နွမ်းလျရွက်ဝါ

summer-est által

133K 16.2K 460

"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of... Több

01
02
03
04
05
06
07
08
09
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38
39
40
41
42
43
44 [The Finale]
Extra 1 (Qi Shu's)
Extra 2
Thank You

36

1.9K 300 6
summer-est által

[Unicode]

ကျွန်တော် ရှောင်းဖေးရဲ့ ရှေ့နေကို ရှာတွေ့ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သူက ဒီလောက်နှစ်တွေ အများကြီး ကြာနေတာတောင် ဥပဒေကုမ္ပဏီ (Law Firm) တခုမှာ တည်တည်မြဲမြဲ အလုပ်လုပ်နေတုန်းပါပဲ။

ကျွန်တော် သိခဲ့ရတာကတော့ ရှောင်းဖေးက သက်ဆိုင်ရာ (သေတမ်းစာ) ဥပဒေစာရွက်စာတမ်းတွေထဲမှာတော့ သူ ကိုယ်တိုင် ရေးသားထားခဲ့တာဖြစ်ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေကို ကျွန်တော် ဖတ်ကြည့်လိုက်တယ်။ ဘာပြဿနာမှ မရှိဘူး။

တကယ်လို့များ ရှောင်းဖေး ချန်ထားခဲ့တဲ့ စာအစောင် ၁၀၀ကျော်အကြောင်းကို ရှေ့နေကြီးများ သိလေမလားလို့ ကျွန်တော် မေးလိုက်ပါတယ်။ သူကတော့ သေချာပေါက် မသိပါဘူးလို့ပဲ ဖြေပါတယ်။ အဲဒီ စာတွေနဲ့ တခြားပစ္စည်းတွေက ပိုင်ဆိုင်မှုအကြောင်းအရာနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောတယ်။

ရှေ့နေကြီးကို ဆက်မေးလို့လည်း ရမှာ မဟုတ်တော့ဘူးဆိုတော့ လက်ရေးမူကို စစ်ချက်ယူဖို့ပဲ ကျန်တော့တယ်။

ရလဒ်ကို စောင့်ဆိုင်းနေစဉ်မှာပဲ ကျွန်တော် ဝမ်းယန်နဲ့ တွေ့ဖို့ ချိန်းလိုက်တယ်။

အဲဒီနေ့က သူ ကျိုးချန်ကို ဘာပြောခဲ့လဲ ကျွန်တော် မေးဖို့ မေ့သွားတာ။ အခုမှ ပြန်စဉ်းစားကြည့်လိုက်မိတော့ တခုခုက လွဲနေသလိုပဲ။

ဘာပဲဖြစ်ဖြစ် ဝမ်းယန်က မပြတ်မသားပါ။ သူက ကျွန်တော့ကို မလိမ်ချင်သလို အမှန်ကိုလဲ ပြောချင်ပုံ မပေါ်။

"ပြောရရင်ကွာ တခြားအကြောင်းအရာတွေ ရှိသေးတယ်။ တကယ်လို့ ငါ မပြောရင်တောင် မင်း တနေ့နေ့ကျ နားလည်လာမှာပါ" သူက ပြောတယ်။

"ကျိုးချန်အနားကို မင်း မရောက်လာခင်တုန်းက ငါ ထင်ထားခဲ့တာက သူ့ရဲ့ အပြင်ပန်းနဲ့ အတွင်းစိတ်ဟာ အပူနဲ့ အအေးလိုပဲ။ သူက အဲ့လိုလူမျိုး"

အပြင်မှာ နွေးထွေးပြီး စိတ်ထဲကျ အေးစက်တတ်တဲ့ လူလား။ ကျိုးချန်ကို ပထမဆုံးအကြိမ် စတွေ့တုန်းက ကျွန်တော်လည်း အဲ့လို ထင်မိခဲ့ပါသေးတယ်။

"သူက လူတွေအပေါ် ယဉ်ကျေးပြီး ကြင်နာချင်ရင် ကြင်နာတတ်လိမ့်မယ်။ ဒါပေမဲ့ သူက အမြဲတမ်း စည်းပါးပါးလေး တားထားလေ့ရှိတယ်။ အဲဒီစည်းကို ဘယ်သူ့ကိုမှ ကျော်လာခွင့် မပေးဘူး" ဝမ်းယန်က စဉ်းစားရင်း ဖြည်းဖြည်းချင်း ပြောတယ်။

"အရင်တုန်းကတော့ ငါလည်း သူ့ကို သွေးအေးပြီး ရက်စက်တတ်တဲ့ လူစားမျိုးလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက ချီရှူးလို သွေးအေးတတ်တဲ့ ပုံမျိုး မဟုတ်ဘူး။ ချီရှူးက သွေးဆူလွယ်ပေမဲ့ သူက အဲ့လိုမျိုး မဟုတ်ဘူး"

"ကျိုးချန်ကလေ... သွေးအေးပြီး ရက်စက်တတ်တဲ့လူလား" ကျွန်တော် ဒီစကားလုံးတွေကို လက်မခံနိုင်ချေ။

"ဟုတ်တယ်။ သူက မင်း ကျောင်းစာနဲ့ ပတ်သက်ပြီးတော့ မင်းကို ဂရုစိုက်ပေးတာကို ကြည့်ပြီး ငါ အံ့ဩသွားမိတာလေ။ သူက နဂိုဆို ရှုပ်ရှုပ်ယှက်ယှက်တွေ သဘောကျတာမှ မဟုတ်တာ"

ဝမ်းယန်က ကျွန်တော့ကို ပြုံးပြီး ကြည့်ရင်း ပြောတယ်။

"ငါ အခုတော့ သိသွားပြီ။ သူ သွေးအေးတယ်ဆိုတာမျိုးက သူ့အတွက် အရေးမပါတဲ့လူတွေအတွက်ပဲ"

ဒီ စကားတွေဟာ ကျွန်တော့သံသယတွေကို မလွင့်ပျယ်စေရုံသာမက ပိုပြီးတော့တောင် သင်္ကာမကင်း ဖြစ်လာရပါတော့တယ်။

"ဘာလို့လဲ... ကျွန်တော့ကျမှ ဘာလို့ အထူးတလည်ဖြစ်နေရတာလဲ"

ဝမ်းယန်လည်း သေချာသိတဲ့ပုံ မပေါ်။ သူက ခေါင်းကို ခါရမ်းကာ ပြောတယ်။

"ငါလည်း မသိဘူး... ဪ ဟုတ်သား... ငါ စဉ်းစားမိတာ တခုတော့ ရှိတယ်"

"ဘာလဲ"

"ငါ ကျိုးချန်ကို တခါ မေးဖူးသေးတယ်။ သူ နိုင်ငံခြား မထွက်ခင်တုန်းကပေါ့။ အဲ့တုန်းကတောင်မှ သူက တရုတ်ပြည်မှာပဲ နေမယ်လို့ ပြောခဲ့သေးတာ။ ဒါပေမဲ့ သိပ်မကြာဘူး။ ရုတ်တရတ်ကြီး နိုင်ငံခြားထွက်သွားပါလေရော။ အခုမှ ပြန်စဉ်းစားကြည့်‌မိတော့ အဲ့အချိန်က မင်းနဲ့ ချီရှူး တွဲပြီး သိပ်မကြာခင်လောက်ဖြစ်မယ်"

ကျွန်တော် သိတယ်။ ဒီ ကိစ္စဟာ ကျွန်တော်နဲ့ တနည်းနည်း ပတ်သက်နေတယ်လို့ ဝမ်းယန်က ပြောချင်နေတာ။

ဒါပေမဲ့ ကျွန်တော့ဆီ 'ဘာလို့လဲ' ဆိုတဲ့ မေးခွန်းက ကျန်နေသေးတုန်းပဲ။

ကျန်တဲ့ ကိစ္စတွေကိုတော့ ဝမ်းယန်လည်း မသိပါဘူး။ တယောက်အကြောင်း တယောက် စပ်စုရအောင်အထိ ဝမ်းယန်နဲ့ ကျိုးချန်နဲ့က အဲ့လောက်ကြီးထိလည်း မရင်းနှီးကြပါ။

တနေကုန်ပြီးတဲ့အခါမှာတော့ ကျွန်တော် အတည်ပြုနိုင်တဲ့အရာက ကျိုးချန်က ကျွန်တော့ကို သိနေခဲ့တာ ကြာနေပြီ ဖြစ်ပြီး ကျွန်တော်ကတော့ ကျိုးချန်ကို မသိတာပါပဲ။

ညနေဘက်မှာတော့ ကျိုးချန်က ခါတိုင်းလိုပဲ ကျွန်တော် ဒီနေ့ ဘာလုပ်ခဲ့လဲဆိုတဲ့အကြောင်း ဖုန်းဆက်မေးတယ်။ ကျွန်တော် အထစ်ထစ်အငေါ့အငေါ့နဲ့ပဲ ဝမ်းယန်နဲ့ ညစာသွားစားခဲ့ကြောင်း ပြောလိုက်ရတယ်။ သူကတော့ အများကြီး ဆက်မမေးတော့ပါ။

သူ အရင်လို သိပ်မတက်ကြွနေဘဲ ပင်ပန်းနေတဲ့ပုံပေါက်နေတယ်ဆိုတာ ကျွန်တော် သတိပြုမိတယ်။ ဆက်ပြီးပြောနေရင်း အမှားပါနေမှာစိုးတာကြောင့် ကျွန်တော် အလျင်စလိုပဲ ဖုန်းချပစ်လိုက်တယ်။

...

နောက်နေ့မှာတော့ ကျွန်တော် လက်ရေးမူစစ်ချက် အဖြေလွှာကို သွားယူခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ ဥပဒေသေတမ်းစာထဲ ရေးထားတဲ့ လက်ရေးနဲ့ စာတွေထဲက လက်ရေးက လူတယောက်တည်းရဲ့ လက်ရေး မဟုတ်ပါဘူး။

ကျွန်တော်က ဉာဏ်ထက်တဲ့ လူမျိုးမဟုတ်ပါဘူး။ ကျွန်တော့ရဲ့ တွေးခေါ်နိုင်စွမ်းကလည်း အရမ်းကို နည်းပါတယ်။ ဒီလိုကိစ္စကြီးကို ၂ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့တာကပဲ ကြီးမားတဲ့ စွမ်းဆောင်ချက်ကြီးတရပ် ဖြစ်နေပါပြီ။

ဒါပေမဲ့ ထူးဆန်းတာကလေ ကျွန်တော် ကျိုးချန်ကို ကြောက်ရွံ့မိတဲ့စိတ် နည်းနည်းလေးမှတောင် မဖြစ်လာတာပဲ။ အဲဒီအစား ဒီ ကိစ္စကြီးက ထူးဆန်းတယ်လို့တောင် ထင်မိလိုက်သေးတယ်။

ကျွန်တော် ဒီလို ချရေးလိုက်တယ်။

လွန်ခဲ့တဲ့ ၁၀နှစ် - ကျွန်တော့အသက် ၁၂နှစ်၊ ကျိုးချန်က ၂၁နှစ်။ သူက ရှောင်းဖေးအနေနဲ့ စာ ၁၁၂စောင်ကို ရေးပြီး ကျွန်တော့ကို ပေးခဲ့တယ်။

လွန်ခဲ့တဲ့ ၆နှစ် - ကျွန်တော့အသက် ၁၆နှစ်၊ ကျိုးချန်က ၂၅နှစ်။ သူ ကျွန်တော့ကို ကော်ဖီဆိုင်မှာ တွေ့ခဲ့ပြီး ကျွန်တော် စာလိုက်နိုင်ဖို့ ဝမ်းယန်ကို ကူညီခိုင်းစေခဲ့တယ်။

လွန်ခဲ့တဲ့ ၄နှစ် - ကျွန်တော် ၁၈နှစ်၊ ကျိုးချန်အသက် ၂၇နှစ်။ ကျွန်တော်နဲ့ ချီရှူး တွဲနေတဲ့ သတင်းကို ကြားပြီး သူ နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ (ဒီဟာက နည်းနည်းတော့ မသေချာ)

လွန်ခဲ့တဲ့ ၆လ - ကျွန်တော် ၂၂နှစ်၊ ကျိုးချန်က ၃၁နှစ်။ ချီရှူးကြောင့် ကျွန်တော် သေရခါနီးဆဲဆဲမှာ သူက ကျွန်တော့အရှေ့ရောက်လာပြီး ကျွန်တော့ကို ကယ်တင်ပေးခဲ့တယ်။

တကယ်လို့ ဒီနှစ်ထဲက ကိစ္စတွေကသာ မဖြစ်ပျက်ခဲ့ရင် ကျွန်တော် မသိတဲ့ ကိစ္စတွေ ဘယ်လောက်များရှိဦးမလဲ။

ပထမဆုံးအကြိမ်ပါပဲ ကျွန်တော် တုံးအတဲ့အပေါ်မှာ စိတ်ဖိစီးရတာ။ အမှန်တရားက ကျွန်တော့ရှေ့မှောက်မှာလေ။ ဒါတောင် ကျွန်တော် သေချာမရှာနိုင်သေး။

ကျိုးချန်က ကျွန်တော့ထက် ကိုးနှစ် ကြီးတယ်။ သူ အရွယ်ရောက်တဲ့အချိန်မှာ ကျွန်တော်က လောကကြီးအကြောင်း ဘာမှ မသိသေးတဲ့ မူလတန်းကျောင်းသားလေးပဲ ရှိဦးမှာရယ်။ သူ ကျွန်တော့ကို ဘယ်လိုလုပ်သိတာလဲ။

နေဦး... ကိုးနှစ်ဆိုတာက။

"ကိုယ် ကိုးနှစ်အရွယ်မှာ... ဒီလောက်အချိန်တွေအကြာကြီး တလောကလုံးက ကိုယ့်ကို လိမ်လည်လှည့်ဖျားကြတယ်လို့ ခံစားခဲ့ရတယ်။ စိတ်ဖိစီးမှုက တော်တော်ကြီးမားခဲ့တာမို့ ကိုယ် ဆိုးဆိုးရွားရွားကို ဖျားနာခဲ့ရတယ်"

"အဲ့တုန်းက ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့တဲ့ လူတွေနဲ့ ဆေးရုံမှာ တွေ့ခဲ့ရတယ်"

ကိုးနှစ်အရွယ်။ ဖျားနာခဲ့တာ။ ဆေးရုံ။

ဟုတ်ပြီ... ဒါပဲ။ ကျွန်တော်က ထင်သလောက်လည်း တုံးအမနေပါဘူးနော်။

ရှောင်းဖေး ကိုယ်ဝန်ဆောင်နေတုန်းက တက်ခဲ့တဲ့ ဆေးရုံကို စုံစမ်းဖို့ မခက်ခဲဘူးဆိုပေမဲ့ ကျိုးချန်ကိုတော့ စုံစမ်းရမှာ ခက်တယ်လေ။ ကျွန်တော် သေချာ စဉ်းစားပြီးမှ အိမ်တော်ထိန်းကြီးကို မေးလိုက်တယ်။ ကျွန်တော် ခွဲခန်းဝင်ရတုန်းက ကျွန်တော့ကို ဘယ်ဆေးရုံမှာ တင်ခဲ့သလဲလို့ပေါ့။ သူက လိပ်စာတခု ကျွန်တော့ကို ပြောပြတယ်။ အဲဒါက ရှောင်းဖေးတက်ခဲ့တဲ့ ဆေးရုံပါပဲ။

ကျိုးချန်က နေမကောင်းတာမျိုးရှိရင် ဆေးရုံကို သွားတတ်လားလို့ ကျွန်တော် အိမ်တော်ထိန်းကြီးကို မေးလိုက်တယ်။ အိမ်တော်ထိန်းကြီးက ဟုတ်ကြောင်း အတည်ပြုပေးတယ်။ ဆေးရုံပတ်ဝန်းကျင်၊ အထောက်အပံ့ပစ္စည်းပစ္စယ၊ ဆေးရုံလုံခြုံမှုက သိပ်ကို ကောင်းကြောင်း၊ ကျိုးချန်ငယ်ငယ်ကတည်းက ခေါင်းကိုက်ဖျားနာချိန်တိုင်း သွားလေ့ရှိတဲ့ ဆေးရုံပဲဆိုတာကို သိရတယ်။

ဒီလောက်ဆို သေချာပါပြီ။

ကျိုးချန် ပြောခဲ့ဖူးတဲ့ သူတွေ့ခဲ့တဲ့လူတွေဆိုတာက သေချာပေါက် ရှောင်းဖေးပါပဲ။

ကျွန်တော်က ကျွန်တော်တို့နှစ်ယောက် ပထမဆုံး စတွေ့ဖူးတဲ့နေရာက ဆေးရုံမှာပဲလို့ ထင်ခဲ့တာ။ တကယ်ကြီးကို ဆေးရုံဖြစ်နေခဲ့တာပဲ။

လွန်ခဲ့တဲ့ အနှစ်၂၀ကျော်... ကျွန်တော် သန္ဓေသားဘဝကတည်းက။

ဒီအချိန်မှာ ကျိုးချန် အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာက ခပ်ကောင်းကောင်းလို့ပဲ ထင်မိပါတော့တယ်။ တကယ်လို့ သူသာ အရှေ့မှာ ရှိနေမယ်ဆိုရင် ကျွန်တော် သူ့ကို ဘယ်လိုမေးရမလဲ။

ဒါမှမဟုတ် ကျွန်တော် မသိချင်ယောင်ပဲဆောင်သင့်လား။ မသိချင်ယောင်ဆောင်ရမယ့် အကြောင်းရင်း ရှိရမယ်လို့မှ မပြောခဲ့တာပဲ။ အချိန်တွေကုန်တာ သိပ်မြန်ပါတယ်။ မကောင်းတဲ့အမှတ်တရတွေဆိုရင် မေးကြည့်လို့ရတာပဲဟာ။ သူ ရှက်တာတော့ ရှက်သွားမှာဆိုပေမဲ့လည်း။

တကယ်လို့ မမေးလိုက်ဘူးသာဆိုရင် ပထမအချက် - ကျွန်တော်က သရုပ်ဆောင်တာညံ့တယ်။ ဒုတိယအချက် - ကျွန်တော့ရဲ့ သိလိုစိတ်က နည်းနည်းလေး များတော့ မေးမိမှာပါပဲ။

ကယ်ကြပါဦး... ကျွန်တော်တော့ သေလောက်အောင် ရှုပ်ယှက်ခက်နေရပြီ။

တနေ့လုံး တညတာလုံး စိုးရိမ်စိတ်တွေနဲ့ ပူပန်မှုတွေထဲကနေ ရုန်းမထွက်နိုင်ခဲ့တော့ပါ။

အရင်တုန်းကတော့ ကျွန်တော် မအိပ်ခင်တုန်းကဆိုရင် ကျိုးချန်က ကျွန်တော့ကို စကားပြောပေး စာဖတ်ပေးပြနဲ့ ကျွန်တော့စိတ် အခြေအနေကောင်းအောင် လုပ်ပေးတတ်တယ်လေ။ အခု သူမရှိတဲ့အခါကျ ကျွန်တော့မှာ လမ်းပျောက်နေတဲ့ တောဆိတ်တကောင်လို အိမ်အနှံ့ ပတ်လျှောက်နေမိတယ်။

ကျွန်တော် တဖြည်းဖြည်းနဲ့ စိတ်မသက်မသာဖြစ်လာပြီး စိတ်ဓာတ်တွေပါ ပိုကျလာရတော့တယ်။

နားလည်ရခက်တဲ့ ကိုယ့်ကိုယ်ကိုယ် သနားစိတ်တွေက ကျွန်တော့တကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ကျိုးချန်နဲ့ အတူရှိနေခဲ့ဖူးတဲ့ မှတ်ဉာဏ်အပိုင်းအစလေးတွေကိုပဲ ပြန်ပြောင်းအောက်မေ့နေမိတော့တယ်။ ကျွန်တော် ပိုပြီး အောက်မေ့မိလေလေ၊ ကျွန်တော့အခြေအနေက ပိုဆိုးလာလေလေပါပဲ။

သူ ကျွန်တော့ဆီ ချဉ်းကပ်လာခဲ့၊ ဂရုစိုက်ပေးခဲ့၊ ကျေးဇူးကြွေးတင်နေတဲ့ မိတ်ဆွေဟောင်းတယောက်လို ကောင်းကောင်းဆက်ဆံခဲ့တာတွေဟာ သူ ပြောသလိုဆိုရင် အချစ်စစ်မှ မဟုတ်တာ။

နောက်တခါဆိုရင် သူ ကျွန်တော့ကို သေချာပေါက် သဘောကျမှာ မဟုတ်တော့ဘူး။

ကျွန်တော် ထပ်ပြီး အစွန့်ပစ်ခံရလိမ့်မယ်။

ဒီအတွေးဝင်နေတာဟာ ကျွန်တော့အတွက် ကောင်းတာမဟုတ်မှန်း ကျွန်တော် သိပါတယ်။

စွန့်ပစ်ခံရခြင်းကို စွန့်စားခြင်းကသာ အောင်နိုင်လိမ့်မယ်။ ကျွန်တော့နှလုံးသားထဲမှာ မသိလိုက်ဘာသာနဲ့ပဲ ကျိုးချန်ကို ကျွန်တော့အပိုင်လို့ မှတ်ယူနေလေပြီ။

ဒါက ကောင်းတဲ့ လက္ခဏာ ဘယ်ဟုတ်မလဲ။

ပို အန္တရာယ်များတဲ့အရာကတော့ ကျွန်တော် ကျိုးချန်အခန်းထဲ ဝင်မိတာပါပဲ။

သူက ဒီမှာမှ မရှိနေတာ... သူ့ရနံ့လေး နည်းနည်းလောက် ချေးပေးရုံနဲ့ ဘာမှ မဖြစ်သွားဘူးမလားဟင်။

ကျွန်တော်က အမြဲတစေ အားနည်းနေတတ်တယ်ဆိုပေမဲ့လည်း ကျွန်တော့ရဲ့ ကိုယ်ပိုင် မှီခိုရာလေး မရှိတော့တဲ့အချိန်အတွင်းမှာ အခြေအနေ ပိုဆိုးလာရုံအပြင် တခြားမရှိပါဘူး။

ဒါပေမဲ့ အခုအချိန်မှာ အနည်းဆုံးတော့ အတွေးတွေထဲ အေးအေးငြိမ်ငြိမ်လေးနဲ့ ပိုပြီး နစ်ဝင်နိုင်တာပဲလေ။

ကျိုးချန်ရဲ့ အိပ်ရာက ကျွန်တော့ထက် ပိုကြီးတယ်။ မွေ့ယာပေါ် လှဲလိုက်တဲ့အခါမှာတော့ ကျွန်တော့ရဲ့ ပူပန်ကြောင့်ကြမှုတွေဟာ မယုံနိုင်လောက်အောင်ပဲ ပျောက်ကွယ်သွားရတော့တယ်။ မသိရင် သူက ကျွန်တော့ဘေးမှာ ရှိနေသလို။

ကျွန်တော် ဆိုးဆိုးရွားရွားကြီးကို တွေးပစ်လိုက်တာကတော့လေ သူက တမင်တကာကိုပဲ နူးညံ့ညင်သာတဲ့ နည်းလမ်းတွေ သုံး၊ ကျွန်တော့ကို ချဉ်းကပ်ပြီး ထောင်ချောက်ဆင်ဖမ်းခဲ့တာများလားလို့။ အခု‌တော့ ကျွန်တော့မှာ သူ မရှိလို့ မဖြစ်တော့ဘူး။

ဒါ အကုန် သူ့အပြစ်တွေချည်းပဲ။

ဒီလို ထိန်းချုပ်နိုင်တာကိုများ သူက ဘယ်လိုလုပ်ပြီး အချစ်လို့ ပြောနိုင်ရတာလဲ။

...

ကျွန်တော် တရေးလောက် အိပ်ပျော်သွားပြီး ညဉ့်သန်းခေါင်မှာတော့ ရင်ထဲတလှပ်လှပ်ဖြစ်ပြီး လန့်နိုးလာတယ်။ ကျွန်တော် အိပ်ရာဘေးက ဗီရိုအံဆွဲထဲ သောက်နေကျ ဆေးကို စမ်းတဝါးဝါးနဲ့ လိုက်စမ်းနေမိတယ်။ ဒါပေမဲ့ စမ်းလို့မမိ။

မီးဖွင့်လိုက်တော့မှပဲ ဒါ ကျွန်တော့အခန်း မဟုတ်မှန်း သတိရမိတော့တယ်။

အံဆွဲက ပွင့်နေပြီ။ အထဲမှာတော့ စီဒီခွေ ပါးပါးလေး နှစ်ချပ်ထည့်ထားတဲ့ စာအုပ်အထူတအုပ် ရှိနေတာကို တွေ့ရတယ်။

သူများပစ္စည်းကို သူများခွင့်ပြုချက် မရဘဲ ကိုင်တွယ်ထိတွေ့တာက ယဉ်ကျေးတဲ့ အပြုအမူမဟုတ်ဘူးလို့ ကျွန်တော် ငယ်ငယ်က သင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း စီဒီခွေပေါ်မှာ နာမည်ရေးထားတာမြင်တော့ ကောက်ယူလိုက်မိတယ်။

အခွေပေါ်မှာ ရိုးရိုးရှင်းရှင်းလေး ဆော့ပင်နဲ့ နာမည်ရေးထားတာရယ်။

ရှောင်ယွီ တဲ့...။

ကျွန်တော် တခဏလောက် တုံ့ဆိုင်းနေပြီးမှ အခွေကို ပရိုဂျက်တာထဲ ထည့်ကြည့်လိုက်တယ်။ တကယ်လို့များ ဒါဟာ ကျိုးချန်ရဲ့ ၁၈နှစ်အထက်ကြည့်ရမယ့်စုဆောင်းမှုလေးသာဆိုရင်တော့ ရှက်နေရတော့မယ်။

ကံကောင်းစွာနဲ့ပဲ မဟုတ်ခဲ့ပါဘူး။

စခရင်ခ်အမည်းကြီးက စက္ကန့်ပိုင်းလောက် ပေါ်နေပြီးတော့မှ အလယ်အလတ် စတိတ်စင်လေးတခု ပေါ်လာတယ်။ အစီအစဉ်တင်ဆက်သူက စကားပြောနေတဲ့အသံကို ကြားရတယ်။

"နောက်ထပ် ဖျော်ဖြေတင်ဆင်မှု အလှည့်ကျလာတဲ့လူကတော့ အလယ်တန်း တတိယနှစ်၊ အခန်း ၉ မှ ကျောင်းသား ရှောင်းယွီပဲ ဖြစ်ပါတယ်။ သူကတော့ 'ဟီဘရူးညနေခင်းဆုတောင်းသူများ' ကို တယောသံနဲ့အတူ ဖျော်ဖြေပေးသွားမှာပါ"

အလယ်တန်း တတိယနှစ်၊ အခန်း ၉... ဒါက အထက်တန်းကျောင်းဆင်းပွဲမှာ ကျွန်တော့ရဲ့ ဖျော်ဖြေမှုပဲ ဖြစ်ပါတယ်။

သေချာတာပေါ့။ လိုက်ကာစလည်း ပွင့်သွားရော ၁၅နှစ်အရွယ် ကျွန်တော့ကို မြင်လိုက်ရတယ်။ မျက်နှာလေးက အခုထက် ပို သေးသေးလေး၊ လေးနက်တည်ကြည်နေတဲ့ အသွင်အပြင်၊ နည်းနည်းလေးတော့ ဝတုတ်တုတ်လေး ဖြစ်နေတယ်။

ဒီ ဗီဒီယိုကို ကျောင်းရဲ့ မော်ကွန်းတိုက်မှာ သိမ်းထားတာပဲဖြစ်တယ်။ ဗီဒီယိုက ကြည်လင်ပြတ်သားနေပြီး ကင်မရာက ခန်းမအတွင်း လှည့်လည်ရိုက်ကူးလို့နေတယ်။ ရင်းနှီးတဲ့မျက်နှာကို ကျွန်တော် ဖျက်ခနဲ တွေ့လိုက်ရတယ်။

ဗီဒီယိုကို ရပ်ထားလိုက်တဲ့အခါမှာတော့ အဲဒီလူဟာ ကျိုးချန်ဖြစ်နေကြောင်း တွေ့လိုက်ရပါတယ်။

အသက် ၂၀အရွယ် ကျိုးချန်ဟာ လက်ရှိကျိုးချန်နဲ့ တော်တော်ကွဲပြားပါတယ်။ အကြည့်တွေဟာ တောက်ပနေပြီး ကျောင်းသားအသွင်အပြင်လည်း ရှိနေတယ်။ တက္ကသိုလ်ဖိုရမ်ရဲ့ ပင်ပစာမျက်နှာမှာ အမြဲ တွေ့နေရတဲ့ ကျောင်းသားတွေလို။

ကျိုးချန်က ပထမတန်းခုံမှာ ထိုင်နေပြီး စတိတ်စင်ပေါ်က ကျွန်တော့ကို ပြုံးပြီး ကြည့်နေတယ်။ သူ့အကြည့်တွေဟာ အကိုဖြစ်သူက သူ့ညီကို ကျေနပ်သလို အကြည့်၊ သဘောကျတဲ့အကြည့်မျိုး။

ဗီဒီယိုက ဆက်သွားနေတယ်။ နောက်တခုကတော့ ကျွန်တော့ရဲ့ အထက်တန်းကျောင်းဆင်းပွဲပါတီ ဖြစ်ပါတယ်။ တခဏလေးအတွင်းကိုပဲ ၃နှစ်တာအချိန်က ကုန်ဆုံးသွားတယ်။ ပုံထဲမှာ ကျွန်တော်က ပိန်သွယ်ပြီး ဆံပင်တွေလည်း ရှည်နေပြီ။ ကလေးတုန်းက ဝတုတ်တုတ်လေး ဖြစ်နေခဲ့တဲ့ပုံက ပျောက်သွားပြီး မျက်လုံးတွေကလည်း ပို ဝိုင်းစက်လာတယ်။

မမျှော်လင့်ဘဲ ကျိုးချန်ကို ပရိသတ်ထိုင်ခုံမှာ ထပ်တွေ့လိုက်ရတယ်။ ဒီတခေါက် သူ့အသွင်အပြင်ဟာ အများကြီး ပြောင်းလဲသွားခဲ့တယ်။ သူက ပို ရင်ကျင့်ပြီး ပို တည်ငြိမ်လာတယ်။ သူ့ ဝတ်စုံဟာ သပ်သပ်ရပ်ရပ်ဖြစ်ပြီး မျက်မှန်လည်း ထပ်ထားတယ်။

ဒီတခါမှာတော့ ကျွန်တော့အကြည့်တွေဟာ မရိုးရှင်းတော့ပါဘူး။ နားလည်ရခက်တဲ့ ခံစားချက်တွေဟာ တဟုန်ထိုးတက်လာခဲ့တော့တယ်။ စခရင်မ်ပေါ်က သူ့ကို ကြည့်နေရင်းနဲ့တင် နှလုံးခုန်သံတွေဟာ ပို ပိုမြန်လာတာများ။

ဘာဖြစ်တာလဲ။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး မလှည့်စားနိုင်တော့ဘူးပဲ။

စာလုံး တထောင်ထက် အကြည့်တချက်က အဓိပ္ပာယ်ပိုပါတယ်။

ပထမ စီဒီမှာ ဗီဒီယို နှစ်ပုဒ်ပဲ ပါတယ်။ နောက်တခွေ ထပ်ထိုးလိုက်တဲ့အခါတော့ ပုံက ကျွန်တော့ပုံပဲ။ တယောကို စပြီး သင်ယူခဲ့တဲ့ အချိန်ကစပြီး ကျွန်တော် ပါဝင်ခဲ့ဖူးတဲ့ ပြိုင်ပွဲတွေအားလုံး ဒီထဲမှာ။

ဒီတခါတော့ ကျိုးချန်က ဗီဒီယိုထဲမှာ မပါတော့ဘူး။ ဘာလို့ဆို ဗီဒီယိုကို သူ ကိုယ်တိုင်ကပဲ ရိုက်ကူးနေလို့ပဲ ဖြစ်ပါတယ်။

ကျွန်တော် နားထဲ သူ့အသံပဲ ကြားနေရတယ်။

"သူ့ကို မချစ်ပါနဲ့'

"ကိုယ် မင်းထက် အသက် တရက် ပိုရှည်မယ်"

"ဒီ အပြောကျယ်တဲ့ လူတွေထဲမှာ မင်း ပိုင်ဆိုင်တဲ့ လူတယောက် ရှိတယ်"

"အချစ်က သနားကရုဏာသက်ခြင်းလည်း မဟုတ်သလို ပိုင်ဆိုင်ရယူခြင်းလည်း မဟုတ်ဘူး"

"မင်း နားမလည်လားတော့ မသိပေမဲ့ ကိုယ် မင်းကို ချစ်တယ်"

...

ကျွန်တော် ထင်ထားခဲ့တာက ဘယ်သူကမှ ကျွန်တော့ကို မချစ်ဘူးလို့...

ကျွန်တော် ထင်ထားခဲ့တာက ကျက်တီးမြေ ဖြစ်နေတဲ့ လမ်းကို ကျွန်တော်တယောက်တည်း လျှောက်လှမ်းရလိမ့်မယ်လို့...

ကျွန်တော် ထင်ထားခဲ့တာက အဆုံးသတ် ကန့်လန့်ကာချတဲ့အချိန်ကျ ကမ္ဘာပေါ်က ဆုံစည်းခြင်းတွေဟာ ခွဲခွာရလိမ့်မယ်လို့...

ကျွန်တော် ထင်ထားခဲ့သလိုပါပဲ...။

ဒါပေမဲ့ ကန့်လန့်ကာချလိုက်တဲ့အချိန်မှာ ကျွန်တော့ကို စောင့်နေခဲ့တဲ့ လူတယောက်ကတော့ ရှိနေခဲ့တယ်။

xxx

စာရေးသူမှာ ပြောစရာရှိပါတယ်။

ဒီနေ့အတွက် နားဆင်စရာ - Reserved 《矜持》

[ချစ်တယ်... နောက်ဆုံးအချိန်ထိ ချစ်ပါတယ်...]




[Zawgyi]

ကြၽန္ေတာ္ ေရွာင္းေဖးရဲ႕ ေရွ႕ေနကို ရွာေတြ႕ခဲ့တယ္။ ကံေကာင္းစြာနဲ႔ပဲ သူက ဒီေလာက္ႏွစ္ေတြ အမ်ားႀကီး ၾကာေနတာေတာင္ ဥပေဒကုမၸဏီ (Law Firm) တခုမွာ တည္တည္ၿမဲၿမဲ အလုပ္လုပ္ေနတုန္းပါပဲ။

ကြၽန္ေတာ္ သိခဲ့ရတာကေတာ့ ေရွာင္းေဖးက သက္ဆိုင္ရာ (ေသတမ္းစာ) ဥပေဒစာ႐ြက္စာတမ္းေတြထဲမွာေတာ့ သူ ကိုယ္တိုင္ ေရးသားထားခဲ့တာျဖစ္ပါတယ္။ အဲဒီ စာ႐ြက္စာတမ္းေတြကို ကြၽန္ေတာ္ ဖတ္ၾကည့္လိုက္တယ္။ ဘာျပႆနာမွ မရွိဘူး။

တကယ္လို႔မ်ား ေရွာင္းေဖး ခ်န္ထားခဲ့တဲ့ စာအေစာင္ ၁၀၀ေက်ာ္အေၾကာင္းကို ေရွ႕ေနႀကီးမ်ား သိေလမလားလို႔ ကြၽန္ေတာ္ ေမးလိုက္ပါတယ္။ သူကေတာ့ ေသခ်ာေပါက္ မသိပါဘူးလို႔ပဲ ေျဖပါတယ္။ အဲဒီ စာေတြနဲ႔ တျခားပစၥည္းေတြက ပိုင္ဆိုင္မႈအေၾကာင္းအရာနဲ႔ မသက္ဆိုင္ဘူးလို႔လည္း ေျပာတယ္။

ေရွ႕ေနႀကီးကို ဆက္ေမးလို႔လည္း ရမွာ မဟုတ္ေတာ့ဘူးဆိုေတာ့ လက္ေရးမူကို စစ္ခ်က္ယူဖို႔ပဲ က်န္ေတာ့တယ္။

ရလဒ္ကို ေစာင့္ဆိုင္းေနစဥ္မွာပဲ ကြၽန္ေတာ္ ဝမ္းယန္နဲ႔ ေတြ႕ဖို႔ ခ်ိန္းလိုက္တယ္။

အဲဒီေန႔က သူ က်ိဳးခ်န္ကို ဘာေျပာခဲ့လဲ ကြၽန္ေတာ္ ေမးဖို႔ ေမ့သြားတာ။ အခုမွ ျပန္စဥ္းစားၾကည့္လိုက္မိေတာ့ တခုခုက လြဲေနသလိုပဲ။

ဘာပဲျဖစ္ျဖစ္ ဝမ္းယန္က မျပတ္မသားပါ။ သူက ကြၽန္ေတာ့ကို မလိမ္ခ်င္သလို အမွန္ကိုလဲ ေျပာခ်င္ပုံ မေပၚ။

"ေျပာရရင္ကြာ တျခားအေၾကာင္းအရာေတြ ရွိေသးတယ္။ တကယ္လို႔ ငါ မေျပာရင္ေတာင္ မင္း တေန႔ေန႔က် နားလည္လာမွာပါ" သူက ေျပာတယ္။

"က်ိဳးခ်န္အနားကို မင္း မေရာက္လာခင္တုန္းက ငါ ထင္ထားခဲ့တာက သူ႔ရဲ႕ အျပင္ပန္းနဲ႔ အတြင္းစိတ္ဟာ အပူနဲ႔ အေအးလိုပဲ။ သူက အဲ့လိုလူမ်ိဳး"

အျပင္မွာ ေႏြးေထြးၿပီး စိတ္ထဲက် ေအးစက္တတ္တဲ့ လူလား။ က်ိဳးခ်န္ကို ပထမဆုံးအႀကိမ္ စေတြ႕တုန္းက ကြၽန္ေတာ္လည္း အဲ့လို ထင္မိခဲ့ပါေသးတယ္။

"သူက လူေတြအေပၚ ယဥ္ေက်းၿပီး ၾကင္နာခ်င္ရင္ ၾကင္နာတတ္လိမ့္မယ္။ ဒါေပမဲ့ သူက အၿမဲတမ္း စည္းပါးပါးေလး တားထားေလ့ရွိတယ္။ အဲဒီစည္းကို ဘယ္သူ႔ကိုမွ ေက်ာ္လာခြင့္ မေပးဘူး" ဝမ္းယန္က စဥ္းစားရင္း ျဖည္းျဖည္းခ်င္း ေျပာတယ္။

"အရင္တုန္းကေတာ့ ငါလည္း သူ႔ကို ေသြးေအးၿပီး ရက္စက္တတ္တဲ့ လူစားမ်ိဳးလို႔ပဲ ထင္ထားခဲ့တာ။ ဒါေပမဲ့ သူက ခ်ီရႉးလို ေသြးေအးတတ္တဲ့ ပုံမ်ိဳး မဟုတ္ဘူး။ ခ်ီရႉးက ေသြးဆူလြယ္ေပမဲ့ သူက အဲ့လိုမ်ိဳး မဟုတ္ဘူး"

"က်ိဳးခ်န္ကေလ... ေသြးေအးၿပီး ရက္စက္တတ္တဲ့လူလား" ကြၽန္ေတာ္ ဒီစကားလုံးေတြကို လက္မခံႏိုင္ေခ်။

"ဟုတ္တယ္။ သူက မင္း ေက်ာင္းစာနဲ႔ ပတ္သက္ၿပီးေတာ့ မင္းကို ဂ႐ုစိုက္ေပးတာကို ၾကည့္ၿပီး ငါ အံ့ဩသြားမိတာေလ။ သူက နဂိုဆို ရႈပ္ရႈပ္ယွက္ယွက္ေတြ သေဘာက်တာမွ မဟုတ္တာ"

ဝမ္းယန္က ကြၽန္ေတာ့ကို ၿပဳံးၿပီး ၾကည့္ရင္း ေျပာတယ္။

"ငါ အခုေတာ့ သိသြားၿပီ။ သူ ေသြးေအးတယ္ဆိုတာမ်ိဳးက သူ႔အတြက္ အေရးမပါတဲ့လူေတြအတြက္ပဲ"

ဒီ စကားေတြဟာ ကြၽန္ေတာ့သံသယေတြကို မလြင့္ပ်ယ္ေစ႐ုံသာမက ပိုၿပီးေတာ့ေတာင္ သကၤာမကင္း ျဖစ္လာရပါေတာ့တယ္။

"ဘာလို႔လဲ... ကြၽန္ေတာ့က်မွ ဘာလို႔ အထူးတလည္ျဖစ္ေနရတာလဲ"

ဝမ္းယန္လည္း ေသခ်ာသိတဲ့ပုံ မေပၚ။ သူက ေခါင္းကို ခါရမ္းကာ ေျပာတယ္။

"ငါလည္း မသိဘူး... ဪ ဟုတ္သား... ငါ စဥ္းစားမိတာ တခုေတာ့ ရွိတယ္"

"ဘာလဲ"

"ငါ က်ိဳးခ်န္ကို တခါ ေမးဖူးေသးတယ္။ သူ ႏိုင္ငံျခား မထြက္ခင္တုန္းကေပါ့။ အဲ့တုန္းကေတာင္မွ သူက တ႐ုတ္ျပည္မွာပဲ ေနမယ္လို႔ ေျပာခဲ့ေသးတာ။ ဒါေပမဲ့ သိပ္မၾကာဘူး။ ႐ုတ္တရတ္ႀကီး ႏိုင္ငံျခားထြက္သြားပါေလေရာ။ အခုမွ ျပန္စဥ္းစားၾကည့္‌မိေတာ့ အဲ့အခ်ိန္က မင္းနဲ႔ ခ်ီရႉး တြဲၿပီး သိပ္မၾကာခင္ေလာက္ျဖစ္မယ္"

ကြၽန္ေတာ္ သိတယ္။ ဒီ ကိစၥဟာ ကြၽန္ေတာ္နဲ႔ တနည္းနည္း ပတ္သက္ေနတယ္လို႔ ဝမ္းယန္က ေျပာခ်င္ေနတာ။

ဒါေပမဲ့ ကြၽန္ေတာ့ဆီ 'ဘာလို႔လဲ' ဆိုတဲ့ ေမးခြန္းက က်န္ေနေသးတုန္းပဲ။

က်န္တဲ့ ကိစၥေတြကိုေတာ့ ဝမ္းယန္လည္း မသိပါဘူး။ တေယာက္အေၾကာင္း တေယာက္ စပ္စုရေအာင္အထိ ဝမ္းယန္နဲ႔ က်ိဳးခ်န္နဲ႔က အဲ့ေလာက္ႀကီးထိလည္း မရင္းႏွီးၾကပါ။

တေနကုန္ၿပီးတဲ့အခါမွာေတာ့ ကြၽန္ေတာ္ အတည္ျပဳႏိုင္တဲ့အရာက က်ိဳးခ်န္က ကြၽန္ေတာ့ကို သိေနခဲ့တာ ၾကာေနၿပီ ျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ က်ိဳးခ်န္ကို မသိတာပါပဲ။

ညေနဘက္မွာေတာ့ က်ိဳးခ်န္က ခါတိုင္းလိုပဲ ကြၽန္ေတာ္ ဒီေန႔ ဘာလုပ္ခဲ့လဲဆိုတဲ့အေၾကာင္း ဖုန္းဆက္ေမးတယ္။ ကြၽန္ေတာ္ အထစ္ထစ္အေငါ့အေငါ့နဲ႔ပဲ ဝမ္းယန္နဲ႔ ညစာသြားစားခဲ့ေၾကာင္း ေျပာလိုက္ရတယ္။ သူကေတာ့ အမ်ားႀကီး ဆက္မေမးေတာ့ပါ။

သူ အရင္လို သိပ္မတက္ႂကြေနဘဲ ပင္ပန္းေနတဲ့ပုံေပါက္ေနတယ္ဆိုတာ ကြၽန္ေတာ္ သတိျပဳမိတယ္။ ဆက္ၿပီးေျပာေနရင္း အမွားပါေနမွာစိုးတာေၾကာင့္ ကြၽန္ေတာ္ အလ်င္စလိုပဲ ဖုန္းခ်ပစ္လိုက္တယ္။

...

ေနာက္ေန႔မွာေတာ့ ကြၽန္ေတာ္ လက္ေရးမူစစ္ခ်က္ အေျဖလႊာကို သြားယူခဲ့ပါတယ္။ ထင္တဲ့အတိုင္းပဲ ဥပေဒေသတမ္းစာထဲ ေရးထားတဲ့ လက္ေရးနဲ႔ စာေတြထဲက လက္ေရးက လူတေယာက္တည္းရဲ႕ လက္ေရး မဟုတ္ပါဘူး။

ကြၽန္ေတာ္က ဉာဏ္ထက္တဲ့ လူမ်ိဳးမဟုတ္ပါဘူး။ ကြၽန္ေတာ့ရဲ႕ ေတြးေခၚႏိုင္စြမ္းကလည္း အရမ္းကို နည္းပါတယ္။ ဒီလိုကိစၥႀကီးကို ၂ရက္အတြင္း ေဖာ္ထုတ္ႏိုင္ခဲ့တာကပဲ ႀကီးမားတဲ့ စြမ္းေဆာင္ခ်က္ႀကီးတရပ္ ျဖစ္ေနပါၿပီ။

ဒါေပမဲ့ ထူးဆန္းတာကေလ ကြၽန္ေတာ္ က်ိဳးခ်န္ကို ေၾကာက္႐ြံ႕မိတဲ့စိတ္ နည္းနည္းေလးမွေတာင္ မျဖစ္လာတာပဲ။ အဲဒီအစား ဒီ ကိစၥႀကီးက ထူးဆန္းတယ္လို႔ေတာင္ ထင္မိလိုက္ေသးတယ္။

ကြၽန္ေတာ္ ဒီလို ခ်ေရးလိုက္တယ္။

လြန္ခဲ့တဲ့ ၁၀ႏွစ္ - ကြၽန္ေတာ့အသက္ ၁၂ႏွစ္၊ က်ိဳးခ်န္က ၂၁ႏွစ္။ သူက ေရွာင္းေဖးအေနနဲ႔ စာ ၁၁၂ေစာင္ကို ေရးၿပီး ကြၽန္ေတာ့ကို ေပးခဲ့တယ္။

လြန္ခဲ့တဲ့ ၆ႏွစ္ - ကြၽန္ေတာ့အသက္ ၁၆ႏွစ္၊ က်ိဳးခ်န္က ၂၅ႏွစ္။ သူ ကြၽန္ေတာ့ကို ေကာ္ဖီဆိုင္မွာ ေတြ႕ခဲ့ၿပီး ကြၽန္ေတာ္ စာလိုက္ႏိုင္ဖို႔ ဝမ္းယန္ကို ကူညီခိုင္းေစခဲ့တယ္။

လြန္ခဲ့တဲ့ ၄ႏွစ္ - ကြၽန္ေတာ္ ၁၈ႏွစ္၊ က်ိဳးခ်န္အသက္ ၂၇ႏွစ္။ ကြၽန္ေတာ္နဲ႔ ခ်ီရႉး တြဲေနတဲ့ သတင္းကို ၾကားၿပီး သူ ႏိုင္ငံျခားကို ထြက္သြားခဲ့တယ္။ (ဒီဟာက နည္းနည္းေတာ့ မေသခ်ာ)

လြန္ခဲ့တဲ့ ၆လ - ကြၽန္ေတာ္ ၂၂ႏွစ္၊ က်ိဳးခ်န္က ၃၁ႏွစ္။ ခ်ီရႉးေၾကာင့္ ကြၽန္ေတာ္ ေသရခါနီးဆဲဆဲမွာ သူက ကြၽန္ေတာ့အေရွ႕ေရာက္လာၿပီး ကြၽန္ေတာ့ကို ကယ္တင္ေပးခဲ့တယ္။

တကယ္လို႔ ဒီႏွစ္ထဲက ကိစၥေတြကသာ မျဖစ္ပ်က္ခဲ့ရင္ ကြၽန္ေတာ္ မသိတဲ့ ကိစၥေတြ ဘယ္ေလာက္မ်ားရွိဦးမလဲ။

ပထမဆုံးအႀကိမ္ပါပဲ ကြၽန္ေတာ္ တုံးအတဲ့အေပၚမွာ စိတ္ဖိစီးရတာ။ အမွန္တရားက ကြၽန္ေတာ့ေရွ႕ေမွာက္မွာေလ။ ဒါေတာင္ ကြၽန္ေတာ္ ေသခ်ာမရွာႏိုင္ေသး။

က်ိဳးခ်န္က ကြၽန္ေတာ့ထက္ ကိုးႏွစ္ ႀကီးတယ္။ သူ အ႐ြယ္ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္က ေလာကႀကီးအေၾကာင္း ဘာမွ မသိေသးတဲ့ မူလတန္းေက်ာင္းသားေလးပဲ ရွိဦးမွာရယ္။ သူ ကြၽန္ေတာ့ကို ဘယ္လိုလုပ္သိတာလဲ။

ေနဦး... ကိုးႏွစ္ဆိုတာက။

"ကိုယ္ ကိုးႏွစ္အ႐ြယ္မွာ... ဒီေလာက္အခ်ိန္ေတြအၾကာႀကီး တေလာကလုံးက ကိုယ့္ကို လိမ္လည္လွည့္ဖ်ားၾကတယ္လို႔ ခံစားခဲ့ရတယ္။ စိတ္ဖိစီးမႈက ေတာ္ေတာ္ႀကီးမားခဲ့တာမို႔ ကိုယ္ ဆိုးဆိုး႐ြား႐ြားကို ဖ်ားနာခဲ့ရတယ္"

"အဲ့တုန္းက ကိုယ့္ရဲ႕ အျမင္ကို ေျပာင္းလဲေပးခဲ့တဲ့ လူေတြနဲ႔ ေဆး႐ုံမွာ ေတြ႕ခဲ့ရတယ္"

ကိုးႏွစ္အ႐ြယ္။ ဖ်ားနာခဲ့တာ။ ေဆး႐ုံ။

ဟုတ္ၿပီ... ဒါပဲ။ ကြၽန္ေတာ္က ထင္သေလာက္လည္း တုံးအမေနပါဘူးေနာ္။

ေရွာင္းေဖး ကိုယ္ဝန္ေဆာင္ေနတုန္းက တက္ခဲ့တဲ့ ေဆး႐ုံကို စုံစမ္းဖို႔ မခက္ခဲဘူးဆိုေပမဲ့ က်ိဳးခ်န္ကိုေတာ့ စုံစမ္းရမွာ ခက္တယ္ေလ။ ကြၽန္ေတာ္ ေသခ်ာ စဥ္းစားၿပီးမွ အိမ္ေတာ္ထိန္းႀကီးကို ေမးလိုက္တယ္။ ကြၽန္ေတာ္ ခြဲခန္းဝင္ရတုန္းက ကြၽန္ေတာ့ကို ဘယ္ေဆး႐ုံမွာ တင္ခဲ့သလဲလို႔ေပါ့။ သူက လိပ္စာတခု ကြၽန္ေတာ့ကို ေျပာျပတယ္။ အဲဒါက ေရွာင္းေဖးတက္ခဲ့တဲ့ ေဆး႐ုံပါပဲ။

က်ိဳးခ်န္က ေနမေကာင္းတာမ်ိဳးရွိရင္ ေဆး႐ုံကို သြားတတ္လားလို႔ ကြၽန္ေတာ္ အိမ္ေတာ္ထိန္းႀကီးကို ေမးလိုက္တယ္။ အိမ္ေတာ္ထိန္းႀကီးက ဟုတ္ေၾကာင္း အတည္ျပဳေပးတယ္။ ေဆး႐ုံပတ္ဝန္းက်င္၊ အေထာက္အပံ့ပစၥည္းပစၥယ၊ ေဆး႐ုံလုံၿခဳံမႈက သိပ္ကို ေကာင္းေၾကာင္း၊ က်ိဳးခ်န္ငယ္ငယ္ကတည္းက ေခါင္းကိုက္ဖ်ားနာခ်ိန္တိုင္း သြားေလ့ရွိတဲ့ ေဆး႐ုံပဲဆိုတာကို သိရတယ္။

ဒီေလာက္ဆို ေသခ်ာပါၿပီ။

က်ိဳးခ်န္ ေျပာခဲ့ဖူးတဲ့ သူေတြ႕ခဲ့တဲ့လူေတြဆိုတာက ေသခ်ာေပါက္ ေရွာင္းေဖးပါပဲ။

ကြၽန္ေတာ္က ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ပထမဆုံး စေတြ႕ဖူးတဲ့ေနရာက ေဆး႐ုံမွာပဲလို႔ ထင္ခဲ့တာ။ တကယ္ႀကီးကို ေဆး႐ုံျဖစ္ေနခဲ့တာပဲ။

လြန္ခဲ့တဲ့ အႏွစ္၂၀ေက်ာ္... ကြၽန္ေတာ္ သေႏၶသားဘဝကတည္းက။

ဒီအခ်ိန္မွာ က်ိဳးခ်န္ အလုပ္ကိစၥနဲ႔ ခရီးထြက္သြားတာက ခပ္ေကာင္းေကာင္းလို႔ပဲ ထင္မိပါေတာ့တယ္။ တကယ္လို႔ သူသာ အေရွ႕မွာ ရွိေနမယ္ဆိုရင္ ကြၽန္ေတာ္ သူ႔ကို ဘယ္လိုေမးရမလဲ။

ဒါမွမဟုတ္ ကြၽန္ေတာ္ မသိခ်င္ေယာင္ပဲေဆာင္သင့္လား။ မသိခ်င္ေယာင္ေဆာင္ရမယ့္ အေၾကာင္းရင္း ရွိရမယ္လို႔မွ မေျပာခဲ့တာပဲ။ အခ်ိန္ေတြကုန္တာ သိပ္ျမန္ပါတယ္။ မေကာင္းတဲ့အမွတ္တရေတြဆိုရင္ ေမးၾကည့္လို႔ရတာပဲဟာ။ သူ ရွက္တာေတာ့ ရွက္သြားမွာဆိုေပမဲ့လည္း။

တကယ္လို႔ မေမးလိုက္ဘူးသာဆိုရင္ ပထမအခ်က္ - ကြၽန္ေတာ္က သ႐ုပ္ေဆာင္တာညံ့တယ္။ ဒုတိယအခ်က္ - ကြၽန္ေတာ့ရဲ႕ သိလိုစိတ္က နည္းနည္းေလး မ်ားေတာ့ ေမးမိမွာပါပဲ။

ကယ္ၾကပါဦး... ကြၽန္ေတာ္ေတာ့ ေသေလာက္ေအာင္ ရႈပ္ယွက္ခက္ေနရၿပီ။

တေန႔လုံး တညတာလုံး စိုးရိမ္စိတ္ေတြနဲ႔ ပူပန္မႈေတြထဲကေန ႐ုန္းမထြက္ႏိုင္ခဲ့ေတာ့ပါ။

အရင္တုန္းကေတာ့ ကြၽန္ေတာ္ မအိပ္ခင္တုန္းကဆိုရင္ က်ိဳးခ်န္က ကြၽန္ေတာ့ကို စကားေျပာေပး စာဖတ္ေပးျပနဲ႔ ကြၽန္ေတာ့စိတ္ အေျခအေနေကာင္းေအာင္ လုပ္ေပးတတ္တယ္ေလ။ အခု သူမရွိတဲ့အခါက် ကြၽန္ေတာ့မွာ လမ္းေပ်ာက္ေနတဲ့ ေတာဆိတ္တေကာင္လို အိမ္အႏွံ႔ ပတ္ေလွ်ာက္ေနမိတယ္။

ကြၽန္ေတာ္ တျဖည္းျဖည္းနဲ႔ စိတ္မသက္မသာျဖစ္လာၿပီး စိတ္ဓာတ္ေတြပါ ပိုက်လာရေတာ့တယ္။

နားလည္ရခက္တဲ့ ကိုယ့္ကိုယ္ကိုယ္ သနားစိတ္ေတြက ကြၽန္ေတာ့တကိုယ္လုံးကို ဖုံးလႊမ္းသြားၿပီး က်ိဳးခ်န္နဲ႔ အတူရွိေနခဲ့ဖူးတဲ့ မွတ္ဉာဏ္အပိုင္းအစေလးေတြကိုပဲ ျပန္ေျပာင္းေအာက္ေမ့ေနမိေတာ့တယ္။ ကြၽန္ေတာ္ ပိုၿပီး ေအာက္ေမ့မိေလေလ၊ ကြၽန္ေတာ့အေျခအေနက ပိုဆိုးလာေလေလပါပဲ။

သူ ကြၽန္ေတာ့ဆီ ခ်ဥ္းကပ္လာခဲ့၊ ဂ႐ုစိုက္ေပးခဲ့၊ ေက်းဇူးေႂကြးတင္ေနတဲ့ မိတ္ေဆြေဟာင္းတေယာက္လို ေကာင္းေကာင္းဆက္ဆံခဲ့တာေတြဟာ သူ ေျပာသလိုဆိုရင္ အခ်စ္စစ္မွ မဟုတ္တာ။

ေနာက္တခါဆိုရင္ သူ ကြၽန္ေတာ့ကို ေသခ်ာေပါက္ သေဘာက်မွာ မဟုတ္ေတာ့ဘူး။

ကြၽန္ေတာ္ ထပ္ၿပီး အစြန႔္ပစ္ခံရလိမ့္မယ္။

ဒီအေတြးဝင္ေနတာဟာ ကြၽန္ေတာ့အတြက္ ေကာင္းတာမဟုတ္မွန္း ကြၽန္ေတာ္ သိပါတယ္။

စြန႔္ပစ္ခံရျခင္းကို စြန႔္စားျခင္းကသာ ေအာင္ႏိုင္လိမ့္မယ္။ ကြၽန္ေတာ့ႏွလုံးသားထဲမွာ မသိလိုက္ဘာသာနဲ႔ပဲ က်ိဳးခ်န္ကို ကြၽန္ေတာ့အပိုင္လို႔ မွတ္ယူေနေလၿပီ။

ဒါက ေကာင္းတဲ့ လကၡဏာ ဘယ္ဟုတ္မလဲ။

ပို အႏၲရာယ္မ်ားတဲ့အရာကေတာ့ ကြၽန္ေတာ္ က်ိဳးခ်န္အခန္းထဲ ဝင္မိတာပါပဲ။

သူက ဒီမွာမွ မရွိေနတာ... သူ႔ရနံ႔ေလး နည္းနည္းေလာက္ ေခ်းေပး႐ုံနဲ႔ ဘာမွ မျဖစ္သြားဘူးမလားဟင္။

ကြၽန္ေတာ္က အၿမဲတေစ အားနည္းေနတတ္တယ္ဆိုေပမဲ့လည္း ကြၽန္ေတာ့ရဲ႕ ကိုယ္ပိုင္ မွီခိုရာေလး မရွိေတာ့တဲ့အခ်ိန္အတြင္းမွာ အေျခအေန ပိုဆိုးလာ႐ုံအျပင္ တျခားမရွိပါဘူး။

ဒါေပမဲ့ အခုအခ်ိန္မွာ အနည္းဆုံးေတာ့ အေတြးေတြထဲ ေအးေအးၿငိမ္ၿငိမ္ေလးနဲ႔ ပိုၿပီး နစ္ဝင္ႏိုင္တာပဲေလ။

က်ိဳးခ်န္ရဲ႕ အိပ္ရာက ကြၽန္ေတာ့ထက္ ပိုႀကီးတယ္။ ေမြ႕ယာေပၚ လွဲလိုက္တဲ့အခါမွာေတာ့ ကြၽန္ေတာ့ရဲ႕ ပူပန္ေၾကာင့္ၾကမႈေတြဟာ မယုံႏိုင္ေလာက္ေအာင္ပဲ ေပ်ာက္ကြယ္သြားရေတာ့တယ္။ မသိရင္ သူက ကြၽန္ေတာ့ေဘးမွာ ရွိေနသလို။

ကြၽန္ေတာ္ ဆိုးဆိုး႐ြား႐ြားႀကီးကို ေတြးပစ္လိုက္တာကေတာ့ေလ သူက တမင္တကာကိုပဲ ႏူးညံ့ညင္သာတဲ့ နည္းလမ္းေတြ သုံး၊ ကြၽန္ေတာ့ကို ခ်ဥ္းကပ္ၿပီး ေထာင္ေခ်ာက္ဆင္ဖမ္းခဲ့တာမ်ားလားလို႔။ အခု‌ေတာ့ ကြၽန္ေတာ့မွာ သူ မရွိလို႔ မျဖစ္ေတာ့ဘူး။

ဒါ အကုန္ သူ႔အျပစ္ေတြခ်ည္းပဲ။

ဒီလို ထိန္းခ်ဳပ္ႏိုင္တာကိုမ်ား သူက ဘယ္လိုလုပ္ၿပီး အခ်စ္လို႔ ေျပာႏိုင္ရတာလဲ။

...


ကြၽန္ေတာ္ တေရးေလာက္ အိပ္ေပ်ာ္သြားၿပီး ညဥ့္သန္းေခါင္မွာေတာ့ ရင္ထဲတလွပ္လွပ္ျဖစ္ၿပီး လန႔္ႏိုးလာတယ္။ ကြၽန္ေတာ္ အိပ္ရာေဘးက ဗီ႐ိုအံဆြဲထဲ ေသာက္ေနက် ေဆးကို စမ္းတဝါးဝါးနဲ႔ လိုက္စမ္းေနမိတယ္။ ဒါေပမဲ့ စမ္းလို႔မမိ။

မီးဖြင့္လိုက္ေတာ့မွပဲ ဒါ ကြၽန္ေတာ့အခန္း မဟုတ္မွန္း သတိရမိေတာ့တယ္။

အံဆြဲက ပြင့္ေနၿပီ။ အထဲမွာေတာ့ စီဒီေခြ ပါးပါးေလး ႏွစ္ခ်ပ္ထည့္ထားတဲ့ စာအုပ္အထူတအုပ္ ရွိေနတာကို ေတြ႕ရတယ္။

သူမ်ားပစၥည္းကို သူမ်ားခြင့္ျပဳခ်က္ မရဘဲ ကိုင္တြယ္ထိေတြ႕တာက ယဥ္ေက်းတဲ့ အျပဳအမူမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ငယ္ငယ္က သင္ခဲ့ရပါတယ္။ ဒါေပမဲ့လည္း စီဒီေခြေပၚမွာ နာမည္ေရးထားတာျမင္ေတာ့ ေကာက္ယူလိုက္မိတယ္။

အေခြေပၚမွာ ႐ိုး႐ိုးရွင္းရွင္းေလး ေဆာ့ပင္နဲ႔ နာမည္ေရးထားတာရယ္။

ေရွာင္ယြီ တဲ့...

ကြၽန္ေတာ္ တခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွ အေခြကို ပ႐ိုဂ်က္တာထဲ ထည့္ၾကည့္လိုက္တယ္။ တကယ္လို႔မ်ား ဒါဟာ က်ိဳးခ်န္ရဲ႕ ၁၈ႏွစ္အထက္ၾကည့္ရမယ့္စုေဆာင္းမႈေလးသာဆိုရင္ေတာ့ ရွက္ေနရေတာ့မယ္။

ကံေကာင္းစြာနဲ႔ပဲ မဟုတ္ခဲ့ပါဘူး။

စခရင္ခ္အမည္းႀကီးက စကၠန႔္ပိုင္းေလာက္ ေပၚေနၿပီးေတာ့မွ အလယ္အလတ္ စတိတ္စင္ေလးတခု ေပၚလာတယ္။ အစီအစဥ္တင္ဆက္သူက စကားေျပာေနတဲ့အသံကို ၾကားရတယ္။

"ေနာက္ထပ္ ေဖ်ာ္ေျဖတင္ဆင္မႈ အလွည့္က်လာတဲ့လူကေတာ့ အလယ္တန္း တတိယႏွစ္၊ အခန္း ၉ မွ ေက်ာင္းသား ေရွာင္းယြီပဲ ျဖစ္ပါတယ္။ သူကေတာ့ 'ဟီဘ႐ူးညေနခင္းဆုေတာင္းသူမ်ား' ကို တေယာသံနဲ႔အတူ ေဖ်ာ္ေျဖေပးသြားမွာပါ"

အလယ္တန္း တတိယႏွစ္၊ အခန္း ၉... ဒါက အထက္တန္းေက်ာင္းဆင္းပြဲမွာ ကြၽန္ေတာ့ရဲ႕ ေဖ်ာ္ေျဖမႈပဲ ျဖစ္ပါတယ္။

ေသခ်ာတာေပါ့။ လိုက္ကာစလည္း ပြင့္သြားေရာ ၁၅ႏွစ္အ႐ြယ္ ကြၽန္ေတာ့ကို ျမင္လိုက္ရတယ္။ မ်က္ႏွာေလးက အခုထက္ ပို ေသးေသးေလး၊ ေလးနက္တည္ၾကည္ေနတဲ့ အသြင္အျပင္၊ နည္းနည္းေလးေတာ့ ဝတုတ္တုတ္ေလး ျဖစ္ေနတယ္။

ဒီ ဗီဒီယိုကို ေက်ာင္းရဲ႕ ေမာ္ကြန္းတိုက္မွာ သိမ္းထားတာပဲျဖစ္တယ္။ ဗီဒီယိုက ၾကည္လင္ျပတ္သားေနၿပီး ကင္မရာက ခန္းမအတြင္း လွည့္လည္႐ိုက္ကူးလို႔ေနတယ္။ ရင္းႏွီးတဲ့မ်က္ႏွာကို ကြၽန္ေတာ္ ဖ်က္ခနဲ ေတြ႕လိုက္ရတယ္။

ဗီဒီယိုကို ရပ္ထားလိုက္တဲ့အခါမွာေတာ့ အဲဒီလူဟာ က်ိဳးခ်န္ျဖစ္ေနေၾကာင္း ေတြ႕လိုက္ရပါတယ္။

အသက္ ၂၀အ႐ြယ္ က်ိဳးခ်န္ဟာ လက္ရွိက်ိဳးခ်န္နဲ႔ ေတာ္ေတာ္ကြဲျပားပါတယ္။ အၾကည့္ေတြဟာ ေတာက္ပေနၿပီး ေက်ာင္းသားအသြင္အျပင္လည္း ရွိေနတယ္။ တကၠသိုလ္ဖိုရမ္ရဲ႕ ပင္ပစာမ်က္ႏွာမွာ အၿမဲ ေတြ႕ေနရတဲ့ ေက်ာင္းသားေတြလို။

က်ိဳးခ်န္က ပထမတန္းခုံမွာ ထိုင္ေနၿပီး စတိတ္စင္ေပၚက ကြၽန္ေတာ့ကို ၿပဳံးၿပီး ၾကည့္ေနတယ္။ သူ႔အၾကည့္ေတြဟာ အကိုျဖစ္သူက သူ႔ညီကို ေက်နပ္သလို အၾကည့္၊ သေဘာက်တဲ့အၾကည့္မ်ိဳး။

ဗီဒီယိုက ဆက္သြားေနတယ္။ ေနာက္တခုကေတာ့ ကြၽန္ေတာ့ရဲ႕ အထက္တန္းေက်ာင္းဆင္းပြဲပါတီ ျဖစ္ပါတယ္။ တခဏေလးအတြင္းကိုပဲ ၃ႏွစ္တာအခ်ိန္က ကုန္ဆုံးသြားတယ္။ ပုံထဲမွာ ကြၽန္ေတာ္က ပိန္သြယ္ၿပီး ဆံပင္ေတြလည္း ရွည္ေနၿပီ။ ကေလးတုန္းက ဝတုတ္တုတ္ေလး ျဖစ္ေနခဲ့တဲ့ပုံက ေပ်ာက္သြားၿပီး မ်က္လုံးေတြကလည္း ပို ဝိုင္းစက္လာတယ္။

မေမွ်ာ္လင့္ဘဲ က်ိဳးခ်န္ကို ပရိသတ္ထိုင္ခုံမွာ ထပ္ေတြ႕လိုက္ရတယ္။ ဒီတေခါက္ သူ႔အသြင္အျပင္ဟာ အမ်ားႀကီး ေျပာင္းလဲသြားခဲ့တယ္။ သူက ပို ရင္က်င့္ၿပီး ပို တည္ၿငိမ္လာတယ္။ သူ႔ ဝတ္စုံဟာ သပ္သပ္ရပ္ရပ္ျဖစ္ၿပီး မ်က္မွန္လည္း ထပ္ထားတယ္။

ဒီတခါမွာေတာ့ ကြၽန္ေတာ့အၾကည့္ေတြဟာ မ႐ိုးရွင္းေတာ့ပါဘူး။ နားလည္ရခက္တဲ့ ခံစားခ်က္ေတြဟာ တဟုန္ထိုးတက္လာခဲ့ေတာ့တယ္။ စခရင္မ္ေပၚက သူ႔ကို ၾကည့္ေနရင္းနဲ႔တင္ ႏွလုံးခုန္သံေတြဟာ ပို ပိုျမန္လာတာမ်ား။

ဘာျဖစ္တာလဲ။

ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ထပ္ၿပီး မလွည့္စားႏိုင္ေတာ့ဘူးပဲ။

စာလုံး တေထာင္ထက္ အၾကည့္တခ်က္က အဓိပၸာယ္ပိုပါတယ္။

ပထမ စီဒီမွာ ဗီဒီယို ႏွစ္ပုဒ္ပဲ ပါတယ္။ ေနာက္တေခြ ထပ္ထိုးလိုက္တဲ့အခါေတာ့ ပုံက ကြၽန္ေတာ့ပုံပဲ။ တေယာကို စၿပီး သင္ယူခဲ့တဲ့ အခ်ိန္ကစၿပီး ကြၽန္ေတာ္ ပါဝင္ခဲ့ဖူးတဲ့ ၿပိဳင္ပြဲေတြအားလုံး ဒီထဲမွာ။

ဒီတခါေတာ့ က်ိဳးခ်န္က ဗီဒီယိုထဲမွာ မပါေတာ့ဘူး။ ဘာလို႔ဆို ဗီဒီယိုကို သူ ကိုယ္တိုင္ကပဲ ႐ိုက္ကူးေနလို႔ပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္ နားထဲ သူ႔အသံပဲ ၾကားေနရတယ္။

"သူ႔ကို မခ်စ္ပါနဲ႔'

"ကိုယ္ မင္းထက္ အသက္ တရက္ ပိုရွည္မယ္"

"ဒီ အေျပာက်ယ္တဲ့ လူေတြထဲမွာ မင္း ပိုင္ဆိုင္တဲ့ လူတေယာက္ ရွိတယ္"

"အခ်စ္က သနားက႐ုဏာသက္ျခင္းလည္း မဟုတ္သလို ပိုင္ဆိုင္ရယူျခင္းလည္း မဟုတ္ဘူး"

"မင္း နားမလည္လားေတာ့ မသိေပမဲ့ ကိုယ္ မင္းကို ခ်စ္တယ္"

...

ကြၽန္ေတာ္ ထင္ထားခဲ့တာက ဘယ္သူကမွ ကြၽန္ေတာ့ကို မခ်စ္ဘူးလို႔...

ကြၽန္ေတာ္ ထင္ထားခဲ့တာက က်က္တီးေျမ ျဖစ္ေနတဲ့ လမ္းကို ကြၽန္ေတာ္တေယာက္တည္း ေလွ်ာက္လွမ္းရလိမ့္မယ္လို႔...

ကြၽန္ေတာ္ ထင္ထားခဲ့တာက အဆုံးသတ္ ကန႔္လန႔္ကာခ်တဲ့အခ်ိန္က် ကမာၻေပၚက ဆုံစည္းျခင္းေတြဟာ ခြဲခြာရလိမ့္မယ္လို႔...

ကြၽန္ေတာ္ ထင္ထားခဲ့သလိုပါပဲ...

ဒါေပမဲ့ ကန႔္လန႔္ကာခ်လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့ကို ေစာင့္ေနခဲ့တဲ့ လူတေယာက္ကေတာ့ ရွိေနခဲ့တယ္။

xxx

စာေရးသူမွာ ေျပာစရာရွိပါတယ္။

ဒီေန႔အတြက္ နားဆင္စရာ - Reserved 《矜持》


[ခ်စ္တယ္... ေနာက္ဆုံးအခ်ိန္ထိ ခ်စ္ပါတယ္...]

Olvasás folytatása

You'll Also Like

73.8K 18.7K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
376K 46.7K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
488K 83K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...