This part includes warning.
(Unicode)
အပိုင်း ၆၁၂- ဆေးလုံးသန့်စင်ခြင်း
တိတ်ဆိတ်နေသောကျောက်တုံးခန်းထဲတွင်
ရံဖန်ရံခါထွက်ပေါ်လာတတ်သည်မှာ
ချုပ်တည်းထားသောညည်းသံနှင့် ရောယှက်နေသော
အသက်ရှူသံပြင်းပြင်းများဖြစ်သည်။ ၎င်းက
တစ်နည်းတစ်ဖုံရိုးရှင်းလှသောအခန်းငယ်အား
နှစ်လိုဖွယ်ကောင်းမှုနှင့် တင့်တယ်မှုတို့
ဖြည့်စွက်ပေးနေသည်။ ဒဏ္ဍာရီလာညလင်းပုလဲ၏
အလင်းအောက်၌ ရောယှက်နေသောပုံရိပ်နှစ်ခု၏
အရိပ်က ကြမ်းပြင်ပေါ်သို့ကျရောက်လို့နေသည်။
ယူရှောင်းမိုမှာ လင်းရှောင်နှင့်နံရံကြားတွင်
ညှပ်နေလေ၏။ သူ၏လက်နှစ်ဖက်က လင်းရှောင်၏
လည်တိုင်အားဖက်တွယ်လို့ထားပြီး
အနီရောင်ရဲနေသောမျက်နှာလေးဖြင့် သူတို့နှစ်ဦး၏
လျှာများက အချင်းချင်းရစ်ပတ်လို့နေကြသည်။
နှာဖျားနှစ်ခုကထိစပ်လျက်၊ တစ်ဦးနှင့်တစ်ဦး
ရှူထုတ်လိုက်သည့်လေတို့ကရောယှက်လျက်၊
ခွဲခွာ၍မရဟန်ပေါ်သည်။
အချိန်တစ်ခုကြာသော် လင်းရှောင်က
ဖူးယောင်နေအောင်နမ်းထားသော နှုတ်ခမ်းလေးကို
အလွတ်ပေးလိုက်၏။ သူတို့ခွဲခွာလိုက်ချိန်တွင်
ငွေရောင်အမျှင်တန်းလေးတစ်ခုပါလာပြီး
သူက လျက်လိုက်သည်။
ဘယ်နှကြိမ်ပဲရှိပြီဖြစ်ပါစေ ညှို့အားပြင်းသည့်
ဤအပြုအမူကြောင့် ယူရှောင်းမိုမှာ
ရှက်သွေးဖြာရဆဲဖြစ်လေသည်။ ပါးလေးနှစ်ဖက်က
အနီရောင်ခြယ်သထားဟန်ရှိသည်၊
မျက်လုံးလေးများက လဲ့နေပြီး ရံဖန်ရံခါတွင်
သူ့နှုတ်ခမ်းဖျားမှ ရှိုက်သံသဲ့သဲ့ထွက်လာတတ်သည်။
ထိုဆွဲဆောင်မှုအောက်တွင် လင်းရှောင်၏
မျက်လုံးအစုံကနက်မှောင်သွားကာ သူ့အထဲမှ
ပစ္စည်းက ပိုလို့တောင်ကြီးမားလာလေသည်။
ယူရှောင်းမို အသက်ပြင်းပြင်းရှူလိုက်ပြီး
ခြေထောက်နှစ်ချောင်းကို စုလိုက်မိလေသည်။
သူ၏အောက်ပိုင်းအဝတ်များမှာ မရှိတော့တာ
ကြာပြီဖြစ်၏။ ဖြူဝင်းနေသည့်ပေါင်တံများက
လင်းရှောင်၏ခါးတွင် ချိတ်တွယ်ထားပြီး
နံရံကိုကျောမှီလို့ထားသည်။ ထိုလက်နက်၏
ထိုးသွင်းချက်များကိုခံယူရင်း သူ့ခန္ဓာကိုယ်က
ဂျယ်လီကဲ့သို့ပင်ခံစားရလေသည်။ လင်းရှောင်၏
လက်က သူ့ဖင်တုံလေးကိုကိုင်ထား၍သာမဟုတ်လျှင်
သူ အောက်ကိုလျှောကျနေလောက်ပြီဖြစ်သည်။
"ကိုယ်တို့မလုပ်တာ အဲ့လောက်မကြာသေးပါဘူး..
ဘယ်လိုလုပ်ပိုကျပ်လာရတာလဲ"
ပူလောင်သည့်လေက ယူရှောင်းမို၏နားနားသို့
ရောက်ရှိလာပြီး ၎င်းနှင့်အတူလင်းရှောင်၏အသံ
ပါလာလေသည်။ ဤစကားမှအကြောင်းအရာများက
ယူရှောင်းမို၏မျက်နှာလေးကို နီရဲသွားစေသည်။
ယူရှောင်းမိုက သူ့ပခုံးကိုကိုက်လိုက်ပြီး
မပီမသအသံဖြင့်ပြောလိုက်သည်။
"ခင်ဗျား ခင်ဗျား မြန်မြန်လုပ်.."
သူ့နားဘေး၌ ခပ်တိုးတိုးရယ်သံထွက်လာ၏။
"မိန်းမစကားအတိုင်းပါ"
သူ့စကားဆုံးသည့်အခါ ထိုးသွင်းမှုများက
ပို၍ကြမ်းတမ်းလာလေသည်၊ သူတို့
အသွေးအသားများကို တစ်ခုတည်းအဖြစ်သို့
ပေါင်းစည်းချင်နေသည့်အလားပင်။ တစ်ခဏ
ကြာပြီးနောက်၌ ယူရှောင်းမို၏ပြတ်တောင်း
ပြတ်တောင်း ငိုသံလေးကိုကြားရတော့သည်။
"Wuuuu..ကျွန်တော်..ကျွန်တော်ပြောတာ
ဒီလိုမဟုတ်ဘူးလေ.."
အဖြေကတော့ ပိုလို့တောင်မြန်ဆန်လာခြင်းပင်။
လင်းရှောင်ကိုမြန်မြန်ပြီးစေချင်တာလေ.. ဘာလို့
တအားခက်ခဲရတာလဲဟင်။
အဆုံးတွင်တော့ ယူရှောင်းမိုမှာပင်ပန်းနွမ်းနယ်စွာဖြင့်
လင်းရှောင်ရင်ခွင်ထဲတွင် လဲလျောင်းနေတော့သည်။
လှုပ်ရှားမှုနှင့်အားက အချိန်တစ်ခဏကြာအောင်
စုထားရသည်များကို ကုန်စင်အောင်ထုတ်ပစ်လိုက်
သည့်အလားပင်။ သူ့ခန္ဓာကိုယ်အားက မည်မျှပင်
ကောင်းပါစေ ဒီလိုအရာမျိုးကိုတော့
တောင့်ခံနိုင်စွမ်းမရှိချေ။ သူနိုးလာချိန်တွင်
နေက ခေါင်းထိပ်ကိုရောက်နေပြီဖြစ်၏။
လင်းရှောင်ကို ဘယ်နေရာမှာမှမတွေ့ရ၍
ယူရှောင်းမိုလည်း တင်ပါးလေးကိုထောက်ကာ
နယ်မြေထဲဝင်သွားလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ
ခရမ်းရောင်အမှတ်များကို စိတ်စွမ်းအင်ရေဖြင့်
ဖယ်ရှားပစ်ရမည်။ သူပြန်ထွက်လာချိန်တွင်
လန်းဆန်းနေပြီး သန့်ရှင်းသည့်အဝတ်များ
လဲဝတ်ပြီးပြီဖြစ်လေသည်။
ထိုအချိန်မှာပဲ လင်းရှောင်ကဝင်လာတာဖြစ်သည်။
သူ ခုန်ပေါက်နေတာကိုမြင်တော့ သူအဆင်ပြေမှန်း
သိလိုက်သည်။
ယူရှောင်းမိုက အားအင်ပြည့်ဖြိုးနေတာကြောင့်
သူ့ကိုလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ယမန်နေ့က
စကားပြောလက်စကိုအမှတ်ရလိုက်၍
ပြောလိုက်သည်။
"အဆင့်လေးကိုအခြေခိုင်ပြီဆိုတာနဲ့ ခင်ဗျားအတွက်
ပြန်လည်ဝင်စားခြင်းဆေးလုံးသန့်စင်ပေးမယ်"
ပြန်လည်ဝင်စားခြင်းဆေးလုံးပါဝင်ပစ္စည်းအတွက်
အသုတ်အနည်းငယ် စုဆောင်းထားပြီးပြီဖြစ်သည်။
ကျရှုံးခဲ့လျှင်ပင် နောက်ထပ်ဆေးပင်များရင့်လာဖို့
စောင့်နေစရာမလိုအပ်ပေ။
"ကောင်းပြီ" လင်းရှောင်က တွေဝေခြင်းမရှိ
ပြန်ဖြေသည်။
မက်မွန်ပွင့်အပျက်အစီးအရပ်၌ ဆေးလုံး
သန့်စင်ခြင်းက အနည်းငယ်ဖြုန်းတီးရာရောက်သည်။
ဒီနေရာက ရတနာရှာရမည့်ရွှေတွင်းကြီးမဟုတ်လား။
ဆေးလုံးသန့်စင်ဖို့မပြောနှင့် ကျင့်ကြံဖို့နှင့်
ရတနာရှာဖို့အတွက်တောင် အချိန်လောက်တာ
မဟုတ်ပေ။
ယူရှောင်းမိုတွင်လည်း လောနေရသည့်
အကြောင်းအရင်းရှိသည်။ လင်းရှောင်
ဒဏ်ရာများအမြန်သက်သာလာလေလေ
သူတို့အတွက်ပိုကောင်းလေလေပင်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုနေရာတွင်ရှိနေသည့်
ယူကျန်ထျန်းကို သူမမေ့ထားပေ။ အကယ်၍
လမ်းမှာမတော်တဆဆုံခဲ့လျှင် သူတို့အတွက်
ပြဿနာရှုပ်ပေလိမ့်မည်။
ထို့နောက် လင်းရှောင်က သူ့ကို သူ့နယ်မြေထဲ
ခေါ်သွားပေးသည်။
အထဲသို့ရောက်သည်နှင့် သူစုဆောင်းထားသည့်
ပစ္စည်းများကြောင့် ယူရှောင်းမိုခမျာ
လန့်တောင်သွားရ၏။
ပြီးခဲ့သည့်နှစ်ပတ်အတွင်း လင်းရှောင်က
အမတလိုဏ်ဂူများကို 'လှည်းကျင်း'နေခဲ့တာ
ဖြစ်သည်။ အချိန်မပုပ်စေရန် သူက ကြေး(ဂျီး)
မများနေဘဲ မြင်သမျှအကုန်သိမ်းကြုံးထည့်ထား
သည်မှာ တောင်ကုန်းလေးတစ်ခုစာပင်ရှိသည်။
သူ့နယ်မြေကလည်းကျယ်ပြီး ဆေးပင်များကို
ထိုးသိပ်ထားလို့မရဘူးဆိုတာ အမှတ်ရသေး၍သာ
တော်သေးသည်။
"ကျွန်တော် ဆေးပင်တွေခွဲလိုက်မယ်။ ခင်ဗျား
တခြားဟာတွေသွားစီချေ။ အကုန်ခွဲပြီးသွားရင်
ဘယ်ဟာယူမယ် ဘယ်ဟာမယူဘူးဆိုတာ
ကျွန်တော်ကြည့်မယ်"
ယူရှောင်းမိုက အလွန်တရာချောမွေ့စွာဖြင့်
လင်းရှောင်ကို အလုပ်တစ်ခုပေးလိုက်၏။
လင်းရှောင်မွှေနှောက်လာသည့် အမတလိုဏ်ဂူ
အနည်းငယ်ထဲမှအများစုမှာ
တောင်ဘေးဘက်မှဖြစ်ပြီး တစ်ခုတည်းကသာ
တောင်ထိပ်မှဖြစ်သည်။ ထိုတစ်ခုက အဆင့်မြင့်ပြီး
ဆေးပင်ခြောက်ဆယ်ရာခိုင်နှုန်းက လူသားအဆင့်လွန်
မှော်ဆေးပင်များဖြစ်၏။ ထို့အပြင်အခြားပစ္စည်း
အနည်းငယ်လည်းပါသေးရာ စုစုပေါင်းပမာဏဟာ
အတော်လေးများလေသည်။
ဆေးပင်အများစုမှာ နှစ်များစွာကြာပြီဖြစ်သည့်
အလျောက် သက်တမ်းရင့်နေကြပြီဖြစ်တာကြောင့်
ထိုအပင်များကို ယူရှောင်းမိုက သူ့နယ်မြေထဲ
ရွှေ့ဖို့စိတ်ကူးမထားပေ။ အလတ်ဆင့်ဆေးပင်
အနည်းအကျဉ်းပါသော်လည်း အများစုမှာ
အထက်ဆင့်အပင်များဖြစ်သည်။
အားလုံးကိုတူးထုတ်လို့ပြီးအောင် နေ့ဝက်ခန့်
အချိန်ယူလိုက်ရလေသည်။ ထိုအချိန်၌
လင်းရှောင်ဘက်က အလုပ်ပြီးနေပြီဖြစ်၏။
စားပွဲနှင့်ထိုင်ခုံအများစုက အတွဲလိုက်ဖြစ်သည်၊
သို့ပေမဲ့ ပိုင်ရှင်တိုင်းတွင် ကိုယ်ပိုင်အကြိုက်ရှိကြ၏။
အချို့က ထည်ထည်ဝါဝါပုံမျိုးကြိုက်ကြပြီး
အခြားသူများကတော့ ရိုးရှင်းသည့်ပုံမျိုးဖြစ်သည်။
ယူရှောင်းမိုက ခေတ္တမျှစဉ်းစားပြီးနောက်
စိတ်စွမ်းအင်ဖြင့်ပြုလုပ်ထားသောပရိဘောဂအား
ကျားဖြူနန်းတော်ထဲသို့ သွင်းထားရန်
ဆုံးဖြတ်လိုက်သည်။
နန်းတော်ထဲတွင် ပရိဘောဂအနည်းငယ်မျှသာ
ရှိသည်။ ပထမတစ်ခေါက် သူပတ်ကြည့်တုန်းက
ပရိဘောဂဟူ၍တစ်ခုသာရှိပြီး ကျန်နေရာ
အားလုံးက ပြောင်ရှင်းနေတာဖြစ်သည်။
အခြားပရိဘောဂအတွက်ကတော့ နယ်မြေထဲတွင်
ထားရန် တစ်စုံရွေးယူလိုက်ပြီးနောက်
ကျန်အားလုံးကိုလွှင့်ပစ်ရန် လင်းရှောင်ကို
ခိုင်းလိုက်သည်။ ထို့အပြင် ကျန်ပစ္စည်းများမှာ
မှော်ဆေးလုံးများ၊ စိတ်ဝိဉာဉ်ကျင့်စဉ်နှင့်
စွမ်းအားကျင့်စဉ်များ စသည့်ပစ္စည်းအမျိုးမျိုး
ဖြစ်သည်။
လင်းရှောင်က အခြားသူသန့်စင်ထားသည့်
ဆေးလုံးများမစားတတ်သဖြင့် သိမ်းလာသော
ဆေးလုံးများကို ယူရှောင်းမိုလည်း အာရုံမထား
နေတော့ပေ။ ထိုမှတစ်ပါး စိတ်ဝိဉာဉ်
ကျင့်စဉ်များကလည်း ထိုမျှထိအသုံးမဝင်ကြရာ
အဆင့်မြင့်ကျင့်စဉ်တချို့ရွေးယူထားလိုက်ပြီး
ကျန်ကျင့်စဉ်များအား ဘေးတွင်ဖယ်ထားလိုက်သည်။
"ခင်ဗျား တကယ်မလိုချင်ဘူးပေါ့?"
ယူရှောင်းမိုက လင်းရှောင်ကို အဆင့်မြင့်
မှော်ဆေးလုံးတစ်ပုလင်းမြှောက်ပြလိုက်သည်။
အလတ်ဆင့်ဆေးလုံး အနည်းငယ်မှလွဲလျှင်
ပုလင်းထဲရှိဆေးလုံးကိုးဆယ်ရာခိုင်နှုန်းက
အထက်ဆင့်ဆေးလုံးများဖြစ်သည်။ အကယ်၍
လင်းရှောင်က အထက်ဆင့်ဆေးလုံးကိုမှ
စားတာသာဖြစ်ပါက ဤဆေးလုံးများကို
စားလို့ရပေသည်၊ နောက်ပြီး သူ သူ့ကိုဆေးလုံး
မပေးဖြစ်တာ တော်တော်လေးတောင်ကြာနေပြီ
ဖြစ်သည်။
လင်းရှောင်က သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး
နူးညံ့စွာပြန်ဖြေသည်။
"ဟင့်အင်း"
ယူရှောင်းမိုမှာ ပါးစပ်တွန့်သွားသည်ကိုခံစားရ၏။
ကောင်းပြီလေ မစားနဲ့ပေါ့..
သက်တမ်းကြာနေပြီဖြစ်သဖြင့် ဆေးအာနိသင်
လျော့သွားလောက်ပြီဖြစ်ပေမဲ့ စွမ်းအင်ကျောက်တုံး
များစွာဖြင့် ရောင်းချလို့ရသေးပေသည်။
ကူမာမျိုးနွယ်စု မြို့မှာ မှော်ဆေးပင်များ
ဝယ်ပြီးကတည်းက သူ့မှော်အိတ်လေးက
အနည်းငယ်လျော့နေသလိုခံစားနေရသည်။
နယ်မြေထဲမှထွက်လာသည်နှင့် ယူရှောင်းမိုက
အဆင့်လေးကိုအခြေခိုင်အောင် စတင်လုပ်ဆောင်
တော့သည်။ သူအသင့်ဖြစ်ပြီဟုခံစားရချိန်၌
အချိန်တစ်လရှိပြီဖြစ်ပြီး ပြန်လည်ဝင်စားခြင်း
ဆေးလုံးဖော်စပ်ရန် ပါဝင်ပစ္စည်းများပြင်တော့သည်။
အဆင့်လေးဆေးလုံးဖြစ်သော်ငြားလည်း
အဆင့်တက်ကာစလူအတွက်မူ စမ်းသပ်မှုတစ်ခုကဲ့သို့
ဖြစ်ရာ ပါဝင်ပစ္စည်းသုံးစုံပြင်ဆင်ထားသည်။
ထိုနေ့တွင် လင်းရှောင်က သတင်းစုံစမ်းဖို့
အပြင်သွားသည်။ အင်အားစုကြီးများအားလုံးနှင့်
တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးနီးပါး
အနောက်ပြန်မလှည့်ဘဲ တောင်ထိပ်သို့သွားကြပြီ
ဖြစ်ကြောင်း သေချာအောင်လုပ်ပြီးမှ
ပြန်လာလေသည်။
ဒုတိယနေ့မနက်တွင် ယူရှောင်းမိုက ဆေးလုံး
သန့်စင်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။
ပြန်လည်ဝင်စားခြင်းဆေးလုံးက အဆင့်သုံး
ဆေးလုံးထက် ဆေးပင်များစွာပို၍လိုအပ်၏။
အားလုံးပေါင်း အပင်နှစ်ရာနှင့်အထက်ရှိလေရာ
အတော်ကြီးသည့်ပမာဏပင်ဖြစ်သည်။
ယူရှောင်းမိုမှာ ဖြစ်ကတတ်ဆန်းမလုပ်ရဲဘဲ
ကျွန်းလေးမှာ ဆေးလုံးသန့်စင်တုန်းကထက်
ပို၍သတိထားနေသည်။
သို့သော်ငြားလည်း မည်မျှပင်သတိထားပါစေ
ပစ္စည်းအားလုံးကိုပေါင်းစပ်လိုက်ချိန်၌
သေးငယ်သောအမှားလေးတစ်ခုကြောင့်
ဆေးပင်များကိုသန့်စင်ရန် သုံးထားရသည့်
သုံးရက်တာအချိန် အလကားဖြစ်သွားလေသည်။
ဆေးပေါင်းဖိုအောက်ခြေရှိ အရည်အား
ယူရှောင်းမို စိတ်ဓာတ်ကျစွာကြည့်လိုက်သည်။
ဆေးပင်ရာချီခန့်မှထုတ်ယူထားရသော်လည်း
ယခုတွင်တော့ အရည်မည်းမည်းအကွက်တစ်ခုထက်
မပိုတော့ချေ။ ဤဆေးပင်များမှာ ရောင်းချလျှင်
စွမ်းအင်ကျောက်တုံး သန်းတစ်ရာကျော်တန်သည်။
ယခုတော့ စွမ်းအင်ကျောက်တုံးသန်းတစ်ရာကျော်
သွားရှာလေပြီ။
လောလို့မရသည်ကိုသိ၍ ယူရှောင်းမိုမှာ
ဒုတိယတစ်ခေါက်မစခင် အတွေးများကို
ပြန်စုစည်းလိုက်သည်။ ဤတစ်ကြိမ်မှာ
တူညီသောအမှားကို ထပ်လုပ်တော့မည်မဟုတ်ပေ။
တိတ်ဆိတ်စွာဖြင့် သုံးရက်ကုန်လွန်သွားလေသည်။
သူ့ကိုအနှောင့်ယှက်မဖြစ်မိစေရန် လင်းရှောင်က
တစ်ချိန်လုံး အပြင်မှာနေသည်။ ခြောက်ရက်
ကြာပြီးနောက်မှာလည်း သူထွက်မလာသေးဘဲ
ဂူအထက်တွင်လည်း မိုးကြိုးတိမ်တိုက်များ
မရှိရာ ယူရှောင်းမို ထပ်ပြီးမအောင်မြင်ပြန်ဘူးဆိုတာ
သူသိသည်။
ရလဒ်များကိုတော့ သူနည်းနည်းမှမအံ့ဩမိပေ။
ဤဆေးလုံးနှင့်ပတ်သက်၍ သူ့ဇနီးလေးက
အလွန်အလေးထားကြောင်း သူသိတာမို့
သူ့စိတ်က ပုံမှန်ထက်အနည်းနှင့်အများတော့
ကွဲပြားနေသည်။ သတိပိုထားလေလေ
အမှားပိုလုပ်မိလေလေဖြစ်သည်။
နောက်တစ်ရက်ကုန်လွန်သွားပြန်ပြီး
နေ့ခင်းပင်ရောက်နေပြီဖြစ်သည်။
ထိုအခိုက်တွင် မြွေပါသားရဲက ယောက်ယက်ခတ်စွာ
ပြေးလာလေသည်။ သူစကားမပြောနိုင်ခင်
လင်းရှောင်က မျက်မှောင်ကြုပ်သွားကာ
ဂူအပြင်သို့ စိုက်ကြည့်လိုက်၏။
"လူလာနေတာလား"
မြွေပါသားရဲက လေးနက်သည့်အသံဖြင့်ပြောရန်
အချိန်ခဏယူလိုက်ပြီးမှ ဟောဟဲလိုက်နေရင်း
ပြန်ပြောလိုက်သည်။
"အကြီးအကဲ မကောင်းတော့ဘူး ဒီဘက်ကို
တစ်ခုခုလာနေတယ်"
ယူရှောင်းမို ဆေးလုံးသန့်စင်နေတာဖြစ်၍
လင်းရှောင်က အခြားသူများလာရောက်
နှောင့်ယှက်မှာမလိုလားသောကြောင့်
မြွေပါသားရဲကို စောင့်ကြပ်ခိုင်းထားတာဖြစ်သည်။
မြွေပါသားရဲက အဆင့်တစ်ဆယ်သာဖြစ်သော်လည်း
တောင်ပေါ်တွင် သားရဲပေါပြီး သူ့ထက်အားနည်းသည့်
ကြွက်သားရဲများပင်ရှိသည်။ သို့ဖြစ်ရာ သူက
ကြွက်သားရဲများအား အမတလိုဏ်ဂူဝန်းကျင်ကို
စောင့်ကြပ်ထားပြီး တစ်ယောက်ယောက်
အနားကပ်လာပါက သူ့ကိုသတင်းပို့ဖို့ခိုင်းထားသည်။
ဤသတင်းကို ကြွက်သားရဲတစ်ကောင်မှရတာ
ဖြစ်သည်။
"ဘယ်လောက်ကြာမှာလဲ"
လင်းရှောင်က တည်ငြိမ်စွာပြောလိုက်သည်။
"သူတို့နှုန်းနဲ့ဆို တစ်နာရီအပြင်ပိုမကြာလောက်ဘူး"
သို့သော် သူ့စကားဆုံးဆုံးချင်း ကောင်းကင်က
မည်းမှောင်လာလေသည်။ ကြည်လင်နေသော
ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များဖြင့်
ပြည့်နှက်လာသည်ကို လင်းရှောင်မော့ကြည့်လိုက်၏။
တိမ်တိုက်များက သူတို့ဂူမှ မီတာရာချီသည့်
အချင်းဝက်ဖြင့် လျှပ်စီးများ
တဖြတ်ဖြတ်လက်နေသည်ကိုပင် မြင်ရနိုင်သည်။
အံ့ဩစရာမရှိပေ၊ သန့်စင်ပြီးဆေးလုံးတစ်လုံးကြောင့်
မိုးကြိုးတိမ်တိုက်များရောက်ရှိလာသည်ကို
မက်မွန်ပွင့်အပျက်အစီးအရပ်ကပင် မတားဆီးနိုင်ပေ။
ယခု ပိုလို့တောင်မျက်စိထဲထင်းနေတော့သည်။
_____________________________
This part includes warning.
(Zawgyi)
ဖြည့်စွက်ပေးနေသည်။ ဒဏ္ဍာရီလာညလင်းပုလဲ၏
ခွဲခွာ၍မရဟန်ပေါ်သည်။
သူက လျက်လိုက်သည်။
ရောက်ရှိလာပြီး ၄နှင့်အတူလင်းရှောင်၏အသံ
"မိန်းမစကားအတိုင်းပါ"
ဒီလိုမဟုတ်ဘူးလေ.."
တအားခက်ခဲရတာလဲဟင်။
သိလိုက်သည်။
ပြောလိုက်သည်။
ပြန်ဖြေသည်။
မဟုတ်ပေ။
အကြောင်းအရင်းရှိသည်။ လင်းရှောင်
ခေါ်သွားပေးသည်။
လန့်တောင်သွားရ၏။
တော်သေးသည်။
တခြားဟာတွေသွားစီချေ။ အကုန်ခွဲပြီးသွားရင်
ကျွန်တော်ကြည့်မယ်"
တောင်ဘေးဘက်မြှဖစ်ပြီး တစ်ခုတည်းကသာ
အတော်လေးများလေသည်။
အချိန်ယူလိုက်ရလေသည်။ ထိုအချိန်၌
ဆုံးဖြတ်လိုက်သည်။
ဖြစ်သည်။
ဖြစ်သည်။
နူးညံ့စွာပြန်ဖြေသည်။
"ဟင့်အင်း"
ပြန်လာလေသည်။
ပို၍သတိထားနေသည်။
သွားရှာလေပြီ။
ပြန်စုစည်းလိုက်သည်။ ဤတစ်ကြိမ်မှာ
သူသိသည်။
ကွဲပြားနေသည်။ သတိပိုထားလေလေ
ထိုအခိုက်တွင် မြွပေါသားရဲက ယောက်ယက်ခတ်စွာ
ပြေးလာလေသည်။ သူစကားမပြောနိုင်ခင်
"လူလာနေတာလား"
မြွပေါသားရဲက လေးနက်သည့်အသံဖြင့်ပြောရန်
ပြန်ပြောလိုက်သည်။
တစ်ခုခုလာနေတယ်"
မြွပေါသားရဲကို စောင့်ကြပ်ခိုင်းထားတာဖြစ်သည်။
မြွပေါသားရဲက အဆင့်တစ်ဆယ်သာဖြစ်သော်လည်း
ဖြစ်သည်။
"ဘယ်လောက်ကြာမှာလဲ"
မည်းမှောင်လာလေသည်။ ကြည်လင်နေသော
_____________________________