//Unicode//
အပိုင်း ၆၂၅- ပြစ်မျိုးခုနစ်ဖြာသားရဲများ
စာအုပ်ငါးရာက ယူရှောင်းမိုအား စွမ်းအင်ကျောက်တုံး
ငါးသိန်းခန့်ကုန်သွားစေသည်။ အမှန်တော့ ဒီဈေးက
နည်းနည်းများသည်၊ ဘာလို့ဆို စာအုပ်တစ်အုပ်ကို
ပျမ်းမျှအားဖြင့် စွမ်းအင်ကျောက်တုံးတစ်ထောင်
ဝန်းကျင် ကျသင့်တာကြောင့်ပင်။ သို့ပေမဲ့လည်း
စာအုပ်များကို ကြာရှည်အထားခံစေရန်
စာအုပ်ဆိုင်က သာမန်မဟုတ်သောပစ္စည်းများ
အသုံးပြုထားရသည်ပင်။
ပုံမှန်အားဖြင့် ယူရှောင်းမိုမှာ ဘယ်လို
ဈေးကြီးကြောင်း တစ်ခါလောက်တော့ ငြီးတွားဦးမည်
ဖြစ်သည်၊ သို့သော် ယနေ့တွင်တော့ စိတ်မပါချေ။
သူ့စိတ်တစ်ခုလုံး လင်းရှောင်ဝယ်သည့်စာအုပ်များနှင့်
ပြည့်နှက်နေသည်။ ၎င်းက သူ့စိတ်အခြေအနေအား
လုံးဝဥဿုံပျက်စီးစေသည်။
ဖုန်းလေ့စာအုပ်ဆိုင်မှအပြန်တွင် ရှောင်ယောင်
တက္ကသိုလ်သို့ သူတို့တန်းမဝင်ခဲ့ပေ။ စာအုပ်
ကောင်းများရွေးချယ်ရန်အတွက်
စာအုပ်ဆိုင်တွင် နှစ်နာရီ၊ သုံးနာရီခန့်ကြာခဲ့ရာ
သူတို့ပြန်ချိန်တွင် ကောင်းကင်ကမှောင်နေပြီဖြစ်ပြီး
မြို့တော်ကြီးက မီးရောင်များဖြင့်လင်းထိန်နေသည်။
အပြင်မှာကြာကြာနေဖို့ အစီအစဉ်မရှိသဖြင့်
ယူရှောင်းမိုက တစ်ညတည်းခိုရန်နေရာရှာလိုက်သည်။
ည၌ လင်းရှောင်က အဝါရောင်စာအုပ်ဆယ်အုပ်ကို
ရုတ်တရက် ထတောင်းလေသည်။
ယူရှောင်းမိုက အလွန်အမင်းကြီးမားသော
တုံ့ပြန်မှုကြီးဖြင့် အိပ်ရာအတွင်းပိုင်းသို့
ကျုံ့ဝင်သွားသည်။
"ခင်ဗျားဘာလုပ်မလို့လဲ?!"
လင်းရှောင် "......"
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတုံ့ပြန်တာ
နည်းနည်းများသွားမှန်းကို ယူရှောင်းမိုတွေ့ရှိလိုက်၏။
လင်းရှောင်၏မည်းမှောင်နေသောအကြည့်အား
တွေ့လိုက်ရချိန်တွင် သူ့ကိုယ်သူအခါတစ်ရာလောက်
ရိုက်ချင်သွားတော့သည်။
သူတော်တော်တုံးတာပဲ.. ဒါက အားသုံးဖို့အတွက်
ဆင်ခြေတစ်ခုပေးနေတာပဲမဟုတ်ဘူးလား?
ကောင်းကျိုးဆိုးကျိုးများအား ချိန်ဆပြီးနောက်
ယူရှောင်းမိုသည် ထိုစာအုပ်ဆယ်အုပ်ကို
ထုတ်ပေးလိုက်တော့သည်။ စာအုပ်ဆိုင်မှာတုန်းက
ရှက်စိတ်များနေခဲ့သဖြင့် အဖုံးနှစ်ခုတည်းပဲ
သူမြင်ခဲ့ရသည်။ တစ်ခြားဘာဝယ်လာသေးလဲ
သူမသိပေ။
" [နတ်ဆိုးခင်ပွန်းသည်၏ချစ်လှစွာသောဇနီးလေး]?"
ယူရှောင်းမို ကြုံရာတစ်အုပ်ကောက်ကိုင်လိုက်
သည်။ ခေါင်းစဉ်ကိုမြင်တော့ သူချက်ချင်းပင်
နေထိုင်မကောင်းဖြစ်လာသည်။
ဒီလိုခပ်လေးလေးဇာတ်လမ်းကဘာလား?
လင်းရှောင်က ဒီလိုစာအုပ်မျိုးကြိုက်တာလား?
လင်းရှောင်က အလွန်အမင်းဣဒြေရှိစွာဖြင့်
စာအုပ်ကို ဆတ်ခနဲဆွဲယူလိုက်သည်။
"Mhm, စာအုပ်ဆိုင်ကလက်ထောက်က
မိတ်ဆက်ပေးတာ။ သူပြောတာ ဒါက
ဆိုင်မှာသိပ်မရှိတဲ့ ယောက်ျားလေးချင်း
စာအုပ်တွေထဲကတစ်အုပ်တဲ့"
ယူရှောင်းမို သွေးတစ်ပွက်အန်သွားသည်။
သူ တကယ်ပဲတိုင်ကြားစာတင်ချင်သည်။
တစ်ယောက်ယောက်က သူ့လူကို အကျင့်ပျက်
ခြစားအောင်လုပ်ချင်နေတယ်၊ ဒါပေမဲ့ သူ့ရဲ့လူက
သူ့ဟာနဲ့သူကို လုံလုံလောက်လောက်အကျင့်ပျက်
နေပြီးသားဆိုတာ သူတို့မသိကြဘူးလား?
"ကျွန်-ကျွန်-ကျွန်တော့်အထင် ခင်ဗျားဒီလိုစာအုပ်မျိုး
မဖတ်သင့်ဘူး... ဉာဏ်နိမ့်သွားလိမ့်မယ်"
ယူရှောင်းမိုက ပြောရင်း စာအုပ်ကိုပြန်လုလိုက်ပေမဲ့
လင်းရှောင်က ပေါ့ပါးစွာရှောင်လိုက်သည်။
ယူရှောင်းမို သူ့ကိုကူကယ်ရာမဲ့စွာကြည့်လိုက်၏။
လင်းရှောင်က စာအုပ်ကိုလက်ထဲကိုင်ထားရင်း
သူ့ဆီအကြည့်တစ်ချက်လွှတ်လိုက်သည်။
"ကောင်းလားမကောင်းလားသိရအောင် အရင်
ဖတ်ကြည့်ရဦးမှာပေါ့။ ဒါမှမဟုတ် မင်းအရင်က
ဖတ်ဖူးလို့များလား?" သူကမျက်လုံးမှေးလိုက်သည်။
"မဖတ်ဖူးပါဘူး!" ယူရှောင်းမိုက အင်မတန်
လျင်မြန်စွာပြန်ငြင်းလိုက်သည်။ "ကျွန်တော်က
ဘာလို့ဒီလိုစာအုပ်မျိုးဖတ်ရမှာလဲ?"
လင်းရှောင်က ပျော်ရွှင်စွာခေါင်းညိတ်သည်။
"ဒါလည်းဟုတ်တာပဲ မင်းရဲ့ဉာဏ်ရည်က
အနှုတ်ဖြစ်နေတာကြာလှပြီ၊ မဟုတ်လို့ရှိရင်
အနှုတ်တစ်ရာထိကျသွားလိမ့်မယ်"
ယူရှောင်းမိုမှာ သူ့ကိုသေအောင်
ကိုက်ဆွဲချင်လာတော့သည်။
သို့သော်ငြား အဆုံးတွင် လင်းရှောင်ကထိုစာအုပ်ကို
မဖတ်ပေ။ သူပြောတာ အချိန်ရမှဖြည်းဖြည်းချင်း
ဖတ်မည်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နောင်မှာ
သူ့ခြေရာလက်ရာတွေကိုဖျောက်ဖို့အချိန်ရှိမည်ပင်။
ယူရှောင်းမို သက်ပြင်းလေးချနိုင်ချိန်မှာပဲ
လင်းရှောင်က [နှစ်ကိုယ်တူကျင့်ကြံရန်နည်းလမ်း
ဆယ့်ရှစ်သွယ်]စာအုပ်ကို ကောက်ပြီး
လှန်လှောတော့သည်။
နာမည်အတိုင်း နည်းလမ်းဆယ့်ရှစ်သွယ်ဆိုသည်မှာ
အနေအထားဆယ့်ရှစ်မျိုးဖြစ်သည်။
ဤစာအုပ်များက ရှင်းပြချက်အတိုလေးများနှင့်
ပန်းချီစာအုပ်ဖြစ်သည်။ သို့သော်လည်း
ယောက်ျားတစ်ယောက် တစ်ချက်ကြည့်လိုက်သရွေ့
အနေအထားနောက်ကွယ်က အဓိပ္ပါယ်ကို
အခြေခံအားဖြင့်နားလည်ကြသည်။
ယူရှောင်းမိုက ကြောက်ကြောက်နှင့်အိပ်ရာထဲ
ဝင်သွားတော့သည်။ တစ်ခါတည်း သူ့ကိုယ်သူ
မုန့်ဖက်ထုပ်ဖြစ်အောင် စောင်ဖြင့်ထုပ်လိုက်သေး၏။
နာရီဝက်ကြာပြီးသည့်နောက် လင်းရှောင်ဆီက
လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရသည့်အခါ
သူစိတ်အေးသွားသည်၊ နောက်ထပ်နာရီဝက်
ကြာပြီးသည့်နောက် လူဖက်ထုပ်လေး
ပြေသွားတော့သည်။ သူ့ခန္ဓာကိုယ်ကို အင်မတန်
ခက်ခဲသောအနေအထားများသို့ ထားခံရသည့်အတိုင်း
လုံးလုံးဖြူဖြူပေါက်စီလေးနှစ်လုံးက လိုက်၍
လှုပ်ယမ်းလို့နေသည်၊ ပေါက်စီလေးမှာ အမျိုးသား၏
ကြီးမားလှသောပစ္စည်းကြီးအား အဆက်မပြတ်
လက်ခံနေရရှာသည်။
မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းလျက် ယူရှောင်းမို
တစ်ယောက် အိပ်ရာထဲလှဲနေလေသည်။
ဘယ်လောက်တောင်ကြာမှန်းမသိတော့ချေ၊
သူ့ခြေထောက်တွေတောင်မှ ပျော့ခွေနေသည်။
သူအိပ်ပျော်မသွားခင် ထိုစာအုပ်များကိုလွှတ်ကို
လွှတ်ပစ်မည်ဟု ကျိန်ဆိုလိုက်သည်။
နောက်တစ်ရက် ယူရှောင်းမိုနိုးလာတော့
လည်ချောင်းက အက်တက်တက်ဖြစ်နေတုန်းပင်။
မနေ့ညကဒဏ်များကြောင့် သူ့အောက်ပိုင်းက
ပူလောင်နေဆဲပင်ဖြစ်သည်။ လင်းရှောင်ကား
မနိုးသေး၊ လက်တစ်ဖက်က ယူရှောင်းမိုခါးကို
ဖက်လို့ထားသည်။
ယူရှောင်းမိုက စကားတစ်ခွန်းပြောလိုက်ပြီး
လက်ချောင်းလေးလှုပ်သွားကာ သူ့နယ်မြေထဲ
ဝင်သွားတော့သည်။ ပြန်ထွက်လာသည့်အခါ
ထူးဆန်းသောခံစားချက်တစ်မျိုး အနည်းငယ်
ကျန်နေသေးသည်မှတစ်ပါး သူ့ကိုယ်က
အကောင်းပကတိဖြစ်သွားပြီဖြစ်၏၊။
သူ နယ်မြေထဲခဏဝင်နေတုန်းမှာ လင်းရှောင်က
နိုးနေပြီဖြစ်သည်။ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး
လက်ဖက်ရည်စားပွဲဘေးထိုင်လျက် လက်ထဲတွင်
ကျောက်စိမ်းတုံးလေးတစ်တုံး ကစားနေသည်။
သူ့ကိုမြင်တော့ ပြောသည်။
"အဆင်သင့်ဖြစ်ရင် သွားကြတော့မလား"
ထို့နောက် နှစ်ယောက်သား တည်းခိုခန်းမှ
ထွက်ခဲ့ကြတော့သည်။
သူတို့ပြန်လာသည့်အကြောင်းကို ကျုံးယဲ့နှင့်
ချောင်ဝူရှင်းတို့မသိကြပေ။ ထို့အပြင် သူတို့
နှစ်ယောက်စလုံး ပြိုင်ပွဲအတွက် တံခါးပိတ်
ကျင့်ကြံနေကြသည်။ ဝမ်ယနှင့်ကျန်းလန်ယွီတို့
အတွက်ကတော့ ၊ ဝမ်ယက အဆင့်တက်ကာစဖြစ်၍
အခြေခိုင်မာအောင်လုပ်နေသည်၊ ကျန်းလန်ယွီက
ပြိုင်ပွဲအတွက်ပြင်ဆင်သည့်အနေဖြင့်
အဆင့်တက်နိုင်ဖို့ အခွင့်အလမ်းရှာဖွေရင်း
တံခါးပိတ်ကျင့်ကြံနေသည်။ အဆုံး၌
အားယားနေသူမှာ ထျန်ရှင်းတစ်ယောက်သာရှိသည်။
သူမ ပြိုင်ပွဲမှာမပါနိုင်တာကို သိသဖြင့် ထျန်ရှင်းက
တံခါးပိတ်ပြီးကျင့်ကြံမနေပေ။ စောင့်ကြပ်မည့်
ချောင်ဝူရှင်းမရှိလေရာ သူမက လုပ်ချင်သလို
လုပ်နေတော့သည်။
ယူရှောင်းမိုပြန်လာကြောင်းသိရသည့်အခါ
ထျန်ရှင်းသည် တက်ကြွစွာပြေးလာပြီး သူ့ကို
မြင်တော့ လှမ်းဖက်လုနီးပါးပင်။ မငယ်တော့ပေမဲ့
သူမစရိုက်က နမော်နမဲ့နိုင်ပြီးစိတ်မြန်လက်မြန်ရှိသည့်
ကောင်မလေးဖြစ်နေဆဲပင်ဖြစ်သည်။
ဘာများပြောင်းလဲသွားလဲမေးရင်တော့ သူမခွန်အား
ပိုများလာပုံပင်။
ထျန်းရှင်း သူ့ရင်ဘတ်ကိုပုတ်လိုက်သည့်အခါ
ယူရှောင်းမိုမှာ အသက်ရှူပင်ရပ်သွားသည်။
ထျန်ရှင်းကတော့ ၎င်းကိုသတိမထားမိဘဲ
ငြီးတွားလေသည်။
"ယူရှောင်းမို နင်ကတော်တော်မသိတတ်တာပဲ။
နင့်သူငယ်ချင်းနဲ့ လာတောင်မတွေ့ဘူး"
ယူရှောင်းမိုတွေးမိသည်၊ အကယ်၍ သူပြန်လာတိုင်း
သူမရိုက်တာခံရမည်ဆိုပါက ပြန်မလာတာ
ပိုကောင်းပေမည်။
"ဘယ်သူမှမရှိဘူးလား? ဘာလို့
မင်းတစ်ယောက်တည်းလဲ?"
ယူရှောင်းမိုက ခေါင်းစဉ်ပြောင်းလိုက်သည်။
ထျန်ရှင်းကတခစ်ခစ်ရယ်၏။
"လာမယ့်ပြိုင်ပွဲအတွက် သူတို့အကုန်လုံး
တံခါးပိတ်ကျင့်ကြံနေကြတာ။ အခုငါတစ်ယောက်ပဲ
ရှိတာ။ နင်ရော ပြိုင်ပွဲအတွက်ပြန်လာတာလား။
နင်မသိတာရှိရင် ငါ့ကိုမေးလေ။ ငါကဝင်ပြိုင်ဖို့
အစီအစဉ်တော့မရှိပေမဲ့ အကုန်သိထားတယ်"
လင်းရှောင်ကလိုက်လို့မရသောကြောင့်
ရှောင်ယောင်တက္ကသိုလ်အပြင်ရှိ ငြိမ်အေးသော
လက်ဖက်ရည်အိမ်တစ်ခုကို ရွေးချယ်လိုက်သည်။
ဤရက်များအတွင်း ထျန်ရှင်းမှာ အသိများနှင့်
တွေ့ရခဲသောကြောင့် တော်တော်လေးပျော်ရွှင်နေပုံ
ပေါ်သည်။ သူမက ယူရှောင်းမိုမေးတာမစောင့်ဘဲ
လေစပေါတော့သည်။
မှော်ဆရာများစုဝေးပွဲကို ထည့်တွက်ပြီးနောက်
ဤနှစ် ထုံထျန်းနန်းတော်ရဲ့ပြိုင်ပွဲက
ယခင်နှစ်များကထက် ပို၍ရိုးရှင်းလေသည်။
ကောလဟလများအရ အဆင့်နှစ်ခုပဲပါသည်။
တစ်ခုက မှော်ဆရာများ၏ဝိဉာဉ်စွမ်အား
ထိန်းချုပ်နိုင်စွမ်းနှင့် နောက်တစ်ခုက စိတ်စွမ်းအားနှင့်
စိတ်ရှည်မှုတို့ကို စမ်းသပ်မှာဖြစ်သည်။
အသေးစိတ်များကိုသိရဖို့အတွက်ကတော့
ပြိုင်ပွဲစမည့်အချိန်အထိ စောင့်ရမည်ဖြစ်သည်။
သို့ပေမဲ့ ပြိုင်ပွဲမှာ မှော်ဆရာတိုင်းပါဝင်နိုင်တာ
မဟုတ်ပေ။ အချို့သောသက်တန့်အဆင့်
မှော်ဆရာများမှာ ခွန်အားကန့်သက်ချက်
ပြည့်မှီရင်တောင် အခြားလိုအပ်ချက်များ
မပြည့်မှီပါက ငြင်းပယ်ခံရနိုင်သည်။ ဒါကတော့
ဖြစ်ပျက်နေကျ ကိစ္စတစ်ခုဖြစ်သည်။
ပြိုင်ပွဲအတွက် အချက်အလက်အတည်ပြုပြီးသည်နှင့်
ယူရှောင်းမိုသည်အချိန်ဆွဲမနေဘဲ တွန့်ဆုတ်
တွန့်ဆုတ်လုပ်နေသောထျန်ရှင်းနှင့် လမ်းခွဲလိုက်
သည်။ ယခုအချိန်မှ ပြိုင်ပွဲမတိုင်ခင်ထိ အချိန်တစ်လ
ရှိသေးရာ အချိန်လုံလောက်သေးသည်။
ယခုလောလောဆယ်မှာ သူ့ရဲ့ဆေးဖော်ခန်းနဲ့
စာကြည့်တိုက်က အရေးအကြီးဆုံးဖြစ်သည်။
သူတို့ အထဲကိုခြေချလိုက်သည်နှင့် တောက်တဲ့
ဖေဖေက သူတို့နှင့်တွေ့ဖို့ဧည့်သည်ရောက်နေကြောင်း၊
ဟိုတစ်နေ့ကနေ ဒီနေ့ထိစောင့်နေကြကြောင်း
လာပြောသည်။
ဘယ်သူတွေဖြစ်လောက်လဲ ယူရှောင်းမို
စဉ်းစားကြည့်သည်။ သူ့ရဲ့ဆက်နွယ်သားရဲသာဆိုရင်
တောက်တဲ့ဖေဖေက 'စောင့်နေကြတယ်'ဟူသည့်
စကားမျိုးသုံးမည်မဟုတ်ပေ။ ဟိုအကောင်များဆိုရင်
လက်မနှေးဘဲ သူတို့အတွက်သူတို့
သက်သောင့်သက်သာရှိသည့်အခန်းတစ်ခု
ရှာကြမည်ဖြစ်သည်။
နန်းတော်က ကြီးမားလွန်းရာ သူဝင်လာတိုင်း
ထိုင်ခုံတစ်ခုံရှာတွေ့ဖို့အရေး အကြာကြီး
လျှောက်ရသဖြင့် ယူရှောင်းမိုက
ဘေးအပိုအခန်းများကို ဧည့်ခန်းအဖြစ်
ပြောင်းထားသည်။ အတွင်းအလှဆင်ပုံက
ရိုးရှင်းပြီး နည်းနည်းပိုကြီးသည်မှလွဲလျှင်
တည်းခိုခန်းကသီးသန့်အခန်းနှင့် အတူတူပဲ
ဖြစ်သည်။
ယူရှောင်းမို တံခါးဖွင့်ပြီး လျှောက်ဝင်သွားလိုက်
သည်။ အတွင်းရှိလူတိုင်းက လှည့်လာကြပြီး
သန်မာပြီးအားပြင်းသောနှလုံးခုန်သံများစွာကို
သူကြားလိုက်ရသည့်နှယ်ပင်။ ထို့နောက်တွင်
လူခြောက်ဦးကြား၌ ရင်းနှီးသောမျက်နှာတစ်ခု
တွေ့ရလေသည်။
"သခင်!" လန်ချုံးက စိတ်လှုပ်ရှားစွာဖြင့်
လျှောက်သွားသည်။ နောက်ဆုံးတော့
သူတို့စောင့်နေတဲ့လူ ပြန်ရောက်လာပေပြီ။
တစ်နှစ်လုံးလုံး ဤအခိုက်အတံ့လေးကိုသူတို့
စောင့်မျှော်နေခဲ့ရတာဖြစ်သည်။
သေဆုံးသွားပြီဖြစ်သော လောဘဝံပုလွေမှလွဲ၍
ပြစ်မျိုးခုနစ်ဖြာသားရဲအကုန် ရှိနေကြသည်။
သူတို့က လန်ချုံးဆီကနေ ယူရှောင်းမိုအကြောင်း
တော်တော်များများကြားထားပုံရပြီး
မရင်းနှီးသောကျင့်ကြံသူတစ်ယောက်အား
တွေ့ရပြီးနောက်မှာ သတိကြီးကြီးထားနေကြပုံ
မရှိပေ။ ထိုအစား အကဲခတ်နေကြပုံရှိသည်၊
သို့သော် သူတို့အကြည့်များ လင်းရှောင်ဆီ
ရောက်သွားချိန်တွင် ကြောက်ရွံ့မှုအနည်းငယ်
ပေါ်လာသည်။
မိသားစုခေါင်းဆောင်....ရဲ့ဇနီးအနေဖြင့်
ယူရှောင်းမိုက သင့်တင့်လျောက်ပတ်သော
ဟန်ပန်အမူအရာဖြင့် သူတို့ကိုထိုင်ခိုင်းလိုက်သည်။
သို့သော်ငြား တစ်ယောက်မှမထိုင်ကြပေ။ သူတို့မှာ
အချိန်အကြာကြီးသည်းခံစောင့်ဆိုင်းနေခဲ့ကြတာ
ဖြစ်သော်လည်း နောက်ဆုံးတွေ့ရချိန်တွင်
ညီအစ်ကိုခြောက်ယောက်မှာ စိုးရိမ်နေဆဲဖြစ်သည်။
သူတို့ခံစားချက်ကို ယူရှောင်းမိုလည်းနည်းနည်းတော့
နားလည်သည်။ သူတို့ကို မျှော်တလင့်လင့်
ဖြစ်နေရအောင်မလုပ်ဘဲနဲ့ လောဘဝံပုလွေ၏
အသက်သလင်းထည့်ထားသော သေတ္တာလေးကို
ထုတ်ပြီးကမ်းပေးလိုက်သည်။
လန်ချုံးကစိတ်လှုပ်တရှားနဲ့ လှမ်းယူလိုက်သည်။
သေတ္တာကိုဖွင့်မကြည့်ရသေးပေမဲ့ လောဘဝံပုလွေ၏
အငွေ့အသက်ကို ရနေပြီဖြစ်သည်။ ၎င်းက
တကယ်ပဲ လောဘဝံပုလွေ၏အသက်သလင်းဖြစ်ပြီး
ညီအစ်ကိုခြောက်ယောက်မှာ ပြင်းထန်သော
ခံစားချက်များကြောင့် မျက်နှာများပင်
နီရဲလာလေတော့သည်။
စတုတ္ထမြောက်တစ်ယောက်က သူ့ညီအစ်ကိုများ၏
စိတ်လှုပ်ရှားနေသောပုံကို ပျင်းရိပျင်းတွဲဖြင့်
ကြည့်နေပြီးနောက် ယူရှောင်းမိုနှင့်လင်းရှောင်တို့၏
တည်ငြိမ်အေးဆေးသောအမူအရာကို တစ်ချက်
လှမ်းကြည့်သည်။ ညီမျှနေသောပတ်ဝန်းကျင်ကို
သူကဖြိုခွဲလိုက်၏။
"ဒီအသက်သလင်းက ကျုပ်တို့အတွက်
အရေးကြီးတယ်။ ခင်ဗျားတို့နှစ်ယောက်
ဘာတောင်းဆိုချင်လဲမသိပေမဲ့ ကျုပ်တို့
ညီအစ်ကိုတွေလုပ်ပေးနိုင်တဲ့ဟာဖြစ်သရွေ့
လုပ်ပေးပါ့မယ်"
အခြားသူများလည်း ချက်ချင်းငြိမ်ကျ
သွားတော့သည်။ ဟုတ်သည်၊ အသက်သလင်းကို
သူတို့ကိုပေးမယ်လို့မှ မပြောရသေးပဲ။
ဟိုးအရင်ကတည်းက အလကားရသည့်
ထမင်းတစ်နပ်ဆိုတာ မရှိပေ။
ယူရှောင်းမို တန့်သွားသည်။
"အခုလောလောဆယ်တော့ မရှိဘူး၊ ဒါပေမဲ့
ခင်ဗျားတို့ စိတ်ပူစရာမလိုပါဘူး။ အစကတည်းက
ဒီအသက်သလင်းကို လန်ချုံးအတွက်ရည်ရွယ်ပြီး
လေလံဆွဲခဲ့တာ။ သူက ကျွန်တော့်ဆက်နွယ်
သားရဲလေ၊ တကယ်လို့ သူ့အစ်ကိုရဲ့
အသက်သလင်းကံမကောင်းအကြောင်းမလှ
ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ကကူညီပေးမှာပေါ့ဗျာ"
သူ့အစ်ကိုရဲ့အသက်သလင်း ကံမကောင်း
အကြောင်းမလှဖြစ်...
ဘယ်လိုစကားမျိုးကြီးတုန်း?
လန်ချုံးမှတစ်ပါး ကျန်ငါးယောက်၏အမူအရာမှာ
ထူးဆန်းသွားကြသည်။ သူကတော့ ရံဖန်ရံခါမှာ
ယူရှောင်းမို ထူးထူးဆန်းဆန်းပြောတာကို
နေသားကျနေပြီဖြစ်သည်။ ယူရှောင်းမိုက သူ့အပေါ်
အမြဲတမ်းရက်ရောတာကိုလည်း သိသဖြင့်
အသက်သလင်းကို စနိုးစနောင့်မဖြစ်ဘဲ
လက်ခံလိုက်သည်။ ဒါပေါ့ ကျေးဇူးပြန်ဆပ်ဖို့တော့
လိုတာပေါ့လေ။
တစ်ခဏကြာပြီးသည့်နောက် ယူရှောင်းမိုက
လန်ချုံးကို သူ့ညီအစ်ကိုများကိုခေါ်ပြီး အခန်းများ
ရှာနေကြဖို့ခိုင်းလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ်
နန်းတော်မှာ အခန်းများစွာရှိရာ လူဒါဇင်ခန့်
ခေါ်တင်ထားဖို့ ပြဿနာမရှိပေ။ ထို့နောက်မှာတော့
သူနဲ့လင်းရှောင်တို့ စာကြည့်တိုက်သို့
ဦးတည်လိုက်ကြတော့သည်။
_________________________
//Zawgyi//
အပိုင္း ၆၂၅- ျပစ္မ်ိဳးခုနစ္ျဖာသားရဲမ်ား
စာအုပ္ငါးရာက ယူေရွာင္းမိုအား စြမ္းအင္ေက်ာက္တံုး
ငါးသိန္းခန႔္ကုန္သြားေစသည္။ အမွန္ေတာ့ ဒီေဈးက
နည္းနည္းမ်ားသည္၊ ဘာလို႔ဆို စာအုပ္တစ္အုပ္ကို
ပ်မ္းမ်ွအားျဖင့္ စြမ္းအင္ေက်ာက္တံုးတစ္ေထာင္
ဝန္းက်င္ က်သင့္တာေၾကာင့္ပင္။ သို႔ေပမဲ့လည္း
စာအုပ္မ်ားကို ၾကာရွည္အထားခံေစရန္
စာအုပ္ဆိုင္က သာမန္မဟုတ္ေသာပစၥည္းမ်ား
အသံုးျပဳထားရသည္ပင္။
ပံုမွန္အားျဖင့္ ယူေရွာင္းမိုမွာ ဘယ္လို
ေဈးႀကီးေၾကာင္း တစ္ခါေလာက္ေတာ့ ၿငီးတြားဦးမည္
ျဖစ္သည္၊ သို႔ေသာ္ ယေန့တြင္ေတာ့ စိတ္မပါေခ်။
သူ႔စိတ္တစ္ခုလံုး လင္းေရွာင္ဝယ္သၫ့္စာအုပ္မ်ားႏွင့္
ျပၫ့္ႏွက္ေနသည္။ ၄က သူ႔စိတ္အေျခအေနအား
လံုးဝဥႆံုပ်က္စီးေစသည္။
ဖုန္းေလ့စာအုပ္ဆိုင္မွအျပန္တြင္ ေရွာင္ေယာင္
တကၠသိုလ္သို႔ သူတို႔တန္းမဝင္ခဲ့ေပ။ စာအုပ္
ေကာင္းမ်ားေရြးခ်ယ္ရန္အတြက္
စာအုပ္ဆိုင္တြင္ ႏွစ္နာရီ၊ သံုးနာရီခန႔္ၾကာခဲ့ရာ
သူတို႔ျပန္ခ်ိန္တြင္ ေကာင္းကင္ကေမွာင္ေနၿပီျဖစ္ၿပီး
ၿမိဳ႔ေတာ္ႀကီးက မီးေရာင္မ်ားျဖင့္လင္းထိန္ေနသည္။
အျပင္မွာၾကာၾကာေနဖို႔ အစီအစဉ္မရိွသျဖင့္
ယူေရွာင္းမိုက တစ္ညတည္းခိုရန္ေနရာရွာလိုက္သည္။
ည၌ လင္းေရွာင္က အဝါေရာင္စာအုပ္ဆယ္အုပ္ကို
ရုတ္တရက္ ထေတာင္းေလသည္။
ယူေရွာင္းမိုက အလြန္အမင္းႀကီးမားေသာ
တံု႔ျပန္မႈႀကီးျဖင့္ အိပ္ရာအတြင္းပိုင္းသို႔
က်ဳံ႔ဝင္သြားသည္။
"ခင္ဗ်ားဘာလုပ္မလို႔လဲ?!"
လင္းေရွာင္ "......"
စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ သူတံု႔ျပန္တာ
နည္းနည္းမ်ားသြားမွန္းကို ယူေရွာင္းမိုေတြ့ရိွလိုက္၏။
လင္းေရွာင္၏မည္းေမွာင္ေနေသာအၾကၫ့္အား
ေတြ့လိုက္ရခ်ိန္တြင္ သူ႔ကိုယ္သူအခါတစ္ရာေလာက္
ရိုက္ခ်င္သြားေတာ့သည္။
သူေတာ္ေတာ္တံုးတာပဲ.. ဒါက အားသံုးဖို႔အတြက္
ဆင္ေျခတစ္ခုေပးေနတာပဲမဟုတ္ဘူးလား?
ေကာင္းက်ိဳးဆိုးက်ိဳးမ်ားအား ခ်ိန္ဆၿပီးေနာက္
ယူေရွာင္းမိုသည္ ထိုစာအုပ္ဆယ္အုပ္ကို
ထုတ္ေပးလိုက္ေတာ့သည္။ စာအုပ္ဆိုင္မွာတုန္းက
ရွက္စိတ္မ်ားေနခဲ့သျဖင့္ အဖံုးႏွစ္ခုတည္းပဲ
သူျမင္ခဲ့ရသည္။ တစ္ျခားဘာဝယ္လာေသးလဲ
သူမသိေပ။
" [နတ္ဆိုးခင္ပြန္းသည္၏ခ်စ္လွစြာေသာဇနီးေလး]?"
ယူေရွာင္းမို ႄကံုရာတစ္အုပ္ေကာက္ကိုင္လိုက္
သည္။ ေခါင္းစဉ္ကိုျမင္ေတာ့ သူခ်က္ခ်င္းပင္
ေနထိုင္မေကာင္းျဖစ္လာသည္။
ဒီလိုခပ္ေလးေလးဇာတ္လမ္းကဘာလား?
လင္းေရွာင္က ဒီလိုစာအုပ္မ်ိဳးႀကိဳက္တာလား?
လင္းေရွာင္က အလြန္အမင္းဣေျဒရိွစြာျဖင့္
စာအုပ္ကို ဆတ္ခနဲဆဲြယူလိုက္သည္။
"Mhm, စာအုပ္ဆိုင္ကလက္ေထာက္က
မိတ္ဆက္ေပးတာ။ သူေျပာတာ ဒါက
ဆိုင္မွာသိပ္မရိွတဲ့ ေယာက္်ားေလးခ်င္း
စာအုပ္ေတြထဲကတစ္အုပ္တဲ့"
ယူေရွာင္းမို ေသြးတစ္ပြက္အန္သြားသည္။
သူ တကယ္ပဲတိုင္ၾကားစာတင္ခ်င္သည္။
တစ္ေယာက္ေယာက္က သူ႔လူကို အက်င့္ပ်က္
ျခစားေအာင္လုပ္ခ်င္ေနတယ္၊ ဒါေပမဲ့ သူ႔ရဲ့လူက
သူ႔ဟာနဲ႔သူကို လံုလံုေလာက္ေလာက္အက်င့္ပ်က္
ေနၿပီးသားဆိုတာ သူတို႔မသိၾကဘူးလား?
"ကၽြန္-ကၽြန္-ကၽြန္ေတာ့္အထင္ ခင္ဗ်ားဒီလိုစာအုပ္မ်ိဳး
မဖတ္သင့္ဘူး... ဉာဏ္နိမ့္သြားလိမ့္မယ္"
ယူေရွာင္းမိုက ေျပာရင္း စာအုပ္ကိုျပန္လုလိုက္ေပမဲ့
လင္းေရွာင္က ေပါ့ပါးစြာေရွာင္လိုက္သည္။
ယူေရွာင္းမို သူ႔ကိုကူကယ္ရာမဲ့စြာၾကၫ့္လိုက္၏။
လင္းေရွာင္က စာအုပ္ကိုလက္ထဲကိုင္ထားရင္း
သူ႔ဆီအၾကၫ့္တစ္ခ်က္လႊတ္လိုက္သည္။
"ေကာင္းလားမေကာင္းလားသိရေအာင္ အရင္
ဖတ္ၾကၫ့္ရဦးမွာေပါ့။ ဒါမွမဟုတ္ မင္းအရင္က
ဖတ္ဖူးလို႔မ်ားလား?" သူကမ်က္လံုးေမွးလိုက္သည္။
"မဖတ္ဖူးပါဘူး!" ယူေရွာင္းမိုက အင္မတန္
လ်င္ျမန္စြာျပန္ျငင္းလိုက္သည္။ "ကၽြန္ေတာ္က
ဘာလို႔ဒီလိုစာအုပ္မ်ိဳးဖတ္ရမွာလဲ?"
လင္းေရွာင္က ေပ်ာ္ရႊင္စြာေခါင္းညိတ္သည္။
"ဒါလည္းဟုတ္တာပဲ မင္းရဲ့ဉာဏ္ရည္က
အႏႈတ္ျဖစ္ေနတာၾကာလွၿပီ၊ မဟုတ္လို႔ရိွရင္
အႏႈတ္တစ္ရာထိက်သြားလိမ့္မယ္"
ယူေရွာင္းမိုမွာ သူ႔ကိုေသေအာင္
ကိုက္ဆဲြခ်င္လာေတာ့သည္။
သို႔ေသာ္ျငား အဆံုးတြင္ လင္းေရွာင္ကထိုစာအုပ္ကို
မဖတ္ေပ။ သူေျပာတာ အခ်ိန္ရမျွဖည္းျဖည္းခ်င္း
ဖတ္မည္တဲ့။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာင္မွာ
သူ႔ေျခရာလက္ရာေတြကိုေဖ်ာက္ဖို႔အခ်ိန္ရိွမည္ပင္။
ယူေရွာင္းမို သက္ျပင္းေလးခ်ႏိုင္ခ်ိန္မွာပဲ
လင္းေရွာင္က [ႏွစ္ကိုယ္တူက်င့္ႀကံရန္နည္းလမ္း
ဆယ့္ရွစ္သြယ္]စာအုပ္ကို ေကာက္ၿပီး
လွန္ေလွာေတာ့သည္။
နာမည္အတိုင္း နည္းလမ္းဆယ့္ရွစ္သြယ္ဆိုသည္မွာ
အေနအထားဆယ့္ရွစ္မ်ိဳးျဖစ္သည္။
ဤစာအုပ္မ်ားက ရွင္းျပခ်က္အတိုေလးမ်ားႏွင့္
ပန္းခ်ီစာအုပ္ျဖစ္သည္။ သို႔ေသာ္လည္း
ေယာက္်ားတစ္ေယာက္ တစ္ခ်က္ၾကၫ့္လိုက္သေရြ့
အေနအထားေနာက္ကြယ္က အဓိပၸါယ္ကို
အေျခခံအားျဖင့္နားလည္ၾကသည္။
ယူေရွာင္းမိုက ေၾကာက္ေၾကာက္ႏွင့္အိပ္ရာထဲ
ဝင္သြားေတာ့သည္။ တစ္ခါတည္း သူ႔ကိုယ္သူ
မုန႔္ဖက္ထုပ္ျဖစ္ေအာင္ ေစာင္ျဖင့္ထုပ္လိုက္ေသး၏။
နာရီဝက္ၾကာၿပီးသၫ့္ေနာက္ လင္းေရွာင္ဆီက
လႈပ္ရွားမႈတစ္စံုတစ္ရာမေတြ့ရသၫ့္အခါ
သူစိတ္ေအးသြားသည္၊ ေနာက္ထပ္နာရီဝက္
ၾကာၿပီးသၫ့္ေနာက္ လူဖက္ထုပ္ေလး
ေျပသြားေတာ့သည္။ သူ႔ခႏၶာကိုယ္ကို အင္မတန္
ခက္ခဲေသာအေနအထားမ်ားသို႔ ထားခံရသၫ့္အတိုင္း
လံုးလံုးျဖဴႁဖူေပါက္စီေလးႏွစ္လံုးက လိုက္၍
လႈပ္ယမ္းလို႔ေနသည္၊ ေပါက္စီေလးမွာ အမ်ိဳးသား၏
ႀကီးမားလွေသာပစၥည္းႀကီးအား အဆက္မျပတ္
လက္ခံေနရရွာသည္။
မ်က္ႏွာတစ္ခုလံုး ရွက္ေသြးျဖန္းလ်က္ ယူေရွာင္းမို
တစ္ေယာက္ အိပ္ရာထဲလွဲေနေလသည္။
ဘယ္ေလာက္ေတာင္ၾကာမွန္းမသိေတာ့ေခ်၊
သူ႔ေျခေထာက္ေတြေတာင္မွ ေပ်ာ့ေခြေနသည္။
သူအိပ္ေပ်ာ္မသြားခင္ ထိုစာအုပ္မ်ားကိုလႊတ္ကို
လႊတ္ပစ္မည္ဟု က်ိန္ဆိုလိုက္သည္။
ေနာက္တစ္ရက္ ယူေရွာင္းမိုႏိုးလာေတာ့
လည္ေခ်ာင္းက အက္တက္တက္ျဖစ္ေနတုန္းပင္။
မေန့ညကဒဏ္မ်ားေၾကာင့္ သူ႔ေအာက္ပိုင္းက
ပူေလာင္ေနဆဲပင္ျဖစ္သည္။ လင္းေရွာင္ကား
မႏိုးေသး၊ လက္တစ္ဖက္က ယူေရွာင္းမိုခါးကို
ဖက္လို႔ထားသည္။
ယူေရွာင္းမိုက စကားတစ္ခြန္းေျပာလိုက္ၿပီး
လက္ေခ်ာင္းေလးလႈပ္သြားကာ သူ႔နယ္ေျမထဲ
ဝင္သြားေတာ့သည္။ ျပန္ထြက္လာသၫ့္အခါ
ထူးဆန္းေသာခံစားခ်က္တစ္မ်ိဳး အနည္းငယ္
က်န္ေနေသးသည္မွတစ္ပါး သူ႔ကိုယ္က
အေကာင္းပကတိျဖစ္သြားၿပီျဖစ္၏၊။
သူ နယ္ေျမထဲခဏဝင္ေနတုန္းမွာ လင္းေရွာင္က
ႏိုးေနၿပီျဖစ္သည္။ သပ္သပ္ရပ္ရပ္ဝတ္ဆင္ထားၿပီး
လက္ဖက္ရည္စားပဲြေဘးထိုင္လ်က္ လက္ထဲတြင္
ေက်ာက္စိမ္းတံုးေလးတစ္တံုး ကစားေနသည္။
သူ႔ကိုျမင္ေတာ့ ေျပာသည္။
"အဆင္သင့္ျဖစ္ရင္ သြားၾကေတာ့မလား"
ထို႔ေနာက္ ႏွစ္ေယာက္သား တည္းခိုခန္းမွ
ထြက္ခဲ့ၾကေတာ့သည္။
သူတို႔ျပန္လာသၫ့္အေၾကာင္းကို က်ဳံးယဲ့ႏွင့္
ေခ်ာင္ဝူရွင္းတို႔မသိၾကေပ။ ထို႔အျပင္ သူတို႔
ႏွစ္ေယာက္စလံုး ၿပိဳင္ပဲြအတြက္ တံခါးပိတ္
က်င့္ႀကံေနၾကသည္။ ဝမ္ယႏွင့္က်န္းလန္ယီြတို႔
အတြက္ကေတာ့ ၊ ဝမ္ယက အဆင့္တက္ကာစျဖစ္၍
အေျခခိုင္မာေအာင္လုပ္ေနသည္၊ က်န္းလန္ယီြက
ၿပိဳင္ပဲြအတြက္ျပင္ဆင္သၫ့္အေနျဖင့္
အဆင့္တက္ႏိုင္ဖို႔ အခြင့္အလမ္းရွာေဖြရင္း
တံခါးပိတ္က်င့္ႀကံေနသည္။ အဆံုး၌
အားယားေနသူမွာ ထ်န္ရွင္းတစ္ေယာက္သာရိွသည္။
သူမ ၿပိဳင္ပဲြမွာမပါႏိုင္တာကို သိသျဖင့္ ထ်န္ရွင္းက
တံခါးပိတ္ၿပီးက်င့္ႀကံမေနေပ။ ေစာင့္ၾကပ္မၫ့္
ေခ်ာင္ဝူရွင္းမရိွေလရာ သူမက လုပ္ခ်င္သလို
လုပ္ေနေတာ့သည္။
ယူေရွာင္းမိုျပန္လာေၾကာင္းသိရသၫ့္အခါ
ထ်န္ရွင္းသည္ တက္ႂကြစြာေျပးလာၿပီး သူ႔ကို
ျမင္ေတာ့ လွမ္းဖက္လုနီးပါးပင္။ မငယ္ေတာ့ေပမဲ့
သူမစရိုက္က နေမာ္နမဲ့ႏိုင္ၿပီးစိတ္ျမန္လက္ျမန္ရိွသၫ့္
ေကာင္မေလးျဖစ္ေနဆဲပင္ျဖစ္သည္။
ဘာမ်ားေျပာင္းလဲသြားလဲေမးရင္ေတာ့ သူမခြန္အား
ပိုမ်ားလာပံုပင္။
ထ်န္းရွင္း သူ႔ရင္ဘတ္ကိုပုတ္လိုက္သၫ့္အခါ
ယူေရွာင္းမိုမွာ အသက္ရႉပင္ရပ္သြားသည္။
ထ်န္ရွင္းကေတာ့ ၄ကိုသတိမထားမိဘဲ
ၿငီးတြားေလသည္။
"ယူေရွာင္းမို နင္ကေတာ္ေတာ္မသိတတ္တာပဲ။
နင့္သူငယ္ခ်င္းနဲ႔ လာေတာင္မေတြ့ဘူး"
ယူေရွာင္းမိုေတြးမိသည္၊ အကယ္၍ သူျပန္လာတိုင္း
သူမရိုက္တာခံရမည္ဆိုပါက ျပန္မလာတာ
ပိုေကာင္းေပမည္။
"ဘယ္သူမွမရိွဘူးလား? ဘာလို႔
မင္းတစ္ေယာက္တည္းလဲ?"
ယူေရွာင္းမိုက ေခါင္းစဉ္ေျပာင္းလိုက္သည္။
ထ်န္ရွင္းကတခစ္ခစ္ရယ္၏။
"လာမယ့္ၿပိဳင္ပဲြအတြက္ သူတို႔အကုန္လံုး
တံခါးပိတ္က်င့္ႀကံေနၾကတာ။ အခုငါတစ္ေယာက္ပဲ
ရိွတာ။ နင္ေရာ ၿပိဳင္ပဲြအတြက္ျပန္လာတာလား။
နင္မသိတာရိွရင္ ငါ့ကိုေမးေလ။ ငါကဝင္ၿပိဳင္ဖို႔
အစီအစဉ္ေတာ့မရိွေပမဲ့ အကုန္သိထားတယ္"
လင္းေရွာင္ကလိုက္လို႔မရေသာေၾကာင့္
ေရွာင္ေယာင္တကၠသိုလ္အျပင္ရိွ ၿငိမ္ေအးေသာ
လက္ဖက္ရည္အိမ္တစ္ခုကို ေရြးခ်ယ္လိုက္သည္။
ဤရက္မ်ားအတြင္း ထ်န္ရွင္းမွာ အသိမ်ားႏွင့္
ေတြ့ရခဲေသာေၾကာင့္ ေတာ္ေတာ္ေလးေပ်ာ္ရႊင္ေနပံု
ေပၚသည္။ သူမက ယူေရွာင္းမိုေမးတာမေစာင့္ဘဲ
ေလစေပါေတာ့သည္။
ေမွာ္ဆရာမ်ားစုေဝးပဲြကို ထၫ့္တြက္ၿပီးေနာက္
ဤႏွစ္ ထံုထ်န္းနန္းေတာ္ရဲ့ၿပိဳင္ပဲြက
ယခင္ႏွစ္မ်ားကထက္ ပို၍ရိုးရွင္းေလသည္။
ေကာလဟလမ်ားအရ အဆင့္ႏွစ္ခုပဲပါသည္။
တစ္ခုက ေမွာ္ဆရာမ်ား၏ဝိဉာဉ္စြမ္အား
ထိန္းခ်ဳပ္ႏိုင္စြမ္းႏွင့္ ေနာက္တစ္ခုက စိတ္စြမ္းအားႏွင့္
စိတ္ရွည္မႈတို႔ကို စမ္းသပ္မွာျဖစ္သည္။
အေသးစိတ္မ်ားကိုသိရဖို႔အတြက္ကေတာ့
ၿပိဳင္ပဲြစမၫ့္အခ်ိန္အထိ ေစာင့္ရမည္ျဖစ္သည္။
သို႔ေပမဲ့ ၿပိဳင္ပဲြမွာ ေမွာ္ဆရာတိုင္းပါဝင္ႏိုင္တာ
မဟုတ္ေပ။ အခ်ိဳ႕ေသာသက္တန႔္အဆင့္
ေမွာ္ဆရာမ်ားမွာ ခြန္အားကန႔္သက္ခ်က္
ျပၫ့္မွီရင္ေတာင္ အျခားလိုအပ္ခ်က္မ်ား
မျပၫ့္မွီပါက ျငင္းပယ္ခံရႏိုင္သည္။ ဒါကေတာ့
ျဖစ္ပ်က္ေနက် ကိစၥတစ္ခုျဖစ္သည္။
ၿပိဳင္ပဲြအတြက္ အခ်က္အလက္အတည္ျပဳျပီးသည္ႏွင့္
ယူေရွာင္းမိုသည္အခ်ိန္ဆဲြမေနဘဲ တြန႔္ဆုတ္
တြန႔္ဆုတ္လုပ္ေနေသာထ်န္ရွင္းႏွင့္ လမ္းခဲြလိုက္
သည္။ ယခုအခ်ိန္မွ ၿပိဳင္ပဲြမတိုင္ခင္ထိ အခ်ိန္တစ္လ
ရိွေသးရာ အခ်ိန္လံုေလာက္ေသးသည္။
ယခုေလာေလာဆယ္မွာ သူ႔ရဲ့ေဆးေဖာ္ခန္းနဲ႔
စာၾကၫ့္တိုက္က အေရးအႀကီးဆံုးျဖစ္သည္။
သူတို႔ အထဲကိုေျခခ်လိုက္သည္ႏွင့္ ေတာက္တဲ့
ေဖေဖက သူတို႔ႏွင့္ေတြ့ဖို႔ဧၫ့္သည္ေရာက္ေနေၾကာင္း၊
ဟိုတစ္ေန့ကေန ဒီေန့ထိေစာင့္ေနၾကေၾကာင္း
လာေျပာသည္။
ဘယ္သူေတျြဖစ္ေလာက္လဲ ယူေရွာင္းမို
စဉ္းစားၾကၫ့္သည္။ သူ႔ရဲ့ဆက္ႏြယ္သားရဲသာဆိုရင္
ေတာက္တဲ့ေဖေဖက 'ေစာင့္ေနၾကတယ္'ဟူသၫ့္
စကားမ်ိဳးသံုးမည္မဟုတ္ေပ။ ဟိုအေကာင္မ်ားဆိုရင္
လက္မေနွးဘဲ သူတို႔အတြက္သူတို႔
သက္ေသာင့္သက္သာရိွသၫ့္အခန္းတစ္ခု
ရွာၾကမည္ျဖစ္သည္။
နန္းေတာ္က ႀကီးမားလြန္းရာ သူဝင္လာတိုင္း
ထိုင္ခံုတစ္ခံုရွာေတြ့ဖို႔အေရး အၾကာႀကီး
ေလ်ွာက္ရသျဖင့္ ယူေရွာင္းမိုက
ေဘးအပိုအခန္းမ်ားကို ဧၫ့္ခန္းအျဖစ္
ေျပာင္းထားသည္။ အတြင္းအလွဆင္ပံုက
ရိုးရွင္းၿပီး နည္းနည္းပိုႀကီးသည္မွလဲြလ်ွင္
တည္းခိုခန္းကသီးသန႔္အခန္းႏွင့္ အတူတူပဲ
ျဖစ္သည္။
ယူေရွာင္းမို တံခါးဖြင့္ၿပီး ေလ်ွာက္ဝင္သြားလိုက္
သည္။ အတြင္းရိွလူတိုင္းက လွၫ့္လာၾကၿပီး
သန္မာၿပီးအားျပင္းေသာႏွလံုးခုန္သံမ်ားစြာကို
သူၾကားလိုက္ရသၫ့္ႏွယ္ပင္။ ထို႔ေနာက္တြင္
လူေျခာက္ဦးၾကား၌ ရင္းႏွီးေသာမ်က္ႏွာတစ္ခု
ေတြ့ရေလသည္။
"သခင္!" လန္ခ်ဳံးက စိတ္လႈပ္ရွားစြာျဖင့္
ေလ်ွာက္သြားသည္။ ေနာက္ဆံုးေတာ့
သူတို႔ေစာင့္ေနတဲ့လူ ျပန္ေရာက္လာေပၿပီ။
တစ္ႏွစ္လံုးလံုး ဤအခိုက္အတံ့ေလးကိုသူတို႔
ေစာင့္ေမ်ွာ္ေနခဲ့ရတာျဖစ္သည္။
ေသဆံုးသြားၿပီျဖစ္ေသာ ေလာဘဝံပုေလြမွလဲြ၍
ျပစ္မ်ိဳးခုနစ္ျဖာသားရဲအကုန္ ရိွေနၾကသည္။
သူတို႔က လန္ခ်ဳံးဆီကေန ယူေရွာင္းမိုအေၾကာင္း
ေတာ္ေတာ္မ်ားမ်ားၾကားထားပံုရၿပီး
မရင္းႏွီးေသာက်င့္ႀကံသူတစ္ေယာက္အား
ေတြ့ရၿပီးေနာက္မွာ သတိႀကီးႀကီးထားေနၾကပံု
မရိွေပ။ ထိုအစား အကဲခတ္ေနၾကပံုရိွသည္၊
သို႔ေသာ္ သူတို႔အၾကၫ့္မ်ား လင္းေရွာင္ဆီ
ေရာက္သြားခ်ိန္တြင္ ေၾကာက္ရြံ႔မႈအနည္းငယ္
ေပၚလာသည္။
မိသားစုေခါင္းေဆာင္....ရဲ့ဇနီးအေနျဖင့္
ယူေရွာင္းမိုက သင့္တင့္ေလ်ာက္ပတ္ေသာ
ဟန္ပန္အမူအရာျဖင့္ သူတို႔ကိုထိုင္ခိုင္းလိုက္သည္။
သို႔ေသာ္ျငား တစ္ေယာက္မွမထိုင္ၾကေပ။ သူတို႔မွာ
အခ်ိန္အၾကာႀကီးသည္းခံေစာင့္ဆိုင္းေနခဲ့ၾကတာ
ျဖစ္ေသာ္လည္း ေနာက္ဆံုးေတြ့ရခ်ိန္တြင္
ညီအစ္ကိုေျခာက္ေယာက္မွာ စိုးရိမ္ေနဆဲျဖစ္သည္။
သူတို႔ခံစားခ်က္ကို ယူေရွာင္းမိုလည္းနည္းနည္းေတာ့
နားလည္သည္။ သူတို႔ကို ေမ်ွာ္တလင့္လင့္
ျဖစ္ေနရေအာင္မလုပ္ဘဲနဲ႔ ေလာဘဝံပုေလြ၏
အသက္သလင္းထၫ့္ထားေသာ ေသတၲာေလးကို
ထုတ္ၿပီးကမ္းေပးလိုက္သည္။
လန္ခ်ဳံးကစိတ္လႈပ္တရွားနဲ႔ လွမ္းယူလိုက္သည္။
ေသတၲာကိုဖြင့္မၾကၫ့္ရေသးေပမဲ့ ေလာဘဝံပုေလြ၏
အေငြ့အသက္ကို ရေနၿပီျဖစ္သည္။ ၄က
တကယ္ပဲ ေလာဘဝံပုေလြ၏အသက္သလင္းျဖစ္ၿပီး
ညီအစ္ကိုေျခာက္ေယာက္မွာ ျပင္းထန္ေသာ
ခံစားခ်က္မ်ားေၾကာင့္ မ်က္ႏွာမ်ားပင္
နီရဲလာေလေတာ့သည္။
စတုတၴေျမာက္တစ္ေယာက္က သူ႔ညီအစ္ကိုမ်ား၏
စိတ္လႈပ္ရွားေနေသာပံုကို ပ်င္းရိပ်င္းတဲြျဖင့္
ၾကၫ့္ေနၿပီးေနာက္ ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔၏
တည္ၿငိမ္ေအးေဆးေသာအမူအရာကို တစ္ခ်က္
လွမ္းၾကၫ့္သည္။ ညီမ်ွေနေသာပတ္ဝန္းက်င္ကို
သူကၿဖိဳခဲြလိုက္၏။
"ဒီအသက္သလင္းက က်ဳပ္တို႔အတြက္
အေရးႀကီးတယ္။ ခင္ဗ်ားတို႔ႏွစ္ေယာက္
ဘာေတာင္းဆိုခ်င္လဲမသိေပမဲ့ က်ဳပ္တို႔
ညီအစ္ကိုေတြလုပ္ေပးႏိုင္တဲ့ဟာျဖစ္သေရြ့
လုပ္ေပးပါ့မယ္"
အျခားသူမ်ားလည္း ခ်က္ခ်င္းၿငိမ္က်
သြားေတာ့သည္။ ဟုတ္သည္၊ အသက္သလင္းကို
သူတို႔ကိုေပးမယ္လို႔မွ မေျပာရေသးပဲ။
ဟိုးအရင္ကတည္းက အလကားရသၫ့္
ထမင္းတစ္နပ္ဆိုတာ မရိွေပ။
ယူေရွာင္းမို တန႔္သြားသည္။
"အခုေလာေလာဆယ္ေတာ့ မရိွဘူး၊ ဒါေပမဲ့
ခင္ဗ်ားတို႔ စိတ္ပူစရာမလိုပါဘူး။ အစကတည္းက
ဒီအသက္သလင္းကို လန္ခ်ဳံးအတြက္ရည္ရြယ္ၿပီး
ေလလံဆဲြခဲ့တာ။ သူက ကၽြန္ေတာ့္ဆက္ႏြယ္
သားရဲေလ၊ တကယ္လို႔ သူ႔အစ္ကိုရဲ့
အသက္သလင္းကံမေကာင္းအေၾကာင္းမလွ
ျဖစ္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ္ကကူညီေပးမွာေပါ့ဗ်ာ"
သူ႔အစ္ကိုရဲ့အသက္သလင္း ကံမေကာင္း
အေၾကာင္းမလျွဖစ္...
ဘယ္လိုစကားမ်ိဳးႀကီးတုန္း?
လန္ခ်ဳံးမွတစ္ပါး က်န္ငါးေယာက္၏အမူအရာမွာ
ထူးဆန္းသြားၾကသည္။ သူကေတာ့ ရံဖန္ရံခါမွာ
ယူေရွာင္းမို ထူးထူးဆန္းဆန္းေျပာတာကို
ေနသားက်ေနၿပီျဖစ္သည္။ ယူေရွာင္းမိုက သူ႔အေပၚ
အၿမဲတမ္းရက္ေရာတာကိုလည္း သိသျဖင့္
အသက္သလင္းကို စႏိုးစေနာင့္မျဖစ္ဘဲ
လက္ခံလိုက္သည္။ ဒါေပါ့ ေက်းဇူးျပန္ဆပ္ဖို႔ေတာ့
လိုတာေပါ့ေလ။
တစ္ခဏၾကာၿပီးသၫ့္ေနာက္ ယူေရွာင္းမိုက
လန္ခ်ဳံးကို သူ႔ညီအစ္ကိုမ်ားကိုေခၚၿပီး အခန္းမ်ား
ရွာေနၾကဖို႔ခိုင္းလိုက္ေတာ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္
နန္းေတာ္မွာ အခန္းမ်ားစြာရိွရာ လူဒါဇင္ခန႔္
ေခၚတင္ထားဖို႔ ျပႆနာမရိွေပ။ ထို႔ေနာက္မွာေတာ့
သူနဲ႔လင္းေရွာင္တို႔ စာၾကၫ့္တိုက္သို႔
ဦးတည္လိုက္ၾကေတာ့သည္။
_________________________