[Unicode]
အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရတာ နှစ်လရှိနေပါပြီ။
အစားအသောက်ပျက်၊ မူးနောက်၊ ရင်ထဲတလှပ်လှပ်ဖြစ်ပြီး မျက်နှာလည်း ချောင်ကျသွားရတယ်။ ပြင်ပန်းသွင်ပြင်က ပိန်ချည်ချည့်နဲ့ ညိုးနွမ်းခြောက်သွေ့နေရောပေါ့။
ဒီလိုဖြစ်နေတဲ့ပုံစံကို ချီရှူးကို မရိပ်မိစေချင်ဘူး။ ဒါကြောင့် ဒီရက်ပိုင်း သူ့ကို အမြဲ မီးပိတ်ပေးဖို့ ပြောရတယ်။
ဒါပေမဲ့လည်း သူ မနေ့ညကတော့ ကျွန်တော့ခါးကို ဖက်ပြီး မေးတယ်။
'ဘာလို့ ဒီလောက် ပိန်နေရတာလဲ' တဲ့။
မဆိုးပါဘူး... သူက ကျွန်တော် ပိန်နေတာကို သတိထားမိသေးတယ်ပေါ့။
အနည်းဆုံးတော့ သူ ငါ့ကို ဂရုစိုက်သေးတာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရပြန်တယ်။
ဒါပေမဲ့လည်း ဒီအကြောင်းဒီမျှသာ။ ဒီစကားပြောပြီးတာနဲ့ သူ ခေါင်းနှစ်ပြီး ဝင်ဆောင့်တော့တာပါပဲ။
သာလွန်အယ်လ်ဖာတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်က တကယ့်ကို အလွန်အမင်းပဲပေါ့။ ကျွန်တော်က သဘာဝအတိုင်း မွေးဖွားလာတဲ့ အိုမီဂါ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အတူနေကြတဲ့အချိန်မှာ နာကျင်ရပါတယ်။
ဒါပြီးရင်တော့ သူ အိပ်မောကျသွားတတ်တယ်။ အဲဒီအခါကျ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်ဖို့အတွက် ရေချိုးခန်းထဲ သွားပြီး ပြန်အထွက်မှာ ချော်လဲပြီး သတိလစ်သွားတတ်တယ်။
ဒီလို အကြောင်းရင်းမရှိ မူးလဲတဲ့အကြိမ်ပေါင်းအရေအတွက် များလာခဲ့တယ်။ ဒါကလည်း ၂နာရီ၊ ၃နာရီလောက် ကြာရင် ပြန်သတိရလာမယ်ဆိုတာ ပုံသေလို ဖြစ်နေပြီ။
သတိမလစ်ခင်မှာ ဆရာဝန်ဆီသွားပြရမယ်လို့တော့ တွေးမိပါတယ်။
ဒါပေမဲ့ ကျွန်တော်က ဆေးရုံဆို မုန်းတယ်လေ။
လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ခွဲစိတ်မှုလုပ်ခဲ့ဖူးတဲ့ ဂလင်းအစားထိုးတဲ့ ခွဲစိတ်မှုက ခွဲစိတ်ပြီး ရက်ပိုင်းလောက် ကြာတဲ့အထိ နာကျင်မှုကို ခံစားနေခဲ့ရတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တခုစီတိုင်းက ပွက်ပွက်ဆူပြီး တကိုယ်လုံးကို အစိတ်စိတ်အမြွာမြွှာ ဆုတ်ဖြဲမတတ် နာကျင်မှုကို ခံစားနေခဲ့ရတယ်။
နာကျင်ရလွန်းလို့ ကယောင်ကတမ်းဖြစ်ပြီး ဆရာဝန်ကို မော်ဖင်းထိုးပေးပါတော့လို့ တောင်းဆိုရတဲ့အထိပဲ။
ဒါပေမဲ့ ဆရာဝန်က ကျွန်တော့ကို သနားကရုဏာသက်စွာ ကြည့်ရင်း ခေါင်းခါပြတယ်။
'သည်းခံရမယ်' တဲ့။
သည်းခံရမယ်...
ကျွန်တော် ချီရှုအတွက်ပဲ အစားထိုးဂလင်းကို ထည့်ခဲ့တာပဲ ဖြစ်တယ်။
ဒါက ကျွန်တော့ဆန္ဒအရလုပ်တာမို့ သည်းခံရပါမယ်။
ဆန်းသစ်လာတဲ့ သိပ္ပံနဲ့ နည်းပညာမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူတွေရဲ့ ဂလင်းကို ဖယ်ထုတ်ပေးတာ၊ ထည့်သွင်းပေးတာတွေကို လုပ်ဆောင်လို့ ရနေပါပြီ။ လိင်အမျိုးအစားကိုတော့ မပြောင်းလဲပေးနိုင်ပေမဲ့လို့ပေါ့။
ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ အတုက အတုပါပဲ။
ချီရှူးက ကျွန်တော့ရဲ့ ဒီ ဂလင်းကို ကိုက်ဖြဲပြီး လွှမ်းမိုးမှုနဲ့ အပိုင်ရရှိမှုကနေ သာယာမှုကို ခံစားနိုင်ပါတယ်။ တကယ့်တကယ်တမ်း အမှတ်အသားမပေးနိုင်ပေမဲ့လို့။
သူကလည်း ကျွန်တော့ကို အမှတ်အသားပေးချင်မှာမှ မဟုတ်တာ။
အရုဏ်တက်ပြီ။
နွေဦး အစောပိုင်းကာလရဲ့ နေခြည်ထွေးထွေးက စိတ်ချမ်းမြေ့စေတယ်။
နေခြည်အောက်မှာ လူတွေက သက်ဝင်လှုပ်ရှားနေကြတယ်။ ကျွန်တော်ကလွဲလို့ပေါ့။
ကျွန်တော် နိုးလာတဲ့အခါမှာ ချီရှူး ထွက်သွားနှင့်ပြီ။ ချီရှူးမှာ မနေ့ညတုန်းက သူ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်သောင်းကျန်းနေခဲ့ပါစေ နောက်နေ့ မနက်မှာ ရုံးကို ၉နာရီအရောက်သွားတတ်တဲ့ စည်းကမ်းတခု သူ့မှာ ရှိတယ်။
သူ မရှိရင် အိမ်ကြီးက ခြောက်ကပ်ပြီး အေးစက်လှပါတယ်။
ကျွန်တော်က သူ ခေါ်တိုင်း ပြေးလာတတ်တဲ့ ပြည့်တန်ဆာနဲ့ တူမနေဘူးလား။ အရုဏ်တက်ပြီးရင် အဝတ်အစားပြန်ဝတ်ပြီး ထွက်သွားရတာမျိုးလေ။
၇နှစ်တောင် ချစ်ခဲ့ပါတယ်။
အတူနေခဲ့တာ ၄နှစ်။
ကျွန်တော့မှာ သူ့အိမ်သော့ ရှိတယ်။ သူ့ကုမ္ပဏီကိုလည်း စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်တယ်။
ဒါပေမဲ့လည်း ပြည့်တန်ဆာတယောက်လို့ ခံစားနေရမြဲ။
သူ ကျွန်တော့ကို မချစ်လို့ပဲတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့ ပထမဆုံးအကြိမ် အတူတူအိပ်တုန်းက သူကျွန်တော့ကို 'ရှောင်ယန်'လို့ ခေါ်ခဲ့တယ်။
စိတ်လှုပ်ရှားစွာနဲ့ ခပ်တိုးတိုးညည်းသံ 'ရှောင်ယန်'နဲ့ 'ရှောင်းယွီ' အသံထွက်က အတော်လေး ခပ်ဆင်ဆင်တူနေခဲ့ပါတယ်။
ကျွန်တော့မှာ အကြားပါရမီပါလာတာကတော့ စိတ်မကောင်းစရာပါပဲ။
ကျွန်တော်က ဝမ်းယန်နဲ့ တူတယ်လို့ တော်တော်များများက ပြောကြတယ်။
ဝမ်းသာစရာပဲလားတော့ မသိ၊ တကယ်လို့ ကျွန်တော်သာ ဝမ်းယန်နဲ့ မတူခဲ့ဘူးဆိုရင် ချီရှူးရဲ့ အိပ်ရာပေါ် တသက်လုံး ဘယ်တက်လို့ရနိုင်ပါ့မလဲ။
ချီရှူးရဲ့ အိပ်ရာဖော်တိုင်းက အနည်းနဲ့အများတော့ ဝမ်းယန်နဲ့ တူကြတာပဲလေ။
ကျွန်တော်ကတော့ အတူဆုံးပေါ့။ ဒါကြောင့်မို့လည်း သူ့အနားမှာ အချိန်အကြာကြီး ရှိနေနိုင်တာပေါ့။
အရမ်းကို ကြာလွန်းလို့ ကျွန်တော်က အစားထိုးခံသက်သက်ပဲဆိုတာကို မေ့လုနီးနီးပါပဲ။
ကျွန်တော် ချီရှူးနဲ့ ဝမ်းယန်ကို ပထမဆုံးစတွေ့ခဲ့တာက အထက်တန်း စတက်တဲ့ နေ့မှာပါ။
ဂုဏ်ထူးဆောင်ကျောင်းသားဟောင်းကဏ္ဍရဲ့ ထိပ်ဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံက ဘေးချင်းကပ်လျက်။
ချီရှူးက ကျွန်တော့ထက် ၆နှစ်ကြီးတယ်။ အဲဒီအချိန်မှာပဲ သူက 'ချီ'ဘဏ္ဍာရေးလုပ်ငန်းစုကို အမွေဆက်ခံပြီး တနိုင်ငံလုံးက ဘဏ္ဍာရေးသွေးကြောကို ထိန်းချုပ်ထားတဲ့ စီးပွားရေးလောကရဲ့ အငယ်ဆုံးပဲ့ကိုင်ရှင် ဖြစ်နေပြီ။
ဓာတ်ပုံထဲမှာ ချီရှူးရဲ့ မျက်ခုံးတွေက ဖြောင့်တန်းနေပြီး သူက သေလောက်အောင်ကို ချောလွန်းတယ်။
သူ့ဘေးမှာကတော့ ဝမ်းယန်။ အကြည့်တွေက နူးညံ့ပြီး နှုတ်ခမ်းကတော့ မနက်စောစောမှာ ဖူးပွင့်တဲ့ ပန်းရောင်နှင်းဆီလိုပဲ။ နူးညံ့ပြီး လှပတဲ့ အိုမီဂါလေး။
တလကြာပြီးနောက် ကျွန်တော် ချီရှူးကို ချစ်မိခဲ့တယ်။ စာကြည့်တိုက် ပြီးစီးခြင်း အခမ်းအနားကို တက်ဖို့ သူ ကျောင်းကို ပြန်လာခဲ့တုန်းကပါ။
ကျောင်းသားသစ်ကိုယ်စားလှယ်အနေနဲ့ ကျွန်တော် သူ့ကို ပန်းလက်ဆောင်ပေးခဲ့တယ်။
အပြင်က ချီရှူးက ဓာတ်ပုံထဲကထက် အပုံကြီး ကြည့်ကောင်းလို့နေခဲ့တယ်။ အကြည့်တချက်နဲ့တင် အချစ်မှာ နက်ရှိုင်းစွာ ပျော်ဝင်ခဲ့ပါတယ်။
အခုချိန်ထိ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
တန်ကြေးကြီးရင် ပေးဆပ်မှုက များစမြဲပါပဲ။
စဉ်းစားကာမှ ကျွန်တော် အခုထိ ဆေးရုံကို တခေါက်မှ မရောက်သေးဘူးပဲ။
လွန်ခဲ့တဲ့နှစ်ဝက်တုန်းက ဝမ်းယန်က ပါရဂူဘွဲ့ ယူပြီးရင် တရုတ်ပြည်ကို ပြန်လာမယ်လို့ ကြားခဲ့တယ်။ ကျွန်တော် ကြောက်အားကြီးစွာနဲ့ပဲ ဂလင်းအတု သွားထည့်ဖြစ်ခဲ့တာပေါ့။
ရေကြည့်လိုက်ရင် ဝမ်းယန်က နောက်လဆို ပြန်ရောက်ပြီပဲ။ အဲဒီအချိန်ရောက်ရင် ချီရှူးလည်း ကျွန်တော့ကို ဘယ်လိုအပ်တော့မလဲနော်။ အဲဒီတော့ ကျွန်တော် ကျန်းမာနေနေ၊ မနေနေ ဘာအရေးလဲ။
《 စီနီယာ ကျွန်တော် ကျောင်းကို ပြန်သွားခဲ့တယ် 》
ချီရှူးဆီကို မက်ဆေ့ချ်တစောင်ပို့လိုက်တယ်။
《 အင်း 》
မိနစ်နှစ်ဆယ်လောက် စောင့်ပြီးမှ ပြန်ရလာတဲ့ ပြန်စာပဲ ဖြစ်ပါတယ်။
ဘွဲ့နှင်းသဘင်နီးလာတာမို့ ကျောင်းမှာ ထွေထွေထူးထူးလုပ်စရာကိစ္စ မရှိပါဘူး။ စီနီယာကျောင်းသား အများစုက အဆောင်ကနေတောင် ပြောင်းပြီးကြပြီ။ ကျွန်တော်ကတော့ ကျောင်းမှာ အထွေအထူးလုပ်စရာ မရှိပါဘူး။ ပြောင်းပြောင်းမပြောင်းပြောင်း အရေးမဟုတ်။
လွန်ခဲ့တဲ့လ ပရောဂျက်အတွက် တင်ပြတုန်းက ပရော်ဖက်ဆာက ကျွန်တော့ကို မေးတယ် '*တော်ဝင်ဂီတတက္ကသိုလ်က ဖိတ်ကြားချက်ကို ပယ်ချင်တာ သေချာပြီလား' တဲ့။
'ကျွန်တော် နိုင်ငံခြားကို တကယ် မသွားချင်လို့ပါ..."
ကျွန်တော် သူ(မ)ကို သေချာမော်မကြည့်ရဲခဲ့ဘဲ ခေါင်းငုံ့ပြီးတော့သာ မရေမရာဖြေခဲ့တယ်ထင်တယ်။
"ဒါ တကယ် ဆိုးတာပဲ'
ပရော်ဖက်ဆာကတော့ သက်ပြင်းချတယ်။
"တောင်းပန်ပါတယ်"
တောင်းပန်ရုံကလွဲ မရှိတော့ပါ။
တောင်းပန်တယ်ဆိုတဲ့စကားကို ကျွန်တော် လူအများကြီးကို ပြောခဲ့ပြီးပါပြီ။
လိပ်ပြာမလုံတာရော၊ အပြစ်တင်စိတ်ကပါ ကျွန်တော့ကို ဝန်ပိစေပါတယ်။
ပင်ပန်းလှပါပြီ...
ပထမနှစ်နှစ်တာကလတုန်းက ယုံမှားလွန်နေခဲ့တယ်။
စိတ်မကြည်လင်တဲ့အခါ ဒါမှမဟုတ် တခုခု ပြဿနာဖြစ်လာခဲ့ရင် ချီရှူးကို ဦးစွာတိုင်တောချင်ခဲ့တာမျိုးပေါ့။
အကူအညီတောင်းတာရယ်လို့ မဟုတ်ပါဘူး။ အလိုလိုက်ခံရမလား၊ ကျွန်တော့ကြောင့် သူ စိတ်မကောင်းဖြစ်ပြီး သနားလေမိမလား ဆိုတဲ့ အခွင့်အရေးရချင်ရုံပါပဲ။
သူ စနောက်ပြီး မပြောခင်အထိပေါ့။
"ရှောင်းယွီ ငါထင်တာ မင်းများ အထင်မှားနေသလားလို့"
နေရာမှာတင် မလှုပ်မယှက်ဖြစ်ပြီး မယုံကြည်မှုများစွာနဲ့ပါပဲ။
"ငါက မင်းရည်းစား မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ အသေးအဖွဲကိစ္စလေးတွေအထိ အာရုံစိုက်ပေးရလောက်အောင် ငါ အားမနေဘူး"
ချီရှူးက ရယ်ပြီးပြောလေတယ်။
ဟုတ်ပါတယ်... အလိုလိုက်ခံရတာမျိုးက အချစ်ခံရတဲ့လူတွေမှပဲ ရတတ်တဲ့ အခွင့်အရေးတရပ်ပဲလေ။
ဒါမျိုးရချင်နေအောင် ကျွန်တော်က ဘာမို့လို့လဲ။
ချီရှူးက ကျွန်တော့မျက်နှာကို ရေအေးနဲ့ ပက်လိုက်သလိုပါပဲ။ အဲဒီအချိန်ကစပြီးတော့ မကောင်းတဲ့ခံစားချက်တွေအားလုံးကို ဖုံးကွယ်ပြီး သူ့ရှေ့မှာ အပြုံးဖျော့ဖျော့နဲ့ပဲ နေတတ်အောင် နေဖို့ ကြိုးစားခဲ့ပါတယ်။
သူ့မျက်လုံးထဲမယ်တော့ ကျွန်တော်က နာခံပြီး ရိုကျိုးတတ်တဲ့ လက်တွဲဖော်တယောက်လေပဲပေါ့။ သူ့အလိုကျလိုက်လျောပြီး ဘယ်တော့မှ မငြင်းဆန်တတ်တဲ့ လူတယောက်ပေါ့။
ဒီလိုအချိန်ဆိုရင် ချီရှူးက ကျွန်တော့ခါးက အိုမီဂါတယောက်ထက် ပိုပြီး ပျော့ပျောင်းတယ်လို့ ပြောပြီး ကျွန်တော် ဘီတာတယောက်ဖြစ်တာကို စိတ်လိုလက်ရ အမွှမ်းတင်ပါလိမ့်မယ်။
သူ ကျွန်တော့ကို နူးနူးညံ့ညံ့ဆက်ဆံတဲ့အချိန်က ဒီအချိန်လေးပါပဲ။
"ခင်ဗျား ကျွန်တော့ကို သဘောကျလား"
သူ့ရင်ခွင်ထဲ ခေါင်းဝှက်ပြီး ခန္ဓာကိုယ်ချင်း ပွတ်တိုက်လို့ မေးဖြစ်ပါတယ်။
အဖြေပြန်မလာပါဘူး။ အဲဒီအစား ကျွန်တော့ဆံပင်ကို နမ်းရှုံ့ပြီး စောင်ကို ဆွဲတင်ပေးတယ်။
"အိပ်တော့"
ဘယ်တော့မှ ထပ်မမေးဖြစ်တော့ပါ။
သူ့အိပ်ရာပေါ်ကို လူတွေ ဝင်ထွက်သွားလာမြဲပါပဲ။ တယောက်ချင်းစီတိုင်းကို သဘောကျမယ်ဆိုရင် ပင်ပန်းရတာပေါ့။
xxx
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဒီနေ့ရဲ့ Playlist − 浪費 [Unrequited]
[ရပါတယ်... မင်း ငါ့ကို အခွင့်အရေးပေးစရာမလိုပါဘူး... ငါ့မှာ အလဟဿဖြစ်စေဖို့ တဘဝလုံး ကျန်နေသေးတာပဲ...]
---
Translator's notes
*တော်ဝင်ဂီတတက္ကသိုလ် − Royal Conservatory of music; ၁၈၆၆မှာ ကနေဒါ တိုရွန်းတိုမြို့မှာ တည်ဆောက်ခဲ့တဲ့ ဂီတအနုပညာကျောင်းပါ။
− မူရင်းအော်သာက အပိုင်းတပိုင်းစီပြီးရင် recommend သီချင်းနဲ့ သီချင်းစာသားလေးတွေ ထည့်ပေးတတ်ပါတယ်. သီချင်းလင့်ခ်ကိုတော့ media ထဲမှာ ကြည့်လို့ရပါတယ်။
[Zawgyi]
အိပ္မေပ်ာ္တဲ့ ေဝဒနာကို ခံစားေနရတာ ႏွစ္လရွိေနပါၿပီ။
အစားအေသာက္ပ်က္၊ မူးေနာက္၊ ရင္ထဲတလွပ္လွပ္ျဖစ္ၿပီး မ်က္ႏွာလည္း ေခ်ာင္က်သြားရတယ္။ ျပင္ပန္းသြင္ျပင္က ပိန္ခ်ည္ခ်ည့္နဲ႔ ညိဳးႏြမ္းေျခာက္ေသြ႕ေနေရာေပါ့။
ဒီလိုျဖစ္ေနတဲ့ပုံစံကို ခ်ီရႉးကို မရိပ္မိေစခ်င္ဘူး။ ဒါေၾကာင့္ ဒီရက္ပိုင္း သူ႔ကို အၿမဲ မီးပိတ္ေပးဖို႔ ေျပာရတယ္။
ဒါေပမဲ့လည္း သူ မေန႔ညကေတာ့ ကြၽန္ေတာ့ခါးကို ဖက္ၿပီး ေမးတယ္။
'ဘာလို႔ ဒီေလာက္ ပိန္ေနရတာလဲ' တဲ့။
မဆိုးပါဘူး... သူက ကြၽန္ေတာ္ ပိန္ေနတာကို သတိထားမိေသးတယ္ေပါ့။
အနည္းဆုံးေတာ့ သူ ငါ့ကို ဂ႐ုစိုက္ေသးတာပဲ ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ရျပန္တယ္။
ဒါေပမဲ့လည္း ဒီအေၾကာင္းဒီမွ်သာ။ ဒီစကားေျပာၿပီးတာနဲ႔ သူ ေခါင္းႏွစ္ၿပီး ဝင္ေဆာင့္ေတာ့တာပါပဲ။
သာလြန္အယ္လ္ဖာတေယာက္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာစြမ္းရည္က တကယ့္ကို အလြန္အမင္းပဲေပါ့။ ကြၽန္ေတာ္က သဘာဝအတိုင္း ေမြးဖြားလာတဲ့ အိုမီဂါ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အတူေနၾကတဲ့အခ်ိန္မွာ နာက်င္ရပါတယ္။
ဒါၿပီးရင္ေတာ့ သူ အိပ္ေမာက်သြားတတ္တယ္။ အဲဒီအခါက် ကိုယ့္ကိုယ္ကိုယ္ သန႔္ရွင္းေရး လုပ္ဖို႔အတြက္ ေရခ်ိဳးခန္းထဲ သြားၿပီး ျပန္အထြက္မွာ ေခ်ာ္လဲၿပီး သတိလစ္သြားတတ္တယ္။
ဒီလို အေၾကာင္းရင္းမရွိ မူးလဲတဲ့အႀကိမ္ေပါင္းအေရအတြက္ မ်ားလာခဲ့တယ္။ ဒါကလည္း ၂နာရီ၊ ၃နာရီေလာက္ ၾကာရင္ ျပန္သတိရလာမယ္ဆိုတာ ပုံေသလို ျဖစ္ေနၿပီ။
သတိမလစ္ခင္မွာ ဆရာဝန္ဆီသြားျပရမယ္လို႔ေတာ့ ေတြးမိပါတယ္။
ဒါေပမဲ့ ကြၽန္ေတာ္က ေဆး႐ုံဆို မုန္းတယ္ေလ။
လြန္ခဲ့တဲ့ ႏွစ္ဝက္ေလာက္က ခြဲစိတ္မႈလုပ္ခဲ့ဖူးတဲ့ ဂလင္းအစားထိုးတဲ့ဲ့ ခြဲစိတ္မႈက ခြဲစိတ္ၿပီး ရက္ပိုင္းေလာက္ ၾကာတဲ့အထိ နာက်င္မႈကို ခံစားေနခဲ့ရတယ္။ ခႏၶာကိုယ္ထဲက ဆဲလ္တခုစီတိုင္းက ပြက္ပြက္ဆူၿပီး တကိုယ္လုံးကို အစိတ္စိတ္အႁမြာႁမႊာ ဆုတ္ၿဖဲမတတ္ နာက်င္မႈကို ခံစားေနခဲ့ရတယ္။
နာက်င္ရလြန္းလို႔ ကေယာင္ကတမ္းျဖစ္ၿပီး ဆရာဝန္ကို ေမာ္ဖင္းထိုးေပးပါေတာ့လို႔ ေတာင္းဆိုရတဲ့အထိပဲ။
ဒါေပမဲ့ ဆရာဝန္က ကြၽန္ေတာ့ကို သနားက႐ုဏာသက္စြာ ၾကည့္ရင္း ေခါင္းခါျပတယ္။
'သည္းခံရမယ္' တဲ့။
သည္းခံရမယ္...
ကြၽန္ေတာ္ ခ်ီရႈအတြက္ပဲ အစားထိုးဂလင္းထည့္ခဲ့တာပဲ ျဖစ္တယ္။
ဒါက ကြၽန္ေတာ့ဆႏၵရအေလွ်ာက္လုပ္တာမို႔ သည္းခံရပါမယ္။
ဆန္းသစ္လာတဲ့ သိပၸံနဲ႔ နည္းပညာမွာ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ပဲျဖစ္ျဖစ္ လူေတြရဲ႕ ဂလင္းကို ဖယ္ထုတ္ေပးတာ၊ ထည့္သြင္းေပးတာေတြကို လုပ္ေဆာင္လို႔ ရေနပါၿပီ။ လိင္အမ်ိဳးအစားကိုေတာ့ မေျပာင္းလဲေပးႏိုင္ေပမဲ့လို႔ေပါ့။
ဒါေပမဲ့လည္း အဆုံးသတ္မွာေတာ့ အတုက အတုပါပဲ။
ခ်ီရႉးက ကြၽန္ေတာ့ရဲ႕ ဒီ ဂလင္းကို ကိုက္ၿဖဲၿပီး လႊမ္းမိုးမႈနဲ႔ အပိုင္ရရွိမႈကေန သာယာမႈကို ခံစားႏိုင္ပါတယ္။ တကယ့္တကယ္တမ္း အမွတ္အသားမေပးႏိုင္ေပမဲ့လို႔။
သူကလည္း ကြၽန္ေတာ့ကို အမွတ္အသားေပးခ်င္မွာမွ မဟုတ္တာ။
အ႐ုဏ္တက္ၿပီ။
ေႏြဦး အေစာပိုင္းကာလရဲ႕ ေနျခည္ေထြးေထြးက စိတ္ခ်မ္းေျမ့ေစတယ္။
ေနျခည္ေအာက္မွာ လူေတြက သက္ဝင္လႈပ္ရွားေနၾကတယ္။ ကြၽန္ေတာ္ကလြဲလို႔ေပါ့။
ကြၽန္ေတာ္ ႏိုးလာတဲ့အခါမွာ ခ်ီရႉး ထြက္သြားႏွင့္ၿပီ။ ခ်ီရႉးမွာ မေန႔ညတုန္းက သူ ဘယ္ေလာက္ပဲ ျပင္းျပင္းထန္ထန္ေသာင္းက်န္းေနခဲ့ပါေစ ေနာက္ေန႔ မနက္မွာ ႐ုံးကို ၉နာရီအေရာက္သြားတတ္တဲ့ စည္းကမ္းတခု သူ႔မွာ ရွိတယ္။
သူ မရွိရင္ အိမ္ႀကီးက ေျခာက္ကပ္ၿပီး ေအးစက္လွပါတယ္။
ကြၽန္ေတာ္က သူ ေခၚတိုင္း ေျပးလာတတ္တဲ့ ျပည့္တန္ဆာနဲ႔ တူမေနဘူးလား။ အ႐ုဏ္တက္ၿပီးရင္ အဝတ္အစားျပန္ဝတ္ၿပီး ထြက္သြားရတာမ်ိဳးေလ။
၇ႏွစ္ေတာင္ ခ်စ္ခဲ့ပါတယ္။
အတူေနခဲ့တာ ၄ႏွစ္။
ကြၽန္ေတာ့မွာ သူ႔အိမ္ေသာ့ ရွိတယ္။ သူ႔ကုမၸဏီကိုလည္း စိတ္တိုင္းက် ဝင္ထြက္သြားလာႏိုင္တယ္။
ဒါေပမဲ့လည္း ျပည့္တန္ဆာတေယာက္လို႔ ခံစားေနရၿမဲ။
သူ ကြၽန္ေတာ့ကို မခ်စ္လို႔ပဲေတာ့ မဟုတ္ပါဘူး။
ကြၽန္ေတာ္တို႔ ပထမဆုံးအႀကိမ္ အတူတူအိပ္တုန္းက သူကြၽန္ေတာ့ကို 'ေရွာင္ယန္'လို႔ ေခၚခဲ့တယ္။
စိတ္လႈပ္ရွားစြာနဲ႔ ခပ္တိုးတိုးညည္းသံ 'ေရွာင္ယန္'နဲ႔ 'ေရွာင္းယြီ' အသံထြက္က အေတာ္ေလး ခပ္ဆင္ဆင္တူေနခဲ့ပါတယ္။
ကြၽန္ေတာ့မွာ အၾကားပါရမီပါလာတာကေတာ့ စိတ္မေကာင္းစရာပါပဲ။
ကြၽန္ေတာ္က ဝမ္းယန္နဲ႔ တူတယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ေျပာၾကတယ္။
ဝမ္းသာစရာပဲလားေတာ့ မသိ၊ တကယ္လို႔ ကြၽန္ေတာ္သာ ဝမ္းယန္နဲ႔ မတူခဲ့ဘူးဆိုရင္ ခ်ီရႉးရဲ႕ အိပ္ရာေပၚ တသက္လုံး ဘယ္တက္လို႔ရႏိုင္ပါ့မလဲ။
ခ်ီရႉးရဲ႕ အိပ္ရာေဖာ္တိုင္းက အနည္းနဲ႔အမ်ားေတာ့ ဝမ္းယန္နဲ႔ တူၾကတာပဲေလ။
ကြၽန္ေတာ္ကေတာ့ အတူဆုံးေပါ့။ ဒါေၾကာင့္မို႔လည္း သူ႔အနားမွာ အခ်ိန္အၾကာႀကီး ရွိေနႏိုင္တာေပါ့။
အရမ္းကို ၾကာလြန္းလို႔ ကြၽန္ေတာ္က အစားထိုးခံသက္သက္ပဲဆိုတာကို ေမ့လုနီးနီးပါပဲ။
ကြၽန္ေတာ္ ခ်ီရႉးနဲ႔ ဝမ္းယန္ကို ပထမဆုံးစေတြ႕ခဲ့တာက အထက္တန္း စတက္တဲ့ ေန႔မွာပါ။
ဂုဏ္ထူးေဆာင္ေက်ာင္းသားေဟာင္းက႑ရဲ႕ ထိပ္ဆုံးမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပုံက ေဘးခ်င္းကပ္လ်က္။
ခ်ီရႉးက ကြၽန္ေတာ့ထက္ ၆ႏွစ္ႀကီးတယ္။ အဲဒီအခ်ိန္မွာပဲ သူက 'ခ်ီ'ဘ႑ာေရးလုပ္ငန္းစုကို အေမြဆက္ခံၿပီး တႏိုင္ငံလုံးက ဘ႑ာေရးေသြးေၾကာကို ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးေလာကရဲ႕ အငယ္ဆုံးပဲ့ကိုင္ရွင္ ျဖစ္ေနၿပီ။
ဓာတ္ပုံထဲမွာ ခ်ီရႉးရဲ႕ မ်က္ခုံးေတြက ေျဖာင့္တန္းေနၿပီး သူက ေသေလာက္ေအာင္ကို ေခ်ာလြန္းတယ္။
သူ႔ေဘးမွာကေတာ့ ဝမ္းယန္။ အၾကည့္ေတြက ႏူးညံ့ၿပီး ႏႈတ္ခမ္းကေတာ့ မနက္ေစာေစာမွာ ဖူးပြင့္တဲ့ ပန္းေရာင္ႏွင္းဆီလိုပဲ။ ႏူးညံ့ၿပီး လွပတဲ့ အိုမီဂါေလး။
တလၾကာၿပီးေနာက္ ကြၽန္ေတာ္ ခ်ီရႉးကို ခ်စ္မိခဲ့တယ္။ စာၾကည့္တိုက္ ၿပီးစီးျခင္း အခမ္းအနားကို တက္ဖို႔ သူ ေက်ာင္းကို ျပန္လာခဲ့တုန္းကပါ။
ေက်ာင္းသားသစ္ကိုယ္စားလွယ္အေနနဲ႔ ကြၽန္ေတာ္ သူ႔ကို ပန္းလက္ေဆာင္ေပးခဲ့တယ္။
အျပင္က ခ်ီရႉးက ဓာတ္ပုံထဲကထက္ အပုံႀကီး ၾကည့္ေကာင္းလို႔ေနခဲ့တယ္။ အၾကည့္တခ်က္နဲ႔တင္ အခ်စ္မွာ နက္ရႈိင္းစြာ ေပ်ာ္ဝင္ခဲ့ပါတယ္။
အခုခ်ိန္ထိ ႐ုန္းမထြက္ႏိုင္ခဲ့ပါဘူး။
တန္ေၾကးႀကီးရင္ ေပးဆပ္မႈက မ်ားစၿမဲပါပဲ။
စဥ္းစားကာမွ ကြၽန္ေတာ္ အခုထိ ေဆး႐ုံကို တေခါက္မွ မေရာက္ေသးဘူးပဲ။
လြန္ခဲ့တဲ့ႏွစ္ဝက္တုန္းက ဝမ္းယန္က ပါရဂူဘြဲ႕ ယူၿပီးရင္ တ႐ုတ္ျပည္ကို ျပန္လာမယ္လို႔ ၾကားခဲ့တယ္။ ကြၽန္ေတာ္ ေၾကာက္အားႀကီးစြာနဲ႔ပဲ ဂလင္းအတု သြားထည့္ျဖစ္ခဲ့တာေပါ့။
ေရၾကည့္လိုက္ရင္ ဝမ္းယန္က ေနာက္လဆို ျပန္ေရာက္ၿပီပဲ။ အဲဒီအခ်ိန္ေရာက္ရင္ ခ်ီရႉးလည္း ကြၽန္ေတာ့ကို ဘယ္လိုအပ္ေတာ့မလဲေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္ က်န္းမာေနေန၊ မေနေန ဘာအေရးလဲ။
《 စီနီယာ ကြၽန္ေတာ္ ေက်ာင္းကို ျပန္သြားခဲ့တယ္ 》
ခ်ီရႉးဆီကို မက္ေဆ့ခ်္တေစာင္ပို႔လိုက္တယ္။
《 အင္း 》
မိနစ္ႏွစ္ဆယ္ေလာက္ ေစာင့္ၿပီးမွ ျပန္ရလာတဲ့ ျပန္စာပဲ ျဖစ္ပါတယ္။
ဘြဲ႕ႏွင္းသဘင္နီးလာတာမို႔ ေက်ာင္းမွာ ေထြေထြထူးထူးလုပ္စရာကိစၥ မရွိပါဘူး။ စီနီယာေက်ာင္းသား အမ်ားစုက အေဆာင္ကေနေတာင္ ေျပာင္းၿပီးၾကၿပီ။ ကြၽန္ေတာ္ကေတာ့ ေက်ာင္းမွာ အေထြအထူးလုပ္စရာ မရွိပါဘူး။ ေျပာင္းေျပာင္းမေျပာင္းေျပာင္း အေရးမဟုတ္။
လြန္ခဲ့တဲ့လ ပေရာဂ်က္အတြက္ တင္ျပတုန္းက ပေရာ္ဖက္ဆာက ကြၽန္ေတာ့ကို ေမးတယ္ '*ေတာ္ဝင္ဂီတတကၠသိုလ္က ဖိတ္ၾကားခ်က္ကို ပယ္ခ်င္တာ ေသခ်ာၿပီလား' တဲ့။
'ကြၽန္ေတာ္ ႏိုင္ငံျခားကို တကယ္ မသြားခ်င္လို႔ပါ..."
ကြၽန္ေတာ္ သူ(မ)ကို ေသခ်ာေမာ္မၾကည့္ရဲခဲ့ဘဲ ေခါင္းငုံ႔ၿပီးေတာ့သာ မေရမရာေျဖခဲ့တယ္ထင္တယ္။
"ဒါ တကယ္ ဆိုးတာပဲ'
ပေရာ္ဖက္ဆာကေတာ့ သက္ျပင္းခ်တယ္။
"ေတာင္းပန္ပါတယ္"
ေတာင္းပန္႐ုံကလြဲ မရွိေတာ့ပါ။
ေတာင္းပန္တယ္ဆိုတဲ့စကားကို ကြၽန္ေတာ္ လူအမ်ားႀကီးကို ေျပာခဲ့ၿပီးပါၿပီ။
လိပ္ျပာမလုံတာေရာ၊ အျပစ္တင္စိတ္ကပါ ကြၽန္ေတာ့ကို ဝန္ပိေစပါတယ္။
ပင္ပန္းလွပါၿပီ...
ပထမႏွစ္ႏွစ္တာကလတုန္းက ယုံမွားလြန္ေနခဲ့တယ္။
စိတ္မၾကည္လင္တဲ့အခါ ဒါမွမဟုတ္ တခုခု ျပႆနာျဖစ္လာခဲ့ရင္ ခ်ီရႉးကို ဦးစြာတိုင္ေတာခ်င္ခဲ့တာမ်ိဳးေပါ့။
အကူအညီေတာင္းတာရယ္လို႔ မဟုတ္ပါဘူး။ အလိုလိုက္ခံရမလား၊ ကြၽန္ေတာ့ေၾကာင့္ သူ စိတ္မေကာင္းျဖစ္ၿပီး သနားေလမိမလား ဆိုတဲ့ အခြင့္အေရးရခ်င္႐ုံပါပဲ။
သူ စေနာက္ၿပီး မေျပာခင္အထိေပါ့။
"ေရွာင္းယြီ ငါထင္တာ မင္းမ်ား အထင္မွားေနသလားလို႔"
ေနရာမွာတင္ မလႈပ္မယွက္ျဖစ္ၿပီး မယုံၾကည္မႈမ်ားစြာနဲ႔ပါပဲ။
"ငါက မင္းရည္းစား မဟုတ္ဘူး။ ၿပီးေတာ့ မင္းရဲ႕ အေသးအဖြဲကိစၥေလးေတြအထိ အာ႐ုံစိုက္ေပးရေလာက္ေအာင္ ငါ အားမေနဘူး"
ခ်ီရႉးက ရယ္ၿပီးေျပာေလတယ္။
ဟုတ္ပါတယ္... အလိုလိုက္ခံရတာမ်ိဳးက အခ်စ္ခံရတဲ့လူေတြမွပဲ ရတတ္တဲ့ အခြင့္အေရးတရပ္ပဲေလ။
ဒါမ်ိဳးရခ်င္ေနေအာင္ ကြၽန္ေတာ္က ဘာမို႔လို႔လဲ။
ခ်ီရႉးက ကြၽန္ေတာ့မ်က္ႏွာကို ေရေအးနဲ႔ ပက္လိုက္သလိုပါပဲ။ အဲဒီအခ်ိန္ကစၿပီးေတာ့ မေကာင္းတဲ့ခံစားခ်က္ေတြအားလုံးကို ဖုံးကြယ္ၿပီး သူ႔ေရွ႕မွာ အၿပဳံးေဖ်ာ့ေဖ်ာ့နဲ႔ပဲ ေနတတ္ေအာင္ ေနဖို႔ ႀကိဳးစားခဲ့ပါတယ္။
သူ႔မ်က္လုံးထဲမယ္ေတာ့ ကြၽန္ေတာ္က နာခံၿပီး ႐ိုက်ိဳးတတ္တဲ့ လက္တြဲေဖာ္တေယာက္ေလပဲေပါ့။ သူ႔အလိုက်လိုက္ေလ်ာၿပီး ဘယ္ေတာ့မွ မျငင္းဆန္တတ္တဲ့ လူတေယာက္ေပါ့။
ဒီလိုအခ်ိန္ဆိုရင္ ခ်ီရႉးက ကြၽန္ေတာ့ခါးက အိုမီဂါတေယာက္ထက္ ပိုၿပီး ေပ်ာ့ေပ်ာင္းတယ္လို႔ ေျပာၿပီး ကြၽန္ေတာ္ ဘီတာတေယာက္ျဖစ္တာကို စိတ္လိုလက္ရ အမႊမ္းတင္ပါလိမ့္မယ္။
သူ ကြၽန္ေတာ့ကို ႏူးႏူးညံ့ညံ့ဆက္ဆံတဲ့အခ်ိန္က ဒီအခ်ိန္ေလးပါပဲ။
"ခင္ဗ်ား ကြၽန္ေတာ့ကို သေဘာက်လား"
သူ႔ရင္ခြင္ထဲ ေခါင္းဝွက္ၿပီး ခႏၶာကိုယ္ခ်င္း ပြတ္တိုက္လို႔ ေမးျဖစ္ပါတယ္။
အေျဖျပန္မလာပါဘူး။ အဲဒီအစား ကြၽန္ေတာ့ဆံပင္ကို နမ္းရႈံ႕ၿပီး ေစာင္ကို ဆြဲတင္ေပးတယ္။
"အိပ္ေတာ့"
ဘယ္ေတာ့မွ ထပ္မေမးျဖစ္ေတာ့ပါ။
သူ႔အိပ္ရာေပၚကို လူေတြ ဝင္ထြက္သြားလာၿမဲပါပဲ။ တေယာက္ခ်င္းစီတိုင္းကို သေဘာက်မယ္ဆိုရင္ ပင္ပန္းရတာေပါ့။
xxx
စာေရးသူမွာ ေျပာစရာရွိပါတယ္။
ဒီေန႔ရဲ႕ Playlist − 浪費 [Unrequited]
[ရပါတယ္... မင္း ငါ့ကို အခြင့္အေရးေပးစရာမလိုပါဘူး... ငါ့မွာ အလဟႆျဖစ္ေစဖို႔ တဘဝလုံး က်န္ေနေသးတာပဲ...]
---
Translator's notes
*ေတာ္ဝင္ဂီတတကၠသိုလ္ − Royal Conservatory of music; ၁၈၆၆မွာ ကေနဒါ တို႐ြန္းတိုၿမိဳ႕မွာ တည္ေဆာက္ခဲ့တဲ့ ဂီတအႏုပညာေက်ာင္းပါ။
− မူရင္းေအာ္သာက အပိုင္းတပိုင္းစီၿပီးရင္ recommend သီခ်င္းနဲ႔ သီခ်င္းစာသားေလးေတြ ထည့္ေပးတတ္ပါတယ္. သီခ်င္းလင့္ခ္ကိုေတာ့ media ထဲမွာ ၾကည့္လို႔ရပါတယ္။