The Legendary Master's Wife [...

由 melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... 更多

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-614

5.4K 1.1K 63
由 melon_rays

//Unicode//
အပိုင်း ၆၁၄- သူကဘယ်သူလဲ

မြေပြင်အနှံ့ လတ်ဆတ်သောသွေးများ
စွန်းပေနေပြီး အသားအပိုင်းအစများက
မကြာသေးမီ​က ဤနေရာ၌ တစ်ဖက်သတ်
အနိုင်ကျင့်မှုကြီးတစ်ခုရှိခဲ့သည်ကို ပြသနေသည်။
ဤနေရာရှိအလောင်းနှစ်ခုတွင် တစ်ခုမှ
အကောင်းအတိုင်းမကျန်ပေ။

ဤအရာအားလုံးမှာ လူတစ်ယောက်တည်း၏
လက်ရာဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော
သွေးစွန်းနေသည့် ဓားသွားကြောင့်သာမဟုတ်လျှင်
ဖုန်မှုန့်အညစ်အကြေးတစ်စက်မှ စွန်းထင်းမနေသည့်
သန့်ရှင်းသောအဖြူရောင်ဝတ်ရုံဖြင့်
လူနှစ်ယောက်ကို သေသည်အထိနှိပ်စက်ခဲ့မှန်း
ပုံဖော်ကြည့်ဖို့ခက်သည်။

အမျိုးသားက ဓားသွားပေါ်မှသွေးကိုခါထုတ်လိုက်၏။
ဒါက သူ ဓားဖြင့်လူသတ်တာ ပထမဆုံးအကြိမ်
ဖြစ်သည်။ အရင်က လူသတ်သည့်နည်းလမ်းများနှင့်
လွန်စွာကွဲပြားသည်ဟုခံစားရလေသည်။ အရင်က
သူ၏တည့်တိုးဆန်ပြီး အချိန်ကုန်သက်သာသည့်
နည်းလမ်းနှင့်ယှဉ်လျှင် အဆင့်နိမ့်သော်လည်း
တစ်ခါတစ်လေအသုံးပြုတာလောက်တော့ 
ကိစ္စမရှိပေ။

ဒါပေါ့လေ သူ့ဇနီးလေးကိုကျောပိုးထားရင်း
ဓားနဲ့လိုက်ခုတ်ရရင် ပိုကောင်းမည်ပင်။

"မဆိုးဘူး"

စိတ်ဝင်စားဟန်ရှိသည့် ရွှတ်နောက်နောက်
လေသံတစ်ခု အမျိုးသားအနောက်မှ
ထွက်လာလေသည်။

အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ခေါင်းစောင်း၍
စကားပြောလိုက်သူကို ငဲ့ကြည့်လိုက်သည်၊
သို့ပေမဲ့ သူ့မျက်နှာတွင် အံ့ဩဟန်စိုးစဉ်းမျှမရှိပေ။
ဤတစ်ယောက်က ပင့်ကူနက်၏အခြားအဖွဲ့ဝင်
နှစ်ယောက်နောက်လိုက်သွားသည့် လူမှလွဲ၍
အခြားမဟုတ်ပေ။

သူ ဤနေရာသို့ရောက်နေခြင်းက ထိုနှစ်ဦးမှာ
မြေအောက်ကမ္ဘာတွင် သူတို့ရောင်းရင်းများနှင့်အတူ
ပြန်စုံစည်းနေကြပြီဟုဆိုလိုသည်။ ဤအမြန်နှုန်းက
အမှန်ပင် အတော်လေးမြန်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူက မီးတုတ်ကိုင်ထားဆဲ
ဖြစ်သည်။ သူ့ဝတ်ရုံက သွေးစီးကြောင်းများ
ရှိလားဟုမြင်ရနိုင်ရန်အတွက် မည်းမှောင်လွန်းနေ၏။
သို့သော်လည်း သူ့ထံမှထွက်ပေါ်နေသည့်
သွေးနံ့က ယခင်ကထက် ပိုပြင်းပြီး ခရမ်းရောင်
မီးတုတ်ပေါ်မှာတောင် သွေးစီးကြောင်းတချို့
ရှိနေသည်။

"ဟိုအရင်လတုန်းက အမတလိုဏ်ဂူ
ခုနစ်ခုရှစ်ခုလောက်ကို ဆယ့်ငါးရ​က်ထဲနဲ့
အပြောင်ရှင်းသွားတဲ့လူက ခင်ဗျားလား"

အနက်ရောင်ဝတ်ရုံနှင့်လူက အဖြူရောင်ဝတ်ရုံနှင့်
လူကို ကြည့်လိုက်သည်။ သူက မေးခွန်းမေးလိုက်
သော်လည်း သူ့လေသံထဲမှာ သေချာမှုတို့
ပါဝင်နေသည်။ အဖြူရောင်ဝတ်ရုံနှင့်လူက
ဝန်မခံလျှင်တောင် ယုံမည့်သဘောမှာမရှိပေ။

အဖြူရောင်ဝတ်ရုံနှင့်လူ၏ အေးဆေးသော
အကြည့်က သူ၏ဓားကောက်မှ တစ်ဖက်လူသို့
ရောက်ရှိသွားပြီး အလေးအနက်မထားသည့်
အကြည့်ဖြင့် အကဲခတ်လိုက်၏။
သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွတ်သွားပြီး
ခပ်ဖွဖွအပြုံးတစ်ခုပေါ်လို့လာသည်။

"အဲ့တော့?"

"ကျုပ် ခင်ဗျားကိုစိတ်ဝင်စားမိတယ်။
တစ်ပွဲတစ်လမ်းလောက်နွှဲရအောင်"

အနက်ရောင်ဝတ်ရုံနှင့်လူက အဖြူရောင်ဝတ်ရုံနှင့်
လူအား မောက်မာသောမျက်လုံးများဖြင့်ကြည့်နေရင်း
ပမာမခန့်အမူအရာတစ်ခု ရှိလို့နေသည်။ သူက
အားမာန်ပြည့်ဝနေပြီး တိုက်ခိုက်ရခြင်းကို
နှစ်သက်သူမှန်းထင်ရှားလှသည်။ သူက
သွေးသံရဲရဲသတ်ဖြတ်မှုများမှာ သူ့ကိုယ်သူ
မြှုပ်နှံထားသည့်လူတစ်ယောက်မှန်း
တစ်ချက်ကြည့်ရုံနှင့်ပြောနိုင်သည်။

အဖြူရောင်ဝတ်ရုံနှင့်လူက စိတ်မဝင်စားစွာ
ကြည့်လိုက်၏။

"မင်းက ငါနဲ့မယှဉ်နိုင်ဘူး"

"ဟားဟား"

အနက်ရောင်ဝတ်ရုံနှင့်လူက ဒေါသထွက်ရမည့်အစား
ရယ်မောလေသည်။ သူက အချိန်ကာလ
ရှည်လျားစွာနေထိုင်လာခဲ့သည့် ထင်တိုင်းကြဲ
ပြုမူတတ်သောလူမျိုးဖြစ်သည်။
တစ်ယောက်ယောက်က သူ့ကိုဤကဲ့သို့
ပြောလာသည်မှာ ဒါကပထမဆုံးအကြိမ်မဟုတ်ပေ၊
သို့ပေမဲ့ သူ့စကားများကိုယုံကြည်အောင်
လုပ်နိုင်သူမှာ ဤလူတစ်ယောက်သာရှိသည်။
ဘာလို့ဆို အဖြူရောင်ဝတ်ရုံနှင့်လူပြောတာ
မှန်သောကြောင့်ပင်-- လက်ရှိသူက သူနှင့်
ပြိုင်ဖက်မဖြစ်နိုင်ပေ။

"ခင်ဗျားမှန်တယ်၊ ဒါပေမဲ့
ကျုပ် စမ်းကြည့်ချင်သေးတယ်"

အနက်ရောင်ဝတ်ရုံနှင့်လူမှာ နာကျင်မှုမှာ
သာယာတတ်သူတော့မဟုတ်ပေ။ တစ်ဖက်လူနှင့်
ယှဉ်မတိုက်နိုင်မှန်း သိသော်လည်း သူက
တစ်ပွဲတစ်လမ်းနွှဲချင်နေသေးသည်။ သူနှင့်
တိုက်ခိုက်ချင်ရသည့်အကြောင်းအရင်းမှာ
တိုက်ခိုက်နေမှသာ သန်မာလာမည်ဟု
ယုံကြည်သောကြောင့်ပင်ဖြစ်သည်။

အန္တရာယ်တွေအလယ်မှာ ထိုးဖောက်ကျော်ဖြတ်လို့
သေရေးရှင်ရေးအခိုက်အတံ့မှာပေါက်ကွဲပစ်မယ်။

ဒါက သူ့ရဲ့ဆောင်ပုဒ်ဖြစ်သည်။

"ငါမအားဘူး"

အဖြူရောင်ဝတ်ရုံနှင့်လူက ပြောပြီးနောက်
လှည့်၍လျှောက်သွားတော့သည်။

အနက်ရောင်ဝတ်ရုံနှင့်လူ၏ပုံရိပ်က ဖြတ်ခနဲ
ဖြစ်သွားပြီး ပြန်ပေါ်လာချိန်တွင် အဖြူရောင်ဝတ်ရုံနှင့်
လူ၏လမ်းကို ပိတ်ဆို့ထားလေသည်။
သူက ခေါင်းမာစွာဖြင့်ပြောသည်။

"အဲ့လိုဘယ်ရမလဲ။ ခင်ဗျား ကျုပ်နဲ့
တိုက်ကိုတိုက်ရမယ်"

အမျိုးသား၏မျက်ဝန်းများက
မည်းမှောင်သွားတော့သည်။

အခြားတစ်ဖက်၌။ အရှိန်ယူနေသည့်
မိုးကြိုးတိမ်တိုက်များက နောက်ဆုံး
ရောက်ရှိလာကြတော့သည်။

သူတို့က အနည်းငယ်အလှမ်းဝေးနေသဖြင့်
မိုးချိန်းသံသဲ့သဲ့ကိုသာကြားရလေသည်။

လင်းရှောင်မရှိနေသဖြင့် ယူရှောင်းမိုမှာ
မိုးကြိုးတိမ်တိုက်များကို သူ့ဟာသူ
ကိုင်တွယ်ရတော့သည်။ ကံကောင်းစွာဖြင့်
သူ့မှာ အတွေ့အကြုံရှိပြီး သူကိုယ်တိုင်ကလည်း
အတော်လေးသန်မာသည်။ သို့ဖြစ်ရာ
သက်တန့်အဆင့်လေးဆေးလုံး၏ လျှပ်စီး
အတိဒုက္ခစွမ်းအားက အဆင့်သုံးဆေးလုံးထက်
ပိုမိုအားပြင်းသော်လည်း ကိုင်တွယ်နိုင်လေသည်။

လျှပ်စီးအတိဒုက္ခကို ဖြေရှင်းပြီးနောက်
ယူရှောင်းမိုက ထွက်ပြေးဖို့ကြိုးစားနေသည့်
ဆေးလုံးကို ပုလင်းထဲထည့်လိုက်၏၊ သူအပြင်
ထွက်လာချိန်တွင် လင်းရှောင်ကထွက်သွားပြီး
ပြန်မလာသေးဘူးဟု မြွေပါသားရဲက
ပြောပြသည်။

ဒီအချိန်ကြီး ဘာသွားလုပ်တာပါလိမ့်။

သို့ဖြင့် စပ်စုစိန်ယူရှောင်းမိုက ခြေရာခံ၍
လိုက်သွားချိန်တွင် လင်းရှောင်က အနက်ရောင်
ဝတ်ရုံဝတ်ထားသောလူနှင့် စတင်တိုက်ခိုက်နေပြီ
ဖြစ်သည်။

ဝတ်ရုံအနက်နှင့်လူ၏ကျင့်ကြံဆင့်က
အဆင့်ဆယ့်နှစ် ကြယ်နှစ်ပွင့်ဖြစ်၍
လင်းရှောင်ထက် ကြယ်နှစ်ပွင့်မျှပိုနိမ့်သည်။
လင်းရှောင်၏ကျင့်ကြံဆင့်က အတွင်းဒဏ်ရာကြောင့်
ကြယ်တစ်ပွင့်ကျသွားခဲ့ရင်တောင် အမှန်မှာ
ကြယ်တစ်ပွင့်ကွာဟနေဆဲဖြစ်သည်။

သို့သော်လည်း တစ်နှစ်လုံး ပညာရှင်အမျိုးမျိုးနှင့်
ရင်ဆိုင်နေသည့် တိုက်ပွဲရူးတစ်ယောက်အနေဖြင့်
ဝတ်ရုံနက်နှင့်လူက လင်းရှောင်ထက်
တိုက်ပွဲအတွေ့အကြုံကြွယ်ဝသည်မှာ ထင်ရှားသည်။
ထို့အပြင် လင်းရှောင်က အပင်ပန်းခံနေဖို့
စိတ်ကူးမရှိပေ။ ရလဒ်အနေဖြင့် သူတို့နှစ်ဦး
တိုက်ခိုက်နေသည်မှာ သဲမှုန်များလွင့်ပျံပြီး
ကျောက်စရစ်ခဲများ လှိမ့်ကုန်သည်အထိပင်။

မိုင်တစ်ရာအချင်းဝက်အတွင်းတွင် သူတို့
တိုက်ခိုက်ထားသည့်ခြေရာလက်ရာများ
ကျန်ရှိနေပြီး လင်းရှောင် အပိုင်းပိုင်းလုပ်ထားသည့်
အလောင်းနှစ်ခုမှာ အစအနတောင်မမြင်ရတော့ပေ။

အကယ်၍ ဤအခြေအနေက သာမန်အချိန်များမှာ
ဖြစ်ပျက်ခဲ့ပါက စိတ်ဝိဉာဉ်တောင်သို့
ရတနာလာရှာကြသူများကို ဆွဲဆောင်မိမှာ
သေချာသည်။ ဘယ်လိုပဲဖြစ်ဖြစ်
တိုက်ခိုက်နေသူများက အဆင့်ဆယ့်နှစ်
သိုင်းပညာရှင်များမဟုတ်ပါလား။ သို့ပေမဲ့လည်း
ယခုအချိန်တွင် လူတိုင်း၏ပန်းတိုင်က
စိတ်ဝိဉာဉ်တောင်ထိပ်ဖြစ်ရာ ပွဲကြည့်ပရိသတ်ဟူ၍
ယူရှောင်းမိုတစ်ယောက်သာရှိလေသည်။

ပုံရိပ်နှစ်ခုက လေထဲတွင် ရိုက်ခတ်နေကြပြီး
တစ်နာရီကြာပြီးချိန်မှာတော့ ခွဲခွာသွားကြတော့သည်။

ဝတ်ရုံနက်နှင့်လူ၏လက်က တိုက်ကွက်အကြီးကြီး
တစ်ခုလုပ်ဖို့ပြင်နေသည့်အလား ခရမ်းရောင်
အလင်းတစ်ခုဖြင့်တောက်ပနေသည်။ တစ်ဖက်တွင်
လင်းရှောင်က အမတလိုဏ်ဂူတစ်လုံးမှ
ဓားပြတိုက်လာသည့် ဓားကောက်ကိုကိုင်စွဲထားသည်။
ဓားသွားအစွန်းက မြင်ရခဲသောမဟူရာ​ရောင်ဖြစ်ပြီး
သန့်ရှင်းရေးမလုပ်ရသေးသည့်အနီရောင်သွေးများနှင့်
စွန်းထင်းနေသည်။

"လင်းရှောင်!!"

ယူရှောင်းမိုက လင်းရှောင်ကို
အမြန်လက်ဝှေ့ယမ်းပြလိုက်သည်။

သဘာဝအားဖြင့် လင်းရှောင် သူ့ကိုသတိပြုမိသည်မှာ
ကြာပြီဖြစ်ပြီး စိတ်ချလက်ချနေဖို့အကြည့်တစ်ချက်
ပေးလိုက်သည်။

မမျှော်လင့်ထားစွာဖြင့် သူ့နာမည်ကိုကြားသည့်အခါ
ဝတ်ရုံနက်နှင့်လူက လက်မြှောက်နေရင်းတန်းလန်း
ရပ်လို့သွားသည်။ သူ့မျက်လုံးများက
ထူးဆန်းသောစိတ်လှုပ်ရှားမှုတစ်မျိုးဖြင့်
တောက်ပလာသည်။

"ခင်ဗျားက လင်းရှောင်ကိုး!"

"ငါ့ကိုသိတယ်ပေါ့?"

လင်းရှောင်ကတည်ငြိမ်စွာမေးလိုက်ရင်း
သူ့အကြည့်က ဝတ်ရုံနက်နှင့်လူဆီပြန်ရွေ့သွားသည်။

ဝတ်ရုံနက်နှင့်လူက အနီရဲရဲလျှာကိုထုတ်ပြီး
ခြောက်သွေ့နေသောနှုတ်ခမ်းများကိုလျက်လိုက်၏။

"ဒါပေါ့ ခင်ဗျားနာမည်က နားထဲမိုးကြိုးပစ်ချလိုက်တဲ့
အတိုင်းပဲ။ ခင်ဗျားနာမည်ကို ဘယ်လိုမှ
မေ့လို့မရဘူး။ ခင်ဗျားနဲ့တွေ့ချင်နေတာကြာပြီ"

ဤနာမည်နှင့်လူအကြောင်း တစ်စုံတစ်ယောက်က
ပြောပြီးရင်းပြောနေတတ်သည့် အချိန်တစ်ခု
ရှိခဲ့သည်။ ထိုအချိန်တုန်းက သူတွေ့ချင်ခဲ့သည်၊
ဤလူနှင့်ဆုံဖို့အခွင့်အရေး မရခဲ့လို့သာဖြစ်သည်။

ယနေ့ မမျှော်လင့်ထားဘဲတွေ့ဆုံခြင်းက
အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းသည်၊
ဘာလို့ဆို အခြေအနေက သူရထားသည့်သတင်းနှင့်
လုံးလုံးမတူတာကြောင့်ပင်။ ထိုအချိန်တုန်းက
လင်းရှောင်၏ကျင့်ကြံဆင့်က အဆင့်ဆယ့်နှစ်
ကြယ်တစ်ပွင့်ဟု ပြောခဲ့ကြသည်၊ သို့ပေမဲ့
ယခု သူဘယ်လိုပဲကြည့်ပါစေ လင်းရှောင်ရဲ့
ကျင့်ကြံဆင့်က ကြယ်နှစ်ပွင့်လုံးဝမဖြစ်နိုင်ပေ။

"ခင်ဗျားက ဘယ်သူတုန်း?"

မေးလိုက်သူမှာ ယူရှောင်းမိုပင်။ ဒီဝတ်ရုံနက်နှင့်
လူက ရန်သူနှင့်တူသလို မိတ်ဆွေနှင့်လည်း
တူသည်ဟုခံစားရလေသည်။

သူ့အမေးကိုဖြေမည့်အစား ဝတ်ရုံနက်နှင့်လူက
မီးတုတ်ကိုသိမ်းလိုက်၏။ သူ့အပြုအမူက
ဆက်တိုက်မည့်ပုံမရှိသဖြင့် သူတို့ကို
အံ့ဩသွားစေသည်။

"နောက်ကျသိရပါလိမ့်မယ်။ ဒီနေ့က ငါတို့တွေ့ရတဲ့
နောက်ဆုံးအကြိမ်မဟုတ်သေးဘူး။ သိပ်မကြာခင်
ပြန်တွေ့မယ်လို့ မျှော်လင့်ပါတယ်"

ဝတ်ရုံနက်နှင့်လူက နားသယ်စပ်သို့
မြင့်တက်သွားသော မျက်ခုံးအစုံကိုပင့်လိုက်၏၊
သူ၏ခက်ထန်သောမျက်နှာသွင်ပြင်များက
ခန့်ညားသည့်မကောင်းဆိုးဝါးဆန်မှုတစ်ခု
ပေးစွမ်းနေသည်။ ၎င်းက အခြားသူများ၏
သဘာဝနှစ်လိုဖွယ်ကောင်းမှုနှင့် လုံးလုံးကွဲပြားသည့်
အာဏာရှင်ဆန်မှုမျိုးဖြစ်သည့်တိုင် ဒါကြောင့်ပဲ
ပိုလို့တောင်ဆွဲဆောင်မှုရှိစေသည်။

ယူရှောင်းမိုကတော့ နားကိုမလည်တော့ချေ။
သူပြောပုံအရဆို သူက အသိတစ်ယောက်
ဖြစ်ပုံရသည်၊ သို့ပေမဲ့ ဤလူကို အရင်က
သူမမြင်ဖူးတာတော့သေချာသည်။ ဤကမ္ဘာကို
ရောက်လာပြီးကတည်းက သူမြင်ဖူးသမျှထဲတွင်
ဒီလူ​က သွေးအဆာဆုံးလူဖြစ်သည်။
အရင်ကဆုံဖူးပါက ယူရှောင်းမိုသေချာပေါက်
မှတ်မိမည်ဖြစ်သည်။

ဝတ်ရုံနက်နှင့်လူက ​ပြောပြီးသည့်နောက်
ယုံကြည်ချက်ရှိစွာဖြင့် လျှောက်ထွက်သွားသည်။

တိုက်ခိုက်ကြဖို့ လင်းရှောင်ကိုတကျည်ကျည်
လုပ်ခဲ့သလိုပင် သူက လာ၍ပြန်ထွက်သွားသည်မှာ
လေအလားပင်။

သူထွက်မသွားခင် သူတို့ကိုပေးသွားသည့်အကြည့်က
အတန်ငယ်ထူးခြားနေတာလေးတစ်ခုသာ
ပြောစရာရှိသည်။ ၎င်းက သူတို့မသိသည့်
စိတ်ဝင်စားဖွယ်တစ်စုံတစ်ရာကို သိုဝှက်ထားသလို
ခံစားချက်ကိုပေးစွမ်းသည်၊ အထူးသဖြင့်
လင်းရှောင်ကိုကြည့်လိုက်ချိန်မှာပင်။ သို့သော်လည်း
တစ်ခုကတော့သေချာသည်။ ဝတ်ရုံနက်နှင့်လူက
သူတို့ကိုကြည့်နေချိန်မှာ သတ်ဖြတ်လိုစိတ်မရှိပေ။

ယူရှောင်းမိုက ခေါင်းကုတ်လိုက်ပြီး လင်းရှောင်ကို
လှည့်မေးလိုက်၏။

"သူဘယ်သူလဲသိလား"

လင်းရှောင်က ဓားကောက်ပေါ်ရှိသွေးများကို
သုတ်လိုက်ပြီး ဓားအိမ်ထဲပြန်ထည့်လိုက်သည်။
ဓားကောက်က အတော်လေးအသုံးဝင်သောကြောင့်
လောလောဆယ်တော့ လွှင့်မပစ်တော့ပေ။

သူက ယူရှောင်းမို၏အမေးကိုကြားမှ
ပြန်ဖြေသည်။

"သူက ကိုယ်တို့အကြောင်းတော်တော်လေးသိတာ
သိသာတယ်"

"ဒါဆို သူဘယ်သူလဲမှန်းမိလား" ယူရှောင်းမိုက
အဖြေရအောင်ဆက်မေးသည်။

"ထင်တာပဲ"

"ထင်တာပဲဆိုတော့... သူဘယ်သူလဲ
မှန်းမိတယ်ပေါ့?"

"Mhm"

"ဘယ်သူလဲ?"

"သူက အဆင့်ဆယ့်နှစ်သားရဲဆိုတော့
ရှီကျင်းကဖြစ်မယ်။ သူက ကိုယ်တို့ကိုသိနေပေမဲ့
ကိုယ်တို့က သူ့ကိုမမှတ်မိဘူး။ အရေးအကြီးဆုံး
အချက်က တစ်ခုခုဖြစ်လာတော့မှာကို
မျှော်လင့်နေတဲ့ပုံနဲ့ကြည့်တဲ့အကြည့်ပဲ၊ နောက်ပြီး
သူ့အကြည့်က သူများတွေဒုက္ခရောက်တာကို
အားရနေတဲ့ပုံမျိုးပါတယ်။ သူဘယ်သူဖြစ်မယ်လို့
ထင်လဲ"

လင်းရှောင်က သဲလွန်စအားလုံးကိုထုတ်ပြပြီးနောက်
အမေးစကားတစ်ခွန်းဖြင့် ပြန်ဖြေလိုက်လေသည်။

ယူရှောင်းမိုက မေးစေ့ကိုထိကာ စတင်စဉ်းစားတော့
သည်။ တစ်မိနစ်ကုန်သွားသည်၊ သူ့ဆံပင်ကို
မဆွဲဘဲမနေနိုင်ပေ။ ငါးမိနစ်ကုန်သွားသည်၊
ဆံပင်များရှုပ်ထွေးကုန်သည်။ ဆယ်မိနစ်
ကုန်သွားသည်၊ လင်းရှောင်ကို စိတ်မရှည်စွာ
ကြည့်ပြီး အဖြေတောင်းလိုက်တော့သည်။

"မစဉ်းစားနိုင်ဘူးလား"

လင်းရှောင်၏မျက်လုံးထဲတွင် အထင်သေးရိပ်တချို့
ထင်ဟပ်နေသည်။

ယူရှောင်းမိုက နှုတ်ခမ်းစူလိုက်ပြီး
စိတ်အနှောင့်အယှက်ဖြစ်စွာပြောလိုက်၏။

"ရှေးသားရဲမျိုးနွယ်လေးခုထဲမှာ နဂါးမျိုးနွယ်နဲ့
လိပ်နက်မျိုးနွယ်က ကျွန်တော်တို့နဲ့
တော်တော်လေးခင်တယ်။ အဲ့ဒီလူက
အဆင့်ဆယ်နှစ်ရှိတယ်ဆိုတော့ သူက
ဒီမျိုးနွယ်နှစ်ခုထဲကပဲဖြစ်ရမယ်။ ဒါပေမဲ့
သူတို့မျိုးနွယ်တွေထဲမှာ ဘယ်သူတွေက
အဆင့်ဆယ့်နှစ်ရှိတာလဲ ကျွန်တော်မှမသိတာလေ။
သူဘယ်သူလဲ ဘယ်လိုလုပ်ပြီးခန့်မှန်းတတ်မှာလဲ?!"

"မင်းကလေ ဉာဏ်တုံးလွန်းလို့သေမှာသေချာတယ်"

ဤစကားကိုပြောပြီးနောက် လင်းရှောင်က
ရိုးရှင်းစွာပင်လှည့်ပြီးထွက်သွားလေသည်။
သူက ယူရှောင်းမိုနှင့် စကားမပြောချင်တော့ပေ။

ယူရှောင်းမိုက သူနဲ့မှီဖို့ပြေးလိုက်သွားသည်။
လင်းရှောင်၏တုံ့ပြန်မှုမှ သူခန့်မှန်းတာမှားကြောင်း
သိလိုက်သည်၊ သို့ပေမဲ့ ဤတုံ့ပြန်မှုကြောင့်ပင်
သူပို၍စိတ်ရှုပ်ထွေးသွားရသည်။

သူက နတ်ဆိုးဖီးနစ်မျိုးနွယ်စုကလို့တော့
မပြောနဲ့နော်?

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုရန်သူအဖြစ်
သတ်မှတ်ထားသူမှာ ကျိဟယ့်တစ်ယောက်သာ
ရှိသည်ပင်။ အခြားသူအားလုံးက ငှက်ပေါက်လေးနှင့်
တစ်ဘက်တည်းဖြစ်၍ သူတို့ကိုမုန်းတီးကြမှာ
မဟုတ်လောက်ပေ။

"ဒါဆိုလည်း အဖြေကိုပြောပြလိုက်လေ!"

လင်းရှောင်က သူ့ဉာဏ်ရည်နိမ့်မှန်းသိတာတောင်
ခန့်မှန်းခိုင်းနေသေးသည်။ သူ့အတွက်
သေပြီဆရာပဲပေါ့၊ မဟုတ်ဘူးလား?

"မပြောပြပါဘူး"

လင်းရှောင်က အနောက်တောင်လှည့်မကြည့်ပေ။
ဤတစ်ခါတွင် သူက စိတ်ကိုတင်းထားပြီး
ယူရှောင်းမိုကိုပြောမပြဖို့ ဆုံးဖြတ်ထား၏။

ယူရှောင်းမိုက စတင်အော်ဟစ်လေတော့သည်။

အဆုံးသတ်ကိုရောက်လာပေမဲ့ အဖြေမတိုင်ခင်
ရပ်သွားသည့် ဤသို့သောဇာတ်လမ်းမျိုးကို
သူတကယ်မနှစ်သက်ပေ။ ဒီည အိပ်လို့ရမှာ
မဟုတ်တာသေချာသည်။

လင်းရှောင်ကပြော၏– "ဒါဖြင့် မအိပ်နဲ့လေ"
_____________________________

//Zawgyi// 
အပိုင္း ၆၁၄- သူကဘယ္သူလဲ

ေျမျပင္အႏွံ႔ လတ္ဆတ္ေသာေသြးမ်ား
စြန္းေပေနၿပီး အသားအပိုင္းအစမ်ားက
မၾကာေသးမီ​က ဤေနရာ၌ တစ္ဖက္သတ္
အႏိုင္က်င့္မႈႀကီးတစ္ခုရိွခဲ့သည္ကို ျပသေနသည္။
ဤေနရာရိွအေလာင္းႏွစ္ခုတြင္ တစ္ခုမွ
အေကာင္းအတိုင္းမက်န္ေပ။

ဤအရာအားလံုးမွာ လူတစ္ေယာက္တည္း၏
လက္ရာျဖစ္သည္။ သူ႔လက္ထဲတြင္ကိုင္ထားေသာ
ေသြးစြန္းေနသၫ့္ ဓားသြားေၾကာင့္သာမဟုတ္လ်ွင္
ဖုန္မႈန႔္အညစ္အေၾကးတစ္စက္မွ စြန္းထင္းမေနသၫ့္
သန႔္ရွင္းေသာအျဖဴေရာင္ဝတ္ရံုျဖင့္
လူႏွစ္ေယာက္ကို ေသသည္အထိႏိွပ္စက္ခဲ့မွန္း
ပံုေဖာ္ၾကၫ့္ဖို႔ခက္သည္။

အမ်ိဳးသားက ဓားသြားေပၚမွေသြးကိုခါထုတ္လိုက္၏။
ဒါက သူ ဓားျဖင့္လူသတ္တာ ပထမဆံုးအႀကိမ္
ျဖစ္သည္။ အရင္က လူသတ္သၫ့္နည္းလမ္းမ်ားႏွင့္
လြန္စြာကဲြျပားသည္ဟုခံစားရေလသည္။ အရင္က
သူ၏တၫ့္တိုးဆန္ၿပီး အခ်ိန္ကုန္သက္သာသၫ့္
နည္းလမ္းႏွင့္ယွဉ္လ်ွင္ အဆင့္နိမ့္ေသာ္လည္း
တစ္ခါတစ္ေလအသံုးျပဳတာေလာက္ေတာ့ 
ကိစၥမရိွေပ။

ဒါေပါ့ေလ သူ႔ဇနီးေလးကိုေက်ာပိုးထားရင္း
ဓားနဲ႔လိုက္ခုတ္ရရင္ ပိုေကာင္းမည္ပင္။

"မဆိုးဘူး"

စိတ္ဝင္စားဟန္ရိွသၫ့္ ရႊတ္ေနာက္ေနာက္
ေလသံတစ္ခု အမ်ိဳးသားအေနာက္မွ
ထြက္လာေလသည္။

အျဖဴေရာင္ဝတ္ရံုႏွင့္အမ်ိဳးသားက ေခါင္းေစာင္း၍
စကားေျပာလိုက္သူကို ငဲ့ၾကၫ့္လိုက္သည္၊
သို႔ေပမဲ့ သူ႔မ်က္ႏွာတြင္ အံ့ဩဟန္စိုးစဉ္းမ်ွမရိွေပ။
ဤတစ္ေယာက္က ပင့္ကူနက္၏အျခားအဖဲြ႔ဝင္
ႏွစ္ေယာက္ေနာက္လိုက္သြားသၫ့္ လူမွလဲြ၍
အျခားမဟုတ္ေပ။

သူ ဤေနရာသို႔ေရာက္ေနျခင္းက ထိုႏွစ္ဦးမွာ
ေျမေအာက္ကမ႓ာတြင္ သူတို႔ေရာင္းရင္းမ်ားႏွင့္အတူ
ျပန္စံုစည္းေနၾကၿပီဟုဆိုလိုသည္။ ဤအျမန္ႏႈန္းက
အမွန္ပင္ အေတာ္ေလးျမန္သည္။

အနက္ေရာင္ဝတ္ရံုႏွင့္လူက မီးတုတ္ကိုင္ထားဆဲ
ျဖစ္သည္။ သူ႔ဝတ္ရံုက ေသြးစီးေၾကာင္းမ်ား
ရိွလားဟုျမင္ရႏိုင္ရန္အတြက္ မည္းေမွာင္လြန္းေန၏။
သို႔ေသာ္လည္း သူ႔ထံမွထြက္ေပၚေနသၫ့္
ေသြးနံ႔က ယခင္ကထက္ ပိုျပင္းၿပီး ခရမ္းေရာင္
မီးတုတ္ေပၚမွာေတာင္ ေသြးစီးေၾကာင္းတခ်ိဳ႕
ရိွေနသည္။

"ဟိုအရင္လတုန္းက အမတလိုဏ္ဂူ
ခုနစ္ခုရွစ္ခုေလာက္ကို ဆယ့္ငါးရ​က္ထဲနဲ႔
အေျပာင္ရွင္းသြားတဲ့လူက ခင္ဗ်ားလား"

အနက္ေရာင္ဝတ္ရံုႏွင့္လူက အျဖဴေရာင္ဝတ္ရံုႏွင့္
လူကို ၾကၫ့္လိုက္သည္။ သူက ေမးခြန္းေမးလိုက္
ေသာ္လည္း သူ႔ေလသံထဲမွာ ေသခ်ာမႈတို႔
ပါဝင္ေနသည္။ အျဖဴေရာင္ဝတ္ရံုႏွင့္လူက
ဝန္မခံလ်ွင္ေတာင္ ယံုမၫ့္သေဘာမွာမရိွေပ။

အျဖဴေရာင္ဝတ္ရံုႏွင့္လူ၏ ေအးေဆးေသာ
အၾကၫ့္က သူ၏ဓားေကာက္မွ တစ္ဖက္လူသို႔
ေရာက္ရိွသြားၿပီး အေလးအနက္မထားသၫ့္
အၾကၫ့္ျဖင့္ အကဲခတ္လိုက္၏။
သူ႔ႏႈတ္ခမ္းေထာင့္က အနည္းငယ္ေကြးၫြတ္သြားၿပီး
ခပ္ဖြဖြအႃပံုးတစ္ခုေပၚလို႔လာသည္။

"အဲ့ေတာ့?"

"က်ဳပ္ ခင္ဗ်ားကိုစိတ္ဝင္စားမိတယ္။
တစ္ပဲြတစ္လမ္းေလာက္ႏႊဲရေအာင္"

အနက္ေရာင္ဝတ္ရံုႏွင့္လူက အျဖဴေရာင္ဝတ္ရံုႏွင့္
လူအား ေမာက္မာေသာမ်က္လံုးမ်ားျဖင့္ၾကၫ့္ေနရင္း
ပမာမခန႔္အမူအရာတစ္ခု ရိွလို႔ေနသည္။ သူက
အားမာန္ျပၫ့္ဝေနၿပီး တိုက္ခိုက္ရျခင္းကို
ႏွစ္သက္သူမွန္းထင္ရွားလွသည္။ သူက
ေသြးသံရဲရဲသတ္ျဖတ္မႈမ်ားမွာ သူ႔ကိုယ္သူ
ၿမွဳပ္ႏွံထားသၫ့္လူတစ္ေယာက္မွန္း
တစ္ခ်က္ၾကၫ့္ရံုႏွင့္ေျပာႏိုင္သည္။

အျဖဴေရာင္ဝတ္ရံုႏွင့္လူက စိတ္မဝင္စားစြာ
ၾကၫ့္လိုက္၏။

"မင္းက ငါနဲ႔မယွဉ္ႏိုင္ဘူး"

"ဟားဟား"

အနက္ေရာင္ဝတ္ရံုႏွင့္လူက ေဒါသထြက္ရမၫ့္အစား
ရယ္ေမာေလသည္။ သူက အခ်ိန္ကာလ
ရွည္လ်ားစြာေနထိုင္လာခဲ့သၫ့္ ထင္တိုင္းႀကဲ
ျပဳမူတတ္ေသာလူမ်ိဳးျဖစ္သည္။
တစ္ေယာက္ေယာက္က သူ႔ကိုဤကဲ့သို႔
ေျပာလာသည္မွာ ဒါကပထမဆံုးအႀကိမ္မဟုတ္ေပ၊
သို႔ေပမဲ့ သူ႔စကားမ်ားကိုယံုၾကည္ေအာင္
လုပ္ႏိုင္သူမွာ ဤလူတစ္ေယာက္သာရိွသည္။
ဘာလို႔ဆို အျဖဴေရာင္ဝတ္ရံုႏွင့္လူေျပာတာ
မွန္ေသာေၾကာင့္ပင္-- လက္ရိွသူက သူႏွင့္
ၿပိဳင္ဖက္မျဖစ္ႏိုင္ေပ။

"ခင္ဗ်ားမွန္တယ္၊ ဒါေပမဲ့
က်ဳပ္ စမ္းၾကၫ့္ခ်င္ေသးတယ္"

အနက္ေရာင္ဝတ္ရံုႏွင့္လူမွာ နာက်င္မႈမွာ
သာယာတတ္သူေတာ့မဟုတ္ေပ။ တစ္ဖက္လူႏွင့္
ယွဉ္မတိုက္ႏိုင္မွန္း သိေသာ္လည္း သူက
တစ္ပဲြတစ္လမ္းႏႊဲခ်င္ေနေသးသည္။ သူႏွင့္
တိုက္ခိုက္ခ်င္ရသၫ့္အေၾကာင္းအရင္းမွာ
တိုက္ခိုက္ေနမွသာ သန္မာလာမည္ဟု
ယံုၾကည္ေသာေၾကာင့္ပင္ျဖစ္သည္။

အႏၲရာယ္ေတြအလယ္မွာ ထိုးေဖာက္ေက်ာ္ျဖတ္လို႔
ေသေရးရွင္ေရးအခိုက္အတံ့မွာေပါက္ကဲြပစ္မယ္။

ဒါက သူ႔ရဲ့ေဆာင္ပုဒ္ျဖစ္သည္။

"ငါမအားဘူး"

အျဖဴေရာင္ဝတ္ရံုႏွင့္လူက ေျပာၿပီးေနာက္
လွၫ့္၍ေလ်ွာက္သြားေတာ့သည္။

အနက္ေရာင္ဝတ္ရံုႏွင့္လူ၏ပံုရိပ္က ျဖတ္ခနဲ
ျဖစ္သြားၿပီး ျပန္ေပၚလာခ်ိန္တြင္ အျဖဴေရာင္ဝတ္ရံုႏွင့္
လူ၏လမ္းကို ပိတ္ဆို႔ထားေလသည္။
သူက ေခါင္းမာစြာျဖင့္ေျပာသည္။

"အဲ့လိုဘယ္ရမလဲ။ ခင္ဗ်ား က်ဳပ္နဲ႔
တိုက္ကိုတိုက္ရမယ္"

အမ်ိဳးသား၏မ်က္ဝန္းမ်ားက
မည္းေမွာင္သြားေတာ့သည္။

အျခားတစ္ဖက္၌။ အရိွန္ယူေနသၫ့္
မိုးႀကိဳးတိမ္တိုက္မ်ားက ေနာက္ဆံုး
ေရာက္ရိွလာၾကေတာ့သည္။

သူတို႔က အနည္းငယ္အလွမ္းေဝးေနသျဖင့္
မိုးခ်ိန္းသံသဲ့သဲ့ကိုသာၾကားရေလသည္။

လင္းေရွာင္မရိွေနသျဖင့္ ယူေရွာင္းမိုမွာ
မိုးႀကိဳးတိမ္တိုက္မ်ားကို သူ႔ဟာသူ
ကိုင္တြယ္ရေတာ့သည္။ ကံေကာင္းစြာျဖင့္
သူ႔မွာ အေတြ့အႄကံုရိွၿပီး သူကိုယ္တိုင္ကလည္း
အေတာ္ေလးသန္မာသည္။ သို႔ျဖစ္ရာ
သက္တန႔္အဆင့္ေလးေဆးလံုး၏ လ်ွပ္စီး
အတိဒုကၡစြမ္းအားက အဆင့္သံုးေဆးလံုးထက္
ပိုမိုအားျပင္းေသာ္လည္း ကိုင္တြယ္ႏိုင္ေလသည္။

လ်ွပ္စီးအတိဒုကၡကို ေျဖရွင္းၿပီးေနာက္
ယူေရွာင္းမိုက ထြက္ေျပးဖို႔ႀကိဳးစားေနသၫ့္
ေဆးလံုးကို ပုလင္းထဲထၫ့္လိုက္၏၊ သူအျပင္
ထြက္လာခ်ိန္တြင္ လင္းေရွာင္ကထြက္သြားၿပီး
ျပန္မလာေသးဘူးဟု ႁမြေပါသားရဲက
ေျပာျပသည္။

ဒီအခ်ိန္ႀကီး ဘာသြားလုပ္တာပါလိမ့္။

သို႔ျဖင့္ စပ္စုစိန္ယူေရွာင္းမိုက ေျခရာခံ၍
လိုက္သြားခ်ိန္တြင္ လင္းေရွာင္က အနက္ေရာင္
ဝတ္ရံုဝတ္ထားေသာလူႏွင့္ စတင္တိုက္ခိုက္ေနၿပီ
ျဖစ္သည္။

ဝတ္ရံုအနက္ႏွင့္လူ၏က်င့္ႀကံဆင့္က
အဆင့္ဆယ့္ႏွစ္ ၾကယ္ႏွစ္ပြင့္ျဖစ္၍
လင္းေရွာင္ထက္ ၾကယ္ႏွစ္ပြင့္မ်ွပိုနိမ့္သည္။
လင္းေရွာင္၏က်င့္ႀကံဆင့္က အတြင္းဒဏ္ရာေၾကာင့္
ၾကယ္တစ္ပြင့္က်သြားခဲ့ရင္ေတာင္ အမွန္မွာ
ၾကယ္တစ္ပြင့္ကြာဟေနဆဲျဖစ္သည္။

သို႔ေသာ္လည္း တစ္ႏွစ္လံုး ပညာရွင္အမ်ိဳးမ်ိဳးႏွင့္
ရင္ဆိုင္ေနသၫ့္ တိုက္ပဲြရူးတစ္ေယာက္အေနျဖင့္
ဝတ္ရံုနက္ႏွင့္လူက လင္းေရွာင္ထက္
တိုက္ပဲြအေတြ့အႄကံုႂကြယ္ဝသည္မွာ ထင္ရွားသည္။
ထို႔အျပင္ လင္းေရွာင္က အပင္ပန္းခံေနဖို႔
စိတ္ကူးမရိွေပ။ ရလဒ္အေနျဖင့္ သူတို႔ႏွစ္ဦး
တိုက္ခိုက္ေနသည္မွာ သဲမႈန္မ်ားလြင့္ပ်ံၿပီး
ေက်ာက္စရစ္ခဲမ်ား လိွမ့္ကုန္သည္အထိပင္။

မိုင္တစ္ရာအခ်င္းဝက္အတြင္းတြင္ သူတို႔
တိုက္ခိုက္ထားသၫ့္ေျခရာလက္ရာမ်ား
က်န္ရိွေနၿပီး လင္းေရွာင္ အပိုင္းပိုင္းလုပ္ထားသၫ့္
အေလာင္းႏွစ္ခုမွာ အစအနေတာင္မျမင္ရေတာ့ေပ။

အကယ္၍ ဤအေျခအေနက သာမန္အခ်ိန္မ်ားမွာ
ျဖစ္ပ်က္ခဲ့ပါက စိတ္ဝိဉာဉ္ေတာင္သို႔
ရတနာလာရွာၾကသူမ်ားကို ဆဲြေဆာင္မိမွာ
ေသခ်ာသည္။ ဘယ္လိုပဲျဖစ္ျဖစ္
တိုက္ခိုက္ေနသူမ်ားက အဆင့္ဆယ့္ႏွစ္
သိုင္းပညာရွင္မ်ားမဟုတ္ပါလား။ သို႔ေပမဲ့လည္း
ယခုအခ်ိန္တြင္ လူတိုင္း၏ပန္းတိုင္က
စိတ္ဝိဉာဉ္ေတာင္ထိပ္ျဖစ္ရာ ပဲြၾကၫ့္ပရိသတ္ဟူ၍
ယူေရွာင္းမိုတစ္ေယာက္သာရိွေလသည္။

ပံုရိပ္ႏွစ္ခုက ေလထဲတြင္ ရိုက္ခတ္ေနၾကၿပီး
တစ္နာရီၾကာၿပီးခ်ိန္မွာေတာ့ ခဲြခြာသြားၾကေတာ့သည္။

ဝတ္ရံုနက္ႏွင့္လူ၏လက္က တိုက္ကြက္အႀကီးႀကီး
တစ္ခုလုပ္ဖို႔ျပင္ေနသၫ့္အလား ခရမ္းေရာင္
အလင္းတစ္ခုျဖင့္ေတာက္ပေနသည္။ တစ္ဖက္တြင္
လင္းေရွာင္က အမတလိုဏ္ဂူတစ္လံုးမွ
ဓားျပတိုက္လာသၫ့္ ဓားေကာက္ကိုကိုင္စဲြထားသည္။
ဓားသြားအစြန္းက ျမင္ရခဲေသာမဟူရာ​ေရာင္ျဖစ္ၿပီး
သန႔္ရွင္းေရးမလုပ္ရေသးသၫ့္အနီေရာင္ေသြးမ်ားႏွင့္
စြန္းထင္းေနသည္။

"လင္းေရွာင္!!"

ယူေရွာင္းမိုက လင္းေရွာင္ကို
အျမန္လက္ေဝ႔ွယမ္းျပလိုက္သည္။

သဘာဝအားျဖင့္ လင္းေရွာင္ သူ႔ကိုသတိျပဳမိသည္မွာ
ၾကာၿပီျဖစ္ၿပီး စိတ္ခ်လက္ခ်ေနဖို႔အၾကၫ့္တစ္ခ်က္
ေပးလိုက္သည္။

မေမ်ွာ္လင့္ထားစြာျဖင့္ သူ႔နာမည္ကိုၾကားသၫ့္အခါ
ဝတ္ရံုနက္ႏွင့္လူက လက္ၿမွောက္ေနရင္းတန္းလန္း
ရပ္လို႔သြားသည္။ သူ႔မ်က္လံုးမ်ားက
ထူးဆန္းေသာစိတ္လႈပ္ရွားမႈတစ္မ်ိဳးျဖင့္
ေတာက္ပလာသည္။

"ခင္ဗ်ားက လင္းေရွာင္ကိုး!"

"ငါ့ကိုသိတယ္ေပါ့?"

လင္းေရွာင္ကတည္ၿငိမ္စြာေမးလိုက္ရင္း
သူ႔အၾကၫ့္က ဝတ္ရံုနက္ႏွင့္လူဆီျပန္ေရြ့သြားသည္။

ဝတ္ရံုနက္ႏွင့္လူက အနီရဲရဲလ်ွာကိုထုတ္ၿပီး
ေျခာက္ေသြ့ေနေသာႏႈတ္ခမ္းမ်ားကိုလ်က္လိုက္၏။

"ဒါေပါ့ ခင္ဗ်ားနာမည္က နားထဲမိုးႀကိဳးပစ္ခ်လိုက္တဲ့
အတိုင္းပဲ။ ခင္ဗ်ားနာမည္ကို ဘယ္လိုမွ
ေမ့လို႔မရဘူး။ ခင္ဗ်ားနဲ႔ေတြ့ခ်င္ေနတာၾကာၿပီ"

ဤနာမည္ႏွင့္လူအေၾကာင္း တစ္စံုတစ္ေယာက္က
ေျပာၿပီးရင္းေျပာေနတတ္သၫ့္ အခ်ိန္တစ္ခု
ရိွခဲ့သည္။ ထိုအခ်ိန္တုန္းက သူေတြ့ခ်င္ခဲ့သည္၊
ဤလူႏွင့္ဆံုဖို႔အခြင့္အေရး မရခဲ့လို႔သာျဖစ္သည္။

ယေန့ မေမ်ွာ္လင့္ထားဘဲေတြ့ဆံုျခင္းက
အမွန္ပင္ အံ့အားသင့္ဖြယ္ေကာင္းသည္၊
ဘာလို႔ဆို အေျခအေနက သူရထားသၫ့္သတင္းႏွင့္
လံုးလံုးမတူတာေၾကာင့္ပင္။ ထိုအခ်ိန္တုန္းက
လင္းေရွာင္၏က်င့္ႀကံဆင့္က အဆင့္ဆယ့္ႏွစ္
ၾကယ္တစ္ပြင့္ဟု ေျပာခဲ့ၾကသည္၊ သို႔ေပမဲ့
ယခု သူဘယ္လိုပဲၾကၫ့္ပါေစ လင္းေရွာင္ရဲ့
က်င့္ႀကံဆင့္က ၾကယ္ႏွစ္ပြင့္လံုးဝမျဖစ္ႏိုင္ေပ။

"ခင္ဗ်ားက ဘယ္သူတုန္း?"

ေမးလိုက္သူမွာ ယူေရွာင္းမိုပင္။ ဒီဝတ္ရံုနက္ႏွင့္
လူက ရန္သူႏွင့္တူသလို မိတ္ေဆြႏွင့္လည္း
တူသည္ဟုခံစားရေလသည္။

သူ႔အေမးကိုေျဖမၫ့္အစား ဝတ္ရံုနက္ႏွင့္လူက
မီးတုတ္ကိုသိမ္းလိုက္၏။ သူ႔အျပဳအမူက
ဆက္တိုက္မၫ့္ပံုမရိွသျဖင့္ သူတို႔ကို
အံ့ဩသြားေစသည္။

"ေနာက္က်သိရပါလိမ့္မယ္။ ဒီေန့က ငါတို႔ေတြ့ရတဲ့
ေနာက္ဆံုးအႀကိမ္မဟုတ္ေသးဘူး။ သိပ္မၾကာခင္
ျပန္ေတြ့မယ္လို႔ ေမ်ွာ္လင့္ပါတယ္"

ဝတ္ရံုနက္ႏွင့္လူက နားသယ္စပ္သို႔
ျမင့္တက္သြားေသာ မ်က္ခံုးအစံုကိုပင့္လိုက္၏၊
သူ၏ခက္ထန္ေသာမ်က္ႏွာသြင္ျပင္မ်ားက
ခန႔္ညားသၫ့္မေကာင္းဆိုးဝါးဆန္မႈတစ္ခု
ေပးစြမ္းေနသည္။ ၄က အျခားသူမ်ား၏
သဘာဝႏွစ္လိုဖြယ္ေကာင္းမႈႏွင့္ လံုးလံုးကဲြျပားသၫ့္
အာဏာရွင္ဆန္မႈမ်ိဳးျဖစ္သၫ့္တိုင္ ဒါေၾကာင့္ပဲ
ပိုလို႔ေတာင္ဆဲြေဆာင္မႈရိွေစသည္။

ယူေရွာင္းမိုကေတာ့ နားကိုမလည္ေတာ့ေခ်။
သူေျပာပံုအရဆို သူက အသိတစ္ေယာက္
ျဖစ္ပံုရသည္၊ သို႔ေပမဲ့ ဤလူကို အရင္က
သူမျမင္ဖူးတာေတာ့ေသခ်ာသည္။ ဤကမ႓ာကို
ေရာက္လာၿပီးကတည္းက သူျမင္ဖူးသမ်ွထဲတြင္
ဒီလူ​က ေသြးအဆာဆံုးလူျဖစ္သည္။
အရင္ကဆံုဖူးပါက ယူေရွာင္းမိုေသခ်ာေပါက္
မွတ္မိမည္ျဖစ္သည္။

ဝတ္ရံုနက္ႏွင့္လူက ​ေျပာၿပီးသၫ့္ေနာက္
ယံုၾကည္ခ်က္ရိွစြာျဖင့္ ေလ်ွာက္ထြက္သြားသည္။

တိုက္ခိုက္ၾကဖို႔ လင္းေရွာင္ကိုတက်ည္က်ည္
လုပ္ခဲ့သလိုပင္ သူက လာ၍ျပန္ထြက္သြားသည္မွာ
ေလအလားပင္။

သူထြက္မသြားခင္ သူတို႔ကိုေပးသြားသၫ့္အၾကၫ့္က
အတန္ငယ္ထူးျခားေနတာေလးတစ္ခုသာ
ေျပာစရာရိွသည္။ ၄က သူတို႔မသိသၫ့္
စိတ္ဝင္စားဖြယ္တစ္စံုတစ္ရာကို သိုဝွက္ထားသလို
ခံစားခ်က္ကိုေပးစြမ္းသည္၊ အထူးသျဖင့္
လင္းေရွာင္ကိုၾကၫ့္လိုက္ခ်ိန္မွာပင္။ သို႔ေသာ္လည္း
တစ္ခုကေတာ့ေသခ်ာသည္။ ဝတ္ရံုနက္ႏွင့္လူက
သူတို႔ကိုၾကၫ့္ေနခ်ိန္မွာ သတ္ျဖတ္လိုစိတ္မရိွေပ။

ယူေရွာင္းမိုက ေခါင္းကုတ္လိုက္ၿပီး လင္းေရွာင္ကို
လွၫ့္ေမးလိုက္၏။

"သူဘယ္သူလဲသိလား"

လင္းေရွာင္က ဓားေကာက္ေပၚရိွေသြးမ်ားကို
သုတ္လိုက္ၿပီး ဓားအိမ္ထဲျပန္ထၫ့္လိုက္သည္။
ဓားေကာက္က အေတာ္ေလးအသံုးဝင္ေသာေၾကာင့္
ေလာေလာဆယ္ေတာ့ လႊင့္မပစ္ေတာ့ေပ။

သူက ယူေရွာင္းမို၏အေမးကိုၾကားမွ
ျပန္ေျဖသည္။

"သူက ကိုယ္တို႔အေၾကာင္းေတာ္ေတာ္ေလးသိတာ
သိသာတယ္"

"ဒါဆို သူဘယ္သူလဲမွန္းမိလား" ယူေရွာင္းမိုက
အေျဖရေအာင္ဆက္ေမးသည္။

"ထင္တာပဲ"

"ထင္တာပဲဆိုေတာ့... သူဘယ္သူလဲ
မွန္းမိတယ္ေပါ့?"

"Mhm"

"ဘယ္သူလဲ?"

"သူက အဆင့္ဆယ့္ႏွစ္သားရဲဆိုေတာ့
ရွီက်င္းကျဖစ္မယ္။ သူက ကိုယ္တို႔ကိုသိေနေပမဲ့
ကိုယ္တို႔က သူ႔ကိုမမွတ္မိဘူး။ အေရးအႀကီးဆံုး
အခ်က္က တစ္ခုခုျဖစ္လာေတာ့မွာကို
ေမ်ွာ္လင့္ေနတဲ့ပံုနဲ႔ၾကၫ့္တဲ့အၾကၫ့္ပဲ၊ ေနာက္ၿပီး
သူ႔အၾကၫ့္က သူမ်ားေတြဒုကၡေရာက္တာကို
အားရေနတဲ့ပံုမ်ိဳးပါတယ္။ သူဘယ္သူျဖစ္မယ္လို႔
ထင္လဲ"

လင္းေရွာင္က သဲလြန္စအားလံုးကိုထုတ္ျပၿပီးေနာက္
အေမးစကားတစ္ခြန္းျဖင့္ ျပန္ေျဖလိုက္ေလသည္။

ယူေရွာင္းမိုက ေမးေစ့ကိုထိကာ စတင္စဉ္းစားေတာ့
သည္။ တစ္မိနစ္ကုန္သြားသည္၊ သူ႔ဆံပင္ကို
မဆဲြဘဲမေနႏိုင္ေပ။ ငါးမိနစ္ကုန္သြားသည္၊
ဆံပင္မ်ားရႈပ္ေထြးကုန္သည္။ ဆယ္မိနစ္
ကုန္သြားသည္၊ လင္းေရွာင္ကို စိတ္မရွည္စြာ
ၾကၫ့္ၿပီး အေျဖေတာင္းလိုက္ေတာ့သည္။

"မစဉ္းစားႏိုင္ဘူးလား"

လင္းေရွာင္၏မ်က္လံုးထဲတြင္ အထင္ေသးရိပ္တခ်ိဳ႕
ထင္ဟပ္ေနသည္။

ယူေရွာင္းမိုက ႏႈတ္ခမ္းစူလိုက္ၿပီး
စိတ္အေနွာင့္အယွက္ျဖစ္စြာေျပာလိုက္၏။

"ေရွးသားရဲမ်ိဳးႏြယ္ေလးခုထဲမွာ နဂါးမ်ိဳးႏြယ္နဲ႔
လိပ္နက္မ်ိဳးႏြယ္က ကၽြန္ေတာ္တို႔နဲ႔
ေတာ္ေတာ္ေလးခင္တယ္။ အဲ့ဒီလူက
အဆင့္ဆယ္ႏွစ္ရိွတယ္ဆိုေတာ့ သူက
ဒီမ်ိဳးႏြယ္ႏွစ္ခုထဲကပဲျဖစ္ရမယ္။ ဒါေပမဲ့
သူတို႔မ်ိဳးႏြယ္ေတြထဲမွာ ဘယ္သူေတြက
အဆင့္ဆယ့္ႏွစ္ရိွတာလဲ ကၽြန္ေတာ္မွမသိတာေလ။
သူဘယ္သူလဲ ဘယ္လိုလုပ္ၿပီးခန႔္မွန္းတတ္မွာလဲ?!"

"မင္းကေလ ဉာဏ္တံုးလြန္းလို႔ေသမွာေသခ်ာတယ္"

ဤစကားကိုေျပာၿပီးေနာက္ လင္းေရွာင္က
ရိုးရွင္းစြာပင္လွၫ့္ၿပီးထြက္သြားေလသည္။
သူက ယူေရွာင္းမိုႏွင့္ စကားမေျပာခ်င္ေတာ့ေပ။

ယူေရွာင္းမိုက သူနဲ႔မွီဖို႔ေျပးလိုက္သြားသည္။
လင္းေရွာင္၏တံု႔ျပန္မႈမွ သူခန႔္မွန္းတာမွားေၾကာင္း
သိလိုက္သည္၊ သို႔ေပမဲ့ ဤတံု႔ျပန္မႈေၾကာင့္ပင္
သူပို၍စိတ္ရႈပ္ေထြးသြားရသည္။

သူက နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကလို႔ေတာ့
မေျပာနဲ႔ေနာ္?

ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ကိုရန္သူအျဖစ္
သတ္မွတ္ထားသူမွာ က်ိဟယ့္တစ္ေယာက္သာ
ရိွသည္ပင္။ အျခားသူအားလံုးက ငွက္ေပါက္ေလးႏွင့္
တစ္ဘက္တည္းျဖစ္၍ သူတို႔ကိုမုန္းတီးၾကမွာ
မဟုတ္ေလာက္ေပ။

"ဒါဆိုလည္း အေျဖကိုေျပာျပလိုက္ေလ!"

လင္းေရွာင္က သူ႔ဉာဏ္ရည္နိမ့္မွန္းသိတာေတာင္
ခန႔္မွန္းခိုင္းေနေသးသည္။ သူ႔အတြက္
ေသၿပီဆရာပဲေပါ့၊ မဟုတ္ဘူးလား?

"မေျပာျပပါဘူး"

လင္းေရွာင္က အေနာက္ေတာင္လွၫ့္မၾကၫ့္ေပ။
ဤတစ္ခါတြင္ သူက စိတ္ကိုတင္းထားၿပီး
ယူေရွာင္းမိုကိုေျပာမျပဖို႔ ဆံုးျဖတ္ထား၏။

ယူေရွာင္းမိုက စတင္ေအာ္ဟစ္ေလေတာ့သည္။

အဆံုးသတ္ကိုေရာက္လာေပမဲ့ အေျဖမတိုင္ခင္
ရပ္သြားသၫ့္ ဤသို႔ေသာဇာတ္လမ္းမ်ိဳးကို
သူတကယ္မႏွစ္သက္ေပ။ ဒီည အိပ္လို႔ရမွာ
မဟုတ္တာေသခ်ာသည္။

လင္းေရွာင္ကေျပာ၏– "ဒါျဖင့္ မအိပ္နဲ႔ေလ"
_____________________________




繼續閱讀

You'll Also Like

1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
750K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.6M 198K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။