နောက်ဆုံးနည်းလမ်းကိုသုံးပြီးကုမယ်လို့ဆုံးဖြတ်လိုက်တဲ့အတွက်စုန့်ဝမ်ရှီကဆေးရုံမှာနေစရာမလိုတော့ဘဲ သူမကိုယ်ဝန်ရှိပြီးကလေးမွေးတဲ့အထိစောင့်ရမှာ။
'ဟုတ်တယ် ဒီနေ့ဆင်းရမှာ'
သူမစုန့်ဝမ်ရှီပါးလေးကိုပွတ်ပြီး: 'မနက်စာစားကြရအောင်နော်'
စုရန်သူ့အတွက်စွပ်ပြုတ်သွားထည့်ပေးဖို့လုပ်လိုက်ပေမယ့်စုန့်ဝမ်ရှီကသူ့လက်သေးသေးလေးတွေနဲ့သူမကိုပြန်ဆွဲထားပြီးတံခါးမှာရပ်နေတဲ့လူကိုလှမ်းပြတော့သူမလဲလှည့်ကြည့်လိုက်တယ်။စုန့်ဝမ်ရှီကနဂိုထဲကဉာဏ်ကောင်းတဲ့ကလေးဖြစ်ပြီးမနေ့ကမဒမ်စုန့်ကလဲသူ့အဖေပြန်လာမယ်လို့ပြောထားခဲ့တော့ ခုတံခါးဝမှာရပ်နေတဲ့လူစိမ်းရဲ့အသွင်အပြင်ကိုကြည့်ပြီးသူ့အဖေဆိုတာကိုသူခန့်မှန်းနိုင်တယ်။
စုန့်ထင်ယွီကလဲစုန့်ဝမ်ရှီပုံကိုစုန့်မိသားစုထဲကတစ်ယောက်ကပြထားလို့တွေ့ဖူးနေတယ်။အဲ့ဒီအချိန်တုန်းကသူဒီကလေးကိုစုရန်ရဲ့လှည့်စားမှုကြောင့်ရလာတာဖြစ်တယ်လို့တွေးပြီးဘာမှမခံစားခဲ့ရဘူး။ဒီနေ့မျက်စိရှေ့မှာတွေ့တော့မှငါ့သားပါလားဆိုတဲ့ခံစားချက်ရှိနေတာကိုသိလိုက်ရတယ်။ဘာဘဲပြောပြောသွေးကတော့စကားပြောတာဘဲလေ။စုန့်ထင်ယွီသူ့ရှေ့ကိုသွားလိုက်တော့စုန့်ဝမ်ရှီရဲ့မျက်နှာသေးသေးလေးကသူ့ကိုမော့ကြည့်ပြီးမေးလိုက်တယ်။
'ဦးလေးကသားအဖေလား'
စုန့်ထင်ယွီခေါင်းညိတ်ပြလိုက်ပြီး: 'ဟုတ်တယ် ငါကမင်းအဖေဘဲ'
စုန့်ဝမ်ရှီအတွက်ကတော့မွေးကတည်းကသူ့အဖေကိုဒါပထမဆုံးတွေ့ဖူးခြင်းဘဲ။ပထမဆုံးအနေနဲ့သူ့အဖေကိုအပြစ်တင်စကားပြောလိုက်တယ်: 'ဒီလေးနှစ်လုံးမေမေနဲ့ကျွန်တော့ကိုဘာလို့လာမတွေ့ရတာလဲ'
စုရန်လဲစုန့်ဝမ်ရှီဒီလိုပြောလိမ့်မယ်လို့မထင်ထားတော့သူမစုန့်ဝမ်ရှီကိုဖက်ပြီးတားလိုက်တယ်: 'ဝမ်ရှီ ဒါကလူကြီးတွေရဲ့ကိစ္စပါ.....သားထင်သလိုမျိုးမဟုတ်ပါဘူး'
စုရန်စကားကိုကြားတော့စုန့်ထင်ယွီသူမရဲ့မျက်နှာလှလှလေးကိုကြည့်ပြီးသူ့အရှေ့မှာမို့သူမကိုအကောင်းမြင်ရအောင်ပြောနေတာလို့ထင်လိုက်တယ်။စုန့်ဝမ်ရှီ....ဒီကလေး ဘယ်လိုဖြစ်လို့သူ့ကိုတွေ့တွေ့ချင်းဒီစကားပြောရတာလဲ။သေချာတာကတော့စုရန်ဒီစကားတွေပြောနေတာကိုကြားဖူးလို့နေမှာ။အရင်ကစုရန်ကဒီစကားတွေကိုပြောခဲ့ရင်ခုကျမှဘာလို့ဟန်ဆောင်နေရတာလဲ။သူမရဲ့ရည်ရွယ်ချက်ကဘာလဲ။
သူလှောင်ပြုံးပြုံးလိုက်တာကိုမြင်တော့စုရန်သိလိုက်တယ်။အရင်ကတည်းကသူ့ပမုန်းတွေနဲ့သူမနေသားကျနေပြီဖြစ်လို့ သိပ်ပြီးခံစားမနေတော့ဘူး။စုန့်ထင်ယွီကအတိတ်ကအဖြစ်အပျက်တွေကသူမနဲ့သူမအဖေတို့သူ့ကိုပေါင်းလိမ်ပြီးလက်ထပ်ခဲ့တာလို့ထင်နေတာ။ဒါပေမယ့်သူ မသိတာကသူမလဲအလိမ်ခံရတာဆိုတာကိုဘဲ။ဒါပေမယ့်သူ့ကိုပြောပြလိုက်တော့ရောဘာထူးမှာလဲ။သူမှနားမထောင်တာ။သူမကိုလဲယုံမှာမဟုတ်ဘူး။
'လာ ဝမ်ရှီ မနက်စာအရင်စားရအောင်'
စွပ်ပြုတ်ကလဲသောက်ဖို့အတွက်အရမ်းမပူတော့ဘဲနွေးနွေးလေးဖြစ်နေပြီ။စုရန်ကခွံ့ကျွေးချင်ပေမယ့်သူကကိုယ့်အားကိုယ်ကိုးပြီးသူ့ဘာသာသူစားချင်နေတယ်။စုရန်စွပ်ပြုတ်ကိုပေးရင်းနဲ့: 'သတိထားပြီးစားနော်'
စုန့်ဝမ်ရှီဆေးရုံဆင်းဖို့အတွက်လိုအပ်တာတွေလုပ်စရာရှိနေတယ်။သူမစုန့်ထင်ယွီကိုကြည့်ပြီး: 'ဝမ်ရှီဆေးရုံဆင်းဖို့အတွက်သွားလုပ်လိုက်ဦးမယ်။ရှင်ဒီမှာခဏလောက်ကလေးနဲ့နေပေးဦး'
စုရန်ထွက်သွားတော့စုန့်ထင်ယွီကုတင်ရှေ့မှာဝင်ထိုင်လိုက်တယ်။ဒါဟာပထမဆုံးသူ့သားကိုနီးနီးကပ်ကပ်မြင်ဖူးခြင်းဘဲ။စုန့်ဝမ်ရှီထမင်းစားနေရင်းတစ်ယောက်ယောက်ကစိုက်ကြည့်နေတာကိုသတိထားမိသွားတော့ မျက်နှာကိုမော့ကာနှာခေါင်းလေးကိုပွတ်ပြီး: 'ဘာလို့သားကိုအဲ့လိုကြည့်နေတာလဲ?'
'စုန့်ဝမ်ရှီ ငါကမင်းဖေဖေဘဲ' သူနောက်တစ်ခါထပ်ပြောလိုက်တယ်။စုန့်ဝမ်ရှီထမင်းနောက်တစ်လုပ်ကိုစားလိုက်တော့ပါးကလေးဖောင်းသွားပြီး: 'မေမေရှိရင်သားအတွက်ကရပြီ'
ဒီကောင်လေးသူ့အပေါ်မကျေနပ်တာတွေများလိုက်တာ...
စုန့်ထင်ယွီကလဲကလေးတွေနဲ့ပြောဆိုဆက်ဆံရတာတော်တဲ့သူမဟုတ်ဘူး။ပြီးတော့စုန့်ဝမ်ရှီကလဲသူ့ကိုအမည်ခံအဖေအဖြစ်ဘဲနှလုံးသားမှာသတ်မှတ်ထားတော့နှစ်ယောက်သားတစ်ခန်းတည်းရှိနေပေမယ့်စကားမပြောဖြစ်ကြဘူး။ဆေးရုံဆင်းဖို့လုပ်ပြီးတော့စုရန်ပြန်လာလိုက်တယ်။အခန်းတံခါးဖွင့်တော့သားအဖနှစ်ယောက်တစ်ယောက်ကိုတယောက်ကြည့်နေကြတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်။ဝစုန့်ဝမ်ရှီလဲစုန့်ထင်ယွီနဲ့ရှိနေတုန်းကသူလုပ်စရာရှိတာဘဲလုပ်နေပြီးစကားလဲသိပ်မပြောဘူး။စုရန်ရောက်လာတော့မှသူ့မျက်နှာပြောင်းသွားပြီးချစ်စရာအပြုံးလေးနဲ့စုရန်ကိုလက်ရမ်းပြလိုက်ကာ: 'မေမေ'
စုရန်လဲစုန့်ထင်ယွီကိုဂရုမစိုက်ဘဲအခန်းထဲဝင်လာပြီးစုန့်ဝမ်ရှီကိုဖက်လိုက်တယ်။ပြီးတော့ဆေးရုံအဝတ်တွေကိုလဲပေးလိုက်တယ်။
'မေမေသားတကယ်ဆေးရုံဆင်းလို့ရပြီလား'
စုန့်ဝမ်ရှီပျော်နေလို့မျက်လုံးလေးတွေကပါအရောင်လက်နေတယ်။
'ဟုတ်တယ်....ဆရာဝန်ကပြောတယ်အိမ်ပြန်လို့ရပြီတဲ့....အရင်အင်္ကျီလဲရအောင်....ဒါမှပြန်လို့ရမှာ' သူမစုန့်ဝမ်ရှီခေါင်းလေးကိုပုတ်ရင်းပြောလိုက်တယ်။စုန်ဝမ်ရှီလဲရယ်ရင်းပြန်ပြောလိုက်တယ်: 'ကောင်းလိုက်တာ.....နောက်ဆုံးတော့အိမ်ပြန်ရပြီ'
သူလက်ခုပ်လေးတီးပြီးပါးချိုင့်လေးတွေပေါ်အောင်ရယ်လိုက်တယ်။စုန့််ဝမ်ရှီကိုအင်္ကျီလဲပေးပြီးသွားတော့ စုရန်နဲ့နာနီတို့ပစ္စည်းတွေထုပ်ဖို့ပြင်လိုက်တယ်။စုန့်ဝမ်ရှီလဲစုရန်ကိုစောင့်နေရင်း သူ့အရုပ်လေးနဲ့သူကစားနေလိုက်တယ်။စုန့်ထင်ယွီကတော့
အလုပ်ရှုပ်နေကြတဲ့သားအမိနှစ်ယောက်ကိုကြည့်ပြီး သူရှိနေတာတောင်မေ့နေကြတဲ့ပုံဘဲ။စုရန်သိမ်းဆည်းလို့ပြီးသွားတော့အိတ်ကိုစုန့်ထင်ယွီဆီကမ်းပေးလိုက်တယ်။အဲ့တာကိုတွေ့တော့နာနီကပြောလိုက်တယ်: 'မမလေးကျွန်မသယ်ပေးပါ့မယ်'
စုရန်ကခေါင်းခါပြလိုက်ပြီး: 'နာနီ့ခေါင်းပေါ်မှာလဲအများကြီးဘဲလေ.... ထပ်သယ်လို့ရတော့မှာမဟုတ်ဘူး'
စုန့်ထင်ယွီမျက်ခုံးနှစ်ဖက်ကိုပင့်လိုက်ပြီး ဒီမိန်းမကသူ့ကိုအထုပ်သယ်တဲ့လူလို့များထင်နေတာလားလို့တွေးလိုက်ပေမယ့်သူအထုပ်ကိုတော့လှမ်းယူလိုက်တယ်။စုရန်လဲစုန့်ဝမ်ရှီကိုချီပြီးသူ့နောက်ကလိုက်သွားလိုက်တယ်။စုန့်ဝမ်ရှီဆေးရုံမှာနေရတာကြာနေပြီး အခုမှဆေးရုံဆင်းရပြီဆိုတော့အကုန်လုံးစိတ်ချမ်းသာနေကြတယ်။
အရင်ကကျန်းမာရေးအခြေအနေကြောင့်သာစုန့်ဝမ်ရှီကအိပ်ရတာကိုကြိုက်ပေမယ့်ခုတော့အိပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်။အိမ်အပြန်လမ်းမှာသူစုရန်ရင်ခွင်ထဲဝင်ပြီးအနောက်ဘက်သို့ခရီးသွားခြင်းအကြောင်းကိုပြောပြခိုင်းနေတယ်။စုရန်ကအမေတူသမီးဖြစ်လို့သူမအသံကလဲနားထောင်ရတဲ့လူတွေကိုစိတ်ချမ်းသာမှုပေးနိုင်တဲ့အသံမျိုးကိုပိုင်ဆိုင်ထားတယ်။ကားထဲမှာလဲသူမရဲ့နူးညဲံ့တဲ့အသံတွေနဲ့ဘဲဖုံးလွှမ်းနေတယ်။
စုန့်ထင်ယွီကားမှန်ထဲကနေစုန့်ဝမ်ရှီကသူမပုခုံးပေါ်မှာမှီရင်းပုံပြင်ကိုစိတ်ဝင်တစားနားထောင်နေတာကိုတွေ့နေရတယ်။စုရန်ရဲ့ပုံစံကနူးညံ့ပြီးလှပပေမယ့် ဒါကအပြင်ပန်းအလှဘဲဖြစ်ပြီးအတွင်းစိတ်ကတော့ကောက်ကျစ်မှုတွေနဲ့ပြည့်နေတာ။အဲ့လိုမဟုတ်ရင်သူ့ကိုဘာလို့သူမလက်ထပ်ခဲ့မှာလဲ။အိမ်ရောက်တော့မဒမ်စုန့်ကလက်ကလေးရမ်းပြီးနှုတ်ဆက်လိုက်ပြီးစုန့်ဝမ်ရှီကိုမြင်တော့: 'ဝမ်ရှီ....ဘွားဘွားကြီးဆီလာ'
စုန့််ဝမ်ရှီလဲမဒမ်စုန့်ဆီသွားပြီးစကားခဏပြောနေကြရင်းနဲ့ အိမ်ထိန်းကပစ္စည်းတွေသယ်လာတာတွေတော့: 'လောင်ရှမ်း.....ဝမ်ရှီ့ပစ္စည်းတွေကို ငါရှင်းခိုင်းထားတဲ့အခန်းထဲမှာဘဲထည့်ထားလိုက်တော့'
စုန့်ထင်ယွီပြန်မလာခင်အထိစုန့်ဝမ်ရှီကစုရန်နဲ့တူတူအိပ်ခဲ့တာ။မစ်ရှင်အောင်မြင်ဖို့အတွက်စုရန်နဲ့စုန့်ထင်ယွီကိုမဒမ်စုန့်ကတစ်ခန်းထဲမှာအိပ်စေချင်တယ်။စုန့်ဝမ်ရှီမျက်နှာလေးမော့ပြီးမေးလိုက်တယ်: 'ဘွားဘွားကြီး သားဘာလို့မေမေနဲ့တူတူအိပ်လို့မရတာလဲ'
မဒမ်စုန့်လဲစုန့််ဝမ်ရှီ့ခေါင်းလေးကိုပွတ်ပြီးဘာမှမပြောတော့ ဘေးမှာရပ်နေတဲ့စုန့်ထင်ယွီကပြောလိုက်တယ်: 'မလိုပါဘူး....ကျွန်တော့ဧည့်သည်အခန်း...'
သူစကားမဆုံးခင်မှာဘဲမဒမ်စုန့်ကစကားဖြတ်ပြောလိုက်တယ်: 'ပြဿနာမရှာနဲ့ ..... ဧည့်သည်အခန်းမှာအိပ်ရအောင်မင်းမှာအခန်းမရှိလို့လား?' မဒမ်စုန့််ခဏရပ်လိုက်ပြီးအိမ်ထိန်းကိုကြည့်ကာ: 'ဘာလို့ဝမ်ရှီ့ပစ္စည်းတွေကိုမရွှေ့ကြသေးတာလဲ'
ခုသာစုန့်ထင်ယွီအကြောတင်းနေတာနောက်ဆိုသဝန်တိုတာရစရာမရှိဘူး😅