The Legendary Master's Wife [...

By melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-597

6.5K 1.3K 132
By melon_rays

//Unicode//

အပိုင်း ၅၉၇- မြွေပါသားရဲ

ထိုနေ့ပြီးနောက်တွင် လင်းရှောင်သည်
တံခါးပိတ်ကျင့်ကြံသွား၏။

ကျောက်ဟွားကျီကို အချိန်တစ်ခုလောက်ထိ
စားရဦးမည်မဟုတ်မှန်း လင်းရှောင်ကသိနေ၍
တံခါးပိတ်ကျင့်ကြံတာမှန်း ယူရှောင်းမို
ခန့်မှန်းမိပေသည်။

သို့သော်လည်း နှလုံးသားအကြောဆေးလုံးတစ်လုံး
သန့်စင်ဖို့အတွေးရှိနေ၍ သစ်တောထဲ ပြန်သွားပြီး
အမောက်နီကြက်ဆင်ဖမ်းချင်စိတ် သူ့မှာ
မရှိချေ။

နှလုံးသားအကြောဆေးလုံးသည် သက်တန့်
အဆင့်သုံး မှော်ဆေးလုံးဖြစ်၏။ ၎င်း၏အဆင့်က
အဆင့်သုံးမှော်ဆေးလုံးများ အကြားတွင်
အတော်လေးမြင့်မားပြီး အသုံးပြုပုံများစွာရှိသည်။
ပထမ အကျိုးမှာ နှလုံးသားနှင့် ချီစွမ်းအင်ကို
တည်ငြိမ်စေနိုင်ခြင်းဖြစ်သည်။ ဤဆေးလုံးကို
မှော်ဆရာများ အသုံးပြုသည့်အခါ ဆေးလုံး
သန့်စင်ရာတွင် အောင်မြင်နိုင်ခြေနှုန်း၊ အထူးသဖြင့်
လူသားအဆင့်လွန် မှော်ဆေးလုံးများသန့်စင်ရာတွင်
အောင်မြင်နိုင်ခြေနှုန်းကို မြင့်တက်စေသည်။

ဒုတိယ အကျိုးမှာ ၎င်းက မရီဒီယန်များကို
ကြံ့ခိုင်စေခြင်း၊ ကာကွယ်ပေးနိုင်ခြင်းဖြစ်၏၊
ဖန်ခွက်အပေါ် သံမဏိတစ်လွှာ ဖုံးအုပ်လိုက်
သလိုမျိုးပင် ဖြစ်သည်။ မရီဒီယန်(စွမ်းအား
သိုလှောင်ရာ)များအတွင်း ပြင်းထန်သည့်အား
အသုံးပြုသည့်အခါ တန်ပြန်ဒဏ်မခံရစေအောင်
လုပ်ပေးနိုင်သည်။

ဤအမျိုးအစား မှော်ဆေးလုံးအတွက်
ဆေးလုံးဖော်စပ်နည်းက အနည်းအကျဉ်းသာ
ရှိမြဲပင်ဖြစ်သည်။ ယူရှောင်းမိုက ကျောက်စိမ်း
ပေလွှာထဲ မိနစ်အတော်ကြာအောင် မွှေနှောက်
ရှာဖွေပြီးတော့မှ ဖော်စပ်နည်းအနည်းငယ်သာ
တွေ့ခဲ့ရကာ နောက်ဆုံး နှလုံးသားအကြော
ဆေးလုံးကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။

နှလုံးသားအကြောဆေးလုံးက တိုက်တိုက်ဆိုင်ဆိုင်
အဆင့်သုံးမှော်ဆေးလုံးဖြစ်နေပြီး
ဆေးဖော်စပ်နည်းများထဲတွင် အဆင့်အမြင့်ဆုံးလည်း
ဖြစ်နေသည်။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို နှလုံးသား
အကြောဆေးလုံးတစ်လုံး သန့်စင်ဖို့ မခက်ပေ၊
သို့ပေမဲ့ လိုအပ်သည့် မှော်ဆေးပင်အချို့မှာ
အခုထိ မရင့်သေးပေ။

မူလက သူက စိုက်ခင်းထဲရှိ မှော်ဆေးပင်များကို
တစ်ဆင့်ပြီးတစ်ဆင့်ပဲ ကြီးထွားစေချင်ခဲ့တာ
ဖြစ်သည်။ နောက်ဆုံးတော့လည်း စိတ်စွမ်းအင်ရေ
ဆိုတာ အဖိုးတန်သည်ဖြစ်၍ ဘာမှမဟုတ်ဘဲ
ဖြုန်းမပစ်နိုင်ဘူးလေ။ သူက တစ်ရက်ကို
ရေအခေါက်ပေါင်းမနည်းလောင်းနေပြီး
မှော်ဆေးပင်တွေက တစ်ခါတည်းစုပ်ယူခြင်း
မပြုနိုင်လျှင် စိတ်စွမ်းအင်ရေက အလကား
ဖြစ်သွားမည်ဖြစ်သောကြောင့်ပင်။

ယူရှောင်းမိုမှာ စောင့်နေဖို့ အချိန်မရှိ၍
ကုန်လည်းကုန်ပါစေတော့ဟု တွေးလိုက်သည်။
ထို့ပြင် စိတ်စွမ်းအင်ရေက စိုက်ခင်းထဲ
စိမ့်ဝင်သွားမည်ဖြစ်ပြီး မြေကြီးက စုပ်ယူသွားမည်
ဖြစ်ရာ နောက်စိုက်မည့် မှော်ဆေးပင်များအတွက်
ရေခဏခဏမလောင်းပေးရင်တောင် ကောင်းကောင်း
ကြီးထွားလာပေလိမ့်မည်။

ဒါကြောင့် သူက မှော်ဆေးပင်များကို တစ်ရက်ကို
အနည်းဆုံး အခါတစ်ဆယ်မှ နှစ်ဆယ်အထိ
ရေလောင်းလေသည်။ ဆေးပင်များက
အင်မတန် ကျေနပ်အားရဖွယ် ကြီးထွားလာ၏၊
တစ်လတောင် မရှိသေးခင်မှာ မှော်ဆေးပင်များက
ရင့်မှည့်လုနီးပါးဖြစ်နေကြလေပြီ။

မှော်ဆေးပင်များမှ ကျလာသည့် မျိုးစေ့များကို
ယူရှောင်းမိုက ထိုစိုက်ခင်းထဲမှာ ပြန်စိုက်သည်။
ဤစိုက်ခင်းကို သူ ရေဆက်တိုက်လောင်းပေး
ထားသောကြောင့် မြေဆီလွှာထဲမှာ စိတ်စွမ်းအင်ရေ
ပမာဏ ကြွယ်ဝစွာ ပါဝင်နေ၏။
သူ ရေမလောင်းပေးရင်တောင် မျိုးစေ့များက
မြေဆီလွှာထဲရှိ စိတ်စွမ်းအင်ရေကို စုပ်ယူကာ
လျှင်မြန်စွာ ကြီးထွားလာကြပေလိမ့်မည်။

ယူရှောင်းမိုက သူ သန့်ရှင်းအောင်
ဆေးကြောထားသည့် မှော်ဆေးပင်များကို
ဇကာတစ်ခုထဲ ထည့်လိုက်သည်။ ဆေးလုံး
သန့်စင်ရင် တစ်ခါတည်းနဲ့ မအောင်မြင်မှာကိုစိုး၍
ဆေးပင်တွေကို အများကြီး ပြင်ထားသည်။
မှော်ဆေးပင် ရာကျော်ဆိုသည်မှာ အတော့်ကို
များပြားသည့်ပမာဏဖြစ်သည်။

တောက်ပပြီးနေသာသည့် တစ်မနက်တွင်
ယူရှောင်းမိုသည် စိတ်အခြေအနေ အကောင်းဆုံး
ဖြစ်အောင်ပြင်ကာ ဆေးလုံး စသန့်စင်တော့သည်။

လမ်းတစ်ဝက်မှာ သူ့ကို နှောင့်ယှက်မိသူ
မရှိစေရန်အလို့ငှာ သူက သတ္တုစားသားရဲလေးနှင့်
ရွှေတောင်ပံပိုးကောင်များအား အနီးတစ်ဝိုက်ကို
စောင့်ကြည့်ဖို့ ပြောထားသည်။

သတ္တုစားသားရဲလေးနှင့် ရွှေတောင်ပံပိုးကောင်တို့မှာ
သူနှင့်အတူရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပြီး
သူ့မှော်ဆေးလုံးကိုလည်း စားဖူး၏။ သူတို့ရဲ့
ကျင့်ကြံဆင့်က ရှဲ့ချုံးနဲ့ ကျန်တဲ့သူတွေလောက်
မမြင့်လျှင်တောင် ရှေးနတ်ဆိုးသားရဲများက
ပင်ကိုယ်ကိုက သာမာန်နတ်ဆိုးသားရဲများထက်
များစွာပိုသန်မာကြသေးသည်ပင်။

ကျွန်းကလေး၏အခြေအနေကို ယူရှောင်းမိုက
စစ်ကြည့်ပြီးသားဖြစ်သည်။ ယေဘုယျအားဖြင့်
ဤနေရာမှ နတ်ဆိုးသားရဲများ၏စွမ်းအားမှာ
သိပ်မမြင့်မားကြချေ။ အများစုက
အလတ်ဆင့်သားရဲများဖြစ်ပြီး အထက်ဆင့်
သားရဲဟူ၍ များများစားစားမရှိရာ
ခေါင်းဆောင်တစ်ကောင်ရှိနေလျှင်တောင်မှ
သူတို့ရဲ့ စွမ်းအားက အရမ်းကြီးမြင့်မည်မဟုတ်ပေ။
သတ္တုစားသားရဲလေးနှင့် ရွှေတောင်ပံပိုးကောင်
တို့ဆိုလျှင် သူတို့နှင့်ရင်ဆိုင်ဖို့ လုံလောက်သင့်နေပြီ
ဖြစ်သည်၊ သို့ပေမဲ့လို့ သူတို့မနိုင်ဘူးဆိုလျှင်လည်း
ချက်စားပစ်ဖို့ စဉ်းစားသင့်နေပေပြီ။

ပြီးနောက် ယူရှောင်းမိုက ကောင်းကင်
ဆေးပေါင်းအိုးကို ထုတ်လိုက်၏။

ကောင်းကင်ဆေးပေါင်းအိုးကို ထိန်းချုပ်ပြီး
နှစ်မီတာမြင့်သည့် ဆေးပေါင်းအိုးကြီးအဖြစ်
ပြောင်းလိုက်သည်။ ဤမျှ ကြီးမားသည့်
ဆေးပေါင်းအိုးကို လုပ်ဖူးတာ ဒါက ပထမဆုံး
ဖြစ်သည်။ ဆေးပေါင်းအိုး ပိုကြီးရင် ပိုကောင်းမယ်လို့
မဆိုလိုပေမဲ့လည်း အခြေအနေအရ ထိန်းညှိလို့ရ
သည်။

ယူရှောင်းမို​က အထောက်အကူမှော်ဆေးပင်
အားလုံးကို တစ်ပြိုင်နက်တည်း သန့်စင်ဖို့
ဆုံးဖြတ်လိုက်သည်။ အခုဆိုရင် သူ့ရဲ့
မှော်ဆေးပင်သန့်စင်တဲ့ နည်းစနစ်က အရင်ကထက်
ပိုတိုးတက်လာပြီဖြစ်ရာ ဆေးပင်
တစ်ရာကျော်လောက် တစ်ပြိုင်နက်တည်း
သန့်စင်ဖို့ဆိုတာ သူ့အတွက် ပြဿနာ
မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒါကို
အသုံးချကာ သူ့စိတ်ကို ကြံ့ခိုင်သန်မာလာအောင်
လုပ်လို့ရသေးသည်။

မှော်ဆေးပင်များအားလုံးကို ဆေးပေါင်းအိုးထဲသို့
ပစ်ထည့်လိုက်သည့်အချိန်တွင် ဆေးပေါင်းအိုးသည်
ဝိဉာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး
မှော်ဆေးပင်များကို ၎င်းက နည်းစနစ်ကျကျ
ခွဲခြားတော့သည်...

ရှစ်နာရီကြာပြီးသော်။

ယူရှောင်းမိုက ဆေးပေါင်းအိုးရှေ့ ထိုင်လျက်
ရင်ဘတ်ရှေ့ရှိ သူ့လက်များက ရှုပ်ထွေးသည့်
လက်သင်္ကေတများအား ကျွမ်းကျင်စွာဖြင့်
ပုံဖော်နေသည်။ ဆေးပေါင်းအိုးထဲ၌
မှော်ဆေးပင်ရာကျော်ကို အရောင်သွေးစုံပြီး
စေးကပ်သည့် အရည်လုံးလေးများအဖြစ်သို့
သန့်စင်ပြီးပြီဖြစ်သည်။ အညစ်အကြေးများကမူ
ဆေးပေါင်းအိုး၏နှုတ်ခမ်းအဝများတွင်
သက်ဆင်းလေသည်။

နောက်ဆုံးအစဉ်ကို လက်စသတ်ပြီးနောက်
ယူရှောင်းမိုက အင်္ကျီလက်ဖျားဖြင့် နဖူးမှ
ချွေးကို သုတ်လိုက်သည်။

ယခုတစ်ခါ မှော်ဆေးပင်များကို သန့်စင်ရန်
အချိန်အတော်ကြာခဲ့သည်။ သို့ပေမဲ့
သူ့ရဲ့ ဝိဉာဉ်စွမ်းအားက အများကြီးမကုန်သေး၍
စိတ်စွမ်းအင်ရေ သောက်ဖို့တော့မလိုသေးပေ။

ယူရှောင်းမိုက ကြိုပြင်ထားသည့် လူသားအဆင့်လွန်
မှော်ဆေးပင်များကို ကောက်ယူလိုက်သည်။
ဤမှော်ဆေးပင်များက အတော်အတန် အဖိုးတန်
သဖြင့် သူသည် မပေါ့ဆဝံ့ဘဲ တစ်ခါကို
ဆယ်ပင်ပဲ ထည့်လေသည်။ အဆင့်မြင့်
မှော်ဆေးပင်များနှင့်ယှဉ်လျှင် ဤဆေးပင်များက
သန့်စင်ရ ပိုခက်သော်လည်း လုပ်ငန်းစဉ်က
သူနဲ့ ရင်းနှီးနေ၍ သိပ်တော့မဆိုးလှပေ။

သူ မှော်ဆေးပင်အားလုံးကို သန့်စင်ပြီးချိန်၌
ကောင်းကင်က လင်းနေပြီဖြစ်၏။

ယူရှောင်းမိုက ဆေးပေါင်းအိုးထဲမှာ
လွင့်မျောနေသည့် အရည်ကို ကြည့်လိုက်သည်။
နောက်ဆုံးတော့ ပြီးသွားခဲ့လေပြီ။ နောက်တစ်ခုက
အကုန်လုံးကို ပေါင်းစပ်ရမှာဖြစ်သည်။
အဆင့်တိုင်းကို ဦးနှောက်ထဲမှာ စွဲနေစေရန်အလို့ငှာ
မနေ့က အခေါက်ပေါင်းမနည်း သူ့စိတ်ထဲ
ရိုက်ထည့်ထားပြီးပြီဖြစ်သည်။ ယခု
သူ့စိတ်ထဲ ထပ်ခါထပ်ခါ ပြန်တွေးကြည့်ပြီး
လွတ်သွားတာ မရှိတာ သေချာမှ စတင်သည်။

တစ်ချိန်တည်းမှာပင်၊ တောအုပ်အနက်ပိုင်း၌။

"အဲ့လူက မှော်ဆေးလုံးသန့်စင်နေတာဆိုတာ
သေချာရဲ့လား"

အနီရောင် ကန့်လန့်ကာနောက်မှ အနည်းငယ်
စူးရှသည့် ယောက်ျားသံတစ်သံထွက်လာ၏၊
ကန့်လန့်ကာနောက်တွင် ထိုင်နေသူ၏
မြင့်မားပြီးတောင့်တင်းသည့် ပုံရိပ်ကို
မပီမသမြင်ရနိုင်လေသည်။

ကြွက်ဝိဉာဉ်တစ်ကောင်က ကန့်လန့်ကာရှေ့၌
ဒူးထောက်လျက်ရှိသည်။ သူက အသွင်ပြောင်းပြီးပြီ
ဖြစ်သော်ငြား နတ်ဆိုးကြွက်၏လက္ခဏာတို့
သူ့ကိုယ်မှာ ကြွင်းကျန်နေသေးသည်။
တစ်ချက်ကြည့်ရုံနှင့် သူ့မူလပုံသဏ္ဍာန်က
နတ်ဆိုးကြွက်မှန်း ပြောနိုင်ပေ၏။

ဤသို့ကြားသော် သူက ချက်ချင်းပြန်ဖြေသည်။

"ဟုတ်ပါတယ် အရှင်။ အဲ့ဒီလူ
ဆေးပေါင်းအိုးထဲကနေ မှော်ဆေးပင်တွေအများကြီး
ထုတ်ယူလိုက်တာကို ဒီအစေခံကိုယ်တိုင်
မျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့ရတာပါ။ အဲ့ဆေးပေါင်းအိုး
ရှေ့မှာ သူမလှုပ်မယှက်နဲ့ ထိုင်နေတာ တစ်ရက်နဲ့
တစ်ညလုံးလုံးရှိပါပြီ။ သေချာပေါက်ကို
ဆေးလုံးသန့်စင်နေတာပါ"

ထိုသူက ချက်ချင်း ထရပ်လိုက်ရာ သူ့အနောက်မှ
ရှည်လျားသည့် အမွှေးပွပွအမြီးတစ်ချောင်းပါ
ပါလာ၏။ အနီရောင်ကန့်လန့်ကာကို
ဘေးဖယ်လိုက်သည့်အခါတွင် မြွေပါသားရဲနှင့်
ဆင်သည့် လူသားတစ်ဝက်၊ သားရဲတစ်ဝက်
အသွင်​ကို ဖော်ပြလာလေသည်။ သူ့အမြီးက
အနည်းလေး နှစ်မီတာတော့ ရှည်၏။

"တော်တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး
အဲ့လူကို သင်ခန်းစာပေးရမယ်။ သူက
ငါကြိုက်တဲ့ကြက်ဆင်တွေအကုန် ကုန်အောင်
စားသွားတယ်၊ လွယ်လွယ်နဲ့ လွှတ်ပေးမယ်လို့တော့
မထင်နဲ့!"

မြွေပါသားရဲ၏မျက်နှာတွင် လက်စားချေနိုင်
တော့မည့်အတွက် ပျော်ရွှင်မှုတစ်စွန်းတစ
ရှိလို့နေ၏။ မှော်ဆရာများအတွက်
ဆေးလုံးသန့်စင်နေစဉ်မှာ အမှားခံလို့မရတာကို
သူသိသည်၊ မဟုတ်လျှင် သန့်စင်တာပါ
ကျရှုံးသွားမည်မဟုတ်ဘဲ တန်ပြန်ဒဏ်ခံရပြီး
ဒဏ်ရာပါ ရနိုင်ခြေရှိသည်။ သို့ပေမဲ့လို့
သူကတော့ နောက်တစ်ခုကို ပိုမျှော်လင့်သည်။

"အရှင်က ထက်မြက်လှပါတယ်!"

နတ်ဆိုးကြွက်ရဲ့ မြှောက်ပင့်စကားက ချက်ချင်း
လိုက်လာလေသည်။

"အခုချက်ချင်း သွားကြမယ်"

မြွေပါသားရဲ၏ အပြင်ပန်းသဏ္ဍာန်သည်
ပျမ်းမျှမြွေပါထက် အရွယ်အစား လေးငါးဆခန့်
ပိုကြီးသည်မှတစ်ပါး မြွေပါနှင့် ဆင်တူလှ၏။
မြွေပါများတွင် မတူညီသည့်စရိုက်လဏ္ခဏာများ
ရှိကြသော်လည်း မြွေပါသားရဲအများစုက
ကြက်သားမကြိုက်ကြပေ။ သို့မဟုတ်၊
အခြားနည်းဆိုရလျှင် သူတို့က ကြက်သားကို
အစားအစာအဖြစ် မစားကြပေ၊ သို့ပေမဲ့
ဤမြွေပါသားရဲက သန္ဓေပြောင်းမျိုးဖြစ်လေသည်။

သူက ကြက်ဆင် အင်မတန်ကြိုက်၏။
ယူရှောင်းမို သတ်စားပစ်လိုက်သည့် ကြက်ဆင်များမှာ
သူ့အတွက် သူ့နောက်လိုက်များက သူတို့အရှင်
ကြက်ဆင်စားချင်တိုင်း ဖမ်းရလွယ်ကူအောင်
အထူးတလည် မွေးမြူထားသော
အကောင်များဖြစ်လေသည်။

လွန်ခဲ့သော လဝက်ခန့်က မြွေပါသားရဲသည်
ရုတ်တရက် ကြက်ဆင်စားပွဲတော်
တည်ချင်လာလေ၏။

ကြက်ဆင်စားပွဲတော်ဆိုသည်မှာ ပုံမှန်လို
တစ်ကောင် နှစ်ကောင် စားတာနှင့် ကွဲပြားသည်။
ကြက်ဆင်စားပွဲတော်၌ စားပွဲတစ်ခုကို
ကြက်ဆင်အကောင်ရေ အနည်းဆုံး (၁၀)ကောင်မျှ
လိုအပ်လေရာ ရလဒ်ကတော့ ခန့်မှန်းဖို့
လွယ်ပေသည်။

နတ်ဆိုးကြွက်များ မြေလှန်ရှာကြသော်လည်း
ကြက်ဆင်ငါးကောင်သာ ဖမ်းမိခဲ့လေသည်။
ကျွန်းလေးပေါ်ကို တစ်စုံတစ်ယောက်
ရောက်လာပြီဖြစ်သည်ဟု ဒါကြောင့်ပဲ သူတို့
သံသယ စဖြစ်လာတာဖြစ်သည်။
မွှေးပျံ့လှသည့် ရနံ့နောက် လိုက်ခဲ့ပြီးနောက်၌
ကမ်းခြေတွင် ဘယ်ချိန်ကတည်းကမှန်းမသိ
ဆောက်ထားသည့် အိမ်တစ်လုံးရှိနေကြောင်း
တွေ့ရှိခဲ့ရလေသည်။

လဝက်မျှ စောင့်ကြည့်ပြီးသည့်နောက်
ပျောက်ဆုံးသွားသောကြက်ဆင်များအားလုံးကို
ဤအိမ်ပိုင်ရှင်က သတ်လိုက်တာဖြစ်ကြောင်း
အတည်ပြုနိုင်ခဲ့၏။ ထို့အပြင် ထိုသူချက်သည့်
ကြက်ဆင်များသည် သူတို့ချက်တာထက်
အဆတစ်ရာလောက်ကို ပိုမွှေးပြီး အနံ့ကနေတင်
ပြောနိုင်သည်။

အနံ့အရသာနှင့်ပြည့်စုံသည့် ကြက်ဆင်များ
အကြောင်း သူတို့က သူတို့ဘုရင်ကို
ပြောမပြခဲ့သော်ငြားလည်း အမှန်တရားဆိုတာ
ဖုံးကွယ်လို့မရပေ။ နောက်ဆုံးမှာ တွေ့ရှိသွားကြမြဲ
ဖြစ်သည်။ သူတို့ဘုရင်က ထိုသူချက်သည့်
ကြက်ဆင်ကို အမှတ်ရနေဆဲဖြစ်ပြီး
ဘာမှဂရုမစိုက်ဘဲ အပြေးသွားတော့မည့်
အကြိမ်များဆို ရေတွက်လို့တောင် မရနိုင်တော့ချေ။
ထိုသူက အားနည်းပုံမပေါ်သည်ဖြစ်ရာ
သူတို့က အချိန်မီတားနေ၍သာမဟုတ်လျှင်
သူတို့ဘုရင်တော့ ကြွနေလောက်ပေပြီ။

သူက လဝက်လောက် သည်းခံထားခဲ့ရ၏၊
သို့ပေမဲ့ သူ့အတွက် အခွင့်အရေးက
ရောက်လာခဲ့လေပြီ။

မြွေပါသားရဲက ထိုလူ့ကို ဖမ်းပြီး သူ့အတွက်
ကြက်ဆင်ချက်ခိုင်းရန် ဆုံးဖြတ်ထားလေသည်။
သူ့အိပ်မက်က ရည်မှန်းချက်ကြီးမားပါသော်လည်း
........ လက်တွေ့က ရက်စက်လွန်း၏!

သူတို့က ယူရှောင်းမိုက တစ်ကိုယ်တည်း
မဟုတ်မှန်းကို ရှင်းရှင်းလင်းလင်းကြီး
မေ့လျော့သွားကြလေသည်။ လင်းရှောင်က
တစ်ချိန်လုံး အိမ်တွင်းအောင်းနေတယ်ဆိုပေမဲ့လို့
သူက အနားယူနေတာသာဖြစ်သည်။
ဒါကြောင့်ပဲ သူတို့အမှားလုပ်မိသွားတာလည်း
ဖြစ်နိုင်သည်၊ သူတို့က လင်းရှောင်ကို
အစွမ်းအစမရှိသူဟု မှတ်ထင်သွားခဲ့ကြ၏။

သတ္တုစားသားရဲလေးနှင့်
ရွှေတောင်ပံပိုးကောင်များကိုကျ......
သေးလွန်း၍ မမြင်လိုက်ပေ။

မြွေပါသားရဲက နောက်လိုက်များခြံရံလျက်
ပင်လယ်စွန်းကို ချီတက်လာ၏။ သူတို့က
ယူ​ရှောင်းမိုရဲ့မှော်ဆေးလုံး နောက်ဆုံးအဆင့်ထိ
မရောက်သေးမချင်း နှစ်ရက်ထပ်စောင့်လေသည်။

ဆေးလုံးသန့်စင်ခြင်းက ချောချောမွေ့မွေ့ပင်။
မှော်ဆေးလုံးပေါင်းစည်းဖို့ ကြာချိန်က
မှော်ဆေးပင်များကို သန့်စင်ရန်ကြာချိန်ထက်
တစ်ဆနှစ်ဆခန့် ပိုကြာသောကြောင့်
အနည်းငယ် အချိန်ပိုယူနေရခြင်းဖြစ်သည်။
သူက သုံးရက်လုံးလုံး အာရုံစိုက်ထားရ၍
နောက်ဆုံးအချိန်လေးကျမှ ဘာပဲဖြစ်ပါစေ
မကျရှုံးနိုင်တော့ပေ။

မြွေပါသားရဲနှင့် နောက်လိုက်တစ်အုပ်ကို သူက
သတိမပြုမိပေမဲ့ သတ္တုစားသားရဲလေးနဲ့
ရွှေတောင်ပံပိုးကောင်တို့ကမူ သတိထားမိလေ
သည်။

သူတို့သုံးကောင်က ချက်ချင်းထခုန်ကာ
အိမ်အနောက်ဘက်ကို သတိပေးစွာ
ကြည့်ကြသည်။ ထူထဲ မှောင်ပိန်းနေသော
တောအုပ်ထဲ၌ အစိမ်းရောင်တောက်ပနေသော
မျက်လုံးပေါင်းများစွာကို သူတို့ မြင်ရနိုင်ပြီး
ထိုသူတို့၏ရည်ရွယ်ချက်က တစ်ချက်ကြည့်ရုံနှင့်
ပေါ်လွင်နေသည်။

သိပ်မကြာခင်မှာပဲ မြွေပါသားရဲက
သူ့အခြွေအရံများကို ဦးဆောင်လျက်
တောထဲမှ ထွက်လာသည်။ နတ်ဆိုးကြွက်များက
မြေအောက်မှာ လိုဏ်ခေါင်းတူးနိုင်၍
သူတို့ကို ရှာတွေ့ဖို့မလွယ်ရုံမက
ခြုံခိုတိုက်ခိုက်မှုများပင် လုပ်ဆောင်နိုင်ကြ၏။
သို့ပေမဲ့ သူတို့လှုပ်ရှားမှုတိုင်းကို သတ္တုစား
သားရဲလေးနှင့် ရွှေတောင်ပံပိုးကောင်နှစ်ကောင်က
အကုန်မြင်ပြီးပြီဖြစ်တာကို သူတို့မသိကြပေ။

"အာဝူး~"

သတ္တုစားသားရဲလေးက သတိပေးအူသံတစ်ချက်
ပြုလိုက်သည်– အဓိပ္ပါယ်မှာ ရှေ့ထပ်တိုးလာရင်
အကုန်သတ်ပစ်မည်ဟူ၍။

ရှေးသားရဲများဖြစ်သည့် သူတို့သုံးကောင်မှာ
ဤနတ်ဆိုးကြွက်များကိုမှ မနိုင်ဘူးဆိုလျှင်
ဆေးပေါင်းအိုးထဲပြန်ပြီး
အသစ်ပြန်လုပ်ခံလိုက်တာပဲကောင်းမည်။

ရုတ်တရက်ထွက်ပေါ်လာသည့် အူသံက
နတ်ဆိုးကြွက်များကို ရှေ့ဆက်မတိုးရဲလောက်အောင်
ကြောက်လန့်သွားစေလေသည်။ သို့သော်လည်း
အဆုံးမှာတော့ မြွေပါသားရဲသည် အဆင့်မြင့်
နတ်ဆိုးသားရဲမျိုး ဖြစ်နေသေးသည့်အပြင်
သူက သန္ဓေပြောင်းကောင်လည်းဖြစ်သေးသည်။
သူက သတိပေးချက်ကို အာရုံမထားဘဲ
အိမ်ကို စောင့်ကြပ်နေသည့် နတ်ဆိုးသားရဲများ
ရှိနေခြင်းကိုသာ အံ့ဩခြင်းဖြစ်မိလေသည်။

"စိတ်ဝင်စားစရာပဲ။ ငါကိုယ်တော်ကိုယ်တိုင်
ထွက်ပြီး လည်ပေးဦးမှ"

မြွေပါသားရဲက ပုခုံးပေါ်တွင် သံတူတစ်လက်
ထမ်းလျက် လျှောက်သွားလေသည်။
_____________________

ဘာသာပြန်သူ၏အမေး–

ဒီကောင်ဘာဖြစ်မယ်ထင်ပါသလဲ။ 😂

ဒါကတော့ မြွေပါမျိုးနွယ်ပါ။

________________________

//Zawgyi//

အပိုင္း ၅၉၇- ႁမြေပါသားရဲ

ထိုေန့ၿပီးေနာက္တြင္ လင္းေရွာင္သည္
တံခါးပိတ္က်င့္ႀကံသြား၏။

ေက်ာက္ဟြားက်ီကို အခ်ိန္တစ္ခုေလာက္ထိ
စားရဦးမည္မဟုတ္မွန္း လင္းေရွာင္ကသိေန၍
တံခါးပိတ္က်င့္ႀကံတာမွန္း ယူေရွာင္းမို
ခန႔္မွန္းမိေပသည္။

သို႔ေသာ္လည္း ႏွလံုးသားအေၾကာေဆးလံုးတစ္လံုး
သန႔္စင္ဖို႔အေတြးရိွေန၍ သစ္ေတာထဲ ျပန္သြားၿပီး
အေမာက္နီၾကက္ဆင္ဖမ္းခ်င္စိတ္ သူ႔မွာ
မရိွေခ်။

ႏွလံုးသားအေၾကာေဆးလံုးသည္ သက္တန႔္
အဆင့္သံုး ေမွာ္ေဆးလံုးျဖစ္၏။ ၄၏အဆင့္က
အဆင့္သံုးေမွာ္ေဆးလံုးမ်ား အၾကားတြင္
အေတာ္ေလးျမင့္မားၿပီး အသံုးျပဳပံုမ်ားစြာရိွသည္။
ပထမ အက်ိဳးမွာ ႏွလံုးသားႏွင့္ ခ်ီစြမ္းအင္ကို
တည္ၿငိမ္ေစႏိုင္ျခင္းျဖစ္သည္။ ဤေဆးလံုးကို
ေမွာ္ဆရာမ်ား အသံုးျပဳသၫ့္အခါ ေဆးလံုး
သန႔္စင္ရာတြင္ ေအာင္ျမင္ႏိုင္ေျခႏႈန္း၊ အထူးသျဖင့္
လူသားအဆင့္လြန္ ေမွာ္ေဆးလံုးမ်ားသန႔္စင္ရာတြင္
ေအာင္ျမင္ႏိုင္ေျခႏႈန္းကို ျမင့္တက္ေစသည္။

ဒုတိယ အက်ိဳးမွာ ၄က မရီဒီယန္မ်ားကို
ႀကံ့ခိုင္ေစျခင္း၊ ကာကြယ္ေပးႏိုင္ျခင္းျဖစ္၏၊
ဖန္ခြက္အေပၚ သံမဏိတစ္လႊာ ဖံုးအုပ္လိုက္
သလိုမ်ိဳးပင္ ျဖစ္သည္။ မရီဒီယန္(စြမ္းအား
သိုေလွာင္ရာ)မ်ားအတြင္း ျပင္းထန္သၫ့္အား
အသံုးျပဳသၫ့္အခါ တန္ျပန္ဒဏ္မခံရေစေအာင္
လုပ္ေပးႏိုင္သည္။

ဤအမ်ိဳးအစား ေမွာ္ေဆးလံုးအတြက္
ေဆးလံုးေဖာ္စပ္နည္းက အနည္းအက်ဉ္းသာ
ရိွၿမဲပင္ျဖစ္သည္။ ယူေရွာင္းမိုက ေက်ာက္စိမ္း
ေပလႊာထဲ မိနစ္အေတာ္ၾကာေအာင္ ေမႊေနွာက္
ရွာေဖြၿပီးေတာ့မွ ေဖာ္စပ္နည္းအနည္းငယ္သာ
ေတြ့ခဲ့ရကာ ေနာက္ဆံုး ႏွလံုးသားအေၾကာ
ေဆးလံုးကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္၏။

ႏွလံုးသားအေၾကာေဆးလံုးက တိုက္တိုက္ဆိုင္ဆိုင္
အဆင့္သံုးေမွာ္ေဆးလံုးျဖစ္ေနၿပီး
ေဆးေဖာ္စပ္နည္းမ်ားထဲတြင္ အဆင့္အျမင့္ဆံုးလည္း
ျဖစ္ေနသည္။ သူ႔ရဲ့က်င့္ႀကံဆင့္နဲ႔ဆို ႏွလံုးသား
အေၾကာေဆးလံုးတစ္လံုး သန႔္စင္ဖို႔ မခက္ေပ၊
သို႔ေပမဲ့ လိုအပ္သၫ့္ ေမွာ္ေဆးပင္အခ်ိဳ႕မွာ
အခုထိ မရင့္ေသးေပ။

မူလက သူက စိုက္ခင္းထဲရိွ ေမွာ္ေဆးပင္မ်ားကို
တစ္ဆင့္ၿပီးတစ္ဆင့္ပဲ ႀကီးထြားေစခ်င္ခဲ့တာ
ျဖစ္သည္။ ေနာက္ဆံုးေတာ့လည္း စိတ္စြမ္းအင္ေရ
ဆိုတာ အဖိုးတန္သည္ျဖစ္၍ ဘာမွမဟုတ္ဘဲ
ျဖဳန္းမပစ္ႏိုင္ဘူးေလ။ သူက တစ္ရက္ကို
ေရအေခါက္ေပါင္းမနည္းေလာင္းေနၿပီး
ေမွာ္ေဆးပင္ေတြက တစ္ခါတည္းစုပ္ယူျခင္း
မျပဳႏိုင္လ်ွင္ စိတ္စြမ္းအင္ေရက အလကား
ျဖစ္သြားမည္ျဖစ္ေသာေၾကာင့္ပင္။

ယူေရွာင္းမိုမွာ ေစာင့္ေနဖို႔ အခ်ိန္မရိွ၍
ကုန္လည္းကုန္ပါေစေတာ့ဟု ေတြးလိုက္သည္။
ထို႔ျပင္ စိတ္စြမ္းအင္ေရက စိုက္ခင္းထဲ
စိမ့္ဝင္သြားမည္ျဖစ္ၿပီး ေျမၾကီးက စုပ္ယူသြားမည္
ျဖစ္ရာ ေနာက္စိုက္မၫ့္ ေမွာ္ေဆးပင္မ်ားအတြက္
ေရခဏခဏမေလာင္းေပးရင္ေတာင္ ေကာင္းေကာင္း
ႀကီးထြားလာေပလိမ့္မည္။

ဒါေၾကာင့္ သူက ေမွာ္ေဆးပင္မ်ားကို တစ္ရက္ကို
အနည္းဆံုး အခါတစ္ဆယ္မွ ႏွစ္ဆယ္အထိ
ေရေလာင္းေလသည္။ ေဆးပင္မ်ားက
အင္မတန္ ေက်နပ္အားရဖြယ္ ႀကီးထြားလာ၏၊
တစ္လေတာင္ မရိွေသးခင္မွာ ေမွာ္ေဆးပင္မ်ားက
ရင့္မွၫ့္လုနီးပါးျဖစ္ေနၾကေလၿပီ။

ေမွာ္ေဆးပင္မ်ားမွ က်လာသၫ့္ မ်ိဳးေစ့မ်ားကို
ယူေရွာင္းမိုက ထိုစိုက္ခင္းထဲမွာ ျပန္စိုက္သည္။
ဤစိုက္ခင္းကို သူ ေရဆက္တိုက္ေလာင္းေပး
ထားေသာေၾကာင့္ ေျမဆီလႊာထဲမွာ စိတ္စြမ္းအင္ေရ
ပမာဏ ႂကြယ္ဝစြာ ပါဝင္ေန၏။
သူ ေရမေလာင္းေပးရင္ေတာင္ မ်ိဳးေစ့မ်ားက
ေျမဆီလႊာထဲရိွ စိတ္စြမ္းအင္ေရကို စုပ္ယူကာ
လ်ွင္ျမန္စြာ ႀကီးထြားလာၾကေပလိမ့္မည္။

ယူေရွာင္းမိုက သူ သန႔္ရွင္းေအာင္
ေဆးေၾကာထားသၫ့္ ေမွာ္ေဆးပင္မ်ားကို
ဇကာတစ္ခုထဲ ထၫ့္လိုက္သည္။ ေဆးလံုး
သန႔္စင္ရင္ တစ္ခါတည္းနဲ႔ မေအာင္ျမင္မွာကိုစိုး၍
ေဆးပင္ေတြကို အမ်ားႀကီး ျပင္ထားသည္။
ေမွာ္ေဆးပင္ ရာေက်ာ္ဆိုသည္မွာ အေတာ့္ကို
မ်ားျပားသၫ့္ပမာဏျဖစ္သည္။

ေတာက္ပၿပီးေနသာသၫ့္ တစ္မနက္တြင္
ယူေရွာင္းမိုသည္ စိတ္အေျခအေန အေကာင္းဆံုး
ျဖစ္ေအာင္ျပင္ကာ ေဆးလံုး စသန႔္စင္ေတာ့သည္။

လမ္းတစ္ဝက္မွာ သူ႔ကို ေနွာင့္ယွက္မိသူ
မရိွေစရန္အလို႔ငွာ သူက သတၲုစားသားရဲေလးႏွင့္
ေရႊေတာင္ပံပိုးေကာင္မ်ားအား အနီးတစ္ဝိုက္ကို
ေစာင့္ၾကၫ့္ဖို႔ ေျပာထားသည္။

သတၲုစားသားရဲေလးႏွင့္ ေရႊေတာင္ပံပိုးေကာင္တို႔မွာ
သူႏွင့္အတူရိွေနတာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး
သူ႔ေမွာ္ေဆးလံုးကိုလည္း စားဖူး၏။ သူတို႔ရဲ့
က်င့္ႀကံဆင့္က ရွဲ႔ခ်ဳံးနဲ႔ က်န္တဲ့သူေတြေလာက္
မျမင့္လ်ွင္ေတာင္ ေရွးနတ္ဆိုးသားရဲမ်ားက
ပင္ကိုယ္ကိုက သာမာန္နတ္ဆိုးသားရဲမ်ားထက္
မ်ားစြာပိုသန္မာၾကေသးသည္ပင္။

ကၽြန္းကေလး၏အေျခအေနကို ယူေရွာင္းမိုက
စစ္ၾကၫ့္ၿပီးသားျဖစ္သည္။ ေယဘုယ်အားျဖင့္
ဤေနရာမွ နတ္ဆိုးသားရဲမ်ား၏စြမ္းအားမွာ
သိပ္မျမင့္မားၾကေခ်။ အမ်ားစုက
အလတ္ဆင့္သားရဲမ်ားျဖစ္ၿပီး အထက္ဆင့္
သားရဲဟူ၍ မ်ားမ်ားစားစားမရိွရာ
ေခါင္းေဆာင္တစ္ေကာင္ရိွေနလ်ွင္ေတာင္မွ
သူတို႔ရဲ့ စြမ္းအားက အရမ္းႀကီးျမင့္မည္မဟုတ္ေပ။
သတၲုစားသားရဲေလးႏွင့္ ေရႊေတာင္ပံပိုးေကာင္
တို႔ဆိုလ်ွင္ သူတို႔ႏွင့္ရင္ဆိုင္ဖို႔ လံုေလာက္သင့္ေနၿပီ
ျဖစ္သည္၊ သို႔ေပမဲ့လို႔ သူတို႔မႏိုင္ဘူးဆိုလ်ွင္လည္း
ခ်က္စားပစ္ဖို႔ စဉ္းစားသင့္ေနေပၿပီ။

ၿပီးေနာက္ ယူေရွာင္းမိုက ေကာင္းကင္
ေဆးေပါင္းအိုးကို ထုတ္လိုက္၏။

ေကာင္းကင္ေဆးေပါင္းအိုးကို ထိန္းခ်ဳပ္ၿပီး
ႏွစ္မီတာျမင့္သၫ့္ ေဆးေပါင္းအိုးႀကီးအျဖစ္
ေျပာင္းလိုက္သည္။ ဤမ်ွ ႀကီးမားသၫ့္
ေဆးေပါင္းအိုးကို လုပ္ဖူးတာ ဒါက ပထမဆံုး
ျဖစ္သည္။ ေဆးေပါင္းအိုး ပိုႀကီးရင္ ပိုေကာင္းမယ္လို႔
မဆိုလိုေပမဲ့လည္း အေျခအေနအရ ထိန္းၫွိလို႔ရ
သည္။

ယူေရွာင္းမို​က အေထာက္အကူေမွာ္ေဆးပင္
အားလံုးကို တစ္ၿပိဳင္နက္တည္း သန႔္စင္ဖို႔
ဆံုးျဖတ္လိုက္သည္။ အခုဆိုရင္ သူ႔ရဲ့
ေမွာ္ေဆးပင္သန႔္စင္တဲ့ နည္းစနစ္က အရင္ကထက္
ပိုတိုးတက္လာၿပီျဖစ္ရာ ေဆးပင္
တစ္ရာေက်ာ္ေလာက္ တစ္ၿပိဳင္နက္တည္း
သန႔္စင္ဖို႔ဆိုတာ သူ႔အတြက္ ျပႆနာ
မဟုတ္ေပ။ ဆန႔္က်င္ဘက္အေနျဖင့္ ဒါကို
အသံုးခ်ကာ သူ႔စိတ္ကို ႀကံ့ခိုင္သန္မာလာေအာင္
လုပ္လို႔ရေသးသည္။

ေမွာ္ေဆးပင္မ်ားအားလံုးကို ေဆးေပါင္းအိုးထဲသို႔
ပစ္ထၫ့္လိုက္သၫ့္အခ်ိန္တြင္ ေဆးေပါင္းအိုးသည္
ဝိဉာဉ္စြမ္းအားမ်ားျဖင့္ ျပၫ့္ႏွက္ေနၿပီျဖစ္ၿပီး
ေမွာ္ေဆးပင္မ်ားကို ၄က နည္းစနစ္က်က်
ခဲြျခားေတာ့သည္...

ရွစ္နာရီၾကာၿပီးေသာ္။

ယူေရွာင္းမိုက ေဆးေပါင္းအိုးေရ႔ွ ထိုင္လ်က္
ရင္ဘတ္ေရ႔ွရိွ သူ႔လက္မ်ားက ရႈပ္ေထြးသၫ့္
လက္သေကၤတမ်ားအား ကၽြမ္းက်င္စြာျဖင့္
ပံုေဖာ္ေနသည္။ ေဆးေပါင္းအိုးထဲ၌
ေမွာ္ေဆးပင္ရာေက်ာ္ကို အေရာင္ေသြးစံုၿပီး
ေစးကပ္သၫ့္ အရည္လံုးေလးမ်ားအျဖစ္သို႔
သန႔္စင္ၿပီးၿပီျဖစ္သည္။ အညစ္အေၾကးမ်ားကမူ
ေဆးေပါင္းအိုး၏ႏႈတ္ခမ္းအဝမ်ားတြင္
သက္ဆင္းေလသည္။

ေနာက္ဆံုးအစဉ္ကို လက္စသတ္ၿပီးေနာက္
ယူေရွာင္းမိုက အက်ႌလက္ဖ်ားျဖင့္ နဖူးမွ
ခၽြေးကို သုတ္လိုက္သည္။

ယခုတစ္ခါ ေမွာ္ေဆးပင္မ်ားကို သန႔္စင္ရန္
အခ်ိန္အေတာ္ၾကာခဲ့သည္။ သို႔ေပမဲ့
သူ႔ရဲ့ ဝိဉာဉ္စြမ္းအားက အမ်ားႀကီးမကုန္ေသး၍
စိတ္စြမ္းအင္ေရ ေသာက္ဖို႔ေတာ့မလိုေသးေပ။

ယူေရွာင္းမိုက ႀကိဳျပင္ထားသၫ့္ လူသားအဆင့္လြန္
ေမွာ္ေဆးပင္မ်ားကို ေကာက္ယူလိုက္သည္။
ဤေမွာ္ေဆးပင္မ်ားက အေတာ္အတန္ အဖိုးတန္
သျဖင့္ သူသည္ မေပါ့ဆဝံ့ဘဲ တစ္ခါကို
ဆယ္ပင္ပဲ ထၫ့္ေလသည္။ အဆင့္ျမင့္
ေမွာ္ေဆးပင္မ်ားႏွင့္ယွဉ္လ်ွင္ ဤေဆးပင္မ်ားက
သန႔္စင္ရ ပိုခက္ေသာ္လည္း လုပ္ငန္းစဉ္က
သူနဲ႔ ရင္းႏွီးေန၍ သိပ္ေတာ့မဆိုးလွေပ။

သူ ေမွာ္ေဆးပင္အားလံုးကို သန႔္စင္ၿပီးခ်ိန္၌
ေကာင္းကင္က လင္းေနၿပီျဖစ္၏။

ယူေရွာင္းမိုက ေဆးေပါင္းအိုးထဲမွာ
လြင့္ေမ်ာေနသၫ့္ အရည္ကို ၾကၫ့္လိုက္သည္။
ေနာက္ဆံုးေတာ့ ၿပီးသြားခဲ့ေလၿပီ။ ေနာက္တစ္ခုက
အကုန္လံုးကို ေပါင္းစပ္ရမွာျဖစ္သည္။
အဆင့္တိုင္းကို ဦးေနွာက္ထဲမွာ စဲြေနေစရန္အလို႔ငွာ
မေန့က အေခါက္ေပါင္းမနည္း သူ႔စိတ္ထဲ
ရိုက္ထၫ့္ထားၿပီးၿပီျဖစ္သည္။ ယခု
သူ႔စိတ္ထဲ ထပ္ခါထပ္ခါ ျပန္ေတြးၾကၫ့္ၿပီး
လြတ္သြားတာ မရိွတာ ေသခ်ာမွ စတင္သည္။

တစ္ခ်ိန္တည္းမွာပင္၊ ေတာအုပ္အနက္ပိုင္း၌။

"အဲ့လူက ေမွာ္ေဆးလံုးသန႔္စင္ေနတာဆိုတာ
ေသခ်ာရဲ့လား"

အနီေရာင္ ကန႔္လန႔္ကာေနာက္မွ အနည္းငယ္
စူးရွသၫ့္ ေယာက္်ားသံတစ္သံထြက္လာ၏၊
ကန႔္လန႔္ကာေနာက္တြင္ ထိုင္ေနသူ၏
ျမင့္မားၿပီးေတာင့္တင္းသၫ့္ ပံုရိပ္ကို
မပီမသျမင္ရႏိုင္ေလသည္။

ႂကြက္ဝိဉာဉ္တစ္ေကာင္က ကန႔္လန႔္ကာေရ႔ွ၌
ဒူးေထာက္လ်က္ရိွသည္။ သူက အသြင္ေျပာင္းၿပီးၿပီ
ျဖစ္ေသာ္ျငား နတ္ဆိုးႂကြက္၏လကၡဏာတို႔
သူ႔ကိုယ္မွာ ႂကြင္းက်န္ေနေသးသည္။
တစ္ခ်က္ၾကၫ့္ရံုႏွင့္ သူ႔မူလပံုသ႑ာန္က
နတ္ဆိုးႂကြက္မွန္း ေျပာႏိုင္ေပ၏။

ဤသို႔ၾကားေသာ္ သူက ခ်က္ခ်င္းျပန္ေျဖသည္။

"ဟုတ္ပါတယ္ အရွင္။ အဲ့ဒီလူ
ေဆးေပါင္းအိုးထဲကေန ေမွာ္ေဆးပင္ေတြအမ်ားႀကီး
ထုတ္ယူလိုက္တာကို ဒီအေစခံကိုယ္တိုင္
မ်က္လံုးႏွစ္လံုးနဲ႔ ျမင္ခဲ့ရတာပါ။ အဲ့ေဆးေပါင္းအိုး
ေရ႔ွမွာ သူမလႈပ္မယွက္နဲ႔ ထိုင္ေနတာ တစ္ရက္နဲ႔
တစ္ညလံုးလံုးရိွပါၿပီ။ ေသခ်ာေပါက္ကို
ေဆးလံုးသန႔္စင္ေနတာပါ"

ထိုသူက ခ်က္ခ်င္း ထရပ္လိုက္ရာ သူ႔အေနာက္မွ
ရွည္လ်ားသၫ့္ အေမႊးပြပြအၿမီးတစ္ေခ်ာင္းပါ
ပါလာ၏။ အနီေရာင္ကန႔္လန႔္ကာကို
ေဘးဖယ္လိုက္သၫ့္အခါတြင္ ႁမြေပါသားရဲႏွင့္
ဆင္သၫ့္ လူသားတစ္ဝက္၊ သားရဲတစ္ဝက္
အသြင္​ကို ေဖာ္ျပလာေလသည္။ သူ႔အၿမီးက
အနည္းေလး ႏွစ္မီတာေတာ့ ရွည္၏။

"ေတာ္တယ္။ ဒီအခြင့္အေရးကို အသံုးခ်ၿပီး
အဲ့လူကို သင္ခန္းစာေပးရမယ္။ သူက
ငါႀကိဳက္တဲ့ၾကက္ဆင္ေတြအကုန္ ကုန္ေအာင္
စားသြားတယ္၊ လြယ္လြယ္နဲ႔ လႊတ္ေပးမယ္လို႔ေတာ့
မထင္နဲ႔!"

ႁမြေပါသားရဲ၏မ်က္ႏွာတြင္ လက္စားေခ်ႏိုင္
ေတာ့မၫ့္အတြက္ ေပ်ာ္ရႊင္မႈတစ္စြန္းတစ
ရိွလို႔ေန၏။ ေမွာ္ဆရာမ်ားအတြက္
ေဆးလံုးသန႔္စင္ေနစဉ္မွာ အမွားခံလို႔မရတာကို
သူသိသည္၊ မဟုတ္လ်ွင္ သန႔္စင္တာပါ
က်ရႈံးသြားမည္မဟုတ္ဘဲ တန္ျပန္ဒဏ္ခံရၿပီး
ဒဏ္ရာပါ ရႏိုင္ေျခရိွသည္။ သို႔ေပမဲ့လို႔
သူကေတာ့ ေနာက္တစ္ခုကို ပိုေမ်ွာ္လင့္သည္။

"အရွင္က ထက္ျမက္လွပါတယ္!"

နတ္ဆိုးႂကြက္ရဲ့ ၿမွောက္ပင့္စကားက ခ်က္ခ်င္း
လိုက္လာေလသည္။

"အခုခ်က္ခ်င္း သြားၾကမယ္"

ႁမြေပါသားရဲ၏ အျပင္ပန္းသ႑ာန္သည္
ပ်မ္းမ်ွႁမြေပါထက္ အရြယ္အစား ေလးငါးဆခန႔္
ပိုႀကီးသည္မွတစ္ပါး ႁမြေပါႏွင့္ ဆင္တူလွ၏။
ႁမြေပါမ်ားတြင္ မတူညီသၫ့္စရိုက္လဏၡဏာမ်ား
ရိွၾကေသာ္လည္း ႁမြေပါသားရဲအမ်ားစုက
ၾကက္သားမႀကိဳက္ၾကေပ။ သို႔မဟုတ္၊
အျခားနည္းဆိုရလ်ွင္ သူတို႔က ၾကက္သားကို
အစားအစာအျဖစ္ မစားၾကေပ၊ သို႔ေပမဲ့
ဤႁမြေပါသားရဲက သႏၶေျပာင္းမ်ိဳးျဖစ္ေလသည္။

သူက ၾကက္ဆင္ အင္မတန္ႀကိဳက္၏။
ယူေရွာင္းမို သတ္စားပစ္လိုက္သၫ့္ ၾကက္ဆင္မ်ားမွာ
သူ႔အတြက္ သူ႔ေနာက္လိုက္မ်ားက သူတို႔အရွင္
ၾကက္ဆင္စားခ်င္တိုင္း ဖမ္းရလြယ္ကူေအာင္
အထူးတလည္ ေမြးျမဴထားေသာ
အေကာင္မ်ားျဖစ္ေလသည္။

လြန္ခဲ့ေသာ လဝက္ခန႔္က ႁမြေပါသားရဲသည္
ရုတ္တရက္ ၾကက္ဆင္စားပဲြေတာ္
တည္ခ်င္လာေလ၏။

ၾကက္ဆင္စားပဲြေတာ္ဆိုသည္မွာ ပံုမွန္လို
တစ္ေကာင္ ႏွစ္ေကာင္ စားတာႏွင့္ ကဲြျပားသည္။
ၾကက္ဆင္စားပဲြေတာ္၌ စားပဲြတစ္ခုကို
ၾကက္ဆင္အေကာင္ေရ အနည္းဆံုး (၁၀)ေကာင္မ်ွ
လိုအပ္ေလရာ ရလဒ္ကေတာ့ ခန႔္မွန္းဖို႔
လြယ္ေပသည္။

နတ္ဆိုးႂကြက္မ်ား ေျမလွန္ရွာၾကေသာ္လည္း
ၾကက္ဆင္ငါးေကာင္သာ ဖမ္းမိခဲ့ေလသည္။
ကၽြန္းေလးေပၚကို တစ္စံုတစ္ေယာက္
ေရာက္လာၿပီျဖစ္သည္ဟု ဒါေၾကာင့္ပဲ သူတို႔
သံသယ စျဖစ္လာတာျဖစ္သည္။
ေမႊးပ်ံ႔လွသၫ့္ ရနံ႔ေနာက္ လိုက္ခဲ့ၿပီးေနာက္၌
ကမ္းေျခတြင္ ဘယ္ခ်ိန္ကတည္းကမွန္းမသိ
ေဆာက္ထားသၫ့္ အိမ္တစ္လံုးရိွေနေၾကာင္း
ေတြ့ရိွခဲ့ရေလသည္။

လဝက္မ်ွ ေစာင့္ၾကၫ့္ၿပီးသၫ့္ေနာက္
ေပ်ာက္ဆံုးသြားေသာၾကက္ဆင္မ်ားအားလံုးကို
ဤအိမ္ပိုင္ရွင္က သတ္လိုက္တာျဖစ္ေၾကာင္း
အတည္ျပဳႏိုင္ခဲ့၏။ ထို႔အျပင္ ထိုသူခ်က္သၫ့္
ၾကက္ဆင္မ်ားသည္ သူတို႔ခ်က္တာထက္
အဆတစ္ရာေလာက္ကို ပိုေမႊးၿပီး အနံ႔ကေနတင္
ေျပာႏိုင္သည္။

အနံ႔အရသာႏွင့္ျပၫ့္စံုသၫ့္ ၾကက္ဆင္မ်ား
အေၾကာင္း သူတို႔က သူတို႔ဘုရင္ကို
ေျပာမျပခဲ့ေသာ္ျငားလည္း အမွန္တရားဆိုတာ
ဖံုးကြယ္လို႔မရေပ။ ေနာက္ဆံုးမွာ ေတြ့ရိွသြားၾကၿမဲ
ျဖစ္သည္။ သူတို႔ဘုရင္က ထိုသူခ်က္သၫ့္
ၾကက္ဆင္ကို အမွတ္ရေနဆဲျဖစ္ၿပီး
ဘာမွဂရုမစိုက္ဘဲ အေျပးသြားေတာ့မၫ့္
အႀကိမ္မ်ားဆို ေရတြက္လို႔ေတာင္ မရႏိုင္ေတာ့ေခ်။
ထိုသူက အားနည္းပံုမေပၚသည္ျဖစ္ရာ
သူတို႔က အခ်ိန္မီတားေန၍သာမဟုတ္လ်ွင္
သူတို႔ဘုရင္ေတာ့ ႂကြေနေလာက္ေပၿပီ။

သူက လဝက္ေလာက္ သည္းခံထားခဲ့ရ၏၊
သို႔ေပမဲ့ သူ႔အတြက္ အခြင့္အေရးက
ေရာက္လာခဲ့ေလၿပီ။

ႁမြေပါသားရဲက ထိုလူ႔ကို ဖမ္းၿပီး သူ႔အတြက္
ၾကက္ဆင္ခ်က္ခိုင္းရန္ ဆံုးျဖတ္ထားေလသည္။
သူ႔အိပ္မက္က ရည္မွန္းခ်က္ႀကီးမားပါေသာ္လည္း
........ လက္ေတြ့က ရက္စက္လြန္း၏!

သူတို႔က ယူေရွာင္းမိုက တစ္ကိုယ္တည္း
မဟုတ္မွန္းကို ရွင္းရွင္းလင္းလင္းႀကီး
ေမ့ေလ်ာ့သြားၾကေလသည္။ လင္းေရွာင္က
တစ္ခ်ိန္လံုး အိမ္တြင္းေအာင္းေနတယ္ဆိုေပမဲ့လို႔
သူက အနားယူေနတာသာျဖစ္သည္။
ဒါေၾကာင့္ပဲ သူတို႔အမွားလုပ္မိသြားတာလည္း
ျဖစ္ႏိုင္သည္၊ သူတို႔က လင္းေရွာင္ကို
အစြမ္းအစမရိွသူဟု မွတ္ထင္သြားခဲ့ၾက၏။

သတၲုစားသားရဲေလးႏွင့္
ေရႊေတာင္ပံပိုးေကာင္မ်ားကိုက်......
ေသးလြန္း၍ မျမင္လိုက္ေပ။

ႁမြေပါသားရဲက ေနာက္လိုက္မ်ားၿခံရံလ်က္
ပင္လယ္စြန္းကို ခ်ီတက္လာ၏။ သူတို႔က
ယူ​ေရွာင္းမိုရဲ့ေမွာ္ေဆးလံုး ေနာက္ဆံုးအဆင့္ထိ
မေရာက္ေသးမခ်င္း ႏွစ္ရက္ထပ္ေစာင့္ေလသည္။

ေဆးလံုးသန႔္စင္ျခင္းက ေခ်ာေခ်ာေမြ့ေမြ့ပင္။
ေမွာ္ေဆးလံုးေပါင္းစည္းဖို႔ ၾကာခ်ိန္က
ေမွာ္ေဆးပင္မ်ားကို သန႔္စင္ရန္ၾကာခ်ိန္ထက္
တစ္ဆႏွစ္ဆခန႔္ ပိုၾကာေသာေၾကာင့္
အနည္းငယ္ အခ်ိန္ပိုယူေနရျခင္းျဖစ္သည္။
သူက သံုးရက္လံုးလံုး အာရံုစိုက္ထားရ၍
ေနာက္ဆံုးအခ်ိန္ေလးက်မွ ဘာပဲျဖစ္ပါေစ
မက်ရႈံးႏိုင္ေတာ့ေပ။

ႁမြေပါသားရဲႏွင့္ ေနာက္လိုက္တစ္အုပ္ကို သူက
သတိမျပဳမိေပမဲ့ သတၲုစားသားရဲေလးနဲ႔
ေရႊေတာင္ပံပိုးေကာင္တို႔ကမူ သတိထားမိေလ
သည္။

သူတို႔သံုးေကာင္က ခ်က္ခ်င္းထခုန္ကာ
အိမ္အေနာက္ဘက္ကို သတိေပးစြာ
ၾကၫ့္ၾကသည္။ ထူထဲ ေမွာင္ပိန္းေနေသာ
ေတာအုပ္ထဲ၌ အစိမ္းေရာင္ေတာက္ပေနေသာ
မ်က္လံုးေပါင္းမ်ားစြာကို သူတို႔ ျမင္ရႏိုင္ၿပီး
ထိုသူတို႔၏ရည္ရြယ္ခ်က္က တစ္ခ်က္ၾကၫ့္ရံုႏွင့္
ေပၚလြင္ေနသည္။

သိပ္မၾကာခင္မွာပဲ ႁမြေပါသားရဲက
သူ႔အႁခြေအရံမ်ားကို ဦးေဆာင္လ်က္
ေတာထဲမွ ထြက္လာသည္။ နတ္ဆိုးႂကြက္မ်ားက
ေျမေအာက္မွာ လိုဏ္ေခါင္းတူးႏိုင္၍
သူတို႔ကို ရွာေတြ့ဖို႔မလြယ္ရံုမက
ႃခံုခိုတိုက္ခိုက္မႈမ်ားပင္ လုပ္ေဆာင္ႏိုင္ၾက၏။
သို႔ေပမဲ့ သူတို႔လႈပ္ရွားမႈတိုင္းကို သတၲုစား
သားရဲေလးႏွင့္ ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က
အကုန္ျမင္ၿပီးၿပီျဖစ္တာကို သူတို႔မသိၾကေပ။

"အာဝူး~"

သတၲုစားသားရဲေလးက သတိေပးအူသံတစ္ခ်က္
ျပဳလိုက္သည္– အဓိပၸါယ္မွာ ေရ႔ွထပ္တိုးလာရင္
အကုန္သတ္ပစ္မည္ဟူ၍။

ေရွးသားရဲမ်ားျဖစ္သၫ့္ သူတို႔သံုးေကာင္မွာ
ဤနတ္ဆိုးႂကြက္မ်ားကိုမွ မႏိုင္ဘူးဆိုလ်ွင္
ေဆးေပါင္းအိုးထဲျပန္ၿပီး
အသစ္ျပန္လုပ္ခံလိုက္တာပဲေကာင္းမည္။

ရုတ္တရက္ထြက္ေပၚလာသၫ့္ အူသံက
နတ္ဆိုးႂကြက္မ်ားကို ေရ႔ွဆက္မတိုးရဲေလာက္ေအာင္
ေၾကာက္လန႔္သြားေစေလသည္။ သို႔ေသာ္လည္း
အဆံုးမွာေတာ့ ႁမြေပါသားရဲသည္ အဆင့္ျမင့္
နတ္ဆိုးသားရဲမ်ိဳး ျဖစ္ေနေသးသၫ့္အျပင္
သူက သႏၶေျပာင္းေကာင္လည္းျဖစ္ေသးသည္။
သူက သတိေပးခ်က္ကို အာရံုမထားဘဲ
အိမ္ကို ေစာင့္ၾကပ္ေနသၫ့္ နတ္ဆိုးသားရဲမ်ား
ရိွေနျခင္းကိုသာ အံ့ဩျခင္းျဖစ္မိေလသည္။

"စိတ္ဝင္စားစရာပဲ။ ငါကိုယ္ေတာ္ကိုယ္တိုင္
ထြက္ၿပီး လည္ေပးဦးမွ"

ႁမြေပါသားရဲက ပုခံုးေပၚတြင္ သံတူတစ္လက္
ထမ္းလ်က္ ေလ်ွာက္သြားေလသည္။
_____________________

ဘာသာျပန္သူ၏အေမး–

ဒီေကာင္ဘာျဖစ္မယ္ထင္ပါသလဲ။ 😂

ဒါကေတာ့ ႁမြေပါမ်ိဳးႏြယ္ပါ။

________________________







Continue Reading

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
222K 25.8K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
996K 59K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...