Chapter 43: Do you want me to abort the baby?

3.3K 668 54
                                    

Unicode

သူက စုကျစ်ယန်ကို အကြိမ်ကြိမ်နမ်းခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ကြားတွင် တစ်ဦးဦးကလေရှူရန်လိုအပ်သည်အထိပြင်းထန်စွာနမ်းရှိုက်ကြသည့် French kissများသာဖြစ်လေသည်။
လင်ကျန်းရီက ရေမျက်နှာပြင်မှပေါ် ဖြတ်၍ ပျံသန်းနေသည့်နဂါးတစ်ကောင်ကဲ့သို့ရိုးရှင်းသန့်စင်သောအနမ်းတစ်ပွင့်သည်သာ သူရခဲ့ဖူးသော ဆုလာဘ်များတွင် တန်ဖိုးအရှိဆုံးဖြစ်သည်ဟုခံစားမိသွားသည်။ 

စုကျစ်ယန်သည် ကလပ်တွင် သူနှင့် ပထမဆုံးတွေ့စုံစဥ်ကသာ ပွင့်လင်းစွာဖြင့် သူ့လျှာကိုသုံး၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီး ထိုညကိုထည့်မတွက်ပါက သူလေးသည် တတ်နိုင်သမျှ အချိန်တိုင်းလိုလို သူ၏(ကျန်းရီ) အဝေးတွင်ပုန်းအောင်းနေခဲ့သည်။

  စုကျစ်ယန်သည် သူ့ကိုမည်သည့်ရင်းနှီးသည့်ပတ်သတ်ဆက်နွယ်မှုတစ်ခုမျှ လုပ်ဆောင်ခွင့်မပေးခဲ့ပါချေ။

ဒီအဆင့်ကိုရောက်လာတာက သူတို့အတွက်အရမ်းကိုကောင်းတဲ့အောင်မြင်တိုးတက်မှုပဲ!

ပျော်ရွှင်မှုနှင့်ပြည့်နေသော လင်ကျန်းရီသည် တစ်လက်လောက်ပိုင်ဆိုင်လိုက်ရသည့်အခါ တစ်ပေခန့်ပိုလိုချင်လာသည်။

  "ကိုယ် ဒီည မင်းနဲ့အတူအိပ်လို့ရမလား ... "

သူ့စကားပင်မဆုံးမီ စုကျစ်ယန်တစ်ယောက် လင်ကျန်းရီ၏ ရည်မှန်းချက်နှင့်ဆန္ဒများကို သူ့မျက်နှာပေါ်တွင်မြင်လိုက်ရပြီး တွန့်ဆုတ်ခြင်းအလျင်းမရှိ မညှာမတာပြောပင်ချလိုက်သည်။

"မရဘူး"

လင်ကျန်းရီသည် ချက်ချင်းပင်ရေအေးအေးနှင့်အပက်ခံလိုက်ရသလိုခံစားသွားသည်။  သူကခေါင်းကိုတွန့်လိုက်ပြီး "အို" ဟုသာအသံတီးတိုးဖြင့်ပြောနိုင်တော့သည်။ 

သူ၏အသံသည် စိတ်ပျက်အားလျော့ခြင်းများဖြင့်ပြည့်နှပ်နေပြီးစိတ်မကောင်းသည့်ဟန်လေးစွပ်နေသောလေသံလေးဖြင့်​ဆိုလာလေသည်။

“ ကောင်းပြီလေ...ဒါဆိုလည်း...”

စုကျစ်ယန်သည် သူ(လင်ကျန်းရီ)၏စိတ်ပျက်အားလျာ့နေသောမျက်နှာကိုမြင်ရသောအခါ သူ့ရဲ့ခိုင်မာလှသော အသိတရားလေး နှင့် အတော်အတန်လေးဆန့်ကျင်ချင်လာမိသည်။  ထို့နောက် သူသည် ထပ်ပေါင်းထည့်၍ဆိုလိုက်မိသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now