Chapter - 14 Rent the house? That's a good idea!

Start from the beginning
                                    

အရင်​ဘ၀၌ သူ့အသက်​မဆုံးမှီသုံးလခန့်​မှသာ သူဟာသ​န္ဓေ​ဆောင်​နိုင်​သူတစ်​ဦးဖြစ်​​နေသည်​ကို သိခဲ့ရသည်​မို့ လက်​ရှိဘ၀တွင်​လည်း ​နောက်​တစ်​ကြိမ်​ကိုယ်​၀န်​ရှိလာတာမျိုးဖြစ်​လာနိုင်​၏။ ထိုသို့ဖြစ်​လာလျှင်​ သူနှင့်​က​လေးအတွက်​ သူ့လစာ​လေးဖြင့်​ မလုံ​လောက်​နိုင်​ပါ​ချေ။ ထို့​ကြောင့်​ အလုပ်​ကို ပုံမှန်​အတိုင်းဆက်​လုပ်​ဖို့သာ ဆုံးဖြတ်​လိုက်​သည်​။

Ah!
စုဇစ်​​ယောင်​ ​မေး​ထောက်​ရင်း ကွန်​ပြူတာစခရင်​​ပေါ်က တစ်​၀က်​တစ်​ပျက်​ ပြီးစီး​နေပြီဖြစ်​သည့်​ filmကိုစိုက်​ကြည့်​​နေသည်​။ သူသက်​ပြင်းချ​နေသည်​မှာလည်း ၇ကြိမ်​ထက်​မနည်း​တော့​ချေ။

သောက်​ကျိုးနည်း သူဘာ​တွေလုပ်​​ခဲ့မိပါလိမ့်​! ဘာလို့များ လွန်​ခဲ့တဲ့ပိတ်​ရက်​က ​ယောက်ျား​တွေနဲ့​တွေ့ဖို့ရာ night clubကိုသွားခဲ့မိပါလိမ့်​။

မှန်​သည်​ သူ​ယောက်ျား​တွေကိုကြိုက်​ပါသည်​။ ဒါကလည်း သူ့အမှား​တော့မဟုတ်​​ချေ။ သူ့ရဲ့သဘာဝကိုက ဒ်ီအတိုင်းဖြစ်​ပြီး ထိုကိစ္စနှင့်​ပတ်​သက်​၍လည်း ဘာမှမတတ်​နိုင်​ခဲ့​ပေ။ ဒါ​ပေမယ့်​ သူ​ယောက်ျား​တွေကို ကြိုက်​တယ်​ဆိုလျှင်​​တောင်​ သူ့အတွက်​သင့်​​တော်​တဲ့လူတစ်​ဦး​ရောက်​လာတဲ့အထိ ​အေး​အေး​ဆေး​ဆေး​လေးပဲ​နေပြီး ​စောင့်​ခဲ့သင့်​တာမလား။ ထိုသို့မ​နေပဲ ကိုယ်​တိုင်​ပင်​ မထိန်းနိုင်​မသိမ်းနိုင်​ အစာရှာထွက်​​လို​က်​​သေးသည်​။ ထိုမျှမက အကြင်​နာမဲ့ပြီးတာဝန်​သိစိတ်​မရှိသူတစ်​ဦးကို နှိုးဆွမိပြီး ကိုယ်​၀န်​ရလိုက်​​ရုံတင်မ​က​သေး ထိုသူနှင့်​အတူ က​လေးဖျက်​ချဖို့​ဆေးရုံအထိသွားကာ သူ့အသက်​ကိုပင်​ စွန့်​လိုက်ေ​​သးသည်​။

ကံ​ကောင်း၍ ​ကောင်းကင်​ဘုံကသူ့အဖြစ်​ကိုမြင်​ပြီး ကြင်​နာသနားကာ ​နောက်​တစ်​ကြိမ်​ပြန်​လည်​​မွေးဖွားခွင့်​ကို​ပေးခဲ့သည်​။ သို့​သော်​လည်း ​ကောင်းကင်​ဘုံ၏စက္ခုအာရုံက အ​တော်​​လေးကိုအ​ဝေးမှုန်​ မှုန်​​နေပုံရသည်​။ ပြန်​လည်​​မွေးဖွားခွင့်​​ပေးသည့်​အချိန်​က အနည်းငယ်​လွဲ​ချော်​ကာ ​နောက်​ကျ​နေ၏။ အကယ်​၍ သူ​မွေးဖွားလာသည့်​အချိန်​မှာ night clubကိုသွားသည့်​အချိန်​အ​တော်​အတွင်း ဖြစ်​​နေလျှင်​ပင်​ လမ်းတစ်​၀က်​ကလှည့်​ပြန်​ကာ အိမ်​မှာပဲ အိပ်​​နေလိုက်​မည်​ဖြစ်​သည်​။ သူ့ကိုသတ်​ပစ်​မည်​ဟုခြိမ်း​ခြောက်​လာရင်​​တောင်​ သူ​ယောက်ျား​တွေနဲ့ ​တွေ့ဆုံရန်​ night clubကို​နောက်​တစ်​ကြိမ်​သွားမည်​ မဟုတ်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now