The Legendary Master's Wife [...

By melon_rays

466K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-601

6.6K 1.3K 37
By melon_rays

//Unicode//

အပိုင်း ၆၀၁- ထွက်ခွာခြင်း

မျက်စိတစ်မှိတ်အချိန်တွင်
နှစ်လကုန်လွန်သွားခဲ့လေပြီ။

ထိုနေ့၌ ကောင်းကင်နှင့်ပင်လယ်ပြာတို့ဆုံစည်းရာ
မိုးကုပ်စက်ဝိုင်းတစ်နေရာတွင် ပင်လယ်ပြာပြာကို
ဖုံးအုပ်လို့လာနေသည့် အနက်ရောင်အဝိုင်းသဏ္ဍာန်ရှိ
အပြောက်ကြီးတစ်ခုရှိနေလေပြီး ဘယ်အချိန်က
ရောက်လာမှန်းလဲလည်း မရှင်းလင်းပေ။
နီးကပ်လာပါက ၎င်းမှာအမှန်တော့ မီတာတစ်ထောင်
အကွာအဝေးထိကွဲဲပြားခြင်းမရှိတစ်ဆက်တည်း
ရှိနေသည့် ငါးမန်းအုပ်ကြီးတစ်ခုမှန်း
မြင်တွေ့နိုင်ပေလိမ့်မည်။ ငါးမန်းတစ်ကောင်ချင်းစီက
ကြမ်းကြုတ်ခက်ထန်ဟန်ရှိပြီး အကြမ်းဖျင်း
တွက်ချက်မှုအရ အနည်းဆုံးအကောင်ရေ
တစ်သောင်းမျှရှိလေသည်။

ဤငါးမန်းအုပ်ကြီးက ကျွန်းလေးအနီးရှိ
အကြီးမားဆုံးသောရေနတ်ဆိုးသားရဲဂိုဏ်းမှ
ဖြစ်၏။ သန္ဓေပြောင်းအကောင်များအပြင်
၎င်းတို့အများစုက အဆင့်(၆)နတ်ဆိုးသားရဲများ
ဖြစ်သည်။ ၎င်းတို့၏သွားက အလွန်ထက်မြိနေပြီး
အုပ်လိုက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရမည်ဆိုလျှင်
ကျိုင်းကောင်များ အုပ်လိုက်ဖြတ်ပျံသွားခြင်းနှင့်
တူပေလိမ့်မည်။ သာမာန်ကျွန်းအသေးစားလေးဆို
နစ်မြုပ်သွားလောက်သည်။ သို့ပေမဲ့ ထိုအဖြစ်မျိုးမှာ
ပင်လယ်ပိုင်နက်တွင် ဖြစ်လေ့ဖြစ်ထရှိသော
အရာမျိုးဖြစ်သဖြင့် ကျင့်ကြံသူများက၎င်းကို
သားရဲလှိုင်းဟုခေါ်ကြလေသည်။

ထိုအခိုက်အတံ့တွင် ဤငါးမန်းအုပ်ကြီး၌
တူညီသောပန်းတိုင်ရှိနေသည်။

သူတို့ပစ်မှတ်မှာ ရှေ့ရှိကျွန်းငယ်လေးဖြစ်၏။
ကျွန်းငယ်လေးပေါ်မှာဆွဲဆောင်အားပြင်းသည့်
တစ်စုံတစ်ရာပေါ်ထွက်လာပုံပေါ်ပြီး ၎င်းတို့မှာ
ကျွန်းငယ်လေးသို့အရင်ရောက်ရန် တိုက်ခိုက်ရင်း
အလွန်လျင်မြန်စွာရွေ့လျားနေကြသည်။ တစ်နာရီပင်
မကြာသေးခင်တွင် ၎င်းတို့ကကျွန်းငယ်လေးနှင့်
မီတာတစ်ထောင်ခန့်ပင်မကွာတော့ချေ။

အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ငါးမန်းများက
ရုတ်တရက်ရပ်တန့်ကုန်သည်။

သို့သော် ထိုအချိန်၌ ဆွဲဆောင်အားကောင်းသည့်
ရနံ့တစ်ခုက ကျွန်းငယ်လေး၏အလယ်ဗဟိုမှ
ရုတ်ခနဲပျံ့ထွက်လာပြီး တည်ငြိမ်စပြုနေသော
ငါးမန်းကောင်များမှာ ဂနာမငြိမ်စွာ
ပြန်လည်လှုပ်ရှားလာကြတော့သည်။

၎င်းတို့အတွက် ဤရနံ့က သဲကန္တရထဲမှာ
အစာရေစာမပါဘဲလမ်းလျှောက်လာသည့်
လူသားတစ်ဦး စိမ်းစိုနေသည့်အိုအေစစ်တစ်ခုကို
ရုတ်တရက်ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ပင်
ဆွဲဆောင်အားပြင်းလှသည်။ ရနံ့၏ပျံ့နှံ့မှုက
၎င်းတို့အတွက်တော့ ခုခံဖို့ရန်မဖြစ်နိုင်ဘဲ
ပိုလို့တောင်ရူးသွပ်သွားစေ၏။

ရနံ့က တဖြည်းဖြည်းပြင်းလာသည်နှင့်အမျှ
ကျွန်းငယ်လေးနှင့်နီးနေသည့်ငါးမန်းအနည်းငယ်သည်
ခံနိုင်စွမ်းအားမရှိတော့ဘဲ မျက်စိဖြင့်မမြင်ရသည့်
အတားအဆီးတစ်ခုကိုဖြတ်ကျော်လာရသည့်နှယ်
ရဲရဲနီနေသောမျက်လုံးများဖြင့် ကျွန်းငယ်လေးဆီသို့
အရှိန်တင်ကူးခတ်သွားကြလေသည်။

တစ်ကောင်ပြီးတစ်ကောင် လှိုင်းလုံးကြီးများလို
ရှေ့သို့တက်သွားကြ၏။

သို့သော်ငြား ၎င်းတို့ ကျွန်းငယ်လေးနှင့်
မီတာငါးဆယ်အတွင်းသို့ရောက်သည့်အခါ
ထူးဆန်းသောတစ်စုံတစ်ရာဖြစ်ပွားသွားသည်။
ရေထဲမှ ကြမ်းတမ်းစွာခုန်ထွက်လာသော
ငါးမန်းနှစ်ကောင်သည် သွေးသံရဲရဲအသားတုံး
များအဖြစ်သို့ ဒြပ်ထုမရှိသည့်ပိုက်ကွန်တစ်ခု၏
ပိုင်းဖြတ်ခြင်းကိုခံလိုက်ရသည့်ပုံစံမျိုး ရှိလေသည်။
လတ်လတ်ဆတ်ဆတ်သွေးတို့က ပင်လယ်ရေပြင်ကို
အနီရောင်စွန်းသွားစေပြီး သွေးနံ့ရသည့်ငါးမန်းများမှာ
ပိုလို့တောင်ရူးသွပ်လာကြသည်။ ၎င်းတို့
ပေးလိုက်ရသည့်တန်ဖိုးမှာတော့ ခုခံနိုင်စွမ်း
မရှိသောငါးမန်းအားလုံးမှာ အမျိုးဖြုတ်ခံလိုက်ရ၏။

ပင်လယ်ရေပြင်က သွေးရောင်လွှမ်းနေပြီး
ခပ်လှမ်းလှမ်းရှိငါးမန်းများမှာ ပို၍ဂနာမငြိမ်
ဖြစ်လာကြသည်။

ခဏအကြာတွင် ရနံ့က ဒုတိယအကြိမ်အဖြစ်
ကျွန်းငယ်လေးဆီမှပျံ့နှံ့လို့လာပြန်၏။ ယခုတစ်ခါက
အရင်ကထက် ပိုဆွဲဆောင်အားပြင်းပြီး
အင်မတန်မှသန့်စင်ကြွယ်ဝသည့်စိတ်စွမ်းအင်တစ်မျိုး
ပါဝင်နေသည်။ ရှုရှိုက်လိုက်ရုံနှင့်တင် သူတို့
ခန္ဓာကိုယ်ထဲမှာငြိမ်သက်နေခဲ့သည့် ကျင့်ကြံခြင်း
အခြေခံက ရုတ်ခြည်းချိုးဖျက်
အဆင့်တက်သွားတော့မည့်အလား ခံစားရလေသည်။

ဘယ်လိုအခြေအနေမျိုးဖြစ်နေလိမ့်မလဲ
ပုံဖော်ကြည့်လို့ရနိုင်၏။

ဤရနံ့ကိုထုတ်လွှင့်ပေးနေသောအရာကိုရနိုင်ပါက
၎င်းတို့ကျင့်ကြံဆင့်က သေချာပေါက်အတော်လေး
မြင့်တက်လာနိုင်လိမ့်မည်။

ငါးမန်းများကို အလတ်ဆင့်နတ်ဆိုးသားရဲဟု
ယူဆသည်။ သန္ဓေပြောင်းအကောင်ဖြစ်လျှင်တောင်
အများဆုံးမှ အထက်ဆင့်သားရဲသာဖြစ်နိုင်သည်၊
သို့ပေမဲ့ သန္ဓေပြောင်းအကောင်များ၏သွေးကြောင့်
ပိုမြင့်သည့်အဆင့်များသို့ချိုးဖျက်နိုင်ခြေမှာ
အတော်လေးမြင့်မားသည်။ သို့သော်ငြား
အဆင့်တက်သည့်လုပ်ငန်းစဉ်ကတော့ ခက်ခဲလေ၏။
သန္ဓေပြောင်းအကောင်ဆိုတာ သဘာဝကို
ဖီဆန်နေသည့်အရာဖြစ်ပေရာ ၎င်းတို့မှာအရမ်းကြီး
အောင်မြင်လို့မရနိုင်ချေ။

သိပ်မကြာခင် ကျွန်း၏အခြားတစ်ဖက်သို့
သန္ဓေပြောင်းခေါင်းဆောင်တစ်ကောင်၏
ညွှန်ကြားမှုဖြင့် ငါးမန်းတစ်အုပ်ရောက်ရှိလာသည်။

အံ့ဖွယ်ကောင်းစွာ ဤဘက်တွင်အခုအခံ
အတားအဆီးရှိပုံမရ။ သို့ပေမဲ့
နောက်ဘာဆက်လုပ်မလဲဆုံးဖြတ်ရတာ သူတို့ကို
သက်သောင့်သက်သာမရှိဖြစ်စေသည်။

ငါးမန်းဆိုတာ ရေအောက်ပိုင်းသတ္တဝါများ
ဖြစ်သည်။ သဏ္ဍာန်မပြောင်းလဲခင် ကုန်းပေါ်
သွားလို့မရနိုင်ပေ။

ကျွန်းငယ်လေးကို ၎င်းတို့သိမ်းပိုက်ချင်ပါက
ယခင်ကလို ကျွန်းငယ်လေးကိုတိုက်ရိုက်
တိုက်ခိုက်ခြင်းမှတစ်ပါးများများစားစားမလုပ်နိုင်ပေ။
အကယ်၍ ထိုကဲ့သို့လုပ်လိုက်ပါက ကျွန်းတစ်ခုလုံး
တစ်ခဏချင်းပျက်စီးသွားပေလိမ့်မည်။

သန္ဓေပြောင်းခေါင်းဆောင် ကြံရခက်နေတုန်း
၎င်း၏အာရုံထဲ အန္တရာယ်တစ်ခုခံစားမိလိုက်သည်။

သန္ဓေပြောင်းခေါင်းဆောင်က ကမ်းခြေကို
လှမ်းကြည့်လိုက်ချိန်တွင် တောအုပ်ထဲမှ
ကြွက်အုပ်ကြီးတစ်အုပ်လျှောကနဲလျှောကနဲ
ထွက်လာနေသည်၊ ၎င်းတို့ကအဆုံးမရှိပုံပေါ်ပြီး
ငါးမန်းများထက် ပိုလို့တောင်ကျပ်ညပ်နေ၏။
၎င်းတို့က အစိမ်းရောင်မျက်လုံးပေါင်းထောင်ချီဖြင့်
ကမ်းပေါ် အပြည့်နေရာယူထားကြသည်။
၎င်းတို့အရေအတွက်က ငါးမန်းများထက်ပိုများနေပြီး
ကြည့်ရုံနှင့်တင် ခေါင်းကြိမ်းလာစေသည်။

ကြွက်သားရဲများတွင် အားသာချက်တစ်ခုရှိ၏၊
ငါးမန်းများကဲ့သို့ပင် ၎င်းတို့၌ထက်မြသော
သွားများရှိကြသည်။ ငါးမန်းများကကျွန်းလေးပေါ်
တက်ရဲပါက ကြွက်သားရဲများက ၎င်းတို့ကို
အချိန်တိုအတွင်းအစာအဖြစ် အလွယ်တကူ
ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။ ဤသို့သော
အဖြစ်ပျက်မျိုး အရင်ကဖြစ်ဖူး၏။ သန္ဓေပြောင်း
ခေါင်းဆောင်တစ်ကောင်က ၎င်း၏နောက်လိုက်များ
ခေါ်ကာ ကျွန်းငယ်လေးကိုတိုက်ခိုက်ခဲ့သော်လည်း
အဆုံးတွင် ကြီးမားသောသေကြေပျက်စီးမှုများ
ရှိခဲ့သည်။

မကြာမီမှာ သန္ဓေပြောင်းခေါင်းဆောင်သားရဲက
ရှုံးနိမ့်ပြီး ၎င်း၏လက်အောက်ငယ်သားများနှင့်အတူ
ထွက်ပြေးသွားခဲ့ရလေသည်။

ဒါကြောင့်ပဲ ၎င်းမှာ သူ့ပိုင်နက်အတွင်းရှိနေသည့်
ကျွန်းငယ်လေးကိုတိုက်ခိုက်သိမ်းပိုက်ခြင်း
မပြုနိုင်ရခြင်းဖြစ်သည်။

နောက်တစ်နာရီအကြာ၌ ချီတုံချတုံဖြင့်
ခေါင်းမာမာနေနေသည့်သန္ဓေပြောင်းခေါင်းဆောင်မှာ
ရနံ့က အားပျော့သွားတာကိုတွေ့ရှိလိုက်ရပြီးနောက်
မလိုလားစွာဖြင့် ထွက်ခွာသွားလေတော့သည်။

ထိုစဉ် ယူရှောင်းမိုက ကြမ်းပေါ်သို့
သွေးတစ်လုပ်အန်လိုက်သည်။

ယနေ့က သူ ကျားဖြူ၏အသက်သွေးတစ်စက်
သန့်စင်မည့်နေ့ဖြစ်၏။ သို့ပေမဲ့အမှန်မှာ
သူ တံခါးပိတ်ကျင့်ကြံနေတာ နှစ်လပင်ရှိပြီ
ဖြစ်သည်။ ကျားဖြူ၏အသက်သွေးက
သူထင်ထားတာထက် သန့်စင်ရပိုခက်သည်။

ငါးမန်းအုပ်ကြီးကိုရောက်လာစေသည့်ရနံ့က
အသက်သွေး၏ရနံ့ပင်။ ကျားဖြူက
အလွန်နည်းပါးသော​ရှေးဧကရာဇ်သားရဲများထဲမှ
ဖြစ်ရာ ၎င်း၏အသက်သွေးက နတ်ဆိုးသားရဲနှင့်
လူသားများအတွက် ကြီးမားသောဆွဲဆောင်မှုကြီး
ဖြစ်နေသည်။ ထို့ကြောင့်ပင် လင်းရှောင်က
အသက်သွေးကို ဒီနေရာမှာသန့်စင်ဖို့
ယူရှောင်းမိုကိုအကြံပေးခဲ့တာဖြစ်သည်။

အသက်သွေးကိုသန့်စင်နေချိန်မှာ ၎င်းက
ခုခံအားတစ်ခုနှင့် ဆွဲဆောင်မှုရှိသည့်ရနံ့တစ်မျိုး
ထုတ်ပေးသည်။ ဤရနံ့က လူသားများအတွက်
သိပ်ဆွဲဆောင်မှုမပြင်းလှပေမဲ့
သားရဲများအတွက်တော့ သေစေနိုင်လောက်သော
ဆွဲဆောင်မှုကြီးပင်ဖြစ်သည်၊ အသက်သွေးသာ
ကျန်ခဲ့သည်ဆိုရင်တောင် ၎င်းမှာ ဧကရာဇ်
သားရဲတစ်ကောင်၏ဖိနှိပ်ချုပ်ချယ်သည့်
စွမ်းအားပါဝင်နေဆဲဖြစ်၏။

ဧကရာဇ်သားရဲတစ်ကောင်၏အသက်သွေးကို
စုပ်ယူပြီးနောက်မှာ သာမာန်သားရဲအများစုက
အနိမ့်ဆင့်ကနေအထက်ဆင့်ကို ခုန်တက်သွားနိုင်ခြေ
ရှိပြီး ထိုမှတစ်ဆင့် ဧကရာဇ်သားရဲတစ်ဝက်
ဖြစ်လာနိုင်ခြေရှိသည်။ တစ်ဝက်ပဲဆိုလျှင်တောင်
ဧကရာဇ်သားရဲနှင့်ဆက်နွယ်နေသရွေ့
သားရဲအားလုံးကို ရူးသွပ်သွားစေဖို့လုံလောက်သည်။
သို့ဖြစ်၍ သူသာလူအများရှိသည့်နေရာမျိုးမှာ
သန့်စင်ပါက ရောက်လာသူမှာငါးမန်းများတင်
ဖြစ်လိမ့်မည်မဟုတ်ချေ။

ကျွန်းငယ်လေးအား 'ငယ်သည်'ဟုဆိုသော်ငြား
အမှန်တော့၎င်း၏မျက်နှာပြင်က
အလွန်ကြီးမားသည်။

လင်းရှောင်က အချိန်တိုအတွင်းကျွန်းတစ်ခုလုံးအနှံ့
အတားအဆီးအစီအရင်များ မချနိုင်ခဲ့သော်လည်း
သူတို့အိမ်ရှေ့ပင်လယ်ပြင်မှာတော့ ချနိုင်သေးသည်။
ငါးမန်းများကိုအသားတုံးဖြစ်အောင် လှီးဖြတ်ခဲ့သည့်
အရာမှာ အလွန်ထက်သည့်တိုက်ခိုက်ရေး
အတားအဆီးတစ်ခုဖြစ်ပြီး သန္ဓေပြောင်းငါးမန်းပင်
အလောတကြီးအနားကပ်မလာရဲခဲ့ပေ။

လင်းရှောင်က တစ်ဝက်ပွင့်နေသောပြတင်းပေါက်မှ
တစ်ဆင့် အိမ်အတွင်းကအခြေအနေကိုမြင်သည်။
သူက ယူ​​ရှောင်းမိုအန်ထားသည့်သွေးကို
အမူအရာမဲ့စွာစိုက်ကြည့်လို့နေပြီး သူဘာတွေးနေလဲ
ပြောရခက်သည်။

ယူရှောင်းမိုက ပါးစပ်ထောင့်ကိုသုတ်လိုက်၏။
နှလုံးသားအကြောဆေးလုံး သောက်ထားခဲ့ပေမဲ့
ကျားဖြူ၏အသက်သွေးက သူထင်ထားတာထက်ကို
ပိုပြီးကြမ်းတမ်းလှသည်။ ထို့အပြင် အသက်သွေး
တစ်စက်မှာ များပြားလှသည်စွမ်းအင်ပမာဏ
ပါဝင်နေပြီး စွမ်းအင်ကဇက်ကြိုးလွတ်နေသည့်
မြင်းရိုင်းတစ်ကောင်အလား သူ့တစ်ကိုယ်လုံးအနှံ့
သူ့ဘာသူတိုက်လို့နေသည်။

အဆင့်နိမ့်သားရဲများ ဧကရာဇ်သားရဲ၏
အသက်သွေးကိုခြေဖျက်နိုင်ရန်မှာ အခြေခံအားဖြင့်
ဖြစ်နိုင်ခြေမရှိချေ။ ခြေဖျက်နိုင်ခဲ့လျှင်တောင်
အလွန်ကြီးမားသည့်တန်ဖိုးတစ်ခုပေးရလိမ့်မည်။

သို့သော် ယူရှောင်းမိုကမူ လူသားတစ်ယောက်ဖြစ်ပြီး
လူသားနှင့်သားရဲ၏သွေးဆိုသည်က တစ်ခုနှင့်တစ်ခု
သိပ်သဟဇာတမဖြစ်တတ်ပေ။ ၎င်းကိုသန့်စင်ပြီး
ကုန်စင်အောင်စုပ်ယူခြင်းက စိတ်စွမ်းအားနှင့်
သက်လုံပမာဏများစွာလိုအပ်ရာ ထိခိုက်မိခြင်းက
ထုံးစံပဲဖြစ်၏။ မခိုက်မိဘူးဆိုမှ ထူးဆန်းနေဦးမည်။

ယူရှောင်းမိုက သူ့ဘေးကပုလင်းလေးကိုကောက်ယူ
လိုက်ပြီး စိတ်စွမ်းအင်ရေသောက်လိုက်သည်။
ခြောက်သွေ့ကုန်ခမ်းနေသည့် သူ့ဝိဉာဉ်စွမ်းအား​က
တစ်ခဏအတွင်းပြန်ပြည့်လာသည်။

နှစ်လကြာတံခါးပိတ်ကျင့်ကြံနေပြီးနောက်မှာတောင်
ထိုအသက်သွေးစက်ကို အပြီးမသန့်စင်နိုင်သေးတာ
ဆိုးလှသည်။ သို့ပေမဲ့ကျန်သေးသည့်အသက်သွေးကို
သူ့မရီဒီယန်များထဲ သိုလှောင်ပြီးပြီဖြစ်၍
နောက်ပိုင်း သူကျင့်ကြံသည့်အခါ အသက်သွေးမှ
စွမ်းအင်ကို ကိုယ်ပိုင်အဖြစ် ဖြေးဖြေးချင်း
ပြောင်းလဲပစ်လို့ရပေသည်။

အသက်သွေးစွမ်းအင်ကို သူအပြီးမစုပ်ယူနိုင်ခဲ့ပေမဲ့လို့
စုပ်ယူနိုင်ခဲ့သည့် ပမာဏနည်းနည်းလေးမှ
အကျိုးကျေးဇူးများကိုတော့ ရရှိနေပြီဖြစ်သည်။

ယူရှောင်းမို သူ့ကိုယ်တွင်း အခြေအနေကို
စစ်ဆေးကြည့်လိုက်၏။ ကံဆိုးစွာဖြင့် သူ
အဆင့်လေးကိုမတက်နိုင်သေးချေ၊ သို့ပေမဲ့
အဆင့်သုံးအထွတ်အထိပ်ကိုတော့ရောက်နေလေပြီ။
သူစိတ်ရှိလျှင် အဆင့်တက်နိုင်လိမ့်မည်။
နောက်ထပ်က ထိုအခွင့်အရေးရောက်လာဖို့
စောင့်ဆိုင်းနေဖို့သာလိုတော့သည်။

လင်းရှောင်က တံခါးတွန်းဖွင့်ကာဝင်လာသည်။

"ဘယ်လိုလဲ"

ယူရှောင်းမိုက ထကာဖုန်ခါလိုက်၏။ တစ်နေရာမှာ
နှစ်လကြာအောင် မလှုပ်မယှက်ထိုင်နေခဲ့သောကြောင့်
သူ့အပေါ်မှာ ဖုန်တော်တော်လေးတက်နေသည်။
လင်းရှောင်ပြောတာကြားတော့ သူကမချင့်မရဲ
ပြန်ပြောလိုက်သည်။

"အဆင်ပြေပါတယ်။ ကျွန်တော်ခံစားနေရတာ
သိပ်မချောမွေ့ဘူးလားလို့။ အဆင့်လေးကို
မတက်နိုင်ခင် အချိန်နည်းနည်း
လိုအပ်ဦးမယ်ထင်တယ်"

မူလတုန်းက အဆင့်လေးကိုတစ်ခါတည်း
တက်ချင်ခဲ့၏၊ သို့ပေမဲ့အကြောင်းတစ်ခုခုကြောင့်
ထိုအလွှာကို သူ ချိုးဖျက်လို့မရချေ။ သူ့ဆီမှာ
အဆင့်လေးကိုတက်ဖို့စွမ်းအားလုံလုံလောက်လောက်
ရှိနေသော်လည်း အဆုံးမှာတော့ ယူရှောင်းမိုမှာ
အခွင့်အရေးရောက်မလာသေးဘူးဟူသည့်
အချက်ကို လက်ခံလိုက်ရတော့သည်။
အတိတ်တုန်းကဆို အမြဲတမ်းချောမွေ့ခဲ့သည်၊
ထိုကဲ့သို့ထင်ရှားလှသည့်အတားအဆီးတစ်ခုကို
သူကြုံဖူးတာ ယခုကပထမဆုံးအကြိမ်ပင်။

"စိတ်မရှည်မဖြစ်ပါနဲ့။ ဖြေးဖြေးပဲသွား"

လင်းရှောင်က သူ့ခေါင်းလေးပေါ်
လက်တင်လိုက်သည်။

သူ စိတ်မရှည်မဖြစ်သင့်ကြောင်း ယူရှောင်းမိုလည်း
သိပါသည်။ အတိတ်တုန်းက ချောမွေ့လွန်းစွာ
အဆင့်တက်လာနိုင်ခဲ့၍ အတားအဆီးနှင့်
တွေ့ရတာကိုအသားမကျရုံသာ ရှိသည်။
သူ နည်းနည်းစိတ်ဓာတ်ကျမိတာတော့
ရှောင်လွှဲလို့မရချေ။ သို့ပေမဲ့ လူတွေပိုသန်မာလာဖို့
အတားအဆီးတချို့ကို တွေ့ကြုံဖူးရဦးမည်ဖြစ်သည်။

"ကျွန်တော် တံခါးပိတ်နေတာကြာသွားတယ်၊
အပြင်မှာဘာဖြစ်သေးလဲ"

မြွေပါသားရဲပြောခဲ့သည်မှာ ငါးရက်ကြာပြီးရင်
သတင်းရမည်ဟူ၍ပင်၊ သို့ပေမဲ့သူကတံခါးပိတ်
ကျင့်ကြံနေတာ နှစ်လပင်ရှိပြီဖြစ်ရာ ထိုသတင်းကို
လွတ်သွားခဲ့ရသည်။

လင်းရှောင်က သူ့ကိုထိုင်ခုံတစ်လုံးမှာ
ထိုင်ခိုင်းပြီးနောက် သူ့ဘေးမှာထိုင်ချလိုက်၏။

"ဒါက သထုန်ပင်လယ် အရှေ့ပိုင်နက်မှာ။
တိုက်မကြီးနဲ့အရမ်းဝေးတယ်၊ ပြီးတော့
ကျွန်းဆိုလည်းနည်းနည်းပဲရှိတယ်။ ဒီကနေ
အနီးဆုံးတစ်ခုကို ကီလိုမီတာငါးထောင်ဝေးတယ်၊
ကိုယ်တို့ တုံကျိုးကိုပြန်ရောက်ဖို့ နှစ်နည်းနည်း
ကြာလိမ့်မယ်"

ယူရှောင်းမိုက ခဏတွေးကြည့်လိုက်သည်။

"နယ်မြေပြောင်းအဆောင်နည်းနည်းပါးပါး
မရှိတော့ဘူးလား။ အကွာအဝေးကပြဿနာ
မဟုတ်သင့်ဘူးလေ"

တစ်ခုကမအောင်မြင်လျှင် နောက်တစ်ခုသုံးလို့
ရပေသည်။ သူကပြောရင်းဆိုရင်း မှော်အိတ်ထဲ
ရှာဖွေကြည့်လိုက်၏၊ သို့ပေမဲ့ ကျောက်စိမ်းတိုကင်
အနည်းငယ်သာဆွဲထုတ်လိုက်နိုင်လေသည်။

"အကုန်သုံးလိုက်ပြီလေ မဟုတ်ဘူးလား"

လင်းရှောင်က သူ့လက်ထဲရှိ
ကျောက်စိမ်းတိုကင်များကို လှမ်းယူလိုက်၏။
ဟိုအရင် သူ့ဇနီးလေး သွေးစွေးနီမိသားစုပိုင်နက်ထဲ
ပို့ဆောင်ခံလိုက်ရတုန်းက အရေးပေါ်အခြေအနေမှာ
သူ တော်တော်များများပြုလုပ်ခဲ့သည်။ သို့ပေမဲ့
သိမ်းထားတဲ့ထဲကအပါအဝင် အတော်များများကို
သူတို့သုံးပြီးပြီ။

ယူရှောင်းမိုက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်းမှ
တစ်ခုတွေးမိသွားတော့၏။ သူကပျော်ရွှင်စွာ
ပြောလိုက်သည်။

"ခင်ဗျားရဲ့လက်ရှိအဆင့်နဲ့ဆို အလယ်လတ်ဆင့်
နယ်မြေပြောင်းအဆောင်တွေ လုပ်နိုင်ပြီမလား?"

အလယ်လတ်ဆင့်နယ်မြေပြောင်းအဆောင်များက
အကွာအဝေးတော်တော်များများ ပို့ဆောင်ပေးနိုင်ရာ
သူတို့ကို သထုန်ပင်လယ်အပြင်ဘက်သို့ပင်
တိုက်ရိုက်ပို့ဆောင်ပေးကောင်းပို့ဆောင်ပေးနိုင်သည်။

"လုပ်နိုင်တယ်။ ဒါပေမဲ့ အတော်အသင့်အားပျော့တဲ့
နယ်မြေတစ်ခုရှာရမယ်။ ဒီကျွန်းလေးဆိုမရဘူး"

လင်းရှောင်က လက်ထဲကကျောက်စိမ်းတိုကင်များကို
ကစားနေသည်။ နယ်မြေက အတန်အသင့်
အားပျော့ပါက ဖွင့်ရပိုလွယ်ပြီး အားအသုံးလွန်၍
နယ်မြေမတည်မငြိမ်ဖြစ်သွားမှာကို ပူဖို့မလိုတော့ပေ။

ဤအကြောင်းအရင်းကို ယူရှောင်းမိုလည်း
နားလည်ပေသည်။

တစ်ပတ်ကြာပြီးသည့်နောက် သူတို့က
ပစ္စည်းများသိမ်းဆည်းကာ စာချုပ်ချုပ်ထားကာစ
မြွေပါသားရဲနှင့်အတူ ကျွန်းမှထွက်ခွာလာခဲ့ကြတော့
သည်။

မြွေပါသားရဲက ပါးနပ်ဖြောင့်မတ်သူမျိုးဖြစ်၏။
ငါးမန်းများထပ်တိုက်ခိုက်လာပြီး ဒီမှာ
ခေါင်းဆောင်မရှိနေပါက ဒုက္ခရောက်မည်စိုး၍
၎င်းက သူ့ဘေးရှိကျော်ကြားသောကြွက်သားရဲ
တစ်ကောင်အား ခေါင်းဆောင်အဖြစ်
ရာထူးတိုးပေးခဲ့လေသည်။ အနည်းဆုံးတော့
ကြွက်သားရဲက လူထုထောက်ခံမှုရထားသည်လေ။
နောက်ဆုံး ထိုလူမိုက်များ၏တပ်မှူးဖြစ်သွားသော
မြွေပါသားရဲက ၎င်း၏ချစ်စဖွယ်လက်အောက်
ငယ်သားလေးများကို မျက်ရည်များသုတ်ရင်း
နှုတ်ဆက်ခဲ့လေတော့သည်။
________________________

//Zawgyi//

အပိုင္း ၆၀၁- ထြက္ခြာျခင္း

မ်က္စိတစ္မိွတ္အခ်ိန္တြင္ ႏွစ္လကုန္လြန္ခဲ့ေလၿပီ။

ထိုေန့၌ ေကာင္းကင္ႏွင့္ပင္လယ္ျပာတို႔ဆံုစည္းရာ
မိုးကုပ္စက္ဝိုင္းတစ္ေနရာတြင္ ပင္လယ္ျပာျပာကို
ဖံုးအုပ္လို႔လာေနသၫ့္ အနက္ေရာင္အဝိုင္းသ႑ာန္ရိွ
အေျပာက္ႀကီးတစ္ခုရိွေနေလၿပီး ဘယ္အခ်ိန္က
ေရာက္လာမွန္းလဲလည္း မရွင္းလင္းေပ။
နီးကပ္လာပါက ၄မွာအမွန္ေတာ့ မီတာတစ္ေထာင္
အကြာအေဝးထိကဲြဲျပားျခင္းမရိွတစ္ဆက္တည္း
ရိွေနသၫ့္ ငါးမန္းအုပ္ႀကီးတစ္ခုမွန္း
ျမင္ေတြ့ႏိုင္ေပလိမ့္မည္။ ငါးမန္းတစ္ေကာင္ခ်င္းစီက
ၾကမ္းၾကဳတ္ခက္ထန္ဟန္ရိွၿပီး အၾကမ္းဖ်င္း
တြက္ခ်က္မႈအရ အနည္းဆံုးအေကာင္ေရ
တစ္ေသာင္းမ်ွရိွေလသည္။

ဤငါးမန္းအုပ္ႀကီးက ကၽြန္းေလးအနီးရိွ
အႀကီးမားဆံုးေသာေရနတ္ဆိုးသားရဲဂိုဏ္းမွ
ျဖစ္၏။ သႏၶေျပာင္းအေကာင္မ်ားအျပင္
၄တို႔အမ်ားစုက အဆင့္(၆)နတ္ဆိုးသားရဲမ်ား
ျဖစ္သည္။ ၄တို႔၏သြားက အလြန္ထက္ၿမိေနၿပီး
အုပ္လိုက္ဝိုင္းဝန္းတိုက္ခိုက္ျခင္းကိုခံရမည္ဆိုလ်ွင္
က်ိဳင္းေကာင္မ်ား အုပ္လိုက္ျဖတ္ပ်ံသြားျခင္းႏွင့္
တူေပလိမ့္မည္။ သာမာန္ကၽြန္းအေသးစားေလးဆို
နစ္ျမဳပ္သြားေလာက္သည္။ သို႔ေပမဲ့ ထိုအျဖစ္မ်ိဳးမွာ
ပင္လယ္ပိုင္နက္တြင္ ျဖစ္ေလ့ျဖစ္ထရိွေသာ
အရာမ်ိဳးျဖစ္သျဖင့္ က်င့္ႀကံသူမ်ားက၄ကို
သားရဲလိႈင္းဟုေခၚၾကေလသည္။

ထိုအခိုက္အတံ့တြင္ ဤငါးမန္းအုပ္ႀကီး၌
တူညီေသာပန္းတိုင္ရိွေနသည္။

သူတို႔ပစ္မွတ္မွာ ေရ႔ွရိွကၽြန္းငယ္ေလးျဖစ္၏။
ကၽြန္းငယ္ေလးေပၚမွာဆဲြေဆာင္အားျပင္းသၫ့္
တစ္စံုတစ္ရာေပၚထြက္လာပံုေပၚၿပီး ၄တို႔မွာ
ကၽြန္းငယ္ေလးသို႔အရင္ေရာက္ရန္ တိုက္ခိုက္ရင္း
အလြန္လ်င္ျမန္စြာေရြ့လ်ားေနၾကသည္။ တစ္နာရီပင္
မၾကာေသးခင္တြင္ ၄တို႔ကကၽြန္းငယ္ေလးႏွင့္
မီတာတစ္ေထာင္ခန႔္ပင္မကြာေတာ့ေခ်။

အံ့အားသင့္ဖြယ္ေကာင္းစြာျဖင့္ ငါးမန္းမ်ားက
ရုတ္တရက္ရပ္တန႔္ကုန္သည္။

သို႔ေသာ္ ထိုအခ်ိန္၌ ဆဲြေဆာင္အားေကာင္းသၫ့္
ရနံ႔တစ္ခုက ကၽြန္းငယ္ေလး၏အလယ္ဗဟိုမွ
ရုတ္ခနဲပ်ံ႔ထြက္လာၿပီး တည္ၿငိမ္စျပဳေနေသာ
ငါးမန္းေကာင္မ်ားမွာ ဂနာမၿငိမ္စြာ
ျပန္လည္လႈပ္ရွားလာၾကေတာ့သည္။

၄တို႔အတြက္ ဤရနံ႔က သဲကႏၲရထဲမွာ
အစာေရစာမပါဘဲလမ္းေလ်ွာက္လာသၫ့္
လူသားတစ္ဦး စိမ္းစိုေနသၫ့္အိုေအစစ္တစ္ခုကို
ရုတ္တရက္ရွာေဖြေတြ့ရိွလိုက္ရသကဲ့သို႔ပင္
ဆဲြေဆာင္အားျပင္းလွသည္။ ရနံ႔၏ပ်ံ႔ႏွံ႔မႈက
၄တို႔အတြက္ေတာ့ ခုခံဖို႔ရန္မျဖစ္ႏိုင္ဘဲ
ပိုလို႔ေတာင္ရူးသြပ္သြားေစ၏။

ရနံ႔က တျဖည္းျဖည္းျပင္းလာသည္ႏွင့္အမ်ွ
ကၽြန္းငယ္ေလးႏွင့္နီးေနသၫ့္ငါးမန္းအနည္းငယ္သည္
ခံႏိုင္စြမ္းအားမရိွေတာ့ဘဲ မ်က္စိျဖင့္မျမင္ရသၫ့္
အတားအဆီးတစ္ခုကိုျဖတ္ေက်ာ္လာရသၫ့္ႏွယ္
ရဲရဲနီေနေသာမ်က္လံုးမ်ားျဖင့္ ကၽြန္းငယ္ေလးဆီသို႔
အရိွန္တင္ကူးခတ္သြားၾကေလသည္။

တစ္ေကာင္ၿပီးတစ္ေကာင္ လိႈင္းလံုးႀကီးမ်ားလို
ေရ႔ွသို႔တက္သြားၾက၏။

သို႔ေသာ္ျငား ၄တို႔ ကၽြန္းငယ္ေလးႏွင့္
မီတာငါးဆယ္အတြင္းသို႔ေရာက္သၫ့္အခါ
ထူးဆန္းေသာတစ္စံုတစ္ရာျဖစ္ပြားသြားသည္။
ေရထဲမွ ၾကမ္းတမ္းစြာခုန္ထြက္လာေသာ
ငါးမန္းႏွစ္ေကာင္သည္ ေသြးသံရဲရဲအသားတံုး
မ်ားအျဖစ္သို႔ ျဒပ္ထုမရိွသၫ့္ပိုက္ကြန္တစ္ခု၏
ပိုင္းျဖတ္ျခင္းကိုခံလိုက္ရသၫ့္ပံုစံမ်ိဳး ရိွေလသည္။
လတ္လတ္ဆတ္ဆတ္ေသြးတို႔က ပင္လယ္ေရျပင္ကို
အနီေရာင္စြန္းသြားေစၿပီး ေသြးနံ႔ရသၫ့္ငါးမန္းမ်ားမွာ
ပိုလို႔ေတာင္ရူးသြပ္လာၾကသည္။ ၄တို႔
ေပးလိုက္ရသၫ့္တန္ဖိုးမွာေတာ့ ခုခံႏိုင္စြမ္း
မရိွေသာငါးမန္းအားလံုးမွာ အမ်ိဳးျဖဳတ္ခံလိုက္ရ၏။

ပင္လယ္ေရျပင္က ေသြးေရာင္လႊမ္းေနၿပီး
ခပ္လွမ္းလွမ္းရိွငါးမန္းမ်ားမွာ ပို၍ဂနာမၿငိမ္
ျဖစ္လာၾကသည္။

ခဏအၾကာတြင္ ရနံ႔က ဒုတိယအႀကိမ္အျဖစ္
ကၽြန္းငယ္ေလးဆီမွပ်ံ႔ႏွံ႔လို႔လာျပန္၏။ ယခုတစ္ခါက
အရင္ကထက္ ပိုဆဲြေဆာင္အားျပင္းၿပီး
အင္မတန္မွသန႔္စင္ႂကြယ္ဝသၫ့္စိတ္စြမ္းအင္တစ္မ်ိဳး
ပါဝင္ေနသည္။ ရႈရိႈက္လိုက္ရံုႏွင့္တင္ သူတို႔
ခႏၶာကိုယ္ထဲမွာၿငိမ္သက္ေနခဲ့သၫ့္ က်င့္ႀကံျခင္း
အေျခခံက ရုတ္ျခည္းခ်ိဳးဖ်က္
အဆင့္တက္သြားေတာ့မၫ့္အလား ခံစားရေလသည္။

ဘယ္လိုအေျခအေနမ်ိဳးျဖစ္ေနလိမ့္မလဲ
ပံုေဖာ္ၾကၫ့္လို႔ရႏိုင္၏။

ဤရနံ႔ကိုထုတ္လႊင့္ေပးေနေသာအရာကိုရႏိုင္ပါက
၄တို႔က်င့္ႀကံဆင့္က ေသခ်ာေပါက္အေတာ္ေလး
ျမင့္တက္လာႏိုင္လိမ့္မည္။

ငါးမန္းမ်ားကို အလတ္ဆင့္နတ္ဆိုးသားရဲဟု
ယူဆသည္။ သႏၶေျပာင္းအေကာင္ျဖစ္လ်ွင္ေတာင္
အမ်ားဆံုးမွ အထက္ဆင့္သားရဲသာျဖစ္ႏိုင္သည္၊
သို႔ေပမဲ့ သႏၶေျပာင္းအေကာင္မ်ား၏ေသြးေၾကာင့္
ပိုျမင့္သၫ့္အဆင့္မ်ားသို႔ခ်ိဳးဖ်က္ႏိုင္ေျခမွာ
အေတာ္ေလးျမင့္မားသည္။ သို႔ေသာ္ျငား
အဆင့္တက္သၫ့္လုပ္ငန္းစဉ္ကေတာ့ ခက္ခဲေလ၏။
သႏၶေျပာင္းအေကာင္ဆိုတာ သဘာဝကို
ဖီဆန္ေနသၫ့္အရာျဖစ္ေပရာ ၄တို႔မွာအရမ္းႀကီး
ေအာင္ျမင္လို႔မရႏိုင္ေခ်။

သိပ္မၾကာခင္ ကၽြန္း၏အျခားတစ္ဖက္သို႔
သႏၶေျပာင္းေခါင္းေဆာင္တစ္ေကာင္၏
ၫႊန္ၾကားမႈျဖင့္ ငါးမန္းတစ္အုပ္ေရာက္ရိွလာသည္။

အံ့ဖြယ္ေကာင္းစြာ ဤဘက္တြင္အခုအခံ
အတားအဆီးရိွပံုမရ။ သို႔ေပမဲ့
ေနာက္ဘာဆက္လုပ္မလဲဆံုးျဖတ္ရတာ သူတို႔ကို
သက္ေသာင့္သက္သာမရိျွဖစ္ေစသည္။

ငါးမန္းဆိုတာ ေရေအာက္ပိုင္းသတၲဝါမ်ား
ျဖစ္သည္။ သ႑ာန္မေျပာင္းလဲခင္ ကုန္းေပၚ
သြားလို႔မရႏိုင္ေပ။

ကၽြန္းငယ္ေလးကို ၄တို႔သိမ္းပိုက္ခ်င္ပါက
ယခင္ကလို ကၽြန္းငယ္ေလးကိုတိုက္ရိုက္
တိုက္ခိုက္ျခင္းမွတစ္ပါးမ်ားမ်ားစားစားမလုပ္ႏိုင္ေပ။
အကယ္၍ ထိုကဲ့သို႔လုပ္လိုက္ပါက ကၽြန္းတစ္ခုလံုး
တစ္ခဏခ်င္းပ်က္စီးသြားေပလိမ့္မည္။

သႏၶေျပာင္းေခါင္းေဆာင္ ႀကံရခက္ေနတုန္း
၄၏အာရံုထဲ အႏၲရာယ္တစ္ခုခံစားမိလိုက္သည္။

သႏၶေျပာင္းေခါင္းေဆာင္က ကမ္းေျခကို
လွမ္းၾကၫ့္လိုက္ခ်ိန္တြင္ ေတာအုပ္ထဲမွ
ႂကြက္အုပ္ႀကီးတစ္အုပ္ေလ်ွာကနဲေလ်ွာကနဲ
ထြက္လာေနသည္၊ ၄တို႔ကအဆံုးမရိွပံုေပၚၿပီး
ငါးမန္းမ်ားထက္ ပိုလို႔ေတာင္က်ပ္ညပ္ေန၏။
၄တို႔က အစိမ္းေရာင္မ်က္လံုးေပါင္းေထာင္ခ်ီျဖင့္
ကမ္းေပၚ အျပၫ့္ေနရာယူထားၾကသည္။
၄တို႔အေရအတြက္က ငါးမန္းမ်ားထက္ပိုမ်ားေနၿပီး
ၾကၫ့္ရံုႏွင့္တင္ ေခါင္းႀကိမ္းလာေစသည္။

ႂကြက္သားရဲမ်ားတြင္ အားသာခ်က္တစ္ခုရိွ၏၊
ငါးမန္းမ်ားကဲ့သို႔ပင္ ၄တို႔၌ထက္ျမေသာ
သြားမ်ားရိွၾကသည္။ ငါးမန္းမ်ားကကၽြန္းေလးေပၚ
တက္ရဲပါက ႂကြက္သားရဲမ်ားက ၄တို႔ကို
အခ်ိန္တိုအတြင္းအစာအျဖစ္ အလြယ္တကူ
ေျပာင္းလဲပစ္ႏိုင္စြမ္းရိွသည္။ ဤသို႔ေသာ
အျဖစ္ပ်က္မ်ိဳး အရင္ကျဖစ္ဖူး၏။ သႏၶေျပာင္း
ေခါင္းေဆာင္တစ္ေကာင္က ၄၏ေနာက္လိုက္မ်ား
ေခၚကာ ကၽြန္းငယ္ေလးကိုတိုက္ခိုက္ခဲ့ေသာ္လည္း
အဆံုးတြင္ ႀကီးမားေသာေသေၾကပ်က္စီးမႈမ်ား
ရိွခဲ့သည္။

မၾကာမီမွာ သႏၶေျပာင္းေခါင္းေဆာင္သားရဲက
ရႈံးနိမ့္ၿပီး ၄၏လက္ေအာက္ငယ္သားမ်ားႏွင့္အတူ
ထြက္ေျပးသြားခဲ့ရေလသည္။

ဒါေၾကာင့္ပဲ ၄မွာ သူ႔ပိုင္နက္အတြင္းရိွေနသၫ့္
ကၽြန္းငယ္ေလးကိုတိုက္ခိုက္သိမ္းပိုက္ျခင္း
မျပဳႏိုင္ရျခင္းျဖစ္သည္။

ေနာက္တစ္နာရီအၾကာ၌ ခ်ီတံုခ်တံုျဖင့္
ေခါင္းမာမာေနေနသၫ့္သႏၶေျပာင္းေခါင္းေဆာင္မွာ
ရနံ႔က အားေပ်ာ့သြားတာကိုေတြ့ရိွလိုက္ရၿပီးေနာက္
မလိုလားစြာျဖင့္ ထြက္ခြာသြားေလေတာ့သည္။

ထိုစဉ္ ယူေရွာင္းမိုက ၾကမ္းေပၚသို႔
ေသြးတစ္လုပ္အန္လိုက္သည္။

ယေန့က သူ က်ားျဖဴ၏အသက္ေသြးတစ္စက္
သန႔္စင္မၫ့္ေန့ျဖစ္၏။ သို႔ေပမဲ့အမွန္မွာ
သူ တံခါးပိတ္က်င့္ႀကံေနတာ ႏွစ္လပင္ရိွၿပီ
ျဖစ္သည္။ က်ားျဖဴ၏အသက္ေသြးက
သူထင္ထားတာထက္ သန႔္စင္ရပိုခက္သည္။

ငါးမန္းအုပ္ႀကီးကိုေရာက္လာေစသၫ့္ရနံ႔က
အသက္ေသြး၏ရနံ႔ပင္။ က်ားျဖဴက
အလြန္နည္းပါးေသာ​ေရွးဧကရာဇ္သားရဲမ်ားထဲမွ
ျဖစ္ရာ ၄၏အသက္ေသြးက နတ္ဆိုးသားရဲႏွင့္
လူသားမ်ားအတြက္ ႀကီးမားေသာဆဲြေဆာင္မႈႀကီး
ျဖစ္ေနသည္။ ထို႔ေၾကာင့္ပင္ လင္းေရွာင္က
အသက္ေသြးကို ဒီေနရာမွာသန႔္စင္ဖို႔
ယူေရွာင္းမိုကိုအႀကံေပးခဲ့တာျဖစ္သည္။

အသက္ေသြးကိုသန႔္စင္ေနခ်ိန္မွာ ၄က
ခုခံအားတစ္ခုႏွင့္ ဆဲြေဆာင္မႈရိွသၫ့္ရနံ႔တစ္မ်ိဳး
ထုတ္ေပးသည္။ ဤရနံ႔က လူသားမ်ားအတြက္
သိပ္ဆဲြေဆာင္မႈမျပင္းလွေပမဲ့
သားရဲမ်ားအတြက္ေတာ့ ေသေစႏိုင္ေလာက္ေသာ
ဆဲြေဆာင္မႈႀကီးပင္ျဖစ္သည္၊ အသက္ေသြးသာ
က်န္ခဲ့သည္ဆိုရင္ေတာင္ ၄မွာ ဧကရာဇ္
သားရဲတစ္ေကာင္၏ဖိႏိွပ္ခ်ဳပ္ခ်ယ္သၫ့္
စြမ္းအားပါဝင္ေနဆဲျဖစ္၏။

ဧကရာဇ္သားရဲတစ္ေကာင္၏အသက္ေသြးကို
စုပ္ယူၿပီးေနာက္မွာ သာမာန္သားရဲအမ်ားစုက
အနိမ့္ဆင့္ကေနအထက္ဆင့္ကို ခုန္တက္သြားႏိုင္ေျခ
ရိွၿပီး ထိုမွတစ္ဆင့္ ဧကရာဇ္သားရဲတစ္ဝက္
ျဖစ္လာႏိုင္ေျခရိွသည္။ တစ္ဝက္ပဲဆိုလ်ွင္ေတာင္
ဧကရာဇ္သားရဲႏွင့္ဆက္ႏြယ္ေနသေရြ့
သားရဲအားလံုးကို ရူးသြပ္သြားေစဖို႔လံုေလာက္သည္။
သို႔ျဖစ္၍ သူသာလူအမ်ားရိွသၫ့္ေနရာမ်ိဳးမွာ
သန႔္စင္ပါက ေရာက္လာသူမွာငါးမန္းမ်ားတင္
ျဖစ္လိမ့္မည္မဟုတ္ေခ်။

ကၽြန္းငယ္ေလးအား 'ငယ္သည္'ဟုဆိုေသာ္ျငား
အမွန္ေတာ့၄၏မ်က္ႏွာျပင္က
အလြန္ႀကီးမားသည္။

လင္းေရွာင္က အခ်ိန္တိုအတြင္းကၽြန္းတစ္ခုလံုးအႏွံ႔
အတားအဆီးအစီအရင္မ်ား မခ်ႏိုင္ခဲ့ေသာ္လည္း
သူတို႔အိမ္ေရ႔ွပင္လယ္ျပင္မွာေတာ့ ခ်ႏိုင္ေသးသည္။
ငါးမန္းမ်ားကိုအသားတံုးျဖစ္ေအာင္ လွီးျဖတ္ခဲ့သၫ့္
အရာမွာ အလြန္ထက္သၫ့္တိုက္ခိုက္ေရး
အတားအဆီးတစ္ခုျဖစ္ၿပီး သႏၶေျပာင္းငါးမန္းပင္
အေလာတႀကီးအနားကပ္မလာရဲခဲ့ေပ။

လင္းေရွာင္က တစ္ဝက္ပြင့္ေနေသာျပတင္းေပါက္မွ
တစ္ဆင့္ အိမ္အတြင္းကအေျခအေနကိုျမင္သည္။
သူက ယူ​​ေရွာင္းမိုအန္ထားသၫ့္ေသြးကို
အမူအရာမဲ့စြာစိုက္ၾကၫ့္လို႔ေနၿပီး သူဘာေတြးေနလဲ
ေျပာရခက္သည္။

ယူေရွာင္းမိုက ပါးစပ္ေထာင့္ကိုသုတ္လိုက္၏။
ႏွလံုးသားအေၾကာေဆးလံုး ေသာက္ထားခဲ့ေပမဲ့
က်ားျဖဴ၏အသက္ေသြးက သူထင္ထားတာထက္ကို
ပိုၿပီးၾကမ္းတမ္းလွသည္။ ထို႔အျပင္ အသက္ေသြး
တစ္စက္မွာ မ်ားျပားလွသည္စြမ္းအင္ပမာဏ
ပါဝင္ေနၿပီး စြမ္းအင္ကဇက္ႀကိဳးလြတ္ေနသၫ့္
ျမင္းရိုင္းတစ္ေကာင္အလား သူ႔တစ္ကိုယ္လံုးအႏွံ႔
သူ႔ဘာသူတိုက္လို႔ေနသည္။

အဆင့္နိမ့္သားရဲမ်ား ဧကရာဇ္သားရဲ၏
အသက္ေသြးကိုေျခဖ်က္ႏိုင္ရန္မွာ အေျခခံအားျဖင့္
ျဖစ္ႏိုင္ေျခမရိွေခ်။ ေျခဖ်က္ႏိုင္ခဲ့လ်ွင္ေတာင္
အလြန္ႀကီးမားသၫ့္တန္ဖိုးတစ္ခုေပးရလိမ့္မည္။

သို႔ေသာ္ ယူေရွာင္းမိုကမူ လူသားတစ္ေယာက္ျဖစ္ၿပီး
လူသားႏွင့္သားရဲ၏ေသြးဆိုသည္က တစ္ခုႏွင့္တစ္ခု
သိပ္သဟဇာတမျဖစ္တတ္ေပ။ ၄ကိုသန႔္စင္ၿပီး
ကုန္စင္ေအာင္စုပ္ယူျခင္းက စိတ္စြမ္းအားႏွင့္
သက္လံုပမာဏမ်ားစြာလိုအပ္ရာ ထိခိုက္မိျခင္းက
ထံုးစံပဲျဖစ္၏။ မခိုက္မိဘူးဆိုမွ ထူးဆန္းေနဦးမည္။

ယူေရွာင္းမိုက သူ႔ေဘးကပုလင္းေလးကိုေကာက္ယူ
လိုက္ၿပီး စိတ္စြမ္းအင္ေရေသာက္လိုက္သည္။
ေျခာက္ေသြ့ကုန္ခမ္းေနသၫ့္ သူ႔ဝိဉာဉ္စြမ္းအား​က
တစ္ခဏအတြင္းျပန္ျပၫ့္လာသည္။

ႏွစ္လၾကာတံခါးပိတ္က်င့္ႀကံေနၿပီးေနာက္မွာေတာင္
ထိုအသက္ေသြးစက္ကို အၿပီးမသန႔္စင္ႏိုင္ေသးတာ
ဆိုးလွသည္။ သို႔ေပမဲ့က်န္ေသးသၫ့္အသက္ေသြးကို
သူ႔မရီဒီယန္မ်ားထဲ သိုေလွာင္ၿပီးၿပီျဖစ္၍
ေနာက္ပိုင္း သူက်င့္ႀကံသၫ့္အခါ အသက္ေသြးမွ
စြမ္းအင္ကို ကိုယ္ပိုင္အျဖစ္ ေျဖးေျဖးခ်င္း
ေျပာင္းလဲပစ္လို႔ရေပသည္။

အသက္ေသြးစြမ္းအင္ကို သူအၿပီးမစုပ္ယူႏိုင္ခဲ့ေပမဲ့လို႔
စုပ္ယူႏိုင္ခဲ့သၫ့္ ပမာဏနည္းနည္းေလးမွ
အက်ိဳးေက်းဇူးမ်ားကိုေတာ့ ရရိွေနၿပီျဖစ္သည္။

ယူေရွာင္းမို သူ႔ကိုယ္တြင္း အေျခအေနကို
စစ္ေဆးၾကၫ့္လိုက္၏။ ကံဆိုးစြာျဖင့္ သူ
အဆင့္ေလးကိုမတက္ႏိုင္ေသးေခ်၊ သို႔ေပမဲ့
အဆင့္သံုးအထြတ္အထိပ္ကိုေတာ့ေရာက္ေနေလၿပီ။
သူစိတ္ရိွလ်ွင္ အဆင့္တက္ႏိုင္လိမ့္မည္။
ေနာက္ထပ္က ထိုအခြင့္အေရးေရာက္လာဖို႔
ေစာင့္ဆိုင္းေနဖို႔သာလိုေတာ့သည္။

လင္းေရွာင္က တံခါးတြန္းဖြင့္ကာဝင္လာသည္။

"ဘယ္လိုလဲ"

ယူေရွာင္းမိုက ထကာဖုန္ခါလိုက္၏။ တစ္ေနရာမွာ
ႏွစ္လၾကာေအာင္ မလႈပ္မယွက္ထိုင္ေနခဲ့ေသာေၾကာင့္
သူ႔အေပၚမွာ ဖုန္ေတာ္ေတာ္ေလးတက္ေနသည္။
လင္းေရွာင္ေျပာတာၾကားေတာ့ သူကမခ်င့္မရဲ
ျပန္ေျပာလိုက္သည္။

"အဆင္ေျပပါတယ္။ ကၽြန္ေတာ္ခံစားေနရတာ
သိပ္မေခ်ာေမြ့ဘူးလားလို႔။ အဆင့္ေလးကို
မတက္ႏိုင္ခင္ အခ်ိန္နည္းနည္း
လိုအပ္ဦးမယ္ထင္တယ္"

မူလတုန္းက အဆင့္ေလးကိုတစ္ခါတည္း
တက္ခ်င္ခဲ့၏၊ သို႔ေပမဲ့အေၾကာင္းတစ္ခုခုေၾကာင့္
ထိုအလႊာကို သူ ခ်ိဳးဖ်က္လို႔မရေခ်။ သူ႔ဆီမွာ
အဆင့္ေလးကိုတက္ဖို႔စြမ္းအားလံုလံုေလာက္ေလာက္
ရိွေနေသာ္လည္း အဆံုးမွာေတာ့ ယူေရွာင္းမိုမွာ
အခြင့္အေရးေရာက္မလာေသးဘူးဟူသၫ့္
အခ်က္ကို လက္ခံလိုက္ရေတာ့သည္။
အတိတ္တုန္းကဆို အၿမဲတမ္းေခ်ာေမြ့ခဲ့သည္၊
ထိုကဲ့သို႔ထင္ရွားလွသၫ့္အတားအဆီးတစ္ခုကို
သူႄကံုဖူးတာ ယခုကပထမဆံုးအႀကိမ္ပင္။

"စိတ္မရွည္မျဖစ္ပါနဲ႔။ ေျဖးေျဖးပဲသြား"

လင္းေရွာင္က သူ႔ေခါင္းေလးေပၚ
လက္တင္လိုက္သည္။

သူ စိတ္မရွည္မျဖစ္သင့္ေၾကာင္း ယူေရွာင္းမိုလည္း
သိပါသည္။ အတိတ္တုန္းက ေခ်ာေမြ့လြန္းစြာ
အဆင့္တက္လာႏိုင္ခဲ့၍ အတားအဆီးႏွင့္
ေတြ့ရတာကိုအသားမက်ရံုသာ ရိွသည္။
သူ နည္းနည္းစိတ္ဓာတ္က်မိတာေတာ့
ေရွာင္လႊဲလို႔မရေခ်။ သို႔ေပမဲ့ လူေတြပိုသန္မာလာဖို႔
အတားအဆီးတခ်ိဳ႕ကို ေတြ့ႄကံုဖူးရဦးမည္ျဖစ္သည္။

"ကၽြန္ေတာ္ တံခါးပိတ္ေနတာၾကာသြားတယ္၊
အျပင္မွာဘာျဖစ္ေသးလဲ"

ႁမြေပါသားရဲေျပာခဲ့သည္မွာ ငါးရက္ၾကာၿပီးရင္
သတင္းရမည္ဟူ၍ပင္၊ သို႔ေပမဲ့သူကတံခါးပိတ္
က်င့္ႀကံေနတာ ႏွစ္လပင္ရိွၿပီျဖစ္ရာ ထိုသတင္းကို
လြတ္သြားခဲ့ရသည္။

လင္းေရွာင္က သူ႔ကိုထိုင္ခံုတစ္လံုးမွာ
ထိုင္ခိုင္းၿပီးေနာက္ သူ႔ေဘးမွာထိုင္ခ်လိုက္၏။

"ဒါက သထုန္ပင္လယ္ အေရ႔ွပိုင္နက္မွာ။
တိုက္မႀကီးနဲ႔အရမ္းေဝးတယ္၊ ၿပီးေတာ့
ကၽြန္းဆိုလည္းနည္းနည္းပဲရိွတယ္။ ဒီကေန
အနီးဆံုးတစ္ခုကို ကီလိုမီတာငါးေထာင္ေဝးတယ္၊
ကိုယ္တို႔ တံုက်ိဳးကိုျပန္ေရာက္ဖို႔ ႏွစ္နည္းနည္း
ၾကာလိမ့္မယ္"

ယူေရွာင္းမိုက ခဏေတြးၾကၫ့္လိုက္သည္။

"နယ္ေျမျပောင္းအေဆာင္နည္းနည္းပါးပါး
မရိွေတာ့ဘူးလား။ အကြာအေဝးကျပႆနာ
မဟုတ္သင့္ဘူးေလ"

တစ္ခုကမေအာင္ျမင္လ်ွင္ ေနာက္တစ္ခုသံုးလို႔
ရေပသည္။ သူကေျပာရင္းဆိုရင္း ေမွာ္အိတ္ထဲ
ရွာေဖြၾကၫ့္လိုက္၏၊ သို႔ေပမဲ့ ေက်ာက္စိမ္းတိုကင္
အနည္းငယ္သာဆဲြထုတ္လိုက္ႏိုင္ေလသည္။

"အကုန္သံုးလိုက္ၿပီေလ မဟုတ္ဘူးလား"

လင္းေရွာင္က သူ႔လက္ထဲရိွ
ေက်ာက္စိမ္းတိုကင္မ်ားကို လွမ္းယူလိုက္၏။
ဟိုအရင္ သူ႔ဇနီးေလး ေသြးေစြးနီမိသားစုပိုင္နက္ထဲ
ပို႔ေဆာင္ခံလိုက္ရတုန္းက အေရးေပၚအေျခအေနမွာ
သူ ေတာ္ေတာ္မ်ားမ်ားျပုလုပ္ခဲ့သည္။ သို႔ေပမဲ့
သိမ္းထားတဲ့ထဲကအပါအဝင္ အေတာ္မ်ားမ်ားကို
သူတို႔သံုးၿပီးၿပီ။

ယူေရွာင္းမိုက ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္းမွ
တစ္ခုေတြးမိသြားေတာ့၏။ သူကေပ်ာ္ရႊင္စြာ
ေျပာလိုက္သည္။

"ခင္ဗ်ားရဲ့လက္ရိွအဆင့္နဲ႔ဆို အလယ္လတ္ဆင့္
နယ္ေျမျပောင္းအေဆာင္ေတြ လုပ္ႏိုင္ၿပီမလား?"

အလယ္လတ္ဆင့္နယ္ေျမျပောင္းအေဆာင္မ်ားက
အကြာအေဝးေတာ္ေတာ္မ်ားမ်ား ပို႔ေဆာင္ေပးႏိုင္ရာ
သူတို႔ကို သထုန္ပင္လယ္အျပင္ဘက္သို႔ပင္
တိုက္ရိုက္ပို႔ေဆာင္ေပးေကာင္းပို႔ေဆာင္ေပးႏိုင္သည္။

"လုပ္ႏိုင္တယ္။ ဒါေပမဲ့ အေတာ္အသင့္အားေပ်ာ့တဲ့
နယ္ေျမတစ္ခုရွာရမယ္။ ဒီကၽြန္းေလးဆိုမရဘူး"

လင္းေရွာင္က လက္ထဲကေက်ာက္စိမ္းတိုကင္မ်ားကို
ကစားေနသည္။ နယ္ေျမက အတန္အသင့္
အားေပ်ာ့ပါက ဖြင့္ရပိုလြယ္ၿပီး အားအသံုးလြန္၍
နယ္ေျမမတည္မၿငိမ္ျဖစ္သြားမွာကို ပူဖို႔မလိုေတာ့ေပ။

ဤအေၾကာင္းအရင္းကို ယူေရွာင္းမိုလည္း
နားလည္ေပသည္။

တစ္ပတ္ၾကာၿပီးသၫ့္ေနာက္ သူတို႔က
ပစၥည္းမ်ားသိမ္းဆည္းကာ စာခ်ဳပ္ခ်ဳပ္ထားကာစ
ႁမြေပါသားရဲႏွင့္အတူ ကၽြန္းမွထြက္ခြာလာခဲ့ၾကေတာ့
သည္။

ႁမြေပါသားရဲက ပါးနပ္ေျဖာင့္မတ္သူမ်ိဳးျဖစ္၏။
ငါးမန္းမ်ားထပ္တိုက္ခိုက္လာၿပီး ဒီမွာ
ေခါင္းေဆာင္မရိွေနပါက ဒုကၡေရာက္မည္စိုး၍
၄က သူ႔ေဘးရိွေက်ာ္ၾကားေသာႂကြက္သားရဲ
တစ္ေကာင္အား ေခါင္းေဆာင္အျဖစ္
ရာထူးတိုးေပးခဲ့ေလသည္။ အနည္းဆံုးေတာ့
ႂကြက္သားရဲက လူထုေထာက္ခံမႈရထားသည္ေလ။
ေနာက္ဆံုး ထိုလူမိုက္မ်ား၏တပ္မွဴးျဖစ္သြားေသာ
ႁမြေပါသားရဲက ၄၏ခ်စ္စဖြယ္လက္ေအာက္
ငယ္သားေလးမ်ားကို မ်က္ရည္မ်ားသုတ္ရင္း
ႏႈတ္ဆက္ခဲ့ေလေတာ့သည္။
________________________

Continue Reading

You'll Also Like

1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
25.7K 2.7K 84
မိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ ‌တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
371K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.