The Legendary Master's Wife [...

By melon_rays

463K 84.1K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-611

6.5K 1.3K 164
By melon_rays

//Unicode//
အပိုင်း ၆၁၁- အတားအဆီး

"ဂူတွေကိုလိုက်ရှင်းနေတဲ့ နတ်ဘုရားအဆင့်
သိုင်းပညာရှင်တစ်ယောက်ပေါ်လာတယ်ကြားတယ်။
ဂူ ခြောက်လုံး ခုနစ်လုံးလောက်တော့ပါသွားပြီ။
သူက အရမ်းမြန်တယ်... မြက်ပင်တွေတောင်
မချန်ဘူး"

ပေါင်းမြက်ပင်များက ဆေးပင်စိုက်ခင်းများအနီးတွင်
ပေါက်ရောက်လေ့ရှိသောအပင်များဖြစ်သည်။
လင်းရှောင် ဆေးပင်များယူသည့်အခါ
စိုက်ခင်းတစ်ခုလုံးယူတာဖြစ်၍ တစ်ခါတစ်လေမှာ
မြက်ပင်များပါ ရောပါသွားတတ်လေသည်။

"သူက သက်တန့်မှော်ဆရာမဟုတ်လောက်ဘူး...
နတ်ဘုရားအဆင့်ရှိတဲ့သိုင်းပညာရှင်ဖြစ်ဖို့များတယ်"

"ဖြစ်နိုင်တယ်"

နတ်ဘုရားအဆင့်မဟုတ်ဘူးဆိုလျှင် အလွန်လျင်မြန်စွာ
လှုပ်ရှားနိုင်ဖို့မဆိုထားနှင့် ဂူများ၏အပြင်ဘက်ရှိ
အတားအဆီးများကိုဖျက်စီးဖို့ကပင် အင်မတန်
ခက်ခဲနေမည်ဖြစ်သည်။ ထို့အပြင် ဤသို့သော
အကြမ်းပတမ်းနည်းမျိုးက မှော်ဆရာမဖြစ်နိုင်ပေ။

"ဘယ်သူလို့ထင်လဲ"

"အမ်း.... သူက တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ပုံပဲ။
သိချင်ရင်စုံစမ်းကြည့်ရမှာပေါ့"

နတ်ဘုရားအဆင့်ကျင့်ကြံသူများ တစ်ကိုယ်တော်
လှုပ်ရှားကြချိန်တွင် များသောအားဖြင့် အများ၏
အာရုံစိုက်ခြင်းကိုခံရတတ်သည်။ အခြားသော
အင်အားစုများလည်း သေချာပေါက်သတိပြုမိနေပြီ
ဖြစ်သည်။

မှန်းဆချက်များကိုလစ်လျူရှုလျက် ဖူချန်ချုံးသည်
သူ့ဘေးရှိယူကျွင်းချီအား ကြည့်လိုက်၏။

"အစ်ကိုယူကရော ဘယ်သူလို့ထင်လဲ"

ယူကျွင်းချီက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

ဒါကဟိုတစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံနှင့်
အင်မတန်တူလှသော်လည်း သူတို့နှင့်နောက်ဆုံး
တွေ့ခဲ့ရသည်မှာ တစ်နှစ်ပင်ရှိတော့မည်ဖြစ်သည်။

တကယ်ပဲ သူတို့လား?

"ခင်ဗျားရောဘယ်လိုထင်လဲ"

ယူကျွင်းချီက အမေးကိုသူ့ဆီပြန်ပေးလိုက်၏။

ဖူချန်ချုံးက အဓိပ္ပါယ်ပြည့်ဝသောလေသံဖြင့်
ပြောလိုက်လေသည်။

"ခင်ဗျားအတွေးနဲ့ ကျုပ်အတွေးနဲ့အတူတူပဲထင်တယ်"

ယူကျွင်းချီက ဟက်ဟက်ပက်ပက်
ရယ်မောလေတော့သည်။

"ကျုပ်တို့ခန့်မှန်းတာမှန်ဖို့မျှော်လင့်ရတာပဲ"

ဤရက်များအတွင်း သူ့သားလေးကိုလွမ်းနေသည်။
အခုနောက်ပိုင်း သူဘာတွေလုပ်နေလဲမသိရပေမဲ့
လင်းရှောင် ဒဏ်ရာရထားသည်ဟုတော့
သူကြားထားသည်။ အဲ့ဒါက အမှန်ပဲလား ဒါမှမဟုတ်
ကောလဟလလားတော့မသိပေ။

"တကယ်ပဲသူတို့ဆိုရင် သွေးစွေးနီမိသားစုနဲ့
နတ်ဆိုးဖီးနစ်မျိုးနွယ်က ဒီတိုင်းထိုင်ကြည့်နေမှာ
မဟုတ်ဘူး"

ဖူချန်ချုံးက ခပ်ပေါ့ပေါ့ထုတ်ပြောလိုက်သည်။

လင်းရှောင်နှင့်ယူရှောင်းမိုတို့ လွတ်သွားပြီးကတည်းက
ယူကျန်ထျန်းက လူများလွှတ်ပြီး မနားမနေ
လိုက်ရှာနေတာဖြစ်သည်။ တစ်နှစ်ကုန်သွားတာတောင်မှ
လက်မလျှော့သေးချေ၊  သူ၏ဇွဲကောင်းမှုက
သံသယဖြစ်ဖွယ်ကောင်းလှသည်။

သွေးစွေးနီမိသားစုကို သစ္စာဖောက်သွားခဲ့ခြင်းဖြစ်ပါက
ဤမျှလောက်ထိ ပုံကြီးချဲ့နေဖို့မလိုပေ၊ သို့ပေမဲ့
ဤကိစ္စနှင့်ပတ်သက်၍ ယူကျန်ထျန်း၏ဦးစားပေးမှုက
အမှန်ပင်အတွေးများဖွယ်ကောင်းသည်။

နတ်ဆိုးဖီးနစ်မျိုးနွယ်ကတော့ ကျိယွင်လန်ကိစ္စ
ပြီးနောက်မှာ ကျိဟယ့်နှင့်သူတို့မိသားစု​က
လင်းရှောင်တို့ကို ဖယ်ရှားပစ်ဖို့လိုအပ်သည့်
ဆူးညှောင့်ခလုတ်များဟု မြင်နေကြသည်။

မကြာသေးမီက ကျိဟယ့်တစ်ယောက် ထျန်းကုံနှင့်
ပေါ်ပေါ်တင်တင်ဆန့်ကျင်နေသည့်အကြောင်းတစ်ခု
ရှိပုံရသော်ငြား သူက ယူရှောင်းမိုနှင့်
လင်းရှောင်တို့ကိုရှာဖို့ လူများလည်း
လျှို့ဝှက်စေလွှတ်နေလေသည်။

"ပြီးတော့ ကူမာမျိုးနွယ်စု​ရော"

ယူကျွင်းချီက ငြိမ်သက်စွာထပ်ဖြည့်ပြောလိုက်သည်။

လွန်ခဲ့သောသုံးလက ယူရှောင်းမိုနှင့်လင်းရှောင်တို့
တုံ့ယွီမှာပေါ်လာကြောင်းသတင်းရခဲ့သည်။
ကနဦးတွင် ၎င်းက အံ့ဩစရာသတင်းမဟုတ်ပေ၊
သို့သော် ထိုနှစ်ယောက်က ကူမာမျိုးနွယ်စုကိုရန်စကာ
ခေါင်းဆောင်မော့မာ၏သမီးအမွှာနှစ်ယောက်ကို
လုပ်ကြံခဲ့သည်ဟု ကြားခဲ့ရသည်။

ထိုနှစ်ယောက်အပေါ် ယူကျွင်းချီနားလည်သလောက်
ပြောရလျှင် အမွှာနှစ်ယောက်ကို သူတို့သတ်တာ
မဟုတ်လောက်ပေ။

သူ့သားနဲ့ သမက်တို့က ပြဿာရှာသည့်နေရာတွင်
လွန်စွာမှထူးချွန်ကြသည်။ ထုံထျန်းတိုက်မကြီးတွင်
အင်အားစုကြီးဆယ်ခုကျော်ရှိသည့်အထဲ
သုံးခုက သူတို့နှင့်ရန်ငြှိုးရှိနေသည်။ ဒါက
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေတာပင်။

သူပိုပြီးသန်မာလာဖို့လိုအပ်သည်ဟု ယူကျွင်းချီ
ခံစားရလေသည်၊ မဟုတ်ပါက ထိုနှစ်ယောက်၏
စရိုက်ဖြင့်ဆိုလျှင် ရန်သူများပိုတိုးလာဖို့ပဲရှိရာ
အဖေဖြစ်သည့်သူ့အနေဖြင့် ဖိအားများပိုခံစားရသည်။

ရတက်မအေးဖြစ်နေသည့် သူ့အမူအရာကိုမြင်တော့
ဖူချန်ချုံးကနှစ်သိမ့်ပေးလိုက်သည်။

"တအားလည်းစိတ်မပူပါနဲ့။ ကျားခံတွင်းထဲ
သူတို့ဝင်ရဲမှတော့ လွတ်လွတ်ကျွတ်ကျွတ်
ထွက်လာနိုင်မယ်လို့ယုံကြည်ချက်ရှိလို့ပဲ။ နောက်ပြီး
လင်းရှောင်ကိုလျှော့မတွက်သင့်ဘူး။ သူက
မရိုးရှင်းဘူး... ခင်ဗျားသား သေချာပေါက်
ဘေးကင်းမှာပါ"

ဒါကိုတော့ ယူကျွင်းချီစိတ်မပူပေ။

လင်းရှောင်ကို သူသိတာ အချိန်သိပ်မကြာသေးပေမဲ့
လင်းရှောင်က သူ့ကိုယ်သူထက် သူ့သားကို
ပိုတန်ဖိုးထားကြောင်း သူပြောနိုင်သည်။

"စံအိမ်ရှစ်ခုထဲမှာငါးခုပွင့်သွားပြီဆို... နောက်ထပ်
သုံးခုပဲကျန်တော့တယ်....."

စံအိမ်ရှစ်ခုက မူလတံခါး၊ ငြိမ်းချမ်းခြင်းတံခါး၊
အသက်တံခါး၊ နာခြင်းတံခါး၊ ဆန့်ကျင်ခြင်းတံခါး၊
သဘာဝတံခါး၊ မရဏတံခါးနှင့် ကြောက်ရွံ့ခြင်း၏
တံခါးများဖြစ်ကြသည်။ ယခုအချိန်တွင် အသက်တံခါး၊
နာခြင်းတံခါးနှင့် ကြောက်ရွံ့ခြင်းတံခါးတို့သာ
ကျန်တော့သည်။ သို့သော်လည်း အသက်တံခါးမှလွဲ၍
နာခြင်း၏တံခါးနှင့် ကြောက်ရွံ့ခြင်း၏တံခါးတို့မှာ
ကံဆိုးခြင်း၏သင်္ကေတများဖြစ်သည်။ မရဏတံခါးတွင်
အဆင့်ဆယ့်နှစ်ရှိ ရေမိစ္ဆာပေါ်လာခဲ့ပေရာ
နာခြင်းတံခါးနှင့် ကြောက်ရွံ့ခြင်းတံခါးတို့က
အင်မတန်အန္တရာယ်များမည်ဖြစ်ကြောင်း
ထင်ရှားနေသည်။

"အသက်တံခါးရှိသေးတာပဲ မဟုတ်လား...
အဲ့ဒီတစ်ခုကိုအရင်ရှာကြရုံပဲ"

ဖူချန်ချုံး၏မျက်လုံးအစုံက ဖြတ်ခနဲ
လက်သွားလေသည်။

အသက်တံခါးဝက ၎င်းနာမည်အတိုင်း
ကောင်းခြင်းများကိုသာယူဆောင်လာပေးမည့်
ကောင်းခြင်းသင်္ကေတဖြစ်သည်။ ဆန့်ကျင်ခြင်းတံခါး၊
သဘာဝတံခါးတို့နှင့်ယှဉ်လျှင် အသက်တံခါး၌
ဖျက်စီးဖို့လိုသည့်အတားအဆီးများအပ အခြား
ဘေးအန္တရာယ်များရှိလိမ့်မည်မဟုတ်ပေ။

မူလတံခါးနှင့် ငြိမ်းချမ်းခြင်းတံခါးတို့မှ
မျိုးမျိုးမြက်မြက်ရထားသူများဆို အသက်တံခါးကို
လက်လွှတ်မည်မဟုတ်ပေ။

စံအိမ်ရှစ်ခုကို ကြုံရာကျပန်းနေရာချထားသည်ဟု
ထင်ရသော်လည်း တကယ်တော့ ၎င်းကို
တံခါး(ဂိတ်)ရှစ်ခုကိုအခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ရာ
စံအိမ်ရှစ်ခုကိုနေရာချပုံတစ်ခုတော့ ပုံသေ
ရှိကိုရှိမည်ဖြစ်သည်။ အသက်တံခါးကို
ရှာတွေ့သွားကြလိမ့်မည်၊ မေးစရာရှိသည်မှာ
ဘယ်အချိန်မှာတွေ့မှာလဲဆိုတာပင်။

အသက်တံခါးကို ယူကျွင်းချီ စိတ်ဝင်စားနေသည်။
သို့ပေမဲ့ သူ့အတွက်မဟုတ်ဘဲ သူ့သားအတွက်
လိုချင်တာဖြစ်သည်။

မက်မွန်ပွင့်အရပ်အပျက်အစီးများအတွင်းသို့
သူလိုက်လာခြင်းမှာ သူ့သားလေးအတွက်
ရှားပါးမှော်ဆေးပင်များ၊ မျိုးစေ့များ ရှာပေးရန်
ဖြစ်သည်။

"အချိန်မဖြုန်းနဲ့တော့။ အသက်တံခါးကိုရှာရမယ်"

သူ့တွက်ချက်မှုများအရ သုံးခုမြောက်စံအိမ်က
တောင်ထိပ်မှာရှိဖို့များတာကြောင့် ဖူချန်ချုံးသည်
ချန်မဟာမိတ်မှတပည့်များအား တောင်ထိပ်သို့
ဦးဆောင်ခေါ်သွားတော့သည်။ ထိုမျှမက
ကံဆိုးခြင်း၏တံခါးများဖြစ်သော နာခြင်းတံခါးနှင့်
ကြောက်ရွံ့ခြင်း၏တံခါးတို့သည်လည်း တောင်ထိပ်မှာ
ဖြစ်ဖို့များသည်။

လမ်းတွင် သူတို့နည်းတူတောင်ထိပ်သို့ဦးတည်နေသော
လိပ်နက်မျိုးနွယ်၊ သားရဲအသွင်ပြောင်းခြင်း
အဖွဲ့အစည်းတို့နှင့်ဆုံကြပြီး သွေးစွေးနီမိသားစု၊
ကူမာမျိုးနွယ်စုနှင့်နတ်ဆိုးဖီးနစ်မျိုးနွယ်တို့သုံးဖွဲ့
မဟာမိတ်ဖွဲ့ထားကြကြောင်း သားရဲအသွင်ပြောင်းခြင်း
အဖွဲ့အစည်းကပြောပြသောကြောင့် သူတို့သုံးဖွဲ့လည်း
မဟာမိတ်ဖွဲ့လိုက်ကြလေသည်။ သူတို့ပန်းတိုင်ကလည်း
တောင်ထိပ်ပဲဖြစ်သည်။

စိတ်ဝိဉာဉ်တောင်က ဧရာမတောင်ကြီးတစ်လုံး
ဖြစ်သည်၊ တောင်ပေါ်တွင် ထောင်ချောက်များစွာရှိကာ
ရှေးမှသိုင်းပညာရှင်နှင့်မှော်ဆရာများက
ဒီလိုနေ့မျိုးရောက်ရှိလာလိမ့်မည်ဟု
ကြိုမြင်ထားသလားပင်မှတ်ရလေသည်၊ အထူးသဖြင့်
တောင်ထိပ်သို့ဦးတည်နေသောလမ်းပင်။
ဘယ်နေရာပဲခြေချချ အန္တရာယ်က အသင့်စောင့်ကြိုလို့
နေသည်။ အချို့သောတစ်ကိုယ်တော်ကျင့်ကြံသူများမှာ
သူတို့ဘာသာသူတို့တက်နိုင်သည်ဟု ထင်ထားကြ
သော်လည်း လမ်းတစ်ဝက်မှာတင်
ရှုံးနိမ့်သွားကြသည်။

လင်းရှောင်ကတိပေးထားသော လဝက်ပြည့်ဖို့
နီးကပ်လာပြီဖြစ်သည်။

လမ်းတွင်၊ အင်အားစုကြီးအားလုံးက စံအိမ်သုံးခု
ကျန်ရှိနေသေးသောတောင်ထိပ်သို့ ဦးတည်နေကြသည့်
သတင်းကို သူရခဲ့သော်လည်း မသွားတော့ပေ။

လင်းရှောင်က အချိန်ပြည့်သည့်အခါပြန်သွားသည်။

ဂူအပြင်ရှိအတားအဆီးများကို လင်းရှောင်ကိုယ်တိုင်
ချထားတာဖြစ်သည်။ မူလကရှိနေသော
အတားအဆီးများက ပျက်စီးသွားပြီဖြစ်သဖြင့်
သူဝင်လာသည်ကို တစ်ယောက်မှမသိကြပေ။

ဤလဝက်အတွင်းတွင် တစ်ဖွဲ့ပြီးတစ်ဖွဲ့
ဖြတ်သွားခဲ့ကြသည်။ အများစုကတော့ ဝင်မကြည့်ဘဲ
တန်းထွက်သွားကြတာချည်းသာဖြစ်သည်။
ဉာဏ်နီဉာဏ်နက်များသည့်လူအချို့ကတော့
အတားအဆီးများကိုတွေ့ပြီးနောက်မှာ ဂူကို
သူများမဝင်ရသေးဘူးဟုထင်ကာတိုက်ခိုက်ကြသေး၏။

လင်းရှောင်၏အတားအဆီးများက
အလွန်အစွမ်းထက်သည်။ ထိုလူများမှာ
မည်မျှပင်ကြိုးစားပါစေ မဖျက်ဆီးနိုင်ကြပေ။
နောက်ဆုံးတွင်တော့ လက်လျှော့သွားကြတော့သည်။

ယူရှောင်းမိုကျင့်ကြံနေသည့် အခန်းကို
ဘယ်လောက်မှမကြာခင်မှာပဲ
လင်း​ရှောင်ရှာတွေ့လေသည်။

ယူရှောင်းမိုက အခန်းအလယ်မှာ တင်ပလ္လင်ခွေထိုင်
လျက်ရှိသည်။ သူ့ဘေးပတ်လည်ရှိစိတ်စွမ်းအင်က
သူ့ကိုယ်တွင်းသို့ဝင်ရန် လေပွေတစ်ခုကဲ့သို့
လှည့်ပတ်နေသည်။ လေးနာရီကြာပြီးနောက်မှသာ
၎င်းကရပ်တန့်သွားခဲ့သည်။

ရပ်သွားသည်နှင့် ယူရှောင်းမိုက လက်ဟန်တစ်ခု
ပြုလုပ်လိုက်သည်။ သူ၏ဖြူဖျော့ဖျော့အသားရည်က
ပန်းရောင်သမ်းလာပြီး သွေးစက်များယိုစိမ့်
ထွက်လာသည့်အလား ပို၍ပို၍နီရဲလာသည်။
မလှုပ်မယှက်ရှိနေသောကိုယ်လုံးလေးကလည်း
ခပ်မှန်မှန် တုန်ယင်လာသည်။

သူ့အသိစိတ်ပင်လယ်က ကြီးမားစွာပြောင်းလဲနေသည်။

သလင်းခုနစ်ခုကို အလင်းတန်းတစ်ခုက
ခုနစ်စင်ကြယ်ကဲ့သို့ သွယ်တန်းသွားပြီး
အရောင်ခုနစ်ခု တဖြတ်ဖြတ်လက်ရင်း
အမြန်နှုန်းနှင့်ပုံသဏ္ဍာန်တို့ ဆက်တိုက်
ပြောင်းလဲနေလေသည်။ ခေါင်းဆောင်နေရာအတွက်
တိုက်ခိုက်နေကြသကဲ့သို့ ရွှေရောင်က
ဦးဆောင်သွားပြီးနောက် ခရမ်းရောင်က
လုယူသွားပြန်သည်။ ဖြည်းညင်းစွာဖြင့်
အရောင်ခုနစ်ခုက တစ်ခုနှင့်တစ်ခုညီမျှအောင်
ပြုလုပ်ရင်း သင့်မြတ်သွားကြသည်။

အချိန်မည်မျှမှန်းမသိကြာပြီးနောက်၊ သလင်းကျောက်
ခုနစ်ခု လှည့်ပတ်နေကြချိန်တွင် ယူရှောင်းမိုနားထဲ
အက်ကွဲသံတစ်ခု ကြားလိုက်ရပြီး ပင်လယ်နှင့်
ကောင်းကင်ပြင်ကပေးစွမ်းသောစိတ်အေးသည့်
ခံစားချက်တစ်မျိုး အစားထိုးဝင်ရောက်လို့လာသည်။

အတွင်းအားကိုခံစားကြည့်လိုက်တော့ ယူရှောင်းမိုမှာ
ဝမ်းသာပြီးထခုန်မိမတတ်ပင်။

ဤတစ်လျှောက်လုံး သူ့ကိုကာဆီးထားသည့်
အတားအဆီးက နောက်ဆုံးတော့
ပျောက်ကွယ်သွားလေပြီ။ သေသေချာချာ
ပြန်တွေးကြည့်လိုက်ပြီး ဤတစ်ချိန်လုံး
အဆင့်မတက်နိုင်ခဲ့ရသည့်အကြောင်းအရင်းကို
နားလည်သွားတော့သည်။

ကနဦး၌ သူ့အသိစိတ်ပင်လယ်ထဲရှိ
သလင်းကျောက်တစ်ခုစီမှာ အ​ရောင်ခုနစ်ရောင်လုံး
ရှိတာဖြစ်သည်၊ ယခုအချိန်တွင် သလင်းကျောက်
တစ်ခုစီက အရောင်တစ်ခုစီကိုင်စွဲထားကာ
နွေးထွေးသည့်အရှိန်နှင့် အလင်းကိုထုတ်လွှင့်နေကြပြီး
တစ်ခုနှင့်တစ်ခုဖြည့်စွက်လျက် ထူးခြားသည့်
ညီမျှမှုတစ်ခုသို့ရောက်ရှိနေကြသည်။

သူအဆင့်မတက်နိုင်ခဲ့ရခြင်းမှာ ဤသို့သော
ညီမျှမှုမျိုး လိုအပ်နေသောကြောင့်ပင်။

အဆင့်တက်ဖို့အတွက် ညီမျှတစ်ခုလိုအပ်တာကြောင့်
အဆင့်သုံးမှလေးက သက်တန့်အဆင့်မှော်ဆရာများ
အတွက် ကြီးမားသောကွာဟချက်ကြီးတစ်ခု
ဖြစ်ပြီး ဤညီမျှမှုဆိုသည်မှာ သလင်းကျောက်များ၏
အရောင်ကိုဆိုလိုတာဖြစ်သည်။

အချိန်နံရံထဲမှာတုန်းက ဘိုးဘေးတန့်ချင်း၏
သက်တန့်အဆင့်မှော်ဆရာများအတွက်
အကြံပေးချက်များကို သူနားထောင်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက ညီမျှမှုအကြောင်းပြောပြသည်ကို
ကြားခဲ့ရပေမဲ့ နားတော့မလည်ခဲ့ပေ၊
ယခုတော့ သူသိသွားပြီဖြစ်သည်။

စိတ်ဝိဉာဉ်တောင်မှစိတ်စွမ်းအင်တွင် စိတ်ကို
တည်ငြိမ်ပြီးကြည်လင်စေသည့် အာနိသင်ရှိ၍
အဆင့်တက်နေချိန်တွင် မကောင်းသော
စိတ်ခံစားချက်များပေါ်မလာအောင် တားဆီပေးသည်။
ဒါကြောင့်ပဲ စိတ်ဝိဉာဉ်တောင်မှာကျင့်ကြံရတာ
လွယ်သည်ဟု ပြောကြတာဖြစ်သည်။ ထိုစကားက
မှန်လှချေသည်။

"လင်းရှောင် ကျွန်တော် ပြန်လည်ဝင်စားခြင်းဆေးလုံး
သန့်စင်လို့ရပြီ!"

သူ့အသံက စိတ်လှုပ်ရှားနေတာသိသာလှသည်။

ယူရှောင်းမိုထလိုက်ချိန်တွင် ပထမဆုံးမြင်ရသည်မှာ
အခန်းတံခါးဝတွင် ရပ်နေသည့်လင်းရှောင်ပင်။
တစ်ဖက်လူအပေါ် သူခုန်တက်လိုက်သည်။
လင်းရှောင်အတွက် ပြန်လည်ဝင်စားခြင်းဆေးလုံး
သန့်စင်ပေးနိုင်မည့်နေ့ကို စောင့်နေခဲ့တာဖြစ်ပြီး
လိုအပ်တာမှန်သမျှ ပြည့်သွားပြီဖြစ်သည်။

လင်းရှောင်က သူ့ခါးကိုလက်တစ်ဖက်ဖြင့်
ပွေ့လိုက်ကာ မေးလေးကိုအခြားလက်တစ်ဖက်ဖြင့်
ပင့်လိုက်လေသည်။

ယူရှောင်းမိုက လင်းရှောင်ပခုံးကိုလက်နှစ်ဖက်လုံးဖြင့်
ဖက်လိုက်ပြီး ခြေဖျားထောက်ကာ ခွတီးခွတနိုင်လှစွာ
နမ်းလိုက်သည်။ ယူရှောင်းမိုက သူ့ကိုကျီစယ်နေသည့်
လူထက် ပိုမိုဆာလောင်နေဟန်ဖြင့် ပါးစပ်ဟ၍
သူ့လျှာလေးကိုပေးလိုက်လေသည်။

ပါးစပ်ထဲခုန်ဝင်လာသည့်စားပွဲတော်ကို
ငြင်းလိုက်ပါ့မယ်လေဆိုတာမျိုး ဤလောကမှာမရှိပေ။

လင်းရှောင်ကမငြင်းဘဲ သူ့လျှာလေးကိုစုပ်ယူလိုက်ပြီး
ခံတွင်းတစ်ခုလုံးကိုအပိုင်စိုးလိုက်လေသည်။

ပြီးပြည့်စုံသည့်ခင်ပွန်းတစ်ယောက်အနေဖြင့်
သူ့ဇနီးလေးလိုအပ်သမျှ ဖြည့်ဆည်းပေးရပေမည်။
___________________________

//Zawgyi// 
အပိုင္း ၆၁၁- အတားအဆီး

"ဂူေတြကိုလိုက္ရွင္းေနတဲ့ နတ္ဘုရားအဆင့္
သိုင္းပညာရွင္တစ္ေယာက္ေပၚလာတယ္ၾကားတယ္။
ဂူ ေျခာက္လံုး ခုနစ္လံုးေလာက္ေတာ့ပါသြားၿပီ။
သူက အရမ္းျမန္တယ္... ျမက္ပင္ေတြေတာင္
မခ်န္ဘူး"

ေပါင္းျမက္ပင္မ်ားက ေဆးပင္စိုက္ခင္းမ်ားအနီးတြင္
ေပါက္ေရာက္ေလ့ရိွေသာအပင္မ်ားျဖစ္သည္။
လင္းေရွာင္ ေဆးပင္မ်ားယူသၫ့္အခါ
စိုက္ခင္းတစ္ခုလံုးယူတာျဖစ္၍ တစ္ခါတစ္ေလမွာ
ျမက္ပင္မ်ားပါ ေရာပါသြားတတ္ေလသည္။

"သူက သက္တန႔္ေမွာ္ဆရာမဟုတ္ေလာက္ဘူး...
နတ္ဘုရားအဆင့္ရိွတဲ့သိုင္းပညာရွင္ျဖစ္ဖို႔မ်ားတယ္"

"ျဖစ္ႏိုင္တယ္"

နတ္ဘုရားအဆင့္မဟုတ္ဘူးဆိုလ်ွင္ အလြန္လ်င္ျမန္စြာ
လႈပ္ရွားႏိုင္ဖို႔မဆိုထားႏွင့္ ဂူမ်ား၏အျပင္ဘက္ရိွ
အတားအဆီးမ်ားကိုဖ်က္စီးဖို႔ကပင္ အင္မတန္
ခက္ခဲေနမည္ျဖစ္သည္။ ထို႔အျပင္ ဤသို႔ေသာ
အၾကမ္းပတမ္းနည္းမ်ိဳးက ေမွာ္ဆရာမျဖစ္ႏိုင္ေပ။

"ဘယ္သူလို႔ထင္လဲ"

"အမ္း.... သူက တစ္ကိုယ္ေတာ္လႈပ္ရွားေနတဲ့ပံုပဲ။
သိခ်င္ရင္စံုစမ္းၾကၫ့္ရမွာေပါ့"

နတ္ဘုရားအဆင့္က်င့္ႀကံသူမ်ား တစ္ကိုယ္ေတာ္
လႈပ္ရွားၾကခ်ိန္တြင္ မ်ားေသာအားျဖင့္ အမ်ား၏
အာရံုစိုက္ျခင္းကိုခံရတတ္သည္။ အျခားေသာ
အင္အားစုမ်ားလည္း ေသခ်ာေပါက္သတိျပဳမိေနၿပီ
ျဖစ္သည္။

မွန္းဆခ်က္မ်ားကိုလစ္လ်ူရႈလ်က္ ဖူခ်န္ခ်ဳံးသည္
သူ႔ေဘးရိွယူကၽြင္းခ်ီအား ၾကၫ့္လိုက္၏။

"အစ္ကိုယူကေရာ ဘယ္သူလို႔ထင္လဲ"

ယူကၽြင္းခ်ီက မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္။

ဒါကဟိုတစ္ေယာက္ရဲ့လုပ္ပံုကိုင္ပံုႏွင့္
အင္မတန္တူလွေသာ္လည္း သူတို႔ႏွင့္ေနာက္ဆံုး
ေတြ့ခဲ့ရသည္မွာ တစ္ႏွစ္ပင္ရိွေတာ့မည္ျဖစ္သည္။

တကယ္ပဲ သူတို႔လား?

"ခင္ဗ်ားေရာဘယ္လိုထင္လဲ"

ယူကၽြင္းခ်ီက အေမးကိုသူ႔ဆီျပန္ေပးလိုက္၏။

ဖူခ်န္ခ်ဳံးက အဓိပၸါယ္ျပၫ့္ဝေသာေလသံျဖင့္
ေျပာလိုက္ေလသည္။

"ခင္ဗ်ားအေတြးနဲ႔ က်ဳပ္အေတြးနဲ႔အတူတူပဲထင္တယ္"

ယူကၽြင္းခ်ီက ဟက္ဟက္ပက္ပက္
ရယ္ေမာေလေတာ့သည္။

"က်ဳပ္တို႔ခန႔္မွန္းတာမွန္ဖို႔ေမ်ွာ္လင့္ရတာပဲ"

ဤရက္မ်ားအတြင္း သူ႔သားေလးကိုလြမ္းေနသည္။
အခုေနာက္ပိုင္း သူဘာေတြလုပ္ေနလဲမသိရေပမဲ့
လင္းေရွာင္ ဒဏ္ရာရထားသည္ဟုေတာ့
သူၾကားထားသည္။ အဲ့ဒါက အမွန္ပဲလား ဒါမွမဟုတ္
ေကာလဟလလားေတာ့မသိေပ။

"တကယ္ပဲသူတို႔ဆိုရင္ ေသြးေစြးနီမိသားစုနဲ႔
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္က ဒီတိုင္းထိုင္ၾကၫ့္ေနမွာ
မဟုတ္ဘူး"

ဖူခ်န္ခ်ဳံးက ခပ္ေပါ့ေပါ့ထုတ္ေျပာလိုက္သည္။

လင္းေရွာင္ႏွင့္ယူေရွာင္းမိုတို႔ လြတ္သြားၿပီးကတည္းက
ယူက်န္ထ်န္းက လူမ်ားလႊတ္ၿပီး မနားမေန
လိုက္ရွာေနတာျဖစ္သည္။ တစ္ႏွစ္ကုန္သြားတာေတာင္မွ
လက္မေလ်ွာ့ေသးေခ်၊  သူ၏ဇဲြေကာင္းမႈက
သံသယျဖစ္ဖြယ္ေကာင္းလွသည္။

ေသြးေစြးနီမိသားစုကို သစၥာေဖာက္သြားခဲ့ျခင္းျဖစ္ပါက
ဤမ်ွေလာက္ထိ ပံုႀကီးခ်ဲ႔ေနဖို႔မလိုေပ၊ သို႔ေပမဲ့
ဤကိစၥႏွင့္ပတ္သက္၍ ယူက်န္ထ်န္း၏ဦးစားေပးမႈက
အမွန္ပင္အေတြးမ်ားဖြယ္ေကာင္းသည္။

နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ကေတာ့ က်ိယြင္လန္ကိစၥ
ၿပီးေနာက္မွာ က်ိဟယ့္ႏွင့္သူတို႔မိသားစု​က
လင္းေရွာင္တို႔ကို ဖယ္ရွားပစ္ဖို႔လိုအပ္သၫ့္
ဆူးေၫွာင့္ခလုတ္မ်ားဟု ျမင္ေနၾကသည္။

မၾကာေသးမီက က်ိဟယ့္တစ္ေယာက္ ထ်န္းကံုႏွင့္
ေပၚေပၚတင္တင္ဆန႔္က်င္ေနသၫ့္အေၾကာင္းတစ္ခု
ရိွပံုရေသာ္ျငား သူက ယူေရွာင္းမိုႏွင့္
လင္းေရွာင္တို႔ကိုရွာဖို႔ လူမ်ားလည္း
လ်ိႈ႔ဝွက္ေစလႊတ္ေနေလသည္။

"ၿပီးေတာ့ ကူမာမ်ိဳးႏြယ္စု​ေရာ"

ယူကၽြင္းခ်ီက ၿငိမ္သက္စြာထပ္ျဖၫ့္ေျပာလိုက္သည္။

လြန္ခဲ့ေသာသံုးလက ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔
တံု႔ယီြမွာေပၚလာေၾကာင္းသတင္းရခဲ့သည္။
ကနဦးတြင္ ၄က အံ့ဩစရာသတင္းမဟုတ္ေပ၊
သို႔ေသာ္ ထိုႏွစ္ေယာက္က ကူမာမ်ိဳးႏြယ္စုကိုရန္စကာ
ေခါင္းေဆာင္ေမာ့မာ၏သမီးအမႊာႏွစ္ေယာက္ကို
လုပ္ႀကံခဲ့သည္ဟု ၾကားခဲ့ရသည္။

ထိုႏွစ္ေယာက္အေပၚ ယူကၽြင္းခ်ီနားလည္သေလာက္
ေျပာရလ်ွင္ အမႊာႏွစ္ေယာက္ကို သူတို႔သတ္တာ
မဟုတ္ေလာက္ေပ။

သူ႔သားနဲ႔ သမက္တို႔က ျပႆာရွာသၫ့္ေနရာတြင္
လြန္စြာမွထူးခၽြန္ၾကသည္။ ထံုထ်န္းတိုက္မႀကီးတြင္
အင္အားစုႀကီးဆယ္ခုေက်ာ္ရိွသၫ့္အထဲ
သံုးခုက သူတို႔ႏွင့္ရန္ႃငွိုးရိွေနသည္။ ဒါက
ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံေနတာပင္။

သူပိုၿပီးသန္မာလာဖို႔လိုအပ္သည္ဟု ယူကၽြင္းခ်ီ
ခံစားရေလသည္၊ မဟုတ္ပါက ထိုႏွစ္ေယာက္၏
စရိုက္ျဖင့္ဆိုလ်ွင္ ရန္သူမ်ားပိုတိုးလာဖို႔ပဲရိွရာ
အေဖျဖစ္သၫ့္သူ႔အေနျဖင့္ ဖိအားမ်ားပိုခံစားရသည္။

ရတက္မေအးျဖစ္ေနသၫ့္ သူ႔အမူအရာကိုျမင္ေတာ့
ဖူခ်န္ခ်ဳံးကႏွစ္သိမ့္ေပးလိုက္သည္။

"တအားလည္းစိတ္မပူပါနဲ႔။ က်ားခံတြင္းထဲ
သူတို႔ဝင္ရဲမွေတာ့ လြတ္လြတ္ကၽြတ္ကၽြတ္
ထြက္လာႏိုင္မယ္လို႔ယံုၾကည္ခ်က္ရိွလို႔ပဲ။ ေနာက္ၿပီး
လင္းေရွာင္ကိုေလ်ွာ့မတြက္သင့္ဘူး။ သူက
မရိုးရွင္းဘူး... ခင္ဗ်ားသား ေသခ်ာေပါက္
ေဘးကင္းမွာပါ"

ဒါကိုေတာ့ ယူကၽြင္းခ်ီစိတ္မပူေပ။

လင္းေရွာင္ကို သူသိတာ အခ်ိန္သိပ္မၾကာေသးေပမဲ့
လင္းေရွာင္က သူ႔ကိုယ္သူထက္ သူ႔သားကို
ပိုတန္ဖိုးထားေၾကာင္း သူေျပာႏိုင္သည္။

"စံအိမ္ရွစ္ခုထဲမွာငါးခုပြင့္သြားၿပီဆို... ေနာက္ထပ္
သံုးခုပဲက်န္ေတာ့တယ္....."

စံအိမ္ရွစ္ခုက မူလတံခါး၊ ၿငိမ္းခ်မ္းျခင္းတံခါး၊
အသက္တံခါး၊ နာျခင္းတံခါး၊ ဆန႔္က်င္ျခင္းတံခါး၊
သဘာဝတံခါး၊ မရဏတံခါးႏွင့္ ေၾကာက္ရြံ႔ျခင္း၏
တံခါးမ်ားျဖစ္ၾကသည္။ ယခုအခ်ိန္တြင္ အသက္တံခါး၊
နာျခင္းတံခါးႏွင့္ ေၾကာက္ရြံ႔ျခင္းတံခါးတို႔သာ
က်န္ေတာ့သည္။ သို႔ေသာ္လည္း အသက္တံခါးမွလဲြ၍
နာျခင္း၏တံခါးႏွင့္ ေၾကာက္ရြံ႔ျခင္း၏တံခါးတို႔မွာ
ကံဆိုးျခင္း၏သေကၤတမ်ားျဖစ္သည္။ မရဏတံခါးတြင္
အဆင့္ဆယ့္ႏွစ္ရိွ ေရမိစၧာေပၚလာခဲ့ေပရာ
နာျခင္းတံခါးႏွင့္ ေၾကာက္ရြံ႔ျခင္းတံခါးတို႔က
အင္မတန္အႏၲရာယ္မ်ားမည္ျဖစ္ေၾကာင္း
ထင္ရွားေနသည္။

"အသက္တံခါးရိွေသးတာပဲ မဟုတ္လား...
အဲ့ဒီတစ္ခုကိုအရင္ရွာၾကရံုပဲ"

ဖူခ်န္ခ်ဳံး၏မ်က္လံုးအစံုက ျဖတ္ခနဲ
လက္သြားေလသည္။

အသက္တံခါးဝက ၄နာမည္အတိုင္း
ေကာင္းျခင္းမ်ားကိုသာယူေဆာင္လာေပးမၫ့္
ေကာင္းျခင္းသေကၤတျဖစ္သည္။ ဆန႔္က်င္ျခင္းတံခါး၊
သဘာဝတံခါးတို႔ႏွင့္ယွဉ္လ်ွင္ အသက္တံခါး၌
ဖ်က္စီးဖို႔လိုသၫ့္အတားအဆီးမ်ားအပ အျခား
ေဘးအႏၲရာယ္မ်ားရိွလိမ့္မည္မဟုတ္ေပ။

မူလတံခါးႏွင့္ ၿငိမ္းခ်မ္းျခင္းတံခါးတို႔မွ
မ်ိဳးမ်ိဳးျမက္ျမက္ရထားသူမ်ားဆို အသက္တံခါးကို
လက္လႊတ္မည္မဟုတ္ေပ။

စံအိမ္ရွစ္ခုကို ႄကံုရာက်ပန္းေနရာခ်ထားသည္ဟု
ထင္ရေသာ္လည္း တကယ္ေတာ့ ၄ကို
တံခါး(ဂိတ္)ရွစ္ခုကိုအေျခခံ၍ ေရးဆဲြထားျခင္းျဖစ္ရာ
စံအိမ္ရွစ္ခုကိုေနရာခ်ပံုတစ္ခုေတာ့ ပံုေသ
ရိွကိုရိွမည္ျဖစ္သည္။ အသက္တံခါးကို
ရွာေတြ့သြားၾကလိမ့္မည္၊ ေမးစရာရိွသည္မွာ
ဘယ္အခ်ိန္မွာေတြ့မွာလဲဆိုတာပင္။

အသက္တံခါးကို ယူကၽြင္းခ်ီ စိတ္ဝင္စားေနသည္။
သို႔ေပမဲ့ သူ႔အတြက္မဟုတ္ဘဲ သူ႔သားအတြက္
လိုခ်င္တာျဖစ္သည္။

မက္မြန္ပြင့္အရပ္အပ်က္အစီးမ်ားအတြင္းသို႔
သူလိုက္လာျခင္းမွာ သူ႔သားေလးအတြက္
ရွားပါးေမွာ္ေဆးပင္မ်ား၊ မ်ိဳးေစ့မ်ား ရွာေပးရန္
ျဖစ္သည္။

"အခ်ိန္မျဖဳန္းနဲ႔ေတာ့။ အသက္တံခါးကိုရွာရမယ္"

သူ႔တြက္ခ်က္မႈမ်ားအရ သံုးခုေျမာက္စံအိမ္က
ေတာင္ထိပ္မွာရိွဖို႔မ်ားတာေၾကာင့္ ဖူခ်န္ခ်ဳံးသည္
ခ်န္မဟာမိတ္မွတပၫ့္မ်ားအား ေတာင္ထိပ္သို႔
ဦးေဆာင္ေခၚသြားေတာ့သည္။ ထိုမ်ွမက
ကံဆိုးျခင္း၏တံခါးမ်ားျဖစ္ေသာ နာျခင္းတံခါးႏွင့္
ေၾကာက္ရြံ႔ျခင္း၏တံခါးတို႔သည္လည္း ေတာင္ထိပ္မွာ
ျဖစ္ဖို႔မ်ားသည္။

လမ္းတြင္ သူတို႔နည္းတူေတာင္ထိပ္သို႔ဦးတည္ေနေသာ
လိပ္နက္မ်ိဳးႏြယ္၊ သားရဲအသြင္ေျပာင္းျခင္း
အဖဲြ႔အစည္းတို႔ႏွင့္ဆံုၾကၿပီး ေသြးေစြးနီမိသားစု၊
ကူမာမ်ိဳးႏြယ္စုႏွင့္နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္တို႔သံုးဖဲြ႔
မဟာမိတ္ဖဲြ႔ထားၾကေၾကာင္း သားရဲအသြင္ေျပာင္းျခင္း
အဖဲြ႔အစည္းကေျပာျပေသာေၾကာင့္ သူတို႔သံုးဖဲြ႔လည္း
မဟာမိတ္ဖဲြ႔လိုက္ၾကေလသည္။ သူတို႔ပန္းတိုင္ကလည္း
ေတာင္ထိပ္ပဲျဖစ္သည္။

စိတ္ဝိဉာဉ္ေတာင္က ဧရာမေတာင္ႀကီးတစ္လံုး
ျဖစ္သည္၊ ေတာင္ေပၚတြင္ ေထာင္ေခ်ာက္မ်ားစြာရိွကာ
ေရွးမွသိုင္းပညာရွင္ႏွင့္ေမွာ္ဆရာမ်ားက
ဒီလိုေန့မ်ိဳးေရာက္ရိွလာလိမ့္မည္ဟု
ႀကိဳျမင္ထားသလားပင္မွတ္ရေလသည္၊ အထူးသျဖင့္
ေတာင္ထိပ္သို႔ဦးတည္ေနေသာလမ္းပင္။
ဘယ္ေနရာပဲေျခခ်ခ် အႏၲရာယ္က အသင့္ေစာင့္ႀကိဳလို႔
ေနသည္။ အခ်ိဳ႕ေသာတစ္ကိုယ္ေတာ္က်င့္ႀကံသူမ်ားမွာ
သူတို႔ဘာသာသူတို႔တက္ႏိုင္သည္ဟု ထင္ထားၾက
ေသာ္လည္း လမ္းတစ္ဝက္မွာတင္
ရႈံးနိမ့္သြားၾကသည္။

လင္းေရွာင္ကတိေပးထားေသာ လဝက္ျပၫ့္ဖို႔
နီးကပ္လာၿပီျဖစ္သည္။

လမ္းတြင္၊ အင္အားစုႀကီးအားလံုးက စံအိမ္သံုးခု
က်န္ရိွေနေသးေသာေတာင္ထိပ္သို႔ ဦးတည္ေနၾကသၫ့္
သတင္းကို သူရခဲ့ေသာ္လည္း မသြားေတာ့ေပ။

လင္းေရွာင္က အခ်ိန္ျပၫ့္သၫ့္အခါျပန္သြားသည္။

ဂူအျပင္ရိွအတားအဆီးမ်ားကို လင္းေရွာင္ကိုယ္တိုင္
ခ်ထားတာျဖစ္သည္။ မူလကရိွေနေသာ
အတားအဆီးမ်ားက ပ်က္စီးသြားၿပီျဖစ္သျဖင့္
သူဝင္လာသည္ကို တစ္ေယာက္မွမသိၾကေပ။

ဤလဝက္အတြင္းတြင္ တစ္ဖဲြ႔ၿပီးတစ္ဖဲြ႔
ျဖတ္သြားခဲ့ၾကသည္။ အမ်ားစုကေတာ့ ဝင္မၾကၫ့္ဘဲ
တန္းထြက္သြားၾကတာခ်ည္းသာျဖစ္သည္။
ဉာဏ္နီဉာဏ္နက္မ်ားသၫ့္လူအခ်ိဳ႕ကေတာ့
အတားအဆီးမ်ားကိုေတြ့ၿပီးေနာက္မွာ ဂူကို
သူမ်ားမဝင္ရေသးဘူးဟုထင္ကာတိုက္ခိုက္ၾကေသး၏။

လင္းေရွာင္၏အတားအဆီးမ်ားက
အလြန္အစြမ္းထက္သည္။ ထိုလူမ်ားမွာ
မည္မ်ွပင္ႀကိဳးစားပါေစ မဖ်က္ဆီးႏိုင္ၾကေပ။
ေနာက္ဆံုးတြင္ေတာ့ လက္ေလ်ွာ့သြားၾကေတာ့သည္။

ယူေရွာင္းမိုက်င့္ႀကံေနသၫ့္ အခန္းကို
ဘယ္ေလာက္မွမၾကာခင္မွာပဲ
လင္း​ေရွာင္ရွာေတြ့ေလသည္။

ယူေရွာင္းမိုက အခန္းအလယ္မွာ တင္ပလႅင္ေခြထိုင္
လ်က္ရိွသည္။ သူ႔ေဘးပတ္လည္ရိွစိတ္စြမ္းအင္က
သူ႔ကိုယ္တြင္းသို႔ဝင္ရန္ ေလေပြတစ္ခုကဲ့သို႔
လွၫ့္ပတ္ေနသည္။ ေလးနာရီၾကာၿပီးေနာက္မွသာ
၄ကရပ္တန႔္သြားခဲ့သည္။

ရပ္သြားသည္ႏွင့္ ယူေရွာင္းမိုက လက္ဟန္တစ္ခု
ျပဳလုပ္လိုက္သည္။ သူ၏ျဖဴေဖ်ာ့ေဖ်ာ့အသားရည္က
ပန္းေရာင္သမ္းလာၿပီး ေသြးစက္မ်ားယိုစိမ့္
ထြက္လာသၫ့္အလား ပို၍ပို၍နီရဲလာသည္။
မလႈပ္မယွက္ရိွေနေသာကိုယ္လံုးေလးကလည္း
ခပ္မွန္မွန္ တုန္ယင္လာသည္။

သူ႔အသိစိတ္ပင္လယ္က ႀကီးမားစြာေျပာင္းလဲေနသည္။

သလင္းခုနစ္ခုကို အလင္းတန္းတစ္ခုက
ခုနစ္စင္ၾကယ္ကဲ့သို႔ သြယ္တန္းသြားၿပီး
အေရာင္ခုနစ္ခု တျဖတ္ျဖတ္လက္ရင္း
အျမန္ႏႈန္းႏွင့္ပံုသ႑ာန္တို႔ ဆက္တိုက္
ေျပာင္းလဲေနေလသည္။ ေခါင္းေဆာင္ေနရာအတြက္
တိုက္ခိုက္ေနၾကသကဲ့သို႔ ေရႊေရာင္က
ဦးေဆာင္သြားၿပီးေနာက္ ခရမ္းေရာင္က
လုယူသြားျပန္သည္။ ျဖည္းညင္းစြာျဖင့္
အေရာင္ခုနစ္ခုက တစ္ခုႏွင့္တစ္ခုညီမ်ွေအာင္
ျပဳလုပ္ရင္း သင့္ျမတ္သြားၾကသည္။

အခ်ိန္မည္မ်ွမွန္းမသိၾကာၿပီးေနာက္၊ သလင္းေက်ာက္
ခုနစ္ခု လွၫ့္ပတ္ေနၾကခ်ိန္တြင္ ယူေရွာင္းမိုနားထဲ
အက္ကဲြသံတစ္ခု ၾကားလိုက္ရၿပီး ပင္လယ္ႏွင့္
ေကာင္းကင္ျပင္ကေပးစြမ္းေသာစိတ္ေအးသၫ့္
ခံစားခ်က္တစ္မ်ိဳး အစားထိုးဝင္ေရာက္လို႔လာသည္။

အတြင္းအားကိုခံစားၾကၫ့္လိုက္ေတာ့ ယူေရွာင္းမိုမွာ
ဝမ္းသာၿပီးထခုန္မိမတတ္ပင္။

ဤတစ္ေလ်ွာက္လံုး သူ႔ကိုကာဆီးထားသၫ့္
အတားအဆီးက ေနာက္ဆံုးေတာ့
ေပ်ာက္ကြယ္သြားေလၿပီ။ ေသေသခ်ာခ်ာ
ျပန္ေတြးၾကၫ့္လိုက္ၿပီး ဤတစ္ခ်ိန္လံုး
အဆင့္မတက္ႏိုင္ခဲ့ရသၫ့္အေၾကာင္းအရင္းကို
နားလည္သြားေတာ့သည္။

ကနဦး၌ သူ႔အသိစိတ္ပင္လယ္ထဲရိွ
သလင္းေက်ာက္တစ္ခုစီမွာ အ​ေရာင္ခုနစ္ေရာင္လံုး
ရိွတာျဖစ္သည္၊ ယခုအခ်ိန္တြင္ သလင္းေက်ာက္
တစ္ခုစီက အေရာင္တစ္ခုစီကိုင္စဲြထားကာ
ေနြးေထြးသၫ့္အရိွန္ႏွင့္ အလင္းကိုထုတ္လႊင့္ေနၾကၿပီး
တစ္ခုႏွင့္တစ္ခုျဖၫ့္စြက္လ်က္ ထူးျခားသၫ့္
ညီမ်ွမႈတစ္ခုသို႔ေရာက္ရိွေနၾကသည္။

သူအဆင့္မတက္ႏိုင္ခဲ့ရျခင္းမွာ ဤသို႔ေသာ
ညီမ်ွမႈမ်ိဳး လိုအပ္ေနေသာေၾကာင့္ပင္။

အဆင့္တက္ဖို႔အတြက္ ညီမ်ွတစ္ခုလိုအပ္တာေၾကာင့္
အဆင့္သံုးမွေလးက သက္တန႔္အဆင့္ေမွာ္ဆရာမ်ား
အတြက္ ႀကီးမားေသာကြာဟခ်က္ႀကီးတစ္ခု
ျဖစ္ၿပီး ဤညီမ်ွမႈဆိုသည္မွာ သလင္းေက်ာက္မ်ား၏
အေရာင္ကိုဆိုလိုတာျဖစ္သည္။

အခ်ိန္နံရံထဲမွာတုန္းက ဘိုးေဘးတန႔္ခ်င္း၏
သက္တန႔္အဆင့္ေမွာ္ဆရာမ်ားအတြက္
အႀကံေပးခ်က္မ်ားကို သူနားေထာင္ခဲ့ဖူးသည္။
ထိုအခ်ိန္တုန္းက ညီမ်ွမႈအေၾကာင္းေျပာျပသည္ကို
ၾကားခဲ့ရေပမဲ့ နားေတာ့မလည္ခဲ့ေပ၊
ယခုေတာ့ သူသိသြားၿပီျဖစ္သည္။

စိတ္ဝိဉာဉ္ေတာင္မွစိတ္စြမ္းအင္တြင္ စိတ္ကို
တည္ၿငိမ္ၿပီးၾကည္လင္ေစသၫ့္ အာနိသင္ရိွ၍
အဆင့္တက္ေနခ်ိန္တြင္ မေကာင္းေသာ
စိတ္ခံစားခ်က္မ်ားေပၚမလာေအာင္ တားဆီေပးသည္။
ဒါေၾကာင့္ပဲ စိတ္ဝိဉာဉ္ေတာင္မွာက်င့္ႀကံရတာ
လြယ္သည္ဟု ေျပာၾကတာျဖစ္သည္။ ထိုစကားက
မွန္လွေခ်သည္။

"လင္းေရွာင္ ကၽြန္ေတာ္ ျပန္လည္ဝင္စားျခင္းေဆးလံုး
သန႔္စင္လို႔ရၿပီ!"

သူ႔အသံက စိတ္လႈပ္ရွားေနတာသိသာလွသည္။

ယူေရွာင္းမိုထလိုက္ခ်ိန္တြင္ ပထမဆံုးျမင္ရသည္မွာ
အခန္းတံခါးဝတြင္ ရပ္ေနသၫ့္လင္းေရွာင္ပင္။
တစ္ဖက္လူအေပၚ သူခုန္တက္လိုက္သည္။
လင္းေရွာင္အတြက္ ျပန္လည္ဝင္စားျခင္းေဆးလံုး
သန႔္စင္ေပးႏိုင္မၫ့္ေန့ကို ေစာင့္ေနခဲ့တာျဖစ္ၿပီး
လိုအပ္တာမွန္သမ်ွ ျပၫ့္သြားၿပီျဖစ္သည္။

လင္းေရွာင္က သူ႔ခါးကိုလက္တစ္ဖက္ျဖင့္
ေပြ့လိုက္ကာ ေမးေလးကိုအျခားလက္တစ္ဖက္ျဖင့္
ပင့္လိုက္ေလသည္။

ယူေရွာင္းမိုက လင္းေရွာင္ပခံုးကိုလက္ႏွစ္ဖက္လံုးျဖင့္
ဖက္လိုက္ၿပီး ေျခဖ်ားေထာက္ကာ ခြတီးခြတႏိုင္လွစြာ
နမ္းလိုက္သည္။ ယူေရွာင္းမိုက သူ႔ကိုက်ီစယ္ေနသၫ့္
လူထက္ ပိုမိုဆာေလာင္ေနဟန္ျဖင့္ ပါးစပ္ဟ၍
သူ႔လ်ွာေလးကိုေပးလိုက္ေလသည္။

ပါးစပ္ထဲခုန္ဝင္လာသၫ့္စားပဲြေတာ္ကို
ျငင္းလိုက္ပါ့မယ္ေလဆိုတာမ်ိဳး ဤေလာကမွာမရိွေပ။

လင္းေရွာင္ကမျငင္းဘဲ သူ႔လ်ွာေလးကိုစုပ္ယူလိုက္ၿပီး
ခံတြင္းတစ္ခုလံုးကိုအပိုင္စိုးလိုက္ေလသည္။

ၿပီးျပၫ့္စံုသၫ့္ခင္ပြန္းတစ္ေယာက္အေနျဖင့္
သူ႔ဇနီးေလးလိုအပ္သမ်ွ ျဖၫ့္ဆည္းေပးရေပမည္။
___________________________



















Continue Reading

You'll Also Like

645K 87.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
403K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
9.7K 313 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...