[Unicode]
ကျွန်တော် ဆေးရုံကဆင်းတဲ့နေ့မှာ နေသာနေခဲ့တယ်။ အဲ့တော့မှ နွေရာသီရောက်နေပြီမှန်း သတိထားမိခဲ့။
ကျွန်တော် ဆေးရုံမှာ ရှိနေစဉ်တလျှောက်လုံး ပြင်ပနဲ့ အဆက်အသွယ်မရှိခဲ့ပါဘူး။ ပြင်ပအကြောင်း ကျွန်တော် သိရသမျှက ကျိုးချန် နေ့တိုင်း ယူလာခဲ့တဲ့ သတင်းစာတွေကနေပါပဲ။
ကျိုးချန်မှာ ခေတ်ဟောင်းခေတ်က အလေ့အကျင့်တခု ရှိတယ်။ သတင်းစာမှာ ပါတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖြတ်ညှပ်ပြီး မှတ်စုစာအုပ်မှာ ကပ်ထားတတ်တယ်။ ပြီးတော့ ကျွန်တော့ကို ပြတယ်လေ။
သူ့ကို ဟာသအနေနဲ့ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးဖူးတယ်။ အဲဒီအခါကျ သူက ဟန်ဆောင်ပန်ဆောင် အလေးအနက်ထားတဲ့ ပုံစံနဲ့ သူများအသက်ကို မေးတာ မယဉ်ကျေးတာပဲလို့ ပြောပြီး ဆူတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ မျက်ခုံးကြုံ့ထားရာမှ ပြန်ဖြည်ပြီး ၃၁နှစ်လို့ ဖြေတယ်။
ကျွန်တော် သူ့ကို ထပ်မေးပြန်တယ်။ "ဒေါက်တာက တကယ်ပဲ ဆရာဝန်ရော ဟုတ်ရဲ့လား။ အလုပ်မလုပ်ဘူးလား"
သူက ခွင့်ယူထားတယ်လို့ ဖြေတယ်။
"မေးခွန်းတွေ ထပ်ရှိသေးရင် တပေါင်းတည်းမေးလေ" သူ့ပုံစံကြည့်ရတာ ကူကယ်ရာမဲ့။
ကျွန်တော့မှာ မေးခွန်းထပ်မရှိတော့ပါဘူး။
နေဦး... တခု ထပ်ရှိသေးတယ်။
"ဒေါက်တာ ကျွန်တော့ကို ဒီလောက် ကူညီပေးနေတာ။ တကယ်လို့ ချီရှူးကများ..."
"စိတ်ချလက်ချ အနားယူ"
သူက လက်ထဲက စာအုပ်ကို ပိတ်လိုက်ပြီး ဘာကိုမှ အမှုမထားသလို ပြောတယ်။
"သူ့မှာ ကိုယ်နဲ့ပတ်သက်ပြီး ဘာမှ လုပ်နိုင်စွမ်း မရှိဘူး"
ဆေးရုံကနေ ပြန်တဲ့လမ်းမှာ ကျွန်တော် သူ့ကို ချီရှူးအိမ်ကို သွားချင်တယ်လို့ ပြောလိုက်တယ်။
ကျိုးချန်က ကျွန်တော့ကို တချက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဒရိုင်ဘာကို လမ်းကြောင်းပြောင်းခိုင်းလိုက်တယ်။
နွေဝင်ခါစပဲ ရှိသေးပေမဲ့ လမ်းဘေးဝဲယာမှာ စိမ်းစိုနေတယ်။
ချီရှူးရဲ့ မိသားစုက မြို့လယ်ကောင်က လူချမ်းသာရပ်ကွက်မှာ နေတာပဲ ဖြစ်တယ်။ ဆူညံသံကင်းရှင်းတဲ့ အဖိုးတန်နေရာက ခြံဝင်းကြီးရဲ့ တဝက်လောက်မှာ လေးဖက်လေးတန်က အုံ့မှိုင်းအုပ်ဆိုင်းနေတယ်။
ဒရိုင်ဘာက လမ်းတဖက်မှာ ကားရပ်ပေးတော့ ကျွန်တော် ကားပေါ်က ဆင်းကာ အိပ်ကပ်ထဲက အသင့်ပြင်ဆင်ထားခဲ့တဲ့ စာအိတ်ကို ထုတ်ပြီး တံခါးဝနားက စာတိုက်ပုံးထဲ သွားထည့်လိုက်တယ်။
အထဲမှာ စာချုပ်နဲ့ ဘဏ်ကတ်ရှိတယ်။
ချီရှူး ကျွန်တော့ကို ပေးခဲ့တဲ့ လိုချင်ခဲ့တာရော၊ မလိုချင်ခဲ့တဲ့ အရာတွေက အခုတော့ ချီရှူးဆီ အကုန် ပြန်ရောက်သွားပြီပဲ ဖြစ်တယ်။
ဒါပေမဲ့ စိတ်ပေါ့ပါးသွားရမယ့်အစား စိတ်ထဲ လေးလံနေမိတယ်။
ကားဆီကို ပြန်သွားတော့ ကျိုးချန်က ထီးတလက်ကို လက်ထဲ ကိုင်ထားပြီး ကားကို မှီလျက် ကျွန်တော့ကို စောင့်နေတယ်။
"နှုတ်ဆက်စကား မပြောတော့ဘူးလား"
ကျွန်တော်က စိတ်ပေါ့ပါးသွားချင်ဟန်ဆောင်ပြီး
"ဒေါက်တာကျိုး... ကျွန်တော် ဒီနေ့ ထွက်ပြေးလာတာ"
"စတာ" သူက ကားတံခါးကို ဆွဲဖွင့်ရင်း ဆက်ပြောတယ်။
"မင်း ကိုယ့်ကို ခေါ်တဲ့ အခေါ်အဝေါ်လေး အရင်ပြောင်းရအောင်။ ကိုယ့်မှာ ခွင့်ပါယူထာရးတာလေ။ လာစမ်းပါကွာ... ဒီ စကားလုံးနှစ်လုံးကို တကယ် ထပ်မကြားချင်တော့ဘူး"
ကျွန်တော် တခဏလောက် တွေးလိုက်ပြီးမှ
"လူကြီးမင်းကျိုး..."
သူ သဘောတူလိုက်လျောလိုက်တယ်။
ကားက ဖြေးဖြေးချင်းပဲ မောင်းနေတယ်။ မရေမတွက်နိုင်တဲ့ ရက်ပေါင်းများစွာ၊ ညပေါင်းစွာ ကုန်ဆုံးကျော်ဖြတ်ခဲ့တဲ့ အိမ်ကြီးက အနောက်မှာ တရိပ်ရိပ် ကျန်နေခဲ့တာကို နောက်ကြည့်မှန်ကနေ မြင်နေရတယ်။
ဒီခံစားချက်ကို ဘယ်လို ဖော်ပြရမယ်မှန်း မသိဘူး။ ခန္ဓာကိုယ်ထဲက အရိုးကို လက်နှစ်ဖက်နဲ့ ဖြည်းဖြည်းချင်း တားဆီးမရအောင် ဆွဲနုတ်နေသလို။
မနာကျင်ဘူး။ ဒါပေမဲ့ အလွန်အမင်း မသက်မသာဖြစ်စေတယ်။
"နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အကျင့်ကို ဖယ်ထုတ်ပစ်ရတာ တော်တော်လေးကို ခက်ခဲမှာပဲ"
ကျိုးချန်က တိုးညင်းစွာ ပြောတယ်။
"မင်း လုံးဝ နောင်တမရခင်အထိ အချိန်ရှိပါသေးတယ်"
သူ့ရဲ့ အကြည့်တွေက ရေပြင်လိုတည်ငြိမ်တဲ့ သူ့အသံလို မဟုတ်ခဲ့ဘူး။ ကျွန်တော် နားမလည်နိုင်တဲ့ နက်နဲမှုတွေ ရှိနေခဲ့သလိုပဲ။
"ကျွန်တော့မှာ ရွေးချယ်မှု မရှိပါဘူး" ကျွန်တော် ပြောလိုက်တယ်။
"သူ့ကို ထပ်လည်း မချစ်နိုင်တော့ဘူး"
"မဆိုးပါဘူး"
သူက အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ရဲ့ ခံစားချက်တွေကို မျက်ကပ်မှန်အနောက်မှာ ပုန်းဝှက်လိုက်တယ်။
သူက အမြဲတမ်း ကျွန်တော့ရဲ့ စပ်စုတဲ့ အကြည့်တွေကို ပိတ်ပင်လေ့ရှိတယ်။ မတရားလိုက်တာနော်။
"တခါတလေကျ ရွေးချယ်စရာ မရှိပေမဲ့လည်း နာကျင်မှုကိုတော့ ရှောင်ရှားရမယ်"
"အဲ့လိုလား"
ကားပြတင်းအပြင်ဘက်က ရှုခင်းတွေက ရင်းနှီးနေတဲ့ ရပ်ကွက်ကို ပြပေးတယ်။
တခါက ကျွန်တော် အခန်းထဲမှာ ထိုင်ပြီး ဆောင်ထုတ်ပြတင်းကနေ တွေဝေငေးကြည့်ရင်း ခြံဝင်းထဲကို မောင်းပို့ပေးမယ် အနက်ရောင်ကားတစီး ရောက်လာမှာကို စောင့်ဆိုင်းခဲ့ဖူးတယ်။
ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ ကျွန်တော် ထပ်ခါတလဲလဲ လုပ်လေ့ရှိတဲ့ အလုပ်နှစ်ခုက ချီရှူး အိမ်ပြန်လာမှာကို စောင့်ဆိုင်းတာရယ်၊ ချီရှူးနဲ့ အတူတူအိပ်တာရယ်ပါ။
ချီရှူးများ ဒီဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်လေမလား စိုးထိတ်ရင်း အိပ်ရာပေါ်မှာ မျက်နှာသာရဖို့အတွက် တတ်နိုင်သမျှ စင်ကြယ်အောင်နဲ့ နူးညံ့အောင် ကြိုးစားရင်း ကျွန်တော်ဟာ နေ့တိုင်းနေ့တိုင်း မျှော်လင့်တကြီး စောင့်မျှော်ခြင်းတွေရယ်၊ ကြောက်ရွံ့ခြင်းတွေနဲ့သာ အတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။
ကျေနပ်လောက်အောင် ကြိုးစားခဲ့ပါတယ်။
အတိတ်အကြောင်း ပြန်ပြောင်းစဉ်းစားနေရင်းနဲ့ ရင်းရင်းနှီးနှီး မြင်နေဖူးခဲ့တဲ့ ကားတစီးက လမ်းထောင့်ကနေ ထွက်လာပြီး ကျွန်တော့ဆီ မောင်းလာတာကို တွေ့လိုက်တယ်။
ကားမှန်ပေါ် အလင်းပြန်နေတဲ့ နေရောင်ကို မြင်လိုက်ရတဲ့အထိ ဒီ ထင်ယောင်ထင်မှားဖြစ်မှုက အရမ်းကို လက်တွေ့ဆန်နေခဲ့ပါတယ်။
ဟင့်အင်း... ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး။
အဲဒီကားက ကျွန်တော်တို့ကားဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ အနောက်ခုံမှာ မျက်နှာတပိုင်းကို ဖျက်ခနဲ တွေ့လိုက်တယ်။
အဲဒါ ချီရှူးပဲ...။
သတိပေးချက်မရှိဘဲ မနှစ်မြို့ဖွယ်ဖြစ်မှုကို ခံစားလိုက်ရတယ်။
တချက်ကြည့်တိုင်း တခါ စိတ်ဆင်းရဲစရာတွေ တိုးလာရင်တောင်မှ ကျွန်တော် ကားပြတင်းပေါက်နားကပ်ပြီး အနောက်ရောင်ကားရဲ့ ကားဖင်မြီး ပျောက်သွားတဲ့အထိ ကြည့်နေမိတယ်။
ချီရှူးနဲ့ ကျွန်တော့ရဲ့အကြားမှာ အကြည့်တချက်လောက်ပဲ လွဲသွားမယ်လို့ ကျွန်တော် ထင်တယ်။
ကျိုးချန်က ကျွန်တော့ရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်တယ်။
"ကျွန်တော် အဆင်ပြေပါတယ်" ကျွန်တော် ခေါင်းငုံ့ကာ မျက်လုံးကို ပွတ်လိုက်ရင်း ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ဒီအချိန်မှာ သူ အိမ်ကို ဘာပြန်လုပ်တာလဲ။ တော်သေးတယ်။ မိသွားတော့မလို့"
ကျိုးချန်က ဘာမှမပြော။ တအောင့်ကြာမှသာ ခြောက်ကပ်ကပ်ပြောတယ်။
"ချီရှူးက ဒီရက်ပိုင်း တော်တော် အလုပ်များနေတာ။ သူ မင်းကို လတ်တလောတော့ ဒုက္ခပေးနိုင်မှာ မဟုတ်သေးဘူး"
ဘာ အလုပ်များတာလဲ။ လက်ထပ်တော့မလို့လား။
"အဖိုးကြီးချီက အခြေအနေမကောင်းဘူး။" ကျွန်တော့ရဲ့ သံသယတွေကို ကျိုးချန်က အဖြေပေးတယ်။
"မျက်လုံးပေါင်းများစွာက ချီမိသားစုရဲ့ အမွေကို စောင့်ကြည့်နေကြတာ။ မင်းပြော ချီရှူးက မင်းကို စိုးရိမ်နေမလား၊ မနေလားဆိုတာ"
ကျွန်တော် မခန့်မှန်းတတ်တော့ဘူး။ ဖြစ်နိုင်ချေအနည်းလေးကတော့ သူ လက်ထပ်ပွဲကို သဘောမတူလောက်ဘူးလို့။
ကျိုးချန် စိမ်ပြေနပြေ ပြောနေပုံအရတော့ ဒီပြဿနာက သူနဲ့ သက်ဆိုင်ခြင်းမရှိသလို။
"ဒါဆို အကိုကရော..." ကျွန်တော် မေးလိုက်တယ်။
"ကိုယ် စိတ်မဝင်စားဘူး" သူက နှုတ်ခမ်းကို တွန့်လိုက်ပြီး
"တကယ်လို့ မင်းသာ လက်စားချေချင်တယ်ဆိုရင် သူ ပျက်စီးသွားလည်း ကိုယ် ဂရုမစိုက်ဘူး"
လက်စားချေရမယ်... ချီရှူးကိုလေ။ ဒီအချိန်မှာ ဒီလိုအတွေးမျိုး ကျွန်တော့ဆီ ရှိမနေခဲ့ဘူး။
ချီရှူးနဲ့ ကျွန်တော်က နှစ်ဦးသဘောတူဖြစ်ခဲ့တာပဲ။ ပျက်သုဉ်းခြင်း၊ ခံစားခဲ့ရတဲ့ အပြစ်တွေ ဒါတွေအကုန် ကျွန်တော်ကိုယ်တိုင်ကပဲ သူ့ကို တောင်းဆိုခဲ့တာ။ သူ့တယောက်တည်းကိုပဲ ကျွန်တော် အပြစ်ပုံမချနိုင်ဘူး။
"မလိုပါဘူး။ ကျွန်တော် သူနဲ့ မပတ်သက်ချင်တော့ဘူး"
"အင်း" ကျိုးချန်က မယုတ်မလွန် ပြန်ဖြေတယ်။
နှစ်နာရီလောက်အကြာမှာတော့ 'ဖီးနစ်တောင်ကုန်း' လို့ ခေါ်တွင်တဲ့ မြို့တော်ရဲ့ အနောက်ပိုင်းအကျဆုံးနေရာမှာ ကားရပ်သွားတယ်။ တောင်ကုန်းပေါ်မှာ စိန်ပန်းပင်တွေ အစီအရီ ရှိနေပြီး နှစ်တိုင်းနှစ်တိုင်းမှာ စိန်ပန်းနီပွင့်တွေက တောင်ကုန်းတခွင် ဖြန့်ကျက်ထားလေ့ရှိတယ်။
ကျိုးချန်ရဲ့ အိမ်က တောင်ကုန်းရဲ့ လမ်းခုလတ်က 'ဆည်းဆာလမ်းကြား' လို့ ခေါ်တဲ့ နေရာမှာပါ။ ပတ်ပတ်လည်လည်ကို ဝေ့ဝဲကြည့်မိတော့ ဒီနေရာမှာ ဒီအိမ်တလုံးတည်းပဲရယ်။
သန့်ရှင်းပြီး ကျယ်ဝန်းတဲ့ ခြံဝင်းကြီးထဲမှာ နှင်းဆီနီတွေ ပြန့်ကျဲနေတာများ စိန်ပန်းပင်တွေနဲ့ ပနံရနေတယ်။
ဒါက ကျွန်တော့ရဲ့ စိတ်အခြေအနေကို ပြန်မကောင်းလာစေသေးပါဘူး။ လူတကိုယ်လုံးဟာ နားလည်ရခက်တဲ့ စိတ်အခြေအနေရောက်နေပြီး ကျွန်တော်ကသာလျှင် ညိုးနွမ်းခြောက်သွေ့နေရတဲ့ ရင်းမြစ်ပဲ ဖြစ်တယ်။
ချီရှူးက ဒီနေရာကို လာမရှာနိုင်ဘူး ကျိုးချန်က ပြောတယ်။
သူက ပြောပြောဆိုဆိုနဲ့ လက်ဆွဲအိတ်ထဲကနေ ဆေးပုလင်းတွေကို ထုတ်ကာ စားပွဲပေါ်တင်ရင်း တခါသောက် ဘယ်နှစ်လုံးဆိုပြီး ကျွန်တော့ကို ပြောပြနေတယ်။
"မင်း မမှတ်မိလည်း ရတယ်။ ကိုယ် မင်းကို သတိပေးပေးမယ်"
အကြမ်းဖျင်းတွက်ကြည့်ရင်တောင် ဆေးလက်တဆုပ်စာလောက်ကတော့ နေ့တိုင်းသောက်ရမှာပင်။
"ကျွန်တော့မှာ ဘယ်လို သေလုမြောပါးရောဂါရှိနေတာလဲ"
"သေလုမြောပါးရောဂါ မဟုတ်ပါဘူး" သူက စိတ်ရှည်ရှည်ထားပြီး ရှင်းပြတယ်။
"နှလုံးနဲ့ ပတ်သက်တဲ့ အသေးအမွှားရောဂါလေးပါ"
ပြောပြီးမှ သူ ကျွန်တော့ကို လိမ်နေတယ်လို့ ကျွန်တော် မထင်ရအောင် ထပ်ပေါင်းပြောတယ်။
"အကုန်လုံးက ဆေးတွေချည်းပဲ မဟုတ်ဘူး။ ဗီတာမင်လို ဖြည့်စွက်စာတွေလည်း ပါတယ်"
"ဒါတွေကရော..." စိတ်ငြိမ်ဆေးဘူး (paroxetine hydrochloride) ကို ယူပြီး သူ့ကို မေးလိုက်တယ်။
"ကျွန်တော် သိရသလောက်တော့ ဒါတွေက စိတ်ဓာတ်ကျတဲ့ လူနာတွေအတွက်လားလို့။ အကိုက ကျွန်တော့မှာ စိတ်ရောဂါ ရှိတယ်လို့ ထင်နေတာလား"
"ရှောင်းယွီ" သူ ကျွန်တော့ကို ပထမဆုံးအကြိမ် နာမည်အပြည့်အစုံ ခေါ်တာပဲ ဖြစ်တယ်။
"ဆရာဝန်ကို မဖုံးကွယ်နဲ့။ ဆရာဝန်ကို ယုံကြည်ပေး။ အဲ့လို လုပ်ပေးမယ်မလား"
"စိတ်ငြိမ်ဆေးဆိုတာက စိတ်ခံစားချက်တွေကို တားဆီးပေးတာ"
ကျွန်တော် ဆေးဘူးကို သူ့ဆီ တွန်းပို့လိုက်ရင်း...
"မသောက်ချင်ဘူး"
ကျိုးချန်ပြောတာက ကျွန်တော်က ကိုယ်ဝန်ဆောင်ကာလမို့ စိတ်ဓာတ်ကျနေရတာဆို။ အခု ကလေးမှ မရှိတော့တာ ဒီပရက်ရှင်တွေက ဘယ်ကနေ ဝင်လာမှာလဲနော် မဟုတ်ဘူးလား။
အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ဖြစ်ပြီးတော့ ကျိုးချန်က နောက်ဆုံးတော့ အပေးအယူလုပ်လာတယ်။
"ဆေးမသောက်လို့ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်တို့မှာ အပေးအယူ ၃ခု ရှိမယ်"
ကျွန်တော် သူ့ကို ကြည့်လိုက်တယ်။
"ပထမတခု- မကောင်းတဲ့ စိတ်ခံစားချက်တွေကို မဖုံးကွယ်ထားနဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကို ပြော။ ပျော်စရာကိစ္စဆိုရင်လည်း ကိုယ်နဲ့အတူ မျှဝေ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ဒုတိယတခု- အချိန်မှန်မှန် အစာစား။ အစားအသောက်မှာ ဘာပြဿနာမှ မရှိဘူး"
ကျွန်တော် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
"တတိယတခု" ခဏလောက် ရပ်လိုက်ပြီး ဆက်ပြောတယ်။
"ကမ္ဘာကြီးကို ချစ်ဖို့ ကြိုးစားကြည့်"
ကမ္ဘာကြီးကို ချစ်ရမယ်...
ကျွန်တော် ကျိုးချန်ကို ငေးစိုက်ကြည့်ရင်း ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို မေ့လျော့နေတယ်။
"လမင်းကြီးက ထိန်ထိန်သာနေပြီး ကြယ်တွေကလည်း ကောင်းကင်အပြည့်ပဲ" သူ ပြောတယ်။
လည်ချောင်းထဲ တစ်ဆို့သလို ခံစားရပြီး...
"ကောင်းပြီလေ"
သူက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး ထပ်ပြောတယ်။
"အခြေအနေ မဟန်ရင် မင်း နောက်တကြိမ် ထပ်ငြင်းလို့ မရတော့ဘူး။ မင်းသောက်ရမယ့် ဆေးမှန်သမျှ အကုန် ကိုယ်ပဲ စီစဉ်ပေးမယ်"
"ဒေါက်တာ... ကျွန်တော် အကူအညီမဲ့နေသလို ခံစားနေရပြီ"
"ဒေါက်တာက အမိန့်အရမ်းပေးတာပဲ... အား..."
"ကိုယ် ထင်ထားထက်ကို မင်းက ဇွတ်တရွတ်နိုင်တာပဲလေ"
ဇွတ်တရွတ်နိုင်တယ်တဲ့လေ...
ဒီ စကားလုံးကို ကျွန်တော် မကြားရတာ နှစ်တော်တော် ကြာခဲ့ပြီ။ တခြားလူတွေ ဘာထင်မလဲ၊ ဘယ်လိုထင်မလဲ ဘာတခုမှ ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ခဲ့တဲ့အချိန်တွေ ကျွန်တော့မှာ ရှိခဲ့တယ်ဆိုတာ မေ့လုနီးနီးပါပဲ။
ချီရှူးနဲ့သာဆိုရင် အဆင်အခြင်မဲ့ ပြုမူလို့ မရပါဘူး။ သူ့ရဲ့ အိပ်ရာဖော်တွေက ဘာပဲဖြစ်ဖြစ် အမိန့်နာခံရပါမယ်။
တနေ့ ထမင်းသုံးနပ်ကနေ စပြီး ကိုယ်ဘာလုပ်ချင်တယ်၊ မလုပ်ချင်ဘူးကအစ ပြောထွက်ဖို့အတွက် ကျင့်သားရအောင် ပြန်လုပ်ယူရမယ်လို့ ကျိုးချန်က ပြောတယ်။ သူက ကျွန်တော် ကြိုက်တဲ့ အစားအအစာ၊ မကြိုက်တဲ့အစားအစာကို အတင်း စာရင်းပြုစုခိုင်းတယ်။
"အချိုစားပေးတာက စိတ်ကို ပျော်ရွှင်စေတယ်. ဒါပေမဲ့ အလွန်အကျွံစားလို့မရဘူး။ မင်း အရင်က အစာအိမ်ကို ထိခိုက်စေခဲ့တာ။ အခုတော့ ထူထူထောင်ထောင်ဖြစ်အောင် ပြန်လုပ်ရမယ်" ကျွန်တော့ရဲ့ အစာစားတဲ့ အလေ့အကျင့်ကနေ စပြီး သူ အကဲဖြတ်နေပြီပဲ ဖြစ်တယ်။
ဆည်းဆာလမ်းကြားကို ပထမဆုံး စရောက်တဲ့နေ့ - မိဘတွေက မူလတန်းကျောင်း ပြောင်းပေးတဲ့ ကလေးလို ခံစားချက်။
ဒါပေမဲ့ ကျွန်တော် မူလတန်းတုန်းက ကျွန်တော့ကို ဂရုစိုက်မယ့်လူ မရှိခဲ့ပါဘူး။
xxx
စာရေးသူမှာ ပြောစရာ ရှိပါတယ်။
ဒီနေ့အတွက် နားဆင်စရာ - Love and Sincerity 《愛與誠》
[ချစ်သူ ထပ်မဖြစ်နဲ့တော့... ကြောင်လေးပဲဖြစ်ဖြစ်၊ ခွေးလေးပဲဖြစ်ဖြစ် ရတယ်... ချစ်သူ ထပ်မဖြစ်နဲ့တော့...]
...
Translator's notes -
Spoiler alert again - ယူတို့ ထင်နေတဲ့ ကျိုးချန်နဲ့ ပတ်သက်တဲ့ သံသယတွေက အမှန်တကယ်ပါလို့... xD
[Zawgyi]
ကြၽန္ေတာ္ ေဆး႐ုံကဆင္းတဲ့ေန႔မွာ ေနသာေနခဲ့တယ္။ အဲ့ေတာ့မွ ေႏြရာသီေရာက္ေနၿပီမွန္း သတိထားမိခဲ့။
ကြၽန္ေတာ္ ေဆး႐ုံမွာ ရွိေနစဥ္တေလွ်ာက္လုံး ျပင္ပနဲ႔ အဆက္အသြယ္မရွိခဲ့ပါဘူး။ ျပင္ပအေၾကာင္း ကြၽန္ေတာ္ သိရသမွ်က က်ိဳးခ်န္ ေန႔တိုင္း ယူလာခဲ့တဲ့ သတင္းစာေတြကေနပါပဲ။
က်ိဳးခ်န္မွာ ေခတ္ေဟာင္းေခတ္က အေလ့အက်င့္တခု ရွိတယ္။ သတင္းစာမွာ ပါတဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြကို ျဖတ္ညႇပ္ၿပီး မွတ္စုစာအုပ္မွာ ကပ္ထားတတ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့ကို ျပတယ္ေလ။
သူ႔ကို ဟာသအေနနဲ႔ အသက္ဘယ္ေလာက္ရွိၿပီလဲလို႔ ေမးဖူးတယ္။ အဲဒီအခါက် သူက ဟန္ေဆာင္ပန္ေဆာင္ အေလးအနက္ထားတဲ့ ပုံစံနဲ႔ သူမ်ားအသက္ကို ေမးတာ မယဥ္ေက်းတာပဲလို႔ ေျပာၿပီး ဆူတယ္။ ၿပီးတာနဲ႔ ခ်က္ခ်င္းပဲ မ်က္ခုံးႀကဳံ႕ထားရာမွ ျပန္ျဖည္ၿပီး ၃၁ႏွစ္လို႔ ေျဖတယ္။
ကြၽန္ေတာ္ သူ႔ကို ထပ္ေမးျပန္တယ္။ "ေဒါက္တာက တကယ္ပဲ ဆရာဝန္ေရာ ဟုတ္ရဲ႕လား။ အလုပ္မလုပ္ဘူးလား"
သူက ခြင့္ယူထားတယ္လို႔ ေျဖတယ္။
"ေမးခြန္းေတြ ထပ္ရွိေသးရင္ တေပါင္းတည္းေမးေလ" သူ႔ပုံစံၾကည့္ရတာ ကူကယ္ရာမဲ့။
ကြၽန္ေတာ့မွာ ေမးခြန္းထပ္မရွိေတာ့ပါဘူး။
ေနဦး... တခု ထပ္ရွိေသးတယ္။
"ေဒါက္တာ ကြၽန္ေတာ့ကို ဒီေလာက္ ကူညီေပးေနတာ။ တကယ္လို႔ ခ်ီရႉးကမ်ား..."
"စိတ္ခ်လက္ခ် အနားယူ"
သူက လက္ထဲက စာအုပ္ကို ပိတ္လိုက္ၿပီး ဘာကိုမွ အမႈမထားသလို ေျပာတယ္။
"သူ႔မွာ ကိုယ္နဲ႔ပတ္သက္ၿပီး ဘာမွ လုပ္ႏိုင္စြမ္း မရွိဘူး"
ေဆး႐ုံကေန ျပန္တဲ့လမ္းမွာ ကြၽန္ေတာ္ သူ႔ကို ခ်ီရႉးအိမ္ကို သြားခ်င္တယ္လို႔ ေျပာလိုက္တယ္။
က်ိဳးခ်န္က ကြၽန္ေတာ့ကို တခ်က္ၾကည့္လိုက္ၿပီး ဘာမွ ထပ္မေျပာေတာ့ဘဲ ဒ႐ိုင္ဘာကို လမ္းေၾကာင္းေျပာင္းခိုင္းလိုက္တယ္။
ေႏြဝင္ခါစပဲ ရွိေသးေပမဲ့ လမ္းေဘးဝဲယာမွာ စိမ္းစိုေနတယ္။
ခ်ီရႉးရဲ႕ မိသားစုက ၿမိဳ႕လယ္ေကာင္က လူခ်မ္းသာရပ္ကြက္မွာ ေနတာပဲ ျဖစ္တယ္။ ဆူညံသံကင္းရွင္းတဲ့ အဖိုးတန္ေနရာက ၿခံဝင္းႀကီးရဲ႕ တဝက္ေလာက္မွာ ေလးဖက္ေလးတန္က အုံ႔မႈိင္းအုပ္ဆိုင္းေနတယ္။
ဒ႐ိုင္ဘာက လမ္းတဖက္မွာ ကားရပ္ေပးေတာ့ ကြၽန္ေတာ္ ကားေပၚက ဆင္းကာ အိပ္ကပ္ထဲက အသင့္ျပင္ဆင္ထားခဲ့တဲ့ စာအိတ္ကို ထုတ္ၿပီး တံခါးဝနားက စာတိုက္ပုံးထဲ သြားထည့္လိုက္တယ္။
အထဲမွာ စာခ်ဳပ္နဲ႔ ဘဏ္ကတ္ရွိတယ္။
ခ်ီရႉး ကြၽန္ေတာ့ကို ေပးခဲ့တဲ့ လိုခ်င္ခဲ့တာေရာ၊ မလိုခ်င္ခဲ့တဲ့ အရာေတြက အခုေတာ့ ခ်ီရႉးဆီ အကုန္ ျပန္ေရာက္သြားၿပီပဲ ျဖစ္တယ္။
ဒါေပမဲ့ စိတ္ေပါ့ပါးသြားရမယ့္အစား စိတ္ထဲ ေလးလံေနမိတယ္။
ကားဆီကို ျပန္သြားေတာ့ က်ိဳးခ်န္က ထီးတလက္ကို လက္ထဲ ကိုင္ထားၿပီး ကားကို မွီလ်က္ ကြၽန္ေတာ့ကို ေစာင့္ေနတယ္။
"ႏႈတ္ဆက္စကား မေျပာေတာ့ဘူးလား"
ကြၽန္ေတာ္က စိတ္ေပါ့ပါးသြားခ်င္ဟန္ေဆာင္ၿပီး
"ေဒါက္တာက်ိဳး... ကြၽန္ေတာ္ ဒီေန႔ ထြက္ေျပးလာတာ"
"စတာ" သူက ကားတံခါးကို ဆြဲဖြင့္ရင္း ဆက္ေျပာတယ္။
"မင္း ကိုယ့္ကို ေခၚတဲ့ အေခၚအေဝၚေလး အရင္ေျပာင္းရေအာင္။ ကိုယ့္မွာ ခြင့္ပါယူထာရးတာေလ။ လာစမ္းပါကြာ... ဒီ စကားလုံးႏွစ္လုံးကို တကယ္ ထပ္မၾကားခ်င္ေတာ့ဘူး"
ကြၽန္ေတာ္ တခဏေလာက္ ေတြးလိုက္ၿပီးမွ
"လူႀကီးမင္းက်ိဳး..."
သူ သေဘာတူလိုက္ေလ်ာလိုက္တယ္။
ကားက ေျဖးေျဖးခ်င္းပဲ ေမာင္းေနတယ္။ မေရမတြက္ႏိုင္တဲ့ ရက္ေပါင္းမ်ားစြာ၊ ညေပါင္းစြာ ကုန္ဆုံးေက်ာ္ျဖတ္ခဲ့တဲ့ အိမ္ႀကီးက အေနာက္မွာ တရိပ္ရိပ္ က်န္ေနခဲ့တာကို ေနာက္ၾကည့္မွန္ကေန ျမင္ေနရတယ္။
ဒီခံစားခ်က္ကို ဘယ္လို ေဖာ္ျပရမယ္မွန္း မသိဘူး။ ခႏၶာကိုယ္ထဲက အ႐ိုးကို လက္ႏွစ္ဖက္နဲ႔ ျဖည္းျဖည္းခ်င္း တားဆီးမရေအာင္ ဆြဲႏုတ္ေနသလို။
မနာက်င္ဘူး။ ဒါေပမဲ့ အလြန္အမင္း မသက္မသာျဖစ္ေစတယ္။
"ႏွစ္ေပါင္းမ်ားစြာ စြဲကပ္ေနတဲ့ အက်င့္ကို ဖယ္ထုတ္ပစ္ရတာ ေတာ္ေတာ္ေလးကို ခက္ခဲမွာပဲ"
က်ိဳးခ်န္က တိုးညင္းစြာ ေျပာတယ္။
"မင္း လုံးဝ ေနာင္တမရခင္အထိ အခ်ိန္ရွိပါေသးတယ္"
သူ႔ရဲ႕ အၾကည့္ေတြက ေရျပင္လိုတည္ၿငိမ္တဲ့ သူ႔အသံလို မဟုတ္ခဲ့ဘူး။ ကြၽန္ေတာ္ နားမလည္ႏိုင္တဲ့ နက္နဲမႈေတြ ရွိေနခဲ့သလိုပဲ။
"ကြၽန္ေတာ့မွာ ေ႐ြးခ်ယ္မႈ မရွိပါဘူး" ကြၽန္ေတာ္ ေျပာလိုက္တယ္။
"သူ႔ကို ထပ္လည္း မခ်စ္ႏိုင္ေတာ့ဘူး"
"မဆိုးပါဘူး"
သူက အၾကည့္ေတြကို ျပန္႐ုတ္သိမ္းလိုက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို မ်က္ကပ္မွန္အေနာက္မွာ ပုန္းဝွက္လိုက္တယ္။
သူက အၿမဲတမ္း ကြၽန္ေတာ့ရဲ႕ စပ္စုတဲ့ အၾကည့္ေတြကို ပိတ္ပင္ေလ့ရွိတယ္။ မတရားလိုက္တာေနာ္။
"တခါတေလက် ေ႐ြးခ်ယ္စရာ မရွိေပမဲ့လည္း နာက်င္မႈကိုေတာ့ ေရွာင္ရွားရမယ္"
"အဲ့လိုလား"
ကားျပတင္းအျပင္ဘက္က ရႈခင္းေတြက ရင္းႏွီးေနတဲ့ ရပ္ကြက္ကို ျပေပးတယ္။
တခါက ကြၽန္ေတာ္ အခန္းထဲမွာ ထိုင္ၿပီး ေဆာင္ထုတ္ျပတင္းကေန ေတြေဝေငးၾကည့္ရင္း ၿခံဝင္းထဲကို ေမာင္းပို႔ေပးမယ္ အနက္ေရာင္ကားတစီး ေရာက္လာမွာကို ေစာင့္ဆိုင္းခဲ့ဖူးတယ္။
ၿပီးခဲ့တဲ့ ေလးႏွစ္တာကာလမွာ ကြၽန္ေတာ္ ထပ္ခါတလဲလဲ လုပ္ေလ့ရွိတဲ့ အလုပ္ႏွစ္ခုက ခ်ီရႉး အိမ္ျပန္လာမွာကို ေစာင့္ဆိုင္းတာရယ္၊ ခ်ီရႉးနဲ႔ အတူတူအိပ္တာရယ္ပါ။
ခ်ီရႉးမ်ား ဒီဆက္ဆံေရးကို ျဖတ္ေတာက္ပစ္လိုက္ေလမလား စိုးထိတ္ရင္း အိပ္ရာေပၚမွာ မ်က္ႏွာသာရဖို႔အတြက္ တတ္ႏိုင္သမွ် စင္ၾကယ္ေအာင္နဲ႔ ႏူးညံ့ေအာင္ ႀကိဳးစားရင္း ကြၽန္ေတာ္ဟာ ေန႔တိုင္းေန႔တိုင္း ေမွ်ာ္လင့္တႀကီး ေစာင့္ေမွ်ာ္ျခင္းေတြရယ္၊ ေၾကာက္႐ြံ႕ျခင္းေတြနဲ႔သာ အတူယွဥ္တြဲ ေနထိုင္ခဲ့ပါတယ္။
ေက်နပ္ေလာက္ေအာင္ ႀကိဳးစားခဲ့ပါတယ္။
အတိတ္အေၾကာင္း ျပန္ေျပာင္းစဥ္းစားေနရင္းနဲ႔ ရင္းရင္းႏွီးႏွီး ျမင္ေနဖူးခဲ့တဲ့ ကားတစီးက လမ္းေထာင့္ကေန ထြက္လာၿပီး ကြၽန္ေတာ့ဆီ ေမာင္းလာတာကို ေတြ႕လိုက္တယ္။
ကားမွန္ေပၚ အလင္းျပန္ေနတဲ့ ေနေရာင္ကို ျမင္လိုက္ရတဲ့အထိ ဒီ ထင္ေယာင္ထင္မွားျဖစ္မႈက အရမ္းကို လက္ေတြ႕ဆန္ေနခဲ့ပါတယ္။
ဟင့္အင္း... ဒါက ထင္ေယာင္ထင္မွား ျဖစ္ေနတာ မဟုတ္ဘူး။
အဲဒီကားက ကြၽန္ေတာ္တို႔ကားေဘးကေန ျဖတ္သြားတဲ့အခ်ိန္မွာ အေနာက္ခုံမွာ မ်က္ႏွာတပိုင္းကို ဖ်က္ခနဲ ေတြ႕လိုက္တယ္။
အဲဒါ ခ်ီရႉးပဲ...။
သတိေပးခ်က္မရွိဘဲ မႏွစ္ၿမိဳ႕ဖြယ္ျဖစ္မႈကို ခံစားလိုက္ရတယ္။
တခ်က္ၾကည့္တိုင္း တခါ စိတ္ဆင္းရဲစရာေတြ တိုးလာရင္ေတာင္မွ ကြၽန္ေတာ္ ကားျပတင္းေပါက္နားကပ္ၿပီး အေနာက္ေရာင္ကားရဲ႕ ကားဖင္ၿမီး ေပ်ာက္သြားတဲ့အထိ ၾကည့္ေနမိတယ္။
ခ်ီရႉးနဲ႔ ကြၽန္ေတာ့ရဲ႕အၾကားမွာ အၾကည့္တခ်က္ေလာက္ပဲ လြဲသြားမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။
က်ိဳးခ်န္က ကြၽန္ေတာ့ရဲ႕ ပုခုံးကို ဆုပ္ကိုင္လိုက္တယ္။
"ကြၽန္ေတာ္ အဆင္ေျပပါတယ္" ကြၽန္ေတာ္ ေခါင္းငုံ႔ကာ မ်က္လုံးကို ပြတ္လိုက္ရင္း ၿပဳံးၿပီး ျပန္ေျဖလိုက္တယ္။
"ဒီအခ်ိန္မွာ သူ အိမ္ကို ဘာျပန္လုပ္တာလဲ။ ေတာ္ေသးတယ္။ မိသြားေတာ့မလို႔"
က်ိဳးခ်န္က ဘာမွမေျပာ။ တေအာင့္ၾကာမွသာ ေျခာက္ကပ္ကပ္ေျပာတယ္။
"ခ်ီရႉးက ဒီရက္ပိုင္း ေတာ္ေတာ္ အလုပ္မ်ားေနတာ။ သူ မင္းကို လတ္တေလာေတာ့ ဒုကၡေပးႏိုင္မွာ မဟုတ္ေသးဘူး"
ဘာ အလုပ္မ်ားတာလဲ။ လက္ထပ္ေတာ့မလို႔လား။
"အဖိုးႀကီးခ်ီက အေျခအေနမေကာင္းဘူး။" ကြၽန္ေတာ့ရဲ႕ သံသယေတြကို က်ိဳးခ်န္က အေျဖေပးတယ္။
"မ်က္လုံးေပါင္းမ်ားစြာက ခ်ီမိသားစုရဲ႕ အေမြကို ေစာင့္ၾကည့္ေနၾကတာ။ မင္းေျပာ ခ်ီရႉးက မင္းကို စိုးရိမ္ေနမလား၊ မေနလားဆိုတာ"
ကြၽန္ေတာ္ မခန႔္မွန္းတတ္ေတာ့ဘူး။ ျဖစ္ႏိုင္ေခ်အနည္းေလးကေတာ့ သူ လက္ထပ္ပြဲကို သေဘာမတူေလာက္ဘူးလို႔။
က်ိဳးခ်န္ စိမ္ေျပနေျပ ေျပာေနပုံအရေတာ့ ဒီျပႆနာက သူနဲ႔ သက္ဆိုင္ျခင္းမရွိသလို။
"ဒါဆို အကိုကေရာ..." ကြၽန္ေတာ္ ေမးလိုက္တယ္။
"ကိုယ္ စိတ္မဝင္စားဘူး" သူက ႏႈတ္ခမ္းကို တြန႔္လိုက္ၿပီး
"တကယ္လို႔ မင္းသာ လက္စားေခ်ခ်င္တယ္ဆိုရင္ သူ ပ်က္စီးသြားလည္း ကိုယ္ ဂ႐ုမစိုက္ဘူး"
လက္စားေခ်ရမယ္... ခ်ီရႉးကိုေလ။ ဒီအခ်ိန္မွာ ဒီလိုအေတြးမ်ိဳး ကြၽန္ေတာ့ဆီ ရွိမေနခဲ့ဘူး။
ခ်ီရႉးနဲ႔ ကြၽန္ေတာ္က ႏွစ္ဦးသေဘာတူျဖစ္ခဲ့တာပဲ။ ပ်က္သုဥ္းျခင္း၊ ခံစားခဲ့ရတဲ့ အျပစ္ေတြ ဒါေတြအကုန္ ကြၽန္ေတာ္ကိုယ္တိုင္ကပဲ သူ႔ကို ေတာင္းဆိုခဲ့တာ။ သူ႔တေယာက္တည္းကိုပဲ ကြၽန္ေတာ္ အျပစ္ပုံမခ်ႏိုင္ဘူး။
"မလိုပါဘူး။ ကြၽန္ေတာ္ သူနဲ႔ မပတ္သက္ခ်င္ေတာ့ဘူး"
"အင္း" က်ိဳးခ်န္က မယုတ္မလြန္ ျပန္ေျဖတယ္။
ႏွစ္နာရီေလာက္အၾကာမွာေတာ့ 'ဖီးနစ္ေတာင္ကုန္း' လို႔ ေခၚတြင္တဲ့ ၿမိဳ႕ေတာ္ရဲ႕ အေနာက္ပိုင္းအက်ဆုံးေနရာမွာ ကားရပ္သြားတယ္။ ေတာင္ကုန္းေပၚမွာ စိန္ပန္းပင္ေတြ အစီအရီ ရွိေနၿပီး ႏွစ္တိုင္းႏွစ္တိုင္းမွာ စိန္ပန္းနီပြင့္ေတြက ေတာင္ကုန္းတခြင္ ျဖန႔္က်က္ထားေလ့ရွိတယ္။
က်ိဳးခ်န္ရဲ႕ အိမ္က ေတာင္ကုန္းရဲ႕ လမ္းခုလတ္က 'ဆည္းဆာလမ္းၾကား' လို႔ ေခၚတဲ့ ေနရာမွာပါ။ ပတ္ပတ္လည္လည္ကို ေဝ့ဝဲၾကည့္မိေတာ့ ဒီေနရာမွာ ဒီအိမ္တလုံးတည္းပဲရယ္။
သန႔္ရွင္းၿပီး က်ယ္ဝန္းတဲ့ ၿခံဝင္းႀကီးထဲမွာ ႏွင္းဆီနီေတြ ျပန႔္က်ဲေနတာမ်ား စိန္ပန္းပင္ေတြနဲ႔ ပနံရေနတယ္။
ဒါက ကြၽန္ေတာ့ရဲ႕ စိတ္အေျခအေနကို ျပန္မေကာင္းလာေစေသးပါဘူး။ လူတကိုယ္လုံးဟာ နားလည္ရခက္တဲ့ စိတ္အေျခအေနေရာက္ေနၿပီး ကြၽန္ေတာ္ကသာလွ်င္ ညိဳးႏြမ္းေျခာက္ေသြ႕ေနရတဲ့ ရင္းျမစ္ပဲ ျဖစ္တယ္။
ခ်ီရႉးက ဒီေနရာကို လာမရွာႏိုင္ဘူး က်ိဳးခ်န္က ေျပာတယ္။
သူက ေျပာေျပာဆိုဆိုနဲ႔ လက္ဆြဲအိတ္ထဲကေန ေဆးပုလင္းေတြကို ထုတ္ကာ စားပြဲေပၚတင္ရင္း တခါေသာက္ ဘယ္ႏွစ္လုံးဆိုၿပီး ကြၽန္ေတာ့ကို ေျပာျပေနတယ္။
"မင္း မမွတ္မိလည္း ရတယ္။ ကိုယ္ မင္းကို သတိေပးေပးမယ္"
အၾကမ္းဖ်င္းတြက္ၾကည့္ရင္ေတာင္ ေဆးလက္တဆုပ္စာေလာက္ကေတာ့ ေန႔တိုင္းေသာက္ရမွာပင္။
"ကြၽန္ေတာ့မွာ ဘယ္လို ေသလုေျမာပါးေရာဂါရွိေနတာလဲ"
"ေသလုေျမာပါးေရာဂါ မဟုတ္ပါဘူး" သူက စိတ္ရွည္ရွည္ထားၿပီး ရွင္းျပတယ္။
"ႏွလုံးနဲ႔ ပတ္သက္တဲ့ အေသးအမႊားေရာဂါေလးပါ"
ေျပာၿပီးမွ သူ ကြၽန္ေတာ့ကို လိမ္ေနတယ္လို႔ ကြၽန္ေတာ္ မထင္ရေအာင္ ထပ္ေပါင္းေျပာတယ္။
"အကုန္လုံးက ေဆးေတြခ်ည္းပဲ မဟုတ္ဘူး။ ဗီတာမင္လို ျဖည့္စြက္စာေတြလည္း ပါတယ္"
"ဒါေတြကေရာ..." စိတ္ၿငိမ္ေဆးဘူး (paroxetine hydrochloride) ကို ယူၿပီး သူ႔ကို ေမးလိုက္တယ္။
"ကြၽန္ေတာ္ သိရသေလာက္ေတာ့ ဒါေတြက စိတ္ဓာတ္က်တဲ့ လူနာေတြအတြက္လားလို႔။ အကိုက ကြၽန္ေတာ့မွာ စိတ္ေရာဂါ ရွိတယ္လို႔ ထင္ေနတာလား"
"ေရွာင္းယြီ" သူ ကြၽန္ေတာ့ကို ပထမဆုံးအႀကိမ္ နာမည္အျပည့္အစုံ ေခၚတာပဲ ျဖစ္တယ္။
"ဆရာဝန္ကို မဖုံးကြယ္နဲ႔။ ဆရာဝန္ကို ယုံၾကည္ေပး။ အဲ့လို လုပ္ေပးမယ္မလား"
"စိတ္ၿငိမ္ေဆးဆိုတာက စိတ္ခံစားခ်က္ေတြကို တားဆီးေပးတာ"
ကြၽန္ေတာ္ ေဆးဘူးကို သူ႔ဆီ တြန္းပို႔လိုက္ရင္း...
"မေသာက္ခ်င္ဘူး"
က်ိဳးခ်န္ေျပာတာက ကြၽန္ေတာ္က ကိုယ္ဝန္ေဆာင္ကာလမို႔ စိတ္ဓာတ္က်ေနရတာဆို။ အခု ကေလးမွ မရွိေတာ့တာ ဒီပရက္ရွင္ေတြက ဘယ္ကေန ဝင္လာမွာလဲေနာ္ မဟုတ္ဘူးလား။
အခ်ိန္ၾကာျမင့္စြာ လိပ္ခဲတည္းလည္း ျဖစ္ၿပီးေတာ့ က်ိဳးခ်န္က ေနာက္ဆုံးေတာ့ အေပးအယူလုပ္လာတယ္။
"ေဆးမေသာက္လို႔ ျဖစ္တယ္။ ဒါေပမဲ့ ကိုယ္တို႔မွာ အေပးအယူ ၃ခု ရွိမယ္"
ကြၽန္ေတာ္ သူ႔ကို ၾကည့္လိုက္တယ္။
"ပထမတခု- မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြကို မဖုံးကြယ္ထားနဲ႔။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ကိုယ့္ကို ေျပာ။ ေပ်ာ္စရာကိစၥဆိုရင္လည္း ကိုယ္နဲ႔အတူ မွ်ေဝ"
ကြၽန္ေတာ္ ေခါင္းညိတ္လိုက္တယ္။
"ဒုတိယတခု- အခ်ိန္မွန္မွန္ အစာစား။ အစားအေသာက္မွာ ဘာျပႆနာမွ မရွိဘူး"
ကြၽန္ေတာ္ စဥ္းစားလိုက္ၿပီး ေခါင္းညိတ္လိုက္တယ္။
"တတိယတခု" ခဏေလာက္ ရပ္လိုက္ၿပီး ဆက္ေျပာတယ္။
"ကမာၻႀကီးကို ခ်စ္ဖို႔ ႀကိဳးစားၾကည့္"
ကမာၻႀကီးကို ခ်စ္ရမယ္...
ကြၽန္ေတာ္ က်ိဳးခ်န္ကို ေငးစိုက္ၾကည့္ရင္း ဘယ္လို တုံ႔ျပန္ရမယ္ဆိုတာကို ေမ့ေလ်ာ့ေနတယ္။
"လမင္းႀကီးက ထိန္ထိန္သာေနၿပီး ၾကယ္ေတြကလည္း ေကာင္းကင္အျပည့္ပဲ" သူ ေျပာတယ္။
လည္ေခ်ာင္းထဲ တစ္ဆို႔သလို ခံစားရၿပီး...
"ေကာင္းၿပီေလ"
သူက စိတ္သက္သာရာရသြားသလို သက္ျပင္းခ်လိုက္ၿပီး ထပ္ေျပာတယ္။
"အေျခအေန မဟန္ရင္ မင္း ေနာက္တႀကိမ္ ထပ္ျငင္းလို႔ မရေတာ့ဘူး။ မင္းေသာက္ရမယ့္ ေဆးမွန္သမွ် အကုန္ ကိုယ္ပဲ စီစဥ္ေပးမယ္"
"ေဒါက္တာ... ကြၽန္ေတာ္ အကူအညီမဲ့ေနသလို ခံစားေနရၿပီ"
"ေဒါက္တာက အမိန႔္အရမ္းေပးတာပဲ... အား..."
"ကိုယ္ ထင္ထားထက္ကို မင္းက ဇြတ္တ႐ြတ္ႏိုင္တာပဲေလ"
ဇြတ္တ႐ြတ္ႏိုင္တယ္တဲ့ေလ...
ဒီ စကားလုံးကို ကြၽန္ေတာ္ မၾကားရတာ ႏွစ္ေတာ္ေတာ္ ၾကာခဲ့ၿပီ။ တျခားလူေတြ ဘာထင္မလဲ၊ ဘယ္လိုထင္မလဲ ဘာတခုမွ ဂ႐ုမစိုက္ဘဲ လုပ္ခ်င္ရာလုပ္ခဲ့တဲ့အခ်ိန္ေတြ ကြၽန္ေတာ့မွာ ရွိခဲ့တယ္ဆိုတာ ေမ့လုနီးနီးပါပဲ။
ခ်ီရႉးနဲ႔သာဆိုရင္ အဆင္အျခင္မဲ့ ျပဳမူလို႔ မရပါဘူး။ သူ႔ရဲ႕ အိပ္ရာေဖာ္ေတြက ဘာပဲျဖစ္ျဖစ္ အမိန႔္နာခံရပါမယ္။
တေန႔ ထမင္းသုံးနပ္ကေန စၿပီး ကိုယ္ဘာလုပ္ခ်င္တယ္၊ မလုပ္ခ်င္ဘူးကအစ ေျပာထြက္ဖို႔အတြက္ က်င့္သားရေအာင္ ျပန္လုပ္ယူရမယ္လို႔ က်ိဳးခ်န္က ေျပာတယ္။ သူက ကြၽန္ေတာ္ ႀကိဳက္တဲ့ အစားအအစာ၊ မႀကိဳက္တဲ့အစားအစာကို အတင္း စာရင္းျပဳစုခိုင္းတယ္။
"အခ်ိဳစားေပးတာက စိတ္ကို ေပ်ာ္႐ႊင္ေစတယ္. ဒါေပမဲ့ အလြန္အကြၽံစားလို႔မရဘူး။ မင္း အရင္က အစာအိမ္ကို ထိခိုက္ေစခဲ့တာ။ အခုေတာ့ ထူထူေထာင္ေထာင္ျဖစ္ေအာင္ ျပန္လုပ္ရမယ္" ကြၽန္ေတာ့ရဲ႕ အစာစားတဲ့ အေလ့အက်င့္ကေန စၿပီး သူ အကဲျဖတ္ေနၿပီပဲ ျဖစ္တယ္။
ဆည္းဆာလမ္းၾကားကို ပထမဆုံး စေရာက္တဲ့ေန႔ - မိဘေတြက မူလတန္းေက်ာင္း ေျပာင္းေပးတဲ့ ကေလးလို ခံစားခ်က္။
ဒါေပမဲ့ ကြၽန္ေတာ္ မူလတန္းတုန္းက ကြၽန္ေတာ့ကို ဂ႐ုစိုက္မယ့္လူ မရွိခဲ့ပါဘူး။
xxx
စာေရးသူမွာ ေျပာစရာ ရွိပါတယ္။
ဒီေန႔အတြက္ နားဆင္စရာ - Love and Sincerity 《愛與誠》
[ခ်စ္သူ ထပ္မျဖစ္နဲ႔ေတာ့... ေၾကာင္ေလးပဲျဖစ္ျဖစ္၊ ေခြးေလးပဲျဖစ္ျဖစ္ ရတယ္... ခ်စ္သူ ထပ္မျဖစ္နဲ႔ေတာ့...]
...
Translator's notes -
Spoiler alert again - ယူတို႔ ထင္ေနတဲ့ က်ိဳးခ်န္နဲ႔ ပတ္သက္တဲ့ သံသယေတြက အမွန္တကယ္ပါလို႔... xD