[Unicode]
အယ်လ်ဖာတယောက်ရဲ့ အမှန်တကယ် ဖြစ်တဲ့ rut ကာလက ဘယ်လိုမျိုးလဲဆိုတာကို နောက်တရက်မှာပဲ ကျွန်တော် သိရှိခဲ့ရပါတယ်။
ကျိုးချန်က သူ့အနားကပ်လာတဲ့လူ မှန်သမျှကို မောင်းထုတ်ပစ်တယ်။ အကာအကွယ်ဆေး ထိုးပြီးနောက်မှာတော့ သူက အရမ်းကို ပြိုင်းနေကာ နိုးထဖို့ကို အချိန်ယူနေရပြီး ငိုက်မြည်းနေတဲ့ ခြင်္သေ့ကြီးတကောင်လိုပါပဲ။
တချိန်တည်းမှာပဲ သူဟာ ကျွန်တော့ကို မျက်စိအောက်ကနေ အပျောက်မခံတော့ပါဘူး။ မသိရင်တော့ ကျွန်တော်က သူ့ကိုယ်ပိုင် ခေါင်းအုံးလေးအလား။
သူ ကျွန်တော့ကို နောက်ကျောကနေ သိုင်းဖက်လိုက်ချိန်တိုင်းမှာ ကျွန်တော့ရဲ့ ကုတ်ပိုးကို ကိုက်လိမ့်မယ်ဆိုတဲ့ ခံစားချက် ဝင်နေမိတယ်။ ဒါပေမဲ့ သူ လုပ်ခဲ့တာက နှာခေါင်းထိပ်လေးနဲ့သာ ပွတ်သပ်ခဲ့တာပါပဲ။
ဒီလိုပုံစံ ဆက်ဆံရေးက ကျွန်တော့ကို ဇဝေဇဝါဖြစ်စေပါတယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေး မဟုတ်၊ သူငယ်ချင်းတွေလည်း မဟုတ်ကြသလို စပွန်ဆာကိုကိုဆက်ဆံရေးမျိုးလည်း မဟုတ်။
ကျွန်တော်တို့နှစ်ယောက်ဟာ ချစ်သူတွေများ ဖြစ်သွားကြပြီလားဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုလေးတော့ ရှိခဲ့မိပါတယ်။ ဒါပေမဲ့ ချစ်သူတွေဆိုတာက ဖက်ပြီးတာနဲ့ ပြီးသွားကြတာမှ မဟုတ်တာလေနော်။
ဘာပဲဖြစ်ဖြစ် 'လိုအပ်တယ်' ဆိုတဲ့ စကားလုံးက မကောင်းတာမှ မဟုတ်တာ။ သူက ကျွန်တော့ကို လိုအပ်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်ဖြစ်နေတာမို့လို့။
ကျွန်တော် တယောကို ကျိုးချန်ရဲ့ အခန်းဆီ ယူလာပြီး တယောပညာရှင် 'ရက်ကတ်လင်း ဒျူ ပရေး' ရဲ့ 'ရက်ကတ်လင်းရဲ့မျက်ရည်များ (Jacqueline's tears)' တေးသွားကို တီးပြခဲ့တယ်။
ကျွန်တော့စိတ်ဝိဉာဉ်နဲ့ နှလုံးသားကို ဂီတနဲ့ တပေါင်းတစည်းတည်းဖြစ်စေဖို့နဲ့ အဲဒါဆိုရင် သာမန်ထက်ကို ပိုကောင်းလိမ့်မယ်လို့ သူက အကြံပြုတယ်။
"မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ။ ဝမ်းမနည်းပါနဲ့။"
ကျွန်တော်က ဝမ်းနည်းနေတာ မဟုတ်ကြောင်းနဲ့ မူရင်းတေးသွားကိုက ဝမ်းနည်းဖို့ကောင်းနေတာ ဖြစ်ကြောင်း ရှင်းပြရတယ်။
သူက မျက်မှောင်ကြုံ့လိုက်ပြီး ကျွန်တော့နဖူးထောင့်က အမာရွတ်ကို ဖြေးညင်းစွာ ထိတွေ့တယ်။
ဒီအထိအတွေ့ဟာ နွေဦးမှာ ပထမဆုံးပွင့်တဲ့ ပန်းလေးတွေကို လိပ်ပြာလေးက နမ်းရှုပ်နေသကဲ့သို့။
"သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကို ကိုယ် အကြိမ်ပေါင်းများစွာ မျက်မြင်တွေ့ကြုံပြီးခဲ့ရပြီ။ အရမ်းကို များလွန်းလို့ ဘယ်သူတဦးယောက်ရဲ့ အသက်နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး မတုန်လှုပ်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေခဲ့တာ" သူ ပြောတယ်။
"ဒါပေမဲ့ အဲဒီနေ့... မင်း ခွဲခန်းမှာ အသက်လုနေခဲ့ရတဲ့ နေ့မှာ ကိုယ် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်... ခေါ်မသွားပါနဲ့... လို့"
"မင်း သိလား ဆရာဝန်တယောက်က ဘုရားသခင်ရဲ့ တန်ခိုးကို စတင်ယုံကြည်နေပြီဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာကိုလေ...။ အဲဒါက *အာခီလိစ်ရဲ့ ခြေဖနောင့်ကို အဆိပ်လူးမြားထိမှန်သွားသလိုပဲ တဲ့"
"မင်း ဆက်ပြီး ရှင်သန်ဖို့ ရွေးချယ်ခဲ့တာကို ကိုယ် ဝမ်းသာတယ်"
...
နေဝင်ချိန်က ပြတင်းပေါက်အပြင်ကနေ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ။
အလင်းရောင်က ခန်းဆီးရဲ့ အဟကြားကနေ ဖြတ်ကျော် ဝင်ရောက်လာကာ ကော်ဇော်ခင်းပေါ် ဖြာကျနေခဲ့တယ်။
အရင်လို ရွှေကိုင်းမျက်မှန်၊ ဂျူတီကုတ်အဖြူရောင်နဲ့ ကျိုးချန်မဟုတ်ဘဲ ဒီ စွဲမက်ဖွယ်ကောင်းတဲ့ နေဝင်ရီတရောအချိန်က ကျိုးချန်ကို ကျွန်တော် ခိုးကြည့်နေမိတယ်။
ဒီ rut ကာလ ပြီးသွားရင် အရင်လို တည်ငြိမ်ပြီး ချုပ်ထိန်းနိုင်အားကောင်းတဲ့ ကျိုးချန် ပြန်ဖြစ်သွားမှာ ဖြစ်ပြီး ဒီအခြင်းအရာကတော့ ကျွန်တော်တို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်အဖြစ်သာ ကျန်နေခဲ့ပါလိမ့်မယ်။
ညနေပိုင်းမှာတော့ ချီရှူးက ဝမ်းကျစ်ချင်ကို ခေါ်သွားပြီ ဖြစ်တဲ့အကြောင်း ရွှီရှင်ကျယ်က ကျွန်တော့ကို ပြောတယ်။
"ဘာပဲဖြစ်ဖြစ် သူတို့က စေ့စပ်ထားတာပဲလေ။ သူက သူ့လူကို အပြင်မှာ တနေကုန် ပစ်ထားရက်တယ်လား" ရွှီရှင်ကျယ်က ပြောတယ်။
တနေကုန် ဆိုတာက ဘာမှ မဟုတ်ပါဘူး။ ချီရှူးက ဂရုမစိုက်တာသက်သက်ပဲ။
ကျွန်တော် ဝမ်းကျစ်ချင်ကို မမုန်းပါဘူး။ သူ့ကို စာနာပေးလို့ရပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေနောက်ပိုင်းမှာ သူက ကျွန်တော်နဲ့ ဝေးဝေးရှိနေဖို့ပဲ မျှော်လင့်ပါတယ်။
တကယ်တော့ ကျွန်တော် သူ့ကို ကြောက်နေမိတာ။
"အခုရက်ပိုင်း ချီရှူးနဲ့ ပတ်သက်ပြီး တခုခုက မူမမှန်ဖြစ်နေသလိုပဲ" ရွှီရှင်ကျယ်က ချီတုံချတုံဖြစ်ရင်း ပြောတယ်။
"ငါ့ကို တွေ့လိုက်တိုင်း လူကို စားမတတ် ဝါးမတတ် ကြည့်တာ။ တခေါက်တော့ သူက လက်ဦးမှုရသွားပြီး မင်းဘယ်မှာရှိလဲ ငါ့ကို မေးတော့တာပဲ။ ဒါပေါ့ စိတ်မပူနဲ့။ ငါ သူ့ကို ဘာမှမပြောခဲ့ဘူး"
ကျွန်တော် ဘာပြောရမှန်းမသိ။ ကျေးဇူးတင်စကားပဲ ပြောလိုက်တယ်။
"လက်တလောတော့ မင်းဆီကို ငါ လာလည်မှာ မဟုတ်သေးဘူး။ သူ ဘယ်လိုလူလဲဆိုတာကို သိနေတာပဲ။ ငါ့နောက်ကို နောက်ယောင်ခံ လိုက်ခိုင်းနိုင်တယ်။"
ရွှီရှင်ကျယ်ပြောတာ ယုတ္တိရှိတယ်။ ချီရှူးက တကယ်ပဲ အဲ့လို လုပ်နိုင်တယ်။ သူက ကျွန်တော့ကား၊ ဖုန်းနဲ့ ပိုက်ဆံအိတ်မှာပါ ခြေရာခံစက် တပ်ဖူးတယ်။ အဲဒါကြောင့် ကျွန်တော် ထွက်လာတော့ ကျွန်တော့ပစ္စည်းတွေ ယူမလာရဲတာ။
အခုဆို တလတောင်ကျော်နေပြီ။ ချီရှူးရဲ့ စရိုက်အရဆိုရင်တော့ သူ ဘာပဲ ဆုံးရှုံးခဲ့ပါစေ၊ မေ့ချိန်တန်နေပြီကို။ ဘာလို့ ကျွန်တော့ကို အခုချိန်ထိ ရှာနေရသေးတာလဲ။
သူကများ ကျွန်တော်နဲ့ စာချုပ်ကို အသစ်ထပ်ချုပ်ချင်နေတာများလား။
အယ်လ်ဖာတွေက သူတို့ရဲ့ rut ကာလမှာဆိုရင် အကျိုးသင့်အကြောင်းသင့် လုပ်နိုင်စွမ်း မရှိတတ်ကြဘူး။ ကျိုးချန်က ကျွန်တော့ရဲ့ ဖုန်းကို ဆွဲယူပြီး ချီရှူးနာမည်ကို ထပ်ခေါ်ဖို့ ခွင့်မပေးခဲ့ပါဘူး။
"သူ့ကို မချစ်ပါနဲ့တော့ကွာ" သူ တိုးတိုးလေးပြောတယ်။
ကျွန်တော့ နှလုံးသားက တလှပ်လှပ်ခုန်နေခဲ့တယ်။
"မချစ်တော့ဘူး သူ့ကို"
...
.
နွေရောက်လာခဲ့ပြီ။
ကျိုးချန်က ကျွန်တော့ကို ကစားကွင်း ခေါ်သွားတယ်။
ကျွန်တော်တို့က ကာတွန်းမျက်နှာဖုံးတွေ တပ်ထားပြီးတော့ ကလေးတွေနဲ့ ရောနှောကာ ချားရဟတ်(merry-go-round) စီးဖို့ တန်းစီးနေခဲ့ကြတယ်။
တကယ်တော့ ကျွန်တော်က ရိုလာကိုစတာ စီးချင်ခဲ့တာ။ ဒါပေမဲ့ တကယ်လို့သာ စီးလိုက်မယ်ဆိုရင် ကျွန်တော့နှလုံးက ဝန်ထုပ်ဝန်ပိုးဖြစ်သွားမှာဖြစ်လို့ အစပိုင်းမှာ ဒီလိုမျိုးတွေ မစီးတာ ကောင်းတယ်လို့ ကျိုးချန်က ပြောတယ်။
ချောမောလှတဲ့ မိန်းကလေးတွေကြားမှာ ထောင်ထောင်မောင်းမောင်းနဲ့ ကျိုးချန်ဟာ မျက်စိကျစရာ ဖြစ်နေခဲ့တယ်။
သူက အဖြူပေါ်မှာ အနက်ရောင်အကွက်ပါတဲ့ ရှပ်အင်္ကျီကို ဝတ်ထားပြီး အင်္ကျီလက်ကြယ်သီးကို ဖြုတ်ကာ ခေါက်တင်ထားတယ်။ သူ့ရဲ့ သွယ်ပြီး တောင့်တင်းတဲ့ လက်ဖျံက အထင်းသား။ တမင်လုပ်ယူထားတာ မဟုတ်ပေမဲ့လည်း သူ့ပုံစံက လက်ရှိအသက်ထက် အများကြီး ပျိုရွယ်နေတယ်လို့ ထင်ရတယ်။
ကျွန်တော် သူ့ကို တနေရာရာမှာ မြင်ဖူးနေခဲ့တာကို မေ့လျော့နေသလိုပါပဲ။
ချားရဟတ်(merry-go-round) စီးပြီးနောက်မှာတော့ စီတန်းလှည့်လည်လာတဲ့ အဖွဲ့နဲ့ တွေ့ရတယ်။
ကလေးတွေက အနောက်ကနေ ခုန်ပေါက်လိုက်နေကြတယ်။
ကျိုးချန်က ကျွန်တော့ကို လမ်းဘေးဘက်ကို ဆွဲလိုက်ပြီး ကျွန်တော့လက်ထဲက ပူဖောင်းကို ယူကာ ကျွန်တော့လက်ကို ကိုင်ထားတယ်။
"ဒီမှာ လူတွေအများကြီးပဲ။ လူကွဲသွားလိမ့်မယ်" သူက ပေါ့ပေါ့ပါးပါးပဲ ပြောတယ်။
"အင်း"
နေက ပူနေတုန်းပဲ။ ကျွန်တော့မျက်နှာလည်း ပူနေပြီ။
ဒါက ကျွန်တော် ပထမဆုံးအကြိမ် ကစားကွင်းကို ရောက်ဖူးတယ်ဆိုတာကိုတော့ သူ့ကို မပြောခဲ့ပါဘူး။
ကျိုးချန် ရေခဲမုန့် သွားဝယ်နေတုန်း ကျွန်တော်က ခုံတန်းလေးပေါ်မှာ ထိုင်ပြီး စောင့်နေခဲ့တယ်။
မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ ကလေးမလေး တယောက်က ကျွန်တော့ဘေးမှာ ကျွန်တော့ကို ရွှန်းရွှန်းစားစားကြည့်နေတာကို သတိမမူမိခဲ့ဘူး။
ကျွန်တော် သူ(မ)အကြည့်အတိုင်း လိုက်ကြည့်မိတော့ ကလေးမလေးက ကျွန်တော် ကိုင်ထားတဲ့ 'စတယ်လာလောင်'လို့ ခေါ်တဲ့ ခရမ်းရောင်ယုန်ရုပ်လေးကို ကြည့်နေတာကို တွေ့ရတယ်။
ကလေးမလေးက သုံး-လေးနှစ်လောက်ပဲ ရှိဦးမယ်။ မင်းသမီးဝတ်စုံဂါဝန်ကားကားလေးကို ဝတ်ထားတဲ့ သူ(မ)ရဲ့ ပုံစံက တိမ်တိုက်တွေ စုနေသလိုပါပဲ။
တအား ချစ်ဖို့ကောင်းတယ်။
"မီးမီးရေ..." ကျွန်တော် လက်ရမ်းပြလိုက်ရင်း...
"ဖေဖေနဲ့ မေမေရော ဘယ်မှာလဲ"
ကလေးမလေးက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကျွန်တော့ဆီ မရဲတရဲလာပြီး ပြောတယ်။
"မီးမီး သူတို့ကို ရှာမတွေ့တော့ဘူး"
မိဘတွေနဲ့ လူကွဲသွားတဲ့ ကလေးပဲ ဖြစ်ရမယ်။
ဒီ ကစားကွင်းက အကျယ်ကြီးပဲ။ ဒါကြောင့် ကလေးမလေးက မိဘတွေနဲ့ ဘယ်အချိန်တုန်းက ကွဲသွားလဲဆိုတာကို မသိဘူးဖြစ်နေတယ်။ သူ့မိဘတွေကတော့ ဒီလမ်းအတိုင်း ရောက်လာပြီး ကလေးမလေးကို ပြန်ရှာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့်မို့ ကျွန်တော် သူ့ကို ကျွန်တော့အနားဆွဲလိုက်ရင်း မေးလိုက်တယ်။
"မီးမီးနာမည်က ဘယ်လိုခေါ်လဲ"
"မီးမီးနာမည်က ရှောင်ယွီ"
"ဪ... ကိုကို့နာမည်လည်း ရှောင်ယွီပဲလေ" ကလေးမလေးက အရမ်းချစ်ဖို့ကောင်းနေတော့ ကျွန်တော့မှာ သူ့ပါးလေးကို ဖျစ်ညှစ်မိတယ်။
"ကိုကိုရှောင်ယွီ" ကလေးမလေးပုံစံက ထက်ထက်မြက်မြက်ရှိတဲ့ ပုံလေး။
"ကိုကိုရှောင်ယွီ... စတယ်လာလောင်ကို ကြိုက်လား"
"ကြိုက်တာပေါ့။ စတယ်လာလောင်က မီးမီးလိုပဲ ချစ်ဖို့ကောင်းတယ်လေ"
ကျွန်တော် ကလေးမလေးကို ပွေ့ချီပြီး ခုံပေါ် တင်ပေးလိုက်တယ်။ ပြီးတော့ သူ့ရင်ဘတ်ထဲ အရုပ်လေးကို ထည့်ပေးရင်း
"ကိုကို မီးမီးကို ဒီအရုပ်လေး ပေးမယ်နော်"
ကလေးတွေရဲ့ စိတ်ခံစားချက်က မျက်နှာပေါ်မှာ ပေါ်ပါတယ်။ သူ(မ)ရဲ့ မျက်နှာက ဝင်းပသွားပြီး ရှက်ရွံ့စွာ ရယ်ပြုံးရင်း ပြောတယ်။
"ကျေးဇူးပါ ကိုကို"
ပြီးတော့ ကလေးမလေးက တခုခုကို သတိရသွားပုံရပြီး သူ(မ) လွယ်ထားတဲ့ လွယ်အိတ်သေးသေးလေးထဲကနေ ကြယ်လက်ကောက်တကွင်းကို ထုတ်ပေးတယ်။
"ဒါက ကိုကို့အတွက်"
ကျွန်တော်က လက်ကို သူ(မ)ဆီ ထိုးပေးလိုက်ရင်း ကိုယ်တိုင် ဝတ်ခိုင်းဖို့ ပြောလိုက်တယ်။
ကလေးမလေးက ရှက်သွေးဖြာပြီး အိုခေ လို့ ခပ်တိုးတိုးပြောတယ်။ ပြီးတာနဲ့ သူ(မ)က လက်ကလေး တုတ်တုတ်ဖောင်းဖောင်းတွေနဲ့ ကျွန်တော့ကို မရမက လက်ကောက်ဝတ်ပေးပါတော့တယ်။ နည်းနည်းတော့ ကြာသွားတယ်ဆိုပေမဲ့လို့ပေါ့။
ကျွန်တော့လက်ကောက်ဝတ်ပေါ်က တလက်လက်တောက်ပနေတဲ့ ရွှေရောင်ကြယ်လက်ကောက်လေးက ကလေးမလေးတွေ သဘောကျလေ့ရှိတဲ့ ပစ္စည်းပါပဲ။ ဒါပေမဲ့လည်း ကျွန်တော် သဘောကျပါတယ်။
ကျွန်တော် တယောက်တည်း ရောက်လာတာလားလို့ ကလေးမလေးက မေးတယ်။ ကျွန်တော် ဖြေတော့မယ့်ဆဲဆဲမှာပဲ ကျိုးချန်က လမ်းတဖက်ကနေ ရေခဲမုန့်နှစ်ခွက် ကိုင်ရင်း လျှောက်လာတာကို မြင်လိုက်ရတယ်။
ကျွန်တော်က အဲဒီဘက်ကို မျက်နှာမူလိုက်ရင်း ပြောလိုက်တယ်။
"ကိုကိုက အဲဒီကိုကိုနဲ့ အတူတူလာတာလေ"
ကျိုးချန်က ကလေးကို တွေ့တဲ့အခါ အံ့အားသင့်သွားပြီး ကျွန်တော့ကို မေးမြန်းတဲ့အကြည့်နဲ့ ကြည့်တော့တယ်။
"သူက မိဘတွေနဲ့ လူစုကွဲသွားတာ။ ဒါကြောင့်မို့ ကျွန်တော် ကူစောင့်ပေးနေတာရယ်"
ကျွန်တော် ပြန်ပြောလိုက်တယ်။
ရေခဲမုန့်နှစ်ခွက်က ကျွန်တော်နဲ့ ရှောင်ယွီဆီကို ရောက်လာတယ်။
"ကျေးဇူးပါ ဦးဦး" ရှောင်ယွီက ကျိုးချန်ကို ပြောလိုက်တယ်။
ကျိုးချန်က မျက်နှာမသာမယာဖြစ်သွားရင်း မေးတယ်။
"မင်းက သူ့ကိုတောင် ကိုကိုလို့ ခေါ်တာ ဘာလို့ ငါ့ကျမှ ဦးဦး ဖြစ်သွားတာလဲ"
ရှောင်ယွီက ဘယ်လိုဖြေရမယ်မှန်း မသိဘူး။ ကလေးတယောက်အတွက်တော့ ဦးဦးလို့ပဲခေါ်ခေါ် ကိုကိုလို့ပဲခေါ်ခေါ် အတူတူပဲလေ။ ဒါကြောင့် မဖြေတတ်ဘူးဖြစ်နေတယ်။
သူ(မ)က မျက်နှာလွှဲလိုက်ရင်း ကျွန်တော့အပေါ်ကို ခုန်တက်ကာ မျက်နှာနှစ်လိုက်ပြီး ရှောင်လွှဲခြင်းနဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။
ဒီကလေးမလေးက အရမ်းနူးညံ့လွန်းလို့ ကျွန်တော့နှလုံးသားက အရည်ပျော်ကျလုမတတ်ပဲ။
ကျွန်တော် စားနေတဲ့ ရေခဲမုန့်ကို ကျိုးချန်ဆီ ပြန်ပေးလိုက်ပြီး ရှောင်ယွီ့ကို ချီမကာ ကျွန်တော့ပေါင်ပေါ် နေရာတကျ ထားပေးလိုက်တယ်။
ကိုကိုပေးထားတဲ့ စတယ်လာလောင်က ဒီဦးဦး ဝယ်ပေးတာလေ။ ဦးဦးက လူကောင်းပါ လို့ ပြောရင်း ကလေးမလေးကို နှစ်သိမ့်ပေးလိုက်တယ်။
ရှောင်ယွီက ကျိုးချန်ကို စူးစမ်းဖို့ မျက်လုံးတဖက်ဖွင့်ကြည့်ရင်း ပြန်မေးတယ်။
"ကိုကိုနဲ့ ဦးဦးက မီးမီးရဲ့ ဖေဖေနဲ့ မေမေလိုပဲ ချစ်နေကြတာလားဟင်"
အခုခေတ်ကလေးတွေက မသိတာမရှိဘူးပဲ။
xxx
Translator's notes –
*အာခီလိစ်ရဲ့ ခြေဖနောင့်ကို အဆိပ်လူးမြားထိမှန် -
ဂရိဒဏ္ဍာရီအရ အာခီလိစ်(Achilles) သို့မဟုတ် အာခီလိယက်စ်(Achilleus) သည် ဂရိစစ်သည်များ၏ ကြီးမြတ်သော ဂုဏ်သိက္ခာဖြစ်သလို ထရိုဂျန်စစ်ပွဲ၏ သူရဲကောင်းလည်း ဖြစ်သည်။ သူသည် ဖိဒ်ယား (King of Phthia) ဘုရင် ဖီလိယက်စ်(Peleus) နှင့် တက်သိစ် (Nereid Thetis) တို့၏ သားတော် ဖြစ်သည်။
ထရိုဂျန်စစ်ပွဲအတွင်း အာခီလိစ်၏ ထင်ရှားသော စွမ်းဆောင်မှုမှာ ထရိုင်မြို့ဂိတ်ပေါက်အပြင်၌ ထရိုဂျန်မင်းသား ဟက်တာ(Hector) ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အာခီလိစ်၏ သေဆုံးခြင်းကို တေးကဗျာထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း ခေတ်ပြိုင် ရင်းမြစ်များ၏ အဆိုအရ အာခီလိစ်သည် ထရိုဂျန်စစ်ပွဲအတွင်း ထရိုဂျန်မင်းသား ပဲရစ် (မင်းသား ဟက်တာ၏ ညီတော်) ၏ မြားကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။
မင်းသားပဲရစ် ပစ်လိုက်သော မြားမှာ အာခီလိစ်၏ ခြေဖဝါးကို စိုက်ဝင်သွားသောကြောင့် ဖြစ်သည်။
ဒဏ္ဍာရီအရ အာခီလိစ်၏ ခန္ဓာကိုယ်သည် ၎င်း၏ ခြေဖနောင့်တဖက်မှ လွဲ၍ ဘေးမတွေ့နိုင်။ အဘယ်ကြောင့်ဆိုသော် သူ၏ မိခင်ဖြစ်သူ တက်သိစ်(Thetis) မှာ အာခီလိစ် မွေးကင်းစအရွယ်၌ 'စတစ်စ်မြစ် (the river Styx) ထဲသို့ ကလေးငယ်၏ ခြေဖနောင့်ကို ကိုင်ကာ နှစ်ခဲ့သည်ဟု အဆိုရှိသည်။
ထိုအဆိုအရ "အာခီလိစ်၏ ခြေဖနောင့်" ဟူသော ဝေါဟာရ ထွက်ပေါ်လာပြီး အဓိပ္ပာယ်မှာ
တစုံတယောက်၏ ကြံ့ခိုင်မှုထဲမှ အားနည်းချက် (သို့) ပျော့ကွက် ဖြစ်သည်။
(Source – Wiki)
[Zawgyi]
အယ္လ္ဖာတေယာက္ရဲ႕ အမွန္တကယ္ ျဖစ္တဲ့ rut ကာလက ဘယ္လိုမ်ိဳးလဲဆိုတာကို ေနာက္တရက္မွာပဲ ကြၽန္ေတာ္ သိရွိခဲ့ရပါတယ္။
က်ိဳးခ်န္က သူ႔အနားကပ္လာတဲ့လူ မွန္သမွ်ကို ေမာင္းထုတ္ပစ္တယ္။ အကာအကြယ္ေဆး ထိုးၿပီးေနာက္မွာေတာ့ သူက အရမ္းကို ၿပိဳင္းေနကာ ႏိုးထဖို႔ကို အခ်ိန္ယူေနရၿပီး ငိုက္ျမည္းေနတဲ့ ျခေသၤ့ႀကီးတေကာင္လိုပါပဲ။
တခ်ိန္တည္းမွာပဲ သူဟာ ကြၽန္ေတာ့ကို မ်က္စိေအာက္ကေန အေပ်ာက္မခံေတာ့ပါဘူး။ မသိရင္ေတာ့ ကြၽန္ေတာ္က သူ႔ကိုယ္ပိုင္ ေခါင္းအုံးေလးအလား။
သူ ကြၽန္ေတာ့ကို ေနာက္ေက်ာကေန သိုင္းဖက္လိုက္ခ်ိန္တိုင္းမွာ ကြၽန္ေတာ့ရဲ႕ ကုတ္ပိုးကို ကိုက္လိမ့္မယ္ဆိုတဲ့ ခံစားခ်က္ ဝင္ေနမိတယ္။ ဒါေပမဲ့ သူ လုပ္ခဲ့တာက ႏွာေခါင္းထိပ္ေလးနဲ႔သာ ပြတ္သပ္ခဲ့တာပါပဲ။
ဒီလိုပုံစံ ဆက္ဆံေရးက ကြၽန္ေတာ့ကို ဇေဝဇဝါျဖစ္ေစပါတယ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ ဆရာဝန္နဲ႔ လူနာ ဆက္ဆံေရး မဟုတ္၊ သူငယ္ခ်င္းေတြလည္း မဟုတ္ၾကသလို စပြန္ဆာကိုကိုဆက္ဆံေရးမ်ိဳးလည္း မဟုတ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ ခ်စ္သူေတြမ်ား ျဖစ္သြားၾကၿပီလားဆိုတဲ့ ထင္ေယာင္ထင္မွားျဖစ္မႈေလးေတာ့ ရွိခဲ့မိပါတယ္။ ဒါေပမဲ့ ခ်စ္သူေတြဆိုတာက ဖက္ၿပီးတာနဲ႔ ၿပီးသြားၾကတာမွ မဟုတ္တာေလေနာ္။
ဘာပဲျဖစ္ျဖစ္ 'လိုအပ္တယ္' ဆိုတဲ့ စကားလုံးက မေကာင္းတာမွ မဟုတ္တာ။ သူက ကြၽန္ေတာ့ကို လိုအပ္တယ္ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ျဖစ္ေနတာမို႔လို႔။
ကြၽန္ေတာ္ တေယာကို က်ိဳးခ်န္ရဲ႕ အခန္းဆီ ယူလာၿပီး တေယာပညာရွင္ 'ရက္ကတ္လင္း ဒ်ဴ ပေရး' ရဲ႕ 'ရက္ကတ္လင္းရဲ႕မ်က္ရည္မ်ား (Jacqueline's tears)' ေတးသြားကို တီးျပခဲ့တယ္။
ကြၽန္ေတာ့စိတ္ဝိဉာဥ္နဲ႔ ႏွလုံးသားကို ဂီတနဲ႔ တေပါင္းတစည္းတည္းျဖစ္ေစဖို႔နဲ႔ အဲဒါဆိုရင္ သာမန္ထက္ကို ပိုေကာင္းလိမ့္မယ္လို႔ သူက အႀကံျပဳတယ္။
"မင္းက ငယ္ငယ္ေလးပဲ ရွိေသးတာ။ ဝမ္းမနည္းပါနဲ႔။"
ကြၽန္ေတာ္က ဝမ္းနည္းေနတာ မဟုတ္ေၾကာင္းနဲ႔ မူရင္းေတးသြားကိုက ဝမ္းနည္းဖို႔ေကာင္းေနတာ ျဖစ္ေၾကာင္း ရွင္းျပရတယ္။
သူက မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး ကြၽန္ေတာ့နဖူးေထာင့္က အမာ႐ြတ္ကို ေျဖးညင္းစြာ ထိေတြ႕တယ္။
ဒီအထိအေတြ႕ဟာ ေႏြဦးမွာ ပထမဆုံးပြင့္တဲ့ ပန္းေလးေတြကို လိပ္ျပာေလးက နမ္းရႈပ္ေနသကဲ့သို႔။
"ေသဆုံးျခင္းနဲ႔ ရွင္သန္ျခင္းကို ကိုယ္ အႀကိမ္ေပါင္းမ်ားစြာ မ်က္ျမင္ေတြ႕ႀကဳံၿပီးခဲ့ရၿပီ။ အရမ္းကို မ်ားလြန္းလို႔ ဘယ္သူတဦးေယာက္ရဲ႕ အသက္နဲ႔ ပတ္သက္ၿပီးေတာ့ ထပ္ၿပီး မတုန္လႈပ္ေတာ့ဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ထင္ေနခဲ့တာ" သူ ေျပာတယ္။
"ဒါေပမဲ့ အဲဒီေန႔... မင္း ခြဲခန္းမွာ အသက္လုေနခဲ့ရတဲ့ ေန႔မွာ ကိုယ္ ဘုရားသခင္ဆီ ဆုေတာင္းခဲ့တယ္... ေခၚမသြားပါနဲ႔... လို႔"
"မင္း သိလား ဆရာဝန္တေယာက္က ဘုရားသခင္ရဲ႕ တန္ခိုးကို စတင္ယုံၾကည္ေနၿပီဆိုတာက ဘာအဓိပၸာယ္လဲဆိုတာကိုေလ...။ အဲဒါက *အာခီလိစ္ရဲ႕ ေျခဖေနာင့္ကို အဆိပ္လူးျမားထိမွန္သြားသလိုပဲ တဲ့"
"မင္း ဆက္ၿပီး ရွင္သန္ဖို႔ ေ႐ြးခ်ယ္ခဲ့တာကို ကိုယ္ ဝမ္းသာတယ္"
...
ေနဝင္ခ်ိန္က ျပတင္းေပါက္အျပင္ကေန ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ၿပီ။
အလင္းေရာင္က ခန္းဆီးရဲ႕ အဟၾကားကေန ျဖတ္ေက်ာ္ ဝင္ေရာက္လာကာ ေကာ္ေဇာ္ခင္းေပၚ ျဖာက်ေနခဲ့တယ္။
အရင္လို ေ႐ႊကိုင္းမ်က္မွန္၊ ဂ်ဴတီကုတ္အျဖဴေရာင္နဲ႔ က်ိဳးခ်န္မဟုတ္ဘဲ ဒီ စြဲမက္ဖြယ္ေကာင္းတဲ့ ေနဝင္ရီတေရာအခ်ိန္က က်ိဳးခ်န္ကို ကြၽန္ေတာ္ ခိုးၾကည့္ေနမိတယ္။
ဒီ rut ကာလ ၿပီးသြားရင္ အရင္လို တည္ၿငိမ္ၿပီး ခ်ဳပ္ထိန္းႏိုင္အားေကာင္းတဲ့ က်ိဳးခ်န္ ျပန္ျဖစ္သြားမွာ ျဖစ္ၿပီး ဒီအျခင္းအရာကေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားက လွ်ိဳ႕ဝွက္ခ်က္အျဖစ္သာ က်န္ေနခဲ့ပါလိမ့္မယ္။
ညေနပိုင္းမွာေတာ့ ခ်ီရႉးက ဝမ္းက်စ္ခ်င္ကို ေခၚသြားၿပီ ျဖစ္တဲ့အေၾကာင္း ႐ႊီရွင္က်ယ္က ကြၽန္ေတာ့ကို ေျပာတယ္။
"ဘာပဲျဖစ္ျဖစ္ သူတို႔က ေစ့စပ္ထားတာပဲေလ။ သူက သူ႔လူကို အျပင္မွာ တေနကုန္ ပစ္ထားရက္တယ္လား" ႐ႊီရွင္က်ယ္က ေျပာတယ္။
တေနကုန္ ဆိုတာက ဘာမွ မဟုတ္ပါဘူး။ ခ်ီရႉးက ဂ႐ုမစိုက္တာသက္သက္ပဲ။
ကြၽန္ေတာ္ ဝမ္းက်စ္ခ်င္ကို မမုန္းပါဘူး။ သူ႔ကို စာနာေပးလို႔ရပါတယ္။ ဒါေပမဲ့ ဒီအျဖစ္အပ်က္ေတြေနာက္ပိုင္းမွာ သူက ကြၽန္ေတာ္နဲ႔ ေဝးေဝးရွိေနဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။
တကယ္ေတာ့ ကြၽန္ေတာ္ သူ႔ကို ေၾကာက္ေနမိတာ။
"အခုရက္ပိုင္း ခ်ီရႉးနဲ႔ ပတ္သက္ၿပီး တခုခုက မူမမွန္ျဖစ္ေနသလိုပဲ" ႐ႊီရွင္က်ယ္က ခ်ီတုံခ်တုံျဖစ္ရင္း ေျပာတယ္။
"ငါ့ကို ေတြ႕လိုက္တိုင္း လူကို စားမတတ္ ဝါးမတတ္ ၾကည့္တာ။ တေခါက္ေတာ့ သူက လက္ဦးမႈရသြားၿပီး မင္းဘယ္မွာရွိလဲ ငါ့ကို ေမးေတာ့တာပဲ။ ဒါေပါ့ စိတ္မပူနဲ႔။ ငါ သူ႔ကို ဘာမွမေျပာခဲ့ဘူး"
ကြၽန္ေတာ္ ဘာေျပာရမွန္းမသိ။ ေက်းဇူးတင္စကားပဲ ေျပာလိုက္တယ္။
"လက္တေလာေတာ့ မင္းဆီကို ငါ လာလည္မွာ မဟုတ္ေသးဘူး။ သူ ဘယ္လိုလူလဲဆိုတာကို သိေနတာပဲ။ ငါ့ေနာက္ကို ေနာက္ေယာင္ခံ လိုက္ခိုင္းႏိုင္တယ္။"
႐ႊီရွင္က်ယ္ေျပာတာ ယုတၱိရွိတယ္။ ခ်ီရႉးက တကယ္ပဲ အဲ့လို လုပ္ႏိုင္တယ္။ သူက ကြၽန္ေတာ့ကား၊ ဖုန္းနဲ႔ ပိုက္ဆံအိတ္မွာပါ ေျခရာခံစက္ တပ္ဖူးတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ ထြက္လာေတာ့ ကြၽန္ေတာ့ပစၥည္းေတြ ယူမလာရဲတာ။
အခုဆို တလေတာင္ေက်ာ္ေနၿပီ။ ခ်ီရႉးရဲ႕ စ႐ိုက္အရဆိုရင္ေတာ့ သူ ဘာပဲ ဆုံးရႈံးခဲ့ပါေစ၊ ေမ့ခ်ိန္တန္ေနၿပီကို။ ဘာလို႔ ကြၽန္ေတာ့ကို အခုခ်ိန္ထိ ရွာေနရေသးတာလဲ။
သူကမ်ား ကြၽန္ေတာ္နဲ႔ စာခ်ဳပ္ကို အသစ္ထပ္ခ်ဳပ္ခ်င္ေနတာမ်ားလား။
အယ္လ္ဖာေတြက သူတို႔ရဲ႕ rut ကာလမွာဆိုရင္ အက်ိဳးသင့္အေၾကာင္းသင့္ လုပ္ႏိုင္စြမ္း မရွိတတ္ၾကဘူး။ က်ိဳးခ်န္က ကြၽန္ေတာ့ရဲ႕ ဖုန္းကို ဆြဲယူၿပီး ခ်ီရႉးနာမည္ကို ထပ္ေခၚဖို႔ ခြင့္မေပးခဲ့ပါဘူး။
"သူ႔ကို မခ်စ္ပါနဲ႔ေတာ့ကြာ" သူ တိုးတိုးေလးေျပာတယ္။
ကြၽန္ေတာ့ ႏွလုံးသားက တလွပ္လွပ္ခုန္ေနခဲ့တယ္။
"မခ်စ္ေတာ့ဘူး သူ႔ကို"
...
.
ေႏြေရာက္လာခဲ့ၿပီ။
က်ိဳးခ်န္က ကြၽန္ေတာ့ကို ကစားကြင္း ေခၚသြားတယ္။
ကြၽန္ေတာ္တို႔က ကာတြန္းမ်က္ႏွာဖုံးေတြ တပ္ထားၿပီးေတာ့ ကေလးေတြနဲ႔ ေရာေႏွာကာ ခ်ားရဟတ္(merry-go-round) စီးဖို႔ တန္းစီးေနခဲ့ၾကတယ္။
တကယ္ေတာ့ ကြၽန္ေတာ္က ႐ိုလာကိုစတာ စီးခ်င္ခဲ့တာ။ ဒါေပမဲ့ တကယ္လို႔သာ စီးလိုက္မယ္ဆိုရင္ ကြၽန္ေတာ့ႏွလုံးက ဝန္ထုပ္ဝန္ပိုးျဖစ္သြားမွာျဖစ္လို႔ အစပိုင္းမွာ ဒီလိုမ်ိဳးေတြ မစီးတာ ေကာင္းတယ္လို႔ က်ိဳးခ်န္က ေျပာတယ္။
ေခ်ာေမာလွတဲ့ မိန္းကေလးေတြၾကားမွာ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ က်ိဳးခ်န္ဟာ မ်က္စိက်စရာ ျဖစ္ေနခဲ့တယ္။
သူက အျဖဴေပၚမွာ အနက္ေရာင္အကြက္ပါတဲ့ ရွပ္အက်ႌကို ဝတ္ထားၿပီး အက်ႌလက္ၾကယ္သီးကို ျဖဳတ္ကာ ေခါက္တင္ထားတယ္။ သူ႔ရဲ႕ သြယ္ၿပီး ေတာင့္တင္းတဲ့ လက္ဖ်ံက အထင္းသား။ တမင္လုပ္ယူထားတာ မဟုတ္ေပမဲ့လည္း သူ႔ပုံစံက လက္ရွိအသက္ထက္ အမ်ားႀကီး ပ်ိဳ႐ြယ္ေနတယ္လို႔ ထင္ရတယ္။
ကြၽန္ေတာ္ သူ႔ကို တေနရာရာမွာ ျမင္ဖူးေနခဲ့တာကို ေမ့ေလ်ာ့ေနသလိုပါပဲ။
ခ်ားရဟတ္(merry-go-round) စီးၿပီးေနာက္မွာေတာ့ စီတန္းလွည့္လည္လာတဲ့ အဖြဲ႕နဲ႔ ေတြ႕ရတယ္။
ကေလးေတြက အေနာက္ကေန ခုန္ေပါက္လိုက္ေနၾကတယ္။
က်ိဳးခ်န္က ကြၽန္ေတာ့ကို လမ္းေဘးဘက္ကို ဆြဲလိုက္ၿပီး ကြၽန္ေတာ့လက္ထဲက ပူေဖာင္းကို ယူကာ ကြၽန္ေတာ့လက္ကို ကိုင္ထားတယ္။
"ဒီမွာ လူေတြအမ်ားႀကီးပဲ။ လူကြဲသြားလိမ့္မယ္" သူက ေပါ့ေပါ့ပါးပါးပဲ ေျပာတယ္။
"အင္း"
ေနက ပူေနတုန္းပဲ။ ကြၽန္ေတာ့မ်က္ႏွာလည္း ပူေနၿပီ။
ဒါက ကြၽန္ေတာ္ ပထမဆုံးအႀကိမ္ ကစားကြင္းကို ေရာက္ဖူးတယ္ဆိုတာကိုေတာ့ သူ႔ကို မေျပာခဲ့ပါဘူး။
က်ိဳးခ်န္ ေရခဲမုန႔္ သြားဝယ္ေနတုန္း ကြၽန္ေတာ္က ခုံတန္းေလးေပၚမွာ ထိုင္ၿပီး ေစာင့္ေနခဲ့တယ္။
မ်က္လုံးဝိုင္းဝိုင္းႀကီးနဲ႔ ကေလးမေလး တေယာက္က ကြၽန္ေတာ့ေဘးမွာ ကြၽန္ေတာ့ကို ႐ႊန္း႐ႊန္းစားစားၾကည့္ေနတာကို သတိမမူမိခဲ့ဘူး။
ကြၽန္ေတာ္ သူ(မ)အၾကည့္အတိုင္း လိုက္ၾကည့္မိေတာ့ ကေလးမေလးက ကြၽန္ေတာ္ ကိုင္ထားတဲ့ 'စတယ္လာေလာင္'လို႔ ေခၚတဲ့ ခရမ္းေရာင္ယုန္႐ုပ္ေလးကို ၾကည့္ေနတာကို ေတြ႕ရတယ္။
ကေလးမေလးက သုံး-ေလးႏွစ္ေလာက္ပဲ ရွိဦးမယ္။ မင္းသမီးဝတ္စုံဂါဝန္ကားကားေလးကို ဝတ္ထားတဲ့ သူ(မ)ရဲ႕ ပုံစံက တိမ္တိုက္ေတြ စုေနသလိုပါပဲ။
တအား ခ်စ္ဖို႔ေကာင္းတယ္။
"မီးမီးေရ..." ကြၽန္ေတာ္ လက္ရမ္းျပလိုက္ရင္း...
"ေဖေဖနဲ႔ ေမေမေရာ ဘယ္မွာလဲ"
ကေလးမေလးက မ်က္လုံးကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ကြၽန္ေတာ့ဆီ မရဲတရဲလာၿပီး ေျပာတယ္။
"မီးမီး သူတို႔ကို ရွာမေတြ႕ေတာ့ဘူး"
မိဘေတြနဲ႔ လူကြဲသြားတဲ့ ကေလးပဲ ျဖစ္ရမယ္။
ဒီ ကစားကြင္းက အက်ယ္ႀကီးပဲ။ ဒါေၾကာင့္ ကေလးမေလးက မိဘေတြနဲ႔ ဘယ္အခ်ိန္တုန္းက ကြဲသြားလဲဆိုတာကို မသိဘူးျဖစ္ေနတယ္။ သူ႔မိဘေတြကေတာ့ ဒီလမ္းအတိုင္း ေရာက္လာၿပီး ကေလးမေလးကို ျပန္ရွာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္ သူ႔ကို ကြၽန္ေတာ့အနားဆြဲလိုက္ရင္း ေမးလိုက္တယ္။
"မီးမီးနာမည္က ဘယ္လိုေခၚလဲ"
"မီးမီးနာမည္က ေရွာင္ယြီ"
"ဪ... ကိုကို႔နာမည္လည္း ေရွာင္ယြီပဲေလ" ကေလးမေလးက အရမ္းခ်စ္ဖို႔ေကာင္းေနေတာ့ ကြၽန္ေတာ့မွာ သူ႔ပါးေလးကို ဖ်စ္ညႇစ္မိတယ္။
"ကိုကိုေရွာင္ယြီ" ကေလးမေလးပုံစံက ထက္ထက္ျမက္ျမက္ရွိတဲ့ ပုံေလး။
"ကိုကိုေရွာင္ယြီ... စတယ္လာေလာင္ကို ႀကိဳက္လား"
"ႀကိဳက္တာေပါ့။ စတယ္လာေလာင္က မီးမီးလိုပဲ ခ်စ္ဖို႔ေကာင္းတယ္ေလ"
ကြၽန္ေတာ္ ကေလးမေလးကို ေပြ႕ခ်ီၿပီး ခုံေပၚ တင္ေပးလိုက္တယ္။ ၿပီးေတာ့ သူ႔ရင္ဘတ္ထဲ အ႐ုပ္ေလးကို ထည့္ေပးရင္း
"ကိုကို မီးမီးကို ဒီအ႐ုပ္ေလး ေပးမယ္ေနာ္"
ကေလးေတြရဲ႕ စိတ္ခံစားခ်က္က မ်က္ႏွာေပၚမွာ ေပၚပါတယ္။ သူ(မ)ရဲ႕ မ်က္ႏွာက ဝင္းပသြားၿပီး ရွက္႐ြံ႕စြာ ရယ္ၿပဳံးရင္း ေျပာတယ္။
"ေက်းဇူးပါ ကိုကို"
ၿပီးေတာ့ ကေလးမေလးက တခုခုကို သတိရသြားပုံရၿပီး သူ(မ) လြယ္ထားတဲ့ လြယ္အိတ္ေသးေသးေလးထဲကေန ၾကယ္လက္ေကာက္တကြင္းကို ထုတ္ေပးတယ္။
"ဒါက ကိုကို႔အတြက္"
ကြၽန္ေတာ္က လက္ကို သူ(မ)ဆီ ထိုးေပးလိုက္ရင္း ကိုယ္တိုင္ ဝတ္ခိုင္းဖို႔ ေျပာလိုက္တယ္။
ကေလးမေလးက ရွက္ေသြးျဖာၿပီး အိုေခ လို႔ ခပ္တိုးတိုးေျပာတယ္။ ၿပီးတာနဲ႔ သူ(မ)က လက္ကေလး တုတ္တုတ္ေဖာင္းေဖာင္းေတြနဲ႔ ကြၽန္ေတာ့ကို မရမက လက္ေကာက္ဝတ္ေပးပါေတာ့တယ္။ နည္းနည္းေတာ့ ၾကာသြားတယ္ဆိုေပမဲ့လို႔ေပါ့။
ကြၽန္ေတာ့လက္ေကာက္ဝတ္ေပၚက တလက္လက္ေတာက္ပေနတဲ့ ေ႐ႊေရာင္ၾကယ္လက္ေကာက္ေလးက ကေလးမေလးေတြ သေဘာက်ေလ့ရွိတဲ့ ပစၥည္းပါပဲ။ ဒါေပမဲ့လည္း ကြၽန္ေတာ္ သေဘာက်ပါတယ္။
ကြၽန္ေတာ္ တေယာက္တည္း ေရာက္လာတာလားလို႔ ကေလးမေလးက ေမးတယ္။ ကြၽန္ေတာ္ ေျဖေတာ့မယ့္ဆဲဆဲမွာပဲ က်ိဳးခ်န္က လမ္းတဖက္ကေန ေရခဲမုန႔္ႏွစ္ခြက္ ကိုင္ရင္း ေလွ်ာက္လာတာကို ျမင္လိုက္ရတယ္။
ကြၽန္ေတာ္က အဲဒီဘက္ကို မ်က္ႏွာမူလိုက္ရင္း ေျပာလိုက္တယ္။
"ကိုကိုက အဲဒီကိုကိုနဲ႔ အတူတူလာတာေလ"
က်ိဳးခ်န္က ကေလးကို ေတြ႕တဲ့အခါ အံ့အားသင့္သြားၿပီး ကြၽန္ေတာ့ကို ေမးျမန္းတဲ့အၾကည့္နဲ႔ ၾကည့္ေတာ့တယ္။
"သူက မိဘေတြနဲ႔ လူစုကြဲသြားတာ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္ ကူေစာင့္ေပးေနတာရယ္"
ကြၽန္ေတာ္ ျပန္ေျပာလိုက္တယ္။
ေရခဲမုန႔္ႏွစ္ခြက္က ကြၽန္ေတာ္နဲ႔ ေရွာင္ယြီဆီကို ေရာက္လာတယ္။
"ေက်းဇူးပါ ဦးဦး" ေရွာင္ယြီက က်ိဳးခ်န္ကို ေျပာလိုက္တယ္။
က်ိဳးခ်န္က မ်က္ႏွာမသာမယာျဖစ္သြားရင္း ေမးတယ္။
"မင္းက သူ႔ကိုေတာင္ ကိုကိုလို႔ ေခၚတာ ဘာလို႔ ငါ့က်မွ ဦးဦး ျဖစ္သြားတာလဲ"
ေရွာင္ယြီက ဘယ္လိုေျဖရမယ္မွန္း မသိဘူး။ ကေလးတေယာက္အတြက္ေတာ့ ဦးဦးလို႔ပဲေခၚေခၚ ကိုကိုလို႔ပဲေခၚေခၚ အတူတူပဲေလ။ ဒါေၾကာင့္ မေျဖတတ္ဘူးျဖစ္ေနတယ္။
သူ(မ)က မ်က္ႏွာလႊဲလိုက္ရင္း ကြၽန္ေတာ့အေပၚကို ခုန္တက္ကာ မ်က္ႏွာႏွစ္လိုက္ၿပီး ေရွာင္လႊဲျခင္းနဲ႔ ျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားေနတယ္။
ဒီကေလးမေလးက အရမ္းႏူးညံ့လြန္းလို႔ ကြၽန္ေတာ့ႏွလုံးသားက အရည္ေပ်ာ္က်လုမတတ္ပဲ။
ကြၽန္ေတာ္ စားေနတဲ့ ေရခဲမုန႔္ကို က်ိဳးခ်န္ဆီ ျပန္ေပးလိုက္ၿပီး ေရွာင္ယြီ႕ကို ခ်ီမကာ ကြၽန္ေတာ့ေပါင္ေပၚ ေနရာတက် ထားေပးလိုက္တယ္။
ကိုကိုေပးထားတဲ့ စတယ္လာေလာင္က ဒီဦးဦး ဝယ္ေပးတာေလ။ ဦးဦးက လူေကာင္းပါ လို႔ ေျပာရင္း ကေလးမေလးကို ႏွစ္သိမ့္ေပးလိုက္တယ္။
ေရွာင္ယြီက က်ိဳးခ်န္ကို စူးစမ္းဖို႔ မ်က္လုံးတဖက္ဖြင့္ၾကည့္ရင္း ျပန္ေမးတယ္။
"ကိုကိုနဲ႔ ဦးဦးက မီးမီးရဲ႕ ေဖေဖနဲ႔ ေမေမလိုပဲ ခ်စ္ေနၾကတာလားဟင္"
အခုေခတ္ကေလးေတြက မသိတာမရွိဘူးပဲ။
xxx
Translator's notes –
*အာခီလိစ္ရဲ႕ ေျခဖေနာင့္ကို အဆိပ္လူးျမားထိမွန္ -
ဂရိဒ႑ာရီအရ အာခီလိစ္(Achilles) သို႔မဟုတ္ အာခီလိယက္စ္(Achilleus) သည္ ဂရိစစ္သည္မ်ား၏ ႀကီးျမတ္ေသာ ဂုဏ္သိကၡာျဖစ္သလို ထ႐ိုဂ်န္စစ္ပြဲ၏ သူရဲေကာင္းလည္း ျဖစ္သည္။ သူသည္ ဖိဒ္ယား (King of Phthia) ဘုရင္ ဖီလိယက္စ္(Peleus) ႏွင့္ တက္သိစ္ (Nereid Thetis) တို႔၏ သားေတာ္ ျဖစ္သည္။
ထ႐ိုဂ်န္စစ္ပြဲအတြင္း အာခီလိစ္၏ ထင္ရွားေသာ စြမ္းေဆာင္မႈမွာ ထ႐ိုင္ၿမိဳ႕ဂိတ္ေပါက္အျပင္၌ ထ႐ိုဂ်န္မင္းသား ဟက္တာ(Hector) ကို သတ္ျဖတ္ခဲ့ျခင္းျဖစ္သည္။ အာခီလိစ္၏ ေသဆုံးျခင္းကို ေတးကဗ်ာထဲတြင္ ထည့္သြင္းေဖာ္ျပထားျခင္း မရွိေသာ္လည္း ေခတ္ၿပိဳင္ ရင္းျမစ္မ်ား၏ အဆိုအရ အာခီလိစ္သည္ ထ႐ိုဂ်န္စစ္ပြဲအတြင္း ထ႐ိုဂ်န္မင္းသား ပဲရစ္ (မင္းသား ဟက္တာ၏ ညီေတာ္) ၏ ျမားေၾကာင့္ ေသဆုံးခဲ့ရသည္ဟု ဆိုၾကသည္။
မင္းသားပဲရစ္ ပစ္လိုက္ေသာ ျမားမွာ အာခီလိစ္၏ ေျခဖဝါးကို စိုက္ဝင္သြားေသာေၾကာင့္ ျဖစ္သည္။
ဒ႑ာရီအရ အာခီလိစ္၏ ခႏၶာကိုယ္သည္ ၎၏ ေျခဖေနာင့္တဖက္မွ လြဲ၍ ေဘးမေတြ႕ႏိုင္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ၏ မိခင္ျဖစ္သူ တက္သိစ္(Thetis) မွာ အာခီလိစ္ ေမြးကင္းစအ႐ြယ္၌ 'စတစ္စ္ျမစ္ (the river Styx) ထဲသို႔ ကေလးငယ္၏ ေျခဖေနာင့္ကို ကိုင္ကာ ႏွစ္ခဲ့သည္ဟု အဆိုရွိသည္။
ထိုအဆိုအရ "အာခီလိစ္၏ ေျခဖေနာင့္" ဟူေသာ ေဝါဟာရ ထြက္ေပၚလာၿပီး အဓိပၸာယ္မွာ
တစုံတေယာက္၏ ႀကံ့ခိုင္မႈထဲမွ အားနည္းခ်က္ (သို႔) ေပ်ာ့ကြက္ ျဖစ္သည္။
(Source – Wiki)