နွမ်းလျရွက်ဝါ

By summer-est

132K 16.2K 460

"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of... More

01
02
04
05
06
07
08
09
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44 [The Finale]
Extra 1 (Qi Shu's)
Extra 2
Thank You

03

3.2K 424 12
By summer-est

[Unicode]

ချီရှူးရဲ့ ရုံးခန်းက ၂၈လွှာမှာ ရှိတယ်။

ဓာတ်လှေကားက အထပ် တထပ်စီ ရောက်တိုင်း လူက မအီမသာဖြစ်လာရတယ်။

ဘယ်တုန်းကတည်းက အစတည်နေမှန်း မသိပေမဲ့ ချီရှူးအပေါ် ထားရှိတဲ့ ရောင့်ရဲမတင်းတိမ်နိုင်တဲ့ အချစ်တွေက ပြောမပြတတ်တဲ့ ကြောက်ရွံ့မှုတွေ၊ ငြင်းပယ်ခံရမှုတွေနဲ့အတူ ရောပြွမ်းနေတယ်။

ကျွန်တော် သူ့ကို ကြောက်ပါတယ်။ ဒါပေမဲ့ သူနဲ့ နီးစပ်ချင်နေသေးတုန်းပဲ။

အထူးသဖြင့် ဂလင်းအစားထိုးပြီးနောက်ပေါ့။ သူ ကျွန်တော့ကို ထိန်းချုပ်ချင်တဲ့အခါ ဒါမှမဟုတ် heat တက်အောင် တွန်းအားပေးချင်တဲ့အခါ သူ့ရဲ့ ဖယ်ရိုမုန်းတွေကို အမြဲ သုံးလေ့ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော် နားလည်လိုက်ရတာက အိုမီဂါတယောက် ဖြစ်ရတာ တကယ့်ကို မလွယ်ကူဘူးဆိုတာပါပဲ။

ချီရှူးရဲ့ ဖယ်ရိုမုန်းအနံ့က ပယင်းပါ။ ချိုမြပေမဲ့ လူကို နွေးထွေးအောင် မစွမ်းသာနိုင်ဘူး။


တင်ခနဲ မြည်သံနဲ့အတူ ဓာတ်လှေကားတံခါး ပွင့်သွားတယ်။

ကွန်ဖရင့်အခန်း နှစ်ခန်းနဲ့ အမှုဆောင်ရုံးခန်းအနည်းအကျဉ်းမျှသာ ရှိတဲ့ ၂၈လွှာက ဟင်းလင်းဖြစ်နေတယ်။ ကော်ရစ်ဒါတလျှောက် လျှောက်သွားလိုက်ပြီး အဆုံးနားက မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တယ်။

ချီရှူး မရှိဘူးလား...။

ဧည့်ကြိုခန်းမနဲ့ အပြင်ဘက်ရုံးခန်းမှာလည်း လူမရှိဘူး။ လေထဲကနေ ထူးဆန်းတဲ့အနံ့က ခပ်သင်းသင်း ပျံ့လွင့်လာတာနဲ့အတူ ပင်ကိုယ်အသိစိတ်က အထဲကို ဝင်အောင် တွန်းပို့ပေးနေတယ်။ ပိတ်ထားတဲ့အိပ်ခန်းတံခါး အပြင်ဘက်ကနေ ဆိုးရွားတဲ့ ပင့်သက်ရှိုက်နဲ့ သာယာညည်းညူသံတွေကို အတိုင်းသားကြားနေရတယ်။

ခေါင်းတခုလုံး ပေါက်ထွက်သွားတော့မလိုပဲ။

ချီရှူး...

မသိလိုက်ဘာသာပဲ ခန္ဓာကိုယ်က ဒီနေရာကနေ လွတ်မြောက်သွားချင်ပေမဲ့ လက်ကတော့ တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်မိပြီး နေရာမှာတင် မလှုပ်နိုင်မရှားနိုင်။

ချွန်ညိနေတဲ့ လက်သည်းတွေနဲ့ နှလုံးသားကို ဆုတ်ဖြဲလိုက်သလို၊ တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်လို့ သွေးစိမ်းရှင်ရှင် ထွက်လာသလို။

ဒီသတ္တိတွေက ဘယ်ကထွက်လာလဲ ကျွန်တော်မသိပါဘူး။ နာကျင်မှုမှာ သာယာတတ်တဲ့ ပင်ကိုယ်စရိုက်က အလျင်လိုနေခဲ့တာပဲဖြစ်မလား၊ တံခါးလက်ကိုင်ဖုကို ဆွဲလှည့်ပြီး ဖွင့်မိလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခန့်မှန်းနိုင်ခဲ့သားပဲလေ။

ချီရှူးက တခြားတယောက်နဲ့ အတူအိပ်တာကို သိတာနဲ့ ကိုယ်တိုင် လက်ပူးလက်ကြပ်မိတာနဲ့က မတူပါဘူး။ ဘာပဲဖြစ်နေဖြစ်နေ ဒီကိစ္စကို လက်ခံနိုင်လောက်မယ်လို့ စဉ်းစားထားခဲ့ဖူးပေမဲ့ အခုလို ကိုယ်တိုင်မျက်မြင်တွေ့ရတာမျိုးက... ကျွန်တော် တောင့်ခံနိုင်မယ် မထင်ပါဘူး။


အဝတ်ဗလာကျင်းနေတဲ့ အိုမီဂါက အိပ်ရာပေါ်မှာ လေးဖက်ထောက်ပြီး တင်ပါးကို ခပ်မြင့်မြင့်မြှောက်ထားတယ်။ ချီရှူးကတော့ သူ့အပေါ်မှာ အုပ်မိုးထားတယ်။ ဝတ်စုံအပြည့်နဲ့ပါပဲ။ ဘောင်းဘီတောင် မချွတ်ထားပါဘူး။

ဒီမြင်ကွင်းက အရမ်းကို အညှီအဟောက်ဆန်လွန်းတယ်။

ချီရှူးရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်လွန်းတယ်။ သူ့အောက်က အိုမီဂါလေးကတော့ မိန်းမောတွေဝေနေပြီး ဆောင့်ချက်တွေကြောင့် အရူးအမူးဖြစ်နေရတယ်။ သာယာစွာ အော်ဟစ်မြည်တမ်းရင်း...။

လေထုထဲ မက်မွန်အနံ့ဖယ်ရိုမုန်းတွေ အပြည့်ပဲ။ အော်ဂလီဆန်စရာ။

ပျို့အန်ချင်စိတ်က လှိုက်တက်လာပြီး ကုန်းမအန်မိစေဖို့ တော်တော်သည်းညည်းခံလိုက်ရပါတယ်။

"ရှောင်းယွီ"

ချီရှူးက ကျွန်တော့ရဲ့ လားရာဘက်ကို စောင်းငဲ့ကြည့်တယ်။ ခါတိုင်းလို သူ့ရဲ့ တည်ငြိမ်နေတတ်တဲ့ အသံက လေးလေးတွဲ့တွဲ့နဲ့ ဆက်စီကျနေတယ်။

သူတို့နှစ်ယောက်က လိုက်ကာလေးတောင် ဆွဲမချထားကြပါဘူး။ နေ့လယ်ခင်း နေရောင်ခြည်က ပြင်သစ်စတိုင် ပြတင်းပေါက်ကနေ ဖြာကျနေတယ်။ ဒါပေမဲ့လည်း အခန်းကတော့ အချိန်မတော် ဖရိုဖရဲဖြစ်နေလျက်။ အခုလို ကောင်းကင်နဲ့ ထိမတတ် မြင့်မားတဲ့ အဆောက်အဦအခြေအနေအရဆိုရင် နှစ်ယောက်သားက နေပူဆာလှုံနေသလိုပဲလေ။

အလုံးစုံသော စည်းမျဉ်းတွေနဲ့ ကျင့်ဝတ်တွေက ချီရှူးအတွက် အပိုတွေ ဖြစ်နေခဲ့ပြီ။


"စီနီယာ..."

အသားစိုင်ချင်း ယှက်သွယ်နေတဲ့ မြင်ကွင်းကို ရှောင်ရှားရင်း၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လက်ဖဝါးကို လက်သည်းနဲ့ ဆိတ်တွပြီး စူးအောင့်လာတဲ့ နာကျင်မှုကို အမှီပြုရင်း ခေါင်းကို ငုံ့ထားမိတယ်။

ချီရှူးက ရယ်မောရင်း အရှိန်ထပ်မြှင့်လိုက်တယ်။

အိုမီဂါလေးက တားမနိုင်ဆီးမရ ပို ပိုပြီး အော်ဟစ်လာတယ်။ ဒါဟာ ရည်ရည်မွန်မွန်ကောင်လေးတယောက်ကို ညစ်ညမ်းပြီး အပျက်ဆန်တဲ့ အသံကို ဖြစ်ပေါ်စေတယ်။

ချီရှူးက ဒီလိုပါပဲ။ ကျွန်တော်က သူ လိုချင်သလောက် အပျက် မဆန်နိုင်တော့ သူက ကျွန်တော့ကို သဘောမတွေ့နိုင်ပါဘူး။

ဒါ ဘယ်လောက် ကြာဦးမလဲ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သူတို့ ပြီးတော့မယ့်ပုံပါပဲ။

"ပြောင်အောင်လျက်လိုက်"

ချီရှူးက ပြန်ဆွဲထုတ်လိုက်ပြီး အိုမီဂါလေးရဲ့ ဆံပင်ကို ဆွဲပြီး ပြောတယ်။

အိုမီဂါလေးက ကျွန်တော့ကို ပွင့်လင်းစွာနဲ့ မော့ကြည့်ရင်း ချီရှူးစကားကို နာခံစွာနဲ့ လျက်ပေးနေတယ်။

တုံ့ပြန်ဖို့ရာ အားအင်မဲ့နေပါပြီ။

ရုတ်တရတ် မိုက်ခနဲဖြစ်သွားရာကနေ လဲကျမသွားစေဖို့ တောင့်ခံထားတဲ့ အင်အားတွေ ဆုတ်ယုတ်သွားသလိုပါပဲ။

"ဒီကိုလာခဲ့"

ချီရှူးက ကျွန်တော့ကို လက်ယပ်ခေါ်တယ်။

ကျွန်တော် သွားချင်ခဲ့ပေမဲ့ ဖနောင့်တွေက ခဲဆွဲထားတဲ့အတိုင်းပဲ။


ချီရှူး ကျွန်တော့ကို ဘာလို့ ဒီလိုလုပ်ရလဲ အခုထိ နားမလည်နိုင်သေးပါဘူး။

တစုံတယောက်က ဘေးဘက်ကနေ ဒီလို ကြည့်နေတာက သူ့ကို ပိုပြီး တက်ကြွစေလို့လား။ ဒါဆို တလောကလုံးက လူတွေကို ခေါ်ကြည့်ခိုင်းလို့ ရတာပဲ။ ဘာလို့ ကျွန်တော်မှလဲ။

ကျွန်တော်က နာခံရိုကျိုးတတ်လို့လား။

ကျွန်တော် မလှုပ်ရှားတာမြင်တော့ သူ စိတ်မချမ်းသာဖြစ်သွားတယ်ထင်ရဲ့။ အိုမီဂါလေးရဲ့ ခေါင်းကို တွန်းဖယ်ပြီး လွှတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်တော့ဆီ ထလာတယ်။

သူ အနားရောက်လာတဲ့အခါ မက်မွန်နဲ့ ပယင်း ရောနှောထားတဲ့အနံ့က လွင့်လာတယ်။ မနှစ်မြို့ဖွယ်ကောင်းလောက်အောင်ကို ချိုအီနေတော့တာပါပဲ။

"ကြည့်လို့ကောင်းလား"

ချီရှူးက မေးတယ်။

လည်ချောင်းထဲ ဆို့နင်နေပြီး ဗိုက်ထဲကနေ လှိုက်တက်လာတဲ့ မအီမသာဖြစ်မှုကို ချုပ်တည်းထားလိုက်ရတယ်။ သူ့မျက်လုံးတည့်တည့်ကို ကြည့်ရင်း...

"ကောင်းတယ်... အခု သွားလို့ရပြီလား"

"အခုလေးတင်ရောက်တယ်၊ အခုလေးတင်ပဲ ပြန်ချင်နေပြီပေါ့ ဟုတ်လား"

ချီရှူးရဲ့ မျက်လုံးအရောင်က မှေးမှိန်သွားပြီး ကျွန်တော့မေးစေ့ကို လက်နဲ့ ဖိညှပ်ရင်း ပြောတယ်။

လက်ထဲ အားထည့်ထားတာမို့ ဒါက ကျွန်တော့ရဲ့ မေးရိုးကို ချေပစ်လိုက်တော့မယ့်အတိုင်းပဲ။ နာလွန်းလို့ အင့်ခနဲတောင် အသံထွက်သွားရတယ်။

ချီရှူးက စိတ်ပျက်လက်ပျက်ဖြစ်စွာနဲ့ မျက်မှောင်ကြုတ်ထားတယ်။

သူက ကျွန်တော့ကို အိပ်ရာပေါ် တွန်းပစ်ချလိုက်ပြီး အေးစက်စွာ အမိန့်ပေးတယ်။

"အင်္ကျီချွတ်လိုက်"

အိုမီဂါလေးက အိပ်ရာအစွန်းနားမှာ ထိုင်ပြီး အဝတ်ဝတ်နေတုန်းပဲ။ ဝတ်လက်စကို ရပ်ပြီး မယုံနိုင်စွာ လှမ်းကြည့်တယ်။ ဘာမှတော့ မပြောရဲပေမဲ့လို့။

ဒီ အိပ်ရာက တဏှာရာဂအနံ့တွေနဲ့ ချီရှူးရဲ့ အနံ့တွေ စွဲကပ်နေတုန်းပဲ။ ညှီဟောက်နေတယ်။

ဒီအချိန်မှာပဲ ကျွန်တော် နားလည်လိုက်ရတာက ကျွန်တော် တလျှောက်လုံး ချစ်ခဲ့တဲ့ လူဟာ မသန့်ရှင်းတော့ဘူးဆိုတာပါပဲ။

ကျွန်တော်ဟာ နှလုံးသားမှာ သူ့ကို နန်းတင်ထားခဲ့တယ်ဆိုပေမဲ့ ဒီလူဟာ စက်ဆုပ်ဖွယ်ကောင်းနေစမြဲပါပဲ။

"ချီရှူး..."

ခက်ခက်ခဲခဲနဲ့ ကြမ်းကြမ်းတမ်းတမ်း အော်လိုက်တယ်။

ကျွန်တော် သူ့နာမည်ကို ခေါ်ခဲပါတယ်။ ဒါကြောင့် နည်းနည်းလောက် ထူးဆန်းနေသလို ခံစားရတယ်။

"ကျွန်တော် မလုပ်ချင်ဘူး"

ဟ... နောက်ဆုံးတော့ မလုပ်ဘူးလို့ ချီရှူးကို ပြောလိုက်နိုင်ပြီပဲ... အံ့ဩဘနန်းပါပဲလား...

ချီရှူး ဒေါသထွက်နေမှာကို သိသိကြီးနဲ့တော့ သူ့ကို ဘာလို့ ကြည့်နေတော့မလဲ။ အိမ်မွေးတိရစ္ဆာန်လေးက သခင်ကို ဘာလို့များ ပုန်ကန်ရဲတာပါလိမ့်နော်။


ဘောင်းဘီချိန်းကြိုးဆွဲတင်သံက ထွက်လာတယ်။ ကျွန်တော် ချီရှူးကို မမြင်ရဘူး။ ဒါပေမဲ့ အိုမီဂါလေးရဲ့ ပုံစံကို ကြည့်ရတာတော့ ဘယ်လောက်တောင် ကြောက်နေမလဲ အသိသာကြီးပဲလေ။

"မင်း အရင် ထွက်သွားလိုက်"

"အကိုချီ..." အိုမီဂါလေးက နူးနူးညံ့ညံ့ဆိုလေတယ်။

အကိုတဲ့လား... ဟင်...

"ထွက်သွား"

ချီရှူးအသံက ဟိန်းထွက်လာတယ်။

"အို..."

အိုမီဂါလေးက အင်တင်တင်နဲ့ အဝတ်အစားဝတ်လို့ တံခါးကို ဂရုတစိုက်ပြန်ပိတ်ပြီး ထွက်သွားတယ်။

ကျွန်တော် အိပ်ရာပေါ်ကနေ ဖြည်းညင်းစွာ ထပြီး ချီရှူးကို ကြည့်လိုက်တယ်။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ဘေးတိုက်ပုံကို အချိန်က မတိုက်စားသွားနိုင်ဘူးပဲ။ သူ့ရဲ့ မျက်နှာသွင်ပြင်က ပြည့်စုံနေပြီး နှလုံးခုန်နှုန်းကို ကမောက်ကမဖြစ်စေစမြဲပါပဲ။

သူနဲ့အတူ အိပ်ရာပေါ်မှာ ၄နှစ်လောက် ဖြတ်သန်းပြီးတဲ့အခါမှာ ကျွန်တော့မှာ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူးလို့တော့ ထင်ရတာပါပဲ။

"ရှောင်းယွီ... ငါ မင်းကို တော်တော်များ အလိုလိုက်ခဲ့သလားပဲ"

ချီရှူးက တလှမ်းချင်း လှမ်းလာတယ်။ ကျွန်တော် အနောက်ကို အလိုလို ကျုံ့သွားမိတယ်။ ဒါပေမဲ့ သူက ကျွန်တော့ကို ကော်လံစကို ဆွဲလိုက်နိုင်ပါတယ်။

"မင်းကိုမင်း ဘာလဲဆိုတာကို သိသေးရဲ့လား"

သူ ကျွန်တော့ကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးတယ်။

"မလုပ်ချင်ဘူးလို့ ငြင်းရလောက်အောင် မင်းမှာအဖြစ်ရှိလို့လား"

ဒါပေါ့... ကျွန်တော်က ဘယ်အဖြစ်ရှိမှာလဲ။

ကျွန်တော်က သူ့ရဲ့ အလိုရမ္မက်တွေကို ဖြေဖျောက်ဖို့အတွက် သူ့လက်ခုပ်ထဲကရေသက်သက်ပဲလေ။ သူ့နှလုံးသားထဲက *လရောင်ဖြူလေးအတွက် အစားထိုးတယောက်ပါပဲ.

"စီနီယာဝမ်းက နောက်လဆိုရင်ပဲ ပြန်လာပြီမလား"

ဘာသာအပြစ်တင်ရယ်မောပြောဆိုနေရင်း မိုင်းကွင်းထဲကို တမင် ခြေလှမ်းလှမ်းနေတဲ့ ကျွန်တော်ရယ်ပါ။

ချီရှူးရဲ့ မျက်နှာထားက ဩချရလောက်ပါတယ်။

ထိပ်တိုက်တွေ့ရင် ပျက်စီးရမှာက နှစ်ဖက်စလုံးပဲလေ။ ပျော်စရာတော့ ကောင်းသား။

"သူ ပြန်လာရင်... ကျွန်တော်..."

ဘာပြောရမလဲ ဆက်မစဉ်းစားနိုင်တော့။

"ခင်ဗျား လူ ဘယ်နှစ်ယောက်ကို အိပ်ရာပေါ် ခေါ်တင်တင် ကျွန်တော် သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မသန့်ရှင်းတော့ဘူးလေ။ ဒါပေမဲ့ စီနီယာဝမ်းယန်က ဖြူစင်တဲ့လူပဲ။ ခင်ဗျား သူ့ကို ဒီလိုလုပ်လို့မရဘူး။"

ဒီလို ပြောပြီးနောက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သူတော်စင်ဖြစ်သွားသလားလို့တောင် ခံစားလိုက်ရတယ်။ ဒီအချိန်မှာတောင်မှ ကျွန်တော့မှာ ချီရှူးကို စိုးရိမ်ပေးနေသေးတုန်းပဲလေ။

"မင်းက မသန့်ရှင်းတော့ဘူး ဟုတ်စ"

ချီရှူးရဲ့ အကြည့်တွေက နက်မှောင်လာတယ်။

"ငါနဲ့ အိပ်လို့ မသန့်ရှင်းတော့တာပေါ့ ဟုတ်လား"

"မဟုတ်ဘူး ကျွန်တော်က..."

ပျော်ရွှင်ဖွယ်အဆုံးသတ် ရောက်တဲ့အခါ ခင်ဗျားကို ပို သန့်ရှင်းစေချင်ရုံလေးပါ။

ခင်ဗျားက အယုတ်တမာကောင် ဖြစ်နေရင်တောင်မှပေါ့...


"ရှောင်းယွီ... မင်းက ဘယ်သူ့အပိုင်လဲဆိုတာ သဘောပေါက်ဖို့ကောင်းတယ်"

ချီရှူးက ကျွန်တော့ကို ကြမ်းပြင်ပေါ် ဆောင့်ချပြီး အကြင်နာမဲ့စွာ ပြောတယ်။

"ငါ သာယာမှု မရမချင်း မင်း ဘယ်မှ မသွားရဘူး"

ကျွန်တော် ကြမ်းပြင်ပေါ်ကို လဲကျသွားတော့ ဘေးစားပွဲပေါ်က ပစ္စည်းကိုပါ အမှတ်မထင် တိုက်ချမိသွားတယ်။

ကွန်ဒုံးဘူးတဝက်လောက်ကို မြင်ရတော့ စိတ်မကောင်းဖြစ်ရုံကလွဲ အခြားမရှိ။

"ကျွန်တော် ဘယ်မှ မသွားပါဘူး"

နှလုံးသားမှာ ဟောင်းလောင်းပေါက်ဖြစ်သွားပြီး လေတွေ တဖြူးဖြူးနဲ့ စိမ့်ဝင်တိုက်ခတ်လာသလိုပါပဲ။

ခင်ဗျား စွန့်ပစ်မယ့်အချိန်ကို ကျွန်တော် စောင့်ဆိုင်းနေတာပါ။ 

ကျွန်တော် ဘယ်ကိုမှ မသွားပါဘူး...

xxx


ဒီ စာရေးသူမှာ ပြောစရာရှိပါတယ်။

ဒီနေ့အတွက် နားထောင်စရာ - 心酸 [Heartbreak]

[ငါ့ဘေးမှာ မင်း ရှိနေခဲ့ဖူးတယ်... ပြန်တွေးတိုင်း နာကျင်စရာတွေချည်းပါပဲ...]

....


Translator's notes

*လရောင်ဖြူ - နှလုံးသားထဲ ရှိနေပေမဲ့/ ချစ်နေပေမဲ့ လက်လှမ်းမမီနိုင်၊ မထိတွေ့နိုင်သောသူ။



[Zawgyi]

ခ်ီရႉးရဲ႕ ႐ုံးခန္းက ၂၈လႊာမွာ ရွိတယ္။

ဓာတ္ေလွကားက အထပ္ တထပ္စီ ေရာက္တိုင္း လူက မအီမသာျဖစ္လာရတယ္။

ဘယ္တုန္းကတည္းက အစတည္ေနမွန္း မသိေပမဲ့ ခ်ီရႉးအေပၚ ထားရွိတဲ့ ေရာင့္ရဲမတင္းတိမ္ႏိုင္တဲ့ အခ်စ္ေတြက ေျပာမျပတတ္တဲ့ ေၾကာက္႐ြံ႕မႈေတြ၊ ျငင္းပယ္ခံရမႈေတြနဲ႔အတူ ေရာႁပြမ္းေနတယ္။

ကြၽန္ေတာ္ သူ႔ကို ေၾကာက္ပါတယ္။ ဒါေပမဲ့ သူနဲ႔ နီးစပ္ခ်င္ေနေသးတုန္းပဲ။

အထူးသျဖင့္ ဂလင္းအစားထိုးၿပီးေနာက္ေပါ့။ သူ ကြၽန္ေတာ့ကို ထိန္းခ်ဳပ္ခ်င္တဲ့အခါ ဒါမွမဟုတ္ heat တက္ေအာင္ တြန္းအားေပးခ်င္တဲ့အခါ သူ႔ရဲ႕ ဖယ္႐ိုမုန္းေတြကို အၿမဲ သုံးေလ့ရွိတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ နားလည္လိုက္ရတာက အိုမီဂါတေယာက္ ျဖစ္ရတာ တကယ့္ကို မလြယ္ကူဘူးဆိုတာပါပဲ။

ခ်ီရႉးရဲ႕ ဖယ္႐ိုမုန္းအနံ႔က ပယင္းပါ။ ခ်ိဳျမေပမဲ့ လူကို ေႏြးေထြးေအာင္ မစြမ္းသာႏိုင္ဘူး။


တင္ခနဲ ျမည္သံနဲ႔အတူ ဓာတ္ေလွကားတံခါး ပြင့္သြားတယ္။

ကြန္ဖရင့္အခန္း ႏွစ္ခန္းနဲ႔ အမႈေဆာင္႐ုံးခန္းအနည္းအက်ဥ္းမွ်သာ ရွိတဲ့ ၂၈လႊာက ဟင္းလင္းျဖစ္ေနတယ္။ ေကာ္ရစ္ဒါတေလွ်ာက္ ေလွ်ာက္သြားလိုက္ၿပီး အဆုံးနားက မွန္တံခါးကို တြန္းဖြင့္ဝင္လိုက္တယ္။

ခ်ီရႉး မရွိဘူးလား...

ဧည့္ႀကိဳခန္းမနဲ႔ အျပင္ဘက္႐ုံးခန္းမွာလည္း လူမရွိဘူး။ ေလထဲကေန ထူးဆန္းတဲ့အနံ႔က ခပ္သင္းသင္း ပ်ံ႕လြင့္လာတာနဲ႔အတူ ပင္ကိုယ္အသိစိတ္က အထဲကို ဝင္ေအာင္ တြန္းပို႔ေပးေနတယ္။ ပိတ္ထားတဲ့အိပ္ခန္းတံခါး အျပင္ဘက္ကေန ဆိုး႐ြားတဲ့ ပင့္သက္ရႈိက္နဲ႔ သာယာညည္းညဴသံေတြကို အတိုင္းသားၾကားေနရတယ္။

ေခါင္းတခုလုံး ေပါက္ထြက္သြားေတာ့မလိုပဲ။

ခ်ီရႉး...

မသိလိုက္ဘာသာပဲ ခႏၶာကိုယ္က ဒီေနရာကေန လြတ္ေျမာက္သြားခ်င္ေပမဲ့ လက္ကေတာ့ တံခါးလက္ကိုင္ကို တင္းတင္းဆုပ္ကိုင္မိၿပီး ေနရာမွာတင္ မလႈပ္ႏိုင္မရွားႏိုင္။

ခြၽန္ညိေနတဲ့ လက္သည္းေတြနဲ႔ ႏွလုံးသားကို ဆုတ္ၿဖဲလိုက္သလို၊ တင္းတင္းၾကပ္ၾကပ္ ရစ္ပတ္လိုက္လို႔ ေသြးစိမ္းရွင္ရွင္ ထြက္လာသလို။

ဒီသတၱိေတြက ဘယ္ကထြက္လာလဲ ကြၽန္ေတာ္မသိပါဘူး။ နာက်င္မႈမွာ သာယာတတ္တဲ့ ပင္ကိုယ္စ႐ိုက္က အလ်င္လိုေနခဲ့တာပဲျဖစ္မလား၊ တံခါးလက္ကိုင္ဖုကို ဆြဲလွည့္ၿပီး ဖြင့္မိလိုက္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ခန႔္မွန္းႏိုင္ခဲ့သားပဲေလ။

ခ်ီရႉးက တျခားတေယာက္နဲ႔ အတူအိပ္တာကို သိတာနဲ႔ ကိုယ္တိုင္ လက္ပူးလက္ၾကပ္မိတာနဲ႔က မတူပါဘူး။ ဘာပဲျဖစ္ေနျဖစ္ေန ဒီကိစၥကို လက္ခံႏိုင္ေလာက္မယ္လို႔ စဥ္းစားထားခဲ့ဖူးေပမဲ့ အခုလို ကိုယ္တိုင္မ်က္ျမင္ေတြ႕ရတာမ်ိဳးက... ကြၽန္ေတာ္ ေတာင့္ခံႏိုင္မယ္ မထင္ပါဘူး။


အဝတ္ဗလာက်င္းေနတဲ့ အိုမီဂါက အိပ္ရာေပၚမွာ ေလးဖက္ေထာက္ၿပီး တင္ပါးကို ခပ္ျမင့္ျမင့္ေျမႇာက္ထားတယ္။ ခ်ီရႉးကေတာ့ သူ႔အေပၚမွာ အုပ္မိုးထားတယ္။ ဝတ္စုံအျပည့္နဲ႔ပါပဲ။ ေဘာင္းဘီေတာင္ မခြၽတ္ထားပါဘူး။

ဒီျမင္ကြင္းက အရမ္းကို အညႇီအေဟာက္ဆန္လြန္းတယ္။

ခ်ီရႉးရဲ႕ လႈပ္ရွားမႈေတြက ျပင္းထန္လြန္းတယ္။ သူ႔ေအာက္က အိုမီဂါေလးကေတာ့ မိန္းေမာေတြေဝေနၿပီး ေဆာင့္ခ်က္ေတြေၾကာင့္ အ႐ူးအမူးျဖစ္ေနရတယ္။ သာယာစြာ ေအာ္ဟစ္ျမည္တမ္းရင္း...။

ေလထုထဲ မက္မြန္အနံ႔ဖယ္႐ိုမုန္းေတြ အျပည့္ပဲ။ ေအာ္ဂလီဆန္စရာ။

ပ်ိဳ႕အန္ခ်င္စိတ္က လႈိက္တက္လာၿပီး ကုန္းမအန္မိေစဖို႔ ေတာ္ေတာ္သည္းညည္းခံလိုက္ရပါတယ္။

"ေရွာင္းယြီ"

ခ်ီရႉးက ကြၽန္ေတာ့ရဲ႕ လားရာဘက္ကို ေစာင္းငဲ့ၾကည့္တယ္။ ခါတိုင္းလို သူ႔ရဲ႕ တည္ၿငိမ္ေနတတ္တဲ့ အသံက ေလးေလးတြဲ႕တြဲ႕နဲ႔ ဆက္စီက်ေနတယ္။

သူတို႔ႏွစ္ေယာက္က လိုက္ကာေလးေတာင္ ဆြဲမခ်ထားၾကပါဘူး။ ေန႔လယ္ခင္း ေနေရာင္ျခည္က ျပင္သစ္စတိုင္ ျပတင္းေပါက္ကေန ျဖာက်ေနတယ္။ ဒါေပမဲ့လည္း အခန္းကေတာ့ အခ်ိန္မေတာ္ ဖ႐ိုဖရဲျဖစ္ေနလ်က္။ အခုလို ေကာင္းကင္နဲ႔ ထိမတတ္ ျမင့္မားတဲ့ အေဆာက္အဦအေျခအေနအရဆိုရင္ ႏွစ္ေယာက္သားက ေနပူဆာလႈံေနသလိုပဲေလ။

အလုံးစုံေသာ စည္းမ်ဥ္းေတြနဲ႔ က်င့္ဝတ္ေတြက ခ်ီရႉးအတြက္ အပိုေတြ ျဖစ္ေနခဲ့ၿပီ။


"စီနီယာ..."

အသားစိုင္ခ်င္း ယွက္သြယ္ေနတဲ့ ျမင္ကြင္းကို ေရွာင္ရွားရင္း၊ ကိုယ့္ကိုယ္ကိုယ္ တည္ၿငိမ္ေအာင္ လက္ဖဝါးကို လက္သည္းနဲ႔ ဆိတ္တြၿပီး စူးေအာင့္လာတဲ့ နာက်င္မႈကို အမွီျပဳရင္း ေခါင္းကို ငုံ႔ထားမိတယ္။

ခ်ီရႉးက ရယ္ေမာရင္း အရွိန္ထပ္ျမႇင့္လိုက္တယ္။

အိုမီဂါေလးက တားမႏိုင္ဆီးမရ ပို ပိုၿပီး ေအာ္ဟစ္လာတယ္။ ဒါဟာ ရည္ရည္မြန္မြန္ေကာင္ေလးတေယာက္ကို ညစ္ညမ္းၿပီး အပ်က္ဆန္တဲ့ အသံကို ျဖစ္ေပၚေစတယ္။

ခ်ီရႉးက ဒီလိုပါပဲ။ ကြၽန္ေတာ္က သူ လိုခ်င္သေလာက္ အပ်က္ မဆန္ႏိုင္ေတာ့ သူက ကြၽန္ေတာ့ကို သေဘာမေတြ႕ႏိုင္ပါဘူး။

ဒါ ဘယ္ေလာက္ ၾကာဦးမလဲ ကြၽန္ေတာ္မသိဘူး။ ဒါေပမဲ့ သူတို႔ ၿပီးေတာ့မယ့္ပုံပါပဲ။

"ေျပာင္ေအာင္လ်က္လိုက္"

ခ်ီရႉးက ျပန္ဆြဲထုတ္လိုက္ၿပီး အိုမီဂါေလးရဲ႕ ဆံပင္ကို ဆြဲၿပီး ေျပာတယ္။

အိုမီဂါေလးက ကြၽန္ေတာ့ကို ပြင့္လင္းစြာနဲ႔ ေမာ့ၾကည့္ရင္း ခ်ီရႉးစကားကို နာခံစြာနဲ႔ လ်က္ေပးေနတယ္။

တုံ႔ျပန္ဖို႔ရာ အားအင္မဲ့ေနပါၿပီ။

႐ုတ္တရတ္ မိုက္ခနဲျဖစ္သြားရာကေန လဲက်မသြားေစဖို႔ ေတာင့္ခံထားတဲ့ အင္အားေတြ ဆုတ္ယုတ္သြားသလိုပါပဲ။

"ဒီကိုလာခဲ့"

ခ်ီရႉးက ကြၽန္ေတာ့ကို လက္ယပ္ေခၚတယ္။

ကြၽန္ေတာ္ သြားခ်င္ခဲ့ေပမဲ့ ဖေနာင့္ေတြက ခဲဆြဲထားတဲ့အတိုင္းပဲ။


ခ်ီရႉး ကြၽန္ေတာ့ကို ဘာလို႔ ဒီလိုလုပ္ရလဲ အခုထိ နားမလည္ႏိုင္ေသးပါဘူး။

တစုံတေယာက္က ေဘးဘက္ကေန ဒီလို ၾကည့္ေနတာက သူ႔ကို ပိုၿပီး တက္ႂကြေစလို႔လား။ ဒါဆို တေလာကလုံးက လူေတြကို ေခၚၾကည့္ခိုင္းလို႔ ရတာပဲ။ ဘာလို႔ ကြၽန္ေတာ္မွလဲ။

ကြၽန္ေတာ္က နာခံ႐ိုက်ိဳးတတ္လို႔လား။

ကြၽန္ေတာ္ မလႈပ္ရွားတာျမင္ေတာ့ သူ စိတ္မခ်မ္းသာျဖစ္သြားတယ္ထင္ရဲ႕။ အိုမီဂါေလးရဲ႕ ေခါင္းကို တြန္းဖယ္ၿပီး လႊတ္ေပးလိုက္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့ဆီ ထလာတယ္။

သူ အနားေရာက္လာတဲ့အခါ မက္မြန္နဲ႔ ပယင္း ေရာေႏွာထားတဲ့အနံ႔က လြင့္လာတယ္။ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေလာက္ေအာင္ကို ခ်ိဳအီေနေတာ့တာပါပဲ။

"ၾကည့္လို႔ေကာင္းလား"

ခ်ီရႉးက ေမးတယ္။

လည္ေခ်ာင္းထဲ ဆို႔နင္ေနၿပီး ဗိုက္ထဲကေန လႈိက္တက္လာတဲ့ မအီမသာျဖစ္မႈကို ခ်ဳပ္တည္းထားလိုက္ရတယ္။ သူ႔မ်က္လုံးတည့္တည့္ကို ၾကည့္ရင္း...

"ေကာင္းတယ္... အခု သြားလို႔ရၿပီလား"

"အခုေလးတင္ေရာက္တယ္၊ အခုေလးတင္ပဲ ျပန္ခ်င္ေနၿပီေပါ့ ဟုတ္လား"

ခ်ီရႉးရဲ႕ မ်က္လုံးအေရာင္က ေမွးမွိန္သြားၿပီး ကြၽန္ေတာ့ေမးေစ့ကို လက္နဲ႔ ဖိညႇပ္ရင္း ေျပာတယ္။

လက္ထဲ အားထည့္ထားတာမို႔ ဒါက ကြၽန္ေတာ့ရဲ႕ ေမး႐ိုးကို ေခ်ပစ္လိုက္ေတာ့မယ့္အတိုင္းပဲ။ နာလြန္းလို႔ အင့္ခနဲေတာင္ အသံထြက္သြားရတယ္။

ခ်ီရႉးက စိတ္ပ်က္လက္ပ်က္ျဖစ္စြာနဲ႔ မ်က္ေမွာင္ၾကဳတ္ထားတယ္။

သူက ကြၽန္ေတာ့ကို အိပ္ရာေပၚ တြန္းပစ္ခ်လိုက္ၿပီး ေအးစက္စြာ အမိန႔္ေပးတယ္။

"အက်ႌခြၽတ္လိုက္"

အိုမီဂါေလးက အိပ္ရာအစြန္းနားမွာ ထိုင္ၿပီး အဝတ္ဝတ္ေနတုန္းပဲ။ ဝတ္လက္စကို ရပ္ၿပီး မယုံႏိုင္စြာ လွမ္းၾကည့္တယ္။ ဘာမွေတာ့ မေျပာရဲေပမဲ့လို႔။

ဒီ အိပ္ရာက တဏွာရာဂအနံ႔ေတြနဲ႔ ခ်ီရႉးရဲ႕ အနံ႔ေတြ စြဲကပ္ေနတုန္းပဲ။ ညႇီေဟာက္ေနတယ္။

ဒီအခ်ိန္မွာပဲ ကြၽန္ေတာ္ နားလည္လိုက္ရတာက ကြၽန္ေတာ္ တေလွ်ာက္လုံး ခ်စ္ခဲ့တဲ့ လူဟာ မသန႔္ရွင္းေတာ့ဘူးဆိုတာပါပဲ။

ကြၽန္ေတာ္ဟာ ႏွလုံးသားမွာ သူ႔ကို နန္းတင္ထားခဲ့တယ္ဆိုေပမဲ့ ဒီလူဟာ စက္ဆုပ္ဖြယ္ေကာင္းေနစၿမဲပါပဲ။

"ခ်ီရႉး..."

ခက္ခက္ခဲခဲနဲ႔ ၾကမ္းၾကမ္းတမ္းတမ္း ေအာ္လိုက္တယ္။

ကြၽန္ေတာ္ သူ႔နာမည္ကို ေခၚခဲပါတယ္။ ဒါေၾကာင့္ နည္းနည္းေလာက္ ထူးဆန္းေနသလို ခံစားရတယ္။

"ကြၽန္ေတာ္ မလုပ္ခ်င္ဘူး"

... ေနာက္ဆုံးေတာ့ မလုပ္ဘူးလို႔ ခ်ီရႉးကို ေျပာလိုက္ႏိုင္ၿပီပဲ... အံ့ဩဘနန္းပါပဲလား...

ခ်ီရႉး ေဒါသထြက္ေနမွာကို သိသိႀကီးနဲ႔ေတာ့ သူ႔ကို ဘာလို႔ ၾကည့္ေနေတာ့မလဲ။ အိမ္ေမြးတိရစာၦန္ေလးက သခင္ကို ဘာလို႔မ်ား ပုန္ကန္ရဲတာပါလိမ့္ေနာ္။


ေဘာင္းဘီခ်ိန္းႀကိဳးဆြဲတင္သံက ထြက္လာတယ္။ ကြၽန္ေတာ္ ခ်ီရႉးကို မျမင္ရဘူး။ ဒါေပမဲ့ အိုမီဂါေလးရဲ႕ ပုံစံကို ၾကည့္ရတာေတာ့ ဘယ္ေလာက္ေတာင္ ေၾကာက္ေနမလဲ အသိသာႀကီးပဲေလ။

"မင္း အရင္ ထြက္သြားလိုက္"

"အကိုခ်ီ..." အိုမီဂါေလးက ႏူးႏူးညံ့ညံ့ဆိုေလတယ္။

အကိုတဲ့လား... ဟင္...

"ထြက္သြား"

ခ်ီရႉးအသံက ဟိန္းထြက္လာတယ္။

"အို..."

အိုမီဂါေလးက အင္တင္တင္နဲ႔ အဝတ္အစားဝတ္လို႔ တံခါးကို ဂ႐ုတစိုက္ျပန္ပိတ္ၿပီး ထြက္သြားတယ္။

ကြၽန္ေတာ္ အိပ္ရာေပၚကေန ျဖည္းညင္းစြာ ထၿပီး ခ်ီရႉးကို ၾကည့္လိုက္တယ္။ သူ႔ရဲ႕ ရင္သပ္ရႈေမာဖြယ္ ေဘးတိုက္ပုံကို အခ်ိန္က မတိုက္စားသြားႏိုင္ဘူးပဲ။ သူ႔ရဲ႕ မ်က္ႏွာသြင္ျပင္က ျပည့္စုံေနၿပီး ႏွလုံးခုန္ႏႈန္းကို ကေမာက္ကမျဖစ္ေစစၿမဲပါပဲ။

သူနဲ႔အတူ အိပ္ရာေပၚမွာ ၄ႏွစ္ေလာက္ ျဖတ္သန္းၿပီးတဲ့အခါမွာ ကြၽန္ေတာ့မွာ ဆုံးရႈံးစရာ ဘာမွမရွိေတာ့ဘူးလို႔ေတာ့ ထင္ရတာပါပဲ။

"ေရွာင္းယြီ... ငါ မင္းကို ေတာ္ေတာ္မ်ား အလိုလိုက္ခဲ့သလားပဲ"

ခ်ီရႉးက တလွမ္းခ်င္း လွမ္းလာတယ္။ ကြၽန္ေတာ္ အေနာက္ကို အလိုလို က်ဳံ႕သြားမိတယ္။ ဒါေပမဲ့ သူက ကြၽန္ေတာ့ကို ေကာ္လံစကို ဆြဲလိုက္ႏိုင္ပါတယ္။

"မင္းကိုမင္း ဘာလဲဆိုတာကို သိေသးရဲ႕လား"

သူ ကြၽန္ေတာ့ကို စူးစူးစိုက္စိုက္ၾကည့္ၿပီး ေမးတယ္။

"မလုပ္ခ်င္ဘူးလို႔ ျငင္းရေလာက္ေအာင္ မင္းမွာအျဖစ္ရွိလို႔လား"

ဒါေပါ့... ကြၽန္ေတာ္က ဘယ္အျဖစ္ရွိမွာလဲ။

ကြၽန္ေတာ္က သူ႔ရဲ႕ အလိုရမၼက္ေတြကို ေျဖေဖ်ာက္ဖို႔အတြက္ သူ႔လက္ခုပ္ထဲကေရသက္သက္ပဲေလ။ သူ႔ႏွလုံးသားထဲက *လေရာင္ျဖဴေလးအတြက္ အစားထိုးတေယာက္ပါပဲ.

"စီနီယာဝမ္းက ေနာက္လဆိုရင္ပဲ ျပန္လာၿပီမလား"

ဘာသာအျပစ္တင္ရယ္ေမာေျပာဆိုေနရင္း မိုင္းကြင္းထဲကို တမင္ ေျခလွမ္းလွမ္းေနတဲ့ ကြၽန္ေတာ္ရယ္ပါ။

ခ်ီရႉးရဲ႕ မ်က္ႏွာထားက ဩခ်ရေလာက္ပါတယ္။

ထိပ္တိုက္ေတြ႕ရင္ ပ်က္စီးရမွာက ႏွစ္ဖက္စလုံးပဲေလ။ ေပ်ာ္စရာေတာ့ ေကာင္းသား။

"သူ ျပန္လာရင္... ကြၽန္ေတာ္..."

ဘာေျပာရမလဲ ဆက္မစဥ္းစားႏိုင္ေတာ့။

"ခင္ဗ်ား လူ ဘယ္ႏွစ္ေယာက္ကို အိပ္ရာေပၚ ေခၚတင္တင္ ကြၽန္ေတာ္ ေသာက္ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က မသန႔္ရွင္းေတာ့ဘူးေလ။ ဒါေပမဲ့ စီနီယာဝမ္းယန္က ျဖဴစင္တဲ့လူပဲ။ ခင္ဗ်ား သူ႔ကို ဒီလိုလုပ္လို႔မရဘူး။"

ဒီလို ေျပာၿပီးေနာက္ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ သူေတာ္စင္ျဖစ္သြားသလားလို႔ေတာင္ ခံစားလိုက္ရတယ္။ ဒီအခ်ိန္မွာေတာင္မွ ကြၽန္ေတာ့မွာ ခ်ီရႉးကို စိုးရိမ္ေပးေနေသးတုန္းပဲေလ။

"မင္းက မသန႔္ရွင္းေတာ့ဘူး ဟုတ္စ"

ခ်ီရႉးရဲ႕ အၾကည့္ေတြက နက္ေမွာင္လာတယ္။

"ငါနဲ႔ အိပ္လို႔ မသန႔္ရွင္းေတာ့တာေပါ့ ဟုတ္လား"

"မဟုတ္ဘူး ကြၽန္ေတာ္က..."

ေပ်ာ္႐ႊင္ဖြယ္အဆုံးသတ္ ေရာက္တဲ့အခါ ခင္ဗ်ားကို ပို သန႔္ရွင္းေစခ်င္႐ုံေလးပါ။

ခင္ဗ်ားက အယုတ္တမာေကာင္ ျဖစ္ေနရင္ေတာင္မွေပါ့...


"ေရွာင္းယြီ... မင္းက ဘယ္သူ႔အပိုင္လဲဆိုတာ သေဘာေပါက္ဖို႔ေကာင္းတယ္"

ခ်ီရႉးက ကြၽန္ေတာ့ကို ၾကမ္းျပင္ေပၚ ေဆာင့္ခ်ၿပီး အၾကင္နာမဲ့စြာ ေျပာတယ္။

"ငါ သာယာမႈ မရမခ်င္း မင္း ဘယ္မွ မသြားရဘူး"

ကြၽန္ေတာ္ ၾကမ္းျပင္ေပၚကို လဲက်သြားေတာ့ ေဘးစားပြဲေပၚက ပစၥည္းကိုပါ အမွတ္မထင္ တိုက္ခ်မိသြားတယ္။

ကြန္ဒုံးဘူးတဝက္ေလာက္ကို ျမင္ရေတာ့ စိတ္မေကာင္းျဖစ္႐ုံကလြဲ အျခားမရွိ။

"ကြၽန္ေတာ္ ဘယ္မွ မသြားပါဘူး"

ႏွလုံးသားမွာ ေဟာင္းေလာင္းေပါက္ျဖစ္သြားၿပီး ေလေတြ တျဖဴးျဖဴးနဲ႔ စိမ့္ဝင္တိုက္ခတ္လာသလိုပါပဲ။

ခင္ဗ်ား စြန႔္ပစ္မယ့္အခ်ိန္ကို ကြၽန္ေတာ္ ေစာင့္ဆိုင္းေနတာပါ။  

ကြၽန္ေတာ္ ဘယ္ကိုမွ မသြားပါဘူး...

xxx


ဒီ စာေရးသူမွာ ေျပာစရာရွိပါတယ္။

ဒီေန႔အတြက္ နားေထာင္စရာ - 心酸 [Heartbreak]

[ငါ့ေဘးမွာ မင္း ရွိေနခဲ့ဖူးတယ္... ျပန္ေတြးတိုင္း နာက်င္စရာေတြခ်ည္းပါပဲ...]

....


Translator's notes

*လေရာင္ျဖဴ - ႏွလုံးသားထဲ ရွိေနေပမဲ့/ ခ်စ္ေနေပမဲ့ လက္လွမ္းမမီႏိုင္၊ မထိေတြ႕ႏိုင္ေသာသူ။ 

Continue Reading

You'll Also Like

196K 30K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
57.9K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
271K 47.6K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
13K 2.9K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~