(Unicode)
တုန်လှုပ်သည်၊ ကြောက်ရွံ့သည်။ မိမိအား မသတီသလိုကြည့်နေသော မျက်ဝန်းတွေအား အမြန်လွှဲမိကာ ထိုအကြည့်တွေကို မခံစားနိုင်တော့။ ထိုအကြည့်တွေအောက် သူသည်အကြိမ်ကြိမ်ကျရှုံးရသလို ထိုအကြည့်တွေ ၏ စူးရှဒဏ်ကလည်း သူ့နှလုံးသားအား အကြိမ်ကြိမ် ထိုးဆွနေသည်။ ပတ်ဝန်းကျင်က မိုးတို့အားလည်း သူမနှစ်သက်နိုင်တော့ပါ။ ရွံ့ဗွက်တို့ကြားမှ သူကြိုက်သည့် မြေသင်းနံ့ လှိုင်လှိုင်ထနေသော်လည်း သူမပျော်နိုင်တော့ပါ။ သူသိသည်က.... ။
ငါမင်းအနားမှာ နေချင်သေးတယ်။
သူ့ရှေ့မှ မောင်သည် ခပ်ဟဟရယ်သွမ်းလိုက်ကာ...
" ဟုတ်နေတာပဲနော်... ငါအရင်ထဲက သံသယဝင်ခဲ့တာ။ မင်းဖြစ်နေတာပဲကို မင်းရသရဲ့။ ''
" ငါက...''
" ဟား... တကယ်ပဲနော်။ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီကိုတောင် ယူပြီး ငါ့အနားကိုလာဖို့ကြိုးစားနေတာပဲ...''
". . . "
ပြန်ပြောဖို့တောင် မဝံ့ရဲအောင် စကားလုံးများက မင်းရသအားသတ်သည်။ မောင်သည် သူ့အားထိုသို့ပင် ထင်နေသလား? ဟုတ်တော့လည်း ဟုတ်တာပါပဲနော် ငါက...။ နှုတ်ခမ်းထောင့်စွန်းမှ အနည်းငယ်ကော့တက်သွားအောင် ပြုံးလိုက်မိသည်။ တစ်ကိုယ်လုံး စိုရွှဲနေသော်လည်း သူ့ပါးပြင်ထက်တွင်တော့ မျက်ရည်ပူပူတို့နှင့်အတူ မိုးရေစက်တို့က ရောထွေးစိုစွတ်နေသည်။ ရသ ဘယ်လိုလုပ်ရတော့မလဲ။ အခုချိန်မှာ မောင်ကဘယ်လိုလုပ်ရောက်လာတာလဲ။
" ဘာလို့များ မင်းငါ့ကိုဒီလောက်တောင် ကပ်ဖို့ကြိုးစားနေရတာလဲ မင်းရသ''
ထိုမေးခွန်းကို ရသမဆိုင်းမတွစွာ ဖြေမိသည်။
"ငါမင်းကိုချစ်လို့ မောင်''
ထိုအခါချစ်ရသူက ဘေးတစ်ဖက်သို့မျက်နှာကိုလှည့်လိုက်သည်။ ငါ့မျက်နှာကိုတောင် မင်းမမြင်ချင်တာလား။
" ငါမင်းကိုပြောခဲ့ပြီးပြီပဲ။ မင်းကိုလုံးဝမချစ်နိုင်ဘူး...။ ငါယောက်ျားတွေကို စိတ်လည်းမဝင်စားဘူး၊ချစ်လည်းမချစ်နိုင်ဘူး။ အထူးသဖြင့် မင်းပေါ့ မင်းရသ။ ''
" ငါ့အချစ်က မှားနေလို့လား''
" မှားတယ်...အကြီးကြီးမှားတယ်။ ငါ့ကိုချစ်နေတာကိုက မှားတယ်။ ငါမင်းကို မချစ်နိုင်ဘူး...ယောက်ျားအချင်းချင်းကြိုက်တဲ့ homoတွေကို ငါသဘောမကျဘူး''
မင်းရသသည် မောင့်စကားကြောင့် ရယ်သွမ်းမိလိုက်သည်။
"ငါက gay မဟုတ်ဘူး။အမှား...ဟုတ်တယ်။ အဲ့ဒီအမှားက မင်းကိုချစ်မိတာ...။ပြီးတော့ မင်းကိုချစ်မိလို့ ငါ့ကို homo လို့ gay လို့လည်းခေါ်ချင်ခေါ်ပေါ့။ဒါပေမယ့်ငါ့အချစ်ကိုတော့ မင်းမစော်ကားနဲ့''
နှိုင်းခစေတန်ရဲ့ ပါးစပ်ကနေ စကားတစ်ခွန်းပြောဖို့ ကြံနေတုန်းမှာပဲ အိမ်ထဲကနေ ပြေးထွက်လာပြီး ဒေါ်ဒေါ်က ထီးတစ်ချောင်းကိုင်ကာ သူတို့နားလျှောက်လာသည်။
" ဟယ်တော်...ရသလေးစိုကုန်ပြီ။ ထ ထ''
သူ့ဘေးနားသို့လာကာ သူ့အားလာတွဲပါသော ဒေါ်ဒေါ်က မောင့်ကိုလည်းတစ်ချက်မျှသာကြည့်ကာ ဂရုပင်မစိုက်နိုင်။ ရသကိုသာ လက်မောင်းကနေထူရှာသည်။ဒေါ်ဒေါ့်အထူကြောင့် မင်းရသလည်း ထလိုက်ကာမောင့်ကိုသာမျက်နှာမူမိသည်။ဒေါ်ဒေါ်ကတော့...
" အိမ်ထဲဝင်နော်...မောင်ရင်။ ပန်းမေက မောင်ရင်လာမယ်ပြောထားလို့ ပြင်ထားတယ်''
ဟင်...။ နှိုင်းလာမယ်လို့ပြောထားတယ်။ အဲ့ဒါဆိုသူအဝတ်အစားလဲဖို့ မေ့သွားတာပဲ။ မေ့ဆို ရသကလည်း ဖုန်းအနားမှာ ရှိမနေသည်မဟုတ်ပါလား...အခုတော့။ဘယ်လိုများ ရှေ့ဆက်ရင်ဆိုင်ရပါ့တော့မလဲ လောကကြီးရယ်...။
ဒေါ်ဒေါ့်လက်ကိုလွှတ်လိုက်ကာ အိမ်ထဲသို့ ပြေးဝင်မိသည်။
" ရသ...''
ဒေါ်ဒေါ့်ခေါ်သံတွေအား လျစ်လျူရှု၍ မိုးရေစက်များကြားသာ ပြေးလာခဲ့မိသည်။ ခြေလှမ်းတစ်လှမ်းချင်းသည် နှလုံးသားအက်ကွဲသံများလို ခံစားရသည်။ ရွံ့ဗွက်တို့ကိုပါမကျန် ရသနင်းကျော်ခဲ့ကာ ပြေးမိသည်။ ထိုအရာတွေက တစ်ယောက်သောသူရဲ့ စကားတွေလောက် မနာကျင်စေပါ။
အခုချိန် ငါသေလိုက်ရင်ကောင်းမလား...။ ဟင့်အင်း...ငါသေလို့မဖြစ်သေးဘူး။ ဟုတ်တယ်... မင်းချစ်ချစ်မချစ်ချစ် မင်းအနားကို ငါလာရဦးမှာ။ တောင်းပန်ပါတယ်။ ဒီအပြစ်ကြွေးတွေကို ငါနောက်ဘဝမှပဲ ဆပ်ပါရစေ...။
နှိုင်းခစေတန် မိမိရှေ့မှထွက်ကာပြေးသွားသော မင်းရသအား မျက်စိတဆုံးလိုက်ကြည့်နေမိပါသည်။ မင်းဘာလို့ ဒီလိုတွေလုပ်ရတာလဲ မင်းရသ။ ငါအကြိမ်ကြိမ်ငြင်းခဲ့ပါလျက် မင်းကတော့ ငါ့အနားအကြိမ်ကြိမ်လာဖို့ ကြိုးစားနေခဲ့တယ်။ ငါဘာပြောသင့်လဲ။
ငါ့အနားကို မလာပါနဲ့။ ငါ့ကိုမုန်းလိုက်ပါ။ မေ့လိုက်ပါ။ ငါ့ပြောခဲ့တဲ့ စကားလုံးတွေကို သတိတရအောက်မေ့ပြီး ရင်ထဲမှာ တမြေ့မြေ့ နာကျင်ခံစားနေလိုက်ပြီး မုန်းလိုက်စမ်းပါ။
မင်းချစ်သလိုမျိုး ငါမင်းကိုပြန်မချစ်နိုင်လို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဒီထက်ပိုပြီး မကြိုးစားပါနဲ့...။ ငါတကယ်တောင်းပန်ပါတယ်....။
______
မြတ်ပန်းမေသည် လုပ်လက်စအလုပ်အား လက်စသတ်ကာ သံလွင်အားလွှဲခဲ့ပြီး ကားကို ကိုယ်တိုင်မောင်းကာ အိမ်သို့အမြန်ပြန်လာခဲ့လိုက်သည်။ သူမရသအား ဖုန်းဆက်တာမရ...။ ခုဏက ကိုနှိုင်းခစေတန်သည် သူမအား အိမ်သို့လာနေသည်ဆိုတာ ဖုန်းဆက်သည်။ ရသအားဆက်မရ၍ ဒေါ်ကြီးဆီသို့သာ လှမ်းအကြောင်းကြားလိုက်သည်။ အခုချိန် ဘာတွေဖြစ်နေပြီလဲ...။ ရသကို သူ မမြင်ပါစေနဲ့...။
သူမခြံထဲဝင်လာတော့ မိုးကတိတ်နေပြီဖြစ်သည်။ကိုနှိုင်းခ၏ ကားကိုတွေ့ရသဖြင့် ထီးပင်မဆောင်းတော့ကာ အိမ်ထဲသို့အမြန်ဝင်မိသည်။ ရင်ထဲတွင်လည်း စိုးထိတ်ခြင်းများစွာနှင့်အတူ...။ ဧည့်ခန်းတွင်တွေ့လိုက်ရသည်က ကိုနှိုင်းခစေတန် ...။ ပန်းမေ သူ့မျက်နှာကို အကဲခတ်၍ မရပါ။
" ကိုနှိုင်းခ...။ အိမ်လာခဲ့တယ်ဆိုလို့ ပန်းမေလာခဲ့တာ။''
နှိုင်းခစေတန်သည် သူမအားကြည့်ကာ အဓိပ္ပါယ်ဖွဲ့မရပါသော အပြုံးတစ်ခုအားဆင်မြန်းလိုက်လေသည်။
" ဒေါ်ဒေါ်က တစ်ခုခုမပြင်ထားပေးဘူးလား''
" ရပါတယ်...ပန်းမေ။ ကျွန်တော်က မပြင်ခိုင်းထားတာပါ''
" သြော်...။ ဒါနဲ့ ညီမလေး မထွက်လာသေးဘူးလားမသိဘူး။ လာရင်းက...''
" အဖေက ကျွန်တော်ကို စေ့စပ်ပွဲအတွက် အပ်ထားတဲ့ဝတ်စုံလာကြည့်ခိုင်းလို့ပါ။ဟိုးတစ်နေ့က ပန်းမေနဲ့သူသွားကြည့်တဲ့ ဝတ်စုံတွေလေ...''
" သြော်...ညီမလေးက...''
နှိုင်းခစေတန်သည် ပန်းမေအား လက်ကာပြလိုက်ကာ ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုကိုဆင်မြန်းသည်။ပန်းမေ ရင်ထဲ ဒိန်းခနဲ...ဒီအပြုံးက ဘာကိုဆိုလိုမှန်း သူမရိပ်မိပြီထင်သည်။
" စကားဖြတ်ပြောလိုက်ရလို့ ဆောရီးပါ...ပန်းမေ။ ဒါပေမယ့် ညီမလေးဆိုတာထက် ပန်းမေရဲ့ သူငယ်ချင်း မင်းရသလို့ ပြောရင်ပိုမသင့်တော်ဘူးလား''
သူ့စကားကြောင့် မြတ်ပန်းမေ တုန်လှုပ်သွားရလေသည်။ ဒါဆို နှိုင်းခစေတန်က ရသအကြောင်းသိပြီးပြီပေါ့...။အဲ့ဒါဆို ရသကို...။
"ဟက်...ပန်းမေလည်း တုန်လှုပ်သွားပုံပဲ။ ဘယ့်နှယ့်ဗျာ...ကိုယ့်သူငယ်ချင်းကို ကူညီရင်လည်း ကောင်းတာလေးကူညီပေါ့...။ သူများဘဝထဲ အတင်းတိုးဝင်စေဖို့ ကူညီစေသလား''
" ကိုနှိုင်းခ...ရသက...''
" တော်ပါတော့... ပန်းမေက ကျွန်တော့်ကို သူကျွန်တော့်ကို ဘယ်လောက်ချစ်လို့ ဒီလိုလုပ်တာလဲဆိုတာ ပြောမလို့ မလား...''
" မဟုတ်လို့လား...ကိုနှိုင်းခစေတန်။ ရသက ရှင့်ကိုချစ်လွန်းလို့ အရာအားလုံး ဒီလိုလုပ်ခဲ့ရတာ။ ရှင်သာ ရသကိုစကားလုံးတွေနဲ့ မထိုးနှက်ခဲ့ရင် ကျွန်မသူငယ်ချင်းမင်းရသက ရှင့်ကြောင့် ဒီလောက်ခံစားနေရမှာ မဟုတ်ဘူး။ ''
နှိုင်းခစေတန် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း မျက်နှာကတော့ မာန်ကိုတင်းထားဆဲပါ။းသူဘယ်တော့မှ မင်းရသနဲ့ပက်သက်ပြီး ပျော့ညံ့လို့မရဘူး။
" ကျွန်တော်က သူ့ကိုစကားလုံးတွေနဲ့ ထိုးနှက်ခဲ့တာမဟုတ်ဘူး...မြတ်ပန်းမေ။ အရှိကိုအရှိအတိုင်း ကျွန်တော့်ခံစားချက်အတိုင်းပြောခဲ့တာပဲ...။ ကျွန်တော် မင်းရသကို နည်းနည်းလေးမှတောင် မချစ်နိုင်ဘူး''
" ရှင်...''
စကားပြောနေသောသူနှစ်ယောက်လုံးမသိသည်က လှေကားရင်းအကွယ်မှာ နားထောင်နေပါသော ရသရှိသည်ဆိုတာပင်...။
ငါ့ကိုနည်းနည်းလေးမှတောင် မချစ်နိုင်ဘူးတဲ့လား။ မခြောက်သေးသော မျက်ရည်တို့အပေါ်သို့ နောက်ထပ်အသစ်တဖန်ကျလာသော မျက်ရည်တို့က ထပ်မံစီးဆင်းကျလာပြန်သည်။ ဘယ်လိုလုပ်ရမလဲ...။ ငါမင်းကိုမစွန့်လွှတ်နိုင်ဘူး။ ငါ့ဘဝမှာ လက်လွှတ်ခဲ့လိုက်ရတဲ့သူတွေအများကြီး...။ အဖေ၊အမေ၊သူငယ်ချင်း... မင်းကိုတော့ ငါဖမ်းဆွဲထားတာ မမှားဘူးမလား။
ငါမင်းကိုချစ်မိခဲ့တာ မှားပါတယ်မောင်။ ဒါပေမယ့် ငါဆက်မှားနေဦးမှာပဲ။ စကတည်းက မှားနေနှင့်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို အဆုံးသတ်အထိ ငါမှားခွင့်ရှိမလား...။ မင်းခွင့်ပြုချက်မရှိဘဲ ငါဆက်မှားပါရစေ။
ချစ်ခြင်းသည် မင်းရသအားပူလောင်စေသော်လည်း သူဆက်ပြီးထိုပူလောင်မှုထဲသို့ တိုးဝင်မိပေဦးမည်...။ ပူလောင်မှုဆိုသော ချစ်ခြင်းနယ်မြေကြား လက်နှစ်ဖက်အားဆန့်ကာ မောင်ရှိရာသို့ တိုးဝင်မည်...။
မောင်နှင့် ပန်းမေ၏ အချေအတင်စကားများအား ရသနားမထောင်တော့ဘဲ အပေါ်သို့သာ ပြန်တက်သွားလိုက်ပါသည်။ မျက်ရည်တွေနဲ့အကျည်းတန်တဲ့ညတွေ၊ ရင်ထဲက ပူလောင်ခြင်းတွေနဲ့နေ့တွေ၊ တစ်ကိုယ်လုံးအင်အားချည့်နှဲ့သွားအောင် ပြုစားနိုင်ပါသော မောင့်ရဲ့စကားနာတွေကို ငါပြန်ကြားရပြီပေါ့...နောက်ဆုံးတော့။ ဝဋ်ကြွေးတို့သည် မင်းရသ၏ နှလုံးသားတစ်ခုလုံးအထိသို့ပါ လှိုက်စားသွားခဲ့လေပြီ....။
" ဒါပေမယ့် ကျွန်တော်သူနဲ့လက်ထပ်မှာပါ မြတ်ပန်းမေ...''
နှိုင်းခစေတန်အား မြတ်ပန်းမေ ကြောင်အစွာ ငေးကြည့်မိသည်။သူ ရသကိုစေ့စပ်မယ်လို့ ပြောလိုက်တာလား။ ဒါဖြင့်...
" ကျွန်တော်သူ့ကို သေသေချာချာလက်ထပ်ယူမှာပါ''
မြတ်ပန်းမေ နှိုင်းခစေတန်အား ကြည့်လိုက်ကာ...
" အဟင်း...ကိုနှိုင်းခကို ပန်းမေသဘောပေါက်သွားသလိုပဲ။ စိတ်ချပါ...ရသကိုသာ လက်ထပ်မယ်ဆိုရင် ပန်းမေရဲ့ ရှိသမျှ ဥစ္စာတွေတောင် ကိုနှိုင်းခကို လွှဲပေးနိုင်တယ်''
နှိုင်းခစေတန်လည်း သူ့ရှေ့မှ မြတ်ပန်းမေ၏စိတ်အားနားလည်လာသယောင်...။ တဆက်တည်း အရာတစ်ခုကိုပါ ခံစားသိရှိမိသည်။ ထိုအရာက သူရှေ့မှ မိန်းကလေးသည် အချစ်အား အရာအားလုံးပုံအောပေးဆပ်ခြင်းဖြင့်သာ ချစ်နေခြင်းဆိုတာကိုပင်...။
မြတ်ပန်းမေ၏ မျက်လုံးများထဲတွင် မင်းရသအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကို နှိုင်းမြင်နေရသည်။ ဘယ်လိုခံစားချက်ကြီးပါလိမ့်...။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ မင်းရသကိုလက်ကိုလက်ထပ်ရမည်။ မင်းရသနေရာမှာ အခြားတစ်ယောက်ဆိုလျှင်လည်း သူလက်ထပ်ရမည်။ အဓိက,ကသူ့အား အကြိမ်ကြိမ်တောင်းဆိုနေပါသော အဖေ့မျက်နှာ...။
မေပန်းဖြူအား လက်မထပ်နိုင်ပါဘူးဟု အကြိမ်ကြိမ်ငြင်းနေပါသော သူ့အား အဖေကလည်း အကြိမ်ကြိမ်လက်ခံပေးဖို့ တောင်းဆိုခဲ့သည်။ ယောက်ျားလေးတစ်ယောက် ဖြစ်နေရင်တောင်မှပေါ့....။
လွန်ခဲ့သော နာရီဝက်ခန့်...။
နှိုင်းခစေတန်သည် ဦးမင်းစေတန်အား ဖုန်းခေါ်လိုက်ကာ မင်းရသ၏အကြောင်းအား ပြောပြသော်လည်း....
" သားလက်ခံလိုက်ပါ''
" ဘယ်လို...အဖေ။ သူက မိန်းကလေးတစ်ယောက်လည်းမဟုတ်ဘူးနော်။ ယောက်ျားတစ်ယောက်...''
အဖေ့ဘက်မှ သက်ပြင်းချသံသဲ့သဲ့အား သူကြားမိပါသည်။ သို့သော်...
" သား မင်းရသကို လက်ထပ်လိုက်ပါ...''
" အ...အဖေ သိနေတာလား''
နှိုင်းစကားကြား အတန်ကြာအောင်မပြောပါသော အဖေ၏ တိတ်ဆိတ်ခြင်းက ဝန်ခံနေသလိုပင်...။
" ဟုတ်တယ်...အဖေသိပြီးသား။ အဖေ့ကို မြတ်ပန်းမေက အကုန်ဖွင့်ပြောပြီးသားပါ။ အဖေ မင်းရသနဲ့ သားကို လက်ထပ်ပေးမယ်...''
" အဖေဗျာ...''
နှိုင်းခစေတန်သည် ထိုသို့သာ ညည်းမိပြီး အဖေ့အား ဘာမှပင်ဆက်မပြောချင်တော့ပါ။
" အဲ့ဒီတော့ လာမယ့်စေ့စပ်ပွဲပြီးရင် သားနဲ့မင်းရသ လက်ထပ်ရမယ်။ အဖေ့စကားကို မငြင်းပါနဲ့ သား။ အဖေသားကိုတောင်းဆိုဖူးတာ ဒီတစ်ခုလေးပဲ ရှိမှန်းသားသိပါတယ်။ ''
အဖေ့စကားသည် နောက်ထပ်လာမည့်သူ့စကားတို့အား ပိတ်လိုက်သယောင်...။ နှိုင်းခစေတန်သည် ချသွားသော ဖုန်းလေးကိုကြည့်ရင်း အပေါ်ထပ်ကိုပါ ငေးကြည့်မိသည်။
ငါမင်းနဲ့ လက်ထပ်ရမှာလား...မင်းရသ။
___
" အဲ့ဒီတော့ ဒီနေ့တော့ ကျွန်တော်တို့မပြောဖြစ်တော့ဘူး ထင်တယ်။ မနက်ဖြန်ကျရင်တော့ လက်ထပ်ပွဲဝတ်စုံကိစ္စအတွက် မင်းရသဆီ ကျွန်တော်ဆက်ဆက်လာပါ့မယ်...ခွင့်ပြုပါဦး ပန်းမေ''
လှည့်ထွက်သွားသော သူ၏ကျောပြင်အား ကြည့်ပြီး ပန်းမေလည်း မျက်ရည်အနည်းငယ်ဝဲမိသည်။နောက်ဆုံးတော့...သူဆုံးဖြတ်ပြီးပြီ ရသရဲ့...။ ငါနင့်ကို တကယ်ဆုံးရှုံးရတော့မှာ...။
တချို့သောအချစ်တို့သည် တစ်ဖက်သတ်နှင့်ပင် အေးမြသောအသွင်ကို ဆောင်သော်လည်းပဲ အပူလှိုင်းဆိုသည်မှာ ရှိသေးသည်ပဲမလို့ သူမငိုပါရစေ...။
TBC.
Thank you all.
(Zawgyi)
တုန္လႈပ္သည္၊ ေၾကာက္႐ြံ႕သည္။ မိမိအား မသတီသလိုၾကည့္ေနေသာ မ်က္ဝန္းေတြအား အျမန္လႊဲမိကာ ထိုအၾကည့္ေတြကို မခံစားႏိုင္ေတာ့။ ထိုအၾကည့္ေတြေအာက္ သူသည္အႀကိမ္ႀကိမ္က်ရႈံးရသလို ထိုအၾကည့္ေတြ ၏ စူးရွဒဏ္ကလည္း သူ႔ႏွလုံးသားအား အႀကိမ္ႀကိမ္ ထိုးဆြေနသည္။ ပတ္ဝန္းက်င္က မိုးတို႔အားလည္း သူမႏွစ္သက္ႏိုင္ေတာ့ပါ။ ႐ြံ႕ဗြက္တို႔ၾကားမွ သူႀကိဳက္သည့္ ေျမသင္းနံ႔ လႈိင္လႈိင္ထေနေသာ္လည္း သူမေပ်ာ္ႏိုင္ေတာ့ပါ။ သူသိသည္က.... ။
ငါမင္းအနားမွာ ေနခ်င္ေသးတယ္။
သူ႔ေရွ႕မွ ေမာင္သည္ ခပ္ဟဟရယ္သြမ္းလိုက္ကာ...
" ဟုတ္ေနတာပဲေနာ္... ငါအရင္ထဲက သံသယဝင္ခဲ့တာ။ မင္းျဖစ္ေနတာပဲကို မင္းရသရဲ႕။ ''
" ငါက...''
" ဟား... တကယ္ပဲေနာ္။ မိန္းကေလးတစ္ေယာက္ရဲ႕ အကူအညီကိုေတာင္ ယူၿပီး ငါ့အနားကိုလာဖို႔ႀကိဳးစားေနတာပဲ...''
". . . "
ျပန္ေျပာဖို႔ေတာင္ မဝံ့ရဲေအာင္ စကားလုံးမ္ားက မင္းရသအားသတ္သည္။ ေမာင္သည္ သူ႔အားထိုသို႔ပင္ ထင္ေနသလား? ဟုတ္ေတာ့လည္း ဟုတ္တာပါပဲေနာ္ ငါက...။ ႏႈတ္ခမ္းေထာင့္စြန္းမွ အနည္းငယ္ေကာ့တက္သြားေအာင္ ၿပဳံးလိုက္မိသည္။ တစၠိုယႅဳံး စို႐ႊဲေနေသာ္လည္း သူ႔ပါးျပင္ထက္တြင္ေတာ့ မ်က္ရည္ပူပူတို႔ႏွင့္အတူ မိုးေရစက္တို႔က ေရာေထြးစိုစြတ္ေနသည္။ ရသ ဘယ္လိုလုပ္ရေတာ့မလဲ။ အခုခ်ိန္မွာ ေမာင္ကဘယ္လိုလုပ္ေရာက္လာတာလဲ။
" ဘာလို႔မ်ား မင္းငါ့ကိုဒီေလာက္ေတာင္ ကပ္ဖို႔ႀကိဳးစားေနရတာလဲ မင္းရသ''
ထိုေမးခြန္းကို ရသမဆိုင္းမတြစြာ ေျဖမိသည္။
"ငါမင္းကိုခ်စ္လို႔ ေမာင္''
ထိုအခါခ်စ္ရသူက ေဘးတစ္ဖက္သို႔မ်က္ႏွာကိုလွည့္လိုက္သည္။ ငါ့မ်က္ႏွာကိုေတာင္ မင္းမျမင္ခ်င္တာလား။
" ငါမင္းကိုေျပာခဲ့ၿပီးၿပီပဲ။ မင္းကိုလုံးဝမခ်စ္ႏိုင္ဘူး...။ ငါေယာက္်ားေတြကို စိတ္လည္းမဝင္စားဘူး၊ခ်စ္လည္းမခ်စ္ႏိုင္ဘူး။ အထူးသျဖင့္ မင္းေပါ့ မင္းရသ။ ''
" ငါ့အခ္စၠ မွားေနလို႔လား''
" မွားတယ္...အႀကီးႀကီးမွားတယ္။ ငါ့ကိုခ်စ္ေနတာကိုက မွားတယ္။ ငါမင္းကို မခ်စ္ႏိုင္ဘူး...ေယာက္်ားအခ်င္းခ်င္းႀကိဳက္တဲ့ homoေတြကို ငါေသဘာမက္ဘူး''
မင္းရသသည္ ေမာင့္စကားေၾကာင့္ ရယ္သြမ္းမိလိုက္သည္။
"ငါက gay မဟုတၻဴး။အမြား...ဟုတ္တယ္။ အဲ့ဒီအမြားက မင္းကိုခ်စ္မိတာ...။ၿပီးေတာ့ မင္းကိုခ်စ္မိလို႔ ငါ့ကို homo လို႔ gay လို႔လည္းေခၚခ်င္ေခၚေပါ့။ဒါေပမယ့္ငါ့အခ်စ္ကိုေတာ့ မင္းမေစာ္ကားနဲ႔''
ႏႈိင္းခေစတန္ရဲ႕ ပါးစေပၠန စကားတစ္ခြန္းေျပာဖို႔ ႀကံေနတုန္းမွာပဲ အိမ္ထဲကေန ေျပးထြက္လာၿပီး ေဒၚေဒၚက ထီးတစ္ေခ်ာင္းကိုင္ကာ သူတို႔နားေလွ်ာက္လာသည္။
" ဟယ္ေတာ္...ရသေလးစိုကုန္ၿပီ။ ထ ထ''
သူ႔ေဘးနားသို႔လာကာ သူ႔အားလာတြဲပါေသာ ေဒၚေဒၚက ေမာင့္ကိုလည္းတစ္ခ်က္မွ်သာၾကည့္ကာ ဂ႐ုပင္မစိုက္ႏိုင္။ ရသကိုသာ လက္ေမာင္းကေနထူရွာသည္။ေဒၚေဒၚ့အထူေၾကာင့္ မင္းရသလည္း ထလိုက္ကာေမာင့္ကိုသာမ်က္ႏွာမူမိသည္။ေဒၚေဒၚကေတာ့...
" အိမ္ထဲဝင္ေနာ္...ေမာင္ရင္။ ပန္းေမက ေမာင္ရင္လာမယ္ေျပာထားလို႔ ျပင္ထားတယ္''
ဟင္...။ ႏႈိင္းလာမယ္လို႔ေျပာထားတယ္။ အဲ့ဒါဆိုသူအဝတ္အစားလဲဖို႔ ေမ့သြားတာပဲ။ ေမ့ဆို ရသကလည္း ဖုန္းအနားမွာ ရွိမေနသည္မဟုတ္ပါလား...အခုေတာ့။ဘယ္လိုမ်ား ေရွ႕ဆက္ရင္ဆိုင္ရပါ့ေတာ့မလဲ ေလာကႀကီးရယ္...။
ေဒၚေဒၚ့လက္ကိုလႊတ္လိုက္ကာ အိမ္ထဲသို႔ ေျပးဝင္မိသည္။
" ရသ...''
ေဒၚေဒၚ့ေခၚသံေတြအား လ်စ္လ်ဴရႈ၍ မိုးေရစက္မ်ားၾကားသာ ေျပးလာခဲ့မိသည္။ ေျခလွမ္းတစ္လွမ္းခ်င္းသည္ ႏွလုံးသားအက္ကြဲသံမ်ားလို ခံစားရသည္။ ႐ြံ႕ဗြက္တို႔ကိုပါမက်န္ ရသနင္းေက်ာ္ခဲ့ကာ ေျပးမိသည္။ ထိုအရာေတြက တစ္ေယာက္ေသာသူရဲ႕ စကားေတြေလာက္ မနာက်င္ေစပါ။
အခုခ်ိန္ ငါေသလိုက္ရင္ေကာင္းမလား...။ ဟင့္အင္း...ငါေသလို႔မျဖစ္ေသးဘူး။ ဟုတ္တယ္... မင္းခ်စ္ခ်စ္မခ်စ္ခ်စ္ မင္းအနားကို ငါလာရဦးမြာ။ ေတာင္းပန္ပါတယ္။ ဒီအျပစ္ေႂကြးေတြကို ငါေနာက္ဘဝမွပဲ ဆပ္ပါရေစ...။
ႏႈိင္းခေစတန္ မိမိေရွ႕မွထြက္ကာေျပးသြားေသာ မင္းရသအား မ်က္စိတဆုံးလိုက္ၾကည့္ေနမိပါသည္။ မင္းဘာလို႔ ဒီလိုေတြလုပ္ရတာလဲ မင္းရသ။ ငါအႀကိမ္ႀကိမ္ျငင္းခဲ့ပါလ်က္ မင္းကေတာ့ ငါ့အနားအႀကိမ္ႀကိမ္လာဖို႔ ႀကိဳးစားေနခဲ့တယ္။ ငါဘာေျပာသင့္လဲ။
ငါ့အနားကို မလာပါနဲ႔။ ငါ့ကိုမုန္းလိုက္ပါ။ ေမ့လိုက္ပါ။ ငါ့ေျပာခဲ့တဲ့ စကားလုံးေတြကို သတိတရေအာက္ေမ့ၿပီး ရင္ထဲမွာ တေျမ့ေျမ့ နာက်င္ခံစားေနလိုက္ၿပီး မုန္းလိုက္စမ္းပါ။
မင္းခ်စ္သလိုမ်ိဳး ငါမင္းကိုျပန္မခ်စ္ႏိုင္လို႔ ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး ဒီထက္ပိုၿပီး မႀကိဳးစားပါနဲ႔...။ ငါတကယ္ေတာင္းပန္ပါတယ္....။
______
ျမတ္ပန္းေမသည္ လုပ္လက္စအလုပ္အား လကၥသတၠာ သံလြင္အားလႊဲခဲ့ၿပီး ကားကို ကိုယ္တိုင္ေမာင္းကာ အိမ္သို႔အျမန္ျပန္လာခဲ့လိုက္သည္။ သူမရသအား ဖုန္းဆက္တာမရ...။ ခုဏက ကိုႏႈိင္းခေစတန္သည္ သူမအား အိမ္သို႔လာေနသည္ဆိုတာ ဖုန္းဆက္သည္။ ရသအားဆက္မရ၍ ေဒၚႀကီးဆီသို႔သာ လွမ္းအေၾကာင္းၾကားလိုက္သည္။ အခုခ်ိန္ ဘာေတြျဖစ္ေနၿပီလဲ...။ ရသကို သူ မျမင္ပါေစနဲ႔...။
သူမၿခံထဲဝင္လာေတာ့ မိုးကတိတ္ေနၿပီျဖစ္သည္။ကိုႏႈိင္းခ၏ ကားကိုေတြ႕ရသျဖင့္ ထီးပင္မေဆာင္းေတာ့ကာ အိမ္ထဲသို႔အျမန္ဝင္မိသည္။ ရင္ထဲတြင္လည္း စိုးထိတ္ျခင္းမ်ားစြာႏွင့္အတူ...။ ဧည့္ခန္းတြင္ေတြ႕လိုက္ရသည္က ကိုႏႈိင္းခေစတန္ ...။ ပန္းေမ သူ႔မ်က္ႏွာကို အကဲခတ္၍ မရပါ။
" ကိုႏႈိင္းခ...။ အိမ္လာခဲ့တယ္ဆိုလို႔ ပန္းေမလာခဲ့တာ။''
ႏႈိင္းခေစတန္သည္ သူမအားၾကည့္ကာ အဓိပ္ပါယ်ဖွဲ႔မရပါေသာ အၿပဳံးတစ္ခုအားဆင္ျမန္းလိုက္ေလသည္။
" ေဒၚေဒၚက တစ္ခုခုမျပင္ထားေပးဘူးလား''
" ရပါတယ္...ပန္းေမ။ ကြၽန္ေတာ္က မျပင္ခိုင္းထားတာပါ''
" ေၾသာ္...။ ဒါနဲ႔ ညီေမလး မထြက္လာေသးဘူးလားမသိဘူး။ လာရင္းက...''
" ေအဖက ကြၽန္ေတာ္ကို ေစ့စပ္ပြဲအတြက္ အပ္ထားတဲ့ဝတ္စုံလာၾကည့္ခိုင္းလို႔ပါ။ဟိုးတစ္ေန႔က ပန္းေမနဲ႔သူသြားၾကည့္တဲ့ ဝတ္စုံေတြေလ...''
" ေၾသာ္...ညီေမလးက...''
ႏႈိင္းခေစတန္သည္ ပန္းေမအား လက္ကာျပလိုက္ကာ ခပ္႐ြဲ႕႐ြဲ႕အၿပဳံးတစ္ခုကိုဆင္ျမန္းသည္။ပန္းေမ ရင္ထဲ ဒိန္းခနဲ...ဒီအၿပဳံးက ဘာကိုဆိုလိုမွန္း သူမရိပ္မိၿပီထင္သည္။
" စကားျဖတ္ေျပာလိုက္ရလို႔ ေဆာရီးပါ...ပန္းေမ။ ဒါေပမယ့္ ညီမေလးဆိုတာထက္ ပန္းေမရဲ႕ သူငယ္ခ်င္း မင္းရသလို႔ ေျပာရင္ပိုမသင့္ေတာ္ဘူးလား''
သူ႔စကားေၾကာင့္ ျမတ္ပန္းေမ တုန္လႈပ္သြားရေလသည္။ ဒါဆို ႏႈိင္းခေစတန္က ရသအေၾကာင္းသိၿပီးၿပီေပါ့...။အဲ့ဒါဆို ရသကို...။
"ဟက္...ပန္းေမလည္း တုန္လႈပ္သြားပုံပဲ။ ဘယ့္ႏွယ့္ဗ်ာ...ကိုယ့္သူငယ္ခ်င္းကို ကူညီရင္လည္း ေကာင္းတာေလးကူညီေပါ့...။ သူမ္ားဘဝထဲ အတင္းတိုးဝင္ေစဖို႔ ကူညီေစသလား''
" ကိုႏႈိင္းခ...ရသက...''
" ေတာ္ပါေတာ့... ပန္းေမက ကြၽန္ေတာ့္ကို သူကြၽန္ေတာ့္ကို ဘယ္ေလာက္ခ်စ္လို႔ ဒီလိုလုပၱာလဲဆိုတာ ေျပာမလို႔ မလား...''
" မဟုတ္လို႔လား...ကိုႏႈိင္းခေစတန္။ ရသက ရွင့္ကိုခ်စ္လြန္းလို႔ အရာအားလုံး ဒီလိုလုပ္ခဲ့ရတာ။ ရွင္သာ ရသကိုစကားလုံးေတြနဲ႔ မထိုးႏွက္ခဲ့ရင္ ကြၽန္မသူငယ္ခ်င္းမင္းရသက ရွင့္ေၾကာင့္ ဒီေလာက္ခံစားေနရမွာ မဟုတၻဴး။ ''
ႏႈိင္းခေစတန္ သက္ျပင္းတစ္ခ်က္ခ်လိုက္ေသာ္လည္း မ်က္ႏွာကေတာ့ မာန္ကိုတင္းထားဆဲပါ။းသူဘယ္ေတာ့မွ မင္းရသနဲ႔ပက္သက္ၿပီး ေပ်ာ့ညံ့လို႔မရဘူး။
" ကြၽန္ေတာ္က သူ႔ကိုစကားလုံးေတြနဲ႔ ထိုးႏွက္ခဲ့တာမဟုတ္ဘူး...ျမတ္ပန္းေမ။ အရွိကိုအရွိအတိုင္း ကြၽန္ေတာ့္ခံစားခ်က္အတိုင္းေျပာခဲ့တာပဲ...။ ကြၽန္ေတာ္ မင္းရသကို နည္းနည္းေလးမွေတာင္ မခ်စ္ႏိုင္ဘူး''
" ရွင္...''
စကားေျပာေနေသာသူႏွစ္ေယာက္လုံးမသိသည္က ေလွကားရင္းအကြယ္မွာ နားေထာင္ေနပါေသာ ရသရွိသည္ဆိုတာပင္...။
ငါ့ကိုနည္းနည္းေလးမွေတာင္ မခ်စ္ႏိုင္ဘူးတဲ့လား။ မေျခာက္ေသးေသာ မ်က္ရည္တို႔အေပၚသို႔ ေနာက္ထပ္အသစ္တဖန္က်လာေသာ မ်က္ရည္တို႔က ထပ္မံစီးဆင္းက်လာျပန္သည္။ ဘယ္လိုလုပ္ရမလဲ...။ ငါမင္းကိုမစြန္႔လႊတ္ႏိုင္ဘူး။ ငါ့ဘဝမြာ လက္လႊတ္ခဲ့လိုက္ရတဲ့သူေတြအမ်ားႀကီး...။ အေဖ၊အေမ၊သူငယ္ခ်င္း... မင္းကိုေတာ့ ငါဖမ္းဆြဲထားတာ မမြားဘူးမလား။
ငါမင္းကိုခ်စ္မိခဲ့တာ မွားပါတယ္ေမာင္။ ဒါေပမယ့္ ငါဆက္မွားေနဦးမွာပဲ။ စကတည္းက မွားေနႏွင့္ၿပီးသား ပုစာၦတစ္ပုဒ္ကို အဆုံးသတ္အထိ ငါမွားခြင့္ရွိမလား...။ မင္းခြင့္ျပဳခ်က္မရွိဘဲ ငါဆက္မွားပါရေစ။
ခ်စ္ျခင္းသည္ မင္းရသအားပူေလာင္ေစေသာ္လည္း သူဆက္ၿပီးထိုပူေလာင္မႈထဲသို႔ တိုးဝင္မိေပဦးမည္...။ ပူေလာင္မႈဆိုေသာ ခ်စ္ျခင္းနယ္ေျမၾကား လက္ႏွစ္ဖက္အားဆန္႔ကာ ေမာင္ရွိရာသို႔ တိုးဝင္မည္...။
ေမာင္ႏွင့္ ပန္းေမ၏ အေခ်အတင္စကားမ်ားအား ရသနားမေထာင္ေတာ့ဘဲ အေပၚသို႔သာ ျပန္တက္သြားလိုက္ပါသည္။ မ်က္ရည္ေတြနဲ႔အက်ည္းတန္တဲ့ညေတြ၊ ရင္ထဲက ပူေလာင္ျခင္းေတြနဲ႔ေန႔ေတြ၊ တစ္ကိုယ္လုံးအင္အားခ်ည့္ႏွဲ႔သြားေအာင္ ျပဳစားႏိုင္ပါေသာ ေမာင့္ရဲ႕စကားနာေတြကို ငါျပန္ၾကားရၿပီေပါ့...ေနာက္ဆုံးေတာ့။ ဝဋ္ေႂကြးတို႔သည္ မင္းရသ၏ ႏွလုံးသားတစ္ခုလုံးအထိသို႔ပါ လႈိက္စားသြားခဲ့ေလၿပီ....။
" ဒါေပမယ့္ ကြၽန္ေတာ္သူနဲ႔လက္ထပ္မွာပါ ျမတ္ပန္းေမ...''
ႏႈိင္းခေစတန္အား ျမတ္ပန္းေမ ေၾကာင္အစြာ ေငးၾကည့္မိသည္။သူ ရသကိုေစ့စပ္မယ္လို႔ ေျပာလိုက္တာလား။ ဒါျဖင့္...
" ကြၽန္ေတာ္သူ႔ကို ေသေသခ်ာခ်ာလက္ထပ္ယူမွာပါ''
ျမတ္ပန္းေမ ႏႈိင္းခေစတန္အား ၾကည့္လိုက္ကာ...
" အဟင္း...ကိုႏႈိင္းခကို ပန္းေမသေဘာေပါက္သြားသလိုပဲ။ စိတၡ္ပါ...ရသကိုသာ လက္ထပ္မယ္ဆိုရင္ ပန္းေမရဲ႕ ႐ြိသမြ္ ဥစၥာေတြေတာင္ ကိုႏႈိင္းခကို လႊဲေပးႏိုင္တယ္''
ႏႈိင္းခေစတန္လည္း သူ႔ေရွ႕မွ ျမတ္ပန္းေမ၏စိတ္အားနားလည္လာသေယာင္...။ တဆက္တည္း အရာတစၡဳကိုပါ ခံစားသိရွိမိသည္။ ထိုအရာက သူေရွ႕မွ မိန္းကေလးသည္ အခ်စ္အား အရာအားလုံးပုံေအာေပးဆပ္ျခင္းျဖင့္သာ ခ်စ္ေနျခင္းဆိုတာကိုပင္...။
ျမတ္ပန္းေမ၏ မ်က္လုံးမ်ားထဲတြင္ မင္းရသအေပၚထားရွိသည့္ ခ်စ္ျခင္းေမတၱာကို ႏႈိင္းျမင္ေနရသည္။ ဘယ္လိုခံစားခ်က္ႀကီးပါလိမ့္...။ ဘယႅိုပဲ ျဖစ္ျဖစ္ သူဟာ မင္းရသကိုလက္ကိုလက္ထပ္ရမည္။ မင္းရသေနရာမွာ အျခားတစ္ေယာက္ဆိုလွ်င္လည္း သူလက္ထပ္ရမည္။ အဓိက,ကသူ႔အား အႀကိမ္ႀကိမ္ေတာင္းဆိုေနပါေသာ အေဖ့မ်က္ႏွာ...။
ေမပန္းျဖဴအား လက္မထပ္ႏိုင္ပါဘူးဟု အႀကိမ္ႀကိမ္ျငင္းေနပါေသာ သူ႔အား အေဖကလည္း အႀကိမ္ႀကိမ္လက္ခံေပးဖို႔ ေတာင္းဆိုခဲ့သည္။ ေယာက္်ားေလးတစ္ေယာက္ ျဖစ္ေနရင္ေတာင္မွေပါ့....။
လြန္ခဲ့ေသာ နာရီဝက္ခန္႔...။
ႏႈိင္းခေစတန္သည္ ဦးမင္းေစတန္အား ဖုန္းေခၚလိုက္ကာ မင္းရသ၏အေၾကာင္းအား ေျပာျပေသာ္လည္း....
" သားလက္ခံလိုက္ပါ''
" ဘယႅို...ေအဖ။ သူက မိန္းကေလးတစ္ေယာက္လည္းမဟုတ္ဘူးေနာ္။ ေယာက္်ားတစ္ေယာက္...''
အေဖ့ဘက္မွ သက္ျပင္းခ်သံသဲ့သဲ့အား သူၾကားမိပါသည္။ သို႔ေသာ္...
" သား မင္းရသကို လက္ထပ္လိုက္ပါ...''
" အ...ေအဖ သိေနတာလား''
ႏႈိင္းစကားၾကား အတန္ၾကာေအာင္မေျပာပါေသာ ေအဖ၏ တိတ္ဆိတ္ျခင္းက ဝန္ခံေနသလိုပင္...။
" ဟုတ္တယ္...အေဖသိၿပီးသား။ ေအဖ့ကို ျမတ္ပန္းေမက အကုန္ဖြင့္ေျပာၿပီးသားပါ။ ေအဖ မင္းရသနဲ႔ သားကို လက္ထပ္ေပးမယ္...''
" ေအဖဗ္ာ...''
ႏႈိင္းခေစတန္သည္ ထိုသို႔သာ ညည္းမိၿပီး ေအဖ့အား ဘာမွပင္ဆက္မေျပာခ်င္ေတာ့ပါ။
" အဲ့ဒီေတာ့ လာမယ့္ေစ့စပ္ပြဲၿပီးရင္ သားနဲ႔မင္းရသ လက္ထပ္ရမယ္။ ေအဖ့စကားကို မျငင္းပါနဲ႔ သား။ အေဖသားကိုေတာင္းဆိုဖူးတာ ဒီတစ္ခုေလးပဲ ရွိမွန္းသားသိပါတယ္။ ''
အေဖ့စကားသည္ ေနာက္ထပ္လာမည့္သူ႔စကားတို႔အား ပိတ္လိုက္သေယာင္...။ ႏႈိင္းခေစတန္သည္ ခ်သြားေသာ ဖုန္းေလးကိုၾကည့္ရင္း အေပၚထပ္ကိုပါ ေငးၾကည့္မိသည္။
ငါမင္းနဲ႔ လက္ထပ္ရမွာလား...မင္းရသ။
___
" အဲ့ဒီေတာ့ ဒီေန႔ေတာ့ ကြၽန္ေတာ္တို႔မေျပာျဖစ္ေတာ့ဘူး ထင္တယ္။ မနက္ျဖန္က်ရင္ေတာ့ လက္ထပ္ပြဲဝတ္စုံကိစၥအတြက္ မင္းရသဆီ ကြၽန္ေတာ္ဆက္ဆက္လာပါ့မယ္...ခြင့္ျပဳပါဦး ပန္းေမ''
လွည့္ထြက္သြားေသာ သူ၏ေက်ာျပင္အား ၾကည့္ၿပီး ပန္းေမလည္း မ်က္ရည္အနည္းငယ္ဝဲမိသည္။ေနာက္ဆုံးေတာ့...သူဆုံးျဖတ္ၿပီးၿပီ ရသရဲ႕...။ ငါနင့္ကို တကယ္ဆုံးရႈံးရေတာ့မွာ...။
တခ်ိဳ႕ေသာအခ်စ္တို႔သည္ တစ္ဖက္သတ္ႏွင့္ပင္ ေအးျမေသာအသြင္ကို ေဆာင္ေသာ္လည္းပဲ အပူလႈိင္းဆိုသည္မွာ ရွိေသးသည္ပဲမလို႔ သူမငိုပါေရစ...။
TBC.
Thank you all.