Chapter 24: Laozi don't want you to be responsible!

5.2K 1K 18
                                    

Unicode

သူ့လက်ထဲကသားကောင်လေးရဲ့ ဘယ်နေရာတွေက sensitive ဖြစ်သလဲဆိုတာ ဥက္ကဌလင်တစ်ယောက် သိနေခဲ့သည်။

စုကျစ်ယန်ရဲ့ အိမ်နေရင်းမျက်နှာလေးက ရှက်စိတ်ကြောင့် နီရဲလာခဲ့ပြီးနောက်မှာ တဖျတ်ဖျတ်လင်းလက်နေသည့် သူ့မျက်လုံးတွေကို အဝေးတစ်နေရာဆီ ပို့လိုက်ကာ မပီမသညည်းတွားလေသည်။

"မဟုတ်ဘူး... ဒါကတစ်ကယ်ကို ခင်ဗျားကလေးမဟုတ်ဘူး ခင်ဗျားမှားနေပြီ ကျွန်တော့်ကိုလွှတ်ပေးစမ်းပါ ကျွန်တော်ခင်ဗျားကိုတာ၀န်ယူခိုင်းဖို့မလိုအပ်ပါဘူး တစ်ကယ်ပြောတာ ကျွန်တော်ခင်ဗျားကိုတာ၀န်ယူခိုင်းဖို့မလိုဘူး"

လင်ကျန်းရီ၏အမူအရာက ပြောင်းလဲသွားကာ တစ်စုံတစ်ရာအပေါ် မကျေမနပ်ဖြစ်သလို ခံစားလိုက်ရသည်။

သို့သော်လည်း ဒီအသေးလေးရဲ့ လှုပ်ရှားမှုအပေါ် သည်းမခံနိုင်ပေ။ သူ့လက်ကိုကိုင်ထားရင်း စုကျစ်ယန်၏ပုခုံးထက်ဆီမှ ဖြည်းညင်းစွာလျှောချကာ သူ့လက်ချောင်းတွေကို အကြင်နာကင်းမဲ့စွာပင် စုကျစ်ယန်ရဲ့ရင်ဘတ်ပေါ်တွင် သက်၀င်လှုပ်ရှားစေလိုက်သည်။

စုကျစ်ယန် လေအေးတွေကိုရှိုက်လိုက်မိပြီး သူ့တစ်ကိုယ်လုံးဟာလည်း ပို၍တောင့်တင်းသွားလေပြီ။ သူကိုယ်၀န်စရှိခဲ့ကတည်းက သူ့ရင်ဘတ်က အမှတ်ငယ်လေးနှစ်ခုဟာ မကြာခဏယားယံလာခဲ့သည်။ ပြီးတော့ ဒီနေရာကအလွန်အမင်းကို ဆတ်ဆတ်ထိမခံဖြစ်လွန်းသည်။

ဒီလိုကျွမ်းကျင်မှုရှိရှိ ပွတ်သပ်ကိုင်တွယ်ခံရတာကိုမဆိုထားနဲ့။ ဒီအတိုင်းခပ်ဖွဖွအထိအတွေ့လေးဆိုရင်တောင် သူ့မှာရပ်တည်နိုင်စွမ်းမရှိပေ။

စုကျစ်ယန်၏မျက်နှာက နီရဲနေကာ ခေါင်းမာမာဖြင့် လင်ကျန်းရီကိုစိုက်ကြည့်နေသည့် သူ့အမူအရာက လင်ကျန်းရီ၏ဆော့ကစားလိုစိတ်ကို တလူလူလွှင့်ထူပေးနေသလိုပင်။

ဒီအသေးလေးရဲ့ရင်ဘတ်ကို ကစားတာက ဒီလိုအကျိုးဆက်ကို ရရှိစေလိမ့်မည်လို့ သူမမျှော်လင့်ခဲ့ပေ။ သူ(လင်ကျန်းရီ)က သူ့(စုကျစ်ယန်)ကို ဖမ်းမိလိုက်ပြီဆိုကတည်းက တစ်ခဏလောက်တော့ ဆက်ပြီးကစားပေးရမှာပေါ့။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now