'မကြာခင်ရမှာဟုတ်လား...'ပိုင်ချီရွေ့ငိုနေရင်းရယ်လိုက်ကာ: 'ရမှာမဟုတ်တော့ပါဘူး..."
ပိုင်ချီရွေ့ကျန်းမာရေးကသိပ်မကောင်းဘူး။အဲ့ဒီနှစ်တုန်းကသူမနဲ့စုန့်ထင်ယွီတို့ကိုမဒမ်စုန့်တို့ကန့်ကွက်တုန်းက သူမစုန့်ထင်ယွီကလေးကိုလိုချင်ခဲ့တယ်။သူမမှာသာကလေးရှိသွားရင် မဒမ်စုန့်လဲကန့်ကွက်တော့မှာမဟုတ်ဘူး။ကလေးမျက်နှာကိုထောက်ပြီး သူမကိုလက်ခံလိမ့်မယ်လို့ထင်နေခဲ့တာ။
ဒါပေမယ့်လဲအဲ့ဒီတုန်းကသူမကလေးမရလို့ ဆရာဝန်ဆီသွားပြီးဆေးစစ်ကြည့်တော့ သူမရဲ့သားအိမ်ကအားနည်းေနတယ်ဆိုတာကိုသိလိုက်ရတယ်။ဒါကြောင့်ဆရာဝန်ကသူမကလေးရမရဆိုတာကိုမဆုံးဖြတ်နိုင်ဘဲ ရဖို့ကလဲတော်တော်ကိုမျှော်လင့်ချက်နည်းတယိ။
အဲ့ဒီတုန်းကသူမလက်မခံချင်ပေမယ့်လဲ ဘာမှမတတ်နိုင်ခဲ့ဘူး။
သူမကိုယ်ဝန်ဆောင်ဖို့ခက်ခဲတာကိုသိလိုက်ရတဲ့အချိန်မှာဘဲ စုရန်ကိုယ်ဝန်ရှိနေတဲ့သတင်းကိုကြားလိုက်ရတယ်။သူမရဲ့လူနဲ့သူမပိုင်ဆိုင်ရမယ့်နေရာကိုလုယူခံရမှာကိုသူမကြောက်လန့်သွားမိတယ်။
ဒါပေမယ့်ကြောက်နေလို့ရောဘာထူးမှာလဲ?
သူမပိုင်ဆိုင်တာတွေအားလုံးကိုစုရန်ယူသွားတာကိုသူမဒီအတိုင်းဘဲကြည့်နေလိုက်ရတယ်။
သူမအပေါ်ကိုစုန့်ထင်ယွီအပြစ်ရှိသလိုခံစားနေရတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်။သူစိတ်မရှုပ်ရအောင်သူမကလဲသဘောထားကြီးသလိုမျိုးဟန်ဆောင်ပေးနေခဲ့တယ်။ဒါပေမယ့်သူမရင်နာနေရတာကိုတော့ဘယ်သူမှသိမှာမဟုတ်ဘူး။
နိုင်ငံခြားမှာနေတဲ့လေးနှစ်လုံးသူမကျန်းမာရေးအခြေအနေကိုလျှို့ဝှက်ထားပြီး လက်မလျှော့ခဲ့ဘူး။ဘယ်ကုသနည်းနဲ့မဆိုနည်းလမ်းပေါင်းစုံသုံးပြီးရုခဲ့ေပမယ့်သတင်းကောင်းတော့မကြားခဲ့ရဘူး။
သူမရာသီလာတာကလဲအမြဲမမှန်ခဲ့တော့ ကိုယ်ဝန်ရှိနေတာကိုသတိမထားမိခဲ့ဘူး။
သူမသာကိုယ်ဝန်ရှိမှန်းသိခဲ့ရင်စုန့်ထင်ယွီကိုပြောပြခဲ့မှာ။အဲ့ဒါဆိုရင်စုန့်ထင်ယွီလဲ သူမဆီကိုလာချင်လာခဲ့မှာ။
သူမတို့အရင်ရက်တွေတုန်းကစကားများခဲ့တာတွေကြောင့်သာသူမပြန်လာဖို့ကိုရွေးချယ်ခဲ့တာ။သိသာသိခဲ့ရင်သူမပြန်လာမှာမဟုတ်ဘူး။
အခုအချိန်မှာပိုင်ချီရွေ့သူမကိုယ်သူမရောစုရန်ကိုရောမုန်းနေမိတယ်။အဲ့ဒီအချိန်တုန်းကစုန့်ဝမ်ရှီသာရုတ်တရက်မပေါ်လာခဲ့ရင် သူမဘယ်လိုလုပ်ပြီးပြုတ်ကျမှာလဲ။
သူမအခြေအနေကိုချန်ကျင်ကြည့်ပြီး ချန်ကျင်စိတ်ပူသွားကာ သူမပုခုံးလေးကိုပုတ်ပေးလိုက်ပြီး: 'ချီရွေ့ စိတ်လျော့ပါဦး။အခုမှခွဲစိတ်ခန်းထဲကနေထွက်လာပြီး အသက်အန္တရာယ်ကနေလွတ်လာတာကိုဒီလိုမျိုးစိတ်မလှုပ်ရှားပါနဲ့ဦး။ကျန်းမာရေးကိုဂရုမစိုက်ဘဲမနေပါနဲ့...'
'စုရန် မကောင်းတဲ့မိန်းမ။အဲ့ဒီမိန်းမကြောင့်ဘဲ။သူ့ကလေးကိုအသုံးချပြီးသမီးကလေးကိုနာကျင်အောင်လုပ်ခိုင်းတာ။စိတ်မပူပါနဲ့။စုန့်ထင်ယွီ သူ့ကိုဒီအတိုင်းထားမှာမဟုတ်ပါဘူး။သမီးအစားသူလက်စားချေပေးလိမ့်မယ်...'
ပိုင်ချီရွေ့မျက်ရည်တွေကိုသုတ်လိုက်တယ်။စောစောတုန်းကချန်ကျင်ကိုဘဲအာရုံစိုက်နေမိတော့ အခန်းထဲမှာဘယ်သူမှလဲမရှိတာသတိမထားမိဘူး။
သူမအထိတ်တလန့်နဲ့မေးလိုက်တယ်: 'စုန့်ထင်ယွီရော?'
သူမအခုဘဲကလေးဆုံးရှုံးထားတာကို သူမအနားမှာနေပြီး သူမကိုအဖော်မပြုပေးသင့်ဘူးလား?ဒါပေမယ့် သူဘယ်သွားလိုက်တာလဲ?
'ချီရွေ့ စိတ်မပူပါနဲ့။ထင်ယွီလုပ်စရာကိစ္စလေးရှိလို့ပါ။မကြာခင်သူပြန်လာလိမ့်မယ်' စုရန်ကိုစုန့်ထင်ယွီသွားရှာတယ်လို့ချန်ကျင်မပြောရဲဘူး။အကယ်၍ပြောလိုက်လို့ရှိရင် ပိုင်ချီရွေ့အခြေအနေပိုဆိုးသွားမှာစိုးလို့။
'အန်တီ သမီးကိုလိမ်နေတာမလား?သူစုရန်ကိုသွားရှာတာမလား? ပိုင်ချီရွေ့ ခံစားချက်တွေပြင်းထန်စွာနဲ့ပြောလိုက်တယ်။
'မဟုတ်ပါဘူး။တကယ်မဟုတ်ပါဘူး...' ချန်ကျင်လဲ သူမခွဲထားတဲ့ဒဏ်ရာထိသွားမှာစိုးလို့ သူမကိုသူနာပြုနဲ့ကြည့်ခိုင်းလိုက်ရတယ်။သူကတော့အပြင်ထွက်ပြီး စုန့်ထင်ယွီကိုအမြန်ပြန်လာဖို့ဖုန်းဆက်ခေါ်လိုက်တယ်။
အခုသူမကိုယ်သူမမထိန်းနိုင်တော့ဘူး။စုန့်ထင်ယွီဘဲထိန်းနိုင်မှာ။
သူမဖုန်းဆက်ပြီးမကြာဘူး စုန့်ထင်ယွီရောက်လာတယ်။
ပိုင်ချီရွေ့သူ့ကိုတွေ့သွားတာနဲ့ငိုတော့တာဘဲ။
သူမကဆေးရုံကုတင်ပေါ်မှာထိုင်နေပြီး စုန့်ထင်ယွီကသူမဘေးမှာရပ်နေတယ်။သူ့ခါးကိုဖက်လိုက်တော့ သူ့ဆီကနေရေချိုးဆပ်ပြာနံ့နဲ့ ခေါင်းလျှော်ရည်နံ့ကိုရလိုက်တယ်။
သူမရဲ့မျက်လုံးတွေပိုပြီးမှောင်မှိုင်းလာတယ်။
စုန့်ထင်ယွီ စုန့်အိမ်ကိုပြန်သွားတာကိုသူမသိလိုက်တယ်။
ဒါဆိုဒီကိုမလာခင် စုရန်နဲ့အတူတူရှိနေခဲ့တာလား?
အဲ့ဒါကိုတွေးမိသွားပြီး သူမပိုပြီးစိတ်မချဖြစ်လာရတယ်။
'ထင်ယွီ ညီမတို့ကလေးလေးမရှိတော့ဘူး...' ပိုင်ချီရွေ့ဆံပင်ရှည်ကြီးကပုခုံးပေါ်မှာကျနေပြီး သူမနှုတ်ခမ်းနဲ့ မျက်နှာကဖြူဖျော့နေကာ သနားစရာပုံစံဖြစ်နေတယ်:
'အစတုန်းက ညီမပြန်လာတာကို ကိုကိုအံ့ဩသွားအောင်လုပ်မလို့။ကိုကို့ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီဆိုတာကို ကိုကို့ကိုသိစေချင်လို့။ဒါပေမယ့် ညီမတောင်းပန်ပါတယ်။ညီမပြောရသေးခင်မှာဘဲကလေးကမရှိတော့ဘူး။တောင်းပန်ပါတယ် ကလေးကိုမကာကွယ်နိုင်ခဲ့တာညီမရဲ့အပြစ်ပါ...'
'စုရန်ကိုညီမတွေ့ခဲ့သင့်ဘူး။သူ့ကိုတွေ့ပြီးညီမစိတ်မထိန်းနိုင်မဖြစ်သွားသင့်ဘူး...'
ချန်ကျင်လဲဝင်ပြောလိုက်တယ်: 'ချီရွေ့ သမီးဘာလို့သေချာမစဉ်းစားရတာလဲ?သမီးပြန်ရောက်ရောက်ချင်း ထင်ယွီကိုရှာသင့်တာပေါ့။သူမနဲ့တွေ့ပြီးဘာလုပ်မလို့လဲ?သမီးကိုယ်ဝန်အကြောင်းကိုသူမကိုပြောပြချင်လို့လား?'
ပိုင်ချီရွေ့မျက်ရည်တွေကျလာကာခေါင်းညိတ်ပြလိုက်တယ်။သူမမျက်လုံးမှာလဲမကျေနပ်မှုတွေအပြည့်ဘဲ။
အမှန်တော့ သူမတောင်ကိုယ့်ဟာကိုကိုယ်ဝန်ရှိမှန်းမသိတာကိုစုရန်ကဘယ်လိုလုပ်ပြီးသိမှာလဲ?
စုန့်ထင်ယွီကထက်မြတ်တဲ့လူဆိုတော့ အနှေးနဲ့အမြန်သိသွားမှာဘဲ။ အဲ့ဒါကြောင့်သူမကိုယ်ဝန်ရှိတာကိုပြောမိသွားလို့စုရန်တွန်းချလိုက်တယ်ဆိုတာကိုပြောလိုက်ရတယ်။
သူမကစေ့စပ်ပြီးလိမ္မာပါးနပ်တဲ့မိန်းမဆိုတော့ အခုအချိန်မျိုးမှာ တစ်ခုခုကိုအစီအစဉ်ချဖို့ကိုဘယ်လိုလုပ်ပြီးမေ့မှာလဲ?
စုရန်ကိုယ်တိုင်မတွန်းချဘူးဆိုတာသူမသိပေမယ့်လဲ အခုရောဘာထူးလို့လဲ။
သူမကြောင့်ဘဲသူပြုတ်ကျသွားတာလေ။အတိအကျပြောရရင် စုန့်ဝမ်ရှီရုတ်တရက်ရောက်လာလို့ဖြစ်သွားရတာ။
သူမနှလုံးသားထဲမှာတော့ သူမကလေးဆုံးရှုံးရတာကစုရန်ကြောင့်ဘဲ။
ချန်ကျင်ကြည့်ရတာရင်နာနေတဲ့ပုံနဲ့: 'ချီရွေ့ သမီးဘယ်လိုလုပ်ပြီးသတိမထားရတာလဲ?စုရန်ကဘယ်လိုမိန်းမလဲဆိုတာကိုမသိဘူးလား?လွန်ခဲ့တဲ့လေးနှစ်ကသူမလုပ်ခဲ့တာကိုကြည့်ရင် သူမမှာကျင့်ဝတ်မရှိဘူးဆိုတာကိုသမီးသိသင့်တယ်။သူမနဲ့အဝေးမှာနေရမှာကို ဘာလို့သူမအနားသွားရတာလဲ?'
'သမီးမသိတော့ဘူး...' စုန့်ထင်ယွီလက်မောင်းကိုကိုင်ပြီးပိုင်ချီရွေ့အဆက်မပြတ်ငိုနေလိုက်တယ်: 'တောင်းပန်ပါတယ် ထင်ယွီ။ဒါတွေအားလုံးကညီမအပြစ်တွေပါ။ညီမကြောင့်မဟုတ်ရင်ကလေးကိုဆုံးရှုံးရမှာမဟုတ်ဘူး'
စုန့်ထင်ယွီလဲဒီကိစ္စကိုဘဲတွေးနေတာ။
ပိုင်ချီရွေ့ကိုစုရန်တကယ်ဘဲတွန်းချခဲ့တာလား?
တခြားအကြောင်းရှိလို့လား?ဒါမှမဟုတ်ဒီတိုင်းမတော်တဆဘဲလား?
ဒါပေမယ့်လဲပိုင်ချီရွေ့ငိုနေတာကိုကြည့်ပြီး သူမကိုယ်တိုင်တော့ခုန်ချမှာမဟုတ်လောက်ဘူး။
ပြီးတော့လဲအဲ့ဒီမှာစုရန်ကလွဲပြီး တစ်ခြားဘယ်သူမှလဲမရှိဘူး။
'ဘာမှမဖြစ်ပါဘူး။အဆင်ပြေသွားမှာပါ' စုန့်ထင်ယွီကုတင်ဘေးကစားပွဲပေါ်ကနေtissueယူပြီးမျက်ရည်တွေကိုသုတ်ပေးလိုက်တယ်: 'အခုမှသတိရလာတာကို အမြဲငိုနေရင်မကောင်းဘူး။ကလေးဆုံရှုံးသွားတာမင်းအပြစ်မဟုတ်ပါဘူး။ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့'
'အဲ့တာစုရန်အပြစ်ဘဲ' ပိုင်ချီရွေ့ရင်နာနေတဲ့ပုံကိုချန်ကျင်ကြည့်ပြီး စုရန်နာမည်ကိုမုန်းတီးစွာနဲ့ပြောလိုက်တယ်။
ဒီကမ္ဘာပေါ်မှာဘယ်လိုလုပ်ပြီးဒီလောက်ရက်စက်တဲ့မိန်းမရှိနေရတာလဲလို့သူမတွေးမိတယ်။
ပိုင်ချီရွေ့လွယ်လွယ်နဲ့စိတ်မငြိမ်ဘဲ နောက်ဆုံးတော့မှအိပ်ပျော်သွားခဲ့တယ်။
စုန့်ထင်ယွီဘေးကိုချန်ကျင်သွားပြီး သူ့ပုခုံးကိုပုတ်ကာ အပြင်ကိုလက်ညှိုးထိုးပြလိုက်တယ်။သူ့ကိုအပြင်ထွက်လာဖို့သူမအချက်ပြလိုက်တယ်။