ပြီးတော့သူ့ရဲ့ရင်ဘက်နားမှာရောနီညိုရောင်သွေးတွေနဲ့။
အဲ့ဒါပိုင်ချီရွေ့သွေးတွေဘဲဖြစ်ရမယ်။
စုန့်ထင်ယွီရဲ့မျက်နှာကလူတွေကြောက်ချင်လောက်အောင်အေးစက်နေတယ်။သူတံခါးဖွင့်ပြီးစုရန်ကိုမြင်တာနဲ့ သူမဆီကိုခြေလှမ်းကြဲကြီးတွေနဲ့လျှောက်လာလိုက်တယ်။သူမလက်ကိုလှမ်းဆွဲလိုက်ပြီး ဘာမှာမှမပြောဘဲအပြင်ကိုဆွဲထုတ်လာလိုက်တယ်။
စုရန်လဲလန့်သွားပြီးမေးလိုက်တယ်: 'ရှင်ဘာလုပ်နေတာလဲ?'
သူမအတွင်းခံအင်္ကျီအပါးတစ်ထပ်ဘဲဝတ်ထားတယ်ဆိုတာသူမသိတယ်။သူမတို့နှစ်ယောက်ဆွဲလားရမ်းလားလုပ်နေတုန်းမှာ သူမရဲ့ရင်ဘက်ကိုသူမဖုံးထားလိုက်ရတယ်။စောစောတုန်းကသူမကြိုးမပါတဲ့braကိုလဲဝတ်ထားတော့ နည်းနည်းလေးရုန်းလိုက်တာနဲ့ ပေါ်သွားတော့မှာ။
စုန့်ထင်ယွီ သူမဘက်ကိုလှည့်တောင်မကြည့်ဘဲ သူ့လက်တွေနဲ့သူမလက်ကောက်ဝတ်လေးကိုအတင်းဆွဲလိုက်ပြီး: 'ငါ့နောက်လိုက်ခဲ့'
စုရန်အရမ်းကိုရှက်သွားပြီး သူ့လက်ကိုအားနဲ့ရုန်းလိုက်ကာ: 'ကျွန်မကိုရှင်ဘယ်ခေါ်သွားမလို့လဲ?'
သူ့လက်ထဲကနေရုန်းလို့ရသွားတော့ သူမbraကိုပြန်ပြင်ဆင်ချိန်မရလိုက်ဘဲ အပြင်အင်္ကျီအပါးလေးကိုဘဲပြန်ဆွဲတင်လိုက်တယ်။သူမအနောက်ကိုဆုတ်သွားပြီး ဒီအချိန်မှာစုန့်ထင်ယွီကအရမ်းကိုကြောက်စရာကောင်းနေတာကိုသူမခံစားမိတယ်။
အကယ်၍ပိုင်ချီရွေ့သာတစ်ခုခုဖြစ်သွားရင် သူမကိုသူသေချာပေါက်ကလဲ့စားချေမှာသေချာတယ်။
'စုရန် မင်းအချင်ယောင်ဆောင်နေတာလား?' စုန့်ထင်ယွီရှေ့တိုးလာပြီး စုရန်ကိုလှမ်းဆွဲလိုက်ကာ သူ့ရဲ့အေးစက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး: 'ညတုန်းကဖြစ်ခဲ့တာတွေကိုမေ့သွားပြီလား?ငါမင်းကိုသတိပေးရဦးမှာလား?'
'ကျွန်မကသူ့ကိုတွန်းခဲ့တာလို့ရှင်ကထင်နေတာလား?'
အဖြေကိုစုရန်သိပြီးနေပေမယ့် စုန့်ထင်ယွီပြောတာကိုသူမကြားချင်သေးတယ်။
စုန့်ထင်ယွီရဲ့လက်နှစ်ဖက်လုံးက သူမပုခုံးလေးကိုအားနဲ့ဆုပ်ကိုင်ထားတာ သူမအရိုးတွေကိုကျိုးကျေအောင်လုပ်ချင်နေသလိုဘဲ။
'မင်းမဟုတ်ရင်ဘယ်သူလဲ?'
မင်းမဟုတ်ရင်ဘယ်သူလဲ...
ဟုတ်တာပေါ့။သူ့ရင်ထဲမှာဒီလိုဘဲတွေးမှာပေါ့။
သူ့စကားတွေကသူမထင်ထားသလိုဘဲ။ဒါပေမယ့် သူမရဲ့ရင်ထဲကမသိလိုက်တဲ့နေရာလေးမှာ သူမကိုသူယုံကြည်စေချင်တဲ့မျှော်လင့်ချက်လေးတော့ရှိခဲ့တယ်။
နောက်ဆုံးတော့လဲ အဲ့ဒီမျှော်လင့်ချက်ကိုသူဘဲရိုက်ချိုးလိုက်ပြီ။
စုရန်မျက်တောင်ခက်လိုက်ပြီး: 'ကျွန်မမေ့တော့မလို့။ရှင့်မျက်လုံးထဲမှာရော ရှင့်နှလုံးသားထဲမှာပါ ကျွန်မကမာယာများတဲ့မိန်းမဖြစ်နေတုန်းဘဲကိုး'
သူမမျက်နှာမှာဝမ်းနည်းနေတဲ့အရိပ်အယောင်ရှိနေပြီး သူမမျက်လုံးတွေလဲနီနေတာကိုလူတွေကြည့်ရင် သူတို့ပါဝမ်းနည်းမိမှာသေချာတယ်။
စုန့်ထင်ယွီလက်တွေကိုလွှတ်လိုက်မိပြီး သူမကိုသူယုံတယ်လို့ပြောမိတော့မလို့။
ဒါပေမယ့်ပိုင်ချီရွေ့ရဲ့သွေးတွေအပြည့်နဲ့ကိုယ်ကိုမြင်ပြီး သူမကိုယုံကြည်ဖို့ခက်နေပြန်တယ်။
ပြီးတော့လဲအဲ့ဒီမှာသူမဘဲရှိနေတော့ သူမမဟုတ်ရင်ဘယ်သူဖြစ်မှာလဲ?
ပိုင်ချီရွေ့ကိုသူဆေးရုံခေါ်သွားတဲ့တစ်လမ်းလုံး သူမသတိမလစ်ဘဲ ငိုပြီးရင်ငိုနေတာတွေကိုသူ့နားထဲမှာကြားနေတုန်းဘဲ။
'စုရန် အဲ့လိုရိုးသားချင်ယောင်ဆောင်တဲ့မျက်လုံးတွေနဲ့ငါ့ကိုမကြည့်နဲ့' စုန့်ထင်ယွီသူမပါးလေးကိုဖျစ်လိုက်ပြီး 'မင်းသူ့ကိုမတွန်းချလို့ရှိရင် သူ့ဘာသာခုန်ချတယ်လို့တော့ငါ့ကိုမပြောနဲ့နော်?စုရန် မင်းကိုငါပြောမယ်။သူမကကိုယ်ဝန်နှစ်လတောင်ရှိနေပြီ။ဒါပေမယ့် မင်းလုပ်လိုက်တာကြောင့် ဘာကလေးမှမရှိတော့ဘူး။အခုလဲသူကလေးကိုဆုံးရှုံးရတဲ့အပြင် သူမအသက်အန္တရာယ်လဲစိုးရိမ်နေရပြီ။အဲ့ဒါကြောင့်မင်းရိုးသားချင်ယောင်ဆောင်မနေနဲ့တော့။မင်းကဘယ်သူ့ကိုလာလှည့်စားချင်နေတာလဲ?'
အဲ့ဒီတော့ပိုင်ချီရွေ့ကိုယ်ဝန်ရှိနေတာတကယ်ဘဲကိုး။
အမှန်တော့ ပိုင်ချီရွေ့ကိုယ်ပေါ်ကသွေးတွေကိုစုရန်ကြည့်ပြီး ခန့်မှန်းမိပြီးပြီ။အခုစုန့်ထင်ယွီစကားကြောင့်ပိုသေချာသွားတာ။
သူမနဲ့မဆိုင်ဘူးလို့သူမထင်ခဲ့မိတာ။သူတို့နှစ်ယောက်ကြားမှာဘာဘဲဖြစ်ဖြစ် သူမခံစားစရာမလိုဘူးလေ။သူရဲ့ပြဿနာနဲ့ရောသူမနဲ့ဘာဆိုင်လို့လဲ။
ဒါပေမယ့်လဲသူမထင်တာမှားသွားခဲ့တယ်။
အခုအချိန်မှာသူမအရမ်းကိုဝမ်းနည်းနေတယ်။
သူမရဲ့ဦးနှောက်လဲအလွတ်ဖြစ်နေပြီး သူမနှလုံးသားလဲနာကျင်သလိုခံစားနေရတယ်။ဒါပေမယ့်သူမခံစားချက်ကိုထိန်းချုပ်လိုက်ပြီး သူမရှေ့ကသူကိုကြည့်ကာ: 'စုန့်ထင်ယွီ ကျွန်မတစ်ခေါက်ထပ်ပြောပြမယ်။ကျွန်မသူ့ကိုမတွန်းချခဲ့ဘူး။ဒါကြောင့် ကျွန်မအပေါ်ကိုအပြစ်မပုံချပါနဲ့'
'မင်းပြောတာကတကယ့်ကိုယုံချင်စရာပါလား' စုန့်ထင်ယွီအေးစက်စွာပြုံးလိုက်ပြီ: 'မင်သူ့ကိုရည်ရွယ်ချက်ရှိရှိနဲ့တွန်းချခဲ့တာသေချာတယ်။ပြီးတော့လဲမင်းအပြစ်ကင်းချင်ယောင်ဆောင်နေသေးတယ်။အဲ့ဒီနှစ်တုန်းက မင်းငါ့ဝိုင်ခွက်ထဲကိုဆေးခတ်ခဲ့တုန်းက မင်းငါ့ဘေးမှာအဲ့လိုအပြစ်မရှိသလိုမျက်နှာမျိုးနဲ့မနိုးလာခဲ့ဘူးလား?အခုလဲတူညီတဲ့ပြဿနာမျိုးဖြစ်လာတော့လဲ မင်းအပြစ်ကင်းချင်ယောင်ဆောင်နေပြန်ပြီလား'
'ဒါမှမဟုတ် သူ့မှာကိုယ်ဝန်ရှိနေတာကိုအစကတည်းကသိခဲ့လို့ မင်းတမင်တွန်းချခဲ့တာမလား?'
သူမအရမ်းကိုစိတ်ဆိုးနေပေမယ့် သူနဲ့အငြင်းပွားမနေချင်တော့တာနဲ့ ပြုံးဘဲပြုံးပြလိုက်တယ်။ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် သူမအပေါ်ကိုသူအမုန်းထားနေတာကိုပြောင်းလဲလို့မရနိုင်မှတော့ သူနဲ့ဘာလို့အငြင်းပွါးနေတော့မှာလဲ?
'ရှင်ထင်ချင်သလိုထင်နိုင်တယ်'
သူ့ကိုသူမတွန်းဖယ်လိုက်ချင်ပေမယ့် သူမလက်ကိုသူအတင်းဆွဲထားကာ: 'အခုမင်းငါနဲ့လိုက်ခဲ့'
သူ့ကြည့်ရတာစိတ်မရှည်တော့ဘဲလုံးဝကိုစိတ်စောနေတဲ့ပုံဘဲ။
စုရန်သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ: 'ဘာအတွက်လဲ?ကျွန်မလက်ကိုလွှတ်'
'ချီရွေ့သွေးသွင်းဖို့လိုနေတယ်။မဟုတ်ရင်သူ့အသက်အန္တရာယ်ရှိနိုင်တယ်။ဆေးရုံမှာလဲသူမရဲ့သွေးအမျိုးအစားကမလုံလောက်ဘူး။မင်းအချက်အလက်တွေကိုငါကြည့်လိုက်တော့ မင်းသွေးအမျိုးအစားကလဲBဆိုတော့ချီရွေ့နဲ့တူတယ်..'
သူစကားဆက်ပြောချင်ပေမယ့် စုရန်စကားဖြတ်လိုက်ပြီး သူမမျက်နှာကိုလက်ညှိုးထိုးပြကာ: 'ဒါဆို ရှင်ညမိုးချုပ်ကြီးအမြန်ပြန်လာတာ ကျွန်မကိုခေါ်ပြီးသူ့ကိုသွေးလှူခိုင်းဖို့ပေါ့?ဒါပေမယ့် စုန့်ထင်ယွီ ကျွန်မကမာယာများတဲ့မိန်းမလို့ရှင်မပြောခဲ့ဘူးလား။ကျွန်မလိုချင်တာရဖို့ဆိုရင်ဘာနည်းဘဲဖြစ်ဖြစ်သုံးနိုင်တယ်ဆို။ရှင့်နှလုံးသားထဲမှာ ကျွန်မကစုန့်ကတော်နေရာကိုအမြဲလိုချင်နေတယ်လို့ထင်နေတာမလား။အဲ့ဒါဆိုရင်ပိုင်ချီရွေ့ကကျွန်မအတွက်အနှောင့်အယှက်ဘဲလေ။သူသေသွားရင်ကျွန်မအတွက်အကျိုးရှိမှာကိုဘာလို့ကျွန်မကသူ့ကိုကယ်ပေးရမှာလဲ?'
လူတွေအားလုံးရဲ့အမြင်မှာ ကျွန်မကသူ့ကိုတွန်းချတယ်လို့ထင်နေတာ။ကျွန်မအဲ့လိုအခက်အခဲတွေကြားကနေသူ့ကိုတွန်းချခဲ့လို့ရှိရင် ဘာလို့သူမအသက်ပြန်ရှင်လာမှာကိုကျွန်မကူညီရမှာလဲ?'
ပြီးတာနဲ့စုန့်ထင်ယွီသူမလည်ပင်းကိုဆုပ်ကိုင်လိုက်ပြီး: 'စုရန် မင်းကိုငါပြောလိုက်မယ်။ချီရွေ့သာတစ်ခုခုဖြစ်သွားရင် မင်းကိုငါအဆတစ်ရာပြန်ပေးဆပ်ခိုင်းမယ်။အခုဆေးရုံမသွားဖို့မင်းမှာရွေးချယ်စရာရှိတယ်လို့ထင်လို့လား?'
သူပြောပြီးတာနဲ့သူမပြန်ပြောတာကိုလဲမစောင့်ဘဲ သူမရုန်းနေတာကိုလဲဂရုမစိုက်ဘဲ သူမကိုချီပြီးအခန်းထဲကနေထွက်လာလိုက်တယ်။
သူဒီလိုနည်းကိုသုံးလိမ့်မယ်လို့စုရန်မထင်ထားဘူး။
ပြီးတော့လဲသူမအင်္ကျီအပါးလေးဘဲဝတ်ထားတော့ မကြာခင်မှာကျွတ်ကျနိုင်ေချရှိတယ်။သူမကိုယ်ကိုဖုံးဖို့စကပ်ကိုဘဲဆွဲချနေလိုက်ရတယ်။
'စုန့်ထင်ယွီ ရှင်ကျွန်မကိုလွှတ်လိုက်တာကောင်းမယ်နော်'
Happy New Year မှာ အပိုတင်ပေးလိုက်တယ်နော်😁