Chapter 36: Secretly cheating(Yaw Ywet Kway)

3.4K 472 5
                                    

Unicode

Chapter 36: တိတ်တိတ်လေးကလိမ်ကကျစ်ကျခြင်း။

လင်ကျန်းရီ တစ်ယောက် စုကျစ်ယန် သည်ခိုးကြောင်ခိုးဝှက်ဖြင့် ချောင်းကြည့်နေမှန်းဘယ်လို ဘယ်ပုံ သိခဲ့ပါသနည်း။  အပေါက်သေးလေးတစ်ခုကြားကနေ တံခါးပေါ်ထင်ဟပ်လာတဲ့အရိပ်ကဘယ်သူလဲ၊ ဒါဘယ်သူဖြစ်နိုင်မယ်တဲ့လဲ။

မူလက စုကျစ်ယန် သည်ကုတင်ပေါ်တွင်ခဏလှဲကာအိပ်ဖို့ရန်ပြင်လိုက်ပါသေးသည်။  သို့သော် မီးဖိုချောင်၌ဟင်းသီးဟင်းရွက်များလှီးဖြတ်နေသောအသံများကိုသူကြားနေရသည်။  ဒါကအရမ်းအံ့သြစရာကောင်းတယ်လို့သူခံစားနေရသည်။

ခွေးကောင်လင် က တကယ်ချက်ပြုတ်နည်းကိုသိတာလားဟ။

ဒါမဖြစ်နိုင်ဘူး အား...

သူ့ရဲ့ဒီလိုမောက်မာပြီးမာနကြီးတဲ့ ပုံစံနဲ့ဘယ်လိုလုပ်ချက်ပြုတ်နိုင်မှာတဲ့ လဲ။

စုကျစ်ယန်ကတော့ ဘယ်လိုမှမယုံကြည်နိုင်ပေ။  နောက်ဆုံးတွင်သူသည်မနေနိုင်စွာပဲ အိပ်ရာမှထကာခိုးကြောင်ခိုးဝှက်ဖြင့်ချောင်းကြည့်လိုက်မိပါတော့သည်။

လင်ကျန်းရီ သည် မီးဖိုချောင်သုံးဓားကို အလွန်ကျယ်လောင်စွာဖြင့်လှီးဖြတ်လိုက်သောအခါ ဓားခုတ်သံကသြဇာကောင်းကောင်းဖြင့်ထွက်လာသည်။  သူကအဲဒါကိုနားထောင်ကြည့်သည့်အခါထိုအသံကတစ်ချက်လေးတောင်မှမရပ်သွားလေဘူး။  သူကအရမ်းကျွမ်းကျင်တာပဲ။

စုစစ်ယန် ကချောင်းကြည့်နေရသည်မို့ သူသည်ရှင်းရှင်းလင်းလင်းမမြင်ရပေ။  သူ ခဏလောက်ကြည့်နေပြီးရင်းမှအဲဒါကစိတ်၀င်စားစရာမကောင်းဘူးလို့ထင်သည့်အတွက်သူပြန်သာသွားအိပ်နေလိုက်တော့သည်။

လင်ကျန်းရီ တစ်ယောက် သူ့အကျီကိုဆွဲမလိုက်ပြီးသူ့ချွေးတွေကိုသုတ်လိုက်သည်။ အကောင်သေးသေးလေးဟာ နောက်ဆုံးမှာတော့ပျောက်သွားချေပြီ။  သူ့မှာသောက်ရမ်းစိတ်လှုပ်ရှားသွားခဲ့ရသည်။

လင်ကျန်းရီ သည် စိတ်သက်သာရာရသွားပြီးသူအားရပါးရခုတ်ပိုင်းလှီးဖြတ်ထားခဲ့သည့် အာလူးအစိတ်စိတ်အမွမွလေးများ အားလုံးကိုအမှိုက်ပုံးထဲသို့ပစ်ချလိုက်သည်။  ထို့နောက် သူသည်သူ့ရဲ့ဘေးမှဂေါ်ဖီထုပ်ကိုကြည့်ကာ အင်မတန်မှစိတ်ပျက်သွားမိ၏။  ငါးကိုရေခဲသေတ္တာထဲမှထုတ်လိုက်သည်။  သူ ဒါကိုဘယ်ကနေဘယ်လိုစလုပ်ရမှန်းမသိဖြစ်နေပြီး ဒါကသေလောက်အောင်ခက်ခဲလွန်းသည်။  မုန်လာဥနီများသည်လည်း စီနီယာအာလူးများနည်းတူ အပိုင်းပိုင်းအစစဘ၀ရောက်သွားခဲ့ရသည်။

အလုံးစုံခြုံကြည့်ရပါလျှင် မီးဖိုချောင်သည်ရှုပ်ပွနေပြီး ဟင်းလျာများသည်လည်းချက်ပြုတ်ရန်အတွက်လွယ်ကူမည့်ပုံပေါ်မနေပေ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)حيث تعيش القصص. اكتشف الآن