[Unicode]
မိဘတွေ ပြန်ရှာတွေ့တဲ့အချိန်မှာ ရှောင်ယွီက ရေခဲမုန့်တောင် စားပြီးနှင့်နေပြီ။ ငယ်သေးပုံရတဲ့ လင်မယားနှစ်ယောက်က ကလေးကို စိတ်ပူနေလို့ ငိုတောင်ငိုနေကြတယ်။ ပြန်ရှာတွေ့တော့ ကျွန်တော်တို့ကို ကျေးဇူးတင်မဆုံး။
ကျွန်တော်တို့ နှုတ်ဆက်ကြတော့လည်း ရှောင်ယွီလေးက အခေါ်အဝေါ် မပြောင်းခဲ့ပါဘူး။
"တာ့တာ ကိုကို... တာ့တာ ဦးဦး"
ဒီ မိသားစု သုံးယောက်ကိုကြည့်ရင်း နှလုံးသားထဲ ပြောမပြနိုင်လောက်တဲ့ ခံစားချက်တွေ ပြည့်လာကာ မသိလိုက်ဘာသာနဲ့ပဲ ဝမ်းဗိုက်ကို ပွတ်သပ်နေမိတယ်။
တကယ်လို့သာ...
ထားလိုက်ပါတော့။
"ကလေးချစ်တတ်တာလား" ကျိုးချန်က မေးတယ်။
"အင်း" ကျွန်တော် အင်းလိုက်လိုက်တယ်။
သူက ထပ်မပြောတော့ဘူး။
ကျွန်တော်တို့ နှစ်ယောက်လုံး သိပါတယ်။ ကျွန်တော်က ဘယ်တော့မှ ကိုယ်ဝန်ထပ်မဆောင်နိုင်တော့ဘူးဆိုတာကို။
မြောက်မြားလှစွာသော 'ပထမဆုံး' နဲ့ 'နောက်ဆုံး'တွေက ကျွန်တော်နဲ့ ချီရှူးတို့ရဲ့ အကြား အချိန်တိုလေးအတွင်းမှာ ဖြစ်ပွားခဲ့တယ်။
ဒီ အတိတ်က အရာတွေကို 'သူ့ကို မချစ်တော့ဘူး' ဆိုတဲ့ ပေါ့ပေါ့ပါးပါးစကားလေးနဲ့ ခဝါချပစ်လိုက်လို့တော့ ဘယ်ရနိုင်မလဲ။
ညမှောင်နေပြီ။
ကစားကွင်းရဲ့ မီးပန်းပြပွဲကို စားသောက်ဆိုင်ရဲ့ ခေါင်မိုးထပ်မှာ ထိုင်ကြည့်နေခဲ့တယ်။
မရေမတွက်နိုင်တဲ့ ကြည်နူးဖွယ်ရာအရောင်အသွေးအလှအပတွေက လောကကြီးကို တန်ဆာဆင်နေကြတယ်။ နတ်သမီးပုံပြင်တွေရဲ့ ခမ်းနားထည်ဝါတဲ့ အိပ်မက်ကမ္ဘာက ညဉ့်ဦးယံကောင်းကင်ယံထက်မှာ ဆင်မြန်းလို့နေခဲ့တယ်။
ကျွန်တော်ဟာ အတိတ်တုန်းက လောကကြီးကို အမှောင်ချလို့ မျက်လုံးစုံမှိတ်ပြီး နေနေခဲ့ရလောက်အထိ တုံးအလွန်းခဲ့ပါတယ်။
အခုတော့ ကျွန်တော့မှာ သိပ်ကိုကောင်းမွန်တဲ့ နွေကို ပိုင်ဆိုင်နိုင်ဖူးခဲ့ပါပြီ။
ကျိုးချန်က ကျွန်တော်နဲ့အတူ အနုပညာပြပွဲကို အဖော်လိုက်ပေးတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ပြတိုက်၊ တေးဂီတဖျော်ဖြေပွဲ၊ ရုပ်ရှင်ရုံတွေကို အတူသွားကြသလို နေ့ခင်းမှာ ခြံဝင်းထဲ နေပူဆာလှုံကြပြီး ညနေစောင်းမှာတော့ တယောက်လက် တယောက်ကိုင်ရင်း ကမ်းခြေမှာ အေးအေးလူလူလမ်းလျှောက်ကြတယ်။
ဒီလိုမျိုး ခွင့်ရက်ရှည်ကြီး ပေးရလောက်အောင် ဘယ်ဆေးရုံမှာ အလုပ်လုပ်တဲ့ ဆရာဝန်လဲလို့ ကျွန်တော် သူ့ကို မေးကြည့်တယ်။ အထပ်မြင့်အပေါ်ဆုံးမှာ မီးရောင်မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ အဆောက်အဦကို သူက လက်ညိုးထိုးပြရင်း
"အက္ခရာ Z ကို တွေ့လား။ အဲဒီလိုဂိုနဲ့ အဆောက်အဦမှန်သမျှက ကိုယ် ပိုင်တာတွေပဲ"
မျိုးရိုးနာမည် 'ကျိုး'နဲ့ ရှေးကျပြီး ဩဇာညောင်းတဲ့ မိသားစုတွေက သိပ်မရှိသလို ချီမိသားစုကို လုံးလုံးလျစ်လျူရှုထားနိုင်တဲ့ တဦးတည်းသောသူအကြောင်းကို ကျွန်တော် အစကတည်းက သတိထားမိခဲ့သင့်ပါတယ်။
သူတို့ မိသားစုဟာ သိုသိုသိပ်သိပ်ရှိပြီး ပဟေဠိဆန်ကြတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက နိုင်ငံရေးအသိုင်းအဝိုင်းကနေ နုတ်ထွက်ဖို့အတွက် ဖုံးကွယ်ထားမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက်မှာ အဲဒီအကြောင်း ဘာအသံမှ ထပ်မကြားရတော့ပါဘူး။
ဘွဲ့နှင်းသဘင်ပါတီမှာ ဖျော်ဖြေဖို့အတွက် ရွှီရှင်ကျယ်နဲ့ ကျွန်တော် ဗီဒီယိုကောလ် ခေါ်ပြီး အားလပ်ချိန်တွေမှာ ရီဟာဇယ်လုပ်ကြတယ်။
နည်းပညာ တိုးတက်လာခြင်းနဲ့အတူ ပုံရိပ်ယောင် နည်းပညာကလည်း ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့်မို့ စတိတ်စင်အပေါ် ကျွန်တော်ကိုယ်တိုင် ရှိနေပေးစရာ မလိုဘဲ ရုပ်နဲ့ အသံကိုပဲ ပေးပို့ပေးလို့ ဖြစ်ပါတယ်။
ရီဟာဇယ်လုပ်ပြီးတော့ ကျိုးချန်က ကျွန်တော့အခန်းကို တံခါးလာခေါက်ကာ သူ့လက်ထဲက စာအိတ်ကို မြှောက်ပြတယ်။
"မင်းဆီ စာရောက်လာတယ်"
သူက ဒီ စာထဲက အကြောင်းအရာကို သိနေပြီးသလို ပြုံးစိစိဖြစ်နေတယ်။
ဒီ စာဟာ 'Misty Breeze ဂီတမြတ်နိုးသူများ၏ သံစုံတီးဝိုင်း' အဖွဲ့ရဲ့ ဖိတ်ကြားလွှာဖြစ်လိမ့်မယ်လို့ ကျွန်တော် တခါမှ မမျှော်လင့်ခဲ့ဖူးပါဘူး။
ကမ္ဘာကျော် တယောမှူးကြီး (သံစုံတီးဝိုင်း၏အခရာ) ဟာမန်အီဗင်က ကျွန်တော် ဘွဲ့ယူပြီးရင် သံစုံတီးဝိုင်းအဖွဲ့နဲ့ လာရောက်ပူးပေါင်းဖို့အတွက် သူကိုယ်တိုင် ကျွန်တော့ဆီ ရေးပို့ပေးလိုက်တာပဲ ဖြစ်တယ်။
ကျွန်တော် ဒါ... အိပ်မက်မက်နေတာမလားဟင်...။
ရွှေရောင်စာရွက်အပိုင်းအစလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆယ်ကြိမ်ထက်မက ဖတ်နေမိတယ်။ ကျိုးချန်ကတော့ ပြုံးရယ်ရင်း...
"မမျှော်လင့်ထားခဲ့ဘူးမလား"
ကျွန်တော့ သူ့ကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ကာ
"ဒါက 'Misty Breeze ဂီတမြတ်နိုးသူများ၏ သံစုံတီးဝိုင်း' လေ"
ဒါက ကမ္ဘာပေါ်က အကောင်းဆုံးသော သံစုံဂီတဝိုင်း၊ ဂီတပညာရှင်တိုင်းရဲ့ သန့်စင်မွန်မြတ်တဲ့ နယ်မြေ။
မေးခွန်းတခုက ကျွန်တော့ခေါင်းထဲ ရုတ်တရတ်ပေါ်လာတယ်။
"မစ္စတာအီဗန်က ဘယ်လိုလုပ်ပြီး သိ..."
ကျိုးချန်ရဲ့ သိုဝှက်တဲ့ မျက်နှာအမူအရာကို တွေ့လိုက်တာနဲ့ အရာရာကို သဘောပေါက်လိုက်ပါပြီ။
"အကိုလား..."
သူက လက်ဖြန့်လိုက်ကာ
"ကိုယ်က မင်းရဲ့ အရည်အချင်းအတွေ့အကြုံအကြောင်းအရာနဲ့ ဖျော်ဖြေမှုဗီဒီယိုကိုပဲ ပို့ပေးလိုက်တာ။ ကျန်တာတွေက ကိုယ်နဲ့မဆိုင်တော့ဘူး"
ကျွန်တော်က အယုံအကြည်မရှိစွာဖြင့်
"ဟုတ်လို့လား"
"ကိုယ် ကျိန်ရဲတယ်"
သူက ရယ်ကျဲကျဲလုပ်နေရာကနေ ပြန်တည်သွားပြီး အလေးအနက်ပုံစံနဲ့ ပြောလေတယ်။
"ကိုယ် ဒီ ကိစ္စမှာ ဝင်မစွက်ဖက်ခဲ့ဘူး။ မင်း လုပ်နိုင်တာကို ကိုယ် သိတယ်"
သူက တက်ကြွစွာနဲ့ ကျွန်တော့ကို ဆွဲဖက်လိုက်ရင်း
"မင်းက ဒီ ကမ္ဘာပေါ်က အကောင်းဆုံးသော နှင်းဆီလေးပဲ"
လည်ချောင်းထဲ တစ်ဆို့ကြီးဖြစ်နေသလို ခံစားလိုက်ရပြီး မျက်ရည်တွေက ကျလုမတတ်။
ပထမဆုံးအကြိမ်အနေနဲ့ ဝမ်းနည်းပေမဲ့ မငိုချင်မိတဲ့အချိန်ပါပဲ။
ကျိုးချန်နဲ့သာဆိုရင် (သူက ကျွန်တော့ကို) 'လိုအပ်တယ်' ဆိုတဲ့ စိတ်ကျေနပ်မှု ရပြီး၊ ကျွန်တော့ဘဝမှာ တခါမှ မကြုံဖူးတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
"မင်း ကျန်းမာရေး ကောင်းပြီဆိုတာနဲ့ ကိုယ်တို့ မစ္စတာအီဗန်ကို သွားတွေ့လို့ ရပြီ"
သူက ကျွန်တော့ နှာခေါင်းထိပ်ကို ဆွဲညှစ်လိုက်ရင်း...
"အရိုးသားဆုံးပြောရရင် ကိုယ် တကိုယ်ကောင်းဆန်ချင်ပြီး မင်းကို သော့ခတ်သိမ်းထားချင်မိတယ်။ ဒါပေမဲ့ ကိုယ် အဲ့လို မလုပ်ရက်ဘူး"
ကျွန်တော် ဂီတသမားဖြစ်ရတဲ့အပေါ်မှာ ကျိုးချန်ရဲ့ စိတ်တွေက ရှုပ်ထွေးနေတဲ့ ပုံပါပဲ။
ဂီတထဲ စိတ်ဝိဉာဉ်မြှုပ်နှံထားတတ်ကြတဲ့ ဂီတပညာရှင်တွေဟာ သူတို့တွေရဲ့ အသက်ကပါ ဂီတနဲ့အတူ လောင်ကျွမ်းသွားတတ်ကြလို့ အသက်မရှည်တတ်ကြောင်းကို သူ တခါ ပြောဖူးတယ်။ သူက ကျွန်တော့ကို ကျွန်တော် အဖိုးကြီးဖြစ်တဲ့အထိ အသက်ရှည်စေချင်တယ် တဲ့လေ။
အသက်အရှည်ကြီး နေသွားရမှာထက်စာရင် ကျွန်တော် ချစ်မြတ်နိုးတဲ့အရာကို လုပ်နေရင်းနဲ့ပဲ သေသွားချင်တယ်လို့ ကျွန်တော် သူ့ကို ပြောချင်ခဲ့ပါတယ်။
ကျွန်တော်သာ အဲ့လိုပြောလိုက်မယ်ဆိုရင် သူ မျက်မှောင်ကြီးကြုံ့တော့မယ်ဆိုတာ ကျွန်တော် သိနေတယ်လေ။ သူ့မျက်လုံးတွေက အရမ်းလှတာ။ ကျွန်တော် သူ့ကို မျက်မှောင်ကြီး ကြုံ့မထားစေချင်ဘူး။
ဒါကြောင့် ဒီလိုပဲ ပြောလိုက်တယ်။ အတတ်နိုင်ဆုံး ကျန်းကျန်းမာမာဖြစ်အောင် နေသွားမယ် လို့။
ညနေဘက် ဘွဲ့နှင်းသဘင်ပါတီအတွက် ကျွန်တော် နောက်ကွဲ ကုတ်အင်္ကျီအရှည် ဝတ်လိုက်တယ်။
တူရိယာခန်းထဲမှာ ပရိုဂရမ်အတွက် သုံးဖက်မြင်ပုံရိပ်နဲ့ အသံပိုင်းဆိုင်ရာကို တပ်ဆင်ကာ အစီအစဉ်မှူးရဲ့ ကြေညာချက်ကို စောင့်ဆိုင်းနေလိုက်တယ်။
ကျိုးချန်ကတော့ တံခါးဘောင်ကို မှီကာ လက်ပိုက်ထားလျက် ကျွန်တော့အခြေအနေကို ဆန်းစစ်နေတယ်။
"အနီရောင်က မင်းနဲ့ လိုက်တယ်" သူက ကျေနပ်စွာ ပြောတယ်။
ဒီနေ့အတွက် ရင်ထိုးကို သူရွေးပေးထားတာ ဖြစ်တယ်။ အနီရောင်စိန်နဲ့ နှင်းဆီပန်းသဏ္ဍာန်ဖော်ထားတဲ့ ရင်ထိုးဖြစ်ပြီး မင်းသားလေး (The Little Prince) ထဲက နှင်းဆီနီလေးကိုတောင် အမှတ်ရစေတယ်။
နံရံပေါ်က တီဗွီမှာတော့ ပါတီက တိုက်ရိုက်ထုတ်လွှင့်မှုကို ပြနေတယ်။ အတန်ကြာစောင့်ဆိုင်းပြီးတဲ့အခါမှာ ရွှီရှင်ကျယ်က စင်ပေါ်တက်လာတာနဲ့ တပြိုင်နက် ကျွန်တော့ရဲ့ ပုံရိပ်ယောင်ကပါ ပေါ်လာတယ်။
ဒါက နည်းနည်းတော့ ထူးဆန်းတယ်။ ကျွန်တော် အသက်ဝဝရှူလိုက်ပြီး ဘိုးတံကို ကိုင်လိုက်တယ်။
ရွှီရှင်ကျယ်က 'A Thousand Years' သီချင်းကို ရွေးထားတယ်။ သူက သီချင်းဆိုမှာ ဖြစ်ပြီး ကျွန်တော်က တယောတီးရမှာပဲ ဖြစ်တယ်။
ပထမဆုံး မြူးဇစ်နုတ်မှာတင် ကျွန်တော့လက်က ကျွန်တော်ပိုင်တဲ့လက် မဟုတ်တော့၊ *အော်ဖီးယက်စ်က ဒီ ကမ္ဘာပေါ် ချန်ထားခဲ့တဲ့ တမန်တော်လို...။
တီးလုံးသံ စီးမျောနေတဲ့အချိန်မှာ ကျိုးချန်ရဲ့ နက်ရှိုင်းလှတဲ့ အကြည့်တွေနဲ့ သွားဆုံမိတယ်။
How to brave?
(ဘယ်လို ရဲရင့်ရမလဲ)
How can I love when I'm afraid to fall?
(ချစ်ရမှာ ကြောက်နေတဲ့အချိန်မှာ ဘယ်လိုချစ်ကျွမ်းဝင်နိုင်ပါ့မလဲ)
ရုတ်တရတ်ကြီး ကျွန်တော့နှလုံးသားဟာ တခုခုနဲ့ ဝင်တိုက်မိသလို။ ဘန်းခနဲ အသံမြည်သွားပြီး အရာရာဟာ ကစဉ့်ကလျား။
ကျွန်တော် အလျင်အမြန်ပဲ အကြည့်တွေကို ပြန်သိမ်းလိုက်ပြီး သီချင်းထဲကိုပဲ အာရုံပြန်နှစ်လိုက်ရတယ်။ ဒါပေမဲ့လည်း ကျိုးချန်ရဲ့ တောက်လောင်နေတဲ့ အကြည့်တွေကို ခံစားမိနေတုန်းပဲ။
I've loved you for a thousand years.
(နှစ်ပေါင်းအသင်္ချေကြာအောင် ချစ်ကျွမ်းဝင်ခဲ့တယ်)
I'll love you for a thousand more.
(နှစ်ပေါင်းထောင်ချီ ပိုပြီး ချစ်သွားမယ်)
"စစ်မှန်သောသူနဲ့ တွေ့ဆုံပြီး ထာဝရလက်တွဲသွားနိုင်ပါစေ။ ဘွဲ့ရမောင်မယ်တို့ ကွန်ဂရက်ကျူလေးရှင်းပါ" ရွှီရှင်ကျယ်ကပြောတယ်။
ကျွန်တော်လည်း ဘိုးတံကို ချလိုက်ပြီး အနောက်ကနေ သံယောင်လိုက်ပြောလိုက်တယ်။
"ကွန်ဂရက်ကျူလေးရှင်း"
ကင်မရာက ပရိသတ်ကြားထဲ ဖြေးညင်းစွာ ရွေ့သွားပြီး အလယ်တန်း ပရိသတ်ထိုင်ခုံရဲ့ ပထမဆုံးခုံတန်းနားမှာ ရပ်သွားတယ်။ ရုတ်တရတ် ကျွန်တော် မြင်လိုက်ရတာက ကျောင်းအုပ်ဘေးမှာ ထိုင်နေတဲ့ ချီရှူးကိုပါပဲ။
ချီရှူးက ဘွဲ့နှင်းသဘင်ပါတီကို လာတယ်တဲ့လား။
မဟုတ်သေးဘူး။ အဓိကအချက်ကမှလေ... သူ့ရဲ့ညာဘက်ကလူ... ဖြစ်နိုင်တာက... ဝမ်းယန်...။
ဝမ်းယန် ပြန်လာပြီ။
စခရင်မ်ပေါ်မှာ သူ့ရဲ့ ပုံစံကို တွေ့ရတာ တော်တော်ပြောင်းလဲသွားတယ်လို့ ထင်ရတယ်။ သူ့ရဲ့ နဂိုမူရင်းပုံစံက နူးညံ့ပြီး ကြွပ်ဆတ်ဆတ်နိုင်တယ်လို့ ထင်ရပေမဲ့ အခုတော့ ပို ရင့်ကျက်လာပြီး ပို နူးညံ့သွားသလို။
ဒါဆို ချီရှူးက ဝမ်းကျစ်ချင်ကို လက်မထပ်ခဲ့တာက ဝမ်းယန်ကြောင့်မို့လို့ပေါ့။
အဲ့လိုလည်း မဟုတ်သေးဘူး။ ဒါဆို သူတို့က ဘယ်လိုလုပ်ပြီး နှစ်ယောက်အတူ ပထမဆုံးတက်တဲ့ ပွဲမှာတင် သီးခြားထိုင်နေကြမလဲ။ ဝမ်းယန်က အိမ်ထောင်မပြုချင်ဘူးဆိုတဲ့ သတင်းက မှန်နေတာများလား။
ကျိုးချန်က ကျွန်တော့ဆီကို လျှောက်မလာခင် အချိန်အထိ တခဏလေးအတွင်းမှာတင် ကျွန်တော့စိတ်ထဲ အတွေးပေါင်းများစွာ ဝင်နှောင့်ယှက်ပြီးသွားပြီ။
"ကွန်ဂရက်ကျူလေးရှင်းပါ" သူက ကျွန်တော့နဖူးကို နမ်းလိုက်တယ်။
နွေးထွေးတဲ့ နှုတ်ခမ်းအစုံက ကျွန်တော့နဖူးပေါ်ကို သက်ဆင်းသွားတယ်။ ငှက်မွှေးနဲ့ နှင်းလို နူးညံ့ကာ။
ဒီ အထိအတွေ့လေးက သူကျွန်တော့ကို ကယ်ခဲ့တဲ့နေ့က အချိန်ကို ပြန်ပြောင်းအောက်မေ့မိစေတယ်။
သူက ကျွန်တော့ကို အင်မတန် ချစ်မြတ်နိုးသလိုမျိုး ဂရုတစိုက်နဲ့ ယုယုယယပွေ့ဖက်ထားတယ်။ ဆေးရုံသွားတဲ့ လမ်းတလျှောက်မှာ ကျွန်တော့နဖူးကို တဖွဖွ နမ်းကာ တိုးတိုးလေး ပြောလာတယ်။
"မသေပါနဲ့..."
"တောင့်ခံထားပါဦး..."
"ကိုယ်တို့ ရောက်တော့မယ်နော်..."
မှတ်ဉာဏ်တွေက အစီအရီ ပြန်ပေါ်လာတယ်။ အမှောင်ထုရဲ့အဆုံး အဖြူရောင်အလင်းတန်းပေါ်က ပုံရိပ်မည်းက တဖြည်းဖြည်းပီပြင်လာပြီး အဲဒီနေရာမှာ ကျိုးချန်မျက်နှာ ပေါ်လာတယ်။
သူ ဒီလောက် နာကျင်မှုကြားထဲမှာ မချိတင်ကဲဖြစ်နေရတာမျိုး ကျွန်တော် တခါမှ မမြင်ဖူးဘူး။ သူက သူ့ကိုယ်သူ နောင်တတွေနဲ့ ပြန်စွပ်စွဲရင်း ပြောနေတယ်။
"ကိုယ့်အမှားပါ... အကုန် ကိုယ့်အမှားတွေပါကွာ..."
ဒါက ဘယ်လိုလုပ် သူ့အမှားဖြစ်နိုင်မှာလဲ။
ကျွန်တော် ကျိုးချန်ကို ဖက်လိုက်ကာ သူ့ရင်ခွင်ထဲ မျက်နှာမြှုပ်လိုက်ပြီး ဗလုံးဗထွေးပြောလိုက်တယ်။
"ကျွန်တော် အခု ပြန်မှတ်မိသွားပြီ"
ကျွန်တော် ဘာကို မှတ်မိသွားကြောင်း သူ မမေးခဲ့ပါဘူး။ အဲဒီအစား ပြောလာတယ်။
"အကုန်ပြီးသွားပါပြီ"
ပြီးသွားပြီတဲ့လား။
ချီရှူးက သူ ဘယ်နေရာသွားမလဲကိုပဲ စောင့်ကြည့်မယ်လို့ ရွှီရှင်ကျယ်က ထင်ထားတာ။ ဖုန်းအဝင်အထွက်တွေအထိပါ လိုက်ပြီး စုံစမ်းမယ်လို့တော့ မထင်ထားခဲ့ပါဘူး။
ကျိုးချန် အိမ်ကနေ ထွက်တဲ့အချိန်မှာ ကျွန်တော့ဆီ ဖုန်းဝင်လာတယ်။
ကျိုးချန်က ကျွန်တော့အတွက် အချိန်အများကြီး ဖြုန်းပေးခဲ့လို့ သူ့အလုပ်တွေက တောင်ပုံရာပုံ တပုံတခေါင်းကြီး ဖြစ်ကျန်နေခဲ့တယ်။ ထပ်ပြီး ပစ်ထားလို့ မရတော့ဘူး။
ဖုန်းထဲက အသံက ရေးတေးတေးဖြစ်လို့နေပြီး ပြန်ဖြေဖို့အတွက် အချိန်အတော် ယူလိုက်ရတယ်။
"ရှောင်ယွီ" သူက ပထမ တုံဆိုင်းတုံ့ဆိုင်း ဖြစ်ပြီးမှ ပြောလာတယ်။
"အဖေပါ"
အဖေတဲ့လား။
ရယ်စရာပဲ။
"လူကြီးမင်းစုန့်" ကျွန်တော့သဘောထားကို ပြဖို့အတွက် အအေးစက်ဆုံးသော အသံနဲ့ ပြန်တုံ့ပြန်လိုက်တယ်။
"ဘာကိစ္စရှိလို့ပါလဲ"
စုန့်ကျစ်ချန်းက စက္ကန့်အနည်းလောက် တိတ်ဆိတ်သွားတယ်။ ကြည့်ရတာ သားအဖကြားထဲက ချစ်ခြင်းမေတ္တာလေးကို ဆက်ပြီးတော့တောင် သရုပ်မဆောင်နိုင်တော့ဘူးထင်ရဲ့။
"နည်းနည်းလောက် အရေးကြီးနေလို့။ အဖေ့ကို အပြင်မှာ ထွက်တွေ့ပေးလို့ အဆင်ပြေမလား"
ကျွန်တော်က 'အဆင်မပြေဘူး'လို့ ပြောတော့မယ့်ဆဲဆဲက သူက ထပ်ပြောလာတယ်။
"မင်းအမေအတွက်ပါ"
ကောင်းပြီ... ဒါက အကျပ်ကိုင်တာပဲ။
ရှောင်းဖေးက ပြာမှုန့်ဖြစ်သွားတာ အချိန်အတော်ကြာခဲ့ပြီ။ ကျွန်တော် အရိုးပြာကို ယူသွားမယ်လို့ ပြောခဲ့ပေမဲ့ စုန့်ကျစ်ချန်းက သဘောမတူခဲ့ဘူး။ အခုတော့ ဒါနဲ့လာပြီး မျှားပြီပေါ့။
ပြောထားတဲ့ ကော်ဖီဆိုင်ကို ရောက်တော့ စုန့်ကျစ်ချန်းက အရင်စောင့်နေခဲ့တယ်။ ကျွန်တော် သူ့ကို မတွေ့ရတာ နှစ်အတော်ကြာခဲ့ပြီ။ မျက်လုံးထောင့်က အရေးကြောင်းလေးတွေက လွဲလို့ သူက ဘာမှ ပြောင်းလဲသွားတာတောင် သိပ်မရှိ။ သူက လူ့အထက်တန်းလွှာရဲ့ အောင်မြင်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်နေဆဲပါပဲ။
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ပြောပနိုင်လောက်တဲ့ ချစ်ခင်တွယ်တာမှုမျိုး မရှိပါဘူး။ ဒါကြောင့်မို့ နှုတ်ဆက်တာဘာညာတွေလည်း မလိုအပ်ခဲ့ဘူး။
ကျွန်တော် ချီရှူးဆီ ပြန်သွားနိုင်အောင်လို့ သူက လမ်းလာဖွင့်ပေးတာ ဖြစ်တယ်။
"ချီမိသားစုကို မရင်ဆိုင်နိုင်ဘူး။ အဖေတောင်းပန်ပါတယ်" စုန့်ကျစ်ချင်းက ပြောတယ်။
"ဒီလအတွင်းမှာပဲ ကုမ္ပဏီအခြေအနေက တော်တော်မကောင်းဘူး။ ငွေလည်ပတ်မှုလည်း ပြတ်တောက်သွားပြီ။ ထပ်ပြီး ရှုံးနေဦးမယ်ဆိုရင် အနှေးနဲ့အမြန် ဒေဝါလီခံရတော့မှာ။ ဒီ ကုမ္ပဏီက ငါ မင်းအမေနဲ့ အတူ တည်ထောင်ခဲ့တာ။ ဒါကြီး ပျက်စီးသွားမှာကို မင်း ဒီအတိုင်း ကြည့်ရက်လား"
"ခင်ဗျားတို့ အတူတည်ထောင်တော့ရော ဘာဖြစ်သေးလဲ"
ကော်ဖီခွက်ကို ကိုင်ထားရင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ရတယ်။
"သူက ခင်ဗျားနဲ့အတူ စီးပွားရေးလေး စနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ။ အဲ့တော့ ခင်ဗျားက ဘယ်လိုပေးဆပ်ခဲ့လဲ သူ့ကို။ ခင်ဗျားက သူ့ရှယ်ယာတွေကို ခိုးတယ်။ သူ့ကို ခင်ဗျားရဲ့ ကိုယ်ဝန်ကို လွယ်ခိုင်းပြီးတော့မှ ခင်ဗျားက စွန့်ပစ်ခဲ့တယ်။ ပြီးတော့ သူ ကလေးမွေးတဲ့ရက်မှာပဲ ခင်ဗျားက မင်္ဂလာတောင်ကောက်ဆောင်လိုက်သေးတယ်။ ကျွန်တော် သည်းမခံနိုင်ဘူးလို့ ဘာလို့များထင်နေလဲ။ ကျွန်တော်က ခင်ဗျားကိုရော၊ ခင်ဗျားပိုင်ဆိုင်သမျှတွေကိုရော ဒီ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားစေချင်တာ"
"ရှောင်းယွီ" သူက ဒေါသထွက်လာပြီး...
"ငါက မင်းအဖေကွ။ မင်း ငါ့ကို ဘာလို့ ဒီပြောရတာလဲ"
အဖေ တဲ့...။ ရယ်ရသားပဲ။
ကျွန်တော် အသက်၆နှစ်မပြည့်ခင်မှာ ကလေးထိန်းနဲ့ နေခဲ့ရတယ်။ ကျွန်တော့မိဘတွေက ဘယ်သူတွေလဲဆိုတာကိုတောင် ကျွန်တော် မသိခဲ့ဘူး။ ကလေးတွေအကုန်လုံးက ကျွန်တော့လိုပဲ ညအိပ်မီးလေးနဲ့ တယောက်တည်းအိပ်တယ်လို့ပဲ ထင်ခဲ့တာ။
ကျွန်တော် ၆နှစ်ပြည့်ပြီးတော့ သူ(စုန့်ကျစ်ချန်း) က ကျွန်တော့ကို စုန့်မိသားစုဆီ ခေါ်သွားခဲ့တယ်။ သူက ကျွန်တော့ရဲ့ ဘာမှ မသိမတတ်တဲ့ ပုံစံကို သဘောမကျဘူး။ ဒါကြောင့် ကိုယ်ပိုင်နည်းပြ ငှားပြီး ကျွန်တော့ကို ပီယာနိုတီး သင်ခိုင်းခဲ့တယ်။ အဲဒီ ပီယာနိုဆရာက အရမ်း စည်းကမ်းတင်းကျပ်တယ်။ ကျွန်တော် ဂီတနုတ် တခါမှားရေးတိုင်း တခါ အရိုက်ခံရတယ်။ ပြီးတော့ ငိုလို့လည်း မရဘူး။
တရားမဝင်သားတယောက်အနေနဲ့ ကျွန်တော်ဟာ စုန့်မိသားစုရဲ့ လျစ်လျူရှုခြင်းကို အမြဲပဲ ခံခဲ့ရတယ်။ စုန့်ကျစ်ချန်းဟာ ကျွန်တော့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းကို တခါမှ မဖော်ပြခဲ့ဖူးဘူး။
သူ့သွေးပါတဲ့အတွက်ကြောင့်သာ သူက ကျွန်တော့ကို အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်။
ကျွန်တော့ အသက် ၁၂နှစ်မှာ ရှောင်းဖေးရဲ့ ရှေ့နေက ကျွန်တော့ကို ရှာတွေ့ခဲ့ပြီး သေတမ်းစာနဲ့ အမွေတွေကို လက်လွှဲပေးခဲ့တယ်။
ဆယ်စုနှစ်တစုစာ ကြာပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော် စုန့်မိသားစုကနေ ထွက်ခွာသွားနိုင်ခဲ့တယ်။ အဲ့အချိန်ကတည်းကနေ စုန့်ကျစ်ချင်းနဲ့ ပြန်မတွေ့တော့တာ အခုထိပါပဲ။
ပြီးနောက်မှာတော့ ရှောင်းဖေး ချန်ထားခဲ့တဲ့ အမွေပစ္စည်းတွေထဲမှာ ကျွန်တော် တယောတလက်နဲ့ စာတစောင်ကို တွေ့ခဲ့တယ်။ စာထဲ ရေးထားတာက အဲဒီတယောဟာ သူ အနှစ်သက်ဆုံး ပစ္စည်းဖြစ်တာမို့ သေသေချာချာဂရုစိုက်ပေးဖို့ မှာထားတယ်။
ရှောင်းဖေးက ကျွန်တော့အတွက် စာတွေအများကြီး ရေးပေးထားခဲ့တာ သေတ္တာတလုံးနဲ့ အပြည့်ပဲ။ သူက သူ့ရဲ့ နောက်ဆုံးအချိန်ကို သိနေတာမို့လို့ သူပြောချင်သမျှကို ကြိုရေးခဲ့တယ်လို့ပဲ ကျွန်တော် ထင်တယ်။
သူက စုန့်ကျစ်ချန်းကို မမုန်းတာမို့ ကျွန်တော်လည်းပဲ စုန့်ကျစ်ချန်းကို မမုန်းပါနဲ့လို့ ပြောခဲ့တယ်။
ကျွန်တော် သူ့စကားကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် မိဘမဲ့လို့ပဲ မှတ်ယူထားခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ကျွန်တော် မုန်းချင်နေပြီ။
"ငါ မင်းကို ဆယ်နှစ်လောက် ပြုစုပျိုးထောင်ပေးခဲ့ရတာ။ မင်းဆီကနေ ဘာမှ ပြန်မတောင်းခဲ့ဘူး။ ဒီတခါတော့ မင်း ငါ့ကို ကူညီပေးပါကွာ" စုန့်ကျစ်ချန်းက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တယ်။
ကျွန်တော်က သူ့ရဲ့ ပရိယာယ်လှည့်ကွက်ကို လျစ်လျူရှုလိုက်ရင်း မေးလိုက်တယ်။
"ချီရှူးက ဘယ်လိုကတိပေးထားခဲ့လို့လဲ"
သူက တခဏလောက် တုံ့ဆိုင်းသွားပြီး ပြောတယ်။
"မင်း သူ့ဆီပြန်လာရင် သူက ငါ့ကုမ္ပဏီကို လွှတ်ပေးပြီး ဘယ်တော့မှ ထပ် မနှောင့်ယှက်တော့ဘူးလို့ ပြောတယ်။ ပြီးတော့ လျော်ကြေးလည်း ပေးမယ် တဲ့"
ကျွန်တော်က ဒါနဲ့ ဘယ်လိုများ ထိုက်တန်နေမှာလဲ။ ချီရှူးက သူ့ကိုယ်သူ နှိမ့်ချပြီး သူများနဲ့ ဆွေးနှိုင်းညှိနှိုင်းရတဲ့အထိကိုလေ...။
"အဲ့ဒီတော့... ခင်ဗျားက ကျွန်တော့ကို ရောင်းစားလိုက်တယ်ပေါ့"
ရယ်ပဲ ရယ်နေလိုက်ချင်တော့တယ်။ ပါးစပ်ပိတ်ထားဖို့ ဘယ်လောက်ကြိုးစားကြိုးစား မတတ်နိုင်။
လူက မတည်မငြိမ်ဖြစ်နေတော့ ကော်ဖီခွက်ကို မ, ယူလိုက်တာ မှောက်သွားပြီး လက်ကို ကော်ဖီတွေ စင်သွားရတယ်။
"ငါ မင်းကို ရောင်းစားတာ မဟုတ်ပါဘူး" စုန့်ကျစ်ချန်းရဲ့ မျက်နှာက ကြည့်ရဆိုးသွားပြီး...
"ငါ့ကို အချိန်ပဲ ပေးပါ။ ကုမ္ပဏီအခြေအနေ ပြန်ကောင်းတာနဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပြီး မိသားစုနဲ့အတူ ဒီနိုင်ငံကနေ ထွက်သွားပါ့မယ်"
"ဘယ်လောက်ကြာမှာလဲ"
နှလုံးက စူးခနဲ အောင့်လာတာမို့ စကားကို မနည်း ဖျစ်ညှစ်ပြောလိုက်ရတယ်။
"နှစ်ဝက်ပဲ။ ငါ ထွက်မသွားခင်မှာ ရှောင်းဖေးရဲ့ အရိုးပြာကို မင်းကို ပေးခဲ့မယ်"
xxx
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဒီနေ့အတွက် နားဆင်စရာ - 《I Left Myself》
[ရုတ်တရတ် ရောက်ချလာတဲ့ မုန်တိုင်းထဲမှာတော့ မင်းကို ချစ်ပြီး မိုးတိတ်သွားတဲ့အခါမှာတော့ ငါ့ကိုယ်ငါ ချစ်ပါတယ်...]
...
Translator's notes
*အော်ဖီးယက်စ် (Orpheus) - ဂရိဒဏ္ဍာရီအရ၊ အော်ဖီးယက်စ်သည် အလွန်ထူးချွန်သော ဂီတသမားဖြစ်သည်။ သူ၏ဇနီးသည်ဖြစ်သူ ယူရီဒိုက်စ်(Eurydice) သေဆုံးသောအခါ ဟေးဒိစ်(Hades) ထံသို့ သွားရောက်ကာ သူ(မ)ကို ပြန်လည်ခေါ်ဆောင်ရန်အတွက် အကူအညီတောင်းခံခဲ့သည်။ သို့သော်လည်း အနောက်ပြန်လှည့်ကြည့်မိသဖြင့် ကျရှုံးခဲ့သည်။
-ရှောင်းဖေးက ရှောင်းယွီကို မွေးပေးခဲ့တဲ့ ဘီတာအဖေပါ. သူက အမေလို့ပဲ သုံးနှုန်းထားတာမို့ အိုင်လဲ အဲ့လိုပဲ ရေးလိုက်ပါတယ်။
[Zawgyi]
မိဘေတြ ျပန္ရွာေတြ႕တဲ့အခ်ိန္မွာ ေရွာင္ယြီက ေရခဲမုန႔္ေတာင္ စားၿပီးႏွင့္ေနၿပီ။ ငယ္ေသးပုံရတဲ့ လင္မယားႏွစ္ေယာက္က ကေလးကို စိတ္ပူေနလို႔ ငိုေတာင္ငိုေနၾကတယ္။ ျပန္ရွာေတြ႕ေတာ့ ကြၽန္ေတာ္တို႔ကို ေက်းဇူးတင္မဆုံး။
ကြၽန္ေတာ္တို႔ ႏႈတ္ဆက္ၾကေတာ့လည္း ေရွာင္ယြီေလးက အေခၚအေဝၚ မေျပာင္းခဲ့ပါဘူး။
"တာ့တာ ကိုကို... တာ့တာ ဦးဦး"
ဒီ မိသားစု သုံးေယာက္ကိုၾကည့္ရင္း ႏွလုံးသားထဲ ေျပာမျပႏိုင္ေလာက္တဲ့ ခံစားခ်က္ေတြ ျပည့္လာကာ မသိလိုက္ဘာသာနဲ႔ပဲ ဝမ္းဗိုက္ကို ပြတ္သပ္ေနမိတယ္။
တကယ္လို႔သာ...
ထားလိုက္ပါေတာ့။
"ကေလးခ်စ္တတ္တာလား" က်ိဳးခ်န္က ေမးတယ္။
"အင္း" ကြၽန္ေတာ္ အင္းလိုက္လိုက္တယ္။
သူက ထပ္မေျပာေတာ့ဘူး။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံး သိပါတယ္။ ကြၽန္ေတာ္က ဘယ္ေတာ့မွ ကိုယ္ဝန္ထပ္မေဆာင္ႏိုင္ေတာ့ဘူးဆိုတာကို။
ေျမာက္ျမားလွစြာေသာ 'ပထမဆုံး' နဲ႔ 'ေနာက္ဆုံး'ေတြက ကြၽန္ေတာ္နဲ႔ ခ်ီရႉးတို႔ရဲ႕ အၾကား အခ်ိန္တိုေလးအတြင္းမွာ ျဖစ္ပြားခဲ့တယ္။
ဒီ အတိတ္က အရာေတြကို 'သူ႔ကို မခ်စ္ေတာ့ဘူး' ဆိုတဲ့ ေပါ့ေပါ့ပါးပါးစကားေလးနဲ႔ ခဝါခ်ပစ္လိုက္လို႔ေတာ့ ဘယ္ရႏိုင္မလဲ။
ညေမွာင္ေနၿပီ။
ကစားကြင္းရဲ႕ မီးပန္းျပပြဲကို စားေသာက္ဆိုင္ရဲ႕ ေခါင္မိုးထပ္မွာ ထိုင္ၾကည့္ေနခဲ့တယ္။
မေရမတြက္ႏိုင္တဲ့ ၾကည္ႏူးဖြယ္ရာအေရာင္အေသြးအလွအပေတြက ေလာကႀကီးကို တန္ဆာဆင္ေနၾကတယ္။ နတ္သမီးပုံျပင္ေတြရဲ႕ ခမ္းနားထည္ဝါတဲ့ အိပ္မက္ကမာၻက ညဥ့္ဦးယံေကာင္းကင္ယံထက္မွာ ဆင္ျမန္းလို႔ေနခဲ့တယ္။
ကြၽန္ေတာ္ဟာ အတိတ္တုန္းက ေလာကႀကီးကို အေမွာင္ခ်လို႔ မ်က္လုံးစုံမွိတ္ၿပီး ေနေနခဲ့ရေလာက္အထိ တုံးအလြန္းခဲ့ပါတယ္။
အခုေတာ့ ကြၽန္ေတာ့မွာ သိပ္ကိုေကာင္းမြန္တဲ့ ေႏြကို ပိုင္ဆိုင္ႏိုင္ဖူးခဲ့ပါၿပီ။
က်ိဳးခ်န္က ကြၽန္ေတာ္နဲ႔အတူ အႏုပညာျပပြဲကို အေဖာ္လိုက္ေပးတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ ျပတိုက္၊ ေတးဂီတေဖ်ာ္ေျဖပြဲ၊ ႐ုပ္ရွင္႐ုံေတြကို အတူသြားၾကသလို ေန႔ခင္းမွာ ၿခံဝင္းထဲ ေနပူဆာလႈံၾကၿပီး ညေနေစာင္းမွာေတာ့ တေယာက္လက္ တေယာက္ကိုင္ရင္း ကမ္းေျခမွာ ေအးေအးလူလူလမ္းေလွ်ာက္ၾကတယ္။
ဒီလိုမ်ိဳး ခြင့္ရက္ရွည္ႀကီး ေပးရေလာက္ေအာင္ ဘယ္ေဆး႐ုံမွာ အလုပ္လုပ္တဲ့ ဆရာဝန္လဲလို႔ ကြၽန္ေတာ္ သူ႔ကို ေမးၾကည့္တယ္။ အထပ္ျမင့္အေပၚဆုံးမွာ မီးေရာင္မွိတ္တုတ္မွိတ္တုတ္လင္းေနတဲ့ အေဆာက္အဦကို သူက လက္ညိဳးထိုးျပရင္း
"အကၡရာ Z ကို ေတြ႕လား။ အဲဒီလိုဂိုနဲ႔ အေဆာက္အဦမွန္သမွ်က ကိုယ္ ပိုင္တာေတြပဲ"
မ်ိဳး႐ိုးနာမည္ 'က်ိဳး'နဲ႔ ေရွးက်ၿပီး ဩဇာေညာင္းတဲ့ မိသားစုေတြက သိပ္မရွိသလို ခ်ီမိသားစုကို လုံးလုံးလ်စ္လ်ဴရႈထားႏိုင္တဲ့ တဦးတည္းေသာသူအေၾကာင္းကို ကြၽန္ေတာ္ အစကတည္းက သတိထားမိခဲ့သင့္ပါတယ္။
သူတို႔ မိသားစုဟာ သိုသိုသိပ္သိပ္ရွိၿပီး ပေဟဠိဆန္ၾကတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ႏိုင္ငံေရးအသိုင္းအဝိုင္းကေန ႏုတ္ထြက္ဖို႔အတြက္ ဖုံးကြယ္ထားမႈေတြ ရွိခဲ့တယ္လို႔ သတင္းထြက္ခဲ့ၿပီးတဲ့ေနာက္မွာ အဲဒီအေၾကာင္း ဘာအသံမွ ထပ္မၾကားရေတာ့ပါဘူး။
ဘြဲ႕ႏွင္းသဘင္ပါတီမွာ ေဖ်ာ္ေျဖဖို႔အတြက္ ႐ႊီရွင္က်ယ္နဲ႔ ကြၽန္ေတာ္ ဗီဒီယိုေကာလ္ ေခၚၿပီး အားလပ္ခ်ိန္ေတြမွာ ရီဟာဇယ္လုပ္ၾကတယ္။
နည္းပညာ တိုးတက္လာျခင္းနဲ႔အတူ ပုံရိပ္ေယာင္ နည္းပညာကလည္း ဖြံ႕ၿဖိဳးလာပါတယ္။ ဒါေၾကာင့္မို႔ စတိတ္စင္အေပၚ ကြၽန္ေတာ္ကိုယ္တိုင္ ရွိေနေပးစရာ မလိုဘဲ ႐ုပ္နဲ႔ အသံကိုပဲ ေပးပို႔ေပးလို႔ ျဖစ္ပါတယ္။
ရီဟာဇယ္လုပ္ၿပီးေတာ့ က်ိဳးခ်န္က ကြၽန္ေတာ့အခန္းကို တံခါးလာေခါက္ကာ သူ႔လက္ထဲက စာအိတ္ကို ေျမႇာက္ျပတယ္။
"မင္းဆီ စာေရာက္လာတယ္"
သူက ဒီ စာထဲက အေၾကာင္းအရာကို သိေနၿပီးသလို ၿပဳံးစိစိျဖစ္ေနတယ္။
ဒီ စာဟာ 'Misty Breeze ဂီတျမတ္ႏိုးသူမ်ား၏ သံစုံတီးဝိုင္း' အဖြဲ႕ရဲ႕ ဖိတ္ၾကားလႊာျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ တခါမွ မေမွ်ာ္လင့္ခဲ့ဖူးပါဘူး။
ကမာၻေက်ာ္ တေယာမႉးႀကီး (သံစုံတီးဝိုင္း၏အခရာ) ဟာမန္အီဗင္က ကြၽန္ေတာ္ ဘြဲ႕ယူၿပီးရင္ သံစုံတီးဝိုင္းအဖြဲ႕နဲ႔ လာေရာက္ပူးေပါင္းဖို႔အတြက္ သူကိုယ္တိုင္ ကြၽန္ေတာ့ဆီ ေရးပို႔ေပးလိုက္တာပဲ ျဖစ္တယ္။
ကြၽန္ေတာ္ ဒါ... အိပ္မက္မက္ေနတာမလားဟင္...။
ေ႐ႊေရာင္စာ႐ြက္အပိုင္းအစေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း ဆယ္ႀကိမ္ထက္မက ဖတ္ေနမိတယ္။ က်ိဳးခ်န္ကေတာ့ ၿပဳံးရယ္ရင္း...
"မေမွ်ာ္လင့္ထားခဲ့ဘူးမလား"
ကြၽန္ေတာ့ သူ႔ကို ပါးစပ္အေဟာင္းသားနဲ႔ ေငးၾကည့္ကာ
"ဒါက 'Misty Breeze ဂီတျမတ္ႏိုးသူမ်ား၏ သံစုံတီးဝိုင္း' ေလ"
ဒါက ကမာၻေပၚက အေကာင္းဆုံးေသာ သံစုံဂီတဝိုင္း၊ ဂီတပညာရွင္တိုင္းရဲ႕ သန႔္စင္မြန္ျမတ္တဲ့ နယ္ေျမ။
ေမးခြန္းတခုက ကြၽန္ေတာ့ေခါင္းထဲ ႐ုတ္တရတ္ေပၚလာတယ္။
"မစၥတာအီဗန္က ဘယ္လိုလုပ္ၿပီး သိ..."
က်ိဳးခ်န္ရဲ႕ သိုဝွက္တဲ့ မ်က္ႏွာအမူအရာကို ေတြ႕လိုက္တာနဲ႔ အရာရာကို သေဘာေပါက္လိုက္ပါၿပီ။
"အကိုလား..."
သူက လက္ျဖန႔္လိုက္ကာ
"ကိုယ္က မင္းရဲ႕ အရည္အခ်င္းအေတြ႕အႀကဳံအေၾကာင္းအရာနဲ႔ ေဖ်ာ္ေျဖမႈဗီဒီယိုကိုပဲ ပို႔ေပးလိုက္တာ။ က်န္တာေတြက ကိုယ္နဲ႔မဆိုင္ေတာ့ဘူး"
ကြၽန္ေတာ္က အယုံအၾကည္မရွိစြာျဖင့္
"ဟုတ္လို႔လား"
"ကိုယ္ က်ိန္ရဲတယ္"
သူက ရယ္က်ဲက်ဲလုပ္ေနရာကေန ျပန္တည္သြားၿပီး အေလးအနက္ပုံစံနဲ႔ ေျပာေလတယ္။
"ကိုယ္ ဒီ ကိစၥမွာ ဝင္မစြက္ဖက္ခဲ့ဘူး။ မင္း လုပ္ႏိုင္တာကို ကိုယ္ သိတယ္"
သူက တက္ႂကြစြာနဲ႔ ကြၽန္ေတာ့ကို ဆြဲဖက္လိုက္ရင္း
"မင္းက ဒီ ကမာၻေပၚက အေကာင္းဆုံးေသာ ႏွင္းဆီေလးပဲ"
လည္ေခ်ာင္းထဲ တစ္ဆို႔ႀကီးျဖစ္ေနသလို ခံစားလိုက္ရၿပီး မ်က္ရည္ေတြက က်လုမတတ္။
ပထမဆုံးအႀကိမ္အေနနဲ႔ ဝမ္းနည္းေပမဲ့ မငိုခ်င္မိတဲ့အခ်ိန္ပါပဲ။
က်ိဳးခ်န္နဲ႔သာဆိုရင္ (သူက ကြၽန္ေတာ့ကို) 'လိုအပ္တယ္' ဆိုတဲ့ စိတ္ေက်နပ္မႈ ရၿပီး၊ ကြၽန္ေတာ့ဘဝမွာ တခါမွ မႀကဳံဖူးတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။
"မင္း က်န္းမာေရး ေကာင္းၿပီဆိုတာနဲ႔ ကိုယ္တို႔ မစၥတာအီဗန္ကို သြားေတြ႕လို႔ ရၿပီ"
သူက ကြၽန္ေတာ့ ႏွာေခါင္းထိပ္ကို ဆြဲညႇစ္လိုက္ရင္း...
"အ႐ိုးသားဆုံးေျပာရရင္ ကိုယ္ တကိုယ္ေကာင္းဆန္ခ်င္ၿပီး မင္းကို ေသာ့ခတ္သိမ္းထားခ်င္မိတယ္။ ဒါေပမဲ့ ကိုယ္ အဲ့လို မလုပ္ရက္ဘူး"
ကြၽန္ေတာ္ ဂီတသမားျဖစ္ရတဲ့အေပၚမွာ က်ိဳးခ်န္ရဲ႕ စိတ္ေတြက ရႈပ္ေထြးေနတဲ့ ပုံပါပဲ။
ဂီတထဲ စိတ္ဝိဉာဥ္ျမႇဳပ္ႏွံထားတတ္ၾကတဲ့ ဂီတပညာရွင္ေတြဟာ သူတို႔ေတြရဲ႕ အသက္ကပါ ဂီတနဲ႔အတူ ေလာင္ကြၽမ္းသြားတတ္ၾကလို႔ အသက္မရွည္တတ္ေၾကာင္းကို သူ တခါ ေျပာဖူးတယ္။ သူက ကြၽန္ေတာ့ကို ကြၽန္ေတာ္ အဖိုးႀကီးျဖစ္တဲ့အထိ အသက္ရွည္ေစခ်င္တယ္ တဲ့ေလ။
အသက္အရွည္ႀကီး ေနသြားရမွာထက္စာရင္ ကြၽန္ေတာ္ ခ်စ္ျမတ္ႏိုးတဲ့အရာကို လုပ္ေနရင္းနဲ႔ပဲ ေသသြားခ်င္တယ္လို႔ ကြၽန္ေတာ္ သူ႔ကို ေျပာခ်င္ခဲ့ပါတယ္။
ကြၽန္ေတာ္သာ အဲ့လိုေျပာလိုက္မယ္ဆိုရင္ သူ မ်က္ေမွာင္ႀကီးႀကဳံ႕ေတာ့မယ္ဆိုတာ ကြၽန္ေတာ္ သိေနတယ္ေလ။ သူ႔မ်က္လုံးေတြက အရမ္းလွတာ။ ကြၽန္ေတာ္ သူ႔ကို မ်က္ေမွာင္ႀကီး ႀကဳံ႕မထားေစခ်င္ဘူး။
ဒါေၾကာင့္ ဒီလိုပဲ ေျပာလိုက္တယ္။ အတတ္ႏိုင္ဆုံး က်န္းက်န္းမာမာျဖစ္ေအာင္ ေနသြားမယ္ လို႔။
ညေနဘက္ ဘြဲ႕ႏွင္းသဘင္ပါတီအတြက္ ကြၽန္ေတာ္ ေနာက္ကြဲ ကုတ္အက်ႌအရွည္ ဝတ္လိုက္တယ္။
တူရိယာခန္းထဲမွာ ပ႐ိုဂရမ္အတြက္ သုံးဖက္ျမင္ပုံရိပ္နဲ႔ အသံပိုင္းဆိုင္ရာကို တပ္ဆင္ကာ အစီအစဥ္မႉးရဲ႕ ေၾကညာခ်က္ကို ေစာင့္ဆိုင္းေနလိုက္တယ္။
က်ိဳးခ်န္ကေတာ့ တံခါးေဘာင္ကို မွီကာ လက္ပိုက္ထားလ်က္ ကြၽန္ေတာ့အေျခအေနကို ဆန္းစစ္ေနတယ္။
"အနီေရာင္က မင္းနဲ႔ လိုက္တယ္" သူက ေက်နပ္စြာ ေျပာတယ္။
ဒီေန႔အတြက္ ရင္ထိုးကို သူေ႐ြးေပးထားတာ ျဖစ္တယ္။ အနီေရာင္စိန္နဲ႔ ႏွင္းဆီပန္းသ႑ာန္ေဖာ္ထားတဲ့ ရင္ထိုးျဖစ္ၿပီး မင္းသားေလး (The Little Prince) ထဲက ႏွင္းဆီနီေလးကိုေတာင္ အမွတ္ရေစတယ္။
နံရံေပၚက တီဗြီမွာေတာ့ ပါတီက တိုက္႐ိုက္ထုတ္လႊင့္မႈကို ျပေနတယ္။ အတန္ၾကာေစာင့္ဆိုင္းၿပီးတဲ့အခါမွာ ႐ႊီရွင္က်ယ္က စင္ေပၚတက္လာတာနဲ႔ တၿပိဳင္နက္ ကြၽန္ေတာ့ရဲ႕ ပုံရိပ္ေယာင္ကပါ ေပၚလာတယ္။
ဒါက နည္းနည္းေတာ့ ထူးဆန္းတယ္။ ကြၽန္ေတာ္ အသက္ဝဝရႉလိုက္ၿပီး ဘိုးတံကို ကိုင္လိုက္တယ္။
႐ႊီရွင္က်ယ္က 'A Thousand Years' သီခ်င္းကို ေ႐ြးထားတယ္။ သူက သီခ်င္းဆိုမွာ ျဖစ္ၿပီး ကြၽန္ေတာ္က တေယာတီးရမွာပဲ ျဖစ္တယ္။
ပထမဆုံး ျမဴးဇစ္ႏုတ္မွာတင္ ကြၽန္ေတာ့လက္က ကြၽန္ေတာ္ပိုင္တဲ့လက္ မဟုတ္ေတာ့၊ *ေအာ္ဖီးယက္စ္က ဒီကမာၻေပၚ ခ်န္ထားခဲ့တဲ့ တမန္ေတာ္လို...။
တီးလုံးသံ စီးေမ်ာေနတဲ့အခ်ိန္မွာ က်ိဳးခ်န္ရဲ႕ နက္ရႈိင္းလွတဲ့ အၾကည့္ေတြနဲ႔ သြားဆုံမိတယ္။
How to brave?
(ဘယ္လို ရဲရင့္ရမလဲ)
How can I love when I'm afraid to fall?
(ခ်စ္ရမွာ ေၾကာက္ေနတဲ့အခ်ိန္မွာ ဘယ္လိုခ်စ္ကြၽမ္းဝင္ႏိုင္ပါ့မလဲ)
႐ုတ္တရတ္ႀကီး ကြၽန္ေတာ့ႏွလုံးသားဟာ တခုခုနဲ႔ ဝင္တိုက္မိသလို။ ဘန္းခနဲ အသံျမည္သြားၿပီး အရာရာဟာ ကစဥ့္ကလ်ား။
ကြၽန္ေတာ္ အလ်င္အျမန္ပဲ အၾကည့္ေတြကို ျပန္သိမ္းလိုက္ၿပီး သီခ်င္းထဲကိုပဲ အာ႐ုံျပန္ႏွစ္လိုက္ရတယ္။ ဒါေပမဲ့လည္း က်ိဳးခ်န္ရဲ႕ ေတာက္ေလာင္ေနတဲ့ အၾကည့္ေတြကို ခံစားမိေနတုန္းပဲ။
I've loved you for a thousand years.
(ႏွစ္ေပါင္းအသေခ်ၤၾကာေအာင္ ခ်စ္ကြၽမ္းဝင္ခဲ့တယ္)
I'll love you for a thousand more.
(ႏွစ္ေပါင္းေထာင္ခ်ီ ပိုၿပီး ခ်စ္သြားမယ္)
"စစ္မွန္ေသာသူနဲ႔ ေတြ႕ဆုံၿပီး ထာဝရလက္တြဲသြားႏိုင္ပါေစ။ ဘြဲ႕ရေမာင္မယ္တို႔ ကြန္ဂရက္က်ဴေလးရွင္းပါ" ႐ႊီရွင္က်ယ္ကေျပာတယ္။
ကြၽန္ေတာ္လည္း ဘိုးတံကို ခ်လိုက္ၿပီး အေနာက္ကေန သံေယာင္လိုက္ေျပာလိုက္တယ္။
"ကြန္ဂရက္က်ဴေလးရွင္း"
ကင္မရာက ပရိသတ္ၾကားထဲ ေျဖးညင္းစြာ ေ႐ြ႕သြားၿပီး အလယ္တန္း ပရိသတ္ထိုင္ခုံရဲ႕ ပထမဆုံးခုံတန္းနားမွာ ရပ္သြားတယ္။ ႐ုတ္တရတ္ ကြၽန္ေတာ္ ျမင္လိုက္ရတာက ေက်ာင္းအုပ္ေဘးမွာ ထိုင္ေနတဲ့ ခ်ီရႉးကိုပါပဲ။
ခ်ီရႉးက ဘြဲ႕ႏွင္းသဘင္ပါတီကို လာတယ္တဲ့လား။
မဟုတ္ေသးဘူး။ အဓိကအခ်က္ကမွေလ... သူ႔ရဲ႕ညာဘက္ကလူ... ျဖစ္ႏိုင္တာက... ဝမ္းယန္...။
ဝမ္းယန္ ျပန္လာၿပီ။
စခရင္မ္ေပၚမွာ သူ႔ရဲ႕ ပုံစံကို ေတြ႕ရတာ ေတာ္ေတာ္ေျပာင္းလဲသြားတယ္လို႔ ထင္ရတယ္။ သူ႔ရဲ႕ နဂိုမူရင္းပုံစံက ႏူးညံ့ၿပီး ႂကြပ္ဆတ္ဆတ္ႏိုင္တယ္လို႔ ထင္ရေပမဲ့ အခုေတာ့ ပို ရင့္က်က္လာၿပီး ပို ႏူးညံ့သြားသလို။
ဒါဆို ခ်ီရႉးက ဝမ္းက်စ္ခ်င္ကို လက္မထပ္ခဲ့တာက ဝမ္းယန္ေၾကာင့္မို႔လို႔ေပါ့။
အဲ့လိုလည္း မဟုတ္ေသးဘူး။ ဒါဆို သူတို႔က ဘယ္လိုလုပ္ၿပီး ႏွစ္ေယာက္အတူ ပထမဆုံးတက္တဲ့ ပြဲမွာတင္ သီးျခားထိုင္ေနၾကမလဲ။ ဝမ္းယန္က အိမ္ေထာင္မျပဳခ်င္ဘူးဆိုတဲ့ သတင္းက မွန္ေနတာမ်ားလား။
က်ိဳးခ်န္က ကြၽန္ေတာ့ဆီကို ေလွ်ာက္မလာခင္ အခ်ိန္အထိ တခဏေလးအတြင္းမွာတင္ ကြၽန္ေတာ့စိတ္ထဲ အေတြးေပါင္းမ်ားစြာ ဝင္ေႏွာင့္ယွက္ၿပီးသြားၿပီ။
"ကြန္ဂရက္က်ဴေလးရွင္းပါ" သူက ကြၽန္ေတာ့နဖူးကို နမ္းလိုက္တယ္။
ေႏြးေထြးတဲ့ ႏႈတ္ခမ္းအစုံက ကြၽန္ေတာ့နဖူးေပၚကို သက္ဆင္းသြားတယ္။ ငွက္ေမႊးနဲ႔ ႏွင္းလို ႏူးညံ့ကာ။
ဒီ အထိအေတြ႕ေလးက သူကြၽန္ေတာ့ကို ကယ္ခဲ့တဲ့ေန႔က အခ်ိန္ကို ျပန္ေျပာင္းေအာက္ေမ့မိေစတယ္။
သူက ကြၽန္ေတာ့ကို အင္မတန္ ခ်စ္ျမတ္ႏိုးသလိုမ်ိဳး ဂ႐ုတစိုက္နဲ႔ ယုယုယယေပြ႕ဖက္ထားတယ္။ ေဆး႐ုံသြားတဲ့ လမ္းတေလွ်ာက္မွာ ကြၽန္ေတာ့နဖူးကို တဖြဖြ နမ္းကာ တိုးတိုးေလး ေျပာလာတယ္။
"မေသပါနဲ႔..."
"ေတာင့္ခံထားပါဦး..."
"ကိုယ္တို႔ ေရာက္ေတာ့မယ္ေနာ္..."
မွတ္ဉာဏ္ေတြက အစီအရီ ျပန္ေပၚလာတယ္။ အေမွာင္ထုရဲ႕အဆုံး အျဖဴေရာင္အလင္းတန္းေပၚက ပုံရိပ္မည္းက တျဖည္းျဖည္းပီျပင္လာၿပီး အဲဒီေနရာမွာ က်ိဳးခ်န္မ်က္ႏွာ ေပၚလာတယ္။
သူ ဒီေလာက္ နာက်င္မႈၾကားထဲမွာ မခ်ိတင္ကဲျဖစ္ေနရတာမ်ိဳး ကြၽန္ေတာ္ တခါမွ မျမင္ဖူးဘူး။ သူက သူ႔ကိုယ္သူ ေနာင္တေတြနဲ႔ ျပန္စြပ္စြဲရင္း ေျပာေနတယ္။
"ကိုယ့္အမွားပါ... အကုန္ ကိုယ့္အမွားေတြပါကြာ..."
ဒါက ဘယ္လိုလုပ္ သူ႔အမွားျဖစ္ႏိုင္မွာလဲ။
ကြၽန္ေတာ္ က်ိဳးခ်န္ကို ဖက္လိုက္ကာ သူ႔ရင္ခြင္ထဲ မ်က္ႏွာျမႇဳပ္လိုက္ၿပီး ဗလုံးဗေထြးေျပာလိုက္တယ္။
"ကြၽန္ေတာ္ အခု ျပန္မွတ္မိသြားၿပီ"
ကြၽန္ေတာ္ ဘာကို မွတ္မိသြားေၾကာင္း သူ မေမးခဲ့ပါဘူး။ အဲဒီအစား ေျပာလာတယ္။
"အကုန္ၿပီးသြားပါၿပီ"
ၿပီးသြားၿပီတဲ့လား။
ခ်ီရႉးက သူ ဘယ္ေနရာသြားမလဲကိုပဲ ေစာင့္ၾကည့္မယ္လို႔ ႐ႊီရွင္က်ယ္က ထင္ထားတာ။ ဖုန္းအဝင္အထြက္ေတြအထိပါ လိုက္ၿပီး စုံစမ္းမယ္လို႔ေတာ့ မထင္ထားခဲ့ပါဘူး။
က်ိဳးခ်န္ အိမ္ကေန ထြက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့ဆီ ဖုန္းဝင္လာတယ္။
က်ိဳးခ်န္က ကြၽန္ေတာ့အတြက္ အခ်ိန္အမ်ားႀကီး ျဖဳန္းေပးခဲ့လို႔ သူ႔အလုပ္ေတြက ေတာင္ပုံရာပုံ တပုံတေခါင္းႀကီး ျဖစ္က်န္ေနခဲ့တယ္။ ထပ္ၿပီး ပစ္ထားလို႔ မရေတာ့ဘူး။
ဖုန္းထဲက အသံက ေရးေတးေတးျဖစ္လို႔ေနၿပီး ျပန္ေျဖဖို႔အတြက္ အခ်ိန္အေတာ္ ယူလိုက္ရတယ္။
"ေရွာင္ယြီ" သူက ပထမ တုံဆိုင္းတုံ႔ဆိုင္း ျဖစ္ၿပီးမွ ေျပာလာတယ္။
"အေဖပါ"
အေဖတဲ့လား။
ရယ္စရာပဲ။
"လူႀကီးမင္းစုန႔္" ကြၽန္ေတာ့သေဘာထားကို ျပဖို႔အတြက္ အေအးစက္ဆုံးေသာ အသံနဲ႔ ျပန္တုံ႔ျပန္လိုက္တယ္။
"ဘာကိစၥရွိလို႔ပါလဲ"
စုန႔္က်စ္ခ်န္းက စကၠန႔္အနည္းေလာက္ တိတ္ဆိတ္သြားတယ္။ ၾကည့္ရတာ သားအဖၾကားထဲက ခ်စ္ျခင္းေမတၱာေလးကို ဆက္ၿပီးေတာ့ေတာင္ သ႐ုပ္မေဆာင္ႏိုင္ေတာ့ဘူးထင္ရဲ႕။
"နည္းနည္းေလာက္ အေရးႀကီးေနလို႔။ အေဖ့ကို အျပင္မွာ ထြက္ေတြ႕ေပးလို႔ အဆင္ေျပမလား"
ကြၽန္ေတာ္က 'အဆင္မေျပဘူး'လို႔ ေျပာေတာ့မယ့္ဆဲဆဲက သူက ထပ္ေျပာလာတယ္။
"မင္းအေမအတြက္ပါ"
ေကာင္းၿပီ... ဒါက အက်ပ္ကိုင္တာပဲ။
ေရွာင္းေဖးက ျပာမႈန႔္ျဖစ္သြားတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီ။ ကြၽန္ေတာ္ အ႐ိုးျပာကို ယူသြားမယ္လို႔ ေျပာခဲ့ေပမဲ့ စုန႔္က်စ္ခ်န္းက သေဘာမတူခဲ့ဘူး။ အခုေတာ့ ဒါနဲ႔လာၿပီး မွ်ားၿပီေပါ့။
ေျပာထားတဲ့ ေကာ္ဖီဆိုင္ကို ေရာက္ေတာ့ စုန႔္က်စ္ခ်န္းက အရင္ေစာင့္ေနခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို မေတြ႕ရတာ ႏွစ္အေတာ္ၾကာခဲ့ၿပီ။ မ်က္လုံးေထာင့္က အေရးေၾကာင္းေလးေတြက လြဲလို႔ သူက ဘာမွ ေျပာင္းလဲသြားတာေတာင္ သိပ္မရွိ။ သူက လူ႔အထက္တန္းလႊာရဲ႕ ေအာင္ျမင္တဲ့ ပုဂၢိဳလ္တဦးျဖစ္ေနဆဲပါပဲ။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကားမွာ ေျပာပႏိုင္ေလာက္တဲ့ ခ်စ္ခင္တြယ္တာမႈမ်ိဳး မရွိပါဘူး။ ဒါေၾကာင့္မို႔ ႏႈတ္ဆက္တာဘာညာေတြလည္း မလိုအပ္ခဲ့ဘူး။
ကြၽန္ေတာ္ ခ်ီရႉးဆီ ျပန္သြားႏိုင္ေအာင္လို႔ သူက လမ္းလာဖြင့္ေပးတာ ျဖစ္တယ္။
"ခ်ီမိသားစုကို မရင္ဆိုင္ႏိုင္ဘူး။ အေဖေတာင္းပန္ပါတယ္" စုန႔္က်စ္ခ်င္းက ေျပာတယ္။
"ဒီလအတြင္းမွာပဲ ကုမၸဏီအေျခအေနက ေတာ္ေတာ္မေကာင္းဘူး။ ေငြလည္ပတ္မႈလည္း ျပတ္ေတာက္သြားၿပီ။ ထပ္ၿပီး ရႈံးေနဦးမယ္ဆိုရင္ အေႏွးနဲ႔အျမန္ ေဒဝါလီခံရေတာ့မွာ။ ဒီ ကုမၸဏီက ငါ မင္းအေမနဲ႔ အတူ တည္ေထာင္ခဲ့တာ။ ဒါႀကီး ပ်က္စီးသြားမွာကို မင္း ဒီအတိုင္း ၾကည့္ရက္လား"
"ခင္ဗ်ားတို႔ အတူတည္ေထာင္ေတာ့ေရာ ဘာျဖစ္ေသးလဲ"
ေကာ္ဖီခြက္ကို ကိုင္ထားရင္း ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ရတယ္။
"သူက ခင္ဗ်ားနဲ႔အတူ စီးပြားေရးေလး စႏိုင္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရတာ။ အဲ့ေတာ့ ခင္ဗ်ားက ဘယ္လိုေပးဆပ္ခဲ့လဲ သူ႔ကို။ ခင္ဗ်ားက သူ႔ရွယ္ယာေတြကို ခိုးတယ္။ သူ႔ကို ခင္ဗ်ားရဲ႕ ကိုယ္ဝန္ကို လြယ္ခိုင္းၿပီးေတာ့မွ ခင္ဗ်ားက စြန႔္ပစ္ခဲ့တယ္။ ၿပီးေတာ့ သူ ကေလးေမြးတဲ့ရက္မွာပဲ ခင္ဗ်ားက မဂၤလာေတာင္ေကာက္ေဆာင္လိုက္ေသးတယ္။ ကြၽန္ေတာ္ သည္းမခံႏိုင္ဘူးလို႔ ဘာလို႔မ်ားထင္ေနလဲ။ ကြၽန္ေတာ္က ခင္ဗ်ားကိုေရာ၊ ခင္ဗ်ားပိုင္ဆိုင္သမွ်ေတြကိုေရာ ဒီ ကမာၻေပၚကေန ေပ်ာက္ကြယ္သြားေစခ်င္တာ"
"ေရွာင္းယြီ" သူက ေဒါသထြက္လာၿပီး...
"ငါက မင္းအေဖကြ။ မင္း ငါ့ကို ဘာလို႔ ဒီေျပာရတာလဲ"
အေဖ တဲ့...။ ရယ္ရသားပဲ။
ကြၽန္ေတာ္ အသက္၆ႏွစ္မျပည့္ခင္မွာ ကေလးထိန္းနဲ႔ ေနခဲ့ရတယ္။ ကြၽန္ေတာ့မိဘေတြက ဘယ္သူေတြလဲဆိုတာကိုေတာင္ ကြၽန္ေတာ္ မသိခဲ့ဘူး။ ကေလးေတြအကုန္လုံးက ကြၽန္ေတာ့လိုပဲ ညအိပ္မီးေလးနဲ႔ တေယာက္တည္းအိပ္တယ္လို႔ပဲ ထင္ခဲ့တာ။
ကြၽန္ေတာ္ ၆ႏွစ္ျပည့္ၿပီးေတာ့ သူ(စုန႔္က်စ္ခ်န္း) က ကြၽန္ေတာ့ကို စုန႔္မိသားစုဆီ ေခၚသြားခဲ့တယ္။ သူက ကြၽန္ေတာ့ရဲ႕ ဘာမွ မသိမတတ္တဲ့ ပုံစံကို သေဘာမက်ဘူး။ ဒါေၾကာင့္ ကိုယ္ပိုင္နည္းျပ ငွားၿပီး ကြၽန္ေတာ့ကို ပီယာႏိုတီး သင္ခိုင္းခဲ့တယ္။ အဲဒီ ပီယာႏိုဆရာက အရမ္း စည္းကမ္းတင္းက်ပ္တယ္။ ကြၽန္ေတာ္ ဂီတႏုတ္ တခါမွားေရးတိုင္း တခါ အ႐ိုက္ခံရတယ္။ ၿပီးေတာ့ ငိုလို႔လည္း မရဘူး။
တရားမဝင္သားတေယာက္အေနနဲ႔ ကြၽန္ေတာ္ဟာ စုန႔္မိသားစုရဲ႕ လ်စ္လ်ဴရႈျခင္းကို အၿမဲပဲ ခံခဲ့ရတယ္။ စုန႔္က်စ္ခ်န္းဟာ ကြၽန္ေတာ့ကို ခ်စ္ေၾကာင္း၊ ဂ႐ုစိုက္ေၾကာင္းကို တခါမွ မေဖာ္ျပခဲ့ဖူးဘူး။
သူ႔ေသြးပါတဲ့အတြက္ေၾကာင့္သာ သူက ကြၽန္ေတာ့ကို အစားအေသာက္နဲ႔ အဝတ္အစားေတြ ေထာက္ပံ့ေပးခဲ့တာ ျဖစ္တယ္။
ကြၽန္ေတာ့ အသက္ ၁၂ႏွစ္မွာ ေရွာင္းေဖးရဲ႕ ေရွ႕ေနက ကြၽန္ေတာ့ကို ရွာေတြ႕ခဲ့ၿပီး ေသတမ္းစာနဲ႔ အေမြေတြကို လက္လႊဲေပးခဲ့တယ္။
ဆယ္စုႏွစ္တစုစာ ၾကာၿပီးသြားတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္ စုန႔္မိသားစုကေန ထြက္ခြာသြားႏိုင္ခဲ့တယ္။ အဲ့အခ်ိန္ကတည္းကေန စုန႔္က်စ္ခ်င္းနဲ႔ ျပန္မေတြ႕ေတာ့တာ အခုထိပါပဲ။
ၿပီးေနာက္မွာေတာ့ ေရွာင္းေဖး ခ်န္ထားခဲ့တဲ့ အေမြပစၥည္းေတြထဲမွာ ကြၽန္ေတာ္ တေယာတလက္နဲ႔ စာတေစာင္ကို ေတြ႕ခဲ့တယ္။ စာထဲ ေရးထားတာက အဲဒီတေယာဟာ သူ အႏွစ္သက္ဆုံး ပစၥည္းျဖစ္တာမို႔ ေသေသခ်ာခ်ာဂ႐ုစိုက္ေပးဖို႔ မွာထားတယ္။
ေရွာင္းေဖးက ကြၽန္ေတာ့အတြက္ စာေတြအမ်ားႀကီး ေရးေပးထားခဲ့တာ ေသတၱာတလုံးနဲ႔ အျပည့္ပဲ။ သူက သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္ကို သိေနတာမို႔လို႔ သူေျပာခ်င္သမွ်ကို ႀကိဳေရးခဲ့တယ္လို႔ပဲ ကြၽန္ေတာ္ ထင္တယ္။
သူက စုန႔္က်စ္ခ်န္းကို မမုန္းတာမို႔ ကြၽန္ေတာ္လည္းပဲ စုန႔္က်စ္ခ်န္းကို မမုန္းပါနဲ႔လို႔ ေျပာခဲ့တယ္။
ကြၽန္ေတာ္ သူ႔စကားကို နားေထာင္ၿပီး ကိုယ့္ကိုယ္ကိုယ္ မိဘမဲ့လို႔ပဲ မွတ္ယူထားခဲ့ပါတယ္။
ဒါေပမဲ့ အခုေတာ့ ကြၽန္ေတာ္ မုန္းခ်င္ေနၿပီ။
"ငါ မင္းကို ဆယ္ႏွစ္ေလာက္ ျပဳစုပ်ိဳးေထာင္ေပးခဲ့ရတာ။ မင္းဆီကေန ဘာမွ ျပန္မေတာင္းခဲ့ဘူး။ ဒီတခါေတာ့ မင္း ငါ့ကို ကူညီေပးပါကြာ" စုန႔္က်စ္ခ်န္းက စိတ္ပ်က္လက္ပ်က္နဲ႔ သက္ျပင္းခ်လိုက္တယ္။
ကြၽန္ေတာ္က သူ႔ရဲ႕ ပရိယာယ္လွည့္ကြက္ကို လ်စ္လ်ဴရႈလိုက္ရင္း ေမးလိုက္တယ္။
"ခ်ီရႉးက ဘယ္လိုကတိေပးထားခဲ့လို႔လဲ"
သူက တခဏေလာက္ တုံ႔ဆိုင္းသြားၿပီး ေျပာတယ္။
"မင္း သူ႔ဆီျပန္လာရင္ သူက ငါ့ကုမၸဏီကို လႊတ္ေပးၿပီး ဘယ္ေတာ့မွ ထပ္ မေႏွာင့္ယွက္ေတာ့ဘူးလို႔ ေျပာတယ္။ ၿပီးေတာ့ ေလ်ာ္ေၾကးလည္း ေပးမယ္ တဲ့"
ကြၽန္ေတာ္က ဒါနဲ႔ ဘယ္လိုမ်ား ထိုက္တန္ေနမွာလဲ။ ခ်ီရႉးက သူ႔ကိုယ္သူ ႏွိမ့္ခ်ၿပီး သူမ်ားနဲ႔ ေဆြးႏႈိင္းညႇိႏႈိင္းရတဲ့အထိကိုေလ...။
"အဲ့ဒီေတာ့... ခင္ဗ်ားက ကြၽန္ေတာ့ကို ေရာင္းစားလိုက္တယ္ေပါ့"
ရယ္ပဲ ရယ္ေနလိုက္ခ်င္ေတာ့တယ္။ ပါးစပ္ပိတ္ထားဖို႔ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မတတ္ႏိုင္။
လူက မတည္မၿငိမ္ျဖစ္ေနေတာ့ ေကာ္ဖီခြက္ကို မ, ယူလိုက္တာ ေမွာက္သြားၿပီး လက္ကို ေကာ္ဖီေတြ စင္သြားရတယ္။
"ငါ မင္းကို ေရာင္းစားတာ မဟုတ္ပါဘူး" စုန႔္က်စ္ခ်န္းရဲ႕ မ်က္ႏွာက ၾကည့္ရဆိုးသြားၿပီး...
"ငါ့ကို အခ်ိန္ပဲ ေပးပါ။ ကုမၸဏီအေျခအေန ျပန္ေကာင္းတာနဲ႔ ပိုင္ဆိုင္မႈေတြ လႊဲေျပာင္းၿပီး မိသားစုနဲ႔အတူ ဒီႏိုင္ငံကေန ထြက္သြားပါ့မယ္"
"ဘယ္ေလာက္ၾကာမွာလဲ"
ႏွလုံးက စူးခနဲ ေအာင့္လာတာမို႔ စကားကို မနည္း ဖ်စ္ညႇစ္ေျပာလိုက္ရတယ္။
"ႏွစ္ဝက္ပဲ။ ငါ ထြက္မသြားခင္မွာ ေရွာင္းေဖးရဲ႕ အ႐ိုးျပာကို မင္းကို ေပးခဲ့မယ္"
xxx
စာေရးသူမွာ ေျပာစရာရွိပါတယ္။
ဒီေန႔အတြက္ နားဆင္စရာ - 《I Left Myself》
[႐ုတ္တရတ္ ေရာက္ခ်လာတဲ့ မုန္တိုင္းထဲမွာေတာ့ မင္းကို ခ်စ္ၿပီး မိုးတိတ္သြားတဲ့အခါမွာေတာ့ ငါ့ကိုယ္ငါ ခ်စ္ပါတယ္...]
...
Translator's notes
*ေအာ္ဖီးယက္စ္ (Orpheus) - ဂရိဒ႑ာရီအရ၊ ေအာ္ဖီးယက္စ္သည္ အလြန္ထူးခြၽန္ေသာ ဂီတသမားျဖစ္သည္။ သူ၏ဇနီးသည္ျဖစ္သူ ယူရီဒိုက္စ္(Eurydice) ေသဆုံးေသာအခါ ေဟးဒိစ္(Hades) ထံသို႔ သြားေရာက္ကာ သူ(မ)ကို ျပန္လည္ေခၚေဆာင္ရန္အတြက္ အကူအညီေတာင္းခံခဲ့သည္။ သို႔ေသာ္လည္း အေနာက္ျပန္လွည့္ၾကည့္မိသျဖင့္ က်ရႈံးခဲ့သည္။
-ေရွာင္းေဖးက ေရွာင္းယြီကို ေမြးေပးခဲ့တဲ့ ဘီတာအေဖပါ. သူက အေမလို႔ပဲ သုံးႏႈန္းထားတာမို႔ အိုင္လဲ အဲ့လိုပဲ ေရးလိုက္ပါတယ္။