး
ခရီးကမေဝးတာေၾကာင့္ သူတို႔ပန္းတိုင္သို႔
ခဏအၾကာမွာေရာက္ရိွသြားၾကသည္။

ေတာင္ထိပ္မွာတည္ရိွသၫ့္ အနီရင့္ေရာင္
အေဆာက္အဦႀကီးအား ဟိုးအေဝးအေဝးႀကီးကေန
ျမင္ရႏိုင္သည္။ အုတ္ခ်ပ္တိုင္း ေက်ာက္တံုးတိုင္းက
အေရာင္ပိုရင့္လာပံုရၿပီး နတ္ဘုရားတစ္ပါးက
လူသားမ်ားကိုအုပ္မိုးၾကၫ့္ရႈေနသၫ့္ႏွယ္
ႀကီးမားလွေသာဖိအားကို ထုတ္လႊင့္ေနသည္။
က်င့္ႀကံသူေတြရဲ့စိတ္ႏွလံုးထဲမွာ
ထံုထ်န္းနန္းေတာ္က ထိုကဲ့သို႔ေနရာတစ္ေနရာ
ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

နီးကပ္လာေလေလ လူအုပ္ကတိတ္ဆိတ္လာေလေလ
ပင္။ ထံုထ်န္းနန္းေတာ္၏ေရ႔ွတံခါးဝကို
ေျခခ်လိုက္ခ်ိန္တြင္ လူတိုင္းစကားေျပာေနတာ
ရပ္သြားၾကသည္။

သူတို႔မေျပာခ်င္ၾကတာမဟုတ္ေခ်။ လူအမ်ားစု
အတြက္ ဒါကပထမဆံုးအႀကိမ္ျဖစ္သည္။
အသစ္အဆန္းတစ္ခုကိုျမင္ရတာ၊ အထူးသျဖင့္
သူတို႔သစၥာအတြက္အေရးပါသၫ့္တစ္စံုတစ္ခုကို
ျမင္လိုက္ရခ်ိန္မွာ စိတ္လႈပ္ရွားသြားၾကတာ
သိသာေနသည္။ သို႔ေပမဲ့ နန္းေတာ္တစ္ခုကေတာင္
စြမ္းအားႀကီးတဲ့အေငြ့အသက္ ထုတ္လႊတ္ေန၏။
ထိတ္လန႔္မႈႏွင့္ ေၾကာက္ရြံ႔ရိုေသမႈတို႔က သူတို႔အား
စကားမေျပာႏိုင္ေအာင္ျဖစ္ေစသည္။

ယူေရွာင္းမိုက လင္းေရွာင္နားတိုး၍ တိုးတိုးကပ္
ေျပာလိုက္သည္။

"တအားအထင္ႀကီးဖို႔ေကာင္းတာပဲလား"

သူက ထံုထ်န္းနန္းေတာ္ကိုယံုၾကည္သက္ဝင္မႈမရိွဘဲ
နတ္ဘုရားအဆင့္က်င့္ႀကံသူ အေတာ္မ်ားမ်ား
ျမင္ဖူးထားသျဖင့္ နန္းေတာ္က သူ႔အေပၚ
သက္ေရာက္မႈမရိွေပ။ သို႔ျဖစ္၍ သူက
စကားေတာင္မေျပာဝံ့ေအာင္ျဖစ္ေနသၫ့္လူမ်ားႏွင့္
မတူေပ။

သို႔ေပမဲ့ ထံုထ်န္းနန္းေတာ္ကို သူစိတ္ဝင္စားမိသည္။

"ကိုယ္တို႔ဟာေလာက္မလွဘူး"

လင္းေရွာင္က ဆန္းစစ္ျပသည္။

ယူေရွာင္းမို မကန႔္ကြက္မိေပ။ သူတို႔နန္းေတာ္က
တကယ္ပင္ ပိုမိုခမ္းနားသည္။

မၾကာမီတြင္ တံခါးမ်ားပြင့္လာ၏။ ကၽီြအီအီ
ျမည္သံက ႏွစ္ေထာင္ခ်ီေဆြးျမၫ့္မႈမ်ား၏
အာဃာတကိုကိုင္စဲြထားေသာ နာရီစင္အိုႀကီးတစ္ခု၏
ျမည္သံအလားပင္။ ေျဖးညင္းစြာျဖင့္ ေဘးသို႔
ပြင့္သြားကာ အတြင္းမွအေျခအေနက ခ်က္ခ်င္း
သူတို႔မ်က္စိေရ႔ွေပၚလာသည္။

ဝတ္ရံုျဖဴႏွင့္အမ်ိဳးသားတစ္ဦး ထြက္လာသည္၊
သူ႔ေခါင္းေဆာင္းက ႏွာေခါင္းႏွင့္ပါးစပ္ကိုသာခ်န္၍
က်န္မ်က္ႏွာတစ္ဝက္အား ဖံုးကြယ္ထားသည္။
သူ႔မ်က္လံုးမ်ားကိုမျမင္ရေသာ္လည္း သူတို႔ကို
ၾကၫ့္ေနသၫ့္ႏွယ္ခံစားရေလသည္။
သူက သူတို႔ခႏၶာကိုယ္ေရာဝိဉာဉ္ကိုပါရွင္းလင္းစြာ
ျမင္သည္။

ခဏအၾကာတြင္ ဝတ္ရံုႏွင့္အမ်ိဳးသားက သူတို႔ကို
ဝင္ခြင့္ျပဳသည္။

ၿပိဳင္ပဲြသည္ ဤအတြက္အထူးတလည္အသံုးျပဳသည့္
ခန္းမႀကီးထဲမွာ တည္ရိွ၏။ ၿပိဳင္ပဲြက်င္းပတိုင္း
ဤေနရာတြင္က်င္းပခဲ့ရာ ေက်ာင္းသားေဟာင္း
အခ်ိဳ႕၏မ်က္ႏွာအမူအရာမ်ားမွာ တည္ၾကည္
ေလးနက္ေနၾကၿပီျဖစ္သည္။

ၿပိဳင္ပဲြအေၾကာင္းအရာမွာ တစ္ႀကိမ္ႏွင့္တစ္ႀကိမ္
မတူေပ၊ တစ္ခါတစ္ရံ ေဆးလံုးသန႔္စင္ျခင္း၊
တစ္ခါတစ္ရံ ေဆးပင္သန႔္စင္ျခင္းႏွင့္
တစ္ခါတစ္ရံတြင္ ဝိဉာဉ္စြမ္းအားကို
အဓိကထားသည္။ သူတို႔အမ်ားစုမွာ
စပ္စုစိန္ထ်န္ရွင္းလို အသိမိတ္ေဆြမ်ိဳးမရိွၾကေပ။
ယူေရွာင္းမိုေတာင္မေမးရပါဘဲ သူမက အကုန္
ေျပာျပထားသည္။

ခန္းမက်ယ္ႀကီးသို႔ေရာက္သည္ႏွင့္ ျပင္ဆင္မႈအားလံုး
ၿပီးၿပီျဖစ္သည္။

ခန္းမႀကီးကိုၾကၫ့္ရင္း ေက်ာင္းသားေဟာင္းမ်ားစြာ
လက္သီးက်စ္က်စ္ပါေအာင္ဆုပ္သြားၾကသည္။
ရုတ္တရက္ေျပာင္းသြားေသာအခ်ိန္ေၾကာင့္
သူတို႔မွာ စိတ္ပိုင္းဆိုင္ရာမျပင္ဆင္ၾကရေသးေပ၊
သို႔ေပမဲ့ ျဖစ္မယ့္ဟာကျဖစ္ေတာ့မွာပင္။
သူတို႔အေနျဖင့္ ထပ္မံက်ရႈံးခဲ့ပါက
ေနာက္တစ္ႀကိမ္ထိ ေစာင့္ရေပလိမ့္မည္၊ အသက္
ကန႔္သက္ခ်က္မရိွေသာ္ျငားလည္း ဆက္တိုက္
ပါဝင္ယွဉ္ၿပိဳင္ရတာ ကသိကေအာက္ေတာ့
ျဖစ္ရေသးသည္ပင္။

အခ်ိန္မက်မီတြင္ စိတ္အေျခအေနေျပေလ်ာ့ေစရန္
အမ်ားစုက စကားစျမည္ေျပာဆိုဖို႔ အတူတူ
စုရံုးေနၾကသည္။ အမ်ားစုအေနျဖင့္
ၿပိဳင္ပဲြအေၾကာင္းအရာသာ ျဖစ္သည္။
ၿပိဳင္ပဲြက ႏွစ္ခ်ီပဲျဖစ္တာေၾကာင့္ အေၾကာင္းအရာကို
ခန္းမွန္းရမခက္ေပ။

ယခုအခ်ိန္မွာ လ်ိႈထားလည္းဘာမွမထူးေတာ့
တာေၾကာင့္ သဘာဝကဖ်တ္လက္တက္ႂကြတဲ့
ထ်န္ရွင္းက ေျခဟန္လက္ဟန္မ်ားျဖင့္စိတ္လႈပ္တရွား
ေျပာျပေတာ့သည္။ ထို႔ေၾကာင့္ သူမအနားတြင္
လူမ်ားဝိုင္းအံုေနေတာ့၏။

ယူေရွာင္းမိုမွာ ေပ်ာ္ရႊင္စရာမ်ားတြင္ဝင္ပါရတာ
ႏွစ္သက္ေသာ္ျငားလည္း အေၾကာင္းအရာမ်ားကို
သိထားၿပီးသားျဖစ္၍ ဘာမွမထူးေပ။
သို႔ျဖစ္ရာ သူႏွင့္လင္းေရွာင္၊ ထို႔အျပင္က်ဳံးယဲ့ေရာ
ေဘးကေနသာရပ္ၾကၫ့္ေနၾကသည္။

ေခ်ာင္ဝူရွင္းက ကူကယ္ရာမဲ့စြာႃပံုးသည္။
"ထ်န္ရွင္းရိွတိုင္း ပတ္ဝန္းက်င္တစ္ခုလံုး
တက္ႂကြေနေရာ။ ဝင္ၿပိဳင္မယ့္သူက သူမအလားပဲ"

"အင္း ဘာမွမျဖစ္ပါဘူး။ ေကာင္မေလးေတြက
အဲ့လိုတက္ႂကြေနရင္ ပိုခ်စ္ဖို႔ေကာင္းတယ္"
ယူေရွာင္းမိုက ေျပာလိုက္သည္။ သူမေသခဲ့ရင္၊
ဒီကမ႓ာကိုေရာက္မလာခဲ့ရင္၊ အရင္ဘဝမွာ
ဒီလိုေကာင္မေလးမ်ိဳးကို
စိတ္ဝင္စားမိရင္ဝင္စားမိေလာက္သည္။

ထ်န္ရွင္းကို အၿမဲလိုလိုစေနာက္တတ္သၫ့္
သူ႔ဝမ္းကဲြေခ်ာင္ဝူရႊမ္းကို ေခ်ာင္ဝူရွင္းသြားေတြးမိ
ေလသည္။ အေၾကာင္းအရင္းက ဒါေၾကာင့္
ျဖစ္ေလာက္သည္၊ တက္ႂကျြပီးခ်စ္ဖို႔ေကာင္း၍
၄က ပိုမိုခ်စ္ဖို႔ေကာင္းေစေလာက္သၫ့္
ေဒါသထြက္တဲ့ပံုစံေလးကိုျမင္ရခ်င္ေအာင္
ျဖစ္ေစသည္။

ဝူရႊမ္းရဲ့ဒီထူးထူးဆန္းဆန္းအက်င့္ကို
သူေလွာင္ခဲ့ဖူးသည္။

ထိုအခ်ိန္မွာပဲ ေခါင္းေလာင္းသံျမည္လာ၏။

၄က ၿပိဳင္ပဲြစတင္ေၾကာင္းရည္ၫႊန္းလ်က္
သံုးႀကိမ္တိတိျမည္သြားသည္။ တစ္ခဏခ်င္း
လူအုပ္ႀကီးက စကားေျပာရပ္သြားၿပီး
ခန္းမက်ယ္ႀကီးက တိတ္က်သြားသည္။
အႀကီးအကဲ၏လမ္းၫႊန္မႈျဖင့္ လူတိုင္း
တျဖည္းျဖည္း အေရ႔ွမွာစုရံုးသြားၾက၏။
______________________________



Pokračovať v čítaní

You'll Also Like

222K 25.9K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
11.6K 370 28
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
402K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...