OMG . . . My Future Husband i...

By ShayyLinkar

201K 13.3K 1.1K

ဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။ More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12 (U+Z)
Part 13 (U+Z)
Part 14 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z)
Part 36 (U+Z) The End!

Part 15 (U+Z)

4.6K 350 29
By ShayyLinkar

#Unicode

ရင်ခတ်ရှိရာကိုရောက်တဲ့အခါ အမြင်အာရုံထဲကို ကပ်ပါလာတဲ့ ဦးဝေရဲ့အရိပ်အယောင်လေးက ဝိုးတဝါးပျောက်ကွယ်သွားပြန်တယ်။

"ရင်ခတ်"

"ကျေးဇူးပါ ရေးရယ်။ ငါ့ကိုလိုက်ပို့ပေးလို့ တကယ်ကိုကျေးဇူးတင်ပါတယ်"

"ရပါတယ်ဟာ ကျေးဇူး‌တွေ မလိုပါဘူး"

"ငါခုသွားမယ့်အိမ်က ကလေးကနေမကောင်းလို့ စာမသင်ဖြစ်ဘူး။ မနေ့ကပေးခဲ့တဲ့အိမ်စာလေး စစ်ပေးပြီးတာနဲ့ပြန်မှာမို့ ငါ့ကိုခဏလောက်စောင့်ပေးလို့ရလားရေး"

"အင်း ရပါတယ်"

"ကျေးဇူးရေး။ အပြန်ကြ ငါနင့်ကိုမုန့်‌ဝယ်ကျွေးမယ်နော်။ ရုပ်ရှင်လည်း ပြမယ်"

"မျှော်လင့်နေတာပါ"

ရင်ခတ်ကို စာသင်ရမဲ့အိမ်ကို လိုက်ပို့ပေးတဲ့အခါ အိမ်ထဲထိလိုက်ဝင်ပြီး ထိုင်စောင့်ရတယ်။ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး ဖုန်းသုံးနေတုန်းမှာ ရေးနာမည်ကို တစ်စုံတစ်ယောက်က ခေါ်တာကို ကြားလိုက်ရတယ်။

"ရေးခြယ်သူ"

ခေါ်သူကိုသိဖို့ မော့ကြည့်လိုက်တော့ ပါးမို့မို့လေးတွေနဲ့ ကြွေရုပ်လေးသဖွယ် ချောလွန်းတဲ့ ‌အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

"ဘယ်သူလဲမသိဘူးခင်ဗျာ"

"ရေးခြယ်သူ မဟုတ်လား"

"ဟုတ်ပါတယ်ခင်ဗျ"

"အစ်မကို တကယ်မမှတ်မိတာလား။ မသိချင်ယောင်ဆောင်နေတာတော့ မဟုတ်ဘူးမို့လား"

"မဟုတ်ပါဘူးခင်ဗျာ တကယ်မမှတ်မိတာပါ။ ကျွန်တော် Accident လေးဖြစ်ပြီးကတည်းက အတိတ်မေ့သွားလို့ပါ"

"ဪ . . . ဟိုတစ်ခါ အခွန်နဲ့တွေ့တုန်းကတော့ ရေးငယ် နေမကောင်းဘူးဆိုတဲ့ ပြောသံကြားမိတယ်။ ဒီလောက်ထိဖြစ်သွားခဲ့တာကိုတော့ မသိဘူး"

"ဟုတ်ကဲ့ခင်ဗျ"

"အစ်မနာမည် ကြွေရုပ်ပါ"

"ဟုတ်"

"အခွန်နဲ့အသိပါ။ ရေးငယ်နဲ့လည်း တော်တော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်"

"ဟုတ်ကဲ့ခင်ဗျ"

"ဒီကို ဘာလာလုပ်တာလဲ ရေးငယ်"

"သူငယ်ချင်းက ဒီမှာစာလာသင်လို့ လိုက်ပို့ပေးတာပါအစ်မ"

"ဪ . . . ရင်ခတ်ပန်းဆိုတဲ့ ဆရာမလေးလား"

"ဟုတ်ကဲ့ခင်ဗျ"

ရေးနဲ့ကြွေရုပ်ဆိုတဲ့အစ်မနဲ့ စကားပြောနေတုန်းမှာ ရင်ခတ်က စာစစ်ပြီးသွားလို့ အပြင်ကိုထွက်လာတယ်။

"ရေး ငါပြီးပြီ။ ပြန်ကြမယ်"

"အေး သွားမယ်လေ။ အစ်မ ကျွန်တော့်ကို သွားခွင့်ပြုပါဦးခင်ဗျာ့"

"အေးအေးမောင်လေး"

"မမ ရင်ခတ်တို့ ပြန်လိုက်ပါဦးမယ်"

"အေးအေး ညီမလေး"

ထွက်ခွာသွားတဲ့ ရေးငယ်နဲ့ဆရာမလေးကိုကြည့်ပြီး အခွန့်အတွက် စိတ်ပူမိသွားတယ်။ ဆရာမလေးက ချောတယ်။ ရေးငယ်နဲ့သက်တူရွယ်တူဖြစ်သလို ရေးငယ်ရဲ့ မျက်လုံးထဲမှာ ဆရာမလေးကို သဘောကျတဲ့အရိပ်အယောင်မျိုး တွေ့နေရတယ်။ ကြွေရုပ်နဲ့အခွန်တို့မိသားစု မတွေ့ဖြစ်ခဲ့ကြတဲ့ ဒီအချိန်အတောအတွင်းမှာ အခွန်နဲ့ရေးငယ် ဘာတွေဖြစ်ခဲ့ကြတာပါလိမ့်။ ဘာတွေကများ ရေးငယ်ကို ဒီလောက်တောင် ပြောင်းလဲသွားစေခဲ့တာလဲ။ အတိတ်မေ့တဲ့သူတစ်ယောက်က ဒီလောက်ပြောင်းလဲသွားပါ့မလား။ ရေးငယ်ကိုကြည့်ရတာ အရင်ရေးခြယ်သူနဲ့ လုံးဝမတူတော့တဲ့ ရေးခြယ်သူအသစ်တစ်ယောက်လိုပဲ အရာရာပြောင်းလဲသွားတယ်။

ကြွေရုပ်နဲ့တွေ့တိုင်း အားနာနေတဲ့မျက်ဝန်းတွေနဲ့ အမြဲကြည့်ခဲ့တဲ့ ရေးခြယ်သူလေး မဟုတ်တော့ဘူး။ ကြွေရုပ်နဲ့တွေ့တိုင်း အားနာစိတ်နဲ့ မျက်နှာချင်းမဆိုင်ဝံ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။ ကြွေရုပ်နဲ့တွေ့တိုင်း အားနာစိတ်နဲ့ တောင်းပန်တတ်ခဲ့တဲ့ကောင်လေးမဟုတ်တော့ဘူး။

သားတွေနဲ့အခွန့်ကို သိပ်ချစ်ပေးလွန်းပြီး အခွန့်ကို အူတိုလွန်းတတ်ခဲ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။ သားတွေနဲ့အခွန့်ကို အသေးစိတ်ကစ အရာရာ ဂရုစိုက်ပြီးချစ်ပေးခဲ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။

မျက်ဝန်းတွေက ကြွေရုပ်ကို တွေ့တဲ့အခါ အရင်လိုအားနာမှုအရိပ်အယောင်တွေ မရှိတော့ဘူး။ ကြွေရုပ်ကို မမှတ်မိတော့ဘူးဆိုတာ ညာနေတာမဟုတ်ကြောင်း ရေးငယ်ရဲ့ မျက်ဝန်းတွေက ဖော်ပြနေတယ်။ ဒီရေးငယ်က အခွန့်ကို သိပ်ချစ်ပေးခဲ့တဲ့ ရေးခြယ်သူမှ ဟုတ်ပါလေစ။ အခွန့်ကို အူတို‌လွန်းစွာ ချစ်တတ်ခဲ့တဲ့ကောင်လေး မဟုတ်ဘူးလို့ ကြွေရုပ်ဘာလို့ ခံစားနေရတာပါလိမ့်။

ရေးခြယ်သူဆိုတာ သားတွေနဲ့အခွန်ကလွဲရင် ဘယ်သူ့ကိုမှ ဂရုစိုက်တတ်ခဲ့တဲ့သူ မဟုတ်ခဲ့ပေ။

စာသင်တဲ့အိမ်က ထွက်လာခဲ့ပေမဲ့ ရေးရဲ့သိချင်စိတ်က စာသင်တဲ့အိမ်မှာ ကျန်ခဲ့ပါတယ်။

"ရင်ခတ်"

"ဟေ"

"အဲ့ဒီအိမ်မှာတွေ့ခဲ့တဲ့ ကြွေရုပ်ဆိုတဲ့ အစ်မကြီးကို သိလား"

"အင်း သိတယ်လေ ဘာလို့လဲ"

"သူက ဦးဝေကို သိတယ်လို့ပြောလို့။ ငါနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်တဲ့"

"ဟုတ်လား နင်နဲ့ရင်းနှီးတယ်လား"

"အင်း သူပြောတာ"

"နင် မမှတ်မိဘူးလား"

"အေး မမှတ်မိဘူးဖြစ်နေတယ်"

"ဒါနဲ့ ဦးဝေဆိုတာ‌ကရော ဘယ်သူလဲ"

"အိမ်ကတစ်ယောက်လေ။ ငါ့နဲ့သက်ဆိုင်တယ်လို့ ပြောကြတဲ့ ခွန်ဦးဝေ"

"ဪ ကိုခွန်လား"

"အင်း"

ရေးက ကိုကိုလို့သာ ခေါ်တတ်ခဲ့တဲ့ ကိုခွန်က ခုတော့ ဦးဝေတဲ့လား။ ရေးရဲ့ ပြောင်းလဲခြင်းက ‌ကြောက်ခမန်းလိလိပါ။

"ခုနက တွေ့ခဲ့တဲ့အစ်မအကြောင်းကို နင်သိလား"

"အင်း"

"သိရင် ငါ့ကို နည်းနည်းလောက် ပြောပြပေးစမ်းပါ"

"အဲ့အစ်မနာမည်က ကြွေရုပ်။ အိမ်ခေါ်နာမည်ထင်တယ်။ နာမည်အရင်းတော့ ငါလည်းမသိဘူး"

"အင်း ပြီးတော့ရော"

"အဲ့အစ်မက တောင်ကြီးက"

"အင်း"

"ခုက ဒီကို ကိစ္စရှိလို့ အလည်လာတာထင်တယ်"

"အင်း"

"အဲ့ဒါပဲ"

"ဟင် ဒါပဲလား"

"အေးလေ အဲ့ဒါပဲ။ ငါလည်းအဲ့ဒါပဲသိတာကို"

"အေးပါ ရင်ခတ်ရယ်"

ကြွေရုပ်ဆိုတဲ့ မမအလှလေးက တောင်ကြီးကတဲ့။ ဦးဝေကလည်း တောင်ကြီးကပဲထင်ပါရဲ့ အိမ်ရောက်မှ မေးကြည့်ရပါဦးမယ်။

ရေးငယ်အပြင်ထွက်သွားပြီးတဲ့နောက် စိတ်ထဲမကောင်းတာရော အနာရှိန်ရောကြောင့် ဖျားချင်သလိုဖြစ်လာတာမို့ အိမ်ကိုပြန်လာဖြစ်ခဲ့တယ်။ အိပ်ရာပေါ်မှာ ဝင်လှဲလိုက်တာနဲ့ တန်းပြီးအိပ်ပျော်သွားတာမို့ ကျောင်းဆင်းချိန်ရောက်လို့ သားသားတို့ပြန်လာတဲ့အခါမှ အိပ်ရာက နိုးလာခဲ့တယ်။

"ဖေဖေ နေကောင်းဝူးရား"

"အင်း ဖေဖေနေမကောင်းဘူး။ လက်မှာ နာနာဖြစ်နေလို့။ သားတို့က ငြိမ်ငြိမ်လေးဆော့နေပေးနော်"

"ဟုတ် ဖေဖေ"

လိမ္မာလွန်းတဲ့သားသားတို့က အလိုက်သိစွာနဲ့ ငြိမ်ငြိမ်လေးပဲ ဆော့နေပေးခဲ့ကြတယ်။

ညဘက်ရောက်တော့ သားသားတို့ကို မေမေတို့အိမ်ကို ပြန်လိုက်ပို့ပေးပြီး ပုံပြင်ပြောကာ ချော့သိပ်ပေးဖြစ်တယ်။ ဒီရက်တွေထဲမှာ သားသားတို့အပေါ် နွေးထွေးမပေးနိုင်သလို ဖြစ်နေခဲ့တယ်လို့ ခံစားရတယ်။

ည၉နာရီထိုးတဲ့အထိ ရေးငယ်ပြန်ရောက်မလာသေးတာမို့ နည်းနည်းတော့စိတ်ပူတာအမှန်။ ၉နာရီကျော်တော့ ရေးငယ်က အခွန့်ကို ဖုန်းခေါ်လာပါတယ်။

"ဟဲလို"

"ဟဲလို ဦးဝေ"

"အင်း ရေးငယ်ပြော"

"ကျွန်တော် လမ်းမှာကားပျက်နေလို့ လာခေါ်ပေးပါ့လား"

"Taxi နဲ့ပြန်လာခဲ့ပါ့လားရေးငယ်"

"ကျွန်တော်ရောက်နေတဲ့နေရာမှာ Taxi ဖြတ်သွားတာ မတွေ့လို့"

"အင်း ကိုယ်ဘယ်ကို လာခေါ်ပေးရမလဲ"

"သန်လျင်ဘက်ကို လာခေါ်ပေးရမှာ ဦးဝေ။ လိပ်စာကို မက်ဆေ့‌ပို့ပေးမယ်။ အဲ့ဒီကိုလာတဲ့လမ်းဘက်ကိုပဲ ဦးတည်ပြီး မောင်းလာပေးနော်။ ကျွန်တော်ပြောတဲ့နေရာကိုမရောက်ခင် လမ်းတစ်ဝက်မှာ ကျွန်တော့်ကို တွေ့လိမ့်မယ်"

"အင်း။ ကိုယ်ရောက်မလာသေးသ၍ ကားပေါ်က လုံးဝမဆင်းနဲ့နော် ရေးငယ်"

"ဟုတ်"

"ကားနားကို လူစိမ်းရောက်လာရင်လည်း ကားတံခါးဖွင့်မပေးနဲ့နော်"

"ဟုတ်"

"ကိုယ်ရောက်လာတယ်လို့ထင်ပြီး ကားပေါ်က မဆင်းနဲ့နော်။ ကိုယ်ရောက်ရင် ရေးငယ်ကို ဖုန်းခေါ်မှာမို့ ကိုယ်ဖုန်းခေါ်မှ ကားပေါ်ကဆင်းကြားလား"

"ဟုတ်"

"Ok အဲ့ဒါဆို ဒါပဲနော်။ ကိုယ်အခုလာနေပြီ"

ရေးငယ်က သန်လျင်ဘက်ကို ဘာလို့ရောက်နေတာပါလိမ့်။

တကယ်ဆို အခွန်နေမကောင်းပါ။ လက်မှာလည်းအနာနဲ့မို့ ‌ကားမောင်းလို့ သိပ်အဆင်မပြေချင်လှပေ။ ကားပျက်နေတဲ့ ရေးငယ်ကို စိတ်လည်းပူတာမို့ အမြန်သွားခေါ်ရပေမည်။ လူပြတ်တဲ့နေရာဖြစ်နေခဲ့ရင် ဒုက္ခရောက်နေမှာ ဆိုးလို့ပါ။

ရေးငယ်ပြောတဲ့ ရပ်ကွက်ကို သိပ်မသိပေမဲ့ လိပ်စာအတိုင်း Google Maps ကိုကြည့်ပြီးပဲ လာခဲ့လိုက်ရတယ်။ ရေးငယ်ပို့ပေးတဲ့ လိပ်စာထဲကနေရာကို မရောက်ခင်လေးမှာဘဲ ရေးငယ်ရဲ့ကားကို တွေ့လိုက်ရပါတယ်။

ရေးငယ်ရဲ့ကားဘေးမှာ အခွန့်ကားကိုကပ်ရပ်လိုက်ပြီး ရေးငယ်ကို ဖုန်းခေါ်လိုက်တယ်။ အခွန်က ရောက်နေပြီဆိုတဲ့အကြောင်း ဖုန်းဆက်ပြီးပြောလိုက်မှ ရေးငယ်က ကားထဲကဆင်းလာပြီး အခွန့်ကားပေါ်ကို တက်လာတယ်။

"ဦးဝေ"

"အင်း"

"ကျေးဇူး"

"ရပါတယ်။ ဒါနဲ့ ရေးငယ်က ဒီဘက်ကို ဘာလာလုပ်တာလဲ"

"ရင်ခတ်ကိုလိုက်ပို့ပေးတာ ဦးဝေ။ သူက သူ့အဒေါ်အိမ်မှာ ဒီညအိပ်မယ်လို့ပြောတာနဲ့ သူ့အဒေါ်အိမ်ကို လိုက်ပို့ပေးဖြစ်တာ။ နည်းနည်းမှောင်နေပြီဆိုတော့ မိန်းကလေးတစ်ယောက်တည်း Taxi မစီးစေချင်တာနဲ့ လိုက်ပို့ပေးတာ။ သူတို့အိမ်က ထွက်လာပြီး သိပ်မကြာဘူး ကားကပျက်သွားတာ"

"ဪ"

အခွန်ရဲ့အမေးကို ရေးငယ်က အလုံးစုံရှင်းပြပေးနေပါတယ်။ ကိုယ်က ဘာလာလုပ်လဲပဲ မေးတာပါရေးငယ်။

အခွန်တွေးနေတုန်းမှာပဲ ရေးငယ်ရဲ့လက်ဖဝါးနုနု‌လေးက အခွန့်နဖူးပေါ်ကို ရောက်လာတယ်။

"ကိုယ်တွေပူနေတာပဲ။ နေမကောင်းဘူးလား ဦးဝေ"

"အင်း ကိုယ်နေမကောင်းဘူး"

"အာ Sorry ဦးဝေ။ ဦးဝေလက်မှာ ဒဏ်ရာရထားတာကို မေ့ပြီး လာခေါ်ခိုင်းမိတယ်။ ကားကို ဒီအထိ ဘယ်လိုမောင်းလာလဲ။ နာနေမှာပေါ့"

"အင်း"

"နေရာလဲရအောင် ကျွန်တော်မောင်းပေးမယ်"

"ကျေးဇူးရေးငယ်"

ဦးဝေက ဘာလို့ ကျွန်တော့်ကို ကျေးဇူးတင်နေရတာလဲ။ တကယ်ဆို ဦးဝေက ကျွန်တော့်ကို နေမကောင်းတဲ့ကြားက လာခေါ်ပေးရတာလေ။ ကျေးဇူးဆိုတဲ့စကားက ဦးဝေပြောရမှာမှ မဟုတ်တာ။ တစ်ခါတလေကြတော့လည်း ဦးဝေကို အားနာမိသလိုရှိသား။

အပြန်လမ်းမှာ ရေးကကားမောင်းပြီး ဦးဝေကတော့ ဘေးမှာ အဖျားတက်ကာ အိပ်ပျော်နေခဲ့တယ်။ ဒီလိုကြပြန်တော့လည်း အားနာရပြန်တယ် ဦးဝေ။

အိမ်ပြန်ရောက်တဲ့အခါ အိပ်ပျော်နေတဲ့ဦးဝေကို မနှိုးရက်ပြန်ပေ။ ဦးဝေရဲ့မျက်နှာလေးက ဘယ်အချိန်ပဲကြည့်ကြည့် အေးချမ်းလွန်းတယ်။ ဦးဝေသာ ကျွန်တော့်အစ်ကိုဆို ဘယ်လောက်ကောင်းလိုက်မလဲ။

"ဦးဝေ"

"ဟင်"

အိပ်ပျော်နေတဲ့ ဦးဝေကိုနှိုးလိုက်တော့ အိပ်ပျော်ရာကနေ အနည်းငယ်လူးလွန့်လာတယ်။

"အိမ်ရောက်ပြီ"

"အင်း"

ဦးဝေက ကိုယ်ပူရှိန်ကြောင့် ခုထိမျက်လုံးမဖွင့်နိုင်သေးပေ။ နဖူးပေါ်လက်တင်ပြီး စမ်းကြည့်လိုက်တော့ ကိုယ်တွေက တအားပူနေပါတယ်။

"ကျွန်တော်ကူတွဲပေးမှာမို့ အခန်းထဲကြမှ ပြန်အိပ်နော်"

"အင်း"

မျက်လုံးကို အားယူပြီးဖွင့်နေတဲ့ ဦးဝေရဲ့လက်ကလေးကို ရေးငယ်ကိုင်ပေးလိုက်တော့မှ ဦးဝေကရေးရဲ့လက်ကို အားယူပြီး ကားပေါ်ကဆင်းလာရှာတယ်။

အိမ်ခန်းထဲထိ တွဲခေါ်လာပေးပြီး ကုတင်ပေါ်တင်ပေးကာ စောင်ခြုံပေးလိုက်တယ်။ ဒီအချိန်ကြီး ဘယ်ဆရာဝန်ကို လှမ်းခေါ်ရပါ့မလဲ။

"ဦးဝေ Family Doctor ရှိလား"

"အင်း"

"ဘယ်သူလဲ"

"သိုက်"

"ဖုန်းနံပတ်ရှိလား"

"အင်း"

"ဦးဝေရဲ့ ဖုန်းPasswordပြောဦး"

"ရေးငယ်ရဲ့ ညာလက်ညှိုးနဲ့ဖွင့်ကြည့်"

"ဟုတ်"

ဦးဝေပြောတဲ့အတိုင်း ရေးရဲ့ညာလက်ညှိုးနဲ့ ဖွင့်လိုက်တော့ ဖုန်းကပွင့်သွားတယ်။ Contact ထဲက သိုက်ဆိုတဲ့နာမည်ကိုရှာကြည့်ပြီး ဖုန်းခေါ်လိုက်တယ်။ ၁၅မိနစ်လောက်ကြာတော့ ဆရာဝန်ကရောက်လာပါတယ်။

ဦးဝေကို ဆေးထိုပေးနေတဲ့ ဆရာဝန်က ငယ်ငယ်ချောချောလေးပါ။

"အနားရှိန်ကြောင့်ရော ပင်ပန်းလို့ရော နှစ်ခုပေါင်းပြီးဖျားသွားတာ။ အစ်ကိုဆေးထိုးပေးထားတာမို့ အိပ်ရာနိုးလာရင်တော့ အဖျားကျပြီး သက်သာသွားမှာပါ"

"ဟုတ်အစ်ကို ကျေးဇူးပါခင်ဗျာ"

"ဒီလူနဲ့ဒီလူ မလိုပါဘူးကွာ"

"ဟိုလေ ကျွန်တော် Accident ဖြစ်ပြီးကတည်းက အတိတ်မေ့သွားတာမို့ အစ်ကို့ကို မမှတ်မိဘူးဖြစ်နေတယ်။ စိတ်မရှိပါနဲ့အစ်ကို"

"ဪ ဟုတ်သားပဲ ဆောရီးညီလေး။ အခွန်ပြောထားတာကို အစ်ကိုမေ့သွားတယ်။ အစ်ကို့နာမည်က ခွန်မင်းသိုက်ပါ။ အခွန်နဲ့ ဆွေမျိုးနီးစပ်တော်တယ်။ အစ်ကိုက ရန်ကုန်ကိုပြောင်းလာတာ တစ်နှစ်လောက်ရှိပြီ။ Family Doctor မထားတတ်တဲ့အခွန်က အရေးတကြီးလိုအပ်မှသာ အစ်ကို့ကို လှမ်းခေါ်တတ်တယ်။ အခွန်က အစ်ကို့ကို အားနာပြီး တော်ရုံမခေါ်ဘူး။ ညီလေးကတော့ အခွန့်လို မလုပ်နဲ့။ အစ်ကို့ကို ဘာမှ အားနာစရာမလိုဘူး။ လိုအပ်တဲ့အချိန်တိုင်း လှမ်းသာခေါ်လိုက် အစ်ကိုလာပေးမယ်"

"ဟုတ် ကျေးဇူးပါအစ်ကို"

"ရပါတယ်ကွာ"

"ဟုတ်"

"ဒါဆို အစ်ကိုပြန်ပြီညီလေး။ အခွန့်ကို ဆေးထိုးပေးထားတာမို့ စိတ်မပူဘဲ စိတ်ချလက်ချအိပ်နော်။ မနက်တစ်ခေါက် အစ်ကိုထပ်လာခဲ့မယ်"

"ဟုတ်"

သိုက်ဆိုတဲ့ ဆရာဝန်အစ်ကို ပြန်သွားတော့ ဦးဝေရဲ့ ဘေးနားလေးမှာ ဝင်လှဲလိုက်တယ်။

အေးချမ်းလွန်းတဲ့ ဦးဝေရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်ရင်း မမှတ်မိတော့တဲ့အတိတ်ကို ကြိုးစားရှာဖွေကြည့်မိတယ်။ ကျွန်တော်လေ ဘာလို့ ဦးဝေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးရေးလေးတောင် မမှတ်မိရတာလဲ။ ကျွန်တော်သာ အမှန်တကယ် အတိတ်မေ့နေခဲ့တာဆိုရင် ဦးဝေက ကျွန်တော့်ကို ရင်ခုန်စေရမှာပေါ့။ ကျွန်တော်အခု ဦးဝေကို ရင်မခုန်ဘူးဦးဝေ။ ဦးဝေနဲ့ ရင်းနှီးမနေဘူး။ ဒီအခြေအနေကြီးက ရင်းနှီးပြီးသား ဖြစ်မနေဘူး။

ဦးဝေရဲ့အပြုံးကို ကျွန်တော်အရမ်းသဘောကျတယ်။ ဦးဝေရဲ့အပြုံးက လှပလွန်းသလို အေးချမ်းမှုကိုလည်းပေးတယ်။ ဒါပေမဲ့ အရင်ကတည်းက သဘောကျခဲ့ဖူးလို့ သဘောကျတာမျိုးမဟုတ်ဘဲ ဦးဝေရဲ့အပြုံးကို မြင်ဖူးတဲ့သူတိုင်း သဘောကျနိုင်တဲ့အနေအထားမို့ အားလုံးနည်းတူ အားလုံးထဲက အားလုံးစိတ်အတိုင်းလိုပဲ ဒီတိုင်းသဘောကျတာ။

ဦးဝေရဲ့အထိအတွေ့တွေကိုလည်း ကျွန်တော်ရင်းနှီးမနေခဲ့ဘူး။ ဦးဝေရဲ့အ‌ထိအတွေ့တွေက ကျွန်တော့်ကို ရင်ခုန်စေတာထက် ရင်တုန်စေတာဆို ပိုမှန်မယ်။ ဒါဆို ဦးဝေရဲ့အနမ်းကရော? . . .

ဟင် ဦးဝေပြုံးလိုက်တယ်။ အိပ်ပျော်နေတဲ့ ဦးဝေက အားရပါးရပြုံးနေခဲ့တယ်။ ဘယ်သူကများ ဦးဝေရဲ့ အိပ်မက်ထဲထိရောက်လာပြီး ဦးဝေကို ပြုံးစေခဲ့တာလဲ။

ကျွန်တော့်ရေးငယ်လေးက ကျွန်တော်နဲ့သားသားတို့ကို ပြန်မှတ်မိသွားပြီတဲ့။

"ရေးငယ် ကိုယ့်ကို တကယ်ပြန်မှတ်မိသွားပြီလား"

"အင်း ကျွန်တော့်ရဲ့ကိုကို့ကို ကျွန်တော်ပြန်မှတ်မိပြီ။ ကိုကို့ကို အကြာကြီးမေ့ထားမိခဲ့လို့တောင်းပန်ပါတယ်။ ကိုကို့နှလုံးသားကို အကြာကြီး နာကျင်စေခဲ့မိလို့တောင်းပန်ပါတယ်ကိုကို"

"ကိုကိုက ရေးငယ်လေးကို လုံးဝအပြစ်မမြင်ခဲ့တာမို့ ကိုကို့ရေးငယ်က ကိုကို့ကို တောင်းပန်စရာမလိုဘူး"

"ကျေးဇူးတင်ပါတယ်ကိုကို။ ပြီးတော့ ချစ်တယ်"

ချစ်တယ်ဆိုတဲ့စကားရဲ့အဆုံးမှာ ရေးငယ်က ကျွန်တော့်ရဲ့နှုတ်ခမ်းကို လာနမ်းတယ်။ ရေးငယ်ရဲ့ နှုတ်ခမ်း‌ဖူးဖူးအိအိလေးက နူးညံနွေးထွေးလွန်းတယ်။ လွမ်းနေခဲ့တာ နူးညံ့နွေးထွေးလွန်းတဲ့ ဒီနှုတ်ခမ်းဖူးဖူးအိအိလေးတွေကို။

ရေးငယ်ရဲ့အနမ်းက ချိုမြိန်ရစ်မူးစေတယ်။ ရေးငယ်ရဲ့ အနမ်းတွေကြားမှာ ကျွန်တော် နစ်မြောနေခဲ့တယ်။ ချိုမြိန်တဲ့နေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်ရပြီမို့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့။ ပြန်လည်ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုနေ့ရက်လေးတွေကိုပဲ ထာဝရပိုင်ဆိုင်ပါရစေ။

[A/N] => Merry Christmas ပါ အသဲလေး‌တို့ရေ။ ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နေ့ရက်လေးဖြစ်ပါစေ။

ဒီကြားထဲမှာ စိတ်ညစ်စရာတွေအရမ်းများနေလို့ Update မတင်နိုင်ခဲ့တာကို အရှေးက အနူးအညွတ်တောင်းပန်ပါတယ်။ အိမ်နဲ့အဆင်မပြေလို့ ကြိုးစားပြီး ရပ်တည်နေရတာမို့ အရှေးအတွက် ဒီရက်တွေက ပင်ပန်းပြီး ခက်ခဲလွန်းခဲ့တယ်။ စာရေးဖို့ကြိုးစားလိုက်တိုင်း စိတ်ညစ်စရာတွေက ခေါင်းထဲမှာ ပြည့်နှက်နေခဲ့တာမို့ မရေးနိုင်ခဲ့ဘူး။ စောင့်နေပေးခဲ့ရတဲ့ အသဲတို့ကို အရှေးက အားလည်းနာရသလို တောင်းလည်းတောင်းပန်ပါတယ်နော်။

Sat, Dec 25 (25/12/2021/Sat)

************

#Zawgyi

ရင္ခတ္ရွိရာကိုေရာက္တဲ့အခါ အျမင္အာ႐ုံထဲကို ကပ္ပါလာတဲ့ ဦးေဝရဲ့အရိပ္အေယာင္ေလးက ဝိုးတဝါးေပ်ာက္ကြယ္သြားျပန္တယ္။

"ရင္ခတ္"

"ေက်းဇူးပါ ေရးရယ္။ ငါ့ကိုလိုက္ပို႔ေပးလို႔ တကယ္ကိုေက်းဇူးတင္ပါတယ္"

"ရပါတယ္ဟာ ေက်းဇူး‌ေတြ မလိုပါဘူး"

"ငါခုသြားမယ့္အိမ္က ကေလးကေနမေကာင္းလို႔ စာမသင္ျဖစ္ဘူး။ မေန႔ကေပးခဲ့တဲ့အိမ္စာေလး စစ္ေပးၿပီးတာနဲ႔ျပန္မွာမို႔ ငါ့ကိုခဏေလာက္ေစာင့္ေပးလို႔ရလားေရး"

"အင္း ရပါတယ္"

"ေက်းဇူးေရး။ အျပန္ၾက ငါနင့္ကိုမုန႔္‌ဝယ္ေကၽြးမယ္ေနာ္။ ႐ုပ္ရွင္လည္း ျပမယ္"

"ေမၽွာ္လင့္ေနတာပါ"

ရင္ခတ္ကို စာသင္ရမဲ့အိမ္ကို လိုက္ပို႔ေပးတဲ့အခါ အိမ္ထဲထိလိုက္ဝင္ၿပီး ထိုင္ေစာင့္ရတယ္။ ဧည့္ခန္းထဲမွာ တစ္ေယာက္တည္းထိုင္ၿပီး ဖုန္းသုံးေနတုန္းမွာ ေရးနာမည္ကို တစ္စုံတစ္ေယာက္က ေခၚတာကို ၾကားလိုက္ရတယ္။

"ေရးျခယ္သူ"

ေခၚသူကိုသိဖို႔ ေမာ့ၾကည့္လိုက္ေတာ့ ပါးမို႔မို႔ေလးေတြနဲ႔ ေႂကြ႐ုပ္ေလးသဖြယ္ ေခ်ာလြန္းတဲ့ ‌အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။

"ဘယ္သူလဲမသိဘူးခင္ဗ်ာ"

"ေရးျခယ္သူ မဟုတ္လား"

"ဟုတ္ပါတယ္ခင္ဗ်"

"အစ္မကို တကယ္မမွတ္မိတာလား။ မသိခ်င္ေယာင္ေဆာင္ေနတာေတာ့ မဟုတ္ဘူးမို႔လား"

"မဟုတ္ပါဘူးခင္ဗ်ာ တကယ္မမွတ္မိတာပါ။ ကၽြန္ေတာ္ Accident ေလးျဖစ္ၿပီးကတည္းက အတိတ္ေမ့သြားလို႔ပါ"

"ဪ . . . ဟိုတစ္ခါ အခြန္နဲ႔ေတြ႕တုန္းကေတာ့ ေရးငယ္ ေနမေကာင္းဘူးဆိုတဲ့ ေျပာသံၾကားမိတယ္။ ဒီေလာက္ထိျဖစ္သြားခဲ့တာကိုေတာ့ မသိဘူး"

"ဟုတ္ကဲ့ခင္ဗ်"

"အစ္မနာမည္ ေႂကြ႐ုပ္ပါ"

"ဟုတ္"

"အခြန္နဲ႔အသိပါ။ ေရးငယ္နဲ႔လည္း ေတာ္ေတာ္ေလးရင္းႏွီးတဲ့ ဆက္ဆံေရးရွိပါတယ္"

"ဟုတ္ကဲ့ခင္ဗ်"

"ဒီကို ဘာလာလုပ္တာလဲ ေရးငယ္"

"သူငယ္ခ်င္းက ဒီမွာစာလာသင္လို႔ လိုက္ပို႔ေပးတာပါအစ္မ"

"ဪ . . . ရင္ခတ္ပန္းဆိုတဲ့ ဆရာမေလးလား"

"ဟုတ္ကဲ့ခင္ဗ်"

ေရးနဲ႔ေႂကြ႐ုပ္ဆိုတဲ့အစ္မနဲ႔ စကားေျပာေနတုန္းမွာ ရင္ခတ္က စာစစ္ၿပီးသြားလို႔ အျပင္ကိုထြက္လာတယ္။

"ေရး ငါၿပီးၿပီ။ ျပန္ၾကမယ္"

"ေအး သြားမယ္ေလ။ အစ္မ ကၽြန္ေတာ့္ကို သြားခြင့္ျပဳပါဦးခင္ဗ်ာ့"

"ေအးေအးေမာင္ေလး"

"မမ ရင္ခတ္တို႔ ျပန္လိုက္ပါဦးမယ္"

"ေအးေအး ညီမေလး"

ထြက္ခြာသြားတဲ့ ေရးငယ္နဲ႔ဆရာမေလးကိုၾကည့္ၿပီး အခြန႔္အတြက္ စိတ္ပူမိသြားတယ္။ ဆရာမေလးက ေခ်ာတယ္။ ေရးငယ္နဲ႔သက္တူရြယ္တူျဖစ္သလို ေရးငယ္ရဲ့ မ်က္လုံးထဲမွာ ဆရာမေလးကို သေဘာက်တဲ့အရိပ္အေယာင္မ်ိဳး ေတြ႕ေနရတယ္။ ေႂကြ႐ုပ္နဲ႔အခြန္တို႔မိသားစု မေတြ႕ျဖစ္ခဲ့ၾကတဲ့ ဒီအခ်ိန္အေတာအတြင္းမွာ အခြန္နဲ႔ေရးငယ္ ဘာေတြျဖစ္ခဲ့ၾကတာပါလိမ့္။ ဘာေတြကမ်ား ေရးငယ္ကို ဒီေလာက္ေတာင္ ေျပာင္းလဲသြားေစခဲ့တာလဲ။ အတိတ္ေမ့တဲ့သူတစ္ေယာက္က ဒီေလာက္ေျပာင္းလဲသြားပါ့မလား။ ေရးငယ္ကိုၾကည့္ရတာ အရင္ေရးျခယ္သူနဲ႔ လုံးဝမတူေတာ့တဲ့ ေရးျခယ္သူအသစ္တစ္ေယာက္လိုပဲ အရာရာေျပာင္းလဲသြားတယ္။

ေႂကြ႐ုပ္နဲ႔ေတြ႕တိုင္း အားနာေနတဲ့မ်က္ဝန္းေတြနဲ႔ အျမဲၾကည့္ခဲ့တဲ့ ေရးျခယ္သူေလး မဟုတ္ေတာ့ဘူး။ ေႂကြ႐ုပ္နဲ႔ေတြ႕တိုင္း အားနာစိတ္နဲ႔ မ်က္ႏွာခ်င္းမဆိုင္ဝံ့တဲ့ ေကာင္ေလးမဟုတ္ေတာ့ဘူး။ ေႂကြ႐ုပ္နဲ႔ေတြ႕တိုင္း အားနာစိတ္နဲ႔ ေတာင္းပန္တတ္ခဲ့တဲ့ေကာင္ေလးမဟုတ္ေတာ့ဘူး။

သားေတြနဲ႔အခြန႔္ကို သိပ္ခ်စ္ေပးလြန္းၿပီး အခြန႔္ကို အူတိုလြန္းတတ္ခဲ့တဲ့ ေကာင္ေလးမဟုတ္ေတာ့ဘူး။ သားေတြနဲ႔အခြန႔္ကို အေသးစိတ္ကစ အရာရာ ဂ႐ုစိုက္ၿပီးခ်စ္ေပးခဲ့တဲ့ ေကာင္ေလးမဟုတ္ေတာ့ဘူး။

မ်က္ဝန္းေတြက ေႂကြ႐ုပ္ကို ေတြ႕တဲ့အခါ အရင္လိုအားနာမႈအရိပ္အေယာင္ေတြ မရွိေတာ့ဘူး။ ေႂကြ႐ုပ္ကို မမွတ္မိေတာ့ဘူးဆိုတာ ညာေနတာမဟုတ္ေၾကာင္း ေရးငယ္ရဲ့ မ်က္ဝန္းေတြက ေဖာ္ျပေနတယ္။ ဒီေရးငယ္က အခြန႔္ကို သိပ္ခ်စ္ေပးခဲ့တဲ့ ေရးျခယ္သူမွ ဟုတ္ပါေလစ။ အခြန႔္ကို အူတို‌လြန္းစြာ ခ်စ္တတ္ခဲ့တဲ့ေကာင္ေလး မဟုတ္ဘူးလို႔ ေႂကြ႐ုပ္ဘာလို႔ ခံစားေနရတာပါလိမ့္။

ေရးျခယ္သူဆိုတာ သားေတြနဲ႔အခြန္ကလြဲရင္ ဘယ္သူ႔ကိုမွ ဂ႐ုစိုက္တတ္ခဲ့တဲ့သူ မဟုတ္ခဲ့ေပ။

စာသင္တဲ့အိမ္က ထြက္လာခဲ့ေပမဲ့ ေရးရဲ့သိခ်င္စိတ္က စာသင္တဲ့အိမ္မွာ က်န္ခဲ့ပါတယ္။

"ရင္ခတ္"

"ေဟ"

"အဲ့ဒီအိမ္မွာေတြ႕ခဲ့တဲ့ ေႂကြ႐ုပ္ဆိုတဲ့ အစ္မႀကီးကို သိလား"

"အင္း သိတယ္ေလ ဘာလို႔လဲ"

"သူက ဦးေဝကို သိတယ္လို႔ေျပာလို႔။ ငါနဲ႔လည္း ရင္းႏွီးတဲ့ဆက္ဆံေရးရွိတယ္တဲ့"

"ဟုတ္လား နင္နဲ႔ရင္းႏွီးတယ္လား"

"အင္း သူေျပာတာ"

"နင္ မမွတ္မိဘူးလား"

"ေအး မမွတ္မိဘူးျဖစ္ေနတယ္"

"ဒါနဲ႔ ဦးေဝဆိုတာ‌ကေရာ ဘယ္သူလဲ"

"အိမ္ကတစ္ေယာက္ေလ။ ငါ့နဲ႔သက္ဆိုင္တယ္လို႔ ေျပာၾကတဲ့ ခြန္ဦးေဝ"

"ဪ ကိုခြန္လား"

"အင္း"

ေရးက ကိုကိုလို႔သာ ေခၚတတ္ခဲ့တဲ့ ကိုခြန္က ခုေတာ့ ဦးေဝတဲ့လား။ ေရးရဲ့ ေျပာင္းလဲျခင္းက ‌ေၾကာက္ခမန္းလိလိပါ။

"ခုနက ေတြ႕ခဲ့တဲ့အစ္မအေၾကာင္းကို နင္သိလား"

"အင္း"

"သိရင္ ငါ့ကို နည္းနည္းေလာက္ ေျပာျပေပးစမ္းပါ"

"အဲ့အစ္မနာမည္က ေႂကြ႐ုပ္။ အိမ္ေခၚနာမည္ထင္တယ္။ နာမည္အရင္းေတာ့ ငါလည္းမသိဘူး"

"အင္း ၿပီးေတာ့ေရာ"

"အဲ့အစ္မက ေတာင္ႀကီးက"

"အင္း"

"ခုက ဒီကို ကိစၥရွိလို႔ အလည္လာတာထင္တယ္"

"အင္း"

"အဲ့ဒါပဲ"

"ဟင္ ဒါပဲလား"

"ေအးေလ အဲ့ဒါပဲ။ ငါလည္းအဲ့ဒါပဲသိတာကို"

"ေအးပါ ရင္ခတ္ရယ္"

ေႂကြ႐ုပ္ဆိုတဲ့ မမအလွေလးက ေတာင္ႀကီးကတဲ့။ ဦးေဝကလည္း ေတာင္ႀကီးကပဲထင္ပါရဲ့ အိမ္ေရာက္မွ ေမးၾကည့္ရပါဦးမယ္။

ေရးငယ္အျပင္ထြက္သြားၿပီးတဲ့ေနာက္ စိတ္ထဲမေကာင္းတာေရာ အနာရွိန္ေရာေၾကာင့္ ဖ်ားခ်င္သလိုျဖစ္လာတာမို႔ အိမ္ကိုျပန္လာျဖစ္ခဲ့တယ္။ အိပ္ရာေပၚမွာ ဝင္လွဲလိုက္တာနဲ႔ တန္းၿပီးအိပ္ေပ်ာ္သြားတာမို႔ ေက်ာင္းဆင္းခ်ိန္ေရာက္လို႔ သားသားတို႔ျပန္လာတဲ့အခါမွ အိပ္ရာက နိုးလာခဲ့တယ္။

"ေဖေဖ ေနေကာင္းဝူးရား"

"အင္း ေဖေဖေနမေကာင္းဘူး။ လက္မွာ နာနာျဖစ္ေနလို႔။ သားတို႔က ၿငိမ္ၿငိမ္ေလးေဆာ့ေနေပးေနာ္"

"ဟုတ္ ေဖေဖ"

လိမၼာလြန္းတဲ့သားသားတို႔က အလိုက္သိစြာနဲ႔ ၿငိမ္ၿငိမ္ေလးပဲ ေဆာ့ေနေပးခဲ့ၾကတယ္။

ညဘက္ေရာက္ေတာ့ သားသားတို႔ကို ေမေမတို႔အိမ္ကို ျပန္လိုက္ပို႔ေပးၿပီး ပုံျပင္ေျပာကာ ေခ်ာ့သိပ္ေပးျဖစ္တယ္။ ဒီရက္ေတြထဲမွာ သားသားတို႔အေပၚ ေႏြးေထြးမေပးနိုင္သလို ျဖစ္ေနခဲ့တယ္လို႔ ခံစားရတယ္။

ည၉နာရီထိုးတဲ့အထိ ေရးငယ္ျပန္ေရာက္မလာေသးတာမို႔ နည္းနည္းေတာ့စိတ္ပူတာအမွန္။ ၉နာရီေက်ာ္ေတာ့ ေရးငယ္က အခြန္႔ကို ဖုန္းေခၚလာပါတယ္။

"ဟဲလို"

"ဟဲလို ဦးေဝ"

"အင္း ေရးငယ္ေျပာ"

"ကၽြန္ေတာ္ လမ္းမွာကားပ်က္ေနလို႔ လာေခၚေပးပါ့လား"

"Taxi နဲ႔ျပန္လာခဲ့ပါ့လားေရးငယ္"

"ကၽြန္ေတာ္ေရာက္ေနတဲ့ေနရာမွာ Taxi ျဖတ္သြားတာ မေတြ႕လို႔"

"အင္း ကိုယ္ဘယ္ကို လာေခၚေပးရမလဲ"

"သန္လ်င္ဘက္ကို လာေခၚေပးရမွာ ဦးေဝ။ လိပ္စာကို မက္ေဆ့‌ပို႔ေပးမယ္။ အဲ့ဒီကိုလာတဲ့လမ္းဘက္ကိုပဲ ဦးတည္ၿပီး ေမာင္းလာေပးေနာ္။ ကၽြန္ေတာ္ေျပာတဲ့ေနရာကိုမေရာက္ခင္ လမ္းတစ္ဝက္မွာ ကၽြန္ေတာ့္ကို ေတြ႕လိမ့္မယ္"

"အင္း။ ကိုယ္ေရာက္မလာေသးသ၍ ကားေပၚက လုံးဝမဆင္းနဲ႔ေနာ္ ေရးငယ္"

"ဟုတ္"

"ကားနားကို လူစိမ္းေရာက္လာရင္လည္း ကားတံခါးဖြင့္မေပးနဲ႔ေနာ္"

"ဟုတ္"

"ကိုယ္ေရာက္လာတယ္လို႔ထင္ၿပီး ကားေပၚက မဆင္းနဲ႔ေနာ္။ ကိုယ္ေရာက္ရင္ ေရးငယ္ကို ဖုန္းေခၚမွာမို႔ ကိုယ္ဖုန္းေခၚမွ ကားေပၚကဆင္းၾကားလား"

"ဟုတ္"

"Ok အဲ့ဒါဆို ဒါပဲေနာ္။ ကိုယ္အခုလာေနၿပီ"

ေရးငယ္က သန္လ်င္ဘက္ကို ဘာလို႔ေရာက္ေနတာပါလိမ့္။

တကယ္ဆို အခြန္ေနမေကာင္းပါ။ လက္မွာလည္းအနာနဲ႔မို႔ ‌ကားေမာင္းလို႔ သိပ္အဆင္မေျပခ်င္လွေပ။ ကားပ်က္ေနတဲ့ ေရးငယ္ကို စိတ္လည္းပူတာမို႔ အျမန္သြားေခၚရေပမည္။ လူျပတ္တဲ့ေနရာျဖစ္ေနခဲ့ရင္ ဒုကၡေရာက္ေနမွာ ဆိုးလို႔ပါ။

ေရးငယ္ေျပာတဲ့ ရပ္ကြက္ကို သိပ္မသိေပမဲ့ လိပ္စာအတိုင္း Google Maps ကိုၾကည့္ၿပီးပဲ လာခဲ့လိုက္ရတယ္။ ေရးငယ္ပို႔ေပးတဲ့ လိပ္စာထဲကေနရာကို မေရာက္ခင္ေလးမွာဘဲ ေရးငယ္ရဲ့ကားကို ေတြ႕လိုက္ရပါတယ္။

ေရးငယ္ရဲ့ကားေဘးမွာ အခြန္႔ကားကိုကပ္ရပ္လိုက္ၿပီး ေရးငယ္ကို ဖုန္းေခၚလိုက္တယ္။ အခြန္က ေရာက္ေနၿပီဆိုတဲ့အေၾကာင္း ဖုန္းဆက္ၿပီးေျပာလိုက္မွ ေရးငယ္က ကားထဲကဆင္းလာၿပီး အခြန႔္ကားေပၚကို တက္လာတယ္။

"ဦးေဝ"

"အင္း"

"ေက်းဇူး"

"ရပါတယ္။ ဒါနဲ႔ ေရးငယ္က ဒီဘက္ကို ဘာလာလုပ္တာလဲ"

"ရင္ခတ္ကိုလိုက္ပို႔ေပးတာ ဦးေဝ။ သူက သူ႔အေဒၚအိမ္မွာ ဒီညအိပ္မယ္လို႔ေျပာတာနဲ႔ သူ႔အေဒၚအိမ္ကို လိုက္ပို႔ေပးျဖစ္တာ။ နည္းနည္းေမွာင္ေနၿပီဆိုေတာ့ မိန္းကေလးတစ္ေယာက္တည္း Taxi မစီးေစခ်င္တာနဲ႔ လိုက္ပို႔ေပးတာ။ သူတို႔အိမ္က ထြက္လာၿပီး သိပ္မၾကာဘူး ကားကပ်က္သြားတာ"

"ဪ"

အခြန္ရဲ့အေမးကို ေရးငယ္က အလုံးစုံရွင္းျပေပးေနပါတယ္။ ကိုယ္က ဘာလာလုပ္လဲပဲ ေမးတာပါေရးငယ္။

အခြန္ေတြးေနတုန္းမွာပဲ ေရးငယ္ရဲ့လက္ဖဝါးႏုႏု‌ေလးက အခြန႔္နဖူးေပၚကို ေရာက္လာတယ္။

"ကိုယ္ေတြပူေနတာပဲ။ ေနမေကာင္းဘူးလား ဦးေဝ"

"အင္း ကိုယ္ေနမေကာင္းဘူး"

"အာ Sorry ဦးေဝ။ ဦးေဝလက္မွာ ဒဏ္ရာရထားတာကို ေမ့ၿပီး လာေခၚခိုင္းမိတယ္။ ကားကို ဒီအထိ ဘယ္လိုေမာင္းလာလဲ။ နာေနမွာေပါ့"

"အင္း"

"ေနရာလဲရေအာင္ ကၽြန္ေတာ္ေမာင္းေပးမယ္"

"ေက်းဇူးေရးငယ္"

ဦးေဝက ဘာလို႔ ကၽြန္ေတာ့္ကို ေက်းဇူးတင္ေနရတာလဲ။ တကယ္ဆို ဦးေဝက ကၽြန္ေတာ့္ကို ေနမေကာင္းတဲ့ၾကားက လာေခၚေပးရတာေလ။ ေက်းဇူးဆိုတဲ့စကားက ဦးေဝေျပာရမွာမွ မဟုတ္တာ။ တစ္ခါတေလၾကေတာ့လည္း ဦးေဝကို အားနာမိသလိုရွိသား။

အျပန္လမ္းမွာ ေရးကကားေမာင္းၿပီး ဦးေဝကေတာ့ ေဘးမွာ အဖ်ားတက္ကာ အိပ္ေပ်ာ္ေနခဲ့တယ္။ ဒီလိုၾကျပန္ေတာ့လည္း အားနာရျပန္တယ္ ဦးေဝ။

အိမ္ျပန္ေရာက္တဲ့အခါ အိပ္ေပ်ာ္ေနတဲ့ဦးေဝကို မႏွိုးရက္ျပန္ေပ။ ဦးေဝရဲ့မ်က္ႏွာေလးက ဘယ္အခ်ိန္ပဲၾကည့္ၾကည့္ ေအးခ်မ္းလြန္းတယ္။ ဦးေဝသာ ကၽြန္ေတာ့္အစ္ကိုဆို ဘယ္ေလာက္ေကာင္းလိုက္မလဲ။

"ဦးေဝ"

"ဟင္"

အိပ္ေပ်ာ္ေနတဲ့ ဦးေဝကိုႏွိုးလိုက္ေတာ့ အိပ္ေပ်ာ္ရာကေန အနည္းငယ္လူးလြန႔္လာတယ္။

"အိမ္ေရာက္ၿပီ"

"အင္း"

ဦးေဝက ကိုယ္ပူရွိန္ေၾကာင့္ ခုထိမ်က္လုံးမဖြင့္နိုင္ေသးေပ။ နဖူးေပၚလက္တင္ၿပီး စမ္းၾကည့္လိုက္ေတာ့ ကိုယ္ေတြက တအားပူေနပါတယ္။

"ကၽြန္ေတာ္ကူတြဲေပးမွာမို႔ အခန္းထဲၾကမွ ျပန္အိပ္ေနာ္"

"အင္း"

မ်က္လုံးကို အားယူၿပီးဖြင့္ေနတဲ့ ဦးေဝရဲ့လက္ကေလးကို ေရးငယ္ကိုင္ေပးလိုက္ေတာ့မွ ဦးေဝကေရးရဲ့လက္ကို အားယူၿပီး ကားေပၚကဆင္းလာရွာတယ္။

အိမ္ခန္းထဲထိ တြဲေခၚလာေပးၿပီး ကုတင္ေပၚတင္ေပးကာ ေစာင္ျခဳံေပးလိုက္တယ္။ ဒီအခ်ိန္ႀကီး ဘယ္ဆရာဝန္ကို လွမ္းေခၚရပါ့မလဲ။

"ဦးေဝ Family Doctor ရွိလား"

"အင္း"

"ဘယ္သူလဲ"

"သိုက္"

"ဖုန္းနံပတ္ရွိလား"

"အင္း"

"ဦးေဝရဲ့ ဖုန္းPasswordေျပာဦး"

"ေရးငယ္ရဲ့ ညာလက္ညႇိုးနဲ႔ဖြင့္ၾကည့္"

"ဟုတ္"

ဦးေဝေျပာတဲ့အတိုင္း ေရးရဲ့ညာလက္ညႇိုးနဲ႔ ဖြင့္လိုက္ေတာ့ ဖုန္းကပြင့္သြားတယ္။ Contact ထဲက သိုက္ဆိုတဲ့နာမည္ကိုရွာၾကည့္ၿပီး ဖုန္းေခၚလိုက္တယ္။ ၁၅မိနစ္ေလာက္ၾကာေတာ့ ဆရာဝန္ကေရာက္လာပါတယ္။

ဦးေဝကို ေဆးထိုေပးေနတဲ့ ဆရာဝန္က ငယ္ငယ္ေခ်ာေခ်ာေလးပါ။

"အနားရွိန္ေၾကာင့္ေရာ ပင္ပန္းလို႔ေရာ ႏွစ္ခုေပါင္းၿပီးဖ်ားသြားတာ။ အစ္ကိုေဆးထိုးေပးထားတာမို႔ အိပ္ရာနိုးလာရင္ေတာ့ အဖ်ားက်ၿပီး သက္သာသြားမွာပါ"

"ဟုတ္အစ္ကို ေက်းဇူးပါခင္ဗ်ာ"

"ဒီလူနဲ႔ဒီလူ မလိုပါဘူးကြာ"

"ဟိုေလ ကၽြန္ေတာ္ Accident ျဖစ္ၿပီးကတည္းက အတိတ္ေမ့သြားတာမို႔ အစ္ကို႔ကို မမွတ္မိဘူးျဖစ္ေနတယ္။ စိတ္မရွိပါနဲ႔အစ္ကို"

"ဪ ဟုတ္သား ေဆာရီးညီေလး။ အခြန္ေျပာထားတာကို အစ္ကိုေမ့သြားတယ္။ အစ္ကို႔နာမည္က ခြန္မင္းသိုက္ပါ။ အခြန္နဲ႔ ေဆြမ်ိဳးနီးစပ္ေတာ္တယ္။ အစ္ကိုက ရန္ကုန္ကိုေျပာင္းလာတာ တစ္ႏွစ္ေလာက္ရွိၿပီ။ Family Doctor မထားတတ္တဲ့အခြန္က အေရးတႀကီးလိုအပ္မွသာ အစ္ကို႔ကို လွမ္းေခၚတတ္တယ္။ အခြန္က အစ္ကို႔ကို အားနာၿပီး ေတာ္႐ုံမေခၚဘူး။ ညီေလးကေတာ့ အခြန္႔လို မလုပ္နဲ႔။ အစ္ကို႔ကို ဘာမွ အားနာစရာမလိုဘူး။ လိုအပ္တဲ့အခ်ိန္တိုင္း လွမ္းသာေခၚလိုက္ အစ္ကိုလာေပးမယ္"

"ဟုတ္ ေက်းဇူးပါအစ္ကို"

"ရပါတယ္ကြာ"

"ဟုတ္"

"ဒါဆို အစ္ကိုျပန္ၿပီညီေလး။ အခြန္႔ကို ေဆးထိုးေပးထားတာမို႔ စိတ္မပူဘဲ စိတ္ခ်လက္ခ်အိပ္ေနာ္။ မနက္တစ္ေခါက္ အစ္ကိုထပ္လာခဲ့မယ္"

"ဟုတ္"

သိုက္ဆိုတဲ့ ဆရာဝန္အစ္ကို ျပန္သြားေတာ့ ဦးေဝရဲ့ ေဘးနားေလးမွာ ဝင္လွဲလိုက္တယ္။

ေအးခ်မ္းလြန္းတဲ့ ဦးေဝရဲ့မ်က္ႏွာေလးကို ေသခ်ာစိုက္ၾကည့္ရင္း မမွတ္မိေတာ့တဲ့အတိတ္ကို ႀကိဳးစားရွာေဖြၾကည့္မိတယ္။ ကၽြန္ေတာ္ေလ ဘာလို႔ ဦးေဝနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေရးေရးေလးေတာင္ မမွတ္မိရတာလဲ။ ကၽြန္ေတာ္သာ အမွန္တကယ္ အတိတ္ေမ့ေနခဲ့တာဆိုရင္ ဦးေဝက ကၽြန္ေတာ့္ကို ရင္ခုန္ေစရမွာေပါ့။ ကၽြန္ေတာ္အခု ဦးေဝကို ရင္မခုန္ဘူးဦးေဝ။ ဦးေဝနဲ႔ ရင္းႏွီးမေနဘူး။ ဒီအေျခအေနႀကီးက ရင္းႏွီးၿပီးသား ျဖစ္မေနဘူး။

ဦးေဝရဲ့ အျပဳံးကို ကၽြန္ေတာ္အရမ္းသေဘာက်တယ္။ ဦးေဝရဲ့အျပဳံးက လွပလြန္းသလို ေအးခ်မ္းမႈကိုလည္းေပးတယ္။ ဒါေပမဲ့ အရင္ကတည္းက သေဘာက်ခဲ့ဖူးလို႔ သေဘာက်တာမ်ိဳးမဟုတ္ဘဲ ဦးေဝရဲ့အျပဳံးကို ျမင္ဖူးတဲ့သူတိုင္း သေဘာက်နိုင္တဲ့အေနအထားမို႔ အားလုံးနည္းတူ အားလုံးထဲက အားလုံးစိတ္အတိုင္း ဒီတိုင္းသေဘာက်တာ။

ဦးေဝရဲ့အထိအေတြ႕ေတြကိုလည္း ကၽြန္ေတာ္ရင္းႏွီးမေနခဲ့ဘူး။ ဦးေဝရဲ့အ‌ထိအေတြ႕ေတြက ကၽြန္ေတာ့္ကို ရင္ခုန္ေစတာထက္ ရင္တုန္ေစတာဆို ပိုမွန္မယ္။ ဒါဆို ဦးေဝရဲ့အနမ္းကေရာ? . . .

ဟင္ ဦးေဝျပဳံးလိုက္တယ္။ အိပ္ေပ်ာ္ေနတဲ့ ဦးေဝက အားရပါးရျပဳံးေနခဲ့တယ္။ ဘယ္သူကမ်ား ဦးေဝရဲ့ အိပ္မက္ထဲထိေရာက္လာၿပီး ဦးေဝကို ျပဳံးေစခဲ့တာလဲ။

ကၽြန္ေတာ့္ေရးငယ္ေလးက ကၽြန္ေတာ္နဲ႔သားသားတို႔ကို ျပန္မွတ္မိသြားၿပီတဲ့။

"ေရးငယ္ ကိုယ့္ကို တကယ္ျပန္မွတ္မိသြားၿပီလား"

"အင္း ကၽြန္ေတာ့္ရဲ့ကိုကို႔ကို ကၽြန္ေတာ္ျပန္မွတ္မိၿပီ။ ကိုကို႔ကို အၾကာႀကီးေမ့ထားမိခဲ့လို႔ေတာင္းပန္ပါတယ္။ ကိုကို႔ႏွလုံးသားကို အၾကာႀကီး နာက်င္ေစခဲ့မိလို႔ေတာင္းပန္ပါတယ္ကိုကို"

"ကိုကိုက ေရးငယ္ေလးကို လုံးဝအျပစ္မျမင္ခဲ့တာမို႔ ကိုကို႔ေရးငယ္က ကိုကို႔ကို ေတာင္းပန္စရာမလိုဘူး"

"ေက်းဇူးတင္ပါတယ္ကိုကို။ ၿပီးေတာ့ ခ်စ္တယ္"

ခ်စ္တယ္ဆိုတဲ့စကားရဲ့အဆုံးမွာ ေရးငယ္က ကၽြန္ေတာ့္ရဲ့ ႏႈတ္ခမ္းကိုလာနမ္းတယ္။ ေရးငယ္ရဲ့ ႏႈတ္ခမ္း‌ဖူးဖူးအိအိေလးက ႏူးညံေႏြးေထြးလြန္းတယ္။ လြမ္းေနခဲ့တာ ႏူးညံ့ေႏြးေထြးလြန္းတဲ့ ဒီႏႈတ္ခမ္းဖူးဖူးအိအိေလးေတြကို။

ေရးငယ္ရဲ့ အနမ္းက ခ်ိဳၿမိန္ရစ္မူးေစတယ္။ ကၽြန္ေတာ္ ေရးငယ္ရဲ့ အနမ္းေတြၾကားမွာ နစ္ေျမာေနခဲ့တယ္။ ခ်ိဳၿမိန္တဲ့ေန႔ရက္ေတြကို ျပန္လည္ပိုင္ဆိုင္ရၿပီမို႔ ေပ်ာ္ရႊင္မႈက အတိုင္းအဆမဲ့။ ျပန္လည္ပိုင္ဆိုင္ခြင့္ေပးခဲ့တဲ့ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ ဒီလိုေန႔ရက္ေလးေတြကိုပဲ ထာဝရပိုင္ဆိုင္ပါရေစ။

[A/N] => Merry Christmas ပါ အသဲေလး‌တို႔ေရ။ ေပ်ာ္ရႊင္ဖြယ္ရာ ခရစၥမတ္ေန႔ရက္ေလးျဖစ္ပါေစ။

ဒီၾကားထဲမွာ စိတ္ညစ္စရာေတြအရမ္းမ်ားေနလို႔ Update မတင္နိုင္ခဲ့တာကို အေရွးက အႏူးအညြတ္ေတာင္းပန္ပါတယ္။ အိမ္နဲ႔အဆင္မေျပလို႔ ႀကိဳးစားၿပီး ရပ္တည္ေနရတာမို႔ အေရွးအတြက္ ဒီရက္ေတြက ပင္ပန္းၿပီး ခက္ခဲလြန္းခဲ့တယ္။ စာေရးဖို႔ႀကိဳးစားလိုက္တိုင္း စိတ္ညစ္စရာေတြက ေခါင္းထဲမွာ ျပည့္ႏွက္ေနခဲ့တာမို႔ မေရးနိုင္ခဲ့ဘူး။ ေစာင့္ေနေပးခဲ့ရတဲ့ အသဲတို႔ကို အေရွးက အားလည္းနာရသလို ေတာင္းလည္းေတာင္းပန္ပါတယ္ေနာ္။

Sat, Dec 25 (25/12/2021/Sat)

Continue Reading

You'll Also Like

457K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.4M 72.1K 65
Rebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.202...