The Legendary Master's Wife [...

By melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-599

6.8K 1.4K 191
By melon_rays

//Unicode//

အပိုင်း ၅၉၉- အသုံးဝင်တဲ့တန်ဖိုး

လင်းရှောင်က စတင်ရယ်မောလေတော့သည်။

မြွေပါသားရဲသည် သူရယ်သည့်အကြောင်းအရင်းကို
နားမလည်သော်လည်း လိုက်ရယ်လေ၏၊ သို့သော်
ခဏအကြာ၌ မရယ်နိုင်တော့ချေ။

"မင်းလို မြွေပါသားရဲကများ? တကယ်ကြီးလား?"

လင်းရှောင်က ညင်သာစွာပြောနေခြင်းဖြစ်သည့်တိုင်
သူ့လေသံထဲတွင် အထင်သေးခြင်း ပါဝင်နေသည်။
သူ့အတွက်ဖြစ်ဖြစ် ယူရှောင်းမိုအတွက်ပဲဖြစ်ဖြစ်
သူတို့နောက်လိုက်မည့်သားရဲက သာမာန်သားရဲသာဆို
ဝန်ထုပ်ဝန်ပိုးဖြစ်တာပဲ အဖတ်တင်လိမ့်မည်။

မြွေပါသားရဲက အဆင့်မြင့်နတ်ဆိုးသားရဲတစ်မျိုး
ဖြစ်ပြီး သန္ဓေပြောင်းအမျိုးဖြစ်နေလျှင်တောင်
အဆင့်မြင့်နတ်ဆိုးသားရဲတွေကြားမှာ သူ့ရဲ့
တိုက်ခိုက်နိုင်စွမ်းက အတော်တန်နိမ့်သည်။
သူတို့ရဲ့တိုက်ပွဲမှာ သူက အထောက်အကူ
ကောင်းဖြစ်လိမ့်မည်မဟုတ်ပေ။ ဒီကျွန်းလေးကို
သူ အုပ်ချုပ်နိုင်ရသည့် တစ်ခုတည်းသော
အကြောင်းအရင်းက စွမ်းအားကြီး
နတ်ဆိုးသားရဲတွေ မရှိနေလို့ပဲဖြစ်သည်။

မြွေပါသားရဲသည် တစ်ဖက်က သူ့ကို
စော်ကားနေခြင်းမှန်း ရှင်းလင်းစွာခံစားမိ၍
ဒေါသကြောင့် မျက်လုံးများ နီရဲလာတော့သည်။

သူက ရှဉ့်မျိုးနွယ်ဝင်ဖြစ်နေတော့ရော ဘာဖြစ်လဲ။
သူကတော့ ဂုဏ်ယူတယ်!

"တကယ်ကြီးလားဆိုတာ ဘာကိုဆိုလိုတာလဲ။
ဒီကိုယ်တော့် အပေါင်းအပါဖြစ်လာနိုင်မှာကို
မင်းဂုဏ်ယူသင့်တယ်။ သခင့်အတွက်မို့သာ
မဟုတ်လို့ရှိရင် ဒီကိုယ်တော်က ကိုယ့်ကိုယ်ကိုယ်
နှိမ့်ချပြီး မင်းလိုလူမျိုးနဲ့ သခင်တစ်ယောက်တည်း
မျှဝေမှာမဟုတ်ဘူး"

"ဒါက သူများရဲ့ဆက်နွယ်သားရဲဖြစ်လာချင်တဲ့
မင်းရဲ့စိတ်ဓာတ်ပေါ့လေ"

လင်းရှောင်က စိတ်အခြေအနေကောင်းနေပုံရကာ
နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
သူက တကယ်ကို ဒီမှာထိုင်ပြီး မြွေပါသားရဲနှင့်
ငြင်းခုံချင်တာဖြစ်ပေမဲ့ မြွေပါသားရဲကတော့
သိပ်ပျော်ရွှင်မနေချေ။

"ဒီကိုယ်တော်က မင်းနဲ့စာချုပ်ချုပ်ချင်တာမှ
မဟုတ်တာ၊ ဒီကိုယ်တော့် သဘောထားက
ဘယ်လိုပဲနေနေ မင်းနဲ့ဘာဆိုင်လို့လဲ"

မြွေပါသားရဲက မောက်မာဝင့်ကြွားစွာ
ပြန်ဖြေလိုက်၏။

"ငါနဲ့ဆိုင်တာပေါ့" လင်းရှောင်က မျက်လုံးမှေး
လိုက်သည်။

မြွေပါသားရဲ၏အမူအယာက မပြောင်းမလဲ
ဆက်ရှိနေပြီး မယုံကြည်တာထင်ရှားသည်။

"ဒါဖြင့် ဆက်ပြောပါဦး၊ မင်းနဲ့ဘာဆိုင်လို့လဲ"

လင်းရှောင်က ရွှင်မြူးနေသည့်အသံဖြင့်
ပြန်ဖြေလိုက်လေသည်။

"သူနဲ့စာချုပ်ချုပ်ချင်တဲ့ ဘယ်သားရဲမဆို
ငါ့ဆီက ခွင့်ပြုချက်ရမှရမယ်။ ဘာလို့လဲဆိုတော့...
ရှင်းပါတယ်... သူက ငါ့အပိုင်မလို့လေ"

"ငါ့အပိုင်?" မြွေပါသားရဲ ကြောင်အသွားတော့၏။

သူတွေးမိတဲ့ဟာများလား။

"မင်း..."

လင်းရှောင်က လက်ပိုက်လိုက်သည်။

"မင်း သူ့ရဲ့နတ်ဆိုးသားရဲဖြစ်ချင်တယ်ဆို...
ရတာပေါ့၊ ဒါပေမဲ့ အရင်ဆုံး ငါ့ကိုပြော၊
မင်းမှာ အသုံးဝင်တဲ့နေရာဘယ်နေရာရှိလဲ"

မြွေပါသားရဲမှာ မည်ကဲ့သို့တုံ့ပြန်ရမည်မှန်း
လုံးဝမသိတော့ချေ။ တစ်ဖက်လူက 'အသုံးကျတဲ့
နေရာ' ဟု ပွင့်ပွင့်လင်းလင်းသုံးနှုန်းခြင်းက သူ့ကို
ကြောင်အစေသည်။ တစ်ခဏလောက်ထိ သူ့မှာ
ဆွံ့အနေ၏။

"ငါက စိတ်သိပ်မရှည်တတ်ဘူးနော်"
လင်းရှောင်က အသာပြောလိုက်သည်။

မြွေပါသားရဲသည် အသိပြန်ဝင်လာ၏။ တစ်ချို့သော
အရာများအတွက်က အမှန်ဟုတ်ဟုတ်မဟုတ်ဟုတ်
ယုံကြည်လိုက်တာ ပိုကောင်းသည်။ ဤကျွန်းက
အတော်လေး ခေါင်တာကြောင့် သူပြောဆို
ဆက်ဆံဖူးသည့် လူ၊ သားရဲအရေအတွက်မှာ
အကန့်အသတ်ရှိရာ ဒါက တော်တော်လေး
ဖြစ်နိုင်ခြေမရှိသလို ဖြစ်နေသည်။ ယောက်ျား
တစ်ယောက်နဲ့ အခြားယောက်ျားတစ်ယောက်
အတူတူရှိတာမျိုးကို သူကြားတောင်မကြားဖူးပေ။

သို့ပေမဲ့ သူ မယုံဘဲနေလို့မရပေ၊ မဟုတ်လို့
အကယ်၍များ ဒါကအမှန်ဖြစ်နေခဲ့ရင်
သူ့သခင်ရဲ့နောက်တစ်ခြမ်းကို အပြစ်ပြုမိသလို
ဖြစ်သွားပြီမဟုတ်ပေဘူးလား။

လိမ္မာပါးနပ်ပြီး အံ့ဩဖွယ်ကောင်းသည့်
မြွေပါသားရဲတစ်ကောင်အနေဖြင့် သူ့ရဲစွမ်းသတ္တိကို
ထုတ်ပြပြီး သခင့်နောက်တစ်ခြမ်း၏
အသိအမှတ်ပြုမှုကို ရအောင်ယူရမည်။

"ကျွန်တော်က တအားအသုံးဝင်ပါတယ်၊
ပြီးတော့ တစ်နေရာတည်းမဟုတ်ဘူး..."

မြွေပါသားရဲက အ,ထစ် အ,ထစ်ဖြင့်ပြောလေသည်။

"ကျွန်တော် အကောင်းဆုံးအသုံးဝင်တဲ့နေရာက
ဆက်သွယ်ရေးကွန်ရက်ပဲ"

"အိုး? အဲ့တာ ဘယ်လိုအလုပ်လုပ်သလဲ"

မြွေပါသားရဲမှာ သူ့ရဲ့အမူအယာမဲ့နေသည့်
မျက်နှာကြောင့် သူ့အတွေးကို မဖတ်နိုင်ရှိနေ၍
ဆက်ပြောရုံသာတတ်နိုင်လေသည်။

"ကျွန်တော့်မှာ သာမာန်မြွေပါသားရဲတွေမှာ
မရှိတဲ့ ကိုက်ဖြတ်တတ်တဲ့နတ်ဆိုးသားရဲတွေ
အားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်မျိုး
ရှိတယ်။ ဒီစွမ်းရည်က ကျွန်တော့်လို
သန္ဓေပြောင်းအကောင်တွေမှာပဲ ရှိတာ"

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်သည်။

"ဘာရယ်။ မင်းကလား"

မြွေပါသားရဲမှာ အထင်သေးခံလိုက်ရပြန်သည်ဟု
ခံစားရသော်လည်း ဤတစ်ကြိမ်မှာတော့
ဒေါသမထွက်ပေ။ ရင်ကိုကော့လျက် ယုံကြည်ချက်
ရှိရှိပြောလိုက်သည်။

"ဒါပေါ့၊ ဒီစွမ်းရည်က တအားစွမ်းအားကြီးတာ။
ကိုက်ဖြတ်နတ်ဆိုးသားရဲတွေပဲ ကြားနိုင်တဲ့
ထူးခြားတဲ့ အသံလှိုင်းကို ထုတ်နိုင်တယ်။
အဲ့အသံလှိုင်းက ကိုက်ဖြတ်သားရဲတွေအားလုံးကို
ထိန်းချုပ်နိုင်ပြီး ကျွန်တော့်ရဲ့ကျင့်ကြံဆင့်
မြင့်လာတာနဲ့အမျှ ဒီစွမ်းရည်ကလည်း
ပိုသန်မာလာမှာ။ အခု ကျွန်တော်က အရမ်းကြီး
မသန်မာသေးလို့ရယ်၊ ဒါပေမဲ့ နောက်ပိုင်း
အဆင့်ပိုမြင့်လာတဲ့အခါကျလို့ရှိရင်
ကျင့်ကြံဆင့်ပိုနိမ့်တဲ့အကောင်တွေတင် မဟုတ်ဘဲ
အဆင့်တန်းတူက အကောင်တွေကိုပါ
ထိန်းချုပ်နိုင်လာမှာ"

မူလက အဆင့် (၁၁)(၁၂)လောက်ဟု
ပြောချင်ခဲ့သော်လည်း ဤအဆင့်က နည်းနည်း
များနေ၍ ဟာသလုပ်ခံရမည်ကိုကြိုတင်
ကာကွယ်သည့်အနေဖြင့် မပြောလိုက်တော့ချေ။

နောက်ဆုံးတော့ လင်းရှောင်၏စိတ်ဝင်စားမှုမှာ
မြင့်တက်လာခဲ့သည်။ အစဦးတုန်းကတော့
မျှော်လင့်ချက် နည်းနည်းမှမထားခဲ့ပေ။

မြွေပါသားရဲက အဆင့်မြင့်နတ်ဆိုးသားရဲများ၏
အောက်ခြေမှာရှိပြီး သန္ဓေပြောင်းအကောင်မျိုး
ထွက်ပေါ်မလာခဲ့တာ နှစ်ထောင်ချီပြီဖြစ်၍
မြွေပါသားရဲနှင့်ပတ်သက်သည့် မှတ်တမ်းများမှာ
နည်းပါးလွန်းသည်။ နောက်ထပ် အကြောင်းအရင်း
တစ်ခုကတော့ မြွေပါသားရဲများက အရုပ်ဆိုး၍
ဖြစ်သည်။ အမျိုးသမီးကျင့်ကြံသူများက
သူတို့ကို မနှစ်သက်ကြဘဲ အမျိုးသား
ကျင့်ကြံသူများကလည်း သူတို့ကို
အားနည်းလွန်းသည်ဟု မြင်သောကြောင့်
မြွေပါနတ်ဆိုးသားရဲများနှင့် စာချုပ်ချုပ်သူ
အနည်းအကျဉ်းသာရှိသည်။

လင်းရှောင် - "ဒါဖြင့် စမ်းကြည့်တာပေါ့"

ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်မမြင်ရသေးပေ။

"ဘာကိုလဲ"

စိတ်ကြီးဝင်ပြီးအတွေးလွန်နေသည့်
မြွေပါသားရဲသည် ချက်ချင်းနားမလည်ချေ။

လင်းရှောင်က ဆက်ပြောလိုက်သည်။

"ဒီကျွန်းပေါ်က ကိုက်ဖြတ်သားရဲတွေ
အကုန်လုံး ဆင့်ခေါ်လိုက်"

သူရုတ်တရက်သိလိုက်ရသည်မှာ ဤအသံလှိုင်း
စွမ်းရည်က အတော်လေးအသုံးဝင်သော်လည်း
ဤသားရဲ၏ဉာဏ်ရည်ကတော့ အတော်ကြီးကို
နိမ့်ကျသည်။

မြွေပါသားရဲက တစ်ခဏမျှတွန့်ဆုတ်နေပြီးနောက်
သူပြောသည့်အတိုင်း လုပ်လေသည်။

သူ တွန့်ဆုတ်နေသည့် အကြောင်းအရင်းအား
လင်းရှောင်မှာ ထိုတော့မှနားလည်၏။
ပုံမှန်အားဖြင့် ကိုက်ဖြတ်တတ်သည့်သားရဲများမှာ
မျိုးပွားနှုန်း မြန်ဆန်သည်ကိုမှ ယခုအခါသူတို့အတွက်
ကျောထောက်နောက်ခံ မြွေပါသားရဲရှိနေသဖြင့်
ဤကျွန်းပေါ်ရှိ သူတို့ဘဝက အခြားဘယ်
နတ်ဆိုးသားရဲအမျိုးထက်မဆို ပိုမိုကောင်းမွန်လေရာ
သူတို့အရေအတွက်က အခြားသားရဲများထက်
ဆယ်ဆ အဆနှစ်ဆယ်လောက်ထိ ရှိနေ၏။

အရွယ်စုံဆိုဒ်စုံ ကိုက်ဖြတ်သားရဲများက
ပုရွက်ဆိတ်တွေထွက်လာသလို တောအုပ်ထဲကနေ
ထွက်လာကြသည်။ အိမ်လေး၏ ဘေးပတ်ပတ်လည်
ငါးမီတာ ခြောက်မီတာခန့်တွင် သူတို့နှင့်
ပြည့်သွားသည်။

ထိုသတ္တဝါများက သူတို့တစ်မိသားစုလုံးကိုပါ
ခေါ်လာကြ၏။ ဥပမာ မွေးကာစ
အကောင်လေးများကို သူတို့မိဘတွေက
ကျောပေါ်တင်ခေါ်လာသည်။ လင်းရှောင်က
အကုန်လုံးကို ဆင့်ခေါ်ခိုင်းခဲ့၍ မြွေပါသားရဲက
မွေးကင်းစအကောင်တွေကိုပါ ခေါ်လိုက်ခြင်း
ဖြစ်လောက်သည်။

လင်းရှောင် - "......"

ထင်ထားသလိုပင်၊ ဉာဏ်ရည်က လူသားတွေမှာပဲ
ရှိတဲ့ ကုမရတဲ့ရောဂါမျိုး မဟုတ်ဘဲ
နတ်ဆိုးသားရဲတွေမှာလည်း ကုမရချေ။

ဆေးလုံးသန့်စင်နေသော ယူရှောင်းမိုမှာ
ရုတ်တရက် ကတုန်ကယင်ဖြစ်သွားရသည်။
ကိုက်ဖြတ်သတ္တဝါတွေ အပြုံလိုက်ကြီး
တွေ့လိုက်ရသည့် ပုံမှန်လူတိုင်း လန့်သွားမည်ပင်၊
အထူးသဖြင့် ယူရှောင်းမိုလို ကူးပြောင်းလာသည့်
လူမျိုးအတွက်ပင်။

ကြွက်တွေအများကြီးပဲ!

"ရပြီ၊ ပြန်ခိုင်းလိုက်တော့"

လင်းရှောင်က လက်တစ်ဖက်ခါလိုက်သည်။

"ကောင်းပြီ"

မြွေပါသားရဲမှာ ဇောချွေးပြန်နေပြီး သူ့အမိန့်ကို
ရရချင်း ချက်ချင်းပြန်ခိုင်း၏။ ထိုအခါ
ကိုက်ဖြတ်သတ္တဝါအုပ်ကြီးက တောထဲကို
ဒီရေလှိုင်းလို ပြန်ဆုတ်သွားကြသည်။ အချို့က
နှေးကွေးသည်၊ အချို့က မတော်တဆ
ခလုတ်တိုက်လဲကုန်၏၊ အချို့က တော်တော်
လှမ်းလှမ်းထိ ရောက်ပြီးမှ သူတို့ကလေးတွေ
ပျောက်နေတာ သတိထားမိကာ ပြန်ပြေးလာကြ
သည်.....

သောက်တုံးတစ်အုပ်ပါလား။

ပြီးနောက် လင်းရှောင်က မေးလိုက်သည်။

"ဒီစွမ်းရည်အပြင် တစ်ခြားရှိသေးလား"

ဒါကိုကြားတော့ မြွေပါသားရဲမှာ စိတ်ထဲ
လွန်ဆွဲနေ၏။ သူ့အပေါ် လင်းရှောင်ရဲ့အမြင်ကို
ပြောင်းလဲစေရန်အလို့ငှာ သူ့ရဲ့အမှတ်သင်္ကေတ
စွမ်းရည်ကို ထုတ်ကြွားခဲ့ပြီးပြီဖြစ်သည်။
တစ်ခြားဘာမှ မလုပ်နိုင်တော့တာတော့ မဟုတ်​
သော်ငြား အခြားစွမ်းရည်များက ဤတစ်ခုလောက်
မကောင်းပေ။ သူသာ တကယ်ပဲထုတ်ပြလျှင်
တစ်ခုထက်တစ်ခု ပိုပိုဆိုးလာလိမ့်မည်ဖြစ်ကာ
တစ်ဖက်လူရဲ့အမြင်ကို ပိုဆိုးရွားသွားစေလိမ့်မည်။

"တစ်ခြားစွမ်းရည်... အသေးစားလေးတွေတော့
ရှိပါတယ်။ ကြည့်ချင်လား"

ယခုတစ်ခါတွင် သူက ဝင့်ကြွားမနေတော့ချေ။

လင်းရှောင်က ရယ်လိုက်သည်။

"ထားလိုက်တော့"

မြွေပါသားရဲက သေချာဂရုစိုက်ပြီးမေးကြည့်လိုက်
သည်။

"ဒါဆို ကျွန်တော်အောင်လား"

"မင်းမှာ အသုံးဝင်တဲ့နေရာရှိတယ်ဆိုတော့
အခွင့်အရေးတစ်ခုပေးမယ်... ဒါပေမဲ့..."

မြွေပါသားရဲမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်
ကြွေးကြော်လုနီးပါး ဖြစ်သွားသော်လည်း
'ဒါပေမဲ့'ကို ကြားလိုက်ရသည့်အခါ ချွေးပြန်လာ
ရပြန်လေသည်။

"ဒါပေမဲ့ ငါက သူနဲ့တွေ့ဖို့ အခွင့်အရေးတစ်ခု
ပေးရုံတင်။ သူက မင်းနဲ့စာချုပ်ချုပ်မလား
မချုပ်ဘူးလားဆိုတာကတော့ သူ့အပေါ်ပဲ
မူတည်တယ်"

လင်းရှောင်က ဆေးလုံးသန့်စင်နေသည့်
ယူရှောင်းမိုထံ အကြည့်ရောက်သွားသည်။
ဒီကနေ့လည်း ချောမွေ့သည်ပင်။ နောက်ထပ်
လျှပ်စီးအတိဒုက္ခလာရန်မှာ သိပ်ကြာတော့မည်
မဟုတ်ပေ။

မြွေပါသားရဲမှာ မျက်နှာညှိုးကျသွားသော်လည်း
စိတ်ဓာတ်တော့မကျပေ။ အလုပ်ကြိုးကြိုးစားစား
လုပ်ပြီး သခင် သူနဲ့စာချုပ်ချုပ်အောင်လုပ်ဖို့ပဲ
လိုသည်၊ ဒါဆိုရင် နောင်မှာ အရသာရှိသည့်
ကြက်ဆင်များစားနိုင်လိမ့်မည်။

သွားကြမယ်ဟေ့! ဟေ့ ဟေ့​ ဟေ့!

သူက ကြက်ဆင်ကို မျက်စောင်းထိုးနေတာမှန်း
ယူရှောင်းမိုသာသိခဲ့လျှင် သူနဲ့ စာချုပ်မချုပ်ဖို့
သေချာသည်။

သူ့ရဲ့ချုံးအသင်းမှာ အစားပုတ်များ
လုံလုံလောက်လောက်ရှိနေပြီဖြစ်သည်။
နောက်တစ်ကောင် ထပ်တိုးလာပါက သူ
နိုင်တော့မည်မဟုတ်ချေ။ ထို့ပြင် သူက
အစားပုတ်အသင်းတစ်သင်း ဖွဲ့ဖို့ ရည်ရွယ်ထားတာ
မဟုတ်ပေ။

လျှပ်စီးအတိဒုက္ခ ကျရောက်လာသည့်အခါ
လှုပ်ရှားသူမှာ ယူရှောင်းမိုသာလျှင် ဖြစ်သည်။

ကြည့်ရတာ လွယ်ကူပုံပေါ်သော်လည်း
အမှန်မှာ မလွယ်ကြောင်းကို ကြုံဖူးသူများသာ
သိကြသည်။ တအားများလွယ်နေလျှင်
လျှပ်စီးအတိဒုက္ခကြောင့် ဒုက္ခရောက်နေရသည့်
သက်တန့်အဆင့်မှော်ဆရာများ၊ သို့မဟုတ်
လျှပ်စီးစာမိ၍ သူတို့ကြိုးစားထားသမျှအကုန်
သဲထဲရေသွန်ဖြစ်သွားရခြင်းများ ရှိနေမည်
မဟုတ်ပေ။

တစ်နာရီကြာပြီးနောက်၌ မိုးကြိုးတိမ်တိုက်များ
လွင့်ပါးသွားသည်။

ယူရှောင်းမိုက ဆေးပေါင်းအိုးထဲမှ ဆေးလုံးအသစ်ကို
ယူလိုက်ပြီး အရင်တစ်ခုနှင့်အတူထားလိုက်သည်။
နှစ်လုံးဆို လုံလောက်ပြီ။ အကယ်၍
ပြတ်သွားပါက နောင်မှာ သူ ထပ်လုပ်လို့ရပေသည်။
ထိုအခါဆို စိုက်ခင်းထဲရှိ ဆေးပင်များလည်း
ရင့်လောက်ပြီဖြစ်သည်။

"သူက ဘယ်သူလဲ"

ယူရှောင်းမိုက လင်းရှောင်ဆီ လျှောက်လာလာချင်းမှာ
မြွေပါနတ်ဆိုးသားရဲကို သတိပြုမိလိုက်သည်။
အရင်တစ်ခါက မြွေပါသားရဲကို သူ​မမြင်လိုက်ရ၍
ကျွန်းသခင်က ဘယ်လိုပုံရှိလဲ သူမသိပေ။

မြွေပါသားရဲက ချက်ချင်း ဖားယားသည့်
အပြုံးပြုံးပြသည်၊ သို့ပေမဲ့ အရမ်းတော့
မအောင်မြင်ချေ။ သူက သိပ်ကြည့်ကောင်းတာ
မဟုတ်၍ အပြုံးက နည်းနည်းလန့်ဖို့ကောင်းနေလေ
သည်။

ယူရှောင်းမို၏ပါးစပ်ထောင့်များ တွန့်သွားလေသည်။

လင်းရှောင်က ပြုံးကာ ရှင်းပြလိုက်သည်။

"သူက ဒီကျွန်းသခင် မြွေပါနတ်ဆိုးသားရဲ။
သူက မင်းနဲ့စာချုပ်ချုပ်ချင်နေတာ။ သူ့ကို
လိုချင်လား မလိုချင်ဘူးလား မင်းဆုံးဖြတ်"

ယူရှောင်းမိုက တွေဝေသွားသည်။
နတ်ဆိုးသားရဲတစ်ကောင်က သူနဲ့စာချုပ်ချုပ်ရန်
လာကြိုးစားသည်မှာ ယခုက ပထမဆုံးပင်။

ယေဘုယျအားဖြင့် နတ်ဆိုးသားရဲက
ပိုရှားပါးလေလေ ပိုအဖိုးတန်လေလေဖြစ်သည်။
စာချုပ်အတွက်ပြေးလာသည့် အကောင်များနှင့်
ကျင့်ကြံသူများမှ လိုက်ရှာရသည့်အကောင်များမှာ
မတူကြပေ။ နောက်တစ်ခုက ပိုအဖိုးတန်သည်ဟု
ယူဆသည်။

မြွေပါသားရဲသည် သူတွေဝေနေမှန်းသိသဖြင့်
အလျင်စလိုပြောလိုက်၏။

"သခင် ကျွန်တော်က သာမာန်မြွေပါသားရဲလို့
ထင်ရပေမဲ့ တကယ်ကိုသန်မာပါတယ်။
ကိုက်ဖြတ်သတ္တဝါတွေ အများကြီးကို
ထိန်းချုပ်စေခိုင်းပြီး သခင့်အတွက် သတင်း
စုဆောင်းပေးနိုင်တယ်။ ကျွန်တော် ကတိပေးတယ်
သခင် ကျွန်တော်နဲ့ စာချုပ်ချုပ်မယ်ဆိုရင်
သခင့်ကို စိတ်မပျက်စေရပါဘူး။ ကျွန်တော့်မှာ
တစ်ခြား စွမ်းရည်တွေလည်းရှိသေးတယ်......"

နတ်ဆိုးသားရဲတစ်ကောင် သူတို့စွမ်းရည်ကို
ရောင်းစားတာကို မြင်ဖူးသည်မှာလည်း
ယခုက ပထမဆုံးပင်။
________________________

//Zawgyi//

အပိုင္း ၅၉၉- အသံုးဝင္တဲ့တန္ဖိုး

လင္းေရွာင္က စတင္ရယ္ေမာေလေတာ့သည္။

ႁမြေပါသားရဲသည္ သူရယ္သၫ့္အေၾကာင္းအရင္းကို
နားမလည္ေသာ္လည္း လိုက္ရယ္ေလ၏၊ သို႔ေသာ္
ခဏအၾကာ၌ မရယ္ႏိုင္ေတာ့ေခ်။

"မင္းလို ႁမြေပါသားရဲကမ်ား? တကယ္ႀကီးလား?"

လင္းေရွာင္က ညင္သာစြာေျပာေနျခင္းျဖစ္သၫ့္တိုင္
သူ႔ေလသံထဲတြင္ အထင္ေသးျခင္း ပါဝင္ေနသည္။
သူ႔အတြက္ျဖစ္ျဖစ္ ယူေရွာင္းမိုအတြက္ပဲျဖစ္ျဖစ္
သူတို႔ေနာက္လိုက္မၫ့္သားရဲက သာမာန္သားရဲသာဆို
ဝန္ထုပ္ဝန္ပိုးျဖစ္တာပဲ အဖတ္တင္လိမ့္မည္။

ႁမြေပါသားရဲက အဆင့္ျမင့္နတ္ဆိုးသားရဲတစ္မ်ိဳး
ျဖစ္ၿပီး သႏၶေျပာင္းအမ်ိဳးျဖစ္ေနလ်ွင္ေတာင္
အဆင့္ျမင့္နတ္ဆိုးသားရဲေတြၾကားမွာ သူ႔ရဲ့
တိုက္ခိုက္ႏိုင္စြမ္းက အေတာ္တန္နိမ့္သည္။
သူတို႔ရဲ့တိုက္ပဲြမွာ သူက အေထာက္အကူ
ေကာင္းျဖစ္လိမ့္မည္မဟုတ္ေပ။ ဒီကၽြန္းေလးကို
သူ အုပ္ခ်ဳပ္ႏိုင္ရသၫ့္ တစ္ခုတည္းေသာ
အေၾကာင္းအရင္းက စြမ္းအားႀကီး
နတ္ဆိုးသားရဲေတြ မရိွေနလို႔ပဲျဖစ္သည္။

ႁမြေပါသားရဲသည္ တစ္ဖက္က သူ႔ကို
ေစာ္ကားေနျခင္းမွန္း ရွင္းလင္းစြာခံစားမိ၍
ေဒါသေၾကာင့္ မ်က္လံုးမ်ား နီရဲလာေတာ့သည္။

သူက ရွၪ့္မ်ိဳးႏြယ္ဝင္ျဖစ္ေနေတာ့ေရာ ဘာျဖစ္လဲ။
သူကေတာ့ ဂုဏ္ယူတယ္!

"တကယ္ႀကီးလားဆိုတာ ဘာကိုဆိုလိုတာလဲ။
ဒီကိုယ္ေတာ့္ အေပါင္းအပါျဖစ္လာႏိုင္မွာကို
မင္းဂုဏ္ယူသင့္တယ္။ သခင့္အတြက္မို႔သာ
မဟုတ္လို႔ရိွရင္ ဒီကိုယ္ေတာ္က ကိုယ့္ကိုယ္ကိုယ္
ႏိွမ့္ခ်ၿပီး မင္းလိုလူမ်ိဳးနဲ႔ သခင္တစ္ေယာက္တည္း
မ်ွေဝမွာမဟုတ္ဘူး"

"ဒါက သူမ်ားရဲ့ဆက္ႏြယ္သားရဲျဖစ္လာခ်င္တဲ့
မင္းရဲ့စိတ္ဓာတ္ေပါ့ေလ"

လင္းေရွာင္က စိတ္အေျခအေနေကာင္းေနပံုရကာ
ႏႈတ္ခမ္းေထာင့္မ်ား ျမင့္တက္သြားသည္။
သူက တကယ္ကို ဒီမွာထိုင္ၿပီး ႁမြေပါသားရဲႏွင့္
ျငင္းခံုခ်င္တာျဖစ္ေပမဲ့ ႁမြေပါသားရဲကေတာ့
သိပ္ေပ်ာ္ရႊင္မေနေခ်။

"ဒီကိုယ္ေတာ္က မင္းနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္တာမွ
မဟုတ္တာ၊ ဒီကိုယ္ေတာ့္ သေဘာထားက
ဘယ္လိုပဲေနေန မင္းနဲ႔ဘာဆိုင္လို႔လဲ"

ႁမြေပါသားရဲက ေမာက္မာဝင့္ႂကြားစြာ
ျပန္ေျဖလိုက္၏။

"ငါနဲ႔ဆိုင္တာေပါ့" လင္းေရွာင္က မ်က္လံုးေမွး
လိုက္သည္။

ႁမြေပါသားရဲ၏အမူအယာက မေျပာင္းမလဲ
ဆက္ရိွေနၿပီး မယံုၾကည္တာထင္ရွားသည္။

"ဒါျဖင့္ ဆက္ေျပာပါဦး၊ မင္းနဲ႔ဘာဆိုင္လို႔လဲ"

လင္းေရွာင္က ရႊင္ျမဴးေနသၫ့္အသံျဖင့္
ျပန္ေျဖလိုက္ေလသည္။

"သူနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္တဲ့ ဘယ္သားရဲမဆို
ငါ့ဆီက ခြင့္ျပဳခ်က္ရမွရမယ္။ ဘာလို႔လဲဆိုေတာ့...
ရွင္းပါတယ္... သူက ငါ့အပိုင္မလို႔ေလ"

"ငါ့အပိုင္?" ႁမြေပါသားရဲ ေၾကာင္အသြားေတာ့၏။

သူေတြးမိတဲ့ဟာမ်ားလား။

"မင္း..."

လင္းေရွာင္က လက္ပိုက္လိုက္သည္။

"မင္း သူ႔ရဲ့နတ္ဆိုးသားရဲျဖစ္ခ်င္တယ္ဆို...
ရတာေပါ့၊ ဒါေပမဲ့ အရင္ဆံုး ငါ့ကိုေျပာ၊
မင္းမွာ အသံုးဝင္တဲ့ေနရာဘယ္ေနရာရိွလဲ"

ႁမြေပါသားရဲမွာ မည္ကဲ့သို႔တံု႔ျပန္ရမည္မွန္း
လံုးဝမသိေတာ့ေခ်။ တစ္ဖက္လူက 'အသံုးက်တဲ့
ေနရာ' ဟု ပြင့္ပြင့္လင္းလင္းသံုးႏႈန္းျခင္းက သူ႔ကို
ေၾကာင္အေစသည္။ တစ္ခဏေလာက္ထိ သူ႔မွာ
ဆြံ႔အေန၏။

"ငါက စိတ္သိပ္မရွည္တတ္ဘူးေနာ္"
လင္းေရွာင္က အသာေျပာလိုက္သည္။

ႁမြေပါသားရဲသည္ အသိျပန္ဝင္လာ၏။ တစ္ခ်ိဳ႕ေသာ
အရာမ်ားအတြက္က အမွန္ဟုတ္ဟုတ္မဟုတ္ဟုတ္
ယံုၾကည္လိုက္တာ ပိုေကာင္းသည္။ ဤကၽြန္းက
အေတာ္ေလး ေခါင္တာေၾကာင့္ သူေျပာဆို
ဆက္ဆံဖူးသၫ့္ လူ၊ သားရဲအေရအတြက္မွာ
အကန႔္အသတ္ရိွရာ ဒါက ေတာ္ေတာ္ေလး
ျဖစ္ႏိုင္ေျခမရိွသလို ျဖစ္ေနသည္။ ေယာက္်ား
တစ္ေယာက္နဲ႔ အျခားေယာက္်ားတစ္ေယာက္
အတူတူရိွတာမ်ိဳးကို သူၾကားေတာင္မၾကားဖူးေပ။

သို႔ေပမဲ့ သူ မယံုဘဲေနလို႔မရေပ၊ မဟုတ္လို႔
အကယ္၍မ်ား ဒါကအမွန္ျဖစ္ေနခဲ့ရင္
သူ႔သခင္ရဲ့ေနာက္တစ္ျခမ္းကို အျပစ္ျပဳမိသလို
ျဖစ္သြားၿပီမဟုတ္ေပဘူးလား။

လိမၼာပါးနပ္ၿပီး အံ့ဩဖြယ္ေကာင္းသၫ့္
ႁမြေပါသားရဲတစ္ေကာင္အေနျဖင့္ သူ႔ရဲစြမ္းသတၲိကို
ထုတ္ျပၿပီး သခင့္ေနာက္တစ္ျခမ္း၏
အသိအမွတ္ျပဳမႈကို ရေအာင္ယူရမည္။

"ကၽြန္ေတာ္က တအားအသံုးဝင္ပါတယ္၊
ၿပီးေတာ့ တစ္ေနရာတည္းမဟုတ္ဘူး..."

ႁမြေပါသားရဲက အ,ထစ္ အ,ထစ္ျဖင့္ေျပာေလသည္။

"ကၽြန္ေတာ္ အေကာင္းဆံုးအသံုးဝင္တဲ့ေနရာက
ဆက္သြယ္ေရးကြန္ရက္ပဲ"

"အိုး? အဲ့တာ ဘယ္လိုအလုပ္လုပ္သလဲ"

ႁမြေပါသားရဲမွာ သူ႔ရဲ့အမူအယာမဲ့ေနသၫ့္
မ်က္ႏွာေၾကာင့္ သူ႔အေတြးကို မဖတ္ႏိုင္ရိွေန၍
ဆက္ေျပာရံုသာတတ္ႏိုင္ေလသည္။

"ကၽြန္ေတာ့္မွာ သာမာန္ႁမြေပါသားရဲေတြမွာ
မရိွတဲ့ ကိုက္ျဖတ္တတ္တဲ့နတ္ဆိုးသားရဲေတြ
အားလံုးကို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းရည္တစ္မ်ိဳး
ရိွတယ္။ ဒီစြမ္းရည္က ကၽြန္ေတာ့္လို
သႏၶေျပာင္းအေကာင္ေတြမွာပဲ ရိွတာ"

လင္းေရွာင္က မ်က္ခံုးတစ္ဖက္ပင့္သည္။

"ဘာရယ္။ မင္းကလား"

ႁမြေပါသားရဲမွာ အထင္ေသးခံလိုက္ရျပန္သည္ဟု
ခံစားရေသာ္လည္း ဤတစ္ႀကိမ္မွာေတာ့
ေဒါသမထြက္ေပ။ ရင္ကိုေကာ့လ်က္ ယံုၾကည္ခ်က္
ရိွရိွေျပာလိုက္သည္။

"ဒါေပါ့၊ ဒီစြမ္းရည္က တအားစြမ္းအားႀကီးတာ။
ကိုက္ျဖတ္နတ္ဆိုးသားရဲေတြပဲ ၾကားႏိုင္တဲ့
ထူးျခားတဲ့ အသံလိႈင္းကို ထုတ္ႏိုင္တယ္။
အဲ့အသံလိႈင္းက ကိုက္ျဖတ္သားရဲေတြအားလံုးကို
ထိန္းခ်ဳပ္ႏိုင္ၿပီး ကၽြန္ေတာ့္ရဲ့က်င့္ႀကံဆင့္
ျမင့္လာတာနဲ႔အမ်ွ ဒီစြမ္းရည္ကလည္း
ပိုသန္မာလာမွာ။ အခု ကၽြန္ေတာ္က အရမ္းႀကီး
မသန္မာေသးလို႔ရယ္၊ ဒါေပမဲ့ ေနာက္ပိုင္း
အဆင့္ပိုျမင့္လာတဲ့အခါက်လို႔ရိွရင္
က်င့္ႀကံဆင့္ပိုနိမ့္တဲ့အေကာင္ေတြတင္ မဟုတ္ဘဲ
အဆင့္တန္းတူက အေကာင္ေတြကိုပါ
ထိန္းခ်ဳပ္ႏိုင္လာမွာ"

မူလက အဆင့္ (၁၁)(၁၂)ေလာက္ဟု
ေျပာခ်င္ခဲ့ေသာ္လည္း ဤအဆင့္က နည္းနည္း
မ်ားေန၍ ဟာသလုပ္ခံရမည္ကိုႀကိဳတင္
ကာကြယ္သၫ့္အေနျဖင့္ မေျပာလိုက္ေတာ့ေခ်။

ေနာက္ဆံုးေတာ့ လင္းေရွာင္၏စိတ္ဝင္စားမႈမွာ
ျမင့္တက္လာခဲ့သည္။ အစဦးတုန္းကေတာ့
ေမ်ွာ္လင့္ခ်က္ နည္းနည္းမွမထားခဲ့ေပ။

ႁမြေပါသားရဲက အဆင့္ျမင့္နတ္ဆိုးသားရဲမ်ား၏
ေအာက္ေျခမွာရိွၿပီး သႏၶေျပာင္းအေကာင္မ်ိဳး
ထြက္ေပၚမလာခဲ့တာ ႏွစ္ေထာင္ခ်ီၿပီျဖစ္၍
ႁမြေပါသားရဲႏွင့္ပတ္သက္သၫ့္ မွတ္တမ္းမ်ားမွာ
နည္းပါးလြန္းသည္။ ေနာက္ထပ္ အေၾကာင္းအရင္း
တစ္ခုကေတာ့ ႁမြေပါသားရဲမ်ားက အရုပ္ဆိုး၍
ျဖစ္သည္။ အမ်ိဳးသမီးက်င့္ႀကံသူမ်ားက
သူတို႔ကို မႏွစ္သက္ၾကဘဲ အမ်ိဳးသား
က်င့္ႀကံသူမ်ားကလည္း သူတို႔ကို
အားနည္းလြန္းသည္ဟု ျမင္ေသာေၾကာင့္
ႁမြေပါနတ္ဆိုးသားရဲမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္သူ
အနည္းအက်ဉ္းသာရိွသည္။

လင္းေရွာင္ - "ဒါျဖင့္ စမ္းၾကၫ့္တာေပါ့"

ဘယ္လိုပဲျဖစ္ျဖစ္ သူကိုယ္တိုင္မျမင္ရေသးေပ။

"ဘာကိုလဲ"

စိတ္ႀကီးဝင္ၿပီးအေတြးလြန္ေနသၫ့္
ႁမြေပါသားရဲသည္ ခ်က္ခ်င္းနားမလည္ေခ်။

လင္းေရွာင္က ဆက္ေျပာလိုက္သည္။

"ဒီကၽြန္းေပၚက ကိုက္ျဖတ္သားရဲေတြ
အကုန္လံုး ဆင့္ေခၚလိုက္"

သူရုတ္တရက္သိလိုက္ရသည္မွာ ဤအသံလိႈင္း
စြမ္းရည္က အေတာ္ေလးအသံုးဝင္ေသာ္လည္း
ဤသားရဲ၏ဉာဏ္ရည္ကေတာ့ အေတာ္ႀကီးကို
နိမ့္က်သည္။

ႁမြေပါသားရဲက တစ္ခဏမ်ွတြန႔္ဆုတ္ေနၿပီးေနာက္
သူေျပာသၫ့္အတိုင္း လုပ္ေလသည္။

သူ တြန႔္ဆုတ္ေနသၫ့္ အေၾကာင္းအရင္းအား
လင္းေရွာင္မွာ ထိုေတာ့မွနားလည္၏။
ပံုမွန္အားျဖင့္ ကိုက္ျဖတ္တတ္သၫ့္သားရဲမ်ားမွာ
မ်ိဳးပြားႏႈန္း ျမန္ဆန္သည္ကိုမွ ယခုအခါသူတို႔အတြက္
ေက်ာေထာက္ေနာက္ခံ ႁမြေပါသားရဲရိွေနသျဖင့္
ဤကၽြန္းေပၚရိွ သူတို႔ဘဝက အျခားဘယ္
နတ္ဆိုးသားရဲအမ်ိဳးထက္မဆို ပိုမိုေကာင္းမြန္ေလရာ
သူတို႔အေရအတြက္က အျခားသားရဲမ်ားထက္
ဆယ္ဆ အဆႏွစ္ဆယ္ေလာက္ထိ ရိွေန၏။

အရြယ္စံုဆိုဒ္စံု ကိုက္ျဖတ္သားရဲမ်ားက
ပုရြက္ဆိတ္ေတြထြက္လာသလို ေတာအုပ္ထဲကေန
ထြက္လာၾကသည္။ အိမ္ေလး၏ ေဘးပတ္ပတ္လည္
ငါးမီတာ ေျခာက္မီတာခန႔္တြင္ သူတို႔ႏွင့္
ျပၫ့္သြားသည္။

ထိုသတၲဝါမ်ားက သူတို႔တစ္မိသားစုလံုးကိုပါ
ေခၚလာၾက၏။ ဥပမာ ေမြးကာစ
အေကာင္ေလးမ်ားကို သူတို႔မိဘေတြက
ေက်ာေပၚတင္ေခၚလာသည္။ လင္းေရွာင္က
အကုန္လံုးကို ဆင့္ေခၚခိုင္းခဲ့၍ ႁမြေပါသားရဲက
ေမြးကင္းစအေကာင္ေတြကိုပါ ေခၚလိုက္ျခင္း
ျဖစ္ေလာက္သည္။

လင္းေရွာင္ - "......"

ထင္ထားသလိုပင္၊ ဉာဏ္ရည္က လူသားေတြမွာပဲ
ရိွတဲ့ ကုမရတဲ့ေရာဂါမ်ိဳး မဟုတ္ဘဲ
နတ္ဆိုးသားရဲေတြမွာလည္း ကုမရေခ်။

ေဆးလံုးသန႔္စင္ေနေသာ ယူေရွာင္းမိုမွာ
ရုတ္တရက္ ကတုန္ကယင္ျဖစ္သြားရသည္။
ကိုက္ျဖတ္သတၲဝါေတြ အႃပံုလိုက္ႀကီး
ေတြ့လိုက္ရသၫ့္ ပံုမွန္လူတိုင္း လန႔္သြားမည္ပင္၊
အထူးသျဖင့္ ယူေရွာင္းမိုလို ကူးေျပာင္းလာသၫ့္
လူမ်ိဳးအတြက္ပင္။

ႂကြက္ေတြအမ်ားႀကီးပဲ!

"ရၿပီ၊ ျပန္ခိုင္းလိုက္ေတာ့"

လင္းေရွာင္က လက္တစ္ဖက္ခါလိုက္သည္။

"ေကာင္းၿပီ"

ႁမြေပါသားရဲမွာ ေဇာခၽြေးျပန္ေနၿပီး သူ႔အမိန႔္ကို
ရရခ်င္း ခ်က္ခ်င္းျပန္ခိုင္း၏။ ထိုအခါ
ကိုက္ျဖတ္သတၲဝါအုပ္ႀကီးက ေတာထဲကို
ဒီေရလိႈင္းလို ျပန္ဆုတ္သြားၾကသည္။ အခ်ိဳ႕က
ေနွးေကြးသည္၊ အခ်ိဳ႕က မေတာ္တဆ
ခလုတ္တိုက္လဲကုန္၏၊ အခ်ိဳ႕က ေတာ္ေတာ္
လွမ္းလွမ္းထိ ေရာက္ၿပီးမွ သူတို႔ကေလးေတြ
ေပ်ာက္ေနတာ သတိထားမိကာ ျပန္ေျပးလာၾက
သည္.....

ေသာက္တံုးတစ္အုပ္ပါလား။

ၿပီးေနာက္ လင္းေရွာင္က ေမးလိုက္သည္။

"ဒီစြမ္းရည္အျပင္ တစ္ျခားရိွေသးလား"

ဒါကိုၾကားေတာ့ ႁမြေပါသားရဲမွာ စိတ္ထဲ
လြန္ဆဲြေန၏။ သူ႔အေပၚ လင္းေရွာင္ရဲ့အျမင္ကို
ေျပာင္းလဲေစရန္အလို႔ငွာ သူ႔ရဲ့အမွတ္သေကၤတ
စြမ္းရည္ကို ထုတ္ႂကြားခဲ့ၿပီးၿပီျဖစ္သည္။
တစ္ျခားဘာမွ မလုပ္ႏိုင္ေတာ့တာေတာ့ မဟုတ္​
ေသာ္ျငား အျခားစြမ္းရည္မ်ားက ဤတစ္ခုေလာက္
မေကာင္းေပ။ သူသာ တကယ္ပဲထုတ္ျပလ်ွင္
တစ္ခုထက္တစ္ခု ပိုပိုဆိုးလာလိမ့္မည္ျဖစ္ကာ
တစ္ဖက္လူရဲ့အျမင္ကို ပိုဆိုးရြားသြားေစလိမ့္မည္။

"တစ္ျခားစြမ္းရည္... အေသးစားေလးေတြေတာ့
ရိွပါတယ္။ ၾကၫ့္ခ်င္လား"

ယခုတစ္ခါတြင္ သူက ဝင့္ႂကြားမေနေတာ့ေခ်။

လင္းေရွာင္က ရယ္လိုက္သည္။

"ထားလိုက္ေတာ့"

ႁမြေပါသားရဲက ေသခ်ာဂရုစိုက္ၿပီးေမးၾကၫ့္လိုက္
သည္။

"ဒါဆို ကၽြန္ေတာ္ေအာင္လား"

"မင္းမွာ အသံုးဝင္တဲ့ေနရာရိွတယ္ဆိုေတာ့
အခြင့္အေရးတစ္ခုေပးမယ္... ဒါေပမဲ့..."

ႁမြေပါသားရဲမွာ စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ဟစ္
ႂကြေးေၾကာ္လုနီးပါး ျဖစ္သြားေသာ္လည္း
'ဒါေပမဲ့'ကို ၾကားလိုက္ရသၫ့္အခါ ခၽြေးျပန္လာ
ရျပန္ေလသည္။

"ဒါေပမဲ့ ငါက သူနဲ႔ေတြ့ဖို႔ အခြင့္အေရးတစ္ခု
ေပးရံုတင္။ သူက မင္းနဲ႔စာခ်ဳပ္ခ်ဳပ္မလား
မခ်ဳပ္ဘူးလားဆိုတာကေတာ့ သူ႔အေပၚပဲ
မူတည္တယ္"

လင္းေရွာင္က ေဆးလံုးသန႔္စင္ေနသၫ့္
ယူေရွာင္းမိုထံ အၾကၫ့္ေရာက္သြားသည္။
ဒီကေန့လည္း ေခ်ာေမြ့သည္ပင္။ ေနာက္ထပ္
လ်ွပ္စီးအတိဒုကၡလာရန္မွာ သိပ္ၾကာေတာ့မည္
မဟုတ္ေပ။

ႁမြေပါသားရဲမွာ မ်က္ႏွာၫွိုးက်သြားေသာ္လည္း
စိတ္ဓာတ္ေတာ့မက်ေပ။ အလုပ္ႀကိဳးႀကိဳးစားစား
လုပ္ၿပီး သခင္ သူနဲ႔စာခ်ဳပ္ခ်ဳပ္ေအာင္လုပ္ဖို႔ပဲ
လိုသည္၊ ဒါဆိုရင္ ေနာင္မွာ အရသာရိွသၫ့္
ၾကက္ဆင္မ်ားစားႏိုင္လိမ့္မည္။

သြားၾကမယ္ေဟ့! ေဟ့ ေဟ့​ ေဟ့!

သူက ၾကက္ဆင္ကို မ်က္ေစာင္းထိုးေနတာမွန္း
ယူေရွာင္းမိုသာသိခဲ့လ်ွင္ သူနဲ႔ စာခ်ဳပ္မခ်ဳပ္ဖို႔
ေသခ်ာသည္။

သူ႔ရဲ့ခ်ဳံးအသင္းမွာ အစားပုတ္မ်ား
လံုလံုေလာက္ေလာက္ရိွေနၿပီျဖစ္သည္။
ေနာက္တစ္ေကာင္ ထပ္တိုးလာပါက သူ
ႏိုင္ေတာ့မည္မဟုတ္ေခ်။ ထို႔ျပင္ သူက
အစားပုတ္အသင္းတစ္သင္း ဖဲြ႔ဖို႔ ရည္ရြယ္ထားတာ
မဟုတ္ေပ။

လ်ွပ္စီးအတိဒုကၡ က်ေရာက္လာသၫ့္အခါ
လႈပ္ရွားသူမွာ ယူေရွာင္းမိုသာလ်ွင္ ျဖစ္သည္။

ၾကၫ့္ရတာ လြယ္ကူပံုေပၚေသာ္လည္း
အမွန္မွာ မလြယ္ေၾကာင္းကို ႄကံုဖူးသူမ်ားသာ
သိၾကသည္။ တအားမ်ားလြယ္ေနလ်ွင္
လ်ွပ္စီးအတိဒုကၡေၾကာင့္ ဒုကၡေရာက္ေနရသၫ့္
သက္တန႔္အဆင့္ေမွာ္ဆရာမ်ား၊ သို႔မဟုတ္
လ်ွပ္စီးစာမိ၍ သူတို႔ႀကိဳးစားထားသမ်ွအကုန္
သဲထဲေရသြန္ျဖစ္သြားရျခင္းမ်ား ရိွေနမည္
မဟုတ္ေပ။

တစ္နာရီၾကာၿပီးေနာက္၌ မိုးႀကိဳးတိမ္တိုက္မ်ား
လြင့္ပါးသြားသည္။

ယူေရွာင္းမိုက ေဆးေပါင္းအိုးထဲမွ ေဆးလံုးအသစ္ကို
ယူလိုက္ၿပီး အရင္တစ္ခုႏွင့္အတူထားလိုက္သည္။
ႏွစ္လံုးဆို လံုေလာက္ၿပီ။ အကယ္၍
ျပတ္သြားပါက ေနာင္မွာ သူ ထပ္လုပ္လို႔ရေပသည္။
ထိုအခါဆို စိုက္ခင္းထဲရိွ ေဆးပင္မ်ားလည္း
ရင့္ေလာက္ၿပီျဖစ္သည္။

"သူက ဘယ္သူလဲ"

ယူေရွာင္းမိုက လင္းေရွာင္ဆီ ေလ်ွာက္လာလာခ်င္းမွာ
ႁမြေပါနတ္ဆိုးသားရဲကို သတိျပဳမိလိုက္သည္။
အရင္တစ္ခါက ႁမြေပါသားရဲကို သူ​မျမင္လိုက္ရ၍
ကၽြန္းသခင္က ဘယ္လိုပံုရိွလဲ သူမသိေပ။

ႁမြေပါသားရဲက ခ်က္ခ်င္း ဖားယားသၫ့္
အႃပံုးႃပံုးျပသည္၊ သို႔ေပမဲ့ အရမ္းေတာ့
မေအာင္ျမင္ေခ်။ သူက သိပ္ၾကၫ့္ေကာင္းတာ
မဟုတ္၍ အႃပံုးက နည္းနည္းလန႔္ဖို႔ေကာင္းေနေလ
သည္။

ယူေရွာင္းမို၏ပါးစပ္ေထာင့္မ်ား တြန႔္သြားေလသည္။

လင္းေရွာင္က ႃပံုးကာ ရွင္းျပလိုက္သည္။

"သူက ဒီကၽြန္းသခင္ ႁမြေပါနတ္ဆိုးသားရဲ။
သူက မင္းနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္ေနတာ။ သူ႔ကို
လိုခ်င္လား မလိုခ်င္ဘူးလား မင္းဆံုးျဖတ္"

ယူေရွာင္းမိုက ေတြေဝသြားသည္။
နတ္ဆိုးသားရဲတစ္ေကာင္က သူနဲ႔စာခ်ဳပ္ခ်ဳပ္ရန္
လာႀကိဳးစားသည္မွာ ယခုက ပထမဆံုးပင္။

ေယဘုယ်အားျဖင့္ နတ္ဆိုးသားရဲက
ပိုရွားပါးေလေလ ပိုအဖိုးတန္ေလေလျဖစ္သည္။
စာခ်ဳပ္အတြက္ေျပးလာသၫ့္ အေကာင္မ်ားႏွင့္
က်င့္ႀကံသူမ်ားမွ လိုက္ရွာရသၫ့္အေကာင္မ်ားမွာ
မတူၾကေပ။ ေနာက္တစ္ခုက ပိုအဖိုးတန္သည္ဟု
ယူဆသည္။

ႁမြေပါသားရဲသည္ သူေတြေဝေနမွန္းသိသျဖင့္
အလ်င္စလိုေျပာလိုက္၏။

"သခင္ ကၽြန္ေတာ္က သာမာန္ႁမြေပါသားရဲလို႔
ထင္ရေပမဲ့ တကယ္ကိုသန္မာပါတယ္။
ကိုက္ျဖတ္သတၲဝါေတြ အမ်ားႀကီးကို
ထိန္းခ်ဳပ္ေစခိုင္းၿပီး သခင့္အတြက္ သတင္း
စုေဆာင္းေပးႏိုင္တယ္။ ကၽြန္ေတာ္ ကတိေပးတယ္
သခင္ ကၽြန္ေတာ္နဲ႔ စာခ်ဳပ္ခ်ဳပ္မယ္ဆိုရင္
သခင့္ကို စိတ္မပ်က္ေစရပါဘူး။ ကၽြန္ေတာ့္မွာ
တစ္ျခား စြမ္းရည္ေတြလည္းရိွေသးတယ္......"

နတ္ဆိုးသားရဲတစ္ေကာင္ သူတို႔စြမ္းရည္ကို
ေရာင္းစားတာကို ျမင္ဖူးသည္မွာလည္း
ယခုက ပထမဆံုးပင္။
________________________







Continue Reading

You'll Also Like

219K 25.4K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
87.9K 12.8K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
620K 69.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...