The Legendary Master's Wife [...

By melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... More

Chapter-591
Chapter-592
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-649- ပူးပေါင်းခြင်း
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-593

6.5K 1.3K 32
By melon_rays

//Unicode//

အပိုင်း၅၉၃- ပိတ်မိနေခြင်း

ခြုံထည်အနက်နှင့်လူပြောသည့် အဓိပ္ပါယ်​ကို
ရှယင်နှင့် မော့ချီရှစ်ယွမ်တို့နှစ်ဦးစလုံး
နားလည်သည်။ တစ်ယောက်တစ်ယောက်ချင်း
သာဆို နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦး
လွတ်မြောက်သွားနိုင်ရန်မှာ အင်မတန်လွယ်ကူသည်။

နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်၊
နယ်မြေထိန်းချုပ်နိုင်စွမ်းမှာ နတ်ဒေဝါအဆင့်
ကျင့်ကြံသူထက် သုံးလေးဆပို၏။
သူ့ကို ဟန့်တားခြင်းပြုနိုင်သော်လည်း
လုံးဝကြီး ပိတ်ဆို့ခြင်းတော့မပြုနိုင်လေရာ
သူတို့သုံးယောက် ပူးပေါင်းမှရပေမည်။

သို့သော် သူတို့သုံးယောက်သည် မတူညီသည့်
အင်အားစုများမှဖြစ်၏။

ရှယင်သည် မော့ချီရှစ်ယွမ်အား ယုံကြည်ကောင်း
ယုံကြည်ပေးနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
အရင်က သူတို့ အကြိမ်ပေါင်းမရေတွက်နိုင်
လောက်အောင် ဆုံဖူး၍ တစ်ယောက်ကို
တစ်ယောက် တော်တော်လေးနားလည်သည်။
မော့ချီရှစ်ယွမ်က ယုံကြည်လို့ရသည့်လူမျိုး
ဖြစ်ကြောင်း ရှယင်ကသိသလို ရှယင်က
စကားတည်သူမှန်း မော့ချီရှစ်ယွမ်လည်းသိသည်။
သို့ပေမဲ့လည်း ပင့်ကူနက်ကမူ မတူညီသည့်
ကိစ္စဖြစ်၏။

ပင့်ကူနက်၏အကြောင်းကို လူများစွာသိကြသည်။
သူတို့က ဓားပြများထက်ပင် ဓားပြပိုဆန်ပြီး
စိတ်ရှိသလိုလုပ်သည့် မိစ္ဆာတစ်အုပ်ဖြစ်သည်။
ပြောပြီးသားစကားကို သာမာန်မျှပြန်ရုတ်သိမ်း
သွားနိုင်သည့်အတွက် အခြေခံအားဖြင့်
သူတို့ပြောသမျှ ဘာကိုမှယုံလို့မရချေ။
နေမင်းကြီး အနောက်မှထွက်သည့်နေ့မှ
သူတို့ကို ယုံလို့ ရပေလိမ့်မည်။

ဒါက ရှယင်နှင့်မော့ချီရှစ်ယွမ်တို့ အပြည့်အဝ
အာမမခံရသည့် တစ်ခုတည်းသော
အကြောင်းအရင်းပင်ဖြစ်သည်။
ပင့်ကူနက်၏ပန်းတိုင်ကို သူတို့
မသိသော်ငြားလည်း သီးခြားနယ်မြေနှင့် ထိုအတွင်းရှိ
ရတနာအပေါ် ခြုံထည်နက်နှင့်လူ၏ပူပင်မှုကို
မြင်လိုက်ရသည့်အချိန်တွင် ခြုံထည်နက်နှင့်လူ၏
အားနည်းချက်ကိုဖမ်းမိလိုက်ပြီဖြစ်ကြောင်း
သူတို့သိသွားခဲ့သည်။

ရှယင်နှင့်မော့ချီရှစ်ယွမ်သည် အမြန်
အကြည့်ချင်းဖလှယ်ပြီးနောက် နောက်ဆုံးတော့
အချိန်ဆွဲနေခြင်းကို ရပ်တန့်လိုက်ကြ၏။

ခြုံထည်နက်နှင့်လူသည် ပျော်ရွှင်သော
အမူအယာဖြစ်မလာပေ။ ထိုအစား သူ့အမူအယာက
ပိုလို့တောင်မှ ရှုပ်ထွေးလာခဲ့လေသည်။ သူက
ငတုံးမဟုတ်ပေ၊ သူတို့နှစ်ယောက် နောက်ဆုံးမှာ
သဘောတူညီချက်တစ်ခုရသွားပြီမှန်း သူသိသည်။

ကိစ္စအားလုံးပြီးမှ သူ့ကိုကန်ထုတ်ချင်ခဲ့ပါက
သူ့လက်သီးက သဘောတူမတူကြည့်ရပေလိမ့်မည်။
ပင့်ကူနက်မှလူများဟာ အလွယ်တကူ
အနိုင်ကျင့်ခံမည့်လူများမဟုတ်။ ထို့အပြင်
ပင့်ကူနက်ကသာ သူများကိုအနိုင်ကျင့်လာခဲ့ခြင်း
ဖြစ်သည်။

လူသုံးယောက်စလုံးမှာ ယုတ်မာစွာ
ကြိတ်ကြံနေကြသည်၊ သို့ပေမဲ့ သူတို့
တွက်ချက်မှုများက အင်မတန်မှခရေစေ့တွင်းကျ
သော်လည်း လင်းရှောင်က သူ့အပေါ်
အလွယ်တကူဖြတ်လျှောက်ခွင့်ပေးမည့် လူမျိုး
မဟုတ်ပေ။ ကျားဖြူ၏ကိုယ်ထည်ကိုသန့်စင်ရန်
နန်းတော်ထဲမှာတုန်းက စိတ်စွမ်းအင်ထက်ဝက်ခန့်
အသုံးပြုခဲ့ရသည်ကိုမဆိုထားနှင့်
သူ့ဒဏ်ရာများတောင် အခုထက်ထိမပျောက်သေး
ပေ။ သူ့မှာ စိတ်စွမ်းအားပြန်ပြည့်စေသည့်
စိတ်စွမ်းအင်ရေ ပုလင်းများစွာရှိနေသေးတာ
ကံကောင်းသည်။ ပုလင်းအများကြီး ဆက်တိုက်
သောက်လိုက်ပြီးနောက် သူ့စိတ်စွမ်းအင်က
တစ်ဝက်ခန့်မျှပြန်ပြည့်လာခဲ့သည်။

ယူရှောင်းမိုကတော့ လေထဲ ပျောက်ကွယ်သွား
သလိုပင်။

လင်းရှောင်မှာ ဘေးကင်းရာ တစ်နေရာရာ
ရောက်သည်နှင့် ယူရှောင်းမိုကို နာနာ
ရိုက်ပစ်ချင်နေသည်။

ယူရှောင်းမိုမှာလည်း အလွန်ခါးသီးနေရလေသည်၊
အင်မတန်မှ ခါးသီးနေ၏။ နဂိုက အရာအားလုံး
အဆင်ပြေသည်။ သူက မြေအောက်ဝင်္ကဘာ
ထဲမှာမှန်း ဘယ်သူမှမသိပေ၊ နန်းတော်ထဲက
ထွက်ပြီး လင်းရှောင်နှင့်ဆုံဖို့ အချိန်ပေါက်စိ
ညှောက်တောက်လေးပဲ သူလိုသည်၊ သို့သော်
မတော်တဆတစ်ခုဖြစ်သွားလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ချေ။

သူရှိနေခဲ့သည့် မြေအောက်ဝင်္ကဘာထဲရှိ
စင်္ကြံလမ်းများမှာ ပင်လယ်ရေတစ်စက်မှ မရှိရာ
သူ့အခြေအနေက ခြုံထည်နက်နှင့်လူ၏
အခြေအနေမှ ကွဲပြားသည်။ သူ့မှာ
ဝင်္ကဘာထဲကထွက်ဖို့ ခြေနှစ်ချောင်းနှင့်သာ
ပြေးရ၏။ သူ့တွင် မြေပုံရှိသော်လည်း
သူ့ အမြန်နှုန်းက တအားမမြန်ပေ။ ရလဒ်
အနေဖြင့် ပင်လယ်ရေများအားလုံး နန်းတော်ထဲမှ
ခြောက်ခမ်းသွားပြီးနောက် သူကတော့ အထဲမှာ
ပိတ်မိနေခဲ့တော့သည်။

ယူရှောင်းမိုက သူ့ကိုပိတ်လှောင်ထားသည့်
အလွှာကို အငြှိုးနှင့် တဖတ်ဖတ်ရိုက်လို​က်သည်။
ဒါကဘာကြီးမှန်းတောင် သူမသိ၊ လမ်းမှာ
ရှင်းရှင်းလင်းလင်းကြီးကို ဘာတစ်ခုမှမရှိနေပေမဲ့
ကြည်လင်သောအလွှာတစ်ခုအတွင်းမှာ
ပိတ်မိနေသလိုမျိုးဖြစ်ကာ အပြင်ကိုထွက်မရပေ။

အလွှာပါးကို တိုက်ခိုက်ချင်သော်လည်း စွမ်းအင်က
စုစည်းလို့မရနိုင်။ သူ ဘယ်လိုပဲခေါ်ခေါ်
အသိစိတ်ပင်လယ်ထဲမှ ဝိဉာဉ်စွမ်းအားက
တုံ့ပြန်ခြင်းမရှိပေ။ အကြိမ်ပေါင်းများစွာ
ကြိုးစားပြီးနောက် တုံ့ပြန်မှုတစ်ချို့ရသည့်အချိန်၌
ဘာဖြစ်သွားတာလဲဆိုတာ ယူရှောင်းမိုခန့်မှန်းမိသွား
တော့သည်။ နန်းတော်သည် ပြောင်းလဲသွား
ပြီးနောက်တွင် ကျင့်ကြံသူများ၏ကျင့်ကြံဆင့်ကို
ဖိနှိပ်ထားနိုင်စွမ်းရှိပုံရသည်။

ယူရှောင်းမိုက နန်းတော်ထဲမှာ ပိတ်မိနေသည်။
သူ့မှာ စွမ်းအားတစ်စက်မှမရှိနေပေမဲ့ အပြင်မှာ
ဖြစ်ပျက်နေသမျှကို မြင်ရသည်။ လင်းရှောင်
အပါအဝင်လူတိုင်းက သူ့အတွက် ဧရာမကြီးများ
ဖြစ်နေပြီး သူတို့၏လျှင်မြန်သော
လှုပ်ရှားမှုများကလည်း နှေးကွေးနေသည်။
ယခု သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ
လင်းရှောင် ဘေးကင်းစေဖို့ ထိုင်ဆုတောင်းနေရုံသာ
ဖြစ်သည်။

ထွက်လို့ရမည့်လမ်းမရှိသေးကြောင်း
အတည်ပြုပြီးနောက် ယူရှောင်းမိုလည်း
နယ်မြေထဲ ဝင်နေတာပဲကောင်းမည်ဟု
ဆုံးဖြတ်လိုက်တော့သည်။

ယူရှောင်းမိုက သူတို့အစာထဲမှဖြတ်မည်ဟု
ခြိမ်းခြောက်ထားသဖြင့် သတ္တုစားသားရဲလေးနှင့်
ရွှေတောင်ပံပိုးကောင်နှစ်ကောင်က စိတ်စွမ်းအင်
ရေကန်ကို ၁၂၀ ရာခိုင်နှုန်း အလေးထားလျက်
စောင့်ကြပ်ကာကွယ်နေကြသည်။ သူအထဲ
ဝင်လာတော့ မျက်လုံးလေးသုံးစုံက သူ့ဆီ
လိမ့်လာ၏။

စိတ်စွမ်းအင်ရေကန်က အရင်ကအတိုင်း ရှိနေဆဲ
ဖြစ်သည်။ ရေမျက်နှာပြင်မှာ လှိုင်းခွပ်လေး
တစ်ခုတောင်မရှိဘဲ လွန်စွာတည်ငြိမ်နေ၏။
ယူရှောင်းမိုက ရေဒြပ်စင်အဆီအနှစ်ကိုရှာရန်
မလောပေ။ ရေကန်ဆီ လျှောက်သွားပြီး
ရေအမြင့်ကို စမ်းသပ်လိုက်သည်။ ရှေ့ရေးကို
ကြိုမြင်ထား၍ ကံကောင်းသည်၊ စိတ်စွမ်းအင်
ရေကန်က အများကြီး မလျော့ပေ။

ရေဒြပ်စင်အဆီအနှစ်ကို လင်းရှောင်၏နယ်မြေထဲ
ထည့်ထားခဲ့တာဆိုလျှင် အနည်းငယ်ပြဿနာ
ပိုရှုပ်လောက်၏။ သို့ပေမဲ့ ယူရှောင်းမို၏နယ်မြေမှာ
အခြေခံအားဖြင့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု
ဖြစ်ရာ သူ့နယ်မြေထဲမှာဘာရှိနေလဲသိရန်
တစ်ချက်စစ်ကြည့်လိုက်ဖို့သာ လိုသည်။

စိတ်စွမ်းအင်ရေကန်အောက်ခြေတွင်ရှိနေသော
ရေဒြပ်စင်အဆီအနှစ်ကို ယူရှောင်းမိုရှာတွေ့မသွားခင်
အချိန်ခဏလေးသာလိုလေသည်။

ဒီငနဲက စိတ်စွမ်းအင်ရေကန်ကို တကယ်ပဲ
ကြိုက်၏။ ယခုအခိုက်အတံ့၌ ၎င်းက
ရေမျက်နှာပြင်အောက် ပုန်းလျက်
နှေးကွေးစွာလှုပ်ရှားနေသည်။ အထက်မှာ
သတ္တုစားသားရဲလေးနှင့် ရွှေတောင်ပံပိုးကောင်
နှစ်ကောင်က စောင့်ကြပ်နေသဖြင့် ၎င်းက
တအားကြီးမလှုပ်ရှားရဲ။ တစ်ကြိမ်ကို
စိတ်စွမ်းအင်ရေ မဖြစ်စလောက်လေးသာ
စုပ်ယူပြီး ၎င်း၏ IQက ဉာဏ်နီဉာဏ်နက်များသည့်
လူသားတစ်ယောက်နှင့် ယှဉ်လို့တောင်ရနေပြီ
ဖြစ်သည်။

ယူရှောင်းမို နန်းတော်ထဲမှာ ပိတ်မိနေ၍သာ
မဟုတ်လျှင် နောက်တစ်ကြိမ် သူ နယ်မြေထဲ
ဝင်ဖို့မှာ နောက်ရက်အနည်းငယ် သို့မဟုတ်
တစ်လလုံးလုံးမှ ဖြစ်လောက်သည်။ အဲ့လိုသာဆို....
တွေးကြည့်ရုံနှင့် သူ့ကို မပျယ်ပျောက်နိုင်သည့်
အကြောက်တရားတစ်ခု ပေးစွမ်းသည်။

ဤငနဲက စမ်းရေအောက်ကလွဲပြီး တစ်ခြားနေရာမှာ
မပုန်းချင်ပေ။ သူ့ပစ်မှတ်က စမ်းရေဆိုတာ
သိဖို့မခဲယဉ်း။

ဉာဏ်ရည်မြင့်သည့် ရေဒြပ်စင်အဆီအနှစ်သည်
ကန်ထဲရှိစိတ်စွမ်းအင်ရေကို ပျော်ပျော်ကြီး
စုပ်ယူနေ၏။ စိတ်စွမ်းအင်ရေအားလုံးနှင့်
စမ်းရေ၏အရင်းအမြစ်ကို စုပ်ယူပြီးလျှင်
၎င်းသည် အသွင်ပြောင်းနိုင်မည်ဖြစ်ကာ
ကမ္ဘာပေါ်တွင် ပထမဆုံးသော အသွင်ပြောင်း
ဒြပ်စင်အဆီအနှစ်ဖြစ်လာပေလိမ့်မည်။ ထိုအခါ
ကျားဖြူနှင့်စာရင်းသွားရှင်းပြီး သူ့ကို မရေတွက်နိုင်
လောက်သည့် နှစ်များစွာကြာအောင်
အကျဉ်းချထားခဲ့ခြင်းအတွက် လက်စားချေလို့
ရပေတော့မည်။

ဒြပ်စင်အဆီအနှစ်ဆိုသည်မှာ ကောင်းကင်ဘုံမှ
ကောင်းချီးပေးခြင်းကိုရရှိထားခြင်းဖြစ်၏၊
သို့သော်လည်း အသိစိတ်ကိုပျိုးထောင်ဖို့ရန်မှာ
မလွယ်ကူချေ။ ၎င်း၏အသိစိတ်မှာ ရှေးခေတ်များ
ကတည်းက ပုံပေါ်နေခဲ့ပြီဖြစ်ပြီး မရေတွက်
နိုင်လောက်သည့် အတွေ့အကြုံများပြီးနောက်၌
၎င်း၏အသိစိတ်သည် လူသားတစ်ယောက်
ဉာဏ်ရည်ကို ရောက်နေခဲ့ပြီဖြစ်သည်။ ၎င်းက
လူသားတစ်ယောက်လို ဘယ်လိုစိတ်ရှည်ရမလဲ
သင်ယူခဲ့ပြီး လူသားတစ်ယောက်လို ဘယ်လို
တွက်ချက်ရမလဲ သင်ယူခဲ့သည်။

ယခုတစ်ခေါက် လူသားတွေလက်ထဲ
ကျရောက်ခဲ့ရသည့်အချိန် သူတော့သေပြီဟု
တွေးထားသော်လည်း ဤနေရာတွင် စိတ်စွမ်းအင်
စမ်းရေတစ်ခု တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။
လူသားအဆင့်ရှိ ဉာဏ်ရည်ဖြင့် ၎င်းမှာ
စိတ်စွမ်းအင်စမ်းရေ၏တန်ဖိုးကို ကောင်းကောင်း
နားလည်ပေသည်။

အလွန်အမင်းစိတ်လှုပ်ရှားသွားသော
ရေဒြပ်စင်အဆီအနှစ်သည် ပြန်လည်ပြီး
စိတ်တည်ငြိမ်သွား၏။ သူ့တွင်
စွမ်းအင်လုံလုံလောက်လောက်မရှိ၍
နှစ်များစွာကြာသည့်တိုင် အသွင်ပြောင်းခြင်း
မပြုနိုင်ခဲ့ပေ၊ ထို့ကြောင့် ထိုအကာရံအလွှာကို
သူ မဖျက်စီးနိုင်ခဲ့။ ယခု ကောင်းကင်ဘုံက
သူ့ကို အခွင့်အရေးတစ်ခုပေးနေရာ သေချာ
ဖမ်းဆုပ်ထားရပေမည်။

တစ်မိနစ်လေးပဲရှိသေးချိန် သူ့ကိုဖမ်းခဲ့သည့်
လူသားက နတ်ဆိုးသားရဲလေးသုံးကောင်ကို
အထဲပို့လိုက်၏။

ရေဒြပ်စင်အဆီအနှစ်သည် ထိုသုံးကောင်ကို
တော်တော်လေးအထင်မြင်သေးလေသည်။
စောစောက သူ ပေါ့လျော့သွားမိ၍သာ
တလက်လက်တောက်နေတဲ့သားရဲရဲ့အာရုံကို
ဆွဲဆောင်မိသွားတာဖြစ်သည်။ သူ့စိတ်ထဲတွင်
ထိုသုံးကောင်မှာ ကလေးလေးများ၏
ဉာဏ်ရည်သာရှိသဖြင့် ကိုင်တွယ်ရ
လွယ်ကူပေလိမ့်မည်။

သို့ဖြစ်ရာ ရေဒြပ်စင်အဆီအနှစ်သည်
စမ်းရေအောက်ခြေသို့ တိုးတိုးတိတ်တိတ်ဖြင့်
ကုပ်ချောင်းကုပ်ချောင်းသွားပြီးနောက်
၎င်း၏အစီအစဉ်ကို စတင်အကောင်ထည်ဖော်လေ
တော့သည်။

ယူရှောင်းမို ပေါ်လာခြင်းက ၎င်း၏အစီအစဉ်က
ပြည့်စုံသော်ငြား လက်တွေ့ကကြမ်းတမ်းလှကြောင်း
ပြောပြလိုက်သည်။

မမြင်ရသောအားတစ်ခုက ၎င်းကို စမ်းရေ
အနက်နေရာမှ ဆွဲထုတ်သွားသည်၊
ရေဒြပ်စင်အဆီအနှစ်သည် အကြောက်အကန်
ရုန်းသော်လည်း ၎င်း၏ခုခံမှုက သုံးနှစ်သား
ကလေးလေးလိုသာဖြစ်လေသည်။ ၎င်းတွင်
ခုခံနိုင်စွမ်း လုံးလုံးမရှိချေ။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက် ၎င်းသည်
ယူရှောင်းမိုထံပို့ဆောင်ခြင်းခံလိုက်ရ၏။

"အံ့ဩသွားလား"

ယူရှောင်းမိုက ပီတိများဖြာလျက်နှစ်ထောင်းအားရ
ရယ်မောလေတော့သည်။ အစောက
ဒီငနဲကောင် တအားကောက်ကျစ်လှည့်ဖျားနေခဲ့၍
မဟုတ်လျှင် ဝင်္ကဘာထဲမှာ သူ အချိန်အများကြီး
ကုန်ခဲ့ရမှာမဟုတ်ပေ။ ဒါက သူ့ကို လင်းရှောင်နဲ့
မဆုံနိုင်အောင်ဖြစ်စေခဲ့သည်။ သူ နည်းနည်း
စိတ်တိုနေသည်ဟု ထင်ရသော်လည်း
ယခုလောလောဆယ် သူလိုအပ်နေသည်မှာ
သူ့နှလုံးသားထဲကစိုးရိမ်မှုကို ဖောက်ထုတ်နိုင်ရန်
နည်းလမ်းတစ်ခုဖြစ်သည်။

သို့သော်လည်း ယူရှောင်းမိုက လင်းရှောင်၏
စွမ်းရည်များကို အထင်သေးမိသွားခြင်းသာ
ဖြစ်၏။

ရှယင်တို့သုံးယောက် သဘောတူညီမှု
ရပြီးသည့်နောက် ဒဏ်ရာရနေဆဲဖြစ်သော
လင်းရှောင်ကို လိုက်လို့မှီသွားသည်။ ပင်လယ်
ပိုင်နက်ထဲ ဝင်ရောက်လာသည့်အခိုက်အတံ့မှာ
သူတို့သုံးယောက်က လင်းရှောင်ကိုအမြန်
ဝိုင်းထားလိုက်ကြသည်။

"ဟဲဟဲဟဲ သခင်က မင်းကိုတအား
အထင်မသေး​သင့်ဘူးလို့ အမြဲတမ်းပြောတတ်တယ်၊
ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းက သာမာန်ပါပဲ"

ခြုံထည်နက်နှင့်လူက လင်းရှောင်ကို
မှောင်မိုက်သောအပြုံးတစ်ခုနှင့်ကြည့်သည်။
ယခုတွင် သူက သူတို့အကြံကြောင့်ပိတ်မိနေသည့်
ကရားအိုးထဲက လိပ်ကလေးတစ်ကောင်သာ
ဖြစ်သည်။ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး
သခင့်ရဲ့ပြိုင်ဖက် ဖြစ်နိုင်မှာလဲ။

ခြုံထည်နက်နှင့်လူ​သည် သခင်ကသူ့ကို
အထင်ကြီးလွန်းသည်ဟု ခံစားလိုက်ရ၏။

ရှယင်မျက်လုံးများ လက်သွားသည်။
သူ့လေသံအရ သူတို့ကအသိတွေများလား။

သို့သော် လင်းရှောင်က ခြုံထည်နက်နှင့်လူကို
အရေးမလုပ်ပေ။ ထိုအစား သူ့အကြည့်က
ရှယင်ဆီ ရွေ့သွားပြီး မမျှော်လင့်ထားစွာဖြင့်
သူ့မျက်နှာထက်မှာ အပြုံးသဲ့သဲ့ပေါ်လာသည်။

"မြို့ငယ်လေးမှာ လမ်းခွဲခဲ့ပြီးတုန်းက ဒီမှာ
အပျိုစင်မိန်းကလေးနဲ့ ပြန်ဆုံရမယ်လို့
မမျှော်လင့်ထားဘူး။ ခေါင်းဆောင်မော့မာရဲ့
အမွှာသမီးနှစ်ယောက်ရော ကျန်းမာပါရဲ့လား။
ဒီလူက သူတို့ကို အမှတ်ရမိပါတယ်"

ရှယင်၏ မျက်ဆံများ ကျဉ်းမြောင်းသွားပြီး
ဝတ်ရုံလက်အောက်မှာ သူမလက်များက
လက်သီးဆုပ်သွားသည်။ မော့ရွှယ်နှင့်
မော့ဖေးကို ရုတ်တရက်ကြီး ထည့်ပြောလာခြင်းက
သူတစ်ခုခု သိနေခြင်းတော့ မဟုတ်နိုင်လောက်ပါ။
ဖြစ်နိုင်တာကလည်း တအားတော့မဖြစ်နိုင်ပေ၊
ဘယ်လိုပဲဆိုဆို သူမရဲ့အစီအစဉ်ကို
ကပ်ပြီးမှလုပ်ခဲ့တာဖြစ်၍ သတင်းကြိုထွက်နေဖို့
မဖြစ်နိုင်။ သို့ပေမဲ့ ဆိုရိုးတစ်ခုအတိုင်းပင်၊
ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက
ပိုကောင်းသည်။

ရှယင်စိတ်ထဲ စစ်ဖြစ်နေသော်လည်း
သူမမျက်နှာက အမူအယာကင်းမဲ့နေဆဲဖြစ်၏။

"လူကြီးမင်းက သူတို့ကိုတွေ့ချင်တယ်ဆိုရင်
တစ်ရက်ရက်ကျ ကူမာမျိုးနွယ်စုဆီ
သွားတွေ့နိုင်ပါတယ်"

လင်းရှောင်က ရယ်လိုက်သည်။

"တစ်ရက်ရက်? ကျုပ်ကတော့ သူတို့နဲ့တွေ့လို့မရမှာ
စိုးမိတယ်"

ရှယင်နှလုံးတုန်သွားသည်။ မော့ရွှယ်နဲ့မော့ဖေးကို
သူမ သတ်ခဲ့တာ ဒီလူသိနေမှန်း သူမသေချာ
သွားတော့သည်။ ဒါက အကြံပေးတာလား၊
ဒါမှမဟုတ် ခြိမ်းခြောက်တာလား။

"မင်းက တော်တော်လေးဗဟုသုတရှိပုံပဲ။
အသက်ရှင်ချင်ရင် သီးခြားနယ်မြေကိုပေး၊
မင်းကို အသက်ရှင်လျက်ထွက်သွားခွင့်ပြုနိုင်မလား
စဉ်းစားပေးမယ်"

ခြုံထည်နက်နှင့်လူက ကျယ်လောင်စွာ
ရယ်မောတော့သည်။ သူက လင်းရှောင်စကားထဲက
အကြံပေးမှုကို မကြားဘဲ ထိုအစား လင်းရှောင်က
သူမလွတ်တော့မှန်း သိနေခြင်းဖြစ်သည်ဟု
ထင်သွားသည်။ ခြုံထည်အနက်နှင့်လူသည်
စိတ်ထဲ အလွန်အမင်းကျေနပ်နေပြီး လင်းရှောင်ကို
ပိုလို့တောင် အထင်သေးသွားသည်။

"နားညီးတယ်"

လင်းရှောင်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စွာ
ကြည့်လိုက်သည်။

ခြုံထည်အနက်နှင့်လူ၏ရယ်သံမှာ တမဟုတ်ချင်း
ရပ်တန့်သွားတော့သည်။ သူ ပြန်ပြောတော့မယ့်
အချိန်မှာပဲ နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှု
တစ်ခု တိုးထွက်လာ၍ နောက်သို့အမြန်ပြန်ဆုတ်
လိုက်၏။ နောက်တစ်စက္ကန့်၌ စောစောက
သူရပ်နေသည့်နေရာတွင် မီးမြွေတစ်ကောင်
ရုတ်တရ​က် အပေါ်တိုးထွက်လာခဲ့၏။ သူ
တုံ့ပြန်တာ တစ်စက္ကန့်လေးနောက်ကျခဲ့လျှင်
သေနေလောက်ပြီ။

သို့သော်လည်း သူ ရှောင်နိုင်လိုက်သည့်
အကြောင်းအရင်းမှာ သူတို့က ပင်လယ်ထဲတွင်
ရှိနေသောကြောင့်ဖြစ်သည်။ ပင်လယ်က
နတ်ဘုရားမီးလျှံကို မငြိမ်းသတ်နိုင်သော်ငြား
အနည်းငယ်မျှတော့ ပိတ်ဆို့ဟန့်တားနိုင်လေသည်။
ဤကွာခြားချက်ကလေးကပင် သူ့ကို
အန္တရာယ်မှလွတ်မြောက်စေခဲ့ခြင်းဖြစ်သည်။
________________________

//Zawgyi//

အပိုင္း၅၉၃- ပိတ္မိေနျခင္း

ႃခံုထည္အနက္ႏွင့္လူေျပာသၫ့္ အဓိပၸါယ္​ကို
ရွယင္ႏွင့္ ေမာ့ခ်ီရွစ္ယြမ္တို႔ႏွစ္ဦးစလံုး
နားလည္သည္။ တစ္ေယာက္တစ္ေယာက္ခ်င္း
သာဆို နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ဦး
လြတ္ေျမာက္သြားႏိုင္ရန္မွာ အင္မတန္လြယ္ကူသည္။

နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ေယာက္အတြက္၊
နယ္ေျမထိန္းခ်ဳပ္ႏိုင္စြမ္းမွာ နတ္ေဒဝါအဆင့္
က်င့္ႀကံသူထက္ သံုးေလးဆပို၏။
သူ႔ကို ဟန႔္တားျခင္းျပဳႏိုင္ေသာ္လည္း
လံုးဝႀကီး ပိတ္ဆို႔ျခင္းေတာ့မျပဳႏိုင္ေလရာ
သူတို႔သံုးေယာက္ ပူးေပါင္းမွရေပမည္။

သို႔ေသာ္ သူတို႔သံုးေယာက္သည္ မတူညီသၫ့္
အင္အားစုမ်ားမျွဖစ္၏။

ရွယင္သည္ ေမာ့ခ်ီရွစ္ယြမ္အား ယံုၾကည္ေကာင္း
ယံုၾကည္ေပးႏိုင္သည္။ ဘယ္လိုပဲျဖစ္ျဖစ္
အရင္က သူတို႔ အႀကိမ္ေပါင္းမေရတြက္ႏိုင္
ေလာက္ေအာင္ ဆံုဖူး၍ တစ္ေယာက္ကို
တစ္ေယာက္ ေတာ္ေတာ္ေလးနားလည္သည္။
ေမာ့ခ်ီရွစ္ယြမ္က ယံုၾကည္လို႔ရသၫ့္လူမ်ိဳး
ျဖစ္ေၾကာင္း ရွယင္ကသိသလို ရွယင္က
စကားတည္သူမွန္း ေမာ့ခ်ီရွစ္ယြမ္လည္းသိသည္။
သို႔ေပမဲ့လည္း ပင့္ကူနက္ကမူ မတူညီသၫ့္
ကိႁစၥဖစ္၏။

ပင့္ကူနက္၏အေၾကာင္းကို လူမ်ားစြာသိၾကသည္။
သူတို႔က ဓားျပမ်ားထက္ပင္ ဓားျပပိုဆန္ၿပီး
စိတ္ရိွသလိုလုပ္သၫ့္ မိစၧာတစ္အုပ္ျဖစ္သည္။
ေျပာၿပီးသားစကားကို သာမာန္မ်ျွပန္ရုတ္သိမ္း
သြားႏိုင္သၫ့္အတြက္ အေျခခံအားျဖင့္
သူတို႔ေျပာသမ်ွ ဘာကိုမွယံုလို႔မရေခ်။
ေနမင္းႀကီး အေနာက္မွထြက္သၫ့္ေန့မွ
သူတို႔ကို ယံုလို႔ ရေပလိမ့္မည္။

ဒါက ရွယင္ႏွင့္ေမာ့ခ်ီရွစ္ယြမ္တို႔ အျပၫ့္အဝ
အာမမခံရသၫ့္ တစ္ခုတည္းေသာ
အေၾကာင္းအရင္းပင္ျဖစ္သည္။
ပင့္ကူနက္၏ပန္းတိုင္ကို သူတို႔
မသိေသာ္ျငားလည္း သီးျခားနယ္ေျမႏွင့္ ထိုအတြင္းရိွ
ရတနာအေပၚ ႃခံုထည္နက္ႏွင့္လူ၏ပူပင္မႈကို
ျမင္လိုက္ရသၫ့္အခ်ိန္တြင္ ႃခံုထည္နက္ႏွင့္လူ၏
အားနည္းခ်က္ကိုဖမ္းမိလိုက္ၿပီျဖစ္ေၾကာင္း
သူတို႔သိသြားခဲ့သည္။

ရွယင္ႏွင့္ေမာ့ခ်ီရွစ္ယြမ္သည္ အျမန္
အၾကၫ့္ခ်င္းဖလွယ္ၿပီးေနာက္ ေနာက္ဆံုးေတာ့
အခ်ိန္ဆဲြေနျခင္းကို ရပ္တန႔္လိုက္ၾက၏။

ႃခံုထည္နက္ႏွင့္လူသည္ ေပ်ာ္ရႊင္ေသာ
အမူအယာျဖစ္မလာေပ။ ထိုအစား သူ႔အမူအယာက
ပိုလို႔ေတာင္မွ ရႈပ္ေထြးလာခဲ့ေလသည္။ သူက
ငတံုးမဟုတ္ေပ၊ သူတို႔ႏွစ္ေယာက္ ေနာက္ဆံုးမွာ
သေဘာတူညီခ်က္တစ္ခုရသြားၿပီမွန္း သူသိသည္။

ကိစၥအားလံုးၿပီးမွ သူ႔ကိုကန္ထုတ္ခ်င္ခဲ့ပါက
သူ႔လက္သီးက သေဘာတူမတူၾကၫ့္ရေပလိမ့္မည္။
ပင့္ကူနက္မွလူမ်ားဟာ အလြယ္တကူ
အႏိုင္က်င့္ခံမည့္လူမ်ားမဟုတ္။ ထို႔အျပင္
ပင့္ကူနက္ကသာ သူမ်ားကိုအႏိုင္က်င့္လာခဲ့ျခင္း
ျဖစ္သည္။

လူသံုးေယာက္စလံုးမွာ ယုတ္မာစြာ
ႀကိတ္ႀကံေနၾကသည္၊ သို႔ေပမဲ့ သူတို႔
တြက္ခ်က္မႈမ်ားက အင္မတန္မွခေရေစ့တြင္းက်
ေသာ္လည္း လင္းေရွာင္က သူ႔အေပၚ
အလြယ္တကူျဖတ္ေလ်ွာက္ခြင့္ေပးမၫ့္ လူမ်ိဳး
မဟုတ္ေပ။ က်ားျဖဴ၏ကိုယ္ထည္ကိုသန႔္စင္ရန္
နန္းေတာ္ထဲမွာတုန္းက စိတ္စြမ္းအင္ထက္ဝက္ခန႔္
အသံုးျပဳခဲ့ရသည္ကိုမဆိုထားႏွင့္
သူ႔ဒဏ္ရာမ်ားေတာင္ အခုထက္ထိမေပ်ာက္ေသး
ေပ။ သူ႔မွာ စိတ္စြမ္းအားျပန္ျပၫ့္ေစသၫ့္
စိတ္စြမ္းအင္ေရ ပုလင္းမ်ားစြာရိွေနေသးတာ
ကံေကာင္းသည္။ ပုလင္းအမ်ားႀကီး ဆက္တိုက္
ေသာက္လိုက္ၿပီးေနာက္ သူ႔စိတ္စြမ္းအင္က
တစ္ဝက္ခန႔္မ်ျွပန္ျပၫ့္လာခဲ့သည္။

ယူေရွာင္းမိုကေတာ့ ေလထဲ ေပ်ာက္ကြယ္သြား
သလိုပင္။

လင္းေရွာင္မွာ ေဘးကင္းရာ တစ္ေနရာရာ
ေရာက္သည္ႏွင့္ ယူေရွာင္းမိုကို နာနာ
ရိုက္ပစ္ခ်င္ေနသည္။

ယူေရွာင္းမိုမွာလည္း အလြန္ခါးသီးေနရေလသည္၊
အင္မတန္မွ ခါးသီးေန၏။ နဂိုက အရာအားလံုး
အဆင္ေျပသည္။ သူက ေျမေအာက္ဝကၤဘာ
ထဲမွာမွန္း ဘယ္သူမွမသိေပ၊ နန္းေတာ္ထဲက
ထြက္ၿပီး လင္းေရွာင္ႏွင့္ဆံုဖို႔ အခ်ိန္ေပါက္စိ
ေၫွာက္ေတာက္ေလးပဲ သူလိုသည္၊ သို႔ေသာ္
မေတာ္တဆတစ္ခုျဖစ္သြားလိမ့္မည္ဟု
မေမ်ွာ္လင့္ထားခဲ့ေခ်။

သူရိွေနခဲ့သည့္ ေျမေအာက္ဝကၤဘာထဲရိွ
စႀကၤံလမ္းမ်ားမွာ ပင္လယ္ေရတစ္စက္မွ မရိွရာ
သူ႔အေျခအေနက ႃခံုထည္နက္ႏွင့္လူ၏
အေျခအေနမွ ကဲြျပားသည္။ သူ႔မွာ
ဝကၤဘာထဲကထြက္ဖို႔ ေျခႏွစ္ေခ်ာင္းႏွင့္သာ
ေျပးရ၏။ သူ႔တြင္ ေျမပံုရိွေသာ္လည္း
သူ႔ အျမန္ႏႈန္းက တအားမျမန္ေပ။ ရလဒ္
အေနျဖင့္ ပင္လယ္ေရမ်ားအားလံုး နန္းေတာ္ထဲမွ
ေျခာက္ခမ္းသြားၿပီးေနာက္ သူကေတာ့ အထဲမွာ
ပိတ္မိေနခဲ့ေတာ့သည္။

ယူေရွာင္းမိုက သူ႔ကိုပိတ္ေလွာင္ထားသၫ့္
အလႊာကို အႃငွိုးႏွင့္ တဖတ္ဖတ္ရိုက္လို​က္သည္။
ဒါကဘာႀကီးမွန္းေတာင္ သူမသိ၊ လမ္းမွာ
ရွင္းရွင္းလင္းလင္းႀကီးကို ဘာတစ္ခုမွမရိွေနေပမဲ့
ၾကည္လင္ေသာအလႊာတစ္ခုအတြင္းမွာ
ပိတ္မိေနသလိုမ်ိဳးျဖစ္ကာ အျပင္ကိုထြက္မရေပ။

အလႊာပါးကို တိုက္ခိုက္ခ်င္ေသာ္လည္း စြမ္းအင္က
စုစည္းလို႔မရႏိုင္။ သူ ဘယ္လိုပဲေခၚေခၚ
အသိစိတ္ပင္လယ္ထဲမွ ဝိဉာဉ္စြမ္းအားက
တံု႔ျပန္ျခင္းမရိွေပ။ အႀကိမ္ေပါင္းမ်ားစြာ
ႀကိဳးစားၿပီးေနာက္ တံု႔ျပန္မႈတစ္ခ်ိဳ႕ရသၫ့္အခ်ိန္၌
ဘာျဖစ္သြားတာလဲဆိုတာ ယူေရွာင္းမိုခန႔္မွန္းမိသြား
ေတာ့သည္။ နန္းေတာ္သည္ ေျပာင္းလဲသြား
ၿပီးေနာက္တြင္ က်င့္ႀကံသူမ်ား၏က်င့္ႀကံဆင့္ကို
ဖိႏိွပ္ထားႏိုင္စြမ္းရိွပံုရသည္။

ယူေရွာင္းမိုက နန္းေတာ္ထဲမွာ ပိတ္မိေနသည္။
သူ႔မွာ စြမ္းအားတစ္စက္မွမရိွေနေပမဲ့ အျပင္မွာ
ျဖစ္ပ်က္ေနသမ်ွကို ျမင္ရသည္။ လင္းေရွာင္
အပါအဝင္လူတိုင္းက သူ႔အတြက္ ဧရာမႀကီးမ်ား
ျဖစ္ေနၿပီး သူတို႔၏လ်ွင္ျမန္ေသာ
လႈပ္ရွားမႈမ်ားကလည္း ေနွးေကြးေနသည္။
ယခု သူလုပ္ႏိုင္သၫ့္တစ္ခုတည္းေသာအရာမွာ
လင္းေရွာင္ ေဘးကင္းေစဖို႔ ထိုင္ဆုေတာင္းေနရံုသာ
ျဖစ္သည္။

ထြက္လို႔ရမၫ့္လမ္းမရိွေသးေၾကာင္း
အတည္ျပဳျပီးေနာက္ ယူေရွာင္းမိုလည္း
နယ္ေျမထဲ ဝင္ေနတာပဲေကာင္းမည္ဟု
ဆံုးျဖတ္လိုက္ေတာ့သည္။

ယူေရွာင္းမိုက သူတို႔အစာထဲမျွဖတ္မည္ဟု
ၿခိမ္းေျခာက္ထားသျဖင့္ သတၲုစားသားရဲေလးႏွင့္
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္က စိတ္စြမ္းအင္
ေရကန္ကို ၁၂၀ ရာခိုင္ႏႈန္း အေလးထားလ်က္
ေစာင့္ၾကပ္ကာကြယ္ေနၾကသည္။ သူအထဲ
ဝင္လာေတာ့ မ်က္လံုးေလးသံုးစံုက သူ႔ဆီ
လိမ့္လာ၏။

စိတ္စြမ္းအင္ေရကန္က အရင္ကအတိုင္း ရိွေနဆဲ
ျဖစ္သည္။ ေရမ်က္ႏွာျပင္မွာ လိႈင္းခြပ္ေလး
တစ္ခုေတာင္မရိွဘဲ လြန္စြာတည္ၿငိမ္ေန၏။
ယူေရွာင္းမိုက ေရျဒပ္စင္အဆီအႏွစ္ကိုရွာရန္
မေလာေပ။ ေရကန္ဆီ ေလ်ွာက္သြားၿပီး
ေရအျမင့္ကို စမ္းသပ္လိုက္သည္။ ေရ႔ွေရးကို
ႀကိဳျမင္ထား၍ ကံေကာင္းသည္၊ စိတ္စြမ္းအင္
ေရကန္က အမ်ားႀကီး မေလ်ာ့ေပ။

ေရျဒပ္စင္အဆီအႏွစ္ကို လင္းေရွာင္၏နယ္ေျမထဲ
ထၫ့္ထားခဲ့တာဆိုလ်ွင္ အနည္းငယ္ျပႆနာ
ပိုရႈပ္ေလာက္၏။ သို႔ေပမဲ့ ယူေရွာင္းမို၏နယ္ေျမမွာ
အေျခခံအားျဖင့္ သူ႔ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခု
ျဖစ္ရာ သူ႔နယ္ေျမထဲမွာဘာရိွေနလဲသိရန္
တစ္ခ်က္စစ္ၾကၫ့္လိုက္ဖို႔သာ လိုသည္။

စိတ္စြမ္းအင္ေရကန္ေအာက္ေျခတြင္ရိွေနေသာ
ေရျဒပ္စင္အဆီအႏွစ္ကို ယူေရွာင္းမိုရွာေတြ့မသြားခင္
အခ်ိန္ခဏေလးသာလိုေလသည္။

ဒီငနဲက စိတ္စြမ္းအင္ေရကန္ကို တကယ္ပဲ
ႀကိဳက္၏။ ယခုအခိုက္အတံ့၌ ၄က
ေရမ်က္ႏွာျပင္ေအာက္ ပုန္းလ်က္
ေနွးေကြးစြာလႈပ္ရွားေနသည္။ အထက္မွာ
သတၲုစားသားရဲေလးႏွင့္ ေရႊေတာင္ပံပိုးေကာင္
ႏွစ္ေကာင္က ေစာင့္ၾကပ္ေနသျဖင့္ ၄က
တအားႀကီးမလႈပ္ရွားရဲ။ တစ္ႀကိမ္ကို
စိတ္စြမ္းအင္ေရ မျဖစ္စေလာက္ေလးသာ
စုပ္ယူၿပီး ၄၏ IQက ဉာဏ္နီဉာဏ္နက္မ်ားသၫ့္
လူသားတစ္ေယာက္ႏွင့္ ယွဉ္လို႔ေတာင္ရေနၿပီ
ျဖစ္သည္။

ယူေရွာင္းမို နန္းေတာ္ထဲမွာ ပိတ္မိေန၍သာ
မဟုတ္လ်ွင္ ေနာက္တစ္ႀကိမ္ သူ နယ္ေျမထဲ
ဝင္ဖို႔မွာ ေနာက္ရက္အနည္းငယ္ သို႔မဟုတ္
တစ္လလံုးလံုးမွ ျဖစ္ေလာက္သည္။ အဲ့လိုသာဆို....
ေတြးၾကၫ့္ရံုႏွင့္ သူ႔ကို မပ်ယ္ေပ်ာက္ႏိုင္သၫ့္
အေၾကာက္တရားတစ္ခု ေပးစြမ္းသည္။

ဤငနဲက စမ္းေရေအာက္ကလဲြၿပီး တစ္ျခားေနရာမွာ
မပုန္းခ်င္ေပ။ သူ႔ပစ္မွတ္က စမ္းေရဆိုတာ
သိဖို႔မခဲယဉ္း။

ဉာဏ္ရည္ျမင့္သၫ့္ ေရျဒပ္စင္အဆီအႏွစ္သည္
ကန္ထဲရိွစိတ္စြမ္းအင္ေရကို ေပ်ာ္ေပ်ာ္ႀကီး
စုပ္ယူေန၏။ စိတ္စြမ္းအင္ေရအားလံုးႏွင့္
စမ္းေရ၏အရင္းအျမစ္ကို စုပ္ယူၿပီးလ်ွင္
၄သည္ အသြင္ေျပာင္းႏိုင္မည္ျဖစ္ကာ
ကမ႓ာေပၚတြင္ ပထမဆံုးေသာ အသြင္ေျပာင္း
ျဒပ္စင္အဆီအႏွစ္ျဖစ္လာေပလိမ့္မည္။ ထိုအခါ
က်ားျဖဴႏွင့္စာရင္းသြားရွင္းၿပီး သူ႔ကို မေရတြက္ႏိုင္
ေလာက္သၫ့္ ႏွစ္မ်ားစြာၾကာေအာင္
အက်ဉ္းခ်ထားခဲ့ျခင္းအတြက္ လက္စားေခ်လို႔
ရေပေတာ့မည္။

ျဒပ္စင္အဆီအႏွစ္ဆိုသည္မွာ ေကာင္းကင္ဘံုမွ
ေကာင္းခ်ီးေပးျခင္းကိုရရိွထားျခင္းျဖစ္၏၊
သို႔ေသာ္လည္း အသိစိတ္ကိုပ်ိဳးေထာင္ဖို႔ရန္မွာ
မလြယ္ကူေခ်။ ၄၏အသိစိတ္မွာ ေရွးေခတ္မ်ား
ကတည္းက ပံုေပၚေနခဲ့ၿပီျဖစ္ၿပီး မေရတြက္
ႏိုင္ေလာက္သၫ့္ အေတြ့အႄကံုမ်ားၿပီးေနာက္၌
၄၏အသိစိတ္သည္ လူသားတစ္ေယာက္
ဉာဏ္ရည္ကို ေရာက္ေနခဲ့ၿပီျဖစ္သည္။ ၄က
လူသားတစ္ေယာက္လို ဘယ္လိုစိတ္ရွည္ရမလဲ
သင္ယူခဲ့ၿပီး လူသားတစ္ေယာက္လို ဘယ္လို
တြက္ခ်က္ရမလဲ သင္ယူခဲ့သည္။

ယခုတစ္ေခါက္ လူသားေတြလက္ထဲ
က်ေရာက္ခဲ့ရသၫ့္အခ်ိန္ သူေတာ့ေသၿပီဟု
ေတြးထားေသာ္လည္း ဤေနရာတြင္ စိတ္စြမ္းအင္
စမ္းေရတစ္ခု ေတြ့ရမည္ဟု မေမ်ွာ္လင့္ထားခဲ့ေခ်။
လူသားအဆင့္ရိွ ဉာဏ္ရည္ျဖင့္ ၄မွာ
စိတ္စြမ္းအင္စမ္းေရ၏တန္ဖိုးကို ေကာင္းေကာင္း
နားလည္ေပသည္။

အလြန္အမင္းစိတ္လႈပ္ရွားသြားေသာ
ေရျဒပ္စင္အဆီအႏွစ္သည္ ျပန္လည္ၿပီး
စိတ္တည္ၿငိမ္သြား၏။ သူ႔တြင္
စြမ္းအင္လံုလံုေလာက္ေလာက္မရိွ၍
ႏွစ္မ်ားစြာၾကာသၫ့္တိုင္ အသြင္ေျပာင္းျခင္း
မျပဳႏိုင္ခဲ့ေပ၊ ထို႔ေၾကာင့္ ထိုအကာရံအလႊာကို
သူ မဖ်က္စီးႏိုင္ခဲ့။ ယခု ေကာင္းကင္ဘံုက
သူ႔ကို အခြင့္အေရးတစ္ခုေပးေနရာ ေသခ်ာ
ဖမ္းဆုပ္ထားရေပမည္။

တစ္မိနစ္ေလးပဲရိွေသးခ်ိန္ သူ႔ကိုဖမ္းခဲ့သၫ့္
လူသားက နတ္ဆိုးသားရဲေလးသံုးေကာင္ကို
အထဲပို႔လိုက္၏။

ေရျဒပ္စင္အဆီအႏွစ္သည္ ထိုသံုးေကာင္ကို
ေတာ္ေတာ္ေလးအထင္ျမင္ေသးေလသည္။
ေစာေစာက သူ ေပါ့ေလ်ာ့သြားမိ၍သာ
တလက္လက္ေတာက္ေနတဲ့သားရဲရဲ့အာရံုကို
ဆဲြေဆာင္မိသြားတာျဖစ္သည္။ သူ႔စိတ္ထဲတြင္
ထိုသံုးေကာင္မွာ ကေလးေလးမ်ား၏
ဉာဏ္ရည္သာရိွသျဖင့္ ကိုင္တြယ္ရ
လြယ္ကူေပလိမ့္မည္။

သို႔ျဖစ္ရာ ေရျဒပ္စင္အဆီအႏွစ္သည္
စမ္းေရေအာက္ေျခသို႔ တိုးတိုးတိတ္တိတ္ျဖင့္
ကုပ္ေခ်ာင္းကုပ္ေခ်ာင္းသြားၿပီးေနာက္
၄၏အစီအစဉ္ကို စတင္အေကာင္ထည္ေဖာ္ေလ
ေတာ့သည္။

ယူေရွာင္းမို ေပၚလာျခင္းက ၄၏အစီအစဉ္က
ျပၫ့္စံုေသာ္ျငား လက္ေတြ့ကၾကမ္းတမ္းလွေၾကာင္း
ေျပာျပလိုက္သည္။

မျမင္ရေသာအားတစ္ခုက ၄ကို စမ္းေရ
အနက္ေနရာမွ ဆဲြထုတ္သြားသည္၊
ေရျဒပ္စင္အဆီအႏွစ္သည္ အေၾကာက္အကန္
ရုန္းေသာ္လည္း ၄၏ခုခံမႈက သံုးႏွစ္သား
ကေလးေလးလိုသာျဖစ္ေလသည္။ ၄တြင္
ခုခံႏိုင္စြမ္း လံုးလံုးမရိွေခ်။

စကၠန႔္အနည္းငယ္မ်ွၾကာၿပီးေနာက္ ၄သည္
ယူေရွာင္းမိုထံပို႔ေဆာင္ျခင္းခံလိုက္ရ၏။

"အံ့ဩသြားလား"

ယူေရွာင္းမိုက ပီတိမ်ားျဖာလ်က္ႏွစ္ေထာင္းအားရ
ရယ္ေမာေလေတာ့သည္။ အေစာက
ဒီငနဲေကာင္ တအားေကာက္က်စ္လွၫ့္ဖ်ားေနခဲ့၍
မဟုတ္လ်ွင္ ဝကၤဘာထဲမွာ သူ အခ်ိန္အမ်ားႀကီး
ကုန္ခဲ့ရမွာမဟုတ္ေပ။ ဒါက သူ႔ကို လင္းေရွာင္နဲ႔
မဆံုႏိုင္ေအာင္ျဖစ္ေစခဲ့သည္။ သူ နည္းနည္း
စိတ္တိုေနသည္ဟု ထင္ရေသာ္လည္း
ယခုေလာေလာဆယ္ သူလိုအပ္ေနသည္မွာ
သူ႔ႏွလံုးသားထဲကစိုးရိမ္မႈကို ေဖာက္ထုတ္ႏိုင္ရန္
နည္းလမ္းတစ္ခုျဖစ္သည္။

သို႔ေသာ္လည္း ယူေရွာင္းမိုက လင္းေရွာင္၏
စြမ္းရည္မ်ားကို အထင္ေသးမိသြားျခင္းသာ
ျဖစ္၏။

ရွယင္တို႔သံုးေယာက္ သေဘာတူညီမႈ
ရၿပီးသၫ့္ေနာက္ ဒဏ္ရာရေနဆဲျဖစ္ေသာ
လင္းေရွာင္ကို လိုက္လို႔မွီသြားသည္။ ပင္လယ္
ပိုင္နက္ထဲ ဝင္ေရာက္လာသၫ့္အခိုက္အတံ့မွာ
သူတို႔သံုးေယာက္က လင္းေရွာင္ကိုအျမန္
ဝိုင္းထားလိုက္ၾကသည္။

"ဟဲဟဲဟဲ သခင္က မင္းကိုတအား
အထင္မေသး​သင့္ဘူးလို႔ အၿမဲတမ္းေျပာတတ္တယ္၊
ဒါေပမဲ့ ငါ့အျမင္မွာေတာ့ မင္းက သာမာန္ပါပဲ"

ႃခံုထည္နက္ႏွင့္လူက လင္းေရွာင္ကို
ေမွာင္မိုက္ေသာအႃပံုးတစ္ခုႏွင့္ၾကၫ့္သည္။
ယခုတြင္ သူက သူတို႔အႀကံေၾကာင့္ပိတ္မိေနသၫ့္
ကရားအိုးထဲက လိပ္ကေလးတစ္ေကာင္သာ
ျဖစ္သည္။ ဒီလိုလူမ်ိဳးက ဘယ္လိုလုပ္ၿပီး
သခင့္ရဲ့ၿပိဳင္ဖက္ ျဖစ္ႏိုင္မွာလဲ။

ႃခံုထည္နက္ႏွင့္လူ​သည္ သခင္ကသူ႔ကို
အထင္ႀကီးလြန္းသည္ဟု ခံစားလိုက္ရ၏။

ရွယင္မ်က္လံုးမ်ား လက္သြားသည္။
သူ႔ေလသံအရ သူတို႔ကအသိေတြမ်ားလား။

သို႔ေသာ္ လင္းေရွာင္က ႃခံုထည္နက္ႏွင့္လူကို
အေရးမလုပ္ေပ။ ထိုအစား သူ႔အၾကၫ့္က
ရွယင္ဆီ ေရြ့သြားၿပီး မေမ်ွာ္လင့္ထားစြာျဖင့္
သူ႔မ်က္ႏွာထက္မွာ အႃပံုးသဲ့သဲ့ေပၚလာသည္။

"ၿမိဳ႔ငယ္ေလးမွာ လမ္းခဲြခဲ့ၿပီးတုန္းက ဒီမွာ
အပ်ိဳစင္မိန္းကေလးနဲ႔ ျပန္ဆံုရမယ္လို႔
မေမ်ွာ္လင့္ထားဘူး။ ေခါင္းေဆာင္ေမာ့မာရဲ့
အမႊာသမီးႏွစ္ေယာက္ေရာ က်န္းမာပါရဲ့လား။
ဒီလူက သူတို႔ကို အမွတ္ရမိပါတယ္"

ရွယင္၏ မ်က္ဆံမ်ား က်ဉ္းေျမာင္းသြားၿပီး
ဝတ္ရံုလက္ေအာက္မွာ သူမလက္မ်ားက
လက္သီးဆုပ္သြားသည္။ ေမာ့ရႊယ္ႏွင့္
ေမာ့ေဖးကို ရုတ္တရက္ႀကီး ထၫ့္ေျပာလာျခင္းက
သူတစ္ခုခု သိေနျခင္းေတာ့ မဟုတ္ႏိုင္ေလာက္ပါ။
ျဖစ္ႏိုင္တာကလည္း တအားေတာ့မျဖစ္ႏိုင္ေပ၊
ဘယ္လိုပဲဆိုဆို သူမရဲ့အစီအစဉ္ကို
ကပ္ၿပီးမွလုပ္ခဲ့တာျဖစ္၍ သတင္းႀကိဳထြက္ေနဖို႔
မျဖစ္ႏိုင္။ သို႔ေပမဲ့ ဆိုရိုးတစ္ခုအတိုင္းပင္၊
ကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက
ပိုေကာင္းသည္။

ရွယင္စိတ္ထဲ စစ္ျဖစ္ေနေသာ္လည္း
သူမမ်က္ႏွာက အမူအယာကင္းမဲ့ေနဆဲျဖစ္၏။

"လူႀကီးမင္းက သူတို႔ကိုေတြ့ခ်င္တယ္ဆိုရင္
တစ္ရက္ရက္က် ကူမာမ်ိဳးႏြယ္စုဆီ
သြားေတြ့ႏိုင္ပါတယ္"

လင္းေရွာင္က ရယ္လိုက္သည္။

"တစ္ရက္ရက္? က်ဳပ္ကေတာ့ သူတို႔နဲ႔ေတြ့လို႔မရမွာ
စိုးမိတယ္"

ရွယင္ႏွလံုးတုန္သြားသည္။ ေမာ့ရႊယ္နဲ႔ေမာ့ေဖးကို
သူမ သတ္ခဲ့တာ ဒီလူသိေနမွန္း သူမေသခ်ာ
သြားေတာ့သည္။ ဒါက အႀကံေပးတာလား၊
ဒါမွမဟုတ္ ၿခိမ္းေျခာက္တာလား။

"မင္းက ေတာ္ေတာ္ေလးဗဟုသုတရိွပံုပဲ။
အသက္ရွင္ခ်င္ရင္ သီးျခားနယ္ေျမကိုေပး၊
မင္းကို အသက္ရွင္လ်က္ထြက္သြားခြင့္ျပဳႏိုင္မလား
စဉ္းစားေပးမယ္"

ႃခံုထည္နက္ႏွင့္လူက က်ယ္ေလာင္စြာ
ရယ္ေမာေတာ့သည္။ သူက လင္းေရွာင္စကားထဲက
အႀကံေပးမႈကို မၾကားဘဲ ထိုအစား လင္းေရွာင္က
သူမလြတ္ေတာ့မွန္း သိေနျခင္းျဖစ္သည္ဟု
ထင္သြားသည္။ ႃခံုထည္အနက္ႏွင့္လူသည္
စိတ္ထဲ အလြန္အမင္းေက်နပ္ေနၿပီး လင္းေရွာင္ကို
ပိုလို႔ေတာင္ အထင္ေသးသြားသည္။

"နားညီးတယ္"

လင္းေရွာင္က သူ႔ကို စိတ္အေနွာက္အယွက္ျဖစ္စြာ
ၾကၫ့္လိုက္သည္။

ႃခံုထည္အနက္ႏွင့္လူ၏ရယ္သံမွာ တမဟုတ္ခ်င္း
ရပ္တန႔္သြားေတာ့သည္။ သူ ျပန္ေျပာေတာ့မယ့္
အခ်ိန္မွာပဲ ႏွလံုးသားထဲမွာ ေၾကာက္ရြံ႔ထိတ္လန႔္မႈ
တစ္ခု တိုးထြက္လာ၍ ေနာက္သို႔အျမန္ျပန္ဆုတ္
လိုက္၏။ ေနာက္တစ္စကၠန႔္၌ ေစာေစာက
သူရပ္ေနသၫ့္ေနရာတြင္ မီးႁမြေတစ္ေကာင္
ရုတ္တရ​က္ အေပၚတိုးထြက္လာခဲ့၏။ သူ
တံု႔ျပန္တာ တစ္စကၠန႔္ေလးေနာက္က်ခဲ့လ်ွင္
ေသေနေလာက္ၿပီ။

သို႔ေသာ္လည္း သူ ေရွာင္ႏိုင္လိုက္သၫ့္
အေၾကာင္းအရင္းမွာ သူတို႔က ပင္လယ္ထဲတြင္
ရိွေနေသာေၾကာင့္ျဖစ္သည္။ ပင္လယ္က
နတ္ဘုရားမီးလ်ွံကို မၿငိမ္းသတ္ႏိုင္ေသာ္ျငား
အနည္းငယ္မ်ွေတာ့ ပိတ္ဆို႔ဟန႔္တားႏိုင္ေလသည္။
ဤကြာျခားခ်က္ကေလးကပင္ သူ႔ကို
အႏၲရာယ္မွလြတ္ေျမာက္ေစခဲ့ျခင္းျဖစ္သည္။
________________________














Continue Reading

You'll Also Like

623K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
221K 25.6K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...