Chapter 67: 100% pure goodness wife!

2.6K 481 24
                                    

Unicode

အခန်း-၆၇။ ၁၀၀%ပြည့်သန့်ရှင်းကောင်းမွန်သောဇနီး!
___________________________________________

လင်ကျန်းရီသည် သူ၏လက်ကိုဆန့်ထုတ်လိုက်ပါသော်လည်း ကုဖုန်း ကိုမဖမ်းနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ထိုကောင်က ဧည့်ခန်းသို့ပထမဦးစွာ ပြေးထွက်သွားခဲ့သည်လေ။  လင်ကျန်းရီသည် သူ့အနောက်မှ တံခါးကိုသာပိတ်လိုက်နိုင်ပြီး ကုဖုန်းနောက်သို့အမြန်လိုက်သွားမိသည်။

စုကျစ်ယန်သည် ဆိုဖာသို့အသာ​ရွေ့သွားလိုက်ပြီးသူထိုင်ရန်လုပ်မည့်အချိန်တွင် ကုဖုန်း၏ စိတ်လှုပ်ရှားမှု၊စူးစမ်းလိုမှုအပြည့်တို့ဖုံးလွှမ်းနေသည့်မျက်နှာကြီးဖြင့်သူ့ထံသို့ပြေးလွှားလာတာကိုမြင်တွေ့လိုက်ရသည်။

ဒီလူကဘာကြောင့်ဒီလောက်တောင်ဖြတ်လတ်တက်ကြွနေရတာလဲ?

ကုဖုန်းအနေဖြင့် စုကျစ်ယန်က သူ့အပေါ်ကိုဘယ်လို မြင်သလဲဆိုတာ ဂရုမစိုက်လေဘူး။  သူက စုကျစ်ယန်အား မယုံကြည်နိုင်မှုကိုမှ စူးစမ်းလိုစိတ်များပြည့်နေသော စူးရှပြီးတောက်ပသောအကြည့်စူးစူးများဖြင့် စိုက်ကြည့်နေလိုက်သည်။

လူကြီးလူကောင်းဆန်သော ဒုဥက္ကဋ္ဌကြီးတစ်ယောက်ဟာဆိုရင်ဖြင့် စုကျစ်ယန်အားအချိန်တစ်ခုအတော်ကြာကြာသည်အထိစိုက်ကြည့်နေပြီးမှ စုကျစ်ယန်၏စူထွက်နေသောဗိုက်လေးကို ထိချင်ဟန်၊သို့မဟုတ် ဟုတ်လားမဟုတ်လား ဆိုတာမြင်ရန်အတွက်လား သိချင်ဟန်ဖြင့် သူ့ရဲ့လက်ကိုမသိမသာဆန့်ထုတ်လိုက်လေသည်။

"ဖက်!"

လင်ကျန်းရီက သူ့မိန်းမကိုအကာအကွယ်ပေးဖို့ရာစိတ်အားထက်သန်နေလေသည်၊ ​​သူကချက်ချင်း မြန်မြန် လျှောက်သွားလိုက်ပြီး ကုဖုန်း ရဲ့လက်ကိုလွှဲရိုက်လိုက်သည်။

နောက်တော့သူက စုကျစ်ယန်၏အရှေ့မှ အကာအကွယ်ပုံဟန်ပိတ်ရပ်လိုက်ပြီး ဒေါသတကြီးဖြင့်ပြောလိုက်သည်။

"ကုဖုန်း မင်းဘာလုပ်နေတာလဲ? မင်း ငါ့မိန်းမကိုမထိတာပိုကောင်းမယ်! "

စုကျစ်ယန်သည်လည်း သူ၏ဗိုက်ကလေးကိုလက်ဖြင့်ဖုံးအုပ်လိုက်ပြီး အနောက်သို့အသာဆုတ်ကာ ကုဖုန်း ကိုပြင်းပြင်းထန်ထန်ပြန်စိုက်ကြည့်ပေးလိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now