The Legendary Master's Wife [...

Por melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Más

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-598

6.9K 1.4K 156
Por melon_rays

Special thanks to 'lovetoeatbaozi'.
__________________________________

//Unicode//

အပိုင်း ၅၉၈- လာလည်ခြင်း

ကြွက်သားရဲများက သူတို့ဘုရင်အတွက်
စိတ်အားထက်သန်စွာ ဟစ်ကြွေးကြသည်။
ပြွတ်သိပ်ခတ်နေသည့် ကြွက်အုပ်တစ်အုပ်၏
တကျွိကျွိအော်သံများက အဆတစ်ရာခန့်
ပိုကျယ်နေပုံပေါ်ပြီး လူတစ်ယောက်ကို
ခေါင်းထဲတဝီဝီဖြစ်လာစေသည်အထိ ဆူညံနေလေ
သည်။

ယူရှောင်းမိုက အိမ်အရှေ့ဘက်မှာဖြစ်၏။
သူက ဆေးလုံးသန့်စင်ခြင်း အလယ်မှာဖြစ်ပြီး
ဆေးလုံးဖြစ်တည်တော့မည့် နောက်ဆုံးအဆင့်ကို
ရောက်နေသည်။ မနေနိုင်စွာ
မျက်မှောင်ကျုံ့လိုက်မိ၏။ အနှောင့်အယှက်
ဖြစ်စေမည့်အရာအားလုံးကို မခံစားတတ်အောင်
နေတတ်ပြီဆိုသော်ငြား သူ့နားဘေးမှာ
တစ်ချိန်လုံးရှိနေသည့် အသံမျိုးကိုမူ
လျစ်လျူရှုရခက်နေလေသည်။

ဤအခြေအနေကို သတ္တုစားသားရဲလေးက
ကောင်းကောင်းသတိထားမိပြီး နက်ရှိုင်း၍
ခြိမ်းခြောက်ဟန်အသံတစ်သံ ၎င်း၏ပါးစပ်မှ
ထွက်ပေါ်လာသည်။ လူသားအဆင့်လွန်
နတ်ဆိုးသားရဲတစ်ကောင်၏ဖိအားက
တောအုပ်ရှိရာဘက်သို့ လှိုင်းလုံးများသဖွယ်
ပျံ့နှံ့လို့သွားသည်။ ကြွက်သားရဲများ၏
ဆက်တိုက်ထွက်ပေါ်နေသော ကျွိကျွိအသံက
ရုတ်ခြည်းရပ်တန့်သွားတော့သည်။

မျိုးနွယ်နိမ့်သည့် ကြွက်သားရဲများသည်
မျိုးနွယ်ပိုမြင့်သည့် သားရဲများနှင့် ရင်ဆိုင်
တွေ့ရသောအခါ သူတို့ခွန်အားကိုမဆိုထားနှင့်
ဖိအားတစ်ခုတည်းကတင် ခုခံရန်စိတ်ကူးကို
လက်လျှော့သွားစေဖို့ လုံလောက်လေသည်။

မြွေပါသားရဲသည် ၎င်းလက်ထဲရှိ သတ္တုတူကြီးကို
ဝင့်ကာ ၎င်း၏ပုံရိပ်က မျက်စိတစ်မှိတ်အတွင်းမှာ
မီတာနှစ်ဆယ်ကျော် ရွေ့လျားသွား၏။
၎င်းက ရန်လိုနေသောအမူအယာဖြင့်
သစ်သားအိမ်လေးဆီ ချဉ်းကပ်သွားသည်။

သတ္တုစားသားရဲလေးက အမိုးပေါ်မှ ခုန်ချလာပြီး
၎င်း၏ကိုယ်လုံးသေးသေးလေးက ပြန့်ကားသွား
သည်။ ၎င်းက ရွှေရောင်တောက်ပြီး နေလုံး
သေးသေးလို မျက်စိကျိန်းလောက်ပေမဲ့
မြွေပါသားရဲက သူ အရွယ်ကြီးလာတာကို
အရေးမထားချေ၊ ဘာလို့ဆို သူ့မူလအရွယ်ကို
ပြန်ရောက်သွားသည့် သတ္တုစားသားရဲလေးမှာ
မီတာဝက်ပင်မရှည်သောကြောင့် ဖြစ်သည်။

"ကောင်လေး ငါ့ရဲ့ဝံပုလွေအစွယ်သတ္တုတူကြီးကို
စားကြည့်လိုက်စမ်းပါ!"

မြွေပါသားရဲက ဒေါသတကြီးအော်ဟစ်သည်။

သူ့လက်ထဲရှိ သတ္တုတူကြီးက လေထဲမှာ
တစ်ပတ်ဝှေ့ယမ်းသွားပြီး သူ့ဆီကို ခုန်အုပ်လာနေ
သည့် သတ္တုစားသားရဲလေးဆီ တိုးဝင်သွားသည်။
ရွှေရောင်အလင်းတစ်ချက် တောက်ပသွားပြီး
တူကြီးက ပစ်မှတ်ကို လွဲချော်ကာ သဲထဲနစ်ဝင်သွား
သည်။ သက်ရောက်မှုကြောင့် ကျယ်လောင်လှသော
အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး
သုံးမီတာမနည်း နက်သည့် တွင်းကြီးတစ်တွင်း
ရုတ်ခြည်းပေါ်လာသည်။

သတ္တုတူက မြွေပါသားရဲ၏လက်နက်ဖြစ်ပြီး
၎င်းကို မာကြောသည့်သတ္တုများစွာကို
ပေါင်းစပ်ပြုလုပ်ထားသည်။ တူက
ကီလိုဂရမ် ၅၀၀ ခန့်အလေးချိန်ရှိသည်။
တစ်ချက် ထုခံမိလျှင် ချက်ချင်းမသေရင်တောင်
အုံနာကျိုးကန်းတော့ ဖြစ်သွားဦးမည်ပင်။
တစ်ခါက ကျွန်းလေးကို လုယူသိမ်းပိုက်ချင်ခဲ့
သည့်နတ်ဆိုးသားရဲများကို မြွေပါသားရဲက
၎င်းတူဖြင့် သေအောင်ထုသတ်ခဲ့ဖူး၍ သူက
သိပ်ကိုယုံကြည်ချက်ရှိသည်။

တိုက်ခိုက်မှုက လွဲသွားကြောင်း မြင်သည်နှင့်
မြွေပါသားရဲက ရုတ်တရက်လှောင်ရယ်လိုက်သည်။
သူ့လက်မောင်းအားက ကီလိုဂရမ် ၅၀၀ထက်
ပိုသောကြောင့် သူက တူကြီးကို အလွယ်တကူ
ပင့်မကာ ရွှေရောင်အရိပ်ဆီသို့ လွှဲချလိုက်သည်။
ရွှေရောင်အရိပ်က အနည်းငယ် ကိုယ်ကို
နှိမ့်ရှောင်လိုက်ရာ ရိုက်ချက်က သီသီလေး
ကပ်လွဲသွားပုံရသည်။ သို့သော်လည်း
ရိုက်မိလိုက်ကြောင်း မြွေပါသားရဲ သိသည်။

သတ္တုစားသားရဲလေးက လေထဲမှာ အကြိမ်များစွာ
လှည့်ပတ်ပြီး ဆယ်မီတာကျော်ဝေးသည့်
မြေပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။
၎င်းက မြေကြီးပေါ်မှာ ဝံပုလွေတစ်ကောင်ကဲ့သို့
ဝပ်သွားသွားရင်း ၎င်း၏အပြာရောင်မျက်လုံးများ
ထဲမှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ချက်
လက်သွားသည်။

မြွေပါသားရဲက သူ့ကို အသက်ရှူခွင့်မပေး၊
သို့ပေမဲ့ ၎င်းက သတ္တုစားသားရဲလေးဆီကို
တစ်လှမ်းချင်းသာ ချဉ်းကပ်လာသည်။ သူ့လက်ထဲရှိ
သတ္တုတူကြီးက မြေပြင်ကို တဒုတ်ဒုတ်ဖြင့်
ရိုက်မိနေသည်။ မကြာမီမှာပဲ မြေကြီးပေါ်မှာ
အပေါက်နှစ်ဆယ်ကျော် ပေါ်လာပြီး
လ၏မျက်နှာပြင်နဲ့တောင် တူနေတော့သည်။

နာရီဝက်မပြည့်သေးခင်မှာ သူတို့နှစ်ကောင်
အကွက်ရာကျော် ဖလှယ်ပြီးကြပြီဖြစ်၏။

သူတို့ တိုက်ခိုက်တာပိုများလာလေလေ တိုက်ပွဲက
ပိုလွယ်ကူလာလေလေဟု မြွေပါသားရဲ
ခံစားရလေသည်။ သူ့လက်ထဲက တူက
ပို၍ပို၍ ပေါ့ပါးလာသလိုပင်။ တိုက်ကွက်များက
တစ်ချက်ပြီး တစ်ချက်ရောက်လာပြီး
သူ့မှာ တအုန်းအုန်းရိုက်နေရတာကိုတောင်
မပျော်တော့ပေ။

သတ္တုစားသားရဲလေးဘက်က အမှားတစ်ခု
မလုပ်မိသေးသည့်အချိန်ထိ အခြေအနေက
သူမသာကိုယ်မသာပဲ ဖြစ်နေခဲ့သည်။ သူက
ဘေးမှာ ကျွင်းတစ်ခုရှိနေတာကို သတိပြုမိခဲ့ပုံ
မရဘဲ ခြေတစ်ချောင်း ကျွံသွားပြီး ၎င်း
တစ်ကိုယ်လုံး ကျွင်းထဲကို လိမ့်ကျသွားလေသည်။
၎င်းက မော့ကြည့်လိုက်သည့်အခါ မြွေပါသားရဲက
ကျွင်းနှုတ်ခမ်းမှာ ပေါ်လာသည်။ ၎င်းက
လက်ထဲရှိ တူကြီးကို အပေါ်သို့မြှောက်ပြီး
မနှစ်မျို့ဖွယ်ကောင်းသည့် စပ်ဖြဲဖြဲအပြုံးဖြင့်
အောက်သို့ ထုချလိုက်၏။

ဘုန်း!!

သတ္တုတူကြီးက သတ္တုစားသားရဲလေး၏ခေါင်းနဲ့
ထိပ်တိုက် တိုက်မိသွားပြီး သက်ရောက်အား၏
အလယ်မှ တုန်ခါလှိုင်းကြီးတစ်လှိုင်း တစ်ခဏချင်း
ပျံ့ထွက်သွားသည်။ ကျွင်းကြီးက သုံးမီတာမှ
ငါးမီတာထိ ကျယ်သွားပြီး ပထဝီမြေကြီးက
တစ်ခဏမျှ လှုပ်ခတ်သွားပုံပေါ်သည်။

"ဟား ဟား ဟား...."

မြွေပါသားရဲက စိတ်လှုပ်ရှားစွာ ရယ်မောတော့သည်။
သူ့သတ္တုတူကြီးကို ခေါင်းနဲ့တိုက်ပြီးနောက်မှာ
အုံနာကျိုးကန်းဖြစ်မသွားသူဟူ၍ တစ်ယောက်မှ
မရှိဖူးပေ။ အားနည်းသည့်အကောင်တွေဆို
တစ်ချက်တည်းဖြင့် အသားပြားဖြစ်သွားကြသည်။
ဤသို့သောမြင်ကွင်းမျိုးကို များစွာမြင်ဖူးလေရာ
ရလဒ်ကို သူ မအံ့ဩမိတော့ပေ။

"အို့ အို့!!"

ကြွက်သားရဲများ၏ စိတ်လှုပ်တရှား
ကြွေးကြော်သံများက ဆက်တိုက်ဆိုသလို
စတင်ထွက်ပေါ်လာတော့သည်။

"ကရက်~ကရက်~ ~"

ထိုအခိုက်အတံ့၌ တူအောက်မှ ခပ်ဖွဖွဝါးစားသံ
တစ်သံ ပျံ့လွင့်လာသည်။ အသံက တစတစ
ကျယ်လောင်လာ၏။

နောက်ဆုံး မြွေပါသားရဲ၏အာရုံကို ဆွဲဆောင်
သွားလေသည်။ တူကိုဖယ်ပြီး မကြည့်နိုင်ခင်မှာ
တူအောက်ခြေမှ ရွှေရောင်ခေါင်းလေးတစ်လုံး
ထွက်လာ၏။ ၎င်းမှာ အသားပြားဖြစ်သွားပြီဟု
သူတွေးထားသည့် သတ္တုစားသားရဲလေးပင်
ဖြစ်သည်။

မြွေပါသားရဲမှာ ထိတ်လန့်အံ့ဩလွန်းသဖြင့်
ပါးစပ်ဟသွားသည်၊ သို့သော် နောက်တစ်စက္ကန့်၌
သတ္တုစားသားရဲလေး၏အပြုအမူက သူ့ကို
ကြောင်သွားစေခဲ့သည်။

သတ္တုစားသားရဲလေးက ပါးစပ်ဟလိုက်ပြီး
တူကို တစ်ကိုက်ကိုက်သည်။

၎င်းက တူအောက်ခြေကနေ အပေါ်ထိစားလာရင်း
"ကရက်~ကရက်~~" အသံက မြည်ဟီးနေသည်။
ကီလိုဂရမ် ၅၀၀ရှိသည့် တူကြီးမှာ မျက်စိဖြင့်
မြင်သာသောနှုန်းဖြင့် သေးငယ်သွား၏။
တူအတွင်းပိုင်းမှာ ဟောင်းလောင်းကြီးဖြစ်သည်အထိ
သတ္တုစားသားရဲလေးက ဘယ်ချိန်ကတည်းကမှန်း
မသိ စားလို့ထားသည်။

မြွေပါသားရဲတစ်ကောင် အသိပြန်ဝင်လာသည့်
အချိန်၌ သူ့တူကြီးက ကီလိုဂရမ် ၁၀၀တောင်
မရှိတော့ချေ။ ရွှေပါသည့် သတ္တုလက်ကိုင်ရိုးကတင်
ကီလိုဂရမ် ၅၀ရှိသည်ဖြစ်ရာ တူက မည်မျှသာ
ကျန်တော့လဲ တွေးကြည့်လို့ရပေသည်။

ထိုမျှလောက်သော သတ္တုအတုံးကြီးကို
စားပြီးနောက်မှာတောင် သတ္တုစားသားရဲလေး၏
ကိုယ်လုံးက သေးငယ်နေတုန်းပဲဖြစ်သည်။ သူက
ရွံရှာနေပုံဖြင့် အနည်နှစ်မည်းမည်း တစ်လုပ်တောင်
ထွေးထုတ်လိုက်သေးသည်။ အရသာက
သူစားနေကျ သတ္တုထက် ဆိုးဝါးရုံမက
သူ့သခင် ချက်ပေးသည့် ဟင်းနှင့်လည်း
ယှဉ်လို့မရချေ။

သူစားလာတာ ကောင်းပေ့ဆိုသည့်
သတ္တုများသာဖြစ်၍ ယခုလိုစားပေးတာကတင်
သူ့အတွက် ထောက်ထားရာရောက်နေပြီ။

သတ္တုစားသားရဲလေးက အမိုးပေါ်ပြန်မတက်ခင်
မြွေပါသားရဲကို အထင်မြင်သေးစွာကြည့်သွား၏။

သူတို့နှစ်ကောင်လုံးက နတ်ဆိုးသားရဲများ
ဖြစ်ပြီး မူမမှန်သည့်အကောင်များဖြစ်သည်၊
သို့ပေမဲ့ ထင်ရှားစွာဖြင့် မြွေပါသားရဲက
ဗဟုသုတပိုနည်းနေခဲ့သည်။

ဒီကမ္ဘာက သားရဲဘယ်နှကောင်ကများ
သတ္တုစားလို့လဲ။

သတ္တုစားသားရဲ၏ အမျိုးက သူ့အတွက်
ချဉ်းကပ်နိုင်ဖို့ခဲယဉ်းပြီး ထူးကဲလွန်းတာကို
သူမသိသေးပေ။

ယခုအချိန်မှာ မြွေပါသားရဲ၏ခေါင်းထဲမှာ
သတ္တုစားသားရဲလေး၏ အထင်သေးသည့်
အကြည့်များဖြင့်သာ ပြည့်နှက်နေသည်။

ဒီကျားက စွမ်းအားထုတ်မပြတော့
ကြောင်လို့ထင်နေတာလား။

သူက ဒုတိယအကြိမ်တိုက်ခိုက်ရန်၊ ပြောရလျှင်
သစ်သားအိမ်လေးကို သူ့လူတွေကို ဝင်တိုက်ခိုင်းဖို့
ပြင်နေတုန်းမှာပဲ ကောင်းကင်က ရုတ်တရက်
မြည်ဟီးသွားပြီး လျှပ်စီးများလက်လာသည်။
ချက်ချင်းဆိုသလို ဤဘက်ခြမ်း၌ တိမ်မည်းများ
စုစည်းလာသည်။ တိမ်မည်းများက မီတာ
ရာကျော်ဖြန့်ကျက်လျက် ရှိပြီး လျှပ်စီးများ
တဖျတ်ဖျတ်လက်နေသည်။ မြင်ကွင်းက
အင်မတန်မှ ခမ်းနားလှ၏။

မြွေပါသားရဲနှင့် နောက်လိုက်တစ်သိုက်မှာ
ကြောင်အမ်းကုန်သည်။

သတ္တုစားသားရဲလေးနှင့် ရွှေတောင်ပံပိုးကောင်တို့
ကတော့ နေသားကျနေတာ ကြာပြီ။
သူတို့သခင်ငတုံး သက်တန့်အဆင့်ဆေးလုံး
သန့်စင်တာ ဒါပထမဆုံးအကြိမ်မဟုတ်တော့ပေ။
ဒီလိုမြင်ကွင်းမျိုးကို သူတို့ မြင်ဖူးတာ
ဆယ်ကြိမ်ပင်မကတော့ချေ။

မိုးကြိုးတိမ်တိုက်များ ထွက်ပေါ်လာခြင်းက
ယူရှောင်းမို မှော်ဆေးလုံးကို အောင်အောင်မြင်မြင်
ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုယ်စားပြုနေပြီး
ထိုနောက်မှာ လိုက်ပါလာသည်က လျှပ်စီး
အတိဒုက္ခပင်ဖြစ်သည်။

မြွေပါသားရဲနှင့် နောက်လိုက်တစ်အုပ်တို့
အကြည့်အောက်၌ ကောင်းကင်မှာ အပြာရောင်
ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။
လျှပ်စီးများက ရပ်နားခြင်းမရှိဆက်တိုက်
တဖျတ်ဖျတ်လက်နေချိန် ကောင်းကင်တစ်ခွင်
ပြည့်နေသော မိုးကြိုးတိမ်တိုက်များအောက်၌
၎င်းပုံရိပ်လေးက အလွန်တရာသေးငယ်ပြီး
မထင်ရှားပုံပေါ်သည်။ မိုးကြိုးတိမ်တိုက်များက
ကျစ်လျစ်သွားသည်အထိ အစပျိုးပြီးသွားချိန်တွင်
အသိပေးခြင်းတစ်စုံတစ်ရာမရှိဘဲ အနက်ရောင်
အတိဒုက္ခလျှပ်စီးတစ်ခု ကျဆင်းလာ၏။
ပစ်မှတ်သည် ထိုအပြာရောင်ပုံရိပ်ဖြစ်ပုံပင်။

ထိုသူတော့ မိုးကြိုးထိပြီးသေတော့မှာပဲဟု
တွေးထားချိန် နောက်မြင်ကွင်းက သူတို့ကို
ကြောင်အမ်းသွားစေသည်။

ထိုလူ ကြီးကြီးကျယ်ကျယ်လုပ်တာတစ်ခုမှ
သူတို့မမြင်လိုက်ရပေ။ သူက ညင်သာစွာဖြင့်
လက်တစ်ချက်သာ ဝှေ့ယမ်းလိုက်ပြီး
အနက်ရောင်အတိဒုက္ခလျှပ်စီးက နူးညံ့သည့်
ဝါဂွမ်းနှင့် တိုက်မိသွားပုံပေါ်သည်။ လခြမ်းသဏ္ဍာန်
ငွေမှင်ရောင် အလင်းတစ်ခုပေါ်လာပြီး
အကြိမ်အနည်းငယ် တလက်လက်ဖြစ်နေပြီးနောက်
အနက်ရောင်လျှပ်စီးကို ပိတ်ဆို့လိုက်သည်။

ပြီးသည်နှင့် လျှပ်စီးချက်များစွာ ဆက်တိုက်
ကျဆင်းလာသည်၊ ၎င်းတို့တစ်ခုချင်းစီတွင်
မတူညီသည့် အရောင်များရှိပြီး အရင်ကထက်
ပိုအားပြင်းလာပုံပေါ်သော်လည်း အမျိုးသား၏
တားဆီးခြင်းကို ခံလိုက်ရ၏။

သူတို့က မိုးကြိုးတိမ်တိုက် အောက်တည့်တည့်တွင်
မဟုတ်သော်လည်း အသက်ရှူမရအောင်ဖြစ်စေသည့်
အံ့အားသင့်မှုကို မြွေပါသားရဲမှာ ခံစားရနိုင်ဆဲ
ဖြစ်၏။ ဤကမ္ဘာပျက်ဖွယ်အားအင်အောက်၌
သူတို့က မဖြစ်စလောက်လေးပဲရှိပုံပေါ်သည်။

သူ့ကို ရန်သွားစရန် မည်မျှမာနကြီးပြီး
ဉာဏ်နည်းခဲ့မိကြောင်းကို မြွေပါသားရဲမှာ
နောက်ဆုံးနားလည်သွားတော့သည်။ ထိုကဲ့သို့သော
စွမ်းအားမျိုးဖြင့်ဆိုလျှင် သူတို့ဘက်က
ရာချီ၊ ထောင်ချီရှိလျှင်တောင် သူ့ပြိုင်ဖက်
မဖြစ်နိုင်သေးချေ။

မကြာမီတွင် မိုးကြိုးတိမ်တိုက်များ လွင့်ပျယ်သွားပြီး
ကောင်းကင်က ဆေးကြောသန့်စင်ခံရသလို
ပြာလဲ့သွားသည်။ တောက်ပသည့်နေရောင်ခြည်က
ပင်လယ်ရေပြင်ကို ပူနွေးစေပြီး လှိုင်းလုံးများကို
တလက်လက်တောက်ပစေသည်။

ယူရှောင်းမိုက ကောင်းကင်ထက်မှ ဆေးပေါင်းအိုးဆီ
ပြန်လည်ဆင်းသက်လာသည်။ လျှပ်စီး
အတိဒုက္ခပြီးဆုံးသည်နှင့် စိတ်သက်သာရာရစွာ
သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့
လမ်းတစ်ဝက်မှာ မကျရှုံးခဲ့ပေ၊ မဟုတ်လျှင်
နှလုံးသားအကြောဆေးလုံးတစ်လုံး သန့်စင်ဖို့
နောက်ထပ် သုံးရက်နဲ့သုံးည ကုန်ဆုံးရပေလိမ့်ဦးမည်။
သူ့အတွက် ပင်ပန်းလို့ရယ်တော့မဟုတ်ပေမဲ့
မှော်ဆေးပင်အများကြီး အလကားဖြစ်သွားပါက
အသည်းကွဲရလိမ့်မည်။

ထိုအခိုက် ဆေးပေါင်းအိုးထံမှ တဝီဝီအသံတစ်သံ
ထွက်လာသည်။ ဆေးပေါင်းအိုးကို သူ
တစ်ချက်သွားကြည့်လိုက်ချိန် နှလုံးသားအကြော
ဆေးလုံးက ဆေးပေါင်းအိုး၏အရံအတားကို
ပြင်းပြင်းထန်ထန် ထုရိုက်နေသည်။

အရံအတားက မှော်ဆေးလုံး မလွတ်အောင်
ထိန်းထားနိုင်ပေမဲ့လို့ မှော်ဆေးလုံး အဆင့်
မြင့်လေလေ အရံအတား အာနိသင်က
လျော့လေလေပင်။ သူသာ စက္ကန့်အနည်းငယ်
နောက်ကျသွားမယ်ဆိုရင် မှော်ဆေးလုံးက
တကယ်ပဲ လွတ်သွားလောက်ပြီဖြစ်သည်။

ယူ​ရှောင်းမို၏ဖိနှိပ်မှုအောက်၌ မှော်ဆေးလုံးက
ငြိမ်သက်သွားတော့သည်။

ယူရှောင်းမိုက မှော်ဆေးလုံးကိုသိမ်းလိုက်ပြီး
ဆေးပေါင်းအိုးနှင့် ကျန်မှော်ဆေးပင်များကို
နယ်မြေထဲပြန်ထည့်ပြီးသည့်နောက် မြေကြီးပေါ်မှ
အစအနများကို ရှင်းလင်းလိုက်သည်။ သူက
အိမ်အနောက်ဘက်ကို လျှောက်သွားသည့်အခါ
လှပသည့်ကမ်းခြေမှာ လမျက်နှာပြင်လို
ချိုင့်ခွက်ကြီးတွေ ဖြစ်နေတာကို မြင်လိုက်ရ၏။
ကျွင်းကြီးကြီးသေးသေး မျိုးစုံရှိနေပြီး
သတိမထားပါက ချော်ကျနိုင်ခြေရှိသည်။

"လူတွေရောဘယ်မလဲ"

ယူရှောင်းမိုက အမိုးပေါ် လှမ်းကြည့်ကာ
မေးလိုက်သည်။

သတ္တုစားသားရဲလေးက ပါးစပ်ဟကာ
တစ်စုံတစ်ခုပြောတော့မည့်အချိန်၌
လေချဉ် အရင်တက်လိုက်၏။

ယူရှောင်းမို "......"

အကောင်စုတ်လေး ငါမသိအောင် ဘာတွေ
ခိုးစားထားတာလဲ။

ယူရှောင်းမိုက ဒီညချက်ပြုတ်ဖို့ စိတ်ကူးမထားပေ၊
သို့ပေမဲ့ သူ့သားရဲလေးတွေရဲ့ စိတ်အားထက်သန်မှုကို
နှစ်မိသလိုမဖြစ်စေရန်အလို့ငှာ သူတို့ကို
အစားအသောက်နှင့် ဆုချရန်ဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အလစ်လာချောင်းတိုက်တဲ့
ဟိုသားရဲတွေကို သူတို့ တားမပေးထားရင်
သူ ဆေးလုံးသန့်စင်တာ ဒီလောက်ချောမွေ့ခဲ့မှာ
မဟုတ်ဘူးလေ။

လင်းရှောင်အခြေအနေကို တစ်ချက်သွားကြည့်ပြီး
သူက တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်တာကို
မြင်ရသည့်အခါ ယူရှောင်းမိုက ထိုသုံးကောင်ကို
ချန်ပြီး နယ်မြေထဲဝင်လာခဲ့သည်။

သူ့နယ်မြေထဲမဝင်ဖြစ်တာ ရက်အနည်းငယ်
ကြာပြီဆိုပေမဲ့ စိုက်ခင်းထဲက မှော်ဆေးပင်တွေဟာ
စည်ပင်ရှင်သန်နေဆဲပင်။ လွန်ခဲ့သောလ
အနည်းငယ်က စိုက်ထားသည့် အပင်များရော၊
အကုန်စုပြုံပြီး စိုက်ထားသည့်အပင်များရော
ကြီးထွားနှုန်းက ကျေနပ်ဖွယ်ရှိသည်။
ထိုဆေးပင်များက ပင့်ကူနက်လေလံပွဲမှာ
နိုင်လာသည့် စိတ်ဝိဉာဉ်ဝိုင်ဖော်စပ်နည်းအတွက်
ပါဝင်ပစ္စည်းများဖြစ်သည်။

စိတ်ဝိဉာဉ်ဝိုင်ကို ပုလင်းတစ်ဝက်သောက်ပြီးပြီ
ဖြစ်ပြီး ကျန်တစ်ဝက်ကို ယူရှောင်းမိုက
ဖွက်ထားလေသည်။

လင်းရှောင်က လက်ဖက်ရည်ကြိုက်သည်ဆိုပေမဲ့
ဝိုင်လည်းမသောက်ဘူးလို့ မဆိုလိုပေ။
နှစ်ခုယှဉ်လျှင် သူက လက်ဖက်ရည်ကို
ပိုကြိုက်ခြင်းသာ ဖြစ်သည်။ သို့ပေမဲ့
လက်ဖက်ရည်က အကန့်အသတ်ရှိသည်လေ။
ဆိုင်ပိုင်ရှင်ဆီကနေ လက်ဆောင်အဖြစ်ရထားတဲ့
လက်ဖက်ရွက်ရဲ့တစ်ဝက်ကို လင်းရှောင်က
သုံးပြီးပြီဖြစ်၍ ကျန်တစ်ဝက်ကို တစ်ခါတည်း
လက်စသတ်ခွင့်မပေးချင်ပါပေ။

စိတ်ဝိဉာဉ်ဝိုင်က အထက်ဆင့်ဝိုင်ဖြစ်၍
မှော်ဆေးပင် အတော်များများ လိုအပ်သည်။
ထို့အပြင် ထိုဆေးပင်များက အဆင့်မြင့်
မှော်ဆေးပင်များဖြစ်၏။ ရိုးတံနှစ်ခုဆို
လူသားအဆင့်လွန် မှော်ဆေးပင်များဖြစ်သည်။
ထုတ်လုပ်ရသည့် ကုန်ကျစရိတ် အလွန်မြင့်ပြီး
အမြတ်ငွေက ကုန်ကျငွေကိုပင် မကာမိချေ။

ထုံထျန်းတိုက်မကြီးမှာ မှော်ဆေးပင်တွေကို
ဝိုင်လုပ်ဖို့ အသုံးပြုချင်သူ မရှိသလောက်
နည်းပါးပြီးတော့ စိတ်ဝိဉာဉ်ဝိုင်ဖောက်သူ
အနည်းငယ်ကသာ မှော်ဆေးပင်များကို
အသုံးပြုချင်စိတ်ရှိတာ မဆန်းတော့ချေ။

ယူရှောင်းမိုက စိတ်ဝိဉာဉ်ဝိုင်တစ်အိုး အရင်
ဖောက်ရန် ဆုံးဖြတ်ထားသည်။ လူသားအဆင့်လွန်
ဝိုင်ရဲ့ စိတ်စွမ်းအင်ပြန်ပြည့်စေတဲ့နှုန်းက
စိတ်စွမ်းအင်ရေလောက် မကောင်းဘူးဆိုပေမဲ့လို့
စိတ်စွမ်းအင်ရေက အနံ့အရသာမရှိဘူးလေ။
ယောက်ျားများအတွက် ဝိုင်က အမှန်ပင်
ပစ္စည်းကောင်းတစ်ခုဖြစ်လို့ ဝိုင်အရသာလည်းခံရ
စိတ်စွမ်းအင်လည်း ပြန်ပြည့်လာနိုင်သည်မှာ
ထူးကဲသည့်အရာမျိုးပင် ဖြစ်သည်။

သို့သော် စိတ်ဝိဉာဉ်ဝိုင်ဖောက်ရာတွင် လိုအပ်သည့်
လူသားအဆင့်လွန်မှော်ဆေးပင် ရိုးတံနှစ်ခု
သူ့မှာ မကျန်တော့ချေ။ ယခု လူသားအဆင့်လွန်
မှော်ဆေးပင်များကို သူက အသုံးများလာ၍
မှော်ဆေးပင်များမှာ ရင့်မှည့်လာပြီးများမကြာမီမှာပင်
အသုံးပြုခံလိုက်ရသည်ချည်းသာ ဖြစ်သည်။

မှော်ဆေးပင်များက ရင့်မှည့်ရန် နီးကပ်လာနေပြီ။
ပုံမှန်သာဆို နောက်ရက်အနည်းငယ်အတွင်း
တူးလို့ရပြီဖြစ်သည်။

ယူရှောင်းမိုက မှော်ဆေးပင်များပေါ် စိတ်စွမ်းအင်
ရေစက်အနည်းငယ်မျှ မချခင် ခဏလောက်တော့
တွေဝေနေခဲ့သေးသည်။ နာရီဝက်ကြာပြီးသည့်နောက်
မှော်ဆေးပင်များ ရင့်မှည့်လာခဲ့ပြီ။ သူက
ကျွမ်းကျင်စွာ တူးထုတ်ပြီး စိတ်စွမ်းအင်ရေဖြင့်
ဆေးကြောကာ အခြားမှော်ဆေးပင်များနှင့်အတူတူ
သိမ်းလိုက်သည်။ ပြီးနောက် အရင်က သူ
ဝယ်ထားသည့် ကရားအိုးကြီးတစ်လုံးနှင့်
စိတ်ဝိဉာဉ်ဝိုင်ဖောက်ရန်အတွက်
ပါဝင်ပစ္စည်းများ ထုတ်လာသည်။

ဖောက်နည်းထဲမှာ ပါသည့်ပါဝင်ပစ္စည်းများကိုက
သူ ဝယ်ထားပြီးပြီဖြစ်၏၊ ဝိုင်ဖောက်ဖို့အတွက်
အချိန်မပေးနိုင်ခဲ့တာသာဖြစ်သည်။ ယခု သူ့မှာ
အချိန်များရှိနေရာ အကုန်ထုတ်လာခဲ့သည်။

ယူရှောင်းမိုက ဖောက်နည်းထဲကအတိုင်း
မှော်ဆေးပင်အားလုံးကို ကရားအိုးထဲသို့
တစ်ဆင့်ပြီးတစ်ဆင့်ထည့်သည်၊ ပြီးသည်နှင့်
စိတ်စွမ်းအင်ရေကို အချိုးအဆကျကျ လောင်းထည့်
လိုက်၏။ စိတ်စွမ်းအင်ရေ သုံးသင့်သည်ဟု
ဖောက်နည်းမှာ မရေးထားပေ။ ဘယ်လိုပဲနေနေ
စိတ်စွမ်းအင်ရေဆိုတာ အလွန်ရှားပါးသည့်
ပစ္စည်းဖြစ်သည်လေ။ ဖောက်နည်းထဲမှာတော့
ရိုးရိုးရေ သုံးသင့်သည်ဟု ဖော်ပြထားသည်။

ရိုးရိုးရေနဲ့ အရသာရှိတဲ့စိတ်ဝိဉာဉ်ဝိုင်မျိုး
လုပ်နိုင်တယ်ဆိုရင် စိတ်စွမ်းအင်ရေသုံးရင်
အရသာက ဆွေမျိုးမေ့လောက်မယ်ဟု
ယူရှောင်းမို ခံစားခဲ့ရလေသည်။ ထို့ပြင်
စိတ်စွမ်းအင်ရေ ကိုယ်၌က စိတ်စွမ်းအင်
ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အာနိသင်ရှိသည်။
ဝိုင်ဖောက်နည်းထဲကအတိုင်း ဖောက်လိုက်မယ်
ဆိုရင်....

စိတ်ဝိဉာဉ်ဝိုင်၏ရလဒ်ကို ရုတ်တရက်ကြီး
မျှော်လင့်မိလာသည်။

မှော်ဆေးပင်နှစ်ပင်ပဲ အမြန်ရင့်မှည့်အောင်
လုပ်ခဲ့တာကြောင့် ဝိုင်တစ်အိုးပဲဖောက်လို့ရမည်။
စိုက်ခင်းထဲမှ အပင်များကို ဝိုင်ဖောက်ရန်
အသုံးမပြုခင် ရင့်မှည့်အောင် စောင့်ရပေလိမ့်မည်။

ယူရှောင်းမိုက ကရားနှုတ်ခမ်းကို အဆို့ဆို့ပြီး
ဖွက်ရန် ခြံထဲရွှေ့လာခဲ့သည်။ ပထမတန်းစား
စိတ်ဝိဉာဉ်ဝိုင်ရဖို့ အရေးကြီးသည့်အချက်နှစ်ခုကို
ဝိုင်ဖောက်နည်းထဲမှာ ဖော်ပြထားသည်။

ပထမက အချိန်ကာလလုံလုံလောက်လောက်
အချဉ်ဖောက်ရမည်။ အချိန်ကာလ
တိုတောင်းလွန်းခြင်းက ဝိုင်ကောင်းတစ်အိုးကို
အလကားဖြစ်စေလိမ့်မည်။ ဒုတိယက
ကောင်းမွန်စွာ ပိတ်ထားရမည်။ လေဝင်သည်နှင့်
ဝိုင်အရသာ ပျက်စီးသွားမည်ဖြစ်ကာ ကျရှုံး
နိုင်သဖြင့် အပြည့်အဝပိတ်ထားရမည်ဖြစ်သည်။

ယူရှောင်းမိုက ခြံဝင်းထဲ ကျွင်းတစ်ခုတူးပြီး
ကရားအိုးကို အထဲမြှုပ်ကာ အဟအလပ်မရှိအောင်
ပိတ်ပြီးနောက် အရင်ကစိတ်ဝိဉာဉ်ဝိုင်တစ်ဝက်နှင့်
နယ်မြေထဲမှ ထွက်ခဲ့သည်။

စိတ်ဝိဉာဉ်ဝိုင်ကြိုက်သူမှာ လင်းရှောင်တင်မဟုတ်ဘဲ
သတ္တုစားသားရဲလေးနှင့် ဖင်းဖုံတို့ပါပါသည်။

အရင်တစ်ခါ သူ စိတ်ဝိဉာဉ်ဝိုင်တစ်အိုး
ထုတ်ယူလာတုန်းက သူတို့သုံးယောက် တစ်ခွက်စီပဲ
သောက်လိုက်ရသည်။ မသောက်နိုင်သူများဖြစ်၍
နာရီဝက်တောင် မကြာသေးခင် မူးနေခဲ့ကြသည်။

ပြီးနောက်မှာ မအီမသာဖြစ်တာမျိုး မရှိခဲ့ပေမဲ့
စိတ်ဝိဉာဉ်ဝိုင်၏အရသာကိုတော့ မေ့မရခဲ့ကြချေ။

စိတ်ဝိဉာဉ်ဝိုင်ကို ယဇ်ထုတ်များ ကြိုက်ကြသည့်
အကြောင်းအရင်းတစ်ခုမှာ စိတ်စွမ်းအင်
ပြန်လည်ဖြည့်တင်းပေးသော အာနိသင်ကြောင့်ဖြစ်ပြီး
နောက်တစ်ခုမှာ စိတ်ဝိဉာဉ်ဝိုင်၏အရသာက
စွဲမက်ဖွယ်ကောင်းသောကြောင့် ဖြစ်၏။

သို့သော်လည်း စိတ်ဝိဉာဉ်ဝိုင်သည်
ကြွယ်ဝချမ်းသာသူများနှင့် စိတ်စွမ်းအင်
ကျောက်တုံးဖြင့် ပေးဝယ်ချင်သူများသာ
သောက်နိုင်သည့်ဝိုင်ဖြစ်သည်။ သို့ဖြစ်ရာ
အထက်ဆင့်နှင့် လူသားအဆင့်လွန်
စိတ်ဝိဉာဉ်ဝိုင်ကို အထက်တန်းဝိုင်ဟုလည်း
ခေါ်သည်။

ယူရှောင်းမိုက စိတ်ဝိဉာဉ်ဝိုင်အိုးနှင့်အတူ
အိမ်အရှေ့ဘက်မှာ ပေါ်လာသည်။
နှာခေါင်းကောင်းသည့် သတ္တုစားသားရဲလေးက
အမိုးပေါ်မှ ချက်ချင်းလှိမ့်ဆင်းလာပြီး
သူ့လက်မောင်းထဲက စိတ်ဝိဉာဉ်ဝိုင်ကို
ခုန်အုပ်သည်။ ယူရှောင်းမိုက ကပ်သီလေး
ရှောင်တိမ်းလိုက်ရာ သတ္တုစားသားရဲလေးက
လေထဲမှာ ချော်ထွက်သွားပြီးမှ ခြေလေးချောင်းဖြင့်
မြေကြီးပေါ် ကျသွားသည်။

ခြေတစ်လှမ်းနောက်ကျသွားသည့် ဖင်းဖုံတို့က
သူများဒုက္ခရောက်တာကို ပျော်ရွှင်စွာ
ရယ်မောကြလေသည်။

နှာခေါင်းကောင်းလွန်းနေတာကိုး။ ခံရတာတောင်
နည်းသေး။

ယူရှောင်းမိုက မျက်လုံးသာလှန်လိုက်သည်။

သူများက ခြေတစ်လှမ်းသာနေချိန် သူတို့က
ခြေတစ်လှမ်းနောက်ကျနေတာတောင်
ရယ်ရဲတဲ့ မျက်နှာရှိသေးတယ်။ အကုန် ဒီပုတ်ထဲက
ဒီပဲပဲ။

"တော်တော့ ရန်မဖြစ်ကြနဲ့၊ အကုန်ညီတူမျှတူရမယ်"

ပြောရင်းဖြင့် ယူရှောင်းမိုက နယ်မြေထဲကနေ
ခွက်ငါးခွက်လှမ်းထုတ်ယူလိုက်ပြီး စားပွဲပေါ်မှာ
တင်လိုက်သည်။ လင်းရှောင်က အခုထိ
ထွက်မလာသေးဘူးဆိုပေမဲ့လည်း သူ့အတွက်
တစ်ခွက်ပိုပြင်ပေးထားလည်း ဘာမှမဖြစ်သွားပေ။
လင်းရှောင်က ခဏနေ ထွက်လာချင်လာမှာပေါ့
ပြောမရဘူး။

သတ္တုစားသားရဲလေးနှင့် ဖင်းဖုံတို့က
စကားနားထောင်တဲ့ကလေးလေးများလို
သူတို့နေရာသူတို့ 'ထိုင်'လိုက်ကြပြီးနှင့်ပြီ ဖြစ်သည်။
အမှန်တော့ သူတို့သုံးကောင်က အနာဂတ်မှာ  
ယဇ်ထုတ်ဖြစ်လာမည့် အလောင်းအလျာလေး
တွေပင်။ ထင်ရှားစွာဖြင့် တစ်ကောင်ကသတ္တု၊
နောက်နှစ်ကောင်က ခုနစ်ရွက်မြက်ပဲ စားရမှာ
ဖြစ်ပေမဲ့ ယခုတော့ဖြင့် ပေါက်ကရလေးဆယ်
အကုန်စားသည်။

ယူရှောင်းမိုက ခွက်သုံးခွက်ထဲ ဝိုင်ဖြည့်လိုက်
ပြီးပြီးချင်းမှာပဲ သုံးကောင်သား သူတို့နဲ့ဆိုင်တဲ့
ခွက်ကို သူတို့ရင်ခွင်ထဲ ချက်ချင်းဖွက်လိုက်ကြ
လေသည်။

သတ္တုစားသားရဲလေးဆိုရင် သူ့ခွက်လေးသူယူပြီး
ထောင့်နားလေးထိပင် ပြေးသွားသည်။
ဖင်းဖုံတို့ကလည်း သူ့လို လိုက်လုပ်ချင်ပေမဲ့
ဝိုင်ခွက်နဲ့သူတို့က အရွယ်တူလောက်ဖြစ်နေ၏။
သူ့လိုလိုက်လုပ်ချင်လျှင်တောင် ဝိုင်ခွက်ကို
မ,မနိုင်ချေ၊ ပြီးတော့ သူတို့ပါးစပ်ထဲ
ကိုက်ချီသွားပါက ဝိုင်များမှောက်ကုန်မည်ဖြစ်၍
စားပွဲမှာပဲ လိမ်လိမ်မာမာလေးထိုင်ရတော့သည်။

ယူရှောင်းမိုက သူကိုယ်တိုင်အတွက် တစ်ခွက်
ငှဲ့လိုက်သည်။ သူက အသောက်သမား
မဟုတ်သော်ငြား ဝိုင်တော့အရသာခံနိုင်သေးသည်။

ဟိုသုံးကောင်ကတော့ သူတို့ဝိုင်ကို သောက်ပြီး
နောက်မှာ ခွက်ကိုတောင် လျက်နေကြ၏။
ယူရှောင်းမိုက ခွက်ကို အောက်ချလိုက်ပြီး
အိမ်လေးထဲသွားသည်။ ဝိုင်အနံ့ကိုရ၍ထင်သည်၊
လင်းရှောင်က မျက်လုံးပွင့်လာ၏။

ယူရှောင်းမိုက သတ္တုစားသားရဲလေးတို့
သုံးကောင်ကို တွေးမိပြီး မရယ်ဘဲမနေနိုင်တော့ချေ။

"ဘာတွေရယ်နေတာလဲ"

လင်းရှောင်က သူ့ကို ကြည့်ပြီး ခပ်ဖွဖွမေးသည်။

ယူရှောင်းမိုက ခေါင်းယမ်းသည်။

"ဘာမှမရယ်ပါဘူး"

သူပြောမည်မဟုတ်၊ မဟုတ်လျှင် လင်းရှောင်က
အဲ့တာကိုအကြောင်းပြပြီး သူ့ကိုနှိပ်စက်လိမ့်မည်။

လင်းရှောင်က သူ့ကို သင်္ကာမကင်းကြည့်ပြီးနောက်
သူ့မျက်လုံးများက သူ့လက်ထဲကစိတ်ဝိဉာဉ်ဝိုင်ဆီ
ရောက်သွားသည်။ လူသားအဆင့်လွန်
စိတ်ဝိဉာဉ်ဝိုင်၏မွှေးရနံ့က ပြင်းသည်။ သူတို့တွေ
အပြင်မှာ သောက်နေချိန်ကတည်းက သူ
အိမ်ထဲကနေ အနံ့ရနေခဲ့၏။

ယူရှောင်းမိုက သူ့ဆီ ခွက်ယူသွားပေးလိုက်သည်။
ကရားအိုးထဲမှာ အတော်လေးကျန်သေး၏။
ဘယ်လိုပဲနေနေ ဒီအိုးကို စွမ်းအင်ကျောက်တုံး
ဆယ်သန်းပေးခဲ့ရသည်ပင်။ တစ်လုပ်နှစ်လုပ်
သောက်ရုံနှင့် ကုန်သွားပါက ပေးရသည့်ငွေနှင့်
တန်မည်မဟုတ်ပေ။

"စိုက်ခင်းထဲမှာ မှော်ဆေးပင်တွေ ထပ်စိုက်ထားတယ်
မဟုတ်လား။ ဘယ်လိုနေလဲ"

လင်းရှောင်က ကရားအိုးကိုယူပြီး ခေါင်းမော့၍
တစ်ငုံသောက်လိုက်သည်၊ ကုန်ဆုံးထားသည့်
စိတ်စွမ်းအင်က တဖြည်းဖြည်း ပြန်ပြည့်လာ၏။

ယူရှောင်းမိုက ပြန်ဖြေသည်။

"မြေကြီးထဲ ဝိုင်တစ်အိုးမြှုပ်ထားခဲ့တယ်။
ဒါပေမဲ့ ပြန်တူးထုတ်ဖို့ သုံးလစောင့်ရဦးမယ်"

ယေဘုယျအားဖြင့် ဝိုင်ကို ကြာကြာအချဉ်ဖောက်လေ
ကောင်းလေဖြစ်သည်။ သုံးလဆိုသည်မှာ
အတိုဆုံးဖြစ်ပြီး အရသာက တစ်နှစ်ကျော်
အချဉ်ဖောက်ထားသည့်ဝိုင်လောက်တော့
ကောင်းမည်မဟုတ်ပေ။ သို့ပေမဲ့လို့ ၎င်းက
လူသားအဆင့်လွန်စိတ်ဝိဉာဉ်ဝိုင် ဖြစ်နေသေးရာ
အရသာ အရမ်းမဆိုးလောက်ပါချေ။ စိတ်ဝိဉာဉ်ဝိုင်
ကုန်သွားသည်နှင့် လင်းရှောင်က မေးလာမည်မှန်း
သူသိခဲ့သည်။

"မင်း ဘယ်တော့တံခါးပိတ်ကျင့်ကြံမှာလဲ"

လင်းရှောင်က မေးလာသည်။

ယူရှောင်းမိုက ခေါင်းကုတ်ရင်း၊
"မနက်ဖြန်ကျ နှလုံးသားအကြောဆေးလုံးတစ်လုံး
ထပ်လုပ်ဖို့ တွေးထားတာ။ ပြီးရင်တော့
ကျင့်ကြံမှာပါ။ ခင်ဗျား ဘယ်လိုနေသေးလဲ"

"အတူတူလောက်ပဲ။ မင်းစတော့မယ်ဆို
ကိုယ့်ကို ပြောဦး"

လင်းရှောင်က ကျန်စိတ်ဝိဉာဉ်ဝိုင်ကို
တစ်လုပ်တည်းနှင့် အပြီးသတ်လိုက်သည်။
သူ့စိတ်ထဲတွင် ရဲတင်းသည့်စိတ်ကူးတစ်ခု
ရှိနေသော်လည်း ယခုက အကောင်အထည်
ဖော်ရမည့်အချိန်မဟုတ်သေးပေ။

"ခင်ဗျား လောနေလို့လား"

ယူရှောင်းမိုက မေးလိုက်သည်။

သူတို့ ကျွန်းလေးပေါ်ရောက်တာ အခုဆို
နှစ်လကျော်ပြီဖြစ်ပြီး အပြင်လောကမှ
အခြေအနေကို မသိရသေးချေ။ သူကတော့
အလျင်လိုမနေပေမဲ့လို့ အပြင်လောကမှ သတင်း
တစ်ချို့ သိရနိုင်ပါက ကောင်းပေလိမ့်မည်။
နောက်ဆုံးတော့လည်း သူတို့မှာ အချုပ်အချယ်၊
နှောင်ကြိုးများ ရှိနေသေးသည်ပင်။

"မလောပါဘူး၊ ဒါပေမဲ့ ဒီမှာအကြာကြီး
နေလို့မရဘူး။ အခုလောက်ဆို အပြင်မှာ
ရှုပ်ထွေးနေလောက်ပြီ"

လင်းရှောင်က အသံသေဖြင့်ဆိုသည်။

ယူရှောင်းမိုက သူ့ကို အကြောင်းအရင်း
မမေးတော့ပေ။ ထုံထျန်းတိုက်မကြီး၏လက်ရှိ
အခြေအနေကို သူ ခန့်မှန်းမိနေတာပဲဖြစ်ရမည်။
သူတို့​ တုံချန်းမြို့မှာ ရှိနေစဉ်က ရှီကျင်းနှင့်
နန်လင်းက အခြေအနေအကြောင်း ကြားခဲ့ရကာ
နှစ်ခုစလုံးက ဖွင့်လှစ်လိုက်ကြပြီဖြစ်သည်။
ဒါက ကောင်းကင်ဘုံကိုတောင်
ပြောင်းပြန်လှန်နိုင်သည့် ဖွံ့ဖြိုးလာမှုကြီးပင်
ဖြစ်၏။

နောက်ရက်၌ ယူရှောင်းမိုက ဒုတိယမြောက်
မှော်ဆေးလုံးကို စတင်သန့်စင်တော့သည်။

ဒီတစ်ခါ လင်းရှောင်က တံခါးပိတ်ကျင့်ကြံခြင်း
မပြုသောကြောင့် သူ့စောင့်ရှောက်သူ ဖြစ်သွားလေ
သည်။ လင်းရှောင်ကသာ စောင့်ကြည့်ပေးထား၍
ယူရှောင်းမိုက ဆေးလုံးသန့်စင်ရာမှာ အပြည့်အဝ
အာရုံနှစ်ထားနိုင်ကာ လှုပ်ရှားမှုများက
ပထမတစ်ခါထက် ပိုမိုသွက်လက်လာသည်။

မူလက မြွေပါသားရဲတော့ ပြန်လာလောက်တော့မည်
မဟုတ်ဟု သူထင်ထားခဲ့၏၊ သို့ပေမဲ့ ယူရှောင်းမိုမှာ
၎င်း၏မျက်နှာကို အထင်သေးမိသွားသည်။
အရေထူတာမှ ရိုးရိုးတန်းတန်းကိုမဟုတ်ပေ။

သူ့လုပ်ငန်းစဉ် နောက်ဆုံးနေ့ကိုရောက်သည့်အခါ
မြွေပါသားရဲက တစ်ခါပြန်ပေါ်လာခဲ့သည်။
ကွာခြားချက်မှာ ယခုတစ်ခါ၌ နောက်လိုက်
နည်းနည်းသာခေါ်လာခြင်းဖြစ်၏။

"သခင်!"

မြွေပါသားရဲနှင့်နောက်လိုက်များက အိမ်နှင့်
မီတာသုံးဆယ်အကွာ၌ ရပ်လိုက်ကြသည်။
လင်းရှောင်က မျက်နှာသေဖြင့် လှမ်းကြည့်လိုက်
သည့်အခါ သူက ရုတ်တရက် ဒူးထောက်ချကာ
ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့ခေါင်းကို
ငုံ့ထားသဖြင့် ပေါ်လာသူမှာ လင်းရှောင်မှန်း
မမြင်ချေ။ သူ့ပါးစပ်ဆီမှ စကားလုံးများ
အတွဲလိုက်ထွက်လာ၏။

"သခင် ၊ ဒီနိမ့်ကျတဲ့ကောင်က မျက်လုံးပါပေမဲ့
ထိုက်တောင်ကို မမြင်နိုင်ဘဲ လွန်ခဲ့တဲ့
ရက်အနည်းငယ်တုန်းက သခင့်ကိုအပြစ်ပြုမိပါတယ်။
ဒီနေ့ ဒီလူ​က အမှားပြန်ပြင်ဖို့ လာခဲ့တာပါ။
သခင်နဲ့ စာချုပ်ချုပ်လို့ တစ်ဘဝလုံးခစားချင်
ပါတယ်ခင်ဗျာ။ သခင် ဒီနိမ့်ကျတဲ့လူကို
လက်ခံပေးပြီး အမှားတွေအတွက် ပြင်ဆင်ဖို့
အခွင့်အရေးတစ်ခုပေးဖို့ မျှော်လင့်ပါတယ်။
သခင့်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့
ကျိန်ဆိုပါတယ်"

"မြွေပါသားရဲလား"

မြွေပါသားရဲ၏နားအတွင်းသို့ ထေ့ငေ့ါဟန်
ပါသည့်အသံတစ်သံ ပျံ့လွင့်လာလေသည်။

မြွေပါသားရဲ ကြောင်သွား၏။ ခေါင်းမော့လိုက်တော့
တံစက်မြိတ်အောက်၌ တစ်ကိုယ်တည်း
ရပ်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။
သူက သားနားသည့်အဖြူရောင်ဘရိုကိတ်ဝတ်ရုံကို
ဝတ်ဆင်ထားပြီး ချောမောသည့် မျက်နှာသွင်ပြင်များ
ရှိသည်။ သူက သာမာန်ပေါ့ပေါ့ပါးပါးပုံစံဖြင့်
ရပ်နေသော်လည်း တစ်ကိုယ်လုံးမှ
မြင့်မြတ်သည့်အရှိန်အဝါများ ထွက်ပေါ်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးမှ မြွေပါသားရဲမှာ
သတိပြန်ဝင်ပြီး ချက်ချင်းအော်ပြောလိုက်သည်။

"မင်းက ဘယ်သူတုန်း?!!"

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်ကာ စကား
မဆိုပေ။ သူနဲ့ သူ့နောက်လိုက်များကိုသာ
ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။ အရေအတွက်က
အရင်တစ်ခေါက်ကထက် အများကြီးပိုနည်းတာ
သေချာသည်။ 'ရိုးသားမှု'လေးတော့ တကယ်ပဲ
ပါရှာ၏။

မြွေပါသားရဲမှာ ချက်ချင်းဆိုသလို ဖိအား
တိုးလာလေသည်၊ ဒီလူက သခင့်ရဲ့အပေါင်းအပါ
များလား။ သခင့်မှာ ဆက်နွယ်သားရဲအနည်းငယ်
အပြင် အပေါင်းအပါတစ်ယောက်လည်း
ရှိသေးကြောင်း သူ့လူတွေ ပြောတာကို
အမှတ်ရသွားသည်။ ထိုသူက အိမ်ထဲမှာပဲ
အနေများ၍ သူ့မျက်နှာကို မမြင်ဖူးတာဖြစ်သည်။
ဒီလူက ထိုအပေါင်းအပါဖြစ်နိုင်ခြေ များသည်။

"ငါသိပြီ! မင်းက သခင့်နောက်လိုက်ပဲဖြစ်မယ်။
တောင်းပန်ပါတယ်၊ ငါက သိပ်မကြာခင်
သခင့်နောက်လိုက်ဖြစ်လာမယ့် မြွေပါသားရဲပါ။
ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး!"

မြွေပါသားရဲက သခင့်ရဲ့နောက်လိုက်နှင့်
ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု အရင်
တည်ဆောက်ထားရန် ဆုံးဖြတ်လိုက်သည်။
သခင့်ရှေ့မှာ သူ့ကောင်းကြောင်း ကူပြောပေးပါက
ပိုလို့တောင် ကောင်းပေလိမ့်မည်။
____________________________

Special thanks to 'lovetoeatbaozi'.
__________________________________

//Zawgyi//

အပိုင္း ၅၉၈- လာလည္ျခင္း

ႂကြက္သားရဲမ်ားက သူတို႔ဘုရင္အတြက္
စိတ္အားထက္သန္စြာ ဟစ္ႂကြေးၾကသည္။
ႁပြတ္သိပ္ခတ္ေနသၫ့္ ႂကြက္အုပ္တစ္အုပ္၏
တကၽြိကၽြိေအာ္သံမ်ားက အဆတစ္ရာခန႔္
ပိုက်ယ္ေနပံုေပၚၿပီး လူတစ္ေယာက္ကို
ေခါင္းထဲတဝီဝီျဖစ္လာေစသည္အထိ ဆူညံေနေလ
သည္။

ယူေရွာင္းမိုက အိမ္အေရ႔ွဘက္မွာျဖစ္၏။
သူက ေဆးလံုးသန႔္စင္ျခင္း အလယ္မွာျဖစ္ၿပီး
ေဆးလံုးျဖစ္တည္ေတာ့မၫ့္ ေနာက္ဆံုးအဆင့္ကို
ေရာက္ေနသည္။ မေနႏိုင္စြာ
မ်က္ေမွာင္က်ဳံ႔လိုက္မိ၏။ အေနွာင့္အယွက္
ျဖစ္ေစမၫ့္အရာအားလံုးကို မခံစားတတ္ေအာင္
ေနတတ္ၿပီဆိုေသာ္ျငား သူ႔နားေဘးမွာ
တစ္ခ်ိန္လံုးရိွေနသၫ့္ အသံမ်ိဳးကိုမူ
လ်စ္လ်ူရႈရခက္ေနေလသည္။

ဤအေျခအေနကို သတၲုစားသားရဲေလးက
ေကာင္းေကာင္းသတိထားမိၿပီး နက္ရိႈင္း၍
ၿခိမ္းေျခာက္ဟန္အသံတစ္သံ ၄၏ပါးစပ္မွ
ထြက္ေပၚလာသည္။ လူသားအဆင့္လြန္
နတ္ဆိုးသားရဲတစ္ေကာင္၏ဖိအားက
ေတာအုပ္ရိွရာဘက္သို႔ လိႈင္းလံုးမ်ားသဖြယ္
ပ်ံ႔ႏွံ႔လို႔သြားသည္။ ႂကြက္သားရဲမ်ား၏
ဆက္တိုက္ထြက္ေပၚေနေသာ ကၽြိကၽြိအသံက
ရုတ္ျခည္းရပ္တန႔္သြားေတာ့သည္။

မ်ိဳးႏြယ္နိမ့္သၫ့္ ႂကြက္သားရဲမ်ားသည္
မ်ိဳးႏြယ္ပိုျမင့္သၫ့္ သားရဲမ်ားႏွင့္ ရင္ဆိုင္
ေတြ့ရေသာအခါ သူတို႔ခြန္အားကိုမဆိုထားႏွင့္
ဖိအားတစ္ခုတည္းကတင္ ခုခံရန္စိတ္ကူးကို
လက္ေလ်ွာ့သြားေစဖို႔ လံုေလာက္ေလသည္။

ႁမြေပါသားရဲသည္ ၄လက္ထဲရိွ သတၲုတူႀကီးကို
ဝင့္ကာ ၄၏ပံုရိပ္က မ်က္စိတစ္မိွတ္အတြင္းမွာ
မီတာႏွစ္ဆယ္ေက်ာ္ ေရြ့လ်ားသြား၏။
၄က ရန္လိုေနေသာအမူအယာျဖင့္
သစ္သားအိမ္ေလးဆီ ခ်ဉ္းကပ္သြားသည္။

သတၲုစားသားရဲေလးက အမိုးေပၚမွ ခုန္ခ်လာၿပီး
၄၏ကိုယ္လံုးေသးေသးေလးက ျပန႔္ကားသြား
သည္။ ၄က ေရႊေရာင္ေတာက္ၿပီး ေနလံုး
ေသးေသးလို မ်က္စိက်ိန္းေလာက္ေပမဲ့
ႁမြေပါသားရဲက သူ အရြယ္ႀကီးလာတာကို
အေရးမထားေခ်၊ ဘာလို႔ဆို သူ႔မူလအရြယ္ကို
ျပန္ေရာက္သြားသၫ့္ သတၲုစားသားရဲေလးမွာ
မီတာဝက္ပင္မရွည္ေသာေၾကာင့္ ျဖစ္သည္။

"ေကာင္ေလး ငါ့ရဲ့ဝံပုေလြအစြယ္သတၲုတူႀကီးကို
စားၾကၫ့္လိုက္စမ္းပါ!"

ႁမြေပါသားရဲက ေဒါသတႀကီးေအာ္ဟစ္သည္။

သူ႔လက္ထဲရိွ သတၲုတူႀကီးက ေလထဲမွာ
တစ္ပတ္ေဝ႔ွယမ္းသြားၿပီး သူ႔ဆီကို ခုန္အုပ္လာေန
သၫ့္ သတၲုစားသားရဲေလးဆီ တိုးဝင္သြားသည္။
ေရႊေရာင္အလင္းတစ္ခ်က္ ေတာက္ပသြားၿပီး
တူႀကီးက ပစ္မွတ္ကို လဲြေခ်ာ္ကာ သဲထဲနစ္ဝင္သြား
သည္။ သက္ေရာက္မႈေၾကာင့္ က်ယ္ေလာင္လွေသာ
အသံအက်ယ္ႀကီးတစ္သံ ထြက္ေပၚလာၿပီး
သံုးမီတာမနည္း နက္သၫ့္ တြင္းႀကီးတစ္တြင္း
ရုတ္ျခည္းေပၚလာသည္။

သတၲုတူက ႁမြေပါသားရဲ၏လက္နက္ျဖစ္ၿပီး
၄ကို မာေၾကာသၫ့္သတၲုမ်ားစြာကို
ေပါင္းစပ္ျပဳလုပ္ထားသည္။ တူက
ကီလိုဂရမ္ ၅၀၀ ခန႔္အေလးခ်ိန္ရိွသည္။
တစ္ခ်က္ ထုခံမိလ်ွင္ ခ်က္ခ်င္းမေသရင္ေတာင္
အံုနာက်ိဳးကန္းေတာ့ ျဖစ္သြားဦးမည္ပင္။
တစ္ခါက ကၽြန္းေလးကို လုယူသိမ္းပိုက္ခ်င္ခဲ့
သၫ့္နတ္ဆိုးသားရဲမ်ားကို ႁမြေပါသားရဲက
၄တူျဖင့္ ေသေအာင္ထုသတ္ခဲ့ဖူး၍ သူက
သိပ္ကိုယံုၾကည္ခ်က္ရိွသည္။

တိုက္ခိုက္မႈက လဲြသြားေၾကာင္း ျမင္သည္ႏွင့္
ႁမြေပါသားရဲက ရုတ္တရက္ေလွာင္ရယ္လိုက္သည္။
သူ႔လက္ေမာင္းအားက ကီလိုဂရမ္ ၅၀၀ထက္
ပိုေသာေၾကာင့္ သူက တူႀကီးကို အလြယ္တကူ
ပင့္မကာ ေရႊေရာင္အရိပ္ဆီသို႔ လႊဲခ်လိုက္သည္။
ေရႊေရာင္အရိပ္က အနည္းငယ္ ကိုယ္ကို
ႏိွမ့္ေရွာင္လိုက္ရာ ရိုက္ခ်က္က သီသီေလး
ကပ္လဲြသြားပံုရသည္။ သို႔ေသာ္လည္း
ရိုက္မိလိုက္ေၾကာင္း ႁမြေပါသားရဲ သိသည္။

သတၲုစားသားရဲေလးက ေလထဲမွာ အႀကိမ္မ်ားစြာ
လွၫ့္ပတ္ၿပီး ဆယ္မီတာေက်ာ္ေဝးသၫ့္
ေျမျပင္ေပၚတြင္ ဆင္းသက္လိုက္သည္။
၄က ေျမၾကီးေပၚမွာ ဝံပုေလြတစ္ေကာင္ကဲ့သို႔
ဝပ္သြားသြားရင္း ၄၏အျပာေရာင္မ်က္လံုးမ်ား
ထဲမွာ ထူးဆန္းတဲ့ အလင္းေရာင္တစ္ခ်က္
လက္သြားသည္။

ႁမြေပါသားရဲက သူ႔ကို အသက္ရႉခြင့္မေပး၊
သို႔ေပမဲ့ ၄က သတၲုစားသားရဲေလးဆီကို
တစ္လွမ္းခ်င္းသာ ခ်ဉ္းကပ္လာသည္။ သူ႔လက္ထဲရိွ
သတၲုတူႀကီးက ေျမျပင္ကို တဒုတ္ဒုတ္ျဖင့္
ရိုက္မိေနသည္။ မၾကာမီမွာပဲ ေျမၾကီးေပၚမွာ
အေပါက္ႏွစ္ဆယ္ေက်ာ္ ေပၚလာၿပီး
လ၏မ်က္ႏွာျပင္နဲ႔ေတာင္ တူေနေတာ့သည္။

နာရီဝက္မျပၫ့္ေသးခင္မွာ သူတို႔ႏွစ္ေကာင္
အကြက္ရာေက်ာ္ ဖလွယ္ၿပီးၾကၿပီျဖစ္၏။

သူတို႔ တိုက္ခိုက္တာပိုမ်ားလာေလေလ တိုက္ပဲြက
ပိုလြယ္ကူလာေလေလဟု ႁမြေပါသားရဲ
ခံစားရေလသည္။ သူ႔လက္ထဲက တူက
ပို၍ပို၍ ေပါ့ပါးလာသလိုပင္။ တိုက္ကြက္မ်ားက
တစ္ခ်က္ၿပီး တစ္ခ်က္ေရာက္လာၿပီး
သူ႔မွာ တအုန္းအုန္းရိုက္ေနရတာကိုေတာင္
မေပ်ာ္ေတာ့ေပ။

သတၲုစားသားရဲေလးဘက္က အမွားတစ္ခု
မလုပ္မိေသးသၫ့္အခ်ိန္ထိ အေျခအေနက
သူမသာကိုယ္မသာပဲ ျဖစ္ေနခဲ့သည္။ သူက
ေဘးမွာ ကၽြင္းတစ္ခုရိွေနတာကို သတိျပဳမိခဲ့ပံု
မရဘဲ ေျခတစ္ေခ်ာင္း ကၽြံသြားၿပီး ၄
တစ္ကိုယ္လံုး ကၽြင္းထဲကို လိမ့္က်သြားေလသည္။
၄က ေမာ့ၾကၫ့္လိုက္သၫ့္အခါ ႁမြေပါသားရဲက
ကၽြင္းႏႈတ္ခမ္းမွာ ေပၚလာသည္။ ၄က
လက္ထဲရိွ တူႀကီးကို အေပၚသို႔ၿမွောက္ၿပီး
မႏွစ္မ်ိဳ႕ဖြယ္ေကာင္းသၫ့္ စပ္ၿဖဲျဖဲအႃပံုးျဖင့္
ေအာက္သို႔ ထုခ်လိုက္၏။

ဘုန္း!!

သတၲုတူႀကီးက သတၲုစားသားရဲေလး၏ေခါင္းနဲ႔
ထိပ္တိုက္ တိုက္မိသြားၿပီး သက္ေရာက္အား၏
အလယ္မွ တုန္ခါလိႈင္းႀကီးတစ္လိႈင္း တစ္ခဏခ်င္း
ပ်ံ႔ထြက္သြားသည္။ ကၽြင္းႀကီးက သံုးမီတာမွ
ငါးမီတာထိ က်ယ္သြားၿပီး ပထဝီေျမၾကီးက
တစ္ခဏမ်ွ လႈပ္ခတ္သြားပံုေပၚသည္။

"ဟား ဟား ဟား...."

ႁမြေပါသားရဲက စိတ္လႈပ္ရွားစြာ ရယ္ေမာေတာ့သည္။
သူ႔သတၲုတူႀကီးကို ေခါင္းနဲ႔တိုက္ၿပီးေနာက္မွာ
အံုနာက်ိဳးကန္းျဖစ္မသြားသူဟူ၍ တစ္ေယာက္မွ
မရိွဖူးေပ။ အားနည္းသၫ့္အေကာင္ေတြဆို
တစ္ခ်က္တည္းျဖင့္ အသားျပားျဖစ္သြားၾကသည္။
ဤသို႔ေသာျမင္ကြင္းမ်ိဳးကို မ်ားစြာျမင္ဖူးေလရာ
ရလဒ္ကို သူ မအံ့ဩမိေတာ့ေပ။

"အို႔ အို႔!!"

ႂကြက္သားရဲမ်ား၏ စိတ္လႈပ္တရွား
ႂကြေးေၾကာ္သံမ်ားက ဆက္တိုက္ဆိုသလို
စတင္ထြက္ေပၚလာေတာ့သည္။

"ကရက္~ကရက္~ ~"

ထိုအခိုက္အတံ့၌ တူေအာက္မွ ခပ္ဖြဖြဝါးစားသံ
တစ္သံ ပ်ံ႔လြင့္လာသည္။ အသံက တစတစ
က်ယ္ေလာင္လာ၏။

ေနာက္ဆံုး ႁမြေပါသားရဲ၏အာရံုကို ဆဲြေဆာင္
သြားေလသည္။ တူကိုဖယ္ၿပီး မၾကၫ့္ႏိုင္ခင္မွာ
တူေအာက္ေျခမွ ေရႊေရာင္ေခါင္းေလးတစ္လံုး
ထြက္လာ၏။ ၄မွာ အသားျပားျဖစ္သြားၿပီဟု
သူေတြးထားသၫ့္ သတၲုစားသားရဲေလးပင္
ျဖစ္သည္။

ႁမြေပါသားရဲမွာ ထိတ္လန႔္အံ့ဩလြန္းသျဖင့္
ပါးစပ္ဟသြားသည္၊ သို႔ေသာ္ ေနာက္တစ္စကၠန႔္၌
သတၲုစားသားရဲေလး၏အျပဳအမူက သူ႔ကို
ေၾကာင္သြားေစခဲ့သည္။

သတၲုစားသားရဲေလးက ပါးစပ္ဟလိုက္ၿပီး
တူကို တစ္ကိုက္ကိုက္သည္။

၄က တူေအာက္ေျခကေန အေပၚထိစားလာရင္း
"ကရက္~ကရက္~~" အသံက ျမည္ဟီးေနသည္။
ကီလိုဂရမ္ ၅၀၀ရိွသၫ့္ တူႀကီးမွာ မ်က္စိျဖင့္
ျမင္သာေသာႏႈန္းျဖင့္ ေသးငယ္သြား၏။
တူအတြင္းပိုင္းမွာ ေဟာင္းေလာင္းႀကီးျဖစ္သည္အထိ
သတၲုစားသားရဲေလးက ဘယ္ခ်ိန္ကတည္းကမွန္း
မသိ စားလို႔ထားသည္။

ႁမြေပါသားရဲတစ္ေကာင္ အသိျပန္ဝင္လာသၫ့္
အခ်ိန္၌ သူ႔တူႀကီးက ကီလိုဂရမ္ ၁၀၀ေတာင္
မရိွေတာ့ေခ်။ ေရႊပါသၫ့္ သတၲုလက္ကိုင္ရိုးကတင္
ကီလိုဂရမ္ ၅၀ရိွသည္ျဖစ္ရာ တူက မည္မ်ွသာ
က်န္ေတာ့လဲ ေတြးၾကၫ့္လို႔ရေပသည္။

ထိုမ်ွေလာက္ေသာ သတၲုအတံုးႀကီးကို
စားၿပီးေနာက္မွာေတာင္ သတၲုစားသားရဲေလး၏
ကိုယ္လံုးက ေသးငယ္ေနတုန္းပဲျဖစ္သည္။ သူက
ရြံရွာေနပံုျဖင့္ အနည္ႏွစ္မည္းမည္း တစ္လုပ္ေတာင္
ေထြးထုတ္လိုက္ေသးသည္။ အရသာက
သူစားေနက် သတၲုထက္ ဆိုးဝါးရံုမက
သူ႔သခင္ ခ်က္ေပးသၫ့္ ဟင္းႏွင့္လည္း
ယွဉ္လို႔မရေခ်။

သူစားလာတာ ေကာင္းေပ့ဆိုသၫ့္
သတၲုမ်ားသာျဖစ္၍ ယခုလိုစားေပးတာကတင္
သူ႔အတြက္ ေထာက္ထားရာေရာက္ေနၿပီ။

သတၲုစားသားရဲေလးက အမိုးေပၚျပန္မတက္ခင္
ႁမြေပါသားရဲကို အထင္ျမင္ေသးစြာၾကၫ့္သြား၏။

သူတို႔ႏွစ္ေကာင္လံုးက နတ္ဆိုးသားရဲမ်ား
ျဖစ္ၿပီး မူမမွန္သၫ့္အေကာင္မ်ားျဖစ္သည္၊
သို႔ေပမဲ့ ထင္ရွားစြာျဖင့္ ႁမြေပါသားရဲက
ဗဟုသုတပိုနည္းေနခဲ့သည္။

ဒီကမ႓ာက သားရဲဘယ္ႏွေကာင္ကမ်ား
သတၲုစားလို႔လဲ။

သတၲုစားသားရဲ၏ အမ်ိဳးက သူ႔အတြက္
ခ်ဉ္းကပ္ႏိုင္ဖို႔ခဲယဉ္းၿပီး ထူးကဲလြန္းတာကို
သူမသိေသးေပ။

ယခုအခ်ိန္မွာ ႁမြေပါသားရဲ၏ေခါင္းထဲမွာ
သတၲုစားသားရဲေလး၏ အထင္ေသးသၫ့္
အၾကၫ့္မ်ားျဖင့္သာ ျပၫ့္ႏွက္ေနသည္။

ဒီက်ားက စြမ္းအားထုတ္မျပေတာ့
ေၾကာင္လို႔ထင္ေနတာလား။

သူက ဒုတိယအႀကိမ္တိုက္ခိုက္ရန္၊ ေျပာရလ်ွင္
သစ္သားအိမ္ေလးကို သူ႔လူေတြကို ဝင္တိုက္ခိုင္းဖို႔
ျပင္ေနတုန္းမွာပဲ ေကာင္းကင္က ရုတ္တရက္
ျမည္ဟီးသြားၿပီး လ်ွပ္စီးမ်ားလက္လာသည္။
ခ်က္ခ်င္းဆိုသလို ဤဘက္ျခမ္း၌ တိမ္မည္းမ်ား
စုစည္းလာသည္။ တိမ္မည္းမ်ားက မီတာ
ရာေက်ာ္ျဖန႔္က်က္လ်က္ ရိွၿပီး လ်ွပ္စီးမ်ား
တဖ်တ္ဖ်တ္လက္ေနသည္။ ျမင္ကြင္းက
အင္မတန္မွ ခမ္းနားလွ၏။

ႁမြေပါသားရဲႏွင့္ ေနာက္လိုက္တစ္သိုက္မွာ
ေၾကာင္အမ္းကုန္သည္။

သတၲုစားသားရဲေလးႏွင့္ ေရႊေတာင္ပံပိုးေကာင္တို႔
ကေတာ့ ေနသားက်ေနတာ ၾကာၿပီ။
သူတို႔သခင္ငတံုး သက္တန႔္အဆင့္ေဆးလံုး
သန႔္စင္တာ ဒါပထမဆံုးအႀကိမ္မဟုတ္ေတာ့ေပ။
ဒီလိုျမင္ကြင္းမ်ိဳးကို သူတို႔ ျမင္ဖူးတာ
ဆယ္ႀကိမ္ပင္မကေတာ့ေခ်။

မိုးႀကိဳးတိမ္တိုက္မ်ား ထြက္ေပၚလာျခင္းက
ယူေရွာင္းမို ေမွာ္ေဆးလံုးကို ေအာင္ေအာင္ျမင္ျမင္
ျပဳလုပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ကိုယ္စားျပဳေနၿပီး
ထိုေနာက္မွာ လိုက္ပါလာသည္က လ်ွပ္စီး
အတိဒုကၡပင္ျဖစ္သည္။

ႁမြေပါသားရဲႏွင့္ ေနာက္လိုက္တစ္အုပ္တို႔
အၾကၫ့္ေအာက္၌ ေကာင္းကင္မွာ အျပာေရာင္
ပံုရိပ္တစ္ခု ရုတ္တရက္ေပၚလာသည္။
လ်ွပ္စီးမ်ားက ရပ္နားျခင္းမရိွဆက္တိုက္
တဖ်တ္ဖ်တ္လက္ေနခ်ိန္ ေကာင္းကင္တစ္ခြင္
ျပၫ့္ေနေသာ မိုးႀကိဳးတိမ္တိုက္မ်ားေအာက္၌
၄ပံုရိပ္ေလးက အလြန္တရာေသးငယ္ၿပီး
မထင္ရွားပံုေပၚသည္။ မိုးႀကိဳးတိမ္တိုက္မ်ားက
က်စ္လ်စ္သြားသည္အထိ အစပ်ိဳးၿပီးသြားခ်ိန္တြင္
အသိေပးျခင္းတစ္စံုတစ္ရာမရိွဘဲ အနက္ေရာင္
အတိဒုကၡလ်ွပ္စီးတစ္ခု က်ဆင္းလာ၏။
ပစ္မွတ္သည္ ထိုအျပာေရာင္ပံုရိပ္ျဖစ္ပံုပင္။

ထိုသူေတာ့ မိုးႀကိဳးထိၿပီးေသေတာ့မွာပဲဟု
ေတြးထားခ်ိန္ ေနာက္ျမင္ကြင္းက သူတို႔ကို
ေၾကာင္အမ္းသြားေစသည္။

ထိုလူ ႀကီးႀကီးက်ယ္က်ယ္လုပ္တာတစ္ခုမွ
သူတို႔မျမင္လိုက္ရေပ။ သူက ညင္သာစြာျဖင့္
လက္တစ္ခ်က္သာ ေဝ႔ွယမ္းလိုက္ၿပီး
အနက္ေရာင္အတိဒုကၡလ်ွပ္စီးက ႏူးညံ့သၫ့္
ဝါဂြမ္းႏွင့္ တိုက္မိသြားပံုေပၚသည္။ လျခမ္းသ႑ာန္
ေငြမွင္ေရာင္ အလင္းတစ္ခုေပၚလာၿပီး
အႀကိမ္အနည္းငယ္ တလက္လက္ျဖစ္ေနၿပီးေနာက္
အနက္ေရာင္လ်ွပ္စီးကို ပိတ္ဆို႔လိုက္သည္။

ၿပီးသည္ႏွင့္ လ်ွပ္စီးခ်က္မ်ားစြာ ဆက္တိုက္
က်ဆင္းလာသည္၊ ၄တို႔တစ္ခုခ်င္းစီတြင္
မတူညီသၫ့္ အေရာင္မ်ားရိွၿပီး အရင္ကထက္
ပိုအားျပင္းလာပံုေပၚေသာ္လည္း အမ်ိဳးသား၏
တားဆီးျခင္းကို ခံလိုက္ရ၏။

သူတို႔က မိုးႀကိဳးတိမ္တိုက္ ေအာက္တၫ့္တၫ့္တြင္
မဟုတ္ေသိာလည္း အသက္ရႉမရေအာင္ျဖစ္ေစသၫ့္
အံ့အားသင့္မႈကို ႁမြေပါသားရဲမွာ ခံစားရႏိုင္ဆဲ
ျဖစ္၏။ ဤကမ႓ာပ်က္ဖြယ္အားအင္ေအာက္၌
သူတို႔က မျဖစ္စေလာက္ေလးပဲရိွပံုေပၚသည္။

သူ႔ကို ရန္သြားစရန္ မည္မ်ွမာနႀကီးၿပီး
ဉာဏ္နည္းခဲ့မိေၾကာင္းကို ႁမြေပါသားရဲမွာ
ေနာက္ဆံုးနားလည္သြားေတာ့သည္။ ထိုကဲ့သို႔ေသာ
စြမ္းအားမ်ိဳးျဖင့္ဆိုလ်ွင္ သူတို႔ဘက္က
ရာခ်ီ၊ ေထာင္ခ်ီရိွလ်ွင္ေတာင္ သူ႔ၿပိဳင္ဖက္
မျဖစ္ႏိုင္ေသးေခ်။

မၾကာမီတြင္ မိုးႀကိဳးတိမ္တိုက္မ်ား လြင့္ပ်ယ္သြားၿပီး
ေကာင္းကင္က ေဆးေၾကာသန႔္စင္ခံရသလို
ျပာလဲ့သြားသည္။ ေတာက္ပသၫ့္ေနေရာင္ျခည္က
ပင္လယ္ေရျပင္ကို ပူေနြးေစၿပီး လိႈင္းလံုးမ်ားကို
တလက္လက္ေတာက္ပေစသည္။

ယူေရွာင္းမိုက ေကာင္းကင္ထက္မွ ေဆးေပါင္းအိုးဆီ
ျပန္လည္ဆင္းသက္လာသည္။ လ်ွပ္စီး
အတိဒုႂကၡပီးဆံုးသည္ႏွင့္ စိတ္သက္သာရာရစြာ
သက္ျပင္းခ်လိုက္သည္။ ေနာက္ဆံုးေတာ့
လမ္းတစ္ဝက္မွာ မက်ရႈံးခဲ့ေပ၊ မဟုတ္လ်ွင္
ႏွလံုးသားအေၾကာေဆးလံုးတစ္လံုး သန႔္စင္ဖို႔
ေနာက္ထပ္ သံုးရက္နဲ႔သံုးည ကုန္ဆံုးရေပလိမ့္ဦးမည္။
သူ႔အတြက္ ပင္ပန္းလို႔ရယ္ေတာ့မဟုတ္ေပမဲ့
ေမွာ္ေဆးပင္အမ်ားႀကီး အလကားျဖစ္သြားပါက
အသည္းကဲြရလိမ့္မည္။

ထိုအခိုက္ ေဆးေပါင္းအိုးထံမွ တဝီဝီအသံတစ္သံ
ထြက္လာသည္။ ေဆးေပါင္းအိုးကို သူ
တစ္ခ်က္သြားၾကၫ့္လိုက္ခ်ိန္ ႏွလံုးသားအေၾကာ
ေဆးလံုးက ေဆးေပါင္းအိုး၏အရံအတားကို
ျပင္းျပင္းထန္ထန္ ထုရိုက္ေနသည္။

အရံအတားက ေမွာ္ေဆးလံုး မလြတ္ေအာင္
ထိန္းထားႏိုင္ေပမဲ့လို႔ ေမွာ္ေဆးလံုး အဆင့္
ျမင့္ေလေလ အရံအတား အာနိသင္က
ေလ်ာ့ေလေလပင္။ သူသာ စကၠန႔္အနည္းငယ္
ေနာက္က်သြားမယ္ဆိုရင္ ေမွာ္ေဆးလံုးက
တကယ္ပဲ လြတ္သြားေလာက္ၿပီျဖစ္သည္။

ယူ​ေရွာင္းမို၏ဖိႏိွပ္မႈေအာက္၌ ေမွာ္ေဆးလံုးက
ၿငိမ္သက္သြားေတာ့သည္။

ယူေရွာင္းမိုက ေမွာ္ေဆးလံုးကိုသိမ္းလိုက္ၿပီး
ေဆးေပါင္းအိုးႏွင့္ က်န္ေမွာ္ေဆးပင္မ်ားကို
နယ္ေျမထဲျပန္ထၫ့္ၿပီးသၫ့္ေနာက္ ေျမၾကီးေပၚမွ
အစအနမ်ားကို ရွင္းလင္းလိုက္သည္။ သူက
အိမ္အေနာက္ဘက္ကို ေလ်ွာက္သြားသၫ့္အခါ
လွပသၫ့္ကမ္းေျခမွာ လမ်က္ႏွာျပင္လို
ခ်ိဳင့္ခြက္ႀကီးေတြ ျဖစ္ေနတာကို ျမင္လိုက္ရ၏။
ကၽြင္းႀကီးႀကီးေသးေသး မ်ိဳးစံုရိွေနၿပီး
သတိမထားပါက ေခ်ာ္က်ႏိုင္ေျခရိွသည္။

"လူေတြေရာဘယ္မလဲ"

ယူေရွာင္းမိုက အမိုးေပၚ လွမ္းၾကၫ့္ကာ
ေမးလိုက္သည္။

သတၲုစားသားရဲေလးက ပါးစပ္ဟကာ
တစ္စံုတစ္ခုေျပာေတာ့မၫ့္အခ်ိန္၌
ေလခ်ဉ္ အရင္တက္လိုက္၏။

ယူေရွာင္းမို "......"

အေကာင္စုတ္ေလး ငါမသိေအာင္ ဘာေတြ
ခိုးစားထားတာလဲ။

ယူေရွာင္းမိုက ဒီညခ်က္ျပဳတ္ဖို႔ စိတ္ကူးမထားေပ၊
သို႔ေပမဲ့ သူ႔သားရဲေလးေတြရဲ့ စိတ္အားထက္သန္မႈကို
ႏွစ္မိသလိုမျဖစ္ေစရန္အလို႔ငွာ သူတို႔ကို
အစားအေသာက္ႏွင့္ ဆုခ်ရန္ဆံုးျဖတ္လိုက္သည္။
ဘယ္လိုပဲျဖစ္ျဖစ္ အလစ္လာေခ်ာင္းတိုက္တဲ့
ဟိုသားရဲေတြကို သူတို႔ တားမေပးထားရင္
သူ ေဆးလံုးသန႔္စင္တာ ဒီေလာက္ေခ်ာေမြ့ခဲ့မွာ
မဟုတ္ဘူးေလ။

လင္းေရွာင္အေျခအေနကို တစ္ခ်က္သြားၾကၫ့္ၿပီး
သူက တံခါးပိတ္က်င့္ႀကံေနဆဲျဖစ္တာကို
ျမင္ရသၫ့္အခါ ယူေရွာင္းမိုက ထိုသံုးေကာင္ကို
ခ်န္ၿပီး နယ္ေျမထဲဝင္လာခဲ့သည္။

သူ႔နယ္ေျမထဲမဝင္ျဖစ္တာ ရက္အနည္းငယ္
ၾကာၿပီဆိုေပမဲ့ စိုက္ခင္းထဲက ေမွာ္ေဆးပင္ေတြဟာ
စည္ပင္ရွင္သန္ေနဆဲပင္။ လြန္ခဲ့ေသာလ
အနည္းငယ္က စိုက္ထားသၫ့္ အပင္မ်ားေရာ၊
အကုန္စုႃပံုၿပီး စိုက္ထားသၫ့္အပင္မ်ားေရာ
ႀကီးထြားႏႈန္းက ေက်နပ္ဖြယ္ရိွသည္။
ထိုေဆးပင္မ်ားက ပင့္ကူနက္ေလလံပဲြမွာ
ႏိုင္လာသၫ့္ စိတ္ဝိဉာဉ္ဝိုင္ေဖာ္စပ္နည္းအတြက္
ပါဝင္ပစၥည္းမ်ားျဖစ္သည္။

စိတ္ဝိဉာဉ္ဝိုင္ကို ပုလင္းတစ္ဝက္ေသာက္ၿပီးၿပီ
ျဖစ္ၿပီး က်န္တစ္ဝက္ကို ယူေရွာင္းမိုက
ဖြက္ထားေလသည္။

လင္းေရွာင္က လက္ဖက္ရည္ႀကိဳက္သည္ဆိုေပမဲ့
ဝိုင္လည္းမေသာက္ဘူးလို႔ မဆိုလိုေပ။
ႏွစ္ခုယွဉ္လ်ွင္ သူက လက္ဖက္ရည္ကို
ပိုႀကိဳက္ျခင္းသာ ျဖစ္သည္။ သို႔ေပမဲ့
လက္ဖက္ရည္က အကန႔္အသတ္ရိွသည္ေလ။
ဆိုင္ပိုင္ရွင္ဆီကေန လက္ေဆာင္အျဖစ္ရထားတဲ့
လက္ဖက္ရြက္ရဲ့တစ္ဝက္ကို လင္းေရွာင္က
သံုးၿပီးၿပီျဖစ္၍ က်န္တစ္ဝက္ကို တစ္ခါတည္း
လက္စသတ္ခြင့္မေပးခ်င္ပါေပ။

စိတ္ဝိဉာဉ္ဝိုင္က အထက္ဆင့္ဝိုင္ျဖစ္၍
ေမွာ္ေဆးပင္ အေတာ္မ်ားမ်ား လိုအပ္သည္။
ထို႔အျပင္ ထိုေဆးပင္မ်ားက အဆင့္ျမင့္
ေမွာ္ေဆးပင္မ်ားျဖစ္၏။ ရိုးတံႏွစ္ခုဆို
လူသားအဆင့္လြန္ ေမွာ္ေဆးပင္မ်ားျဖစ္သည္။
ထုတ္လုပ္ရသၫ့္ ကုန္က်စရိတ္ အလြန္ျမင့္ၿပီး
အျမတ္ေငြက ကုန္က်ေငြကိုပင္ မကာမိေခ်။

ထံုထ်န္းတိုက္မႀကီးမွာ ေမွာ္ေဆးပင္ေတြကို
ဝိုင္လုပ္ဖို႔ အသံုးျပဳခ်င္သူ မရိွသေလာက္
နည္းပါးၿပီးေတာ့ စိတ္ဝိဉာဉ္ဝိုင္ေဖာက္သူ
အနည္းငယ္ကသာ ေမွာ္ေဆးပင္မ်ားကို
အသံုးျပဳခ်င္စိတ္ရိွတာ မဆန္းေတာ့ေခ်။

ယူေရွာင္းမိုက စိတ္ဝိဉာဉ္ဝိုင္တစ္အိုး အရင္
ေဖာက္ရန္ ဆံုးျဖတ္ထားသည္။ လူသားအဆင့္လြန္
ဝိုင္ရဲ့ စိတ္စြမ္းအင္ျပန္ျပၫ့္ေစတဲ့ႏႈန္းက
စိတ္စြမ္းအင္ေရေလာက္ မေကာင္းဘူးဆိုေပမဲ့လို႔
စိတ္စြမ္းအင္ေရက အနံ႔အရသာမရိွဘူးေလ။
ေယာက္်ားမ်ားအတြက္ ဝိုင္က အမွန္ပင္
ပစၥည္းေကာင္းတစ္ခုျဖစ္လို႔ ဝိုင္အရသာလည္းခံရ
စိတ္စြမ္းအင္လည္း ျပန္ျပၫ့္လာႏိုင္သည္မွာ
ထူးကဲသၫ့္အရာမ်ိဳးပင္ ျဖစ္သည္။

သို႔ေသာ္ စိတ္ဝိဉာဉ္ဝိုင္ေဖာက္ရာတြင္ လိုအပ္သၫ့္
လူသားအဆင့္လြန္ေမွာ္ေဆးပင္ ရိုးတံႏွစ္ခု
သူ႔မွာ မက်န္ေတာ့ေခ်။ ယခု လူသားအဆင့္လြန္
ေမွာ္ေဆးပင္မ်ားကို သူက အသံုးမ်ားလာ၍
ေမွာ္ေဆးပင္မ်ားမွာ ရင့္မွၫ့္လာၿပီးမ်ားမၾကာမီမွာပင္
အသံုးျပဳခံလိုက္ရသည္ခ်ည္းသာ ျဖစ္သည္။

ေမွာ္ေဆးပင္မ်ားက ရင့္မွၫ့္ရန္ နီးကပ္လာေနၿပီ။
ပံုမွန္သာဆို ေနာက္ရက္အနည္းငယ္အတြင္း
တူးလို႔ရၿပီျဖစ္သည္။

ယူေရွာင္းမိုက ေမွာ္ေဆးပင္မ်ားေပၚ စိတ္စြမ္းအင္
ေရစက္အနည္းငယ္မ်ွ မခ်ခင္ ခဏေလာက္ေတာ့
ေတြေဝေနခဲ့ေသးသည္။ နာရီဝက္ၾကာၿပီးသၫ့္ေနာက္
ေမွာ္ေဆးပင္မ်ား ရင့္မွၫ့္လာခဲ့ၿပီ။ သူက
ကၽြမ္းက်င္စြာ တူးထုတ္ၿပီး စိတ္စြမ္းအင္ေရျဖင့္
ေဆးေၾကာကာ အျခားေမွာ္ေဆးပင္မ်ားႏွင့္အတူတူ
သိမ္းလိုက္သည္။ ၿပီးေနာက္ အရင္က သူ
ဝယ္ထားသၫ့္ ကရားအိုးႀကီးတစ္လံုးႏွင့္
စိတ္ဝိဉာဉ္ဝိုင္ေဖာက္ရန္အတြက္
ပါဝင္ပစၥည္းမ်ား ထုတ္လာသည္။

ေဖာက္နည္းထဲမွာ ပါသၫ့္ပါဝင္ပစၥည္းမ်ားကိုက
သူ ဝယ္ထားၿပီးၿပီျဖစ္၏၊ ဝိုင္ေဖာက္ဖို႔အတြက္
အခ်ိန္မေပးႏိုင္ခဲ့တာသာျဖစ္သည္။ ယခု သူ႔မွာ
အခ်ိန္မ်ားရိွေနရာ အကုန္ထုတ္လာခဲ့သည္။

ယူေရွာင္းမိုက ေဖာက္နည္းထဲကအတိုင္း
ေမွာ္ေဆးပင္အားလံုးကို ကရားအိုးထဲသို႔
တစ္ဆင့္ၿပီးတစ္ဆင့္ထၫ့္သည္၊ ၿပီးသည္ႏွင့္
စိတ္စြမ္းအင္ေရကို အခ်ိဳးအဆက်က် ေလာင္းထၫ့္
လိုက္၏။ စိတ္စြမ္းအင္ေရ သံုးသင့္သည္ဟု
ေဖာက္နည္းမွာ မေရးထားေပ။ ဘယ္လိုပဲေနေန
စိတ္စြမ္းအင္ေရဆိုတာ အလြန္ရွားပါးသၫ့္
ပစၥည္းျဖစ္သည္ေလ။ ေဖာက္နည္းထဲမွာေတာ့
ရိုးရိုးေရ သံုးသင့္သည္ဟု ေဖာ္ျပထားသည္။

ရိုးရိုးေရနဲ႔ အရသာရိွတဲ့စိတ္ဝိဉာဉ္ဝိုင္မ်ိဳး
လုပ္ႏိုင္တယ္ဆိုရင္ စိတ္စြမ္းအင္ေရသံုးရင္
အရသာက ေဆြမ်ိဳးေမ့ေလာက္မယ္ဟု
ယူေရွာင္းမို ခံစားခဲ့ရေလသည္။ ထို႔ျပင္
စိတ္စြမ္းအင္ေရ ကိုယ္၌က စိတ္စြမ္းအင္
ျပန္လည္ျဖၫ့္တင္းေပးႏိုင္သၫ့္ အာနိသင္ရိွသည္။
ဝိုင္ေဖာက္နည္းထဲကအတိုင္း ေဖာက္လိုက္မယ္
ဆိုရင္....

စိတ္ဝိဉာဉ္ဝိုင္၏ရလဒ္ကို ရုတ္တရက္ႀကီး
ေမ်ွာ္လင့္မိလာသည္။

ေမွာ္ေဆးပင္ႏွစ္ပင္ပဲ အျမန္ရင့္မွၫ့္ေအာင္
လုပ္ခဲ့တာေၾကာင့္ ဝိုင္တစ္အိုးပဲေဖာက္လို႔ရမည္။
စိုက္ခင္းထဲမွ အပင္မ်ားကို ဝိုင္ေဖာက္ရန္
အသံုးမျပဳခင္ ရင့္မွၫ့္ေအာင္ ေစာင့္ရေပလိမ့္မည္။

ယူေရွာင္းမိုက ကရားႏႈတ္ခမ္းကို အဆို႔ဆို႔ၿပီး
ဖြက္ရန္ ၿခံထဲေရႊ့လာခဲ့သည္။ ပထမတန္းစား
စိတ္ဝိဉာဉ္ဝိုင္ရဖို႔ အေရးႀကီးသၫ့္အခ်က္ႏွစ္ခုကို
ဝိုင္ေဖာက္နည္းထဲမွာ ေဖာ္ျပထားသည္။

ပထမက အခ်ိန္ကာလလံုလံုေလာက္ေလာက္
အခ်ဉ္ေဖာက္ရမည္။ အခ်ိန္ကာလ
တိုေတာင္းလြန္းျခင္းက ဝိုင္ေကာင္းတစ္အိုးကို
အလကားျဖစ္ေစလိမ့္မည္။ ဒုတိယက
ေကာင္းမြန္စြာ ပိတ္ထားရမည္။ ေလဝင္သည္ႏွင့္
ဝိုင္အရသာ ပ်က္စီးသြားမည္ျဖစ္ကာ က်ရႈံး
ႏိုင္သျဖင့္ အျပၫ့္အဝပိတ္ထားရမည္ျဖစ္သည္။

ယူေရွာင္းမိုက ၿခံဝင္းထဲ ကၽြင္းတစ္ခုတူးၿပီး
ကရားအိုးကို အထဲၿမွဳပ္ကာ အဟအလပ္မရိွေအာင္
ပိတ္ၿပီးေနာက္ အရင္ကစိတ္ဝိဉာဉ္ဝိုင္တစ္ဝက္ႏွင့္
နယ္ေျမထဲမွ ထြက္ခဲ့သည္။

စိတ္ဝိဉာဉ္ဝိုင္ႀကိဳက္သူမွာ လင္းေရွာင္တင္မဟုတ္ဘဲ
သတၲုစားသားရဲေလးႏွင့္ ဖင္းဖံုတို႔ပါပါသည္။

အရင္တစ္ခါ သူ စိတ္ဝိဉာဉ္ဝိုင္တစ္အိုး
ထုတ္ယူလာတုန္းက သူတို႔သံုးေယာက္ တစ္ခြက္စီပဲ
ေသာက္လိုက္ရသည္။ မေသာက္ႏိုင္သူမ်ားျဖစ္၍
နာရီဝက္ေတာင္ မၾကာေသးခင္ မူးေနခဲ့ၾကသည္။

ၿပီးေနာက္မွာ မအီမသာျဖစ္တာမ်ိဳး မရိွခဲ့ေပမဲ့
စိတ္ဝိဉာဉ္ဝိုင္၏အရသာကိုေတာ့ ေမ့မရခဲ့ၾကေခ်။

စိတ္ဝိဉာဉ္ဝိုင္ကို ယဇ္ထုတ္မ်ား ႀကိဳက္ၾကသၫ့္
အေၾကာင္းအရင္းတစ္ခုမွာ စိတ္စြမ္းအင္
ျပန္လည္ျဖၫ့္တင္းေပးေသာ အာနိသင္ေၾကာင့္ျဖစ္ၿပီး
ေနာက္တစ္ခုမွာ စိတ္ဝိဉာဉ္ဝိုင္၏အရသာက
စဲြမက္ဖြယ္ေကာင္းေသာေၾကာင့္ ျဖစ္၏။

သို႔ေသာ္လည္း စိတ္ဝိဉာဉ္ဝိုင္သည္
ႂကြယ္ဝခ်မ္းသာသူမ်ားႏွင့္ စိတ္စြမ္းအင္
ေက်ာက္တံုးျဖင့္ ေပးဝယ္ခ်င္သူမ်ားသာ
ေသာက္ႏိုင္သၫ့္ဝိုင္ျဖစ္သည္။ သို႔ျဖစ္ရာ
အထက္ဆင့္ႏွင့္ လူသားအဆင့္လြန္
စိတ္ဝိဉာဉ္ဝိုင္ကို အထက္တန္းဝိုင္ဟုလည္း
ေခၚသည္။

ယူေရွာင္းမိုက စိတ္ဝိဉာဉ္ဝိုင္အိုးႏွင့္အတူ
အိမ္အေရ႔ွဘက္မွာ ေပၚလာသည္။
ႏွာေခါင္းေကာင္းသၫ့္ သတၲုစားသားရဲေလးက
အမိုးေပၚမွ ခ်က္ခ်င္းလိွမ့္ဆင္းလာၿပီး
သူ႔လက္ေမာင္းထဲက စိတ္ဝိဉာဉ္ဝိုင္ကို
ခုန္အုပ္သည္။ ယူေရွာင္းမိုက ကပ္သီေလး
ေရွာင္တိမ္းလိုက္ရာ သတၲုစားသားရဲေလးက
ေလထဲမွာ ေခ်ာ္ထြက္သြားၿပီးမွ ေျခေလးေခ်ာင္းျဖင့္
ေျမၾကီးေပၚ က်သြားသည္။

ေျခတစ္လွမ္းေနာက္က်သြားသၫ့္ ဖင္းဖံုတို႔က
သူမ်ားဒုကၡေရာက္တာကို ေပ်ာ္ရႊင္စြာ
ရယ္ေမာၾကေလသည္။

ႏွာေခါင္းေကာင္းလြန္းေနတာကိုး။ ခံရတာေတာင္
နည္းေသး။

ယူေရွာင္းမိုက မ်က္လံုးသာလွန္လိုက္သည္။

သူမ်ားက ေျခတစ္လွမ္းသာေနခ်ိန္ သူတို႔က
ေျခတစ္လွမ္းေနာက္က်ေနတာေတာင္
ရယ္ရဲတဲ့ မ်က္ႏွာရိွေသးတယ္။ အကုန္ ဒီပုတ္ထဲက
ဒီပဲပဲ။

"ေတာ္ေတာ့ ရန္မျဖစ္ၾကနဲ႔၊ အကုန္ညီတူမ်ွတူရမယ္"

ေျပာရင္းျဖင့္ ယူေရွာင္းမိုက နယ္ေျမထဲကေန
ခြက္ငါးခြက္လွမ္းထုတ္ယူလိုက္ၿပီး စားပဲြေပၚမွာ
တင္လိုက္သည္။ လင္းေရွာင္က အခုထိ
ထြက္မလာေသးဘူးဆိုေပမဲ့လည္း သူ႔အတြက္
တစ္ခြက္ပိုျပင္ေပးထားလည္း ဘာမွမျဖစ္သြားေပ။
လင္းေရွာင္က ခဏေန ထြက္လာခ်င္လာမွာေပါ့
ေျပာမရဘူး။

သတၲုစားသားရဲေလးႏွင့္ ဖင္းဖံုတို႔က
စကားနားေထာင္တဲ့ကေလးေလးမ်ားလို
သူတို႔ေနရာသူတို႔ 'ထိုင္'လိုက္ၾကၿပီးႏွင့္ၿပီ ျဖစ္သည္။
အမွန္ေတာ့ သူတို႔သံုးေကာင္က အနာဂတ္မွာ  
ယဇ္ထုတ္ျဖစ္လာမၫ့္ အေလာင္းအလ်ာေလး
ေတြပင္။ ထင္ရွားစြာျဖင့္ တစ္ေကာင္ကသတၲု၊
ေနာက္ႏွစ္ေကာင္က ခုနစ္ရြက္ျမက္ပဲ စားရမွာ
ျဖစ္ေပမဲ့ ယခုေတာ့ျဖင့္ ေပါက္ကရေလးဆယ္
အကုန္စားသည္။

ယူေရွာင္းမိုက ခြက္သံုးခြက္ထဲ ဝိုင္ျဖၫ့္လိုက္
ၿပီးၿပီးခ်င္းမွာပဲ သံုးေကာင္သား သူတို႔နဲ႔ဆိုင္တဲ့
ခြက္ကို သူတို႔ရင္ခြင္ထဲ ခ်က္ခ်င္းဖြက္လိုက္ၾက
ေလသည္။

သတၲုစားသားရဲေလးဆိုရင္ သူ႔ခြက္ေလးသူယူၿပီး
ေထာင့္နားေလးထိပင္ ေျပးသြားသည္။
ဖင္းဖံုတို႔ကလည္း သူ႔လို လိုက္လုပ္ခ်င္ေပမဲ့
ဝိုင္ခြက္နဲ႔သူတို႔က အရြယ္တူေလာက္ျဖစ္ေန၏။
သူ႔လိုလိုက္လုပ္ခ်င္လ်ွင္ေတာင္ ဝိုင္ခြက္ကို
မ,မႏိုင္ေခ်၊ ၿပီးေတာ့ သူတို႔ပါးစပ္ထဲ
ကိုက္ခ်ီသြားပါက ဝိုင္မ်ားေမွာက္ကုန္မည္ျဖစ္၍
စားပဲြမွာပဲ လိမ္လိမ္မာမာေလးထိုင္ရေတာ့သည္။

ယူေရွာင္းမိုက သူကိုယ္တိုင္အတြက္ တစ္ခြက္
ငွဲ႔လိုက္သည္။ သူက အေသာက္သမား
မဟုတ္ေသာ္ျငား ဝိုင္ေတာ့အရသာခံႏိုင္ေသးသည္။

ဟိုသံုးေကာင္ကေတာ့ သူတို႔ဝိုင္ကို ေသာက္ၿပီး
ေနာက္မွာ ခြက္ကိုေတာင္ လ်က္ေနၾက၏။
ယူေရွာင္းမိုက ခြက္ကို ေအာက္ခ်လိုက္ၿပီး
အိမ္ေလးထဲသြားသည္။ ဝိုင္အနံ႔ကိုရ၍ထင္သည္၊
လင္းေရွာင္က မ်က္လံုးပြင့္လာ၏။

ယူေရွာင္းမိုက သတၲုစားသားရဲေလးတို႔
သံုးေကာင္ကို ေတြးမိၿပီး မရယ္ဘဲမေနႏိုင္ေတာ့ေခ်။

"ဘာေတြရယ္ေနတာလဲ"

လင္းေရွာင္က သူ႔ကို ၾကၫ့္ၿပီး ခပ္ဖြဖြေမးသည္။

ယူေရွာင္းမိုက ေခါင္းယမ္းသည္။

"ဘာမွမရယ္ပါဘူး"

သူေျပာမည္မဟုတ္၊ မဟုတ္လ်ွင္ လင္းေရွာင္က
အဲ့တာကိုအေၾကာင္းျပၿပီး သူ႔ကိုႏိွပ္စက္လိမ့္မည္။

လင္းေရွာင္က သူ႔ကို သကၤာမကင္းၾကၫ့္ၿပီးေနာက္
သူ႔မ်က္လံုးမ်ားက သူ႔လက္ထဲကစိတ္ဝိဉာဉ္ဝိုင္ဆီ
ေရာက္သြားသည္။ လူသားအဆင့္လြန္
စိတ္ဝိဉာဉ္ဝိုင္၏ေမႊးရနံ႔က ျပင္းသည္။ သူတို႔ေတြ
အျပင္မွာ ေသာက္ေနခ်ိန္ကတည္းက သူ
အိမ္ထဲကေန အနံ႔ရေနခဲ့၏။

ယူေရွာင္းမိုက သူ႔ဆီ ခြက္ယူသြားေပးလိုက္သည္။
ကရားအိုးထဲမွာ အေတာ္ေလးက်န္ေသး၏။
ဘယ္လိုပဲေနေန ဒီအိုးကို စြမ္းအင္ေက်ာက္တံုး
ဆယ္သန္းေပးခဲ့ရသည္ပင္။ တစ္လုပ္ႏွစ္လုပ္
ေသာက္ရံုႏွင့္ ကုန္သြားပါက ေပးရသၫ့္ေငြႏွင့္
တန္မည္မဟုတ္ေပ။

"စိုက္ခင္းထဲမွာ ေမွာ္ေဆးပင္ေတြ ထပ္စိုက္ထားတယ္
မဟုတ္လား။ ဘယ္လိုေနလဲ"

လင္းေရွာင္က ကရားအိုးကိုယူၿပီး ေခါင္းေမာ့၍
တစ္ငံုေသာက္လိုက္သည္၊ ကုန္ဆံုးထားသၫ့္
စိတ္စြမ္းအင္က တျဖည္းျဖည္း ျပန္ျပၫ့္လာ၏။

ယူေရွာင္းမိုက ျပန္ေျဖသည္။

"ေျမၾကီးထဲ ဝိုင္တစ္အိုးၿမွဳပ္ထားခဲ့တယ္။
ဒါေပမဲ့ ျပန္တူးထုတ္ဖို႔ သံုးလေစာင့္ရဦးမယ္"

ေယဘုယ်အားျဖင့္ ဝိုင္ကို ၾကာၾကာအခ်ဉ္ေဖာက္ေလ
ေကာင္းေလျဖစ္သည္။ သံုးလဆိုသည္မွာ
အတိုဆံုးျဖစ္ၿပီး အရသာက တစ္ႏွစ္ေက်ာ္
အခ်ဉ္ေဖာက္ထားသၫ့္ဝိုင္ေလာက္ေတာ့
ေကာင္းမည္မဟုတ္ေပ။ သို႔ေပမဲ့လို႔ ၄က
လူသားအဆင့္လြန္စိတ္ဝိဉာဉ္ဝိုင္ ျဖစ္ေနေသးရာ
အရသာ အရမ္းမဆိုးေလာက္ပါေခ်။ စိတ္ဝိဉာဉ္ဝိုင္
ကုန္သြားသည္ႏွင့္ လင္းေရွာင္က ေမးလာမည္မွန္း
သူသိခဲ့သည္။

"မင္း ဘယ္ေတာ့တံခါးပိတ္က်င့္ႀကံမွာလဲ"

လင္းေရွာင္က ေမးလာသည္။

ယူေရွာင္းမိုက ေခါင္းကုတ္ရင္း၊
"မနက္ျဖန္က် ႏွလံုးသားအေၾကာေဆးလံုးတစ္လံုး
ထပ္လုပ္ဖို႔ ေတြးထားတာ။ ၿပီးရင္ေတာ့
က်င့္ႀကံမွာပါ။ ခင္ဗ်ား ဘယ္လိုေနေသးလဲ"

"အတူတူေလာက္ပဲ။ မင္းစေတာ့မယ္ဆို
ကိုယ့္ကို ေျပာဦး"

လင္းေရွာင္က က်န္စိတ္ဝိဉာဉ္ဝိုင္ကို
တစ္လုပ္တည္းႏွင့္ အၿပီးသတ္လိုက္သည္။
သူ႔စိတ္ထဲတြင္ ရဲတင္းသၫ့္စိတ္ကူးတစ္ခု
ရိွေနေသာ္လည္း ယခုက အေကာင္အထည္
ေဖာ္ရမၫ့္အခ်ိန္မဟုတ္ေသးေပ။

"ခင္ဗ်ား ေလာေနလို႔လား"

ယူေရွာင္းမိုက ေမးလိုက္သည္။

သူတို႔ ကၽြန္းေလးေပၚေရာက္တာ အခုဆို
ႏွစ္လေက်ာ္ၿပီျဖစ္ၿပီး အျပင္ေလာကမွ
အေျခအေနကို မသိရေသးေခ်။ သူကေတာ့
အလ်င္လိုမေနေပမဲ့လို႔ အျပင္ေလာကမွ သတင္း
တစ္ခ်ိဳ႕ သိရႏိုင္ပါက ေကာင္းေပလိမ့္မည္။
ေနာက္ဆံုးေတာ့လည္း သူတို႔မွာ အခ်ဳပ္အခ်ယ္၊
ေနွာင္ႀကိဳးမ်ား ရိွေနေသးသည္ပင္။

"မေလာပါဘူး၊ ဒါေပမဲ့ ဒီမွာအၾကာႀကီး
ေနလို႔မရဘူး။ အခုေလာက္ဆို အျပင္မွာ
ရႈပ္ေထြးေနေလာက္ၿပီ"

လင္းေရွာင္က အသံေသျဖင့္ဆိုသည္။

ယူေရွာင္းမိုက သူ႔ကို အေၾကာင္းအရင္း
မေမးေတာ့ေပ။ ထံုထ်န္းတိုက္မႀကီး၏လက္ရိွ
အေျခအေနကို သူ ခန႔္မွန္းမိေနတာပဲျဖစ္ရမည္။
သူတို႔​ တံုခ်န္းၿမိဳ႔မွာ ရိွေနစဉ္က ရွီက်င္းႏွင့္
နန္လင္းက အေျခအေနအေၾကာင္း ၾကားခဲ့ရကာ
ႏွစ္ခုစလံုးက ဖြင့္လွစ္လိုက္ၾကၿပီျဖစ္သည္။
ဒါက ေကာင္းကင္ဘံုကိုေတာင္
ေျပာင္းျပန္လွန္ႏိုင္သၫ့္ ဖြံ႔ၿဖိဳးလာမႈႀကီးပင္
ျဖစ္၏။

ေနာက္ရက္၌ ယူေရွာင္းမိုက ဒုတိယေျမာက္
ေမွာ္ေဆးလံုးကို စတင္သန႔္စင္ေတာ့သည္။

ဒီတစ္ခါ လင္းေရွာင္က တံခါးပိတ္က်င့္ႀကံျခင္း
မျပဳေသာေၾကာင့္ သူ႔ေစာင့္ေရွာက္သူ ျဖစ္သြားေလ
သည္။ လင္းေရွာင္ကသာ ေစာင့္ၾကၫ့္ေပးထား၍
ယူေရွာင္းမိုက ေဆးလံုးသန႔္စင္ရာမွာ အျပၫ့္အဝ
အာရံုႏွစ္ထားႏိုင္ကာ လႈပ္ရွားမႈမ်ားက
ပထမတစ္ခါထက္ ပိုမိုသြက္လက္လာသည္။

မူလက ႁမြေပါသားရဲေတာ့ ျပန္လာေလာက္ေတာ့မည္
မဟုတ္ဟု သူထင္ထားခဲ့၏၊ သို႔ေပမဲ့ ယူေရွာင္းမိုမွာ
၄၏မ်က္ႏွာကို အထင္ေသးမိသြားသည္။
အေရထူတာမွ ရိုးရိုးတန္းတန္းကိုမဟုတ္ေပ။

သူ႔လုပ္ငန္းစဉ္ ေနာက္ဆံုးေန့ကိုေရာက္သၫ့္အခါ
ႁမြေပါသားရဲက တစ္ခါျပန္ေပၚလာခဲ့သည္။
ကြာျခားခ်က္မွာ ယခုတစ္ခါ၌ ေနာက္လိုက္
နည္းနည္းသာေခၚလာျခင္းျဖစ္၏။

"သခင္!"

ႁမြေပါသားရဲႏွင့္ေနာက္လိုက္မ်ားက အိမ္ႏွင့္
မီတာသံုးဆယ္အကြာ၌ ရပ္လိုက္ၾကသည္။
လင္းေရွာင္က မ်က္ႏွာေသျဖင့္ လွမ္းၾကၫ့္လိုက္
သၫ့္အခါ သူက ရုတ္တရက္ ဒူးေထာက္ခ်ကာ
က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္၏။ သူ႔ေခါင္းကို
ငံု႔ထားသျဖင့္ ေပၚလာသူမွာ လင္းေရွာင္မွန္း
မျမင္ေခ်။ သူ႔ပါးစပ္ဆီမွ စကားလံုးမ်ား
အတဲြလိုက္ထြက္လာ၏။

"သခင္ ၊ ဒီနိမ့္က်တဲ့ေကာင္က မ်က္လံုးပါေပမဲ့
ထိုက္ေတာင္ကို မျမင္ႏိုင္ဘဲ လြန္ခဲ့တဲ့
ရက္အနည္းငယ္တုန္းက သခင့္ကိုအျပစ္ျပဳမိပါတယ္။
ဒီေန့ ဒီလူ​က အမွားျပန္ျပင္ဖို႔ လာခဲ့တာပါ။
သခင္နဲ႔ စာခ်ဳပ္ခ်ဳပ္လို႔ တစ္ဘဝလံုးခစားခ်င္
ပါတယ္ခင္ဗ်ာ။ သခင္ ဒီနိမ့္က်တဲ့လူကို
လက္ခံေပးၿပီး အမွားေတြအတြက္ ျပင္ဆင္ဖို႔
အခြင့္အေရးတစ္ခုေပးဖို႔ ေမ်ွာ္လင့္ပါတယ္။
သခင့္ကို ဘယ္ေတာ့မွ သစၥာမေဖာက္ဘူးလို႔
က်ိန္ဆိုပါတယ္"

"ႁမြေပါသားရဲလား"

ႁမြေပါသားရဲ၏နားအတြင္းသို႔ ေထ့ေင့ါဟန္
ပါသၫ့္အသံတစ္သံ ပ်ံ႔လြင့္လာေလသည္။

ႁမြေပါသားရဲ ေၾကာင္သြား၏။ ေခါင္းေမာ့လိုက္ေတာ့
တံစက္ၿမိတ္ေအာက္၌ တစ္ကိုယ္တည္း
ရပ္ေနသၫ့္ အမ်ိဳးသားကို ျမင္လိုက္ရသည္။
သူက သားနားသၫ့္အျဖဴေရာင္ဘရိုကိတ္ဝတ္ရံုကို
ဝတ္ဆင္ထားၿပီး ေခ်ာေမာသၫ့္ မ်က္ႏွာသြင္ျပင္မ်ား
ရိွသည္။ သူက သာမာန္ေပါ့ေပါ့ပါးပါးပံုစံျဖင့္
ရပ္ေနေသာ္လည္း တစ္ကိုယ္လံုးမွ
ျမင့္ျမတ္သၫ့္အရိွန္အဝါမ်ား ထြက္ေပၚေနသည္။
စကၠန႔္အနည္းငယ္ၾကာၿပီးမွ ႁမြေပါသားရဲမွာ
သတိျပန္ဝင္ၿပီး ခ်က္ခ်င္းေအာ္ေျပာလိုက္သည္။

"မင္းက ဘယ္သူတုန္း?!!"

လင္းေရွာင္က မ်က္ခံုးတစ္ဖက္ပင့္ကာ စကား
မဆိုေပ။ သူနဲ႔ သူ႔ေနာက္လိုက္မ်ားကိုသာ
ပေဟဠိျဖစ္စြာ ၾကၫ့္လိုက္သည္။ အေရအတြက္က
အရင္တစ္ေခါက္ကထက္ အမ်ားႀကီးပိုနည္းတာ
ေသခ်ာသည္။ 'ရိုးသားမႈ'ေလးေတာ့ တကယ္ပဲ
ပါရွာ၏။

ႁမြေပါသားရဲမွာ ခ်က္ခ်င္းဆိုသလို ဖိအား
တိုးလာေလသည္၊ ဒီလူက သခင့္ရဲ့အေပါင္းအပါ
မ်ားလား။ သခင့္မွာ ဆက္ႏြယ္သားရဲအနည္းငယ္
အျပင္ အေပါင္းအပါတစ္ေယာက္လည္း
ရိွေသးေၾကာင္း သူ႔လူေတြ ေျပာတာကို
အမွတ္ရသြားသည္။ ထိုသူက အိမ္ထဲမွာပဲ
အေနမ်ား၍ သူ႔မ်က္ႏွာကို မျမင္ဖူးတာျဖစ္သည္။
ဒီလူက ထိုအေပါင္းအပါျဖစ္ႏိုင္ေျခ မ်ားသည္။

"ငါသိၿပီ! မင္းက သခင့္ေနာက္လိုက္ပဲျဖစ္မယ္။
ေတာင္းပန္ပါတယ္၊ ငါက သိပ္မၾကာခင္
သခင့္ေနာက္လိုက္ျဖစ္လာမယ့္ ႁမြေပါသားရဲပါ။
ေက်းဇူးျပဳျပီး လမ္းၫႊန္ေပးပါဦး!"

ႁမြေပါသားရဲက သခင့္ရဲ့ေနာက္လိုက္ႏွင့္
ေကာင္းမြန္သၫ့္ဆက္ဆံေရးတစ္ခု အရင္
တည္ေဆာက္ထားရန္ ဆံုးျဖတ္လိုက္သည္။
သခင့္ေရ႔ွမွာ သူ႔ေကာင္းေၾကာင္း ကူေျပာေပးပါက
ပိုလို႔ေတာင္ ေကာင္းေပလိမ့္မည္။
____________________________

Seguir leyendo

También te gustarán

654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
88.1K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...