W O R N G (Complete)

By Yuki-J

158K 13.9K 1.5K

6. 3. 2021 - 11. 6. 2022 More

1
2
3
4
5
6
7
8
Side Story (01)
9
10
11
12
13
14
15
16
Side Story (02)
17
18
19
20
21
22
23 (Heather Side)
25
26
27
28
Side Story (03)
29
30
31
Side Story (04)
32
33
34
35
Side Story (Final)
36 (Final)

24

3.3K 347 45
By Yuki-J

(Zawgyi)

က်န္႔ေကာက အက်င့္မေကာင္းဘူး။ က်န္႔ေကာက အက်င့္မေကာင္းဘူး။ က်န္႔ေကာက အက်င့္မေကာင္းဘူးလို႔။

““ တကယ္ႀကီးကို meeting ႐ွိလို႔တဲ့။ ကြၽန္ေတာ္တို႔နဲ႔ အျပင္ထြက္စားလို႔ ရတယ္လို႔လည္း ေျပာသြားတယ္။ ””

““ လစ္ ! ””

““ ဟင္.. ””

““ မင္းတို႔လစ္ပါဆိုေန ! ””

““ အာ.. ဟုတ္ၿပီေနာ္။ ကြၽန္ေတာ္တို႔ ခံုမွာ ထိုင္ေစာင့္ေနမယ္။ ””

““ မင္းတို႔လည္း အက်င့္မေကာင္းဘူး။ ””

““ ဗ်ာ ””

““ မင္းတို႔လည္း အက်င့္မေကာင္းဘူး။ ””

““ ....... ””

““ မင္းတို႔လည္း အက်င့္မေကာင္းဘူးဆို။ ””

““ အာ.. ဟုတ္တယ္။ ဟုတ္တယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္စလံုး အက်င့္မေကာင္းဘူးေနာ္။ ဗိုက္ဆာလာရင္ ထြက္ခဲ့လိုက္ေနာ္ ””

““ မင္းတို႔ကို လစ္လို႔ ေျပာေနတာ။ ဘာလို႔ မလစ္ေသးတာလဲ ””

““ အခု လစ္ၿပီေနာ္။ ””

တစ္ခ်ိဳးထဲ ထမင္းစားခန္းထဲက ထြက္သြားတဲ့ ႏွစ္ေကာင္ရဲ႕ ေက်ာျပင္ေဖြးေဖြးေတြကို လိုက္ၾကည့္ၿပီး စားပြဲေပၚ ေမးေထာက္တင္လိုက္တယ္။ ဘာတဲ့။ အျပင္မွာ ထြက္စားလို႔ ရတယ္တဲ့။ ဒါက ဘာလဲ။ စိတ္ပူတာလား။ အလိုလိုက္တာလား။ သူ႔ကို။ ကလူသလိုလို၊ ျမဴသလိုလို ပံုစံႀကီးနဲ႔။ က်န္႔ေကာက ဘာအခ်ိဳးခ်ိဳးသြားတာလဲကြာ။ ေဆးက် ထည့္မေပးပဲနဲ႔။ လုပ္ခိုင္းတိုင္း လုပ္စရာလား။ မွာစားမယ္။ သြားမစားဘူး။ က်န္႔ေကာ ေျပာတဲ့ အတိုင္း ဘာလို႔ လုပ္ရမွာလဲေလေနာ္။ မွာစားမွာ။ မွာစားမွာ။ မွာစားမွာပါဆိုေန။ ဘာလို႔ အခုထိ လက္က ဖုန္းကို မကိုင္ရေသးတာလဲ။

စုတ္သပ္ျပီး ဖန္ခြက္စင္နားမွာ တင္ထားမိတဲ့ ဖုန္းကုိ သြားဆြဲယူေတာ့ ေ႐ွ႕မၾကည့္ ေနာက္မၾကည့္ သြားမိတဲ့ သူက IBO ရဲ႕ ဘယ္ေနရာကို တက္နင္းမိမွန္းမသိ။ IBO က အက်ယ္ႀကီး ထေအာ္ၿပီး အျပင္ကို ထြက္သြားတယ္။ ေနာက္ျပန္လွည့္မၾကည့္ပဲ လံုးလံုးေလး ေျပးသြားတာက စိတ္ေကာက္သြားတာ ထင္တယ္။ ေနာက္မွ အသားေခ်ာင္းဘူးလိုက္ တစ္ၿပိဳင္နက္ထဲ ခ်ေကြၽးၿပီး ေခ်ာ့ေတာ့မယ္လို႔ ေတြးလိုက္ၿပီး ခံုေပၚ ျပန္ထိုင္လိုက္ပါတယ္။

အခုေတာ့.. အက်င့္မေကာင္းၿပီး မနက္စာလုပ္ေပးမသြားတဲ့ က်န္႔ေကာေၾကာင့္ သူက မွာစားဖို႔ ျပင္ရတယ္။ ခံစားခ်က္ကေလ ေၾကာင္ႏွင့္ႂကြက္ ကားထဲက ေၾကာင္ျပာနဲ႔ေၾကာင္မဲႀကီးတို႔ အတူတူ အမိႈက္ပံုးထဲ ေခါင္းစိုက္႐ွာရင္း အမိႈက္ပံုထဲက ရ႐ွိလာတဲ့ အသားမ႐ွိတဲ့ ငါး႐ိုးစုႀကီး တစ္ခုလိုပဲ။ ဆိုးတယ္။ ဆိုးတယ္။ အားႀကီးဆိုးတယ္။

ဖုန္းကို ဖြင့္လိုက္တာနဲ႔ ဖ်က္ခနဲ ဝင္လာတဲ့ message ေၾကာင့္ မ်က္ေမွာင္ၾကဳတ္ရင္း ဝင္ၾကည့္မိတယ္။ က်န္႔ေကာလည္း မဟုတ္ဘူး။ က်န္႔ေကာလည္း မဟုတ္ဘူး။ ဘာႀကီးလဲ။ ဘာႀကီးလဲ။ ဘယ္သူႀကီးလဲ။

*ဝမ္ရိေပၚနဲ႔ စကားပိစိေလာက္ ေျပာခ်င္လို႔ xxx ကို လာခဲ့ေပးပါလား။*

ဘာႀကီးမွန္းမသိဘူး။ ဘယ္သူျကီးမွန္းလည္း မသိဘူး။ နံပါတ္စိမ္းႀကီးနဲ႔။ ၿပီးေတာ့ သူ႔ရဲ႕ လူ ၆ေယာက္ေတာင္ ျပည့္ေအာင္ မသိတဲ့ နံပါတ္ကို သိေနတယ္။ က်န္႔ေကာရယ္၊ ေမယ္လ္ရယ္၊ အက်င့္မေကာင္းတဲ့ ပါပါးရယ္၊ မခ်စ္ဘူးလို႔ ေျပာတဲ့ မာမားရယ္၊ အန္တီယင္းရယ္၊ ၁ ၂ ၃ ၄ ၅ ။ ၅ ေယာက္ပဲ သိတာေလ။ ၿပီးေတာ့ ၿပီးေတာ့ ဝမ္ရိေပၚလို႔လည္း နာမည္ကို အျပည့္အစံုေျပာတယ္။ ဒါနဲ႔၊ ဒါနဲ႔ မဟုတ္မွ က်န္႔ေကာ၊ က်န္႔ေကာ မ်ားလား။ က်န္႔ေကာက နံပါတ္အတုနဲ႔ ...။

““ ဟိ ””

တစ္ခ်က္ရယ္ရင္း ဖုန္းကို စားပြဲေပၚ တင္လိုက္ၿပီး ေနာက္ဝင္လာမယ့္ message ေတြကို ရင္ခုန္သလိုလို ခံစားခ်က္ႀကီးနဲ႔ ေစာင့္ေနမိပါတယ္။

*လာခဲ့မွာလား။ မလာခဲ့ဘူးလား။*

လူကို အားႀကီးနဲ႔ ခ်ိန္းေျခာက္လိုက္သလို ခံစားလိုက္ရတာေၾကာင့္ မ်က္ေမွာင္ကုတ္ရင္း blacklist လုပ္ပစ္ဖို႔ စဥ္းစားေနတုန္းမွာ တန္းေရာက္လာတဲ့ message တစ္ေစာင္ေၾကာင့္ အားခနဲ ေအာ္မိသြားပါတယ္။ က်န္႔ေကာကကြာ။

*လာခဲ့ပါေနာ္..ေနာ္.. ဝမ္ရိေပၚေလးကလည္း.....*

““ က်န္႔ေကာရာ !! ””

...........*...........

ဆိုင္ေ႐ွ႕မ်က္ႏွာျပင္ကို မွန္ေတြနဲ႔ ကာထားၿပီး ေကာ္ဖီဆိုင္ရဲ႕ အတြင္းပိုင္းအျပင္အဆင္ေတြ အကုန္လံုးကို ပန္းႏုေရာင္ေတြနဲ႔သာ အသံုးျပဳထားတယ္။ အမိုးေတြမွာ ေခါင္းေလာင္းေသးေသးေလးေတြနဲ႔ ပူေဖာင္းကေလးေတြကို ခ်ိတ္ထားတဲ့ ဆိုင္အျပင္အဆင္အရ ဒါဟာ date ျပဳလုပ္ဖို႔အတြက္ အေကာင္းဆံုးေနရာ တစ္ခု ျဖစ္ပါတယ္။ ဒီဆိုင္ရဲ႕ Ice coffee ကလည္း အ​ေတာ္ေလးကို နာမည္ႀကီးတယ္။

အခု အ​ေျခအေနက ေထာင့္က်က် စားပြဲဝိုင္းမွာ ထိုင္ေနတာ ျဖစ္ၿပီး ပန္းရင့္ေရာင္ သစ္သား စားပြဲခံုေပၚမွာ ice coffee ႏွစ္ခြက္ရယ္၊ ေခ်ာ့ကလက္ကိတ္ ႏွစ္ခုရယ္ကို တင္ထားတယ္။ အေ႐ွ႕မွာ ေသေသခ်ာခ်ာ ထိုးေပးထားတဲ့ ကိတ္နဲ႔အေအးကို စလာကထဲက တစ္ခ်က္ပဲ ၾကည့္ၿပီး ေျခခ်ိတ္ထိုင္ကာ ေျခေထာက္လႈပ္ေနတဲ့ ကေလး႐ုပ္နဲ႔ ထင္မွတ္မထားေအာင္ ေခ်ာေမာေျပျပစ္တဲ့ မ်က္ႏွာေလးနဲ႔ သူ႕ကို ဟယ္သာက အေသးစိတ္ လိုက္ၾကည့္ေနပါတယ္။ သူက မ်က္ေမွာင္ေတြကိုလည္း ၾကဳတ္ထားေသးတယ္။

အျဖဴေရာင္ေပၚမွာ အမဲေရာင္အကြက္ေတြပါတဲ့ ႐ွပ္ကို ေအာက္က ဝတ္ထားၿပီး အေပၚက ကုတ္မွာ အညိဳေဖ်ာ့ေလးကိုမွ အျဖဴလိႈင္းေလး တစ္ေၾကာင္းနဲ႔ နဖူးေပၚက ဆံပင္ေတြကို ကပုိက႐ို ထားထားပံုမွာေတာင္ အ႐ွိန္အဝါတစ္ခု ထြန္းလင္းေနသလို ခံစားရေစတယ္။ ဟယ္သာ့လို လူမ်ိဳးကို ေတာင္မွ ဒီျမင္ကြင္းက အၾကည့္မခြာႏိုင္ေအာင္အထိကို ဖမ္းစားႏိုင္လြန္းေနတယ္။ ေခ်ာမယ္ဆိုတာ ဟယ္သာသိတယ္။ ဒီေလာက္အထိေခ်ာၿပီး ပါးကေဖာင္းေဖာင္း၊ ႏွာေခါင္းကလံုးလံုး၊ ႏႈတ္ခမ္းက ဖူးဖူးေလးကိုမွ ဆူေထာ္ေထာ္ေလးျဖစ္ေနတဲ့ ပံုစံေလးနဲ႔ ခ်စ္ဖို႔ပါ တစ္ၿပိဳင္နက္ထဲ ေကာင္းေနမယ္လို႔ မထင္ထားမိတာ ဟယ္သာတကယ္ က်ိန္ေျပာရဲပါတယ္။ တစ္ဆိတ္ ၊ ဒီလိုပံုစံေလးကို ဟယ္သာတစ္ေနရာမွာ ျမင္ဖူးေနသလိုပဲေနာ္။ မဟုတ္ပါဘူး။ ရင္းရင္းႏွီးႏွီးကို သိေနသလိုပဲ။

““ မင္း.. ၾကည့္လို႔ ၿပီးဦးမွာလား။ ””

၁၅မိနစ္ေလာက္ အၾကာမွာ ထြက္ေပၚလာတဲ့ သူ႔ရဲ႕ စိတ္႐ႈပ္ေထြးေနသလို ျသ႐ွ႐ွအသံေလးေၾကာင့္ ဟယ္သာက ခါးကို ျပန္မတ္လိုက္ၿပီး သြားေတြပါေပၚေအာင္ ရယ္ျပလိုက္တယ္။ ဒါေပမယ့္ တစ္ခ်က္မွေတာင္ ေျပာင္းလဲမသြားတဲ့ မ်က္ႏွာကေလးနဲ႔ အတူ ေခါင္းကို တစ္ခ်က္ငံု႔ၿပီး ဆံပင္ေတြၾကား လက္ေခ်ာင္းေတြ ထိုးထည့္ကာ တစ္ခ်က္ဖြတယ္။ ၿပီးေတာ့ ေခါင္းကို ျပန္မတ္လာတယ္။ ေနာက္ၿပီး ႏႈတ္ခမ္း တစ္ခ်က္တြန္႔ျပံဳးျပတယ္။

က်စ္။ သူက အဲ့ေလာက္ေတာင္ အၾကည့္မခြာႏိုင္ေအာင္အထိ ေခ်ာတယ္။ သူ႔ပါးေတြကလည္း ေဖာင္းေဖာင္းတင္းတင္းနဲ႔ ပူတင္းေဖြးေဖြးေလးလို ျပည့္ျပည့္ကေလး။ အားး ေကာရဲ႕ အမ်ိဳးသားက တကယ္ကိုပဲ။ ဟယ္သာ မေန႔က ဆံုးျဖတ္ထားတာေတြက လံုးဝ၊ လံုးဝ မမွားဘူးဆိုတာ သိလိုက္ရပါတယ္။ ေဟာင္ရြိဳက္။

““ ျပန္ၿပီ ””

““ ဟာ.. ေနပါဦး ေနပါဦး ””

႐ုတ္တရက္ ထရပ္တဲ့ သူ႔ေနာက္ ဟယ္သာပါ အလန္႔တၾကား လိုက္ရပ္မိတယ္။ ဘာ sefile ပံုမွ မရေသးဘူးေလ။ လက္မွတ္လည္း မရေသးဘူးေလ။ စကားလည္း မေျပာရေသးဘူးေလ။ ဘာဆို ဘာမွကို မရေသးတာေလ။ ဟာ.. ေကာအမ်ိဳးသားက စိတ္မ႐ွည္ဘူးဆိုတာ ဟယ္သာသိလိုက္ပါတယ္။

““ ေနပါဦး။ ခဏေလးေနပါဦး.. ဝမ္ရိေပၚရယ္။ ””

ဟယ္သာ့ဘက္ကို ဆက္ခနဲ တစ္ခ်က္လွည့္လာၿပီး မ်က္ေမွာင္ေတြၾကဳတ္ကာ စိတ္႐ႈပ္သလို ေျပာလာတယ္။

““ ဘာလို႔ ဘာလို႔ ဝမ္ရိေပၚလို႔ ေခၚေနတာလဲကြာ ””

““ မေခၚဘူး။ မေခၚေတာ့ဘူး။ အတည္ အဟုတ္ ””

ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ေျပာေနတဲ့ ဟယ္သာ့ကို သူက တစ္ခ်က္ၾကည့္ၿပီး ေအာက္ႏႈမ္းခမ္းဖူးဖူးေလးကို လ်ွာနီနီေလးနဲ႔ တစ္ခ်က္သပ္တယ္။ ေနာက္.. ကုတ္ကို လက္နဲ႔တစ္ခ်က္ ဆြဲခ်ၿပီး ျပန္ထိုင္တယ္။ ဟာ.. ဒီ ဝမ္ရိေပၚလို႔ေခၚတာမႀကိဳက္တဲ့ ေကာရဲ႕အမ်ိဳးသားကေတာ့ကြာ။ ဟယ္သာ အက်ယ္ႀကီး မေအာ္မိေအာင္ ထိန္းထားရင္း အသက္အ႐ွဴအထုတ္ကို ၃ခါေလာက္ ျမန္ျမန္လုပ္လိုက္တယ္။ ေခ်ာတဲ့သူေတြနဲ႔ နီးနီးကပ္ကပ္ေနရတဲ့ ခံစားခ်က္ႀကီးက အရမ္း၊ အရမ္းကို high လြန္းတယ္။

““ ငါ.. အစ္မ.. ညီမ.. အာလား.. အသက္ဘယ္ေလာက္႐ွိၿပီလဲဟင္ ””

ဘယ္လိုေျပာရမလဲလို႔ အားယူကာ ေမ်ွာ္လင့္ခ်က္အျပည့္နဲ႔ ေမးလိုက္ေပမယ့္ သူ႔ရဲ႕တစ္ခုတည္းေသာ အေျဖစကားဟာ ေဘာက္ဆက္ဆက္နဲ႔။ ေကာနဲ႔ တကယ္ျကီး လိုက္ဖက္လိုက္တာဟ။

““ ေျဖခိုင္းတိုင္း ေျဖစရာလား။ ””

ဟီးဟီး။ စိတ္ထဲကေန ျကိတ္ရယ္လိုက္တယ္။ သူစကားေျပာတာေလးက တစ္မ်ိဳးေလးပဲ။

““ ဘယ္လိုေခၚရမွန္း မသိသလို ဘယ္လိုေျပာရမွန္းလည္း မသိလို႔ပါဆို ””

““ မင္းအသက္ေျပာ ””

သူရဲ႕ အသံက ျသ႐ွ႐ွေလးနဲ႔ကိုမွ လူကိုျငိဳ႕ယူႏိုင္တယ္။ ထပ္ခါ ထပ္ခါ နားေထာင္ခ်င္လာေအာင္ ဆြဲေဆာင္တယ္။ မသိဘူး။ ေကာနဲ႔လိုက္ဖက္တယ္။ ေကာအသံက ခ်ိဳခ်ိဳၾကည္ၾကည္ကေလးကိုမွ ေအးေအးခ်မ္းခ်မ္းေလး။ ေကာရဲ႕အသံဟာ ေခ်ာ့ကလက္အတုဆို၊ သူ႔ရဲ႕အသံဟာ ေခ်ာကလက္အစစ္။ ေခ်ာ့ကလက္အစစ္က ခါးတားတားေလးလို႔ မသံုးပဲ ျသ႐ွ႐ွေလးလို႔ သံုးၾကည့္လိုက္။

““ ၂၈႐ွိၿပီ။ ””

သူ႔မ်က္ခံုးေတြ တစ္ခ်က္ တြန္႔ခ်ိဳးသြားတယ္။ ေနာက္ၿပီး မ်က္ခံုးနက္နက္ေလးဟာ တစ္ခ်က္ပင့္တက္သြားတယ္။ လျခမ္းေကြးပံုစံ မ်က္လံုးေမွးေမွးေလးေတြဟာလည္း ေျဖးေျဖးေလး ဝိုင္းစက္သြားတယ္။ ဟယ္သာ့မ်က္ႏွာမွာေတာ့ သူဆိုင္ထဲစဝင္လာကထဲက ျပံဳးထားတဲ့ အျပံဳးႀကီးက အခုထက္ထိ ႐ွိေနဆဲ။ တမင္တကာ ႐ွိေနတာမဟုတ္ပဲ ဘယ္လိုမွ အျပံဳးကို ေအာက္ျပန္ခ်လို႔ မရေတာ့တာဆို ပိုမွန္မယ္။

““ ဖိုင္း.. ကိုယ္မင္းထက္ အသက္ႀကီးတယ္။ ကိုယ့္အသက္ ၂၉။ ””

လက္ဝါးအခ်င္းခ်င္း ခပ္ျပင္းျပင္း႐ိုက္ခပ္သံက ဟယ္သာတို႔ဝိုင္းကေန အက်ယ္ႀကီး ထြက္ေပၚလာတာမို႔ အျခားဝိုင္းက အတြဲေလးေတြက ဟယ္သာတို႔ကို လွည့္ၾကည့္လာတယ္။ ဟယ္သာက မ်က္ေစာင္းအႀကီးႀကီး ထိုးေပးလိုက္တယ္။ ဒါနဲ႔ ၂၉ဆိုေတာ့ ေကာနဲ႔ အတူတူပဲေပါ့။ ဒါဆို ႏွစ္ေယာက္လံုးက အၿပိဳင္ႏုေနၾကမွာကိုပါ တစ္ခါထဲ ျမင္ေယာင္မိသြားတယ္။ ဟင္.. ဒါဆို ဟယ္သာက အိုေနတာေပါ့။

““ ေနာက္ ၅မိနစ္ပဲ အခ်ိန္ေပးႏိုင္မယ္။ ဘာမွမစားရေသးဘူး။ ေၾကာင္ႏွင့္ႂကြက္လည္း ၾကည့္ရဦးမယ္။ မင္းျမန္ျမန္ေျပာပါ။ ေျပာစရာ႐ွိတာ။ ””

ေၾကာင္ႏွင့္ႂကြက္ဆိုတဲ့ ေနရာမွာ တကယ္ႀကီးေျပာေနတာလားဆိုၿပီး ေနာက္တစ္ခါ မ်က္ႏွာေလးကို ျပန္ေမာ့ျကည့္မိေတာ့ သူက အတည္ႀကီးကို ေျပာေနတာေတြ႔ရတယ္။ တကယ္ ကေလးေလးက်ေနေအာင္ အူယားစရာ ေကာင္ေလး၊ ၁ႏွစ္ႀကီးတဲ့ အစ္ကိုပဲ။ အားးး ေကာနဲ႔ဆို သူက ကေလးေလးပဲ ေနမယ္။ မ်က္ႏွာပိုးကို အတက္ႏိုင္ဆံုး အရင္ သပ္ရတယ္။ စိတ္ထဲမွာ ေတြးစရာ႐ွိတာလည္း ေတြးၿပီး စကားေျပာစရာ႐ွိတာလည္း ေျပာရမယ္။ သူကစိတ္မွ မ႐ွည္တာေလေနာ္။ ေတြးခ်ည္းပဲ ေတြးေနလို႔ ဘယ္ျဖစ္မလဲ။

““ ဟင္ ဒါေတြမစားဘူးလား။ ””

ကိတ္ကို လက္ညိဳးထိုးရင္း ေမးမိေတာ့ သူက စိတ္မ႐ွည္သလို အသံနဲ႔ ခ်က္ခ်င္းတန္းေျဖတယ္။

““ ကိုယ္ ေကာ္ဖီမေသာက္ဘူး။ ””

““ ကိတ္စားေလ။ ””

““ စကားမ်ားတယ္။ ၂မိနစ္႐ွိသြားၿပီ။ ””

ဟာ.. အရမ္းျမန္လြန္းတယ္ေလ။

““ အစ္ကိုကလည္း ””

““ ျမန္ျမန္ေျပာလို႔ ေျပာေနတယ္ေလ။ ထားေတာ့။ ကိုယ္ပဲ ေမးေတာ့မယ္။ ””

ေခါင္းကို အေ႐ွ႕တိုးလာၿပီး စားပြဲေပၚကို လက္ညိဳးေလးေတြနဲ႔ တေတာက္ေတာက္ေခါက္တယ္။ ေနာက္.. ရီေဝေနတဲ့ အၾကည့္နဲ႔ တစ္ခ်က္ၾကည့္လာတယ္။ ေနာက္ၿပီး ႏႈတ္ခမ္းတစ္ခ်က္ တြန္႔လို႔ ထပ္ျပံဳးျပန္တယ္။ ဟယ္သာ တစ္ခုကို စိတ္ထဲက အက်ယ္ႀကီး ေအာ္မိသြားတယ္။ အစ္ကိုဟာ ခ်စ္စရာဝက္ေပါက္ေလး !! ၿပီးေတာ့ သူက အရမ္း၊ အရမ္း မိုက္လြန္းအားႀကီးေနတယ္။ ေကာနဲ႔ အတူတူတြဲျမင္ခ်င္စိတ္ေတြကလည္း ကိုယ္တြင္းမွာ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာပါတယ္။

““ ေ႐ွာင္းက်န္႔နဲ႔ ဘယ္လိုပတ္သတ္လဲ။ ””

““ ဟင္ ””

ထင္မွတ္မထားတဲ့ နာမည္နဲ႔ ထင္မွတ္မထားတဲ့ အေမးဝါက်တစ္ခုကို ၾကားလိုက္ရတဲ့ အခ်ိန္မွာ လက္ဖ်ားေလးေတြ တစ္ခ်က္ ေအးစက္သြားသလို ခံစားရတယ္။ မ်က္ေတာင္ဖ်ားေတြ တဖ်က္ဖ်က္ခပ္ကုန္တယ္။ လက္ေခ်ာင္းေလးေတြ ေကြးခ်ီ၊ ဆန္႔ခ်ီ ျဖစ္ကုန္တယ္။ ဒါဟာ ဝမ္းနည္းဖို႔ေကာင္းတယ္။ ခုနကမသိသာေပမယ့္ အခုသူ႔ဆီက ေကာနာမည္ကို ၾကားလိုက္ရတဲ့အခ်ိန္ ဝမ္းနည္းစိတ္က လိႈက္ခနဲ တက္လာတယ္။ ဟယ္သာ့မ်က္ႏွာ တစ္ခ်က္ပ်က္သြားတာကို သူကၾကည့္ၿပီး သူ႔မ်က္ဝန္းေတြပါ ခ်က္ခ်င္း မိႈင္းက်ကုန္တယ္။ ေနာက္ၿပီး သူ႔ရဲ႕ ႏႈတ္ခမ္းဖူးဖူးေလးဟာ တင္းခနဲ ျဖစ္သြားတယ္။ ဟယ္သာ့ေခါင္းထဲမွာ ႐ုပ္႐ွင္ေတြထဲက ဇာတ္ဝင္ခန္းတစ္ခ်ိဳ႕ တရိပ္ရိပ္နဲ႔ ပိတ္ကားတစ္ခုေပၚမွာ ေပၚေနသလို တရစပ္ေပၚလာရတယ္။

သူ ဟယ္သာ့ကို ေကာနဲ႔ တစ္မ်ိဳးထင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။ ex လို႔ ဘာလို႔၊ ညာတို႔။ ဟယ္သာ့ မ်က္ဝန္းေတြ ျပဴးက်ယ္ကုန္ၿပီး အျမန္ေျဖ႐ွင္းခ်က္ ေပးဖို႔ျပင္တယ္။ အဲ့လိုထင္သြားလို႔ တကယ္မျဖစ္ဘူးေနာ္။ ဟယ္သာ သူ႔ဆီက ၾကည့္မရတာေလးေတာင္ ေသးေသးေလးမခံခ်င္ဘူး။

““ ေကာနဲ႔က ex- ””

“မဟုတ္ပါဘူး” ဆိုတဲ့ စကားကို စိတ္ထဲကေနပဲ ေျပာလိုက္ရတယ္။

““ ကိုယ္သိၿပီ။ အခ်ိန္ျပည့္ၿပီ။ ကိုယ္သြားၿပီ။ ””

ဟယ္သာ အလန္႔တၾကား ထရပ္မိတဲ့အခ်ိန္ သူက ဆိုင္ျပင္ကို ထြက္သြားၿပီ။ ဟယ္သာ ေပါင္မုန္႔အိတ္ကို လည္ပင္းကေန ျမန္ျမန္ လြယ္လိုက္ၿပီး အေနာက္က အေျပးလိုက္ပါေတာ့တယ္။ ႏိုက္တူမီးယူ၊ Sefile၊ လက္မွတ္၊ တစ္ခါေလာက္ဖက္တာ။ ဟားး ဖလုတ္ကုန္လို႔ မျဖစ္ဘူးေလ။ ၿပီးေတာ့ အထင္လြဲသြားလို႔လည္း မရဘူးေလ။

...........*...........

ေျပာတယ္။ ေျပာတယ္။ က်န္႔ေကာက အဲ့လို ခ်စ္ဖို႔ေကာင္းတဲ့ သူေတြကိုပဲ ႀကိဳက္တာ။ ေသးေသးေလးေတြကိုပဲ ႀကိဳက္တာ။ ၿပီးေတာ့ က်န္႔ေကာက သူနဲ႔႐ုပ္ခ်င္း ဆင္တဲ့သူေတြကိုပဲ ႀကိဳက္တာ။ အဲ့ဒီ အသက္၂၈ က ၂၈က က်န္႔ေကာ ex ႀကီး။ က်န္႔ေကာရဲ႕ ရံုးခန္းထဲမွာ ေတြ႕ခဲ့ရတဲ့ မ်က္ႏွာႀကီးကို သူက အစထဲက မွတ္မိတယ္။ က်န္႔ေကာက ex နဲ႔။ ex နဲ႔။ သူနဲ႔ ကေလးေလးကို အဖက္မလုပ္တာ အဲ့ဒီ ex ေၾကာင့္။ အဲ့ဒီ ex ေၾကာင့္။ ၿပီးေတာ့၊ ၿပီးေတာ့ က်န္႔ေကာ ex က အရမ္းပုတာပဲ။ က်န္႔ေကာက အပုေတြကိုပဲ ႀကိဳက္တာဆို သူက လိုက္ၿပီး ပုေပးရေတာ့မွာလား။ ဒါေပမယ့္ ေက်နပ္စရာအႀကီးႀကီး တစ္ခု ႐ွိခဲ့တယ္။ အသက္၂၈ႏွစ္က သူ႔ကို အစ္ကိုလို႔ေခၚတယ္။ အစ္ကို၊ ညီမတဲ့။ အဲ့လို၊ အဲ့လို ကိုယ့္ကိုယ္ကို ၂၉ႏွစ္ဆိုၿပီး က်န္႔ေကာနဲ႔ အသက္ ခဏေလာက္ couple goal လိုက္ရတာ ဘယ္လိုေလးမွန္းလည္း မသိပါဘူး။

မွန္တံခါးကို တြန္းဖြင့္ၿပီး ကား႐ွိရာကို ေလ်ွာက္လာတဲ့အခ်ိန္မွာ ျမင္ျမင္သမ်ွေတြအကုန္ အမဲေရာင္ေတြ ျဖစ္ေနပါတယ္ဆိုမွ သူ႔ရဲ႕ ခါးကို ရစ္သိုင္းလာတဲ့ လက္ေတြေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိသြားတယ္။ ၿပီးေတာ့ ခုနကမွ ၾကားလာခဲ့ရတဲ့ အသံတစ္ခ်က္က နားထဲကို စူးစူးရဲရဲကို ထိုးဝင္လာတယ္။ ဘာႀကီးလဲ။ ဘာႀကီးလဲ။

““ လုပ္ပါဦး။ လုပ္ပါဦး။ အေနာက္မွာ လူဆိုးတစ္ေကာင္လိုက္လာလို႔။ ””

လက္ေတြကို ဆြဲျဖဳတ္လိုက္ရင္း အေနာက္ကို လွည့္ၾကည့္ေတာ့ ၂၈ နဲ႔ သူမရဲ႕ အေနာက္မွာေတာ့ အူေၾကာင္ၾကားပံုစံနဲ႔ မ်က္မွန္ဝိုင္းတပ္ထားၿပီး စာအုပ္ေတြကို လက္နဲ႔ပိုက္ထားတဲ့ ေကာင္ေလးတစ္ေယာက္။ ဘာေတြမွန္းလည္း မသိဘူး၊ ကေလးေလးရယ္။ မင္းပါပါး စိတ္႐ႈပ္လာၿပီ။ ကေလးေလးက ဗိုက္ဆာေနပါတယ္ဆိုမွ။ ဗိုက္ဆာေနပါတယ္ဆိုမွ။ ၂၈ ကလည္း ဆိုးတယ္။ ႏို႔က်မွာေပးမထားဘူး။ ice coffee တဲ့။ က်န္႔ေကာက ေကာ္ဖီ မေသာက္ခိုင္းထားတာကို။ ေခ်ာ့ကလက္ကိတ္ကလည္း က်န္႔ေကာရဲ႕ ဟိုးတစ္ေန႔ညက "ဝမ္ရိေပၚ။ ေခ်ာင္းဆိုးတာေတြ မစားနဲ႔" ဆိုလို႔ သူက စကားနားေထာင္ေနတဲ့ဟာကို။ အခုက် က်န္႔ေကာ ex ပိုက္ဆံေတြကို ဘာတစ္ခုမွ အရည္ေဖ်ာ္မပစ္ခဲ့ရဘူး။ အဲ့ဆိုင္ရဲ႕ ice coffee တစ္ခြက္က ေဒၚလာနဲ႔ခ်ီေပးရတာ သူသိတယ္။ အရင္တုန္းကလိုသာဆို အမ်ားႀကီး၊ အမ်ားႀကီးကို ေသာက္ပစ္ၿပီး က်န္႔ေကာ ex ကို ႐ွင္းခိုင္းမွာ။ အခု ဘာမွ မလုပ္ခဲ့ရဘဲ သူက အလကားသက္သက္ က်န္႔ေကာထင္ၿပီး အျပင္ထြက္ခဲ့မိတာ မွားတယ္။ အႀကီးႀကီးကို မွားသြားပါတယ္။

““ အဲ့ေကာင္က ဂ်ပန္ကေန ဒီအထိ ညီမေနာက္လိုက္လာတာ သိလား။ ခ်ီးလိုပဲ အစ္ကိုရဲ႕။ ””

သူ႔ရဲ႕ ကုတ္ကို တစ္ခ်က္ဆြဲၿပီး မ်က္လံုးျပဴးျပဴးနဲ႔ ေမးလာတယ္။ က်န္႔ေကာ ex က တကယ္ႀကီး ခ်စ္ဖို႔ေကာင္းတာမလို႔ က်န္႔ေကာက သူ႔ကို မႀကိဳက္တာေပါ့ေနာ္။ ဒါေပမယ့္ အရပ္က အရမ္း ပုတယ္။ သူ႔ပုခံုးေလာက္သာ႐ွိပါတယ္။ က်န္႔ေကာက ဂ်ပုေတြကိုပဲ ေပါင္းတာဆိုၿပီး ႏွိမ္ဦးမွာ လို႔ ႐ုတ္တရက္ေတြးမိသြားေတာ့ ႏႈတ္ခမ္းက သူ႔အလိုလို ျပံဳးမိသြားတယ္။ မွားလို႔။ မွားလို႔။ ကေလးေလးအလို၊ ကေလးေလးအလို။

““ မင္း ကိုယ့္လက္ကိုလႊတ္။ ကိုယ္သြားခ်င္ေနၿပီ။ ””

ေဆာင့္လဲမတြန္းခ်င္ပါဘူး။ အႏိုင္က်င့္သလို ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ။ ၿပီးေတာ့ အဲ့တာ က်န္႔ေကာ ex ေလ။ ေဆာင့္တြန္းလိုက္လို႔ တစ္ခုခုျဖစ္သြားၿပီး က်န္႔ေကာက သူ႔ကုိပိုမုန္းသြားရင္ ဘယ္လိုလုပ္မလဲ။

““ ညီမကို တစ္ခုခုေတာင္းဆို။ လုပ္ လုပ္ အစ္ကို။ အစ္ကို မလုပ္လို႔လည္း မရေတာ့ဘူး။ သူ႔ကုိညီမ တံခါးနားမွာ အဲ့တာငါ့ေကာင္ေလးဆိုၿပီး ေျပာလိုက္ၿပီးၿပီ။ ””

““ ဘာ.. ဘာ.. ဘာ မင္းယုတ္မာတယ္။ ””

၂၈ ​ေတာ္ေတာ္လြန္သြားၿပီ။ ဆြဲထိုးလိုက္ရေတာ့မလား။

““ ဟဲဟဲ အဲ့ေတာ့ အစ္ကို တစ္ခုခုေတာင္းဆိုၿပီးရင္ ညီမရဲ႕ ေကာင္ေလး ခဏလုပ္။ ””

““ မလိုဘူး။ ဖယ္ ””

စိတ္႐ႈပ္လြန္းအားႀကီးလာတာေၾကာင့္ တင္းတင္းကိုင္ထားတဲ့ လက္ကိုဆြဲဖယ္ၿပီး ေက်ာခိုင္းလိုက္တဲ့အခ်ိန္ ထြက္လာတဲ့ သူမရဲ႕ စကားတစ္ခြန္း။

““ ေကာအေၾကာင္း​ေတြ ေျပာျပမယ္ေလ။ ””

...........*...........

ၿငိမ္က်သြားတဲ့ ေက်ာျပင္က်ယ္ဟာ ေျဖးေျဖးခ်င္း ဟယ္သာ့ဘက္ျပန္လွည့္လာတယ္။ ေလအေဝ့မွာရလိုက္ရတဲ့ ကိုယ္သင္းနံ႔က ႏို႔နံ႔ေမႊးေမႊးေလး။ ဟယ္သာေနာက္က အူေၾကာင္ၾကားကလည္း ဟယ္သာတို႔အနား ေလ်ွာက္လာတာကို အသာေလး ခိုးၾကည့္ေနတဲ့ ဟယ္သာက ျမင္လိုက္ပါတယ္။

““ ဟယ္သာ့ အစ္ကို ထင္တယ္။ ””

အူေၾကာင္ၾကားေကာင္ကို သူက တစ္ခ်က္ၾကည့္တယ္။ ေနာက္ၿပီး ဟယ္သာ့ကိုျပန္ၾကည့္ၿပီး ကိုယ္ကို ကိုင္းခ်ကာ ႏႈတ္ခမ္းလႈပ္ရံု တိုးတိုးေလး ေမးတယ္။

““ မင္းခုနက တကယ္ေျပာတာလား။ ””

ေခါင္းတစ္ဆက္ဆက္ၿငိမ့္ျပလိုက္ေတာ့ သူက မ်က္ေမွာင္ကုတ္ရင္း ႏႈတ္ခမ္းေလး ေထာ္ထြက္လာကာ ထပ္ေမးလာတယ္။ ဟိ.. ဝက္ေပါက္ေလးနဲ႔တူလိုက္တာ။

““ သူ႔ကို ဘာလုပ္ရမွာလဲ။ ””

““ သူကညီမကို လိုက္ေနတာ။ ””

““ ေအာ့္.. ””

သူက ဘယ္လိုထင္သြားလည္းေတာ့ ဟယ္သာမသိေပမယ့္ သူက ေလွာင္သလိုလို တစ္ခ်က္ျပံဳးတယ္။ ၿပီးေတာ့ အသံမထြက္ပဲ တစ္ခ်က္ရယ္တယ္။ သြားေသးေသးေလးေတြက ထင္းခနဲေပၚလာျပန္တယ္။ ဟယ္သာက ေဟာင္ရြိဳက္လို႔ စိတ္ထဲက ေျပာေနတုန္းမွာပဲ ဟယ္သာ့ခါးဟာ တင္းတင္းက်ပ္က်ပ္ ဆြဲ အဖက္ခံလိုက္ရတယ္။ ေနာက္ၿပီး သူနဲ႔ ရင္ဘတ္ခ်င္း ကပ္သြားပါတယ္။ ႐ုတ္တရက္မလို႔ ဟယ္သာေတာ္ေတာ္လန္႔သြားတယ္။ ဟယ္သာ့ရဲ႕ လက္ေတြကို သူက ဆက္ခနဲ ဆြဲယူကာ သူ႔လည္တိုင္မွာ ခ်ိတ္ပစ္တယ္။ ဟယ္သာ့မ်က္လံုးဝိုင္းဝိုင္းေတြ ျပဴးက်ယ္ကုန္တယ္။ ေနာက္.. ဟယ္သာ့မ်က္ႏွာနားတိုးကပ္လာၿပီး မ်က္ႏွာကို ေလနဲ႔ တစ္ခ်က္ မႈတ္လိုက္တာေၾကာင့္ မ်က္ဝန္းေတြကို မွိတ္မိသြားတယ္။ ဒါ.. ဒါက Idol နဲ႔ အနီးကပ္ဆံုး အနီးကပ္ဆံုး။ ဝက္ေပါက္ေလးနဲ႔ အနီးကပ္ဆံုး အေနအထား။

ျငိမ္သက္သြားတဲ့ အေျခအေနေၾကာင့္ ဟယ္သာ မ်က္ဝန္းေတြကို အသာဖြင့္ၾကည့္ေတာ့ သူ႔ရဲ႕ ႏႈတ္ခမ္းဖူးဖူးမွာ မဲ့ျပံဳးတစ္ခုရယ္၊ အူျမဴးေနသလို မ်က္ႏွာထားရယ္၊ ရယ္ခ်င္တာကို ေအာင့္အီးၿပီး အလုပ္တစ္ခုကို ၿပီးဆံုးေအာင္ လုပ္ေနတဲ့ ဟန္ပန္ေတြေၾကာင့္ ေယာင္ေယာင္ေလး ျပံဳးမိတယ္။ ဒါက တကယ္ သိပ္ေတာ္တာပဲ။

လန္က်ေနတဲ့ ဟယ္သာ့ကိုယ္ကို ခါးကေနျပန္မက္ေပးတယ္။ လန္႔လြန္းလို႔ အသက္တစ္ခ်က္ ျပင္းျပင္း႐ွဴေနမိတုန္းမွာပဲ ဟယ္သာ့ကို ေခါင္းကေနပိတ္ဆြဲကာ ရင္ခြင္ထဲ ဆက္ခနဲ ထိုးထည့္တယ္။ ေကာလိုပဲ။ ဒီရင္ခြင္က တကယ္ပဲ ေႏြးေထြးၿပီး ဟယ္သာ့ကို အႏိုင္က်င့္မယ့္ လူ မဟုတ္ဘူးဆိုတာကိုပါ တန္းခံစားလိုက္ရပါတယ္။ ဒါနဲ႔ေလ.. သူ႔ဗိုက္မွာ အဆီေတြ ႐ွိေနသလားလို႔။ ဟယ္သာဖက္ထားရတာ နဲနဲေလး ခုသလိုလို ျဖစ္ေနတယ္။ ထားပါ။ ရင္းႏွီးသြားတဲ့ေန႔က် ဗိုက္အဆီက်တဲ့ေဆးေတြ အမ်ားႀကီး ပို႔ေပးရမယ္။ ဒါေပါ့။ ဒါေပါ့။ အသက္၂၉ဆိုေတာ့ေလေနာ္။

““ မင္း... လာ.. လာေလ ””

ဟယ္သာ့ကို ငူငူကေလး စာအုပ္ေတြပိုက္လို႔ ရပ္ၾကည့္ေနတဲ့ အူေၾကာင္ၾကားေကာင္ကို သူက လက္ေခ်ာင္းေလးေတြ ေ႐ွ႕တိုး၊ ေနာက္ဆုတ္ လုပ္ၿပီး လွမ္း ေခၚတယ္။ ဒီပံုစံကို ဟယ္သာ မျမင္လိုက္ေပမယ့္ တကယ္ကို မိုက္ထြက္ေနမယ္လို႔ စိတ္ထဲက အတိအလင္း သိေနပါတယ္။

““ ကြၽန္ေတာ္... ကြၽန္..ေတာ္ ယံု..ယံုၿပီေနာ္။ ””

အူေၾကာင္ၾကားေကာင္ ေျပးထြက္သြားတာကို သူကတဆံုးထိ ၾကည့္တယ္။ ေနာက္ ဟယ္သာ့ကို ပုခံုးကေန ကိုင္ၿပီး ရင္ခြင္ထဲက ဆြဲထုတ္တယ္။ တြန္႔ေက်သြားျခင္းမ႐ွိတဲ့ ကုတ္ကို သူက တစ္ခ်က္သပ္တယ္။ ၿပီးေတာ့ ဟယ္သာ့မ်က္ႏွာကို တစ္ခ်က္ၾကည့္တယ္။ က်စ္။ အူေၾကာင္ၾကားေကာင္ ေရာက္လာၿပီး အေျခအေနေတြက ဒီလိုေတြ ျဖစ္သြားမယ္မွန္းသိရင္ ကင္မရာမန္းကို ေခၚခဲ့ပါတယ္။ ဒါမွ ခုနက ပံုရိပ္ေလးေတြကို album ထဲထည့္လို႔ရမွာေလ။ ေပါ့ဆမိလို႔ ရင္နာတယ္။

““ မင္းေကာင္ထြက္သြားၿပီ။ ကိုယ္သြားၿပီ။ ””

““ ဟင္.. ေကာအေၾကာင္း ေျပာျပရဦးမယ္ေလ။ ””

““ ကိုယ္ေမးတာေတြကို message ပဲပို႔ေပးလို႔ရတယ္မလား။ ””

““ ရတယ္ေလ။ ””

ဟာ.. ဒါဆို သူနဲ႔ ထပ္ၿပီး အဆက္အသြယ္ေတြ ရဦးမွာေပါ့။ ေဟာင္ရြိဳက္။ ေနာက္တစ္ေခါက္ေတြ႕ရင္ ကင္မရာမန္းကို တိတ္တိတ္ေလး ခိုးေခၚလာရမယ္။

““ အိုေက ””

ေျပာၿပီးၿပီးခ်င္း ေျခလွမ္းက်ဲႀကီးေတြနဲ႔ ထြက္သြားတဲ့ ေက်ာျပင္အညိဳေဖ်ာ့ေလးကို ၾကည့္ရင္း ရင္ဘတ္ထဲမွာ တစ္ခုခုက်န္ခဲ့သလို ခံစားလိုက္ရပါတယ္။ သူ႔အသားကို ခဏေလာက္ ထိလိုက္ရတာေတာင္ ဒီေလာက္ ဓာတ္လိုက္သလို ခံစားရတာ ေကာသာဆို ဘယ္လိုေနမလဲ။

““ ဟာ.. ဓာတ္ပံု၊ လက္မွတ္ ဘာတစ္ခုမွ မရလိုက္ဘူးဟ။ ””

““ ၿပီးေတာ့ ခုနက အေၾကာင္းေတြ။ ငါက ေကာသူငယ္ခ်င္းပါဆိုတာလည္း မေျပာလိုက္ရျပန္ဘူး။ ””

““ ခ်ီး အူေၾကာင္ၾကားေကာင္။ ””

““ ဟိုက္ရားး ကင္မရာမန္းေလးေရလို႔ ””

ေခါင္းကို ဆြဲကုတ္ၿပီး ဆံပင္ေတြကို ေဆာင့္ဆြဲမိသြားတယ္။ အဲ့တာေျပာဖို႔ အျပင္ကိုလိုက္လာေပမယ့္ အဲ့ဒီ အူေၾကာင္ၾကားေကာင္ေၾကာင့္ အိမ္မက္ကေလးေတြ ဖလုတ္ကုန္ၿပီေပါ့။ အစုတ္ပလုတ္ အူေၾကာင္ၾကားေကာင္။ ဟယ္သာ ႏႈတ္ခမ္းႀကီးဆူၿပီး အလိုမက်ေၾကာင္းေတြကို ေကာ္ဖီဆိုင္ေ႐ွ႕က လမ္းက်ဥ္းေလးထဲမွာ တစ္ေယာက္ထဲ ေရရြတ္ေနမိပါေတာ့တယ္။

__________

11.7.2021 (Sunday)
_______________

(Unicode)

ကျန့်ကောက အကျင့်မကောင်းဘူး။ ကျန့်ကောက အကျင့်မကောင်းဘူး။ ကျန့်ကောက အကျင့်မကောင်းဘူးလို့။

““ တကယ်ကြီးကို meeting ရှိလို့တဲ့။ ကျွန်တော်တို့နဲ့ အပြင်ထွက်စားလို့ ရတယ်လို့လည်း ပြောသွားတယ်။ ””

““ လစ် ! ””

““ ဟင်.. ””

““ မင်းတို့လစ်ပါဆိုနေ ! ””

““ အာ.. ဟုတ်ပြီနော်။ ကျွန်တော်တို့ ခုံမှာ ထိုင်စောင့်နေမယ်။ ””

““ မင်းတို့လည်း အကျင့်မကောင်းဘူး။ ””

““ ဗျာ ””

““ မင်းတို့လည်း အကျင့်မကောင်းဘူး။ ””

““ ....... ””

““ မင်းတို့လည်း အကျင့်မကောင်းဘူးဆို။ ””

““ အာ.. ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အကျင့်မကောင်းဘူးနော်။ ဗိုက်ဆာလာရင် ထွက်ခဲ့လိုက်နော် ””

““ မင်းတို့ကို လစ်လို့ ပြောနေတာ။ ဘာလို့ မလစ်သေးတာလဲ ””

““ အခု လစ်ပြီနော်။ ””

တစ်ချိုးထဲ ထမင်းစားခန်းထဲက ထွက်သွားတဲ့ နှစ်ကောင်ရဲ့ ကျောပြင်ဖွေးဖွေးတွေကို လိုက်ကြည့်ပြီး စားပွဲပေါ် မေးထောက်တင်လိုက်တယ်။ ဘာတဲ့။ အပြင်မှာ ထွက်စားလို့ ရတယ်တဲ့။ ဒါက ဘာလဲ။ စိတ်ပူတာလား။ အလိုလိုက်တာလား။ သူ့ကို။ ကလူသလိုလို၊ မြူသလိုလို ပုံစံကြီးနဲ့။ ကျန့်ကောက ဘာအချိုးချိုးသွားတာလဲကွာ။ ဆေးကျ ထည့်မပေးပဲနဲ့။ လုပ်ခိုင်းတိုင်း လုပ်စရာလား။ မှာစားမယ်။ သွားမစားဘူး။ ကျန့်ကော ပြောတဲ့ အတိုင်း ဘာလို့ လုပ်ရမှာလဲလေနော်။ မှာစားမှာ။ မှာစားမှာ။ မှာစားမှာပါဆိုနေ။ ဘာလို့ အခုထိ လက်က ဖုန်းကို မကိုင်ရသေးတာလဲ။

စုတ်သပ်ပြီး ဖန်ခွက်စင်နားမှာ တင်ထားမိတဲ့ ဖုန်းကို သွားဆွဲယူတော့ ရှေ့မကြည့် နောက်မကြည့် သွားမိတဲ့ သူက IBO ရဲ့ ဘယ်နေရာကို တက်နင်းမိမှန်းမသိ။ IBO က အကျယ်ကြီး ထအော်ပြီး အပြင်ကို ထွက်သွားတယ်။ နောက်ပြန်လှည့်မကြည့်ပဲ လုံးလုံးလေး ပြေးသွားတာက စိတ်ကောက်သွားတာ ထင်တယ်။ နောက်မှ အသားချောင်းဘူးလိုက် တစ်ပြိုင်နက်ထဲ ချကျွေးပြီး ချော့တော့မယ်လို့ တွေးလိုက်ပြီး ခုံပေါ် ပြန်ထိုင်လိုက်ပါတယ်။

အခုတော့.. အကျင့်မကောင်းပြီး မနက်စာလုပ်ပေးမသွားတဲ့ ကျန့်ကောကြောင့် သူက မှာစားဖို့ ပြင်ရတယ်။ ခံစားချက်ကလေ ကြောင်နှင့်ကြွက် ကားထဲက ကြောင်ပြာနဲ့ကြောင်မဲကြီးတို့ အတူတူ အမှိုက်ပုံးထဲ ခေါင်းစိုက်ရှာရင်း အမှိုက်ပုံထဲက ရရှိလာတဲ့ အသားမရှိတဲ့ ငါးရိုးစုကြီး တစ်ခုလိုပဲ။ ဆိုးတယ်။ ဆိုးတယ်။ အားကြီးဆိုးတယ်။

ဖုန်းကို ဖွင့်လိုက်တာနဲ့ ဖျက်ခနဲ ဝင်လာတဲ့ message ကြောင့် မျက်မှောင်ကြုတ်ရင်း ဝင်ကြည့်မိတယ်။ ကျန့်ကောလည်း မဟုတ်ဘူး။ ကျန့်ကောလည်း မဟုတ်ဘူး။ ဘာကြီးလဲ။ ဘာကြီးလဲ။ ဘယ်သူကြီးလဲ။

*ဝမ်ရိပေါ်နဲ့ စကားပိစိလောက် ပြောချင်လို့ xxx ကို လာခဲ့ပေးပါလား။*

ဘာကြီးမှန်းမသိဘူး။ ဘယ်သူကြီးမှန်းလည်း မသိဘူး။ နံပါတ်စိမ်းကြီးနဲ့။ ပြီးတော့ သူ့ရဲ့ လူ ၆ယောက်တောင် ပြည့်အောင် မသိတဲ့ နံပါတ်ကို သိနေတယ်။ ကျန့်ကောရယ်၊ မေယ်လ်ရယ်၊ အကျင့်မကောင်းတဲ့ ပါပါးရယ်၊ မချစ်ဘူးလို့ ပြောတဲ့ မာမားရယ်၊ အန်တီယင်းရယ်၊ ၁ ၂ ၃ ၄ ၅ ။ ၅ ယောက်ပဲ သိတာလေ။ ပြီးတော့ ပြီးတော့ ဝမ်ရိပေါ်လို့လည်း နာမည်ကို အပြည့်အစုံပြောတယ်။ ဒါနဲ့၊ ဒါနဲ့ မဟုတ်မှ ကျန့်ကော၊ ကျန့်ကော များလား။ ကျန့်ကောက နံပါတ်အတုနဲ့ ...။

““ ဟိ ””

တစ်ချက်ရယ်ရင်း ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး နောက်ဝင်လာမယ့် message တွေကို ရင်ခုန်သလိုလို ခံစားချက်ကြီးနဲ့ စောင့်နေမိပါတယ်။

*လာခဲ့မှာလား။ မလာခဲ့ဘူးလား။*

လူကို အားကြီးနဲ့ ချိန်းခြောက်လိုက်သလို ခံစားလိုက်ရတာကြောင့် မျက်မှောင်ကုတ်ရင်း blacklist လုပ်ပစ်ဖို့ စဉ်းစားနေတုန်းမှာ တန်းရောက်လာတဲ့ message တစ်စောင်ကြောင့် အားခနဲ အော်မိသွားပါတယ်။ ကျန့်ကောကကွာ။

*လာခဲ့ပါနော်..နော်.. ဝမ်ရိပေါ်လေးကလည်း.....*

““ ကျန့်ကောရာ !! ””

...........*...........

ဆိုင်ရှေ့မျက်နှာပြင်ကို မှန်တွေနဲ့ ကာထားပြီး ကော်ဖီဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်တွေ အကုန်လုံးကို ပန်းနုရောင်တွေနဲ့သာ အသုံးပြုထားတယ်။ အမိုးတွေမှာ ခေါင်းလောင်းသေးသေးလေးတွေနဲ့ ပူဖောင်းကလေးတွေကို ချိတ်ထားတဲ့ ဆိုင်အပြင်အဆင်အရ ဒါဟာ date ပြုလုပ်ဖို့အတွက် အကောင်းဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ Ice coffee ကလည်း အတော်လေးကို နာမည်ကြီးတယ်။

အခု အခြေအနေက ထောင့်ကျကျ စားပွဲဝိုင်းမှာ ထိုင်နေတာ ဖြစ်ပြီး ပန်းရင့်ရောင် သစ်သား စားပွဲခုံပေါ်မှာ ice coffee နှစ်ခွက်ရယ်၊ ချော့ကလက်ကိတ် နှစ်ခုရယ်ကို တင်ထားတယ်။ အရှေ့မှာ သေသေချာချာ ထိုးပေးထားတဲ့ ကိတ်နဲ့အအေးကို စလာကထဲက တစ်ချက်ပဲ ကြည့်ပြီး ခြေချိတ်ထိုင်ကာ ခြေထောက်လှုပ်နေတဲ့ ကလေးရုပ်နဲ့ ထင်မှတ်မထားအောင် ချောမောပြေပြစ်တဲ့ မျက်နှာလေးနဲ့ သူ့ကို ဟယ်သာက အသေးစိတ် လိုက်ကြည့်နေပါတယ်။ သူက မျက်မှောင်တွေကိုလည်း ကြုတ်ထားသေးတယ်။

အဖြူရောင်ပေါ်မှာ အမဲရောင်အကွက်တွေပါတဲ့ ရှပ်ကို အောက်က ဝတ်ထားပြီး အပေါ်က ကုတ်မှာ အညိုဖျော့လေးကိုမှ အဖြူလှိုင်းလေး တစ်ကြောင်းနဲ့ နဖူးပေါ်က ဆံပင်တွေကို ကပိုကရို ထားထားပုံမှာတောင် အရှိန်အဝါတစ်ခု ထွန်းလင်းနေသလို ခံစားရစေတယ်။ ဟယ်သာ့လို လူမျိုးကို တောင်မှ ဒီမြင်ကွင်းက အကြည့်မခွာနိုင်အောင်အထိကို ဖမ်းစားနိုင်လွန်းနေတယ်။ ချောမယ်ဆိုတာ ဟယ်သာသိတယ်။ ဒီလောက်အထိချောပြီး ပါးကဖောင်းဖောင်း၊ နှာခေါင်းကလုံးလုံး၊ နှုတ်ခမ်းက ဖူးဖူးလေးကိုမှ ဆူထော်ထော်လေးဖြစ်နေတဲ့ ပုံစံလေးနဲ့ ချစ်ဖို့ပါ တစ်ပြိုင်နက်ထဲ ကောင်းနေမယ်လို့ မထင်ထားမိတာ ဟယ်သာတကယ် ကျိန်ပြောရဲပါတယ်။ တစ်ဆိတ် ၊ ဒီလိုပုံစံလေးကို ဟယ်သာတစ်နေရာမှာ မြင်ဖူးနေသလိုပဲနော်။ မဟုတ်ပါဘူး။ ရင်းရင်းနှီးနှီးကို သိနေသလိုပဲ။

““ မင်း.. ကြည့်လို့ ပြီးဦးမှာလား။ ””

၁၅မိနစ်လောက် အကြာမှာ ထွက်ပေါ်လာတဲ့ သူ့ရဲ့ စိတ်ရှုပ်ထွေးနေသလို သြရှရှအသံလေးကြောင့် ဟယ်သာက ခါးကို ပြန်မတ်လိုက်ပြီး သွားတွေပါပေါ်အောင် ရယ်ပြလိုက်တယ်။ ဒါပေမယ့် တစ်ချက်မှတောင် ပြောင်းလဲမသွားတဲ့ မျက်နှာကလေးနဲ့ အတူ ခေါင်းကို တစ်ချက်ငုံ့ပြီး ဆံပင်တွေကြား လက်ချောင်းတွေ ထိုးထည့်ကာ တစ်ချက်ဖွတယ်။ ပြီးတော့ ခေါင်းကို ပြန်မတ်လာတယ်။ နောက်ပြီး နှုတ်ခမ်း တစ်ချက်တွန့်ပြုံးပြတယ်။

ကျစ်။ သူက အဲ့လောက်တောင် အကြည့်မခွာနိုင်အောင်အထိ ချောတယ်။ သူ့ပါးတွေကလည်း ဖောင်းဖောင်းတင်းတင်းနဲ့ ပူတင်းဖွေးဖွေးလေးလို ပြည့်ပြည့်ကလေး။ အားး ကောရဲ့ အမျိုးသားက တကယ်ကိုပဲ။ ဟယ်သာ မနေ့က ဆုံးဖြတ်ထားတာတွေက လုံးဝ၊ လုံးဝ မမှားဘူးဆိုတာ သိလိုက်ရပါတယ်။ ဟောင်ရွိုက်။

““ ပြန်ပြီ ””

““ ဟာ.. နေပါဦး နေပါဦး ””

ရုတ်တရက် ထရပ်တဲ့ သူ့နောက် ဟယ်သာပါ အလန့်တကြား လိုက်ရပ်မိတယ်။ ဘာ sefile ပုံမှ မရသေးဘူးလေ။ လက်မှတ်လည်း မရသေးဘူးလေ။ စကားလည်း မပြောရသေးဘူးလေ။ ဘာဆို ဘာမှကို မရသေးတာလေ။ ဟာ.. ကောအမျိုးသားက စိတ်မရှည်ဘူးဆိုတာ ဟယ်သာသိလိုက်ပါတယ်။

““ နေပါဦး။ ခဏလေးနေပါဦး.. ဝမ်ရိပေါ်ရယ်။ ””

ဟယ်သာ့ဘက်ကို ဆက်ခနဲ တစ်ချက်လှည့်လာပြီး မျက်မှောင်တွေကြုတ်ကာ စိတ်ရှုပ်သလို ပြောလာတယ်။

““ ဘာလို့ ဘာလို့ ဝမ်ရိပေါ်လို့ ခေါ်နေတာလဲကွာ ””

““ မခေါ်ဘူး။ မခေါ်တော့ဘူး။ အတည် အဟုတ် ””

ခေါင်းတငြိမ့်ငြိမ့်နဲ့ပြောနေတဲ့ ဟယ်သာ့ကို သူက တစ်ချက်ကြည့်ပြီး အောက်နှုမ်းခမ်းဖူးဖူးလေးကို လျှာနီနီလေးနဲ့ တစ်ချက်သပ်တယ်။ နောက်.. ကုတ်ကို လက်နဲ့တစ်ချက် ဆွဲချပြီး ပြန်ထိုင်တယ်။ ဟာ.. ဒီ ဝမ်ရိပေါ်လို့ခေါ်တာမကြိုက်တဲ့ ကောရဲ့အမျိုးသားကတော့ကွာ။ ဟယ်သာ အကျယ်ကြီး မအော်မိအောင် ထိန်းထားရင်း အသက်အရှူအထုတ်ကို ၃ခါလောက် မြန်မြန်လုပ်လိုက်တယ်။ ချောတဲ့သူတွေနဲ့ နီးနီးကပ်ကပ်နေရတဲ့ ခံစားချက်ကြီးက အရမ်း၊ အရမ်းကို high လွန်းတယ်။

““ ငါ.. အစ်မ.. ညီမ.. အာလား.. အသက်ဘယ်လောက်ရှိပြီလဲဟင် ””

ဘယ်လိုပြောရမလဲလို့ အားယူကာ မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်ပေမယ့် သူ့ရဲ့တစ်ခုတည်းသော အဖြေစကားဟာ ဘောက်ဆက်ဆက်နဲ့။ ကောနဲ့ တကယ်ကြီး လိုက်ဖက်လိုက်တာဟ။

““ ဖြေခိုင်းတိုင်း ဖြေစရာလား။ ””

ဟီးဟီး။ စိတ်ထဲကနေ ကြိတ်ရယ်လိုက်တယ်။ သူစကားပြောတာလေးက တစ်မျိုးလေးပဲ။

““ ဘယ်လိုခေါ်ရမှန်း မသိသလို ဘယ်လိုပြောရမှန်းလည်း မသိလို့ပါဆို ””

““ မင်းအသက်ပြော ””

သူရဲ့ အသံက သြရှရှလေးနဲ့ကိုမှ လူကိုငြို့ယူနိုင်တယ်။ ထပ်ခါ ထပ်ခါ နားထောင်ချင်လာအောင် ဆွဲဆောင်တယ်။ မသိဘူး။ ကောနဲ့လိုက်ဖက်တယ်။ ကောအသံက ချိုချိုကြည်ကြည်ကလေးကိုမှ အေးအေးချမ်းချမ်းလေး။ ကောရဲ့အသံဟာ ချော့ကလက်အတုဆို၊ သူ့ရဲ့အသံဟာ ချောကလက်အစစ်။ ချော့ကလက်အစစ်က ခါးတားတားလေးလို့ မသုံးပဲ သြရှရှလေးလို့ သုံးကြည့်လိုက်။

““ ၂၈ရှိပြီ။ ””

သူ့မျက်ခုံးတွေ တစ်ချက် တွန့်ချိုးသွားတယ်။ နောက်ပြီး မျက်ခုံးနက်နက်လေးဟာ တစ်ချက်ပင့်တက်သွားတယ်။ လခြမ်းကွေးပုံစံ မျက်လုံးမှေးမှေးလေးတွေဟာလည်း ဖြေးဖြေးလေး ဝိုင်းစက်သွားတယ်။ ဟယ်သာ့မျက်နှာမှာတော့ သူဆိုင်ထဲစဝင်လာကထဲက ပြုံးထားတဲ့ အပြုံးကြီးက အခုထက်ထိ ရှိနေဆဲ။ တမင်တကာ ရှိနေတာမဟုတ်ပဲ ဘယ်လိုမှ အပြုံးကို အောက်ပြန်ချလို့ မရတော့တာဆို ပိုမှန်မယ်။

““ ဖိုင်း.. ကိုယ်မင်းထက် အသက်ကြီးတယ်။ ကိုယ့်အသက် ၂၉။ ””

လက်ဝါးအချင်းချင်း ခပ်ပြင်းပြင်းရိုက်ခပ်သံက ဟယ်သာတို့ဝိုင်းကနေ အကျယ်ကြီး ထွက်ပေါ်လာတာမို့ အခြားဝိုင်းက အတွဲလေးတွေက ဟယ်သာတို့ကို လှည့်ကြည့်လာတယ်။ ဟယ်သာက မျက်စောင်းအကြီးကြီး ထိုးပေးလိုက်တယ်။ ဒါနဲ့ ၂၉ဆိုတော့ ကောနဲ့ အတူတူပဲပေါ့။ ဒါဆို နှစ်ယောက်လုံးက အပြိုင်နုနေကြမှာကိုပါ တစ်ခါထဲ မြင်ယောင်မိသွားတယ်။ ဟင်.. ဒါဆို ဟယ်သာက အိုနေတာပေါ့။

““ နောက် ၅မိနစ်ပဲ အချိန်ပေးနိုင်မယ်။ ဘာမှမစားရသေးဘူး။ ကြောင်နှင့်ကြွက်လည်း ကြည့်ရဦးမယ်။ မင်းမြန်မြန်ပြောပါ။ ပြောစရာရှိတာ။ ””

ကြောင်နှင့်ကြွက်ဆိုတဲ့ နေရာမှာ တကယ်ကြီးပြောနေတာလားဆိုပြီး နောက်တစ်ခါ မျက်နှာလေးကို ပြန်မော့ကြည့်မိတော့ သူက အတည်ကြီးကို ပြောနေတာတွေ့ရတယ်။ တကယ် ကလေးလေးကျနေအောင် အူယားစရာ ကောင်လေး၊ ၁နှစ်ကြီးတဲ့ အစ်ကိုပဲ။ အားးး ကောနဲ့ဆို သူက ကလေးလေးပဲ နေမယ်။ မျက်နှာပိုးကို အတက်နိုင်ဆုံး အရင် သပ်ရတယ်။ စိတ်ထဲမှာ တွေးစရာရှိတာလည်း တွေးပြီး စကားပြောစရာရှိတာလည်း ပြောရမယ်။ သူကစိတ်မှ မရှည်တာလေနော်။ တွေးချည်းပဲ တွေးနေလို့ ဘယ်ဖြစ်မလဲ။

““ ဟင် ဒါတွေမစားဘူးလား။ ””

ကိတ်ကို လက်ညိုးထိုးရင်း မေးမိတော့ သူက စိတ်မရှည်သလို အသံနဲ့ ချက်ချင်းတန်းဖြေတယ်။

““ ကိုယ် ကော်ဖီမသောက်ဘူး။ ””

““ ကိတ်စားလေ။ ””

““ စကားများတယ်။ ၂မိနစ်ရှိသွားပြီ။ ””

ဟာ.. အရမ်းမြန်လွန်းတယ်လေ။

““ အစ်ကိုကလည်း ””

““ မြန်မြန်ပြောလို့ ပြောနေတယ်လေ။ ထားတော့။ ကိုယ်ပဲ မေးတော့မယ်။ ””

ခေါင်းကို အရှေ့တိုးလာပြီး စားပွဲပေါ်ကို လက်ညိုးလေးတွေနဲ့ တတောက်တောက်ခေါက်တယ်။ နောက်.. ရီဝေနေတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လာတယ်။ နောက်ပြီး နှုတ်ခမ်းတစ်ချက် တွန့်လို့ ထပ်ပြုံးပြန်တယ်။ ဟယ်သာ တစ်ခုကို စိတ်ထဲက အကျယ်ကြီး အော်မိသွားတယ်။ အစ်ကိုဟာ ချစ်စရာဝက်ပေါက်လေး !! ပြီးတော့ သူက အရမ်း၊ အရမ်း မိုက်လွန်းအားကြီးနေတယ်။ ကောနဲ့ အတူတူတွဲမြင်ချင်စိတ်တွေကလည်း ကိုယ်တွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတယ်။

““ ရှောင်းကျန့်နဲ့ ဘယ်လိုပတ်သတ်လဲ။ ””

““ ဟင် ””

ထင်မှတ်မထားတဲ့ နာမည်နဲ့ ထင်မှတ်မထားတဲ့ အမေးဝါကျတစ်ခုကို ကြားလိုက်ရတဲ့ အချိန်မှာ လက်ဖျားလေးတွေ တစ်ချက် အေးစက်သွားသလို ခံစားရတယ်။ မျက်တောင်ဖျားတွေ တဖျက်ဖျက်ခပ်ကုန်တယ်။ လက်ချောင်းလေးတွေ ကွေးချီ၊ ဆန့်ချီ ဖြစ်ကုန်တယ်။ ဒါဟာ ဝမ်းနည်းဖို့ကောင်းတယ်။ ခုနကမသိသာပေမယ့် အခုသူ့ဆီက ကောနာမည်ကို ကြားလိုက်ရတဲ့အချိန် ဝမ်းနည်းစိတ်က လှိုက်ခနဲ တက်လာတယ်။ ဟယ်သာ့မျက်နှာ တစ်ချက်ပျက်သွားတာကို သူကကြည့်ပြီး သူ့မျက်ဝန်းတွေပါ ချက်ချင်း မှိုင်းကျကုန်တယ်။ နောက်ပြီး သူ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးဟာ တင်းခနဲ ဖြစ်သွားတယ်။ ဟယ်သာ့ခေါင်းထဲမှာ ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတစ်ချို့ တရိပ်ရိပ်နဲ့ ပိတ်ကားတစ်ခုပေါ်မှာ ပေါ်နေသလို တရစပ်ပေါ်လာရတယ်။

သူ ဟယ်သာ့ကို ကောနဲ့ တစ်မျိုးထင်နေတာတော့ မဟုတ်ပါဘူးနော်။ ex လို့ ဘာလို့၊ ညာတို့။ ဟယ်သာ့ မျက်ဝန်းတွေ ပြူးကျယ်ကုန်ပြီး အမြန်ဖြေရှင်းချက် ပေးဖို့ပြင်တယ်။ အဲ့လိုထင်သွားလို့ တကယ်မဖြစ်ဘူးနော်။ ဟယ်သာ သူ့ဆီက ကြည့်မရတာလေးတောင် သေးသေးလေးမခံချင်ဘူး။

““ ကောနဲ့က ex- ””

“မဟုတ်ပါဘူး” ဆိုတဲ့ စကားကို စိတ်ထဲကနေပဲ ပြောလိုက်ရတယ်။

““ ကိုယ်သိပြီ။ အချိန်ပြည့်ပြီ။ ကိုယ်သွားပြီ။ ””

ဟယ်သာ အလန့်တကြား ထရပ်မိတဲ့အချိန် သူက ဆိုင်ပြင်ကို ထွက်သွားပြီ။ ဟယ်သာ ပေါင်မုန့်အိတ်ကို လည်ပင်းကနေ မြန်မြန် လွယ်လိုက်ပြီး အနောက်က အပြေးလိုက်ပါတော့တယ်။ နိုက်တူမီးယူ၊ Sefile၊ လက်မှတ်၊ တစ်ခါလောက်ဖက်တာ။ ဟားး ဖလုတ်ကုန်လို့ မဖြစ်ဘူးလေ။ ပြီးတော့ အထင်လွဲသွားလို့လည်း မရဘူးလေ။

...........*...........

ပြောတယ်။ ပြောတယ်။ ကျန့်ကောက အဲ့လို ချစ်ဖို့ကောင်းတဲ့ သူတွေကိုပဲ ကြိုက်တာ။ သေးသေးလေးတွေကိုပဲ ကြိုက်တာ။ ပြီးတော့ ကျန့်ကောက သူနဲ့ရုပ်ချင်း ဆင်တဲ့သူတွေကိုပဲ ကြိုက်တာ။ အဲ့ဒီ အသက်၂၈ က ၂၈က ကျန့်ကော ex ကြီး။ ကျန့်ကောရဲ့ ရုံးခန်းထဲမှာ တွေ့ခဲ့ရတဲ့ မျက်နှာကြီးကို သူက အစထဲက မှတ်မိတယ်။ ကျန့်ကောက ex နဲ့။ ex နဲ့။ သူနဲ့ ကလေးလေးကို အဖက်မလုပ်တာ အဲ့ဒီ ex ကြောင့်။ အဲ့ဒီ ex ကြောင့်။ ပြီးတော့၊ ပြီးတော့ ကျန့်ကော ex က အရမ်းပုတာပဲ။ ကျန့်ကောက အပုတွေကိုပဲ ကြိုက်တာဆို သူက လိုက်ပြီး ပုပေးရတော့မှာလား။ ဒါပေမယ့် ကျေနပ်စရာအကြီးကြီး တစ်ခု ရှိခဲ့တယ်။ အသက်၂၈နှစ်က သူ့ကို အစ်ကိုလို့ခေါ်တယ်။ အစ်ကို၊ ညီမတဲ့။ အဲ့လို၊ အဲ့လို ကိုယ့်ကိုယ်ကို ၂၉နှစ်ဆိုပြီး ကျန့်ကောနဲ့ အသက် ခဏလောက် couple goal လိုက်ရတာ ဘယ်လိုလေးမှန်းလည်း မသိပါဘူး။

မှန်တံခါးကို တွန်းဖွင့်ပြီး ကားရှိရာကို လျှောက်လာတဲ့အချိန်မှာ မြင်မြင်သမျှတွေအကုန် အမဲရောင်တွေ ဖြစ်နေပါတယ်ဆိုမှ သူ့ရဲ့ ခါးကို ရစ်သိုင်းလာတဲ့ လက်တွေကြောင့် မျက်မှောင်ကြုတ်မိသွားတယ်။ ပြီးတော့ ခုနကမှ ကြားလာခဲ့ရတဲ့ အသံတစ်ချက်က နားထဲကို စူးစူးရဲရဲကို ထိုးဝင်လာတယ်။ ဘာကြီးလဲ။ ဘာကြီးလဲ။

““ လုပ်ပါဦး။ လုပ်ပါဦး။ အနောက်မှာ လူဆိုးတစ်ကောင်လိုက်လာလို့။ ””

လက်တွေကို ဆွဲဖြုတ်လိုက်ရင်း အနောက်ကို လှည့်ကြည့်တော့ ၂၈ နဲ့ သူမရဲ့ အနောက်မှာတော့ အူကြောင်ကြားပုံစံနဲ့ မျက်မှန်ဝိုင်းတပ်ထားပြီး စာအုပ်တွေကို လက်နဲ့ပိုက်ထားတဲ့ ကောင်လေးတစ်ယောက်။ ဘာတွေမှန်းလည်း မသိဘူး၊ ကလေးလေးရယ်။ မင်းပါပါး စိတ်ရှုပ်လာပြီ။ ကလေးလေးက ဗိုက်ဆာနေပါတယ်ဆိုမှ။ ဗိုက်ဆာနေပါတယ်ဆိုမှ။ ၂၈ ကလည်း ဆိုးတယ်။ နို့ကျမှာပေးမထားဘူး။ ice coffee တဲ့။ ကျန့်ကောက ကော်ဖီ မသောက်ခိုင်းထားတာကို။ ချော့ကလက်ကိတ်ကလည်း ကျန့်ကောရဲ့ ဟိုးတစ်နေ့ညက "ဝမ်ရိပေါ်။ ချောင်းဆိုးတာတွေ မစားနဲ့" ဆိုလို့ သူက စကားနားထောင်နေတဲ့ဟာကို။ အခုကျ ကျန့်ကော ex ပိုက်ဆံတွေကို ဘာတစ်ခုမှ အရည်ဖျော်မပစ်ခဲ့ရဘူး။ အဲ့ဆိုင်ရဲ့ ice coffee တစ်ခွက်က ဒေါ်လာနဲ့ချီပေးရတာ သူသိတယ်။ အရင်တုန်းကလိုသာဆို အများကြီး၊ အများကြီးကို သောက်ပစ်ပြီး ကျန့်ကော ex ကို ရှင်းခိုင်းမှာ။ အခု ဘာမှ မလုပ်ခဲ့ရဘဲ သူက အလကားသက်သက် ကျန့်ကောထင်ပြီး အပြင်ထွက်ခဲ့မိတာ မှားတယ်။ အကြီးကြီးကို မှားသွားပါတယ်။

““ အဲ့ကောင်က ဂျပန်ကနေ ဒီအထိ ညီမနောက်လိုက်လာတာ သိလား။ ချီးလိုပဲ အစ်ကိုရဲ့။ ””

သူ့ရဲ့ ကုတ်ကို တစ်ချက်ဆွဲပြီး မျက်လုံးပြူးပြူးနဲ့ မေးလာတယ်။ ကျန့်ကော ex က တကယ်ကြီး ချစ်ဖို့ကောင်းတာမလို့ ကျန့်ကောက သူ့ကို မကြိုက်တာပေါ့နော်။ ဒါပေမယ့် အရပ်က အရမ်း ပုတယ်။ သူ့ပုခုံးလောက်သာရှိပါတယ်။ ကျန့်ကောက ဂျပုတွေကိုပဲ ပေါင်းတာဆိုပြီး နှိမ်ဦးမှာ လို့ ရုတ်တရက်တွေးမိသွားတော့ နှုတ်ခမ်းက သူ့အလိုလို ပြုံးမိသွားတယ်။ မှားလို့။ မှားလို့။ ကလေးလေးအလို၊ ကလေးလေးအလို။

““ မင်း ကိုယ့်လက်ကိုလွှတ်။ ကိုယ်သွားချင်နေပြီ။ ””

ဆောင့်လဲမတွန်းချင်ပါဘူး။ အနိုင်ကျင့်သလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ အဲ့တာ ကျန့်ကော ex လေ။ ဆောင့်တွန်းလိုက်လို့ တစ်ခုခုဖြစ်သွားပြီး ကျန့်ကောက သူ့ကိုပိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ။

““ ညီမကို တစ်ခုခုတောင်းဆို။ လုပ် လုပ် အစ်ကို။ အစ်ကို မလုပ်လို့လည်း မရတော့ဘူး။ သူ့ကိုညီမ တံခါးနားမှာ အဲ့တာငါ့ကောင်လေးဆိုပြီး ပြောလိုက်ပြီးပြီ။ ””

““ ဘာ.. ဘာ.. ဘာ မင်းယုတ်မာတယ်။ ””

၂၈ တော်တော်လွန်သွားပြီ။ ဆွဲထိုးလိုက်ရတော့မလား။

““ ဟဲဟဲ အဲ့တော့ အစ်ကို တစ်ခုခုတောင်းဆိုပြီးရင် ညီမရဲ့ ကောင်လေး ခဏလုပ်။ ””

““ မလိုဘူး။ ဖယ် ””

စိတ်ရှုပ်လွန်းအားကြီးလာတာကြောင့် တင်းတင်းကိုင်ထားတဲ့ လက်ကိုဆွဲဖယ်ပြီး ကျောခိုင်းလိုက်တဲ့အချိန် ထွက်လာတဲ့ သူမရဲ့ စကားတစ်ခွန်း။

““ ကောအကြောင်းတွေ ပြောပြမယ်လေ။ ””

...........*...........

ငြိမ်ကျသွားတဲ့ ကျောပြင်ကျယ်ဟာ ဖြေးဖြေးချင်း ဟယ်သာ့ဘက်ပြန်လှည့်လာတယ်။ လေအဝေ့မှာရလိုက်ရတဲ့ ကိုယ်သင်းနံ့က နို့နံ့မွှေးမွှေးလေး။ ဟယ်သာနောက်က အူကြောင်ကြားကလည်း ဟယ်သာတို့အနား လျှောက်လာတာကို အသာလေး ခိုးကြည့်နေတဲ့ ဟယ်သာက မြင်လိုက်ပါတယ်။

““ ဟယ်သာ့ အစ်ကို ထင်တယ်။ ””

အူကြောင်ကြားကောင်ကို သူက တစ်ချက်ကြည့်တယ်။ နောက်ပြီး ဟယ်သာ့ကိုပြန်ကြည့်ပြီး ကိုယ်ကို ကိုင်းချကာ နှုတ်ခမ်းလှုပ်ရုံ တိုးတိုးလေး မေးတယ်။

““ မင်းခုနက တကယ်ပြောတာလား။ ””

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြလိုက်တော့ သူက မျက်မှောင်ကုတ်ရင်း နှုတ်ခမ်းလေး ထော်ထွက်လာကာ ထပ်မေးလာတယ်။ ဟိ.. ဝက်ပေါက်လေးနဲ့တူလိုက်တာ။

““ သူ့ကို ဘာလုပ်ရမှာလဲ။ ””

““ သူကညီမကို လိုက်နေတာ။ ””

““ အော့်.. ””

သူက ဘယ်လိုထင်သွားလည်းတော့ ဟယ်သာမသိပေမယ့် သူက လှောင်သလိုလို တစ်ချက်ပြုံးတယ်။ ပြီးတော့ အသံမထွက်ပဲ တစ်ချက်ရယ်တယ်။ သွားသေးသေးလေးတွေက ထင်းခနဲပေါ်လာပြန်တယ်။ ဟယ်သာက ဟောင်ရွိုက်လို့ စိတ်ထဲက ပြောနေတုန်းမှာပဲ ဟယ်သာ့ခါးဟာ တင်းတင်းကျပ်ကျပ် ဆွဲ အဖက်ခံလိုက်ရတယ်။ နောက်ပြီး သူနဲ့ ရင်ဘတ်ချင်း ကပ်သွားပါတယ်။ ရုတ်တရက်မလို့ ဟယ်သာတော်တော်လန့်သွားတယ်။ ဟယ်သာ့ရဲ့ လက်တွေကို သူက ဆက်ခနဲ ဆွဲယူကာ သူ့လည်တိုင်မှာ ချိတ်ပစ်တယ်။ ဟယ်သာ့မျက်လုံးဝိုင်းဝိုင်းတွေ ပြူးကျယ်ကုန်တယ်။ နောက်.. ဟယ်သာ့မျက်နှာနားတိုးကပ်လာပြီး မျက်နှာကို လေနဲ့ တစ်ချက် မှုတ်လိုက်တာကြောင့် မျက်ဝန်းတွေကို မှိတ်မိသွားတယ်။ ဒါ.. ဒါက Idol နဲ့ အနီးကပ်ဆုံး အနီးကပ်ဆုံး။ ဝက်ပေါက်လေးနဲ့ အနီးကပ်ဆုံး အနေအထား။

ငြိမ်သက်သွားတဲ့ အခြေအနေကြောင့် ဟယ်သာ မျက်ဝန်းတွေကို အသာဖွင့်ကြည့်တော့ သူ့ရဲ့ နှုတ်ခမ်းဖူးဖူးမှာ မဲ့ပြုံးတစ်ခုရယ်၊ အူမြူးနေသလို မျက်နှာထားရယ်၊ ရယ်ချင်တာကို အောင့်အီးပြီး အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်နေတဲ့ ဟန်ပန်တွေကြောင့် ယောင်ယောင်လေး ပြုံးမိတယ်။ ဒါက တကယ် သိပ်တော်တာပဲ။

လန်ကျနေတဲ့ ဟယ်သာ့ကိုယ်ကို ခါးကနေပြန်မက်ပေးတယ်။ လန့်လွန်းလို့ အသက်တစ်ချက် ပြင်းပြင်းရှူနေမိတုန်းမှာပဲ ဟယ်သာ့ကို ခေါင်းကနေပိတ်ဆွဲကာ ရင်ခွင်ထဲ ဆက်ခနဲ ထိုးထည့်တယ်။ ကောလိုပဲ။ ဒီရင်ခွင်က တကယ်ပဲ နွေးထွေးပြီး ဟယ်သာ့ကို အနိုင်ကျင့်မယ့် လူ မဟုတ်ဘူးဆိုတာကိုပါ တန်းခံစားလိုက်ရပါတယ်။ ဒါနဲ့လေ.. သူ့ဗိုက်မှာ အဆီတွေ ရှိနေသလားလို့။ ဟယ်သာဖက်ထားရတာ နဲနဲလေး ခုသလိုလို ဖြစ်နေတယ်။ ထားပါ။ ရင်းနှီးသွားတဲ့နေ့ကျ ဗိုက်အဆီကျတဲ့ဆေးတွေ အများကြီး ပို့ပေးရမယ်။ ဒါပေါ့။ ဒါပေါ့။ အသက်၂၉ဆိုတော့လေနော်။

““ မင်း... လာ.. လာလေ ””

ဟယ်သာ့ကို ငူငူကလေး စာအုပ်တွေပိုက်လို့ ရပ်ကြည့်နေတဲ့ အူကြောင်ကြားကောင်ကို သူက လက်ချောင်းလေးတွေ ရှေ့တိုး၊ နောက်ဆုတ် လုပ်ပြီး လှမ်း ခေါ်တယ်။ ဒီပုံစံကို ဟယ်သာ မမြင်လိုက်ပေမယ့် တကယ်ကို မိုက်ထွက်နေမယ်လို့ စိတ်ထဲက အတိအလင်း သိနေပါတယ်။

““ ကျွန်တော်... ကျွန်..တော် ယုံ..ယုံပြီနော်။ ””

အူကြောင်ကြားကောင် ပြေးထွက်သွားတာကို သူကတဆုံးထိ ကြည့်တယ်။ နောက် ဟယ်သာ့ကို ပုခုံးကနေ ကိုင်ပြီး ရင်ခွင်ထဲက ဆွဲထုတ်တယ်။ တွန့်ကျေသွားခြင်းမရှိတဲ့ ကုတ်ကို သူက တစ်ချက်သပ်တယ်။ ပြီးတော့ ဟယ်သာ့မျက်နှာကို တစ်ချက်ကြည့်တယ်။ ကျစ်။ အူကြောင်ကြားကောင် ရောက်လာပြီး အခြေအနေတွေက ဒီလိုတွေ ဖြစ်သွားမယ်မှန်းသိရင် ကင်မရာမန်းကို ခေါ်ခဲ့ပါတယ်။ ဒါမှ ခုနက ပုံရိပ်လေးတွေကို album ထဲထည့်လို့ရမှာလေ။ ပေါ့ဆမိလို့ ရင်နာတယ်။

““ မင်းကောင်ထွက်သွားပြီ။ ကိုယ်သွားပြီ။ ””

““ ဟင်.. ကောအကြောင်း ပြောပြရဦးမယ်လေ။ ””

““ ကိုယ်မေးတာတွေကို message ပဲပို့ပေးလို့ရတယ်မလား။ ””

““ ရတယ်လေ။ ””

ဟာ.. ဒါဆို သူနဲ့ ထပ်ပြီး အဆက်အသွယ်တွေ ရဦးမှာပေါ့။ ဟောင်ရွိုက်။ နောက်တစ်ခေါက်တွေ့ရင် ကင်မရာမန်းကို တိတ်တိတ်လေး ခိုးခေါ်လာရမယ်။

““ အိုကေ ””

ပြောပြီးပြီးချင်း ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတဲ့ ကျောပြင်အညိုဖျော့လေးကို ကြည့်ရင်း ရင်ဘတ်ထဲမှာ တစ်ခုခုကျန်ခဲ့သလို ခံစားလိုက်ရပါတယ်။ သူ့အသားကို ခဏလောက် ထိလိုက်ရတာတောင် ဒီလောက် ဓာတ်လိုက်သလို ခံစားရတာ ကောသာဆို ဘယ်လိုနေမလဲ။

““ ဟာ.. ဓာတ်ပုံ၊ လက်မှတ် ဘာတစ်ခုမှ မရလိုက်ဘူးဟ။ ””

““ ပြီးတော့ ခုနက အကြောင်းတွေ။ ငါက ကောသူငယ်ချင်းပါဆိုတာလည်း မပြောလိုက်ရပြန်ဘူး။ ””

““ ချီး အူကြောင်ကြားကောင်။ ””

““ ဟိုက်ရားး ကင်မရာမန်းလေးရေလို့ ””

ခေါင်းကို ဆွဲကုတ်ပြီး ဆံပင်တွေကို ဆောင့်ဆွဲမိသွားတယ်။ အဲ့တာပြောဖို့ အပြင်ကိုလိုက်လာပေမယ့် အဲ့ဒီ အူကြောင်ကြားကောင်ကြောင့် အိမ်မက်ကလေးတွေ ဖလုတ်ကုန်ပြီပေါ့။ အစုတ်ပလုတ် အူကြောင်ကြားကောင်။ ဟယ်သာ နှုတ်ခမ်းကြီးဆူပြီး အလိုမကျကြောင်းတွေကို ကော်ဖီဆိုင်ရှေ့က လမ်းကျဉ်းလေးထဲမှာ တစ်ယောက်ထဲ ရေရွတ်နေမိပါတော့တယ်။

__________

11.7.2021 (Sunday)
_______________

Continue Reading

You'll Also Like

8.6K 1.8K 16
Another rom-com story of sunghoon and sunoo. #SUNSUN #WRITTENINBURMESE #ENHYPEN
144K 16.1K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
111K 13.2K 21
[ B J Y X ] " Why does my heart go pit - a - pat whenever I see that idiot??" This is my 4th work.I give the full credit to the original owner for th...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...