နွမ်းလျရွက်ဝါ

By summer-est

134K 16.2K 460

"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of... More

01
02
03
04
05
06
07
08
09
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
36
37
38
39
40
41
42
43
44 [The Finale]
Extra 1 (Qi Shu's)
Extra 2
Thank You

35

2K 273 0
By summer-est

[Unicode]

ကျွန်တော် သူ့ကို တွန်းထုတ်လိုက်မိတယ်။

ကျွန်တော်က အချစ်ခံရတဲ့လူ မဟုတ်ပါဘူး။ ကျွန်တော် ကြောက်ရွံ့နေမိပါတယ်။

ကျွန်တော် အခု ဘယ်လောက်တောင် ရှက်ရွံ့နေမိမလဲဆိုတာ တွေးနေစရာတောင် မလိုတော့ပါဘူး။ တွေဝေမှင်တက်စွာ ရပ်နေပြီး မျက်ရည်တွေက ယိုယွင်းတာ ကြာရှည်နေပြီ ဖြစ်တဲ့ ဘုံပိုင်ခေါင်းက ရေတွေလို တသွင်သွင်စီးကျနေရင်းနဲ့ပါပဲ။

သူက ကျွန်တော့လူကို ချစ်တယ်ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ။

အချစ်ခံရဖို့ ထိုက်တန်တဲ့ အချောအလှလေးတွေ အများကြီး ရှိပါတယ်။ အဲ့ထဲမှာ ကျွန်တော်ကတော့ ဘယ်ပါမလဲနော်။

"တောင်းပန်ပါတယ်" ကျွန်တော် ပြောလိုက်တယ်။

ကျွန်တော်က ညစ်ထေးနေတဲ့အတွက် တောင်းပန်ပါတယ်။

သူက တခဏလောက် တောင့်တင်းသွားရတယ်။ ပြီးတော့ ခပ်ယဲ့ယဲ့ပြုံးရင်း ပြောတယ်။

"လုံလောက်ပါပြီ ဒီလောက်ဆိုရင်..."

အခန်းထဲမှာ အရက်နံ့တွေ သင်းနေတယ်။ ဒါကြောင့် ကျွန်တော် ထင်လိုက်တာက ကျိုးချန် ဒီနေ့ တော်တော်မူးနေလောက်မယ်လို့လေ။ အမူးသမားတွေက မဟုတ်တမ်းတရားတွေပဲ လျှောက်ပြောတတ်ကြတယ်မလား။

သူက ကျွန်တော့ကို ကြာရှည်စွာ စိုက်ကြည့်လိုက်ပြီး -

"ကောင်းပြီ"

...

ကျွန်တော် ညဘက် အိပ်မပျော်နိုင်မဖြစ်အောင် ဒီညမှာတော့ အိပ်ဆေးသောက်အိပ်လိုက်ရပါတယ်။

ညဘက်အိပ်မပျော်ဘူးဆိုရင် နှလုံးအတွက် မကောင်းဘူး တဲ့။ ဒါဆိုရင် ကျိုးချန်က စိတ်ပူနေရလိမ့်မယ်။

နောက်နေ့မနက် သူ ကျွန်တော့အခန်းထဲ ရောက်လာတော့ ကျွန်တော် နိုးတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါကြောင့် မထသေးဘဲ အိပ်နေသေးသယောင်ဆောင်လိုက်တယ်။

ကျွန်တော် အိပ်ချင်ယောင်ဆောင်နေမှန်းလည်း သူ သိရင် သိလောက်မှာပါ။ သူက ကျွန်တော့အိပ်ရာအစွန်းဘက်မှာ ဝင်ထိုင်လိုက်ပြီး ကျွန်တော့ဆံပင်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးတယ်။

"ကိုလုံးမြို့က ဓာတ်ခွဲခန်းမှာ ပြဿနာဖြစ်နေလို့ ကိုယ် သွားမှဖြစ်မယ်"

[*Notes - ကိုလုံး(Cologne) မြို့ - ဂျာမနီနိုင်ငံထဲတွင် တည်ရှိသည့် မြို့တမြို့]

ဒါဆို ဒါက အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုတဲ့ သဘောပေါ့...

"မင်း အိမ်မှာ အချိန်မှန် ဆေးသောက်ရမယ်။ အပြင်ထွက်ချင်ရင်လည်း ဒရိုင်ဘာကို ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ နောက်ကျတဲ့အထိ လျှောက်မလည်ပါနဲ့"

သူက ကျွန်တော့ကို ညင်သာစွာ ဆုပ်ကိုင်ထားတယ်။ မသိရင် ကျွန်တော်တို့အကြား မနေ့ညက ဘာမှမဖြစ်ခဲ့သလို။

သူ ကျွန်တော့နဖူးကို ဖွဖွလေး နမ်းလိုက်တဲ့အချိန်မှာ ကျွန်တော် တောင့်မခံနိုင်ခဲ့ဘူး၊ ကျွန်တော့မျက်ခွံက ယောင်ယောင်လေး လှုပ်ခတ်သွားခဲ့တယ်ထင်ရဲ့။

"ကိုယ် သွားပြီ"

တံခါး ပိတ်လိုက်တာနဲ့ တပြိုင်နက် ကျွန်တော် ကုတင်ပေါ်က ဆင်းပြီး ပြတင်းပေါက်ဆီကို တရှိန်ထိုး ပြေးထွက်သွားလိုက်တယ်။

တအောင့်လောက်နေတော့ ကျိုးချန်က အိမ်ထဲကနေ ထွက်လာတာကို လှမ်းမြင်ရတယ်။ သူ တခုခုကို ခံစားမိတဲ့ပုံပါပဲ။ ဂိတ်ပေါက်ကို ရောက်တော့ ရုတ်တရတ်ကြီး ကျွန်တော့အခန်းဘက် လှမ်းကြည့်လာတယ်။

ကျွန်တော် အလျင်အမြန်နဲ့ပဲ လိုက်ကာစအနောက်ဘက်ကို ဝင်ပုန်းလိုက်ရတယ်။ ကျွန်တော် ပြန်ထွက်လာတော့ သူ မရှိတော့ပါဘူး။

သူ တွေ့သွားမလား ကျွန်တော် မသိဘူး။

အလုပ်ခရီးထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ၊ ကျွန်တော် သူနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိဘူး။ သူလည်း အတူတူလောက်ပဲလို့ ကျွန်တော် ထင်မိပါတယ်။

ကျိုးချန် အိမ်မှာမရှိတော့ ကျွန်တော်လည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့။ လူတယောက် မရှိတော့တာနဲ့ပဲ အိမ်တအိမ်လုံးက ဟာလာဟင်းလင်း။

ကျွန်တော့ကို အပြစ်မြင်ချင်တယ်ဆိုရင်လည်း ရပါတယ်။ နမ်းပြီးမှ ထွက်ပြေးသွားတာ ဘာသဘောလဲ။ သရဲဘောကြောင်တာပဲပေါ့။

ချစ်တယ်လို့ ပြောပြီးမှ အဖော်လည်း မလုပ်ပေးဘဲနဲ့။ စကားတော့ ပြောသွားတာလေ။ လိမ်သွားတာ မဟုတ်ဘူးမလားဟင်။

ထားလိုက်ပါတော့... ကျွန်တော် ပိုပြီး မဝံ့မရဲဖြစ်နေရပြီ။

ဘာမှ လုပ်စရာမရှိတော့တာနဲ့ပဲ ကျွန်တော် ကုတင်အောက်မှာရှိတဲ့ စာပုံးကို ထုတ်လိုက်တယ်။ ဒီနေ့က ဘာမှထွေထွေထူးထူးလုပ်စရာမရှိတာမို့ ကျွန်တော့မှာ အချိန်တွေအားနေတယ်။

စာအစောင် ၁၀၀ကျော်က မများဘူးဆိုပေမဲ့ အကုန်လုံး စုလိုက်တဲ့အခါမှာတော့ အာရုံတော်တော်စိုက်ရပါတယ်။ ကျွန်တော်လည်း ပျင်းပျင်းရှိနေတာနဲ့ပဲ စာတွေအကုန် ဆွဲထုတ်ပြီး အက်ဆေးဖတ်သလို ဖတ်နေလိုက်တော့တယ်။

ရှောင်းဖေးရဲ့ လက်ရေးက တော်တော်လေးကို လှတယ်။ သေသပ်ပြီး သပ်ရပ်တယ်။

သူ ရေးထားတဲ့ စာအသွားအလာက မိဘတယောက်က ကလေးတယောက်ကို ပြောနေတဲ့ပုံနဲ့ မတူဘူး။ သူငယ်ချင်းအချင်းချင်း ပြောနေတဲ့အတိုင်းပဲ။

သူ ဒီစာတွေကို ရေးခဲ့တုန်းက အသက် ၂၀ ဝန်းကျင်လောက် ဖြစ်လောက်မယ်လို့တော့ ထင်တာပဲ။ ကျွန်တော့အသက်လောက်ပေါ့။ သူ့ကိုယ်သူ မိဘဖြစ်မှန်းတောင် သတိပြုမိလောက်မှာ မဟုတ်ဘူး။ ကျွန်တော်သာဆိုရင်လည်း အနာဂတ်မှာ ဒီလို ခံစားချက်မျိုးပဲ ခံစားရလောက်မယ်ထင်တယ်။

စာတွေအကုန်လုံး တမနက်တည်းနဲ့ တထိုင်တည်းဖတ်ပြီးသွားတဲ့အချိန်မှာလည်း စိတ်မကျေနပ်သေးတာမို့ တခုခုဖတ်ဖို့ စာအုပ်သွားရှာဖို့ စိတ်ကူးရမိတယ်။

...

ကျိုးချန်မှာ စာအုပ်တွေ အများကြီး ရှိတယ်။ အက်ဆေးစာအုပ် နှစ်အုပ်ကို ကျွန်တော် ခက်ခက်ခဲခဲ ရှာလိုက်ရတယ်။ စာအုပ်ထုတ်ဝေတဲ့ ရက်စွဲကို ကြည့်လိုက်တော့ ဆယ်နှစ်ကျော်လောက်တောင် ရှိနေပြီ။

သူ အထက်တန်း ဒါမှမဟုတ် ကောလိပ်ကျောင်းသားဘဝတုန်းက ဖတ်ခဲ့တဲ့ စာအုပ်ပဲနေမယ်။

ကာလံဒေသကို ဖြတ်ကျော်ပြီး အတိတ်တုန်းက ကျောင်းသားလေးကျိုးချန်ကို တွေ့လိုက်ရသလို ထူးဆန်းတဲ့ ခံစားချက်က ကျွန်တော့ဆီ ရုတ်တရတ်ကြီး တိုးဝင်လာခဲ့တယ်။

ကျွန်တော် စာအုပ်ကို ယူမသွားတော့ဘဲ နေရာမှာပဲ ထိုင်ဖတ်လိုက်တယ်။ စာအုပ်အဖုံးကို လှန်လိုက်တဲ့အချိန်မှာ စာမျက်နှာအောက်ဆုံးထောင့်လေးမှာ [ကျိုးချန်] လို့ လက်မှတ်ထိုးထားတာလေးကို တွေ့လိုက်ရတယ်။

ကျွန်တော် ပြုံးမိသွားတယ်။ ကြည့်ရတာ ကျောင်းသင်ရိုးပြင်ပစာအုပ်တွေဆိုရင် သူက နာမည်ထိုးနေကျဖြစ်ပုံရမယ်ထင်ရဲ့။

ကြည့်ရတာ သူက တော်တော်လေး နာမည်ကြီးလောက်ပုံ ရမယ်။ ခဏ... နေပါဦး... ဒီစာလုံးကို ကြည့်ရတာ နည်းနည်းတော့ ရင်းနှီးနေတဲ့ပုံပဲ။

ကျွန်တော် ဘယ်မှာ မြင်ဖူးတာလဲ။ မြင်ဖူးတာ သိပ်မကြာသေးတဲ့ပုံပါပဲ။

ရုတ်တရတ် ကျွန်တော့ခေါင်းထဲ အတွေးဝင်လာတယ်။ တခုခုကို အမှတ်ရသွားမိတာမို့ အခန်းထဲကို ပြန်ပြီး ခုနက ဖတ်နေခဲ့တဲ့ စာတွေကို လှန်လှောလိုက်တော့တယ်။

ရှောင်းဖေး ရေးခဲ့တဲ့ လက်ရေးစာတွေ... ဟုတ်တယ်... ရှောင်းဖေး ချန်ထားခဲ့တဲ့ သေတမ်းစာတွေထဲက လက်ရေးနဲ့ တထပ်တည်းပဲ။

ဒါပေမဲ့ ကျွန်တော်က ကျိုးချန်စာအုပ်ထဲမှာ စာလုံးနှစ်လုံးကိုပဲ တွေ့ရသေးတာ။

တနာရီလောက် အချိန်ဖြုန်းပြီးနောက်မှာတော့ စာလုံးအက္ခရာတွေထဲမှာ ကျိုး[周] ဆိုတဲ့ အက္ခရာရယ်၊ ချန်[沉] ဆိုတဲ့ အက္ခရာရယ်ကို စာထဲမှာ တွေ့လိုက်ရတယ်။

[အခုတလော ပြောမပြတတ်လောက်အောင် စိတ်ဓာတ်ကျနေခဲ့တာမို့လို့ ဟာသရုပ်ရှင်တွေ ကြည့်တာတောင် မရယ်နိုင်ဘူး...]

[ဒီအပတ်ထဲ တေးဂီတပွဲ သွားကြည့်ခဲ့တယ်... ဟာမန်အီဗန်က တကယ့်ကို တော်တဲ့အနုပညာရှင်ပဲ...]

[ကိုယ် တွေးနေခဲ့တာ မင်းရော မင်းကို လိုလိုလားလား ချစ်ပေးမယ့်သူနဲ့ တွေ့မှာလား...]

[ဒီမှာ ပထမဆုံး စာစရေးခြင်းပဲ...]

[တနေ့ညတုန်းက...]

စာထဲက စာလုံးတွေရယ်၊ စာအုပ်ပေါ်က လက်မှတ်ရယ်ကို ကျွန်တော် သေချာ တိုက်စစ်ကြည့်နေမိတယ်။ ဒါက လူတယောက်တည်းရဲ့ လက်ရေးပဲဆိုတာ သေချာပါတယ်။

မှန်ကန်ကြောင်း အတည်ပြုဖို့အတွက်ဆိုရင်တော့ ကျွန်တော် စာလုံးအက္ခရာတချို့ ရှာတွေ့ထားတယ်။ ဒီမှာဆိုရင် ဒီ စာလုံးသုံးလုံး ' ကျီ[机] ၊ ကျီ[几] နဲ့ ဖျင်[凭]' ကို ရေးတဲ့ ရေးပုံရေးနည်းဟာ *ချန်[] ဆိုတဲ့ စကားလုံး ရေးပုံရေးနည်းဟာ ကွာခြားမှဖြစ်မယ်။

[Notes - *ချန်[] - ကျိုးချန်[周沉] ရဲ့ နာမည်ထဲက ချန်[沉] စကားလုံး]

လုံးလုံးလျားလျားကို အံ့အားသင့်မိတာပါပဲ။

ရှောင်းဖေးရဲ့ စာတွေထဲက စာလုံးတွေဟာ ဘာလို့ ကျိုးချန်စာအုပ်ထဲကို ရောက်နေရတာလဲ။

ကျိုးချန်နာမည်ကို ရေးခဲ့တာ သူပဲလား။

မဟုတ်သေးဘူး... ဒါကို ပြောရကြေးဆိုရင် သူတို့ တယောက်နဲ့တယောက် သိကြတယ်ဆိုဦးတော့။ ကျိုးချန်ရဲ့ လက်မှတ်ကို ရှောင်းဖေးက ရေးပေးခဲ့တယ်ဆိုရင်တောင် ရှောင်းဖေး ရေးတဲ့ ချန်[沉] နဲ့ တခြား အက္ခရာဖြစ်တဲ့ ကျီ[几] ရဲ့ ခြားနားချက်ကိုရော ဘယ်လိုရှင်းမလဲ။

ပြီးတော့ ဒီ စာအုပ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းမှ ပုံနှိပ်ထုတ်ဝေထားခဲ့တာ။ အဲ့အချိန်တုန်းကဆို ရှောင်းဖေးကဖြင့် ပြာမှုန့်ဖြစ်ပြီးနေပြီပဲ။

ကျွန်တော် အတော်လေးကို စိတ်ရှုပ်ထွေးနေပြီး ကျောရိုးတလျှောက်တောင် ကြက်သီးတွေ စိမ့်တက်လာသလို ခံစားရတယ်။

ဒါက ကျွန်တော် နားလည်နိုင်စွမ်းထက်ကို ပို ကျော်လွန်နေပါပြီ။

သူတို့ တယောက်နဲ့တယောက် သိကြတာလား။ မဟုတ်သေးဘူး... မဖြစ်နိုင်ဘူး။ တကယ်လို့ သူတို့ သိကြတယ်ဆိုရင် ကျိုးချန်က ကျွန်တော့ကို အသိပေးမှာ မဟုတ်ဘူး။

ဒါမှမဟုတ် တိုက်ဆိုင်တာပဲဆိုရင်ကော။ ကမ္ဘာပေါ်မှာ လူနှစ်ယောက်က လက်ရေးလက်သားလည်းတူ၊ အက္ခရာရေးနည်းလည်း တထပ်တည်း တူတာပဲ ဆိုရင်ကော။

ပိုလို့တောင် ထူးဆန်းလို့နေသေးတယ်နော်။

ဖြစ်နိုင်ချေတွေကို အစဆွဲထုတ်နေရတာနဲ့တင် ခေါင်းတောင် ပေါက်ကွဲထွက်တော့မလိုပဲ။

နောက်ဆုံးတော့ စာတစောင်ပဲ ကျန်တော့တယ်။ ကျိုးချန်က လက်ရေးအတုခိုးပြီး ရေးထားတယ်ဆိုတဲ့ သံသယရှိတဲ့ ရှောင်းဖေးရဲ့ စာ။

ဘယ်လောက်ပဲ အတုခိုးတယ်ဆိုပါစေဦး၊ ကျိုးချန်က သူ့နာမည်ကိုတော့ သူ့ရဲ့ ရေးပုံရေးနည်းအတိုင်းပဲ ရေးမှာပဲလေ။

ဒါကို အတည်ပြုဖို့ဆိုရင် ကျွန်တော် ကျိုးချန်ရဲ့ စာကြည့်ခန်းထဲက စာအုပ်စင်တွေကနေ ကျိုးချန် လတ်တလော ရေးထားပြီးသား စာတွေနဲ့ တိုက်စစ်ကြည့်ခဲ့တယ်။ အဲဒီမှာ ကျီ[几] နဲ့ ချန်[沉] စကားလုံး ရေးပုံရေးနည်းဟာ ရှောင်းဖေးစာထဲက ရေးပုံရေးနည်းအတိုင်းပါပဲ။ အတူတူပဲ။

ဒီတခါမှာတော့ လူက တည်ငြိမ်သွားရပြီ။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဝတ္ထုထဲက စာသားလိုလေ... 'အခြေခံအကြောင်းရင်းတွေကို ဖယ်ထုတ်ပစ်လိုက်၊ ဒါဆိုရင် အမှန်တရားကတော့ ကျန်နေရစ်ခဲ့မှာ'။

ဖြစ်နိုင်ချေအကုန်လုံးကို ဖယ်ထုတ်ပစ်လိုက်မယ်ဆိုရင် တခုတော့ ကျန်နေခဲ့မှာပဲ။ အဲဒါက ဘယ်လိုပဲ မဖြစ်နိုင်ဘူးပြောဦး။ အမှန်တရားဆိုတာကိုတော့ လက်ခံရပါမယ်။

ဒါကြောင့်မို့ အမှန်တရားကတော့ ကျွန်တော် အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ရခဲ့တဲ့စာတွေအားလုံးဟာ ကျိုးချန် ရေးပေးခဲ့တာတွေပါပဲ။

သူ ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ။ သူက ရှောင်းဖေးနဲ့ ကျွန်တော့ကို ဘယ်လိုလုပ် သိတာလဲ။

မြောက်မြားစွာသော မေးခွန်းတွေက နှလုံးသားထဲ တိုးဝင်လာတယ်။ ကျိုးချန်က ကျွန်တော့ကို ဒုက္ခရောက်စေမှာ မဟုတ်ဘူးဆိုတာကို အတည်ပြုဖို့ကလွဲပြီး ကျွန်တော် ဘာကိုမှ နားမလည်တော့ပါဘူး။

...

မသိလိုက်ဘာသာနဲ့ပဲ တရက်ကုန်ဆုံးသွားတယ်။ ဖုန်းမြည်သံက ကျွန်တော့ကို လက်တွေ့အချိန်ထဲ ပြန်မခေါ်ခဲ့ဘူးဆိုရင် ကျွန်တော် ဒီပုံစံအတိုင်းပဲ တသက်လုံး နေသွားလောက်မယ်ထင်ရဲ့။

"ဟဲလို... ရှောင်ယွီ"

ရင်းနှီးတဲ့ အသံလေးက လေလှိုင်းထဲကနေ ဖြတ်ကျော်လာတယ်။

"ကိုယ် ရောက်ပြီ။ မင်း ဖျားနေတယ်ဆို။ ဘာမှလည်း မစားဘူးဆို။ ဘယ်လိုဖြစ်ရတာလဲ"

"ကျွန်တော်... ကျွန်တော် မနေ့က အများကြီး စားထားလို့ပါ။ ဗိုက်မဆာနေလို့"

ကျွန်တော် ကျိုးချန်ကို မေးလိုက်ချင်ပေမဲ့ သူ့ အသံ ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော် မမေးရဲခဲ့ဘူး။

မပြောနိုင်တာတွေ ရှိနေသေးဦးမယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုပြီး ရှုပ်ထွေးလာမှာကိုတော့ စိုးမိပါရဲ့။

မဟုတ်သေးဘူး... ကျွန်တော် သေချာပြန်စဉ်းစားရဦးမယ်။

သူက ကျွန်တော့ကို မယုံသင်္ကာနဲ့ ထပ်မေးပြန်တယ်။

"တကယ်ပဲလား"

"တကယ်ပါ" ကျွန်တော် အလျင်စလို ပြန်ဖြေလိုက်တယ်။

"ကျွန်တော် အခုလေးတင်မှ နိုးတာ။ အဲဒါကြောင့် သိပ်စားချင်စိတ် မရှိသေးလို့။ အခုတော့ နေလို့ကောင်းနေပါပြီ။ ညစာလည်း ကောင်းကောင်းစားမယ်နော်"

"ဒါဆိုလည်း ကောင်းပြီလေ။ တကယ်လို့ မင်း နေရတာ မသက်မသာဖြစ်နေရင် ကိုယ် အလုပ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ် ဟုတ်ပြီလား"

သူ ပြောတာ ကြားပြီးပြီးချင်းမှာ ကျွန်တော် အထိတ်တလန့်ဖြစ်သွားရတယ်။

"မဟုတ်ဘူး မဟုတ်ဘူး... အကို အလုပ်ရှုပ်နေတဲ့ဟာပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်နိုင်ပါတယ်"

ကျွန်တော် သူ့ကို မတွေ့ချင်သေးဘူးလို့ ကျိုးချန် တလွဲတွေးသွားမိပြီ ထင်ပါရဲ့။

"ကောင်းပြီ" သူက သက်ပြင်းဖျော့ဖျော့ချကာ ပြောတယ်။

"တာ့တာ"

xxx


ဒီ စာရေးသူမှာ ပြောစရာ ရှိပါတယ်။

ဒီနေ့အတွက် နားထောင်စရာ -《爱》

[ချစ်ချစ်တောက် ပူလောင်နေခဲ့တဲ့ နွေရဲ့ အမှတ်တရတွေကို မင်း အခုထိ မှတ်မိနေပါသေးတယ်လေ...]

အမှန်တရားနှင့် ပတ်သက်သည့် စာကြောင်းကို Conan Doyle ထံမှ ကောက်နုတ်ထားသည်။ 



[Zawgyi]

ကြၽန္ေတာ္ သူ႔ကို တြန္းထုတ္လိုက္မိတယ္။

ကြၽန္ေတာ္က အခ်စ္ခံရတဲ့လူ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ေၾကာက္႐ြံ႕ေနမိပါတယ္။

ကြၽန္ေတာ္ အခု ဘယ္ေလာက္ေတာင္ ရွက္႐ြံ႕ေနမိမလဲဆိုတာ ေတြးေနစရာေတာင္ မလိုေတာ့ပါဘူး။ ေတြေဝမွင္တက္စြာ ရပ္ေနၿပီး မ်က္ရည္ေတြက ယိုယြင္းတာ ၾကာရွည္ေနၿပီ ျဖစ္တဲ့ ဘုံပိုင္ေခါင္းက ေရေတြလို တသြင္သြင္စီးက်ေနရင္းနဲ႔ပါပဲ။

သူက ကြၽန္ေတာ့လူကို ခ်စ္တယ္ဆိုတာ ဘယ္လိုမ်ား ျဖစ္ႏိုင္မွာတဲ့လဲ။

အခ်စ္ခံရဖို႔ ထိုက္တန္တဲ့ အေခ်ာအလွေလးေတြ အမ်ားႀကီး ရွိပါတယ္။ အဲ့ထဲမွာ ကြၽန္ေတာ္ကေတာ့ ဘယ္ပါမလဲေနာ္။

"ေတာင္းပန္ပါတယ္" ကြၽန္ေတာ္ ေျပာလိုက္တယ္။

ကြၽန္ေတာ္က ညစ္ေထးေနတဲ့အတြက္ ေတာင္းပန္ပါတယ္။

သူက တခဏေလာက္ ေတာင့္တင္းသြားရတယ္။ ၿပီးေတာ့ ခပ္ယဲ့ယဲ့ၿပဳံးရင္း ေျပာတယ္။

"လုံေလာက္ပါၿပီ ဒီေလာက္ဆိုရင္..."

အခန္းထဲမွာ အရက္နံ႔ေတြ သင္းေနတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ထင္လိုက္တာက က်ိဳးခ်န္ ဒီေန႔ ေတာ္ေတာ္မူးေနေလာက္မယ္လို႔ေလ။ အမူးသမားေတြက မဟုတ္တမ္းတရားေတြပဲ ေလွ်ာက္ေျပာတတ္ၾကတယ္မလား။

သူက ကြၽန္ေတာ့ကို ၾကာရွည္စြာ စိုက္ၾကည့္လိုက္ၿပီး -

"ေကာင္းၿပီ"

...

ကြၽန္ေတာ္ ညဘက္ အိပ္မေပ်ာ္ႏိုင္မျဖစ္ေအာင္ ဒီညမွာေတာ့ အိပ္ေဆးေသာက္အိပ္လိုက္ရပါတယ္။

ညဘက္အိပ္မေပ်ာ္ဘူးဆိုရင္ ႏွလုံးအတြက္ မေကာင္းဘူး တဲ့။ ဒါဆိုရင္ က်ိဳးခ်န္က စိတ္ပူေနရလိမ့္မယ္။

ေနာက္ေန႔မနက္ သူ ကြၽန္ေတာ့အခန္းထဲ ေရာက္လာေတာ့ ကြၽန္ေတာ္ ႏိုးတဲ့အခ်ိန္နဲ႔ ကြက္တိပါပဲ။ ဒါေၾကာင့္ မထေသးဘဲ အိပ္ေနေသးသေယာင္ေဆာင္လိုက္တယ္။

ကြၽန္ေတာ္ အိပ္ခ်င္ေယာင္ေဆာင္ေနမွန္းလည္း သူ သိရင္ သိေလာက္မွာပါ။ သူက ကြၽန္ေတာ့အိပ္ရာအစြန္းဘက္မွာ ဝင္ထိုင္လိုက္ၿပီး ကြၽန္ေတာ့ဆံပင္ကို ခပ္ဖြဖြေလး ပြတ္သပ္ေပးတယ္။

"ကိုလုံးၿမိဳ႕က ဓာတ္ခြဲခန္းမွာ ျပႆနာျဖစ္ေနလို႔ ကိုယ္ သြားမွျဖစ္မယ္"

[*Notes - ကိုလုံး(Cologne) ၿမိဳ႕ - ဂ်ာမနီႏိုင္ငံထဲတြင္ တည္ရွိသည့္ ၿမိဳ႕တၿမိဳ႕]

ဒါဆို ဒါက အလုပ္ကိစၥနဲ႔ ခရီးသြားမယ္ဆိုတဲ့ သေဘာေပါ့...

"မင္း အိမ္မွာ အခ်ိန္မွန္ ေဆးေသာက္ရမယ္။ အျပင္ထြက္ခ်င္ရင္လည္း ဒ႐ိုင္ဘာကို ေခၚသြားလို႔ရတယ္။ ဒါေပမဲ့ ေနာက္က်တဲ့အထိ ေလွ်ာက္မလည္ပါနဲ႔"

သူက ကြၽန္ေတာ့ကို ညင္သာစြာ ဆုပ္ကိုင္ထားတယ္။ မသိရင္ ကြၽန္ေတာ္တို႔အၾကား မေန႔ညက ဘာမွမျဖစ္ခဲ့သလို။

သူ ကြၽန္ေတာ့နဖူးကို ဖြဖြေလး နမ္းလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေတာင့္မခံႏိုင္ခဲ့ဘူး၊ ကြၽန္ေတာ့မ်က္ခြံက ေယာင္ေယာင္ေလး လႈပ္ခတ္သြားခဲ့တယ္ထင္ရဲ႕။

"ကိုယ္ သြားၿပီ"

တံခါး ပိတ္လိုက္တာနဲ႔ တၿပိဳင္နက္ ကြၽန္ေတာ္ ကုတင္ေပၚက ဆင္းၿပီး ျပတင္းေပါက္ဆီကို တရွိန္ထိုး ေျပးထြက္သြားလိုက္တယ္။

တေအာင့္ေလာက္ေနေတာ့ က်ိဳးခ်န္က အိမ္ထဲကေန ထြက္လာတာကို လွမ္းျမင္ရတယ္။ သူ တခုခုကို ခံစားမိတဲ့ပုံပါပဲ။ ဂိတ္ေပါက္ကို ေရာက္ေတာ့ ႐ုတ္တရတ္ႀကီး ကြၽန္ေတာ့အခန္းဘက္ လွမ္းၾကည့္လာတယ္။

ကြၽန္ေတာ္ အလ်င္အျမန္နဲ႔ပဲ လိုက္ကာစအေနာက္ဘက္ကို ဝင္ပုန္းလိုက္ရတယ္။ ကြၽန္ေတာ္ ျပန္ထြက္လာေတာ့ သူ မရွိေတာ့ပါဘူး။

သူ ေတြ႕သြားမလား ကြၽန္ေတာ္ မသိဘူး။

အလုပ္ခရီးထြက္သည္ျဖစ္ေစ မထြက္သည္ျဖစ္ေစ၊ ကြၽန္ေတာ္ သူနဲ႔ ဘယ္လို မ်က္ႏွာခ်င္းဆိုင္ရမလဲ မသိဘူး။ သူလည္း အတူတူေလာက္ပဲလို႔ ကြၽန္ေတာ္ ထင္မိပါတယ္။

က်ိဳးခ်န္ အိမ္မွာမရွိေတာ့ ကြၽန္ေတာ္လည္း ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိေတာ့။ လူတေယာက္ မရွိေတာ့တာနဲ႔ပဲ အိမ္တအိမ္လုံးက ဟာလာဟင္းလင္း။

ကြၽန္ေတာ့ကို အျပစ္ျမင္ခ်င္တယ္ဆိုရင္လည္း ရပါတယ္။ နမ္းၿပီးမွ ထြက္ေျပးသြားတာ ဘာသေဘာလဲ။ သရဲေဘာေၾကာင္တာပဲေပါ့။

ခ်စ္တယ္လို႔ ေျပာၿပီးမွ အေဖာ္လည္း မလုပ္ေပးဘဲနဲ႔။ စကားေတာ့ ေျပာသြားတာေလ။ လိမ္သြားတာ မဟုတ္ဘူးမလားဟင္။

ထားလိုက္ပါေတာ့... ကြၽန္ေတာ္ ပိုၿပီး မဝံ့မရဲျဖစ္ေနရၿပီ။

ဘာမွ လုပ္စရာမရွိေတာ့တာနဲ႔ပဲ ကြၽန္ေတာ္ ကုတင္ေအာက္မွာရွိတဲ့ စာပုံးကို ထုတ္လိုက္တယ္။ ဒီေန႔က ဘာမွေထြေထြထူးထူးလုပ္စရာမရွိတာမို႔ ကြၽန္ေတာ့မွာ အခ်ိန္ေတြအားေနတယ္။

စာအေစာင္ ၁၀၀ေက်ာ္က မမ်ားဘူးဆိုေပမဲ့ အကုန္လုံး စုလိုက္တဲ့အခါမွာေတာ့ အာ႐ုံေတာ္ေတာ္စိုက္ရပါတယ္။ ကြၽန္ေတာ္လည္း ပ်င္းပ်င္းရွိေနတာနဲ႔ပဲ စာေတြအကုန္ ဆြဲထုတ္ၿပီး အက္ေဆးဖတ္သလို ဖတ္ေနလိုက္ေတာ့တယ္။

ေရွာင္းေဖးရဲ႕ လက္ေရးက ေတာ္ေတာ္ေလးကို လွတယ္။ ေသသပ္ၿပီး သပ္ရပ္တယ္။

သူ ေရးထားတဲ့ စာအသြားအလာက မိဘတေယာက္က ကေလးတေယာက္ကို ေျပာေနတဲ့ပုံနဲ႔ မတူဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း ေျပာေနတဲ့အတိုင္းပဲ။

သူ ဒီစာေတြကို ေရးခဲ့တုန္းက အသက္ ၂၀ ဝန္းက်င္ေလာက္ ျဖစ္ေလာက္မယ္လို႔ေတာ့ ထင္တာပဲ။ ကြၽန္ေတာ့အသက္ေလာက္ေပါ့။ သူ႔ကိုယ္သူ မိဘျဖစ္မွန္းေတာင္ သတိျပဳမိေလာက္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္သာဆိုရင္လည္း အနာဂတ္မွာ ဒီလို ခံစားခ်က္မ်ိဳးပဲ ခံစားရေလာက္မယ္ထင္တယ္။

စာေတြအကုန္လုံး တမနက္တည္းနဲ႔ တထိုင္တည္းဖတ္ၿပီးသြားတဲ့အခ်ိန္မွာလည္း စိတ္မေက်နပ္ေသးတာမို႔ တခုခုဖတ္ဖို႔ စာအုပ္သြားရွာဖို႔ စိတ္ကူးရမိတယ္။

...

က်ိဳးခ်န္မွာ စာအုပ္ေတြ အမ်ားႀကီး ရွိတယ္။ အက္ေဆးစာအုပ္ ႏွစ္အုပ္ကို ကြၽန္ေတာ္ ခက္ခက္ခဲခဲ ရွာလိုက္ရတယ္။ စာအုပ္ထုတ္ေဝတဲ့ ရက္စြဲကို ၾကည့္လိုက္ေတာ့ ဆယ္ႏွစ္ေက်ာ္ေလာက္ေတာင္ ရွိေနၿပီ။

သူ အထက္တန္း ဒါမွမဟုတ္ ေကာလိပ္ေက်ာင္းသားဘဝတုန္းက ဖတ္ခဲ့တဲ့ စာအုပ္ပဲေနမယ္။

ကာလံေဒသကို ျဖတ္ေက်ာ္ၿပီး အတိတ္တုန္းက ေက်ာင္းသားေလးက်ိဳးခ်န္ကို ေတြ႕လိုက္ရသလို ထူးဆန္းတဲ့ ခံစားခ်က္က ကြၽန္ေတာ့ဆီ ႐ုတ္တရတ္ႀကီး တိုးဝင္လာခဲ့တယ္။

ကြၽန္ေတာ္ စာအုပ္ကို ယူမသြားေတာ့ဘဲ ေနရာမွာပဲ ထိုင္ဖတ္လိုက္တယ္။ စာအုပ္အဖုံးကို လွန္လိုက္တဲ့အခ်ိန္မွာ စာမ်က္ႏွာေအာက္ဆုံးေထာင့္ေလးမွာ [က်ိဳးခ်န္] လို႔ လက္မွတ္ထိုးထားတာေလးကို ေတြ႕လိုက္ရတယ္။

ကြၽန္ေတာ္ ၿပဳံးမိသြားတယ္။ ၾကည့္ရတာ ေက်ာင္းသင္႐ိုးျပင္ပစာအုပ္ေတြဆိုရင္ သူက နာမည္ထိုးေနက်ျဖစ္ပုံရမယ္ထင္ရဲ႕။

ၾကည့္ရတာ သူက ေတာ္ေတာ္ေလး နာမည္ႀကီးေလာက္ပုံ ရမယ္။ ခဏ... ေနပါဦး... ဒီစာလုံးကို ၾကည့္ရတာ နည္းနည္းေတာ့ ရင္းႏွီးေနတဲ့ပုံပဲ။

ကြၽန္ေတာ္ ဘယ္မွာ ျမင္ဖူးတာလဲ။ ျမင္ဖူးတာ သိပ္မၾကာေသးတဲ့ပုံပါပဲ။

႐ုတ္တရတ္ ကြၽန္ေတာ့ေခါင္းထဲ အေတြးဝင္လာတယ္။ တခုခုကို အမွတ္ရသြားမိတာမို႔ အခန္းထဲကို ျပန္ၿပီး ခုနက ဖတ္ေနခဲ့တဲ့ စာေတြကို လွန္ေလွာလိုက္ေတာ့တယ္။

ေရွာင္းေဖး ေရးခဲ့တဲ့ လက္ေရးစာေတြ... ဟုတ္တယ္... ေရွာင္းေဖး ခ်န္ထားခဲ့တဲ့ ေသတမ္းစာေတြထဲက လက္ေရးနဲ႔ တထပ္တည္းပဲ။

ဒါေပမဲ့ ကြၽန္ေတာ္က က်ိဳးခ်န္စာအုပ္ထဲမွာ စာလုံးႏွစ္လုံးကိုပဲ ေတြ႕ရေသးတာ။

တနာရီေလာက္ အခ်ိန္ျဖဳန္းၿပီးေနာက္မွာေတာ့ စာလုံးအကၡရာေတြထဲမွာ က်ိဳး[周] ဆိုတဲ့ အကၡရာရယ္၊ ခ်န္[沉] ဆိုတဲ့ အကၡရာရယ္ကို စာထဲမွာ ေတြ႕လိုက္ရတယ္။

[အခုတေလာ ေျပာမျပတတ္ေလာက္ေအာင္ စိတ္ဓာတ္က်ေနခဲ့တာမို႔လို႔ ဟာသ႐ုပ္ရွင္ေတြ ၾကည့္တာေတာင္ မရယ္ႏိုင္ဘူး...]

[ဒီအပတ္ထဲ ေတးဂီတပြဲ သြားၾကည့္ခဲ့တယ္... ဟာမန္အီဗန္က တကယ့္ကို ေတာ္တဲ့အႏုပညာရွင္ပဲ...]

[ကိုယ္ ေတြးေနခဲ့တာ မင္းေရာ မင္းကို လိုလိုလားလား ခ်စ္ေပးမယ့္သူနဲ႔ ေတြ႕မွာလား...]

[ဒီမွာ ပထမဆုံး စာစေရးျခင္းပဲ...]

[တေန႔ညတုန္းက...]

စာထဲက စာလုံးေတြရယ္၊ စာအုပ္ေပၚက လက္မွတ္ရယ္ကို ကြၽန္ေတာ္ ေသခ်ာ တိုက္စစ္ၾကည့္ေနမိတယ္။ ဒါက လူတေယာက္တည္းရဲ႕ လက္ေရးပဲဆိုတာ ေသခ်ာပါတယ္။

မွန္ကန္ေၾကာင္း အတည္ျပဳဖို႔အတြက္ဆိုရင္ေတာ့ ကြၽန္ေတာ္ စာလုံးအကၡရာတခ်ိဳ႕ ရွာေတြ႕ထားတယ္။ ဒီမွာဆိုရင္ ဒီ စာလုံးသုံးလုံး ' က်ီ[机] ၊ က်ီ[几] နဲ႔ ဖ်င္[凭]' ကို ေရးတဲ့ ေရးပုံေရးနည္းဟာ *ခ်န္[] ဆိုတဲ့ စကားလုံး ေရးပုံေရးနည္းဟာ ကြာျခားမွျဖစ္မယ္။

[Notes - *ခ်န္[] - က်ိဳးခ်န္[周沉] ရဲ႕ နာမည္ထဲက ခ်န္[] စကားလုံး]

လုံးလုံးလ်ားလ်ားကို အံ့အားသင့္မိတာပါပဲ။

ေရွာင္းေဖးရဲ႕ စာေတြထဲက စာလုံးေတြဟာ ဘာလို႔ က်ိဳးခ်န္စာအုပ္ထဲကို ေရာက္ေနရတာလဲ။

က်ိဳးခ်န္နာမည္ကို ေရးခဲ့တာ သူပဲလား။

မဟုတ္ေသးဘူး... ဒါကို ေျပာရေၾကးဆိုရင္ သူတို႔ တေယာက္နဲ႔တေယာက္ သိၾကတယ္ဆိုဦးေတာ့။ က်ိဳးခ်န္ရဲ႕ လက္မွတ္ကို ေရွာင္းေဖးက ေရးေပးခဲ့တယ္ဆိုရင္ေတာင္ ေရွာင္းေဖး ေရးတဲ့ ခ်န္[沉] နဲ႔ တျခား အကၡရာျဖစ္တဲ့ က်ီ[几] ရဲ႕ ျခားနားခ်က္ကိုေရာ ဘယ္လိုရွင္းမလဲ။

ၿပီးေတာ့ ဒီ စာအုပ္ကို လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းမွ ပုံႏွိပ္ထုတ္ေဝထားခဲ့တာ။ အဲ့အခ်ိန္တုန္းကဆို ေရွာင္းေဖးကျဖင့္ ျပာမႈန႔္ျဖစ္ၿပီးေနၿပီပဲ။

ကြၽန္ေတာ္ အေတာ္ေလးကို စိတ္ရႈပ္ေထြးေနၿပီး ေက်ာ႐ိုးတေလွ်ာက္ေတာင္ ၾကက္သီးေတြ စိမ့္တက္လာသလို ခံစားရတယ္။

ဒါက ကြၽန္ေတာ္ နားလည္ႏိုင္စြမ္းထက္ကို ပို ေက်ာ္လြန္ေနပါၿပီ။

သူတို႔ တေယာက္နဲ႔တေယာက္ သိၾကတာလား။ မဟုတ္ေသးဘူး... မျဖစ္ႏိုင္ဘူး။ တကယ္လို႔ သူတို႔ သိၾကတယ္ဆိုရင္ က်ိဳးခ်န္က ကြၽန္ေတာ့ကို အသိေပးမွာ မဟုတ္ဘူး။

ဒါမွမဟုတ္ တိုက္ဆိုင္တာပဲဆိုရင္ေကာ။ ကမာၻေပၚမွာ လူႏွစ္ေယာက္က လက္ေရးလက္သားလည္းတူ၊ အကၡရာေရးနည္းလည္း တထပ္တည္း တူတာပဲ ဆိုရင္ေကာ။

ပိုလို႔ေတာင္ ထူးဆန္းလို႔ေနေသးတယ္ေနာ္။

ျဖစ္ႏိုင္ေခ်ေတြကို အစဆြဲထုတ္ေနရတာနဲ႔တင္ ေခါင္းေတာင္ ေပါက္ကြဲထြက္ေတာ့မလိုပဲ။

ေနာက္ဆုံးေတာ့ စာတေစာင္ပဲ က်န္ေတာ့တယ္။ က်ိဳးခ်န္က လက္ေရးအတုခိုးၿပီး ေရးထားတယ္ဆိုတဲ့ သံသယရွိတဲ့ ေရွာင္းေဖးရဲ႕ စာ။

ဘယ္ေလာက္ပဲ အတုခိုးတယ္ဆိုပါေစဦး၊ က်ိဳးခ်န္က သူ႔နာမည္ကိုေတာ့ သူ႔ရဲ႕ ေရးပုံေရးနည္းအတိုင္းပဲ ေရးမွာပဲေလ။

ဒါကို အတည္ျပဳဖို႔ဆိုရင္ ကြၽန္ေတာ္ က်ိဳးခ်န္ရဲ႕ စာၾကည့္ခန္းထဲက စာအုပ္စင္ေတြကေန က်ိဳးခ်န္ လတ္တေလာ ေရးထားၿပီးသား စာေတြနဲ႔ တိုက္စစ္ၾကည့္ခဲ့တယ္။ အဲဒီမွာ က်ီ[几] နဲ႔ ခ်န္[沉] စကားလုံး ေရးပုံေရးနည္းဟာ ေရွာင္းေဖးစာထဲက ေရးပုံေရးနည္းအတိုင္းပါပဲ။ အတူတူပဲ။

ဒီတခါမွာေတာ့ လူက တည္ၿငိမ္သြားရၿပီ။

ကြၽန္ေတာ္ ဖတ္ခဲ့ဖူးတဲ့ စုံေထာက္ဝတၳဳထဲက စာသားလိုေလ... 'အေျခခံအေၾကာင္းရင္းေတြကို ဖယ္ထုတ္ပစ္လိုက္၊ ဒါဆိုရင္ အမွန္တရားကေတာ့ က်န္ေနရစ္ခဲ့မွာ'

ျဖစ္ႏိုင္ေခ်အကုန္လုံးကို ဖယ္ထုတ္ပစ္လိုက္မယ္ဆိုရင္ တခုေတာ့ က်န္ေနခဲ့မွာပဲ။ အဲဒါက ဘယ္လိုပဲ မျဖစ္ႏိုင္ဘူးေျပာဦး။ အမွန္တရားဆိုတာကိုေတာ့ လက္ခံရပါမယ္။

ဒါေၾကာင့္မို႔ အမွန္တရားကေတာ့ ကြၽန္ေတာ္ အသက္ဆယ့္ႏွစ္ႏွစ္အ႐ြယ္မွာ ရခဲ့တဲ့စာေတြအားလုံးဟာ က်ိဳးခ်န္ ေရးေပးခဲ့တာေတြပါပဲ။

သူ ဘာလို႔ အဲ့လိုလုပ္ခဲ့ရတာလဲ။ သူက ေရွာင္းေဖးနဲ႔ ကြၽန္ေတာ့ကို ဘယ္လိုလုပ္ သိတာလဲ။

ေျမာက္ျမားစြာေသာ ေမးခြန္းေတြက ႏွလုံးသားထဲ တိုးဝင္လာတယ္။ က်ိဳးခ်န္က ကြၽန္ေတာ့ကို ဒုကၡေရာက္ေစမွာ မဟုတ္ဘူးဆိုတာကို အတည္ျပဳဖို႔ကလြဲၿပီး ကြၽန္ေတာ္ ဘာကိုမွ နားမလည္ေတာ့ပါဘူး။

...

မသိလိုက္ဘာသာနဲ႔ပဲ တရက္ကုန္ဆုံးသြားတယ္။ ဖုန္းျမည္သံက ကြၽန္ေတာ့ကို လက္ေတြ႕အခ်ိန္ထဲ ျပန္မေခၚခဲ့ဘူးဆိုရင္ ကြၽန္ေတာ္ ဒီပုံစံအတိုင္းပဲ တသက္လုံး ေနသြားေလာက္မယ္ထင္ရဲ႕။

"ဟဲလို... ေရွာင္ယြီ"

ရင္းႏွီးတဲ့ အသံေလးက ေလလႈိင္းထဲကေန ျဖတ္ေက်ာ္လာတယ္။

"ကိုယ္ ေရာက္ၿပီ။ မင္း ဖ်ားေနတယ္ဆို။ ဘာမွလည္း မစားဘူးဆို။ ဘယ္လိုျဖစ္ရတာလဲ"

"ကြၽန္ေတာ္... ကြၽန္ေတာ္ မေန႔က အမ်ားႀကီး စားထားလို႔ပါ။ ဗိုက္မဆာေနလို႔"

ကြၽန္ေတာ္ က်ိဳးခ်န္ကို ေမးလိုက္ခ်င္ေပမဲ့ သူ႔ အသံ ၾကားလိုက္ရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ မေမးရဲခဲ့ဘူး။

မေျပာႏိုင္တာေတြ ရွိေနေသးဦးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ပိုၿပီး ရႈပ္ေထြးလာမွာကိုေတာ့ စိုးမိပါရဲ႕။

မဟုတ္ေသးဘူး... ကြၽန္ေတာ္ ေသခ်ာျပန္စဥ္းစားရဦးမယ္။

သူက ကြၽန္ေတာ့ကို မယုံသကၤာနဲ႔ ထပ္ေမးျပန္တယ္။

"တကယ္ပဲလား"

"တကယ္ပါ" ကြၽန္ေတာ္ အလ်င္စလို ျပန္ေျဖလိုက္တယ္။

"ကြၽန္ေတာ္ အခုေလးတင္မွ ႏိုးတာ။ အဲဒါေၾကာင့္ သိပ္စားခ်င္စိတ္ မရွိေသးလို႔။ အခုေတာ့ ေနလို႔ေကာင္းေနပါၿပီ။ ညစာလည္း ေကာင္းေကာင္းစားမယ္ေနာ္"

"ဒါဆိုလည္း ေကာင္းၿပီေလ။ တကယ္လို႔ မင္း ေနရတာ မသက္မသာျဖစ္ေနရင္ ကိုယ္ အလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့မယ္ ဟုတ္ၿပီလား"

သူ ေျပာတာ ၾကားၿပီးၿပီးခ်င္းမွာ ကြၽန္ေတာ္ အထိတ္တလန႔္ျဖစ္သြားရတယ္။

"မဟုတ္ဘူး မဟုတ္ဘူး... အကို အလုပ္ရႈပ္ေနတဲ့ဟာပဲ။ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ေကာင္းေကာင္းဂ႐ုစိုက္ႏိုင္ပါတယ္"

ကြၽန္ေတာ္ သူ႔ကို မေတြ႕ခ်င္ေသးဘူးလို႔ က်ိဳးခ်န္ တလြဲေတြးသြားမိၿပီ ထင္ပါရဲ႕။

"ေကာင္းၿပီ" သူက သက္ျပင္းေဖ်ာ့ေဖ်ာ့ခ်ကာ ေျပာတယ္။

"တာ့တာ"

xxx


ဒီ စာေရးသူမွာ ေျပာစရာ ရွိပါတယ္။

ဒီေန႔အတြက္ နားေထာင္စရာ -《爱》

[ခ်စ္ခ်စ္ေတာက္ ပူေလာင္ေနခဲ့တဲ့ ေႏြရဲ႕ အမွတ္တရေတြကို မင္း အခုထိ မွတ္မိေနပါေသးတယ္ေလ...]

အမွန္တရားႏွင့္ ပတ္သက္သည့္ စာေၾကာင္းကို Conan Doyle ထံမွ ေကာက္ႏုတ္ထားသည္။ 

Continue Reading

You'll Also Like

352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
29.7K 4.6K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
619K 78.2K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
323K 40.1K 39
own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing