The Legendary Master's Wife [...

By melon_rays

469K 84.5K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-604

7.2K 1.2K 64
By melon_rays

//Unicode//

အပိုင်း ၆၀၄- စိတ်ဝိဉာဉ်တောင်၏စံအိမ်ရှစ်ခု

အပျက်အစီးများ၏ဝင်ပေါက်ကို စောင့်ကြပ်နေသော
နတ်ဒေဝါအဆင့်ကျင်ကြံသူသုံးယောက်
ရှိနေလေသည်။ သူတို့ဆီက ရှိန်လောက်သည့်
အရှိန်အဝါများထုတ်လွှတ်နေသည်၊
ဧကရာဇ်အဆင့်အထက်ရှိသူများက အထဲသို့
ဝင်သွားကြပြီဖြစ်၍ ကျန်ရှိနေသူများမှာ
ဧကရာဇ်အဆင့်အောက်လူများပင်ဖြစ်သည်။
အင်အားစုကြီးများက အာဏာအားလုံးကို
ချုပ်ကိုင်ထားတယ်ဆိုပေမဲ့ တစ်ကိုယ်တော်
ကျင့်ကြံသူများအတွက် အခွင့်အရေးတစ်ခု
ချန်မပေးထားဘူးဆိုပါက ထကြွသောင်းကျန်းမှုများ
ပေါ်ပေါက်လာနိုင်ပေသည်။

(ပြောချင်တာက တစ်ကိုယ်တော်ကျင့်ကြံသူဆိုရင်
ဧကရာဇ်အဆင့်ရဲ့အထက်ရှိမှ အထဲကို
ဝင်လို့ရတာပါ)

ချန်ရှန်းရုန်က သူတို့ရှေ့မှသွားသည်။
မော့ချီရှစ်ယွမ်၏သားဟူသော ဂုဏ်ပုဒ်က
အာဏာရှိပေသည်၊ အစောင့်သုံးယောက်က
သူ့ကို ချက်ချင်းပဲလမ်းဖယ်ပေးလိုက်ကြသည်။

သို့သော်လည်း သားဖြစ်သူ အန္တရာယ်ကြုံမည်စိုး၍
မော့ချီရှစ်ယွမ်က သူတို့ကိုစောင့်ကြိုဖို့
လူတစ်ယောက်ချန်ထားခဲ့လေသည်။
သူက နတ်ဘုရားအဆင့်မရှိသော်ငြား
စူးစမ်းရှာဖွေခွင့်ရထားပြီးနှင့်သားဖြစ်သည့်
ကြယ်လေးပွင့်နတ်ဒေဝါအဆင့်သိုင်းပညာရှင်
တစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့
သုံးယောက် အထဲဝင်သွားကြဖို့ သိပ်မကြာလိုက်ချေ။

ထို့နောက်တွင် နတ်ဒေဝါအဆင့်သိုင်းပညာရှင်
သုံးယောက်က စောင့်ကြပ်မှုကိုဆက်လက်
လုပ်ဆောင်ကြလေသည်။

အရပ်မျက်နှာတစ်ခုကို လူတစ်ယောက်
စောင့်ကြပ်နေရာ သာမန်လူတစ်ယောက်
အနားကပ်နိုင်ဖို့ရန်မဖြစ်နိုင်ပေ၊ သူတို့
ထုတ်လွှင့်နေသောအရှိန်အဝါကတင် လုံလောက်နေပြီ
ဖြစ်သည်။

လူအုပ်ကြီး၏တီးတိုးပြောသံများက
စောဒကတက်ခြင်းများအပြည့်ပင်။ ရတနာက
သူတို့ရှေ့တည့်တည့်မှာတင် မဟုတ်လား။
သူတို့သာ ဝင်နိုင်မယ်ဆိုရင် အခွင့်အရေး
ရနိုင်သေးသည်လေ။ သို့သော်လည်း
ဤလူများက အပေါက်ကိုပိတ်ထားကြသည်။

ယုတ်မာတဲ့ကောင်တွေ၊ သူတို့ကျဘာလို့
ဝင်ခွင့်မရရတာလဲ?

အဝင်ဝကို နတ်ဘုရားအဆင့်ကျင့်ကြံသူများက
ဖွင့်ထားခြင်းမှန်း သူတို့နှလုံးသားထဲမှာ
သိနေကြသော်ငြား စောဒကမတက်ဘဲမနေနိုင်ကြပေ။
အခွင့်အရေးသာရပါက သူတို့အားလုံး
ချက်ချင်းပြေးဝင်သွားမိကြမည်ဖြစ်သည်။

လူတိုင်း တီးတိုးပြောဆိုနေကြချိန်မှာပဲ
ရုတ်တရ​က် မြင်ကွင်းထဲကိုလူနှစ်ယောက်
ဝင်​ရောက်လာလေသည်။ ပထမ သူတို့ကို
သတိထားမိသူ များစွာမရှိပေ၊ သူတို့တွေ
ဆယ်မီတာလောက်သာကွာတော့မှ လူတိုင်း
အာရုံစိုက်ကြတော့သည်။

ဆယ်မီတာမှာ အစောင့်များ၏အပိုင်းအခြားပင်၊
ထိုထက်ပိုနီးကပ်လာပါက ထိုအစောင့်များနှင့်
ရင်ဆိုင်ရမည်ဖြစ်သည်။ ကြည့်ရသလောက်
ဤလူနှစ်ယောက်က ရပ်တန့်ဖို့စိတ်ကူးမရှိပေ။

"ရပ်စမ်း! ဒီထက်ထပ်တိုးလာရင်ငါ့အဆိုးမဆိုနဲ့!"

ရုတ်တရက်၊ သာမန်အစောင့်တစ်ယောက်၏
အရှိန်အဝါက ထိုနှစ်ယောက်ထံပွင့်ထွက်လာပြီး
တစ်ချိန်တည်းမှာ လှမ်းအော်လိုက်၏။
သူ့အသံက ရပ်ကြည့်နေသူများ၏အာရုံကို
တခဏချင်းဆွဲဆောင်သွားသည်။

လူအုပ်ကြီးကလည်း ကြွက်စီကြွက်စီ
ဖြစ်လာတော့သည်။

စိတ်လှုပ်ရှားစရာပဲဟေ့! အကြာကြီးစောင့်ခဲ့ရတဲ့
နောက်ဆုံးမှာတော့ နောက်ထပ်နှစ်ယောက်
ထပ်ရောက်လာပြန်ပြီလေ!

အင်အားစုကြီးများကချမှတ်သည့် ချုပ်ချယ်မှုများကို
မကျေနပ်သူအနည်းစု ရှိခဲ့ပြီး ပထမ
ရက်အနည်းငယ်မှာ ထကြွသောင်းကျန်းခဲ့ကြသည်၊
သို့သော် သူတို့အားလုံး ဖိနှိပ်ခံခဲ့ရသည်။
နောက်ပိုင်းမှာ ရှေ့မှရပ်တည်ဖို့ဆန္ဒရှိသူ
သိသိသာသာလျော့ကျသွားပြီး ယခုအချိန်ထိတိုင်
သူတို့လုပ်ဝံ့သည်မှာ စောဒကတက်ခြင်းသာ
ရှိသည်။

နတ်ဒေဝါအဆင့်သိုင်းပညာရှင်သုံးဦးကလည်း
အခြေအနေကိုသတိထားမိလေသည်၊ သို့သော်
မောက်မာစွာဖြင့် တစ်ချက်သာလှမ်းကြည့်၏။
သူတို့က မတူညီသည့်အင်အားစုများမှဖြစ်ပြီး
၎င်းက လွန်ခဲ့သောနှစ်လအတွင်းမှာ
ဖြစ်လေ့ဖြစ်ထရှိသည့်အရာမျိုးဖြစ်ရာ
သူတို့က အာရုံမထားကြတော့ပေ။
တစ်ချက်ကြည့်ပြီးနောက်မှာ အဖက်မလုပ်တော့ဘဲ
အကြည့်ပြန်လွှဲသွားကြသည်။

သူ့'အကြံ'ကို အရေးမလုပ်တာမြင်တော့ အစောင့်၏
မျက်လုံးထဲတွင် အေးတိအေးစက်အလင်းတစ်ချက်
လက်သွားကာ ကြွေးကြော်လျက်တိုက်ခိုက်လိုက်
လေသည်။ သူ့လက်ထဲရှိ ချွန်ထက်သောလှံရှည်က
သူနှင့်အနီးဆုံးတစ်ယောက်ဖြစ်သည့် ယူရှောင်းမို၏
လည်မျိုကို ဦးတည်သွားသည်။ လှံက
ထိမိတော့မှာကိုမြင်တော့ လူအုပ်ကြီးဆီမှ
ထိတ်လန့်အံ့အားသင့်သံများ ကြားရနိုင်သည်။

ယူရှောင်းမိုက လှံရှည်ကိုကပ်သီလေးရှောင်လိုက်ကာ
လက်ဗလာဖြင့် ၎င်းကို ဝှေ့ယမ်းလိုက်၏။
တုန်ခါမှုက အစောင့်၏လက်နှစ်ဖက်လုံးကို
ထုံကျဉ်သွားစေပြီး အနောက်သို့ဒယီးဒယိုင်ဖြင့်
ဆုတ်လိုက်ရလေသည်။ သူ တုံ့ပြန်ချိန်မရသေးခင်
ရင်ဘတ်ကို လှံရှည်နဲ့တိုက်ခံလိုက်ရပြီး
အစောင့်မှာ သွေးအန်၍လွင့်ထွက်သွားတော့သည်။
သူက နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်
ခြေရင်းတည့်တည့်ကို ကျသွားသည်။

ကျန်အစောင့်များက ချက်ချင်းကြွေးကြော်လိုက်ပြီး
ပြိုင်တူချီတက်လာကြသည်။

ယူရှောင်းမိုက လှံရှည်ကိုလွှတ်ပစ်လိုက်ကာ
ချိပ်တံဆိပ်တစ်ခု လျင်မြန်စွာဖော်ပြီး
အဇူရာလက်ဝါးတစ်ချက်ပစ်ခွင်းလိုက်သည်။
အစောင့်များအားလုံး တလိမ့်ခေါက်ကွေးလဲကျ
ကုန်သည်။

လူအားလုံး တိတ်ကျသွားသည်။

ဧကရာဇ်အဆင့်သိုင်းပညာရှင်များစွာကို
အလဲထိုးနိုင်ရန် အနည်းဆုံး နတ်ဒေဝါအဆင့်ရှိဖို့
လိုအပ်သည်။

နောက်ဆုံးတော့ နတ်ဒေဝါအဆင့်ကျင့်ကြံသူများက
သူတို့ကိုသေချာကြည့်လာကြတော့သည်၊
ထို့နောက်မှာ ဘယ်ဘက်ရှိတစ်ယောက်က
လင်းရှောင်နှင့်ယူရှောင်းမိုတို့မျက်နှာကို
မြင်လိုက်ပြီး သက်ပြင်းရှိုက်လိုက်၏။
သူက သူတို့နှစ်ယောက်ကို မျက်လုံးပြူးကာ
ကြည့်နေလေသည်၊ ထင်ရှားစွာဖြင့် သူတို့ကို
သူသိပေသည်။

ယူရှောင်းမိုနဲ့လင်းရှောင်တို့ ပေါ်မလာတာ
အချိန်အတော်ကြာပြီဆိုပေမဲ့ သူတို့က
အတော်လေးနာမည်ကြီးခဲ့သည်။ သူတို့ကို
မှတ်မိနေသူများရှိနေဆဲဖြစ်ကာ ဤတစ်ယောက်က
သွေးစွေးနီမိသားစုဝင်တစ်ယောက်ဖြစ်သည်။

သူတို့အပေါ် သွေးစွေးနီမိသားစု၏ရန်ကြွေးက
နတ်ဆိုးဖီးနစ်မျိုးနွယ်စုကိုမုန်းတာထက်ပင်
ပိုသည်။ သူတို့ရန်ကြွေးက လူသိရှင်ကြား
ဖြစ်သွားချိန်မှစ သူတို့မျက်နှာကို မိသားစုတစ်ခုလုံး
သိကြသည်။ ပထမ သူသတိမပြုမိခဲ့ပေ၊
သူတို့က 'ရင်းနှီးသည့်မျက်နှာ'ဖြစ်ရုံမက
အန္တရာယ်လည်းကြီးသူများဖြစ်တာကို အခုမှ
သူမှတ်မိလေသည်။

လင်းရှောင်ရဲ့နတ်ဘုရားအဆင့်ရှိစွမ်းအားကို
သတိရလိုက်ရာ သူ့မျက်နှာကချက်ချင်း
ဖြူစုတ်သွားတော့သည်။

ထိုအချိန်တွင် ယူရှောင်းမိုနှင့်လင်းရှောင်က
သူတို့ရှေ့ရောက်နေပြီဖြစ်ပြီး စကားပြောလိုက်သူမှာ
ယူရှောင်းမိုဖြစ်သည်။ သူက ထိုသုံးယောက်
ကြည့်ပြီး အပြုံးလေးနဲ့မေးလိုက်သည်။

"ဝင်လို့ရနိုင်မလားဗျ"

သူက လူယဉ်ကျေးလေးလေ၊ *လက်မပေးလိုက်*
(like နှိပ်လိုက်)

ထိုတစ်ယောက်မှာ ပါးစပ်တွန့်သွားတော့သည်။

သို့သော် သူတို့ကိုမသိသည့် ကျန်နှစ်ယောက်မှာမူ
အမူအရာများမည်းမှောင်သွားကြလေသည်။

ဒါရန်စတာ!

"ငါတို့က ဒီမှာစောင့်ကြပ်ဖို့အမိန့်ရထားတာ။
တကယ်လို့ မင်းတို့အားသုံးပြီးဖြတ်သွားချင်တယ်
ဆိုရင် ငါတို့ကိုအရင်ကျော်ရလိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်က သူ့အဖြေကို
ထုတ်ပေးလိုက်သည်။

ယူရှောင်းမိုက ပြုံးလိုက်သည်။

"မင်းပြောတာနော်"

ပထမကျင့်ကြံသူက အမှုမထားသည့်အပြုံးတစ်ခု
ပြုံးလိုက်လေသည်၊ အထင်မကြီးတာထင်ရှားသည်။
ထိုအခိုက် သူ့ညာဘက်ကတစ်ယောက်၊
ဒုတိယကျင့်ကြံသူက အနောက်တစ်လှမ်းဆုတ်လိုက်
လေသည်။ ၎င်းကသေးငယ်သော်ငြား
သူကသတိပြုမိလိုက်ကာ မျက်မှောင်ကျုံ့လိုက်သည်။

"ကြောက်တာလား"

ဒုတိယကျင့်ကြံသူက တောင့်တင်းစွာပြုံးလိုက်၏။

"သူတို့ကိုဝင်ခွင့်ပြုရလည်း ငါကတော့ကိစ္စမရှိပါဘူး"

သူတို့ကိုမသိတာက သူ့မှာမျက်လုံးမပါဘူးလို့
မဆိုလိုပေ။ လင်းရှောင်ရဲ့အဆင့်ကို
သူမပြောနိုင်မှန်း သဘောပေါက်လိုက်သည်နှင့်
တစ်စုံတစ်ခုကမှားယွင်းနေပြီဖြစ်ကြောင်း
သူ သိသည်။

ထိုမျှမက သူ့ရှေ့ကလူငယ်လေးဟာလည်း
သူ့ထက် အနည်းငယ်ပိုသန်မာသည်ဟုခံစားရသည်။
သူတို့က ဤနေရာကိုစောင့်ကြပ်ရမည်ဆိုတာနဲ့ပဲ
အသက်ပါပေးမည်ဟုမဆိုလိုပေ။

နောက်ဆုံးတော့ ပထမကျင့်ကြံသူမှာ
တစ်ခုခုကတော့မဟုတ်တော့တာကို သတိပြုမိပြီး
သူ့အမူအရာကရှုံ့မဲ့သွားတော့သည်။

ထိုအချိန်မှာပဲ ယူရှောင်းမိုက နောက်တစ်လှမ်း
ဆုတ်ပေးလိုက်ကာ လင်းရှောင်က
ပထမကျင့်ကြံရှေ့တည့်တည့်မှာ
နေရာယူလိုက်လေသည်။ သူတို့က ကူမာမျိုးနွယ်စုမှ
ဖြစ်ကြရာ သူကမညှာတာတော့ပေ။

အင်အားစုတိုင်း ခေါ်လာနိုင်သည့်လူအရေအတွက်က
သူတို့မှာ အစွမ်းထက်ကျင့်ကြံသူ
ဘယ်လောက်ရှိလဲပေါ်မူတည်သည်။
ကူမာမျိုးနွယ်စုနှင့် သွေးစွေးနီမိသားစုမှာက
လူတစ်ယောက်ပိုနေသောကြောင့် သူတို့ကိုထားခဲ့ခြင်း
ဖြစ်သည်။

လင်းရှောင်က ရုတ်တရက် သူ့ဆီသို့
လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
နောက်လူမှာ သူ့အရှိန်အဝါကိုပိတ်ဆို့ထားခြင်းကို
ခံနေရ၍ ချက်ချင်းဖြူဖျော့သွားပြီး
ရှောင်တောင်မရှောင်လိုက်နိုင်ဘဲ လွင့်ထွက်သွားတော့
သည်။ လူတိုင်းရှေ့တွင် သူ့မျက်နှာက
ဝက်ခေါင်းလိုဖူးရောင်လာရာ သူ့မှာ မျက်နှာရော
သိက္ခာရောတစ်စက်မှမကျန်တော့ချေ။

လူတိုင်း ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားကြသည်။

ကျန်ကျင့်ကြံသူနှစ်ယောက်က အလျင်အမြန်
ဆုတ်လိုက်သည်။ လင်းရှောင်ရဲ့ခွန်အားကို
သူတို့ကောင်းကောင်းသိသွားပြီဖြစ်သည်။
မျက်နှာမပျက်ရရေး ခေါင်းမာနေပါက
သေဖို့လမ်းရှာနေတာသာဖြစ်လိမ့်မည်။

လင်းရှောင်က သူ့ဇနီးလေးလက်ကို
ဆွဲကာ ထောင်ထောင်ထောင်ထောင်ဖြင့်
လျှောက်ဝင်သွားလေတော့သည်။

ပထမကျင့်ကြံသူက မည်းမှောင်နေသောအမူအရာဖြင့်
အလျင်အမြန် ထလိုက်သည်။ သူတို့က
ပိုသန်မာသည်ဆိုလျှင်တောင် သူက
ကူမာမျိုးနွယ်စုကဖြစ်သည်။ လူအများရှေ့
သူ့ကိုအရူးတစ်ယောက်လို လုပ်ခံရတာက
သူ့ကိုမျက်နှာပျက်စေသည်။

"မင်းမကျေနပ်လည်း မျိုသိပ်ထားရမှာပဲ"

သွေးစွေနီမိသားစုက ကူမာမျိုးနွယ်စုနှင့်
မဟာမိတ်ဖွဲ့ထားသည်ဖြစ်ရာ ဒုတိယကျင့်ကြံသူက
စေတနာဖြင့်ပြောလိုက်သည်။ သူတို့ကို
သွေးစွေးနီမိသားစုကတောင် ဘာမှမလုပ်နိုင်သေးရာ
ကူမာမျိုးနွယ်ဆိုလျှင်ဆိုဖွယ်မရှိတော့။ ထို့အပြင်
အခုချက်ချင်းဘာမှမလုပ်နိုင်သေးဘူးဆိုတာနဲ့ပဲ
နောင်မှာလည်း ဘယ်တော့မှမလုပ်နိုင်တော့ဘူးလို့
မဆိုလိုပေ။ စောင့်ဆိုင်းခြင်းကပိုကောင်းပေသည်။

"ဒါပေါ့ မင်းကတော့ပြောအားရှိတာပေါ့။
အရိုက်ခံရတာမင်းမှမဟုတ်တာ"

ပထမကျင့်ကြံသူက ကျေးဇူးမသိတတ်စွာ
ပြောလေသည်။ သူသာ အမှန်တကယ်ကူညီချင်ပါက
ဖြစ်ပြီးမှ ကူညီချင်ယောင်မဆောင်ဘဲ
အစကတည်းကပြောခဲ့သင့်သည်။

သူက သူ့စေတနာကိုအမှုမထားတာပဲ၊
ကောင်းပြီလေ သူလည်းထပ်မပြောတော့ဘူး...။

ဒုတိယကျင့်ကြံသူက ဝေးကွာသွားပြီဖြစ်သည့်
ပုံရိပ်နှစ်ခုကိုလှမ်းကြည့်လိုက်သည်။ သူတို့
ဘယ်သူမှန်း သူသိပေမဲ့ လတ်တလော
သူတို့သတင်းကိုဘာဆိုဘာမှမကြားခဲ့ရ၍
အခုလိုအချိန်မှာပေါ်လာမည်ဟုမထင်ထားခဲ့ပေ။

____

မက်မွန်ပွင့်အရပ်၏အပျက်အစီးများ
တည်ရှိနေခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ
ကြာပြီဖြစ်ပြီး စုစည်းနေသောအရင်းအမြစ်
ပမာဏကို ပေါများသည်ဟုပင်ဆိုလို့မရတော့ပေ။
အမတလိုဏ်ဂူထဲရှိနေရာတိုင်းက အနိမ့်ဆင့်မှ
အထက်ဆင့်၊ အနုမှအရင့် မှော်ဆေးပင်များ၏
စိုက်ခင်းတစ်ခင်းပြီးတစ်ခင်းဖြစ်လေသည်။
ထိုထက်ပိုအရေးကြီးသည်မှာ အများစုက
အလတ်ဆင့်နှင့်အထက်ဆင့်မှော်ဆေးပင်များ
ဖြစ်နေသည်။ ပုံမှန်ဆို စိုက်ခင်းတစ်ခုမှာ
အလတ်ဆင့်နှင့်ဂအထက်ဆင့်ဆေးပင်
အနည်းငယ်သာတွေ့ရတတ်သော်လည်း ယခုကတော့
သုံးပုံတစ်ပုံ၊ သို့မဟုတ် ထိုထက်ပင်များလေသည်။

သို့ပေမဲ့ မက်မွန်ပွင့်အရပ်၏အပျက်အစီးများက
အမလိုဏ်ဂူလေးတစ်လုံးပဲ ဆိုလျှင်တောင်
အပြင်မှာ အတားအဆီးအလွှာအနည်းငယ်ဖြင့်
ကာရံထားပြီး အဆင့်မြင့်နတ်ဆိုးသားရဲတချို့တောင်
စောင့်ကြပ်နေကြလေသည်။ သားရဲများ၏
ရက်စက်ကြမ်းကြုတ်မှုက အချို့သောလူများအား
ဟန့်တားနိုင်သော်လည်း လူများ၏မှော်ဆေးလုံး
အပေါ် တပ်မက်စိတ်ကို ဟန့်တားဖို့တော့
မလုံလောက်ပေ။

မက်မွန်ပွင့်အရပ်၏အပျက်အစီးများ တစ်ခုလုံးက
စိတ်ဝိဉာဉ်တောင်တစ်လုံးဖြစ်သည်။
ပိုမြင့်လေလေ ပိုင်ရှင်ဖြစ်သူ၏ကျင့်ကြံဆင့်က
ပိုအားကြီးလေလေဖြစ်သည်။ ၎င်းက
ပိုများသောရတနာများနှင့်အန္တရာယ်များရှိသည်ဟု
အဓိပ္ပါယ်ရသော်လည်း ခြွင်းချက်တချို့တော့
ရှိသည်ပင်။

ဥပမာ စိတ်ဝိဉာဉ်တောင်၏စံအိမ်ရှစ်ခုဖြစ်သည်။
ရှေးအခါက မက်မွန်ပွင့်စိတ်ဝိဉာဉ်တောင်မှာ
အလွန်ကျော်ကြားခဲ့သည်။ ယနေ့ခေတ်မှာ
စာအုပ်များထဲမှာရှာတွေ့ဖို့ဆိုတာ ခက်သွားပြီ
ဖြစ်ပေမဲ့ လျှောက်ပတ်မေးမြန်းကြည့်ပါက
သူ့အကြောင်းတချို့တလေတော့
သိနိုင်သေးလေသည်။

စံအိမ်ရှစ်ခုကို မက်မွန်ပွင့်အရပ် အပျက်အစီးများ၏
ဆုံချက်အဖြစ်ယူဆထားသည်။ ၎င်းတို့တစ်ခုစီက
ချီမန်သွင့်ကျား၏ 'တံခါး'တစ်ချပ်စီကို
ကိုယ်စားပြုပြီး စိတ်ဝိဉာဉ်တောင်၏
ထောင့်ရှစ်ထောင့်တွင်ထားရှိသည်။
ဤစံအိမ်ရှစ်ခုကသာ တောင်အမြင့်မှာမရှိတာ
ဖြစ်သည်။

(t/n; Qimen Dunjia က နက္ခတ်တာရာကို
အခြေခံပြီးခန့်မှန်းတဲ့ဟာပါ။ တံခါးရှစ်ချပ်က
human plateရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး
'ဆိုးတဲ့ကံ' 'ကောင်းတဲ့ကံ' (သို့) အလယ်အလတ်
လို့ခွဲထားပြီး၊ သူတို့တစ်ခုစီက အရပ်မျက်နှာတစ်ခုနဲ့
elementတစ်ခုကို ကိုယ်စားပြုပါတယ်။
နားလည်ချင်ရင်တော့ googleခေါက်ကြည့်ပါ)

၎င်းတို့က တောင်ခြေမှာဖြစ်နိုင်သည်၊
အလယ်မှာလည်းဖြစ်နိုင်သည်၊ ၎င်းတို့၏
မျက်နှာစာက ခမ်းနားထည်ဝါနိုင်သလို
ရိုးရိုးရှင်းရှင်းလည်းဖြစ်နိုင်သည်။ အားလုံးက
ကံ (သို့မဟုတ်) ရေစက်ပါ/မပါပေါ်မူတည်နေပြီး
တခါတရံမှာတော့ အသက်လည်း
ပေးလိုက်ရနိုင်သည်။

ခြောက်ခုမြောက်စံအိမ်ကို အလွန်စွမ်းအားကြီးသည့်
သက်တန့်အဆင့်ခြောက်မှော်ဆရာတစ်ယောက်က
ပိုင်ဆိုင်ခဲ့လေသည်။ သို့သော်လည်း
ဤလူသားအဆင့်လွန်မှော်ဆရာ အသက်ရှိစဉ်က
မှောင်မှိုင်းသည့်စရိုက်မျိုးရှိသော လူကြောင်
တစ်ယောက်ဖြစ်သည်။ သို့ဖြင့် သူ့စံအိမ်ကို
အဆိပ်ငွေ့ကွင်းပြင်ကြီးတစ်ခုအတွင်းမှာ
တည်ဆောက်ထားလေသည်။ ခြောက်ခုမြောက်
စံအိမ်က 'ကံဆိုးသည့်တံခါးသုံးချပ်'မှာပါသည့်
သေပျောက်နှုန်းမြင့်သော 'မရဏတံခါး'စစ်မန်လည်း
ဖြစ်သည်။

(စစ်-သေတာ။မန်-တံခါး)

လက်ရှိအချိန်တွင်၊ ခြောက်ခုမြောက်စံအိမ်ရှေ့၌
လူတစ်စုပေါ်လာလေသည်။
_____________________________

//Zawgyi//

အပိုင္း ၆၀၄- စိတ္ဝိဉာဉ္ေတာင္၏စံအိမ္ရွစ္ခု

အပ်က္အစီးမ်ား၏ဝင္ေပါက္ကို ေစာင့္ၾကပ္ေနေသာ
နတ္ေဒဝါအဆင့္က်င္ႀကံသူသံုးေယာက္
ရိွေနေလသည္။ သူတို႔ဆီက ရိွန္ေလာက္သၫ့္
အရိွန္အဝါမ်ားထုတ္လႊတ္ေနသည္၊
ဧကရာဇ္အဆင့္အထက္ရိွသူမ်ားက အထဲသို႔
ဝင္သြားၾကၿပီျဖစ္၍ က်န္ရိွေနသူမ်ားမွာ
ဧကရာဇ္အဆင့္ေအာက္လူမ်ားပင္ျဖစ္သည္။
အင္အားစုႀကီးမ်ားက အာဏာအားလံုးကို
ခ်ဳပ္ကိုင္ထားတယ္ဆိုေပမဲ့ တစ္ကိုယ္ေတာ္
က်င့္ႀကံသူမ်ားအတြက္ အခြင့္အေရးတစ္ခု
ခ်န္မေပးထားဘူးဆိုပါက ထႂကြေသာင္းက်န္းမႈမ်ား
ေပၚေပါက္လာႏိုင္ေပသည္။

(ေျပာခ်င္တာက တစ္ကိုယ္ေတာ္က်င့္ႀကံသူဆိုရင္
ဧကရာဇ္အဆင့္ရဲ့အထက္ရိွမွ အထဲကို
ဝင္လို႔ရတာပါ)

ခ်န္ရွန္းရုန္က သူတို႔ေရ႔ွမွသြားသည္။
ေမာ့ခ်ီရွစ္ယြမ္၏သားဟူေသာ ဂုဏ္ပုဒ္က
အာဏာရိွေပသည္၊ အေစာင့္သံုးေယာက္က
သူ႔ကို ခ်က္ခ်င္းပဲလမ္းဖယ္ေပးလိုက္ၾကသည္။

သို႔ေသာ္လည္း သားျဖစ္သူ အႏၲရာယ္ႄကံုမည္စိုး၍
ေမာ့ခ်ီရွစ္ယြမ္က သူတို႔ကိုေစာင့္ႀကိဳဖို႔
လူတစ္ေယာက္ခ်န္ထားခဲ့ေလသည္။
သူက နတ္ဘုရားအဆင့္မရိွေသာ္ျငား
စူးစမ္းရွာေဖြခြင့္ရထားၿပီးႏွင့္သားျဖစ္သၫ့္
ၾကယ္ေလးပြင့္နတ္ေဒဝါအဆင့္သိုင္းပညာရွင္
တစ္ေယာက္ျဖစ္သည္။ သို႔ျဖစ္ရာ သူတို႔
သံုးေယာက္ အထဲဝင္သြားၾကဖို႔ သိပ္မၾကာလိုက္ေခ်။

ထို႔ေနာက္တြင္ နတ္ေဒဝါအဆင့္သိုင္းပညာရွင္
သံုးေယာက္က ေစာင့္ၾကပ္မႈကိုဆက္လက္
လုပ္ေဆာင္ၾကေလသည္။

အရပ္မ်က္ႏွာတစ္ခုကို လူတစ္ေယာက္
ေစာင့္ၾကပ္ေနရာ သာမန္လူတစ္ေယာက္
အနားကပ္ႏိုင္ဖို႔ရန္မျဖစ္ႏိုင္ေပ၊ သူတို႔
ထုတ္လႊင့္ေနေသာအရိွန္အဝါကတင္ လံုေလာက္ေနၿပီ
ျဖစ္သည္။

လူအုပ္ႀကီး၏တီးတိုးေျပာသံမ်ားက
ေစာဒကတက္ျခင္းမ်ားအျပၫ့္ပင္။ ရတနာက
သူတို႔ေရ႔ွတၫ့္တၫ့္မွာတင္ မဟုတ္လား။
သူတို႔သာ ဝင္ႏိုင္မယ္ဆိုရင္ အခြင့္အေရး
ရႏိုင္ေသးသည္ေလ။ သို႔ေသာ္လည္း
ဤလူမ်ားက အေပါက္ကိုပိတ္ထားၾကသည္။

ယုတ္မာတဲ့ေကာင္ေတြ၊ သူတို႔က်ဘာလို႔
ဝင္ခြင့္မရရတာလဲ?

အဝင္ဝကို နတ္ဘုရားအဆင့္က်င့္ႀကံသူမ်ားက
ဖြင့္ထားျခင္းမွန္း သူတို႔ႏွလံုးသားထဲမွာ
သိေနၾကေသာ္ျငား ေစာဒကမတက္ဘဲမေနႏိုင္ၾကေပ။
အခြင့္အေရးသာရပါက သူတို႔အားလံုး
ခ်က္ခ်င္းေျပးဝင္သြားမိၾကမည္ျဖစ္သည္။

လူတိုင္း တီးတိုးေျပာဆိုေနၾကခ်ိန္မွာပဲ
ရုတ္တရ​က္ ျမင္ကြင္းထဲကိုလူႏွစ္ေယာက္
ဝင္​ေရာက္လာေလသည္။ ပထမ သူတို႔ကို
သတိထားမိသူ မ်ားစြာမရိွေပ၊ သူတို႔ေတြ
ဆယ္မီတာေလာက္သာကြာေတာ့မွ လူတိုင္း
အာရံုစိုက္ၾကေတာ့သည္။

ဆယ္မီတာမွာ အေစာင့္မ်ား၏အပိုင္းအျခားပင္၊
ထိုထက္ပိုနီးကပ္လာပါက ထိုအေစာင့္မ်ားႏွင့္
ရင္ဆိုင္ရမည္ျဖစ္သည္။ ၾကၫ့္ရသေလာက္
ဤလူႏွစ္ေယာက္က ရပ္တန႔္ဖို႔စိတ္ကူးမရိွေပ။

"ရပ္စမ္း! ဒီထက္ထပ္တိုးလာရင္ငါ့အဆိုးမဆိုနဲ႔!"

ရုတ္တရက္၊ သာမန္အေစာင့္တစ္ေယာက္၏
အရိွန္အဝါက ထိုႏွစ္ေယာက္ထံပြင့္ထြက္လာၿပီး
တစ္ခ်ိန္တည္းမွာ လွမ္းေအာ္လိုက္၏။
သူ႔အသံက ရပ္ၾကၫ့္ေနသူမ်ား၏အာရံုကို
တခဏခ်င္းဆဲြေဆာင္သြားသည္။

လူအုပ္ႀကီးကလည္း ႂကြက္စီႂကြက္စီ
ျဖစ္လာေတာ့သည္။

စိတ္လႈပ္ရွားစရာပဲေဟ့! အၾကာႀကီးေစာင့္ခဲ့ရတဲ့
ေနာက္ဆံုးမွာေတာ့ ေနာက္ထပ္ႏွစ္ေယာက္
ထပ္ေရာက္လာျပန္ၿပီေလ!

အင္အားစုႀကီးမ်ားကခ်မွတ္သၫ့္ ခ်ဳပ္ခ်ယ္မႈမ်ားကို
မေက်နပ္သူအနည္းစု ရိွခဲ့ၿပီး ပထမ
ရက္အနည္းငယ္မွာ ထႂကြေသာင္းက်န္းခဲ့ၾကသည္၊
သို႔ေသာ္ သူတို႔အားလံုး ဖိႏိွပ္ခံခဲ့ရသည္။
ေနာက္ပိုင္းမွာ ေရ႔ွမွရပ္တည္ဖို႔ဆႏၵရိွသူ
သိသိသာသာေလ်ာ့က်သြားၿပီး ယခုအခ်ိန္ထိတိုင္
သူတို႔လုပ္ဝံ့သည္မွာ ေစာဒကတက္ျခင္းသာ
ရိွသည္။

နတ္ေဒဝါအဆင့္သိုင္းပညာရွင္သံုးဦးကလည္း
အေျခအေနကိုသတိထားမိေလသည္၊ သို႔ေသာ္
ေမာက္မာစြာျဖင့္ တစ္ခ်က္သာလွမ္းၾကၫ့္၏။
သူတို႔က မတူညီသည့္အင္အားစုမ်ားမျွဖစ္ၿပီး
၄က လြန္ခဲ့ေသာႏွစ္လအတြင္းမွာ
ျဖစ္ေလ့ျဖစ္ထရိွသၫ့္အရာမ်ိဳးျဖစ္ရာ
သူတို႔က အာရံုမထားၾကေတာ့ေပ။
တစ္ခ်က္ၾကၫ့္ၿပီးေနာက္မွာ အဖက္မလုပ္ေတာ့ဘဲ
အၾကၫ့္ျပန္လႊဲသြားၾကသည္။

သူ႔'အႀကံ'ကို အေရးမလုပ္တာျမင္ေတာ့ အေစာင့္၏
မ်က္လံုးထဲတြင္ ေအးတိေအးစက္အလင္းတစ္ခ်က္
လက္သြားကာ ႂကြေးေၾကာ္လ်က္တိုက္ခိုက္လိုက္
ေလသည္။ သူ႔လက္ထဲရိွ ခၽြန္ထက္ေသာလွံရွည္က
သူႏွင့္အနီးဆံုးတစ္ေယာက္ျဖစ္သၫ့္ ယူေရွာင္းမို၏
လည္မ်ိဳကို ဦးတည္သြားသည္။ လွံက
ထိမိေတာ့မွာကိုျမင္ေတာ့ လူအုပ္ႀကီးဆီမွ
ထိတ္လန႔္အံ့အားသင့္သံမ်ား ၾကားရႏိုင္သည္။

ယူေရွာင္းမိုက လွံရွည္ကိုကပ္သီေလးေရွာင္လိုက္ကာ
လက္ဗလာျဖင့္ ၄ကို ေဝ႔ွယမ္းလိုက္၏။
တုန္ခါမႈက အေစာင့္၏လက္ႏွစ္ဖက္လံုးကို
ထံုက်ဉ္သြားေစၿပီး အေနာက္သို႔ဒယီးဒယိုင္ျဖင့္
ဆုတ္လိုက္ရေလသည္။ သူ တံု႔ျပန္ခ်ိန္မရေသးခင္
ရင္ဘတ္ကို လွံရွည္နဲ႔တိုက္ခံလိုက္ရၿပီး
အေစာင့္မွာ ေသြးအန္၍လြင့္ထြက္သြားေတာ့သည္။
သူက နတ္ေဒဝါအဆင့္က်င့္ႀကံသူတစ္ေယာက္
ေျခရင္းတၫ့္တၫ့္ကို က်သြားသည္။

က်န္အေစာင့္မ်ားက ခ်က္ခ်င္းႂကြေးေၾကာ္လိုက္ၿပီး
ၿပိဳင္တူခ်ီတက္လာၾကသည္။

ယူေရွာင္းမိုက လွံရွည္ကိုလႊတ္ပစ္လိုက္ကာ
ခ်ိပ္တံဆိပ္တစ္ခု လ်င္ျမန္စြာေဖာ္ၿပီး
အဇူရာလက္ဝါးတစ္ခ်က္ပစ္ခြင္းလိုက္သည္။
အေစာင့္မ်ားအားလံုး တလိမ့္ေခါက္ေကြးလဲက်
ကုန္သည္။

လူအားလံုး တိတ္က်သြားသည္။

ဧကရာဇ္အဆင့္သိုင္းပညာရွင္မ်ားစြာကို
အလဲထိုးႏိုင္ရန္ အနည္းဆံုး နတ္ေဒဝါအဆင့္ရိွဖို႔
လိုအပ္သည္။

ေနာက္ဆံုးေတာ့ နတ္ေဒဝါအဆင့္က်င့္ႀကံသူမ်ားက
သူတို႔ကိုေသခ်ာၾကၫ့္လာၾကေတာ့သည္၊
ထို႔ေနာက္မွာ ဘယ္ဘက္ရိွတစ္ေယာက္က
လင္းေရွာင္ႏွင့္ယူေရွာင္းမိုတို႔မ်က္ႏွာကို
ျမင္လိုက္ၿပီး သက္ျပင္းရိႈက္လိုက္၏။
သူက သူတို႔ႏွစ္ေယာက္ကို မ်က္လံုးျပဴးကာ
ၾကၫ့္ေနေလသည္၊ ထင္ရွားစြာျဖင့္ သူတို႔ကို
သူသိေပသည္။

ယူေရွာင္းမိုနဲ႔လင္းေရွာင္တို႔ ေပၚမလာတာ
အခ်ိန္အေတာ္ၾကာၿပီဆိုေပမဲ့ သူတို႔က
အေတာ္ေလးနာမည္ႀကီးခဲ့သည္။ သူတို႔ကို
မွတ္မိေနသူမ်ားရိွေနဆဲျဖစ္ကာ ဤတစ္ေယာက္က
ေသြးေစြးနီမိသားစုဝင္တစ္ေယာက္ျဖစ္သည္။

သူတို႔အေပၚ ေသြးေစြးနီမိသားစု၏ရန္ႂကြေးက
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္စုကိုမုန္းတာထက္ပင္
ပိုသည္။ သူတို႔ရန္ႂကြေးက လူသိရွင္ၾကား
ျဖစ္သြားခ်ိန္မွစ သူတို႔မ်က္ႏွာကို မိသားစုတစ္ခုလံုး
သိၾကသည္။ ပထမ သူသတိမျပဳမိခဲ့ေပ၊
သူတို႔က 'ရင္းႏွီးသၫ့္မ်က္ႏွာ'ျဖစ္ရံုမက
အႏၲရာယ္လည္းႀကီးသူမ်ားျဖစ္တာကို အခုမွ
သူမွတ္မိေလသည္။

လင္းေရွာင္ရဲ့နတ္ဘုရားအဆင့္ရိွစြမ္းအားကို
သတိရလိုက္ရာ သူ႔မ်က္ႏွာကခ်က္ခ်င္း
ျဖဴစုတ္သြားေတာ့သည္။

ထိုအခ်ိန္တြင္ ယူေရွာင္းမိုႏွင့္လင္းေရွာင္က
သူတို႔ေရ႔ွေရာက္ေနၿပီျဖစ္ၿပီး စကားေျပာလိုက္သူမွာ
ယူေရွာင္းမိုျဖစ္သည္။ သူက ထိုသံုးေယာက္
ၾကၫ့္ၿပီး အႃပံုးေလးနဲ႔ေမးလိုက္သည္။

"ဝင္လို႔ရႏိုင္မလားဗ်"

သူက လူယဉ္ေက်းေလးေလ၊ *လက္မေပးလိုက္*
(like ႏိွပ္လိုက္)

ထိုတစ္ေယာက္မွာ ပါးစပ္တြန႔္သြားေတာ့သည္။

သို႔ေသာ္ သူတို႔ကိုမသိသၫ့္ က်န္ႏွစ္ေယာက္မွာမူ
အမူအရာမ်ားမည္းေမွာင္သြားၾကေလသည္။

ဒါရန္စတာ!

"ငါတို႔က ဒီမွာေစာင့္ၾကပ္ဖို႔အမိန႔္ရထားတာ။
တကယ္လို႔ မင္းတို႔အားသံုးၿပီးျဖတ္သြားခ်င္တယ္
ဆိုရင္ ငါတို႔ကိုအရင္ေက်ာ္ရလိမ့္မယ္"

က်င့္ႀကံသူတစ္ေယာက္က သူ႔အေျဖကို
ထုတ္ေပးလိုက္သည္။

ယူေရွာင္းမိုက ႃပံုးလိုက္သည္။

"မင္းေျပာတာေနာ္"

ပထမက်င့္ႀကံသူက အမႈမထားသၫ့္အႃပံုးတစ္ခု
ႃပံုးလိုက္ေလသည္၊ အထင္မႀကီးတာထင္ရွားသည္။
ထိုအခိုက္ သူ႔ညာဘက္ကတစ္ေယာက္၊
ဒုတိယက်င့္ႀကံသူက အေနာက္တစ္လွမ္းဆုတ္လိုက္
ေလသည္။ ၄ကေသးငယ္ေသာ္ျငား
သူကသတိျပဳမိလိုက္ကာ မ်က္ေမွာင္က်ဳံ႔လိုက္သည္။

"ေၾကာက္တာလား"

ဒုတိယက်င့္ႀကံသူက ေတာင့္တင္းစြာႃပံုးလိုက္၏။

"သူတို႔ကိုဝင္ခြင့္ျပဳရလည္း ငါကေတာ့ကိစၥမရိွပါဘူး"

သူတို႔ကိုမသိတာက သူ႔မွာမ်က္လံုးမပါဘူးလို႔
မဆိုလိုေပ။ လင္းေရွာင္ရဲ့အဆင့္ကို
သူမေျပာႏိုင္မွန္း သေဘာေပါက္လိုက္သည္ႏွင့္
တစ္စံုတစ္ခုကမွားယြင္းေနၿပီျဖစ္ေၾကာင္း
သူ သိသည္။

ထိုမ်ွမက သူ႔ေရ႔ွကလူငယ္ေလးဟာလည္း
သူ႔ထက္ အနည္းငယ္ပိုသန္မာသည္ဟုခံစားရသည္။
သူတို႔က ဤေနရာကိုေစာင့္ၾကပ္ရမည္ဆိုတာနဲ႔ပဲ
အသက္ပါေပးမည္ဟုမဆိုလိုေပ။

ေနာက္ဆံုးေတာ့ ပထမက်င့္ႀကံသူမွာ
တစ္ခုခုကေတာ့မဟုတ္ေတာ့တာကို သတိျပဳမိၿပီး
သူ႔အမူအရာကရႈံ႔မဲ့သြားေတာ့သည္။

ထိုအခ်ိန္မွာပဲ ယူေရွာင္းမိုက ေနာက္တစ္လွမ္း
ဆုတ္ေပးလိုက္ကာ လင္းေရွာင္က
ပထမက်င့္ႀကံေရ႔ွတၫ့္တၫ့္မွာ
ေနရာယူလိုက္ေလသည္။ သူတို႔က ကူမာမ်ိဳးႏြယ္စုမွ
ျဖစ္ၾကရာ သူကမၫွာတာေတာ့ေပ။

အင္အားစုတိုင္း ေခၚလာႏိုင္သၫ့္လူအေရအတြက္က
သူတို႔မွာ အစြမ္းထက္က်င့္ႀကံသူ
ဘယ္ေလာက္ရိွလဲေပၚမူတည္သည္။
ကူမာမ်ိဳးႏြယ္စုႏွင့္ ေသြးေစြးနီမိသားစုမွာက
လူတစ္ေယာက္ပိုေနေသာေၾကာင့္ သူတို႔ကိုထားခဲ့ျခင္း
ျဖစ္သည္။

လင္းေရွာင္က ရုတ္တရက္ သူ႔ဆီသို႔
လက္သီးတစ္ခ်က္ပစ္သြင္းလိုက္သည္။
ေနာက္လူမွာ သူ႔အရိွန္အဝါကိုပိတ္ဆို႔ထားျခင္းကို
ခံေနရ၍ ခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီး
ေရွာင္ေတာင္မေရွာင္လိုက္ႏိုင္ဘဲ လြင့္ထြက္သြားေတာ့
သည္။ လူတိုင္းေရ႔ွတြင္ သူ႔မ်က္ႏွာက
ဝက္ေခါင္းလိုဖူးေရာင္လာရာ သူ႔မွာ မ်က္ႏွာေရာ
သိကၡာေရာတစ္စက္မွမက်န္ေတာ့ေခ်။

လူတိုင္း ရုတ္ရုတ္ရုတ္ရုတ္ျဖစ္သြားၾကသည္။

က်န္က်င့္ႀကံသူႏွစ္ေယာက္က အလ်င္အျမန္
ဆုတ္လိုက္သည္။ လင္းေရွာင္ရဲ့ခြန္အားကို
သူတို႔ေကာင္းေကာင္းသိသြားၿပီျဖစ္သည္။
မ်က္ႏွာမပ်က္ရေရး ေခါင္းမာေနပါက
ေသဖို႔လမ္းရွာေနတာသာျဖစ္လိမ့္မည္။

လင္းေရွာင္က သူ႔ဇနီးေလးလက္ကို
ဆဲြကာ ေထာင္ေထာင္ေထာင္ေထာင္ျဖင့္
ေလ်ွာက္ဝင္သြားေလေတာ့သည္။

ပထမက်င့္ႀကံသူက မည္းေမွာင္ေနေသာအမူအရာျဖင့္
အလ်င္အျမန္ ထလိုက္သည္။ သူတို႔က
ပိုသန္မာသည္ဆိုလ်ွင္ေတာင္ သူက
ကူမာမ်ိဳးႏြယ္စုကျဖစ္သည္။ လူအမ်ားေရ႔ွ
သူ႔ကိုအရူးတစ္ေယာက္လို လုပ္ခံရတာက
သူ႔ကိုမ်က္ႏွာပ်က္ေစသည္။

"မင္းမေက်နပ္လည္း မ်ိဳသိပ္ထားရမွာပဲ"

ေသြးေစြနီမိသားစုက ကူမာမ်ိဳးႏြယ္စုႏွင့္
မဟာမိတ္ဖဲြ႔ထားသည္ျဖစ္ရာ ဒုတိယက်င့္ႀကံသူက
ေစတနာျဖင့္ေျပာလိုက္သည္။ သူတို႔ကို
ေသြးေစြးနီမိသားစုကေတာင္ ဘာမွမလုပ္ႏိုင္ေသးရာ
ကူမာမ်ိဳးႏြယ္ဆိုလ်ွင္ဆိုဖြယ္မရိွေတာ့။ ထို႔အျပင္
အခုခ်က္ခ်င္းဘာမွမလုပ္ႏိုင္ေသးဘူးဆိုတာနဲ႔ပဲ
ေနာင္မွာလည္း ဘယ္ေတာ့မွမလုပ္ႏိုင္ေတာ့ဘူးလို႔
မဆိုလိုေပ။ ေစာင့္ဆိုင္းျခင္းကပိုေကာင္းေပသည္။

"ဒါေပါ့ မင္းကေတာ့ေျပာအားရိွတာေပါ့။
အရိုက္ခံရတာမင္းမွမဟုတ္တာ"

ပထမက်င့္ႀကံသူက ေက်းဇူးမသိတတ္စြာ
ေျပာေလသည္။ သူသာ အမွန္တကယ္ကူညီခ်င္ပါက
ျဖစ္ၿပီးမွ ကူညီခ်င္ေယာင္မေဆာင္ဘဲ
အစကတည္းကေျပာခဲ့သင့္သည္။

သူက သူ႔ေစတနာကိုအမႈမထားတာပဲ၊
ေကာင္းၿပီေလ သူလည္းထပ္မေျပာေတာ့ဘူး...။

ဒုတိယက်င့္ႀကံသူက ေဝးကြာသြားၿပီျဖစ္သၫ့္
ပံုရိပ္ႏွစ္ခုကိုလွမ္းၾကၫ့္လိုက္သည္။ သူတို႔
ဘယ္သူမွန္း သူသိေပမဲ့ လတ္တေလာ
သူတို႔သတင္းကိုဘာဆိုဘာမွမၾကားခဲ့ရ၍
အခုလိုအခ်ိန္မွာေပၚလာမည္ဟုမထင္ထားခဲ့ေပ။

____

မက္မြန္ပြင့္အရပ္၏အပ်က္အစီးမ်ား
တည္ရိွေနခဲ့သည္မွာ ႏွစ္သန္းေပါင္းမ်ားစြာ
ၾကာၿပီျဖစ္ၿပီး စုစည္းေနေသာအရင္းအျမစ္
ပမာဏကို ေပါမ်ားသည္ဟုပင္ဆိုလို႔မရေတာ့ေပ။
အမတလိုဏ္ဂူထဲရိွေနရာတိုင္းက အနိမ့္ဆင့္မွ
အထက္ဆင့္၊ အႏုမွအရင့္ ေမွာ္ေဆးပင္မ်ား၏
စိုက္ခင္းတစ္ခင္းၿပီးတစ္ခင္းျဖစ္ေလသည္။
ထိုထက္ပိုအေရးႀကီးသည္မွာ အမ်ားစုက
အလတ္ဆင့္ႏွင့္အထက္ဆင့္ေမွာ္ေဆးပင္မ်ား
ျဖစ္ေနသည္။ ပံုမွန္ဆို စိုက္ခင္းတစ္ခုမွာ
အလတ္ဆင့္ႏွင့္ဂအထက္ဆင့္ေဆးပင္
အနည္းငယ္သာေတြ့ရတတ္ေသာ္လည္း ယခုကေတာ့
သံုးပံုတစ္ပံု၊ သို႔မဟုတ္ ထိုထက္ပင္မ်ားေလသည္။

သို႔ေပမဲ့ မက္မြန္ပြင့္အရပ္၏အပ်က္အစီးမ်ားက
အမလိုဏ္ဂူေလးတစ္လံုးပဲ ဆိုလ်ွင္ေတာင္
အျပင္မွာ အတားအဆီးအလႊာအနည္းငယ္ျဖင့္
ကာရံထားၿပီး အဆင့္ျမင့္နတ္ဆိုးသားရဲတခ်ိဳ႕ေတာင္
ေစာင့္ၾကပ္ေနၾကေလသည္။ သားရဲမ်ား၏
ရက္စက္ၾကမ္းၾကဳတ္မႈက အခ်ိဳ႕ေသာလူမ်ားအား
ဟန႔္တားႏိုင္ေသာ္လည္း လူမ်ား၏ေမွာ္ေဆးလံုး
အေပၚ တပ္မက္စိတ္ကို ဟန႔္တားဖို႔ေတာ့
မလံုေလာက္ေပ။

မက္မြန္ပြင့္အရပ္၏အပ်က္အစီးမ်ား တစ္ခုလံုးက
စိတ္ဝိဉာဉ္ေတာင္တစ္လံုးျဖစ္သည္။
ပိုျမင့္ေလေလ ပိုင္ရွင္ျဖစ္သူ၏က်င့္ႀကံဆင့္က
ပိုအားႀကီးေလေလျဖစ္သည္။ ၄က
ပိုမ်ားေသာရတနာမ်ားႏွင့္အႏၲရာယ္မ်ားရိွသည္ဟု
အဓိပၸါယ္ရေသာ္လည္း ႁခြင္းခ်က္တခ်ိဳ႕ေတာ့
ရိွသည္ပင္။

ဥပမာ စိတ္ဝိဉာဉ္ေတာင္၏စံအိမ္ရွစ္ခုျဖစ္သည္။
ေရွးအခါက မက္မြန္ပြင့္စိတ္ဝိဉာဉ္ေတာင္မွာ
အလြန္ေက်ာ္ၾကားခဲ့သည္။ ယေန့ေခတ္မွာ
စာအုပ္မ်ားထဲမွာရွာေတြ့ဖို႔ဆိုတာ ခက္သြားၿပီ
ျဖစ္ေပမဲ့ ေလ်ွာက္ပတ္ေမးျမန္းၾကၫ့္ပါက
သူ႔အေၾကာင္းတခ်ိဳ႕တေလေတာ့
သိႏိုင္ေသးေလသည္။

စံအိမ္ရွစ္ခုကို မက္မြန္ပြင့္အရပ္ အပ်က္အစီးမ်ား၏
ဆံုခ်က္အျဖစ္ယူဆထားသည္။ ၄တို႔တစ္ခုစီက
ခ်ီမန္သြင့္က်ား၏ 'တံခါး'တစ္ခ်ပ္စီကို
ကိုယ္စားျပဳျပီး စိတ္ဝိဉာဉ္ေတာင္၏
ေထာင့္ရွစ္ေထာင့္တြင္ထားရိွသည္။
ဤစံအိမ္ရွစ္ခုကသာ ေတာင္အျမင့္မွာမရိွတာ
ျဖစ္သည္။

(t/n; Qimen Dunjia က နကၡတ္တာရာကို
အေျခခံၿပီးခန႔္မွန္းတဲ့ဟာပါ။ တံခါးရွစ္ခ်ပ္က
human plateရဲ့တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး
'ဆိုးတဲ့ကံ' 'ေကာင္းတဲ့ကံ' (သို႔) အလယ္အလတ္
လို႔ခဲြထားၿပီး၊ သူတို႔တစ္ခုစီက အရပ္မ်က္ႏွာတစ္ခုနဲ႔
elementတစ္ခုကို ကိုယ္စားျပဳပါတယ္။
နားလည္ခ်င္ရင္ေတာ့ googleေခါက္ၾကၫ့္ပါ)

၄တို႔က ေတာင္ေျခမွာျဖစ္ႏိုင္သည္၊
အလယ္မွာလည္းျဖစ္ႏိုင္သည္၊ ၄တို႔၏
မ်က္ႏွာစာက ခမ္းနားထည္ဝါႏိုင္သလို
ရိုးရိုးရွင္းရွင္းလည္းျဖစ္ႏိုင္သည္။ အားလံုးက
ကံ (သို႔မဟုတ္) ေရစက္ပါ/မပါေပၚမူတည္ေနၿပီး
တခါတရံမွာေတာ့ အသက္လည္း
ေပးလိုက္ရႏိုင္သည္။

ေျခာက္ခုေျမာက္စံအိမ္ကို အလြန္စြမ္းအားႀကီးသၫ့္
သက္တန႔္အဆင့္ေျခာက္ေမွာ္ဆရာတစ္ေယာက္က
ပိုင္ဆိုင္ခဲ့ေလသည္။ သို႔ေသာ္လည္း
ဤလူသားအဆင့္လြန္ေမွာ္ဆရာ အသက္ရိွစဉ္က
ေမွာင္မိႈင္းသၫ့္စရိုက္မ်ိဳးရိွေသာ လူေၾကာင္
တစ္ေယာက္ျဖစ္သည္။ သို႔ျဖင့္ သူ႔စံအိမ္ကို
အဆိပ္ေငြ့ကြင္းျပင္ႀကီးတစ္ခုအတြင္းမွာ
တည္ေဆာက္ထားေလသည္။ ေျခာက္ခုေျမာက္
စံအိမ္က 'ကံဆိုးသၫ့္တံခါးသံုးခ်ပ္'မွာပါသၫ့္
ေသေပ်ာက္ႏႈန္းျမင့္ေသာ 'မရဏတံခါး'စစ္မန္လည္း
ျဖစ္သည္။

(စစ္-ေသတာ။မန္-တံခါး)

လက္ရိွအခ်ိန္တြင္၊ ေျခာက္ခုေျမာက္စံအိမ္ေရ႔ွ၌
လူတစ္စုေပၚလာေလသည္။
_____________________________

Continue Reading

You'll Also Like

1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
124K 14.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
770K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....